ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့...

By Dandelion_nini

5.2M 710K 55K

Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking fin... More

Synopsis
အသိပေးစာ
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35.1
Chapter 35.2
Chapter 35.3
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140
Chapter 141
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155
Chapter 156
Chapter 157
Chapter 158
Chapter 159
Chapter 160
Chapter 161
Chapter 162
Chapter 163
Chapter 164
Chapter 165
Chapter 166
Chapter 167
Chapter 168
Chapter 169
Chapter 170
Chapter 171
Chapter 172
Chapter 173
Chapter 174
Chapter 175
Chapter 176
Chapter 177
Chapter 178
Chapter 179
Chapter 180
Chapter 181
Chapter 182
Chapter 183
Chapter 184
Chapter 185
Chapter 186
Chapter 187
Chapter 188
Chapter 189
Chapter 190
Chapter 191 [ Final ]
ကျေးဇူးတင်လွှာနဲ့ Extraအကြောင်း
Updates and fanarts
About Car

Chapter 107

23.9K 3.7K 118
By Dandelion_nini

Unicode

ကျိုးရီရှင်းက အလှလေးကိုဝင်ကယ်တဲ့ သူရဲကောင်းဖြစ်ချင်နေပြန်ပြီ
_________________________________

ယန်းချင်းချီ နောက်ကခြေသံတွေကို တချိန်လုံးအာရုံစိုက်ထားသလို သူတို့ခြေလှမ်းတွေကလည်း နှေးလည်းမနှေး၊မြန်လည်းမြန်မနေပါ။ ဘာမှမဖြစ်သလိုမျိုး၊ သတိမထားမိသလိုမျိုး ပုံမှန်အတိုင်းသာဆက်လျှောက်နေသည်။ ချီချီက အိတ်သေးသေးလေးဆွဲရင်း သူတို့ကားကိုမြင်တော့ ယန်းချင်းချီကိုလှည့်ကြည့်ကာ လက်ညှိုးထိုးပြလာသည်။

''သားတို့ ကားကား''

ယန်းချင်းချီကလည်း ကလေးခေါင်း သူ့ဘက်လှည့်လာတာနဲ့ အပြုံးလေးဖြင့်

''ဟုတ်တယ် အဲ့ဒါပါးပါးတို့ကား ချီချီကဉာဏ်ကောင်းလိုက်တာ တစ်ခါကြည့်ရုံနဲ့မှတ်မိတယ် ''

''ဒါဆို သားတို့ မြန်မြန်သွားကြရအောင်လေ '' ချီချီကထိုသို့ပြောရင်း ယန်းချင်းချီလက်ကိုလှမ်းဆွဲကာ ခြေထောက်တိုလေးများဖြင့် ရှေ့ကပြေးသည်။

သူတို့လှုပ်ရှားတာကိုမြင်သည်နှင့် နောက်ကလူတွေကလည်း လှုပ်ရှားလာကြသည်။

ယန်းချင်းချီ လက်ထဲကအိတ်တွေကို ချက်ချင်းလွှတ်ပစ်ပြီး ချီချီ့ကိုကောက်ချီကာ နွေးထွေးသည့်လေသံလေးဖြင့် ချော့လိုက်သည်။

''ချီချီ ပါးပါးနဲ့ဂိမ်းဆော့ရအောင် သားကမျက်လုံးမှိတ်ထားပြီး ၁ကနေ ၁၀၀အထိရေတွက်နေ ၁၀၀ပြည့်သွားတာပဲဖြစ်ဖြစ် ဂဏန်းဆက်မရေတတ်တော့တာပဲဖြစ်ဖြစ် အစကနေပြန်ရေတွက်ရမယ် ပါးပါးက ဖွင့်လို့ရပြီလို့မပြောမချင်း သားကဖွင့်ကြည့်လို့မရဘူး ဘယ်လိုလဲ ဆော့ချင်လား ''

ချီချီက မျက်လုံးလေးများကို ချက်ချင်းမှိတ်လိုက်ကာ ထိုပေါ်သို့လက်သေးသေးလေးအုပ်တင်ရင်း ချိုမြိန်သည့်ကလေးသံလေးဖြင့် ပြောလာသည်။

''ဆော့ချင်တယ် ''

ယန်းချင်းချီကလည်း ချီးကျူးလိုက်သည်။

''အရမ်းလိမ္မာတာပဲ ''

ယန်းချင်းချီစကားတွေက ချီချီ့ကိုဦးတည်ပြီးပြောနေသော်ငြား သူ့မျက်လုံးတွေကတော့ သူ့ရှေ့ကလူတွေကိုစိုက်ကြည့်နေလိုက်သည်။ ၈ယောက်၊ ထင်ထားတဲ့အတိုင်းပဲ။

''သတ္တိကောင်းလှချည်လား ညီလေး ''

ထိုရှစ်ယောက်မှာ နှုတ်ခမ်းထောင့်နားအမာရွတ်ဖြင့် ခေါင်းဆောင်ဟုထင်ရသောသူက ယန်းချင်းချီကိုကြည့်ရင်း မခနဲ့ပဲမနေနိုင်ခဲ့။ ဒီလိုအချိန်မှာတောင် ကလေးကိုချော့ချင်စိတ်ရှိသေးတာလား။

ချီချီက အသံတိုးလေးဖြင့် ဂဏန်းတွေရေရွတ်နေသည်။

'' ၆....၇...၈.... ''

ယန်းချင်းချီ ကလေးရဲ့နားတစ်ဖက်ကိုရင်ခွင်ထဲအပ်ပြီး ကျန်နားတစ်ဖက်ကို လက်ဖြင့်အုပ်ကိုင်လိုက်သည်။ ချီချီက သူ့ပါးပါး နည်းနည်းလေးထူးဆန်းနေသည်ဟု ထင်လိုက်သော်ငြား ဂဏန်းအပေါ်အာရုံမစိုက်လျှင် မေ့သွားပြီးအစကနေ ပြန်ရေရမှာစိုးတာကြောင့် ဘာလို့နားပိတ်လိုက်တာလဲဟု လှမ်းမမေးတော့ပါ။

''မင်းတို့ငါ့ဆီလာတာမလား ကလေးနဲ့ဘာမှမဆိုင်ဘူး သူ့ကိုအရင်ဆုံးကားထဲထည့်ခွင့်ပေး ပြီးမှငါတို့ဆက်ရှင်းကြမယ် ရမလား ''

''ဒါတော့မဖြစ်ဘူးလေ မင်းကားထဲဘာတွေရှိနေမှန်းမှငါတို့မသိတာ ဓားတွေဘာတွေဆွဲထုတ်လာရင်ဘယ်လိုလုပ်မလဲ စိတ်မပူပါနဲ့ ငါတို့မင်းရင်ခွင်ထဲက ကလေးလေးကိုမထိပါဘူး ဒီလောက်ချစ်ဖို့ကောင်းတာ ဘယ်သူကထိရက်မှာလဲ သူ့ကိုအောက်ချထားလိုက် ''

ယန်းချင်းချီကလည်း တဖက်လူ၏ပေါက်ကရစကားတွေကို တစ်စက်ကလေးတောင် ယုံကြည်မနေပါ။ တကယ်လို့ သူ ချီချီ့ကိုအောက်ချလိုက်တာနဲ့ ချီချီ့ကိုလုပြီး အကြပ်ကိုင်လာတာတို့ ပြန်ပေးဆွဲသွားမှာတို့ လုပ်လာရင်ဘယ်လိုလုပ်မလဲ။

သူ ဒီလိုအချိန်မျိုးမှာ ဘယ်သူနဲ့မှမချချင်ပါ။ ပထမတစ်ချက်၊ ဒီနေရာမှာချီချီရှိနေသည်။ ချီချီ့အား ခိုက်ရန်ဖြစ်ပွားတာမျိုးတွေကို မမြင်တွေ့စေချင်ပေ။ ဒုတိယတစ်ချက်၊ သူ့ဗိုက်ထဲမှာနောက်တစ်ယောက်ရှိနေသည်။ ထိုပိစိလေးကိုလည်း သူ့လှုပ်ရှားမှုကြောင့်မထိခိုက်စေချင်ပါ။ ဒေါက်တာနဲ့အမေနှစ်ယောက်ကျေးဇူးကြောင့် အစောပိုင်းသုံးလမှာ အရမ်းဂရုစိုက်ပေးရမည်ဆိုသည့်အချက်အား ကျန်းမော့ချန်တစ်ယောက် နေ့တိုင်းတတွတ်တွတ်ရေရွတ်နေသည်။ သူလည်းနားပူအောင်ကြားနေရတာကြောင့် ဒီလူတွေနဲ့ချလိုက်လျှင် ဗိုက်ထဲက ကလေးလေးတစ်ခုခုဖြစ်သွားမှာကို စိတ်မပူပဲမနေနိုင်ပါ။

သူ အကြံထုတ်နေရင်း သူ့ရှေ့ကလူတွေကိုကြည့်ကာ မေးလိုက်သည်။

''မင်းတို့ ကျန်းမော့ချန်ကိုသိလား ''

''ကျန်းမော့ချန်? ဟိုနာမည်ကြီးမင်းသားလား ဘာဖြစ်လို့လဲ ငါတို့ကဘာကိစ္စနဲ့သူ့ကိုသိရမှာလဲ ''

ကြည့်ရတာတော့ ဒီလူတွေ ကျန်းမော့ချန်က ကျန်းအိမ်ကလာမှန်း သိကြပုံမရသေးပေ။ သူမေးခွန်းပြောင်းမေးလိုက်သည်။

''ဝေ့လန်ကိုရောသိလား ''

ခေါင်းဆောင်ထင်ရတဲ့လူက ဝေ့လန်ဆိုသည့်နာမည်နှစ်လုံးကိုရေရွတ်လိုက်ကာ သေချာမသိဖြင့် အဆုံးမှာ နှာခေါင်းရှုံ့ရင်း ဒေါသတကြီးပြောလာသည်။

''ပေါက်ကရတွေပြောမနေနဲ့တော့ မင်း ငါတို့တာ့ကောရဲ့သူငယ်ချင်းကိုအပြစ်ပြုမိထားတယ် ဘယ်သူ့နာမည်ထုတ်ပြောပြော ငါတို့ကမင်းကိုဆုံးမပေးရမှာပဲ ''

တကယ်လို့ဒီနေရာမှာသာ ထိုလူ့ပါးစပ်ထဲကတာ့ကောဆိုသည့် ကျိုးချန်ရှိနေခဲ့လျှင် ဝေ့လန်ဆိုသည့်နာမည်ကြားသည်နှင့် တစ်ခုခုလွဲနေမှန်းသိသွားကာ မစူးစမ်းမဆင်ခြင်ပဲရှေ့ဆက်တိုးရဲမည်မဟုတ်ပေ။ သို့သော် ထိုကျိုးချန်ဆိုသည့်လူက ယွမ်မင်ရွှိပေါက်ကရတွေကိုနားထောင်ပြီး ယန်းချင်းချီအကြောင်းကို ဂဃနဏမစုံစမ်းပဲ နာမည်ကြီးခါစ ၁၈အဆင့်မင်းသားလေးဟု ထင်သွားတာကြောင့် သူ့ကိုယ်တိုင်ပညာလာပေးဖို့တောင် မတန်ဘူးထင်နေသဖြင့် သူ့လက်ပါးစေပေါက်စတွေကိုပဲ လွှတ်လိုက်သည်။

ယန်းချင်းချီထိုစကားကြားသည်နှင့် ဒီလူကနေရာမရသေးသည့် အဆင့်နိမ့်လူမိုက်ခေါင်းဆောင်မှန်း ချက်ချင်းသိလိုက်သည်။ ဝေ့အိမ်တော်က မြေအောက်အဆက်အသွယ်တွေ မလုပ်တော့ဘူးဆိုသော်ငြား မြေအောက်ဂိုဏ်းတွေကြား နာမည်ရှိနေသေးတာကြောင့် အဆင့်မြင့်လူမိုက်ခေါင်းဆောင်တစ်ယောက်က ဝေ့အိမ်ကိုမကြားဖူးစရာအကြောင်းမရှိပါ။ အခုတော့ သူ့ရှေ့ကလူမှာဝေ့လန်ကိုတောင် မသိပေ။ ယန်းချင်းချီကူကယ်ရာမဲ့သွားသည်။ ကြည့်ရတာတော့ ဒီရန်ပွဲကို ရှောင်လို့ရမယ်မထင်တော့ဘူး။

သူထိုသို့တွေးနေစဥ် ခေါင်းဆောင်ဟုထင်ရတဲ့လူက မျက်ရိပ်မျက်ခြေပြလိုက်သဖြင့် သူ့ဘေးအုံဝိုင်းထားသည့်လူ၇ယောက်လုံး သူ့အနားတိုးလာသည်။

ယန်းချင်းချီကလည်း လက်နှစ်ဖက်လုံးဖြင့် ချီချီကိုပိုက်ထားတာကြောင့် လက်တွေမအားသဖြင့် ရှောင်ပဲရှောင်နိုင်သည်။

သူအရင်တုန်းကလည်း ဒီလိုအထူးtrainingတစ်ခုလုပ်ဖူးသည်။ လက်တွေကိုအချည်ခံထားရလျှင် ရန်သူကို ဘယ်လိုရှောင်ရမယ်၊ အခွင့်ရေးကောင်းကိုရှာပြီး ခြေထောက်ဖြင့်ဘယ်လိုတိုက်ခိုက်ရမယ် စတာတွေကို သူ့ရဲ့trainingဆရာနဲ့ လေ့ကျင့်ဖူးသည်။ သို့သော် အခုသူ့ရင်ခွင်ထဲမှာ ချီချီရှိနေတာကြောင့် လွတ်လွတ်လပ်လပ်လှုပ်ရှားလို့မရသဖြင့် တချို့အကွက်တွေထုတ်သုံးလို့မရပါ။

ဒီလိုယောင်နန အဆင့်နိမ့်လူမိုက်လေးတွေက အခြေခံကိုတောင် သေချာtrainingအပေးမခံရဖူးတာကြောင့် ဗျူဟာမရှိ၊ရန်သူကိုသေချာမကြည့်တတ်ပဲ ဘလိုင်းကြီးဝင်ဝင်တိုးနေသည်။ ယန်းချင်းချီကလည်း ထိုအခြင်းအရာကိုမြင်တော့ နည်းနည်းလေးစိတ်သက်သာရာရသွားကာ ရှောင်သင့်တဲ့အချိန်ရှောင်ပြီး ကန်သင့်တဲ့အချိန်ကန်ပစ်လိုက်သည်။

ခေါင်းဆောင်ထင်ရတဲ့လူကလည်း မိန်းမချော,ချောနေသည့် သူ့ရှေ့က၁၈အဆင့်မင်းသားပေါက်စကို အံ့သြတကြီးကြည့်လိုက်ကာ ကလေးပိုက်ထားတာတောင် သူ့လူတွေထဲက ဘယ်သူမှထိအောင်မချနိုင်သဖြင့် နားမခံသာအောင်ဆဲရေးလိုက်သည်။ တဖက်လူအင်အားကိုလျှော့တွက်ပြီး ဘုစုခရုတွေခေါ်ခဲ့မိသည့် သူ့ကိုယ်သူလည်းအပြစ်တင်လိုက်သည်။ သို့သော် ကလေးတစ်ယောက်နဲ့လူကို သူတို့တွေထဲက တစ်ယောက်မှမချနိုင်ဘူးဆိုတဲ့အချက်အား လက်မခံချင်တာကြောင့် သူ အံကိုကြိတ်ကာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း ယန်းချင်းချီရှေ့ပြေးဝင်လာသည်။

ယန်းချင်းချီကလည်း ထိုလူ့လက်သီးတွေကို ခဏလောက်ရှောင်နေလိုက်ကာ အခွင့်အရေးရတာနဲ့ ဂွကြားထဲပိတ်ကန်ပစ်လိုက်သည်။

ထိုလူ့မျက်နှာမှာ စက္ကူတစ်ရွက်လို ချက်ချင်းဖြူဖျော့သွားပြီး လေကိုခပ်ပြင်းပြင်းရှုသွင်းလိုက်ကာ ဂွကြားကိုအုပ်ကိုင်ရင်း ထပ်မလှုပ်ရဲတော့ပေ။

ယန်းချင်းချီအခုတော့ပိုပြီးစိတ်အေးသွားသည်။ ပထမတစ်ချက်အနေနဲ့ကတော့ ဒီလူတွေရဲ့အင်အားကို သိသွားတာကြောင့် ဘာမှစိုးရိမ်စရာမလိုတော့ပါ။ ဒုတိယတစ်ချက်အနေနဲ့ကတော့ ဒီနေ့က နှစ်ကူးပြီး၇ရက်မြောက်နေ့ဖြစ်နေလျှင်တောင် လူတွေမရှိဘူးဆိုသော်ငြား မလာဘူးလို့တော့မဆိုလိုပေ။ Supermarket ကားပါကင်ထဲ အချိန်နည်းနည်းကြာသွားလျှင် တစ်ယောက်မဟုတ်တစ်ယောက်တော့ ဝင်လာလိမ့်မည်။

ချီချီ့ကိုချီထားရင်း သူ့ကိုတိုက်ခိုက်နေတာကို တည်တည်ငြိမ်ငြိမ်လေးရှောင်နေလိုက်သည်။ ထိုစဥ် အသံတစ်သံကြားလိုက်ရလေသည်။ 

''မင်းတို့ဘာလုပ်နေကြတာလဲ ရန်ဖြစ်နေတာလား ''

လူတစ်ယောက် သူတို့အနားလျှောက်လာတာကိုတွေ့တော့ ယန်းချင်းချီ စိတ်အာရုံကိုမပြန့်လွင့်စေသည့်အပြင် ပိုပြီးတောင် သတိကပ်ထားလိုက်သည်။

ဆန့်ကျင်ဘက်အနေနဲ့ကတော့ သူ့ကိုဝိုင်းထားတဲ့လူတွေက အသစ်ပေါ်လာသည့်လူကိုလှည့်ကြည့်ရင်း စိတ်ဆိုးတကြီးအော်ဟစ်လာသည်။

''မင်းစောက်ပူပါလား ထွက်သွား! ''

''ဟာ့! အဲ့ဒါဆိုရင်တော့ ငါ့အပူလုပ်ရတော့မယ်နဲ့တူတယ် ''

ထိုလူက ထိုသို့ပြောရင်း အနားကိုလျှောက်လာကာ သူ့ကိုဆဲရေးနေသည့်လူအား ချက်ချင်းလှမ်းထိုးပစ်လိုက်သည်။

တဖက်လူက လိုလိုချင်ချင် ကူညီလာမှတော့ ယန်းချင်းချီမလှုပ်တော့ပဲ ငြိမ်ငြိမ်လေးရပ်နေလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဂွကြားတွေချည်းပဲပိတ်ကန်ထားတာကြောင့် တစ်ဝက်လောက်ကမလှုပ်နိုင်ပေ။ အခု တာဝန်သိတတ်သည့်အမျိုးကောင်းသားတစ်ယောက်ကပါ အင်အားထပ်ဖြည့်ပေးလာတော့ ကျန်နေသည့် လူမိုက်တစ်ဝက်လောက်ကလည်း အကွဲကွဲအပြဲပြဲတွေဖြစ်ကုန်သည်။

''ထွက်သွား! '' ထိုလူက ရင့်ရင့်သီးသီးအော်လိုက်သည်။

လူ၈ယောက်က ထိုရလာဒ်ကိုလက်သင့်မခံချင်သေးသော်ငြား သူတို့မှာလည်းရွေးချယ်စရာမရှိတော့တာကြောင့် အတင်းကုန်းကြုံးထကာ လမ်းမလျှောက်နိုင်သည့်သူတို့လူတွေကိုဆွဲထူရင်း ထွက်ပြေးသွားကြသည်။

ယန်းချင်းချီ သူတို့ကိုအခုလိုလွယ်လွယ်လေး ထွက်မသွားစေချင်ပါ။ ချီချီ့ကို ကားထဲနေရာချပြီး သူ့ကိုပြဿနာလာရှာခိုင်းသည့် နောက်ကွယ်ကကြိုးကိုင်သူဘယ်သူလဲဆိုတာကို ထိုလူတွေအား မေးချင်သေးသည်။ သို့သော် သူ့ဆီးစပ်အောက်ပိုင်းက ရုတ်တရက်ကြီးဆူးခနဲထိုးအောင့်လာသည်။ ထိုအခါမှ သူ့ရဲ့လှုပ်ရှားမှုအချို့က ကလေးကိုသွားသက်ရောက်စေနိုင်တုန်းပဲ ဆိုသည့်အချက်အား နားလည်သွားတော့သည်။ အခုအချိန်ထိ ကိုယ်ဝန်ရှိနေတယ်ဆိုပြီး မိသားစုရဲ့ဝိုင်းဂရုစိုက်ခြင်းကိုခံနေရသော်ငြား ဗိုက်ထဲကနေ ဘာမှထွေထွေထူးထူးမတုံ့ပြန်လာတာကြောင့် မသိလျှင် ဗိုက်ထဲမှာ ကလေးလေးရှိနေသည်ဆိုသည့်အချက်က အိမ်မက်တစ်ခုလိုပင်။ အခုတော့ ကလေးကသူ့ရဲ့တည်ရှိမှုကိုဖော်ပြချင်နေသလိုမျိုး ဆိုးဆိုးရွားရွားနာကျင်လာသည်။

သို့သော် ထိုနာကျင်မှုက သိပ်ကြာရှည်မခံလိုက်ပါ။ ထိုလူတွေထွက်​ပြေးသွားတဲ့အချိန် ဆူးအောင့်နေသည့်ခံစားချက်ကြီးက တဖြေးဖြေးလျော့ကျသွားကာ အရင်လိုပဲ ဘာမှမဖြစ်သလိုမျိုး ပြန်အဆင်ပြေသွားသည်။ သို့သော်သူစိတ်မချနိုင်ပါ။ ကိုယ်ဝန်ဆောင်နေစဥ်အတွင်း ပြင်းထန်တဲ့လှုပ်ရှားမှုတွေ၊လေ့ကျင့်ခန်းတွေ လုပ်လို့မဖြစ်ကြောင်း အမေနှစ်ယောက်ကသေချာမှာထားတာကြောင့် သူ ကလေးအခြေအနေကိုစိတ်ပူမိသဖြင့် ဆေးရုံမှာသွားစစ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် သူ့ရှေ့ကယောကျ်ားကိုအမြန်ကျေးဇူးတင်လိုက်ကာ မလှမ်းမကမ်းမှာပြန့်ကြဲနေသည့် စျေးဝယ်ပစ္စည်းတွေကိုတစ်ချက်ကြည့်လိုက်သည်။ နည်းနည်းလေးနှမြောမိသော်ငြား အခုအချိန်မှာအလျင်လိုနေတာကြောင့် ချီချီ့ကိုချီရင်းကားဆီကိုသာအမြန်ပြန်လိုက်သည်။

''မင်းအဆင်ပြေရဲ့လား '' ထိုလူက သူ ကျေးဇူးတင်စကားပြောပြီး လှည့်ထွက်သွားတာကိုမြင်တော့ နောက်ကနေ အမြန်လိုက်လာသည်။

''အဆင်ပြေပါတယ် ''

''တော်သေးတာပေါ့ သူတို့ကဘယ်သူလဲ ဘာလို့မင်းကိုပြဿနာလာရှာတာလဲ ''

ယန်းချင်းချီကလည်း အခုမှတွေ့ဖူးသည့်သူစိမ်းယောကျ်ားတစ်ယောက်နှင့် ကိုယ်ရေးကိုယ်တာကိစ္စတွေမပြောချင်တာကြောင့်

''ကျွန်တော်လည်းမသိဘူး ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်''

''ရပါတယ် ကိုယ်က ကျိုးရီရှင်း မင်းရော? ဘယ်လိုခေါ်ရမလဲ ''

ယန်းချင်းချီ ခဏလောက် တုံ့ခနဲရပ်တန့်သွားသည်။ ကျိုးရီရှင်း? ယန်းချင်းချီ သူ့ဘေးကလူကို လှည့်ကြည့်လိုက်ကာ ကျေးဇူးတင်နေသည့်စိတ်က သံသယအဖြစ်ပြောင်းသွားသည်။ ကျိုးရီရှင်းက ဒီနေရာ၊ဒီအချိန်ကြီးမှာ ဘယ်လိုလုပ်ပေါ်လာရတာလဲ။ စဥ်းစားလေ ထူးဆန်းလေပဲ။

'' ယန်းချင်းချီ ''

''မင်း လုံခြုံရေးရုံးခန်းကိုသွားပြီး CCTVမကြည့်တော့ဘူးလား ကားပါကင်မှာလည်းCCTVတပ်ထားလောက်တယ် သက်သေအဖြစ်ယူပြီး ရဲစခန်းမှာအမှုဖွင့်လို့ရတာပေါ့ ''

ယန်းချင်းချီပိုပြီး ဇဝေဇဝါဖြစ်သွားသည်။ အစကတော့ ကျိုးရီရှင်းတစ်ယောက် အလှလေးကိုသူရဲကောင်းဝင်ကယ်သည့် ဇာတ်ကွက်မျိုး ဖန်တီးချင်နေတာဟုထင်လိုက်သော်ငြား အခုတော့ CCTVသွားကြည့်ပြီး အမှုဖွင့်မယ်ပြောလာပုံမှာ ဒီကိစ္စက သူနဲ့ပဲဘာမှမသက်ဆိုင်သလိုလို။

သူ ဘယ်လောက်ပဲ သံသယဝင်နေပါစေဦး အခုအချိန်မှာ ဆေးရုံအမြန်သွားပြီး စစ်ဆေးကြည့်ဖို့လိုနေတာကြောင့် ခပ်ပြတ်ပြတ်ပဲပြောလိုက်သည်။

''ရတယ် မလိုဘူး ကျွန်တော့်မှာလုပ်စရာတွေရှိသေးတယ် ကျေးဇူးပဲ ခွင့်ပြုပါဦး ''

ယန်းချင်းချီထိုသို့ပြောကာ တဖက်လူကိုလျစ်လျူရှုပစ်လိုက်ပြီး ကားဆီကိုသာအမြန်သွားလိုက်သည်။ ကားအနားရောက်တော့ တံခါးဖွင့်ပြီး ချီချီ့ကိုနေရာချပေးလိုက်ကာ ကလေးထိတ်လန့်နေမှာစိုးတာကြောင့် ကားမောင်းသူနေရာကိုချက်ချင်းမသွားသေးပဲ ချီချီနဲ့အတူတူ ကားနောက်ခန်းမှာဝင်ထိုင်လိုက်သည်။ အခုအချိန်ထိ မျက်လုံးလေးအုပ်ထားသေးသော ချီချီ့ကိုမြင်လိုက်ရသည့်အခါ သူ့နှလုံးသားလေးပို၍ပျော့ပျောင်းသွားကာ အသံနွေးနွေးလေးဖြင့်

''ချီချီ မျက်လုံးဖွင့်ကြည့်လို့ရပြီ ''

ချီချီက လက်လေးချကာ နှုတ်ခမ်းလေးတင်းတင်းစေ့ပြီး သူ့ကိုမော့ကြည့်လာသည်။

ယန်းချင်းချီ ကလေးမျက်နှာနုနုလေးကို အုပ်ကိုင်ရင်း

''ဘာဖြစ်လို့လဲ ချီချီမပျော်ဘူးလား ၁ ကနေ ၁၀၀အထိရော သေချာရေလိုက်ရဲ့လား ''

ချီချီကခေါင်းခါပြသည်။ သူက ငယ်သေးပြီး မျက်လုံးပိတ်ထားသည်ဆိုသော်ငြား နားကနေအကုန်ကြားနေရတာကြောင့် အန္တရာယ်ကိုခံစားမိသည်။

''ပါးပါး ခုနက အဲ့လူတွေနဲ့ရန်ဖြစ်လိုက်တာလား ''

ယန်းချင်းချီ ခေါင်းငြိမ့်ပြလိုက်ကာ

''ချီချီကြောက်သွားသေးလား ''

ချီချီက သူ့လက်ပိစိလေးတွေဖြင့် မျက်လုံးကိုပြန်ပိတ်လိုက်ပြီး ရွှင်ရွှင်ပျပျလေးပြောလာသည်။

''မကြောက်ပါဘူး ချီချီမျက်လုံးပိတ်ထားတယ်လေ ဘာမှမမြင်ရတော့ ဘာမှမကြောက်တော့ဘူး''

'' တော်သေးတာပေါ့ ဒါဆို ချီချီ့မှာ နာတာကျင်တာတွေရော ရှိသေးလား ''

ချီချီကလက်လေးပြန်ချကာ ခေါင်းခါပြရင်း

'' မနာပါဘူး ပါးပါးရော နာသွားသေးလားဟင် ''

''ပါးပါးလည်းမနာပါဘူး ''

''ပါးပါးကအရမ်းမိုက်တာပဲ '' ချီချီ့မျက်လုံးလေးများ ဝင်းလက်နေကာ လက်မလေးထောင်၍ ပျော်ပျော်ရွှင်ရွှင်လေး ပြောလာသည်။ ''ပါးပါး လူဆိုးတွေအားလုံးကို ကန်ထုတ်ပစ်လိုက်တယ် ''

ကလေးကမကြောက်သည့်အပြင် ထို့အစား စိတ်လှုပ်ရှားနေမည်ဟု မမျှော်လင့်ထားတာကြောင့် ယန်းချင်းချီ နည်းနည်းလေးကြောင်အသွားသည်။ သို့သော် သူအမြန်တုံ့ပြန်လိုက်နိုင်သည်။ ယောကျ်ားလေးလေ။ ဘယ်ယောကျ်ားလေးမဆို သူတို့စိတ်ထဲမှာ ဟီးရိုးဆိုသည့် ဇာတ်အိမ်ကြီးက အခြေတည်နေသည်။ ချီချီက မျက်လုံးမှိတ်ထားတာကြောင့် ရန်ပွဲကိုမျက်မြင်ကိုယ်တွေ့ မမြင်ခဲ့ရသဖြင့် သူ့စိတ်ကူးလေးဖြင့်သာပုံဖော်ထားပုံရသည်။ သူ့အသက်အရွယ်မှာ အလွန်ဆုံးတွေးနိုင်သည်က ___ အကောင်ငယ်လေးက ဝံပုလွေကြီးကိုအနိုင်ယူလိုက်သမျိုး၊ ဟီးရိုးကြီးက ဗီလိန်ကိုကန်ထုတ်ပစ်လိုက်သလိုမျိုး စသည့် ကာတွန်းပုံရိပ်လေးတွေသာ။

ယန်းချင်းချီပြုံးလိုက်ကာ ကလေးခေါင်းလေးကိုပွတ်ရင်း ချော့မြူလိုက်သည်။

''ပါးပါးပဲမိုက်တာမဟုတ်ဘူး ချီချီလည်းအရမ်းမိုက်တယ် ပါးပါးကဟီးရိုးကြီးဆို ချီချီကဟီးရိုးလေးပေါ့ လာ ပါးပါးတို့ High fiveလုပ်ရအောင် ဒါက ပါးပါးနဲ့ချီချီကြားက လျှို့ဝှက်ချက်လေးနော် ဒယ်ဒီ့ကိုပြန်ပြောလို့မဖြစ်ဘူး ဟုတ်ပြီလား ''

''အွန်း '' ချီချီက ခေါင်းလေးငြိမ့်၍ ကတိပေးကာ ပျော်ပျော်ရွှင်ရွှင်ဖြင့် လက်သေးသေးလေးတစ်စုံကိုမြှောက်ပြီး ယန်းချင်းချီနဲ့ High Fiveလုပ်လိုက်သည်။

ချီချီက အနာတရမဖြစ်၊ကြောက်မနေသည့်အပြင် စိတ်အခြေအနေကောင်းနေတာကိုမြင်တော့ စိတ်သက်သာရာရသွားသည်။ သူ ရှေ့ခုံက ချီချီ့အတွက်လုပ်ပေးထားသည့် ကလေးထိုင်ခုံလေးဆီ ပြန်သယ်လာကာ နေရာချပြီး ခါးပတ်ပတ်ပေးလိုက်သည်။

ထိုအခါမှ ချီချီက တစ်ခုခုကို သတိရမိသွားပုံပေါ်သည်။

''ပါးပါး သားတို့ပစ္စည်းတွေမရှိတော့ဘူး ''

''ပါးပါးက အဲ့ဒါတွေနဲ့လူဆိုးတွေကိုရိုက်ပစ်လိုက်တာ '' သူ ကလေးကိုချော့မြူလိုက်သည်။

ချီချီကထိုမုသားနဲ့ပတ်သက်ပြီး ဘာမှသံသယမဝင်သော်ငြား နှမြောနေသေးတာကြောင့်

''အဲ့ဒါက သားတို့နှစ်ယောက် အထူးရွေးပြီးဝယ်ထားတဲ့ဟာကို ''

''ဘာမှမဖြစ်ပါဘူး ပါးပါးတို့နောက်မှ ထပ်ဝယ်ကြတာပေါ့ ''

''ဒါလေးတော့ကျန်သေးတယ် '' ချီချီကပြောရင်း လက်ထဲကအထုပ်သေးလေးကို မြှောက်ပြပြန်သည်။ ထိုထဲမှာ ချီချီ့အရုပ်နှစ်ခုနဲ့ အာလူးကြော်တစ်ထုပ်သာပါနေတာကြောင့် သိပ်မလေးပါ။ ထို့အပြင် ချီချီက တစ်လျှောက်လုံး လက်မှာချိတ်ထားသဖြင့် လွှတ်ပစ်လိုက်အထဲ ကံကောင်းစွာဖြင့်ပါမသွားခဲ့ပေ။

ယန်းချင်းချီ အာလူးကြော်ထုပ်ကိုဖောက်ကာ ချီချီ့ကိုခွံ့ကျွေးနေရင်း

''ဗိုက်ဆာနေလား ဒါလေးခဏစားထားနော် ပါးပါး သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့စရာရှိလို့ အဲ့ဒါပြီးမှ ပါးပါးတို့အိမ်ပြန်ကြရအောင် ''

Zawgyi

က်ိဳးရီ႐ွင္းက အလွေလးကိုဝင္ကယ္တဲ့ သူရဲေကာင္းျဖစ္ခ်င္ေနျပန္ၿပီ
_________________________________

ယန္းခ်င္းခ်ီ ေနာက္ကေျခသံေတြကို တခ်ိန္လုံးအာ႐ုံစိုက္ထားသလို သူတို႔ေျခလွမ္းေတြကလည္း ေႏွးလည္းမေႏွး၊ျမန္လည္းျမန္မေနပါ။ ဘာမွမျဖစ္သလိုမ်ိဳး၊ သတိမထားမိသလိုမ်ိဳး ပုံမွန္အတိုင္းသာဆက္ေလွ်ာက္ေနသည္။ ခ်ီခ်ီက အိတ္ေသးေသးေလးဆြဲရင္း သူတို႔ကားကိုျမင္ေတာ့ ယန္းခ်င္းခ်ီကိုလွည့္ၾကည့္ကာ လက္ညိႇဳးထိုးျပလာသည္။

''သားတို႔ ကားကား''

ယန္းခ်င္းခ်ီကလည္း ကေလးေခါင္း သူ႕ဘက္လွည့္လာတာနဲ႕ အျပဳံးေလးျဖင့္

''ဟုတ္တယ္ အဲ့ဒါပါးပါးတို႔ကား ခ်ီခ်ီကဉာဏ္ေကာင္းလိုက္တာ တစ္ခါၾကည့္႐ုံနဲ႔မွတ္မိတယ္ ''

''ဒါဆို သားတို႔ ျမန္ျမန္သြားၾကရေအာင္ေလ '' ခ်ီခ်ီကထိုသို႔ေျပာရင္း ယန္းခ်င္းခ်ီလက္ကိုလွမ္းဆြဲကာ ေျခေထာက္တိုေလးမ်ားျဖင့္ ေ႐ွ႕ကေျပးသည္။

သူတို႔လႈပ္႐ွားတာကိုျမင္သည္ႏွင့္ ေနာက္ကလူေတြကလည္း လႈပ္႐ွားလာၾကသည္။

ယန္းခ်င္းခ်ီ လက္ထဲကအိတ္ေတြကို ခ်က္ခ်င္းလႊတ္ပစ္ၿပီး ခ်ီခ်ီ႕ကိုေကာက္ခ်ီကာ ေႏြးေထြးသည့္ေလသံေလးျဖင့္ ေခ်ာ့လိုက္သည္။

''ခ်ီခ်ီ ပါးပါးနဲ႔ဂိမ္းေဆာ့ရေအာင္ သားကမ်က္လုံးမွိတ္ထားၿပီး ၁ကေန ၁၀၀အထိေရတြက္ေန ၁၀၀ျပည့္သြားတာပဲျဖစ္ျဖစ္ ဂဏန္းဆက္မေရတတ္ေတာ့တာပဲျဖစ္ျဖစ္ အစကေနျပန္ေရတြက္ရမယ္ ပါးပါးက ဖြင့္လို႔ရၿပီလို႔မေျပာမခ်င္း သားကဖြင့္ၾကည့္လို႔မရဘူး ဘယ္လိုလဲ ေဆာ့ခ်င္လား ''

ခ်ီခ်ီက မ်က္လုံးေလးမ်ားကို ခ်က္ခ်င္းမွိတ္လိုက္ကာ ထိုေပၚသို႔လက္ေသးေသးေလးအုပ္တင္ရင္း ခ်ိဳၿမိန္သည့္ကေလးသံေလးျဖင့္ ေျပာလာသည္။

''ေဆာ့ခ်င္တယ္ ''

ယန္းခ်င္းခ်ီကလည္း ခ်ီးက်ဴးလိုက္သည္။

''အရမ္းလိမၼာတာပဲ ''

ယန္းခ်င္းခ်ီစကားေတြက ခ်ီခ်ီ႕ကိုဦးတည္ၿပီးေျပာေနေသာ္ျငား သူ႕မ်က္လုံးေတြကေတာ့ သူ႕ေ႐ွ႕ကလူေတြကိုစိုက္ၾကည့္ေနလိုက္သည္။ ၈ေယာက္၊ ထင္ထားတဲ့အတိုင္းပဲ။

''သတၱိေကာင္းလွခ်ည္လား ညီေလး ''

ထို႐ွစ္ေယာက္မွာ ႏႈတ္ခမ္းေထာင့္နားအမာ႐ြတ္ျဖင့္ ေခါင္းေဆာင္ဟုထင္ရေသာသူက ယန္းခ်င္းခ်ီကိုၾကည့္ရင္း မခနဲ႔ပဲမေနႏိုင္ခဲ့။ ဒီလိုအခ်ိန္မွာေတာင္ ကေလးကိုေခ်ာ့ခ်င္စိတ္႐ွိေသးတာလား။

ခ်ီခ်ီက အသံတိုးေလးျဖင့္ ဂဏန္းေတြေရ႐ြတ္ေနသည္။

'' ၆....၇...၈.... ''

ယန္းခ်င္းခ်ီ ကေလးရဲ႕နားတစ္ဖက္ကိုရင္ခြင္ထဲအပ္ၿပီး က်န္နားတစ္ဖက္ကို လက္ျဖင့္အုပ္ကိုင္လိုက္သည္။ ခ်ီခ်ီက သူ႕ပါးပါး နည္းနည္းေလးထူးဆန္းေနသည္ဟု ထင္လိုက္ေသာ္ျငား ဂဏန္းအေပၚအာ႐ုံမစိုက္လွ်င္ ေမ့သြားၿပီးအစကေန ျပန္ေရရမွာစိုးတာေၾကာင့္ ဘာလို႔နားပိတ္လိုက္တာလဲဟု လွမ္းမေမးေတာ့ပါ။

''မင္းတို႔ငါ့ဆီလာတာမလား ကေလးနဲ႔ဘာမွမဆိုင္ဘူး သူ႕ကိုအရင္ဆုံးကားထဲထည့္ခြင့္ေပး ၿပီးမွငါတို႔ဆက္႐ွင္းၾကမယ္ ရမလား ''

''ဒါေတာ့မျဖစ္ဘူးေလ မင္းကားထဲဘာေတြ႐ွိေနမွန္းမွငါတို႔မသိတာ ဓားေတြဘာေတြဆြဲထုတ္လာရင္ဘယ္လိုလုပ္မလဲ စိတ္မပူပါနဲ႔ ငါတို႔မင္းရင္ခြင္ထဲက ကေလးေလးကိုမထိပါဘူး ဒီေလာက္ခ်စ္ဖို႔ေကာင္းတာ ဘယ္သူကထိရက္မွာလဲ သူ႕ကိုေအာက္ခ်ထားလိုက္ ''

ယန္းခ်င္းခ်ီကလည္း တဖက္လူ၏ေပါက္ကရစကားေတြကို တစ္စက္ကေလးေတာင္ ယုံၾကည္မေနပါ။ တကယ္လို႔ သူ ခ်ီခ်ီ႕ကိုေအာက္ခ်လိုက္တာနဲ႔ ခ်ီခ်ီ႕ကိုလုၿပီး အၾကပ္ကိုင္လာတာတို႔ ျပန္ေပးဆြဲသြားမွာတို႔ လုပ္လာရင္ဘယ္လိုလုပ္မလဲ။

သူ ဒီလိုအခ်ိန္မ်ိဳးမွာ ဘယ္သူနဲ႔မွမခ်ခ်င္ပါ။ ပထမတစ္ခ်က္၊ ဒီေနရာမွာခ်ီခ်ီ႐ွိေနသည္။ ခ်ီခ်ီ႕အား ခိုက္ရန္ျဖစ္ပြားတာမ်ိဳးေတြကို မျမင္ေတြ႕ေစခ်င္ေပ။ ဒုတိယတစ္ခ်က္၊ သူ႕ဗိုက္ထဲမွာေနာက္တစ္ေယာက္႐ွိေနသည္။ ထိုပိစိေလးကိုလည္း သူ႕လႈပ္႐ွားမႈေၾကာင့္မထိခိုက္ေစခ်င္ပါ။ ေဒါက္တာနဲ႔အေမႏွစ္ေယာက္ေက်းဇူးေၾကာင့္ အေစာပိုင္းသုံးလမွာ အရမ္းဂ႐ုစိုက္ေပးရမည္ဆိုသည့္အခ်က္အား က်န္းေမာ့ခ်န္တစ္ေယာက္ ေန႔တိုင္းတတြတ္တြတ္ေရ႐ြတ္ေနသည္။ သူလည္းနားပူေအာင္ၾကားေနရတာေၾကာင့္ ဒီလူေတြနဲ႔ခ်လိုက္လွ်င္ ဗိုက္ထဲက ကေလးေလးတစ္ခုခုျဖစ္သြားမွာကို စိတ္မပူပဲမေနႏိုင္ပါ။

သူ အၾကံထုတ္ေနရင္း သူ႕ေ႐ွ႕ကလူေတြကိုၾကည့္ကာ ေမးလိုက္သည္။

''မင္းတို႔ က်န္းေမာ့ခ်န္ကိုသိလား ''

''က်န္းေမာ့ခ်န္? ဟိုနာမည္ႀကီးမင္းသားလား ဘာျဖစ္လို႔လဲ ငါတို႔ကဘာကိစၥနဲ႔သူ႕ကိုသိရမွာလဲ ''

ၾကည့္ရတာေတာ့ ဒီလူေတြ က်န္းေမာ့ခ်န္က က်န္းအိမ္ကလာမွန္း သိၾကပုံမရေသးေပ။ သူေမးခြန္းေျပာင္းေမးလိုက္သည္။

''ေဝ့လန္ကိုေရာသိလား ''

ေခါင္းေဆာင္ထင္ရတဲ့လူက ေဝ့လန္ဆိုသည့္နာမည္ႏွစ္လုံးကိုေရ႐ြတ္လိုက္ကာ ေသခ်ာမသိျဖင့္ အဆုံးမွာ ႏွာေခါင္း႐ႈံ႕ရင္း ေဒါသတႀကီးေျပာလာသည္။

''ေပါက္ကရေတြေျပာမေနနဲ႔ေတာ့ မင္း ငါတို႔တာ့ေကာရဲ႕သူငယ္ခ်င္းကိုအျပစ္ျပဳမိထားတယ္ ဘယ္သူ႕နာမည္ထုတ္ေျပာေျပာ ငါတို႔ကမင္းကိုဆုံးမေပးရမွာပဲ ''

တကယ္လို႔ဒီေနရာမွာသာ ထိုလူ႕ပါးစပ္ထဲကတာ့ေကာဆိုသည့္ က်ိဳးခ်န္႐ွိေနခဲ့လွ်င္ ေဝ့လန္ဆိုသည့္နာမည္ၾကားသည္ႏွင့္ တစ္ခုခုလြဲေနမွန္းသိသြားကာ မစူးစမ္းမဆင္ျခင္ပဲေ႐ွ႕ဆက္တိုးရဲမည္မဟုတ္ေပ။ သို႔ေသာ္ ထိုက်ိဳးခ်န္ဆိုသည့္လူက ယြမ္မင္႐ႊိေပါက္ကရေတြကိုနားေထာင္ၿပီး ယန္းခ်င္းခ်ီအေၾကာင္းကို ဂဃနဏမစုံစမ္းပဲ နာမည္ႀကီးခါစ ၁၈အဆင့္မင္းသားေလးဟု ထင္သြားတာေၾကာင့္ သူ႕ကိုယ္တိုင္ပညာလာေပးဖို႔ေတာင္ မတန္ဘူးထင္ေနသျဖင့္ သူ႕လက္ပါးေစေပါက္စေတြကိုပဲ လႊတ္လိုက္သည္။

ယန္းခ်င္းခ်ီထိုစကားၾကားသည္ႏွင့္ ဒီလူကေနရာမရေသးသည့္ အဆင့္နိမ့္လူမိုက္ေခါင္းေဆာင္မွန္း ခ်က္ခ်င္းသိလိုက္သည္။ ေဝ့အိမ္ေတာ္က ေျမေအာက္အဆက္အသြယ္ေတြ မလုပ္ေတာ့ဘူးဆိုေသာ္ျငား ေျမေအာက္ဂိုဏ္းေတြၾကား နာမည္႐ွိေနေသးတာေၾကာင့္ အဆင့္ျမင့္လူမိုက္ေခါင္းေဆာင္တစ္ေယာက္က ေဝ့အိမ္ကိုမၾကားဖူးစရာအေၾကာင္းမ႐ွိပါ။ အခုေတာ့ သူ႕ေ႐ွ႕ကလူမွာေဝ့လန္ကိုေတာင္ မသိေပ။ ယန္းခ်င္းခ်ီကူကယ္ရာမဲ့သြားသည္။ ၾကည့္ရတာေတာ့ ဒီရန္ပြဲကို ေ႐ွာင္လို႔ရမယ္မထင္ေတာ့ဘူး။

သူထိုသို႔ေတြးေနစဥ္ ေခါင္းေဆာင္ဟုထင္ရတဲ့လူက မ်က္ရိပ္မ်က္ေျချပလိုက္သျဖင့္ သူ႕ေဘးအုံဝိုင္းထားသည့္လူ၇ေယာက္လုံး သူ႕အနားတိုးလာသည္။

ယန္းခ်င္းခ်ီကလည္း လက္ႏွစ္ဖက္လုံးျဖင့္ ခ်ီခ်ီကိုပိုက္ထားတာေၾကာင့္ လက္ေတြမအားသျဖင့္ ေ႐ွာင္ပဲေ႐ွာင္ႏိုင္သည္။

သူအရင္တုန္းကလည္း ဒီလိုအထူးtrainingတစ္ခုလုပ္ဖူးသည္။ လက္ေတြကိုအခ်ည္ခံထားရလွ်င္ ရန္သူကို ဘယ္လိုေ႐ွာင္ရမယ္၊ အခြင့္ေရးေကာင္းကို႐ွာၿပီး ေျခေထာက္ျဖင့္ဘယ္လိုတိုက္ခိုက္ရမယ္ စတာေတြကို သူ႕ရဲ႕trainingဆရာနဲ႔ ေလ့က်င့္ဖူးသည္။ သို႔ေသာ္ အခုသူ႕ရင္ခြင္ထဲမွာ ခ်ီခ်ီ႐ွိေနတာေၾကာင့္ လြတ္လြတ္လပ္လပ္လႈပ္႐ွားလို႔မရသျဖင့္ တခ်ိဳ႕အကြက္ေတြထုတ္သုံးလို႔မရပါ။

ဒီလိုေယာင္နန အဆင့္နိမ့္လူမိုက္ေလးေတြက အေျခခံကိုေတာင္ ေသခ်ာtrainingအေပးမခံရဖူးတာေၾကာင့္ ဗ်ဴဟာမ႐ွိ၊ရန္သူကိုေသခ်ာမၾကည့္တတ္ပဲ ဘလိုင္းႀကီးဝင္ဝင္တိုးေနသည္။ ယန္းခ်င္းခ်ီကလည္း ထိုအျခင္းအရာကိုျမင္ေတာ့ နည္းနည္းေလးစိတ္သက္သာရာရသြားကာ ေ႐ွာင္သင့္တဲ့အခ်ိန္ေ႐ွာင္ၿပီး ကန္သင့္တဲ့အခ်ိန္ကန္ပစ္လိုက္သည္။

ေခါင္းေဆာင္ထင္ရတဲ့လူကလည္း မိန္းမေခ်ာ,ေခ်ာေနသည့္ သူ႕ေ႐ွ႕က၁၈အဆင့္မင္းသားေပါက္စကို အံ့ၾသတႀကီးၾကည့္လိုက္ကာ ကေလးပိုက္ထားတာေတာင္ သူ႕လူေတြထဲက ဘယ္သူမွထိေအာင္မခ်ႏိုင္သျဖင့္ နားမခံသာေအာင္ဆဲေရးလိုက္သည္။ တဖက္လူအင္အားကိုေလွ်ာ့တြက္ၿပီး ဘုစုခ႐ုေတြေခၚခဲ့မိသည့္ သူ႕ကိုယ္သူလည္းအျပစ္တင္လိုက္သည္။ သို႔ေသာ္ ကေလးတစ္ေယာက္နဲ႔လူကို သူတို႔ေတြထဲက တစ္ေယာက္မွမခ်ႏိုင္ဘူးဆိုတဲ့အခ်က္အား လက္မခံခ်င္တာေၾကာင့္ သူ အံကိုႀကိတ္ကာ လက္သီးကိုက်စ္က်စ္ပါေအာင္ဆုပ္ရင္း ယန္းခ်င္းခ်ီေ႐ွ႕ေျပးဝင္လာသည္။

ယန္းခ်င္းခ်ီကလည္း ထိုလူ႕လက္သီးေတြကို ခဏေလာက္ေ႐ွာင္ေနလိုက္ကာ အခြင့္အေရးရတာနဲ႔ ဂြၾကားထဲပိတ္ကန္ပစ္လိုက္သည္။

ထိုလူ႕မ်က္ႏွာမွာ စကၠဴတစ္႐ြက္လို ခ်က္ခ်င္းျဖဴေဖ်ာ့သြားၿပီး ေလကိုခပ္ျပင္းျပင္း႐ႈသြင္းလိုက္ကာ ဂြၾကားကိုအုပ္ကိုင္ရင္း ထပ္မလႈပ္ရဲေတာ့ေပ။

ယန္းခ်င္းခ်ီအခုေတာ့ပိုၿပီးစိတ္ေအးသြားသည္။ ပထမတစ္ခ်က္အေနနဲ႔ကေတာ့ ဒီလူေတြရဲ႕အင္အားကို သိသြားတာေၾကာင့္ ဘာမွစိုးရိမ္စရာမလိုေတာ့ပါ။ ဒုတိယတစ္ခ်က္အေနနဲ႔ကေတာ့ ဒီေန႔က ႏွစ္ကူးၿပီး၇ရက္ေျမာက္ေန႔ျဖစ္ေနလွ်င္ေတာင္ လူေတြမ႐ွိဘူးဆိုေသာ္ျငား မလာဘူးလို႔ေတာ့မဆိုလိုေပ။ Supermarket ကားပါကင္ထဲ အခ်ိန္နည္းနည္းၾကာသြားလွ်င္ တစ္ေယာက္မဟုတ္တစ္ေယာက္ေတာ့ ဝင္လာလိမ့္မည္။

ခ်ီခ်ီ႕ကိုခ်ီထားရင္း သူ႕ကိုတိုက္ခိုက္ေနတာကို တည္တည္ၿငိမ္ၿငိမ္ေလးေ႐ွာင္ေနလိုက္သည္။ ထိုစဥ္ အသံတစ္သံၾကားလိုက္ရေလသည္။ 

''မင္းတို႔ဘာလုပ္ေနၾကတာလဲ ရန္ျဖစ္ေနတာလား ''

လူတစ္ေယာက္ သူတို႔အနားေလွ်ာက္လာတာကိုေတြ႕ေတာ့ ယန္းခ်င္းခ်ီ စိတ္အာ႐ုံကိုမျပန္႔လြင့္ေစသည့္အျပင္ ပိုၿပီးေတာင္ သတိကပ္ထားလိုက္သည္။

ဆန္႔က်င္ဘက္အေနနဲ႔ကေတာ့ သူ႕ကိုဝိုင္းထားတဲ့လူေတြက အသစ္ေပၚလာသည့္လူကိုလွည့္ၾကည့္ရင္း စိတ္ဆိုးတႀကီးေအာ္ဟစ္လာသည္။

''မင္းေစာက္ပူပါလား ထြက္သြား! ''

''ဟာ့! အဲ့ဒါဆိုရင္ေတာ့ ငါ့အပူလုပ္ရေတာ့မယ္နဲ႔တူတယ္ ''

ထိုလူက ထိုသို႔ေျပာရင္း အနားကိုေလွ်ာက္လာကာ သူ႕ကိုဆဲေရးေနသည့္လူအား ခ်က္ခ်င္းလွမ္းထိုးပစ္လိုက္သည္။

တဖက္လူက လိုလိုခ်င္ခ်င္ ကူညီလာမွေတာ့ ယန္းခ်င္းခ်ီမလႈပ္ေတာ့ပဲ ၿငိမ္ၿငိမ္ေလးရပ္ေနလိုက္သည္။ ဘယ္လိုပဲျဖစ္ျဖစ္ ဂြၾကားေတြခ်ည္းပဲပိတ္ကန္ထားတာေၾကာင့္ တစ္ဝက္ေလာက္ကမလႈပ္ႏိုင္ေပ။ အခု တာဝန္သိတတ္သည့္အမ်ိဳးေကာင္းသားတစ္ေယာက္ကပါ အင္အားထပ္ျဖည့္ေပးလာေတာ့ က်န္ေနသည့္ လူမိုက္တစ္ဝက္ေလာက္ကလည္း အကြဲကြဲအၿပဲၿပဲေတြျဖစ္ကုန္သည္။

''ထြက္သြား! '' ထိုလူက ရင့္ရင့္သီးသီးေအာ္လိုက္သည္။

လူ၈ေယာက္က ထိုရလာဒ္ကိုလက္သင့္မခံခ်င္ေသးေသာ္ျငား သူတို႔မွာလည္းေ႐ြးခ်ယ္စရာမ႐ွိေတာ့တာေၾကာင့္ အတင္းကုန္းၾကဳံးထကာ လမ္းမေလွ်ာက္ႏိုင္သည့္သူတို႔လူေတြကိုဆြဲထူရင္း ထြက္ေျပးသြားၾကသည္။

ယန္းခ်င္းခ်ီ သူတို႔ကိုအခုလိုလြယ္လြယ္ေလး ထြက္မသြားေစခ်င္ပါ။ ခ်ီခ်ီ႕ကို ကားထဲေနရာခ်ၿပီး သူ႕ကိုျပႆနာလာ႐ွာခိုင္းသည့္ ေနာက္ကြယ္ကႀကိဳးကိုင္သူဘယ္သူလဲဆိုတာကို ထိုလူေတြအား ေမးခ်င္ေသးသည္။ သို႔ေသာ္ သူ႕ဆီးစပ္ေအာက္ပိုင္းက ႐ုတ္တရက္ႀကီးဆူးခနဲထိုးေအာင့္လာသည္။ ထိုအခါမွ သူ႕ရဲ႕လႈပ္႐ွားမႈအခ်ိဳ႕က ကေလးကိုသြားသက္ေရာက္ေစႏိုင္တုန္းပဲ ဆိုသည့္အခ်က္အား နားလည္သြားေတာ့သည္။ အခုအခ်ိန္ထိ ကိုယ္ဝန္႐ွိေနတယ္ဆိုၿပီး မိသားစုရဲ႕ဝိုင္းဂ႐ုစိုက္ျခင္းကိုခံေနရေသာ္ျငား ဗိုက္ထဲကေန ဘာမွေထြေထြထူးထူးမတုံ႔ျပန္လာတာေၾကာင့္ မသိလွ်င္ ဗိုက္ထဲမွာ ကေလးေလး႐ွိေနသည္ဆိုသည့္အခ်က္က အိမ္မက္တစ္ခုလိုပင္။ အခုေတာ့ ကေလးကသူ႕ရဲ႕တည္႐ွိမႈကိုေဖာ္ျပခ်င္ေနသလိုမ်ိဳး ဆိုးဆိုး႐ြား႐ြားနာက်င္လာသည္။

သို႔ေသာ္ ထိုနာက်င္မႈက သိပ္ၾကာ႐ွည္မခံလိုက္ပါ။ ထိုလူေတြထြက္​ေျပးသြားတဲ့အခ်ိန္ ဆူးေအာင့္ေနသည့္ခံစားခ်က္ႀကီးက တေျဖးေျဖးေလ်ာ့က်သြားကာ အရင္လိုပဲ ဘာမွမျဖစ္သလိုမ်ိဳး ျပန္အဆင္ေျပသြားသည္။ သို႔ေသာ္သူစိတ္မခ်ႏိုင္ပါ။ ကိုယ္ဝန္ေဆာင္ေနစဥ္အတြင္း ျပင္းထန္တဲ့လႈပ္႐ွားမႈေတြ၊ေလ့က်င့္ခန္းေတြ လုပ္လို႔မျဖစ္ေၾကာင္း အေမႏွစ္ေယာက္ကေသခ်ာမွာထားတာေၾကာင့္ သူ ကေလးအေျခအေနကိုစိတ္ပူမိသျဖင့္ ေဆး႐ုံမွာသြားစစ္ၾကည့္ဖို႔ ဆုံးျဖတ္လိုက္သည္။

ထို႔ေၾကာင့္ သူ႕ေ႐ွ႕ကေယာက်္ားကိုအျမန္ေက်းဇူးတင္လိုက္ကာ မလွမ္းမကမ္းမွာျပန္႔ႀကဲေနသည့္ ေစ်းဝယ္ပစၥည္းေတြကိုတစ္ခ်က္ၾကည့္လိုက္သည္။ နည္းနည္းေလးႏွေျမာမိေသာ္ျငား အခုအခ်ိန္မွာအလ်င္လိုေနတာေၾကာင့္ ခ်ီခ်ီ႕ကိုခ်ီရင္းကားဆီကိုသာအျမန္ျပန္လိုက္သည္။

''မင္းအဆင္ေျပရဲ႕လား '' ထိုလူက သူ ေက်းဇူးတင္စကားေျပာၿပီး လွည့္ထြက္သြားတာကိုျမင္ေတာ့ ေနာက္ကေန အျမန္လိုက္လာသည္။

''အဆင္ေျပပါတယ္ ''

''ေတာ္ေသးတာေပါ့ သူတို႔ကဘယ္သူလဲ ဘာလို႔မင္းကိုျပႆနာလာ႐ွာတာလဲ ''

ယန္းခ်င္းခ်ီကလည္း အခုမွေတြ႕ဖူးသည့္သူစိမ္းေယာက်္ားတစ္ေယာက္ႏွင့္ ကိုယ္ေရးကိုယ္တာကိစၥေတြမေျပာခ်င္တာေၾကာင့္

''ကြၽန္ေတာ္လည္းမသိဘူး ဘာပဲျဖစ္ျဖစ္ ေက်းဇူးတင္ပါတယ္''

''ရပါတယ္ ကိုယ္က က်ိဳးရီ႐ွင္း မင္းေရာ? ဘယ္လိုေခၚရမလဲ ''

ယန္းခ်င္းခ်ီ ခဏေလာက္ တုံ႔ခနဲရပ္တန္႔သြားသည္။ က်ိဳးရီ႐ွင္း? ယန္းခ်င္းခ်ီ သူ႕ေဘးကလူကို လွည့္ၾကည့္လိုက္ကာ ေက်းဇူးတင္ေနသည့္စိတ္က သံသယအျဖစ္ေျပာင္းသြားသည္။ က်ိဳးရီ႐ွင္းက ဒီေနရာ၊ဒီအခ်ိန္ႀကီးမွာ ဘယ္လိုလုပ္ေပၚလာရတာလဲ။ စဥ္းစားေလ ထူးဆန္းေလပဲ။

'' ယန္းခ်င္းခ်ီ ''

''မင္း လုံျခဳံေရး႐ုံးခန္းကိုသြားၿပီး CCTVမၾကည့္ေတာ့ဘူးလား ကားပါကင္မွာလည္းCCTVတပ္ထားေလာက္တယ္ သက္ေသအျဖစ္ယူၿပီး ရဲစခန္းမွာအမႈဖြင့္လို႔ရတာေပါ့ ''

ယန္းခ်င္းခ်ီပိုၿပီး ဇေဝဇဝါျဖစ္သြားသည္။ အစကေတာ့ က်ိဳးရီ႐ွင္းတစ္ေယာက္ အလွေလးကိုသူရဲေကာင္းဝင္ကယ္သည့္ ဇာတ္ကြက္မ်ိဳး ဖန္တီးခ်င္ေနတာဟုထင္လိုက္ေသာ္ျငား အခုေတာ့ CCTVသြားၾကည့္ၿပီး အမႈဖြင့္မယ္ေျပာလာပုံမွာ ဒီကိစၥက သူနဲ႔ပဲဘာမွမသက္ဆိုင္သလိုလို။

သူ ဘယ္ေလာက္ပဲ သံသယဝင္ေနပါေစဦး အခုအခ်ိန္မွာ ေဆး႐ုံအျမန္သြားၿပီး စစ္ေဆးၾကည့္ဖို႔လိုေနတာေၾကာင့္ ခပ္ျပတ္ျပတ္ပဲေျပာလိုက္သည္။

''ရတယ္ မလိုဘူး ကြၽန္ေတာ္႕မွာလုပ္စရာေတြ႐ွိေသးတယ္ ေက်းဇူးပဲ ခြင့္ျပဳပါဦး ''

ယန္းခ်င္းခ်ီထိုသို႔ေျပာကာ တဖက္လူကိုလ်စ္လ်ဴ႐ႈပစ္လိုက္ၿပီး ကားဆီကိုသာအျမန္သြားလိုက္သည္။ ကားအနားေရာက္ေတာ့ တံခါးဖြင့္ၿပီး ခ်ီခ်ီ႕ကိုေနရာခ်ေပးလိုက္ကာ ကေလးထိတ္လန္႔ေနမွာစိုးတာေၾကာင့္ ကားေမာင္းသူေနရာကိုခ်က္ခ်င္းမသြားေသးပဲ ခ်ီခ်ီနဲ႔အတူတူ ကားေနာက္ခန္းမွာဝင္ထိုင္လိုက္သည္။ အခုအခ်ိန္ထိ မ်က္လုံးေလးအုပ္ထားေသးေသာ ခ်ီခ်ီ႕ကိုျမင္လိုက္ရသည့္အခါ သူ႕ႏွလုံးသားေလးပို၍ေပ်ာ့ေပ်ာင္းသြားကာ အသံေႏြးေႏြးေလးျဖင့္

''ခ်ီခ်ီ မ်က္လုံးဖြင့္ၾကည့္လို႔ရၿပီ ''

ခ်ီခ်ီက လက္ေလးခ်ကာ ႏႈတ္ခမ္းေလးတင္းတင္းေစ့ၿပီး သူ႕ကိုေမာ့ၾကည့္လာသည္။

ယန္းခ်င္းခ်ီ ကေလးမ်က္ႏွာႏုႏုေလးကို အုပ္ကိုင္ရင္း

''ဘာျဖစ္လို႔လဲ ခ်ီခ်ီမေပ်ာ္ဘူးလား ၁ ကေန ၁၀၀အထိေရာ ေသခ်ာေရလိုက္ရဲ႕လား ''

ခ်ီခ်ီကေခါင္းခါျပသည္။ သူက ငယ္ေသးၿပီး မ်က္လုံးပိတ္ထားသည္ဆိုေသာ္ျငား နားကေနအကုန္ၾကားေနရတာေၾကာင့္ အႏၲရာယ္ကိုခံစားမိသည္။

''ပါးပါး ခုနက အဲ့လူေတြနဲ႔ရန္ျဖစ္လိုက္တာလား ''

ယန္းခ်င္းခ်ီ ေခါင္းၿငိမ့္ျပလိုက္ကာ

''ခ်ီခ်ီေၾကာက္သြားေသးလား ''

ခ်ီခ်ီက သူ႕လက္ပိစိေလးေတြျဖင့္ မ်က္လုံးကိုျပန္ပိတ္လိုက္ၿပီး ႐ႊင္႐ႊင္ပ်ပ်ေလးေျပာလာသည္။

''မေၾကာက္ပါဘူး ခ်ီခ်ီမ်က္လုံးပိတ္ထားတယ္ေလ ဘာမွမျမင္ရေတာ့ ဘာမွမေၾကာက္ေတာ့ဘူး''

'' ေတာ္ေသးတာေပါ့ ဒါဆို ခ်ီခ်ီ႕မွာ နာတာက်င္တာေတြေရာ ႐ွိေသးလား ''

ခ်ီခ်ီကလက္ေလးျပန္ခ်ကာ ေခါင္းခါျပရင္း

'' မနာပါဘူး ပါးပါးေရာ နာသြားေသးလားဟင္ ''

''ပါးပါးလည္းမနာပါဘူး ''

''ပါးပါးကအရမ္းမိုက္တာပဲ '' ခ်ီခ်ီ႕မ်က္လုံးေလးမ်ား ဝင္းလက္ေနကာ လက္မေလးေထာင္၍ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေလး ေျပာလာသည္။ ''ပါးပါး လူဆိုးေတြအားလုံးကို ကန္ထုတ္ပစ္လိုက္တယ္ ''

ကေလးကမေၾကာက္သည့္အျပင္ ထို႔အစား စိတ္လႈပ္႐ွားေနမည္ဟု မေမွ်ာ္လင့္ထားတာေၾကာင့္ ယန္းခ်င္းခ်ီ နည္းနည္းေလးေၾကာင္အသြားသည္။ သို႔ေသာ္ သူအျမန္တုံ႔ျပန္လိုက္ႏိုင္သည္။ ေယာက်္ားေလးေလ။ ဘယ္ေယာက်္ားေလးမဆို သူတို႔စိတ္ထဲမွာ ဟီး႐ိုးဆိုသည့္ ဇာတ္အိမ္ႀကီးက အေျခတည္ေနသည္။ ခ်ီခ်ီက မ်က္လုံးမွိတ္ထားတာေၾကာင့္ ရန္ပြဲကိုမ်က္ျမင္ကိုယ္ေတြ႕ မျမင္ခဲ့ရသျဖင့္ သူ႕စိတ္ကူးေလးျဖင့္သာပုံေဖာ္ထားပုံရသည္။ သူ႕အသက္အ႐ြယ္မွာ အလြန္ဆုံးေတြးႏိုင္သည္က ___ အေကာင္ငယ္ေလးက ဝံပုေလြႀကီးကိုအႏိုင္ယူလိုက္သမ်ိဳး၊ ဟီး႐ိုးႀကီးက ဗီလိန္ကိုကန္ထုတ္ပစ္လိုက္သလိုမ်ိဳး စသည့္ ကာတြန္းပုံရိပ္ေလးေတြသာ။

ယန္းခ်င္းခ်ီျပဳံးလိုက္ကာ ကေလးေခါင္းေလးကိုပြတ္ရင္း ေခ်ာ့ျမဴလိုက္သည္။

''ပါးပါးပဲမိုက္တာမဟုတ္ဘူး ခ်ီခ်ီလည္းအရမ္းမိုက္တယ္ ပါးပါးကဟီး႐ိုးႀကီးဆို ခ်ီခ်ီကဟီး႐ိုးေလးေပါ့ လာ ပါးပါးတို႔ High fiveလုပ္ရေအာင္ ဒါက ပါးပါးနဲ႔ခ်ီခ်ီၾကားက လွ်ိဳ႕ဝွက္ခ်က္ေလးေနာ္ ဒယ္ဒီ့ကိုျပန္ေျပာလို႔မျဖစ္ဘူး ဟုတ္ၿပီလား ''

''အြန္း '' ခ်ီခ်ီက ေခါင္းေလးၿငိမ့္၍ ကတိေပးကာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖင့္ လက္ေသးေသးေလးတစ္စုံကိုေျမႇာက္ၿပီး ယန္းခ်င္းခ်ီနဲ႔ High Fiveလုပ္လိုက္သည္။

ခ်ီခ်ီက အနာတရမျဖစ္၊ေၾကာက္မေနသည့္အျပင္ စိတ္အေျခအေနေကာင္းေနတာကိုျမင္ေတာ့ စိတ္သက္သာရာရသြားသည္။ သူ ေ႐ွ႕ခုံက ခ်ီခ်ီ႕အတြက္လုပ္ေပးထားသည့္ ကေလးထိုင္ခုံေလးဆီ ျပန္သယ္လာကာ ေနရာခ်ၿပီး ခါးပတ္ပတ္ေပးလိုက္သည္။

ထိုအခါမွ ခ်ီခ်ီက တစ္ခုခုကို သတိရမိသြားပုံေပၚသည္။

''ပါးပါး သားတို႔ပစၥည္းေတြမ႐ွိေတာ့ဘူး ''

''ပါးပါးက အဲ့ဒါေတြနဲ႔လူဆိုးေတြကို႐ိုက္ပစ္လိုက္တာ '' သူ ကေလးကိုေခ်ာ့ျမဴလိုက္သည္။

ခ်ီခ်ီကထိုမုသားနဲ႔ပတ္သက္ၿပီး ဘာမွသံသယမဝင္ေသာ္ျငား ႏွေျမာေနေသးတာေၾကာင့္

''အဲ့ဒါက သားတို႔ႏွစ္ေယာက္ အထူးေ႐ြးၿပီးဝယ္ထားတဲ့ဟာကို ''

''ဘာမွမျဖစ္ပါဘူး ပါးပါးတို႔ေနာက္မွ ထပ္ဝယ္ၾကတာေပါ့ ''

''ဒါေလးေတာ့က်န္ေသးတယ္ '' ခ်ီခ်ီကေျပာရင္း လက္ထဲကအထုပ္ေသးေလးကို ေျမႇာက္ျပျပန္သည္။ ထိုထဲမွာ ခ်ီခ်ီ႕အ႐ုပ္ႏွစ္ခုနဲ႔ အာလူးေၾကာ္တစ္ထုပ္သာပါေနတာေၾကာင့္ သိပ္မေလးပါ။ ထို႔အျပင္ ခ်ီခ်ီက တစ္ေလွ်ာက္လုံး လက္မွာခ်ိတ္ထားသျဖင့္ လႊတ္ပစ္လိုက္အထဲ ကံေကာင္းစြာျဖင့္ပါမသြားခဲ့ေပ။

ယန္းခ်င္းခ်ီ အာလူးေၾကာ္ထုပ္ကိုေဖာက္ကာ ခ်ီခ်ီ႕ကိုခြံ႕ေကြၽးေနရင္း

''ဗိုက္ဆာေနလား ဒါေလးခဏစားထားေနာ္ ပါးပါး သူငယ္ခ်င္းတစ္ေယာက္နဲ႔ သြားေတြ႕စရာ႐ွိလို႔ အဲ့ဒါၿပီးမွ ပါးပါးတို႔အိမ္ျပန္ၾကရေအာင္ ''

Continue Reading

You'll Also Like

1M 117K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
1.4M 239K 110
Title - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre - Fantasy Eng Translators - Rosana Myanma...
206K 25.6K 21
- သေးငယ်ပြီး အင်အားနည်းသောတိုင်းပြည်တခုမှ ဘုရင်ငယ်လေးသည် ပင်လယ်ကြီး၏ဘေးမှ နဂါးကြီးတကောင်ကို နေ့တနေ့တွင် ကယ်ယူခဲ့မိလေသည်။ -ထိုအချိန်မှ စတင်ကာ သူ၏တိုင်...
251K 13.7K 52
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...