UM (Completed)

By Alohi_ko

930K 42.6K 593

Warning ( Included abusive content!!!) Total Episodes-43 (Completed) Start date-Oct 6.2021 End date-Feb 21.20... More

INTRO
✨ HIGHLIGHT DIALOGUE FROM REVIEW PAGES ✨
PART 1
PART2
PART3
PART4
PART 5
PART 6
PART 7
PART 8
PART 9
PART 10
✨For knowledge✨
PART 11
PART 12
PART 13
PART 14
PART 15
PART 16
PART 17
PART 18
PATT 19
PART 20
PART 21
PART 22
PART 23
Bipolar disorder အကြောင်းတစေ့တစောင်း
PART 24
PART 25
PART 26
PART 27
PART 28
PART 29
PART 30
PART 31
PART 32
PART 33
PART 34
PART 36
PART 37
PART 38
PART 39
PART 40
PART 41
PART 42 ဇာတ်သိမ်းအား ပြန်လည်ပြင်ဆင်ခြင်း
Final Part 43
Characters ( ဒါလေး အရင် ဖတ်ပေးပါ )
I wanna know feedback👀
Book announcement ✨
Physical Book✨

PART 35

12.6K 628 4
By Alohi_ko

Unicode

" ဦးနေကို အဆင်သင့်ပြင်ထားခိုင်းလိုက်နော် ‌ညီ၊ 

ကိုကြီး နာရီဝက်လောက်နေရင် ရောက်မယ် "

" ညီ စောင့်နေမယ် "

သူ့ဘက်မှ အရင် ဖုန်းချလိုက်သည်။

" ဦးနေ ကိုကြီးက အဆင်သင့်လုပ်ထားပါ ၊ နာရီဝက်နေရင် ရောက်မယ်တဲ့ "

" ဦးနေ အကုန်သိမ်းဆည်းပြီးသွားပြီ ၊ သားကိုကြီးကို စောင့်နေရုံပဲ "

သူလည်း ဆေးရုံအဝတ်အစားကနေ ပုံမှန်အဝတ်အစားကို ပြန်လဲပြီးသားဆိုတော့ စောင့်နေရုံပင်။ 

ဆေးရုံဝန်းအကျယ်ကြီးအား အခန်းရှိရာအပေါ်ထပ်ကနေ မြင်နေရသည်။ သစ်ပင်ကြီးအောက်က မြက်ခင်းပြင်နှင့် ခုံတန်းလေးတွေ။

" ဦးနေ သား ဆေးရုံဝန်းထဲ ခဏ ဆင်းဦးမယ် "

" ဪ အေး သွားမယ်လေ လာ "

" ရတယ် ဦးနေ ၊ သား တစ်ယောက်တည်း သွားချင်လို့  "

ခြေလှမ်းများသည် အရိပ်ကောင်းကောင်းရသည့် သစ်ပင်ကြီးဆီ ဦးတည်သည်။ ဘေးတွင်လည်း ဆိုင်းဘုတ်ပြားလေး ထောင်ထားသည်။ 

အကိုနှင့် စတွေ့ခဲ့သည့် နေရာလေး...။

ဆယ်မိနစ်ကြာမျှ ထိုင်နေပြီးနောက် အခန်းသို့ ပြန်ရန် ထလိုက်သည်။ 

သစ်ပင်ကြီး၏ ကိုယ်ထည်အလယ်ပိုင်းတစ်နေရာကို လက်‌ချောင်းထိပ်လေးများဖြင့် အထက်မှ အောက်သို့ ရွေ့လျားလိုက်သည်။

ပြီးနောက် စိတ်ထဲကနေ ရေရွတ်လိုက်သည်။

' သိပ်မကြာပါဘူး ငါနေကောင်းရင် ပြန်လာခဲ့ပါ့မယ် '

ထို့နောက် လှည့်အထွက် မြင်လိုက်ရသည်က လူနာဆောင်အဆောက်အအုံရှေ့က ပင်မဆေးရုံအဆောက်အအုံဝင်ပေါက်ကနေ ထွက်လာသည့် လူနှစ်ယောက်။ နည်းနည်း အလှမ်းဝေးသည်ဆိုပေမယ့် သူ့နှလုံးသားမှာ သေချာပုံနှိပ်ထားသည့်သူ ဖြစ်တာကြောင့် မည်သူမှန်း အတပ်သိပါသည်။ ချစ်ရသူနှင့် သူ့သက်ဆိုင်သူပါ။ 

ဆေးရုံကို ဘာအကြောင်းရှိ၍ လာကြလည်း မသိပေမယ့် ရယ်ရယ်မောမောနှင့် ထွက်လာကြသည်ကိုတော့ မြင်နေရသည်။

အကို့ လက်လေးကို ဆုပ်ကိုင်ထားသည့် မြင်ကွင်းက တစ်စတစ်စ ဝေးကွာသွားသည်။ 

သူတို့နှစ်ဦး ဆေးရုံဝန်း၏ အပြင်ဘက်သို့ ရောက်တော့မည့်ဆဲဆဲမှာ အကို့ပါးပေါ်ကို အနမ်းတစ်ပွင့် ကျရောက်သွားသည်။

အကို ပြုံးလိုက်သည်ပင်။

ဘေးတိုက်မြင်နေရသည့် အပြုံးလေးက မက်မောချင်စရာအတိပါ။

ဟော အကိုလည်း ပြန်နမ်းလိုက်တာပဲ။

နောက်ဆုံးတော့ မြင်ကွင်းထဲက လုံးဝပျောက်ကွယ်သွားပြီ။

ရင်ဘတ်ထဲ၌လည်း အောင့်နေသည်။

မျက်ရည်အချို့ကလည်း မျက်ခမ်းစပ်နားတွင် ဝေ့သီနေသည်။

မျက်ရည်တစ်ပေါက်... နှစ်ပေါက်... သုံးပေါက်။

သူမှားနေသည်။

အရာအားလုံးလည်း မှားနေသည်။ 

လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိသည်။

ဘာလို့ အကိုရှိသည့် ရပ်ဝန်းမှာ မမွေးဖွားခဲ့တာလဲ။ 

ဘာလို့ စောစော မဆုံတွေ့ခဲ့ရတာလဲ။

အဲ့သည့်လူထက်လေ....။

" ကိုကြီး ညီ့ကို ကူညီပါ "

ဒါ ပထမဆုံးနဲ့ နောက်ဆုံးကြိုးစားမှုပါ။ 

ကြိုးစားကြည့်ရုံတင်ပါ...။

ပိုင်ဆိုင်ရဖို့တော့ မမျှော်မှန်းရဲပါဘူး။

မစခင်ကတည်းက ရှုံးနိမ့်နေခဲ့တဲ့ သူ့အဖို့ စတင်ကြည့်ဖို့ အခွင့်အရေးတော့ ရှိတယ်မလား။

ဒီလို အတွေးမျိုးဝင်သည်ဆိုကတည်းက သူသိပ်ကို မှားပါသည်။

ခွဲစိတ်ပြီး ပြန်လာရင် အကို့ကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ရအောင်ယူမယ်လို့ ဆုံးဖြတ်ထားခြင်းသည်လည်း မှားပါသည်။

အကယ်၍များ အကိုသာ သူနဲ့ဆိုရင် ပျော်ရွှင်နိုင်ပါ့မလား။

နေ့လယ်က မြင်လိုက်ရသည့် အပြုံးမျိုးကို ပြုံးနိုင်ပါ့မလား။

အကယ်၍များရယ်ပါ။

သူ အများကြီးတွေးနေမိခြင်း...။

ဘာလို့များ သူ့ဖြစ်တည်မှုက သိပ်ကို အထီးကျန်ပြီး မပြည့်စုံနေရတာလဲ။

" တကယ်ပြောတာပါ ကိုကြီး၊ ညီကြိုးစားကြည့်ချင်ရုံပါ "

" ညီ အချိန်က လေးရက်ပဲ ရှိတော့တာနော် "

" ညီ သုံးရက်ပဲ ယူမှာပါ "

" ကောင်းပြီ ၊ ကိုကြီး ညီပြောတဲ့ အတိုင်း လုပ်ပေးမယ် ၊ အချိန်သိပ်မရှိဘူး၊ အခုက စကြတာပေါ့ "

မြေ့နင်းခတို့ ဆေးရုံမှ အိမ်သို့ ပြန်လည် ရောက်ရှိပြီးနောက် အမည်မသိဖုန်းတစ်လုံး၀င်လာသည်။ နောက်တော့ သူတို့နှစ်ဦး ဆေးရုံသို့ ပြန်လည် ရောက်ရှိလာကြသည်။ 

ဆေးရုံ ကန်တင်းထဲဝယ်။

" ဒါဆို အခြေအနေရော ဘယ်လိုနေသေးလဲ "

" ကြွေက မှတ်ဉာဏ် တွေ အားနည်းစပြုလာပြီ 

တစ်နေ့တာလုပ်ရမယ့်လုပ်ငန်းစဥ်‌ တွေတောင်သူမမှတ်မိတော့ဘူး "

နေ့သစ်မိုင် လိုသည်ထက် ပိုပြောလိုက်ခြင်း။

သည်လောက်ထိတော့ အခြေအနေမဆိုးသေးပါ။

ဒါပေမယ့် တစ်ချိန်တွင်တော့ ဖြစ်လာမည်မှာ အမှန်။

" ခွဲစိတ်ဖို့အတွက် စီစဥ်ပြီးပြီလား "

" မဟုတ်ဘူး ကျွန်တော်တို့သိတာနောက်ကျသွားခဲ့တာ

စသိတဲ့အချိန်မှာတည်းက အကျိတ်က တော်တော်ကြီးနေပြီ

ခွဲစိတ်မယ်ဆိုရင်တောင် အသက်ရှင်ဖို့က ၂ရာခိုင်နှုန်းပဲရှိတယ် "

ညီဖြစ်သူမှ ပြောရန် မှာကြားလိုက်သော dialogue တချို့။

သို့သော် လိမ်ညာခြင်း မဟုတ်ပါ။

" ဒါဆို အသက်ဆက်ရှင်ဖို့အချိန်ကရော "

" ၇လ "

ဒါလည်း အမှန်ပါပဲ။

" ကျွန်တော့်ကတော့ ခွဲစိတ်ဖို့ အကြံပေးချင်တယ်၊

၂ရာခိုင်နှုန်းရှိတာပဲ အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိပါတယ် "

ဟုတ်ပါသည်။ ဒါကြောင့်လည်း သိပ်ကိုတော်သည့် ဆရာဝန်ကြီးနှင့် သူ့ညီကို ခွဲစိတ်ပေးမှာဖြစ်သည်။ ခွဲစိတ်မှုက အောင်ကိုအောင်မြင်လိမ့်မည်။

" ဒါပေမယ့် ကြွေကလက်မခံဘူး ညီ "

" အကို့သဘောကရော "

" ညီ့ကိုခေါ်လိုက်ရတဲ့အဓိကအကြောင်းအရင်းက အဲ့ဒါပဲညီ၊

အကို့ညီလေး လက်ခံလာအောင် ဖြောင်းဖြပေးပါလား "

ဘေးတွင်ထိုင်နေသည့် မောင့်အရိပ်အကဲကို အရင်ကြည့်လိုက်တော့ 'ခသဘော'ဆိုသည့်ပုံစံဖြင့် မေးဆတ်ပြလာသည်။

" ကောင်းပြီလေ ကျွန်တော်လက်ခံပါတယ် "

ဆေးရုံအခန်းတွင်းရှိ ကုတင်ပေါ်ဝယ် အဖြူရောင်ပိတ်သားပေါ်အပြာစင်းကြောင်းဆွဲထားသည့် ဝတ်စုံကို ဝတ်ထားသည့် ကောင်လေးတစ်ယောက် တစ်ဦးတစ်ယောက်ကို စောင့်မျှော်နေသည်။

ခေါင်းထဲတွင်လည်း ပြောရန် စာသားတချို့ကို စီနေသေးသည်။

ကျွီ....(တံခါးဖွင့်ဟလာသံ)။

အကိုလာမည်ဆိုတာကို သူအတပ်သိနေခဲ့သည်။

အနောက်တွင်လည်း မည်သူမျှ မပါလာ။

" ညီ သက်သာရဲ့လား "

" အကို ဘာလို့ ရောက်လာတာလဲ "

ကုတင်ဘေးရှိ ခုံတွင် ဝင်ထိုင်သည်။  

" ညီ ပြောတော့ ညီ့အကိုနောက် လိုက်သွားမလို့ဆို ၊ အကို့ကို လိမ်တာလား "

နောက်တော့ အကိုက သူ့ကို ခွဲစိတ်ရန်ကိစ္စကို တိုက်တွန်းသည်။ နောက်တော့...။

" အကို့ကို ကျွန်တော်တစ်ခု တောင်းဆိုမယ် ၊

အကိုလက်ခံရင် ကျွန်တော် ခွဲစိတ်မယ် "

" ပြောကြည့်လေ ညီ "

" အကို့ကို ကျွန်တော် သဘောကျတယ် ၊ ကျွန်တော့်ကို အခွင့်အရေးပေးနိုင်မလား "

အကိုက သိပ်ကို တည်ငြိမ်နေသည်။

" ညီ ကိုယ်က ‌အိမ်ထောင်ရှိတယ်လေ "

အကို့မျက်ဝန်းထဲမှာ ဖြတ်ပြေးနေတဲ့ အရိပ်အယောင်တွေက

သူ့အပေါ်  စိတ်ပျက်ခြင်း။

" အိမ်ထောင်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အကို ညီ့ကို မစဉ်းစားပေးနိုင်ဘူး ၊

ပြီးတော့ ခွဲစိတ်ဖို့ ပြင်ဆင်တာ အကောင်းဆုံးဖြစ်မယ်နော်၊

အကို့ကို ခွင့်ပြုပါဦး "

အကို ထွက်သွားပြီ။

အမှန်ဆို သူ တိုက်ရိုက်ဖွင့်ပြောလိုက်ရင် ရပါတယ်။

ဒီလို လုပ်ဇာတ်ခင်းလိုက်တယ်ဆိုတာ အကိုများ သူ့အပေါ် သနားစိတ်ဝင်မလားဆိုတဲ့ သေးငယ်တဲ့ မျှော်လင့်ချက်လေးဖြင့်ပင်။

ထိုစဉ် အခန်းတွင်းသို့ နေ့သစ်မိုင် ဝင်လာသည်။

" ညီ ဘယ်လိုလဲ "

အချိန်နှစ်ရက်ပင် ယူစရာမလိုအောင် အဖြေကို သေချာရရှိသွားပါပြီ။

" မနက်ဖြန်...မနက်ဖြန် သွားမှာမို့လား ကိုကြီး "

ပြတင်းမှတစ်ဆင့် အပြင်ကို ငေးကြည့်လိုက်သည်။

ကြိုးစားကြည့်ခဲ့ရုံတင်ဆိုပေမယ့် 

ဘုရားသခင်က တကယ့်ကို ကြိုးစားကြည့်ခွင့်လေးဘဲ ပေးခဲ့ပုံပင်။

✨ February 18 , 2022 ✨



Zawgyi

" ဦးေနကို အဆင္သင့္ျပင္ထားခိုင္းလိုက္ေနာ္ ‌ညီ၊
ကိုႀကီး နာရီဝက္ေလာက္ေနရင္ ေရာက္မယ္ "

" ညီ ေစာင့္ေနမယ္ "

သူ႔ဘက္မွ အရင္ ဖုန္းခ်လိုက္သည္။

" ဦးေန ကိုႀကီးက အဆင္သင့္လုပ္ထားပါ ၊ နာရီဝက္ေနရင္ ေရာက္မယ္တဲ့ "

" ဦးေန အကုန္သိမ္းဆည္းၿပီးသြားၿပီ ၊ သားကိုႀကီးကို ေစာင့္ေန႐ုံပဲ "

သူလည္း ေဆး႐ုံအဝတ္အစားကေန ပုံမွန္အဝတ္အစားကို ျပန္လဲၿပီးသားဆိုေတာ့ ေစာင့္ေန႐ုံပင္။

ေဆး႐ုံဝန္းအက်ယ္ႀကီးအား အခန္းရွိရာအေပၚထပ္ကေန ျမင္ေနရသည္။ သစ္ပင္ႀကီးေအာက္က ျမက္ခင္းျပင္ႏွင့္ ခုံတန္းေလးေတြ။

" ဦးေန သား ေဆး႐ုံဝန္းထဲ ခဏ ဆင္းဦးမယ္ "

" ဪ ေအး သြားမယ္ေလ လာ "

" ရတယ္ ဦးေန ၊ သား တစ္ေယာက္တည္း သြားခ်င္လို႔  "

ေျခလွမ္းမ်ားသည္ အရိပ္ေကာင္းေကာင္းရသည့္ သစ္ပင္ႀကီးဆီ ဦးတည္သည္။ ေဘးတြင္လည္း ဆိုင္းဘုတ္ျပားေလး ေထာင္ထားသည္။

အကိုႏွင့္ စေတြ႕ခဲ့သည့္ ေနရာေလး...။

ဆယ္မိနစ္ၾကာမွ် ထိုင္ေနၿပီးေနာက္ အခန္းသို႔ ျပန္ရန္ ထလိုက္သည္။

သစ္ပင္ႀကီး၏ ကိုယ္ထည္အလယ္ပိုင္းတစ္ေနရာကို လက္‌ေခ်ာင္းထိပ္ေလးမ်ားျဖင့္ အထက္မွ ေအာက္သို႔ ေ႐ြ႕လ်ားလိုက္သည္။
ၿပီးေနာက္ စိတ္ထဲကေန ေရ႐ြတ္လိုက္သည္။
' သိပ္မၾကာပါဘူး ငါေနေကာင္းရင္ ျပန္လာခဲ့ပါ့မယ္ '

ထို႔ေနာက္ လွည့္အထြက္ ျမင္လိုက္ရသည္က လူနာေဆာင္အေဆာက္အအုံေရွ႕က ပင္မေဆး႐ုံအေဆာက္အအုံဝင္ေပါက္ကေန ထြက္လာသည့္ လူႏွစ္ေယာက္။ နည္းနည္း အလွမ္းေဝးသည္ဆိုေပမယ့္ သူ႔ႏွလုံးသားမွာ ေသခ်ာပုံႏွိပ္ထားသည့္သူ ျဖစ္တာေၾကာင့္ မည္သူမွန္း အတပ္သိပါသည္။ ခ်စ္ရသူႏွင့္ သူ႔သက္ဆိုင္သူပါ။
ေဆး႐ုံကို ဘာအေၾကာင္းရွိ၍ လာၾကလည္း မသိေပမယ့္ ရယ္ရယ္ေမာေမာႏွင့္ ထြက္လာၾကသည္ကိုေတာ့ ျမင္ေနရသည္။
အကို႔ လက္ေလးကို ဆုပ္ကိုင္ထားသည့္ ျမင္ကြင္းက တစ္စတစ္စ ေဝးကြာသြားသည္။
သူတို႔ႏွစ္ဦး ေဆး႐ုံဝန္း၏ အျပင္ဘက္သို႔ ေရာက္ေတာ့မည့္ဆဲဆဲမွာ အကို႔ပါးေပၚကို အနမ္းတစ္ပြင့္ က်ေရာက္သြားသည္။
အကို ၿပဳံးလိုက္သည္ပင္။
ေဘးတိုက္ျမင္ေနရသည့္ အၿပဳံးေလးက မက္ေမာခ်င္စရာအတိပါ။
ေဟာ အကိုလည္း ျပန္နမ္းလိုက္တာပဲ။
ေနာက္ဆုံးေတာ့ ျမင္ကြင္းထဲက လုံးဝေပ်ာက္ကြယ္သြားၿပီ။
ရင္ဘတ္ထဲ၌လည္း ေအာင့္ေနသည္။
မ်က္ရည္အခ်ိဳ႕ကလည္း မ်က္ခမ္းစပ္နားတြင္ ေဝ့သီေနသည္။
မ်က္ရည္တစ္ေပါက္... ႏွစ္ေပါက္... သုံးေပါက္။

သူမွားေနသည္။
အရာအားလုံးလည္း မွားေနသည္။
လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္မိသည္။
ဘာလို႔ အကိုရွိသည့္ ရပ္ဝန္းမွာ မေမြးဖြားခဲ့တာလဲ။
ဘာလို႔ ေစာေစာ မဆုံေတြ႕ခဲ့ရတာလဲ။
အဲ့သည့္လူထက္ေလ....။

" ကိုႀကီး ညီ့ကို ကူညီပါ "

ဒါ ပထမဆုံးနဲ႔ ေနာက္ဆုံးႀကိဳးစားမႈပါ။
ႀကိဳးစားၾကည့္႐ုံတင္ပါ...။
ပိုင္ဆိုင္ရဖို႔ေတာ့ မေမွ်ာ္မွန္းရဲပါဘူး။

မစခင္ကတည္းက ရႈံးနိမ့္ေနခဲ့တဲ့ သူ႔အဖို႔ စတင္ၾကည့္ဖို႔ အခြင့္အေရးေတာ့ ရွိတယ္မလား။

ဒီလို အေတြးမ်ိဳးဝင္သည္ဆိုကတည္းက သူသိပ္ကို မွားပါသည္။
ခြဲစိတ္ၿပီး ျပန္လာရင္ အကို႔ကို ဘယ္လိုနည္းနဲ႔ျဖစ္ျဖစ္ရေအာင္ယူမယ္လို႔ ဆုံးျဖတ္ထားျခင္းသည္လည္း မွားပါသည္။
အကယ္၍မ်ား အကိုသာ သူနဲ႔ဆိုရင္ ေပ်ာ္႐ႊင္ႏိုင္ပါ့မလား။
ေန႔လယ္က ျမင္လိုက္ရသည့္ အၿပဳံးမ်ိဳးကို ၿပဳံးႏိုင္ပါ့မလား။
အကယ္၍မ်ားရယ္ပါ။

သူ အမ်ားႀကီးေတြးေနမိျခင္း...။
ဘာလို႔မ်ား သူ႔ျဖစ္တည္မႈက သိပ္ကို အထီးက်န္ၿပီး မျပည့္စုံေနရတာလဲ။

" တကယ္ေျပာတာပါ ကိုႀကီး၊ ညီႀကိဳးစားၾကည့္ခ်င္႐ုံပါ "

" ညီ အခ်ိန္က ေလးရက္ပဲ ရွိေတာ့တာေနာ္ "

" ညီ သုံးရက္ပဲ ယူမွာပါ "

" ေကာင္းၿပီ ၊ ကိုႀကီး ညီေျပာတဲ့ အတိုင္း လုပ္ေပးမယ္ ၊ အခ်ိန္သိပ္မရွိဘူး၊ အခုက စၾကတာေပါ့ "

ေျမ့နင္းခတို႔ ေဆး႐ုံမွ အိမ္သို႔ ျပန္လည္ ေရာက္ရွိၿပီးေနာက္ အမည္မသိဖုန္းတစ္လုံး၀င္လာသည္။ ေနာက္ေတာ့ သူတို႔ႏွစ္ဦး ေဆး႐ုံသို႔ ျပန္လည္ ေရာက္ရွိလာၾကသည္။

ေဆး႐ုံ ကန္တင္းထဲဝယ္။

" ဒါဆို အေျခအေနေရာ ဘယ္လိုေနေသးလဲ "

" ေႂကြက မွတ္ဉာဏ္ ေတြ အားနည္းစျပဳလာၿပီ
တစ္ေန႔တာလုပ္ရမယ့္လုပ္ငန္းစဥ္‌ ေတြေတာင္သူမမွတ္မိေတာ့ဘူး "

ေန႔သစ္မိုင္ လိုသည္ထက္ ပိုေျပာလိုက္ျခင္း။
သည္ေလာက္ထိေတာ့ အေျခအေနမဆိုးေသးပါ။
ဒါေပမယ့္ တစ္ခ်ိန္တြင္ေတာ့ ျဖစ္လာမည္မွာ အမွန္။

" ခြဲစိတ္ဖို႔အတြက္ စီစဥ္ၿပီးၿပီလား "

" မဟုတ္ဘူး ကြၽန္ေတာ္တို႔သိတာေနာက္က်သြားခဲ့တာ
စသိတဲ့အခ်ိန္မွာတည္းက အက်ိတ္က ေတာ္ေတာ္ႀကီးေနၿပီ
ခြဲစိတ္မယ္ဆိုရင္ေတာင္ အသက္ရွင္ဖို႔က ၂ရာခိုင္ႏႈန္းပဲရွိတယ္ "

ညီျဖစ္သူမွ ေျပာရန္ မွာၾကားလိုက္ေသာ dialogue တခ်ိဳ႕။
သို႔ေသာ္ လိမ္ညာျခင္း မဟုတ္ပါ။

" ဒါဆို အသက္ဆက္ရွင္ဖို႔အခ်ိန္ကေရာ "

" ၇လ "

ဒါလည္း အမွန္ပါပဲ။

" ကြၽန္ေတာ့္ကေတာ့ ခြဲစိတ္ဖို႔ အႀကံေပးခ်င္တယ္၊
၂ရာခိုင္ႏႈန္းရွိတာပဲ အသက္ရွင္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိပါတယ္ "

ဟုတ္ပါသည္။ ဒါေၾကာင့္လည္း သိပ္ကိုေတာ္သည့္ ဆရာဝန္ႀကီးႏွင့္ သူ႔ညီကို ခြဲစိတ္ေပးမွာျဖစ္သည္။ ခြဲစိတ္မႈက ေအာင္ကိုေအာင္ျမင္လိမ့္မည္။

" ဒါေပမယ့္ ေႂကြကလက္မခံဘူး ညီ "

" အကို႔သေဘာကေရာ "

" ညီ့ကိုေခၚလိုက္ရတဲ့အဓိကအေၾကာင္းအရင္းက အဲ့ဒါပဲညီ၊
အကို႔ညီေလး လက္ခံလာေအာင္ ေျဖာင္းျဖေပးပါလား "

ေဘးတြင္ထိုင္ေနသည့္ ေမာင့္အရိပ္အကဲကို အရင္ၾကည့္လိုက္ေတာ့ 'ခသေဘာ'ဆိုသည့္ပုံစံျဖင့္ ေမးဆတ္ျပလာသည္။

" ေကာင္းၿပီေလ ကြၽန္ေတာ္လက္ခံပါတယ္ "

ေဆး႐ုံအခန္းတြင္းရွိ ကုတင္ေပၚဝယ္ အျဖဴေရာင္ပိတ္သားေပၚအျပာစင္းေၾကာင္းဆြဲထားသည့္ ဝတ္စုံကို ဝတ္ထားသည့္ ေကာင္ေလးတစ္ေယာက္ တစ္ဦးတစ္ေယာက္ကို ေစာင့္ေမွ်ာ္ေနသည္။

ေခါင္းထဲတြင္လည္း ေျပာရန္ စာသားတခ်ိဳ႕ကို စီေနေသးသည္။

ကြၽီ....(တံခါးဖြင့္ဟလာသံ)။

အကိုလာမည္ဆိုတာကို သူအတပ္သိေနခဲ့သည္။
အေနာက္တြင္လည္း မည္သူမွ် မပါလာ။

" ညီ သက္သာရဲ႕လား "

" အကို ဘာလို႔ ေရာက္လာတာလဲ "

ကုတင္ေဘးရွိ ခုံတြင္ ဝင္ထိုင္သည္။ 

" ညီ ေျပာေတာ့ ညီ့အကိုေနာက္ လိုက္သြားမလို႔ဆို ၊ အကို႔ကို လိမ္တာလား "

ေနာက္ေတာ့ အကိုက သူ႔ကို ခြဲစိတ္ရန္ကိစၥကို တိုက္တြန္းသည္။ ေနာက္ေတာ့...။

" အကို႔ကို ကြၽန္ေတာ္တစ္ခု ေတာင္းဆိုမယ္ ၊
အကိုလက္ခံရင္ ကြၽန္ေတာ္ ခြဲစိတ္မယ္ "

" ေျပာၾကည့္ေလ ညီ "

" အကို႔ကို ကြၽန္ေတာ္ သေဘာက်တယ္ ၊ ကြၽန္ေတာ့္ကို အခြင့္အေရးေပးႏိုင္မလား "

အကိုက သိပ္ကို တည္ၿငိမ္ေနသည္။

" ညီ ကိုယ္က ‌အိမ္ေထာင္ရွိတယ္ေလ "

အကို႔မ်က္ဝန္းထဲမွာ ျဖတ္ေျပးေနတဲ့ အရိပ္အေယာင္ေတြက
သူ႔အေပၚ  စိတ္ပ်က္ျခင္း။

" အိမ္ေထာင္ရွိသည္ျဖစ္ေစ မရွိသည္ျဖစ္ေစ အကို ညီ့ကို မစဥ္းစားေပးႏိုင္ဘူး ၊
ၿပီးေတာ့ ခြဲစိတ္ဖို႔ ျပင္ဆင္တာ အေကာင္းဆုံးျဖစ္မယ္ေနာ္၊
အကို႔ကို ခြင့္ျပဳပါဦး "

အကို ထြက္သြားၿပီ။
အမွန္ဆို သူ တိုက္႐ိုက္ဖြင့္ေျပာလိုက္ရင္ ရပါတယ္။
ဒီလို လုပ္ဇာတ္ခင္းလိုက္တယ္ဆိုတာ အကိုမ်ား သူ႔အေပၚ သနားစိတ္ဝင္မလားဆိုတဲ့ ေသးငယ္တဲ့ ေမွ်ာ္လင့္ခ်က္ေလးျဖင့္ပင္။

ထိုစဥ္ အခန္းတြင္းသို႔ ေန႔သစ္မိုင္ ဝင္လာသည္။

" ညီ ဘယ္လိုလဲ "

အခ်ိန္ႏွစ္ရက္ပင္ ယူစရာမလိုေအာင္ အေျဖကို ေသခ်ာရရွိသြားပါၿပီ။

" မနက္ျဖန္...မနက္ျဖန္ သြားမွာမို႔လား ကိုႀကီး "

ျပတင္းမွတစ္ဆင့္ အျပင္ကို ေငးၾကည့္လိုက္သည္။
ႀကိဳးစားၾကည့္ခဲ့႐ုံတင္ဆိုေပမယ့္
ဘုရားသခင္က တကယ့္ကို ႀကိဳးစားၾကည့္ခြင့္ေလးဘဲ ေပးခဲ့ပုံပင္။

✨ February 18 , 2022 ✨

Continue Reading

You'll Also Like

401K 10.5K 12
My priority /property/privacy
3.9K 333 14
Unicode BL Short Story လေးပါ ။ ဖတ်ကြည့်ပြီးဝေဖန်ပေးနိုင်ပါတယ်နော် ။ ❣️❣️❣️ မွေးရာပါကိုယ်အဂ်ါမပြည့်စုံတဲ့ကောင်လေး..ဒီမိုးစက် နာမည်ကြီးအဆိုတော်ဖြစ်ဖို့...
601K 38.4K 39
ရှိုင်းဆက်အာဏာ💕လွန်းခတ်ပိုင်
1.3M 61.4K 29
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။