UM (Completed)

Av Alohi_ko

916K 42.2K 588

Warning ( Included abusive content!!!) Total Episodes-43 (Completed) Start date-Oct 6.2021 End date-Feb 21.20... Mer

INTRO
✨ HIGHLIGHT DIALOGUE FROM REVIEW PAGES ✨
PART 1
PART2
PART3
PART4
PART 5
PART 6
PART 7
PART 8
PART 9
PART 10
✨For knowledge✨
PART 11
PART 12
PART 13
PART 14
PART 15
PART 16
PART 17
PART 18
PATT 19
PART 20
PART 21
PART 22
PART 23
Bipolar disorder အကြောင်းတစေ့တစောင်း
PART 24
PART 25
PART 26
PART 27
PART 28
PART 29
PART 30
PART 31
PART 32
PART 33
PART 35
PART 36
PART 37
PART 38
PART 39
PART 40
PART 41
PART 42 ဇာတ်သိမ်းအား ပြန်လည်ပြင်ဆင်ခြင်း
Final Part 43
Characters ( ဒါလေး အရင် ဖတ်ပေးပါ )
I wanna know feedback👀
Book announcement ✨
Physical Book✨

PART 34

11.8K 615 2
Av Alohi_ko

Unicode

ရေချိုးပြီး ထွက်လာတော့ မောင်က အခန်းထဲသို့ ရောက်နှင့်နေပြီးဖြစ်ကာ မွေ့ယာထက်တွင် အိပ်မောကျနေလေသည်။

တစ်ကိုယ်‌ရည်အတွက် လုပ်စရာရှိသည်ကို လုပ်ပြီးနောက် မောင့်ဘေးတွင် ဝင်နေရာယူပြီး လဲလျောင်းလိုက်သည်။ 

မောင့်လက်မောင်းပေါ် တွင် ခေါင်းလေးအုံးပြီး‌နောက်... အိပ်စက်ခြင်းဆီသို့...။

အခန်း၏ အေးစက်ခြင်းနှင့်အတူ တဆစ်ဆစ်ကိုက်ချင်သလို ဖြစ်လာသည့် လက်မောင်းကြောင့် မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်တော့ သူ့ရှေ့မှောက်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် ချစ်ရသူလေးကို တွေ့လိုက်ရသည်။ မွှေးရနံ့သင်းနေသည့် ဆံသားလေးများသည် ခေါင်းလျှော်ထားပုံရသည်။

" ခ "

ပုခုံးလေးကို အသာအယာ လှုပ်၍ နှိုးလိုက်သည်။

" အွန် မောင်နိုးနေပြီလား "

ထို့နောက် မျက်လုံး ပြန်မှိတ်သွားသည်။

" ခ နေ့ခင်းဆေးသောက်ပြီးပြီလား "

" အွန်း မအိပ်ခင်က သောက်ထားတယ် "

မျက်ခွံကို အနည်းငယ် လှစ်ပြီး ပြန်ဖြေသည်။

" ဆေးက ကုန်တော့မယ်မလား၊ မောင်တို့ မနက်ဖြန် ဆေးရုံသွားကြမယ်နော် "

" အွန်း "

" မောင် ရေချိုးလိုက်ဦးမယ်နော် "

‌ဟော ပြန်အိပ်မောကျသွားပြီ။

ခေါင်းအောက်က လက်မောင်းကို မသိမသာလေးထုတ်ဖို့လုပ်တော့ အတင်းပြန်ဆွဲယူထားတာကြောင့် ခနိုးမှဘဲ ချိုးဖို့ ဆုံးဖြတ်လိုက်တော့သည်။

" အန်တီခက်ခက်နွယ်ကို ဖေဖေ့ဆီ လာခဲ့ဖို့ ပြောထားတယ် "

" အွန်း ကောင်းတယ်၊ ဖေဖေလည်း ဒီကိစ္စကို လူချင်းတွေ့ပြီးဘဲ ပြောချင်တယ် "

" ဖေဖေ "

" အေး သမီး၊ ပြော "

"  မေးစရာရှိတယ်... "

အတန်ကြာမျှ တိတ်ဆိတ်နေပြီးနောက်။

" အချစ်က ဘာလဲ "

" ဪ ဘာများလဲလို့ "

မျက်လုံးအပြူးသားဖြင့် နားထောင်လိုက်သည်။

" ဖေဖေက သမီးကိုချစ်တဲ့အချစ် အဲ့တာအချစ်ပေါ့ "

ခံစားချက်ကြီးက မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရသလိုမျိုး။

" ဟား တို့ဖေကြီးကတော့ နောက်ပြီကွာ၊ တော်ပြီ မမေးတော့ဘူး၊

တခြားဟာ ပြောင်းမေးမယ် "

" ဖေဖေ ပြောတာ မှားလို့လား "

" မမှားပါဘူး မမှားပါဘူး၊ ခုမေးတာကိုပါ သေချာ ထပ်ဖြေပေး "

" သမီးကို မနေ့က တစ်ယောက်အကြောင်းပြောပြ "

" ဘယ်သူတုန်း သမီးရဲ့.... "

စက္ကန့်အနည်းငယ်ကြာမျှ စဉ်းစားပြီးနောက်...။

" ဒေါက်တာမင်းစက်ညီကို ပြောတာလား "

" ဟုတ်ဟုတ် "

ခေါင်းကို တညိတ်ညိတ် လှုပ်ပြကာ တလက်လက်ထနေသည့် မျက်ဝန်းတို့ဖြင့် ပြန်ဖြေလိုက်သည်။

ဖေဖေ့ဆီက သူ့အကြောင်းတွေကို သိသင့်သလောက် သိခဲ့ရပြီးနောက် ခြေလှမ်းများကို သွားဌာနဘက်သို့ ဦးတည်လိုက်သည်။

မရေရာမသေချာသည့် ခံစားချက်တို့ကို ဖြစ်ပေါ်စေသူသည် သွားဆရာဝန်လေးတဲ့။

နောက်တစ်ရက်။

ဆေးကောင်တာတွင် သူနာပြုမလေးနှစ်ယောက် တီးတိုးပြောနေကြသည်။ 

" အုပ်ကြီး သမီးဆိုတာလေ၊ နေ့တိုင်းလာနေတယ်နော် "

" ဟုတ်တယ် အုပ်ကြီးက သူ့သမီးနဲ့ ငါတို့ကို လှမ်းထောက်လှမ်းနေတာလားမသိဘူး "

" ဖြစ်နိုင်တယ် "

" ဟဲ့ နေဦး ငါတို့ဌာနက တစ်ယောက်ယောက်ကိုများ မျက်စိကျနေတာလား "

" ဘယ်သူရှိလဲ စဉ်းစားစမ်း စဉ်းစားစမ်း "

" ငါတို့ ဒေါက်တာ ရေခဲတုံးကြီးများလား "

" ဟုတ်ပါ့မလား ဒီတစ်ယောက်လည်း ဒေါက်တာမင်းစက်ဆိုတာ ၊ နေပါဦး ငါစဉ်းစားပါဦးမယ် ငါတို့ဌာနမှာ အချောလေးတွေ အများကြီးပါ "

" ဟဲ့ ဖြစ်နိုင်တယ်လေ ၊ ဘယ်လောက်ချောချော ငါတို့ ဒေါက်တာလေးကို မယှဉ်နိုင်ပါဘူး၊ နင်သတိမထားမိဘူးလား ငါတို့ဌာနကို နေ့တိုင်းနေ့တိုင်း မိန်းကလေးတွေ တစ်ယောက်ပြီးတစ်ယောက်သာ ဝင်ထွက်သွားတယ် ဘယ်သူ့ဆီလာတာမှတ်လို့လဲ သူတို့အကြိုက်က တစ်ယောက်တည်းမဟုတ်ဘူးလား "

" အေး ဟုတ်တယ်နော်၊ ငါတို့တောင်မှ အဟားဟားဟား "

ထိုစဉ်။

ဘန်း!

ဆေးကောင်တာ၏ဘောင်ကို လက်ဖြင့် ရိုက်လိုက်သည်။

" အမလေးဟဲ့ "

" ဪ ဒီကောင်လေးကတော့ "

" ဘာတွေပြောနေကြတာလဲ ငါတို့ဒေါက်တာ ငါတို့ဒေါက်တာနဲ့ "

အလုပ်သင်ဆရာဝန်ပေါက်စနလေး မိုးသောက်ဖြစ်သည်။

" ဪ ဆေးရုံအုပ်သမီးပေါ့ဟယ်၊ ငါတို့ ဒေါက်တာမင်းစက်ကို ချိန်နေတဲ့အကြောင်း "

" ဟုတ်လား ပြောပါဦး စိတ်ဝင်စားတယ် "

" ဟဲ့ နေ့တိုင်းလာနေတာလေ "

"  ဘယ်နှရက်ရှိပြီမို့လို့လဲ "

" နှစ်ရက် "

" ဟားဟား နှစ်ရက်တဲ့ ၊ သူ့အကြောင်းရှိလို့ သူလာတာနေမှာပေါ့ "

" ဒါသွားဌာနလေ ဘာအကြောင်းရှိမှာတုန်း "

" ဪ သွားနာ ဘာညာနေမှာပေါ့ "

" သွားပါဟယ် ငါတို့ စကားဝိုင်းထဲ ဝင်မရှုပ်စမ်းပါနဲ့၊ ကိုယ့်အလုပ်ကိုယ် ပြန်သွားလုပ်တော့ "

မိုးသောက်ကို နှင်လွှတ်ပြီး အတင်းပြန်တုပ်ရန် ပြင်နေကြသည်။

" ဪဒါနဲ့ ကြည့်ကြပ်လည်းလုပ်ကြဦးနော် ၊ဒီဆေးရုံက cctvတွေမှာ အသံဖမ်းစနစ်ပါ ပါတယ် "

ပြောပြီး စပ်ဖြဲဖြဲဖြင့် ထွက်သွားသည်။

" တကယ်လားဟင် "

" ငါလည်း မသိဘူး "

နှစ်ယောက်သား အားကောင်းမောင်းသန်ဖြင့် ပြောတုန်းကပြောပြီး ခုကျ တင်ကုတ်ခေါင်းကုတ်ဖြစ်နေကြသည်။

" မဟေဇယ် သွားတွေက ပြင်စရာမလိုပါဘူး၊ လှနေပြီးသားပါ "

" ဒါပေမယ့် မသွားတွေက ဒီနားမှာ ကျဲနေတယ် "

" ဒါက အနေတော်ပါပဲ ၊သွားညှိစက်တပ်စရာမလိုပါဘူး "

တွေ့ဖို့ အကြောင်းက မရှိသည်မို့ သွားကိုဘဲ ဒုက္ခပေး‌ရတော့သည်။

စူးစမ်းကြည့်လိုက်တော့ သွားညှိစက်တပ်တာက နှစ်လကနေသုံးလအထိ ဆရာဝန်ဆီပြန်လာပြရသည်တဲ့။

သို့ပေမယ့်လည်း

နောက်ဆုံးကျတော့ လက်လျှော့ပြီး ပြန်လာရတာပါပဲ။

ဆရာဝန်က မတပ်ပေးဘူးဆိုတော့လည်း ဘယ်တတ်န်ိင်ပါ့မလဲ။

'အင့်'

ဘုတ်!

မိုးသောက်တစ်ယောက် ပျာပျာသလဲဖြင့် ဖိုင်တွေပွေ့ပြီး လျှောက်လာသည်။ လျှောက်လမ်းအကျယ်ကြီးမှာ တစ်ဖက်လူကလည်း ရှောင်ပေးနေရဲ့သားနဲ့ကို ဝင်တိုက်မိတာဖြစ်သည်။

" ဘာဖြစ်သွားသေးလဲဗျ "

" ရတယ် ဘာမှမဖြစ်ဘူး "

ပြောပြီး ထွက်သွားသည်။

ပြုတ်ကျသွားသည့် ဖိုင်တွေအား ပြန်ကောက်ယူပြီး တွေးလိုက်သည်က ‌'ဒီအမျိုးသမီး အတော်လှတာပဲ'ဟူ၍ပင်။

ဆေးရုံအခန်းတစ်ခန်းထဲတွင် ဖြစ်သည်။

" ကြွေ ဘာဖြစ်လို့ ဆေးရုံမဆင်းချင်ရတာလဲဟင်၊

ကိုကြီးတို့ပြောထားတယ်လေ နေ့လည်ကျဆေးရုံဆင်းပြီး မနက်ဖြန် ခွဲစိတ်ဖို့သွားကြမယ်လို့ ၊ ကိုကြီးနဲ့ ဖုန်းပြောနေတုန်းက အကောင်းကြီးပါ ခုမှ ဘာလို့ စိတ်ပြောင်းသွားရတာလဲ "

" ညီ စိတ်မပြောင်းဘူး ခွဲစိတ်မှာ "

" ဒါဆို ဘာလို့..."

" ကိုကြီး ညီ့ကို တစ်ခု ကူညီပါလား "

✨ February 17 ,2022 ✨


Zawgyi

ေရခ်ိဳးၿပီး ထြက္လာေတာ့ ေမာင္က အခန္းထဲသို႔ ေရာက္ႏွင့္ေနၿပီးျဖစ္ကာ ေမြ႕ယာထက္တြင္ အိပ္ေမာက်ေနေလသည္။
တစ္ကိုယ္‌ရည္အတြက္ လုပ္စရာရွိသည္ကို လုပ္ၿပီးေနာက္ ေမာင့္ေဘးတြင္ ဝင္ေနရာယူၿပီး လဲေလ်ာင္းလိုက္သည္။
ေမာင့္လက္ေမာင္းေပၚ တြင္ ေခါင္းေလးအုံးၿပီး‌ေနာက္... အိပ္စက္ျခင္းဆီသို႔...။

အခန္း၏ ေအးစက္ျခင္းႏွင့္အတူ တဆစ္ဆစ္ကိုက္ခ်င္သလို ျဖစ္လာသည့္ လက္ေမာင္းေၾကာင့္ မ်က္လုံးအစုံကို ဖြင့္ၾကည့္လိုက္ေတာ့ သူ႔ေရွ႕ေမွာက္တြင္ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနသည့္ ခ်စ္ရသူေလးကို ေတြ႕လိုက္ရသည္။ ေမႊးရနံ႔သင္းေနသည့္ ဆံသားေလးမ်ားသည္ ေခါင္းေလွ်ာ္ထားပုံရသည္။

" ခ "

ပုခုံးေလးကို အသာအယာ လႈပ္၍ ႏႈိးလိုက္သည္။

" အြန္ ေမာင္ႏိုးေနၿပီလား "

ထို႔ေနာက္ မ်က္လုံး ျပန္မွိတ္သြားသည္။

" ခ ေန႔ခင္းေဆးေသာက္ၿပီးၿပီလား "

" အြန္း မအိပ္ခင္က ေသာက္ထားတယ္ "

မ်က္ခြံကို အနည္းငယ္ လွစ္ၿပီး ျပန္ေျဖသည္။

" ေဆးက ကုန္ေတာ့မယ္မလား၊ ေမာင္တို႔ မနက္ျဖန္ ေဆး႐ုံသြားၾကမယ္ေနာ္ "

" အြန္း "

" ေမာင္ ေရခ်ိဳးလိုက္ဦးမယ္ေနာ္ "

‌ေဟာ ျပန္အိပ္ေမာက်သြားၿပီ။
ေခါင္းေအာက္က လက္ေမာင္းကို မသိမသာေလးထုတ္ဖို႔လုပ္ေတာ့ အတင္းျပန္ဆြဲယူထားတာေၾကာင့္ ခႏိုးမွဘဲ ခ်ိဳးဖို႔ ဆုံးျဖတ္လိုက္ေတာ့သည္။

" အန္တီခက္ခက္ႏြယ္ကို ေဖေဖ့ဆီ လာခဲ့ဖို႔ ေျပာထားတယ္ "

" အြန္း ေကာင္းတယ္၊ ေဖေဖလည္း ဒီကိစၥကို လူခ်င္းေတြ႕ၿပီးဘဲ ေျပာခ်င္တယ္ "

" ေဖေဖ "

" ေအး သမီး၊ ေျပာ "

"  ေမးစရာရွိတယ္... "

အတန္ၾကာမွ် တိတ္ဆိတ္ေနၿပီးေနာက္။

" အခ်စ္က ဘာလဲ "

" ဪ ဘာမ်ားလဲလို႔ "

မ်က္လုံးအျပဴးသားျဖင့္ နားေထာင္လိုက္သည္။

" ေဖေဖက သမီးကိုခ်စ္တဲ့အခ်စ္ အဲ့တာအခ်စ္ေပါ့ "

ခံစားခ်က္ႀကီးက ေမွ်ာ္လင့္ခ်က္ေတြ ႐ိုက္ခ်ိဳးခံလိုက္ရသလိုမ်ိဳး။

" ဟား တို႔ေဖႀကီးကေတာ့ ေနာက္ၿပီကြာ၊ ေတာ္ၿပီ မေမးေတာ့ဘူး၊
တျခားဟာ ေျပာင္းေမးမယ္ "

" ေဖေဖ ေျပာတာ မွားလို႔လား "

" မမွားပါဘူး မမွားပါဘူး၊ ခုေမးတာကိုပါ ေသခ်ာ ထပ္ေျဖေပး "

" သမီးကို မေန႔က တစ္ေယာက္အေၾကာင္းေျပာျပ "

" ဘယ္သူတုန္း သမီးရဲ႕.... "

စကၠန႔္အနည္းငယ္ၾကာမွ် စဥ္းစားၿပီးေနာက္...။

" ေဒါက္တာမင္းစက္ညီကို ေျပာတာလား "

" ဟုတ္ဟုတ္ "

ေခါင္းကို တညိတ္ညိတ္ လႈပ္ျပကာ တလက္လက္ထေနသည့္ မ်က္ဝန္းတို႔ျဖင့္ ျပန္ေျဖလိုက္သည္။

ေဖေဖ့ဆီက သူ႔အေၾကာင္းေတြကို သိသင့္သေလာက္ သိခဲ့ရၿပီးေနာက္ ေျခလွမ္းမ်ားကို သြားဌာနဘက္သို႔ ဦးတည္လိုက္သည္။

မေရရာမေသခ်ာသည့္ ခံစားခ်က္တို႔ကို ျဖစ္ေပၚေစသူသည္ သြားဆရာဝန္ေလးတဲ့။

ေနာက္တစ္ရက္။

ေဆးေကာင္တာတြင္ သူနာျပဳမေလးႏွစ္ေယာက္ တီးတိုးေျပာေနၾကသည္။

" အုပ္ႀကီး သမီးဆိုတာေလ၊ ေန႔တိုင္းလာေနတယ္ေနာ္ "

" ဟုတ္တယ္ အုပ္ႀကီးက သူ႔သမီးနဲ႔ ငါတို႔ကို လွမ္းေထာက္လွမ္းေနတာလားမသိဘူး "

" ျဖစ္ႏိုင္တယ္ "

" ဟဲ့ ေနဦး ငါတို႔ဌာနက တစ္ေယာက္ေယာက္ကိုမ်ား မ်က္စိက်ေနတာလား "

" ဘယ္သူရွိလဲ စဥ္းစားစမ္း စဥ္းစားစမ္း "

" ငါတို႔ ေဒါက္တာ ေရခဲတုံးႀကီးမ်ားလား "

" ဟုတ္ပါ့မလား ဒီတစ္ေယာက္လည္း ေဒါက္တာမင္းစက္ဆိုတာ ၊ ေနပါဦး ငါစဥ္းစားပါဦးမယ္ ငါတို႔ဌာနမွာ အေခ်ာေလးေတြ အမ်ားႀကီးပါ "

" ဟဲ့ ျဖစ္ႏိုင္တယ္ေလ ၊ ဘယ္ေလာက္ေခ်ာေခ်ာ ငါတို႔ ေဒါက္တာေလးကို မယွဥ္ႏိုင္ပါဘူး၊ နင္သတိမထားမိဘူးလား ငါတို႔ဌာနကို ေန႔တိုင္းေန႔တိုင္း မိန္းကေလးေတြ တစ္ေယာက္ၿပီးတစ္ေယာက္သာ ဝင္ထြက္သြားတယ္ ဘယ္သူ႔ဆီလာတာမွတ္လို႔လဲ သူတို႔အႀကိဳက္က တစ္ေယာက္တည္းမဟုတ္ဘူးလား "

" ေအး ဟုတ္တယ္ေနာ္၊ ငါတို႔ေတာင္မွ အဟားဟားဟား "

ထိုစဥ္။

ဘန္း!

ေဆးေကာင္တာ၏ေဘာင္ကို လက္ျဖင့္ ႐ိုက္လိုက္သည္။

" အမေလးဟဲ့ "

" ဪ ဒီေကာင္ေလးကေတာ့ "

" ဘာေတြေျပာေနၾကတာလဲ ငါတို႔ေဒါက္တာ ငါတို႔ေဒါက္တာနဲ႔ "

အလုပ္သင္ဆရာဝန္ေပါက္စနေလး မိုးေသာက္ျဖစ္သည္။

" ဪ ေဆး႐ုံအုပ္သမီးေပါ့ဟယ္၊ ငါတို႔ ေဒါက္တာမင္းစက္ကို ခ်ိန္ေနတဲ့အေၾကာင္း "

" ဟုတ္လား ေျပာပါဦး စိတ္ဝင္စားတယ္ "

" ဟဲ့ ေန႔တိုင္းလာေနတာေလ "

"  ဘယ္ႏွရက္ရွိၿပီမို႔လို႔လဲ "

" ႏွစ္ရက္ "

" ဟားဟား ႏွစ္ရက္တဲ့ ၊ သူ႔အေၾကာင္းရွိလို႔ သူလာတာေနမွာေပါ့ "

" ဒါသြားဌာနေလ ဘာအေၾကာင္းရွိမွာတုန္း "

" ဪ သြားနာ ဘာညာေနမွာေပါ့ "

" သြားပါဟယ္ ငါတို႔ စကားဝိုင္းထဲ ဝင္မရႈပ္စမ္းပါနဲ႔၊ ကိုယ့္အလုပ္ကိုယ္ ျပန္သြားလုပ္ေတာ့ "

မိုးေသာက္ကို ႏွင္လႊတ္ၿပီး အတင္းျပန္တုပ္ရန္ ျပင္ေနၾကသည္။

" ဪဒါနဲ႔ ၾကည့္ၾကပ္လည္းလုပ္ၾကဦးေနာ္ ၊ဒီေဆး႐ုံက cctvေတြမွာ အသံဖမ္းစနစ္ပါ ပါတယ္ "

ေျပာၿပီး စပ္ၿဖဲၿဖဲျဖင့္ ထြက္သြားသည္။

" တကယ္လားဟင္ "

" ငါလည္း မသိဘူး "

ႏွစ္ေယာက္သား အားေကာင္းေမာင္းသန္ျဖင့္ ေျပာတုန္းကေျပာၿပီး ခုက် တင္ကုတ္ေခါင္းကုတ္ျဖစ္ေနၾကသည္။

" မေဟဇယ္ သြားေတြက ျပင္စရာမလိုပါဘူး၊ လွေနၿပီးသားပါ "

" ဒါေပမယ့္ မသြားေတြက ဒီနားမွာ က်ဲေနတယ္ "

" ဒါက အေနေတာ္ပါပဲ ၊သြားညႇိစက္တပ္စရာမလိုပါဘူး "

ေတြ႕ဖို႔ အေၾကာင္းက မရွိသည္မို႔ သြားကိုဘဲ ဒုကၡေပး‌ရေတာ့သည္။
စူးစမ္းၾကည့္လိုက္ေတာ့ သြားညႇိစက္တပ္တာက ႏွစ္လကေနသုံးလအထိ ဆရာဝန္ဆီျပန္လာျပရသည္တဲ့။

သို႔ေပမယ့္လည္း
ေနာက္ဆုံးက်ေတာ့ လက္ေလွ်ာ့ၿပီး ျပန္လာရတာပါပဲ။
ဆရာဝန္က မတပ္ေပးဘူးဆိုေတာ့လည္း ဘယ္တတ္န္ိင္ပါ့မလဲ။

'အင့္'

ဘုတ္!

မိုးေသာက္တစ္ေယာက္ ပ်ာပ်ာသလဲျဖင့္ ဖိုင္ေတြေပြ႕ၿပီး ေလွ်ာက္လာသည္။ ေလွ်ာက္လမ္းအက်ယ္ႀကီးမွာ တစ္ဖက္လူကလည္း ေရွာင္ေပးေနရဲ႕သားနဲ႔ကို ဝင္တိုက္မိတာျဖစ္သည္။

" ဘာျဖစ္သြားေသးလဲဗ် "

" ရတယ္ ဘာမွမျဖစ္ဘူး "

ေျပာၿပီး ထြက္သြားသည္။
ျပဳတ္က်သြားသည့္ ဖိုင္ေတြအား ျပန္ေကာက္ယူၿပီး ေတြးလိုက္သည္က ‌'ဒီအမ်ိဳးသမီး အေတာ္လွတာပဲ'ဟူ၍ပင္။

ေဆး႐ုံအခန္းတစ္ခန္းထဲတြင္ ျဖစ္သည္။

" ေႂကြ ဘာျဖစ္လို႔ ေဆး႐ုံမဆင္းခ်င္ရတာလဲဟင္၊
ကိုႀကီးတို႔ေျပာထားတယ္ေလ ေန႔လည္က်ေဆး႐ုံဆင္းၿပီး မနက္ျဖန္ ခြဲစိတ္ဖို႔သြားၾကမယ္လို႔ ၊ ကိုႀကီးနဲ႔ ဖုန္းေျပာေနတုန္းက အေကာင္းႀကီးပါ ခုမွ ဘာလို႔ စိတ္ေျပာင္းသြားရတာလဲ "

" ညီ စိတ္မေျပာင္းဘူး ခြဲစိတ္မွာ "

" ဒါဆို ဘာလို႔..."

" ကိုႀကီး ညီ့ကို တစ္ခု ကူညီပါလား "

✨ February 17 ,2022 ✨

Fortsätt läs

Du kommer också att gilla

1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
11.6K 704 6
" ကြၽန္ေတာ္ ကေလးမဟုတ္ေတာ့ဘူး ယာယာ ၊ ငယ္ငယ္ကသာ ကြၽန္ေတာ့္ကို ဖေယာင္း႐ုပ္ေလးလိုပံုသြင္းလို႔ရမယ္ ၊ အခု ကြၽန္ေတာ္ လူႀကီးျဖစ္ေနၿပီ " " ဆိုးတဲ့ ကေလးေတြကို...