Unicode
ညကိုးနာရီ။
သူ နိုးလာတော့ ဆေးရုံခန်းထဲ ထပ်ရောက်နေပြန်ပြီ။
မောင်က သူ့ဘေးတွင် ရှိနေသည်။
နှိုးဖို့ ကြံရွယ်ပြီးကာမှ လက်ကို ပြန်ရုတ်လိုက်သည်။
ပြီးနောက် ထထိုင်လိုက်သည်။
နေ့လည်က မြင်ကွင်းက မျက်လုံးထဲ ပြန်ရောက်လာပြီးနောက်မှာ ဖြစ်နိုင်ချေ ရှိတာရော မရှိတာတွေရော အကုန် တွေးမိကုန်သည်။
သူ့စိတ်အခြေအနေတွေ ပုံမှန် မဟုတ်တော့ဘူး။
အရင်လို သူ ခေါင်းချလိုက်တာနဲ့ အိပ်မပျော်တော့ဘူး။
ဒါဘာလဲ။ သူ့ရောဂါ အခြေအနေက ပိုဆိုးရွားလာတာလား။
အရင်တုန်းက ဆေးပုံမှန်မသောက်တာတွေက ခုမှ စုဖြစ်ကုန်တာလား။ ဘာတွေလဲ...သူ့ဘာသူတောင် ဘာဖြစ်နေမှန်း မသိတော့ဘူး။ ခြေထောက်ကိုကွေးပြီး ဒူးကို လက်ဖြင့် ပိုက်ထားလိုက်သည်။ ခြေတွေလက်တွေက တုန်ယင်နေသည်။ စိတ်ငြိမ်ဖို့အတွက် ဆေးသောက်မှ ဖြစ်မည်။ သို့သော် ဆေးရုံမှာဖြစ်နေသည့်အတွက် ရွေးချယ်စရာက ပြန်အိပ်ဖို့ဘ ရှိသည်။
စိတ်ကို အတတ်နိုင်ဆုံး ငြိမ်အောင် ထားနေရသည်။
ချွေးသီးချွေးပေါက်တွေကလည်း နဖူးပြင်ထက် နေရာယူနေကြသည့်ကြားက ပြန်လှဲလိုက်ပြီး စောင်ကို ခေါင်းမြှီးခြုံလိုက်သည်။ သူ ချမ်းနေပြန်သည်။
အပြင်ဘက်၌ ညအမှောင်က ကြီးစိုးနေသည်။
အချိန်ကိုကြည့်တော့ ဆယ့်တစ်နာရီ။
ခ မနိုးသေးတာလား။
" ခ..."
နားနားကပ်ပြီး တိုးညင်းစွာ ခေါ်ကြည့်လိုက်သည်။
နည်းနည်း လှုပ်လှုပ်ရွရွဖြစ်သွားသည်။
နိုးလာပြီး ပြန်အိပ်သွားတာထင်သည်။
ထို့ကြောင့် ထပ်မနှိုးကြည့်တော့ပါ။
ဒီတစ်ခေါက် project အသစ်သည် ရွေးချယ်ခံရလျှင် ကုမ္ပဏီ အတွက် တက်လမ်း အကြီးကြီးရှိသည်။ ထို့ကြောင့် ခကို ဆေးရုံမှာ တစ်ယောက်တည်း ထားခဲ့ရသည်။ ဖိုးသူကတော့ ဆေးရုံစောင့်ပေးရန်အတွက် ကြီးရွှေထည့်ပေးလိုက်သည့် အစားအသောက်များနှင့်အတူ မနက်က ပြန်ရောက်လာပါသည်။ သူကုမ္ပဏီရောက်သည်အထိ ဖုန်းဆက်ကြည့်တော့ မနိုးသေးပါတဲ့။ နဂိုတည်းက ရောဂါအခံကြောင့် အရမ်း အိပ်သည်မလား။
" ဖိုးသူ "
" အကိုလေးခ နိုးပြီလား "
" မောင်ရော "
" ကုမ္ပဏီသွားတယ် အကိုလေး "
" ဟုတ်...လား... "
ညှိုးငယ်စွာ ရေရွတ်လိုက်သည်။
မောင်က ပုံမှန်ဆို သူနဲ့ နေပေးတာပါ။
" ခုနကတောင် ဖုန်းဆက်သေးတယ် ၊ အကိုလေးခ နိုးပြီလားဆိုပြီး "
" ဪ... "
ဟိုမိန်းကလေးနဲ့ တွေ့တဲ့ကိစ္စ မောင် ငါ့ကို ခုထိ မပြောပြသေးဘူး။ ဖိုးသူနဲ့များ ပြောပြခိုင်းထားမလား။
" ဘာထပ်မှာထားသေးလဲ တစ်ခုခု မပြောခိုင်းထားဘူးလား "
" ဟင့်အင်း အကိုလေးခ၊ ဘာမှ မမှာထားပါဘူး "
" ငါ့ဖုန်းရော ယူလာသေးလား "
" မသိဘူး အကိုလေးခ ၊ မယူလာဘူးထင်တယ် "
" မင်းဖုန်း ခဏ ငှားပါလား "
" ဗျာ ဟုတ် "
ဖိုးသူက သူ့ဖုန်းကို ထိုးပေးလာသည်။
ထို့နောက် password ခံထားသည့်အတွက်
ပြန်ထိုးပေးလိုက်ရသည်။
" မင်းအကိုလေးကို ဖုန်းခေါ်လိုက် "
ချက်ချင်းကိုင်သည်။
" အေး ဘာထူးလို့လဲ ဖိုးသူ "
" မောင် ငါနိုးပြီ "
" နိုးပြီလား ခ ၊ ဘယ်လိုနေသေးလဲ သက်သာလား ၊ မောင် အလုပ်တွေ လက်စသတ်ပြီး မြန်မြန်ပြန်လာခဲ့မယ်နော် "
" မောင်... "
" ခ မောင်လေ အစည်းအဝေးခန်းထဲ ရောက်နေလို့ နောက်မှ ပြန်ခေါ်လိုက်မယ်နော် "
မောင် ဖုန်းချသွားပြီ...။
မောင်က ဖုန်းချသွားတယ်....။
" ရော့ "
" အကိုလေး ဘာစားမလဲ ၊ ဖွားလုပ်ပေးလိုက်တဲ့ ဟင်းတွေရှိတယ် ၊
ဒါမှမဟုတ် ဘာစားချင်တာ ရှိလဲ ၊ ကျွန်တော်သွားဝယ်ပေးမယ် "
" မင်းအကိုလေး ငွေသားပေးထားခဲ့တာလား "
" ဟုတ်အကိုလေး ပိုက်ဆံနည်းနည်းရယ် ၊ ဒါရယ် "
ဖိုးသူက သူ့ အင်္ကျီအိတ်ကပ်ထဲကနေ ကတ်တစ်ကတ်ကို ထုတ်ပြီး လာပေးသည်။
မောင် အရံဆောင်ထားသည့် credit card ။
ပိုက်ဆံ နည်းနည်းပါးပါးတော့ ရှိမှာပေါ့။
" ဖိုးသူ ကားယူလာတယ်မလား "
" ဟုတ် "
" ရော့ ဆေးရုံစရိတ် သွားရှင်း "
" ဗျာ "
" မင်းအကိုလေးကို နောက်မှပြောလိုက်တော့ သွား "
အမှန်တော့ ပြောစရာမလိုဟု ထင်ပါသည်။
ကတ်ထဲက ငွေသုံးလိုက်ပြီဆိုတာနဲ့ မောင့်ဖုန်းထဲကို စာအလိုလိုဝင်မှာဖြစ်သည်။ ဒီလောက်ပမာဏသုံးလိုက်သည်ဆိုရင်တော့ မောင်ရိပ်မိမည်ထင်သည်။
အိမ်ရောက်ပြီး တအောင့်နေတော့ မောင်က သူ့ဖုန်းကို ဆက်သည်။
' အိမ်မှာ နားနားနေနေ နေပြီး သူ့ကိုစောင့်နေပါ 'တဲ့။
ဆေးရုံဆင်းလိုက်သည့်အတွက်တော့ နည်းနည်းပါးပါး အပြစ်ပြောချင်သလိုရှိသည်။
" ဖိုးသူ ငါ့အမေ အိမ်မှာ ရှိနေသေးလား "
" မရှိဘူး အကိုလေး ၊ ကျွန်တော်တို့ ပြန်မရောက်ခင် ထွက်သွားတယ်လို့ ဖွားက ပြောတယ် အကိုလေး "
" ဟုတ်ပြီ ကောင်းပြီ ကောင်းပြီ ၊ မင်းအကိုလေးခကို သေချာကြည့်ထားဦးနော် "
ဖုန်းကိုချလိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။
အိမ်မှာ မရှိတော့သည့်အတွက် တော်သေးသည်။
မဟုတ်ရင် ခအတွက် စိုးရိမ်ရသည်။
ဘယ်သူ့ ဖုန်းတွေ လွတ်သွားသေးလဲဆိုပြီး Message box ထဲ ဝင်ကြည့်လိုက်တော့ စာတစ်စောင် ကိုတွေ့သည်။
ထိုစဉ် ဖုန်းဝင်လာသည်။
" ဟယ်လို "
" မ စောင့်နေတယ်နော် "
" ဆောရီးဗျာ ကျွန်တော် ခုလာခဲ့မယ် "
အချိန်ကို ကြည့်တော့ ဆယ်နာရီခွဲ။
ရုံးအထိုင်ဖုန်းပေါ်ရှိ နံပါတ်တစ်လုံးကို နှိပ်လိုက်သည်။
ထို့နောက် သူ့အတွင်းရေးမှူး၏ အသံကို ကြားရသည်။
" အရေးကြီးတဲ့ ဖိုင်နှစ်ဖိုင်ကလွဲရင် ကျန်တာကို မင်းလုပ်ထားလိုက် ၊ တစ်ခွဲကျ ချိန်းထားတာကိုလည်း မင်းအရင် သွားနှင့်ထားလိုက် ငါနောက်က လိုက်ခဲ့မယ် "
နေ့လည် ဆယ့်နှစ်နာရီ
မောင်သူ့ကို ဖုန်းထပ်ဆက်ပြန်သည်။
နေရတာ အဆင်ပြေမပြေလှမ်းမေးတာဖြစ်သည်။
ပြီးတော့ သူဒီနေ့ အိမ်ပြန်နောက်ကျမလား မသိဘူးတဲ့။
တောင် တောင် တောင်တောင်တောင် ( မက်ဆေ့ခ်ျဝင်သံ )
နုံပါတ်စိမ်းတစ်ခု။
သူ ဝင်ကြည့်လိုက်တော့ ပုံငါးပုံဖြစ်နေသည်။
ပုံထဲမှာ မောင်ပါသည်။ ဟိုမိန်းကလေးလည်း ပါသည်။
ပထမနှစ်ပုံက စားသောက်ဆိုင်မှာ စကားပြောနေကြသည်။
ကျန်တဲ့ပုံတွေက လက်ဝတ်ရတနာဆိုင်ထဲမှာ ပစ္စည်းရွေးနေကြသည်။ တစ်ပုံက သူ့လက်ကို မောင့်ကို ထောင်ပြနေသည်။ နောက်ဆုံးပုံမှာ သူသွေးပျက်သွားပြီ။
မောင့်လက်ကို လက်စွပ်ဝတ်ပေးနေသည်။
မောင်... မောင်ငါ့ကို လိမ်တယ်။
မောင်တို့က လက်စွပ်တောင် ရွေးနေကြပြီ။
ရင်ဘတ်၏ ဘယ်ဘက်တစ်နေရာက စတင်အောင့်လာပြီးနောက် ဝေ့တက်လာသည့် မျက်ရည်တွေက အမြင်အာရုံကို ဝေဝါးသွားစေသည်။
ငါ မောင့်ကို ယုံကြည်ထားတာလေ။
မောင် ငါ့အပေါ် လုပ်ရက်လိုက်တာ။
" မေ ...မေ ၊ ဖေ...ဖေ "
သူ၏ ခိုကိုးရာ။
အောက်ထပ်သို့ အပြေးတပိုင်း ဆင်းလာလိုက်သည်။
" ဖိုးသူ ! ဖိုးသူ ! "
မျက်ရည်စက်လက်ဖြင့် အော်ခေါ်နေမိသည်။
" လာပြီ လာပြီ အကိုလေးခ "
ပါးစပ်ထဲ၌ တစ်စုံတစ်ခုကို ဝါးရင်း မီးဖိုခန်းထဲကနေ ပြေးထွက်လာသည်။
" အကိုလေးခ ဘာဖြစ်လို့လဲ ၊ ကျွန်..ကျွန်တော် အကိုလေးကို ဖုန်းဆက်လိုက်မယ် "
" မဆက်နဲ့ ! သူ့ကို မဆက်နဲ့ "
ကျယ်လောင်စွာ အော်လိုက်တော့ ကြီးရွှေနှင့် ညီအစ်မနှစ်ယောက်ပါ မီးဖိုခန်းထဲက ထွက်လာကြသည်။
" ဟဲ့ ဖိုးသူ သားခ ဘာဖြစ်တာလဲ "
" သား သားလည်း မသိဘူး ဖွား "
" ကားသော့တွေ ဘယ်မှာထားတာလဲ "
" ဗျာ ကား...ကား ဂိုထောင်ထဲက စတိုခန်းထဲမှာ ၊
ဘာ ဘာလုပ်မလို့လဲ အကိုလေး ၊ ဘယ်သွားမလို့လဲ ကျွန်တော်လိုက်ပို့ပေးမယ် "
" မလိုဘူး ၊ ငါ့ဘာသာ သွားမယ် "
" ဟဲ့ ဟိုနှစ်ကောင် ဘာလုပ်နေတာလဲ ၊ နင်တို့ အကိုလေးကို ဖုန်းသွားဆက်စမ်း "
" ဖွား သားဘာလုပ်ရမလဲ ၊ အကိုလေးခက ကားမှ မမောင်းတတ်တာ ၊ ဒါမှမဟုတ် မောင်းတတ်တာများလား "
" စိတ်တွေ ပူလိုက်တာအေ ဘာတွေ ဖြစ်ဦးမလဲမသိဘူး ၊
သွားသွား လိုက်သွား "
" ဖွား သားသိပြီ ၊ ဖွား အကိုလေးခကို ခဏ သွားတားထားပေး "
မီးဖိုခန်းထဲ ပြေးဝင်သွားလိုက်ပြီး ထမင်းစားပွဲပေါ်ရှိ သူ့ဖုန်းကို
ယူလိုက်ပြီး အသံပိတ်သည်။ ပြီးတော့ အင်တာနက်ဖွင့်ပြီး location ဖွင့်လိုက်သည်။
" ကျွန်တော့်လက််ကို လွှတ်ပေးပါ ၊ ကြီးရွှေကို ထိခိုက်သွားလိမ့်မယ်"
" ဖွား ကျွန်တော်လာပြီ "
သူ့လက်မောင်းကို အတင်းဆွဲဖက်ထားသည့် ကြီးရွှေလက် ပြေလျော့သွားသည်။ ထို့နောက် နံရံမှာချိတ်ထားသည့် ကားသော့ကို ယူပြီး ထွက်လာလိုက်သည်။ သူ့နောက်ကနေ မြေးအဖွားနှစ်ယောက်လည်း ပါလာသည်။ သူကားပေါ်တတ်တော့ ဖိုးသူက အနောက်ခန်းကို ဝင်ထိုင်သည်။
" ဆင်းလိုက် အခုချက်ချင်း "
" ကျွန်တော် လိုက်ခဲ့မယ် အကိုလေးခ "
" ငါမင်းကို ဆင်းလိုက်လို့ ပြောနေတယ်နော် "
ဒီလို ဖြစ်ဖို့ကလည်း ဖိုးသူအကြံအစည်ပါ။
ဆင်းခါနီးလေးမှာ လက်တစ်ဖက်က driver's seat ဘေးက ခုံ၏ နောက်ဘက်ရှိ အိတ်ထဲသို့ သူ့ဖုန်းလေး ထည့်ပေးလိုက်သည်။ သူ၏အကိုလေးခ မမြင်အောင် ထည့်လိုက်နိုင်ပါသည်။
" မြေးလေး ဖွားတို့ ဘယ်လိုလုပ်ကြမလဲ "
" အကိုလေးဆီ ဖုန်းဆက်လို့ရဖို့ဘဲ ကျန်တော့တယ် "
✨ February 21 , 2022 ✨
Zawgyi
ညကိုးနာရီ။
သူ ႏိုးလာေတာ့ ေဆး႐ုံခန္းထဲ ထပ္ေရာက္ေနျပန္ၿပီ။
ေမာင္က သူ႔ေဘးတြင္ ရွိေနသည္။
ႏႈိးဖို႔ ႀကံ႐ြယ္ၿပီးကာမွ လက္ကို ျပန္႐ုတ္လိုက္သည္။
ၿပီးေနာက္ ထထိုင္လိုက္သည္။
ေန႔လည္က ျမင္ကြင္းက မ်က္လုံးထဲ ျပန္ေရာက္လာၿပီးေနာက္မွာ ျဖစ္ႏိုင္ေခ် ရွိတာေရာ မရွိတာေတြေရာ အကုန္ ေတြးမိကုန္သည္။
သူ႔စိတ္အေျခအေနေတြ ပုံမွန္ မဟုတ္ေတာ့ဘူး။
အရင္လို သူ ေခါင္းခ်လိုက္တာနဲ႔ အိပ္မေပ်ာ္ေတာ့ဘူး။
ဒါဘာလဲ။ သူ႔ေရာဂါ အေျခအေနက ပိုဆိုး႐ြားလာတာလား။
အရင္တုန္းက ေဆးပုံမွန္မေသာက္တာေတြက ခုမွ စုျဖစ္ကုန္တာလား။ ဘာေတြလဲ...သူ႔ဘာသူေတာင္ ဘာျဖစ္ေနမွန္း မသိေတာ့ဘူး။ ေျခေထာက္ကိုေကြးၿပီး ဒူးကို လက္ျဖင့္ ပိုက္ထားလိုက္သည္။ ေျခေတြလက္ေတြက တုန္ယင္ေနသည္။ စိတ္ၿငိမ္ဖို႔အတြက္ ေဆးေသာက္မွ ျဖစ္မည္။ သို႔ေသာ္ ေဆး႐ုံမွာျဖစ္ေနသည့္အတြက္ ေ႐ြးခ်ယ္စရာက ျပန္အိပ္ဖို႔ဘ ရွိသည္။
စိတ္ကို အတတ္ႏိုင္ဆုံး ၿငိမ္ေအာင္ ထားေနရသည္။
ေခြၽးသီးေခြၽးေပါက္ေတြကလည္း နဖူးျပင္ထက္ ေနရာယူေနၾကသည့္ၾကားက ျပန္လွဲလိုက္ၿပီး ေစာင္ကို ေခါင္းျမႇီးၿခဳံလိုက္သည္။ သူ ခ်မ္းေနျပန္သည္။
အျပင္ဘက္၌ ညအေမွာင္က ႀကီးစိုးေနသည္။
အခ်ိန္ကိုၾကည့္ေတာ့ ဆယ့္တစ္နာရီ။
ခ မႏိုးေသးတာလား။
" ခ..."
နားနားကပ္ၿပီး တိုးညင္းစြာ ေခၚၾကည့္လိုက္သည္။
နည္းနည္း လႈပ္လႈပ္႐ြ႐ြျဖစ္သြားသည္။
ႏိုးလာၿပီး ျပန္အိပ္သြားတာထင္သည္။
ထို႔ေၾကာင့္ ထပ္မႏႈိးၾကည့္ေတာ့ပါ။
ဒီတစ္ေခါက္ project အသစ္သည္ ေ႐ြးခ်ယ္ခံရလွ်င္ ကုမၸဏီ အတြက္ တက္လမ္း အႀကီးႀကီးရွိသည္။ ထို႔ေၾကာင့္ ခကို ေဆး႐ုံမွာ တစ္ေယာက္တည္း ထားခဲ့ရသည္။ ဖိုးသူကေတာ့ ေဆး႐ုံေစာင့္ေပးရန္အတြက္ ႀကီးေ႐ႊထည့္ေပးလိုက္သည့္ အစားအေသာက္မ်ားႏွင့္အတူ မနက္က ျပန္ေရာက္လာပါသည္။ သူကုမၸဏီေရာက္သည္အထိ ဖုန္းဆက္ၾကည့္ေတာ့ မႏိုးေသးပါတဲ့။ နဂိုတည္းက ေရာဂါအခံေၾကာင့္ အရမ္း အိပ္သည္မလား။
" ဖိုးသူ "
" အကိုေလးခ ႏိုးၿပီလား "
" ေမာင္ေရာ "
" ကုမၸဏီသြားတယ္ အကိုေလး "
" ဟုတ္...လား... "
ညႇိဳးငယ္စြာ ေရ႐ြတ္လိုက္သည္။
ေမာင္က ပုံမွန္ဆို သူနဲ႔ ေနေပးတာပါ။
" ခုနကေတာင္ ဖုန္းဆက္ေသးတယ္ ၊ အကိုေလးခ ႏိုးၿပီလားဆိုၿပီး "
" ဪ... "
ဟိုမိန္းကေလးနဲ႔ ေတြ႕တဲ့ကိစၥ ေမာင္ ငါ့ကို ခုထိ မေျပာျပေသးဘူး။ ဖိုးသူနဲ႔မ်ား ေျပာျပခိုင္းထားမလား။
" ဘာထပ္မွာထားေသးလဲ တစ္ခုခု မေျပာခိုင္းထားဘူးလား "
" ဟင့္အင္း အကိုေလးခ၊ ဘာမွ မမွာထားပါဘူး "
" ငါ့ဖုန္းေရာ ယူလာေသးလား "
" မသိဘူး အကိုေလးခ ၊ မယူလာဘူးထင္တယ္ "
" မင္းဖုန္း ခဏ ငွားပါလား "
" ဗ်ာ ဟုတ္ "
ဖိုးသူက သူ႔ဖုန္းကို ထိုးေပးလာသည္။
ထို႔ေနာက္ password ခံထားသည့္အတြက္
ျပန္ထိုးေပးလိုက္ရသည္။
" မင္းအကိုေလးကို ဖုန္းေခၚလိုက္ "
ခ်က္ခ်င္းကိုင္သည္။
" ေအး ဘာထူးလို႔လဲ ဖိုးသူ "
" ေမာင္ ငါႏိုးၿပီ "
" ႏိုးၿပီလား ခ ၊ ဘယ္လိုေနေသးလဲ သက္သာလား ၊ ေမာင္ အလုပ္ေတြ လက္စသတ္ၿပီး ျမန္ျမန္ျပန္လာခဲ့မယ္ေနာ္ "
" ေမာင္... "
" ခ ေမာင္ေလ အစည္းအေဝးခန္းထဲ ေရာက္ေနလို႔ ေနာက္မွ ျပန္ေခၚလိုက္မယ္ေနာ္ "
ေမာင္ ဖုန္းခ်သြားၿပီ...။
ေမာင္က ဖုန္းခ်သြားတယ္....။
" ေရာ့ "
" အကိုေလး ဘာစားမလဲ ၊ ဖြားလုပ္ေပးလိုက္တဲ့ ဟင္းေတြရွိတယ္ ၊
ဒါမွမဟုတ္ ဘာစားခ်င္တာ ရွိလဲ ၊ ကြၽန္ေတာ္သြားဝယ္ေပးမယ္ "
" မင္းအကိုေလး ေငြသားေပးထားခဲ့တာလား "
" ဟုတ္အကိုေလး ပိုက္ဆံနည္းနည္းရယ္ ၊ ဒါရယ္ "
ဖိုးသူက သူ႔ အက်ႌအိတ္ကပ္ထဲကေန ကတ္တစ္ကတ္ကို ထုတ္ၿပီး လာေပးသည္။
ေမာင္ အရံေဆာင္ထားသည့္ credit card ။
ပိုက္ဆံ နည္းနည္းပါးပါးေတာ့ ရွိမွာေပါ့။
" ဖိုးသူ ကားယူလာတယ္မလား "
" ဟုတ္ "
" ေရာ့ ေဆး႐ုံစရိတ္ သြားရွင္း "
" ဗ်ာ "
" မင္းအကိုေလးကို ေနာက္မွေျပာလိုက္ေတာ့ သြား "
အမွန္ေတာ့ ေျပာစရာမလိုဟု ထင္ပါသည္။
ကတ္ထဲက ေငြသုံးလိုက္ၿပီဆိုတာနဲ႔ ေမာင့္ဖုန္းထဲကို စာအလိုလိုဝင္မွာျဖစ္သည္။ ဒီေလာက္ပမာဏသုံးလိုက္သည္ဆိုရင္ေတာ့ ေမာင္ရိပ္မိမည္ထင္သည္။
အိမ္ေရာက္ၿပီး တေအာင့္ေနေတာ့ ေမာင္က သူ႔ဖုန္းကို ဆက္သည္။
' အိမ္မွာ နားနားေနေန ေနၿပီး သူ႔ကိုေစာင့္ေနပါ 'တဲ့။
ေဆး႐ုံဆင္းလိုက္သည့္အတြက္ေတာ့ နည္းနည္းပါးပါး အျပစ္ေျပာခ်င္သလိုရွိသည္။
" ဖိုးသူ ငါ့အေမ အိမ္မွာ ရွိေနေသးလား "
" မရွိဘူး အကိုေလး ၊ ကြၽန္ေတာ္တို႔ ျပန္မေရာက္ခင္ ထြက္သြားတယ္လို႔ ဖြားက ေျပာတယ္ အကိုေလး "
" ဟုတ္ၿပီ ေကာင္းၿပီ ေကာင္းၿပီ ၊ မင္းအကိုေလးခကို ေသခ်ာၾကည့္ထားဦးေနာ္ "
ဖုန္းကိုခ်လိုက္ၿပီးေနာက္ သက္ျပင္းခ်လိုက္သည္။
အိမ္မွာ မရွိေတာ့သည့္အတြက္ ေတာ္ေသးသည္။
မဟုတ္ရင္ ခအတြက္ စိုးရိမ္ရသည္။
ဘယ္သူ႔ ဖုန္းေတြ လြတ္သြားေသးလဲဆိုၿပီး Message box ထဲ ဝင္ၾကည့္လိုက္ေတာ့ စာတစ္ေစာင္ ကိုေတြ႕သည္။
ထိုစဥ္ ဖုန္းဝင္လာသည္။
" ဟယ္လို "
" မ ေစာင့္ေနတယ္ေနာ္ "
" ေဆာရီးဗ်ာ ကြၽန္ေတာ္ ခုလာခဲ့မယ္ "
အခ်ိန္ကို ၾကည့္ေတာ့ ဆယ္နာရီခြဲ။
႐ုံးအထိုင္ဖုန္းေပၚရွိ နံပါတ္တစ္လုံးကို ႏွိပ္လိုက္သည္။
ထို႔ေနာက္ သူ႔အတြင္းေရးမႉး၏ အသံကို ၾကားရသည္။
" အေရးႀကီးတဲ့ ဖိုင္ႏွစ္ဖိုင္ကလြဲရင္ က်န္တာကို မင္းလုပ္ထားလိုက္ ၊ တစ္ခြဲက် ခ်ိန္းထားတာကိုလည္း မင္းအရင္ သြားႏွင့္ထားလိုက္ ငါေနာက္က လိုက္ခဲ့မယ္ "
ေန႔လည္ ဆယ့္ႏွစ္နာရီ
ေမာင္သူ႔ကို ဖုန္းထပ္ဆက္ျပန္သည္။
ေနရတာ အဆင္ေျပမေျပလွမ္းေမးတာျဖစ္သည္။
ၿပီးေတာ့ သူဒီေန႔ အိမ္ျပန္ေနာက္က်မလား မသိဘူးတဲ့။
ေတာင္ ေတာင္ ေတာင္ေတာင္ေတာင္ ( မက္ေဆ့ခ္်ဝင္သံ )
ႏုံပါတ္စိမ္းတစ္ခု။
သူ ဝင္ၾကည့္လိုက္ေတာ့ ပုံငါးပုံျဖစ္ေနသည္။
ပုံထဲမွာ ေမာင္ပါသည္။ ဟိုမိန္းကေလးလည္း ပါသည္။
ပထမႏွစ္ပုံက စားေသာက္ဆိုင္မွာ စကားေျပာေနၾကသည္။
က်န္တဲ့ပုံေတြက လက္ဝတ္ရတနာဆိုင္ထဲမွာ ပစၥည္းေ႐ြးေနၾကသည္။ တစ္ပုံက သူ႔လက္ကို ေမာင့္ကို ေထာင္ျပေနသည္။ ေနာက္ဆုံးပုံမွာ သူေသြးပ်က္သြားၿပီ။
ေမာင့္လက္ကို လက္စြပ္ဝတ္ေပးေနသည္။
ေမာင္... ေမာင္ငါ့ကို လိမ္တယ္။
ေမာင္တို႔က လက္စြပ္ေတာင္ ေ႐ြးေနၾကၿပီ။
ရင္ဘတ္၏ ဘယ္ဘက္တစ္ေနရာက စတင္ေအာင့္လာၿပီးေနာက္ ေဝ့တက္လာသည့္ မ်က္ရည္ေတြက အျမင္အာ႐ုံကို ေဝဝါးသြားေစသည္။
ငါ ေမာင့္ကို ယုံၾကည္ထားတာေလ။
ေမာင္ ငါ့အေပၚ လုပ္ရက္လိုက္တာ။
" ေမ ...ေမ ၊ ေဖ...ေဖ "
သူ၏ ခိုကိုးရာ။
ေအာက္ထပ္သို႔ အေျပးတပိုင္း ဆင္းလာလိုက္သည္။
" ဖိုးသူ ! ဖိုးသူ ! "
မ်က္ရည္စက္လက္ျဖင့္ ေအာ္ေခၚေနမိသည္။
" လာၿပီ လာၿပီ အကိုေလးခ "
ပါးစပ္ထဲ၌ တစ္စုံတစ္ခုကို ဝါးရင္း မီးဖိုခန္းထဲကေန ေျပးထြက္လာသည္။
" အကိုေလးခ ဘာျဖစ္လို႔လဲ ၊ ကြၽန္..ကြၽန္ေတာ္ အကိုေလးကို ဖုန္းဆက္လိုက္မယ္ "
" မဆက္နဲ႔ ! သူ႔ကို မဆက္နဲ႔ "
က်ယ္ေလာင္စြာ ေအာ္လိုက္ေတာ့ ႀကီးေ႐ႊႏွင့္ ညီအစ္မႏွစ္ေယာက္ပါ မီးဖိုခန္းထဲက ထြက္လာၾကသည္။
" ဟဲ့ ဖိုးသူ သားခ ဘာျဖစ္တာလဲ "
" သား သားလည္း မသိဘူး ဖြား "
" ကားေသာ့ေတြ ဘယ္မွာထားတာလဲ "
" ဗ်ာ ကား...ကား ဂိုေထာင္ထဲက စတိုခန္းထဲမွာ ၊
ဘာ ဘာလုပ္မလို႔လဲ အကိုေလး ၊ ဘယ္သြားမလို႔လဲ ကြၽန္ေတာ္လိုက္ပို႔ေပးမယ္ "
" မလိုဘူး ၊ ငါ့ဘာသာ သြားမယ္ "
" ဟဲ့ ဟိုႏွစ္ေကာင္ ဘာလုပ္ေနတာလဲ ၊ နင္တို႔ အကိုေလးကို ဖုန္းသြားဆက္စမ္း "
" ဖြား သားဘာလုပ္ရမလဲ ၊ အကိုေလးခက ကားမွ မေမာင္းတတ္တာ ၊ ဒါမွမဟုတ္ ေမာင္းတတ္တာမ်ားလား "
" စိတ္ေတြ ပူလိုက္တာေအ ဘာေတြ ျဖစ္ဦးမလဲမသိဘူး ၊
သြားသြား လိုက္သြား "
" ဖြား သားသိၿပီ ၊ ဖြား အကိုေလးခကို ခဏ သြားတားထားေပး "
မီးဖိုခန္းထဲ ေျပးဝင္သြားလိုက္ၿပီး ထမင္းစားပြဲေပၚရွိ သူ႔ဖုန္းကို
ယူလိုက္ၿပီး အသံပိတ္သည္။ ၿပီးေတာ့ အင္တာနက္ဖြင့္ၿပီး location ဖြင့္လိုက္သည္။
" ကြၽန္ေတာ့္လက္္ကို လႊတ္ေပးပါ ၊ ႀကီးေ႐ႊကို ထိခိုက္သြားလိမ့္မယ္"
" ဖြား ကြၽန္ေတာ္လာၿပီ "
သူ႔လက္ေမာင္းကို အတင္းဆြဲဖက္ထားသည့္ ႀကီးေ႐ႊလက္ ေျပေလ်ာ့သြားသည္။ ထို႔ေနာက္ နံရံမွာခ်ိတ္ထားသည့္ ကားေသာ့ကို ယူၿပီး ထြက္လာလိုက္သည္။ သူ႔ေနာက္ကေန ေျမးအဖြားႏွစ္ေယာက္လည္း ပါလာသည္။ သူကားေပၚတတ္ေတာ့ ဖိုးသူက အေနာက္ခန္းကို ဝင္ထိုင္သည္။
" ဆင္းလိုက္ အခုခ်က္ခ်င္း "
" ကြၽန္ေတာ္ လိုက္ခဲ့မယ္ အကိုေလးခ "
" ငါမင္းကို ဆင္းလိုက္လို႔ ေျပာေနတယ္ေနာ္ "
ဒီလို ျဖစ္ဖို႔ကလည္း ဖိုးသူအႀကံအစည္ပါ။
ဆင္းခါနီးေလးမွာ လက္တစ္ဖက္က driver's seat ေဘးက ခုံ၏ ေနာက္ဘက္ရွိ အိတ္ထဲသို႔ သူ႔ဖုန္းေလး ထည့္ေပးလိုက္သည္။ သူ၏အကိုေလးခ မျမင္ေအာင္ ထည့္လိုက္ႏိုင္ပါသည္။
" ေျမးေလး ဖြားတို႔ ဘယ္လိုလုပ္ၾကမလဲ "
" အကိုေလးဆီ ဖုန္းဆက္လို႔ရဖို႔ဘဲ က်န္ေတာ့တယ္ "
✨ February 21 , 2022 ✨