[Unicode]
ဆောင်းဦးအလယ် ပွဲတော်နေ့တွေတိုင်း 'နတ်ဘုရား'က အမြဲတမ်း ဟန်မေလင်းနှင့် အချိန်ကုန်ဆုံးလေ့ရှိသည်။
အခုချိန် အမှန်တရားသိသွားတာက သူ့အတွက် ဆိုးကျိုးသက်ရောက် စေနိုင်မယ် ဆိုပေမယ့်လည်း ဒီနေ့ ဟန်မေလင်းကလည်း အလုပ်မများတာမို့ သူ့ဘေးမှာ ရှိနေနိုင်တော့ သူ့ခံစားချက်တွေကို နှစ်သိမ့်ပေးနိုင်လိမ့်မည်။ ကျောင်းတက်နေတုန်း ပြောတာထက်စာရင် အခုအခြေအနေက ပိုကောင်းလေ၏။
'နတ်ဘုရား' နဲ့ စကားပြောနေသော chatboxထဲတွင် သူတစ်ခုခုကို ရိုက်နေတာ မြင်နေရတာမို့ သူမစာကို မြင်ပြီးသွားပြီဆိုတာ ထင်ရှားလေသည်။ သူတစ်ခုခု ဖြစ်သွားမှာဆိုးတာမို့ နင်မုန့် စိတ်လှုပ်ရှားကာ ကြောက်ရွံ့လို့နေ၏။
ငိုတော့မည့် မျက်နှာနှင့် နတ်ဘုရားက ဖုန်းကို ကြည့်နေမိသလို အတွေးပေါင်းစုံကလည်း ချာချာလည်နေလေသည်။ မျက်ရည်စအနည်းငယ် မျက်တောင်မှာ တွဲလဲခိုနေပုံက တောက်ပနေတဲ့ မျက်ဝန်းတွေကို သန့်ရှင်းပေးနေသည့် အလား။
နင်မုန့် သက်ပြင်းချလိုက်သည်။ သူမ လုပ်ခဲ့တဲ့ လုပ်ရက်က အရမ်း စက်ဆုပ်ဖို့ ကောင်းလှ၏။ အတွေးနဲ့ ပတ်လည်ရိုက်နေစဉ်မှာပဲ ဖုန်းတုန်လာသည်။
နတ်ဘုရား : [ဒါဆို အမ ဒီည ကျွန်တော်နဲ့ ဂိမ်းကစားဦးမှာလား]
သူက မေးခွန်း တစ်ခုတောင် မထုတ်လာသလို ဒေါသတစ်စတောင် ထွက်မလာပေ။ သူ့ရဲ့ နူးညံ့မှုက နင်မုန့် ခံစားချက်တွေကို ပိုမိုအပြစ်ရှိအောင် လုပ်လို့ နေ၏။
နင်မုန့် : [အင်း]
နတ်ဘုရား : [နောက်အခေါက်တွေရော]
နင်မုန့် : [ဆော့မှာပါ]
ချစ်ရတဲ့လူကို ဆုံးရှုံးလိုက်ရတဲ့ နတ်ဘုရားရဲ့ ခံစားချက်ကို သူမ နားလည်သည်။ လူငယ် တစ်ယောက် အနေနဲ့ ဒေါသကို ရှေ့တန်းတင်တာထက် အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက် မဆုံးရှုံးရအောင် ကြိုးစားမှာ ဖြစ်သည်။
နတ်ဘုရား : [ဒါဆို အကိုကြီးနဲ့အတူ နေပေးလိုက်နော် မဟုတ်ရင် သဝန်တိုနေဦးမယ်]
နင်မုန့် : [အိုကေ]
အချိန်အတော်ကြာ နှစ်ယောက်လုံး တိတ်ဆိတ်နေကြပြီးတဲ့အခါ စာထပ်ပို့လိုက်လေ၏။
နတ်ဘုရား : [အမ အပြစ်ရှိတယ်လို့ မခံစားရနဲ့နော်။ ကျွန်တော့်ဘဝထဲကို ယူလာပေးတဲ့ ပျော်ရွှင်စရာ အချိန်တွေအတွက် ကျေးဇူးတင်ပါတယ်။ တကယ်လို့ အကိုကြီးက အမကို ကောင်းကောင်း မဆက်ဆံရင်ပြောနော် ကျွန်တော် ရှိပါသေးတယ်]
ထိုစာတွေ မြင်ရတဲ့အခါ နင်မုန့် မျက်လုံးတို့ ရဲတွတ်လာလေ၏။
နင်မုန့် : [ဒါပေါ့]
နတ်ဘုရား : [ဒေါ်လေးကိုလည်း စိတ်မပူနဲ့နော် ကျွန်တော် ပြောပြမှာ မဟုတ်ဘူး]
ထိုစာသားကို မြင်လိုက်ရတဲ့အခါ နင်မုန့်တစ်ယောက် သူမကိုယ်သူမ လူမဟုတ်တဲ့ သူတစ်ယောက်လို ခံစားလိုက်ရ၏။ ဒီလောက် ချစ်ဖို့ကောင်းတဲ့ ကလေးတစ်ယောက်ကို နာကျင်အောင် လုပ်ရက်လိုက်တာ။ သူမ ဖုန်းချလိုက်ပြီး အသက်ပြင်းပြင်း ရှုလိုက်၏။
"ဟေး!" နင်ဝမ့်ထောင်က ရုတ်တရက် နှုတ်ဆက်လာသည်။
"ဘယ်အချိန်က ရောက်တာလဲ။ ငါ့ ဘာလို့ အသိမပေးတာလဲ။ လန့်သေအောင် ခြောက်နေတာလား"
“…”
နင်ဝမ့်ထောင်သည် နောက်ဆုံးတော့ အစေခံကို အလွတ်ပေးလိုက်ပြီ ဖြစ်၏။ နင်မုန့်အကြောင်း ဆက်ပြောချင်သေး ပေမယ့်လည်း လည်ချောင်းက နာကျင်လာတာကြောင့် ဖြစ်သည်။ နင်မုန့် အလျင်အမြန်ပဲ ချောင်းဆိုးပျောက်ဆေး ကမ်းပေးလိုက်သည်။
"အဖေ ဒါအရင်သောက်ဦး"
"မုန့်မုန့်တောင် ပြန်လာပြီပဲ"
ချောင်ရွှယ်ဟွာက လျှောက်လာရင်း နင်ဝမ့်ထောင်ကို သစ်သီးပန်းကန် နဲ့ သဘာဝလက်ဖက်ရည် တစ်ခွက် ပေးလိုက်သည်။
"မစ္စတာဟော်ရော။ ဒီနေ့က ဆောင်းဦးအလယ် ပွဲတော်နေ့ မဟုတ်ဘူးလား။ မိသားစုတွေ စုံစုံညီညီ ဖြစ်သင့်တာ ဘာလို့ သူက မလာရတာလဲ"
ထိုစာကြောင်းက နင်မုန့် မျက်ခုံးတွေကို ပင့်တက်သွားစေသည်။ နင်ဝမ့်ထောင် ဝင်ပြောလိုက်သည်။ "မင်း ဘာလို့ ဒီလို စကားတွေ ပြောနေရတာလဲ"
ချောင်ရွှယ်ဟွာက သူ့ကို အံ့ဩတဲ့ ပုံစံဖြင့် ကြည့်လိုက်ပြီး "မုန့်မုန့် နဲ့ မစ္စတာဟော်ရဲ့ ဆက်ဆံရေးက တိုးတက်လာပြီ မဟုတ်ဘူးလား။ ဒါကြောင့်ပဲ ဒီနေ့ မစ္စတာဟော် လာမယ်လို့ ကျွန်မ ထင်လိုက်တာ။ မစ္စတာလီပါ လာမယ်လို့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ထျန်းထျန်း ကျွန်မကို ပြောလာသေးတယ်"
“…”
'ဒီတော့ လာကြွားနေတာပေါ့?'
ချောင်ရွှယ်ဟွာက သူမကို အကြံပေးလာ၏။ "မစ္စတာဟော်နဲ့ ဘဝကောင်းကောင်းလေး ဖြတ်သန်းချင်တာ ကောင်းပေမယ့် သူ့နှလုံးသားကို လှောင်အိမ်ထဲ ထည့်ချုပ်မထားဖို့တော့ သတိထားနော်။ ဒီနေ့ မစ္စတာဟော်က အလုပ်ရှုပ်နေလို့လား"
နင်မုန့် နှုတ်ခမ်းတို့ တစ်ကြောင်းတည်းဖြစ်သွားသည်။
'ဟော်ပေ့ချန်က သူမကို အာရုံမစိုက်တာမို့ သူမ အနေနဲ့ ညည်းညူရပေမည်'
သူမ တစ်ခုခုပြောမယ် လုပ်လိုက်ရင်ပဲ ကားတစ်စီး ရောက်လာ၏။ အစေခံက ပြောလာသည်။ "မမလေး စုထျန်းထျန်း ရောက်ပါပြီ"
စုထျန်းထျန်းကို သွားကြိုတဲ့ ချောင်ရွှယ်ဟွာက ရွှင်မြူးတက်ကြွနေပေမယ့် သူမ အပြင်ထွက်ကြည့်လိုက်တာနှင့် စုထျန်းထျန်း တစ်ယောက်တည်းကို တွေ့လိုက်ရတဲ့အခါ လူသေတစ်ကောင်လို ရပ်တံ့လို့သွားတော့၏။
"မစ္စတာလီရော ဘယ်မှာလဲ"
[ ၂၅ပိုင်းစီပါတဲ့ pdf စာစဉ်၁ခုကို ၅၀၀ကျပ်နဲ့ wp acc cbမှာ လာဝယ်လို့ရပြီနော်^^ ။ ပြီးသွားတဲ့ စာစဉ်တွေပါ စာစဉ်၄ [EP-90 to 114]၊ စာစဉ်၅ [EP-115 to 139]၊ စာစဉ်၆ [EP-140 to 164]၊ စာစဉ်၇ [EP-165 to 189]၊ စာစဉ်၈ [EP-190 to 214]၊ စာစဉ်၉[ EP-215 to 239]၊ စာစဉ်၁၀ [EP-239 to 264]၊ စာစဉ်၁၁[EP-265 to 289]၊ စာစဉ်၁၂ [EP-290 to 314]၊ စာစဉ်၁၃ [EP-315 to 339]၊ စာစဉ်၁၄ [EP-340 to 364]၊ စာစဉ်၁၅ EP-365 to 389တို့ပါ🥰]
----------------------
[Zawgyi]
ေဆာင္းဦးအလယ္ ပြဲေတာ္ေန႔ေတြတိုင္း 'နတ္ဘုရား'က အၿမဲတမ္း ဟန္ေမလင္းႏွင့္ အခ်ိန္ကုန္ဆုံးေလ့ရွိသည္။
အခုခ်ိန္ အမွန္တရားသိသြားတာက သူ႔အတြက္ ဆိုးက်ိဳးသက္ေရာက္ ေစႏိုင္မယ္ ဆိုေပမယ့္လည္း ဒီေန႔ ဟန္ေမလင္းကလည္း အလုပ္မမ်ားတာမို႔ သူ႔ေဘးမွာ ရွိေနႏိုင္ေတာ့ သူ႔ခံစားခ်က္ေတြကို ႏွစ္သိမ့္ေပးႏိုင္လိမ့္မည္။ ေက်ာင္းတက္ေနတုန္း ေျပာတာထက္စာရင္ အခုအေျခအေနက ပိုေကာင္းေလ၏။
'နတ္ဘုရား' နဲ႔ စကားေျပာေနေသာ chatboxထဲတြင္ သူတစ္ခုခုကို ႐ိုက္ေနတာ ျမင္ေနရတာမို႔ သူမစာကို ျမင္ၿပီးသြားၿပီဆိုတာ ထင္ရွားေလသည္။ သူတစ္ခုခု ျဖစ္သြားမွာဆိုးတာမို႔ နင္မုန႔္ စိတ္လႈပ္ရွားကာ ေၾကာက္႐ြံ႕လို႔ေန၏။
ငိုေတာ့မည့္ မ်က္ႏွာႏွင့္ နတ္ဘုရားက ဖုန္းကို ၾကည့္ေနမိသလို အေတြးေပါင္းစုံကလည္း ခ်ာခ်ာလည္ေနေလသည္။ မ်က္ရည္စအနည္းငယ္ မ်က္ေတာင္မွာ တြဲလဲခိုေနပုံက ေတာက္ပေနတဲ့ မ်က္၀န္းေတြကို သန႔္ရွင္းေပးေနသည့္ အလား။
နင္မုန႔္ သက္ျပင္းခ်လိုက္သည္။ သူမ လုပ္ခဲ့တဲ့ လုပ္ရက္က အရမ္း စက္ဆုပ္ဖို႔ ေကာင္းလွ၏။ အေတြးနဲ႔ ပတ္လည္႐ိုက္ေနစဥ္မွာပဲ ဖုန္းတုန္လာသည္။
နတ္ဘုရား : [ဒါဆို အမ ဒီည ကြၽန္ေတာ္နဲ႔ ဂိမ္းကစားဦးမွာလား]
သူက ေမးခြန္း တစ္ခုေတာင္ မထုတ္လာသလို ေဒါသတစ္စေတာင္ ထြက္မလာေပ။ သူ႔ရဲ႕ ႏူးညံ့မႈက နင္မုန႔္ ခံစားခ်က္ေတြကို ပိုမိုအျပစ္ရွိေအာင္ လုပ္လို႔ ေန၏။
နင္မုန႔္ : [အင္း]
နတ္ဘုရား : [ေနာက္အေခါက္ေတြေရာ]
နင္မုန႔္ : [ေဆာ့မွာပါ]
ခ်စ္ရတဲ့လူကို ဆုံးရႈံးလိုက္ရတဲ့ နတ္ဘုရားရဲ႕ ခံစားခ်က္ကို သူမ နားလည္သည္။ လူငယ္ တစ္ေယာက္ အေနနဲ႔ ေဒါသကို ေရွ႕တန္းတင္တာထက္ အရင္းႏွီးဆုံး သူငယ္ခ်င္းတစ္ေယာက္ မဆုံးရႈံးရေအာင္ ႀကိဳးစားမွာ ျဖစ္သည္။
နတ္ဘုရား : [ဒါဆို အကိုႀကီးနဲ႔အတူ ေနေပးလိုက္ေနာ္ မဟုတ္ရင္ သ၀န္တိုေနဦးမယ္]
နင္မုန႔္ : [အိုေက]
အခ်ိန္အေတာ္ၾကာ ႏွစ္ေယာက္လုံး တိတ္ဆိတ္ေနၾကၿပီးတဲ့အခါ စာထပ္ပို႔လိုက္ေလ၏။
နတ္ဘုရား : [အမ အျပစ္ရွိတယ္လို႔ မခံစားရနဲ႔ေနာ္။ ကြၽန္ေတာ့္ဘ၀ထဲကို ယူလာေပးတဲ့ ေပ်ာ္႐ႊင္စရာ အခ်ိန္ေတြအတြက္ ေက်းဇူးတင္ပါတယ္။ တကယ္လို႔ အကိုႀကီးက အမကို ေကာင္းေကာင္း မဆက္ဆံရင္ေျပာေနာ္ ကြၽန္ေတာ္ ရွိပါေသးတယ္]
ထိုစာေတြ ျမင္ရတဲ့အခါ နင္မုန႔္ မ်က္လုံးတို႔ ရဲတြတ္လာေလ၏။
နင္မုန႔္ : [ဒါေပါ့]
နတ္ဘုရား : [ေဒၚေလးကိုလည္း စိတ္မပူနဲ႔ေနာ္ ကြၽန္ေတာ္ ေျပာျပမွာ မဟုတ္ဘူး]
ထိုစာသားကို ျမင္လိုက္ရတဲ့အခါ နင္မုန႔္တစ္ေယာက္ သူမကိုယ္သူမ လူမဟုတ္တဲ့ သူတစ္ေယာက္လို ခံစားလိုက္ရ၏။ ဒီေလာက္ ခ်စ္ဖို႔ေကာင္းတဲ့ ကေလးတစ္ေယာက္ကို နာက်င္ေအာင္ လုပ္ရက္လိုက္တာ။ သူမ ဖုန္းခ်လိုက္ၿပီး အသက္ျပင္းျပင္း ရႈလိုက္၏။
"ေဟး!" နင္၀မ့္ေထာင္က ႐ုတ္တရက္ ႏႈတ္ဆက္လာသည္။
"ဘယ္အခ်ိန္က ေရာက္တာလဲ။ ငါ့ ဘာလို႔ အသိမေပးတာလဲ။ လန႔္ေသေအာင္ ေျခာက္ေနတာလား"
“…”
နင္၀မ့္ေထာင္သည္ ေနာက္ဆုံးေတာ့ အေစခံကို အလြတ္ေပးလိုက္ၿပီ ျဖစ္၏။ နင္မုန႔္အေၾကာင္း ဆက္ေျပာခ်င္ေသး ေပမယ့္လည္း လည္ေခ်ာင္းက နာက်င္လာတာေၾကာင့္ ျဖစ္သည္။ နင္မုန႔္ အလ်င္အျမန္ပဲ ေခ်ာင္းဆိုးေပ်ာက္ေဆး ကမ္းေပးလိုက္သည္။
"အေဖ ဒါအရင္ေသာက္ဦး"
"မုန႔္မုန႔္ေတာင္ ျပန္လာၿပီပဲ"
ေခ်ာင္႐ႊယ္ဟြာက ေလွ်ာက္လာရင္း နင္၀မ့္ေထာင္ကို သစ္သီးပန္းကန္ နဲ႔ သဘာ၀လက္ဖက္ရည္ တစ္ခြက္ ေပးလိုက္သည္။
"မစၥတာေဟာ္ေရာ။ ဒီေန႔က ေဆာင္းဦးအလယ္ ပြဲေတာ္ေန႔ မဟုတ္ဘူးလား။ မိသားစုေတြ စုံစုံညီညီ ျဖစ္သင့္တာ ဘာလို႔ သူက မလာရတာလဲ"
ထိုစာေၾကာင္းက နင္မုန႔္ မ်က္ခုံးေတြကို ပင့္တက္သြားေစသည္။ နင္၀မ့္ေထာင္ ၀င္ေျပာလိုက္သည္။ "မင္း ဘာလို႔ ဒီလို စကားေတြ ေျပာေနရတာလဲ"
ေခ်ာင္႐ႊယ္ဟြာက သူ႔ကို အံ့ဩတဲ့ ပုံစံျဖင့္ ၾကည့္လိုက္ၿပီး "မုန႔္မုန႔္ နဲ႔ မစၥတာေဟာ္ရဲ႕ ဆက္ဆံေရးက တိုးတက္လာၿပီ မဟုတ္ဘူးလား။ ဒါေၾကာင့္ပဲ ဒီေန႔ မစၥတာေဟာ္ လာမယ္လို႔ ကြၽန္မ ထင္လိုက္တာ။ မစၥတာလီပါ လာမယ္လို႔ လြန္ခဲ့တဲ့ ရက္အနည္းငယ္က ထ်န္းထ်န္း ကြၽန္မကို ေျပာလာေသးတယ္"
“…”
'ဒီေတာ့ လာႂကြားေနတာေပါ့?'
ေခ်ာင္႐ႊယ္ဟြာက သူမကို အႀကံေပးလာ၏။ "မစၥတာေဟာ္နဲ႔ ဘဝေကာင္းေကာင္းေလး ျဖတ္သန္းခ်င္တာ ေကာင္းေပမယ့္ သူ႔ႏွလုံးသားကို ေလွာင္အိမ္ထဲ ထည့္ခ်ဳပ္မထားဖို႔ေတာ့ သတိထားေနာ္။ ဒီေန႔ မစၥတာေဟာ္က အလုပ္ရႈပ္ေနလို႔လား"
နင္မုန႔္ ႏႈတ္ခမ္းတို႔ တစ္ေၾကာင္းတည္းျဖစ္သြားသည္။
'ေဟာ္ေပ့ခ်န္က သူမကို အာ႐ုံမစိုက္တာမို႔ သူမ အေနနဲ႔ ညည္းညဴရေပမည္'
သူမ တစ္ခုခုေျပာမယ္ လုပ္လိုက္ရင္ပဲ ကားတစ္စီး ေရာက္လာ၏။ အေစခံက ေျပာလာသည္။ "မမေလး စုထ်န္းထ်န္း ေရာက္ပါၿပီ"
စုထ်န္းထ်န္းကို သြားႀကိဳတဲ့ ေခ်ာင္႐ႊယ္ဟြာက ႐ႊင္ျမဴးတက္ႂကြေနေပမယ့္ သူမ အျပင္ထြက္ၾကည့္လိုက္တာႏွင့္ စုထ်န္းထ်န္း တစ္ေယာက္တည္းကို ေတြ႕လိုက္ရတဲ့အခါ လူေသတစ္ေကာင္လို ရပ္တံ့လို႔သြားေတာ့၏။
"မစၥတာလီေရာ ဘယ္မွာလဲ"
[ ၂၅ပိုင္းစီပါတဲ့ pdf စာစဥ္၁ခုကို ၅၀၀က်ပ္နဲ႔ wp acc cbမွာ လာ၀ယ္လို႔ရၿပီေနာ္^^ ။ ၿပီးသြားတဲ့ စာစဥ္ေတြပါ စာစဥ္၄ [EP-90 to 114]၊ စာစဥ္၅ [EP-115 to 139]၊ စာစဥ္၆ [EP-140 to 164]၊ စာစဥ္၇ [EP-165 to 189]၊ စာစဥ္၈ [EP-190 to 214]၊ စာစဥ္၉[ EP-215 to 239]၊ စာစဥ္၁၀ [EP-239 to 264]၊ စာစဥ္၁၁[EP-265 to 289]၊ စာစဥ္၁၂ [EP-290 to 314]၊ စာစဥ္၁၃ [EP-315 to 339]၊ စာစဥ္၁၄ [EP-340 to 364]၊ စာစဥ္၁၅ EP-365 to 389တို႔ပါ🥰]