[Unicode]
စုထျန်းထျန်းက အပြုံးတစ်ခုကို အတင်းလုပ်ပြုံးရင်း အိမ်ထဲဝင်လာခဲ့ပေမယ့် ရုတ်တရက် အမူအရာ ချို့ယွင်းသွားတော့၏။
လီရိချန်က သူမ မိဘတွေဆီ လာလည်မယ်လို့ ပြောခဲ့တာ လွန်ခဲ့တဲ့ ၆လတည်းကမှ ဖြစ်သည်။ သူမသည်လည်း ဒီနေ့ မနက်စောစောထပြီး နင်မုန့်ကို ကျော်နိုင်ဖို့ မိတ်ကပ်တို့ကို အကောင်းဆုံး လိမ်းခြယ်ခဲ့လေ၏။
'မစ္စတာဟော်နဲ့ မျက်နှာချင်းဆိုင် တွေ့မိရင်ရော? ယဉ်ကျေးသဖြင့်တောင် ဖုန်းဆက်ပြီး သာကြောင်းမာကြောင်းတောင် မေးမှာမဟုတ်လောက်ပါဘူး'
သူမ သွားမယ်လုပ်ချိန်မှာပဲ လီရိချန် ဖုန်းဆက်လာတဲ့အခါ ယုံကြည်ချက်အပြည့်နဲ့ ဖုန်းကိုင်လိုက်သည်။ "ရှင် ရောက်ပြီလား။ ကျွန်မ အခု အောက်ထပ် ရောက်နေပြီ"
သို့ပေမယ့်လည်း သူမ ကြားလိုက်ရတာက အေးစက်စက် တုံ့ပြန်မှုသာ ဖြစ်သည်။ "အချိန်ကျပြီလို့ မထင်ဘူး"
စုထျန်းထျန်း တောင့်တင်းသွားသည်။ "ဘာလို့လဲ"
"ပြန်စဉ်းစားဖို့ အချိန်လိုအပ်တယ်"
ဘာတွေ ဖြစ်ကုန်တာလဲဆိုတာ စဉ်းစားရင်းနဲ့သာ စုထျန်းထျန်း ဖုန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလျက် တုန်လှုပ်လို့ နေ၏။ သူပြောချင်တဲ့ အဓိပ္ပာယ်ကို သူမ နားလည်လေသည်။
"သူ့မှာ အရေးကြီး ကိစ္စပေါ်လာလို့" သူမ အကြည့်တို့ကို အောက်သို့သာ ပို့ထားရင်း အတင်းအကျပ် လုပ်ပြုံးနေလိုက်သည်။
ချောင်ရွှယ်ဟွာကလည်း အလိုက်သင့် ပြန်ပြောလာသည်။ "မစ္စတာလီရဲ့ ကိစ္စတွေက အဓိက ဦးစားပေးပဲလေ။ သူတို့က လိုအပ်တယ်ဆိုမှတော့ မစ္စတာလီ သွားရမှာပေါ့ နားလည်ပေးလို့ရပါတယ်။ ကိစ္စမရှိပါဘူး လောစရာမှ မလိုတာ"
သူတို့နှစ်ယောက်လုံး ဝင်လိုက်တယ် ဆိုတာနဲ့ နင်ဝမ့်ထောင်က အေးစက်စွာ ပြုံးလိုက်သည်။ "မစ္စတာလီက သူမအပေါ် ကောင်းကောင်း အလေးပေး ဆက်ဆံတယ်လို့ မင်းခုနက မပြောခဲ့ဘူးလား။ အခုလိုတွေ့ဖို့ အချိန်းအချက် လုပ်ထားပြီး ပထမဆုံး အကြိမ်တွေ့ဆုံတာတောင်မှ ငါတို့ဆီ မလာနိုင်ဘူးပဲ။ ငါပြောလိုက်မယ် အလုပ်များနေတယ်လို့ ယောက်ျားတွေ ပြောလာတာက ဆင်ခြေသက်သက် ပေးရုံပဲ! ရူးနေတဲ့ မင်းလို အန်တီချောင်တစ်ယောက်ပဲ အဓိပ္ပာယ်မရှိတာတွေကို ယုံလိမ့်မယ်!"
နင်မုန့် ပြုံးလိုက်ပြီး "အဖေ ဒီစကား ကြားဖူးလား"
"ဘယ်ဟာလဲ"
"ရိုးသားတဲ့ အရူးတွေက အကျိုးအကြောင်း မှန်မမှန် ခံစားချက်ရှိပေမယ့် လှည့်ဖြားတတ်တဲ့ အရူးတွေမှာတော့ မရှိဘူး ဆိုတာလေ"
“…”
ထိုစာကြောင်းက သူမရဲ့ မိထွေးနဲ့ မယားပါသမီးကို အရှိုက်ထိသွားစေသည်။
ချောင်ရွှယ်ဟွာ မျက်မှောင်ကြုပ်လိုက်ပေမယ့် ဒေါသတွေကို စိတ်ထဲမှာပဲ ထားထားလေ၏။ ပြီးနောက်မှာတော့ စုထျန်းထျန်းကို နင်ဝမ့်ထောင်ရှေ့ တွန်းလိုက်သည်။ စုထျန်းထျန်းကတော့ မသိနားမလည်တဲ့ မိန်းမငယ်လေးသွင် ဆောင်လျက် မျက်ရည်တို့ကို သုတ်လိုက်ပြီး "အရင်က ရှယ်ယာနဲ့ ပတ်သက်ပြီး ဒေါသထွက်ခဲ့တဲ့အတွက် သမီးတောင်းပန်ပါတယ် အန်ကယ်"
နင်ဝမ့်ထောင် တစ်ခုမှ မပြောနိုင်ခင်မှာပဲ နင်မုန့်က အရွှန်းဖောက်လိုက်သည်။ "အဖေ 'စာကြောင်းဆက်တိုင်း' ကစားရအောင်။ အခေါက်မပါတဲ့ သစ်ပင်တွေ သေသလို....
နင်ဝမ့်ထောင်က အက်ကွဲနေတဲ့ အသံနဲ့ စာကြောင်းဆက်လိုက်သည်။ "အရှက်မရှိတဲ့ လူတွေရဲ့ ဂုဏ်သတင်းကလည်း သေကုန်မှာပဲ"
“ဘင်ဂို!”
သူမ ပြောပြီးသည်နှင့် စုထျန်းထျန်းဘက်သို့ နင်မုန့် ကြည့်လိုက်ပြီး ရှင်းပြလိုက်သည်။ "ဟေး အထင်မလွဲနဲ့နော်။ နင် အရှက်မရှိဘူးလို့ ငါမပြောလိုက်ဘူးနော်။ အရှက်မရှိတဲ့ လူတွေက နင့်လိုပဲလို့ ပြောလိုက်ရုံနော်"
“…”
ဒီအဖေနဲ့သမီး ကီးကိုက်နေတာက အရမ်း စိတ်ကုန်ဖို့ ကောင်းလွန်းတယ်!
စုထျန်းထျန်း ဒေါသတို့ ပေါက်ကွဲတော့ မတတ်ဖြစ်လာပေမယ့် သူမ ပြန်ထိန်းချုပ်လိုက်သည်။ ချောင်ရွှယ်ဟွာကတော့ အရှက်ရနေရင်းပဲ စိတ်ထဲ၌ ကြိတ်သက်ပြင်းချကာ ဆိုဖာပေါ်မှာ ထိုင်လိုက်၏။ စုထျန်းထျန်း ထိုင်လိုက်တဲ့အခါမှာတော့ နင်ဝမ့်ထောင်က မတ်တပ်ရပ်လိုက်သည်။
"ဟမ့်! မုန့်မုန့် အဖေ့နောက်လိုက်ခဲ့"
ကျန်နှစ်ယောက်ကို လစ်လျူရှူလိုက်ရင်းပဲ သူတို့ နှစ်ယောက်လုံး အပေါ်တက်သွားလေ၏။
စုထျန်းထျန်းရဲ့ မျက်လုံးတွေကလည်း အပေါ်ထပ်သို့ ရောက်သွားကာ "အမေ သူတို့ကို ကြည့်ဦး..."
ချောင်ရွှယ်ဟွာက သူမရဲ့ ပုခုံးကို ပုတ်ပေးရင်း နှစ်သိမ့်ပေးလိုက်သည်။ "မစ္စတာလီသာ လာရင် သူတို့နှစ်ယောက်လုံး သမီးကို အခုလို ဆက်ဆံရဲမှာ မဟုတ်ဘူး။ သူဘယ်လောက်ထိ အလုပ်များနေလဲဆိုတာ မေးကြည့်လိုက်ပါလား။ ဒီလာဖို့ အချိန်တော့ ယူနိုင်မှာပဲ။ သူ့ကိစ္စတွေ ဖြေရှင်းလို့ပြီးရင် သမီးကို လာကြိုပေးလို့ ရတာပဲဟာ"
စုထျန်းထျန်း ပြန်ဖြေလိုက်သည်။ "သမီး သူ့ကို စာပို့လိုက်ပါ့မယ်"
ချောင်ရွှယ်ဟွာ ခေါင်းငြိမ့်ပြလိုက်သည်။
တစ်နာရီ ကြာပြီးတဲ့နောက်မှာတော့ သူတို့ စားသောက်ရမည့် အချိန်ကို ရောက်လို့လာလေ၏။ နင်မုန့် နဲ့ နင်ဝမ့်ထောင်တို့ အောက်ကိုဆင်းလာပြီး ထမင်းစားခန်းထဲ ဝင်မယ်ဆိုရင်ပဲ နောက်ကားတစ်စီး ရောက်လာသည်။
ချောင်ရွှယ်ဟွာ ဝမ်းသာအားရပဲ အပြင်ကို ကြည့်လိုက်သည်။ "မစ္စတာလီပဲ ဖြစ်ရမယ်! စုထျန်းထျန်းကို သူဒီလောက် ဂရုစိုက်တာ အလုပ်ပြီးတာနဲ့ ချက်ချင်းရောက်လာမယ်ဆိုတာ ငါသိနေတယ်!"
စုထျန်းထျန်းကလည်း အံ့ဩသွားသလို ပျော်ရွှင်စွာ အပြင်ထွက်သွားလိုက်သည်။ လီရိချန် သူမကို ချစ်တယ်ဆိုတာ သူမ သိပြီးသား။ ဒါကြောင့်ပဲ နောက်ဆုံးတော့ ရောက်လာတာ မဟုတ်လား?
[ ၂၅ပိုင်းစီပါတဲ့ pdf စာစဉ်၁ခုကို ၅၀၀ကျပ်နဲ့ wp acc cbမှာ လာဝယ်လို့ရပြီနော်^^ ။ ပြီးသွားတဲ့ စာစဉ်တွေပါ စာစဉ်၄ [EP-90 to 114]၊ စာစဉ်၅ [EP-115 to 139]၊ စာစဉ်၆ [EP-140 to 164]၊ စာစဉ်၇ [EP-165 to 189]၊ စာစဉ်၈ [EP-190 to 214]၊ စာစဉ်၉[ EP-215 to 239]၊ စာစဉ်၁၀ [EP-239 to 264]၊ စာစဉ်၁၁[EP-265 to 289]၊ စာစဉ်၁၂ [EP-290 to 314]၊ စာစဉ်၁၃ [EP-315 to 339]၊ စာစဉ်၁၄ [EP-340 to 364]၊ စာစဉ်၁၅ EP-365 to 389တို့ပါ🥰]
---------------------
[Zawgyi]
စုထ်န္းထ်န္းက အၿပဳံးတစ္ခုကို အတင္းလုပ္ၿပဳံးရင္း အိမ္ထဲ၀င္လာခဲ့ေပမယ့္ ႐ုတ္တရက္ အမူအရာ ခ်ိဳ႕ယြင္းသြားေတာ့၏။
လီရိခ်န္က သူမ မိဘေတြဆီ လာလည္မယ္လို႔ ေျပာခဲ့တာ လြန္ခဲ့တဲ့ ၆လတည္းကမွ ျဖစ္သည္။ သူမသည္လည္း ဒီေန႔ မနက္ေစာေစာထၿပီး နင္မုန႔္ကို ေက်ာ္ႏိုင္ဖို႔ မိတ္ကပ္တို႔ကို အေကာင္းဆုံး လိမ္းျခယ္ခဲ့ေလ၏။
'မစၥတာေဟာ္နဲ႔ မ်က္ႏွာခ်င္းဆိုင္ ေတြ႕မိရင္ေရာ? ယဥ္ေက်းသျဖင့္ေတာင္ ဖုန္းဆက္ၿပီး သာေၾကာင္းမာေၾကာင္းေတာင္ ေမးမွာမဟုတ္ေလာက္ပါဘူး'
သူမ သြားမယ္လုပ္ခ်ိန္မွာပဲ လီရိခ်န္ ဖုန္းဆက္လာတဲ့အခါ ယုံၾကည္ခ်က္အျပည့္နဲ႔ ဖုန္းကိုင္လိုက္သည္။ "ရွင္ ေရာက္ၿပီလား။ ကြၽန္မ အခု ေအာက္ထပ္ ေရာက္ေနၿပီ"
သို႔ေပမယ့္လည္း သူမ ၾကားလိုက္ရတာက ေအးစက္စက္ တုံ႔ျပန္မႈသာ ျဖစ္သည္။ "အခ်ိန္က်ၿပီလို႔ မထင္ဘူး"
စုထ်န္းထ်န္း ေတာင့္တင္းသြားသည္။ "ဘာလို႔လဲ"
"ျပန္စဥ္းစားဖို႔ အခ်ိန္လိုအပ္တယ္"
ဘာေတြ ျဖစ္ကုန္တာလဲဆိုတာ စဥ္းစားရင္းနဲ႔သာ စုထ်န္းထ်န္း ဖုန္းကို တင္းက်ပ္စြာ ဆုပ္ကိုင္ထားလ်က္ တုန္လႈပ္လို႔ ေန၏။ သူေျပာခ်င္တဲ့ အဓိပၸာယ္ကို သူမ နားလည္ေလသည္။
"သူ႔မွာ အေရးႀကီး ကိစၥေပၚလာလို႔" သူမ အၾကည့္တို႔ကို ေအာက္သို႔သာ ပို႔ထားရင္း အတင္းအက်ပ္ လုပ္ၿပဳံးေနလိုက္သည္။
ေခ်ာင္႐ႊယ္ဟြာကလည္း အလိုက္သင့္ ျပန္ေျပာလာသည္။ "မစၥတာလီရဲ႕ ကိစၥေတြက အဓိက ဦးစားေပးပဲေလ။ သူတို႔က လိုအပ္တယ္ဆိုမွေတာ့ မစၥတာလီ သြားရမွာေပါ့ နားလည္ေပးလို႔ရပါတယ္။ ကိစၥမရွိပါဘူး ေလာစရာမွ မလိုတာ"
သူတို႔ႏွစ္ေယာက္လုံး ၀င္လိုက္တယ္ ဆိုတာနဲ႔ နင္၀မ့္ေထာင္က ေအးစက္စြာ ၿပဳံးလိုက္သည္။ "မစၥတာလီက သူမအေပၚ ေကာင္းေကာင္း အေလးေပး ဆက္ဆံတယ္လို႔ မင္းခုနက မေျပာခဲ့ဘူးလား။ အခုလိုေတြ႕ဖို႔ အခ်ိန္းအခ်က္ လုပ္ထားၿပီး ပထမဆုံး အႀကိမ္ေတြ႕ဆုံတာေတာင္မွ ငါတို႔ဆီ မလာႏိုင္ဘူးပဲ။ ငါေျပာလိုက္မယ္ အလုပ္မ်ားေနတယ္လို႔ ေယာက္်ားေတြ ေျပာလာတာက ဆင္ေျခသက္သက္ ေပး႐ုံပဲ! ႐ူးေနတဲ့ မင္းလို အန္တီေခ်ာင္တစ္ေယာက္ပဲ အဓိပၸာယ္မရွ္ိတာေတြကို ယုံလိမ့္မယ္!"
နင္မုန႔္ ၿပဳံးလိုက္ၿပီး "အေဖ ဒီစကား ၾကားဖူးလား"
"ဘယ္ဟာလဲ"
"႐ိုးသားတဲ့ အ႐ူးေတြက အက်ိဳးအေၾကာင္း မွန္မမွန္ ခံစားခ်က္ရွိေပမယ့္ လွည့္ျဖားတတ္တဲ့ အ႐ူးေတြမွာေတာ့ မရွိဘူး ဆိုတာေလ"
“…”
ထိုစာေၾကာင္းက သူမရဲ႕ မိေထြးနဲ႔ မယားပါသမီးကို အရႈိက္ထိသြားေစသည္။
ေခ်ာင္႐ႊယ္ဟြာ မ်က္ေမွာင္ၾကဳပ္လိုက္ေပမယ့္ ေဒါသေတြကို စိတ္ထဲမွာပဲ ထားထားေလ၏။ ၿပီးေနာက္မွာေတာ့ စုထ်န္းထ်န္းကို နင္၀မ့္ေထာင္ေရွ႕ တြန္းလိုက္သည္။ စုထ်န္းထ်န္းကေတာ့ မသိနားမလည္တဲ့ မိန္းမငယ္ေလးသြင္ ေဆာင္လ်က္ မ်က္ရည္တို႔ကို သုတ္လိုက္ၿပီး "အရင္က ရွယ္ယာနဲ႔ ပတ္သက္ၿပီး ေဒါသထြက္ခဲ့တဲ့အတြက္ သမီးေတာင္းပန္ပါတယ္ အန္ကယ္"
နင္၀မ့္ေထာင္ တစ္ခုမွ မေျပာႏိုင္ခင္မွာပဲ နင္မုန႔္က အ႐ႊန္းေဖာက္လိုက္သည္။ "အေဖ 'စာေၾကာင္းဆက္တိုင္း' ကစားရေအာင္။ အေခါက္မပါတဲ့ သစ္ပင္ေတြ ေသသလို....
နင္၀မ့္ေထာင္က အက္ကြဲေနတဲ့ အသံနဲ႔ စာေၾကာင္းဆက္လိုက္သည္။ "အရွက္မရွိတဲ့ လူေတြရဲ႕ ဂုဏ္သတင္းကလည္း ေသကုန္မွာပဲ"
“ဘင္ဂို!”
သူမ ေျပာၿပီးသည္ႏွင့္ စုထ်န္းထ်န္းဘက္သို႔ နင္မုန႔္ ၾကည့္လိုက္ၿပီး ရွင္းျပလိုက္သည္။ "ေဟး အထင္မလြဲနဲ႔ေနာ္။ နင္ အရွက္မရွိဘူးလို႔ ငါမေျပာလိုက္ဘူးေနာ္။ အရွက္မရွိတဲ့ လူေတြက နင့္လိုပဲလို႔ ေျပာလိုက္႐ုံေနာ္"
“…”
ဒီအေဖနဲ႔သမီး ကီးကိုက္ေနတာက အရမ္း စိတ္ကုန္ဖို႔ ေကာင္းလြန္းတယ္!
စုထ်န္းထ်န္း ေဒါသတို႔ ေပါက္ကြဲေတာ့ မတတ္ျဖစ္လာေပမယ့္ သူမ ျပန္ထိန္းခ်ဳပ္လိုက္သည္။ ေခ်ာင္႐ႊယ္ဟြာကေတာ့ အရွက္ရေနရင္းပဲ စိတ္ထဲ၌ ႀကိတ္သက္ျပင္းခ်ကာ ဆိုဖာေပၚမွာ ထိုင္လိုက္၏။ စုထ်န္းထ်န္း ထိုင္လိုက္တဲ့အခါမွာေတာ့ နင္၀မ့္ေထာင္က မတ္တပ္ရပ္လိုက္သည္။
"ဟမ့္! မုန႔္မုန႔္ အေဖ့ေနာက္လိုက္ခဲ့"
က်န္ႏွစ္ေယာက္ကို လစ္လ်ဴရွဴလိုက္ရင္းပဲ သူတို႔ ႏွစ္ေယာက္လုံး အေပၚတက္သြားေလ၏။
စုထ်န္းထ်န္းရဲ႕ မ်က္လုံးေတြကလည္း အေပၚထပ္သို႔ ေရာက္သြားကာ "အေမ သူတို႔ကို ၾကည့္ဦး..."
ေခ်ာင္႐ႊယ္ဟြာက သူမရဲ႕ ပုခုံးကို ပုတ္ေပးရင္း ႏွစ္သိမ့္ေပးလိုက္သည္။ "မစၥတာလီသာ လာရင္ သူတို႔ႏွစ္ေယာက္လုံး သမီးကို အခုလို ဆက္ဆံရဲမွာ မဟုတ္ဘူး။ သူဘယ္ေလာက္ထိ အလုပ္မ်ားေနလဲဆိုတာ ေမးၾကည့္လိုက္ပါလား။ ဒီလာဖို႔ အခ်ိန္ေတာ့ ယူႏိုင္မွာပဲ။ သူ႔ကိစၥေတြ ေျဖရွင္းလို႔ၿပီးရင္ သမီးကို လာႀကိဳေပးလို႔ ရတာပဲဟာ"
စုထ်န္းထ်န္း ျပန္ေျဖလိုက္သည္။ "သမီး သူ႔ကို စာပို႔လိုက္ပါ့မယ္"
ေခ်ာင္႐ႊယ္ဟြာ ေခါင္းၿငိမ့္ျပလိုက္သည္။
တစ္နာရီ ၾကာၿပီးတဲ့ေနာက္မွာေတာ့ သူတို႔ စားေသာက္ရမည့္ အခ်ိန္ကို ေရာက္လို႔လာေလ၏။ နင္မုန႔္ နဲ႔ နင္၀မ့္ေထာင္တို႔ ေအာက္ကိုဆင္းလာၿပီး ထမင္းစားခန္းထဲ ၀င္မယ္ဆိုရင္ပဲ ေနာက္ကားတစ္စီး ေရာက္လာသည္။
ေခ်ာင္႐ႊယ္ဟြာ ၀မ္းသာအားရပဲ အျပင္ကို ၾကည့္လိုက္သည္။ "မစၥတာလီပဲ ျဖစ္ရမယ္! စုထ်န္းထ်န္းကို သူဒီေလာက္ ဂ႐ုစိုက္တာ အလုပ္ၿပီးတာနဲ႔ ခ်က္ခ်င္းေရာက္လာမယ္ဆိုတာ ငါသိေနတယ္!"
စုထ်န္းထ်န္းကလည္း အံ့ဩသြားသလို ေပ်ာ္႐ႊင္စြာ အျပင္ထြက္သြားလိုက္သည္။ လီရိခ်န္ သူမကို ခ်စ္တယ္ဆိုတာ သူမ သိၿပီးသား။ ဒါေၾကာင့္ပဲ ေနာက္ဆုံးေတာ့ ေရာက္လာတာ မဟုတ္လား?
[ ၂၅ပိုင္းစီပါတဲ့ pdf စာစဥ္၁ခုကို ၅၀၀က်ပ္နဲ႔ wp acc cbမွာ လာ၀ယ္လို႔ရၿပီေနာ္^^ ။ ၿပီးသြားတဲ့ စာစဥ္ေတြပါ စာစဥ္၄ [EP-90 to 114]၊ စာစဥ္၅ [EP-115 to 139]၊ စာစဥ္၆ [EP-140 to 164]၊ စာစဥ္၇ [EP-165 to 189]၊ စာစဥ္၈ [EP-190 to 214]၊ စာစဥ္၉[ EP-215 to 239]၊ စာစဥ္၁၀ [EP-239 to 264]၊ စာစဥ္၁၁[EP-265 to 289]၊ စာစဥ္၁၂ [EP-290 to 314]၊ စာစဥ္၁၃ [EP-315 to 339]၊ စာစဥ္၁၄ [EP-340 to 364]၊ စာစဥ္၁၅ EP-365 to 389တို႔ပါ🥰]