Unicode
" သမီးရှင်ဖြစ်တဲ့ ငါ့ဘက်ကဘဲ ဒီကိစ္စကို ဖျက်သိမ်းပါရစေ ခက်ခက်"
ဒီနေ့ ကိစ္စတစ်ခု ဖြစ်ပျက်သွားသည်။
စေ့စပ်ကြောင်းလမ်းထားမှုအား ဖျက်သိမ်းခြင်း။
သားဖြစ်သူက သူမကို လက်တစ်လုံးခြားလုပ်သွားခြင်း။
သူငယ်ချင်းဖြစ်သူ၏ သမီးနှင့် စေ့စပ်ပေးထားပါသည်။
ဒါကို သိလျက်နှင့် အိမ်ထောင်ပြုပစ်သည်။
သူမ ဘာတွေများ မှားလို့လဲ။
သားဖြစ်သူကို လက်တွဲဖော်ကောင်းတစ်ယောက်နဲ့ သာယာတဲ့ မိသားစုဘဝလေး ရစေချင်ရုံပါ။
ခင်ပွန်းဖြစ်သူသည်လည်း သူမစကားနားမထောင်၍ အသက်ဆုံးရှုံးခဲ့ရသည်။ သင်္ဘောသားမလုပ်ပါနှင့်တော့ဟု အကြိမ်ကြိမ်တောင်းဆိုခဲ့သည့်ကြားက လုပ်တော့ ပင်လယ်ပြင်မှာ မုန်တိုင်းထိပြီး သေသည်လေ။ ခုသားကျတော့လည်း သူမ စကား မအောင်။
အိမ်ပေါ်သို့ ယောက်ျားသားတစ်ယောက်အား ခေါ်တင်ထားသည်။
ထိုသည်မှာလည်း အိမ်သူသက်ထား အရိုက်အရာ နေရာတွင်။
သူမ ဘာလုပ်သင့်လဲ။
အပြင်တွင် ကားသံကြားသည်။
သားဖြစ်သူ အလုပ်မှပြန်လာပြီ။
ကားသံကြားလျှင်ကြားချင်းပဲ တစ်နေကုန် အခန်းအောင်း၊ အပေါ်မှ အောက်သို့ မဆင်းသည့် တစ်ယောက်က မဆိုင်းမတွ ဆင်းချလာပါသည်။
" ပြန်လာပြီလား "
သူမ မေးသည်ကို ဂရုမစိုက်ပါ။
" မောင် အန်တီမေးနေတယ်လေ "
" ပြန်လာပြီ "
ယောက်ျားဖြစ်သူစကားကိုတော့ အသက်ရှိပါသည်။
" ပြောစရာရှိလို့လား "
ရှိသည်။ သို့သော်...။
" မရှိရင် တက်ပြီ "
စေ့စပ်ကြောင်းလမ်းထားသည့်ကိစ္စ မရှိတော့ပြီဖြစ်ကြောင်းကို သူမ ပြောသင့်မပြောသင့် စဉ်းစားနေသည်။
စီစဉ်ထားသည့်အတိုင်း မဖြစ်၍ သူမ ပူလောင်နေသည်။
မပြောဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။
သူမ အသက် လေးဆယ့်ကိုးနှစ်၊ ကလေးဆန်သည်ဘဲပြောပြော အချိန်တန်ရင် သိသွားမည့်ကိစ္စ မဟုတ်ပေဘူးလား။
သူမတစ်ယောက်တည်းတော့ စိတ်ဆင်းရဲမခံနိုင်ပါ။
ဒင်းတို့ကို အချိန်အတိုင်းအတာတစ်ခုထိတော့ ခေါင်းပူထားခိုင်းဦးမည်။
နှစ်ပတ်ခန့်ကြာသော်။
တစ်ပတ်တစ်ခါ ဆေးရုံရက်ချိန်းရှိသည်။
" ခ၊ မောင် နောက်အပတ်ရက်ချိန်းမတိုင်ခင် အမှီပြန်လာခဲ့မယ် ၊မောင်မရှိလည်း ဆေးကို ပုံမှန် သောက်နော် "
မောင် အလုပ်ခရီး ထွက်သွားသည့်အတွက် ဒီနေ့တော့ ဆေးရုံကို တစ်ယောက်တည်း သွားလိုက်ရသည်။
မောင် မရှိသည့် ဒုတိယမြောက်ရက်။
ဆွဲလက်စ ပန်းချီကားတစ်ချပ်ကို လက်စသတ်နေသည်။
ဒီနေ့ကျမှ တောက်လျှောက်လက်တုန်နေပြီး ဆွဲလေ မပြီးလေ။
ကြည့်လိုက်ပြန်တော့လည်း ကြီးကြီးမားမား ပုံမဟုတ်။
အဖြူရောင်ကားချပ်ပေါ်တွင် ပန်းတစ်ပွင့်သာ နေရာယူလို့ထားသည်။
ကော်ဖီသောက်ထား၍ ခံတွင်းတွင် ချဉ်စူးစူးဖြစ်နေသည်။
သူများတွေက မျက်စိကျယ်အောင် သောက်သော်လည်း
သူကတော့ သောက်ပြီး အိပ်ငိုက်နေသည်။
နောက်ဆုံးတော့ အိပ်ဖို့ ရွေးချယ်လိုက်သည့်အတွက်
ပန်းချီကားလေးဟာ အရင်နေ့တွေနဲ့ မထူးမခြားနားပါပဲ။
ဒီနေ့လည်း အဆုံးမသတ်နိုင်ခဲ့ပြန်ပါဘူး။
နောက်တစ်ရက်။
စိတ်ထဲ၌ မွန်းကျပ်နေသည်။
ဒီလိုနဲ့ နောက်ထပ်တစ်ရက်။
အိပ်မက်တစ်ခုကို မက်သည်။
ထပ်ခါထပ်ခါ မက်နေကျ အိပ်မက်များသည် မတူညီသော်လည်း ဆိုးရွားသည့် စိတ်ခံစားချက်ကိုတော့ တစ်ထပ်တည်းဖြစ်စေသည်။
အိပ်မက်မက်တာ သုံးရက်မြောက်သည့်နေ့။
သူ ဒီနေ့ ဘာမျှ လုပ်ချင်စိတ်မရှိ။
သို့သော် ပန်းချီခန်းထဲသို့ ဝင်ခဲ့သည်။
ပြီးတော့မည့် ပန်းချီကားလေးကလည်း စောင့်ကြိုနေသည်။
ခြောက်နေသည့် ဆေးရောင်တို့အား ပြန်စိုစေပြီး
စုတ်ချက်တို့အား အသက်ဝင်နေစေသည်။
ဤပန်းချီကားအတွက် ဆေးရောင် လေးရောင်သာ အသုံးပြုရန် လိုအပ်သည်။ သို့သော် ဆေးခွက်ပြားပေါ်တွင် အရောင် ခြောက်ရောင်ရှိနေသည်။ အဖြူရောင်သည် နောက်ခံအတွက်။
ပန်းခရမ်းရောင်နှင့် အဝါရောင်ကို ရောစပ်ခြင်းသည် လီလီပန်း၏ အရောင်အနီကို ရရှိစေဖို့အတွက်။ နောက်ထပ် အနီနှင့်အပြာ။ အပြာသည် ဆေးဘူးမှားထည့်မိခြင်း။
အမဲရောင်ဆေးကို ယူလိုက်သည်။
ပုံ၏ အောက်စွန်းနားတွင် ရေးဆွဲသူ၏ လက်မှတ်။
ပြီးတော့ ခုနှစ် ၊ လ ၊ ရက်စွဲ။
ဒါဟာ ပြီးမြောက်ခြင်းသဘော။
သုံးစက္ကန့်မျှကြာပြီးနောက် ဆေးအပြာကို ယူလိုက်သည်။
စုတ်တံကိုင်ထားသည့် လက်ကိုလည်း ကားချပ်ထိပ်တွင် နေရာယူစေသည်။ ထို့နောက် တစောင်းလိုက် ခြစ်ချလိုက်သည်။
ပြီးနောက် ပျက်စီးခြင်းဆီသို့...။
နေ့စဉ်နှင့်အမျှ အိပ်စက်ခြင်းတွင် ရုန်းကန်နေရသည်။
တစ်ခုခုက စိတ်ကို ထိန်းချုပ်နေပြီး
ရှုပ်ထွေးနေသည့် စိတ်အခြေအနေကို ရင်ဆိုင်နေရသည်။
အိပ်မပျော်သည့်ညတို့က ရက်ဆက်နေပြီဖြစ်သည်။
မနက် ၇နာရီ။
နိုးနိုးချင်း မောင့်ကို ဖုန်းဆက်ဖြစ်တော့
သူအခု ပြန်လာနေပြီ၊ ညနေလောက် ရောက်မည်တဲ့ ။
မနေ့ညက အိပ်ပျော်နေလောက်မည်ထင်လို့ ဖုန်းမဆက်ဖြစ်ကြောင်းလည်း ပြောသည်။
ခုတလော စိတ်ရှုပ်ထွေးနေသည်။
မနက်စာစားလိုက်ရင် စိတ်များကြည်သွားမလားဆိုပြီး မျက်နှာသစ်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။ နေ့တိုင်းတော့ ဆင်းစားလေ့မရှိပါ။ ထို့ကြောင့် သူ မနက်စာဆင်းစားသည့်နေ့ဆို ပွဲတော်သဖွယ်ပြင်ပေးကြသည်။
စားပွဲ၏ ထိပ်ဆုံးခုံတွင် ဝင်ထိုင်လိုက်သည်။
ခဏနေတော့ ထမင်းစားခန်းထဲကို မောင့်အမေဝင်လာပြီး မီးဖိုခန်းဘက်သို့ ဝင်သွားသည်။ တစ်အောင့်နေတော့ ပြန်ထွက်သွားသည်။
" အကိုလေးခ ကော်ဖီ "
မိမျှင်တစ်ယောက် သူ့ရှေ့ကို ကော်ဖီတစ်ခွက် လာချပေးသည်။
" နွားနို့ မရှိဘူးလား "
" ဟဲ့ သားခက မနက် နွားနို့သောက်နေကျဆိုတာ နင်မသိဘူးလား "
ကြီးရွှေက ဝင်ပြောသည်။
" သိပါတယ် ကြီးရွှေရဲ့ ၊ အကိုလေးအမေက ကော်ဖီသွားချပေးလိုက်ဆိုလို့ "
ပြောရင်း ခွက်ကို ပြန်ဆွဲယူသည်။
" နေဉီး အန်တီဖျော်ထားတာလား "
" ဟုတ်တယ် အကိုလေး ၊ သောက်မှာလား "
" အေး ထားခဲ့လိုက် "
သူ့ရှေ့ကို ပြန်တိုးပေးသွားသည်။
မောင့်အမေ ဖျော်ပေးသော ကော်ဖီကို စိတ်သန့်သန့်ဖြင့် သောက်လိုက်ပါသည်။ အရသာက ခါး၏။ တစ်ဆက်တည်းမှာဘဲ ချဉ်သည်။
ပုံမှန်သောက်နေကျ ကော်ဖီမဟုတ်တော့သည်ကို သတိထားမိသည်မှာ သုံးရက်ရှိပြီဖြစ်သည်။ ဒီနေ့ ကော်ဖီသည်လည်း အရင်နေ့တွေထွက် အရသာပိုပြင်းနေသည်။ မောင့်အမေက သူမအကြိုက် ကော်ဖီကို ဝယ်ထည့်ထားတာဘဲ ဖြစ်ရမည်။
" ဖိုးသူ "
ခြံထဲမှာ မောင့်ကို ဆင်းစောင့်နေခြင်းဖြစ်သည်။
" ဗျာ "
" အဲ့ပန်းအိုးတွေ ငါမမြင်မယ့် တစ်နေရာ ရွှေ့ထားလိုက်စမ်းပါ "
" ဟုတ် "
မြင်နေသမျှကို မျက်စိရှုပ်နေသည့်အတွက် အိပ်စက်ခြင်းသည်သာ အကောင်းဆုံးဖြစ်တာကြောင့် ဆက်မထိုင်တော့ဘဲ အခန်းထဲ ပြန်လာလိုက်သည်။ မျက်လွှာနှစ်လွှာကို ချလိုက်ချင်းမှာဘဲ...။
တီ.တီ.တီ...
မောင် ပြန်လာပြီ။
✨ February 19 , 2022 ✨
Zawgyi
" သမီးရွင္ျဖစ္တဲ့ ငါ့ဘက္ကဘဲ ဒီကိစၥကို ဖ်က္သိမ္းပါရေစ ခက္ခက္"
ဒီေန႔ ကိစၥတစ္ခု ျဖစ္ပ်က္သြားသည္။
ေစ့စပ္ေၾကာင္းလမ္းထားမႈအား ဖ်က္သိမ္းျခင္း။
သားျဖစ္သူက သူမကို လက္တစ္လုံးျခားလုပ္သြားျခင္း။
သူငယ္ခ်င္းျဖစ္သူ၏ သမီးႏွင့္ ေစ့စပ္ေပးထားပါသည္။
ဒါကို သိလ်က္ႏွင့္ အိမ္ေထာင္ျပဳပစ္သည္။
သူမ ဘာေတြမ်ား မွားလို႔လဲ။
သားျဖစ္သူကို လက္တြဲေဖာ္ေကာင္းတစ္ေယာက္နဲ႔ သာယာတဲ့ မိသားစုဘဝေလး ရေစခ်င္႐ုံပါ။
ခင္ပြန္းျဖစ္သူသည္လည္း သူမစကားနားမေထာင္၍ အသက္ဆုံးရႈံးခဲ့ရသည္။ သေဘၤာသားမလုပ္ပါႏွင့္ေတာ့ဟု အႀကိမ္ႀကိမ္ေတာင္းဆိုခဲ့သည့္ၾကားက လုပ္ေတာ့ ပင္လယ္ျပင္မွာ မုန္တိုင္းထိၿပီး ေသသည္ေလ။ ခုသားက်ေတာ့လည္း သူမ စကား မေအာင္။
အိမ္ေပၚသို႔ ေယာက္်ားသားတစ္ေယာက္အား ေခၚတင္ထားသည္။
ထိုသည္မွာလည္း အိမ္သူသက္ထား အ႐ိုက္အရာ ေနရာတြင္။
သူမ ဘာလုပ္သင့္လဲ။
အျပင္တြင္ ကားသံၾကားသည္။
သားျဖစ္သူ အလုပ္မွျပန္လာၿပီ။
ကားသံၾကားလွ်င္ၾကားခ်င္းပဲ တစ္ေနကုန္ အခန္းေအာင္း၊ အေပၚမွ ေအာက္သို႔ မဆင္းသည့္ တစ္ေယာက္က မဆိုင္းမတြ ဆင္းခ်လာပါသည္။
" ျပန္လာၿပီလား "
သူမ ေမးသည္ကို ဂ႐ုမစိုက္ပါ။
" ေမာင္ အန္တီေမးေနတယ္ေလ "
" ျပန္လာၿပီ "
ေယာက္်ားျဖစ္သူစကားကိုေတာ့ အသက္ရွိပါသည္။
" ေျပာစရာရွိလို႔လား "
ရွိသည္။ သို႔ေသာ္...။
" မရွိရင္ တက္ၿပီ "
ေစ့စပ္ေၾကာင္းလမ္းထားသည့္ကိစၥ မရွိေတာ့ၿပီျဖစ္ေၾကာင္းကို သူမ ေျပာသင့္မေျပာသင့္ စဥ္းစားေနသည္။
စီစဥ္ထားသည့္အတိုင္း မျဖစ္၍ သူမ ပူေလာင္ေနသည္။
မေျပာဖို႔ ဆုံးျဖတ္ခ်က္ခ်လိုက္သည္။
သူမ အသက္ ေလးဆယ့္ကိုးႏွစ္၊ ကေလးဆန္သည္ဘဲေျပာေျပာ အခ်ိန္တန္ရင္ သိသြားမည့္ကိစၥ မဟုတ္ေပဘူးလား။
သူမတစ္ေယာက္တည္းေတာ့ စိတ္ဆင္းရဲမခံႏိုင္ပါ။
ဒင္းတို႔ကို အခ်ိန္အတိုင္းအတာတစ္ခုထိေတာ့ ေခါင္းပူထားခိုင္းဦးမည္။
ႏွစ္ပတ္ခန႔္ၾကာေသာ္။
တစ္ပတ္တစ္ခါ ေဆး႐ုံရက္ခ်ိန္းရွိသည္။
" ခ၊ ေမာင္ ေနာက္အပတ္ရက္ခ်ိန္းမတိုင္ခင္ အမွီျပန္လာခဲ့မယ္ ၊ေမာင္မရွိလည္း ေဆးကို ပုံမွန္ ေသာက္ေနာ္ "
ေမာင္ အလုပ္ခရီး ထြက္သြားသည့္အတြက္ ဒီေန႔ေတာ့ ေဆး႐ုံကို တစ္ေယာက္တည္း သြားလိုက္ရသည္။
ေမာင္ မရွိသည့္ ဒုတိယေျမာက္ရက္။
ဆြဲလက္စ ပန္းခ်ီကားတစ္ခ်ပ္ကို လက္စသတ္ေနသည္။
ဒီေန႔က်မွ ေတာက္ေလွ်ာက္လက္တုန္ေနၿပီး ဆြဲေလ မၿပီးေလ။
ၾကည့္လိုက္ျပန္ေတာ့လည္း ႀကီးႀကီးမားမား ပုံမဟုတ္။
အျဖဴေရာင္ကားခ်ပ္ေပၚတြင္ ပန္းတစ္ပြင့္သာ ေနရာယူလို႔ထားသည္။
ေကာ္ဖီေသာက္ထား၍ ခံတြင္းတြင္ ခ်ဥ္စူးစူးျဖစ္ေနသည္။
သူမ်ားေတြက မ်က္စိက်ယ္ေအာင္ ေသာက္ေသာ္လည္း
သူကေတာ့ ေသာက္ၿပီး အိပ္ငိုက္ေနသည္။
ေနာက္ဆုံးေတာ့ အိပ္ဖို႔ ေ႐ြးခ်ယ္လိုက္သည့္အတြက္
ပန္းခ်ီကားေလးဟာ အရင္ေန႔ေတြနဲ႔ မထူးမျခားနားပါပဲ။
ဒီေန႔လည္း အဆုံးမသတ္ႏိုင္ခဲ့ျပန္ပါဘူး။
ေနာက္တစ္ရက္။
စိတ္ထဲ၌ မြန္းက်ပ္ေနသည္။
ဒီလိုနဲ႔ ေနာက္ထပ္တစ္ရက္။
အိပ္မက္တစ္ခုကို မက္သည္။
ထပ္ခါထပ္ခါ မက္ေနက် အိပ္မက္မ်ားသည္ မတူညီေသာ္လည္း ဆိုး႐ြားသည့္ စိတ္ခံစားခ်က္ကိုေတာ့ တစ္ထပ္တည္းျဖစ္ေစသည္။
အိပ္မက္မက္တာ သုံးရက္ေျမာက္သည့္ေန႔။
သူ ဒီေန႔ ဘာမွ် လုပ္ခ်င္စိတ္မရွိ။
သို႔ေသာ္ ပန္းခ်ီခန္းထဲသို႔ ဝင္ခဲ့သည္။
ၿပီးေတာ့မည့္ ပန္းခ်ီကားေလးကလည္း ေစာင့္ႀကိဳေနသည္။
ေျခာက္ေနသည့္ ေဆးေရာင္တို႔အား ျပန္စိုေစၿပီး
စုတ္ခ်က္တို႔အား အသက္ဝင္ေနေစသည္။
ဤပန္းခ်ီကားအတြက္ ေဆးေရာင္ ေလးေရာင္သာ အသုံးျပဳရန္ လိုအပ္သည္။ သို႔ေသာ္ ေဆးခြက္ျပားေပၚတြင္ အေရာင္ ေျခာက္ေရာင္ရွိေနသည္။ အျဖဴေရာင္သည္ ေနာက္ခံအတြက္။
ပန္းခရမ္းေရာင္ႏွင့္ အဝါေရာင္ကို ေရာစပ္ျခင္းသည္ လီလီပန္း၏ အေရာင္အနီကို ရရွိေစဖို႔အတြက္။ ေနာက္ထပ္ အနီႏွင့္အျပာ။ အျပာသည္ ေဆးဘူးမွားထည့္မိျခင္း။
အမဲေရာင္ေဆးကို ယူလိုက္သည္။
ပုံ၏ ေအာက္စြန္းနားတြင္ ေရးဆြဲသူ၏ လက္မွတ္။
ၿပီးေတာ့ ခုႏွစ္ ၊ လ ၊ ရက္စြဲ။
ဒါဟာ ၿပီးေျမာက္ျခင္းသေဘာ။
သုံးစကၠန႔္မွ်ၾကာၿပီးေနာက္ ေဆးအျပာကို ယူလိုက္သည္။
စုတ္တံကိုင္ထားသည့္ လက္ကိုလည္း ကားခ်ပ္ထိပ္တြင္ ေနရာယူေစသည္။ ထို႔ေနာက္ တေစာင္းလိုက္ ျခစ္ခ်လိုက္သည္။
ၿပီးေနာက္ ပ်က္စီးျခင္းဆီသို႔...။
ေန႔စဥ္ႏွင့္အမွ် အိပ္စက္ျခင္းတြင္ ႐ုန္းကန္ေနရသည္။
တစ္ခုခုက စိတ္ကို ထိန္းခ်ဳပ္ေနၿပီး
ရႈပ္ေထြးေနသည့္ စိတ္အေျခအေနကို ရင္ဆိုင္ေနရသည္။
အိပ္မေပ်ာ္သည့္ညတို႔က ရက္ဆက္ေနၿပီျဖစ္သည္။
မနက္ ၇နာရီ။
ႏိုးႏိုးခ်င္း ေမာင့္ကို ဖုန္းဆက္ျဖစ္ေတာ့
သူအခု ျပန္လာေနၿပီ၊ ညေနေလာက္ ေရာက္မည္တဲ့ ။
မေန႔ညက အိပ္ေပ်ာ္ေနေလာက္မည္ထင္လို႔ ဖုန္းမဆက္ျဖစ္ေၾကာင္းလည္း ေျပာသည္။
ခုတေလာ စိတ္ရႈပ္ေထြးေနသည္။
မနက္စာစားလိုက္ရင္ စိတ္မ်ားၾကည္သြားမလားဆိုၿပီး မ်က္ႏွာသစ္ၿပီး ေအာက္ထပ္သို႔ ဆင္းလာခဲ့သည္။ ေန႔တိုင္းေတာ့ ဆင္းစားေလ့မရွိပါ။ ထို႔ေၾကာင့္ သူ မနက္စာဆင္းစားသည့္ေန႔ဆို ပြဲေတာ္သဖြယ္ျပင္ေပးၾကသည္။
စားပြဲ၏ ထိပ္ဆုံးခုံတြင္ ဝင္ထိုင္လိုက္သည္။
ခဏေနေတာ့ ထမင္းစားခန္းထဲကို ေမာင့္အေမဝင္လာၿပီး မီးဖိုခန္းဘက္သို႔ ဝင္သြားသည္။ တစ္ေအာင့္ေနေတာ့ ျပန္ထြက္သြားသည္။
" အကိုေလးခ ေကာ္ဖီ "
မိမွ်င္တစ္ေယာက္ သူ႔ေရွ႕ကို ေကာ္ဖီတစ္ခြက္ လာခ်ေပးသည္။
" ႏြားႏို႔ မရွိဘူးလား "
" ဟဲ့ သားခက မနက္ ႏြားႏို႔ေသာက္ေနက်ဆိုတာ နင္မသိဘူးလား "
ႀကီးေ႐ႊက ဝင္ေျပာသည္။
" သိပါတယ္ ႀကီးေ႐ႊရဲ႕ ၊ အကိုေလးအေမက ေကာ္ဖီသြားခ်ေပးလိုက္ဆိုလို႔ "
ေျပာရင္း ခြက္ကို ျပန္ဆြဲယူသည္။
" ေနဉီး အန္တီေဖ်ာ္ထားတာလား "
" ဟုတ္တယ္ အကိုေလး ၊ ေသာက္မွာလား "
" ေအး ထားခဲ့လိုက္ "
သူ႔ေရွ႕ကို ျပန္တိုးေပးသြားသည္။
ေမာင့္အေမ ေဖ်ာ္ေပးေသာ ေကာ္ဖီကို စိတ္သန႔္သန႔္ျဖင့္ ေသာက္လိုက္ပါသည္။ အရသာက ခါး၏။ တစ္ဆက္တည္းမွာဘဲ ခ်ဥ္သည္။
ပုံမွန္ေသာက္ေနက် ေကာ္ဖီမဟုတ္ေတာ့သည္ကို သတိထားမိသည္မွာ သုံးရက္ရွိၿပီျဖစ္သည္။ ဒီေန႔ ေကာ္ဖီသည္လည္း အရင္ေန႔ေတြထြက္ အရသာပိုျပင္းေနသည္။ ေမာင့္အေမက သူမအႀကိဳက္ ေကာ္ဖီကို ဝယ္ထည့္ထားတာဘဲ ျဖစ္ရမည္။
" ဖိုးသူ "
ၿခံထဲမွာ ေမာင့္ကို ဆင္းေစာင့္ေနျခင္းျဖစ္သည္။
" ဗ်ာ "
" အဲ့ပန္းအိုးေတြ ငါမျမင္မယ့္ တစ္ေနရာ ေ႐ႊ႕ထားလိုက္စမ္းပါ "
" ဟုတ္ "
ျမင္ေနသမွ်ကို မ်က္စိရႈပ္ေနသည့္အတြက္ အိပ္စက္ျခင္းသည္သာ အေကာင္းဆုံးျဖစ္တာေၾကာင့္ ဆက္မထိုင္ေတာ့ဘဲ အခန္းထဲ ျပန္လာလိုက္သည္။ မ်က္လႊာႏွစ္လႊာကို ခ်လိုက္ခ်င္းမွာဘဲ...။
တီ.တီ.တီ...
ေမာင္ ျပန္လာၿပီ။
✨ February 19 , 2022 ✨