ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြ...

By Pony_Pon

586K 82.4K 3K

ျပန္လည္ရွင္သန္ပီးေနာက္သူေဌးႀကီးရဲ႕ခ်စ္ဇနီးေလးျဖစ္လာခဲ့တယ္ [BL] Fully Credit To Author 清麓 ,Original Publi... More

Summary
1 [Rebirth]
2 [Birthday Present]
3 [He was with me last night]
4 [Warn]
5 [Si Family]
6 [Friends]
7 [Spoil You]
8 [Return home early]
9 [Pick things up]
10 [Quite Rich]
11 [Good Son]
12 [Entrance Examination No.1]
13 [Behave in a spoiled manner]
14 [Then,I'll be gentle]
15 [As long as you want]
16 [Award]
17 [Do you care?]
18 [Entrance Feast]
19 [Not for him]
20 [Go back to Tao's]
21 [Weather is Cool]
22 [Secretly,fell in love]
23 [You,ungrateful animal]
24 [I want to marry him]
25.1[Do you want to?]
25.2 [Do you want to?]
26 [I do]
27 [Get Married Soon]
28 [Arrogant]
29 [We are Married]
30 [Freshman Representative]
31 [ Mrs.Si ]
32 [Wedding Announcement]
33 [Come and sit here]
34.1 [You must called him Papa]
34.2 [You must called him Papa]
35 [Miss Someone]
36 [Imaginary]
37 [Find me the first time]
Announcements
38 [Rumour]
39 [Love you]
40 [Are you in love?]
42 [Si Ye is getting married]
43 [Move in with Me]
44 [I love you too]
45 [Your Groom]
46 [Good Boy]
47 [Master Xu's Background]
48 [Miss Me?]
(╯ರ ~ ರ)╯︵ ┻━┻
49 [Don't make me kiss you]
50 [My partner will be jealous]
51 [Draw me a picture]
52 [I'm nice]
53[I can't bare the slightest criticism of my man]
54 [I really like him]
55 [My watch is missing]
56 [Eunuch]
57 [Shū Zhí]
58 [favour]
59 [Photo]
60 [Get rid of]

41 [Will Si Ye be sad?]

6.4K 1.1K 39
By Pony_Pon

Unicode

စစ်ရယ်က ကျောင်းထက်အရင် ချန်ရှုကူညီခဲ့တဲ့  ဓာတ်ပုံထဲကကောင်မလေးကို တိုက်ရိုက်သွားရှာခဲ့တယ်။

သူမကို ဖိုရမ်ရှာဖွေမှုထိပ်ဆုံးပို့လိုက်တာကြောင့် သူမအမြဲတမ်း ဖုံးကွယ်ထားချင်တဲ့အရာက လုံးလုံးလျားလျား ဖော်ထုတ်ခံလိုက်ရတယ်။ အတန်းဖော် သူငယ်ချင်းတွေနဲ့ မိဘတွေလည်း ထိုအကြောင်းကို သိသွားကြတယ်။အဲဒီတုန်းက ကောင်မလေးက  ဆေးရုံမှာရှိနေပြီး အမှန်ကိုဖော်ထုတ်ဖို့ ငြင်းဆန်နေခဲ့တယ်။ မိဘတွေသာ အမှန်ကိုသိသွားရင် ဆူပူရိုက်နှက်ကြမယ်လို့ ထင်ထားပေမဲ့ တကယ်တမ်းတော့ သူမကို ပွေ့ဖက်ပြီး ဝမ်းနည်းနေကြတယ်။  သူမမိုက်မဲလွန်းတဲ့ အတွေးကြောင့် မိသားစုကို ဒီလောက်ကြီးကျယ်တဲ့ ကိစ္စကိုမပြောခဲ့ဘူး။

စစ်ရယ်ရဲ့အတွင်းရေးမှူးက ထိုမိန်းကလေးကို တွေ့ရှိပြီး ချန်ရှု သူမကိုကူညီခဲ့တဲ့အကြောင်းကြောင့် လုပ်ကြံခံနေရကြောင်း ပြောပြခဲ့သည်။အင်တာနက်မှာ ချန်ရှုအပေါ် စွပ်စွဲချက်များနှင့် ပြည့်နှက်နေပြီး သူမက ချန်ရှုဘဝကိုပင် အနှောက်အယှက်ဖြစ်စေခဲ့သည်။

ဒါကိုကြားပြီး မိန်းကလေးရဲ့ မိသားစုက အပြစ်ရှိတယ်လို့ ခံစားသွားရတယ်။သူမ အကျပ်အတည်းဆုံးအချိန်မှာ ကူညီပေးခဲ့တဲ့ ကောင်လေးကို တွေးပြီး မျက်လုံးများ စိုစွတ်လာခဲ့သည်။

သူမက အမြဲတမ်း သူရဲဘောကြောင်ခဲ့‌ပြီး နောက်ဆုံးမှာတော့

"ကျွန်မ ဒီကိစ္စကို ဖြေရှင်းပြီး ချန်ရှုအပြစ်ကင်းကြောင်း ဖော်ထုတ်ပေးပါ့မယ်"

ထို့နောက် ချန်ရှုရဲ့ရှာဖွေမှုအကြောင်း ကို ရုပ်သိမ်းလိုက်ကြတယ်။ ချန်ရှုက  ခွဲစိတ်မှုနောက်ကွယ်မှာမရှိကြောင်းကို လူပြောများလာခဲ့တယ်။

[ချန်ရှု စွပ်စွဲခံလိုက်ရပြီ! ]

[သူက ရုပ်ရည်ချောမောပြီး အကျင့်စာရိတ္တကောင်းမွန် ထူးချွန်တယ်လို့ ငါပြောခဲ့သားပဲ၊ ဘယ်လိုလူယုတ်မာဖြစ်နိုင်မှာလဲ။ ]

[NS! မျက်စိစုံမှိတ်ပြီး သတင်းဖြန့်တဲ့သူတွေက တကယ့်ကို ရက်စက်လွန်းတယ်၊ ချန်ရှုက လူတွေကို ကူညီခဲ့တယ်၊ ဒါပေမယ့် အကြောင်းပြချက်မရှိဘဲ အချိန်အတော်ကြာအောင် စွပ်စွဲခံရပြီး ကဲ့ရဲ့ခံခဲ့ရတယ်။ ]

[ မိန်းကလေးတွေ ပိုသတိထားရမယ် အမှိုက်ကောင်တွေက တကယ့်ကို အရှက်မရှိဘူး!   ]

[သူမက တကယ့်လူယုတ်မာက တခြားတစ်‌ေယာက်လို့ပြောခဲ့တယ်!၊ ဘယ်သူလဲဆိုတာ ငါသိပုံရတယ်။ ]

[အဲဒါက လူငါးယောက်ပါတဲ့ ဟိုတီးဝိုင်းကဖြစ်နိုင်မလား။ ]

[xjb တော့ မဖြစ်နိုင်ဘူး! သူက မြေအောက်ဂီတအဖွဲ့ရဲ့အဆိုတော် လို့ပြောသွားတယ် ]

[Ah... ငါတော့ ဘယ်သူလဲဆိုတာ ခန့်မှန်းလို့ရပြီ ဟုတ်တယ် xxt  ]

[ငါလည်း သူလို့ထင်တယ်။ သူက ကိုယ်ပိုင်ဘ၀မှာ ပါရှုပ်ပွနေပုံရတယ်... သူသာဆိုရင်တော့ အံ့ဩစရာမရှိဘူးဘဲ။ချန်ရှုက လုံးဝအပြစ်ကင်းပေမယ့် အခြားသူတွေကို ကူညီတာကလည်း ဒုက္ခဖြစ်စေနိုင်တယ်။ ]

သဘာဝလွန် စွမ်းအားတွေရှိတဲ့ အင်တာနက်သုံးစွဲသူတွေက တကယ့်အမှိုက်‌ကောင် ကို မြန်မြန်ဆန်ဆန်ရှာ‌ဖွေပြီး ရှရှောင်ထင်းရဲ့ အချစ်ရေးကိစ္စတွေကိုလည်း ဖော်ထုတ်လာကြတယ်။ မိန်းကလေးတော်တော်များများကလည်း သူတို့ဟာ အရင်က ရှရှောင်ထင်း ရဲ့ ပရိတ်သတ်တွေလို့ ပြောလာပြီး သူတို့ချင်းတွေ့ဆုံပြီးနောက်  WeChat မှာပါ အပ်ခဲ့ကြတယ်လို့ပြောလာတယ် ။အမျိုးသမီးငယ်လေးတွေက သူတို့ဒီလိုလူမျိုးကြိုက်ခဲ့ကြတာကို မယုံကြည်နိုင်ဖြစ်ပြီး ချက်ချင်းပဲ ဖန်အဖြစ်ကနေ နှုတ်ထွက်လိုက်ကြတယ်။သေချာတာပေါ့ အမှိုက်ကောင်ကျူးလွန်ခဲ့တဲ့ တခြားမိန်းကလေးတွေလည်းပေါ်လာခဲ့တယ်။သူက ကာကွယ်ရေးပစ္စည်းသုံးတာကို မကြိုက်တဲ့အတွက် ကိစ္စပြီးရင် သူမတို့ကို ဆေးသောက်စေခဲ့တယ်။

[လူယုတ်မာကောင်! မိန်းကလေးတွေ ကိုယ့်ကိုကိုယ် ကာကွယ်ပြီး တန်ဖိုးထားရမယ် ဒီလိုမျိုးမဖြစ်စေနဲ့ ]

[ရွံစရာကောင်! ဒီလိုလူယုတ်မာကောင်ကို ဘယ်လိုလုပ်ပြီး ကြိုက်တဲ့သူတွေများနေရတာလဲ ]

[ရိုးရိုးသားသား ပြောရရင် ရှရှောင်ထင်းက ရုပ်ချောပြီး သီချင်းဆိုကောင်းတယ်၊ တကယ့်ကို မကောင်းတဲ့ကောင်ဖြစ်နေတော့တာပဲ ]

ရှရှောင်ထင်းဖော်ထုတ်ခံရပြီးတဲ့နောက်မှ ချန်ရှုနဲ့ပက်သက်တဲ့ တရားဝင်ဘလော့ဂ်ကို ကျောင်းမှ ရှင်းလင်းခဲ့သည်။ ချက်ချင်းဆိုသလိုပဲ University A မှ ကျောင်းသားဟောင်းတော်တော်များများက အဲဒါကို ပြန်တင်လိုက်ကြပြီး လူတော်တော်များများက ချန်ရှု မှာ Weibo ရှိလားသိချင်လာကြပေမယ့် ချန်ရှုပြန်တင်ထားတဲ့ပို့စ်ကို မတွေ့ကြရဘူး။

နောက်တော့ အချောဆုံး တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာ ချန်ပီယံက စာတွေကိုသာ စွဲလန်းနေပြီး Weiboကိုတောင်မသုံးဘူးလို့ ကံမကောင်းစွာနဲ့ ငြင်းငြူနေကြတယ်။

ရှရှောင်ထင်း‌ကြောင့် တစ်စုံတစ်ယောက်က တစ်ခုခုကုသိသိသာသာ သတိထားလိုက်မိတယ်၊ နောက်ဆုံးက ဒရမ်သမားကို ဘာလို့ ဒီလောက်ရင်းနှီးနေရတာလဲ။

[အိုဘုရားရေ! ဒရမ်သမားက ချန်ရှု! ]

[ ချောလိုက်တာ!! ]

[အာ အား အား ငါငါတော့သွားပြီ!!!]

နောက်ပိုင်း တစ်ယောက်ယောက်က ချန်ရှုရဲ့ရှားပါးပြီးရင်း ရှားပါးသော ယာယီခေါင်းဆောင်အဆိုတော် ဗီဒီယိုဖိုင်ကို တင်လိုက်တယ်။အရည်‌သွေးနိမ့်ပြီး အဆင်မပြေပေမယ့် အင်တာနက်သုံးစွဲသူတွေရဲ့ အော်ဟစ်သံကို မတားဆီးနိုင်ခဲ့ပါဘူး။

[ဖက်ခ်! သေစမ်း! အရမ်းခန့်တာပဲ! ဘန်(band)က ဘယ်လိုတွေလုပ်တာလဲ! ချန်ရှုက ရှရှောင်ထင်း ထက် အများကြီး ပိုချောတယ်။ ဘာကြောင့် သူ့ကိုအဆိုတော်ဖြစ်ခွင့်မပေးရတာလဲ!!]

[ဒီအသံ၊ ငါ့နားတွေ ကိုယ်ဝန်ဆောင်လိုက်ရပြီ ၊ ဘောလုံးကွင်းတစ်ခုစာလုံး မွေးပစ်မယ်! ]

[ငါလေး! မင်းကို ပွဲဦးထွက်လုပ်ဖို့ တောင်းဆိုပါတယ်။ ဒီမျက်နှာ၊ ဒီအသံ၊ စင်ပေါ်မှာဖော်ပြနိုင်စွမ်း၊ ပွဲဦးထွက်လုပ်မှာကို မဖြုန်းတီးသင့်ဘူး။ ]

ရှရှောင်ထင်းကိုအနိုင်ယူဖို့ ယွမ်ရန် နဲ့ အဖွဲ့ဖွဲ့ပြီးကတည်းက လုဟိုင် သူတို့အဖွဲ့နဲ့အတူစာချုပ်ချုပ်ကာ နာမည်ကြီးဖြစ်လာစေရမယ်ဆိုပြီး မရေမတွက်နိုင်တဲ့ ဖျော်ဖြေရေးကုမ္ပဏီတွေဆီက ဖုန်းခေါ်ဆိုမှုတွေ လက်ခံရရှိခဲ့ပါတယ်။

အတိုချုပ်ပြောရလျှင် လုဟိုင်သည် ထိုကောင်းကင်ပေါ်ကကျလာတဲ့ပိုင်မုန့်တွေအကုန်လုံးကို သဘောတူမိတော့မလို့ပင်။

"မျောက်ဝံ* ငါတို့မကြာခင်ချမ်းသာလာတော့မယ် "

လုဟိုင် က ဖုန်းချပြီးနောက် ပြောလိုက်တယ်

ယွမ်ရန် : "ဟမ်?"

အခုအချိန်မှာ ချန်ရှုသည် အင်တာနက်ပေါ်မှာ သူ့ကို ပွဲဦးထွက်ဖို့ မျော်နေတဲ့သူ မည်မျှရှိသည်ကို မသိရသေးသလို သူက ပွဲဦးထွက်အတွက် ပြင်ဆင်နေရုံသပ်သပ်သာ ဖြစ်ကြောင်းခန့်မှန်းနေတဲ့သူတွေလည်းရှိတယ်။

ညနေပိုင်းအတန်းပြီးသွားတာနဲ့ ချူးယောင်ယွမ်၊တခြားသူတွေနဲ့အတူ အိပ်ဆောင်ကို ပြန်လာခဲ့တယ်။

"ချန်ရှု"

လမ်းလျှောက်နေတဲ့အချိန်မှာ တစ်စုံတစ်ယောက်က သူ့ကိုခေါ်သံကြားလို့ ချန်ရှုပြန်ကြည့်လိုက်တယ်။ သူ့ကို လျှို့ဝှက်စွာ ဓာတ်ပုံရိုက်နေတဲ့ မိန်းကလေးတချို့ကိုတွေ့လိုက်ရတယ်။

ချန်ရှု လှည့်ကြည့်လိုက်တဲ့အခါ ကောင်မလေးတွေက စကားမပြောနိုင်လောက်အောင်ပင် လန့်သွားသည်။

"ဟုတ်တယ် ရှုကော မင်းက ကြယ်ပွင့်လေးပဲ"

ချူးယောင်ယွမ် က နောက်ပြောင်လိုက်သည်။

"ဟုတ်တယ်ချန်ရှု မင်း ပွဲဦးထွက်လုပ်ချင်လား။ အနုပညာလုပ်ငန်းက တော်တော်လေးအကျိုးမြတ်များတယ်လို့ ငါကြားဖူးတယ်"

အကယ်၍ထန်ကျန်းမှာသာ ချန်ရှုလိုမျိုးမျက်နှာသာရှိရင် အနုပညာနယ်ပယ်ကိုရောက်နေတာ ကြာလှပြီ။ဒီနေရာမှာ စာလေ့လာဖို့ မလိုတော့ဘူးကွ!

ချန်ရှုက ဂရုမစိုက်တဲ့ပုံစံနဲ့ပဲ

"ငါက ပိုက်ဆံပြတ်လပ်မနေဘူးလေ"

"ကျစ် မင်းရှုကောလို့ ခေါ်ခံသင့်ပါတယ်ကွာ ကြည့်စမ်း ဘယ်လောက် ဆုံးဖြတ်ချက်ခိုင်မာလိုက်လဲ"

ချန်ရှုနောက်နေတာလို့ပဲ ထန်ကျန်းတွေးလိုက်တယ်။ နောပ်ဆုံးတော့ချန်ရှုမှာ နာမည်ကြီးတံဆိပ်အသုံးဆောင်လည်းမတွေ့ရသလို ဇိမ်ခံပစ္စည်းသေးသေးလေးတောင် ရှိမနေဘူး။

"ငါတို့ကျောင်းမြက်လေးက ထက်မြက်တယ်ကွ၊ ဒါကြောင့် ငွေရှာလို့မရမှာကို စိတ်မပူနဲ့။ ဘွဲ့ရပြီးရင် ကုမ္ပဏီကြီးတွေက အပြေးအလွှား လာဆက်သွယ်ကြလိမ့်မယ်။"

ချူးယောင်ယွမ်ကတော့ ချန်ရှုကို စာကြိုးကြိုးစားစားလေ့လာစေချင်တယ်။ သူ့အမြင်မှာလည်း ဖျော်ဖြေရေး လုပ်ငန်းက ငွေရှာရတာမြန်ပေမဲ့ မြန်လွန်းလို့ မြန်မြန်ပျောက်ဖို့ကလည်း လွယ်နိုင်တယ်။ ခက်ခဲပေမဲ့  နည်းမှန်လမ်းမှန်ပဲ ကောင်းတယ်။

"မှန်တယ်။"

ထန်ကျန်းကခေါင်းညိတ်သဘောတူသည်။

သူတို့ သုံးယောက် အတူတူ အိပ်ဆောင်ကို ပြန်ရောက်ပြီးနောက် ချန်ရှုရဲ့ဖုန်း မြည်လာကာ သူ့အမေ ဆိုတာတွေ့တော့ ကောက်ကိုင်လိုက်သည် ။

"ဟယ်လို"

သူ့အသံက အေးစက်လွန်းသဖြင့် ချူးယောင်ယွမ် နှင့် ထန်ကျန်းနှစ်ယောက်စလုံးက  ခေါင်းကို လှည့်ကြည့်လာကြတယ်။

ဘယ်သူခေါ်တာ‌မို့ သူ့အသံက ဒီလောက်ထိ အေးစက်သွားရတာလဲ။

"ချန်ရှု မင်းအိမ်မှာလား။"

"မဟုတ်ဘူး အတန်းကအခုမှပြီးတာ"

"အင်း ဒါဆို မင်းဒီကို မြန်မြန်လာခဲ့နော်"

သူမ က စကားကို အကြမ်းဖျင်းပြောပြီး ဖုန်းချဖို့မစောင့်နိုင်အောင်ဘဲ၊ သူ့ကို လာခေါ်ဖို့ ကားပို့ပေးဖို့တောင်သတိမရဘူး။သူမ ဒါကိုတွေးထားမှာတောင်မဟုတ်လောက်ဘူး။

"ဒီည ငါပြန်မလာတော့ဘူး"

ချန်ရှုက ရိုးရိုးရှင်းရှင်း ထုပ်ပိုးပြီး ချူးယောင်ယွမ် ကို ပြောလိုက်တယ်။

"အိုကေ၊ မင်း ဂရုစိုက်ပြီးပြန်"

ချန်ရှုမျက်နှာအရောင် မြင်လိုက်ရတော့ ချူးယောင်ယွမ်နဲ့ ထန်ကျန်း စကားထပ်မပြောရဲတော့ပေ။

ချန်အိမ်​ကို​ရောက်​​တော့ ဆယ်​နာရီထိုး​နေပြီ။ ချန်မိသားစုအိမ်က သူ့ကျောင်းနဲ့ဝေးတယ်။ ဒီနေရာကို သူနောက်ဆုံးပြန်ရောက်တဲ့အချိန်ကိုတောင် သတိမရတော့ဘူး။ အစေခံကလာပြီး တံခါးကိုဖွင့်ပေးတယ်။

"ဒုတိယသခင်လေး မလာနိုင်ဘူးထင်နေတာ"

"ဟုတ်လား။"

ချန်ရှုက အေးစက်စွာ တုံ့ပြန်ပြီး ဝင်လာခဲ့သည်။

အခန်းထဲမှာ သူ့အဖေ ချန်ရွယ် နဲ့ သူ့အမေကဆိုဖာပေါ်မှာ ထိုင်ပြီး တီဗီကြည့်နေကြတယ်။

"မင်းဘာလို့နောက်ကျနေတာလဲ။ မင်းအစ်ကိုက သူ့သူငယ်ချင်းနဲ့ချိန်းထားတာရှိသေးတယ်၊ မင်းညီမ မနက်ဖြန်ကျောင်းသွားရမှာဆိုတော့ ငါတို့အရင်စားထားလိုက်တယ်"

ဝမ်ချင်း က ထလာပြီး ချန်ရှု ထံ လျှောက်သွားကာ သူမမျက်နှာပေါ်မှာ မကျေနပ်မှုအရိပ်အယောင်တွေနဲ့ လျှောက်လာတယ်။

ချန်ဟောင်မွေးနေ့အတွက် သူ့ပေါ့ဆမှုကြောင့် ချန်ရှုကို အပြစ်တင် ချင်ပုံရသည်။

ချန်ရွယ်က ဆိုဖာပေါ်တွင် ထိုင်နေပြီး ချန်ရှု ဘက်သို့ လှည့်ကာ

"ဒီကောင် တမင်တကာလုပ်တာလေ၊ ဒီလိုနေ့မျိုးမှာ သူလာကိုလာရမှာ သေချာတယ် ဒါပေမယ့် ဒီအချိန်မှတမင်တကာလာပြီး ဆွေမျိုးတွေရှေ့မှာ ငါတို့မျက်နှာပျက်သွားရတာကို ပျော်နေတာ”

ချန်ရွယ်စကားကိုကြားတော့ ချန်ရှုသည် ရုတ်တရက် မျက်နှာတင်းသွားကာ လက်ထဲက အိတ်ကိုဆွဲပြီး   ဝမ်ချင်း အား

"ကျွန်တော်ပြန်တော့မယ်"

ဝမ်ချင်းက ချန်ရှုဒီလိုတုန့်ပြန်လာမယ်လို့ မမျှော်လင့်ထားဘူး သူက တကယ်ပဲထွက်သွားချင်နေတာလား

"ချန်ရှု!"

"မျိုးမစစ်ကောင်၊ ရပ်လိုက်စမ်း!"

ချန်ရွယ်က ချန်ရှုသူ့‌ ကို နှိုးဆွနေတဲ့အပြုအမူကြောင့် အလွန်ဒေါသထွက်နေတယ်။

သို့သော် ချန်ရှုသည် နောက်ပြန်လှည့်မကြည့်ဘဲ ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာသွားခဲ့သည်။

"ဒီ... ရှင့်ဒေါသကို ထိန်းထားဖို့ ကျွန်မပြောခဲ့တယ်။ သူထွက်သွားပြီး ကျွန်မတို့ကို ဒုက္ခပေးဖို့ မစ္စတာစစ်ကိုပြောရင် ရှင်ဘယ်လိုလုပ်မလဲ"

ချန်ရွယ်လည်း အနည်းငယ်နောင်တရသွားတယ် ။အရင်က ချန်ရှုသည် အိမ်မှာ ကြင်နာတတ်သူ ဖြစ်ခဲ့ဖူးတယ်။အခု ချန်ရှု က သူ့ကို မျက်နှာလွှဲပစ်မယ်လို့လုံးဝ မထင်ထားခဲ့ဘူးလေ။

"ဟုတ်တယ် သူက အဖိုးတန်‌လေးဖြစ်‌နေပြီ ။ စစ်အိမ်တော် မှာ သူဘယ်လောက် ယုတ်မာနေလဲဆိုတာ ရှင်မသိဘူး၊ စစ်ရိချန်တောင် သူ့လောက် အာဏာမရှိတော့ဘူး"

ဝမ်ချင်းက သူမနဲ့အတူအလှပြင်နေတဲ့ သူဌေး ဇနီးသည်တွေဆီကနေ ကြားခဲ့ရတယ်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! အဘွားကြီးက သူ့ကို ဘယ်လို သည်းခံမှာလဲ"

ချန်ရွယ်မယုံနိုင်ဘူး။ စစ်ရယ်အပြင် စစ်ရိချန် နောက်မှာထောင်မင်းကျိ ရှိတယ်။စစ်ရယ် က ချန်ရှု ကို စည်းမဲ့ကမ်းမဲ့ အလိုလိုက်နေရင် ထောင်မင်းကျိက လုံးဝသဘောတူမှာ မဟုတ်ဘူး။

ဒါ့ကြောင့်  ဝမ်ချင်းကြားခဲ့တဲ့အကြာင်းကို သူလုံးဝမယုံနိုင်ဘူး။အရင်ထဲကအမွေဆက်ခံသူစစ်ရိချန်ကို ချန်ရှုဘယ်လိုလုပ်ကျော်ဖြတ်နိုင်မှာလဲ။

"အရင်ထဲက သူ့ကို စစ်အိမ်‌တော် ဆီ မပို့ခဲ့သင့်ဘူး။ ဒါက ရန်သူရှာဖို့ ဖြစ်သွားပြီ"

ချန်ရွယ်သည် မျက်မှောင်ကြုတ်ကာ တံခါးအပြင်ဘက်ကို ကြည့်နေလိုက်သည်။

ဝမ်ချင်းက သက်ပြင်းချလိုက်ပြီး

"သူ့ကို စစ်အိမ်တော်ကို မပို့ဘူးဆိုရင် ဘာလဲရှင်က တချိန်လုံးစောင့်ရှောက်ချင်လို့လား။အဆုံးမှာ လူအိုကြီးက ထွက်သွားပြီး အရိပ်မှာခိုနေတဲ့ ငှက်တစ်ကောင်ကို လွှတ်ပစ်နိုင်ခဲ့ပြီ။ ကျွန်မသားရဲ့နေရာကို ခိုးယူမခံနိုင်ဘူး။"

"အခုက ငယ်ပါသေးတယ်။ လူငယ်တွေပုန်ကန်တဲ့အရွယ်မှာရောက်နေလို့သာ၊  မင်းသူ့ကို ချော့နေခဲ့တာကြာပြီပဲ နောက်တခါလောက်ချော့ပြောလိုက်ရင်အဆင်ပြေမှာပါ"

ချန်ရွယ်က သူ့ဇနီးရဲ့ပုခုံးကို ပုတ်ပေးလိုက်တယ်။

ဝမ်ချင်း တစ်ခုခုကိုတိုးတိုးလေးပြောလိုက်ပေမယ့် နောက်ဆုံးတော့ ပုံမှန်အခြေနေပြန်ဖြစ်သွားတယ်။

ဆယ်နာရီထိုးနေပြီ။ ဒီအချိန်မှာ ကျောင်းကို တက္ကစီစီးပြီးပြန်ရင်တောင် မဝင်နိုင်တော့မှာ သေချာတယ်။အိမ်ပြန်ရင် စစ်ရယ် စိတ်ပူသွားမှာကို ချန်ရှုကြောက်နေတော့ ကျောင်းနဲ့နီးတဲ့ အခန်းတစ်ခုမှာပဲ ဒီညနေလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဟိုတယ်တစ်လုံးကို အမှတ်တမဲ့တွေ့ရှိခဲ့ပြီး စစ်ကျင်းနှင့် လူစိမ်းတစ်ယောက် အခန်းထဲဝင်သွားတာကိုပါ တွေ့လိုက်ရတယ်။

စစ်ကျင်း နဲ့ သူ့အမျိုးသားက သရုပ်ဆောင်နေကြတဲ့အကြောင်း ကြားသိခဲ့ရပေမယ့် သူ့မျက်လုံးနဲ့ မြင်လိုက်ရတဲ့ခံစားချက်က ကွဲပြားနေဆဲပါပဲ။

စစ်ကျင်းရဲ့ခင်ပွန်း ဝေရှိဖန် နှင့် စစ်ရယ်ရဲ့အမေ ထောင်မင်းကျိ တို့ကြားက ဆက်ဆံရေးကိုလည်း အမှတ်ရစေသည်။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး စစ်ရယ်ကို မပြောပြခဲ့ပါဘူး။ စစ်ရယ်ကို သူပြောမထွက်နိုင်တာ အမှန်ပဲ။ ထောင်မင်းကျိနှင့် စစ်ရယ် ဆက်ဆံရေးမကောင်းပေမဲ့ ဒီလိုလုပ်ရပ်မျိုးကို စစ်ရယ်မသိသင့်‌ဘူး။

ဟိုတယ်မှာ ချန်ရှု က ကောင်းကောင်းအိပ်‌မပျော်ခဲ့ ဘူး။ သူ အိပ်မက်မက်နေခဲ့တယ်။ ခဏကြာတော့ စစ်ရယ်တစ်ယောက် လှေကားထိပ်မှာ အရက်သောက်ရင်း တစ်ယောက်တည်းထိုင်နေတာကို အိပ်မက်မက်ပြီး နောက်တခဏမှာတော့ စစ်ရယ်က ခေါင်းငုံ့ပြီး သူ့ကိုနမ်းနေတာကို အိပ်မက်မက်ပြီး နောက်ဆုံးမှာတော့ စစ်ရယ်နဲ့အတူ ရှိနေတယ်လို့ အိပ်မက်မက်ခဲ့တယ်။ သူသေပြီးနောက် လက်ထဲမှာ ပန်းစည်းတွေကိုင်ထားပြီးအုတ်ဂူရှေ့မှာ စစ်ရယ်တစ်ယောက်တည်း ရပ်နေတယ်။ပုံရိပ်က အထီးကျန်ဆန်နေပြီး သူ့အုတ်ဂူမှာလည်း နှင်းခဲတွေ စွန်းထင်းနေတယ်။

အဲဒါက အသက် ၂၈ နှစ်အရွယ် စစ်ရယ် မဟုတ်ဘူး၊ သူက အသက်ပိုကြီးတယ်လို့ ထင်ရတယ်။

ချန်ရှုရဲ့ သင်္ချိုင်းရှေ့မှာ စစ်ရယ်တစ်ယောက်တည်း မတ်တပ်ရပ်နေတာကိုတွေ့တော့ ချန်ရှုသည်းမခံနိုင်တော့ပေ။ သူ့ရင်ဘတ်က စူးစူးရှရှ နာကျင်လာတယ်။ စိုစွတ်သောမျက်တောင်များဖြင့် မျက်လုံးကိုဖွင့်လာသည်။

ဟိုတယ်မျက်နှာကျက်ကိုကြည့်ပြီး  ချန်ရှု ခဏတာ မှင်တက်သွားပြီး သူ့ရဲ့ မှတ်ဥာဏ်က မနေ့ညက ကျောင်းမပြန်ဖြစ်တာကို သတိရသွားခဲ့တယ်။

သူ့မျက်လုံးထောင့်မှ မျက်ရည်များကို လက်ပြန်သုတ်ကာ နာကျင်နေတဲ့ နှုတ်ခမ်းများကို ပွတ်သပ်လိုက်သည်။ သူ ဒီလိုအိပ်မက်မျိုး ဘယ်လိုလုပ်မက်နိုင်ရတာလဲ။

စစ်ရယ်က သူ့နောက်ဆုံးဘဝမှာ သေဆုံးသွားပြီးနောက် ဝမ်းနည်းနေခဲ့တာလား။

သူ မသိဘူး။ သူ့အမြင်အရတော့ အရင်ဘဝက သူနဲ့ စစ်ရယ်ကြားမှာ ဆုံနိုင်ဖို့ အခွင့်ရေးအများကြီးမရှိခဲ့ဘူး။ စစ်ရယ်က သူ့အိမ်မက်ထဲကလို ဝမ်းနည်းမနေသင့်ဘူး။ ခါးသက်တဲ့ခံစားချက်က အိပ်မက်များမှတဆင့် လက်တွေ့သို့ပျံ့နှံ့သွားပုံရသည်။ချန်ရှုအသက်ရှူရခက်လာတယ်။

သူ စစ်ရယ်ကို ထိုဝမ်းနည်းမှုမျိုး ခံစားခွင့်လုံးဝမပေးဘူး။ စစ်ရယ်က သူ့ကို လျစ်လျူရှုထားဖို့ မျှော်လင့်မိတယ်။











စာရေးသူမှာပြောစရာရှိတယ်။

မင်းတို့လက်တွေကို ပွတ်ပြီး နောက်အခန်းမှာ ထုန်ကျရှီကို ရှင်းဖို့ အသင့်ပြင်ထားပါ။

ပံ့ပိုးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ငါပိုကြိုးစားမယ်!

T/N -

မျောက်ဝံ (Ape) - 猿 (yuàn) - ယွမ်ရန်



















Zawgyi

စစ္ရယ္က ေက်ာင္းထက္အရင္ ခ်န္ရႈကူညီခဲ့တဲ့  ဓာတ္ပုံထဲကေကာင္မေလးကို တိုက္႐ိုက္သြားရွာခဲ့တယ္။

သူမကို ဖိုရမ္ရွာေဖြမႈထိပ္ဆုံးပို႔လိုက္တာေၾကာင့္ သူမအၿမဲတမ္း ဖုံးကြယ္ထားခ်င္တဲ့အရာက လုံးလုံးလ်ားလ်ား ေဖာ္ထုတ္ခံလိုက္ရတယ္။ အတန္းေဖာ္ သူငယ္ခ်င္းေတြနဲ႔ မိဘေတြလည္း ထိုအေၾကာင္းကို သိသြားၾကတယ္။အဲဒီတုန္းက ေကာင္မေလးက  ေဆး႐ုံမွာရွိေနၿပီး အမွန္ကိုေဖာ္ထုတ္ဖို႔ ျငင္းဆန္ေနခဲ့တယ္။ မိဘေတြသာ အမွန္ကိုသိသြားရင္ ဆူပူ႐ိုက္ႏွက္ၾကမယ္လို႔ ထင္ထားေပမဲ့ တကယ္တမ္းေတာ့ သူမကို ေပြ႕ဖက္ၿပီး ဝမ္းနည္းေနၾကတယ္။  သူမမိုက္မဲလြန္းတဲ့ အေတြးေၾကာင့္ မိသားစုကို ဒီေလာက္ႀကီးက်ယ္တဲ့ ကိစၥကိုမေျပာခဲ့ဘူး။

စစ္ရယ္ရဲ႕အတြင္းေရးမႉးက ထိုမိန္းကေလးကို ေတြ႕ရွိၿပီး ခ်န္ရႈ သူမကိုကူညီခဲ့တဲ့အေၾကာင္းေၾကာင့္ လုပ္ႀကံခံေနရေၾကာင္း ေျပာျပခဲ့သည္။အင္တာနက္မွာ ခ်န္ရႈအေပၚ စြပ္စြဲခ်က္မ်ားႏွင့္ ျပည့္ႏွက္ေနၿပီး သူမက ခ်န္ရႈဘဝကိုပင္ အေႏွာက္အယွက္ျဖစ္ေစခဲ့သည္။

ဒါကိုၾကားၿပီး မိန္းကေလးရဲ႕ မိသားစုက အျပစ္ရွိတယ္လို႔ ခံစားသြားရတယ္။သူမ အက်ပ္အတည္းဆုံးအခ်ိန္မွာ ကူညီေပးခဲ့တဲ့ ေကာင္ေလးကို ေတြးၿပီး မ်က္လုံးမ်ား စိုစြတ္လာခဲ့သည္။

သူမက အၿမဲတမ္း သူရဲေဘာေၾကာင္ခဲ့‌ၿပီး ေနာက္ဆုံးမွာေတာ့

"ကြၽန္မ ဒီကိစၥကို ေျဖရွင္းၿပီး ခ်န္ရႈအျပစ္ကင္းေၾကာင္း ေဖာ္ထုတ္ေပးပါ့မယ္"

ထို႔ေနာက္ ခ်န္ရႈရဲ႕ရွာေဖြမႈအေၾကာင္း ကို ႐ုပ္သိမ္းလိုက္ၾကတယ္။ ခ်န္ရႈက  ခြဲစိတ္မႈေနာက္ကြယ္မွာမရွိေၾကာင္းကို လူေျပာမ်ားလာခဲ့တယ္။

[ခ်န္ရႈ စြပ္စြဲခံလိုက္ရၿပီ! ]

[သူက ႐ုပ္ရည္ေခ်ာေမာၿပီး အက်င့္စာရိတၱေကာင္းမြန္ ထူးခြၽန္တယ္လို႔ ငါေျပာခဲ့သားပဲ၊ ဘယ္လိုလူယုတ္မာျဖစ္ႏိုင္မွာလဲ။ ]

[NS! မ်က္စိစုံမွိတ္ၿပီး သတင္းျဖန္႔တဲ့သူေတြက တကယ့္ကို ရက္စက္လြန္းတယ္၊ ခ်န္ရႈက လူေတြကို ကူညီခဲ့တယ္၊ ဒါေပမယ့္ အေၾကာင္းျပခ်က္မရွိဘဲ အခ်ိန္အေတာ္ၾကာေအာင္ စြပ္စြဲခံရၿပီး ကဲ့ရဲ႕ခံခဲ့ရတယ္။ ]

[ မိန္းကေလးေတြ ပိုသတိထားရမယ္ အမႈိက္ေကာင္ေတြက တကယ့္ကို အရွက္မရွိဘူး!   ]

[သူမက တကယ့္လူယုတ္မာက တျခားတစ္‌ေယာက္လို႔ေျပာခဲ့တယ္!၊ ဘယ္သူလဲဆိုတာ ငါသိပုံရတယ္။ ]

[အဲဒါက လူငါးေယာက္ပါတဲ့ ဟိုတီးဝိုင္းကျဖစ္ႏိုင္မလား။ ]

[xjb ေတာ့ မျဖစ္ႏိုင္ဘူး! သူက ေျမေအာက္ဂီတအဖြဲ႕ရဲ႕အဆိုေတာ္ လို႔ေျပာသြားတယ္ ]

[Ah... ငါေတာ့ ဘယ္သူလဲဆိုတာ ခန႔္မွန္းလို႔ရၿပီ ဟုတ္တယ္ xxt  ]

[ငါလည္း သူလို႔ထင္တယ္။ သူက ကိုယ္ပိုင္ဘ၀မွာ ပါရႈပ္ပြေနပုံရတယ္... သူသာဆိုရင္ေတာ့ အံ့ဩစရာမရွိဘူးဘဲ။ခ်န္ရႈက လုံးဝအျပစ္ကင္းေပမယ့္ အျခားသူေတြကို ကူညီတာကလည္း ဒုကၡျဖစ္ေစႏိုင္တယ္။ ]

သဘာဝလြန္ စြမ္းအားေတြရွိတဲ့ အင္တာနက္သုံးစြဲသူေတြက တကယ့္အမႈိက္‌ေကာင္ ကို ျမန္ျမန္ဆန္ဆန္ရွာ‌ေဖြၿပီး ရွေရွာင္ထင္းရဲ႕ အခ်စ္ေရးကိစၥေတြကိုလည္း ေဖာ္ထုတ္လာၾကတယ္။ မိန္းကေလးေတာ္ေတာ္မ်ားမ်ားကလည္း သူတို႔ဟာ အရင္က ရွေရွာင္ထင္း ရဲ႕ ပရိတ္သတ္ေတြလို႔ ေျပာလာၿပီး သူတို႔ခ်င္းေတြ႕ဆုံၿပီးေနာက္  WeChat မွာပါ အပ္ခဲ့ၾကတယ္လို႔ေျပာလာတယ္ ။အမ်ိဳးသမီးငယ္ေလးေတြက သူတို႔ဒီလိုလူမ်ိဳးႀကိဳက္ခဲ့ၾကတာကို မယုံၾကည္ႏိုင္ျဖစ္ၿပီး ခ်က္ခ်င္းပဲ ဖန္အျဖစ္ကေန ႏႈတ္ထြက္လိုက္ၾကတယ္။ေသခ်ာတာေပါ့ အမႈိက္ေကာင္က်ဴးလြန္ခဲ့တဲ့ တျခားမိန္းကေလးေတြလည္းေပၚလာခဲ့တယ္။သူက ကာကြယ္ေရးပစၥည္းသုံးတာကို မႀကိဳက္တဲ့အတြက္ ကိစၥၿပီးရင္ သူမတို႔ကို ေဆးေသာက္ေစခဲ့တယ္။

[လူယုတ္မာေကာင္! မိန္းကေလးေတြ ကိုယ့္ကိုကိုယ္ ကာကြယ္ၿပီး တန္ဖိုးထားရမယ္ ဒီလိုမ်ိဳးမျဖစ္ေစနဲ႔ ]

[႐ြံစရာေကာင္! ဒီလိုလူယုတ္မာေကာင္ကို ဘယ္လိုလုပ္ၿပီး ႀကိဳက္တဲ့သူေတြမ်ားေနရတာလဲ ]

[႐ိုး႐ိုးသားသား ေျပာရရင္ ရွေရွာင္ထင္းက ႐ုပ္ေခ်ာၿပီး သီခ်င္းဆိုေကာင္းတယ္၊ တကယ့္ကို မေကာင္းတဲ့ေကာင္ျဖစ္ေနေတာ့တာပဲ ]

ရွေရွာင္ထင္းေဖာ္ထုတ္ခံရၿပီးတဲ့ေနာက္မွ ခ်န္ရႈနဲ႔ပက္သက္တဲ့ တရားဝင္ဘေလာ့ဂ္ကို ေက်ာင္းမွ ရွင္းလင္းခဲ့သည္။ ခ်က္ခ်င္းဆိုသလိုပဲ University A မွ ေက်ာင္းသားေဟာင္းေတာ္ေတာ္မ်ားမ်ားက အဲဒါကို ျပန္တင္လိုက္ၾကၿပီး လူေတာ္ေတာ္မ်ားမ်ားက ခ်န္ရႈ မွာ Weibo ရွိလားသိခ်င္လာၾကေပမယ့္ ခ်န္ရႈျပန္တင္ထားတဲ့ပို႔စ္ကို မေတြ႕ၾကရဘူး။

ေနာက္ေတာ့ အေခ်ာဆုံး တကၠသိုလ္ဝင္ခြင့္ စာေမးပြဲမွာ ခ်န္ပီယံက စာေတြကိုသာ စြဲလန္းေနၿပီး Weiboကိုေတာင္မသုံးဘူးလို႔ ကံမေကာင္းစြာနဲ႔ ျငင္းျငဴေနၾကတယ္။

ရွေရွာင္ထင္း‌ေၾကာင့္ တစ္စုံတစ္ေယာက္က တစ္ခုခုကုသိသိသာသာ သတိထားလိုက္မိတယ္၊ ေနာက္ဆုံးက ဒရမ္သမားကို ဘာလို႔ ဒီေလာက္ရင္းႏွီးေနရတာလဲ။

[အိုဘုရားေရ! ဒရမ္သမားက ခ်န္ရႈ! ]

[ ေခ်ာလိုက္တာ!! ]

[အာ အား အား ငါငါေတာ့သြားၿပီ!!!]

ေနာက္ပိုင္း တစ္ေယာက္ေယာက္က ခ်န္ရႈရဲ႕ရွားပါးၿပီးရင္း ရွားပါးေသာ ယာယီေခါင္းေဆာင္အဆိုေတာ္ ဗီဒီယိုဖိုင္ကို တင္လိုက္တယ္။အရည္‌ေသြးနိမ့္ၿပီး အဆင္မေျပေပမယ့္ အင္တာနက္သုံးစြဲသူေတြရဲ႕ ေအာ္ဟစ္သံကို မတားဆီးႏိုင္ခဲ့ပါဘူး။

[ဖက္ခ္! ေသစမ္း! အရမ္းခန္႔တာပဲ! ဘန္(band)က ဘယ္လိုေတြလုပ္တာလဲ! ခ်န္ရႈက ရွေရွာင္ထင္း ထက္ အမ်ားႀကီး ပိုေခ်ာတယ္။ ဘာေၾကာင့္ သူ႔ကိုအဆိုေတာ္ျဖစ္ခြင့္မေပးရတာလဲ!!]

[ဒီအသံ၊ ငါ့နားေတြ ကိုယ္ဝန္ေဆာင္လိုက္ရၿပီ ၊ ေဘာလုံးကြင္းတစ္ခုစာလုံး ေမြးပစ္မယ္! ]

[ငါေလး! မင္းကို ပြဲဦးထြက္လုပ္ဖို႔ ေတာင္းဆိုပါတယ္။ ဒီမ်က္ႏွာ၊ ဒီအသံ၊ စင္ေပၚမွာေဖာ္ျပႏိုင္စြမ္း၊ ပြဲဦးထြက္လုပ္မွာကို မျဖဳန္းတီးသင့္ဘူး။ ]

ရွေရွာင္ထင္းကိုအႏိုင္ယူဖို႔ ယြမ္ရန္ နဲ႔ အဖြဲ႕ဖြဲ႕ၿပီးကတည္းက လုဟိုင္ သူတို႔အဖြဲ႕နဲ႔အတူစာခ်ဳပ္ခ်ဳပ္ကာ နာမည္ႀကီးျဖစ္လာေစရမယ္ဆိုၿပီး မေရမတြက္ႏိုင္တဲ့ ေဖ်ာ္ေျဖေရးကုမၸဏီေတြဆီက ဖုန္းေခၚဆိုမႈေတြ လက္ခံရရွိခဲ့ပါတယ္။

အတိုခ်ဳပ္ေျပာရလွ်င္ လုဟိုင္သည္ ထိုေကာင္းကင္ေပၚကက်လာတဲ့ပိုင္မုန႔္ေတြအကုန္လုံးကို သေဘာတူမိေတာ့မလို႔ပင္။

"ေမ်ာက္ဝံ* ငါတို႔မၾကာခင္ခ်မ္းသာလာေတာ့မယ္ "

လုဟိုင္ က ဖုန္းခ်ၿပီးေနာက္ ေျပာလိုက္တယ္

ယြမ္ရန္ : "ဟမ္?"

အခုအခ်ိန္မွာ ခ်န္ရႈသည္ အင္တာနက္ေပၚမွာ သူ႔ကို ပြဲဦးထြက္ဖို႔ ေမ်ာ္ေနတဲ့သူ မည္မွ်ရွိသည္ကို မသိရေသးသလို သူက ပြဲဦးထြက္အတြက္ ျပင္ဆင္ေန႐ုံသပ္သပ္သာ ျဖစ္ေၾကာင္းခန႔္မွန္းေနတဲ့သူေတြလည္းရွိတယ္။

ညေနပိုင္းအတန္းၿပီးသြားတာနဲ႔ ခ်ဴးေယာင္ယြမ္၊တျခားသူေတြနဲ႔အတူ အိပ္ေဆာင္ကို ျပန္လာခဲ့တယ္။

"ခ်န္ရႈ"

လမ္းေလွ်ာက္ေနတဲ့အခ်ိန္မွာ တစ္စုံတစ္ေယာက္က သူ႔ကိုေခၚသံၾကားလို႔ ခ်န္ရႈျပန္ၾကည့္လိုက္တယ္။ သူ႔ကို လွ်ိဳ႕ဝွက္စြာ ဓာတ္ပုံ႐ိုက္ေနတဲ့ မိန္းကေလးတခ်ိဳ႕ကိုေတြ႕လိုက္ရတယ္။

ခ်န္ရႈ လွည့္ၾကည့္လိုက္တဲ့အခါ ေကာင္မေလးေတြက စကားမေျပာႏိုင္ေလာက္ေအာင္ပင္ လန႔္သြားသည္။

"ဟုတ္တယ္ ရႈေကာ မင္းက ၾကယ္ပြင့္ေလးပဲ"

ခ်ဴးေယာင္ယြမ္ က ေနာက္ေျပာင္လိုက္သည္။

"ဟုတ္တယ္ခ်န္ရႈ မင္း ပြဲဦးထြက္လုပ္ခ်င္လား။ အႏုပညာလုပ္ငန္းက ေတာ္ေတာ္ေလးအက်ိဳးျမတ္မ်ားတယ္လို႔ ငါၾကားဖူးတယ္"

အကယ္၍ထန္က်န္းမွာသာ ခ်န္ရႈလိုမ်ိဳးမ်က္ႏွာသာရွိရင္ အႏုပညာနယ္ပယ္ကိုေရာက္ေနတာ ၾကာလွၿပီ။ဒီေနရာမွာ စာေလ့လာဖို႔ မလိုေတာ့ဘူးကြ!

ခ်န္ရႈက ဂ႐ုမစိုက္တဲ့ပုံစံနဲ႔ပဲ

"ငါက ပိုက္ဆံျပတ္လပ္မေနဘူးေလ"

"က်စ္ မင္းရႈေကာလို႔ ေခၚခံသင့္ပါတယ္ကြာ ၾကည့္စမ္း ဘယ္ေလာက္ ဆုံးျဖတ္ခ်က္ခိုင္မာလိုက္လဲ"

ခ်န္ရႈေနာက္ေနတာလို႔ပဲ ထန္က်န္းေတြးလိုက္တယ္။ ေနာပ္ဆုံးေတာ့ခ်န္ရႈမွာ နာမည္ႀကီးတံဆိပ္အသုံးေဆာင္လည္းမေတြ႕ရသလို ဇိမ္ခံပစၥည္းေသးေသးေလးေတာင္ ရွိမေနဘူး။

"ငါတို႔ေက်ာင္းျမက္ေလးက ထက္ျမက္တယ္ကြ၊ ဒါေၾကာင့္ ေငြရွာလို႔မရမွာကို စိတ္မပူနဲ႔။ ဘြဲ႕ရၿပီးရင္ ကုမၸဏီႀကီးေတြက အေျပးအလႊား လာဆက္သြယ္ၾကလိမ့္မယ္။"

ခ်ဴးေယာင္ယြမ္ကေတာ့ ခ်န္ရႈကို စာႀကိဳးႀကိဳးစားစားေလ့လာေစခ်င္တယ္။ သူ႔အျမင္မွာလည္း ေဖ်ာ္ေျဖေရး လုပ္ငန္းက ေငြရွာရတာျမန္ေပမဲ့ ျမန္လြန္းလို႔ ျမန္ျမန္ေပ်ာက္ဖို႔ကလည္း လြယ္ႏိုင္တယ္။ ခက္ခဲေပမဲ့  နည္းမွန္လမ္းမွန္ပဲ ေကာင္းတယ္။

"မွန္တယ္။"

ထန္က်န္းကေခါင္းညိတ္သေဘာတူသည္။

သူတို႔ သုံးေယာက္ အတူတူ အိပ္ေဆာင္ကို ျပန္ေရာက္ၿပီးေနာက္ ခ်န္ရႈရဲ႕ဖုန္း ျမည္လာကာ သူ႔အေမ ဆိုတာေတြ႕ေတာ့ ေကာက္ကိုင္လိုက္သည္ ။

"ဟယ္လို"

သူ႔အသံက ေအးစက္လြန္းသျဖင့္ ခ်ဴးေယာင္ယြမ္ ႏွင့္ ထန္က်န္းႏွစ္ေယာက္စလုံးက  ေခါင္းကို လွည့္ၾကည့္လာၾကတယ္။

ဘယ္သူေခၚတာ‌မို႔ သူ႔အသံက ဒီေလာက္ထိ ေအးစက္သြားရတာလဲ။

"ခ်န္ရႈ မင္းအိမ္မွာလား။"

"မဟုတ္ဘူး အတန္းကအခုမွၿပီးတာ"

"အင္း ဒါဆို မင္းဒီကို ျမန္ျမန္လာခဲ့ေနာ္"

သူမ က စကားကို အၾကမ္းဖ်င္းေျပာၿပီး ဖုန္းခ်ဖို႔မေစာင့္ႏိုင္ေအာင္ဘဲ၊ သူ႔ကို လာေခၚဖို႔ ကားပို႔ေပးဖို႔ေတာင္သတိမရဘူး။သူမ ဒါကိုေတြးထားမွာေတာင္မဟုတ္ေလာက္ဘူး။

"ဒီည ငါျပန္မလာေတာ့ဘူး"

ခ်န္ရႈက ႐ိုး႐ိုးရွင္းရွင္း ထုပ္ပိုးၿပီး ခ်ဴးေယာင္ယြမ္ ကို ေျပာလိုက္တယ္။

"အိုေက၊ မင္း ဂ႐ုစိုက္ၿပီးျပန္"

ခ်န္ရႈမ်က္ႏွာအေရာင္ ျမင္လိုက္ရေတာ့ ခ်ဴးေယာင္ယြမ္နဲ႔ ထန္က်န္း စကားထပ္မေျပာရဲေတာ့ေပ။

ခ်န္အိမ္​ကို​ေရာက္​​ေတာ့ ဆယ္​နာရီထိုး​ေနၿပီ။ ခ်န္မိသားစုအိမ္က သူ႔ေက်ာင္းနဲ႔ေဝးတယ္။ ဒီေနရာကို သူေနာက္ဆုံးျပန္ေရာက္တဲ့အခ်ိန္ကိုေတာင္ သတိမရေတာ့ဘူး။ အေစခံကလာၿပီး တံခါးကိုဖြင့္ေပးတယ္။

"ဒုတိယသခင္ေလး မလာႏိုင္ဘူးထင္ေနတာ"

"ဟုတ္လား။"

ခ်န္ရႈက ေအးစက္စြာ တုံ႔ျပန္ၿပီး ဝင္လာခဲ့သည္။

အခန္းထဲမွာ သူ႔အေဖ ခ်န္႐ြယ္ နဲ႔ သူ႔အေမကဆိုဖာေပၚမွာ ထိုင္ၿပီး တီဗီၾကည့္ေနၾကတယ္။

"မင္းဘာလို႔ေနာက္က်ေနတာလဲ။ မင္းအစ္ကိုက သူ႔သူငယ္ခ်င္းနဲ႔ခ်ိန္းထားတာရွိေသးတယ္၊ မင္းညီမ မနက္ျဖန္ေက်ာင္းသြားရမွာဆိုေတာ့ ငါတို႔အရင္စားထားလိုက္တယ္"

ဝမ္ခ်င္း က ထလာၿပီး ခ်န္ရႈ ထံ ေလွ်ာက္သြားကာ သူမမ်က္ႏွာေပၚမွာ မေက်နပ္မႈအရိပ္အေယာင္ေတြနဲ႔ ေလွ်ာက္လာတယ္။

ခ်န္ေဟာင္ေမြးေန႔အတြက္ သူ႔ေပါ့ဆမႈေၾကာင့္ ခ်န္ရႈကို အျပစ္တင္ ခ်င္ပုံရသည္။

ခ်န္႐ြယ္က ဆိုဖာေပၚတြင္ ထိုင္ေနၿပီး ခ်န္ရႈ ဘက္သို႔ လွည့္ကာ

"ဒီေကာင္ တမင္တကာလုပ္တာေလ၊ ဒီလိုေန႔မ်ိဳးမွာ သူလာကိုလာရမွာ ေသခ်ာတယ္ ဒါေပမယ့္ ဒီအခ်ိန္မွတမင္တကာလာၿပီး ေဆြမ်ိဳးေတြေရွ႕မွာ ငါတို႔မ်က္ႏွာပ်က္သြားရတာကို ေပ်ာ္ေနတာ”

ခ်န္႐ြယ္စကားကိုၾကားေတာ့ ခ်န္ရႈသည္ ႐ုတ္တရက္ မ်က္ႏွာတင္းသြားကာ လက္ထဲက အိတ္ကိုဆြဲၿပီး   ဝမ္ခ်င္း အား

"ကြၽန္ေတာ္ျပန္ေတာ့မယ္"

ဝမ္ခ်င္းက ခ်န္ရႈဒီလိုတုန႔္ျပန္လာမယ္လို႔ မေမွ်ာ္လင့္ထားဘူး သူက တကယ္ပဲထြက္သြားခ်င္ေနတာလား

"ခ်န္ရႈ!"

"မ်ိဳးမစစ္ေကာင္၊ ရပ္လိုက္စမ္း!"

ခ်န္႐ြယ္က ခ်န္ရႈသူ႔‌ ကို ႏႈိးဆြေနတဲ့အျပဳအမူေၾကာင့္ အလြန္ေဒါသထြက္ေနတယ္။

သို႔ေသာ္ ခ်န္ရႈသည္ ေနာက္ျပန္လွည့္မၾကည့္ဘဲ ေျခလွမ္းက်ဲက်ဲျဖင့္ ထြက္ခြာသြားခဲ့သည္။

"ဒီ... ရွင့္ေဒါသကို ထိန္းထားဖို႔ ကြၽန္မေျပာခဲ့တယ္။ သူထြက္သြားၿပီး ကြၽန္မတို႔ကို ဒုကၡေပးဖို႔ မစၥတာစစ္ကိုေျပာရင္ ရွင္ဘယ္လိုလုပ္မလဲ"

ခ်န္႐ြယ္လည္း အနည္းငယ္ေနာင္တရသြားတယ္ ။အရင္က ခ်န္ရႈသည္ အိမ္မွာ ၾကင္နာတတ္သူ ျဖစ္ခဲ့ဖူးတယ္။အခု ခ်န္ရႈ က သူ႔ကို မ်က္ႏွာလႊဲပစ္မယ္လို႔လုံးဝ မထင္ထားခဲ့ဘူးေလ။

"ဟုတ္တယ္ သူက အဖိုးတန္‌ေလးျဖစ္‌ေနၿပီ ။ စစ္အိမ္ေတာ္ မွာ သူဘယ္ေလာက္ ယုတ္မာေနလဲဆိုတာ ရွင္မသိဘူး၊ စစ္ရိခ်န္ေတာင္ သူ႔ေလာက္ အာဏာမရွိေတာ့ဘူး"

ဝမ္ခ်င္းက သူမနဲ႔အတူအလွျပင္ေနတဲ့ သူေဌး ဇနီးသည္ေတြဆီကေန ၾကားခဲ့ရတယ္။

"ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ! အဘြားႀကီးက သူ႔ကို ဘယ္လို သည္းခံမွာလဲ"

ခ်န္႐ြယ္မယုံႏိုင္ဘူး။ စစ္ရယ္အျပင္ စစ္ရိခ်န္ ေနာက္မွာေထာင္မင္းက်ိ ရွိတယ္။စစ္ရယ္ က ခ်န္ရႈ ကို စည္းမဲ့ကမ္းမဲ့ အလိုလိုက္ေနရင္ ေထာင္မင္းက်ိက လုံးဝသေဘာတူမွာ မဟုတ္ဘူး။

ဒါ့ေၾကာင့္  ဝမ္ခ်င္းၾကားခဲ့တဲ့အၾကာင္းကို သူလုံးဝမယုံႏိုင္ဘူး။အရင္ထဲကအေမြဆက္ခံသူစစ္ရိခ်န္ကို ခ်န္ရႈဘယ္လိုလုပ္ေက်ာ္ျဖတ္ႏိုင္မွာလဲ။

"အရင္ထဲက သူ႔ကို စစ္အိမ္‌ေတာ္ ဆီ မပို႔ခဲ့သင့္ဘူး။ ဒါက ရန္သူရွာဖို႔ ျဖစ္သြားၿပီ"

ခ်န္႐ြယ္သည္ မ်က္ေမွာင္ၾကဳတ္ကာ တံခါးအျပင္ဘက္ကို ၾကည့္ေနလိုက္သည္။

ဝမ္ခ်င္းက သက္ျပင္းခ်လိုက္ၿပီး

"သူ႔ကို စစ္အိမ္ေတာ္ကို မပို႔ဘူးဆိုရင္ ဘာလဲရွင္က တခ်ိန္လုံးေစာင့္ေရွာက္ခ်င္လို႔လား။အဆုံးမွာ လူအိုႀကီးက ထြက္သြားၿပီး အရိပ္မွာခိုေနတဲ့ ငွက္တစ္ေကာင္ကို လႊတ္ပစ္ႏိုင္ခဲ့ၿပီ။ ကြၽန္မသားရဲ႕ေနရာကို ခိုးယူမခံႏိုင္ဘူး။"

"အခုက ငယ္ပါေသးတယ္။ လူငယ္ေတြပုန္ကန္တဲ့အ႐ြယ္မွာေရာက္ေနလို႔သာ၊  မင္းသူ႔ကို ေခ်ာ့ေနခဲ့တာၾကာၿပီပဲ ေနာက္တခါေလာက္ေခ်ာ့ေျပာလိုက္ရင္အဆင္ေျပမွာပါ"

ခ်န္႐ြယ္က သူ႔ဇနီးရဲ႕ပုခုံးကို ပုတ္ေပးလိုက္တယ္။

ဝမ္ခ်င္း တစ္ခုခုကိုတိုးတိုးေလးေျပာလိုက္ေပမယ့္ ေနာက္ဆုံးေတာ့ ပုံမွန္အေျခေနျပန္ျဖစ္သြားတယ္။

ဆယ္နာရီထိုးေနၿပီ။ ဒီအခ်ိန္မွာ ေက်ာင္းကို တကၠစီစီးၿပီးျပန္ရင္ေတာင္ မဝင္ႏိုင္ေတာ့မွာ ေသခ်ာတယ္။အိမ္ျပန္ရင္ စစ္ရယ္ စိတ္ပူသြားမွာကို ခ်န္ရႈေၾကာက္ေနေတာ့ ေက်ာင္းနဲ႔နီးတဲ့ အခန္းတစ္ခုမွာပဲ ဒီညေနလိုက္ဖို႔ ဆုံးျဖတ္လိုက္တယ္။

ဟိုတယ္တစ္လုံးကို အမွတ္တမဲ့ေတြ႕ရွိခဲ့ၿပီး စစ္က်င္းႏွင့္ လူစိမ္းတစ္ေယာက္ အခန္းထဲဝင္သြားတာကိုပါ ေတြ႕လိုက္ရတယ္။

စစ္က်င္း နဲ႔ သူ႔အမ်ိဳးသားက သ႐ုပ္ေဆာင္ေနၾကတဲ့အေၾကာင္း ၾကားသိခဲ့ရေပမယ့္ သူ႔မ်က္လုံးနဲ႔ ျမင္လိုက္ရတဲ့ခံစားခ်က္က ကြဲျပားေနဆဲပါပဲ။

စစ္က်င္းရဲ႕ခင္ပြန္း ေဝရွိဖန္ ႏွင့္ စစ္ရယ္ရဲ႕အေမ ေထာင္မင္းက်ိ တို႔ၾကားက ဆက္ဆံေရးကိုလည္း အမွတ္ရေစသည္။

ဒီအျဖစ္အပ်က္နဲ႔ ပတ္သက္ၿပီး စစ္ရယ္ကို မေျပာျပခဲ့ပါဘူး။ စစ္ရယ္ကို သူေျပာမထြက္ႏိုင္တာ အမွန္ပဲ။ ေထာင္မင္းက်ိႏွင့္ စစ္ရယ္ ဆက္ဆံေရးမေကာင္းေပမဲ့ ဒီလိုလုပ္ရပ္မ်ိဳးကို စစ္ရယ္မသိသင့္‌ဘူး။

ဟိုတယ္မွာ ခ်န္ရႈ က ေကာင္းေကာင္းအိပ္‌မေပ်ာ္ခဲ့ ဘူး။ သူ အိပ္မက္မက္ေနခဲ့တယ္။ ခဏၾကာေတာ့ စစ္ရယ္တစ္ေယာက္ ေလွကားထိပ္မွာ အရက္ေသာက္ရင္း တစ္ေယာက္တည္းထိုင္ေနတာကို အိပ္မက္မက္ၿပီး ေနာက္တခဏမွာေတာ့ စစ္ရယ္က ေခါင္းငုံ႔ၿပီး သူ႔ကိုနမ္းေနတာကို အိပ္မက္မက္ၿပီး ေနာက္ဆုံးမွာေတာ့ စစ္ရယ္နဲ႔အတူ ရွိေနတယ္လို႔ အိပ္မက္မက္ခဲ့တယ္။ သူေသၿပီးေနာက္ လက္ထဲမွာ ပန္းစည္းေတြကိုင္ထားၿပီးအုတ္ဂူေရွ႕မွာ စစ္ရယ္တစ္ေယာက္တည္း ရပ္ေနတယ္။ပုံရိပ္က အထီးက်န္ဆန္ေနၿပီး သူ႔အုတ္ဂူမွာလည္း ႏွင္းခဲေတြ စြန္းထင္းေနတယ္။

အဲဒါက အသက္ ၂၈ ႏွစ္အ႐ြယ္ စစ္ရယ္ မဟုတ္ဘူး၊ သူက အသက္ပိုႀကီးတယ္လို႔ ထင္ရတယ္။

ခ်န္ရႈရဲ႕ သခ်ႋဳင္းေရွ႕မွာ စစ္ရယ္တစ္ေယာက္တည္း မတ္တပ္ရပ္ေနတာကိုေတြ႕ေတာ့ ခ်န္ရႈသည္းမခံႏိုင္ေတာ့ေပ။ သူ႔ရင္ဘတ္က စူးစူးရွရွ နာက်င္လာတယ္။ စိုစြတ္ေသာမ်က္ေတာင္မ်ားျဖင့္ မ်က္လုံးကိုဖြင့္လာသည္။

ဟိုတယ္မ်က္ႏွာက်က္ကိုၾကည့္ကာ ခ်န္ရႈ ခဏတာ မွင္တက္သြားၿပီး သူ႔ရဲ႕ မွတ္ဥာဏ္က မေန႔ညကေက်ာင္းမျပန္ျဖစ္တာကို သတိရသြားခဲ့တယ္။

သူ႔မ်က္လုံးေထာင့္မွ မ်က္ရည္မ်ားကို လက္ျပန္သုတ္ကာ နာက်င္ေနတဲ့ ႏႈတ္ခမ္းမ်ားကို ပြတ္သပ္လိုက္သည္။ သူ ဒီလိုအိပ္မက္မ်ိဳး ဘယ္လိုလုပ္မက္ႏိုင္ရတာလဲ။

စစ္ရယ္က သူ႔အရင္ဘဝကေသဆုံးသြားၿပီးေနာက္ ဝမ္းနည္းေနခဲ့တာလား။

သူ မသိဘူး။ သူ႔အျမင္အရေတာ့ အရင္ဘဝက သူနဲ႔ စစ္ရယ္ၾကားမွာ ဆုံႏိုင္ဖို႔ အခြင့္ေရးအမ်ားႀကီးမရွိခဲ့ဘူး။ စစ္ရယ္က သူ႔အိမ္မက္ထဲကလို ဝမ္းနည္းမေနသင့္ဘူး။ ခါးသက္တဲ့ခံစားခ်က္က အိပ္မက္မ်ားမွတဆင့္ လက္ေတြ႕ဆီပ်ံ႕ႏွံ႔သြားပုံရသည္။ခ်န္ရႈအသက္ရွဴရခက္လာတယ္။

သူ စစ္ရယ္ကို ထိုဝမ္းနည္းမႈမ်ိဳး ခံစားခြင့္လုံးဝမေပးဘူး။ စစ္ရယ္က သူ႔ကို လ်စ္လ်ဴရႈထားဖို႔ ေမွ်ာ္လင့္မိတယ္။

















စာေရးသူမွာေျပာစရာရွိတယ္။

မင္းတို႔လက္ေတြကို ပြတ္ၿပီး ေနာက္အခန္းမွာ ထုန္က်ရွီကို ရွင္းဖို႔ အသင့္ျပင္ထားပါ။

ပံ့ပိုးမႈအတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ငါပိုႀကိဳးစားမယ္!

T/N -

ေမ်ာက္ဝံ (Ape) - 猿 (yuàn) - ယြမ္ရန္

Continue Reading

You'll Also Like

165K 22.7K 119
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်...
236K 12.6K 79
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
1.6M 68.4K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
1.1M 56.6K 47
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...