ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြ...

By Pony_Pon

588K 82.5K 3K

ျပန္လည္ရွင္သန္ပီးေနာက္သူေဌးႀကီးရဲ႕ခ်စ္ဇနီးေလးျဖစ္လာခဲ့တယ္ [BL] Fully Credit To Author 清麓 ,Original Publi... More

Summary
1 [Rebirth]
2 [Birthday Present]
3 [He was with me last night]
4 [Warn]
5 [Si Family]
6 [Friends]
7 [Spoil You]
8 [Return home early]
9 [Pick things up]
10 [Quite Rich]
11 [Good Son]
12 [Entrance Examination No.1]
13 [Behave in a spoiled manner]
14 [Then,I'll be gentle]
15 [As long as you want]
16 [Award]
17 [Do you care?]
18 [Entrance Feast]
19 [Not for him]
20 [Go back to Tao's]
21 [Weather is Cool]
22 [Secretly,fell in love]
23 [You,ungrateful animal]
24 [I want to marry him]
25.1[Do you want to?]
25.2 [Do you want to?]
26 [I do]
27 [Get Married Soon]
28 [Arrogant]
29 [We are Married]
30 [Freshman Representative]
31 [ Mrs.Si ]
32 [Wedding Announcement]
33 [Come and sit here]
34.1 [You must called him Papa]
34.2 [You must called him Papa]
35 [Miss Someone]
36 [Imaginary]
37 [Find me the first time]
Announcements
38 [Rumour]
39 [Love you]
40 [Are you in love?]
41 [Will Si Ye be sad?]
42 [Si Ye is getting married]
43 [Move in with Me]
44 [I love you too]
45 [Your Groom]
46 [Good Boy]
48 [Miss Me?]
(╯ರ ~ ರ)╯︵ ┻━┻
49 [Don't make me kiss you]
50 [My partner will be jealous]
51 [Draw me a picture]
52 [I'm nice]
53[I can't bare the slightest criticism of my man]
54 [I really like him]
55 [My watch is missing]
56 [Eunuch]
57 [Shū Zhí]
58 [favour]
59 [Photo]
60 [Get rid of]

47 [Master Xu's Background]

7K 1K 22
By Pony_Pon

စစ်ကျင် ထပ်မေးချင်နေသေးပေမယ့် နှမြောစရာကောင်းစွာနဲ့ စစ်ရယ်ဆင်းလာတာကို တွေ့လိုက်ရတယ်။ စစ်ရယ်ကိုကြောက်တဲ့အတွက် သူမပါးစပ်ကို နာခံစွာနဲ့ပိတ်ပြီး အသုပ်ကို ဆက်စားနေလိုက်တယ်။

ချန်ရှုက မနက်စာကို တရုတ်အစားစာ စားရတာကို နှစ်သက်ပြီး ဆန်ပြုတ်တစ်ခွက်ပါ စားနေခဲ့တယ်။ စစ်ရယ်က သူ့ဘေးမှာထိုင်ပြီး ဟင်းထည့် ပေးတယ်။

"မနက်စောစော မင်းစိတ်ဆိုးအောင် ဘယ်သူလုပ်တာလဲ"

စစ်ရယ် တိုက်ရိုက်ပဲ မေးလိုက်သည်။

ချန်ရှု ဘာမှ မပြောခင်မှာပဲ စစ်ကျင်ကအရင်ပြောလာတယ်။

"စစ်ရယ်နင့်မိန်းမက ဘာလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ နင့်လို ခေတ်နောက်ကျနေရတာလဲ?နင်တို့နှစ်ယောက်လုံး အရမ်းတွေ စည်းကမ်းတင်းကြပ်နေတော့ ဘဝက ဘယ်လိုလုပ် ပျော်စရာကောင်းတော့မှာလဲ"

စစ်ရယ်က သူမကို တစ်ချက်လှည့် ကြည့်လိုက်ပြီး

"မင်း ထိန်းထိန်းသိမ်းသိမ်းနေသင့်တယ်၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရေကူးကန်မှာ လူငယ်နှစ်ယောက်နဲ့ တွဲပြီးဓာတ်ပုံရိုက်ခံခဲ့ရတယ်၊ ဒီသတင်းကို ထိန်းဖို့ ပိုက်ဆံအများကြီး သုံးခဲ့တယ်မလား?"

စစ်ကျင်က မသိချင်‌ယောင်ဆောင်ပြီး

"နင်ဘာတွေပြောနေတာလဲ? ငါနားမလည်ဘူး။ငါက စစ်မိသားစုကိစ္စတွေကို ဂရုမစိုက်ပေမယ့် သူတို့ကတော့ ငါ့ကိုပဲ အပြစ်လိုက်ရှာနေကြတယ်၊  အဲ့ဒါကြောင့်ပဲ ရက်နည်းနည်းလောက် အပြင်မထွက်ဖို့ အမေက အမိန့်ပေးခဲ့တယ်လေ၊ အရမ်းပျင်းစရာကောင်းတာပဲ"

"ပြောရအုံးမယ် မနေ့က ငါ့အမေနဲ့နင့်အမေ စကားများကြသေးတယ်။ အမေက ဒေါသအရမ်းထွက်ပြီး ငါ့ကိုမနက်အစောကြီး အရည်အချင်းမရှိဘူး တိုးတက်အောင် မကြိုးစားဘူးဆိုပြီး ဆူတော့တာပဲ"

စစ်ကျင်က သူမမျက်နှာကို လက်တစ်ဖက်နဲ့ကိုင်ထားတယ်။တခြား လက်တစ်ဖက်က တူကိုကိုင်ပြီး ပန်းကန်ပြားထဲက ကြက်ဥအပျော့ကို ထိုးဆွနေတယ်။ ကြက်ဥအနှစ်တစ်ဝက်လောက်က ပန်းကန်ပြားပေါ် ပျံ့သွားတယ်။စစ်ကျင်တူကိုသုံးပြီးပန်းကန်ပြားတစ်ခုလုံးကို ကြက်ဥအနှစ်နဲ့ နှံ့သွားအောင်မွှေလိုက်တယ်။

"ငါက သူမမှဟုတ်တာ၊ မြေကြီးထဲရောက်သွားရင်တောင် သတိရပေးမယ့်သူမရှိဘူးလေ..."

စစ်ကျင်က စကားကိုအဆုံးမသတ်ခဲ့ပေမယ့် စစ်ရယ်တို့ယောက်စလုံးက သူမစကားရဲ့ ဆိုလိုရင်းနားလည်သွားကြတယ်.

စစ်ဝမ်ဖင်းက မစ္စတာကျန့်ရဲ့ အသဲနှလုံးဆိုတာ စစ်မိသားစုထဲမှာ ဖြစ်ဖြစ် အပြင်လောကမှာဖြစ်ဖြစ် လျှို့ဝှက်ထားခြင်းမရှိပေ။

စစ်ကျင်က ကြက်ဥပြုတ်ကို မွှေနှောက်ပြီးနောက် သူ့တူကို ချလိုက်ပြီး မျက်ခွံပင့်လာကာ စီရီကို ကြည့်ကာ

"ပြီးတော့ နင့်အမေကလည်း ငါ့ကို ကြည့်မရဘူး"

လို့ ပြောပါတယ်။

စစ်ရယ်က ထောင်မင်းကျိ နဲ့ စစ်ဝမ်ဖင်းတို့ စကားများရန်ဖြစ်ပြီး ဘယ်သူအနိုင်ရလဲဆိုတာကို ဂရုမစိုက်ဘူး။

ချန်ရှုက သူမဘေးမှာ တိတ်တဆိတ် မနက်စာစားနေပြီး သူမပြောသမျှ ဘယ်ဘက်နားကဝင် ညာဘက်နားကထွက်သွားပြီး အတင်းအဖျင်းစကားတွေကို သူမကြား‌ချင်ပေ။

မနက်စာစားပြီးနောက် စစ်ကျင်ကအပေါ်ထပ်တက်ပြီး အိပ်နေလိုက်သည်။ သူ့ပတ်ဝန်းကျင်က အပြင်လူတွေကို လုံးဝ ဂရုမစိုက်ပေ။သူမရဲ့ ချစ်ဖို့ကောင်းတဲ့သရုပ်ကို ပုံဖော်ဖို့ ပန်းရောင်ဖျော့ဖျော့ ပိုးသားစကတ်ကို ၀တ်ဆင်ထားပြီး အပေါ်ထပ်ကို ပါးလွှာတဲ့ ၀တ်စုံနဲ့ ဖုံးထားတယ်။ ပိုးသားအင်္ကျီလက်က လမ်းလျှောက်ရင်း ပုခုံးပေါ်က ပြုတ်ကျလာပြီး သူမရဲ့ ဖြူဖွေးတဲ့ပုခုံးနဲ့ လက်တွေကို ပေါ်လွင်စေပြီး မသဲကွဲတဲ့ အနီကွက်တွေ ကျန်နေတာကို တွေ့နိုင်တယ်။

စစ်ရယ်က ချက်ချင်းပဲ မျက်နှာလွဲလိုက်တယ်။စစ်ကျင်ရဲ့ပခုံးပေါ်ကအမှတ်အသားတွေက သိသိသာသာပဲ အသစ်တွေ။ မနေ့ညက သူမနဲ့ ဘယ်သူရှိနေခဲ့တာလဲ။

" စစ်ကျင်မနေ့ညက  အိပ်ခန်းထဲမှာရှိလား"

လို့ အစေခံတစ်ယောက်ကို မေးလိုက်တယ်။

အစေခံက မရှင်းမလင်းဖြစ်နေပြီး ခေါင်းယမ်းပြလိုက်​သည်​။

"ဘာဖြစ်တာလဲ?"

စစ်ရယ် မျက်မှောင်ကြုတ်နေတာကို မြင်တော့ ချန်ရှု က သူတို့ကြားမှာ ရှက်ကိုးရှက်ကန်းဖြစ်နေတာကို မေ့ပြီး စိုးရိမ်တကြီးမေးလိုက်သည် ။

"ဘာမှမဟုတ်ပါဘူး အဆင်သင့်ဖြစ်ပြီလား"

စစ်ရယ်က သူ့ပန်းကန်ထဲကဆန်ပြုတ်ကုန်တာကို မြင်တော့ တိုးတိုးလေး မေးလိုက်တယ်။

"ဟုတ်"

ချန်ရှုခေါင်းညိတ်ပြလိုက်သည်။

စစ်ရယ်က စစ်ကျင်ရဲ့ကိုယ်ပိုင်ဘ၀ကို စိတ်မဝင်စားဘူး ဒါပေမယ့် ဒီအဆောက်အဦးက စစ်မိသားစုဝင်တွေနဲ့ ပြည့်နေတာ။ဧည့်သည်တွေက တခြားအဆောက်အဦးမှာ ဖြစ်သည်။အဲ့ဒီ့ကို လမ်းလျှောက်သွားဖို့ အနည်းဆုံးနာရီဝက် လောက်ကြာတယ်။စစါကျင်က ညဘက်ကြီး လမ်းလျှောက်သွားမှာ မဟုတ်ဘူး။

ဒီတော့ မနေ့ညက စစ်ကျင် နဲ့ အတူနေခဲ့တဲ့သူက စစ်ကျင် ရဲ့ခင်ပွန်း ဝေရှိဖန်ဒါမှမဟုတ် စစ်မိသားစုထဲကပဲလို့ ဆိုလိုတာဖြစ်သည်။

(T/N : ဝှက်သယ်ဟဲ)

ဘယ်သူပဲဖြစ်ဖြစ် ဝေရှိဖန်သာ မဟုတ်ရင် စစ်ကျင်ရူးနေတာပဲဖြစ်ရမယ်။

ချန်ရှုနဲ့ စစ်ရယ်က ကျွန်းပေါ်မှာ သုံးရက်လောက်နေခဲ့ပြီး ဟန်းနီးမွန်းထွက်ဖို့ နိုင်ငံခြားကို ထွက်ခဲ့ကြတယ်။

မင်္ဂလာဦးညကကိစ္စကို ဘယ်သူကမှ ထုတ်မပြောခဲ့ဘဲ နှစ်ယောက်သား ငြိမ်းငြိမ်းချမ်းချမ်းပဲ အတူနေခဲ့ကြပြီး မတော်တဆတစ်ခုခုမှ မဖြစ်ခဲ့ဘူး။

ဒါပေမယ့် အဲဒီညကကိစ္စ ဖြစ်သွားပြီးနောက်မှာတော့ ချန်ရှုက စစ်ရယ်နောက်ကို လိုက်ပြီး အမြဲခိုးကြည့်ရတာကို သဘောကျကြောင်း နားလည်သွားခဲ့တယ်။စစ်ရယ်ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေတတ်ပြီး စစ်ရယ်ကသတိထားမိသော်လည်း ဘာမှ မပြောခဲ့ပေ။

ချန်ရှုက စစ်ရယ်နားလည်ပေးတဲ့အတွက် ကျေးဇူးတင်နေပြီး တစ်ချိန်ထဲမှာပဲ သူတစ်ခုခုပျောက်သွားသလို နားမလည်နိုင်ဖြစ်နေတယ်။

စစ်ရယ်ရဲ့ တုံ့ပြန်မှုက အဲဒီညကို အရက်မူးတဲ့ အပြုမူတစ်ခုလို သဘောထားကြောင်း ‌ပြနေတာလား? အဲ့လို သဘောမထားရင် ဒီကိစ္စကို တစ်ခါမှ မဖြစ်ဖူးသလို ဘာလို့ နေနေရတာလဲ?

သံသယများက အခက်ခဲဆုံးသင်္ချာပုစ္ဆာတွေထက် ဖြေရှင်းဖို့ ပိုခက်ခဲပြီး ချန်ရှုခေါင်းတွေပါ ကြေမွသွားသလိုပဲ။ နားမလည်နိုင်တော့တာကြောင့် နားလည်ဖို့ မကြိုးစားဘဲ သဘာဝအတိုင်း စီးဆင်းသွားတဲ့ လှေ‌တွေလို အချိန်တန်ရင် တံတားနားကို ဖြတ်သွားလိမ့်မယ်ဆိုပြီး သဘောထားလိုက်တယ်။

(T/N :အချိန်တန်ရင် အဖြေသိရလိမ့်မယ်ဆိုတဲ့ သဘောပါ)

နိုင်ငံခြားကပြန်လာပြီးနောက် ချန်ရှု အရမ်းပျော်နေခဲ့တယ်။ စစ်ရယ်နဲ့အတူ ဓါတ်ပုံတွေ အများကြီးရိုက်ခဲ့ပြီး ပန်းချီဆွဲဖို့ စိတ်ကူးသစ်တွေ အများကြီးရခဲ့တယ်။

အမျိုးသားနေ့အားလပ်ရက်အပြီးမှာပဲ ချန်ရှု ကျောင်းကိုပြန်လာခဲ့တယ်။စစ်ရိချန်ထပ်ပြီး စိတ်ဓာတ်ကျ‌ နေမယ်လို့ သူထင်ခဲ့ပေမယ့် စစ်ရိချန် ကျောင်းတက်နေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး

သူ ချန်ရှုကို အနှောက်အယှက်မပေးဘဲ တိတ်ဆိတ်ငြိမ်သက်နေတာက ချန်ရှုကို စိတ်သက်သာရာရစေမယ့်အစား စစ်ရိချန်ကကြီးမားတဲ့လှည့်ကွက်အချို့ကို လုပ်နိုင်မလားလို့ တွေးနေခဲ့တယ်။

နိုဝင်ဘာလအထိ စစ်ရိချန်ဘက်က မလှုပ်ရှားလာတာကြောင့် ချန်ရှုက သူထင်တာမှားနေလားလို့ တွေးမိလာသည်။

အတွင်းရေးမှူးကျန်းက ချန်ရှုကို ဖုန်းဆက်လာပြီး သူ့အတန်းဖော်ရဲ့ မွေးရပ်မြေက ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနယ်မြေအဖြစ် စိစစ်မှုကို အောင်မြင်ကြောင်း ပြောပြတယ်။စစ်မိသားစုသည် အခုလမှာပဲကျောင်းဆောက်လုပ်ရေး ကွင်းဆင်းစစ်ဆေးဖို့ လူတစ်ယောက်ယောက်ကို စေလွှတ်မှာဖြစ်သည်။ အဆင်ပြေရင် "Hope Primary School" ကို ထန်ကျန်း ရဲ့ မွေးရပ်မြေမှာ တည်ဆောက်သွားမှာ ဖြစ်ပြီး ထန်ကျန်းရဲ့ ညီမတွေကိုလည်း ကျောင်းဆက်တက်ဖို့ ထောက်ပံ့ပေးမှာ ဖြစ်သည်။

ထိုသတင်းကောင်းက ချန်ရှုရဲ့နှုတ်ခမ်းထောင့် တွေကို ကွေးညွှတ်လာစေတယ်။ဒီအကြောင်းကို ထန်ကျန်းကို သူမပြောပြခဲ့ဘူး။ ထန်ကျန်း က သူ့ကို ကျေးဇူးတင်ဖို့ မလိုသလို သူတို့ရဲ့ရင်းနှီးမှု ပြောင်းလဲသွားမှာကိုတောင် စိုးရိမ်နေခဲ့တယ်။

"ရှုဇီ မင်း တကယ်ပဲ ပွဲဦးထွက်ဖို့ မစဉ်းစားတော့ဘူးလား"

လုဟိုင်က ဒီမေးခွန်းကို သူဘယ်နှခါမေးဖူးလဲတောင်မသိတော့ဘူး။

ချန်ရှု အင်တာနက်မှာ နာမည်ကြီးပြီးကတည်းက ဖျော်ဖြေရေးကုမ္ပဏီတွေကလူတွေက လုဟိုင်နဲ့စာချုပ်ချုပ်ဖို့ ဆက်သွယ်လာကြတယ်။

လုဟိုင် နဲ့ယွမ်ရန် တို့က ဝါသနာအရ အဖွဲ့မှာပါခဲ့ကြသည်။ပွဲဦးထွက်ပြီး ဖျော်ဖြေရေးလောကထဲကို ၀င်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ကြဘူး။ မကြာသေးခင်အချိန်အထိ ဖျော်ဖြေရေးကုမ္ပဏီတွေ သူတို့ကို ဆက်သွယ်လာမှာ မဟုတ်ဘူးလို့ အမြဲတွေးထားခဲ့တယ်။ လုဟိုင်သည် သာမာန်လူတစ်ယောက်ဖြစ်ပြီး ကောင်းမွန်တဲ့အကျိုးမြတ်တွေနဲ့ ကုမ္ပဏီက‌‌ ပေးလာတဲ့ ပိုင်မုန့်တွေက သူ့ကို တုန်လှုပ်စေခဲ့သည်။

သူ့ကို မပြောနဲ့၊ ကုရှင်းဟောင်က စိတ်အလှုပ်ရှားဆုံးပဲ။သူကဝင်ခွင့်စာမေးပွဲပဲ ဖြေထားရသေးတာ။ သူ့မိသားစုကချမ်းသာပေမယ့် သူ့ရဲ့ပိုင်ဆိုင်မှုမှာအကန့်အသတ်ရှိတယ်။ဒါတင်မကဘူး အကုန်လုံးကသူ့အဖေရဲ့ပိုင်ဆိုင်မှုတွေပဲ။သူကတော့ စိတ်အားထက်သန်မှုအပြည့်နဲ့ စွန့်စားစိတ်အပြည့်ရှိနေတဲ့ အသက် 18 နှစ်အရွယ်ကောင်လေးတစ်ယောက်။

သူတို့နှင့်ဆန့်ကျင်ဘက် ချန်ရှုကအငယ်ဆုံးဖြစ်သော်လည်း အတည်ငြိမ်ဆုံးဖြစ်နေတယ်။ သူက ပွဲဦးထွက်ဖို့ ရည်ရွယ်ချက်မရှိဘူး။ သူက ရိုးရိုးရှင်းရှင်းပဲ တီးဝိုင်းမှာ ပွဲဦးထွက်ဖို့ ကမ်းလှမ်းလာတာကို လက်မခံခဲ့ဘူး။

သို့သော် ဖျော်ဖြေရေးကုမ္ပဏီတွေက ချန်ရှုကိုပဲလိုချင်ကြတာ လူတိုင်းသိတယ်။ တီးဝိုင်းအဖွဲ့ဆိုတာ အပေါ်ယံသပ်သပ်ပါပဲ ။ ချန်ရှုသာ မပါရင် ဖျော်ဖြေရေးကုမ္ပဏီက သူတို့နဲ့ လုံးဝစာချုပ်ချုပ်ဖို့ သဘောတူမှာ မဟုတ်ဘူး။

စာချုပ် ချုပ်ဖို့ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အခြေအနေကတော့ အခုလောက် အဆင်ပြေမှာ မဟုတ်ဘူး။

ချန်ရှု က

"လုကော တောင်းပန်ပါတယ် ကျွန်တော် ပွဲဦးထွက်ဖို့ မရည်ရွယ်ထားလို့ပါ"

"မင်း စီးပွားရေးကို အရမ်းကြိုက်တာပဲလား"

လုဟိုင်တော့နားမလည်နိုင်ဘူး။ချန်ရှုဘာလို့အလုပ်ကို  သဘောကျနေရလဲဆိုတာ သူတွေးကြည့်လို့မရပေ။ ဆန့်ကျင်ဘက်အနေနဲ့ ချန်ရှုက စင်ပေါ်မှာရှိတဲ့အခါတိုင်း မျက်နှာကတောက်ပပြီး အရမ်းပျော်‌နေတဲ့ပုံစံပါပဲ။သူ့အတွက်ပျော်‌ပျော်ရွှင်ရွှင် ပိုက်ဆံရှာနိုင်တဲ့အလုပ်ကို ဘာလို့ မလုပ်ရတာလဲ

"အဆင်ပြေပါတယ်။"

ချန်ရှုက က စီးပွားရေးကိုမမုန်းပါဘူး ကြိုက်တယ်၊ ဒါပေမယ့် နည်းနည်းတော့ စိတ်မဝင်စားဘူး။

သူက ပသစ်တစ်ခုကို ပိုလေ့လာချင်ပြီး သူ့ သူဌေးရယ် ကို တစ်နေ့နေ့မှာ ကူညီပေးနိုင်မယ်ဆိုတဲ့ အသိက သူ့ကိုပျော်စေတယ်။

စစ်ရယ်ရဲ့ နေရာကလွယ်ကူမနေခဲ့ဘူး။စစ်ဝမ်ဖင်းက အရည်အချင်းရှိပေမယ့် သူမက စစ်ရယ်ရဲ့နေရာကို အမြဲတမ်း စောင့်ကြည့်နေခဲ့သည်။ ကုမ္ပဏီထဲက လူဟောင်းတွေကလည်း 'ဆီစားသက်သာတဲ့ မီးခွက်တွေ မဟုတ်ဘူး'။ အထူးသဖြင့် ဤအိမ်ထောင်ရေးအတုသည် စီရီ၏ပတ်ဝန်းကျင်တွင် ချို့ယွင်းချက်အနည်းငယ်ကို ထုတ်ဖော်ပြသရန် စောင့်ဆိုင်းနေပြီး ၎င်းကိုချက်ချင်းကိုက်ခဲ့ကြောင်း Chen Xu က ပိုမိုသိရှိလာစေသည်။

(T/N : '不是省油的灯' ဆီစားသက်သာတဲ့ မီးခွက်မဟုတ်ဘူး - တရုတ်စကားအသုံးနှုန်းတစ်ခုပါ ဆက်ဆံရခက်တဲ့သူ၊ ဒုက္ခပေးတဲ့သူ လို့ပြောချင်တဲ့အခါ သုံးပါတယ်)
<search result from Baidu>

သူကတော့ မတူဘူး။သူ့မှာ စစ်မိသားစုရဲ့ပိုင်ဆိုင်မှုအပေါ်လောဘစိတ်မရှိပေ။ သူက စစ်ရယ်ရဲ့ ဝန်ထုပ်ဝန်ပိုးကို နည်းနည်းဖြစ်ဖြစ်ပေါ့သွားအောင် ကူညီပေးချင်ရုံပဲ။စစ်ရယ်ညနေ စောစောအနားယူနိုင်ဖို့ သူမျှော်လင့်ပြီး အိပ်တဲ့အချိန်မှာမျက်မှောင်ကြုတ်နေတာလည်း လျော့သွားလိမ့်မယ်။

"ဒါဆို ဘာဖြစ်​လို့..."

လုဟိုင်စကားမဆုံးခင်​မှာ ချန်ရှုက

"လုကော အစိုးရိမ်လွန်နေပါပြီ"

ချန်ရှုက လုဟိုင်ကို စိုက်ကြည့်ရင်း သူ့ရဲ့ နက်မှောင်တဲ့မျက်လုံးတွေက နှလုံးသားကို ထိုးဖောက်ဝင်ရောက်နိုင်ပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ဖော်ပြနေတာကြောင့် လုဟိုင်ဆက်ပြောမယ့်စကားတွေ အေးခဲသွားရသည်။

လုဟိုင် သည် သူ့မျက်နှာကို ပွတ်လိုက်ပြီး ဘာမှ မပြောလာပေ။ တစ်မိနစ်လောက်ကြာတော့ သူက

"မင်းပြောတာမှန်တယ်၊ ငါအစိုးရိမ်လွန်နေတာ"

"ငါ့မိသားစုအခြေအနေက သာမန်ပါပဲ။ အခုငါ့မျက်စိရှေ့မှာ ပိုက်ဆံတွေအများကြီးရှာဖို့ အခွင့်အလမ်းတစ်ခုရှိနေပေမယ့် ငါဖမ်းဆုပ်လို့မရဘူး။ ဘွဲ့ရပြီး အလုပ်ရှာရင် ပိုက်ဆံအများကြီးရနိုင်မလားဆိုတာကလည်း မသေချာဘူး။ ရှုဇီ မင်းနဲ့ငါနဲ့က တူညီတဲ့ အခြေနေမှာမရှိဘူးကွ၊ ငါ့မှာ....ယုံကြည်ချက်မရှိဘူး"

"လုကော 'အလျင်လိုရင် အရှိန်နှေးတယ်' ကောင်းကင်ပေါ်က ကျလာတဲ့ပိုင်မုန့်က အမြဲတမ်းကောင်းတဲ့အရာတစ်ခုမဟုတ်ဘူး။ ကံကြမ္မာက သူပေးတဲ့လက်ဆောင်ကို တိတ်တဆိတ် တန်ဖိုးသတ်မှတ်ပြီးသားပါ။"

ချန်ရှုက လုကော ပုခုံးပေါ် ပုတ်ပြီး စိတ်အားထက်သန်စွာ ပြောလိုက်သည်။

(T/N : search result from Baidu
'欲速则不达'-Haste makes waste,
                      More haste,less speed,
                      Haste does not bring success
သုံးခုထဲကမှ ကိုယ်အဆင်ပြေတဲ့ တစ်ခုကို ဘာသာပြန်လိုက်တာပါ)

လုဟိုင်ရဲ့မျက်လုံးတွေ တုန်ယင်သွားတယ်။ ခဏအကြာတွင် သူ့မျက်နှာကို လက်ဖဝါးထဲမှာ မြှုပ်ထားကာ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် အားရပါးရပြုံးကာ

"မင်းမှန်တယ်။ ငါ..... မင်းတကယ်ပဲအသက်ဘယ်လောက်ရှိနေပြီလဲ၊ ငါမင်းလောက်တောင် ရှင်းရှင်းလင်းလင်း မသိခဲ့ဘူး"

နှစ်ယောက်သား နှလုံးသားထဲက‌နေ နားလည်မှုရသွားပြီးနောက် ခင်မင်ရင်းနှီးမှု ပြန်လည်စတင်ခဲ့ကြတယ်။ ကုရှင်းဟောင် နဲ့ ယွမ်ရန်တို့က ချန်ရှု ပွဲဦးထွက်မလုပ်တာကို သိသွားတော့ အကြောင်းရင်းမရှိဘဲ ချန်ရှုဒီလိုမလုပ်မှာကို သိပေမယ့် စိတ်ပျက်သွားခဲ့ကြတယ်။

"အဖိုးချန် ငါမှာနေစရာစားစရာမရှိတော့ရင် မင်းဆီလာခဲ့မယ်"

ကုရှင်းဟောင်ကရုပ်တည်နဲ့ပြောလိုက်တယ်။

"ရတယ်"

ချန်ရှုက တည်တည်ငြိမ်ငြိမ်နဲ့ပဲ သဘောတူလိုက်သည်။

"ငါတကယ်ပြောနေတာ ငါကမင်းဆင်းရဲသွားတဲ့အထိ စားနိုင်တယ်နော်!"

ချန်ရှုရဲ့ လျစ်လျုရှုထားတဲ့ မျက်နှာပေါ်ကအမူအရာကို မြင်လိုက်ရတော့ ကုရှင်းဟောင်သူ့ခန္ဓာကိုယ် တစ်ဝက်ကို ထိုင်ခုံက ထလာတော့တယ်။

"ကြိုက်သလောက်စား၊ ငါ မင်းလိုလူဆယ်ယောက်ကို ကျွေးထားနိုင်တယ်"

ချန်ရှုအမူအရာက ဘာမှမထူးခြားမှုမရှိဘဲ သူ့ရဲ့အရည်အချင်းနှင့် ကျော်ကြားမှုကို နက်နက်နဲနဲ ဖုံးကွယ်ထားသလိုပဲ။

ကုရှင်းဟောင်

"အရပ်ရှည်ပြီး ချမ်းသာတဲ့ လူချောလေးတွေကို မိန်းကလေးတွေကြိုက်တာ မဆန်းဘူးပဲ၊ အဖြောင့်ကောင်တွေလည်း ချမ်းသာတာကိုကြိုက်ကြတာပဲကို!"

တိတ်တဆိတ် သူချန်ရှုရဲ့ပုခုံးကို တမင်တကာ မှီလိုက်ပြီး

"ရှုကော၊ ငါ့ကို ယူပါ၊ ငါမင်းအတွက် ကွေးနိုင်တယ်"

လို့  ပြောလိုက်တယ်။

ချန်ရှုက သူ့ခေါင်းကို တွန်းထုတ်လိုက်ပြီး

"ရုပ်ဆိုးတယ်"

ကုရှင်းဟောင်က သူ့ရင်ဘတ်ကို အုပ်ပြီး ညည်းညူလိုက်တယ်။

"ဟွန့် ဟွန့် ~ " ( ̄ ^ ̄)

(T/N : “嘤嘤嘤~” ချစ်စရာကောင်းအောင် ညုတုတုပြောတဲ့အခါမှာသုံးတဲ့ အင်တာနက်စကားပါတဲ့
(。·ˇ‸ˇ·。) Hmph! )

"အော့—— ဒီကောင့်ကို ဆွဲထထုတ်သွားကြ ရှက်စရာကြီး"

လုဟိုင်သည်းမခံနိုင်တော့ဘူး။

ချန်ရှုက ထိုနေရာမှာ ပျော်ရွှင်နေပြီး လေထုက အေးအေးချမ်းချမ်းနှင့် သာယာရှိနေသော်လည်း စစ်ရယ်ဆီမှာတော့ပြင်းထန်တဲ့ ဖိအားတွေရှိနေတယ်။

"စစ်ရိချန်က ရှောင်ရှုအကြောင်း စုံစမ်းနေတာလား။"

"ဟုတ်ပါတယ်၊ အဲဒါက ရှုသခင်လေး ရဲ့ နောက်ကြောင်းကို အဓိကထား စုံစမ်းနေတာပါ၊ ဒါကို ရပ်ဖို့ စီစဉ်လိုက်ရမလား"

အတွင်းရေးမှူးက စစ်ရယ်ရဲ့မျက်လုံးတွေက သာမန်မျက်စိနဲ့ မြင်နိုင်လောက်တဲ့ အရှိန်အဟုန်ဖြင့် မှောင်မဲသွားတာကို မြင်လိုက်ရပြီး သူ့ရင်ထဲမှာ ထိတ်လန့်တုန်လှုပ်တာ မရပ်နိုင်တော့ပေ။

စစ်ရယ်က ထိုစကားကိုကြားတဲ့အခါ စစ်ရိချန်က ချန်ရှုနောက်ကြောင်းကို ဘာလို့ရှာနေတာလဲ?ပြီးတော့ ချန်ရှုနောက်ကြောင်းနဲ့ပတ်သက်ပြီး ဘာတွေ့နိုင်မှာမို့လို့လဲ?

သူ့လက်ချောင်းလေးတွေက စားပွဲပေါ်တည်တည်ငြိမ်ငြိမ်တင်ထားရင်း လှုပ်ရှားနေပြီး

“မလုပ်နဲ့၊ သူ့ကို စောင့်ကြည့်ထား”

"ဟုတ်ကဲ့။"

အတွင်းရေးမှူး က ပြန်ဖြေလိုက်တယ်။

စစ်ရယ်က ရုံးခန်းထဲနစ်ယောက်ထဲ ရှိနေချိန်မှ စစ်ရိချန် စိတ်ထဲရှိနေမယ့် ဖြစ်နိုင်တဲ့ ရည်ရွယ်ချက်တွေ တွေးပြီး သူ့လက်တွေကို ပေါင်ပေါ်မှာ ယှက်တင်လိုက်သည်။

အရင်ဘဝက ချန်ရှု သေသွားပြီးနောက်မှာ ဒီကိစ္စကို သိဖို့ စစ်ရယ်အချိန်အနည်းငယ်ယူခဲ့ရတယ်။ အဲဒီနောက်မှာ စစ်ရိချန်လက်ချက်ဆိုတာ သူသိလိုက်ရပြီး စစ်ရိချန်ကိုအလွတ်မပေးခဲ့ဘူး။သူက စစ်ရိချန်ကို အမြင့်ဆုံးနေရာရောက်အောင် ခေါ်သွားပြီးနောက်ဆုံးပြန် ရိုက်ချခဲ့တယ်။ဝိညာဉ်နဲ့ ခန္ဓာကိုယ် ကွဲကွာပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်တဲ့အထိ စစ်ရိချန်ကို ပြင်းထန်စွာ နှိပ်စက်ခဲ့တယ်။

စစ်ရိချန်မသေခင်မှာ ချန်ရှုနဲ့ ပတ်သက်ပြီး ပြောပြစရာရှိတယ်လို့ ပြောခဲ့ပေမယ့် သူက ချန်ရှု အကြောင်းကို စစ်ရိချန်ပါးစပ်ကနေ မကြားချင်တာကြောင့် လျစ်လျူရှုပြီး သူ(စစ်ရိချန်)ပြောတာကို နားမထောင်ခဲ့ပေ။စစ်ရိချန်က ချန်ရှုကို ဘာကြောင့်သတ်ခဲ့တယ်တိုတဲ့ အကြောင်းရင်းကို သူဂရုမစိုက်ဘူး။စစ်ရိချန်က ချန်ရှုကိုသတ်ခဲ့တယ်ဆိုတာနဲ့တင် စစ်ရိချန်ကို ငရဲပို့ရမယ်ဆိုတာပဲ သူသိတော့တယ်။

စစ်ရိချန်မသေခင်မှာ သူ့ကို ဘာပြောချင်တာလဲ။ ချန်ရှုနောက်ကြောင်းနဲ့ ဆက်စပ် နေတာလား





စာရေးသူပြောစရာရှိတယ်

"The gift given by fate has already been secretly priced" ——
                       
  Stefan Zweig
                           <Austrian novelist>

မင်းရဲ့ပံ့ပိုးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ ငါ ဆက်ပြီးကြိုးစားသွားမယ်။

T/N : t/nတွေအများဆုံးအပိုင်းပါပဲ(─.─||)
အောက်ကစာက ဗဟုသုတ အနေနဲ့ သိချင်ရင်ဖတ်လို့ရပါတယ် ဒီnovelနဲ့မဆိုင်ပါဘူး စာရေးသူပြောသွားတဲ့ စာကြောင်းနဲ့ပက်သက်တဲ့ ရာဇဝင်တစ်ခုပါ 'ဘယ်အရာမှအလကား‌မရဘူး အချိန်တန်ရင် ပေးဆပ်ရတယ်' ~

Marie Antoinette: The Portrait of an Average Woman

Marie Antoinette သူမက သြစတြီးယားမင်းသမီးတစ်ပါးပါ။ အသက် 14 နှစ်မှာ ပြင်သစ်နိုင်ငံရဲ့ အိမ်ရှေ့စံမင်းသား နဲ့လက်ထပ်ခဲ့တယ်။သူမသ အသက် 18 နှစ်မှာ  ပြင်သစ်နိုင်ငံရဲ့မိခင်ဖြစ်လာခဲ့တယ်။ ခင်ပွန်းသည်က သူမကို အလွန်ချစ်မြတ်နိုးတယ်။သူမက နန်းတော်တွေတည်ဆောက်၊ ပွဲအခမ်းနားတွေမကြာခဏကျင်းပပြီး ညစာစားတိုင်း သီချင်းဆိုပြခိုင်းလေ့ရှိတယ် သြစတြီးယားကသူ့အစ်ကိုတော်ဖြစ်သူ ပြင်သစ်ကို အထူးခရီးစီစဉ်ပြီး သူ့ညီမကို ယခု သူမအား ဘုရင်မဖြစ်ကြောင်း ပြောပြလေသည်။ ပြင်သစ်နိုင်ငံ အကြောင်းတစ်နေ့ကိုတစ်နာရီဖတ်ဖို့မခက်ခဲပါဘူး လို့ တိုက်တွန်းခဲ့တယ်။ Mary က သူ့အစ်ကိုကို “စာဖတ်တာကို မကြိုက်ဘူး၊ ဘဝကို ပျော်ပျော်ပဲဖြတ်သန်းချင်တယ်" လို့ပြောခဲ့တယ်။ အနှစ်နှစ်ဆယ်အကြာမှ သူမ အကျဉ်းချခံရပြီး ခေါင်းဖြတ်စက်ပေါ်မှာ အသက်ဆုံးရှုံးခဲ့ရတယ်။သူမကို ခေါင်းဖြတ်ခံခဲ့ရတဲ့ ဘုရင်မလို့ လူသိများတယ်။

























Zawgyi

စစ္က်င္ ထပ္ေမးခ်င္ေနေသးေပမယ့္ ႏွေျမာစရာေကာင္းစြာနဲ႔ စစ္ရယ္ဆင္းလာတာကို ေတြ႕လိုက္ရတယ္။ စစ္ရယ္ကိုေၾကာက္တဲ့အတြက္ သူမပါးစပ္ကို နာခံစြာနဲ႔ပိတ္ၿပီး အသုပ္ကို ဆက္စားေနလိုက္တယ္။

ခ်န္ရႈက မနက္စာကို တ႐ုတ္အစားစာ စားရတာကို ႏွစ္သက္ၿပီး ဆန္ျပဳတ္တစ္ခြက္ပါ စားေနခဲ့တယ္။ စစ္ရယ္က သူ႔ေဘးမွာထိုင္ၿပီး ဟင္းထည့္ ေပးတယ္။

"မနက္ေစာေစာ မင္းစိတ္ဆိုးေအာင္ ဘယ္သူလုပ္တာလဲ"

စစ္ရယ္ တိုက္႐ိုက္ပဲ ေမးလိုက္သည္။

ခ်န္ရႈ ဘာမွ မေျပာခင္မွာပဲ စစ္က်င္ကအရင္ေျပာလာတယ္။

"စစ္ရယ္နင့္မိန္းမက ဘာလို႔ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ နင့္လို ေခတ္ေနာက္က်ေနရတာလဲ?နင္တို႔ႏွစ္ေယာက္လုံး အရမ္းေတြ စည္းကမ္းတင္းၾကပ္ေနေတာ့ ဘဝက ဘယ္လိုလုပ္ ေပ်ာ္စရာေကာင္းေတာ့မွာလဲ"

စစ္ရယ္က သူမကို တစ္ခ်က္လွည့္ ၾကည့္လိုက္ၿပီး

"မင္း ထိန္းထိန္းသိမ္းသိမ္းေနသင့္တယ္၊ လြန္ခဲ့တဲ့ ရက္အနည္းငယ္က ေရကူးကန္မွာ လူငယ္ႏွစ္ေယာက္နဲ႔ တြဲၿပီးဓာတ္ပုံ႐ိုက္ခံခဲ့ရတယ္၊ ဒီသတင္းကို ထိန္းဖို႔ ပိုက္ဆံအမ်ားႀကီး သုံးခဲ့တယ္မလား?"

စစ္က်င္က မသိခ်င္‌ေယာင္ေဆာင္ၿပီး

"နင္ဘာေတြေျပာေနတာလဲ? ငါနားမလည္ဘူး။ငါက စစ္မိသားစုကိစၥေတြကို ဂ႐ုမစိုက္ေပမယ့္ သူတို႔ကေတာ့ ငါ့ကိုပဲ အျပစ္လိုက္ရွာေနၾကတယ္၊  အဲ့ဒါေၾကာင့္ပဲ ရက္နည္းနည္းေလာက္ အျပင္မထြက္ဖို႔ အေမက အမိန႔္ေပးခဲ့တယ္ေလ၊ အရမ္းပ်င္းစရာေကာင္းတာပဲ"

"ေျပာရအုံးမယ္ မေန႔က ငါ့အေမနဲ႔နင့္အေမ စကားမ်ားၾကေသးတယ္။ အေမက ေဒါသအရမ္းထြက္ၿပီး ငါ့ကိုမနက္အေစာႀကီး အရည္အခ်င္းမရွိဘူး တိုးတက္ေအာင္ မႀကိဳးစားဘူးဆိုၿပီး ဆူေတာ့တာပဲ"

စစ္က်င္က သူမမ်က္ႏွာကို လက္တစ္ဖက္နဲ႔ကိုင္ထားတယ္။တျခား လက္တစ္ဖက္က တူကိုကိုင္ၿပီး ပန္းကန္ျပားထဲက ၾကက္ဥအေပ်ာ့ကို ထိုးဆြေနတယ္။ ၾကက္ဥအႏွစ္တစ္ဝက္ေလာက္က ပန္းကန္ျပားေပၚ ပ်ံ႕သြားတယ္။စစ္က်င္တူကိုသုံးၿပီးပန္းကန္ျပားတစ္ခုလုံးကို ၾကက္ဥအႏွစ္နဲ႔ ႏွံ႔သြားေအာင္ေမႊလိုက္တယ္။

"ငါက သူမမွဟုတ္တာ၊ ေျမႀကီးထဲေရာက္သြားရင္ေတာင္ သတိရေပးမယ့္သူမရွိဘူးေလ..."

စစ္က်င္က စကားကိုအဆုံးမသတ္ခဲ့ေပမယ့္ စစ္ရယ္တို႔ေယာက္စလုံးက သူမစကားရဲ႕ ဆိုလိုရင္းနားလည္သြားၾကတယ္.

စစ္ဝမ္ဖင္းက မစၥတာက်န႔္ရဲ႕ အသဲႏွလုံးဆိုတာ စစ္မိသားစုထဲမွာ ျဖစ္ျဖစ္ အျပင္ေလာကမွာျဖစ္ျဖစ္ လွ်ိဳ႕ဝွက္ထားျခင္းမရွိေပ။

စစ္က်င္က ၾကက္ဥျပဳတ္ကို ေမႊေႏွာက္ၿပီးေနာက္ သူ႔တူကို ခ်လိုက္ၿပီး မ်က္ခြံပင့္လာကာ စီရီကို ၾကည့္ကာ

"ၿပီးေတာ့ နင့္အေမကလည္း ငါ့ကို ၾကည့္မရဘူး"

လို႔ ေျပာပါတယ္။

စစ္ရယ္က ေထာင္မင္းက်ိ နဲ႔ စစ္ဝမ္ဖင္းတို႔ စကားမ်ားရန္ျဖစ္ၿပီး ဘယ္သူအႏိုင္ရလဲဆိုတာကို ဂ႐ုမစိုက္ဘူး။

ခ်န္ရႈက သူမေဘးမွာ တိတ္တဆိတ္ မနက္စာစားေနၿပီး သူမေျပာသမွ် ဘယ္ဘက္နားကဝင္ ညာဘက္နားကထြက္သြားၿပီး အတင္းအဖ်င္းစကားေတြကို သူမၾကား‌ခ်င္ေပ။

မနက္စာစားၿပီးေနာက္ စစ္က်င္ကအေပၚထပ္တက္ၿပီး အိပ္ေနလိုက္သည္။ သူ႔ပတ္ဝန္းက်င္က အျပင္လူေတြကို လုံးဝ ဂ႐ုမစိုက္ေပ။သူမရဲ႕ ခ်စ္ဖို႔ေကာင္းတဲ့သ႐ုပ္ကို ပုံေဖာ္ဖို႔ ပန္းေရာင္ေဖ်ာ့ေဖ်ာ့ ပိုးသားစကတ္ကို ၀တ္ဆင္ထားၿပီး အေပၚထပ္ကို ပါးလႊာတဲ့ ၀တ္စုံနဲ႔ ဖုံးထားတယ္။ ပိုးသားအက်ႌလက္က လမ္းေလွ်ာက္ရင္း ပုခုံးေပၚက ျပဳတ္က်လာၿပီး သူမရဲ႕ ျဖဴေဖြးတဲ့ပုခုံးနဲ႔ လက္ေတြကို ေပၚလြင္ေစၿပီး မသဲကြဲတဲ့ အနီကြက္ေတြ က်န္ေနတာကို ေတြ႕ႏိုင္တယ္။

စစ္ရယ္က ခ်က္ခ်င္းပဲ မ်က္ႏွာလြဲလိုက္တယ္။စစ္က်င္ရဲ႕ပခုံးေပၚကအမွတ္အသားေတြက သိသိသာသာပဲ အသစ္ေတြ။ မေန႔ညက သူမနဲ႔ ဘယ္သူရွိေနခဲ့တာလဲ။

" စစ္က်င္မေန႔ညက  အိပ္ခန္းထဲမွာရွိလား"

လို႔ အေစခံတစ္ေယာက္ကို ေမးလိုက္တယ္။

အေစခံက မရွင္းမလင္းျဖစ္ေနၿပီး ေခါင္းယမ္းျပလိုက္​သည္​။

"ဘာျဖစ္တာလဲ?"

စစ္ရယ္ မ်က္ေမွာင္ၾကဳတ္ေနတာကို ျမင္ေတာ့ ခ်န္ရႈ က သူတို႔ၾကားမွာ ရွက္ကိုးရွက္ကန္းျဖစ္ေနတာကို ေမ့ၿပီး စိုးရိမ္တႀကီးေမးလိုက္သည္ ။

"ဘာမွမဟုတ္ပါဘူး အဆင္သင့္ျဖစ္ၿပီလား"

စစ္ရယ္က သူ႔ပန္းကန္ထဲကဆန္ျပဳတ္ကုန္တာကို ျမင္ေတာ့ တိုးတိုးေလး ေမးလိုက္တယ္။

"ဟုတ္"

ခ်န္ရႈေခါင္းညိတ္ျပလိုက္သည္။

စစ္ရယ္က စစ္က်င္ရဲ႕ကိုယ္ပိုင္ဘ၀ကို စိတ္မဝင္စားဘူး ဒါေပမယ့္ ဒီအေဆာက္အဦးက စစ္မိသားစုဝင္ေတြနဲ႔ ျပည့္ေနတာ။ဧည့္သည္ေတြက တျခားအေဆာက္အဦးမွာ ျဖစ္သည္။အဲ့ဒီ့ကို လမ္းေလွ်ာက္သြားဖို႔ အနည္းဆုံးနာရီဝက္ ေလာက္ၾကာတယ္။စစါက်င္က ညဘက္ႀကီး လမ္းေလွ်ာက္သြားမွာ မဟုတ္ဘူး။

ဒီေတာ့ မေန႔ညက စစ္က်င္ နဲ႔ အတူေနခဲ့တဲ့သူက စစ္က်င္ ရဲ႕ခင္ပြန္း ေဝရွိဖန္ဒါမွမဟုတ္ စစ္မိသားစုထဲကပဲလို႔ ဆိုလိုတာျဖစ္သည္။

(T/N : ဝွက္သယ္ဟဲ)

ဘယ္သူပဲျဖစ္ျဖစ္ ေဝရွိဖန္သာ မဟုတ္ရင္ စစ္က်င္႐ူးေနတာပဲျဖစ္ရမယ္။

ခ်န္ရႈနဲ႔ စစ္ရယ္က ကြၽန္းေပၚမွာ သုံးရက္ေလာက္ေနခဲ့ၿပီး ဟန္းနီးမြန္းထြက္ဖို႔ ႏိုင္ငံျခားကို ထြက္ခဲ့ၾကတယ္။

မဂၤလာဦးညကကိစၥကို ဘယ္သူကမွ ထုတ္မေျပာခဲ့ဘဲ ႏွစ္ေယာက္သား ၿငိမ္းၿငိမ္းခ်မ္းခ်မ္းပဲ အတူေနခဲ့ၾကၿပီး မေတာ္တဆတစ္ခုခုမွ မျဖစ္ခဲ့ဘူး။

ဒါေပမယ့္ အဲဒီညကကိစၥ ျဖစ္သြားၿပီးေနာက္မွာေတာ့ ခ်န္ရႈက စစ္ရယ္ေနာက္ကို လိုက္ၿပီး အၿမဲခိုးၾကည့္ရတာကို သေဘာက်ေၾကာင္း နားလည္သြားခဲ့တယ္။စစ္ရယ္ကို အခ်ိန္အေတာ္ၾကာေအာင္ စိုက္ၾကည့္ေနတတ္ၿပီး စစ္ရယ္ကသတိထားမိေသာ္လည္း ဘာမွ မေျပာခဲ့ေပ။

ခ်န္ရႈက စစ္ရယ္နားလည္ေပးတဲ့အတြက္ ေက်းဇူးတင္ေနၿပီး တစ္ခ်ိန္ထဲမွာပဲ သူတစ္ခုခုေပ်ာက္သြားသလို နားမလည္ႏိုင္ျဖစ္ေနတယ္။

စစ္ရယ္ရဲ႕ တုံ႔ျပန္မႈက အဲဒီညကို အရက္မူးတဲ့ အျပဳမူတစ္ခုလို သေဘာထားေၾကာင္း ‌ျပေနတာလား? အဲ့လို သေဘာမထားရင္ ဒီကိစၥကို တစ္ခါမွ မျဖစ္ဖူးသလို ဘာလို႔ ေနေနရတာလဲ?

သံသယမ်ားက အခက္ခဲဆုံးသခ်ၤာပုစာၦေတြထက္ ေျဖရွင္းဖို႔ ပိုခက္ခဲၿပီး ခ်န္ရႈေခါင္းေတြပါ ေၾကမြသြားသလိုပဲ။ နားမလည္ႏိုင္ေတာ့တာေၾကာင့္ နားလည္ဖို႔ မႀကိဳးစားဘဲ သဘာဝအတိုင္း စီးဆင္းသြားတဲ့ ေလွ‌ေတြလို အခ်ိန္တန္ရင္ တံတားနားကို ျဖတ္သြားလိမ့္မယ္ဆိုၿပီး သေဘာထားလိုက္တယ္။

(T/N :အခ်ိန္တန္ရင္ အေျဖသိရလိမ့္မယ္ဆိုတဲ့ သေဘာပါ)

ႏိုင္ငံျခားကျပန္လာၿပီးေနာက္ ခ်န္ရႈ အရမ္းေပ်ာ္ေနခဲ့တယ္။ စစ္ရယ္နဲ႔အတူ ဓါတ္ပုံေတြ အမ်ားႀကီး႐ိုက္ခဲ့ၿပီး ပန္းခ်ီဆြဲဖို႔ စိတ္ကူးသစ္ေတြ အမ်ားႀကီးရခဲ့တယ္။

အမ်ိဳးသားေန႔အားလပ္ရက္အၿပီးမွာပဲ ခ်န္ရႈ ေက်ာင္းကိုျပန္လာခဲ့တယ္။စစ္ရိခ်န္ထပ္ၿပီး စိတ္ဓာတ္က်‌ ေနမယ္လို႔ သူထင္ခဲ့ေပမယ့္ စစ္ရိခ်န္ ေက်ာင္းတက္ေနလိမ့္မယ္လို႔ မေမွ်ာ္လင့္ထားဘူး

သူ ခ်န္ရႈကို အေႏွာက္အယွက္မေပးဘဲ တိတ္ဆိတ္ၿငိမ္သက္ေနတာက ခ်န္ရႈကို စိတ္သက္သာရာရေစမယ့္အစား စစ္ရိခ်န္ကႀကီးမားတဲ့လွည့္ကြက္အခ်ိဳ႕ကို လုပ္ႏိုင္မလားလို႔ ေတြးေနခဲ့တယ္။

ႏိုဝင္ဘာလအထိ စစ္ရိခ်န္ဘက္က မလႈပ္ရွားလာတာေၾကာင့္ ခ်န္ရႈက သူထင္တာမွားေနလားလို႔ ေတြးမိလာသည္။

အတြင္းေရးမႉးက်န္းက ခ်န္ရႈကို ဖုန္းဆက္လာၿပီး သူ႔အတန္းေဖာ္ရဲ႕ ေမြးရပ္ေျမက ဆင္းရဲႏြမ္းပါးမႈ ေလွ်ာ့ခ်ေရးနယ္ေျမအျဖစ္ စိစစ္မႈကို ေအာင္ျမင္ေၾကာင္း ေျပာျပတယ္။စစ္မိသားစုသည္ အခုလမွာပဲေက်ာင္းေဆာက္လုပ္ေရး ကြင္းဆင္းစစ္ေဆးဖို႔ လူတစ္ေယာက္ေယာက္ကို ေစလႊတ္မွာျဖစ္သည္။ အဆင္ေျပရင္ "Hope Primary School" ကို ထန္က်န္း ရဲ႕ ေမြးရပ္ေျမမွာ တည္ေဆာက္သြားမွာ ျဖစ္ၿပီး ထန္က်န္းရဲ႕ ညီမေတြကိုလည္း ေက်ာင္းဆက္တက္ဖို႔ ေထာက္ပံ့ေပးမွာ ျဖစ္သည္။

ထိုသတင္းေကာင္းက ခ်န္ရႈရဲ႕ႏႈတ္ခမ္းေထာင့္ ေတြကို ေကြးၫႊတ္လာေစတယ္။ဒီအေၾကာင္းကို ထန္က်န္းကို သူမေျပာျပခဲ့ဘူး။ ထန္က်န္း က သူ႔ကို ေက်းဇူးတင္ဖို႔ မလိုသလို သူတို႔ရဲ႕ရင္းႏွီးမႈ ေျပာင္းလဲသြားမွာကိုေတာင္ စိုးရိမ္ေနခဲ့တယ္။

"ရႈဇီ မင္း တကယ္ပဲ ပြဲဦးထြက္ဖို႔ မစဥ္းစားေတာ့ဘူးလား"

လုဟိုင္က ဒီေမးခြန္းကို သူဘယ္ႏွခါေမးဖူးလဲေတာင္မသိေတာ့ဘူး။

ခ်န္ရႈ အင္တာနက္မွာ နာမည္ႀကီးၿပီးကတည္းက ေဖ်ာ္ေျဖေရးကုမၸဏီေတြကလူေတြက လုဟိုင္နဲ႔စာခ်ဳပ္ခ်ဳပ္ဖို႔ ဆက္သြယ္လာၾကတယ္။

လုဟိုင္ နဲ႔ယြမ္ရန္ တို႔က ဝါသနာအရ အဖြဲ႕မွာပါခဲ့ၾကသည္။ပြဲဦးထြက္ၿပီး ေဖ်ာ္ေျဖေရးေလာကထဲကို ၀င္ဖို႔ ဘယ္တုန္းကမွ မေတြးခဲ့ၾကဘူး။ မၾကာေသးခင္အခ်ိန္အထိ ေဖ်ာ္ေျဖေရးကုမၸဏီေတြ သူတို႔ကို ဆက္သြယ္လာမွာ မဟုတ္ဘူးလို႔ အၿမဲေတြးထားခဲ့တယ္။ လုဟိုင္သည္ သာမာန္လူတစ္ေယာက္ျဖစ္ၿပီး ေကာင္းမြန္တဲ့အက်ိဳးျမတ္ေတြနဲ႔ ကုမၸဏီက‌‌ ေပးလာတဲ့ ပိုင္မုန႔္ေတြက သူ႔ကို တုန္လႈပ္ေစခဲ့သည္။

သူ႔ကို မေျပာနဲ႔၊ ကုရွင္းေဟာင္က စိတ္အလႈပ္ရွားဆုံးပဲ။သူကဝင္ခြင့္စာေမးပြဲပဲ ေျဖထားရေသးတာ။ သူ႔မိသားစုကခ်မ္းသာေပမယ့္ သူ႔ရဲ႕ပိုင္ဆိုင္မႈမွာအကန႔္အသတ္ရွိတယ္။ဒါတင္မကဘူး အကုန္လုံးကသူ႔အေဖရဲ႕ပိုင္ဆိုင္မႈေတြပဲ။သူကေတာ့ စိတ္အားထက္သန္မႈအျပည့္နဲ႔ စြန႔္စားစိတ္အျပည့္ရွိေနတဲ့ အသက္ 18 ႏွစ္အ႐ြယ္ေကာင္ေလးတစ္ေယာက္။

သူတို႔ႏွင့္ဆန႔္က်င္ဘက္ ခ်န္ရႈကအငယ္ဆုံးျဖစ္ေသာ္လည္း အတည္ၿငိမ္ဆုံးျဖစ္ေနတယ္။ သူက ပြဲဦးထြက္ဖို႔ ရည္႐ြယ္ခ်က္မရွိဘူး။ သူက ႐ိုး႐ိုးရွင္းရွင္းပဲ တီးဝိုင္းမွာ ပြဲဦးထြက္ဖို႔ ကမ္းလွမ္းလာတာကို လက္မခံခဲ့ဘူး။

သို႔ေသာ္ ေဖ်ာ္ေျဖေရးကုမၸဏီေတြက ခ်န္ရႈကိုပဲလိုခ်င္ၾကတာ လူတိုင္းသိတယ္။ တီးဝိုင္းအဖြဲ႕ဆိုတာ အေပၚယံသပ္သပ္ပါပဲ ။ ခ်န္ရႈသာ မပါရင္ ေဖ်ာ္ေျဖေရးကုမၸဏီက သူတို႔နဲ႔ လုံးဝစာခ်ဳပ္ခ်ဳပ္ဖို႔ သေဘာတူမွာ မဟုတ္ဘူး။

စာခ်ဳပ္ ခ်ဳပ္ဖို႔ ျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ အေျခအေနကေတာ့ အခုေလာက္ အဆင္ေျပမွာ မဟုတ္ဘူး။

ခ်န္ရႈ က

"လုေကာ ေတာင္းပန္ပါတယ္ ကြၽန္ေတာ္ ပြဲဦးထြက္ဖို႔ မရည္႐ြယ္ထားလို႔ပါ"

"မင္း စီးပြားေရးကို အရမ္းႀကိဳက္တာပဲလား"

လုဟိုင္ေတာ့နားမလည္ႏိုင္ဘူး။ခ်န္ရႈဘာလို႔အလုပ္ကို  သေဘာက်ေနရလဲဆိုတာ သူေတြးၾကည့္လို႔မရေပ။ ဆန႔္က်င္ဘက္အေနနဲ႔ ခ်န္ရႈက စင္ေပၚမွာရွိတဲ့အခါတိုင္း မ်က္ႏွာကေတာက္ပၿပီး အရမ္းေပ်ာ္‌ေနတဲ့ပုံစံပါပဲ။သူ႔အတြက္ေပ်ာ္‌ေပ်ာ္႐ႊင္႐ႊင္ ပိုက္ဆံရွာႏိုင္တဲ့အလုပ္ကို ဘာလို႔ မလုပ္ရတာလဲ

"အဆင္ေျပပါတယ္။"

ခ်န္ရႈက က စီးပြားေရးကိုမမုန္းပါဘူး ႀကိဳက္တယ္၊ ဒါေပမယ့္ နည္းနည္းေတာ့ စိတ္မဝင္စားဘူး။

သူက ပသစ္တစ္ခုကို ပိုေလ့လာခ်င္ၿပီး သူ႔ သူေဌးရယ္ ကို တစ္ေန႔ေန႔မွာ ကူညီေပးႏိုင္မယ္ဆိုတဲ့ အသိက သူ႔ကိုေပ်ာ္ေစတယ္။

စစ္ရယ္ရဲ႕ ေနရာကလြယ္ကူမေနခဲ့ဘူး။စစ္ဝမ္ဖင္းက အရည္အခ်င္းရွိေပမယ့္ သူမက စစ္ရယ္ရဲ႕ေနရာကို အၿမဲတမ္း ေစာင့္ၾကည့္ေနခဲ့သည္။ ကုမၸဏီထဲက လူေဟာင္းေတြကလည္း 'ဆီစားသက္သာတဲ့ မီးခြက္ေတြ မဟုတ္ဘူး'။ အထူးသျဖင့္ ဤအိမ္ေထာင္ေရးအတုသည္ စီရီ၏ပတ္ဝန္းက်င္တြင္ ခ်ိဳ႕ယြင္းခ်က္အနည္းငယ္ကို ထုတ္ေဖာ္ျပသရန္ ေစာင့္ဆိုင္းေနၿပီး ၎ကိုခ်က္ခ်င္းကိုက္ခဲ့ေၾကာင္း Chen Xu က ပိုမိုသိရွိလာေစသည္။

(T/N : '不是省油的灯' ဆီစားသက္သာတဲ့ မီးခြက္မဟုတ္ဘူး - တ႐ုတ္စကားအသုံးႏႈန္းတစ္ခုပါ ဆက္ဆံရခက္တဲ့သူ၊ ဒုကၡေပးတဲ့သူ လို႔ေျပာခ်င္တဲ့အခါ သုံးပါတယ္)
<search result from Baidu>

သူကေတာ့ မတူဘူး။သူ႔မွာ စစ္မိသားစုရဲ႕ပိုင္ဆိုင္မႈအေပၚေလာဘစိတ္မရွိေပ။ သူက စစ္ရယ္ရဲ႕ ဝန္ထုပ္ဝန္ပိုးကို နည္းနည္းျဖစ္ျဖစ္ေပါ့သြားေအာင္ ကူညီေပးခ်င္႐ုံပဲ။စစ္ရယ္ညေန ေစာေစာအနားယူႏိုင္ဖို႔ သူေမွ်ာ္လင့္ၿပီး အိပ္တဲ့အခ်ိန္မွာမ်က္ေမွာင္ၾကဳတ္ေနတာလည္း ေလ်ာ့သြားလိမ့္မယ္။

"ဒါဆို ဘာျဖစ္​လို႔..."

လုဟိုင္စကားမဆုံးခင္​မွာ ခ်န္ရႈက

"လုေကာ အစိုးရိမ္လြန္ေနပါၿပီ"

ခ်န္ရႈက လုဟိုင္ကို စိုက္ၾကည့္ရင္း သူ႔ရဲ႕ နက္ေမွာင္တဲ့မ်က္လုံးေတြက ႏွလုံးသားကို ထိုးေဖာက္ဝင္ေရာက္ႏိုင္ၿပီး ျပတ္သားတဲ့ ဆုံးျဖတ္ခ်က္ကို ေဖာ္ျပေနတာေၾကာင့္ လုဟိုင္ဆက္ေျပာမယ့္စကားေတြ ေအးခဲသြားရသည္။

လုဟိုင္ သည္ သူ႔မ်က္ႏွာကို ပြတ္လိုက္ၿပီး ဘာမွ မေျပာလာေပ။ တစ္မိနစ္ေလာက္ၾကာေတာ့ သူက

"မင္းေျပာတာမွန္တယ္၊ ငါအစိုးရိမ္လြန္ေနတာ"

"ငါ့မိသားစုအေျခအေနက သာမန္ပါပဲ။ အခုငါ့မ်က္စိေရွ႕မွာ ပိုက္ဆံေတြအမ်ားႀကီးရွာဖို႔ အခြင့္အလမ္းတစ္ခုရွိေနေပမယ့္ ငါဖမ္းဆုပ္လို႔မရဘူး။ ဘြဲ႕ရၿပီး အလုပ္ရွာရင္ ပိုက္ဆံအမ်ားႀကီးရႏိုင္မလားဆိုတာကလည္း မေသခ်ာဘူး။ ရႈဇီ မင္းနဲ႔ငါနဲ႔က တူညီတဲ့ အေျခေနမွာမရွိဘူးကြ၊ ငါ့မွာ....ယုံၾကည္ခ်က္မရွိဘူး"

"လုေကာ 'အလ်င္လိုရင္ အရွိန္ေႏွးတယ္' ေကာင္းကင္ေပၚက က်လာတဲ့ပိုင္မုန္႔က အၿမဲတမ္းေကာင္းတဲ့အရာတစ္ခုမဟုတ္ဘူး။ ကံၾကမၼာက သူေပးတဲ့လက္ေဆာင္ကို တိတ္တဆိတ္ တန္ဖိုးသတ္မွတ္ၿပီးသားပါ။"

ခ်န္ရႈက လုေကာ ပုခုံးေပၚ ပုတ္ၿပီး စိတ္အားထက္သန္စြာ ေျပာလိုက္သည္။

(T/N : search result from Baidu
'欲速则不达'-Haste makes waste,
                      More haste,less speed,
                      Haste does not bring success
သုံးခုထဲကမွ ကိုယ္အဆင္ေျပတဲ့ တစ္ခုကို ဘာသာျပန္လိုက္တာပါ)

လုဟိုင္ရဲ႕မ်က္လုံးေတြ တုန္ယင္သြားတယ္။ ခဏအၾကာတြင္ သူ႔မ်က္ႏွာကို လက္ဖဝါးထဲမွာ ျမႇဳပ္ထားကာ အတန္ၾကာ တိတ္ဆိတ္သြားၿပီးေနာက္ အားရပါးရၿပဳံးကာ

"မင္းမွန္တယ္။ ငါ..... မင္းတကယ္ပဲအသက္ဘယ္ေလာက္ရွိေနၿပီလဲ၊ ငါမင္းေလာက္ေတာင္ ရွင္းရွင္းလင္းလင္း မသိခဲ့ဘူး"

ႏွစ္ေယာက္သား ႏွလုံးသားထဲက‌ေန နားလည္မႈရသြားၿပီးေနာက္ ခင္မင္ရင္းႏွီးမႈ ျပန္လည္စတင္ခဲ့ၾကတယ္။ ကုရွင္းေဟာင္ နဲ႔ ယြမ္ရန္တို႔က ခ်န္ရႈ ပြဲဦးထြက္မလုပ္တာကို သိသြားေတာ့ အေၾကာင္းရင္းမရွိဘဲ ခ်န္ရႈဒီလိုမလုပ္မွာကို သိေပမယ့္ စိတ္ပ်က္သြားခဲ့ၾကတယ္။

"အဖိုးခ်န္ ငါမွာေနစရာစားစရာမရွိေတာ့ရင္ မင္းဆီလာခဲ့မယ္"

ကုရွင္းေဟာင္က႐ုပ္တည္နဲ႔ေျပာလိုက္တယ္။

"ရတယ္"

ခ်န္ရႈက တည္တည္ၿငိမ္ၿငိမ္နဲ႔ပဲ သေဘာတူလိုက္သည္။

"ငါတကယ္ေျပာေနတာ ငါကမင္းဆင္းရဲသြားတဲ့အထိ စားႏိုင္တယ္ေနာ္!"

ခ်န္ရႈရဲ႕ လ်စ္လ်ဳရႈထားတဲ့ မ်က္ႏွာေပၚကအမူအရာကို ျမင္လိုက္ရေတာ့ ကုရွင္းေဟာင္သူ႔ခႏၶာကိုယ္ တစ္ဝက္ကို ထိုင္ခုံက ထလာေတာ့တယ္။

"ႀကိဳက္သေလာက္စား၊ ငါ မင္းလိုလူဆယ္ေယာက္ကို ေကြၽးထားႏိုင္တယ္"

ခ်န္ရႈအမူအရာက ဘာမွမထူးျခားမႈမရွိဘဲ သူ႔ရဲ႕အရည္အခ်င္းႏွင့္ ေက်ာ္ၾကားမႈကို နက္နက္နဲနဲ ဖုံးကြယ္ထားသလိုပဲ။

ကုရွင္းေဟာင္

"အရပ္ရွည္ၿပီး ခ်မ္းသာတဲ့ လူေခ်ာေလးေတြကို မိန္းကေလးေတြႀကိဳက္တာ မဆန္းဘူးပဲ၊ အေျဖာင့္ေကာင္ေတြလည္း ခ်မ္းသာတာကိုႀကိဳက္ၾကတာပဲကို!"

တိတ္တဆိတ္ သူခ်န္ရႈရဲ႕ပုခုံးကို တမင္တကာ မွီလိုက္ၿပီး

"ရႈေကာ၊ ငါ့ကို ယူပါ၊ ငါမင္းအတြက္ ေကြးႏိုင္တယ္"

လို႔  ေျပာလိုက္တယ္။

ခ်န္ရႈက သူ႔ေခါင္းကို တြန္းထုတ္လိုက္ၿပီး

"႐ုပ္ဆိုးတယ္"

ကုရွင္းေဟာင္က သူ႔ရင္ဘတ္ကို အုပ္ၿပီး ညည္းညဴလိုက္တယ္။

"ဟြန႔္ ဟြန႔္ ~ " ( ̄ ^ ̄)

(T/N : “嘤嘤嘤~” ခ်စ္စရာေကာင္းေအာင္ ညဳတုတုေျပာတဲ့အခါမွာသုံးတဲ့ အင္တာနက္စကားပါတဲ့
(。·ˇ‸ˇ·。) Hmph! )

"ေအာ့—— ဒီေကာင့္ကို ဆြဲထထုတ္သြားၾက ရွက္စရာႀကီး"

လုဟိုင္သည္းမခံႏိုင္ေတာ့ဘူး။

ခ်န္ရႈက ထိုေနရာမွာ ေပ်ာ္႐ႊင္ေနၿပီး ေလထုက ေအးေအးခ်မ္းခ်မ္းႏွင့္ သာယာရွိေနေသာ္လည္း စစ္ရယ္ဆီမွာေတာ့ျပင္းထန္တဲ့ ဖိအားေတြရွိေနတယ္။

"စစ္ရိခ်န္က ေရွာင္ရႈအေၾကာင္း စုံစမ္းေနတာလား။"

"ဟုတ္ပါတယ္၊ အဲဒါက ရႈသခင္ေလး ရဲ႕ ေနာက္ေၾကာင္းကို အဓိကထား စုံစမ္းေနတာပါ၊ ဒါကို ရပ္ဖို႔ စီစဥ္လိုက္ရမလား"

အတြင္းေရးမႉးက စစ္ရယ္ရဲ႕မ်က္လုံးေတြက သာမန္မ်က္စိနဲ႔ ျမင္ႏိုင္ေလာက္တဲ့ အရွိန္အဟုန္ျဖင့္ ေမွာင္မဲသြားတာကို ျမင္လိုက္ရၿပီး သူ႔ရင္ထဲမွာ ထိတ္လန႔္တုန္လႈပ္တာ မရပ္ႏိုင္ေတာ့ေပ။

စစ္ရယ္က ထိုစကားကိုၾကားတဲ့အခါ စစ္ရိခ်န္က ခ်န္ရႈေနာက္ေၾကာင္းကို ဘာလို႔ရွာေနတာလဲ?ၿပီးေတာ့ ခ်န္ရႈေနာက္ေၾကာင္းနဲ႔ပတ္သက္ၿပီး ဘာေတြ႕ႏိုင္မွာမို႔လို႔လဲ?

သူ႔လက္ေခ်ာင္းေလးေတြက စားပြဲေပၚတည္တည္ၿငိမ္ၿငိမ္တင္ထားရင္း လႈပ္ရွားေနၿပီး

“မလုပ္နဲ႔၊ သူ႔ကို ေစာင့္ၾကည့္ထား”

"ဟုတ္ကဲ့။"

အတြင္းေရးမႉး က ျပန္ေျဖလိုက္တယ္။

စစ္ရယ္က ႐ုံးခန္းထဲနစ္ေယာက္ထဲ ရွိေနခ်ိန္မွ စစ္ရိခ်န္ စိတ္ထဲရွိေနမယ့္ ျဖစ္ႏိုင္တဲ့ ရည္႐ြယ္ခ်က္ေတြ ေတြးၿပီး သူ႔လက္ေတြကို ေပါင္ေပၚမွာ ယွက္တင္လိုက္သည္။

အရင္ဘဝက ခ်န္ရႈ ေသသြားၿပီးေနာက္မွာ ဒီကိစၥကို သိဖို႔ စစ္ရယ္အခ်ိန္အနည္းငယ္ယူခဲ့ရတယ္။ အဲဒီေနာက္မွာ စစ္ရိခ်န္လက္ခ်က္ဆိုတာ သူသိလိုက္ရၿပီး စစ္ရိခ်န္ကိုအလြတ္မေပးခဲ့ဘူး။သူက စစ္ရိခ်န္ကို အျမင့္ဆုံးေနရာေရာက္ေအာင္ ေခၚသြားၿပီးေနာက္ဆုံးျပန္ ႐ိုက္ခ်ခဲ့တယ္။ဝိညာဥ္နဲ႔ ခႏၶာကိုယ္ ကြဲကြာၿပီး စိတ္ပိုင္းဆိုင္ရာထိခိုက္တဲ့အထိ စစ္ရိခ်န္ကို ျပင္းထန္စြာ ႏွိပ္စက္ခဲ့တယ္။

စစ္ရိခ်န္မေသခင္မွာ ခ်န္ရႈနဲ႔ ပတ္သက္ၿပီး ေျပာျပစရာရွိတယ္လို႔ ေျပာခဲ့ေပမယ့္ သူက ခ်န္ရႈ အေၾကာင္းကို စစ္ရိခ်န္ပါးစပ္ကေန မၾကားခ်င္တာေၾကာင့္ လ်စ္လ်ဴရႈၿပီး သူ(စစ္ရိခ်န္)ေျပာတာကို နားမေထာင္ခဲ့ေပ။စစ္ရိခ်န္က ခ်န္ရႈကို ဘာေၾကာင့္သတ္ခဲ့တယ္တိုတဲ့ အေၾကာင္းရင္းကို သူဂ႐ုမစိုက္ဘူး။စစ္ရိခ်န္က ခ်န္ရႈကိုသတ္ခဲ့တယ္ဆိုတာနဲ႔တင္ စစ္ရိခ်န္ကို ငရဲပို႔ရမယ္ဆိုတာပဲ သူသိေတာ့တယ္။

စစ္ရိခ်န္မေသခင္မွာ သူ႔ကို ဘာေျပာခ်င္တာလဲ။ ခ်န္ရႈေနာက္ေၾကာင္းနဲ႔ ဆက္စပ္ ေနတာလား






စာေရးသူေျပာစရာရွိတယ္

"The gift given by fate has already been secretly priced" ——
                      
   Stefan Zweig
                           <Austrian novelist>

မင္းရဲ႕ပံ့ပိုးမႈအတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္၊ ငါ ဆက္ၿပီးႀကိဳးစားသြားမယ္။

T/N : t/nေတြအမ်ားဆုံးအပိုင္းပါပဲ(─.─||)
ေအာက္ကစာက ဗဟုသုတ အေနနဲ႔ သိခ်င္ရင္ဖတ္လို႔ရပါတယ္ ဒီnovelနဲ႔မဆိုင္ပါဘူး စာေရးသူေျပာသြားတဲ့ စာေၾကာင္းနဲ႔ပက္သက္တဲ့ ရာဇဝင္တစ္ခုပါ~

Marie Antoinette: The Portrait of an Average Woman

Marie Antoinette သူမက ၾသစႀတီးယားမင္းသမီးတစ္ပါးပါ။ အသက္ 14 ႏွစ္မွာ ျပင္သစ္ႏိုင္ငံရဲ႕ အိမ္ေရွ႕စံမင္းသား နဲ႔လက္ထပ္ခဲ့တယ္။သူမသ အသက္ 18 ႏွစ္မွာ  ျပင္သစ္ႏိုင္ငံရဲ႕မိခင္ျဖစ္လာခဲ့တယ္။ ခင္ပြန္းသည္က သူမကို အလြန္ခ်စ္ျမတ္ႏိုးတယ္။သူမက နန္းေတာ္ေတြတည္ေဆာက္၊ ပြဲအခမ္းနားေတြမၾကာခဏက်င္းပၿပီး ညစာစားတိုင္း သီခ်င္းဆိုျပခိုင္းေလ့ရွိတယ္ ၾသစႀတီးယာကသူ႔အစ္ကိုေတာ္ျဖစ္သူ ျပင္သစ္ကို အထူးခရီးထြက္ကာ သူ႔ညီမကို ယခု သူမအား ဘုရင္မျဖစ္ေၾကာင္း ေျပာျပေလသည္။ ျပင္သစ္ႏိုင္ငံ အေၾကာင္းတစ္ေန႔ကိုတစ္နာရီဖတ္ဖို႔မခက္ခဲပါဘူး လို႔ တိုက္တြန္းခဲ့တယ္။Mary က သူ႔အစ္ကိုကို “စာဖတ္တာကို မႀကိဳက္ဘူး၊ ဘဝကို ေပ်ာ္ေပ်ာ္ပဲျဖတ္သန္းခ်င္တယ္" လို႔ေျပာခဲ့တယ္။ အႏွစ္ႏွစ္ဆယ္အၾကာမွ သူမ အက်ဥ္းခ်ခံရၿပီး ေခါင္းျဖတ္စက္ေပၚမွာ အသက္ဆုံးရႈံးခဲ့ရတယ္။သူမကို ေခါင္းျဖတ္ခံခဲ့ရတဲ့ ဘုရင္မလို႔ လူသိမ်ားတယ္။

Continue Reading

You'll Also Like

4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
2.4M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
1M 11K 101
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
1.1M 58.2K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...