ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့...

By Dandelion_nini

5.2M 711K 55.1K

Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking fin... More

Synopsis
အသိပေးစာ
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35.1
Chapter 35.2
Chapter 35.3
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140
Chapter 141
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155
Chapter 156
Chapter 157
Chapter 158
Chapter 159
Chapter 160
Chapter 161
Chapter 162
Chapter 163
Chapter 164
Chapter 165
Chapter 166
Chapter 167
Chapter 168
Chapter 169
Chapter 170
Chapter 171
Chapter 172
Chapter 173
Chapter 174
Chapter 175
Chapter 176
Chapter 177
Chapter 178
Chapter 179
Chapter 180
Chapter 181
Chapter 182
Chapter 183
Chapter 184
Chapter 185
Chapter 186
Chapter 187
Chapter 188
Chapter 189
Chapter 190
Chapter 191 [ Final ]
ကျေးဇူးတင်လွှာနဲ့ Extraအကြောင်း
Updates and fanarts
About Car

Chapter 95

27.9K 3.6K 175
By Dandelion_nini

Unicode

လက်စွပ်နှင့် ချီချီ့ရဲ့ခရစ္စမတ်ဖျော်ဖြေပွဲ
__________________________________

အတွေ့အကြုံမရှိပဲ တုံးတုံးအအဖြစ်နေမည့် ယန်းချင်းချီကို ကျန်းမော့ချန်စိတ်ကူးယဥ်ကြည့်လို့မရပါ။ တော်တော်လေးကိုထူးဆန်းသည်။ ယန်းချင်းချီလိုဉာဏ်ကောင်းပုံမျိုး၊ ပြဿနာတစ်ခုခုကြုံလာလျှင် အခက်အခဲမရှိဖြေရှင်းနိုင်ပုံမျိုးနှင့် Recording သွင်းထားတတ်သည့်အကျင့်ပါ ထပ်ပေါင်းလိုက်လျှင် ဒီလောက်အချိန်အကြာကြီး လီရှင်းရန်ဆီကနေ လှည့်စားခံရမည့်လူမျိုးမဟုတ်ပေ။ ဒါဆိုဘာလို့လဲ။ ဘယ်လိုလုပ် ဒီလောက်အချိန်အကြာကြီးလှည့်စားခံနေရတာလဲ။ လီရှင်းရန်က ယန်းချင်းချီရဲ့အချစ်ဦးဖြစ်နေလို့များလား။ တဖက်လူဘာလုပ်လုပ် 1500filterကြီးထည့်ကြည့်ပြီး အကုန်အကောင်းမြင်ပေးနေတာမျိုးလေ? ဒါကြောင့်ပဲဖြစ်ရမယ်! ကျန်းမော့ချန်တွေးလေ တွေးလေ လီရှင်းရန်ကိုရိုက်သတ်ချင်လေဖြစ်လာသည်။ ဘာလို့အဲ့လောက်ချစ်ပေးနိုင်ရတာလဲ! ဒီဆန်ကုန်​မြေလေးက ဘာတွေများကောင်းနေလို့လဲ!!

ကျန်းမော့ချန်တစ်ယောက် ရုတ်တရက်ကြီး မျက်နှာထားတည်တည်ဖြင့် အေးစက်စက်အငွေ့အသက်တွေထုတ်လွှတ်နေတာကိုမြင်တော့ ယန်းချင်းချီ နဝေတိမ်တောင်လေးဖြစ်သွားကာ

''ခင်ဗျား အဆင်ပြေရဲ့လား ''

ကျန်းမော့ချန် ယန်းချင်းချီကို ကြည့်ရင်း သူ့စိတ်ထဲအားမလိုအားမရတွေဖြစ်ပြီး နည်းနည်းလေးလည်းဒေါသထွက်နေသည်။ သို့သော် အတိတ်ဆိုသည့်အရာက သူပြန်ပြင်လို့သည့်အရာမဟုတ်တာကြောင့် အခုလိုသာပြောနိုင်တော့သည်။

''နောက်တစ်ခါ အဲ့ကောင်မင်းကိုဖုန်းထပ်ဆက်ရင် ကိုယ့်ဆီတန်းလွှဲပေးလိုက် ကိုယ်ဖြေရှင်းလိုက်မယ် ''

ယန်းချင်းချီ ခေါင်းလေးငြိမ့်လိုက်ကာ

''ဒါပေမဲ့ သူကျွန်တော့်ဆီထပ်ဆက်သွယ်လောက်မှာမဟုတ်တော့ဘူး ကျွန်တော်က အကောင်ကြီးကြီးတစ်ယောက်ကို အပြစ်ပြုမိထားတယ်လို့ပဲ သူကထင်နေတာ အဲ့လူကသူ့ကိုအသုံးချပြီး ကျွန်တော့်ကိုဒုက္ခပေးချင်နေတယ်ပေါ့ သူမြေစာပင်ဖြစ်သွားမှာစိုးလို့ အခုလောက်ဆို ကျွန်တော်နဲ့ဝေးနိုင်သမျှဝေးဝေးမှာနေနိုင်ဖို့ ဆုတောင်းနေလောက်ပြီ ''

''ဟက်! အမှိုက်! '' ကျန်းမော့ချန် စိတ်ဆိုးတကြီး ဆူပူလာသည်။

ယန်းချင်းချီကလည်း နောက်ကနေခေါင်းငြိမ့်ထောက်ခံရင်း

''အမှိုက်တောင်ရိုးရိုးအမှိုက်မဟုတ်ဘူး ပြန်သုံးလို့မရတော့တဲ့အမှိုက်မျိုး ''

နှစ်ယောက်သား လီရှင်းရန်နဲ့ယွမ်မင်ရွှိအကြောင်း ခဏလောက်ပြောနေလိုက်ကြကာ သိပ်မကြာခင် ယန်းချင်းချီအိပ်ချင်လာတာကြောင့် စောစောအနားယူဖို့အတွက် ရေအရင်ဝင်ချိုးလိုက်သည်။ သူရေချိုးခန်းထဲကထွက်အလာ ကျန်းမော့ချန်ကိုရေချိုးလို့ရပြီဖြစ်ကြောင်း သတိပေးဖို့ပြင်လိုက်စဥ် တစ်ယောက်သောသူက တောင်ခြစ်မြောက်ခြစ်နှင့် ပုံဆွဲနေတာကို ထူးဆန်းစွာတွေ့လိုက်ရလေသည်။

''ခင်ဗျားဘာလုပ်နေတာလဲ '' သူ ကျန်းမော့ချန်အနား လျှောက်သွားလိုက်ကာ ကော်ဖီစားပွဲပေါ်ကစာရွက်တွေကိုလှမ်းကြည့်လိုက်သည်။

ယန်းချင်းချီ အနားရောက်လာတာကိုမြင်တော့ ကျန်းမော့ချန်ကလည်း သဘာဝကျစွာပဲ ခဲတံလှမ်းပေးရင်း

''ချီချီကကိုယ့်ကိုသူနဲ့အတူတူပုံဆွဲစေချင်နေတာ ဒါပေမဲ့ မင်းသိတဲ့အတိုင်း ကိုယ်မှပုံမဆွဲတတ်တာ အဲ့တော့ မင်းပြန်လာမှမိသားစုသုံးယောက် အတူတူပုံဆွဲကြမယ်လို့ လှည့်စားထားရတယ် သူက ဒီတစ်ခေါက် ပျံလွှားငှက်ပုံ ဆွဲချင်တယ်လို့ပြောတယ် ''

ကျန်းမော့ချန်ပြောရင်း စာရွက်တစ်ရွက်ကိုထုတ်လိုက်ကာ

''ဒါက ချီချီဆွဲထားတာ ကိုယ့်ပုံဆွဲစကေးလ်ကြီးကို မြင်သွားရင် သူ့ရင်ထဲကကိုယ့်ပုံရိပ်ကြီး ပျက်စီးသွားမှာစိုးလို့ မနည်းကိုအာရုံပြောင်းထားရတယ် မင်း ကိုယ့်ကို ပျံလွှားငှက်လေးကူဆွဲပေးပါ ရမလား ''

ယန်းချင်းချီ ကျန်းမော့ချန်ဘေးဝင်ထိုင်လိုက်ပြီး ချီချီဆွဲထားသည့်ပျံလွှားငှက်နှင့် ကျန်းမော့ချန်ဆွဲထားသည့် တောင်ခြစ်မြောက်ခြစ်ငှက်ကို ယှဥ်ကြည့်လိုက်ကာ ငြင်ငြင်သာသာလေးပြောလာသည်။

''ခင်ဗျားပြောချင်တာက ကျွန်တော်ဆွဲထားတဲ့ပုံတွေကို ခင်ဗျားဆွဲထားတဲ့ပုံတွေဆိုပြီး ချီချီ့ကိုပြချင်တယ်ပေါ့ ''

ကျန်းမော့ချန် ကူကယ်ရာမဲ့သွားကာ

''ကိုယ်လည်းရွေးစရာမှမရှိတော့တာ ဘယ်လိုသင်သင်မတတ်တဲ့ပါရမီကြီးကြောင့် တော်တော်လေးကိုစိတ်ဆင်းရဲနေတယ် ''

''ကျောင်းသားကျန်း မင်းကတော့ ဒီဆရာနဲ့နှစ်ယောက်ထဲ လက်ကိုင်ပြီး သေချာသင်ပေးမဲ့ ပန်းချီသင်တန်းလေးတစ်ခု လိုအပ်နေပြီ ''

ကျန်းမော့ချန်က ဆန္ဒရှိသော်ငြား

''လောင်ရှီး ပါးစပ်ကပြောနေပေမဲ့ လောင်ရှီးမှာ အချိန်ရောရှိလို့လား ''

''နောက်လအထိစောင့် ဒီကားပြီးတာနဲ့ ကျောင်းသားကျန်းကို သေသေချာချာလေး အတတ်သင်ပေးမယ် ''

''ဒါဆို လောင်ရှီး မြန်မြန်လေးပြီးဖို့လိုနေပြီ ဒီက မစောင့်နိုင်တော့ဘူး ''

''စိတ်မကောင်းစရာက အဲ့ဒါလောင်ရှီးဆုံးဖြတ်လို့ရတဲ့အရာမဟုတ်ဘူး ''

ကျန်းမော့ချန် သက်ပြင်းချလိုက်ကာ

''မင်းဆွဲနှင့်လိုက် ပုံစံရော၊လှုပ်ရှားပုံရော၊စတိုင်ရော မင်းစိတ်ထဲရှိရာဆွဲထားလိုက် ကိုယ်အိမ်ပြန်ရောက်မှ အဲ့ဒါတွေကို ကိုယ်ဆွဲထားတာဆိုပြီး ချီချီ့ကိုပြလိုက်မယ် ''

''သိပြီ ရေသွားချိုးလိုက်တော့ ''

ကျန်းမော့ချန် နေရာကနေထလိုက်ချိန် မျက်လုံးလေးတွေက ပုံဆွဲစာရွက်ကိုစိုက်ကြည့်ရင်း ခဲတံလှည့်နေသည့် ယန်းချင်းချီဆီအကြည့်ရောက်သွားသည်။ ထိုကဲ့သို့ တဖက်လူ၏အာရုံစူးစိုက်နေပုံလေးက ဆွဲဆောင်မှုရှိလွန်းတာကြောင့် သူ မနေနိုင်စွာ ငုံ့ကိုင်းရင်း ယန်းချင်းချီပါးကို လှမ်းနမ်းပစ်လိုက်သည်။

ယန်းချင်းချီက ကြောင်အသွားကာ ပါးလေးကိုကိုင်ပြီး သူ့ကို မအူမလည်မော့ကြည့်လာသည်။

''ဘာလုပ်တာလဲ ''

ကျန်းမော့ချန်ကလည်း သူနမ်းလိုက်တဲ့နေရာလေးကိုဆွဲညှစ်ရင်း နွေးနွေးထွေးထွေးလေးပြောလိုက်သည်။

''ထက်မြက်ပြီးချင့်ချိန်တတ်တယ် ''

ယန်းချင်းချီ ထိုချီးကျူးစကားကိုကြားတော့ သဘောကျသလိုရယ်လိုက်ကာ

''ကျွန်တော်က? ထက်မြက်ပြီးချင့်ချိန်တတ်တယ်? ''

''မဟုတ်ဘူးလား ''

ယန်းချင်းချီ ခေါင်းခါလိုက်ကာ

''တနေ့နေ့မှာ ကျွန်တော့်ကို တစ်ယောက်သောသူက ထက်မြက်ပြီးချင့်ချိန်တတ်တယ်လို့ ချီးကျူးလာလိမ့်မယ်မှန်း တစ်ခါမမျှော်လင့်ဖူးဘူး အိုက်ယား ဒီလိုမျိုးချီးကျူးခံရဖို့ မလွယ်ကူလိုက်တာ ''

ကျန်းမော့ချန်ရယ်လိုက်ကာ '' ဟုတ်ပါပြီ ပုံသာသေချာဆွဲပါတော့ ''

သူပြောရင်း ရေချိုးခန်းဆီလျှောက်သွားလိုက်သည်။

ရေချိုးခန်းတံခါးမပိတ်ခင် အာရုံစိုက်ပြီးပုံဆွဲနေသည့်ယန်းချင်းချီကို ကျန်းမော့ချန်လှမ်းကြည့်လိုက်ကာ စိတ်သက်သာရာရသွားသလိုမျိုး သက်ပြင်းရှည်ကြီးချလိုက်မိသည်။ သူ့မွေးနေ့ပြီးနောက်တနေ့ ယန်းချင်းချီပြန်သွားကတည်းက သူတို့နှစ်ယောက်အတွက် လက်ထပ်လက်စွပ်ကို ဘယ်လိုဖန်တီးရမလဲဟု ကျန်းမော့ချန် အချိန်တိုင်းစဥ်းစားနေမိတာဖြစ်သည်။ သူ့မှာစိတ်ကူးတစ်ချို့ရှိထားတာကြောင့် ဒီဇိုင်နာနဲ့တိုင်ပင်ပြီးသည့်အခါ ဒီဇိုင်နာကလည်းသူလုပ်ချင်သည့်ပုံစံအတိုင်း လုပ်ပေးနိုင်သည်ဟု ကတိပေးလာတာကြောင့် လက်စွပ်ကိစ္စကိုစိတ်မပူရတော့ပေ။ သို့သော် သူကပုံမဆွဲတတ်သဖြင့် ဒီဇိုင်းပိုင်းမှာ ပြဿနာတက်နေသည်။

ဒီလက်စွပ်က သူနဲ့ယန်းချင်းချီအတွက် ထူးခြားသည့်အမှတ်သင်္ကေတတစ်ခုဖြစ်တာကြောင့် သူတို့နှစ်ယောက်နဲ့သာသက်ဆိုင်မည့် တစ်စုံတစ်ခုကို အခြားလူဝင်နှောက်ယှက်တာမျိုးမလိုချင်ပါ။ လက်စွပ်ဒီဇိုင်းကို သူမဆွဲနိုင်လျှင် ယန်းချင်းချီကိုကူဆွဲခိုင်းရမည်။ တခြားလူလက်နဲ့ဆွဲတဲ့ ဒီဇိုင်းမျိုးမလိုချင်ပေ။ ကျန်းမော့ချန် တံခါးဆွဲပိတ်လိုက်သည်။ သူ ယန်းချင်းချီအံ့သြသွားအောင် ဒီလက်စွပ်နဲ့ လက်ထပ်ခွင့်တောင်းဖို့ ရည်ရွယ်ထားတာကြောင့် သူ တဖက်လူကို ဘယ်လိုလုပ် ပေါ်ပေါ်တင်တင်ကြီးကူညီခိုင်းလို့ဖြစ်ပါ့မလဲ။ အဲ့တော့ ချီချီ့ကိုအသုံးချပြီး နည်းလမ်းတွေထုတ်ရတော့တာပေါ့။

သူများတွေက ပရိုပို့စ်လုပ်ပြီးမှ လက်ထပ်ကြသော်ငြား သူတို့ကျ လက်ထပ်ပြီးမှ ပရိုပို့စ်လုပ်တာမို့ နည်းနည်းလေးကပြောင်းကပြန်ဖြစ်နေလိမ့်မည်။ ဒါပေမဲ့ လက်ထပ်ပြီးမှ ပရိုပို့စ်မလုပ်ရဘူးလို့ ဘယ်သူကအမိန့်ထုတ်ထားလဲ။

သူ ယန်းချင်းချီအပေါ်အကြွေးတင်ထားတာတွေအားလုံး တစ်ခုချင်းစီပြန်ဖြည့်ဆည်းပေးမည်။ ___ ခံစားချက်တွေဖွင့်ပြောမည်။ လက်ထပ်ခွင့်တောင်းမည်။ မင်္ဂလာပွဲလုပ်မည်။ အများသိအောင်ကြော်ငြာပစ်မည်။ သူတို့နှစ်ယောက်၏ဆက်ဆံရေးက ဂိတ်စကိုပြန်သွားမည့် ရထားတစ်စင်းလိုပင်။ သူလိုငါလို မင်္ဂလာဆောင်ပြီးတာနဲ့ ဂိတ်ဆုံးသွားပြီဖြစ်သော်ငြား သူတို့နှစ်ယောက်ကတော့ ရထားပေါ်ကနေအလောတကြီးမဆင်းဖြစ်ကြပဲ ပေါက်ဖွားလာသည့်ခံစားချက်အသစ်တွေဖြင့် လွတ်သွားသည့်ရှုခင်းလှလှတွေကိုပြန်ကြည့်ရင်း ဂိတ်စကိုဖြည်းဖြည်းချင်း ပြန်ခုတ်မောင်းသွားမည့် ကြည်နူးဆွတ်ပျံ့ဖွယ် ဆက်ဆံရေးမျိုးဖြစ်သည်။

သူရေချိုးပြီးလို့ပြန်ထွက်လာတော့ ယန်းချင်းချီက ပျံလွှားငှက်ပုံတော်တော်များများ ဆွဲလို့ပြီးနေပြီဖြစ်သည်။ တစ်ချို့က ရိုးရိုးရှင်းရှင်းပင်။ ဆွဲချက်တစ်ချက်၊နှစ်ချက်ဖြင့် ကလေးပါလိုက်ဆွဲလို့ရသည့် ပျံလွှားငှက်လေးတွေဖြစ်သည်။ တစ်ချို့ကျရှုပ်ထွေးသည်။ တစ်ချို့ကျသစ်ကိုင်းမှာနားနေသည်။ တစ်ချို့ကျပျံနေသည်။ အနေအထားမျိုးစုံနှင့် ပျံလွှားငှက်မျိုးစုံကိုတွေ့လိုက်ရသည်။

''ဒီလောက်ဆိုရပြီလား '' ယန်းချင်းချီမေးလာသည်။

ကျန်းမော့ချန်ခေါင်းငြိမ့်လိုက်ကာ

''ရပြီ အဲ့လောက်ဆိုလုံလောက်တယ် ''

''အင်း ဒါဆို ခင်ဗျား လွယ်တာလေးတွေကို ကြိုးစားပြီးလိုက်ဆွဲကြည့်လေ မဆွဲတတ်တော့လည်း ဒါကိုပဲချီချီ့ကိုပြလိုက်ပေါ့ '' ယန်းချင်းချီ အကြောဆန့်လိုက်ကာ '' အွန်း..... ပင်ပန်းတယ် အိပ်ကြရအောင် ''

''အင်း '' ကျန်းမော့ချန် စားပွဲပေါ်က ပုံဆွဲစာရွက်တွေကိုသေချာလေးယူကာ အိတ်ထဲကိုတယုတယထည့်သိမ်းနေသည်။

နောက်နေ့ နေ့လည်ခင်းမှာတော့ ကျန်းမော့ချန်က ယန်းချင်းချီကိုနှုတ်ဆက်ကာ ချီချီနဲ့Xမြို့ကိုပြန်သွားခဲ့သည်။ ယန်းချင်းချီကတော့ တည်းနေကျဟိုတယ်ကိုပြန်ကာ ရုပ်ရှင်ဆက်ရိုက်နေလေသည်။

သိပ်မကြာခင် ခရစ္စမတ်နေ့ကိုရောက်ရှိလို့လာသည်။ ရိုက်ကွင်းက လူတိုင်းအတွက် ပန်းသီးတစ်လုံးစီ လက်ဆောင်ပေးကာ ခရစ္စမတ်မို့လို့ အားလုံးနားလို့ရအောင် ပုံမှန်ထက်စောစောအလုပ်သိမ်းပေးလိုက်သည်။

ယန်းချင်းချီ ရုပ်ရှင်ရိုက်လို့ပြီးတာနဲ့ ဟိုတယ်ကိုအပြေးပြန်လာကာ ချီချီဖျော်ဖြေမှုကို Liveကြည့်ရဖို့အတွက် ကျန်းမော့ချန်ဆီဖုန်းခေါ်လိုက်သည်။

ဝေ့ရွှင်းက ခရစ္စမတ်ကို ဝေ့လန်နဲ့အတူတူဖြတ်သန်းချင်တာကြောင့် သူတို့ရိုက်ကူးရေးလုပ်နေသည့်မြို့ဆီ တကူးတကရောက်ချလာကာ ဝေ့လန်ကလည်း သူ့အစ်ကိုကိုမတွေ့ရတာ ကြာနေပြီဖြစ်သည့်အတွက် ဝေ့ရွှင်းအလာကိုစောင့်မျှော်နေသည်။ ဝေ့ရွှင်းကလည်းမရောက်သေးတဲ့အပြင် ဝေ့လန်ကိုယ်တိုင်ကလည်း ဘာမှလုပ်စရာမရှိပဲအားနေတာကြောင့် ချီချီ့ကိုတွေ့ချင်သဖြင့် ယန်းချင်းချီအခန်းထဲလိုက်လာသည်။

ယန်းချင်းချီ ကူကယ်ရာမဲ့သွားကာ

''မင်းတော်တော်အားနေတာပဲ ''

''ဒါပေါ့ '' ဝေ့လန်ကလည်းချက်ချင်းဝန်ခံလာသည်။ ''အိုင်း ငါ့အစ်ကိုရောက်နေပြီလား မသိဘူး ''

''သူရောက်ရင် မင်းဆီဖုန်းဆက်မှာပေါ့ ဘာတွေပူပန်နေတာလဲ ''

''ငါသိပါတယ် လုပ် လုပ် မင်းရဲ့သားကိုကြည့်ရအောင် '' ဝေ့လန်တစ်ယောက် ဆော်သြလာသည်။

ယန်းချင်းချီ ဆိုဖာပေါ်ထိုင်လိုက်ကာ နာရီကိုလှမ်းကြည့်လိုက်တော့ ချီချီ့ဖျော်ဖြေပွဲ နီးလာပြီဖြစ်တာကြောင့် သူအချိန်ဆွဲမနေတော့ပဲ ကျန်းမော့ချန်ကို Video Callလှမ်းခေါ်လိုက်သည်။

ကျန်းမော့ချန်ကလည်း သိပ်မကြာခင် Video Request ကိုလက်ခံလိုက်ကာ ဝေ့လန် ကျန်းမော့ချန်ကို မြင်လိုက်ရတဲ့အချိန် သူ တဖက်လူကိုမှတ်တောင်မမှတ်မိတော့ပေ။ ကျန်းမော့ချန်က မျက်ခုံး၊မျက်လုံးများပေါ် မိတ်ကပ်နည်းနည်းတင်ထားကာ မျက်မှန်တပ်၊Maskတပ်ဖြင့် ပုံစံကနည်းနည်းလေး တမူကွဲပြားနေသည်။

''အထဲမှာ Maskကြီးတပ်ထားရင် လူထူးဆန်းထင်ပြီး အာရုံပိုစိုက်ခံရမှာကိုမကြောက်ဘူးလား ''

ဝေ့လန်က စေတနာနှင့် သတိပေးလိုက်သော်ငြား ကျန်းမော့ချန် မျက်ခုံးကြုံ့သွားကာ

''မင်းကဘာလို့ဒီရောက်နေတာလဲ ''

''ချီချီလေးကိုလာအားပေးတာလေ ''

ထိုအခါမှ ချီချီ့အကြောင်း ဝေ့လန်သိသွားပြီဆိုတဲ့ကိစ္စအား ကျန်းမော့ချန်ကိုမပြောပြရသေးမှန်း ယန်းချင်းချီသတိရသွားကာ ချက်ချင်းလက်ထောင်၍ အမှန်အတိုင်းဝန်ခံလာသည်။

''ကျွန်တော့်အမှားပါ ကျွန်တော်ခင်ဗျားကိုပြောဖို့မေ့နေတာ ကျွန်တော် ဝေ့လန်ကိုချီချီ့အကြောင်းပြောထားတယ် ဒါပေမဲ့သူဘယ်သူ့ကိုမှမပြောဘူးလို့ ကျွန်တော့်ကိုကတိပေးထားပါတယ် ''

ကျန်းမော့ချန် ပိုပြီးကူကယ်ရာမဲ့သွားကာ

''မင်းနဲ့သူနဲ့ ဘယ်အချိန်ကတည်းက အဲ့လောက်အထိဆက်ဆံရေးကောင်းသွားတာလဲ ဘာမဆိုသူ့ကိုအကုန်ပြောပြတဲ့အထိလေ? ''

ဝေ့လန်ကလည်း ချက်ချင်းဂုဏ်ဆာသွားကာ

''ငါ့လို ထူးချွန်ထက်မြက်ပြီး စိတ်သဘောထားပြည့်ဝတဲ့လူမျိုးကို အချိန်ခဏလေးအတွင်းမှာတင် သဘောကျနှစ်သက်ကြတာက ပုံမှန်ပါပဲ ''

ကျန်းမော့ချန် ထိုစကားကို မယုံသဖြင့် ယန်းချင်းချီကိုလှမ်းကြည့်လိုက်ကာ သူပြောတာအမှန်ပဲလားဟု မျက်လုံးများကတစ်ဆင့်မေးလိုက်သည်။

ဒါပေမဲ့ ယန်းချင်းချီ ဘယ်လိုပြန်ဖြေရမလဲ။ သူက ဝေ့လန်ကိုကြည့်လေ အရင်ကမ္ဘာကသူ့ညီလေးနဲ့ပိုတူလေဖြစ်တာကြောင့် ဝေ့လန်စကားတွေကအမှားတွေချည်းပဲတော့မဟုတ်ပါ။ သူ ပြုံးပဲပြုံးနေလိုက်ကာ

''ချီချီကိုပဲကြည့်ကြရအောင်လေ ''

ကျန်းမော့ချန် ဖုန်းကိုသေချာပြန်ညှိလိုက်ကာ ဖျော်ဖြေပွဲလုပ်မည့်စင်ဘက် ကင်မရာလှည့်ထားလိုက်သည်။ သိပ်မကြာခင် ချီချီတို့မူလတန်းက အရင်ကပြရလေသည်။ စတိတ်စင်ပေါ် မီးလုံးလေးတွေကမှိတ်တုတ်မှိတ်တုတ်လင်းနေပြီး ခရစ္စမတ်သစ်ပင်အင်္ကျီဝတ်ထားသည့် ကလေးလေးတွေက သံစဥ်အတိုင်းယိမ်းနွဲ့နေကြသည်။ သိပ်မကြာခင် ဂျိုလေးတွေပါသည့်သမင်ဝတ်စုံဝတ်ထားသော ကလေးတစ်စုကလည်း သစ်သားစွပ်ဖားလှည်းလေးကို ကြိုးလေးဖြင့် ဝိုင်းဆွဲလာကြကာ ထိုစွပ်ဖားလှည်းပေါ်တွင်တော့ ဆန်တာကလော့ဝတ်စုံဝတ်ထားသည့် ခပ်ဝဝကလေးလေးထိုင်နေပြီး သူ့နောက်တွင် လက်ဆောင်အိတ်လေးရှိနေသည်။

သစ်ပင်လေးတွေရော၊ သမင်လေးတွေရော လက်ချင်းတွဲပြီး ခရစ္စမတ်သီချင်းဆိုနေစဥ် ဆန်တာဖက်တီးလေးကတော့ စွပ်ဖားလှည်းပေါ်ထိုင်ကာ နောက်ကလက်ဆောင်ထုပ်လေးကိုဖြည်၍ စင်အောက်ကို လက်ဆောင်တွေကြဲချနေသည်။ လက်ဆောင်ဘူးလေးတွေထဲမှာ သကြားလုံးတွေ၊အရုပ်လေးတွေပဲထည့်ထားတာကြောင့် သိပ်မလေးသဖြင့် အောက်ကမိဘတွေကို ထိမိသွားမယ်ဆိုလျှင်တောင် နာကျင်မည်မဟုတ်ပါ။ လက်ဆောင်ရသည့် မိဘတွေကလည်း လက်ဆောင်ရလို့အရမ်းပျော်သွားသည့် ကလေးငယ်တွေလိုမျိုး ''ဝိုး ဝိုး ဝါး ဝါး'' ဖြင့် စင်ပေါ်ကကလေးတွေနဲ့အပြိုင် လိုက်သရုပ်ဆောင်ပေးနေကြသည်။

ဆန်တာဖက်တီးလေးက စွပ်ဖားလှည်းပေါ်ကနေဆင်းလိုက်ကာ စင်ပေါ်တွင်ရပ်ပြီး သီချင်းဆိုနေစဥ် သမင်လေးတွေကတော့ သူ့ကိုဝိုင်းကြီးပတ်ပတ်လုပ်ရင်း သံပြိုင်အော်ပေးနေသည်။ သစ်ပင်လေးတွေကတော့ သံစဥ်အလိုက်ယိမ်းထိုးကခုန်နေလေသည်။

သီချင်းဆုံးသွားတော့ ကလေးတွေက စီစီရီရီလေးရပ်ရင်း အနောက်တိုင်းစတိုင် ပရိတ်သတ်တွေကို ဦးညွတ်လိုက်ကာ ''Merry Christmas'' ဟု ညီညီညာညာသံပြိုင်ထအော်ကြသည်။ မိဘတွေကလည်း ''ကောင်းတယ်'' ဟုအော်ကာ လက်ခုပ်သြဘာပေးကြလေသည်။

စတိတ်စင်ကြီးပြန်မှောင်သွားတော့ ယန်းချင်းချီ ကျန်းမော့ချန်ပြောတာကို ကြားလိုက်ရသည်။

''ခဏစောင့် ''

ထို့နောက် မြင်ကွင်းတွေစတင်ပြီးလှုပ်လာသည်။

''သူဘာလုပ်နေတာလဲ '' ဝေ့လန် ယန်းချင်းချီကိုမေးလိုက်သည်။

ယန်းချင်းချီက ကျန်းမော့ချန်နဲ့အတူနေလာတာကြာပြီဖြစ်တာကြောင့် တဖက်လူစိတ်နေသဘောထားကို အနည်းနဲ့အများခန့်မှန်းတတ်နေပြီဖြစ်သည်။

''သူ ချီချီ့ကိုတွေ့ဖို့ စင်နောက်ကိုသွားတာဖြစ်လိမ့်မယ် ''

''သြော သြော သြော '' ဝေ့လန်က နားလည်ပြီဖြစ်ကြောင်း ခေါင်းလေးငြိမ့်ပြလာသည်။

သိပ်မကြာခင် ဖုန်းမျက်နှာပြင်ပေါ်မှာအဖြူရောင်အလင်းတန်းကြီးပြန်ပေါ်လာကာ ကလေးတွေစကားပြောနေသံကိုကြားလိုက်ရလေသည်။

''အဲ့ဒါဘာကြီးလဲ ''

''ငါ့ဟာ​နင့်ကိုပေးမယ် နင့်ဟာနဲ့လဲပေးလို့ရမလား ''

''အိုက်ယား ငါ့အမြီးကိုမဆွဲနဲ့လေ နင့်မှာလည်းအမြီးရှိတဲ့ဟာကို ''

နောက်တော့ ရင်းနှီးနေသည့်အသံချိုချိုလေးကို ယန်းချင်းချီကြားလိုက်ရသည်။

''ပါးပါးလား ''

အသံကတိုးတိုးလေးဖြင့် ညင်သာပျော့ပျောင်းနေသော်ငြား ထိုအမေးမှာ စိတ်လှုပ်ရှားမှုအချို့နှင့်ပျော်ရွှင်မှုအချို့ရောယှက်နေသည်။ နောက်တော့ ဖုန်းကင်မရာမှာ ခေါင်းမဲမဲလေးပေါ်လာကာ တစ်ချက်ကြည့်လိုက်ရုံနဲ့ ချီချီမှန်းတန်းသိနိုင်သည်။

ကျန်းမော့ချန် ကင်မရာကိုရှေ့တိုးပေးလိုက်တော့ ချီချီ့ကိုယ်တစ်ပိုင်းပေါ်လာသည်။ သူတို့နှစ်ယောက် တိတ်ဆိတ်သည့်နေရာတစ်ခုကို ရှာထားပုံပင်။ ​ကြွပ်ကြွပ်ညံနေသည့် ကလေးအသံတွေကို ထပ်မကြားရတော့ပါ။

ချီချီက ဂျိုပါသည့် သမင်ဝတ်စုံလေးဝတ်ထားဆဲဖြစ်တာကြောင့် မတို့ရက်မထိရက်သည့် ကပ်စေးကိတ်လေးနှင့်တူကာ အရမ်းကိုချစ်ဖို့ကောင်းနေသည်။ ကလေးကလူကြောက်သဖြင့် ဝေ့လန်ကိုမြင်လိုက်လျှင် လန့်သွားမှာစိုးတာကြောင့် ယန်းချင်းချီ ဝေ့လန်ကို ဖုန်းကင်မရာအပြင်ဘက် တွန်းထုတ်လိုက်သည်။ ဝေ့လန်ကမကျေမနပ်ဖြစ်သွားသော်ငြား ယန်းချင်းချီကကြိုရှင်းပြထားပြီးဖြစ်တာကြောင့် သူလည်းဘာမှမတတ်နိုင်ပေ။

ယန်းချင်းချီ မျက်စိရှေ့ကသမင်လေးကိုကြည့်ရင်း

''ပါးပါး ခုနကလေးတင်ကြည့်ပြီးသွားပြီ ချီချီဖျော်ဖြေတာအရမ်းမိုက်တာပဲ ''

''တကယ်လား! တကယ်ကြည့်လိုက်တာလား! ''

''ဒါပေါ့ ချီချီသီချင်းဆိုတာကိုလည်းကြားလိုက်တယ် ချီချီ့သီချင်းဆိုသံလေးက အရမ်းနားထောင်လို့ ကောင်းတာပဲ ''

ချီချီ့ပါးလေးတွေနီတက်လာသည်။ ဝတ်စုံကအိုက်လို့ပဲလား၊ ရှက်လို့ပဲလားကတော့ ဘယ်သူမှအတည်မပြုတော့ပါ။

''ပါးပါး ဒီမှာကြည့် '' ချီချီက ခရစ္စမတ်ခြေအိတ်ပုံစံလက်ဆောင်ထုပ်လေးကို မြှောက်ပြကာ '' ဒါက ဆရာမ သားတို့ကို ခရစ္စမတ်လက်ဆောင်အဖြစ်ပေးတာ ''

''Wow '' ယန်းချင်းချီကလည်း အံ့သြအားကျသည့်ပုံစံမျိုး ချက်ချင်းလုပ်လိုက်သည်။ '' ကြည့်ရတာတော့ လက်ဆောင်တွေအများကြီးပါမဲ့ပုံပဲ ''

ချီချီကခေါင်းငြိမ့်ပြလိုက်ကာ ခေါင်းလေးငုံ့ပြီး သူ့ရှေ့မှာတင်လက်ဆောင်အိတ်ကိုဖွင့်ကြည့်နေသည်။ ထို့နောက် ပစ္စည်းလေးတစ်ခုဆွဲထုတ်လိုက်ကာ

'' သမင်လေး '' ချီချီက လက်ထဲကသမင်ရုပ်လေးကို ယန်းချင်းချီရှေ့ လှုပ်ရမ်းပြနေသည်။

''အင်း အရမ်းချစ်ဖို့ကောင်းတယ် ''

ချီချီကသမင်လေးကို ဘေးချလိုက်ကာ နောက်တစ်ခုဆက်နှိုက်နေပြန်သည်။

''ဒါကဘာကြီးလဲ ''

ချီချီက ဖဲကြိုးနီလေးတပ်ထားသည့် ဘူးသေးသေးလေးကို နားအနားကပ်ရင်း လှုပ်ခါကြည့်လိုက်ကာ ဘာမှန်းသေချာမသိဖြင့် ဘေးကကျန်းမော့ချန်ဆီအကူအညီလှမ်းတောင်းလိုက်သည်။

''ဒါကဘာကြီးလဲ ''

''အဲ့ဒါသကြားလုံး '' ယန်းချင်းချီ ကျန်းမော့ချန်ပြန်ဖြေသံကိုကြားလိုက်ရသည်။

ချီချီက '' သြော့ '' ဟု ပြန်ဖြေလိုက်ကာ ယန်းချင်းချီဘက်ပြန်လှည့်ပြီး ဘူးလေးလှုပ်ခါပြပြန်သည်။

''ပါးပါး ဒါကသကြားလုံးတဲ့ ''

''အင်း သကြားလုံးဆိုတော့ စားလို့ရတာပေါ့ ''

အိတ်ထဲလက်ဆောင်တစ်ခုကျန်သေးတာကြောင့် ချီချီကသကြားလုံးဘူးလေးဘေးချကာ ထပ်နှိုက်ပြန်သည်။

''တစ်ခုကျန်သေးတယ် '' ချီချီ ဆွဲထုတ်လိုက်သည်။ '' ဝါးးး ခရစ္စမတ်သစ်ပင်လေး ''

20cmရှည်သည့် ခရစ္စမတ်သစ်ပင်လေးကို ဖောက်ထွင်းမြင်ရသည့် ကော်ဘူးလေးဖြင့်ထုပ်ပိုးထားကာ ခေါင်းလောင်းလေးတွေ၊ မီးလုံးလေးတွေ၊ နှင်းခဲအတုလေးတွေဖြင့် အရမ်းကိုကြည့်လို့လှနေသည်။

''အရမ်းချစ်ဖို့ကောင်းတာပဲ ပါးပါးအိမ်ပြန်ရောက်တဲ့အထိစောင့်နော် အဲ့ဒါလေးကို သားရဲ့စားပွဲသေးသေးလေးပေါ်မှာ မီးဆင်ပြီး အလှကြည့်လို့ရအောင် ထားပေးမယ် ''

ချီချီ ယန်းချင်းချီကိုကြည့်လိုက်ကာ ရုတ်တရက်ကုန်းလိုက်ပြီး ဘေးမှာချထားသည့် သမင်ရုပ်လေးနှင့် သကြားလုံးဘူးလေးကို ခရစ္စမတ်သစ်ပင်လေးနဲ့အပြိုင် လက်ထဲပွေ့ပိုက်ရင်း ယန်းချင်းချီမြင်အောင်ပြလိုက်သည်။

''ပါးပါး ဘယ်တစ်ခုကြိုက်လဲ ''

__________________________________

စွပ်ဖားလှည်း

ဂျိုပါတဲ့သမင်ဝတ်စုံ

Zawgyi

လက္စြပ္ႏွင့္ ခ်ီခ်ီ႕ရဲ႕ခရစၥမတ္ေဖ်ာ္ေျဖပြဲ
__________________________________

အေတြ႕အၾကဳံမ႐ွိပဲ တုံးတုံးအအျဖစ္ေနမည့္ ယန္းခ်င္းခ်ီကို က်န္းေမာ့ခ်န္စိတ္ကူးယဥ္ၾကည့္လို႔မရပါ။ ေတာ္ေတာ္ေလးကိုထူးဆန္းသည္။ ယန္းခ်င္းခ်ီလိုဉာဏ္ေကာင္းပုံမ်ိဳး၊ ျပႆနာတစ္ခုခုၾကဳံလာလွ်င္ အခက္အခဲမ႐ွိေျဖ႐ွင္းႏိုင္ပုံမ်ိဳးႏွင့္ Recording သြင္းထားတတ္သည့္အက်င့္ပါ ထပ္ေပါင္းလိုက္လွ်င္ ဒီေလာက္အခ်ိန္အၾကာႀကီး လီ႐ွင္းရန္ဆီကေန လွည့္စားခံရမည့္လူမ်ိဳးမဟုတ္ေပ။ ဒါဆိုဘာလို႔လဲ။ ဘယ္လိုလုပ္ ဒီေလာက္အခ်ိန္အၾကာႀကီးလွည့္စားခံေနရတာလဲ။ လီ႐ွင္းရန္က ယန္းခ်င္းခ်ီရဲ႕အခ်စ္ဦးျဖစ္ေနလို႔မ်ားလား။ တဖက္လူဘာလုပ္လုပ္ 1500filterႀကီးထည့္ၾကည့္ၿပီး အကုန္အေကာင္းျမင္ေပးေနတာမ်ိဳးေလ? ဒါေၾကာင့္ပဲျဖစ္ရမယ္! က်န္းေမာ့ခ်န္ေတြးေလ ေတြးေလ လီ႐ွင္းရန္ကို႐ိုက္သတ္ခ်င္ေလျဖစ္လာသည္။ ဘာလို႔အဲ့ေလာက္ခ်စ္ေပးႏိုင္ရတာလဲ! ဒီဆန္ကုန္​ေျမေလးက ဘာေတြမ်ားေကာင္းေနလို႔လဲ!!

က်န္းေမာ့ခ်န္တစ္ေယာက္ ႐ုတ္တရက္ႀကီး မ်က္ႏွာထားတည္တည္ျဖင့္ ေအးစက္စက္အေငြ႕အသက္ေတြထုတ္လႊတ္ေနတာကိုျမင္ေတာ့ ယန္းခ်င္းခ်ီ နေဝတိမ္ေတာင္ေလးျဖစ္သြားကာ

''ခင္ဗ်ား အဆင္ေျပရဲ႕လား ''

က်န္းေမာ့ခ်န္ ယန္းခ်င္းခ်ီကို ၾကည့္ရင္း သူ႕စိတ္ထဲအားမလိုအားမရေတြျဖစ္ၿပီး နည္းနည္းေလးလည္းေဒါသထြက္ေနသည္။ သို႔ေသာ္ အတိတ္ဆိုသည့္အရာက သူျပန္ျပင္လို႔သည့္အရာမဟုတ္တာေၾကာင့္ အခုလိုသာေျပာႏိုင္ေတာ့သည္။

''ေနာက္တစ္ခါ အဲ့ေကာင္မင္းကိုဖုန္းထပ္ဆက္ရင္ ကိုယ့္ဆီတန္းလႊဲေပးလိုက္ ကိုယ္ေျဖ႐ွင္းလိုက္မယ္ ''

ယန္းခ်င္းခ်ီ ေခါင္းေလးၿငိမ့္လိုက္ကာ

''ဒါေပမဲ့ သူကြၽန္ေတာ္႕ဆီထပ္ဆက္သြယ္ေလာက္မွာမဟုတ္ေတာ့ဘူး ကြၽန္ေတာ္က အေကာင္ႀကီးႀကီးတစ္ေယာက္ကို အျပစ္ျပဳမိထားတယ္လို႔ပဲ သူကထင္ေနတာ အဲ့လူကသူ႕ကိုအသုံးခ်ၿပီး ကြၽန္ေတာ္႕ကိုဒုကၡေပးခ်င္ေနတယ္ေပါ့ သူေျမစာပင္ျဖစ္သြားမွာစိုးလို႔ အခုေလာက္ဆို ကြၽန္ေတာ္နဲ႔ေဝးႏိုင္သမွ်ေဝးေဝးမွာေနႏိုင္ဖို႔ ဆုေတာင္းေနေလာက္ၿပီ ''

''ဟက္! အမိႈက္! '' က်န္းေမာ့ခ်န္ စိတ္ဆိုးတႀကီး ဆူပူလာသည္။

ယန္းခ်င္းခ်ီကလည္း ေနာက္ကေနေခါင္းၿငိမ့္ေထာက္ခံရင္း

''အမိႈက္ေတာင္႐ိုး႐ိုးအမိႈက္မဟုတ္ဘူး ျပန္သုံးလို႔မရေတာ့တဲ့အမိႈက္မ်ိဳး ''

ႏွစ္ေယာက္သား လီ႐ွင္းရန္နဲ႔ယြမ္မင္႐ႊိအေၾကာင္း ခဏေလာက္ေျပာေနလိုက္ၾကကာ သိပ္မၾကာခင္ ယန္းခ်င္းခ်ီအိပ္ခ်င္လာတာေၾကာင့္ ေစာေစာအနားယူဖို႔အတြက္ ေရအရင္ဝင္ခ်ိဳးလိုက္သည္။ သူေရခ်ိဳးခန္းထဲကထြက္အလာ က်န္းေမာ့ခ်န္ကိုေရခ်ိဳးလို႔ရၿပီျဖစ္ေၾကာင္း သတိေပးဖို႔ျပင္လိုက္စဥ္ တစ္ေယာက္ေသာသူက ေတာင္ျခစ္ေျမာက္ျခစ္ႏွင့္ ပုံဆြဲေနတာကို ထူးဆန္းစြာေတြ႕လိုက္ရေလသည္။

''ခင္ဗ်ားဘာလုပ္ေနတာလဲ '' သူ က်န္းေမာ့ခ်န္အနား ေလွ်ာက္သြားလိုက္ကာ ေကာ္ဖီစားပြဲေပၚကစာ႐ြက္ေတြကိုလွမ္းၾကည့္လိုက္သည္။

ယန္းခ်င္းခ်ီ အနားေရာက္လာတာကိုျမင္ေတာ့ က်န္းေမာ့ခ်န္ကလည္း သဘာဝက်စြာပဲ ခဲတံလွမ္းေပးရင္း

''ခ်ီခ်ီကကိုယ့္ကိုသူနဲ႔အတူတူပုံဆြဲေစခ်င္ေနတာ ဒါေပမဲ့ မင္းသိတဲ့အတိုင္း ကိုယ္မွပုံမဆြဲတတ္တာ အဲ့ေတာ့ မင္းျပန္လာမွမိသားစုသုံးေယာက္ အတူတူပုံဆြဲၾကမယ္လို႔ လွည့္စားထားရတယ္ သူက ဒီတစ္ေခါက္ ပ်ံလႊားငွက္ပုံ ဆြဲခ်င္တယ္လို႔ေျပာတယ္ ''

က်န္းေမာ့ခ်န္ေျပာရင္း စာ႐ြက္တစ္႐ြက္ကိုထုတ္လိုက္ကာ

''ဒါက ခ်ီခ်ီဆြဲထားတာ ကိုယ့္ပုံဆြဲစေကးလ္ႀကီးကို ျမင္သြားရင္ သူ႕ရင္ထဲကကိုယ့္ပုံရိပ္ႀကီး ပ်က္စီးသြားမွာစိုးလို႔ မနည္းကိုအာ႐ုံေျပာင္းထားရတယ္ မင္း ကိုယ့္ကို ပ်ံလႊားငွက္ေလးကူဆြဲေပးပါ ရမလား ''

ယန္းခ်င္းခ်ီ က်န္းေမာ့ခ်န္ေဘးဝင္ထိုင္လိုက္ၿပီး ခ်ီခ်ီဆြဲထားသည့္ပ်ံလႊားငွက္ႏွင့္ က်န္းေမာ့ခ်န္ဆြဲထားသည့္ ေတာင္ျခစ္ေျမာက္ျခစ္ငွက္ကို ယွဥ္ၾကည့္လိုက္ကာ ျငင္ျငင္သာသာေလးေျပာလာသည္။

''ခင္ဗ်ားေျပာခ်င္တာက ကြၽန္ေတာ္ဆြဲထားတဲ့ပုံေတြကို ခင္ဗ်ားဆြဲထားတဲ့ပုံေတြဆိုၿပီး ခ်ီခ်ီ႕ကိုျပခ်င္တယ္ေပါ့ ''

က်န္းေမာ့ခ်န္ ကူကယ္ရာမဲ့သြားကာ

''ကိုယ္လည္းေ႐ြးစရာမွမ႐ွိေတာ့တာ ဘယ္လိုသင္သင္မတတ္တဲ့ပါရမီႀကီးေၾကာင့္ ေတာ္ေတာ္ေလးကိုစိတ္ဆင္းရဲေနတယ္ ''

''ေက်ာင္းသားက်န္း မင္းကေတာ့ ဒီဆရာနဲ႔ႏွစ္ေယာက္ထဲ လက္ကိုင္ၿပီး ေသခ်ာသင္ေပးမဲ့ ပန္းခ်ီသင္တန္းေလးတစ္ခု လိုအပ္ေနၿပီ ''

က်န္းေမာ့ခ်န္က ဆႏၵ႐ွိေသာ္ျငား

''ေလာင္႐ွီး ပါးစပ္ကေျပာေနေပမဲ့ ေလာင္႐ွီးမွာ အခ်ိန္ေရာ႐ွိလို႔လား ''

''ေနာက္လအထိေစာင့္ ဒီကားၿပီးတာနဲ႔ ေက်ာင္းသားက်န္းကို ေသေသခ်ာခ်ာေလး အတတ္သင္ေပးမယ္ ''

''ဒါဆို ေလာင္႐ွီး ျမန္ျမန္ေလးၿပီးဖို႔လိုေနၿပီ ဒီက မေစာင့္ႏိုင္ေတာ့ဘူး ''

''စိတ္မေကာင္းစရာက အဲ့ဒါေလာင္႐ွီးဆုံးျဖတ္လို႔ရတဲ့အရာမဟုတ္ဘူး ''

က်န္းေမာ့ခ်န္ သက္ျပင္းခ်လိုက္ကာ

''မင္းဆြဲႏွင့္လိုက္ ပုံစံေရာ၊လႈပ္႐ွားပုံေရာ၊စတိုင္ေရာ မင္းစိတ္ထဲ႐ွိရာဆြဲထားလိုက္ ကိုယ္အိမ္ျပန္ေရာက္မွ အဲ့ဒါေတြကို ကိုယ္ဆြဲထားတာဆိုၿပီး ခ်ီခ်ီ႕ကိုျပလိုက္မယ္ ''

''သိၿပီ ေရသြားခ်ိဳးလိုက္ေတာ့ ''

က်န္းေမာ့ခ်န္ ေနရာကေနထလိုက္ခ်ိန္ မ်က္လုံးေလးေတြက ပုံဆြဲစာ႐ြက္ကိုစိုက္ၾကည့္ရင္း ခဲတံလွည့္ေနသည့္ ယန္းခ်င္းခ်ီဆီအၾကည့္ေရာက္သြားသည္။ ထိုကဲ့သို႔ တဖက္လူ၏အာ႐ုံစူးစိုက္ေနပုံေလးက ဆြဲေဆာင္မႈ႐ွိလြန္းတာေၾကာင့္ သူ မေနႏိုင္စြာ ငုံ႔ကိုင္းရင္း ယန္းခ်င္းခ်ီပါးကို လွမ္းနမ္းပစ္လိုက္သည္။

ယန္းခ်င္းခ်ီက ေၾကာင္အသြားကာ ပါးေလးကိုကိုင္ၿပီး သူ႕ကို မအူမလည္ေမာ့ၾကည့္လာသည္။

''ဘာလုပ္တာလဲ ''

က်န္းေမာ့ခ်န္ကလည္း သူနမ္းလိုက္တဲ့ေနရာေလးကိုဆြဲညႇစ္ရင္း ေႏြးေႏြးေထြးေထြးေလးေျပာလိုက္သည္။

''ထက္ျမက္ၿပီးခ်င့္ခ်ိန္တတ္တယ္ ''

ယန္းခ်င္းခ်ီ ထိုခ်ီးက်ဴးစကားကိုၾကားေတာ့ သေဘာက်သလိုရယ္လိုက္ကာ

''ကြၽန္ေတာ္က? ထက္ျမက္ၿပီးခ်င့္ခ်ိန္တတ္တယ္? ''

''မဟုတ္ဘူးလား ''

ယန္းခ်င္းခ်ီ ေခါင္းခါလိုက္ကာ

''တေန႔ေန႔မွာ ကြၽန္ေတာ္႕ကို တစ္ေယာက္ေသာသူက ထက္ျမက္ၿပီးခ်င့္ခ်ိန္တတ္တယ္လို႔ ခ်ီးက်ဴးလာလိမ့္မယ္မွန္း တစ္ခါမေမွ်ာ္လင့္ဖူးဘူး အိုက္ယား ဒီလိုမ်ိဳးခ်ီးက်ဴးခံရဖို႔ မလြယ္ကူလိုက္တာ ''

က်န္းေမာ့ခ်န္ရယ္လိုက္ကာ '' ဟုတ္ပါၿပီ ပုံသာေသခ်ာဆြဲပါေတာ့ ''

သူေျပာရင္း ေရခ်ိဳးခန္းဆီေလွ်ာက္သြားလိုက္သည္။

ေရခ်ိဳးခန္းတံခါးမပိတ္ခင္ အာ႐ုံစိုက္ၿပီးပုံဆြဲေနသည့္ယန္းခ်င္းခ်ီကို က်န္းေမာ့ခ်န္လွမ္းၾကည့္လိုက္ကာ စိတ္သက္သာရာရသြားသလိုမ်ိဳး သက္ျပင္း႐ွည္ႀကီးခ်လိုက္မိသည္။ သူ႕ေမြးေန႔ၿပီးေနာက္တေန႔ ယန္းခ်င္းခ်ီျပန္သြားကတည္းက သူတို႔ႏွစ္ေယာက္အတြက္ လက္ထပ္လက္စြပ္ကို ဘယ္လိုဖန္တီးရမလဲဟု က်န္းေမာ့ခ်န္ အခ်ိန္တိုင္းစဥ္းစားေနမိတာျဖစ္သည္။ သူ႕မွာစိတ္ကူးတစ္ခ်ိဳ႕႐ွိထားတာေၾကာင့္ ဒီဇိုင္နာနဲ႔တိုင္ပင္ၿပီးသည့္အခါ ဒီဇိုင္နာကလည္းသူလုပ္ခ်င္သည့္ပုံစံအတိုင္း လုပ္ေပးႏိုင္သည္ဟု ကတိေပးလာတာေၾကာင့္ လက္စြပ္ကိစၥကိုစိတ္မပူရေတာ့ေပ။ သို႔ေသာ္ သူကပုံမဆြဲတတ္သျဖင့္ ဒီဇိုင္းပိုင္းမွာ ျပႆနာတက္ေနသည္။

ဒီလက္စြပ္က သူနဲ႔ယန္းခ်င္းခ်ီအတြက္ ထူးျခားသည့္အမွတ္သေကၤတတစ္ခုျဖစ္တာေၾကာင့္ သူတို႔ႏွစ္ေယာက္နဲ႔သာသက္ဆိုင္မည့္ တစ္စုံတစ္ခုကို အျခားလူဝင္ေႏွာက္ယွက္တာမ်ိဳးမလိုခ်င္ပါ။ လက္စြပ္ဒီဇိုင္းကို သူမဆြဲႏိုင္လွ်င္ ယန္းခ်င္းခ်ီကိုကူဆြဲခိုင္းရမည္။ တျခားလူလက္နဲ႔ဆြဲတဲ့ ဒီဇိုင္းမ်ိဳးမလိုခ်င္ေပ။ က်န္းေမာ့ခ်န္ တံခါးဆြဲပိတ္လိုက္သည္။ သူ ယန္းခ်င္းခ်ီအံ့ၾသသြားေအာင္ ဒီလက္စြပ္နဲ႔ လက္ထပ္ခြင့္ေတာင္းဖို႔ ရည္႐ြယ္ထားတာေၾကာင့္ သူ တဖက္လူကို ဘယ္လိုလုပ္ ေပၚေပၚတင္တင္ႀကီးကူညီခိုင္းလို႔ျဖစ္ပါ့မလဲ။ အဲ့ေတာ့ ခ်ီခ်ီ႕ကိုအသုံးခ်ၿပီး နည္းလမ္းေတြထုတ္ရေတာ့တာေပါ့။

သူမ်ားေတြက ပ႐ိုပို႔စ္လုပ္ၿပီးမွ လက္ထပ္ၾကေသာ္ျငား သူတို႔က် လက္ထပ္ၿပီးမွ ပ႐ိုပို႔စ္လုပ္တာမို႔ နည္းနည္းေလးကေျပာင္းကျပန္ျဖစ္ေနလိမ့္မည္။ ဒါေပမဲ့ လက္ထပ္ၿပီးမွ ပ႐ိုပို႔စ္မလုပ္ရဘူးလို႔ ဘယ္သူကအမိန္႔ထုတ္ထားလဲ။

သူ ယန္းခ်င္းခ်ီအေပၚအေႂကြးတင္ထားတာေတြအားလုံး တစ္ခုခ်င္းစီျပန္ျဖည့္ဆည္းေပးမည္။ ___ ခံစားခ်က္ေတြဖြင့္ေျပာမည္။ လက္ထပ္ခြင့္ေတာင္းမည္။ မဂၤလာပြဲလုပ္မည္။ အမ်ားသိေအာင္ေၾကာ္ျငာပစ္မည္။ သူတို႔ႏွစ္ေယာက္၏ဆက္ဆံေရးက ဂိတ္စကိုျပန္သြားမည့္ ရထားတစ္စင္းလိုပင္။ သူလိုငါလို မဂၤလာေဆာင္ၿပီးတာနဲ႔ ဂိတ္ဆုံးသြားၿပီျဖစ္ေသာ္ျငား သူတို႔ႏွစ္ေယာက္ကေတာ့ ရထားေပၚကေနအေလာတႀကီးမဆင္းျဖစ္ၾကပဲ ေပါက္ဖြားလာသည့္ခံစားခ်က္အသစ္ေတြျဖင့္ လြတ္သြားသည့္႐ႈခင္းလွလွေတြကိုျပန္ၾကည့္ရင္း ဂိတ္စကိုျဖည္းျဖည္းခ်င္း ျပန္ခုတ္ေမာင္းသြားမည့္ ၾကည္ႏူးဆြတ္ပ်ံ႕ဖြယ္ ဆက္ဆံေရးမ်ိဳးျဖစ္သည္။

သူေရခ်ိဳးၿပီးလို႔ျပန္ထြက္လာေတာ့ ယန္းခ်င္းခ်ီက ပ်ံလႊားငွက္ပုံေတာ္ေတာ္မ်ားမ်ား ဆြဲလို႔ၿပီးေနၿပီျဖစ္သည္။ တစ္ခ်ိဳ႕က ႐ိုး႐ိုး႐ွင္း႐ွင္းပင္။ ဆြဲခ်က္တစ္ခ်က္၊ႏွစ္ခ်က္ျဖင့္ ကေလးပါလိုက္ဆြဲလို႔ရသည့္ ပ်ံလႊားငွက္ေလးေတြျဖစ္သည္။ တစ္ခ်ိဳ႕က်႐ႈပ္ေထြးသည္။ တစ္ခ်ိဳ႕က်သစ္ကိုင္းမွာနားေနသည္။ တစ္ခ်ိဳ႕က်ပ်ံေနသည္။ အေနအထားမ်ိဳးစုံႏွင့္ ပ်ံလႊားငွက္မ်ိဳးစုံကိုေတြ႕လိုက္ရသည္။

''ဒီေလာက္ဆိုရၿပီလား '' ယန္းခ်င္းခ်ီေမးလာသည္။

က်န္းေမာ့ခ်န္ေခါင္းၿငိမ့္လိုက္ကာ

''ရၿပီ အဲ့ေလာက္ဆိုလုံေလာက္တယ္ ''

''အင္း ဒါဆို ခင္ဗ်ား လြယ္တာေလးေတြကို ႀကိဳးစားၿပီးလိုက္ဆြဲၾကည့္ေလ မဆြဲတတ္ေတာ့လည္း ဒါကိုပဲခ်ီခ်ီ႕ကိုျပလိုက္ေပါ့ '' ယန္းခ်င္းခ်ီ အေၾကာဆန္႔လိုက္ကာ '' အြန္း..... ပင္ပန္းတယ္ အိပ္ၾကရေအာင္ ''

''အင္း '' က်န္းေမာ့ခ်န္ စားပြဲေပၚက ပုံဆြဲစာ႐ြက္ေတြကိုေသခ်ာေလးယူကာ အိတ္ထဲကိုတယုတယထည့္သိမ္းေနသည္။

ေနာက္ေန႔ ေန႔လည္ခင္းမွာေတာ့ က်န္းေမာ့ခ်န္က ယန္းခ်င္းခ်ီကိုႏႈတ္ဆက္ကာ ခ်ီခ်ီနဲ႔Xၿမိဳ႕ကိုျပန္သြားခဲ့သည္။ ယန္းခ်င္းခ်ီကေတာ့ တည္းေနက်ဟိုတယ္ကိုျပန္ကာ ႐ုပ္႐ွင္ဆက္႐ိုက္ေနေလသည္။

သိပ္မၾကာခင္ ခရစၥမတ္ေန႔ကိုေရာက္႐ွိလို႔လာသည္။ ႐ိုက္ကြင္းက လူတိုင္းအတြက္ ပန္းသီးတစ္လုံးစီ လက္ေဆာင္ေပးကာ ခရစၥမတ္မို႔လို႔ အားလုံးနားလို႔ရေအာင္ ပုံမွန္ထက္ေစာေစာအလုပ္သိမ္းေပးလိုက္သည္။

ယန္းခ်င္းခ်ီ ႐ုပ္႐ွင္႐ိုက္လို႔ၿပီးတာနဲ႔ ဟိုတယ္ကိုအေျပးျပန္လာကာ ခ်ီခ်ီေဖ်ာ္ေျဖမႈကို Liveၾကည့္ရဖို႔အတြက္ က်န္းေမာ့ခ်န္ဆီဖုန္းေခၚလိုက္သည္။

ေဝ့႐ႊင္းက ခရစၥမတ္ကို ေဝ့လန္နဲ႔အတူတူျဖတ္သန္းခ်င္တာေၾကာင့္ သူတို႔႐ိုက္ကူးေရးလုပ္ေနသည့္ၿမိဳ႕ဆီ တကူးတကေရာက္ခ်လာကာ ေဝ့လန္ကလည္း သူ႕အစ္ကိုကိုမေတြ႕ရတာ ၾကာေနၿပီျဖစ္သည့္အတြက္ ေဝ့႐ႊင္းအလာကိုေစာင့္ေမွ်ာ္ေနသည္။ ေဝ့႐ႊင္းကလည္းမေရာက္ေသးတဲ့အျပင္ ေဝ့လန္ကိုယ္တိုင္ကလည္း ဘာမွလုပ္စရာမ႐ွိပဲအားေနတာေၾကာင့္ ခ်ီခ်ီ႕ကိုေတြ႕ခ်င္သျဖင့္ ယန္းခ်င္းခ်ီအခန္းထဲလိုက္လာသည္။

ယန္းခ်င္းခ်ီ ကူကယ္ရာမဲ့သြားကာ

''မင္းေတာ္ေတာ္အားေနတာပဲ ''

''ဒါေပါ့ '' ေဝ့လန္ကလည္းခ်က္ခ်င္းဝန္ခံလာသည္။ ''အိုင္း ငါ့အစ္ကိုေရာက္ေနၿပီလား မသိဘူး ''

''သူေရာက္ရင္ မင္းဆီဖုန္းဆက္မွာေပါ့ ဘာေတြပူပန္ေနတာလဲ ''

''ငါသိပါတယ္ လုပ္ လုပ္ မင္းရဲ႕သားကိုၾကည့္ရေအာင္ '' ေဝ့လန္တစ္ေယာက္ ေဆာ္ၾသလာသည္။

ယန္းခ်င္းခ်ီ ဆိုဖာေပၚထိုင္လိုက္ကာ နာရီကိုလွမ္းၾကည့္လိုက္ေတာ့ ခ်ီခ်ီ႕ေဖ်ာ္ေျဖပြဲ နီးလာၿပီျဖစ္တာေၾကာင့္ သူအခ်ိန္ဆြဲမေနေတာ့ပဲ က်န္းေမာ့ခ်န္ကို Video Callလွမ္းေခၚလိုက္သည္။

က်န္းေမာ့ခ်န္ကလည္း သိပ္မၾကာခင္ Video Request ကိုလက္ခံလိုက္ကာ ေဝ့လန္ က်န္းေမာ့ခ်န္ကို ျမင္လိုက္ရတဲ့အခ်ိန္ သူ တဖက္လူကိုမွတ္ေတာင္မမွတ္မိေတာ့ေပ။ က်န္းေမာ့ခ်န္က မ်က္ခုံး၊မ်က္လုံးမ်ားေပၚ မိတ္ကပ္နည္းနည္းတင္ထားကာ မ်က္မွန္တပ္၊Maskတပ္ျဖင့္ ပုံစံကနည္းနည္းေလး တမူကြဲျပားေနသည္။

''အထဲမွာ Maskႀကီးတပ္ထားရင္ လူထူးဆန္းထင္ၿပီး အာ႐ုံပိုစိုက္ခံရမွာကိုမေၾကာက္ဘူးလား ''

ေဝ့လန္က ေစတနာႏွင့္ သတိေပးလိုက္ေသာ္ျငား က်န္းေမာ့ခ်န္ မ်က္ခုံးၾကဳံ႕သြားကာ

''မင္းကဘာလို႔ဒီေရာက္ေနတာလဲ ''

''ခ်ီခ်ီေလးကိုလာအားေပးတာေလ ''

ထိုအခါမွ ခ်ီခ်ီ႕အေၾကာင္း ေဝ့လန္သိသြားၿပီဆိုတဲ့ကိစၥအား က်န္းေမာ့ခ်န္ကိုမေျပာျပရေသးမွန္း ယန္းခ်င္းခ်ီသတိရသြားကာ ခ်က္ခ်င္းလက္ေထာင္၍ အမွန္အတိုင္းဝန္ခံလာသည္။

''ကြၽန္ေတာ္႕အမွားပါ ကြၽန္ေတာ္ခင္ဗ်ားကိုေျပာဖို႔ေမ့ေနတာ ကြၽန္ေတာ္ ေဝ့လန္ကိုခ်ီခ်ီ႕အေၾကာင္းေျပာထားတယ္ ဒါေပမဲ့သူဘယ္သူ႕ကိုမွမေျပာဘူးလို႔ ကြၽန္ေတာ္႕ကိုကတိေပးထားပါတယ္ ''

က်န္းေမာ့ခ်န္ ပိုၿပီးကူကယ္ရာမဲ့သြားကာ

''မင္းနဲ႔သူနဲ႔ ဘယ္အခ်ိန္ကတည္းက အဲ့ေလာက္အထိဆက္ဆံေရးေကာင္းသြားတာလဲ ဘာမဆိုသူ႕ကိုအကုန္ေျပာျပတဲ့အထိေလ? ''

ေဝ့လန္ကလည္း ခ်က္ခ်င္းဂုဏ္ဆာသြားကာ

''ငါ့လို ထူးခြၽန္ထက္ျမက္ၿပီး စိတ္သေဘာထားျပည့္ဝတဲ့လူမ်ိဳးကို အခ်ိန္ခဏေလးအတြင္းမွာတင္ သေဘာက်ႏွစ္သက္ၾကတာက ပုံမွန္ပါပဲ ''

က်န္းေမာ့ခ်န္ ထိုစကားကို မယုံသျဖင့္ ယန္းခ်င္းခ်ီကိုလွမ္းၾကည့္လိုက္ကာ သူေျပာတာအမွန္ပဲလားဟု မ်က္လုံးမ်ားကတစ္ဆင့္ေမးလိုက္သည္။

ဒါေပမဲ့ ယန္းခ်င္းခ်ီ ဘယ္လိုျပန္ေျဖရမလဲ။ သူက ေဝ့လန္ကိုၾကည့္ေလ အရင္ကမ႓ာကသူ႕ညီေလးနဲ႔ပိုတူေလျဖစ္တာေၾကာင့္ ေဝ့လန္စကားေတြကအမွားေတြခ်ည္းပဲေတာ့မဟုတ္ပါ။ သူ ျပဳံးပဲျပဳံးေနလိုက္ကာ

''ခ်ီခ်ီကိုပဲၾကည့္ၾကရေအာင္ေလ ''

က်န္းေမာ့ခ်န္ ဖုန္းကိုေသခ်ာျပန္ညႇိလိုက္ကာ ေဖ်ာ္ေျဖပြဲလုပ္မည့္စင္ဘက္ ကင္မရာလွည့္ထားလိုက္သည္။ သိပ္မၾကာခင္ ခ်ီခ်ီတို႔မူလတန္းက အရင္ကျပရေလသည္။ စတိတ္စင္ေပၚ မီးလုံးေလးေတြကမွိတ္တုတ္မွိတ္တုတ္လင္းေနၿပီး ခရစၥမတ္သစ္ပင္အက်ႌဝတ္ထားသည့္ ကေလးေလးေတြက သံစဥ္အတိုင္းယိမ္းႏြဲ႕ေနၾကသည္။ သိပ္မၾကာခင္ ဂ်ိဳေလးေတြပါသည့္သမင္ဝတ္စုံဝတ္ထားေသာ ကေလးတစ္စုကလည္း သစ္သားစြပ္ဖားလွည္းေလးကို ႀကိဳးေလးျဖင့္ ဝိုင္းဆြဲလာၾကကာ ထိုစြပ္ဖားလွည္းေပၚတြင္ေတာ့ ဆန္တာကေလာ့ဝတ္စုံဝတ္ထားသည့္ ခပ္ဝဝကေလးေလးထိုင္ေနၿပီး သူ႕ေနာက္တြင္ လက္ေဆာင္အိတ္ေလး႐ွိေနသည္။

သစ္ပင္ေလးေတြေရာ၊ သမင္ေလးေတြေရာ လက္ခ်င္းတြဲၿပီး ခရစၥမတ္သီခ်င္းဆိုေနစဥ္ ဆန္တာဖက္တီးေလးကေတာ့ စြပ္ဖားလွည္းေပၚထိုင္ကာ ေနာက္ကလက္ေဆာင္ထုပ္ေလးကိုျဖည္၍ စင္ေအာက္ကို လက္ေဆာင္ေတြႀကဲခ်ေနသည္။ လက္ေဆာင္ဘူးေလးေတြထဲမွာ သၾကားလုံးေတြ၊အ႐ုပ္ေလးေတြပဲထည့္ထားတာေၾကာင့္ သိပ္မေလးသျဖင့္ ေအာက္ကမိဘေတြကို ထိမိသြားမယ္ဆိုလွ်င္ေတာင္ နာက်င္မည္မဟုတ္ပါ။ လက္ေဆာင္ရသည့္ မိဘေတြကလည္း လက္ေဆာင္ရလို႔အရမ္းေပ်ာ္သြားသည့္ ကေလးငယ္ေတြလိုမ်ိဳး ''ဝိုး ဝိုး ဝါး ဝါး'' ျဖင့္ စင္ေပၚကကေလးေတြနဲ႔အၿပိဳင္ လိုက္သ႐ုပ္ေဆာင္ေပးေနၾကသည္။

ဆန္တာဖက္တီးေလးက စြပ္ဖားလွည္းေပၚကေနဆင္းလိုက္ကာ စင္ေပၚတြင္ရပ္ၿပီး သီခ်င္းဆိုေနစဥ္ သမင္ေလးေတြကေတာ့ သူ႕ကိုဝိုင္းႀကီးပတ္ပတ္လုပ္ရင္း သံၿပိဳင္ေအာ္ေပးေနသည္။ သစ္ပင္ေလးေတြကေတာ့ သံစဥ္အလိုက္ယိမ္းထိုးကခုန္ေနေလသည္။

သီခ်င္းဆုံးသြားေတာ့ ကေလးေတြက စီစီရီရီေလးရပ္ရင္း အေနာက္တိုင္းစတိုင္ ပရိတ္သတ္ေတြကို ဦးၫြတ္လိုက္ကာ ''Merry Christmas'' ဟု ညီညီညာညာသံၿပိဳင္ထေအာ္ၾကသည္။ မိဘေတြကလည္း ''ေကာင္းတယ္'' ဟုေအာ္ကာ လက္ခုပ္ၾသဘာေပးၾကေလသည္။

စတိတ္စင္ႀကီးျပန္ေမွာင္သြားေတာ့ ယန္းခ်င္းခ်ီ က်န္းေမာ့ခ်န္ေျပာတာကို ၾကားလိုက္ရသည္။

''ခဏေစာင့္ ''

ထို႔ေနာက္ ျမင္ကြင္းေတြစတင္ၿပီးလႈပ္လာသည္။

''သူဘာလုပ္ေနတာလဲ '' ေဝ့လန္ ယန္းခ်င္းခ်ီကိုေမးလိုက္သည္။

ယန္းခ်င္းခ်ီက က်န္းေမာ့ခ်န္နဲ႔အတူေနလာတာၾကာၿပီျဖစ္တာေၾကာင့္ တဖက္လူစိတ္ေနသေဘာထားကို အနည္းနဲ႔အမ်ားခန္႔မွန္းတတ္ေနၿပီျဖစ္သည္။

''သူ ခ်ီခ်ီ႕ကိုေတြ႕ဖို႔ စင္ေနာက္ကိုသြားတာျဖစ္လိမ့္မယ္ ''

''ေၾသာ ေၾသာ ေၾသာ '' ေဝ့လန္က နားလည္ၿပီျဖစ္ေၾကာင္း ေခါင္းေလးၿငိမ့္ျပလာသည္။

သိပ္မၾကာခင္ ဖုန္းမ်က္ႏွာျပင္ေပၚမွာအျဖဴေရာင္အလင္းတန္းႀကီးျပန္ေပၚလာကာ ကေလးေတြစကားေျပာေနသံကိုၾကားလိုက္ရေလသည္။

''အဲ့ဒါဘာႀကီးလဲ ''

''ငါ့ဟာ​နင့္ကိုေပးမယ္ နင့္ဟာနဲ႔လဲေပးလို႔ရမလား ''

''အိုက္ယား ငါ့အၿမီးကိုမဆြဲနဲ႔ေလ နင့္မွာလည္းအၿမီး႐ွိတဲ့ဟာကို ''

ေနာက္ေတာ့ ရင္းႏွီးေနသည့္အသံခ်ိဳခ်ိဳေလးကို ယန္းခ်င္းခ်ီၾကားလိုက္ရသည္။

''ပါးပါးလား ''

အသံကတိုးတိုးေလးျဖင့္ ညင္သာေပ်ာ့ေပ်ာင္းေနေသာ္ျငား ထိုအေမးမွာ စိတ္လႈပ္႐ွားမႈအခ်ိဳ႕ႏွင့္ေပ်ာ္႐ႊင္မႈအခ်ိဳ႕ေရာယွက္ေနသည္။ ေနာက္ေတာ့ ဖုန္းကင္မရာမွာ ေခါင္းမဲမဲေလးေပၚလာကာ တစ္ခ်က္ၾကည့္လိုက္႐ုံနဲ႔ ခ်ီခ်ီမွန္းတန္းသိႏိုင္သည္။

က်န္းေမာ့ခ်န္ ကင္မရာကိုေ႐ွ႕တိုးေပးလိုက္ေတာ့ ခ်ီခ်ီ႕ကိုယ္တစ္ပိုင္းေပၚလာသည္။ သူတို႔ႏွစ္ေယာက္ တိတ္ဆိတ္သည့္ေနရာတစ္ခုကို ႐ွာထားပုံပင္။ ​ႂကြပ္ႂကြပ္ညံေနသည့္ ကေလးအသံေတြကို ထပ္မၾကားရေတာ့ပါ။

ခ်ီခ်ီက ဂ်ိဳပါသည့္ သမင္ဝတ္စုံေလးဝတ္ထားဆဲျဖစ္တာေၾကာင့္ မတို႔ရက္မထိရက္သည့္ ကပ္ေစးကိတ္ေလးႏွင့္တူကာ အရမ္းကိုခ်စ္ဖို႔ေကာင္းေနသည္။ ကေလးကလူေၾကာက္သျဖင့္ ေဝ့လန္ကိုျမင္လိုက္လွ်င္ လန္႔သြားမွာစိုးတာေၾကာင့္ ယန္းခ်င္းခ်ီ ေဝ့လန္ကို ဖုန္းကင္မရာအျပင္ဘက္ တြန္းထုတ္လိုက္သည္။ ေဝ့လန္ကမေက်မနပ္ျဖစ္သြားေသာ္ျငား ယန္းခ်င္းခ်ီကႀကိဳ႐ွင္းျပထားၿပီးျဖစ္တာေၾကာင့္ သူလည္းဘာမွမတတ္ႏိုင္ေပ။

ယန္းခ်င္းခ်ီ မ်က္စိေ႐ွ႕ကသမင္ေလးကိုၾကည့္ရင္း

''ပါးပါး ခုနကေလးတင္ၾကည့္ၿပီးသြားၿပီ ခ်ီခ်ီေဖ်ာ္ေျဖတာအရမ္းမိုက္တာပဲ ''

''တကယ္လား! တကယ္ၾကည့္လိုက္တာလား! ''

''ဒါေပါ့ ခ်ီခ်ီသီခ်င္းဆိုတာကိုလည္းၾကားလိုက္တယ္ ခ်ီခ်ီ႕သီခ်င္းဆိုသံေလးက အရမ္းနားေထာင္လို႔ ေကာင္းတာပဲ ''

ခ်ီခ်ီ႕ပါးေလးေတြနီတက္လာသည္။ ဝတ္စုံကအိုက္လို႔ပဲလား၊ ႐ွက္လို႔ပဲလားကေတာ့ ဘယ္သူမွအတည္မျပဳေတာ့ပါ။

''ပါးပါး ဒီမွာၾကည့္ '' ခ်ီခ်ီက ခရစၥမတ္ေျခအိတ္ပုံစံလက္ေဆာင္ထုပ္ေလးကို ေျမႇာက္ျပကာ '' ဒါက ဆရာမ သားတို႔ကို ခရစၥမတ္လက္ေဆာင္အျဖစ္ေပးတာ ''

''Wow '' ယန္းခ်င္းခ်ီကလည္း အံ့ၾသအားက်သည့္ပုံစံမ်ိဳး ခ်က္ခ်င္းလုပ္လိုက္သည္။ '' ၾကည့္ရတာေတာ့ လက္ေဆာင္ေတြအမ်ားႀကီးပါမဲ့ပုံပဲ ''

ခ်ီခ်ီကေခါင္းၿငိမ့္ျပလိုက္ကာ ေခါင္းေလးငုံ႔ၿပီး သူ႕ေ႐ွ႕မွာတင္လက္ေဆာင္အိတ္ကိုဖြင့္ၾကည့္ေနသည္။ ထို႔ေနာက္ ပစၥည္းေလးတစ္ခုဆြဲထုတ္လိုက္ကာ

'' သမင္ေလး '' ခ်ီခ်ီက လက္ထဲကသမင္႐ုပ္ေလးကို ယန္းခ်င္းခ်ီေ႐ွ႕ လႈပ္ရမ္းျပေနသည္။

''အင္း အရမ္းခ်စ္ဖို႔ေကာင္းတယ္ ''

ခ်ီခ်ီကသမင္ေလးကို ေဘးခ်လိုက္ကာ ေနာက္တစ္ခုဆက္ႏိႈက္ေနျပန္သည္။

''ဒါကဘာႀကီးလဲ ''

ခ်ီခ်ီက ဖဲႀကိဳးနီေလးတပ္ထားသည့္ ဘူးေသးေသးေလးကို နားအနားကပ္ရင္း လႈပ္ခါၾကည့္လိုက္ကာ ဘာမွန္းေသခ်ာမသိျဖင့္ ေဘးကက်န္းေမာ့ခ်န္ဆီအကူအညီလွမ္းေတာင္းလိုက္သည္။

''ဒါကဘာႀကီးလဲ ''

''အဲ့ဒါသၾကားလုံး '' ယန္းခ်င္းခ်ီ က်န္းေမာ့ခ်န္ျပန္ေျဖသံကိုၾကားလိုက္ရသည္။

ခ်ီခ်ီက '' ေၾသာ့ '' ဟု ျပန္ေျဖလိုက္ကာ ယန္းခ်င္းခ်ီဘက္ျပန္လွည့္ၿပီး ဘူးေလးလႈပ္ခါျပျပန္သည္။

''ပါးပါး ဒါကသၾကားလုံးတဲ့ ''

''အင္း သၾကားလုံးဆိုေတာ့ စားလို႔ရတာေပါ့ ''

အိတ္ထဲလက္ေဆာင္တစ္ခုက်န္ေသးတာေၾကာင့္ ခ်ီခ်ီကသၾကားလုံးဘူးေလးေဘးခ်ကာ ထပ္ႏိႈက္ျပန္သည္။

''တစ္ခုက်န္ေသးတယ္ '' ခ်ီခ်ီ ဆြဲထုတ္လိုက္သည္။ '' ဝါးးး ခရစၥမတ္သစ္ပင္ေလး ''

20cm႐ွည္သည့္ ခရစၥမတ္သစ္ပင္ေလးကို ေဖာက္ထြင္းျမင္ရသည့္ ေကာ္ဘူးေလးျဖင့္ထုပ္ပိုးထားကာ ေခါင္းေလာင္းေလးေတြ၊ မီးလုံးေလးေတြ၊ ႏွင္းခဲအတုေလးေတြျဖင့္ အရမ္းကိုၾကည့္လို႔လွေနသည္။

''အရမ္းခ်စ္ဖို႔ေကာင္းတာပဲ ပါးပါးအိမ္ျပန္ေရာက္တဲ့အထိေစာင့္ေနာ္ အဲ့ဒါေလးကို သားရဲ႕စားပြဲေသးေသးေလးေပၚမွာ မီးဆင္ၿပီး အလွၾကည့္လို႔ရေအာင္ ထားေပးမယ္ ''

ခ်ီခ်ီ ယန္းခ်င္းခ်ီကိုၾကည့္လိုက္ကာ ႐ုတ္တရက္ကုန္းလိုက္ၿပီး ေဘးမွာခ်ထားသည့္ သမင္႐ုပ္ေလးႏွင့္ သၾကားလုံးဘူးေလးကို ခရစၥမတ္သစ္ပင္ေလးနဲ႔အၿပိဳင္ လက္ထဲေပြ႕ပိုက္ရင္း ယန္းခ်င္းခ်ီျမင္ေအာင္ျပလိုက္သည္။

''ပါးပါး ဘယ္တစ္ခုႀကိဳက္လဲ ''

__________________________________

စြပ္ဖားလွည္း

ဂ်ိဳပါတဲ့သမင္ဝတ္စုံ

Continue Reading

You'll Also Like

60.5K 4.4K 68
အဖြူရောင်လေးက စွန်းထင်းလွယ်တယ် မဟုတ်လား... အဖြူတစ်စုံထပ်လို့ စွန်းထင်းမှုကို မကာကွယ်နိုင်ရင်တောင် အတူတူစွန်းထင်းခံနိုင်မှုကို ချစ်ခြင်းမေတ္တာလို့ သတ်...
6.5K 206 15
စာအုပ္ ေအာ္ဒါေလးနဲ႕ပတ္သတ္သမွ် သတင္းေလးမ်ား
594K 41K 41
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}