ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့...

By Dandelion_nini

5.2M 710K 55K

Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking fin... More

Synopsis
အသိပေးစာ
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35.1
Chapter 35.2
Chapter 35.3
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140
Chapter 141
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155
Chapter 156
Chapter 157
Chapter 158
Chapter 159
Chapter 160
Chapter 161
Chapter 162
Chapter 163
Chapter 164
Chapter 165
Chapter 166
Chapter 167
Chapter 168
Chapter 169
Chapter 170
Chapter 171
Chapter 172
Chapter 173
Chapter 174
Chapter 175
Chapter 176
Chapter 177
Chapter 178
Chapter 179
Chapter 180
Chapter 181
Chapter 182
Chapter 183
Chapter 184
Chapter 185
Chapter 186
Chapter 187
Chapter 188
Chapter 189
Chapter 190
Chapter 191 [ Final ]
ကျေးဇူးတင်လွှာနဲ့ Extraအကြောင်း
Updates and fanarts
About Car

Chapter 102

27.2K 3.7K 261
By Dandelion_nini

Unicode

တံခါးမှာ နှစ်ကူးဆုတောင်းကပ်ရအောင်၊ ကျန်းမိသားစုလည်း သိကုန်ကြပြီ
________________________________

ဒီနေ့က တရုတ်နှစ်ကူးဖြစ်တာကြောင့် ယန်းချင်းချီ၊ကျန်းမော့ချန်နဲ့ ချီချီတို့ မနက်စောစောထလိုက်ကြသည်။ မနက်စာစားပြီးနောက်မှာ မေမေယန်းထည့်ပေးလိုက်သည့် နှစ်ကူးဆုတောင်းစာရွက်တွေ၊စကားလုံးတွေကို အိမ်တံခါးမှာကပ်ဖို့ မိသားစုသုံးယောက်ပြင်ဆင်ကြတော့သည်။

ချီချီက 'ဖူ' စကားလုံးလေးကိုကိုင်ကာ သေချာစိုက်ကြည့်နေတာကြောင့် ယန်းချင်းချီကမေးလိုက်သည်။

''ချီချီ အဲ့ဒါကို သိလား ''

ချီချီက 'ဖူ'စကားလုံးလေးကို ထောင်ပြကာ

''ချီချီဒါကိုဘယ်လိုကပ်ရမလဲသိတယ် သားဆရာမကပြောဖူးတယ် ဒါကိုဇောက်ထိုးကပ်ရမယ်တဲ့ ''

''ဝါး ချီချီကအရမ်းတော်တာပဲ ''

ယန်းချင်းချီ ထိုသို့ပြောရင်း ကလေးကိုကောက်ချီဖို့ပြင်လိုက်သည်။ ထိုအခြင်းအရာကိုမြင်သွားသည့် ကျန်းမော့ချန်မှာ သေမတတ်လန့်သွားသဖြင့် လက်ထဲကစာရွက်တွေကိုချပြီး ချီချီ့ကို အပြေးကောက်ချီလေသည်။

''ပြောနေရင်းအကောင်းကြီးကနေ ဘာထဖြစ်တာလဲ တစ်စက်မှမလှုပ်နဲ့ ''

ယန်းချင်းချီ ကူကယ်ရာမဲ့သွားကာ

''ကျွန်တော် ချီချီ့ကိုချီပြီး အိမ်တံခါးမှာ 'ဖူ'ကို​ကပ်ချင်လို့ ''

''ကိုယ်လုပ်ပါ့မယ် ''

ကျန်းမော့ချန် သူ့ရင်ခွင်ထဲက ချီချီ့ကိုငုံ့ကြည့်ရင်း

''လာ ဒယ်ဒီတို့ 'ဖူ' ကပ်ရအောင် သားပြောသလိုပဲဇောက်ထိုးကပ်မယ် ''

''တံခါးရဲ့ ဘယ်နေရာမှာကပ်မှာလဲ '' ချီချီက 'ဖူ' စကားလုံးလေးကို ဟိုဘက်စောင်းလိုက်၊ဒီဘက်စောင်းလိုက်နှင့် နေရာချိန်ကြည့်နေသည်။

ကျန်းမော့ချန် ကလေးပါးလေးကိုညှစ်လိုက်ကာ

''အလယ်မှာပဲကပ်ရအောင် ''

''အလယ်မှာ? ''

ချီချီကစာရွက်ကိုင်ထားသည့်လက်ကလေးကို တံခါးအလယ်တည့်တည့်ရွှေ့သွားသည်။

''အပေါ်နည်းနည်းမြှောက် '' ယန်းချင်းချီကဘေးကနေကြည့်ရင်း ဝင်ပြောနေသည်။

ချီချီလက်မြှောက်လိုက်ကာ

''ဒီလိုမျိုးလား ''

''သားဒယ်ဒီဘက်နည်းနည်းကပ် ''

''ဒီလိုလား ''

''ဟုတ်တယ် မှန်တယ် '' ယန်းချင်းချီကပ်ရမဲ့နေရာကို အတည်ပြုပေးလိုက်သည်။ '' မလှုပ်နဲ့ဦး ပါးပါးစာရွက်နောက်က ကပ်ခွာ,ခွာပေးမယ် အဲ့ဒါကွာသွားမှ  ကပ်လို့ရမှာ ''

ချီချီကလည်း ခေါင်းလေးငြိမ့်ပြကာ မှာထားသည့်အတိုင်း လက်ကိုမလှုပ်ရှားပဲ သတ်မှတ်ထားတဲ့နေရာမှာပဲ တောင့်တောင့်လေးဆန့်ထုတ်ထားသည်။

ယန်းချင်းချီကလည်း သူတို့အနားကိုလျှောက်လာကာ 'ဖူ'ဆိုသည့်စကားလုံးနောက်က ကပ်ခွာကိုဆွဲခွာလိုက်ပြီး ဆန့်ထုတ်ထားသည့် ချီချီ့လက်လေးထဲပြန်ထည့်ပေးလိုက်သည်။

''ရပြီ ကပ်တော့ ''

ချီချီက အမိန့်ရသည်နှင့် ''ဟေး!'' ဟုအော်ကာ သတ်မှတ်ထားသည့်နေရာမှာပဲ 'ဖူ'စကားလုံးကိုကပ်ချလိုက်ပြီး ပြန်ကွာလာမှာစိုးသဖြင့် စကားလုံးပေါ်တဒုန်းဒုန်းသွားထုနေသည်။

စာရွက်​လေးက တံခါးပေါ်မှာ ပြန့်ပြန့်ရံ့ရံ့ကပ်မနေပဲ အနည်းငယ် ဖုဖောင်းနေသည်။ ယန်းချင်းချီ ကံကောင်းခြင်းစာရွက်လေးကို ကြည့်ရင်းတွေးမိသွားသည်က ___ မပြန့်ပြူးလည်းပြဿနာမရှိပါဘူး။ အားလုံးကမိသားစုတွေပဲဟာ။ ကံကောင်းခြင်းတွေက မိသားစုသုံးယောက်လုံးဆီ ကွေ့ကောက်ပြီးရောက်လာလည်းကိစ္စမရှိဘူး။ အဓိကက ဘယ်လိုလာလာ ရောက်လာဖို့ပဲလိုတယ်။

သူလက်ခုပ်တီးကာ ချီချီ့ကိုအားပေးလိုက်သည်။

''ချီချီကပ်တာတော်လိုက်တာ ''

ချီချီက ကျန်းမော့ချန်လက်မောင်းကိုပုတ်ရင်း

"ဒယ်ဒီ ချီချီ့ကိုအောက်ချပေး ချီချီ ကပ်ထားတာကိုအောက်ကနေကြည့်ချင်သေးတယ် ''

ကျန်းမော့ချန်ကလည်း ကလေးစိတ်တိုင်းကျအောက်ချပေးလိုက်သည်။

ချီချီက ချပေးလိုက်တဲ့နေရာမှာ ခဏလောက်ရပ်ကြည့်နေသည်။ ထို့နောက် နောက်လေးနှစ်လှမ်းလောက်ဆုတ်လိုက်၊ ဘယ်ဘက်လေး နှစ်လှမ်းလောက်တိုးတိုက်၊ ညာဘက်လေး နှစ်လှမ်းလောက်ရွှေ့လိုက်ဖြင့် ထောင့်ပေါင်းစုံကနေ သူ့လက်ရာသူရှုစားနေကာ ခဏကြာမှ ယန်းချင်းချီဆီပြန်ပြေးလာသည်။

''ချီချီကပ်ထားတာ မိုက်တယ်မလား '' ယန်းချင်းချီကမေးလိုက်သည်။

ချီချီကနည်းနည်းလေးပျော်နေတဲ့အပြင် နည်းနည်းလေးလည်းရှက်နေတာကြောင့် ယန်းချင်းချီကိုမော့ကြည့်ကာ တဟီးဟီးရယ်ပြရင်း သူ့လက်ရာသူ ကောင်းတယ်လို့လည်းမပြောသလို ဆိုးတယ်လို့လည်းမဝေဖန်ပါ။

တံခါးပေါ် ကံကောင်းခြင်း'ဖူ'စကားလုံးတွေကပ်ပြီးနောက်မှာတော့ ကျန်းမော့ချန် ဆုတောင်းကဗျာတွေရေးထားသည့် စာရွက်တွေကိုကိုင်ကာ ဆက်ကပ်ဖို့ပြင်လိုက်သည်။ ချီချီက သူ့ဒယ်ဒီလုပ်နေတာတွေကိုမြင်သည့်အခါ လက်လေးထောင်ပြီး အော်ပြောလာသည်။

''ချီချီလာပြီ ချီချီလာပြီ ချီချီကပ်ပေးမယ် ''

''မဖြစ်ဘူး ဒါတွေကမြင့်မြင့်ကပ်မှဖြစ်မှာ ချီချီအရပ်နဲ့ဆို မှီမှာမဟုတ်ဘူး ''

ချီချီကနှုတ်ခမ်းလေးဆူသွားသည်။

''ဒယ်ဒီခုနကလိုပဲ ချီပေးလို့မရဘူးလား ''

ကျန်းမော့ချန် ကလေးခေါင်းလေးကိုပွတ်ရင်း 

''ဒယ်ဒီကအပေါ်ပိုင်းကပ်မယ် ချီချီကအောက်ပိုင်းကပ်ပေးလေ ဟုတ်ပြီလား ''

ချီချီက အမြန်ခေါင်းငြိမ့်ပြလိုက်သော်ငြား သူနားမလည်ပေ။ ထို့ကြောင့်ပြန်မေးလိုက်သည်။

''ဘယ်လိုကပ်ရမှာလဲ ''

ကျန်းမော့ချန် စာရွက်နောက်ကကပ်ခွာကိုခွာလိုက်ကာ အပေါ်ပိုင်းကိုတံခါးမှာကပ်ပြီး ပြန့်အောင် ဖြန့်လိုက်ရင်း ချီချီကိုငုံ့ပြောလိုက်သည်။

''ပါးပါးကိုခေါ်ပြီး သားအစားကပ်ခွာ,ခွာခိုင်းလိုက် ပြီးရင်အောက်ပိုင်းကိုကပ်ပြီး ပါးပါးလိုလိုက်ဖြန့်ပေး''

ချီချီက ဒီတစ်ခါတော့သေချာနားလည်သွားပြီဖြစ်တာကြောင့် သူ ယန်းချင်းချီဆီပြေးကာ အကူအညီသွားတောင်းလိုက်သည်။ ယန်းချင်းချီကလည်း ချီချီနဲ့အတူတူလိုက်လာပြီး ကပ်ခွာကူခွာပေးလေသည်။

''ကပ်လို့ရပြီ ချီချီ့အလှည့် ''

ချီချီက စာရွက်ကို အသေအချာလေးဖိချလိုက်ကာ ကျန်းမော့ချန်လုပ်ပုံကိုအတုခိုးပြီး လက်ဖဝါးသေးသေးလေးဖြင့် လိုက်ဖြန့်နေသည်။ မကပ်မှာစိုးတာကြောင့် အရင်တခေါက်ကလို စာရွက်ကို လက်သီးဆုပ်လေးဖြင့် တဒုန်းဒုန်းထုလိုက်သေးသည်။

''ဒီလောက်ဆိုရပြီလား ''

''ရပြီ ချီချီကတော်လိုက်တာ '' ကျန်းမော့ချန် ကလေးပုခုံးလေးကိုပုတ်ရင်း '' လာ ဒယ်ဒီ့ကို ဒီဘက်လာကူပြီး ကပ်ပေးပါဦး ''

ချီချီက လုပ်သားပျားလေးလိုအရမ်းတက်ကြွနေသည်။ ကျန်းမော့ချန်နဲ့အတူတူ နောက်တစ်ဖက်ကိုခုန်ပေါက်ပြီး လိုက်သွားကာ ယန်းချင်းချီအကူအညီဖြင့် အောက်ပိုင်းကို အောင်အောင်မြင်မြင်ကပ်လိုက်နိုင်သည်။ သုံးချက်လောက်ထုဖို့ကိုလည်းမမေ့။

ဒေါင်လိုက်နှစ်ခုကပ်ပြီးသွားတော့ ထိပ်ဆုံးမှာ အလျားလိုက်တစ်ခုကပ်လိုက်သည်။

အားလုံးကပ်ပြီးသွားမှ ကျန်းမော့ချန်လက်နှစ်ဖက်ကို ပုတ်ခါရင်း

''ပြီးပြီ ''

ယန်းချင်းချီ တံခါးပေါ်မှာကပ်ထားသည့် ဆုတောင်းကဗျာနှစ်ခုကိုဖတ်လိုက်သည်။ : တစ်နှစ်ပတ်လုံး ကံကောင်းပျော်ရွှင်ပါစေ။ အောင်မြင်သာယာတဲ့ နွေဦးဖြစ်ပါစေ။

ကျန်းမော့ချန် သူ့အနားလျှောက်လာပြီး ပုခုံးကိုလှမ်းဖက်ရင်း မေးလာသည်။

''ဘယ်လိုလဲ ''

ချီချီက တစ်လုံးချင်းစီလိုက်ဖတ်ကြည့်နေသည်။ သို့သော် သူက သာမန်ကလေးတွေထက် ဉာဏ်ပိုကောင်းသော်ငြား ဘယ်လိုပဲပြောပြော ငယ်သေးတာကြောင့် စကားလုံးနည်းနည်းလောက်ပဲဖတ်နိုင်သေးသည်။ သူ မသိသေးတဲ့စကားလုံးတွေ အများကြီးရှိနေတာကြောင့် ပါးပါးနှစ်ယောက်ကို လက်ဝှေ့ယမ်းပြရင်း

''ပါးပါး အဲ့ဒါကိုဘယ်လိုဖတ်ရမလဲဟင် ''

ယန်းချင်းချီက အသံနေအသံထားမှန်မှန်ဖြင့် တစ်လုံးချင်းစီ ဖြေးဖြေးချင်းရွတ်ပြနေသည်။ နားလည်သလိုလိုနဲ့နားမလည်သည့်ချီချီရုပ်လေးကို ကြည့်ကာ အသည်းယားလွန်းသဖြင့် ပါးလေးကိုဆွဲညှစ်ပစ်လိုက်သည်။

ဒီလိုလေးလည်းကောင်းတာပဲ။ ဒီနှစ်လည်း မနှစ်ကလိုပဲပျော်စရာကောင်းနေမှာ။

ညနေဘက်မှာတော့ မိသားစုသုံးယောက် ကျန်းအိမ်ကို နှစ်ကူးနှုတ်ဆက်ဖို့ ပြန်သွားလိုက်ကြသည်။

ချီချီက ကားပြတင်းပေါက်အပြင်ဘက်ကိုကြည့်ရင်း သူ့ဘေးမှာထိုင်နေသည့် ယန်းချင်းချီကိုလှည့်မေးလာသည်။

''ပါးပါး ဒီနှစ်ဘာလို့နှင်းမကျသေးတာလဲ ''

''ချီချီက နှင်းကျတာကိုကြိုက်တာလား ''

ချီချီ ခေါင်းငြိမ့်လိုက်ကာ

''နှင်းကျရင် သားတို့ နှင်းလူသားလုပ်လို့ရပြီလေ ပြီးတော့နှင်းဘောလုံးတွေနဲ့ပစ်ပြီး ဆော့လို့ရသေးတယ် သား နှင်းလူသားလုပ်ချင်တယ် ''

''ဒါဆိုခဏစောင့်မှဖြစ်မယ် နောက်တစ်ရက်၊နှစ်ရက်လောက်ဆို နှင်းကျတော့မှာပါ အဲ့ကျပါးပါးလည်း သားနဲ့အတူတူလိုက်ဆော့ပေးမယ် ''

''အွန် ဟွန် '' ချီချီက သူနားလည်ပြီဖြစ်ကြောင်း ခေါင်းငြိမ့်ပြလိုက်ကာ တဖက်ပြန်လှည့်သွားပြီးအပြင်ဘက်ကို ဆက်ကြည့်နေသည်။

သူတို့ ကျန်းအိမ်ကိုရောက်တော့ ညနေ၄နာရီထိုးနေပြီဖြစ်သည်။ အန်တီတွေကလည်းညစာပြင်နေကြပြီဖြစ်ကာ ကျန်းမိဘတွေကတော့ ဧည့်ခန်းမှာထိုင်ပြီးနှစ်ကူးအကြောင်းဆွေးနွေးနေကြစဥ် ကျန်းရှင်းချန်ကတော့ဖုန်းပွတ်နေသည်။

ကျန်းမော့ချန် ယန်းချင်းချီ၊ချီချီတို့နဲ့အတူတူ အိမ်ထဲဝင်လိုက်ပြီး သူ ချီချီ့ရဲ့အနွေးထည်နဲ့မာဖလာကိုကူချွတ်ပေးနေသည်။ ချီချီကခေါင်းလှည့်လိုက်ချိန် မေမေကျန်းက သူ့ကိုကြည့်နေသည်အားမြင်လိုက်ရတာကြောင့် လက်ဝှေ့ယမ်းကာနှုတ်ဆက်လိုက်သည်။

''ဘွားဘွား နေကောင်းလား ''

''ကောင်းပါ့ရှင် ချီချီရော နေကောင်းလား ထမင်းစားပြီးပြီလား ''

''ကောင်းတယ် စားပြီးပြီ '' ချီချီကလည်း တက်တက်ကြွကြွလေးပြန်ဖြေနေသည်။

''ဘွားဘွားကိုပြောပါဦး ဘာတွေနဲ့စားခဲ့တာလဲ ''

ချီချီက သေချာလေးစဥ်းစားနေကာ သူစားခဲ့သမျှဟင်းတွေကိုတစ်ခုချင်းစီပြန်ရွတ်ပြနေသည်။

ယန်းချင်းချီ ကလေးလက်ကိုကိုင်ပြီး သူတို့နားလျှောက်သွားလိုက်ကာ မေမေကျန်းကလည်း ချီချီ့ကိုလက်ဖွင့်ပြီးကြိုဆိုနေသည်။ ချီချီ သူမအနားရောက်လာတာနဲ့ ရင်ခွင်ထဲကောက်သွင်းပစ်လိုက်တာကြောင့် ချီချီကလည်း အလိုက်သင့်လေး ပြန်ဖက်ထားသည်။

ယန်းချင်းချီနဲ့ကျန်းမော့ချန်လည်း မိဘတွေရဲ့မျက်နှာချင်းဆိုင်ဆိုဖာမှာ ဝင်ထိုင်လိုက်ကြသည်။

''နင်တို့ တံခါးမှာ နှစ်ကူးဆုတောင်းတွေကပ်ပြီးပြီလား'' ကျန်းရှင်းချန်က ကျန်းမော့ချန်ကိုလှမ်းမေးလိုက်သည်။

ကျန်းမော့ချန်ခေါင်းငြိမ့်ပြလိုက်ကာ သူဘာမှမပြောရသေးခင် ချီချီကသူ့အစားလက်လေးမြှောက်ပြီး ပြန်ဖြေပေးလာသည်။

''ကပ်ပြီးပြီ ချီချီရယ်၊ပါးပါးရယ်၊ဒယ်ဒီရယ်အတူတူကပ်ကြတာ 'ဖူ'ကို ချီချီကိုယ်တိုင်ကပ်တာ ''

''ဟာ ချီချီကတော်လှချည်လား '' ကျန်းရှင်းချန်က အပြုံးလေးဖြင့်ချီးကျူးလိုက်သည်။

ချီချီကလည်း ကူးကူးလှလှဆီကနေ ချီးကျုးခံလိုက်ရတာကြောင့် အရမ်းကိုရှက်သွားကာ မေမေကျန်းရင်ခွင်ထဲပြန်ပုန်းနေသည်။

မေမေကျန်းကလည်း ချီချီ့ကိုလက်တဖက်ကပွေ့ထားရင်း တဖက်ကစားပွဲပေါ်ကသကြားလုံးကိုလှမ်းယူကာ ချီချီစားဖို့အတွက်အခွံခွာပေးနေသည်။

တစ်ချိန်လုံး အလုပ်တွေရှုပ်နေတတ်တာကြောင့် အခါကြီးရက်ကြီးတွေကလွဲ ကျန်းမော့ချန် ကျန်းအိမ်ကိုပြန်လာချိန်က လက်ချိုးရေတွက်လို့ရသည်။ ယန်းချင်းချီတောင်မှ ဒီ၆လလုံး လက်ထပ်ပြီးတစ်ခါပဲရောက်ဖူးသည်။ နှစ်ယောက်လုံးက ရိုက်ကွင်းထဲမှာပဲအချိန်ဖြုန်းနေရတာကြောင့် ဒီတစ်ခေါက် တရုတ်နှစ်သစ်ကူးမှပြန်ပေါ်လာသည့် သားနဲ့သမက်ကိုမြင်သည့်အခါ ကျန်းမိဘတွေက အလုပ်လျှော့လုပ်ဖို့တိုက်တွန်းကြတော့သည်။ အိမ်ကိုခဏခဏလာလည်ပြီး ကလေးကိုလည်းအချိန်ပေးဖို့နဲ့ မိသားစုအတွက် ကြိုးစားပမ်းစား ပိုက်ဆံရှာစရာမလိုကြောင်း နားချနေကြသည်။

နှစ်ယောက်သားကပြုံးပဲပြုံးနေပြီး ခေါင်းလည်းမငြိမ့်၊ ငြင်းလည်းမငြင်းတာကြောင့် မေမေကျန်းဘက်ကပဲ အရင်လက်လျှော့လိုက်ကာ အတင်းတိုက်တွန်းမနေတော့ပဲ ကလေးတွေစိတ်တိုင်းကျသာ လွှတ်ထားလိုက်တော့သည်။

အန်တီကျန့်က ကျန်းမော့ချန်နဲ့ယန်းချင်းချီအိမ်မှာမရှိလျှင် ကျန်းမော့ချန်စကားအတိုင်း ချီချီ့ကို ယန်းအိမ်နဲ့ကျန်းအိမ်ဆီ တလှည့်စီခေါ်သွားပေးတတ်သည်။ မေမေကျန်းအရွယ်က မြေးတွေနဲ့စိုစိုပြေပြေနေရမည့်အရွယ် ရောက်လာပြီဖြစ်တာကြောင့် သူတို့အိမ်ကတစ်ဦးတည်းသောမြေးလေးကို ယန်းအိမ်လိုပဲတုန်နေအောင်ချစ်ကြသည်။ ကလေးကိုရင်ခွင်ထဲပိုက်ကာ မုန့်ကျွေးရင်း စနောက်နေကြသည်။

ချီချီကလည်း သူ့ပါးပါးနဲ့သူ့ဒယ်ဒီအနားမှာရှိနေတာကြောင့် အရင်ကထက်ပိုပြီးတက်ကြွလန်းဆန်းနေကာ မေမေကျန်းနဲ့စကားတွေပြောပြီး တခိခိရယ်နေသည်။ တစ်အိမ်လုံးက ကလေးရယ်သံလေးဖြင့် အရမ်းကိုနွေးထွေးပြီး အသက်ဝင်လှုပ်ရှားနေသည်။

ညစာစားပြီးနောက် ကျန်းမော့ချန်က သူ့မိဘ၊သူ့အစ်မတွေနဲ့အတူတူ သီးသန့်စကားပြောချင်တာကြောင့် အပေါ်ထပ်တက်သွားချိန် ချီချီနဲ့ယန်းချင်းချီကတော့ အောက်ထပ်မှာ TVကြည့်ရင်းကျန်ရစ်ခဲ့သည်။

ချီချီကမေးလာသည်။

''ဒယ်ဒီတို့ရော ''

ယန်းချင်းချီကလည်း ကလေးခေါင်းလေးကိုပွတ်ကာ နွေးနွေးထွေးထွေးလေးပြန်ဖြေလိုက်သည်။

''သူတို့က ဆွေးနွေးစရာတွေရှိလို့ အပေါ်ထပ်ခဏတက်သွားကြတယ် သူတို့ကိစ္စဝိစ္စတွေပြီးတာနဲ့ အောက်ပြန်ဆင်းလာပြီး ချီချီနဲ့အတူတူ ကာတွန်းကားလာကြည့်ပေးမှာ ''

ချီချီကမေးခွန်းတွေအများကြီးဆက်မမေးတော့ပဲ သူတို့အောက်ထပ်ပြန်ဆင်းလာမည့် အချိန်ကိုသာစောင့်နေလိုက်သည်။

ကျန်းမော့ချန်က ရုတ်တရက်ကြီး ပြောစရာရှိတယ်ဟုဆိုကာ သူတို့ကိုအပေါ်ဆွဲတင်လာတာကြောင့် ကျန်းမိဘတွေနည်းနည်းလေး ဇဝေဇဝါဖြစ်နေသည်။ ထို့အပြင် အပေါ်ထပ်တက်လာတဲ့လူတွေမှာလည်း ယန်းချင်းချီမပါပဲ လေးယောက်လုံးကျန်းအိမ်ကလူတွေဖြစ်နေတာကို မြင်လိုက်ရသည့်အခါ ပိုပြီးဂလယ်အူကြောင်ဖြစ်သွားကြသည်။ မေမေကျန်းက ဖေဖေကျန်းကို တိုးတိုးတိတ်တိတ် မျက်ရိပ်မျက်ခြေပြလိုက်ကာ စိတ်ထဲကလည်း ဒီကလေးနှစ်ယောက် တစ်ခုခုများဖြစ်လို့လားဟု မတွေးပဲမနေနိုင်ခဲ့။

မေမေကျန်းထိုသို့တွေးမိသွားသည့်အခါ ယွမ်မင်ရွှိတရုတ်ကိုပြန်လာပြီဆိုတဲ့သတင်းအား ရုတ်တရက်ကြီးသတိရမိသွားတော့သည်။ မကောင်းတော့ဘူး။ သူမစိတ်ထဲချက်ချင်းပူပန်သွားသည်။ သူတို့ကွာရှင်းကြတော့မှာလား။

မေမေကျန်းရင်ထဲ စိုးရိမ်စိတ်တွေဝင်လာသည်။ သူမသားက ဒီအကောင်ကိုခက်ခက်ခဲခဲလက်လျှော့ပြီးခါမှ အခုပြန်ပေါင်းထုပ်ကြတော့မလို့လား။ ဘာလို့လဲ။ သူမစိတ်အခြေအနေမကောင်းတော့ပါ။

ကျန်းမော့ချန် ဘာမှမပြောသေးခင် လူကြီးတွေမျက်နှာကိုတစ်ချက်အကဲခတ်ကြည့်လိုက်သည်။ သူ့အမေမျက်နှာပျက်နေတာကိုတွေ့လိုက်ရတော့ နည်းနည်းလေးဇဝေဇဝါဖြစ်သွားကာ

''မား ဘာဖြစ်လို့လဲ ''

''ဘာမှမဟုတ်ပါဘူး မိသားစုတွေဒီလိုမျိုးပြန်ဆုံရတော့ တော်တော်လေးစိတ်ကျေနပ်စရာကောင်းတယ်လို့တွေးမိလို့ပါ မင်းနဲ့မင်းအစ်မကလည်းအောင်မြင်တဲ့အလုပ်ကိုယ်စီရှိတယ် မင်းကလည်းမိသားစုနဲ့အခြေကျနေပြီ ရှောင်ချီကလည်း သိတတ်တယ် ချီချီကလည်းလိမ္မာတယ် တော်တော်လေးကောင်းတယ် တော်တော်လေးကောင်းတယ် ''

''အဲ့ဒါဆိုပျော်နေသင့်တာလေ မားမျက်နှာကြီးကဘာဖြစ်နေတာလဲ ''

''ဟုတ်ပ ဟုတ်ပ သားပြောတာမှန်တယ် မားအရမ်းပျော်တာပေါ့ '' သူမက အပြုံးလေးပြန်ဆင်မြန်းရင်း '' သား မားတို့ကို ပြောစရာရှိတယ်ဆို ဘာပြောမလို့လဲ ''

ကျန်းမော့ချန် ထိုသို့အမေးခံလိုက်ရတော့ ဘယ်ကစပြောလို့ ပြောရမှန်းမသိတော့ပေ။

မိဘတွေကိုဘယ်လိုပြောပြရမလဲဟု အတွေ့အကြုံရှိပြီးသား ယန်းချင်းချီဆီ အကြံဉာဏ်တောင်းကြည့်လိုက်သည့်အခါ ယန်းချင်းချီပြန်ဖြေလာသည်က

''ဘာမှမထူးဆန်းပါဘူး ဒီတိုင်းပဲ ကျွန်တော်တို့နှစ်ယောက် နောက်ထပ်ကလေးတစ်ယောက်လောက် လိုချင်တယ်လို့ပြောလိုက် ကိုယ်ပိုင်ကလေးတစ်ယောက်လောက်မွေးနိုင်ရင်ကောင်းမယ်လို့ မြေစမ်းခရမ်းပျိုးကြည့်လိုက် အဆင်ပြေရင် ကျွန်တော်ကိုယ်ဝန်ရှိနေပြီလို့ တည့်သာပြောချလိုက် ''

ကျန်းမော့ချန် သူ့ရှေ့က လူသုံးယောက်ကိုကြည့်ရင်း တွေးမိသည်က ______ သူလည်း အဲ့အတိုင်းလိုက်လုပ်ကြည့်ရင်ကောင်းမလား။

သူ ချောင်းဟန့်လိုက်ကာ တည်ကြည်လေးနက်စွာပြောလာသည်။

''ကျွန်တော်နဲ့ ချင်းချီနဲ့ နောက်ထပ်ကလေးတစ်ယောက်လောက်လိုချင်တယ် ''

ကျန်းရှင်းချန်နဲ့ဖေဖေကျန်းက အံ့သြသွားသော်ငြား မေမေကျန်းကစိတ်သက်သာရာရသွားသည်။

''အခုလား '' ကျန်းရှင်းချန်ကမေးလာသည်။ '' နောက်ထပ်ကလေးတစ်ယောက်မွေးစားဦးမလို့လား ''

''ဒီတခေါက်မွေးစားမှာမဟုတ်ဘူး '' ကျန်းမော့ချန်ကလည်း ဂရုတစိုက်ပြန်ဖြေလာသည်။

မေမေကျန်းက သူမသားသူကြည့်လိုက်ကာ

''အငှားကိုယ်ဝန်ဆောင်မှာလား ''

''အငှားကိုယ်ဝန်ဆောင်မှာလည်းမဟုတ်ဘူး ''

''ဒါဆိုဘာလဲ '' ဖေဖေကျန်းကပါ မနေနိုင်သဖြင့် ထမေးလာသည်။ '' မင်းတို့နှစ်ယောက်မှ ကလေးမရနိုင်တာ မွေးလည်းမမွေးစားချင်ဘူး အငှားကိုယ်ဝန်ဆောင်မှာလည်းမဟုတ်ဘူးဆိုတော့ မင်းတို့ကဘာလုပ်ဖို့ရည်ရွယ်ထားတာလဲ မိသားစုထဲကပြန်မွေးစားမလို့လား ကျန်းဘက်ကလား ယန်းဘက်ကလား ''

ကျန်းမော့ချန် သူ့ကို သိချင်စိတ်တွေပြည့်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေသော လူသုံးယောက်ကိုကြည့်လိုက်ကာ

''............ဒီကိစ္စက ဘယ်လိုပြောရမလဲ ''

''ပြောစရာရှိတာသာပြော နင်ဘာပဲလုပ်ချင်လုပ်ချင် တရားဥပဒေနဲ့လူကျင့်ဝတ်ကိုမထိခိုက်သရွေ့ ငါတို့က အကုန်လုံးနောက်ကနေထောက်ခံအားပေးနေမှာပဲ တစ်ခုပဲ ရှောင်မော့ နင်နဲ့ချင်းချီနဲ့က မင်းသားတွေ နှစ်ယောက်လုံးအလုပ်ကိုယ်စီရှုပ်နေကြတာ အခုအချိန်မှာ ကလေးနောက်တစ်ယောက်ထပ်ယူလိုက်ရင် နည်းနည်းလေးမဆင်မခြင်လုပ်သလိုဖြစ်မသွားဘူးလား ဒါမှမဟုတ် နောက်ထပ်နှစ်အနည်းငယ်လောက်စောင့်လိုက်ပါလား အဲ့ဒါဆိုနင်တို့နှစ်ယောက်ရဲ့အချိန်တွေလည်း ပိုထွက်လာနိုင်တယ်လေ'' ကျန်းရှင်းချန်က ထိုသို့အကြံပေးလာသည်။

ကျန်းမော့ချန်လည်း ကူကယ်ရာမဲ့သွားသည်။ တကယ်လို့ သူလည်း ယန်းချင်းချီသာ ကိုယ်ဝန်ရနိုင်စွမ်းရှိတယ်ဆိုတာကို သိကြည့်ပါလား ပြန်ရွေးချယ်ခွင့်ပေးရင် အဲ့အချိန်ကိုရွေးမလား။ နှစ်ယောက်လုံး ဒီ့ထက်ပိုအားသွားတဲ့အချိန်ကိုရွေးမှာပေါ့။ အခုတော့ လှေလည်းထွက်သွားပြီ။ ဘာမှမတတ်နိုင်တော့ဘူး ဆက်မောင်းဖို့ပဲကျန်တော့တယ်။

''အဲ့ဒါက အဲ့လိုလုပ်လို့မရတော့ဘူး နောက်ကျသွားပြီ ''

''ဘာကနောက်ကျသွားတာလဲ ''

ကျန်းမော့ချန် အသက်ကို​ရှုသွင်း၊ရှူထုတ်လိုက်ကာ သူ့ရှေ့ကသုံးယောက်က်ိုကြည့်ရင်း

''ကျွန်တော်ပြောတာကိုနားထောင်ပြီး လန့်မသွားကြနဲ့နော် ပြီးတော့ လိမ်ပြောနေတာလည်းမဟုတ်သလို နောက်နေတာလည်းမဟုတ်ဘူး ''

''အဲ့တော့မင်းပြောချင်တာက ဘာလဲ '' မေမေကျန်း စိတ်မရှည်တော့ပါ။

ကျန်းမော့ချန် လေကိုတစ်ဝကြီးရှုသွင်းလိုက်ပြီး ဆက်တိုက်ပြောလာသည်။

''ချင်းချီမှာ ကျွန်တော်နဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီ ကျွန်တော်တို့ကလေးရတော့မယ် မားတို့ကိုလိမ်ပြောနေတာမဟုတ်ဘူး အဲ့တော့ပြောချင်တာက ကျွန်တော်တို့ဘာသာကျွန်တော်တို့ ကိုယ်ပိုင်ကလေးလေးမွေးနိုင်ပြီ ''

ကျန်းမော့ချန်ထိုသို့ပြောရင်း သူ့မိဘတွေနဲ့အစ်မကိုကြည့်လိုက်သည်။ သုံးယောက်သားအံ့သြလွန်းသဖြင့် ပါးစပ်လေးအဟောင်းသားနှင့် သူ့ကို ကြည့်နေကြသည်မှာ မသိလျှင် မျက်နှာအမူအရာက Copy-Paste လုပ်ထားသလိုမျိုးပင်။ 囧 

သုံးယောက်ထဲမှာ ကျန်းရှင်းချန်ကအရင်ဆုံးအသိပြန်ဝင်လာသည်။ သူမက အခုထိမယုံနိုင်သေးပါ။

''နင်ဘာပြောလိုက်တာ ချင်းချီမှာကိုယ်ဝန်ရှိနေတယ်? ''

''နေဦး နေဦး '' မေမေကျန်းကလည်း လှမ်းတားသည်။ '' ချင်းချီက ယောကျ်ားလေးမဟုတ်ဘူးလား ငါတို့ ကျန်းအိမ်နဲ့ယန်းအိမ်က အဘိုးကြီးစိတ်တိုင်းကျ ကလေးတွေကြီးလာရင်လက်ထပ်ပေးဖို့ စေ့စပ်ကြောင်းလမ်းထားတာရှိပေမဲ့ တကယ်တမ်းမင်းနဲ့ယူရမှာက ချင်းရှီလေ ဒါပေမဲ့မင်းက နောက်ပိုင်း ယောကျ်ားလေးကြိုက်တယ် မိန်းကလေးမယူနိုင်ဘူးပြောလာတော့ ယန်းမိသားစုနဲ့တိုင်ပင်ပြီး ချင်းရှီကနေချင်းချီကိုပြောင်းလိုက်တာမဟုတ်ဘူးလား ချင်းချီကယောကျ်ားလေးလေ ဟုတ်တယ်မလား မဟုတ်မှလွဲရော ချင်းချီက တကယ်တမ်း ယောကျ်ားလေးယောင်ဟန်ဆောင်ထားတဲ့ မိန်းကလေးများလား မားတို့ကမသိကြတာလား ''

ကျန်းမော့ချန်တစ်ယောက် ပြောစရာစကားပျောက်ဆုံးသွားသည်။

''ချင်းချီကယောကျ်ားအစစ်ပါ ကျွန်တော်တို့အတူနေလာတာဖြင့် ဒီလောက်ကြာပြီ သူယောကျ်ားလေးလား၊မိန်းကလေးလားဆိုတာကို ကျွန်တော်မသိပဲနေမလား''

''ဒါဆိုဘာလို့သူကကိုယ်ဝန်ရှိသွားတာလဲ ဟိုးအရင်ခေတ်ကတည်းက မိန်းကလေးပဲကိုယ်ဝန်ဆောင်နိုင်တာလေ ယောကျ်ားလေးမှကိုယ်ဝန်မဆောင်နိုင်တာ ''

''ကျွန်တော်လည်း ဘယ်လိုဖြစ်သွားမှန်းမသိဘူး ဒါပေမဲ့အဲ့ဒါကအမှန်တရားပဲ ''

''ဆေးရုံသွားပြီးပြီလား ဆေးစစ်ချက်မှားတာများလား''

''ကျဲကျဲ ကျွန်တော်က ဒီလိုကိစ္စကိုအမှားလုပ်မဲ့လူမျိုးလား '' ကျန်းမော့ချန်ကပြန်မေးလာသည်။

ကျန်းရှင်းချန် ထိုစကားကြားမှ သူမမောင်က မဟုတ်တာကိုအဟုတ်လုပ်ပြောမည့်လူမဟုတ်မှန်း ပြန်သတိရသွားတော့သည်။ အဲ့တော့တကယ်ကြီး ကိုယ်ဝန်ရှိနေတာလား? ဒါပေမဲ့ ယန်းချင်းချီကယောကျ်ားလေးလေ။ ဘယ်လိုလုပ်ကိုယ်ဝန်ဆောင်နိုင်တာလဲ?

''ယန်းအိမ်ကရော ဒီကိစ္စသိပြီးပြီလား ''

''သိပြီးပြီ ကျွန်တော်တို့မနေ့ကပဲ ယန်းအိမ်ကိုသွားပြီး အဲ့ကိစ္စပြောပြလိုက်တာ ''

''သူ့မိဘတွေဘယ်လိုတုံ့ပြန်လဲ '' ဖေဖေကျန်းကဝင်မေးလာသည်။

''သူ့မိဘတွေက ချောချောမွေ့မွေ့လက်ခံပါတယ် ကိုယ်ဝန်ဆောင်တဲ့အချိန်အတွင်း ဆောင်ရရှောင်ရမှာတွေကိုတောင် စာရင်းထုတ်ပေးလိုက်သေးတယ် ''

''ဒါဆို ငါတို့ကျန်းအိမ်ကလည်း သူတို့ကိုရှုံးလို့မဖြစ်ဘူး '' ဖေဖေကျန်းက ကျန်းမော့ချန်စကားကြားတာနဲ့ ရုတ်တရက်ကြီးတုံ့ပြန်လာသည်။ '' ဒါယောကျ်ားလေးကိုယ်ဝန်ဆောင်နိုင်ရုံပဲမဟုတ်ဘူးလား ကမ္ဘာကြီးက ဒီလောက်ကြီးတာ နေရာတိုင်းမှာအံ့သြစရာတွေချည်းပဲ သူ့မိဘတွေတောင်လက်ခံနိုင်မှတော့ ငါတို့ကျန်းအိမ်ကလည်းလက်မခံနိုင်စရာဘာအကြောင်းမှမရှိဘူး ငါတို့လည်းလက်ခံနိုင်တယ် ''

ဖေဖေကျန်းက ထိုသို့ပြောရင်း မေမေကျန်းကိုပုတ်လိုက်ကာ

''မင်းကအတွေ့အကြုံရှိဖူးတော့ ကိုယ်ဝန်ဆောင်စဥ်အတောအတွင်းဘာတွေလုပ်ရမယ်၊ဘာတွေမစားရဘူးဆိုတာကို ခဏနေသတိပေးလိုက်ဦး ငါတို့ ယန်းအိမ်ကိုရှုံးလို့မဖြစ်ဘူး ''

မေမေကျန်းကလည်း ထိုစကားကြားတော့ အသက်အရွယ်ကြီးမှတိမ်ငုပ်သွားသည့် အကျောမခံချင်သည့်စိတ်များက ချက်ချင်း ထိုးထောင်ထကြွလာကာ ယန်းအိမ်ကို သူတို့ဘက်ကလည်းသဘောထားကြီးကြီးဖြင့် လက်ခံနိုင်ကြောင်းပြချင်တာကြောင့်

''ရတယ်လေ ကျွန်မ ခဏနေ ရှောင်မော့ပြန်ရင်ယူသွားဖို့ စာရင်းလုပ်ပေးလိုက်မယ် ''

''ရှောင်မော့အာ '' မေမေကျန်းက သူမသားသူကြည့်လိုက်ကာ '' အခု မားလုပ်ပေးမဲ့စာရင်းတွေအတိုင်း ချင်းချီကိုသေချာဂရုစိုက်ပေးရမယ်နော် ကိုယ်ဝန်ဆောင်တယ်ဆိုတာ ပေါ့ပေါ့တန်တန်သဘောထားလို့ရတဲ့အရာမဟုတ်ဘူး မားကနှစ်ခါမွေးဖူးတော့ အတွေ့အကြုံတွေအများကြီးရှိတယ် ''

''ဟုတ်တယ် မင်းရဲ့မားပြောတာမှန်တယ် '' ဖေဖေကျန်းကလည်းဝင်ပြောလာသည်။ '' သူ(မ)ပြောတဲ့အတိုင်းလိုက်လုပ် ''

ကိစ္စတွေကဒီလိုကြီး အပြိုင်အဆိုင်ဖြစ်သွားလိမ့်မယ်လို့ ကျန်းမော့ချန်မမျှော်လင့်ထားပါ။ ဆယ်နှစ်ကျော်လောက် သူ့မိဘတွေဆီမှာ ပြိုင်ချင်ဆိုင်ချင်တဲ့စိတ်အင်အားတွေ ငုပ်လျှိုးသွားပြီဖြစ်တာကြောင့် အခုဒီကိစ္စမှာ ခမည်းခမက်တွေထက်နောက်ကောက်ကျသွားမှာကို စိတ်ပူနေကြသည်။ ဒါပေမဲ့ ဒီအတိုင်းလည်းအဆင်ပြေပါတယ်၊ ဘယ်လိုလက်ခံလက်ခံ လက်ခံဖို့ပဲလိုတယ်။

''အင်း '' သူပြန်ဖြေလိုက်သည်။

သူ့ဖြေသံကြားတော့ မေမေကျန်းက နည်းနည်းလောက်သံသယဝင်နေဆဲဖြစ်သည်။

''သူ့မှာတကယ်ကြီး ကိုယ်ဝန်ရှိနေတာလား ''

_______________________________

You don't want to read, you can skip this.

福 (ဖူ) ကံကောင်းခြင်း၊ ပျော်ရွှင်မှု၊ ကောင်းချီး။  တရုတ်နှစ်ကူးမှာ နှစ်ကူးဆုတောင်းစာလုံးတွေ၊ကဗျာတွေကပ်ကြပါတယ်။ အဲ့ထဲမှာ ဖူဆိုတဲ့စကားလုံးကိုဇောက်ထိုးကပ်ကြပါတယ်။ ဖူက သနားကြင်နာတတ်တဲ့ဧကရီဘုရင်မမာကို ဂုဏ်ပြုတဲ့အနေနဲ့ကပ်ပေးတာပါ။ အရင်က မင်မင်းဆက်ဘုရင် ကျူယွမ်ကျန်းက နန်ကျင်းကိုသိမ်းပိုက်ပြီးတဲ့နောက်မှာ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ အိမ်တိုင်းမှာဖူဆိုတဲ့စကားလုံးကိုကပ်ခိုင်းပါတယ် ဒါပေမဲ့အဲ့ထဲမှာ လျောင်ဆိုတဲ့တစ်ယောက်ကစာမတတ်တော့ ဇောက်ထိုးကပ်လိုက်ပါတယ်။ ဘုရင်ကသူ့လူတွေကို ကပ်မကပ်လိုက်စစ်ခိုင်းတာပေါ့။ တချို့မကပ်ထားတဲ့အိမ်တွေရှိတယ်လို့သတင်းပို့လာတော့ စိတ်ဆိုးပြီးဖမ်းခိုင်းတယ်။ အဲ့မှာ တစ်အိမ်ကဇောက်ထိုးကပ်ထားတယ်လို့ပါ သတင်းပို့လာတော့ ဘုရင်က ပိုဒေါသထွက်သွားရော။ တစ်အိမ်လုံးကို ဆွေစဥ်မျိုးဆက်မချန်သတ်ခိုင်းတာပေါ့။ အဲ့မှာ ဘုရင့်ဧကရီမာက ဘုရင်အမျက်မထွက်အောင်၊ မသေသင့်လူတွေမသေအောင် နားချရတော့တာပေါ့။ 倒(တောက်) 'ဇောက်ထိုးပြောင်းပြန်' ဆိုတဲ့စကားလုံးက 到(တောက်) 'ရောက်လာတယ်' ဆိုတဲ့စကားလုံးနဲ့ အသံထွက်တူတာကြောင့် သူပြောင်းပြန်ကပ်လိုက်တာက 福到(ဖူတောက်) 'ကံကောင်းခြင်းတွေရောက်လာတယ်၊ ဒီမှာရှိနေတယ်' လို့ ဆိုလိုတာမဟုတ်ဘူးလားဆိုပြီး လှည့်ပြောလိုက်မှ ဘုရင်က စိတ်ပြန်ကြည်သွားတော့တယ်တဲ့။ အဲ့လိုနဲ့သနားကြင်နာတတ်တဲ့ ဧကရီမာကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်ကူးတိုင်း ဖူကို တချို့ကဇောက်ထိုးကပ်ကြပါတယ်။

Source From Wikipedia

ကိုယ်လည်းသိချင်လို့လိုက်ရှာထားတာဖြစ်တဲ့အတွက်၊ တရုတ်မစစ်စစ် မဟုတ်တဲ့အတွက် မတိကျနိုင်ပါဘူး။ အမှားရှိရင်လာထောက်ပြပေးပါ။ niniချက်ချင်းပြန်ပြင်ပေးပါ့မယ်။

Zawgyi

တံခါးမွာ ႏွစ္ကူးဆုေတာင္းကပ္ရေအာင္၊ က်န္းမိသားစုလည္း သိကုန္ၾကၿပီ
_________________________________

ဒီေန႔က တ႐ုတ္ႏွစ္ကူးျဖစ္တာေၾကာင့္ ယန္းခ်င္းခ်ီ၊က်န္းေမာ့ခ်န္နဲ႔ ခ်ီခ်ီတို႔ မနက္ေစာေစာထလိုက္ၾကသည္။ မနက္စာစားၿပီးေနာက္မွာ ေမေမယန္းထည့္ေပးလိုက္သည့္ ႏွစ္ကူးဆုေတာင္းစာ႐ြက္ေတြ၊စကားလုံးေတြကို အိမ္တံခါးမွာကပ္ဖို႔ မိသားစုသုံးေယာက္ျပင္ဆင္ၾကေတာ့သည္။

ခ်ီခ်ီက 'ဖူ' စကားလုံးေလးကိုကိုင္ကာ ေသခ်ာစိုက္ၾကည့္ေနတာေၾကာင့္ ယန္းခ်င္းခ်ီကေမးလိုက္သည္။

''ခ်ီခ်ီ အဲ့ဒါကို သိလား ''

ခ်ီခ်ီက 'ဖူ'စကားလုံးေလးကို ေထာင္ျပကာ

''ခ်ီခ်ီဒါကိုဘယ္လိုကပ္ရမလဲသိတယ္ သားဆရာမကေျပာဖူးတယ္ ဒါကိုေဇာက္ထိုးကပ္ရမယ္တဲ့ ''

''ဝါး ခ်ီခ်ီကအရမ္းေတာ္တာပဲ ''

ယန္းခ်င္းခ်ီ ထိုသို႔ေျပာရင္း ကေလးကိုေကာက္ခ်ီဖို႔ျပင္လိုက္သည္။ ထိုအျခင္းအရာကိုျမင္သြားသည့္ က်န္းေမာ့ခ်န္မွာ ေသမတတ္လန္႔သြားသျဖင့္ လက္ထဲကစာ႐ြက္ေတြကိုခ်ၿပီး ခ်ီခ်ီ႕ကို အေျပးေကာက္ခ်ီေလသည္။

''ေျပာေနရင္းအေကာင္းႀကီးကေန ဘာထျဖစ္တာလဲ တစ္စက္မွမလႈပ္နဲ႔ ''

ယန္းခ်င္းခ်ီ ကူကယ္ရာမဲ့သြားကာ

''ကြၽန္ေတာ္ ခ်ီခ်ီ႕ကိုခ်ီၿပီး အိမ္တံခါးမွာ 'ဖူ'ကို​ကပ္ခ်င္လို႔ ''

''ကိုယ္လုပ္ပါ့မယ္ ''

က်န္းေမာ့ခ်န္ သူ႕ရင္ခြင္ထဲက ခ်ီခ်ီ႕ကိုငုံ႔ၾကည့္ရင္း

''လာ ဒယ္ဒီတို႔ 'ဖူ' ကပ္ရေအာင္ သားေျပာသလိုပဲေဇာက္ထိုးကပ္မယ္ ''

''တံခါးရဲ႕ ဘယ္ေနရာမွာကပ္မွာလဲ '' ခ်ီခ်ီက 'ဖူ' စကားလုံးေလးကို ဟိုဘက္ေစာင္းလိုက္၊ဒီဘက္ေစာင္းလိုက္ႏွင့္ ေနရာခ်ိန္ၾကည့္ေနသည္။

က်န္းေမာ့ခ်န္ ကေလးပါးေလးကိုညႇစ္လိုက္ကာ

''အလယ္မွာပဲကပ္ရေအာင္ ''

''အလယ္မွာ? ''

ခ်ီခ်ီကစာ႐ြက္ကိုင္ထားသည့္လက္ကေလးကို တံခါးအလယ္တည့္တည့္ေ႐ႊ႕သြားသည္။

''အေပၚနည္းနည္းေျမႇာက္ '' ယန္းခ်င္းခ်ီကေဘးကေနၾကည့္ရင္း ဝင္ေျပာေနသည္။

ခ်ီခ်ီလက္ေျမႇာက္လိုက္ကာ

''ဒီလိုမ်ိဳးလား ''

''သားဒယ္ဒီဘက္နည္းနည္းကပ္ ''

''ဒီလိုလား ''

''ဟုတ္တယ္ မွန္တယ္ '' ယန္းခ်င္းခ်ီကပ္ရမဲ့ေနရာကို အတည္ျပဳေပးလိုက္သည္။ '' မလႈပ္နဲ႔ဦး ပါးပါးစာ႐ြက္ေနာက္က ကပ္ခြာ,ခြာေပးမယ္ အဲ့ဒါကြာသြားမွ  ကပ္လို႔ရမွာ ''

ခ်ီခ်ီကလည္း ေခါင္းေလးၿငိမ့္ျပကာ မွာထားသည့္အတိုင္း လက္ကိုမလႈပ္႐ွားပဲ သတ္မွတ္ထားတဲ့ေနရာမွာပဲ ေတာင့္ေတာင့္ေလးဆန္႔ထုတ္ထားသည္။

ယန္းခ်င္းခ်ီကလည္း သူတို႔အနားကိုေလွ်ာက္လာကာ 'ဖူ'ဆိုသည့္စကားလုံးေနာက္က ကပ္ခြာကိုဆြဲခြာလိုက္ၿပီး ဆန္႔ထုတ္ထားသည့္ ခ်ီခ်ီ႕လက္ေလးထဲျပန္ထည့္ေပးလိုက္သည္။

''ရၿပီ ကပ္ေတာ့ ''

ခ်ီခ်ီက အမိန္႔ရသည္ႏွင့္ ''ေဟး!'' ဟုေအာ္ကာ သတ္မွတ္ထားသည့္ေနရာမွာပဲ 'ဖူ'စကားလုံးကိုကပ္ခ်လိုက္ၿပီး ျပန္ကြာလာမွာစိုးသျဖင့္ စကားလုံးေပၚတဒုန္းဒုန္းသြားထုေနသည္။

စာ႐ြက္​ေလးက တံခါးေပၚမွာ ျပန္႔ျပန္႔ရံ႕ရံ႕ကပ္မေနပဲ အနည္းငယ္ ဖုေဖာင္းေနသည္။ ယန္းခ်င္းခ်ီ ကံေကာင္းျခင္းစာ႐ြက္ေလးကို ၾကည့္ရင္းေတြးမိသြားသည္က ___ မျပန္႔ျပဴးလည္းျပႆနာမ႐ွိပါဘူး။ အားလုံးကမိသားစုေတြပဲဟာ။ ကံေကာင္းျခင္းေတြက မိသားစုသုံးေယာက္လုံးဆီ ေကြ႕ေကာက္ၿပီးေရာက္လာလည္းကိစၥမ႐ွိဘူး။ အဓိကက ဘယ္လိုလာလာ ေရာက္လာဖို႔ပဲလိုတယ္။

သူလက္ခုပ္တီးကာ ခ်ီခ်ီ႕ကိုအားေပးလိုက္သည္။

''ခ်ီခ်ီကပ္တာေတာ္လိုက္တာ ''

ခ်ီခ်ီက က်န္းေမာ့ခ်န္လက္ေမာင္းကိုပုတ္ရင္း

"ဒယ္ဒီ ခ်ီခ်ီ႕ကိုေအာက္ခ်ေပး ခ်ီခ်ီ ကပ္ထားတာကိုေအာက္ကေနၾကည့္ခ်င္ေသးတယ္ ''

က်န္းေမာ့ခ်န္ကလည္း ကေလးစိတ္တိုင္းက်ေအာက္ခ်ေပးလိုက္သည္။

ခ်ီခ်ီက ခ်ေပးလိုက္တဲ့ေနရာမွာ ခဏေလာက္ရပ္ၾကည့္ေနသည္။ ထို႔ေနာက္ ေနာက္ေလးႏွစ္လွမ္းေလာက္ဆုတ္လိုက္၊ ဘယ္ဘက္ေလး ႏွစ္လွမ္းေလာက္တိုးတိုက္၊ ညာဘက္ေလး ႏွစ္လွမ္းေလာက္ေ႐ႊ႕လိုက္ျဖင့္ ေထာင့္ေပါင္းစုံကေန သူ႕လက္ရာသူ႐ႈစားေနကာ ခဏၾကာမွ ယန္းခ်င္းခ်ီဆီျပန္ေျပးလာသည္။

''ခ်ီခ်ီကပ္ထားတာ မိုက္တယ္မလား '' ယန္းခ်င္းခ်ီကေမးလိုက္သည္။

ခ်ီခ်ီကနည္းနည္းေလးေပ်ာ္ေနတဲ့အျပင္ နည္းနည္းေလးလည္း႐ွက္ေနတာေၾကာင့္ ယန္းခ်င္းခ်ီကိုေမာ့ၾကည့္ကာ တဟီးဟီးရယ္ျပရင္း သူ႕လက္ရာသူ ေကာင္းတယ္လို႔လည္းမေျပာသလို ဆိုးတယ္လို႔လည္းမေဝဖန္ပါ။

တံခါးေပၚ ကံေကာင္းျခင္း'ဖူ'စကားလုံးေတြကပ္ၿပီးေနာက္မွာေတာ့ က်န္းေမာ့ခ်န္ ဆုေတာင္းကဗ်ာေတြေရးထားသည့္ စာ႐ြက္ေတြကိုကိုင္ကာ ဆက္ကပ္ဖို႔ျပင္လိုက္သည္။ ခ်ီခ်ီက သူ႕ဒယ္ဒီလုပ္ေနတာေတြကိုျမင္သည့္အခါ လက္ေလးေထာင္ၿပီး ေအာ္ေျပာလာသည္။

''ခ်ီခ်ီလာၿပီ ခ်ီခ်ီလာၿပီ ခ်ီခ်ီကပ္ေပးမယ္ ''

''မျဖစ္ဘူး ဒါေတြကျမင့္ျမင့္ကပ္မွျဖစ္မွာ ခ်ီခ်ီအရပ္နဲ႔ဆို မွီမွာမဟုတ္ဘူး ''

ခ်ီခ်ီကႏႈတ္ခမ္းေလးဆူသြားသည္။

''ဒယ္ဒီခုနကလိုပဲ ခ်ီေပးလို႔မရဘူးလား ''

က်န္းေမာ့ခ်န္ ကေလးေခါင္းေလးကိုပြတ္ရင္း 

''ဒယ္ဒီကအေပၚပိုင္းကပ္မယ္ ခ်ီခ်ီကေအာက္ပိုင္းကပ္ေပးေလ ဟုတ္ၿပီလား ''

ခ်ီခ်ီက အျမန္ေခါင္းၿငိမ့္ျပလိုက္ေသာ္ျငား သူနားမလည္ေပ။ ထို႔ေၾကာင့္ျပန္ေမးလိုက္သည္။

''ဘယ္လိုကပ္ရမွာလဲ ''

က်န္းေမာ့ခ်န္ စာ႐ြက္ေနာက္ကကပ္ခြာကိုခြာလိုက္ကာ အေပၚပိုင္းကိုတံခါးမွာကပ္ၿပီး ျပန္႔ေအာင္ ျဖန္႔လိုက္ရင္း ခ်ီခ်ီကိုငုံ႔ေျပာလိုက္သည္။

''ပါးပါးကိုေခၚၿပီး သားအစားကပ္ခြာ,ခြာခိုင္းလိုက္ ၿပီးရင္​ေအာက္ပိုင္းကိုကပ္ၿပီး ပါးပါးလိုလိုက္ျဖန္႔ေပး''

ခ်ီခ်ီက ဒီတစ္ခါေတာ့ေသခ်ာနားလည္သြားၿပီျဖစ္တာေၾကာင့္ သူ ယန္းခ်င္းခ်ီဆီေျပးကာ အကူအညီသြားေတာင္းလိုက္သည္။ ယန္းခ်င္းခ်ီကလည္း ခ်ီခ်ီနဲ႔အတူတူလိုက္လာၿပီး ကပ္ခြာကူခြာေပးေလသည္။

''ကပ္လို႔ရၿပီ ခ်ီခ်ီ႕အလွည့္ ''

ခ်ီခ်ီက စာ႐ြက္ကို အေသအခ်ာေလးဖိခ်လိုက္ကာ က်န္းေမာ့ခ်န္လုပ္ပုံကိုအတုခိုးၿပီး လက္ဖဝါးေသးေသးေလးျဖင့္ လိုက္ျဖန္႔ေနသည္။ မကပ္မွာစိုးတာေၾကာင့္ အရင္တေခါက္ကလို စာ႐ြက္ကို လက္သီးဆုပ္ေလးျဖင့္ တဒုန္းဒုန္းထုလိုက္ေသးသည္။

''ဒီေလာက္ဆိုရၿပီလား ''

''ရၿပီ ခ်ီခ်ီကေတာ္လိုက္တာ '' က်န္းေမာ့ခ်န္ ကေလးပုခုံးေလးကိုပုတ္ရင္း '' လာ ဒယ္ဒီ့ကို ဒီဘက္လာကူၿပီး ကပ္ေပးပါဦး ''

ခ်ီခ်ီက လုပ္သားပ်ားေလးလိုအရမ္းတက္ႂကြေနသည္။ က်န္းေမာ့ခ်န္နဲ႔အတူတူ ေနာက္တစ္ဖက္ကိုခုန္ေပါက္ၿပီး လိုက္သြားကာ ယန္းခ်င္းခ်ီအကူအညီျဖင့္ ေအာက္ပိုင္းကို ေအာင္ေအာင္ျမင္ျမင္ကပ္လိုက္ႏိုင္သည္။ သုံးခ်က္ေလာက္ထုဖို႔ကိုလည္းမေမ့။

ေဒါင္လိုက္ႏွစ္ခုကပ္ၿပီးသြားေတာ့ ထိပ္ဆုံးမွာ အလ်ားလိုက္တစ္ခုကပ္လိုက္သည္။

အားလုံးကပ္ၿပီးသြားမွ က်န္းေမာ့ခ်န္လက္ႏွစ္ဖက္ကို ပုတ္ခါရင္း

''ၿပီးၿပီ ''

ယန္းခ်င္းခ်ီ တံခါးေပၚမွာကပ္ထားသည့္ ဆုေတာင္းကဗ်ာႏွစ္ခုကိုဖတ္လိုက္သည္။ : တစ္ႏွစ္ပတ္လုံး ကံေကာင္းေပ်ာ္႐ႊင္ပါေစ။ ေအာင္ျမင္သာယာတဲ့ ေႏြဦးျဖစ္ပါေစ။

က်န္းေမာ့ခ်န္ သူ႕အနားေလွ်ာက္လာၿပီး ပုခုံးကိုလွမ္းဖက္ရင္း ေမးလာသည္။

''ဘယ္လိုလဲ ''

ခ်ီခ်ီက တစ္လုံးခ်င္းစီလိုက္ဖတ္ၾကည့္ေနသည္။ သို႔ေသာ္ သူက သာမန္ကေလးေတြထက္ ဉာဏ္ပိုေကာင္းေသာ္ျငား ဘယ္လိုပဲေျပာေျပာ ငယ္ေသးတာေၾကာင့္ စကားလုံးနည္းနည္းေလာက္ပဲဖတ္ႏိုင္ေသးသည္။ သူ မသိေသးတဲ့စကားလုံးေတြ အမ်ားႀကီး႐ွိေနတာေၾကာင့္ ပါးပါးႏွစ္ေယာက္ကို လက္ေဝွ႔ယမ္းျပရင္း

''ပါးပါး အဲ့ဒါကိုဘယ္လိုဖတ္ရမလဲဟင္ ''

ယန္းခ်င္းခ်ီက အသံေနအသံထားမွန္မွန္ျဖင့္ တစ္လုံးခ်င္းစီ ေျဖးေျဖးခ်င္း႐ြတ္ျပေနသည္။ နားလည္သလိုလိုနဲ႔နားမလည္သည့္ခ်ီခ်ီ႐ုပ္ေလးကို ၾကည့္ကာ အသည္းယားလြန္းသျဖင့္ ပါးေလးကိုဆြဲညႇစ္ပစ္လိုက္သည္။

ဒီလိုေလးလည္းေကာင္းတာပဲ။ ဒီႏွစ္လည္း မႏွစ္ကလိုပဲေပ်ာ္စရာေကာင္းေနမွာ။

ညေနဘက္မွာေတာ့ မိသားစုသုံးေယာက္ က်န္းအိမ္ကို ႏွစ္ကူးႏႈတ္ဆက္ဖို႔ ျပန္သြားလိုက္ၾကသည္။

ခ်ီခ်ီက ကားျပတင္းေပါက္အျပင္ဘက္ကိုၾကည့္ရင္း သူ႕ေဘးမွာထိုင္ေနသည့္ ယန္းခ်င္းခ်ီကိုလွည့္ေမးလာသည္။

''ပါးပါး ဒီႏွစ္ဘာလို႔ႏွင္းမက်ေသးတာလဲ ''

''ခ်ီခ်ီက ႏွင္းက်တာကိုႀကိဳက္တာလား ''

ခ်ီခ်ီ ေခါင္းၿငိမ့္လိုက္ကာ

''ႏွင္းက်ရင္ သားတို႔ ႏွင္းလူသားလုပ္လို႔ရၿပီေလ ၿပီးေတာ့ႏွင္းေဘာလုံးေတြနဲ႔ပစ္ၿပီး ေဆာ့လို႔ရေသးတယ္ သား ႏွင္းလူသားလုပ္ခ်င္တယ္ ''

''ဒါဆိုခဏေစာင့္မွျဖစ္မယ္ ေနာက္တစ္ရက္၊ႏွစ္ရက္ေလာက္ဆို ႏွင္းက်ေတာ့မွာပါ အဲ့က်ပါးပါးလည္း သားနဲ႔အတူတူလိုက္ေဆာ့ေပးမယ္ ''

''အြန္ ဟြန္ '' ခ်ီခ်ီက သူနားလည္ၿပီျဖစ္ေၾကာင္း ေခါင္းၿငိမ့္ျပလိုက္ကာ တဖက္ျပန္လွည့္သြားၿပီးအျပင္ဘက္ကို ဆက္ၾကည့္ေနသည္။

သူတို႔ က်န္းအိမ္ကိုေရာက္ေတာ့ ညေန၄နာရီထိုးေနၿပီျဖစ္သည္။ အန္တီေတြကလည္းညစာျပင္ေနၾကၿပီျဖစ္ကာ က်န္းမိဘေတြကေတာ့ ဧည့္ခန္းမွာထိုင္ၿပီးႏွစ္ကူးအေၾကာင္းေဆြးေႏြးေနၾကစဥ္ က်န္း႐ွင္းခ်န္ကေတာ့ဖုန္းပြတ္ေနသည္။

က်န္းေမာ့ခ်န္ ယန္းခ်င္းခ်ီ၊ခ်ီခ်ီတို႔နဲ႔အတူတူ အိမ္ထဲဝင္လိုက္ၿပီး သူ ခ်ီခ်ီ႕ရဲ႕အေႏြးထည္နဲ႔မာဖလာကိုကူခြၽတ္ေပးေနသည္။ ခ်ီခ်ီကေခါင္းလွည့္လိုက္ခ်ိန္ ေမေမက်န္းက သူ႕ကိုၾကည့္ေနသည္အားျမင္လိုက္ရတာေၾကာင့္ လက္ေဝွ႔ယမ္းကာႏႈတ္ဆက္လိုက္သည္။

''ဘြားဘြား ေနေကာင္းလား ''

''ေကာင္းပါ့႐ွင္ ခ်ီခ်ီေရာ ေနေကာင္းလား ထမင္းစားၿပီးၿပီလား ''

''ေကာင္းတယ္ စားၿပီးၿပီ '' ခ်ီခ်ီကလည္း တက္တက္ႂကြႂကြေလးျပန္ေျဖေနသည္။

''ဘြားဘြားကိုေျပာပါဦး ဘာေတြနဲ႔စားခဲ့တာလဲ ''

ခ်ီခ်ီက ေသခ်ာေလးစဥ္းစားေနကာ သူစားခဲ့သမွ်ဟင္းေတြကိုတစ္ခုခ်င္းစီျပန္႐ြတ္ျပေနသည္။

ယန္းခ်င္းခ်ီ ကေလးလက္ကိုကိုင္ၿပီး သူတို႔နားေလွ်ာက္သြားလိုက္ကာ ေမေမက်န္းကလည္း ခ်ီခ်ီ႕ကိုလက္ဖြင့္ၿပီးႀကိဳဆိုေနသည္။ ခ်ီခ်ီ သူမအနားေရာက္လာတာနဲ႔ ရင္ခြင္ထဲေကာက္သြင္းပစ္လိုက္တာေၾကာင့္ ခ်ီခ်ီကလည္း အလိုက္သင့္ေလး ျပန္ဖက္ထားသည္။

ယန္းခ်င္းခ်ီနဲ႔က်န္းေမာ့ခ်န္လည္း မိဘေတြရဲ႕မ်က္ႏွာခ်င္းဆိုင္ဆိုဖာမွာ ဝင္ထိုင္လိုက္ၾကသည္။

''နင္တို႔ တံခါးမွာ ႏွစ္ကူးဆုေတာင္းေတြကပ္ၿပီးၿပီလား'' က်န္း႐ွင္းခ်န္က က်န္းေမာ့ခ်န္ကိုလွမ္းေမးလိုက္သည္။

က်န္းေမာ့ခ်န္ေခါင္းၿငိမ့္ျပလိုက္ကာ သူဘာမွမေျပာရေသးခင္ ခ်ီခ်ီကသူ႕အစားလက္ေလးေျမႇာက္ၿပီး ျပန္ေျဖေပးလာသည္။

''ကပ္ၿပီးၿပီ ခ်ီခ်ီရယ္၊ပါးပါးရယ္၊ဒယ္ဒီရယ္အတူတူကပ္ၾကတာ 'ဖူ'ကို ခ်ီခ်ီကိုယ္တိုင္ကပ္တာ ''

''ဟာ ခ်ီခ်ီကေတာ္လွခ်ည္လား '' က်န္း႐ွင္းခ်န္က အျပဳံးေလးျဖင့္ခ်ီးက်ဴးလိုက္သည္။

ခ်ီခ်ီကလည္း ကူးကူးလွလွဆီကေန ခ်ီးက်ဳးခံလိုက္ရတာေၾကာင့္ အရမ္းကို႐ွက္သြားကာ ေမေမက်န္းရင္ခြင္ထဲျပန္ပုန္းေနသည္။

ေမေမက်န္းကလည္း ခ်ီခ်ီ႕ကိုလက္တဖက္ကေပြ႕ထားရင္း တဖက္ကစားပြဲေပၚကသၾကားလုံးကိုလွမ္းယူကာ ခ်ီခ်ီစားဖို႔အတြက္အခြံခြာေပးေနသည္။

တစ္ခ်ိန္လုံး အလုပ္ေတြ႐ႈပ္ေနတတ္တာေၾကာင့္ အခါႀကီးရက္ႀကီးေတြကလြဲ က်န္းေမာ့ခ်န္ က်န္းအိမ္ကိုျပန္လာခ်ိန္က လက္ခ်ိဳးေရတြက္လို႔ရသည္။ ယန္းခ်င္းခ်ီေတာင္မွ ဒီ၆လလုံး လက္ထပ္ၿပီးတစ္ခါပဲေရာက္ဖူးသည္။ ႏွစ္ေယာက္လုံးက ႐ိုက္ကြင္းထဲမွာပဲအခ်ိန္ျဖဳန္းေနရတာေၾကာင့္ ဒီတစ္ေခါက္ တ႐ုတ္ႏွစ္သစ္ကူးမွျပန္ေပၚလာသည့္ သားနဲ႔သမက္ကိုျမင္သည့္အခါ က်န္းမိဘေတြက အလုပ္ေလွ်ာ့လုပ္ဖို႔တိုက္တြန္းၾကေတာ့သည္။ အိမ္ကိုခဏခဏလာလည္ၿပီး ကေလးကိုလည္းအခ်ိန္ေပးဖို႔နဲ႔ မိသားစုအတြက္ ႀကိဳးစားပမ္းစား ပိုက္ဆံ႐ွာစရာမလိုေၾကာင္း နားခ်ေနၾကသည္။

ႏွစ္ေယာက္သားကျပဳံးပဲျပဳံးေနၿပီး ေခါင္းလည္းမၿငိမ့္၊ ျငင္းလည္းမျငင္းတာေၾကာင့္ ေမေမက်န္းဘက္ကပဲ အရင္လက္ေလွ်ာ့လိုက္ကာ အတင္းတိုက္တြန္းမေနေတာ့ပဲ ကေလးေတြစိတ္တိုင္းက်သာ လႊတ္ထားလိုက္ေတာ့သည္။

အန္တီက်န္႔က က်န္းေမာ့ခ်န္နဲ႔ယန္းခ်င္းခ်ီအိမ္မွာမ႐ွိလွ်င္ က်န္းေမာ့ခ်န္စကားအတိုင္း ခ်ီခ်ီ႕ကို ယန္းအိမ္နဲ႔က်န္းအိမ္ဆီ တလွည့္စီေခၚသြားေပးတတ္သည္။ ေမေမက်န္းအ႐ြယ္က ေျမးေတြနဲ႔စိုစိုေျပေျပေနရမည့္အ႐ြယ္ ေရာက္လာၿပီျဖစ္တာေၾကာင့္ သူတို႔အိမ္ကတစ္ဦးတည္းေသာေျမးေလးကို ယန္းအိမ္လိုပဲတုန္ေနေအာင္ခ်စ္ၾကသည္။ ကေလးကိုရင္ခြင္ထဲပိုက္ကာ မုန္႔ေကြၽးရင္း စေနာက္ေနၾကသည္။

ခ်ီခ်ီကလည္း သူ႕ပါးပါးနဲ႔သူ႕ဒယ္ဒီအနားမွာ႐ွိေနတာေၾကာင့္ အရင္ကထက္ပိုၿပီးတက္ႂကြလန္းဆန္းေနကာ ေမေမက်န္းနဲ႔စကားေတြေျပာၿပီး တခိခိရယ္ေနသည္။ တစ္အိမ္လုံးက ကေလးရယ္သံေလးျဖင့္ အရမ္းကိုေႏြးေထြးၿပီး အသက္ဝင္လႈပ္႐ွားေနသည္။

ညစာစားၿပီးေနာက္ က်န္းေမာ့ခ်န္က သူ႕မိဘ၊သူ႕အစ္မေတြနဲ႔အတူတူ သီးသန္႔စကားေျပာခ်င္တာေၾကာင့္ အေပၚထပ္တက္သြားခ်ိန္ ခ်ီခ်ီနဲ႔ယန္းခ်င္းခ်ီကေတာ့ ေအာက္ထပ္မွာ TVၾကည့္ရင္းက်န္ရစ္ခဲ့သည္။

ခ်ီခ်ီကေမးလာသည္။

''ဒယ္ဒီတို႔ေရာ ''

ယန္းခ်င္းခ်ီကလည္း ကေလးေခါင္းေလးကိုပြတ္ကာ ေႏြးေႏြးေထြးေထြးေလးျပန္ေျဖလိုက္သည္။

''သူတို႔က ေဆြးေႏြးစရာေတြ႐ွိလို႔ အေပၚထပ္ခဏတက္သြားၾကတယ္ သူတို႔ကိစၥဝိစၥေတြၿပီးတာနဲ႔ ေအာက္ျပန္ဆင္းလာၿပီး ခ်ီခ်ီနဲ႔အတူတူ ကာတြန္းကားလာၾကည့္ေပးမွာ ''

ခ်ီခ်ီကေမးခြန္းေတြအမ်ားႀကီးဆက္မေမးေတာ့ပဲ သူတို႔ေအာက္ထပ္ျပန္ဆင္းလာမည့္ အခ်ိန္ကိုသာေစာင့္ေနလိုက္သည္။

က်န္းေမာ့ခ်န္က ႐ုတ္တရက္ႀကီး ေျပာစရာ႐ွိတယ္ဟုဆိုကာ သူတို႔ကိုအေပၚဆြဲတင္လာတာေၾကာင့္ က်န္းမိဘေတြနည္းနည္းေလး ဇေဝဇဝါျဖစ္ေနသည္။ ထို႔အျပင္ အေပၚထပ္တက္လာတဲ့လူေတြမွာလည္း ယန္းခ်င္းခ်ီမပါပဲ ေလးေယာက္လုံးက်န္းအိမ္ကလူေတြျဖစ္ေနတာကို ျမင္လိုက္ရသည့္အခါ ပိုၿပီးဂလယ္အူေၾကာင္ျဖစ္သြားၾကသည္။ ေမေမက်န္းက ေဖေဖက်န္းကို တိုးတိုးတိတ္တိတ္ မ်က္ရိပ္မ်က္ေျချပလိုက္ကာ စိတ္ထဲကလည္း ဒီကေလးႏွစ္ေယာက္ တစ္ခုခုမ်ားျဖစ္လို႔လားဟု မေတြးပဲမေနႏိုင္ခဲ့။

ေမေမက်န္းထိုသို႔ေတြးမိသြားသည့္အခါ ယြမ္မင္႐ႊိတ႐ုတ္ကိုျပန္လာၿပီဆိုတဲ့သတင္းအား ႐ုတ္တရက္ႀကီးသတိရမိသြားေတာ့သည္။ မေကာင္းေတာ့ဘူး။ သူမစိတ္ထဲခ်က္ခ်င္းပူပန္သြားသည္။ သူတို႔ကြာ႐ွင္းၾကေတာ့မွာလား။

ေမေမက်န္းရင္ထဲ စိုးရိမ္စိတ္ေတြဝင္လာသည္။ သူမသားက ဒီအေကာင္ကိုခက္ခက္ခဲခဲလက္ေလွ်ာ့ၿပီးခါမွ အခုျပန္ေပါင္းထုပ္ၾကေတာ့မလို႔လား။ ဘာလို႔လဲ။ သူမစိတ္အေျခအေနမေကာင္းေတာ့ပါ။

က်န္းေမာ့ခ်န္ ဘာမွမေျပာေသးခင္ လူႀကီးေတြမ်က္ႏွာကိုတစ္ခ်က္အကဲခတ္ၾကည့္လိုက္သည္။ သူ႕အေမမ်က္ႏွာပ်က္ေနတာကိုေတြ႕လိုက္ရေတာ့ နည္းနည္းေလးဇေဝဇဝါျဖစ္သြားကာ

''မား ဘာျဖစ္လို႔လဲ ''

''ဘာမွမဟုတ္ပါဘူး မိသားစုေတြဒီလိုမ်ိဳးျပန္ဆုံရေတာ့ ေတာ္ေတာ္ေလးစိတ္ေက်နပ္စရာေကာင္းတယ္လို႔ေတြးမိလို႔ပါ မင္းနဲ႔မင္းအစ္မကလည္းေအာင္ျမင္တဲ့အလုပ္ကိုယ္စီ႐ွိတယ္ မင္းကလည္းမိသားစုနဲ႔အေျခက်ေနၿပီ ေ႐ွာင္ခ်ီကလည္း သိတတ္တယ္ ခ်ီခ်ီကလည္းလိမၼာတယ္ ေတာ္ေတာ္ေလးေကာင္းတယ္ ေတာ္ေတာ္ေလးေကာင္းတယ္ ''

''အဲ့ဒါဆိုေပ်ာ္ေနသင့္တာေလ မားမ်က္ႏွာႀကီးကဘာျဖစ္ေနတာလဲ ''

''ဟုတ္ပ ဟုတ္ပ သားေျပာတာမွန္တယ္ မားအရမ္းေပ်ာ္တာေပါ့ '' သူမက အျပဳံးေလးျပန္ဆင္ျမန္းရင္း '' သား မားတို႔ကို ေျပာစရာ႐ွိတယ္ဆို ဘာေျပာမလို႔လဲ ''

က်န္းေမာ့ခ်န္ ထိုသို႔အေမးခံလိုက္ရေတာ့ ဘယ္ကစေျပာလို႔ ေျပာရမွန္းမသိေတာ့ေပ။

မိဘေတြကိုဘယ္လိုေျပာျပရမလဲဟု အေတြ႕အၾကဳံ႐ွိၿပီးသား ယန္းခ်င္းခ်ီဆီ အၾကံဉာဏ္ေတာင္းၾကည့္လိုက္သည့္အခါ ယန္းခ်င္းခ်ီျပန္ေျဖလာသည္က

''ဘာမွမထူးဆန္းပါဘူး ဒီတိုင္းပဲ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ေနာက္ထပ္ကေလးတစ္ေယာက္ေလာက္ လိုခ်င္တယ္လို႔ေျပာလိုက္ ကိုယ္ပိုင္ကေလးတစ္ေယာက္ေလာက္ေမြးႏိုင္ရင္ေကာင္းမယ္လို႔ ေျမစမ္းခရမ္းပ်ိဳးၾကည့္လိုက္ အဆင္ေျပရင္ ကြၽန္ေတာ္ကိုယ္ဝန္႐ွိေနၿပီလို႔ တည့္သာေျပာခ်လိုက္ ''

က်န္းေမာ့ခ်န္ သူ႕ေ႐ွ႕က လူသုံးေယာက္ကိုၾကည့္ရင္း ေတြးမိသည္က ______ သူလည္း အဲ့အတိုင္းလိုက္လုပ္ၾကည့္ရင္ေကာင္းမလား။

သူ ေခ်ာင္းဟန္႔လိုက္ကာ တည္ၾကည္ေလးနက္စြာေျပာလာသည္။

''ကြၽန္ေတာ္နဲ႔ ခ်င္းခ်ီနဲ႔ ေနာက္ထပ္ကေလးတစ္ေယာက္ေလာက္လိုခ်င္တယ္ ''

က်န္း႐ွင္းခ်န္နဲ႔ေဖေဖက်န္းက အံ့ၾသသြားေသာ္ျငား ေမေမက်န္းကစိတ္သက္သာရာရသြားသည္။

''အခုလား '' က်န္း႐ွင္းခ်န္ကေမးလာသည္။ '' ေနာက္ထပ္ကေလးတစ္ေယာက္ေမြးစားဦးမလို႔လား ''

''ဒီတေခါက္ေမြးစားမွာမဟုတ္ဘူး '' က်န္းေမာ့ခ်န္ကလည္း ဂ႐ုတစိုက္ျပန္ေျဖလာသည္။

ေမေမက်န္းက သူမသားသူၾကည့္လိုက္ကာ

''အငွားကိုယ္ဝန္ေဆာင္မွာလား ''

''အငွားကိုယ္ဝန္ေဆာင္မွာလည္းမဟုတ္ဘူး ''

''ဒါဆိုဘာလဲ '' ေဖေဖက်န္းကပါ မေနႏိုင္သျဖင့္ ထေမးလာသည္။ '' မင္းတို႔ႏွစ္ေယာက္မွ ကေလးမရႏိုင္တာ ေမြးလည္းမေမြးစားခ်င္ဘူး အငွားကိုယ္ဝန္ေဆာင္မွာလည္းမဟုတ္ဘူးဆိုေတာ့ မင္းတို႔ကဘာလုပ္ဖို႔ရည္႐ြယ္ထားတာလဲ မိသားစုထဲကျပန္ေမြးစားမလို႔လား က်န္းဘက္ကလား ယန္းဘက္ကလား ''

က်န္းေမာ့ခ်န္ သူ႕ကို သိခ်င္စိတ္ေတြျပည့္ေနသည့္ မ်က္လုံးမ်ားျဖင့္ စိုက္ၾကည့္ေနေသာ လူသုံးေယာက္ကိုၾကည့္လိုက္ကာ

''............ဒီကိစၥက ဘယ္လိုေျပာရမလဲ ''

''ေျပာစရာ႐ွိတာသာေျပာ နင္ဘာပဲလုပ္ခ်င္လုပ္ခ်င္ တရားဥပေဒနဲ႔လူက်င့္ဝတ္ကိုမထိခိုက္သေ႐ြ႕ ငါတို႔က အကုန္လုံးေနာက္ကေနေထာက္ခံအားေပးေနမွာပဲ တစ္ခုပဲ ေ႐ွာင္ေမာ့ နင္နဲ႔ခ်င္းခ်ီနဲ႔က မင္းသားေတြ ႏွစ္ေယာက္လုံးအလုပ္ကိုယ္စီ႐ႈပ္ေနၾကတာ အခုအခ်ိန္မွာ ကေလးေနာက္တစ္ေယာက္ထပ္ယူလိုက္ရင္ နည္းနည္းေလးမဆင္မျခင္လုပ္သလိုျဖစ္မသြားဘူးလား ဒါမွမဟုတ္ ေနာက္ထပ္ႏွစ္အနည္းငယ္ေလာက္ေစာင့္လိုက္ပါလား အဲ့ဒါဆိုနင္တို႔ႏွစ္ေယာက္ရဲ႕အခ်ိန္ေတြလည္း ပိုထြက္လာႏိုင္တယ္ေလ'' က်န္း႐ွင္းခ်န္က ထိုသို႔အၾကံေပးလာသည္။

က်န္းေမာ့ခ်န္လည္း ကူကယ္ရာမဲ့သြားသည္။ တကယ္လို႔ သူလည္း ယန္းခ်င္းခ်ီသာ ကိုယ္ဝန္ရႏိုင္စြမ္း႐ွိတယ္ဆိုတာကို သိၾကည့္ပါလား ျပန္ေ႐ြးခ်ယ္ခြင့္ေပးရင္ အဲ့အခ်ိန္ကိုေ႐ြးမလား။ ႏွစ္ေယာက္လုံး ဒီ့ထက္ပိုအားသြားတဲ့အခ်ိန္ကိုေ႐ြးမွာေပါ့။ အခုေတာ့ ေလွလည္းထြက္သြားၿပီ။ ဘာမွမတတ္ႏိုင္ေတာ့ဘူး ဆက္ေမာင္းဖို႔ပဲက်န္ေတာ့တယ္။

''အဲ့ဒါက အဲ့လိုလုပ္လို႔မရေတာ့ဘူး ေနာက္က်သြားၿပီ ''

''ဘာကေနာက္က်သြားတာလဲ ''

က်န္းေမာ့ခ်န္ အသက္ကို​႐ႈသြင္း၊႐ွဴထုတ္လိုက္ကာ သူ႕ေ႐ွ႕ကသုံးေယာက္က္ိဳၾကည့္ရင္း

''ကြၽန္ေတာ္ေျပာတာကိုနားေထာင္ၿပီး လန္႔မသြားၾကနဲ႔ေနာ္ ၿပီးေတာ့ လိမ္ေျပာေနတာလည္းမဟုတ္သလို ေနာက္ေနတာလည္းမဟုတ္ဘူး ''

''အဲ့ေတာ့မင္းေျပာခ်င္တာက ဘာလဲ '' ေမေမက်န္း စိတ္မ႐ွည္ေတာ့ပါ။

က်န္းေမာ့ခ်န္ ေလကိုတစ္ဝႀကီး႐ႈသြင္းလိုက္ၿပီး ဆက္တိုက္ေျပာလာသည္။

''ခ်င္းခ်ီမွာ ကြၽန္ေတာ္နဲ႔ရတဲ့ကိုယ္ဝန္႐ွိေနၿပီ ကြၽန္ေတာ္တို႔ကေလးရေတာ့မယ္ မားတို႔ကိုလိမ္ေျပာေနတာမဟုတ္ဘူး အဲ့ေတာ့ေျပာခ်င္တာက ကြၽန္ေတာ္တို႔ဘာသာကြၽန္ေတာ္တို႔ ကိုယ္ပိုင္ကေလးေလးေမြးႏိုင္ၿပီ ''

က်န္းေမာ့ခ်န္ထိုသို႔ေျပာရင္း သူ႕မိဘေတြနဲ႔အစ္မကိုၾကည့္လိုက္သည္။ သုံးေယာက္သားအံ့ၾသလြန္းသျဖင့္ ပါးစပ္ေလးအေဟာင္းသားႏွင့္ သူ႕ကို ၾကည့္ေနၾကသည္မွာ မသိလွ်င္ မ်က္ႏွာအမူအရာက Copy-Paste လုပ္ထားသလိုမ်ိဳးပင္။ 囧 

သုံးေယာက္ထဲမွာ က်န္း႐ွင္းခ်န္ကအရင္ဆုံးအသိျပန္ဝင္လာသည္။ သူမက အခုထိမယုံႏိုင္ေသးပါ။

''နင္ဘာေျပာလိုက္တာ ခ်င္းခ်ီမွာကိုယ္ဝန္႐ွိေနတယ္? ''

''ေနဦး ေနဦး '' ေမေမက်န္းကလည္း လွမ္းတားသည္။ '' ခ်င္းခ်ီက ေယာက်္ားေလးမဟုတ္ဘူးလား ငါတို႔ က်န္းအိမ္နဲ႔ယန္းအိမ္က အဘိုးႀကီးစိတ္တိုင္းက် ကေလးေတြႀကီးလာရင္လက္ထပ္ေပးဖို႔ ေစ့စပ္ေၾကာင္းလမ္းထားတာ႐ွိေပမဲ့ တကယ္တမ္းမင္းနဲ႔ယူရမွာက ခ်င္း႐ွီေလ ဒါေပမဲ့မင္းက ေနာက္ပိုင္း ေယာက်္ားေလးႀကိဳက္တယ္ မိန္းကေလးမယူႏိုင္ဘူးေျပာလာေတာ့ ယန္းမိသားစုနဲ႔တိုင္ပင္ၿပီး ခ်င္း႐ွီကေနခ်င္းခ်ီကိုေျပာင္းလိုက္တာမဟုတ္ဘူးလား ခ်င္းခ်ီကေယာက်္ားေလးေလ ဟုတ္တယ္မလား မဟုတ္မွလြဲေရာ ခ်င္းခ်ီက တကယ္တမ္း ေယာက်္ားေလးေယာင္ဟန္ေဆာင္ထားတဲ့ မိန္းကေလးမ်ားလား မားတို႔ကမသိၾကတာလား ''

က်န္းေမာ့ခ်န္တစ္ေယာက္ ေျပာစရာစကားေပ်ာက္ဆုံးသြားသည္။

''ခ်င္းခ်ီကေယာက်္ားအစစ္ပါ ကြၽန္ေတာ္တို႔အတူေနလာတာျဖင့္ ဒီေလာက္ၾကာၿပီ သူေယာက်္ားေလးလား၊မိန္းကေလးလားဆိုတာကို ကြၽန္ေတာ္မသိပဲေနမလား''

''ဒါဆိုဘာလို႔သူကကိုယ္ဝန္႐ွိသြားတာလဲ ဟိုးအရင္ေခတ္ကတည္းက မိန္းကေလးပဲကိုယ္ဝန္ေဆာင္ႏိုင္တာေလ ေယာက်္ားေလးမွကိုယ္ဝန္မေဆာင္ႏိုင္တာ ''

''ကြၽန္ေတာ္လည္း ဘယ္လိုျဖစ္သြားမွန္းမသိဘူး ဒါေပမဲ့အဲ့ဒါကအမွန္တရားပဲ ''

''ေဆး႐ုံသြားၿပီးၿပီလား ေဆးစစ္ခ်က္မွားတာမ်ားလား''

''က်ဲက်ဲ ကြၽန္ေတာ္က ဒီလိုကိစၥကိုအမွားလုပ္မဲ့လူမ်ိဳးလား '' က်န္းေမာ့ခ်န္ကျပန္ေမးလာသည္။

က်န္း႐ွင္းခ်န္ ထိုစကားၾကားမွ သူမေမာင္က မဟုတ္တာကိုအဟုတ္လုပ္ေျပာမည့္လူမဟုတ္မွန္း ျပန္သတိရသြားေတာ့သည္။ အဲ့ေတာ့တကယ္ႀကီး ကိုယ္ဝန္႐ွိေနတာလား? ဒါေပမဲ့ ယန္းခ်င္းခ်ီကေယာက်္ားေလးေလ။ ဘယ္လိုလုပ္ကိုယ္ဝန္ေဆာင္ႏိုင္တာလဲ?

''ယန္းအိမ္ကေရာ ဒီကိစၥသိၿပီးၿပီလား ''

''သိၿပီးၿပီ ကြၽန္ေတာ္တို႔မေန႔ကပဲ ယန္းအိမ္ကိုသြားၿပီး အဲ့ကိစၥေျပာျပလိုက္တာ ''

''သူ႕မိဘေတြဘယ္လိုတုံ႔ျပန္လဲ '' ေဖေဖက်န္းကဝင္ေမးလာသည္။

''သူ႕မိဘေတြက ေခ်ာေခ်ာေမြ႕ေမြ႕လက္ခံပါတယ္ ကိုယ္ဝန္ေဆာင္တဲ့အခ်ိန္အတြင္း ေဆာင္ရေ႐ွာင္ရမွာေတြကိုေတာင္ စာရင္းထုတ္ေပးလိုက္ေသးတယ္ ''

''ဒါဆို ငါတို႔က်န္းအိမ္ကလည္း သူတို႔ကို႐ႈံးလို႔မျဖစ္ဘူး '' ေဖေဖက်န္းက က်န္းေမာ့ခ်န္စကားၾကားတာနဲ႔ ႐ုတ္တရက္ႀကီးတုံ႔ျပန္လာသည္။ '' ဒါေယာက်္ားေလးကိုယ္ဝန္ေဆာင္ႏိုင္႐ုံပဲမဟုတ္ဘူးလား ကမ႓ာႀကီးက ဒီေလာက္ႀကီးတာ ေနရာတိုင္းမွာအံ့ၾသစရာေတြခ်ည္းပဲ သူ႕မိဘေတြေတာင္လက္ခံႏိုင္မွေတာ့ ငါတို႔က်န္းအိမ္ကလည္းလက္မခံႏိုင္စရာဘာအေၾကာင္းမွမ႐ွိဘူး ငါတို႔လည္းလက္ခံႏိုင္တယ္ ''

ေဖေဖက်န္းက ထိုသို႔ေျပာရင္း ေမေမက်န္းကိုပုတ္လိုက္ကာ

''မင္းကအေတြ႕အၾကဳံ႐ွိဖူးေတာ့ ကိုယ္ဝန္ေဆာင္စဥ္အေတာအတြင္းဘာေတြလုပ္ရမယ္၊ဘာေတြမစားရဘူးဆိုတာကို ခဏေနသတိေပးလိုက္ဦး ငါတို႔ ယန္းအိမ္ကို႐ႈံးလို႔မျဖစ္ဘူး ''

ေမေမက်န္းကလည္း ထိုစကားၾကားေတာ့ အသက္အ႐ြယ္ႀကီးမွတိမ္ငုပ္သြားသည့္ အေက်ာမခံခ်င္သည့္စိတ္မ်ားက ခ်က္ခ်င္း ထိုးေထာင္ထႂကြလာကာ ယန္းအိမ္ကို သူတို႔ဘက္ကလည္းသေဘာထားႀကီးႀကီးျဖင့္ လက္ခံႏိုင္ေၾကာင္းျပခ်င္တာေၾကာင့္

''ရတယ္ေလ ကြၽန္မ ခဏေန ေ႐ွာင္ေမာ့ျပန္ရင္ယူသြားဖို႔ စာရင္းလုပ္ေပးလိုက္မယ္ ''

''ေ႐ွာင္ေမာ့အာ '' ေမေမက်န္းက သူမသားသူၾကည့္လိုက္ကာ '' အခု မားလုပ္ေပးမဲ့စာရင္းေတြအတိုင္း ခ်င္းခ်ီကိုေသခ်ာဂ႐ုစိုက္ေပးရမယ္ေနာ္ ကိုယ္ဝန္ေဆာင္တယ္ဆိုတာ ေပါ့ေပါ့တန္တန္သေဘာထားလို႔ရတဲ့အရာမဟုတ္ဘူး မားကႏွစ္ခါေမြးဖူးေတာ့ အေတြ႕အၾကဳံေတြအမ်ားႀကီး႐ွိတယ္ ''

''ဟုတ္တယ္ မင္းရဲ႕မားေျပာတာမွန္တယ္ '' ေဖေဖက်န္းကလည္းဝင္ေျပာလာသည္။ '' သူ(မ)ေျပာတဲ့အတိုင္းလိုက္လုပ္ ''

ကိစၥေတြကဒီလိုႀကီး အၿပိဳင္အဆိုင္ျဖစ္သြားလိမ့္မယ္လို႔ က်န္းေမာ့ခ်န္မေမွ်ာ္လင့္ထားပါ။ ဆယ္ႏွစ္ေက်ာ္ေလာက္ သူ႕မိဘေတြဆီမွာ ၿပိဳင္ခ်င္ဆိုင္ခ်င္တဲ့စိတ္အင္အားေတြ ငုပ္လွ်ိဳးသြားၿပီျဖစ္တာေၾကာင့္ အခုဒီကိစၥမွာ ခမည္းခမက္ေတြထက္ေနာက္ေကာက္က်သြားမွာကို စိတ္ပူေနၾကသည္။ ဒါေပမဲ့ ဒီအတိုင္းလည္းအဆင္ေျပပါတယ္၊ ဘယ္လိုလက္ခံလက္ခံ လက္ခံဖို႔ပဲလိုတယ္။

''အင္း '' သူျပန္ေျဖလိုက္သည္။

သူ႕ေျဖသံၾကားေတာ့ ေမေမက်န္းက နည္းနည္းေလာက္သံသယဝင္ေနဆဲျဖစ္သည္။

''သူ႕မွာတကယ္ႀကီး ကိုယ္ဝန္႐ွိေနတာလား ''

_________________________________

You don't want to read, you can skip this.

福 (ဖူ) ကံေကာင္းျခင္း၊ ေပ်ာ္႐ႊင္မႈ၊ ေကာင္းခ်ီး။  တ႐ုတ္ႏွစ္ကူးမွာ ႏွစ္ကူးဆုေတာင္းစာလုံးေတြ၊ကဗ်ာေတြကပ္ၾကပါတယ္။ အဲ့ထဲမွာ ဖူဆိုတဲ့စကားလုံးကိုေဇာက္ထိုးကပ္ၾကပါတယ္။ ဖူက သနားၾကင္နာတတ္တဲ့ဧကရီဘုရင္မမာကို ဂုဏ္ျပဳတဲ့အေနနဲ႔ကပ္ေပးတာပါ။ အရင္က မင္မင္းဆက္ဘုရင္ က်ဴယြမ္က်န္းက နန္က်င္းကိုသိမ္းပိုက္ၿပီးတဲ့ေနာက္မွာ သူ႕ကိုဂုဏ္ျပဳတဲ့အေနနဲ႔ အိမ္တိုင္းမွာဖူဆိုတဲ့စကားလုံးကိုကပ္ခိုင္းပါတယ္ ဒါေပမဲ့အဲ့ထဲမွာ ေလ်ာင္ဆိုတဲ့တစ္ေယာက္ကစာမတတ္ေတာ့ ေဇာက္ထိုးကပ္လိုက္ပါတယ္။ ဘုရင္ကသူ႕လူေတြကို ကပ္မကပ္လိုက္စစ္ခိုင္းတာေပါ့။ တခ်ိဳ႕မကပ္ထားတဲ့အိမ္ေတြ႐ွိတယ္လို႔သတင္းပို႔လာေတာ့ စိတ္ဆိုးၿပီးဖမ္းခိုင္းတယ္။ အဲ့မွာ တစ္အိမ္ကေဇာက္ထိုးကပ္ထားတယ္လို႔ပါ သတင္းပို႔လာေတာ့ ဘုရင္က ပိုေဒါသထြက္သြားေရာ။ တစ္အိမ္လုံးကို ေဆြစဥ္မ်ိဳးဆက္မခ်န္သတ္ခိုင္းတာေပါ့။ အဲ့မွာ ဘုရင့္ဧကရီမာက ဘုရင္အမ်က္မထြက္ေအာင္၊ မေသသင့္လူေတြမေသေအာင္ နားခ်ရေတာ့တာေပါ့။ 倒(ေတာက္) 'ေဇာက္ထိုးေျပာင္းျပန္' ဆိုတဲ့စကားလုံးက 到(ေတာက္) 'ေရာက္လာတယ္' ဆိုတဲ့စကားလုံးနဲ႔ အသံထြက္တူတာေၾကာင့္ သူေျပာင္းျပန္ကပ္လိုက္တာက 福到(ဖူေတာက္) 'ကံေကာင္းျခင္းေတြေရာက္လာတယ္၊ ဒီမွာ႐ွိေနတယ္' လို႔ ဆိုလိုတာမဟုတ္ဘူးလားဆိုၿပီး လွည့္ေျပာလိုက္မွ ဘုရင္က စိတ္ျပန္ၾကည္သြားေတာ့တယ္တဲ့။ အဲ့လိုနဲ႔သနားၾကင္နာတတ္တဲ့ ဧကရီမာကို ဂုဏ္ျပဳတဲ့အေနနဲ႔ ႏွစ္ကူးတိုင္း ဖူကို တခ်ိဳ႕ကေဇာက္ထိုးကပ္ၾကပါတယ္။

Source From Wikipedia

ကိုယ္လည္းသိခ်င္လို႔လိုက္႐ွာထားတာျဖစ္တဲ့အတြက္၊ တ႐ုတ္မစစ္စစ္ မဟုတ္တဲ့အတြက္ မတိက်ႏိုင္ပါဘူး။ အမွား႐ွိရင္လာေထာက္ျပေပးပါ။ niniခ်က္ခ်င္းျပန္ျပင္ေပးပါ့မယ္။

Continue Reading

You'll Also Like

71.9K 8.3K 84
transition novel
82.5K 9.2K 98
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
995K 116K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
2.9M 260K 48
!အမွန္ေတာ့ မင္းက က္ုိယ္အၿမဲတမ္း အမွတ္တရ သိမ္းထားခ်င္မိတဲ့ အစိမ္းေရာင္ ေပ်ာ္႐ႊင္ျခင္းေလးပါ... Oct9.2021 !အ...