ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့...

By Dandelion_nini

5.2M 710K 55K

Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking fin... More

Synopsis
အသိပေးစာ
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35.1
Chapter 35.2
Chapter 35.3
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140
Chapter 141
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155
Chapter 156
Chapter 157
Chapter 158
Chapter 159
Chapter 160
Chapter 161
Chapter 162
Chapter 163
Chapter 164
Chapter 165
Chapter 166
Chapter 167
Chapter 168
Chapter 169
Chapter 170
Chapter 171
Chapter 172
Chapter 173
Chapter 174
Chapter 175
Chapter 176
Chapter 177
Chapter 178
Chapter 179
Chapter 180
Chapter 181
Chapter 182
Chapter 183
Chapter 184
Chapter 185
Chapter 186
Chapter 187
Chapter 188
Chapter 189
Chapter 190
Chapter 191 [ Final ]
ကျေးဇူးတင်လွှာနဲ့ Extraအကြောင်း
Updates and fanarts
About Car

Chapter 90

26.6K 3.9K 484
By Dandelion_nini

Unicode

မူလပိုင်ရှင်ရဲ့ရည်းစားဟောင်းက လာခြိမ်းခြောက်တယ်
________________________________

ယန်းချင်းချီက ဖုန်းမှားခေါ်တာ ဒါမှမဟုတ် အပြောင်အပျက်ဖုန်းဟု ထင်လိုက်တာကြောင့် ဂရုစိုက်မနေပဲ Showကြည့်ဖို့ကိုသာ အာရုံစိုက်လိုက်သည်။ သို့သော်ထိုနံပါတ်စိမ်းက နောက်တစ်ကြိမ်ထပ်ခေါ်လာပြန်သည်။ ယန်းချင်းချီ ဖုန်းချလိုက်သော်ငြား မကိုင်မချင်း ကြိုးကြိုးစားစားဆက်ခေါ်နေတာကြောင့် သူ နည်းနည်းလေး သိလိုစိတ်ဖြစ်သွားကာ ဖုန်းကိုပြန်ဖြေဖို့ဆုံးဖြတ်လိုက်သည်။

''ဝေ ''

''ယန်းချင်းချီ မင်းကတော်တော် နေနိုင်တာပဲ ''

တဖက်ကထွက်လာသောအသံကို ရင်းနှီးသလိုလိုရှိသော်ငြား ဘယ်သူ့အသံမှန်း မှန်းဆမရဖြစ်နေသည်။

''ဟမ်? ''

''ဘာလဲ အခုနာမည်လေးရလာပြီဆိုတော့ ငါဘယ်သူလဲဆိုတာကိုတောင် မေ့သွားပြီပေါ့ ''

ယန်းချင်းချီ တဖက်လူ၏ခနဲ့သံကိုနားထောင်ရင်း နည်းနည်းလေးအံ့အားသင့်သွားသည်။

''မင်းက? ''

''ဟာ့! '' တဖက်ကလည်း သရော်သံထွက်လာသည်။ '' နာမည်ကြီးလာတာနဲ့ အတိတ်တွေမေ့တတ်သွားတယ်ဆိုတဲ့စကားက တကယ်မှန်တာပဲ အရင်ကငါနဲ့တူတူရှိတုန်းကတော့ အရမ်းချစ်လှပါချည်ရဲ့ဆို တစ်စက္ကန့်တောင်မခွဲချင်ဘူးဆို အခုကျ ငါဘယ်သူလဲဆိုတာကိုတောင်မေ့သွားပြီပေါ့ ငါဘယ်သူလဲ? မင်းပြောကြည့် ငါဘယ်သူလဲလို့ ''

ယန်းချင်းချီ တဖက်လူစကားတွေကိုနားထောင်နေရင်း အတွေးတစ်ခုချက်ချင်းဝင်လာကာ မရေမရာမေးလိုက်သည်။

''လီရှင်းရန်? ''

ဘယ်လိုပဲဖြစ်ဖြစ် ဒီစာအုပ်ထဲကူး​ပြောင်းလာကတည်းက သူနဲ့ထိတွေ့ဆက်ဆံဖူးသည့်လူမှာ ကျန်းမော့ချန်တစ်ယောက်ထဲသာရှိသည်။ ထို့ကြောင့် မူလပိုင်ရှင် ချစ်တယ်၊ကြိုက်တယ်တွေပြောပြီး အတူရှိခဲ့မည့်လူက ဆန်ကုန်မြေလေး ရည်းစားဟောင်းတစ်ယောက်ထဲသာရှိတာကြောင့် သူ ဒီကိုကူးပြောင်းလာချင်း ဖောက်ပြန်တာကိုလက်ရသွားဖမ်းပြီး ခွေးမျက်နှာကိုဖူးယောင်သွားအောင် ထုထောင်းရိုက်နှက်ခဲ့ဖူးသည့် လီရှင်းရန်တစ်ယောက်ထဲသာ ခေါင်းထဲဝင်လာသည်။ ဆိုတော့ မူလပိုင်ရှင်ရဲ့ ဆန်ကုန်မြေလေး အယုတ်တမာရည်းစားဟောင်းက သူ့ဆီ ဖုန်းဆက်တယ်ပေါ့။

တဖက်ကလည်း လှောင်ရယ်သံစွက်၍

''ယို့ နောက်ဆုံးတော့မှတ်မိသွားပြီလား ''

ယန်းချင်းချီအသံကလည်း အေးစက်စက်

''ဘာကိစ္စရှိလို့လဲ ''

''ဘာလဲ အရမ်းတွေနာမည်ကြီးနေပြီဆိုတော့ ကိစ္စမရှိပဲနဲ့တောင်ဖုန်းခေါ်လို့မရတော့ဘူးပေါ့ ''

''ပြောစရာရှိတာပြော မရှိရင်ဖုန်းချလိုက်တော့မယ် ''

''နေဦး '' လီရှင်းရန် အသည်းအသန်ထတားလာသည်။ ထို့နောက် ခဏလောက်တိတ်ဆိတ်သွားကာ လှောင်သလိုခနဲ့သလို လေသံကနေ ချစ်သူကိုချော့နေသည့် ညင်ညင်သာသာလေသံမျိုး ပြောင်းသွားလေသည်။ ''ချင်းချီ ကိုယ်ဘာမှားသွားမှန်း ကိုယ်သိပါပြီ ကိုယ်တို့ပြန်တွဲရအောင်လေ ''

ယန်းချင်းချီ အံ့သြလွန်းသဖြင့် အသံထွက်ပြီးတောင်ရယ်မိသွားသည်။

''လီရှင်းရန် မင်း အိပ်ယာထဲမှာဖောက်ပြန်နေတာကို ငါမိထားတာဖြင့်ဘယ်လောက်ကြာနေပြီလဲ ဘယ်နှစ်လရှိနေပြီလဲရောမှတ်မိလား အခုမှမှားမှန်းသိပါပြီဆိုတော့ အဲ့လိုအသိတရားရဖို့ တော်တော်လေး အချိန်ယူလိုက်ရတဲ့ပုံပဲ ''

လီရှင်းရန် ဘာပြန်ပြောရမှန်းမသိဖြစ်သွားသည်။ မင်းကိုက အပုန်းကောင်းနေတာဟု စိတ်ထဲကနေကြိတ်ပြီး မကျိန်ဆဲပဲမနေနိုင်ခဲ့။ ဖုန်းနံပါတ်တွေပြောင်း၊ Wechat Accတွေပါ ပြောင်းလိုက်သည့်အပြင် အရင်အတူတူနေခဲ့သည့်အိမ်ကိုလည်း ပြန်မလာတော့တာကြောင့် သူ့မှာဘယ်ကစလိုက်လို့ လိုက်ရမှန်းမသိဖြစ်ခဲ့သည်။

မူလပိုင်ရှင်ယန်းချင်းချီနဲ့ လီရှင်းရန်တို့က အချိန်တစ်ခုလောက်ကြာတဲ့အထိ အတူတူနေခဲ့ကြသော်ငြား ယန်းချင်းချီက အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် မိသားစုတွေရော၊သူငယ်ချင်းတွေကိုပါ သူနဲ့တွဲနေခဲ့ကြောင်း တစ်ခါမှဖွင့်မပြောခဲ့ဖူးပါ။ မိဘတွေနဲ့လည်းမိတ်မဆက်ပေးသည့်အပြင် သူငယ်ချင်းတွေနဲ့တွေ့ရင်လည်း ခေါ်မသွားဖူးတာကြောင့် သူ ယန်းချင်းချီ၏ မိဘမှအစ၊ မန်နေဂျာအဆုံး ဘယ်သူ့နဲ့မှမတွေ့ဖူးခဲ့ပေ။

ယန်းချင်းချီနဲ့သူနဲ့စတွဲတော့ တဖက်လူက ကုမ္ပဏီသေးသေးလေးမှာစာချုပ်ချုပ်ထားပြီး တက်သစ်စအနုပညာရှင်တစ်ယောက်သာရှိသေးသည်။ တနေ့တနေ့ ကုမ္ပဏီက သူ့ကို မတရားသဖြင့်ဆက်ဆံကြောင်းနှင့် လုပ်ဖော်ကိုင်ဖက်တွေကိုလည်း အရူးတွေလို့ခေါ်ပြီး အတင်းချနေတတ်တာကြောင့် တဖြည်းဖြည်းစိတ်ပျက်လာကာ ယန်းချင်းချီရဲ့အလုပ်အကိုင်နဲ့ပက်သက်လာလျှင် ဂရုမစိုက်မိသည်ကများသည်။ သူ့အတွက်ကတော့ ယန်းချင်းချီက မိုးခိုစရာနေရာတစ်ခုသာဖြစ်ပြီး တဖက်လူကသူ့ကိုမျက်ကန်းတစ်ယောက်လို ချစ်နေတယ်ဆိုတာကိုသိတာကြောင့် သူနှပ်ချလို့ရသည့်ကြောင်ရုပ်လေးတစ်ရုပ်ထက်မပိုခဲ့ပေ။ သူ့ဘက်ကအဲ့လောက်ကြီးခံစားချက်မရှိခဲ့သော်ငြား ယန်းချင်းချီကလိမ္မာနေသရွေ့ သူကလည်းပြန်ပြီးကောင်းကောင်းမွန်မွန်ဆက်ဆံပေးနိုင်သည်။ အချိန်တစ်ခုလောက်ကြာတဲ့အထိ ယန်းချင်းချီကိုမှီခိုပြီး သက်တောင့်သက်သာနေချင်ခဲ့သည်။

ယန်းချင်းချီကအကုန်လုံးကောင်းနေသော်ငြား သူ့ကိုစိတ်မကျေနပ်စေသည့်အချက်တစ်ချက်တော့ရှိသည်။ ထိုအရာကတော့ သူ့ကိုကားမောင်းခွင့်မပေးခြင်းပေ။ သူဘယ်လောက်ပဲတောင်းဆိုတောင်းဆို ယန်းချင်းချီကခေါင်းတခါခါငြင်းနေတတ်ကာ တစ်ခါတလေ မခံချင်စိတ်ဖြစ်ပြီးသူနဲ့လုပ်လာအောင် ခနဲ့သလိုလိုရွဲ့သလိုလိုစကားတွေဖြင့် ဆွပေးတတ်သည်။

''မလုပ်ချင်ဘူးပဲငြင်းနေရအောင် ဘာလဲ မမာနိုင်ဘူးလား ပန်းသေနေလို့လား ''

ထိုအချိန်ကျ ယန်းချင်းချီက မျက်ရည်ဝဲတဲတဲဖြင့် မတရားအစွပ်စွဲခံနေရသလိုမျိုးလေး သူ့ကို ပြန်မော့ကြည့်ကာ ပြောလိမ့်မည်။

''မင်းဘာမဟုတ်တာတွေလျှောက်ပြောနေတာလဲ ''

ယန်းချင်းချီ ဘာလို့သူနဲ့အတူတူကားမမောင်းချင်မှန်း လီရှင်းရန်တကယ်ကိုနားမလည်နိုင်ပါ။ သူ့အတွက်ကတော့ မျက်စိရှေ့မှာ အလှပဂေးလေးရှိနေပေမဲ့ မြင်သာမြင်မကြင်ရသည့်အခြေအနေကြီးက တော်တော်လေး ခံရခက်လှသည်။ ထိုအချက်ကိုမကျေနပ်တာကြောင့် သူ့ရဲ့လိုအင်ဆန္ဒတွေကိုဖြည့်ဆည်းဖို့အတွက် ယန်းချင်းချီနောက်ကွယ်မှာ ဇယားလေးတွေရှာရင်း စတင်ဖောက်ပြန်ခဲ့သည်။

ထိုအချိန်မှာပဲ လီရှင်းရန် ဇယားလေးတစ်ယောက်နဲ့ အိပ်ယာထဲချစ်ကြည်နူးတစ်တီတူးနေတဲ့အချိန် စာအုပ်ထဲကိုကူးပြောင်းလာသည့် ယန်းချင်းချီဆီကနေ လက်ပူးလက်ကြပ်မိသွားခဲ့ကာ ခွေးခေါင်း၊ဝက်ခေါင်းရုပ်ပေါက်တဲ့အထိ ဆော်ပလော်အတီးခံလိုက်ရပြီး အိမ်ပေါ်ကနေနှင်ချခံလိုက်ရလေသည်။

လီရှင်းရန်ကလည်း ယန်းချင်းချီရဲ့မိဘဆွေမျိုးအသိုင်းအဝိုင်း ဘာဆိုဘာမှကိုမသိတာကြောင့် အသနားခံပြီးအိမ်ပေါ်ပြန်တက်လာချင်ရင်တောင် ဆက်သွယ်မရဖြစ်နေသည်။ သူ မသိခဲ့တာကတော့ ယန်းချင်းချီက ဖုန်းနံပါတ်၊ Wechat Accနဲ့ အိမ်သော့ကိုပါပြောင်းပြီးသည့်အပြင် ကျန်းမော့ချန်နဲ့တန်းပြီးလက်ထပ်ပစ်လိုက်ခြင်းပင်။ ထို့ကြောင့် လီရှင်းရန်အတွက် ရှာဖို့လမ်းစပျောက်နေသည်။ သူ ယန်းချင်းချီကို လက်လျှော့ပစ်လိုက်ဖို့ စိတ်ကူးလိုက်တဲ့အချိန် TVကလွှင့်နေသည့် 《 လာပါ၊သူငယ်ချင်း! တိုက်ခိုက်လိုက်ကြရအောင် 》အစီအစဥ်မှာ ယန်းချင်းချီကိုပြန်တွေ့လိုက်ရသည်။ ထိုအခါမှ လီရှင်းရန်သိလိုက်ရသည်က ယန်းချင်းချီတစ်ယောက် နန်ချန်ဆိုသည့်အပင်ကြီးကြီးကို ကုပ်ဖဲ့တက်နိုင်သွားကာ လူကြိုက်များသည့် Variety Showတစ်ခုထဲ ယာယီအဖွဲ့ဝင်တစ်ယောက်အဖြစ်ပါဝင်နိုင်ခဲ့ပြီး အရမ်းတွေနာမည်ရနေပြီဟုပင်။

သူ သူ့သူငယ်ချင်းနဲ့ညစာစားနေရင်း စားသောက်ဆိုင်မှာ 《 လာပါ၊သူငယ်ချင်း! တိုက်ခိုက်လိုက်ကြရအောင်! 》အပိုင်းသစ်ပြနေတာနဲ့ ကြုံကြိုက်သွားခဲ့သည်။ သူ TVပေါ်မှာ ယန်းချင်းချီကိုမြင်လိုက်ရတော့ အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။

ထိုအသံကိုကြားသွားသည့် သူ့သူငယ်ချင်းကလည်း သူ့အတိုင်း TVကိုမော့ကြည့်လိုက်ကာ ယန်းချင်းချီကိုမြင်တော့

''အနုပညာရှင်တွေများ သူတို့တနေ့ဝင်ငွေက ငါတို့တစ်နှစ်ဝင်ငွေလောက်ရှိတယ်လို့ပြောကြတာပဲ အိုက်ယား ငါ့မှာအနုပညာသူငယ်ချင်းတစ်ယောက်လောက်သာရှိရင် အရမ်းကြွားလို့ကောင်းနေမှာ ကြည့်မနေနဲ့တော့ ကြည့်လည်းကိုယ်နဲ့တစ်ယောက်မှသိတာမှမဟုတ်တာ အလကားအချိန်ကုန်တာပဲရှိမယ် စား စား ''

လီရှင်းရန်တစ်ယောက်မကျေမနပ်ဖြစ်သွားကာ

''ဘယ်သူကမသိဘူးပြောလို့လဲ အဲ့ယန်းချင်းချီကငါ့ရည်းစားဟောင်း! ''

သူ့သူငယ်ချင်းကလည်း ထိုစကားကိုကြားတော့ တဟားဟားအော်ရယ်လိုက်ရင်း

''ဒါဆို ကျန်းမော့ချန်ကငါ့အစ်ကို ''

လီရှင်းရန်ကူကယ်ရာမဲ့သွားကာ သူရှေ့ကနာလပိန်းတုံးဖြင့် စကားဆက်ပြောနေလည်းအပိုပဲဟုသာတွေးလိုက်မိသည်။ သူယန်းချင်းချီကိုပြန်ဆက်သွယ်ဖို့ နည်းလမ်းတစ်ခုခုရှာမှဖြစ်မည်။ အရင်ကအိုးပဲ့ဘဝကနေ အခုရတနာရွှေအိုးလေးဖြစ်သွားတာကြောင့် ဒီအခွင့်အရေးကိုလက်လွှတ်ခံလိုက်လို့မဖြစ်ပါ။ ယန်းချင်းချီကိုပြန်ဆက်သွယ်ကာ ခွင့်လွှတ်မှုတောင်းခံပြီး အတူတူပြန်နေရမည်။ ဝန်မခံချင်သော်ငြား ယန်းချင်းချီနဲ့တွဲနေတုန်းကဆို အဆင်သင့်စား၊အဆင်သင့်အိပ်ဖြင့် သာသာယာယာနေခဲ့ရကာ ငွေရေးကြေးရေးအတွက်လည်းစိတ်ပူစရာမလိုခဲ့ပေ။ တကယ်လို့ ယန်းချင်းချီက သူနဲ့ပြန်မတွဲချင်လည်း ကိစ္စမရှိပါ။ သူနဲ့လက်တွဲပြီးရိုက်ထားသည့်ဓာတ်ပုံတစ်ပုံကိုအခုအချိန်ထိမဖျက်ရသေးတာကြောင့် ပူပူနွေးနွေးနာမည်ကြီးခါစရှိသေးသည့် လက်ရှိယန်းချင်းချီက ထိုပုံကိုဝယ်ဖို့ပိုက်ဆံအများကြီးသုံးလိမ့်မည်ဟု သူတပ်အပ်သိနေသည်။

လီရှင်းရန်တစ်ယောက် စိတ်ကူးကမ္ဘာထဲမှာ ပိုက်ဆံဘယ်လောက်တောင်းရမည်၊ဘာလုပ်ပစ်ရမည်ဟု စိတ်ကူးအယဥ်ကောင်းနေသော်ငြား လတ်တလောမှာ ယန်းချင်းချီကိုဆက်သွယ်စရာနည်းလမ်းလည်းမရှိတာကြောင့် အားလုံးက ရေပူစီဖောင်းသက်သက်သာ။ သူစိတ်ညစ်နေစဥ် သူ့ဆီစာတစ်စောင်ဝင်လာသည်။

စာပါအကြောင်းအရာမှာ ရိုးရိုးရှင်းရှင်းပင်။

[ ယန်းချင်းချီကိုကြိုက်နေသေးလား သူ့နဲ့ပြန်တွဲချင်လား ဒီဖုန်းကိုခေါ်လိုက် ]

လီရှင်းရန် နည်းနည်းလေးအံ့သြသွားသည်။ ဒါကဘာလဲ! သံဖိနပ်စီးပြီးရှာရမယ်လို့ထင်လိုက်ပေမဲ့ မျက်စိရှေ့အသင့်ရောက်လာတာမျိုးလား!?* ထိုစာက ထူးဆန်းသည်ဟုထင်လိုက်သော်ငြား ရေငတ်နေတုန်း ရေတွင်းထဲကျသွားသလိုမျိုး ဖုန်းခေါ်ချင်သည့်စိတ်ကိုတောင့်မခံနိုင်ခဲ့ပေ။ သူဖုန်းကိုကိုင်ကာ ပို့ထားသည့်နံပါတ်ကိုခေါ်ကြည့်လိုက်သည်။ ဘယ်သူမှဖုန်းမကိုင်ပါ။ လီရှင်းရန်ဆက်ခေါ်နေလိုက်သော်ငြား တဖက်ကဖုန်းချပစ်ပြန်သည်။

(T/N: ခက်ခက်ခဲခဲရှာရမယ်လို့ထင်လိုက်ပေမဲ့ လွယ်လင့်တကူရလိုက်တဲ့အခြေအနေမျိုးမှာသုံးပါတယ်)

သူရဲ့ချီတုံချတုံတွေဝေမှုတွေက ပိုပိုပြီးသေချာလာကာ ၅ကြိမ်မြောက်ဖုန်းခေါ်အပြီးမှာတော့ ရင်းနှီးနေသည့် အသံလေးကိုကြားလိုက်ရလေသည်။

''ဝေ ''

လီရှင်းရန်ချက်ချင်းပြုံးပျော်သွားသည်။ သူသိသားပဲ သူ့ရဲ့နေ့ရက်ကောင်းတွေပြန်ရောက်လာတော့မယ်ဆိုတာ!

သူဖုန်းကိုကိုင်ကာ ဆက်ချော့နေသည်။

''ချင်းချီ ကိုယ်အသိတရားရသွားပါပြီ နောက်ဘယ်တော့မှမရှုပ်တော့ပါဘူး ကိုယ့်ကိုတစ်ခါလောက်ထပ်ယုံကြည်ပေးပါ ''

''အဲ့စကားတွေ မင်းဇယားလေးတွေကို ပြောဖို့ချန်ထားလိုက် ငါ့မှာလုပ်စရာတွေရှိသေးတယ် မင်းနဲ့စောက်ပိုတွေမပြောချင်ဘူး ''

''နေဦး နေဦး '' လီရှင်းရန် အလောတကြီးတားလာပြန်သည်။ '' ချင်းချီ မင်း ကိုယ့်ကိုခွင့်မလွှတ်ဖို့ တကယ်ကြီးဆုံးဖြတ်ထားတယ်ပေါ့ ကိုယ်နဲ့တကယ်ပြန်မတွဲတော့ဘူးပေါ့? ''

''ငါက အ,အလား ချီးတွင်းထဲနှစ်ခါခုန်ချရအောင် မင်းကိုယ်မင်းသိပ်အထင်ကြီးလွန်းနေတာပဲ ''

လီရှင်းရန်နှာမှုတ်လိုက်သည်။

''ဟက်! ဒီလိုဆိုလည်း ငါ့ကိုအသည်းနှလုံးမရှိဘူးလို့ အပြစ်မတင်နဲ့တော့ ငါ့လက်ထဲမှာ ဘာပုံတွေရှိတယ်လို့ထင်လဲ မင်းပြောကြည့် ငါ့တို့နှစ်ယောက်အရင်ကရောထွေးယှက်တင်နေထားတဲ့ပုံတွေကို အွန်လိုင်းပေါ်တင်ပြီး ချစ်သူတွေပါလို့ပြောလိုက်ရင် မင်းကုမ္ပဏီကမင်းကိုဘယ်လိုထင်သွားမလဲ မင်းကိုကာကွယ်ပေးမယ်လို့ထင်လား မင်းFanတွေကရောမင်းကိုဆက်ကြိုက်ပါဦးမလား ''

''ကြည့်ရတာတော့ ဒီကိစ္စကိုအရင်ဖြေရှင်းရမဲ့ပုံပဲ '' ယန်းချင်းချီရေရွတ်လိုက်သည်။

သူ မူရင်းဝတ္ထုကိုပြန်တွေးကြည့်လိုက်တော့ စာအုပ်ထဲမှာ မူလပိုင်ရှင်က လီရှင်းရန်ကိုအရမ်းကြိုက်သော်ငြား မိဘတွေ၊သူငယ်ချင်းတွေကို သူတို့ဆက်ဆံရေးအကြောင်း တစ်ခါမှဖွင့်ဟဝန်မခံခဲ့ဖူးပေ။ အမြဲတမ်းသတိလေးထားပြီး တိတ်တိတ်လေးခိုးတွဲနေခဲ့တာပင်။ ထို့အပြင် မူလပိုင်ရှင်လိုချင်သည့်အချစ်မှာ ဖြူစင်ရိုးသားသည့် ပါပီအချစ်မျိုးဖြစ်သည်။ ဘယ်လောက်ဖြူစင်လိုက်သလဲဆို လိုအင်ဆန္ဒတွေ၊တဏှာတွေမပါသည့် ရိုးရိုးသားသားလက်ကိုင်၊နမ်းဖက်သည့်အဆင့်ထက်မပိုသော တစ်ယောက်ကိုတစ်ယောက်မှီခိုရင်းပျော်ရွှင်နေရသည့်အချစ်မျိုးဖြစ်သည်။ ထို့အပြင် လက်မထပ်ရသေးပဲ လိင်မှုမဆက်ဆံရဘူးဆိုသည့် ယန်းမိသားစုစည်းကမ်းကလည်းရှိနေတာကြောင့် မူလပိုင်ရှင်က လီရှင်းရန်နဲ့လွန်လွန်ကျူးကျူးဓာတ်ပုံတွေရှိနေလောက်မည်မဟုတ်ပါ။

ထပ်ပြီးတွေးစရာရှိသည်မှာ မူလပိုင်ရှင်က သူ့ရဲ့အနုပညာအလုပ်တွေကြောင့် အမြဲတမ်းမအားမလပ်ဖြစ်နေတဲ့အပြင် တခါတလေခရီးတွေလည်းထွက်ရသဖြင့် လီရှင်းရန်ကို သိပ်အချိန်မပေးနိုင်ပါ။ ထိုကိစ္စကို လီရှင်းရန်ကလည်းဂရုမစိုက်ခဲ့ပေ။ အိပ်ခန်းထဲကနှစ်ယောက်တွဲဓာတ်ပုံကိုတောင် မူလပိုင်ရှင်ဘက်ကနေ လိုလိုလားလားတောင်းဆိုခဲ့လို့ သာမန်စုံတွဲတွေလိုမျိုး အမှတ်တရဓာတ်ပုံတစ်ပုံရှိနေခဲ့တာဖြစ်သည်။ ထို့ကြောင့် လီရှင်းရန်လက်ထဲ အဖော်အချွတ်ဓာတ်ပုံမျိုးတွေရှိနေလိမ့်မည်ဟု ယန်းချင်းချီတစ်စက်ကလေးတောင် ယုံမနေပေ။

ဒါပေမဲ့ အဲ့ဒါက အဓိကအချက်မဟုတ်ဘူး။ အဓိကအချက်က လီရှင်းရန်လက်ထဲ မူလပိုင်ရှင်ရဲ့ဘယ်လိုဓာတ်ပုံမျိုးပဲရှိရှိ သူ့လက်ထဲရှိနေတဲ့ Videoကတော့ လီရှင်းရန်ကိုလုံးဝအံ့အားသင့်သွားစေမယ်ဆိုတာပဲ။

ယန်းချင်းချီ အပြုံးခပ်ကြီးကြီးဖြင့်

''လီရှင်းရန် ငါ့ Wechatကို Addလိုက် ငါ မင်းကိုပြစရာရှိတယ် ''

''ဘာလဲ ''

''ဒီဖုန်းနံပါတ်နဲ့ပဲဖွင့်ထားတာ ငါ့ကို Addလိုက် ငါစောင့်နေမယ် ''

ယန်းချင်းချီထိုသို့ပြောကာ ဖုန်းချပစ်လိုက်သည်။ သူကူကယ်ရာမဲ့စွာ သက်ပြင်းမချပဲမနေနိုင်ခဲ့။ ထိုအချိန်က ဝါသနာအရသွင်းခဲ့သည့် Videoက သူ့ဖုန်းထဲမှာတစ်သက်လုံးရှိနေပြီး နေမမြင်ရတော့ဘူးဟုထင်လိုက်သော်ငြား မမျှော်လင့်ထားခဲ့သည်က ဆန်ကုန်မြေလေး လီရှင်းရန်ကိုယ်တိုင်လာရောက်တူးဖော်မည်ဟုပင်။

ချစ်စိတ်ပြင်းပြစွာခုတ်မောင်းနေကြသည့် Videoကိုကြည့်ရင်း ယန်းချင်းချီကိုယ့်ကိုကိုယ်မချီးကျူးပဲမနေနိုင်ခဲ့။ ဘယ်ထောင့်ကပဲကြည့်ကြည့် Screenshotပဲရိုက်ရိုက် မသိရင် အထင်ကရ ကင်မရာမန်းရိုက်ထားတဲ့အတိုင်းပဲ။ ကျစ် Videoက ငါ့လက်ထွက်လို့ကိုမပြောရဘူး။

ယန်းချင်းချီ Wechatထဲ ဝင်လိုက်တော့ Fri Request တစ်ခုပို့ထားတာကိုတွေ့သဖြင့် လီရှင်းရန်မှန်းသိနေတာကြောင့် ချက်ချင်းလက်ခံလိုက်သည်။

သူ Wechatကနေ လီရှင်းရန်ကို ဖုန်းခေါ်လိုက်ကာ

''မင်းရဲ့အဲ့ဒီရောထွေးယှက်တင်နေနေတဲ့ ဓာတ်ပုံဆိုတာတဲ့ဟာကြီးကို ပြကြည့်စမ်းပါဦး ငါကြည့်ချင်လို့ ''

''လာနောက်နေတာလား! '' လီရှင်းရန် ဒေါသတကြီးအော်ပြောလာသည်။

''ကျိန်းသေပေါက်မဟုတ်ဘူးပေါ့ ဒါပေမဲ့ငါကြည့်ရမှဖြစ်မယ် မင်းလက်ထဲမှာရှိနေတဲ့ဓာတ်ပုံက ငါ့လက်ထဲမှာရှိနေတဲ့အရာကိုပြန်ပြရလောက်တဲ့အထိ လုံမှလုံလောက်ရဲ့လားလို့ ငါသေချာသိမှဖြစ်မယ် ''

လီရှင်းရန် အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။

ယန်းချင်းချီကလည်းဆက်ပြီး နားချသိမ်းသွင်းနေပြန်သည်။

''မင်းဘာတွေပူပန်နေတာလဲ ငါ့ကိုပို့လိုက်စမ်းပါ မင်းလက်ထဲမှာမူရင်းရှိနေတာပဲဟာ ဖော်ချင်သပါ့ဆိုဖော်လို့ရသေးတယ် ပြောလို့မရဘူးလေ မင်းပို့တဲ့ဓာတ်ပုံတွေကိုကြည့်ပြီး ငါလည်း လန့်ရင်လန့်သွားနိုင်တာပဲ အဲ့ကျ ပိုက်ဆံရမဲ့လူကမင်းလေ ငါ့ကိုဖုန်းခေါ်တာ ငွေညှစ်ချင်လို့မဟုတ်ဘူးလား ဓားစာခံက ပြန်ပေးဆွဲသမားလက်ထဲရှိမရှိ သေချာအောင်တော့ စကားတစ်လုံး၊နှစ်လုံးလောက် ပြောခိုင်းရဦးမှာပေါ့ ငါ့ကိုဘာမှမပြပဲ ပိုက်ဆံလိုချင်တယ်? ဘာလဲ မင်းကလက်ဗလာနဲ့ဝံပုလွေဖြူဖမ်းချင်နေတာလား* ''

(T/N: ကြိုးစားအားထုတ်မှုမရှိပဲ အချောင်သက်သက်လိုချင်လို့ လိမ်လည်လှည့်ဖြားတာ)

လီရှင်းရန် ခဏလောက်စဥ်းစားနေလိုက်ကာ ယန်းချင်းချီစကားကအဓိပ္ပါယ်ရှိသည်ဟုတွေးမိသွားသည်။ သူ ဓာတ်ပုံ Album ထဲဝင်ပြီး Wechat Momentကနေ ပြန် Saveထားသည့် သူနဲ့ယန်းချင်းချီလက်ကိုင်ရိုက်ထားသော ဓာတ်ပုံကိုရှာလိုက်ကာ ယန်းချင်းချီဆီပို့လိုက်သည်။

ယန်းချင်းချီဓာတ်ပုံကိုကြည့်လိုက်တော့ မူလပိုင်ရှင်နဲ့လီရှင်းရန်က ဆိုဖာပေါ်ဘေးချင်းကပ်ထိုင်နေပြီး မူလပိုင်ရှင်ကလီရှင်းရန်ပုခုံးပေါ်ခေါင်းလေးတင်ထားကာ လီရှင်းရန်လက်ငါးချောင်းထဲ သူ့လက်ငါးချောင်းထည့်ပြီး ပျော်ရွှင်စွာလှုပ်ခါရင်း ပီတိဖြာဝေစွာပြုံးနေသည့်ပုံဖြစ်သည်။ သူကြည့်နေရင်း မူလပိုင်ရှင်က တော်တော်လေးကိုတုံးအပြီး ခွေးတစ်ကောင်ကိုနှလုံးသားသွားအပ်နေသည်ဟု မတွေးမိပဲမနေနိုင်ခဲ့။ ဘယ်လိုပဲဖြစ်ဖြစ် သူမှန်းထားတဲ့အတိုင်းပဲ။ လီရှင်းရန်လက်ထဲမှာ ဘာလွန်လွန်ကျူးကျူးပုံတွေမှရှိမနေဘူး။

ဒီလိုယောင်ဝါးဝါးပုံနဲ့များ သူ့ကိုငွေလာညှစ်ချင်နေသေးတယ်။

''ဒီပုံလေးလောက်နဲ့? ''

''လက်ကိုင်ရုံလောက်ဆိုပြီး အထင်မသေးနဲ့ မင်းကအခုနာမည်ကြီးနေပြီ အဲ့ပုံနဲ့ ငါတို့အချစ်ခရီးလမ်းကိုပုံပြင်တစ်ပုဒ်လိုရေးတင်ပစ်လိုက်ရင် မင်းအတွက်ဘာမှကောင်းကျိုးရှိလာမှာမဟုတ်ဘူး ''

''အဲ့စကားက အဓိပ္ပါယ်တော့ရှိသား ''

ဘယ်လိုပဲဖြစ်ဖြစ် အခုတလောကျန်းမော့ချန်က အရမ်းကိုကဲကဲကဲသဲသဲတွေဖြစ်နေတာကြောင့် ထိုပုံကိုတွေ့သွားတာနဲ့ သူ့ကိုဒရမ်မာတွေထပ်ချိုးပြလာဦးမည်။ သူ ထိုသို့စဥ်းစားမိလိုက်တော့ ခေါင်းကိုက်သွားကာ

''အဲ့လိုဆိုတော့လည်း ငါ့လက်ထဲမှာရှိနေတာကိုပြရသေးတာပေါ့ စိတ်ကိုအဆင်သင့်ပြင်ဆင်ထားနော် ငါ့လက်ထဲမှာရှိတဲ့ဟာက မင်းလက်ထဲကပုံထက် အဆတစ်ရာလောက်ပိုပြင်းတယ် ''

လီရှင်းရန်သိချင်စိတ်ဖြစ်သွားသည်။

''မင်းလက်ထဲ ဘာကြီးကစောက်ကျိုးနည်းရှိနေလို့လဲ ''

ယန်းချင်းချီ ခုနက Videoပြန်ကြည့်လိုက်တဲ့အချိန် ရိုက်ထားသည့် Screenshot အချို့ကို လီရှင်းရန်ဆီပို့ပေးလိုက်သည်။

လီရှင်းရန်အမူအရာကချက်ချင်းပြောင်းလဲသွားကာ ဒေါသတကြီး အော်ဟစ်လာလေသည်။

''မင်းမှာဘယ်လိုလုပ်ဒါတွေရှိနေတာလဲ! ''

ယန်းချင်းချီကလည်း Resolution ပြည့်ဝသည့် သူ့လက်ထွက်ဓာတ်ပုံတွေကိုကြည့်လိုက်ကာ သူတို့တိုင်းပြည်က အဝါဓာတ်ပုံတွေကို တရားဝင်ဖြန့်ချီခွင့်မပေးသဖြင့် Accပိတ်ခံရမှာစိုးတာကြောင့် အမြန်ပြန်ဖျက်လိုက်လေသည်။

(T/N: အဝါ=Porn)

လီရှင်းရန်ကလည်း ရုတ်တရက်ကြီးပျောက်သွားသည့် ဓာတ်ပုံတွေကိုကြည့်ရင်း ကြောင်အသွားကာ

''မင်းဘာလို့ဖျက်လိုက်တာလဲ? ''

''မဖျက်ရင်? သူများကိုယ်ပေါ် ကားမောင်းနေတဲ့ မင်းရဲ့ဟီးရိုးဆန်မှုကြီးကို တစိမ့်စိမ့်ထိုင်ကြည့်နေချင်သေးတာလား မလုပ်စမ်းပါနဲ့ အခုတလော အင်တာနက်ပေါ်မှာ အစစ်အဆေးဒီလောက်ကြမ်းနေတာ အဝါပုံပို့လို့မိသွားရင် ယွမ်၆သိန်းဒဏ်ငွေဆောင်ရတယ်ဆိုလား မင်းရဲ့ဂန္တဝင်မြောက်ပုံကြီးကိုလိုက်ဖြန့်နေပါတယ်ဆိုပြီး ဒဏ်ငွေဆောင်နေရမှ ငါ့မှာ မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျနေရဦးမယ် အဲ့တော့ ဒီနှစ်ကူးကိုကောင်းကောင်းမွန်မွန်ဖြတ်သန်းနိုင်ဖို့ ငါ့ဘာသာငါပဲသိမ်းထားလိုက်တော့မယ် ''

''ယန်းချင်းချီ!!! '' လီရှင်းရန်ပေါက်ကွဲထွက်လာတော့သည်။

____________________________________

ဆန်ကုန်မြေလေးက လူမှားပြီးငွေညှစ်တာ၊ တကယ်တော့မော့ချန်ဆီသွားရမှာ ဟိုကအပြူးအပြဲနဲ့ဝယ်လိုက်မဲ့ဖြစ်ချင်း 🤣

Zawgyi

မူလပိုင္႐ွင္ရဲ႕ရည္းစားေဟာင္းက လာၿခိမ္းေျခာက္တယ္
________________________________

ယန္းခ်င္းခ်ီက ဖုန္းမွားေခၚတာ ဒါမွမဟုတ္ အေျပာင္အပ်က္ဖုန္းဟု ထင္လိုက္တာေၾကာင့္ ဂ႐ုစိုက္မေနပဲ Showၾကည့္ဖို႔ကိုသာ အာ႐ုံစိုက္လိုက္သည္။ သို႔ေသာ္ထိုနံပါတ္စိမ္းက ေနာက္တစ္ႀကိမ္ထပ္ေခၚလာျပန္သည္။ ယန္းခ်င္းခ်ီ ဖုန္းခ်လိုက္ေသာ္ျငား မကိုင္မခ်င္း ႀကိဳးႀကိဳးစားစားဆက္ေခၚေနတာေၾကာင့္ သူ နည္းနည္းေလး သိလိုစိတ္ျဖစ္သြားကာ ဖုန္းကိုျပန္ေျဖဖို႔ဆုံးျဖတ္လိုက္သည္။

''ေဝ ''

''ယန္းခ်င္းခ်ီ မင္းကေတာ္ေတာ္ ေနႏိုင္တာပဲ ''

တဖက္ကထြက္လာေသာအသံကို ရင္းႏွီးသလိုလို႐ွိေသာ္ျငား ဘယ္သူ႕အသံမွန္း မွန္းဆမရျဖစ္ေနသည္။

''ဟမ္? ''

''ဘာလဲ အခုနာမည္ေလးရလာၿပီဆိုေတာ့ ငါဘယ္သူလဲဆိုတာကိုေတာင္ ေမ့သြားၿပီေပါ့ ''

ယန္းခ်င္းခ်ီ တဖက္လူ၏ခနဲ႔သံကိုနားေထာင္ရင္း နည္းနည္းေလးအံ့အားသင့္သြားသည္။

''မင္းက? ''

''ဟာ့! '' တဖက္ကလည္း သေရာ္သံထြက္လာသည္။ '' နာမည္ႀကီးလာတာနဲ႔ အတိတ္ေတြေမ့တတ္သြားတယ္ဆိုတဲ့စကားက တကယ္မွန္တာပဲ အရင္ကငါနဲ႔တူတူ႐ွိတုန္းကေတာ့ အရမ္းခ်စ္လွပါခ်ည္ရဲ႕ဆို တစ္စကၠန္႔ေတာင္မခြဲခ်င္ဘူးဆို အခုက် ငါဘယ္သူလဲဆိုတာကိုေတာင္ေမ့သြားၿပီေပါ့ ငါဘယ္သူလဲ? မင္းေျပာၾကည့္ ငါဘယ္သူလဲလို႔ ''

ယန္းခ်င္းခ်ီ တဖက္လူစကားေတြကိုနားေထာင္ေနရင္း အေတြးတစ္ခုခ်က္ခ်င္းဝင္လာကာ မေရမရာေမးလိုက္သည္။

''လီ႐ွင္းရန္? ''

ဘယ္လိုပဲျဖစ္ျဖစ္ ဒီစာအုပ္ထဲကူး​ေျပာင္းလာကတည္းက သူနဲ႔ထိေတြ႕ဆက္ဆံဖူးသည့္လူမွာ က်န္းေမာ့ခ်န္တစ္ေယာက္ထဲသာ႐ွိသည္။ ထို႔ေၾကာင့္ မူလပိုင္႐ွင္ ခ်စ္တယ္၊ႀကိဳက္တယ္ေတြေျပာၿပီး အတူ႐ွိခဲ့မည့္လူက ဆန္ကုန္ေျမေလး ရည္းစားေဟာင္းတစ္ေယာက္ထဲသာ႐ွိတာေၾကာင့္ သူ ဒီကိုကူးေျပာင္းလာခ်င္း ေဖာက္ျပန္တာကိုလက္ရသြားဖမ္းၿပီး ေခြးမ်က္ႏွာကိုဖူးေယာင္သြားေအာင္ ထုေထာင္း႐ိုက္ႏွက္ခဲ့ဖူးသည့္ လီ႐ွင္းရန္တစ္ေယာက္ထဲသာ ေခါင္းထဲဝင္လာသည္။ ဆိုေတာ့ မူလပိုင္႐ွင္ရဲ႕ ဆန္ကုန္ေျမေလး အယုတ္တမာရည္းစားေဟာင္းက သူ႕ဆီ ဖုန္းဆက္တယ္ေပါ့။

တဖက္ကလည္း ေလွာင္ရယ္သံစြက္၍

''ယို႔ ေနာက္ဆုံးေတာ့မွတ္မိသြားၿပီလား ''

ယန္းခ်င္းခ်ီအသံကလည္း ေအးစက္စက္

''ဘာကိစၥ႐ွိလို႔လဲ ''

''ဘာလဲ အရမ္းေတြနာမည္ႀကီးေနၿပီဆိုေတာ့ ကိစၥမ႐ွိပဲနဲ႔ေတာင္ဖုန္းေခၚလို႔မရေတာ့ဘူးေပါ့ ''

''ေျပာစရာ႐ွိတာေျပာ မ႐ွိရင္ဖုန္းခ်လိုက္ေတာ့မယ္ ''

''ေနဦး '' လီ႐ွင္းရန္ အသည္းအသန္ထတားလာသည္။ ထို႔ေနာက္ ခဏေလာက္တိတ္ဆိတ္သြားကာ ေလွာင္သလိုခနဲ႔သလို ေလသံကေန ခ်စ္သူကိုေခ်ာ့ေနသည့္ ညင္ညင္သာသာေလသံမ်ိဳး ေျပာင္းသြားေလသည္။ ''ခ်င္းခ်ီ ကိုယ္ဘာမွားသြားမွန္း ကိုယ္သိပါၿပီ ကိုယ္တို႔ျပန္တြဲရေအာင္ေလ ''

ယန္းခ်င္းခ်ီ အံ့ၾသလြန္းသျဖင့္ အသံထြက္ၿပီးေတာင္ရယ္မိသြားသည္။

''လီ႐ွင္းရန္ မင္း အိပ္ယာထဲမွာေဖာက္ျပန္ေနတာကို ငါမိထားတာျဖင့္ဘယ္ေလာက္ၾကာေနၿပီလဲ ဘယ္ႏွစ္လ႐ွိေနၿပီလဲေရာမွတ္မိလား အခုမွမွားမွန္းသိပါၿပီဆိုေတာ့ အဲ့လိုအသိတရားရဖို႔ ေတာ္ေတာ္ေလး အခ်ိန္ယူလိုက္ရတဲ့ပုံပဲ ''

လီ႐ွင္းရန္ ဘာျပန္ေျပာရမွန္းမသိျဖစ္သြားသည္။ မင္းကိုက အပုန္းေကာင္းေနတာဟု စိတ္ထဲကေနႀကိတ္ၿပီး မက်ိန္ဆဲပဲမေနႏိုင္ခဲ့။ ဖုန္းနံပါတ္ေတြေျပာင္း၊ Wechat Accေတြပါ ေျပာင္းလိုက္သည့္အျပင္ အရင္အတူတူေနခဲ့သည့္အိမ္ကိုလည္း ျပန္မလာေတာ့တာေၾကာင့္ သူ႕မွာဘယ္ကစလိုက္လို႔ လိုက္ရမွန္းမသိျဖစ္ခဲ့သည္။

မူလပိုင္႐ွင္ယန္းခ်င္းခ်ီနဲ႔ လီ႐ွင္းရန္တို႔က အခ်ိန္တစ္ခုေလာက္ၾကာတဲ့အထိ အတူတူေနခဲ့ၾကေသာ္ျငား ယန္းခ်င္းခ်ီက အႏုပညာ႐ွင္တစ္ေယာက္ျဖစ္တာေၾကာင့္ မိသားစုေတြေရာ၊သူငယ္ခ်င္းေတြကိုပါ သူနဲ႔တြဲေနခဲ့ေၾကာင္း တစ္ခါမွဖြင့္မေျပာခဲ့ဖူးပါ။ မိဘေတြနဲ႔လည္းမိတ္မဆက္ေပးသည့္အျပင္ သူငယ္ခ်င္းေတြနဲ႔ေတြ႕ရင္လည္း ေခၚမသြားဖူးတာေၾကာင့္ သူ ယန္းခ်င္းခ်ီ၏ မိဘမွအစ၊ မန္ေနဂ်ာအဆုံး ဘယ္သူ႕နဲ႔မွမေတြ႕ဖူးခဲ့ေပ။

ယန္းခ်င္းခ်ီနဲ႔သူနဲ႔စတြဲေတာ့ တဖက္လူက ကုမၸဏီေသးေသးေလးမွာစာခ်ဳပ္ခ်ဳပ္ထားၿပီး တက္သစ္စအႏုပညာ႐ွင္တစ္ေယာက္သာ႐ွိေသးသည္။ တေန႔တေန႔ ကုမၸဏီက သူ႕ကို မတရားသျဖင့္ဆက္ဆံေၾကာင္းႏွင့္ လုပ္ေဖာ္ကိုင္ဖက္ေတြကိုလည္း အ႐ူးေတြလို႔ေခၚၿပီး အတင္းခ်ေနတတ္တာေၾကာင့္ တျဖည္းျဖည္းစိတ္ပ်က္လာကာ ယန္းခ်င္းခ်ီရဲ႕အလုပ္အကိုင္နဲ႔ပက္သက္လာလွ်င္ ဂ႐ုမစိုက္မိသည္ကမ်ားသည္။ သူ႕အတြက္ကေတာ့ ယန္းခ်င္းခ်ီက မိုးခိုစရာေနရာတစ္ခုသာျဖစ္ၿပီး တဖက္လူကသူ႕ကိုမ်က္ကန္းတစ္ေယာက္လို ခ်စ္ေနတယ္ဆိုတာကိုသိတာေၾကာင့္ သူႏွပ္ခ်လို႔ရသည့္ေၾကာင္႐ုပ္ေလးတစ္႐ုပ္ထက္မပိုခဲ့ေပ။ သူ႕ဘက္ကအဲ့ေလာက္ႀကီးခံစားခ်က္မ႐ွိခဲ့ေသာ္ျငား ယန္းခ်င္းခ်ီကလိမၼာေနသေ႐ြ႕ သူကလည္းျပန္ၿပီးေကာင္းေကာင္းမြန္မြန္ဆက္ဆံေပးႏိုင္သည္။ အခ်ိန္တစ္ခုေလာက္ၾကာတဲ့အထိ ယန္းခ်င္းခ်ီကိုမွီခိုၿပီး သက္ေတာင့္သက္သာေနခ်င္ခဲ့သည္။

ယန္းခ်င္းခ်ီကအကုန္လုံးေကာင္းေနေသာ္ျငား သူ႕ကိုစိတ္မေက်နပ္ေစသည့္အခ်က္တစ္ခ်က္ေတာ့႐ွိသည္။ ထိုအရာကေတာ့ သူ႕ကိုကားေမာင္းခြင့္မေပးျခင္းေပ။ သူဘယ္ေလာက္ပဲေတာင္းဆိုေတာင္းဆို ယန္းခ်င္းခ်ီကေခါင္းတခါခါျငင္းေနတတ္ကာ တစ္ခါတေလ မခံခ်င္စိတ္ျဖစ္ၿပီးသူနဲ႔လုပ္လာေအာင္ ခနဲ႔သလိုလို႐ြဲ႕သလိုလိုစကားေတြျဖင့္ ဆြေပးတတ္သည္။

''မလုပ္ခ်င္ဘူးပဲျငင္းေနရေအာင္ ဘာလဲ မမာႏိုင္ဘူးလား ပန္းေသေနလို႔လား ''

ထိုအခ်ိန္က် ယန္းခ်င္းခ်ီက မ်က္ရည္ဝဲတဲတဲျဖင့္ မတရားအစြပ္စြဲခံေနရသလိုမ်ိဳးေလး သူ႕ကို ျပန္ေမာ့ၾကည့္ကာ ေျပာလိမ့္မည္။

''မင္းဘာမဟုတ္တာေတြေလွ်ာက္ေျပာေနတာလဲ ''

ယန္းခ်င္းခ်ီ ဘာလို႔သူနဲ႔အတူတူကားမေမာင္းခ်င္မွန္း လီ႐ွင္းရန္တကယ္ကိုနားမလည္ႏိုင်ပါ။ သူ႕အတြက္ကေတာ့ မ်က္စိေ႐ွ႕မွာ အလွပေဂးေလး႐ွိေနေပမဲ့ ျမင္သာျမင္မၾကင္ရသည့္အေျခအေနႀကီးက ေတာ္ေတာ္ေလး ခံရခက္လွသည္။ ထိုအခ်က္ကိုမေက်နပ္တာေၾကာင့္ သူ႕ရဲ႕လိုအင္ဆႏၵေတြကိုျဖည့္ဆည္းဖို႔အတြက္ ယန္းခ်င္းခ်ီေနာက္ကြယ္မွာ ဇယားေလးေတြ႐ွာရင္း စတင္ေဖာက္ျပန္ခဲ့သည္။

ထိုအခ်ိန္မွာပဲ လီ႐ွင္းရန္ ဇယားေလးတစ္ေယာက္နဲ႔ အိပ္ယာထဲခ်စ္ၾကည္ႏူးတစ္တီတူးေနတဲ့အခ်ိန္ စာအုပ္ထဲကိုကူးေျပာင္းလာသည့္ ယန္းခ်င္းခ်ီဆီကေန လက္ပူးလက္ၾကပ္မိသြားခဲ့ကာ ေခြးေခါင္း၊ဝက္ေခါင္း႐ုပ္ေပါက္တဲ့အထိ ေဆာ္ပေလာ္အတီးခံလိုက္ရၿပီး အိမ္ေပၚကေနႏွင္ခ်ခံလိုက္ရေလသည္။

လီ႐ွင္းရန္ကလည္း ယန္းခ်င္းခ်ီရဲ႕မိဘေဆြမ်ိဳးအသိုင္းအဝိုင္း ဘာဆိုဘာမွကိုမသိတာေၾကာင့္ အသနားခံၿပီးအိမ္ေပၚျပန္တက္လာခ်င္ရင္ေတာင္ ဆက္သြယ္မရျဖစ္ေနသည္။ သူ မသိခဲ့တာကေတာ့ ယန္းခ်င္းခ်ီက ဖုန္းနံပါတ္၊ Wechat Accနဲ႔ အိမ္ေသာ့ကိုပါေျပာင္းၿပီးသည့္အျပင္ က်န္းေမာ့ခ်န္နဲ႔တန္းၿပီးလက္ထပ္ပစ္လိုက္ျခင္းပင္။ ထို႔ေၾကာင့္ လီ႐ွင္းရန္အတြက္ ႐ွာဖို႔လမ္းစေပ်ာက္ေနသည္။ သူ ယန္းခ်င္းခ်ီကို လက္ေလွ်ာ့ပစ္လိုက္ဖို႔ စိတ္ကူးလိုက္တဲ့အခ်ိန္ TVကလႊင့္ေနသည့္ 《 လာပါ၊သူငယ္ခ်င္း! တိုက္ခိုက္လိုက္ၾကရေအာင္ 》အစီအစဥ္မွာ ယန္းခ်င္းခ်ီကိုျပန္ေတြ႕လိုက္ရသည္။ ထိုအခါမွ လီ႐ွင္းရန္သိလိုက္ရသည္က ယန္းခ်င္းခ်ီတစ္ေယာက္ နန္ခ်န္ဆိုသည့္အပင္ႀကီးႀကီးကို ကုပ္ဖဲ့တက္ႏိုင္သြားကာ လူႀကိဳက္မ်ားသည့္ Variety Showတစ္ခုထဲ ယာယီအဖြဲ႕ဝင္တစ္ေယာက္အျဖစ္ပါဝင္ႏိုင္ခဲ့ၿပီး အရမ္းေတြနာမည္ရေနၿပီဟုပင္။

သူ သူ႕သူငယ္ခ်င္းနဲ႔ညစာစားေနရင္း စားေသာက္ဆိုင္မွာ 《 လာပါ၊သူငယ္ခ်င္း! တိုက္ခိုက္လိုက္ၾကရေအာင္! 》အပိုင္းသစ္ျပေနတာနဲ႔ ၾကဳံႀကိဳက္သြားခဲ့သည္။ သူ TVေပၚမွာ ယန္းခ်င္းခ်ီကိုျမင္လိုက္ရေတာ့ ေအးစက္စြာႏွာေခါင္း႐ႈံ႕လိုက္သည္။

ထိုအသံကိုၾကားသြားသည့္ သူ႕သူငယ္ခ်င္းကလည္း သူ႕အတိုင္း TVကိုေမာ့ၾကည့္လိုက္ကာ ယန္းခ်င္းခ်ီကိုျမင္ေတာ့

''အႏုပညာ႐ွင္ေတြမ်ား သူတို႔တေန႔ဝင္ေငြက ငါတို႔တစ္ႏွစ္ဝင္ေငြေလာက္႐ွိတယ္လို႔ေျပာၾကတာပဲ အိုက္ယား ငါ့မွာအႏုပညာသူငယ္ခ်င္းတစ္ေယာက္ေလာက္သာ႐ွိရင္ အရမ္းႂကြားလို႔ေကာင္းေနမွာ ၾကည့္မေနနဲ႔ေတာ့ ၾကည့္လည္းကိုယ္နဲ႔တစ္ေယာက္မွသိတာမွမဟုတ္တာ အလကားအခ်ိန္ကုန္တာပဲ႐ွိမယ္ စား စား ''

လီ႐ွင္းရန္တစ္ေယာက္မေက်မနပ္ျဖစ္သြားကာ

''ဘယ္သူကမသိဘူးေျပာလို႔လဲ အဲ့ယန္းခ်င္းခ်ီကငါ့ရည္းစားေဟာင္း! ''

သူ႕သူငယ္ခ်င္းကလည္း ထိုစကားကိုၾကားေတာ့ တဟားဟားေအာ္ရယ္လိုက္ရင္း

''ဒါဆို က်န္းေမာ့ခ်န္ကငါ့အစ္ကို ''

လီ႐ွင္းရန္ကူကယ္ရာမဲ့သြားကာ သူေ႐ွ႕ကနာလပိန္းတုံးျဖင့္ စကားဆက္ေျပာေနလည္းအပိုပဲဟုသာေတြးလိုက္မိသည္။ သူယန္းခ်င္းခ်ီကိုျပန္ဆက္သြယ္ဖို႔ နည္းလမ္းတစ္ခုခု႐ွာမွျဖစ္မည္။ အရင္ကအိုးပဲ့ဘဝကေန အခုရတနာေ႐ႊအိုးေလးျဖစ္သြားတာေၾကာင့္ ဒီအခြင့္အေရးကိုလက္လႊတ္ခံလိုက္လို႔မျဖစ္ပါ။ ယန္းခ်င္းခ်ီကိုျပန္ဆက္သြယ္ကာ ခြင့္လႊတ္မႈေတာင္းခံၿပီး အတူတူျပန္ေနရမည္။ ဝန္မခံခ်င္ေသာ္ျငား ယန္းခ်င္းခ်ီနဲ႔တြဲေနတုန္းကဆို အဆင္သင့္စား၊အဆင္သင့္အိပ္ျဖင့္ သာသာယာယာေနခဲ့ရကာ ေငြေရးေၾကးေရးအတြက္လည္းစိတ္ပူစရာမလိုခဲ့ေပ။ တကယ္လို႔ ယန္းခ်င္းခ်ီက သူနဲ႔ျပန္မတြဲခ်င္လည္း ကိစၥမ႐ွိပါ။ သူနဲ႔လက္တြဲၿပီး႐ိုက္ထားသည့္ဓာတ္ပုံတစ္ပုံကိုအခုအခ်ိန္ထိမဖ်က္ရေသးတာေၾကာင့္ ပူပူေႏြးေႏြးနာမည္ႀကီးခါစ႐ွိေသးသည့္ လက္႐ွိယန္းခ်င္းခ်ီက ထိုပုံကိုဝယ္ဖို႔ပိုက္ဆံအမ်ားႀကီးသုံးလိမ့္မည္ဟု သူတပ္အပ္သိေနသည္။

လီ႐ွင္းရန္တစ္ေယာက္ စိတ္ကူးကမ႓ာထဲမွာ ပိုက္ဆံဘယ္ေလာက္ေတာင္းရမည္၊ဘာလုပ္ပစ္ရမည္ဟု စိတ္ကူးအယဥ္ေကာင္းေနေသာ္ျငား လတ္တေလာမွာ ယန္းခ်င္းခ်ီကိုဆက္သြယ္စရာနည္းလမ္းလည္းမ႐ွိတာေၾကာင့္ အားလုံးက ေရပူစီေဖာင္းသက္သက္သာ။ သူစိတ္ညစ္ေနစဥ္ သူ႕ဆီစာတစ္ေစာင္ဝင္လာသည္။

စာပါအေၾကာင္းအရာမွာ ႐ိုး႐ိုး႐ွင္း႐ွင္းပင္။

[ ယန္းခ်င္းခ်ီကိုႀကိဳက္ေနေသးလား သူ႕နဲ႔ျပန္တြဲခ်င္လား ဒီဖုန္းကိုေခၚလိုက္ ]

လီ႐ွင္းရန္ နည္းနည္းေလးအံ့ၾသသြားသည္။ ဒါကဘာလဲ! သံဖိနပ္စီးၿပီး႐ွာရမယ္လို႔ထင္လိုက္ေပမဲ့ မ်က္စိေ႐ွ႕အသင့္ေရာက္လာတာမ်ိဳးလား!?* ထိုစာက ထူးဆန္းသည္ဟုထင္လိုက္ေသာ္ျငား ေရငတ္ေနတုန္း ေရတြင္းထဲက်သြားသလိုမ်ိဳး ဖုန္းေခၚခ်င္သည့္စိတ္ကိုေတာင့္မခံႏိုင္ခဲ့ေပ။ သူဖုန္းကိုကိုင္ကာ ပို႔ထားသည့္နံပါတ္ကိုေခၚၾကည့္လိုက္သည္။ ဘယ္သူမွဖုန္းမကိုင္ပါ။ လီ႐ွင္းရန္ဆက္ေခၚေနလိုက္ေသာ္ျငား တဖက္ကဖုန္းခ်ပစ္ျပန္သည္။

(T/N: ခက္ခက္ခဲခဲ႐ွာရမယ္လို႔ထင္လိုက္ေပမဲ့ လြယ္လင့္တကူရလိုက္တဲ့အေျခအေနမ်ိဳးမွာသုံးပါတယ္)

သူရဲ႕ခ်ီတုံခ်တုံေတြေဝမႈေတြက ပိုပိုၿပီးေသခ်ာလာကာ ၅ႀကိမ္ေျမာက္ဖုန္းေခၚအၿပီးမွာေတာ့ ရင္းႏွီးေနသည့္ အသံေလးကိုၾကားလိုက္ရေလသည္။

''ေဝ ''

လီ႐ွင္းရန္ခ်က္ခ်င္းျပဳံးေပ်ာ္သြားသည္။ သူသိသားပဲ သူ႕ရဲ႕ေန႔ရက္ေကာင္းေတြျပန္ေရာက္လာေတာ့မယ္ဆိုတာ!

သူဖုန္းကိုကိုင္ကာ ဆက္ေခ်ာ့ေနသည္။

''ခ်င္းခ်ီ ကိုယ္အသိတရားရသြားပါၿပီ ေနာက္ဘယ္ေတာ့မွမ႐ႈပ္ေတာ့ပါဘူး ကိုယ့္ကိုတစ္ခါေလာက္ထပ္ယုံၾကည္ေပးပါ ''

''အဲ့စကားေတြ မင္းဇယားေလးေတြကို ေျပာဖို႔ခ်န္ထားလိုက္ ငါ့မွာလုပ္စရာေတြ႐ွိေသးတယ္ မင္းနဲ႔ေစာက္ပိုေတြမေျပာခ်င္ဘူး ''

''ေနဦး ေနဦး '' လီ႐ွင္းရန္ အေလာတႀကီးတားလာျပန္သည္။ '' ခ်င္းခ်ီ မင္း ကိုယ့္ကိုခြင့္မလႊတ္ဖို႔ တကယ္ႀကီးဆုံးျဖတ္ထားတယ္ေပါ့ ကိုယ္နဲ႔တကယ္ျပန္မတြဲေတာ့ဘူးေပါ့? ''

''ငါက အ,အလား ခ်ီးတြင္းထဲႏွစ္ခါခုန္ခ်ရေအာင္ မင္းကိုယ္မင္းသိပ္အထင္ႀကီးလြန္းေနတာပဲ ''

လီ႐ွင္းရန္ႏွာမႈတ္လိုက္သည္။

''ဟက္! ဒီလိုဆိုလည္း ငါ့ကိုအသည္းႏွလုံးမ႐ွိဘူးလို႔ အျပစ္မတင္နဲ႔ေတာ့ ငါ့လက္ထဲမွာ ဘာပုံေတြ႐ွိတယ္လို႔ထင္လဲ မင္းေျပာၾကည့္ ငါ့တို႔ႏွစ္ေယာက္အရင္ကေရာေထြးယွက္တင္ေနထားတဲ့ပုံေတြကို အြန္လိုင္းေပၚတင္ၿပီး ခ်စ္သူေတြပါလို႔ေျပာလိုက္ရင္ မင္းကုမၸဏီကမင္းကိုဘယ္လိုထင္သြားမလဲ မင္းကိုကာကြယ္ေပးမယ္လို႔ထင္လား မင္းFanေတြကေရာမင္းကိုဆက္ႀကိဳက္ပါဦးမလား ''

''ၾကည့္ရတာေတာ့ ဒီကိစၥကိုအရင္ေျဖ႐ွင္းရမဲ့ပုံပဲ '' ယန္းခ်င္းခ်ီေရ႐ြတ္လိုက္သည္။

သူ မူရင္းဝတၳဳကိုျပန္ေတြးၾကည့္လိုက္ေတာ့ စာအုပ္ထဲမွာ မူလပိုင္႐ွင္က လီ႐ွင္းရန္ကိုအရမ္းႀကိဳက္ေသာ္ျငား မိဘေတြ၊သူငယ္ခ်င္းေတြကို သူတို႔ဆက္ဆံေရးအေၾကာင္း တစ္ခါမွဖြင့္ဟဝန္မခံခဲ့ဖူးေပ။ အၿမဲတမ္းသတိေလးထားၿပီး တိတ္တိတ္ေလးခိုးတြဲေနခဲ့တာပင္။ ထို႔အျပင္ မူလပိုင္႐ွင္လိုခ်င္သည့္အခ်စ္မွာ ျဖဴစင္႐ိုးသားသည့္ ပါပီအခ်စ္မ်ိဳးျဖစ္သည္။ ဘယ္ေလာက္ျဖဴစင္လိုက္သလဲဆို လိုအင္ဆႏၵေတြ၊တဏွာေတြမပါသည့္ ႐ိုး႐ိုးသားသားလက္ကိုင္၊နမ္းဖက္သည့္အဆင့္ထက္မပိုေသာ တစ္ေယာက္ကိုတစ္ေယာက္မွီခိုရင္းေပ်ာ္႐ႊင္ေနရသည့္အခ်စ္မ်ိဳးျဖစ္သည္။ ထို႔အျပင္ လက္မထပ္ရေသးပဲ လိင္မႈမဆက္ဆံရဘူးဆိုသည့္ ယန္းမိသားစုစည္းကမ္းကလည္း႐ွိေနတာေၾကာင့္ မူလပိုင္႐ွင္က လီ႐ွင္းရန္နဲ႔လြန္လြန္က်ဴးက်ဴးဓာတ္ပုံေတြ႐ွိေနေလာက္မည္မဟုတ္ပါ။

ထပ္ၿပီးေတြးစရာ႐ွိသည္မွာ မူလပိုင္႐ွင္က သူ႕ရဲ႕အႏုပညာအလုပ္ေတြေၾကာင့္ အၿမဲတမ္းမအားမလပ္ျဖစ္ေနတဲ့အျပင္ တခါတေလခရီးေတြလည္းထြက္ရသျဖင့္ လီ႐ွင္းရန္ကို သိပ္အခ်ိန္မေပးႏိုင္ပါ။ ထိုကိစၥကို လီ႐ွင္းရန္ကလည္းဂ႐ုမစိုက္ခဲ့ေပ။ အိပ္ခန္းထဲကႏွစ္ေယာက္တြဲဓာတ္ပုံကိုေတာင္ မူလပိုင္႐ွင္ဘက္ကေန လိုလိုလားလားေတာင္းဆိုခဲ့လို႔ သာမန္စုံတြဲေတြလိုမ်ိဳး အမွတ္တရဓာတ္ပုံတစ္ပုံ႐ွိေနခဲ့တာျဖစ္သည္။ ထို႔ေၾကာင့္ လီ႐ွင္းရန္လက္ထဲ အေဖာ္အခြၽတ္ဓာတ္ပုံမ်ိဳးေတြ႐ွိေနလိမ့္မည္ဟု ယန္းခ်င္းခ်ီတစ္စက္ကေလးေတာင္ ယုံမေနေပ။

ဒါေပမဲ့ အဲ့ဒါက အဓိကအခ်က္မဟုတ္ဘူး။ အဓိကအခ်က္က လီ႐ွင္းရန္လက္ထဲ မူလပိုင္႐ွင္ရဲ႕ဘယ္လိုဓာတ္ပုံမ်ိဳးပဲ႐ွိ႐ွိ သူ႕လက္ထဲ႐ွိေနတဲ့ Videoကေတာ့ လီ႐ွင္းရန္ကိုလုံးဝအံ့အားသင့္သြားေစမယ္ဆိုတာပဲ။

ယန္းခ်င္းခ်ီ အျပဳံးခပ္ႀကီးႀကီးျဖင့္

''လီ႐ွင္းရန္ ငါ့ Wechatကို Addလိုက္ ငါ မင္းကိုျပစရာ႐ွိတယ္ ''

''ဘာလဲ ''

''ဒီဖုန္းနံပါတ္နဲ႔ပဲဖြင့္ထားတာ ငါ့ကို Addလိုက္ ငါေစာင့္ေနမယ္ ''

ယန္းခ်င္းခ်ီထိုသို႔ေျပာကာ ဖုန္းခ်ပစ္လိုက္သည္။ သူကူကယ္ရာမဲ့စြာ သက္ျပင္းမခ်ပဲမေနႏိုင္ခဲ့။ ထိုအခ်ိန္က ဝါသနာအရသြင္းခဲ့သည့္ Videoက သူ႕ဖုန္းထဲမွာတစ္သက္လုံး႐ွိေနၿပီး ေနမျမင္ရေတာ့ဘူးဟုထင္လိုက္ေသာ္ျငား မေမွ်ာ္လင့္ထားခဲ့သည္က ဆန္ကုန္ေျမေလး လီ႐ွင္းရန္ကိုယ္တိုင္လာေရာက္တူးေဖာ္မည္ဟုပင္။

ခ်စ္စိတ္ျပင္းျပစြာခုတ္ေမာင္းေနၾကသည့္ Videoကိုၾကည့္ရင္း ယန္းခ်င္းခ်ီကိုယ့္ကိုကိုယ္မခ်ီးက်ဴးပဲမေနႏိုင္ခဲ့။ ဘယ္ေထာင့္ကပဲၾကည့္ၾကည့္ Screenshotပဲ႐ိုက္႐ိုက္ မသိရင္ အထင္ကရ ကင္မရာမန္း႐ိုက္ထားတဲ့အတိုင္းပဲ။ က်စ္ Videoက ငါ့လက္ထြက္လို႔ကိုမေျပာရဘူး။

ယန္းခ်င္းခ်ီ Wechatထဲ ဝင္လိုက္ေတာ့ Fri Request တစ္ခုပို႔ထားတာကိုေတြ႕သျဖင့္ လီ႐ွင္းရန္မွန္းသိေနတာေၾကာင့္ ခ်က္ခ်င္းလက္ခံလိုက္သည္။

သူ Wechatကေန လီ႐ွင္းရန္ကို ဖုန္းေခၚလိုက္ကာ

''မင္းရဲ႕အဲ့ဒီေရာေထြးယွက္တင္ေနေနတဲ့ ဓာတ္ပုံဆိုတာတဲ့ဟာႀကီးကို ျပၾကည့္စမ္းပါဦး ငါၾကည့္ခ်င္လို႔ ''

''လာေနာက္ေနတာလား! '' လီ႐ွင္းရန္ ေဒါသတႀကီးေအာ္ေျပာလာသည္။

''က်ိန္းေသေပါက္မဟုတ္ဘူးေပါ့ ဒါေပမဲ့ငါၾကည့္ရမွျဖစ္မယ္ မင္းလက္ထဲမွာ႐ွိေနတဲ့ဓာတ္ပုံက ငါ့လက္ထဲမွာ႐ွိေနတဲ့အရာကိုျပန္ျပရေလာက္တဲ့အထိ လုံမွလုံေလာက္ရဲ႕လားလို႔ ငါေသခ်ာသိမွျဖစ္မယ္ ''

လီ႐ွင္းရန္ ေအးစက္စြာႏွာေခါင္း႐ႈံ႕လိုက္သည္။

ယန္းခ်င္းခ်ီကလည္းဆက္ၿပီး နားခ်သိမ္းသြင္းေနျပန္သည္။

''မင္းဘာေတြပူပန္ေနတာလဲ ငါ့ကိုပို႔လိုက္စမ္းပါ မင္းလက္ထဲမွာမူရင္း႐ွိေနတာပဲဟာ ေဖာ္ခ်င္သပါ့ဆိုေဖာ္လို႔ရေသးတယ္ ေျပာလို႔မရဘူးေလ မင္းပို႔တဲ့ဓာတ္ပုံေတြကိုၾကည့္ၿပီး ငါလည္း လန္႔ရင္လန္႔သြားႏိုင္တာပဲ အဲ့က် ပိုက္ဆံရမဲ့လူကမင္းေလ ငါ့ကိုဖုန္းေခၚတာ ေငြညႇစ္ခ်င္လို႔မဟုတ္ဘူးလား ဓားစာခံက ျပန္ေပးဆြဲသမားလက္ထဲ႐ွိမ႐ွိ ေသခ်ာေအာင္ေတာ့ စကားတစ္လုံး၊ႏွစ္လုံးေလာက္ ေျပာခိုင္းရဦးမွာေပါ့ ငါ့ကိုဘာမွမျပပဲ ပိုက္ဆံလိုခ်င္တယ္? ဘာလဲ မင္းကလက္ဗလာနဲ႔ဝံပုေလြျဖဴဖမ္းခ်င္ေနတာလား* ''

(T/N: ႀကိဳးစားအားထုတ္မႈမ႐ွိပဲ အေခ်ာင္သက္သက္လိုခ်င္လို႔ လိမ္လည္လွည့္ျဖားတာ)

လီ႐ွင္းရန္ ခဏေလာက္စဥ္းစားေနလိုက္ကာ ယန္းခ်င္းခ်ီစကားကအဓိပၸါယ္႐ွိသည္ဟုေတြးမိသြားသည္။ သူ ဓာတ္ပုံ Album ထဲဝင္ၿပီး Wechat Momentကေန ျပန္ Saveထားသည့္ သူနဲ႔ယန္းခ်င္းခ်ီလက္ကိုင္႐ိုက္ထားေသာ ဓာတ္ပုံကို႐ွာလိုက္ကာ ယန္းခ်င္းခ်ီဆီပို႔လိုက္သည္။

ယန္းခ်င္းခ်ီဓာတ္ပုံကိုၾကည့္လိုက္ေတာ့ မူလပိုင္႐ွင္နဲ႔လီ႐ွင္းရန္က ဆိုဖာေပၚေဘးခ်င္းကပ္ထိုင္ေနၿပီး မူလပိုင္႐ွင္ကလီ႐ွင္းရန္ပုခုံးေပၚေခါင္းေလးတင္ထားကာ လီ႐ွင္းရန္လက္ငါးေခ်ာင္းထဲ သူ႕လက္ငါးေခ်ာင္းထည့္ၿပီး ေပ်ာ္႐ႊင္စြာလႈပ္ခါရင္း ပီတိျဖာေဝစြာျပဳံးေနသည့္ပုံျဖစ္သည္။ သူၾကည့္ေနရင္း မူလပိုင္႐ွင္က ေတာ္ေတာ္ေလးကိုတုံးအၿပီး ေခြးတစ္ေကာင္ကိုႏွလုံးသားသြားအပ္ေနသည္ဟု မေတြးမိပဲမေနႏိုင္ခဲ့။ ဘယ္လိုပဲျဖစ္ျဖစ္ သူမွန္းထားတဲ့အတိုင္းပဲ။ လီ႐ွင္းရန္လက္ထဲမွာ ဘာလြန္လြန္က်ဴးက်ဴးပုံေတြမွ႐ွိမေနဘူး။

ဒီလိုေယာင္ဝါးဝါးပုံနဲ႔မ်ား သူ႕ကိုေငြလာညႇစ္ခ်င္ေနေသးတယ္။

''ဒီပုံေလးေလာက္နဲ႔? ''

''လက္ကိုင္႐ုံေလာက္ဆိုၿပီး အထင္မေသးနဲ႔ မင္းကအခုနာမည္ႀကီးေနၿပီ အဲ့ပုံနဲ႔ ငါတို႔အခ်စ္ခရီးလမ္းကိုပုံျပင္တစ္ပုဒ္လိုေရးတင္ပစ္လိုက္ရင္ မင္းအတြက္ဘာမွေကာင္းက်ိဳး႐ွိလာမွာမဟုတ္ဘူး ''

''အဲ့စကားက အဓိပၸါယ္ေတာ့႐ွိသား ''

ဘယ္လိုပဲျဖစ္ျဖစ္ အခုတေလာက်န္းေမာ့ခ်န္က အရမ္းကိုကဲကဲကဲသဲသဲေတြျဖစ္ေနတာေၾကာင့္ ထိုပုံကိုေတြ႕သြားတာနဲ႔ သူ႕ကိုဒရမ္မာေတြထပ္ခ်ိဳးျပလာဦးမည္။ သူ ထိုသို႔စဥ္းစားမိလိုက္ေတာ့ ေခါင္းကိုက္သြားကာ

''အဲ့လိုဆိုေတာ့လည္း ငါ့လက္ထဲမွာ႐ွိေနတာကိုျပရေသးတာေပါ့ စိတ္ကိုအဆင္သင့္ျပင္ဆင္ထားေနာ္ ငါ့လက္ထဲမွာ႐ွိတဲ့ဟာက မင္းလက္ထဲကပုံထက္ အဆတစ္ရာေလာက္ပိုျပင္းတယ္ ''

လီ႐ွင္းရန္သိခ်င္စိတ္ျဖစ္သြားသည္။

''မင္းလက္ထဲ ဘာႀကီးကေစာက္က်ိဳးနည္း႐ွိေနလို႔လဲ ''

ယန္းခ်င္းခ်ီ ခုနက Videoျပန္ၾကည့္လိုက္တဲ့အခ်ိန္ ႐ိုက္ထားသည့္ Screenshot အခ်ိဳ႕ကို လီ႐ွင္းရန္ဆီပို႔ေပးလိုက္သည္။

လီ႐ွင္းရန္အမူအရာကခ်က္ခ်င္းေျပာင္းလဲသြားကာ ေဒါသတႀကီး ေအာ္ဟစ္လာေလသည္။

''မင္းမွာဘယ္လိုလုပ္ဒါေတြ႐ွိေနတာလဲ! ''

ယန္းခ်င္းခ်ီကလည္း Resolution ျပည့္ဝသည့္ သူ႕လက္ထြက္ဓာတ္ပုံေတြကိုၾကည့္လိုက္ကာ သူတို႔တိုင္းျပည္က အဝါဓာတ္ပုံေတြကို တရားဝင္ျဖန္႔ခ်ီခြင့္မေပးသျဖင့္ Accပိတ္ခံရမွာစိုးတာေၾကာင့္ အျမန္ျပန္ဖ်က္လိုက္ေလသည္။

(T/N: အဝါ=Porn)

လီ႐ွင္းရန္ကလည္း ႐ုတ္တရက္ႀကီးေပ်ာက္သြားသည့္ ဓာတ္ပုံေတြကိုၾကည့္ရင္း ေၾကာင္အသြားကာ

''မင္းဘာလို႔ဖ်က္လိုက္တာလဲ? ''

''မဖ်က္ရင္? သူမ်ားကိုယ္ေပၚ ကားေမာင္းေနတဲ့ မင္းရဲ႕ဟီး႐ိုးဆန္မႈႀကီးကို တစိမ့္စိမ့္ထိုင္ၾကည့္ေနခ်င္ေသးတာလား မလုပ္စမ္းပါနဲ႔ အခုတေလာ အင္တာနက္ေပၚမွာ အစစ္အေဆးဒီေလာက္ၾကမ္းေနတာ အဝါပုံပို႔လို႔မိသြားရင္ ယြမ္၆သိန္းဒဏ္ေငြေဆာင္ရတယ္ဆိုလား မင္းရဲ႕ဂႏၲဝင္ေျမာက္ပုံႀကီးကိုလိုက္ျဖန္႔ေနပါတယ္ဆိုၿပီး ဒဏ္ေငြေဆာင္ေနရမွ ငါ့မွာ မ်က္ရည္ေတြပိုးပိုးေပါက္ေပါက္က်ေနရဦးမယ္ အဲ့ေတာ့ ဒီႏွစ္ကူးကိုေကာင္းေကာင္းမြန္မြန္ျဖတ္သန္းႏိုင္ဖို႔ ငါ့ဘာသာငါပဲသိမ္းထားလိုက္ေတာ့မယ္ ''

''ယန္းခ်င္းခ်ီ!!! '' လီ႐ွင္းရန္ေပါက္ကြဲထြက္လာေတာ့သည္။

____________________________________

ဆန္ကုန္ေျမေလးက လူမွားၿပီးေငြညႇစ္တာ၊ တကယ္ေတာ့ေမာ့ခ်န္ဆီသြားရမွာ ဟိုကအျပဴးအၿပဲနဲ႔ဝယ္လိုက္မဲ့ျဖစ္ခ်င္း 🤣

Continue Reading

You'll Also Like

82.6K 9.2K 98
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
587K 38.2K 37
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}
325K 24.3K 88
ဆက္ကဘုံလျှန် (Sakka Bxon Hlxan) နေးလက်ျာ (Nayy Lattyar) (own creation) Starting Date ••• 24/9/2021 Ending Date •••