ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့...

By Dandelion_nini

5.2M 710K 55K

Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking fin... More

Synopsis
အသိပေးစာ
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35.1
Chapter 35.2
Chapter 35.3
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140
Chapter 141
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155
Chapter 156
Chapter 157
Chapter 158
Chapter 159
Chapter 160
Chapter 161
Chapter 162
Chapter 163
Chapter 164
Chapter 165
Chapter 166
Chapter 167
Chapter 168
Chapter 169
Chapter 170
Chapter 171
Chapter 172
Chapter 173
Chapter 174
Chapter 175
Chapter 176
Chapter 177
Chapter 178
Chapter 179
Chapter 180
Chapter 181
Chapter 182
Chapter 183
Chapter 184
Chapter 185
Chapter 186
Chapter 187
Chapter 188
Chapter 189
Chapter 190
Chapter 191 [ Final ]
ကျေးဇူးတင်လွှာနဲ့ Extraအကြောင်း
Updates and fanarts
About Car

Chapter 78

27.7K 3.8K 624
By Dandelion_nini

Unicode

ကျိုးရီရှင်းတရုတ်ကိုပြန်လာတော့မယ်
________________________________

ယန်းချင်းချီ ယွမ်မင်ရွှိကိုကြည့်လိုက်ကာ

''ဘာဖြစ်လို့လဲဆိုတော့ သူမင်းနဲ့ထပ်ပြီး မပတ်သက်ချင်တော့လို့ပဲ သူမင်းကို လူကိုယ်တိုင်တွေ့ပြီး သတိပေးချင်တာတောင် မင်းနဲ့ဆက်သွယ်ရင် ဇာတ်လမ်းတွေပိုရှုပ်လာမှာစိုးလို့ သူ့ရဲ့တရားဝင်အိမ်ထောင်ဖက်ဖြစ်တဲ့ ငါ့ကို သူ့အစား ပြောခိုင်းလိုက်တာ နားလည်ပြီလား ''

ယွမ်မင်ရွှိကတော့ အခုချိန်ထိကို အံ့သြတုန်လှုပ်သွားသည့် အခိုက်အတန့်ကြီးကနေ ရုန်းမထွက်နိုင်သေးပါ။

''ဟုတ်ပြီ ငါထပ်ပြီး ပြောချင်တာကတော့ ငါမင်းကို ဒီနေရာမှာတွေ့ပြီး ဒီစကားတွေပြောနေတယ်ဆိုတာ မင်းကိုဒီတိုင်းမြင်ဖူးချင်ရုံသပ်သပ်ကြီးပဲမဟုတ်ဘူး မင်းနဲ့ကျန်းမော့ချန်ရဲ့ဆက်ဆံရေးကိုသိထားတဲ့အတွက် တချိန်ချိန်မှာ ငါတို့ တစ်ကွေ့မဟုတ်တစ်ကွေ့ တွေ့မယ်ဆိုတာကိုသိနေတယ် အဲ့ဒါကြောင့် တစ်ခါထဲအပြတ်ရှင်းဖို့ဆုံးဖြတ်လိုက်တာ ငါက မင်းနဲ့မတူဘူး ငါ မင်းတို့ရဲ့အတိတ်ကိုလက်ခံနိုင်တယ် မင်းကိုကျန်းမော့ချန်ကြိုက်ခဲ့တယ်ဆိုတဲ့ အချက်ကိုလည်းလက်ခံနိုင်တယ် အဲ့ဒါကြောင့် ငါ သူ့အတိတ်ကိုဂရုမစိုက်ဘူး လူတိုင်းမှာအတိတ်ကိုယ်စီရှိကြတာပဲ အတိတ်ကအတိတ်ပဲ ပြီးသွားပြီ ပစ္စပ္ပန်အထိဆက်နွယ်နေစရာအကြောင်းမရှိဘူး အဲ့တော့ငါလည်း စိတ်ရှုပ်ခံပြီး ဂရုစိုက်မနေဘူး သူငါ့ကိုသဘောကျတယ် သူငါ့ကိုထိခိုက်နာကျင်အောင် ဘယ်တော့မှမလုပ်ဘူးဆိုတဲ့ အချက်တွေသိနေရုံနဲ့တင် လုံလောက်ပြီ''

''ယွမ်မင်ရွှိ '' ယန်းချင်းချီ တဖက်လူကို သေချာကြည့်ကာ တည်ကြည်လေးနက်စွာပြောလာသည်။ '' ငါမင်းကိုဒီလိုစကားတွေအများကြီးပြောတာ ဒါပထမဆုံးပဲ ပြီးတော့ နောက်ဆုံးဖြစ်ဖို့လည်း မျှော်လင့်တယ် နောက်တစ်ခါ ငါ့ရှေ့ ကားယားကားယားလာလုပ်နေရင် တစ်ခါတည်း အထင်အမြင်သေးပြီး ရှုံ့ချပစ်လိုက်မယ် လှောင်ရယ်ပစ်လိုက်မယ် စိတ်အခြေအနေမကောင်းရင် တွေ့တာနေရာမှာတင် ကောက်ရိုက်ပစ်လိုက်မယ် ဒီလိုမျိုးအချိန်တွေဖြုန်းပြီး လေကုန်ခံနေမှာ မဟုတ်တော့ဘူး အမြဲတမ်း လူရှေ့ကျ သနားကမားရုပ်လေးလုပ်ပြ၊ နောက်ကွယ်မှာကျ ဘယ်သူ့ကိုဘယ်လိုဒုက္ခပေးရမလဲဆိုပြီး အကြံဉာဏ်တွေထုတ်တတ်တဲ့ မင်းအကျင့်တွေကိုမကြိုက်ပေမဲ့ ဒါကလည်း ဒီလောကထဲ ရှင်သန်ဖို့ကြိုးစားနေရတဲ့ မင်းရဲ့နည်းလမ်းမို့လို့ ငါလည်းဘာမှမပြောလိုဘူး ဒါပေမဲ့ ရှေးလူကြီးတွေပြောတာကြားဖူးတယ်မလား စက္ကူနဲ့မီးငြှိိမ်းလို့မရဘူးတဲ့* လောင်ကျွမ်းလာတဲ့တနေ့ကျရင် မင်းနာမည်ပျက်ဆီးသွားလိမ့်မယ် အခု ငါ့အတင်းအဖျင်းတွေကိုလိုက်ဖွတယ်နော် မင်းလည်းဒီလောကထဲကလူပဲ တစ်နေ့ မင်းအတင်းအဖျင်းတွေကို လိုက်ဖွတဲ့လူဆိုတာလည်းရှိလာဦးမှာပဲ ''

(T/N: ဥပစာပါ စက္ကူနဲ့မီးငြှိမ်းလို့မရဘူး လောင်မှာပဲ ဘာကိုမှဖုံးကွယ်လို့မရဘူး တနေ့ပေါ်မှာပဲ)

''အခုတော့ '' ယန်းချင်းချီ တံခါးဘက် လက်ဆန့်တန်းလိုက်ကာ '' ပြန်လို့ရပြီ ငါလည်းအိပ်ချင်နေပြီ ''

ယွမ်မင်ရွှိ ယန်းချင်းချီ အခန်းထဲကနေ ဘယ်လိုကနေဘယ်လိုပြန်ထွက်လာခဲ့မှန်းမသိလိုက်ပါ။ သူအသိဝင်လာတဲ့အချိန် အခန်းပြင်ကိုတောင်ရောက်နေပြီ ဖြစ်သည်။ အားလုံးက ယန်းချင်းချီ၏ ထိန်းချုပ်မှုအောက်မှာလိုပင်။ ယွမ်မင်ရွှိတစ်ယောက် ကိုယ့်ခြေထောက်နဲ့ကိုယ် ယန်းချင်းချီအခန်းထဲဝင်သွားပြီး အလှောင်ခံရလို့ဝ၊ အဟားခံရလို့ဝမှ အခန်းပြင်ကိုကန်ထုတ်ခံလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။ သူ သူ့အခန်းသူပြန်လာလိုက်ကာ အိပ်ယာပေါ် ငူငူငေါင်ငေါင်ကြီးထိုင်နေပြီး ဘာဆက်လုပ်လို့လုပ်ရမှန်းမသိဖြစ်နေသည်။

ထိုအချိန်မှာပဲ သူ့ဖုန်း Notiတက်သံ ကြားလိုက်ရတာကြောင့် ဖုန်းကို စားပွဲပေါ်ကနေ ယူကြည့်လိုက်သည့်အခါ Wechatကနေ စာပို့လာသူမှာ ကျိုးရီရှင်းဖြစ်နေလေသည်။

[ ရှောင်ရွှိ ကိုယ်ပြန်လာဖို့ စီစဥ်နေပြီ ]

ဖုန်း Lockဖွင့်ပြီး Appထဲဝင်မကြည့်ဘူးဆိုလျှင်တောင် ဖန်သားမျက်နှာပြင်မှာပေါ်နေသည့် Noti Boxထဲက စာကိုကြည့်ရုံနဲ့တင် တဖက်လူက သူ့ဆီဘာတွေပို့ထားမှန်း သူသေချာမြင်နေရသည်။

ယွမ်မင်ရွှိ ဖုန်းမျက်နှာပြင်ကို ဗလာသက်သက်ကြီး ငေးကြည့်နေစဥ် နောက်ထပ် Notiဝင်သံ ထပ်မြည်လာပြီး မျက်နှာပြင်ပေါ်က ပြောင်းလဲသွားသည့် စာသားမှာ : [ မင်းကိုယ့်ကို လာကြိုမှာလား ]

ယွမ်မင်ရွှိ ရုတ်ရက်ကြီး ထရယ်လိုက်မိသည်။ သူ ယန်းချင်းချီပြောသည့်စကားများကို ပြန်သတိရမိသွားသည့်အခါ တဖက်လူစကားတွေက တော်တော်လေးမှန်သည်ဟု ခံစားလိုက်ရသည်။ လရောင်ငေးဖြစ်နေရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ငေးကြည့်နေရုံသာတတ်နိုင်ပြီး အမြင့်ဆုံးကိုလက်လှမ်းမမှီသည့် လရောင်ဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် သူက ကျန်းမော့ချန်ကိုပြန်လိုက်နေသည့်အချိန် သူ့အပေါ်ရှိနေသည့် ကျိုးရီရှင်းခံစားချက်တွေကလည်း ပြောင်းလဲသွားပြန်သည်။ ဒါပေမဲ့ အခုမတူတော့ဘူး။ သူ ကျန်းမော့ချန်ကိုထပ်မကပ်တော့ဘူး။ ကျိုးရီရှင်းကိုအသုံးချပြီး ကျန်းမော့ချန်ကိုနောင်တရအောင်ပြန်လုပ်ပစ်မည်။ 'ကျိုးရီရှင်းပြန်လာပြီ မင်းကိုဂရုစိုက်စရာမလိုတော့ဘူး'ဆိုသည့် အချိုးမျိုး ပြန်ချိုးပြမည်။ သူ လိုက်ကပ်နေတုန်းကကျ ကျန်းမော့ချန်က လျစ်လျူရှုထားခဲ့တာကြောင့် သူ့ကိုတန်ဖိုးမထားပဲ အဆက်အသွယ်ဖြတ်ထားခဲ့သည့် တန်ရာတန်ကြေးအတွက် သူနဲ့ကျိုးရီရှင်း အတူရှိနေတာကိုကြည့်ပြီး နောင်တတွေရနေစေရမည်။

ကျိုးရီရှင်းကျတော့လား။ ယွမ်မင်ရွှိ ဖုန်းမျက်နှာပြင်မှာပေါ်နေသော 'လာကြိုမှာလား' ဆိုသည့် စာကိုကြည့်လိုက်ကာ တဖက်လူအပေါ် အရင်ကလောက်ခံစားချက်တွေမရှိတော့တာကို သတိထားမိလိုက်သည်။ တဖက်လူကိုကမ္ဘာကြီးမှတ်ပြီး အရာရာမပေးဆပ်ချင်တော့ပါ။ ကျန်းမော့ချန်သူ့ဆီပြန်လာဖို့အတွက် ကျိုးရီရှင်းကို ကြိုးရှည်ရှည်နဲ့လှန်ထားပြီး အသုံးချရမည်။ အခု ကျန်းမော့ချန်လက်ထပ်သွားတဲ့အချိန်ကျမှ ကိုယ့်ခံစားချက်ကိုယ် နားလည်သွားပြီး ကျန်းမော့ချန်ကို သူ့ဆီစိတ်ပြန်လည်လာအောင်ပဲ လုပ်ချင်တော့သည်ဟု ကျိုးရီရှင်းကိုပြောရမည်။ ကျန်းမော့ချန်ကိုပဲ တမ်းတမ်းစွဲချစ်နေတဲ့ပုံဟန်ဆောင်ပြီး ကိုယ်သဘောကျတဲ့လူက ကိုယ့်ပြန်မကြိုက်ပဲ တခြားလူကြောင့် နောက်မှာချန်ထားခံရသည့် ခံစားချက်မျိုးကို ကျိုးရီရှင်းလည်း ထပ်တူခံစားစေရမည်။

သူ ထိုသို့တွေးမိလိုက်သည့်အခါ အရမ်းကိုပျော်သွားခဲ့သည်။ ပွဲကောင်းက အခုမှစတာ။ ကျန်းမော့ချန်ရော၊ ကျိုးရီရှင်းရော သူ့ကိုတမ်းတမ်းစွဲဖြစ်နေစေရမယ်။ အခု ကျိုးရီရှင်းသူ့နောက်လိုက်လာသလိုပဲ ကျန်းမော့ချန်လည်း သူ့ဆီ နောင်တတွေတပွေ့တပိုက်နဲ့ပြန်လာစေရမယ်။ အဲ့အချိန်ကျ ဒီနေ့ခံစားခဲ့ရတဲ့ အရှက်ခွဲခံရမှုတွေ၊လှောင်ပြောင်သရော်မှုတွေအားလုံး ယန်းချင်းချီလည်း သူ့နည်းတူပြန်ခံစားစေရမယ်! ယန်းချင်းချီ စောင့်နေလိုက်!

ယန်းချင်းချိီကတော့ ယွမ်မင်ရွှိရဲ့ပေါကြောင်ကြောင်အတွေးတွေကိုမသိသေးပါ။ သူ တဖက်လူကိုနှင်ထုတ်ပြီးနောက် ကျန်းမော့ချန်ဆီ ဖုန်းခေါ်လိုက်သည်။

''ခုနက မအားဘူးလား '' ဤသည်မှာ ဖုန်းဝင်ဝင်ချင်း ကျန်းမော့ချန်စမေးသည့် မေးခွန်းဖြစ်သည်။

''မအားဘူး ''

''အဲ့တော့ ယွမ်မင်ရွှိ မင်းဆီလာပြီး တစ်ခုခုပြောသေးလား ''

''အမှန်တိုင်းပြောရရင် အခုလေးတင်မှပြန်သွားတာ '' ယန်းချင်းချီကလည်း လေသံအတက်အကျမရှိပြန်ဖြေလိုက်သည်။

ကျန်းမော့ချန် တစ်ခဏလောက် ကြောင်အသွားကာ

''သူမင်းကိုဘာတွေပြောသေးလဲ ''

''ထွေထွေထူးထူးမဟုတ်ပါဘူး သနားကမားရုပ်လေးလုပ်ပြပြီး ခင်ဗျားနဲ့ပြန်အဆင်ပြေအောင်ကူညီခိုင်းတယ် ခင်ဗျားလိုသူငယ်ချင်းမျိုးဆုံးရှုံးလို့မဖြစ်ဘူးလို့ပြောတယ် ခင်ဗျားတို့နှစ်ယောက်ကို ဒီတိုင်းလွှတ်ထားပေးဖို့ တောင်းဆိုတယ် ကျွန်တော်ကတော့ အဲ့ဒါကျွန်တော်နဲ့မဆိုင်ဘူး ခင်ဗျားဆီသွားလို့ပဲ ပြောလိုက်တယ် ''

''ဒါပဲလား ''

''တခြားအကြောင်းအရာတွေက သိပ်အရေးမကြီးပါဘူး ခင်ဗျားနဲ့ဝေးဝေးနေဖို့ပဲသတိပေးလိုက်တာပါ ဥပမာ ဒီနေ့ ခင်ဗျားက သူ့ကိုလျစ်လျူရှုရင် မနက်ဖြန်ကျ ခင်ဗျားကို ပြန်ပြီးလျစ်လျူရှုခိုင်းလိုက်တာမျိုး ခင်ဗျားရှေ့မှာ ခုန်လိုက်ပေါက်လိုက်နဲ့အတင်းလိုက်ကပ်နေမဲ့အစား ခပ်တည်တည်ခပ်တန်းတန်းနေပြီး လက်စားပြန်ချေခိုင်းလိုက်ရုံတင် အဲ့အချိန်ကျမှ ခင်ဗျားက နောင်တတွေတပွေ့တပိုက်နဲ့ သူ့ဆီပြန်ကပ်သွားတာမျိုးပေါ့ ''

ကျန်းမော့ချန် : ''................ အဲ့တော့ ကိုယ်သူ့အပေါ် ခံစားချက်တွေပြန်ရှိလာမှာကို မင်းကမျှော်လင့်နေသေးတယ်ပေါ့? ''

''ကျွန်တော့်ကိုလာမေးမနေနဲ့ အဲ့ဒါ ခင်ဗျားအပေါ်မှာပဲမူတည်တယ် ကျွန်တော်က သူ ကျွန်တော်တို့ရှေ့ ခုန်လိုက်ပေါက်လိုက်လုပ်နေတာကို မျက်စိဆံပင်မွေးစူးလို့ ဒီတိုင်းပြောလိုက်ရုံတင် ကိုယ့်အိမ်မက်နဲ့ကိုယ် ပိတ်မိနေတဲ့လူတစ်ယောက်ကို နှိုးလို့မရမှတော့ ခင်ဗျားအနားမကပ်တော့အောင် အိမ်မက်အကြီးကြီးတွေဆက်မက်ခိုင်းလိုက်ရုံပဲရှိတော့တယ် ''

ကျန်းမော့ချန် တဖက်လူ၏ဖြေရှင်းပုံလေးကို နားထောင်ရင်း အကူအညီမဲ့စွာ ရယ်လိုက်မိသည်။

''မင်းကလေ ကျောင်းသားတစ်ယောက်ရဲ့ ပါရမီနဲ့အခြေအနေကိုကြည့်ပြီး ဘယ်ကျောင်းသားကို ဘယ်လိုသင်ရမလဲ ကောင်းကောင်းသိတယ် ''

''ဒါပေါ့ ပြဿနာတွေကို အခြေအနေ၊အချိန်အခါပေါ်မူတည်ပြီး ဖြေရှင်းတတ်ရတယ်လို့ အထက်တန်းတုန်းက ဒဿနိကအချိန်မှာ သင်ခဲ့ဖူးတယ်''

''မင်းရဲ့ ဒဿနိကဆရာကတော့ သူသင်ထားသမျှ ရှင်းရှင်းလင်းလင်းမှတ်မိနေလို့ ပျော်နေတော့မှာပဲ ဟုတ်ပြီ ကိုယ့်ကို Recording ပို့လိုက် ကိုယ့်ဘာသာနားထောင်ကြည့်လိုက်မယ် မရှိဘူးလို့တော့မပြောနဲ့နော် ၂၄နာရီလုံး သက်သေရဖို့အရေး Recordingသွင်းလိုက်ရမှ ကျေနပ်တဲ့လူက ဒီလိုအခြေအနေမျိုးမှာလည်း Recording မသွင်းထားဘူးဆိုတာမဖြစ်နိုင်ဘူး ဟုတ်တယ်မလား ''

ယန်းချင်းချီ မျက်ခုံးကြုံ့လိုက်ကာ

''ခင်ဗျား စိတ်ထဲမှာ ကျွန်တော်က အဲ့လိုလူမျိုးလား ​​ပြော အားအားနေ Recording သွင်းဖို့ပဲသိတဲ့ အသံဖမ်းစက်လေးပေါ့? ''

''မင်းက အသံဖမ်းစက်ထက်တောင် Function ပိုစုံတယ် အရေးကြီးတဲ့အချိန်ကျမှ ကောက်သွင်းတတ်တာမျိုး ''

ယန်းချင်းချီ ကယ်ကူရာမဲ့သွားကာ

''တော်ပြီ ခင်ဗျားလက်လျှော့လိုက်တော့ ခင်ဗျားကိုပေးနားမထောင်တော့ဘူး ''

''ဘာလို့လဲ ကိုယ်နားထောင်လို့မရတဲ့ အကြောင်းအရာတွေပါလို့လား ''

''ကျိန်းသေပေါက်ပါတာပေါ့ '' ယန်းချင်းချီဘက်ကလည်း မဖုံးကွယ်ထားပါ။ '' ကျွန်တော်တို့ပြောတာတွေထဲမှာ ခင်ဗျားကကျွန်တော့်ကို မြင်မြင်ချင်းချစ်မိသွားတာ ကျွန်တော့်ကိုအရူးအမူးစွဲလမ်းသွားလို့ ကျွန်တော့်မှလက်မထပ်ရရင် ငိုလိုက်ရယ်လိုက်တွေလုပ်ပြီး အတင်းတွေတောင်းဆိုခဲ့လို့ ကျွန်တော်လက်ထပ်ဖို့သဘောတူလိုက်ရတာ ကျွန်တော့်ကိုမျက်စိအောက်ကအပျောက်မခံချင်လို့ နန်ချန်ကိုရွှေ့ခိုင်းပြီး အကောင်းစားဆိုတဲ့ အခွင့်အရေးတွေမှရှာပေးတာ ကျွန်တော့်အနာဂတ်လမ်းကြောင်းကို ခင်ဗျားပဲစီစဥ်ပေးပြီး ဒီShowလာရိုက်တုန်းက စိတ်ပူလွန်းလို့ Wechatကနေပို့လိုက်တဲ့စာတွေဆိုတာ မရေမတွက်နိုင်ဘူး တနေ့တနေ့ ကျွန်တော့်မျက်နှာမမြင်ရရင် ကဂျီကဂျောင်လုပ်လွန်းလို့ နေ့တိုင်း Video Callခေါ်ပေးရတယ် ဘယ်သူနဲ့မှလည်းစကားပြောခွင့်မပေးဘူး အဲ့လိုမျိုးတွေလျှောက်ပြောထားတာကို ပေးနားထောင်စရာလား! ''

ကျန်းမော့ချန် ထိုစကားတွေကြောင့် တစ်စက္ကန့်လောက် အံ့သြမှင်သက်သွားကာ

''.................. မင်းစိတ်ထဲမှာဖြစ်စေချင်တဲ့ ကိုယ်က အဲ့လိုပုံစံမျိုးလား ''

''ဘယ်ကလာ အဲ့ဒါက ယွမ်မင်ရွှိကို ကလိကလိလုပ်ဖို့ လျှောက်ပြောလိုက်ရုံတင် ''

''အဲ့ဒါကို ယွမ်မင်ရွှိက ယုံလား ''

''ဟားဟား ဘယ်လိုလုပ်ယုံမှာလဲ အသံပြဲကြီးနဲ့ မဖြစ်နိုင်ဘူး လျှောက်မပြောနဲ့လို့ ထအော်တာပေါ့ ကျွန်တော်ကလည်း မယုံရင် ခင်ဗျားကိုမေးကြည့်လိုက်လို့ပြန်ပြောလိုက်တယ်လေ ခင်ဗျားကိုလာရှာပြီး ဟုတ် မဟုတ် မေးလို့ရတာမှမဟုတ်တာ အဲ့တော့ မယုံချင်လည်းယုံရမှာပဲ ''

ကျန်းမော့ချန် မျက်ခုံးကြားကိုဖွဖွဖိနှိပ်ရင်း

''မင်းကလေ တကယ်ကို....''

''ရက်စက်တယ်၊ သဘောထားသေးသိမ်တယ်၊ အသည်းမာတယ်၊ အကြင်နာတရားမဲ့တယ်၊ ရိုင်းစိုင်းကြမ်းကြုတ်တယ်? ''

''ဒီလောက်ဝေါဟာရကြွယ်နေတာ ကြည့်ရတာ အတန်းတုန်းက ရွှယ်ပါ့ဖြစ်ခဲ့တယ် ဟုတ်တယ်မလား ''

(T/N: 学霸(ရွှယ်ပါ့) Top Student, Bookworm)

''အဲ့ဒါတွေအကုန်လုံးက ယွမ်မင်ရွှိ ကျွန်တော့်အပေါ်ထင်မြင်ချက်တွေလေ အဲ့တစ်ခုထဲက ခင်ဗျားကြိုက်တာရွေးလိုက် ''

ကျန်းမော့ချန် တဖက်လူစကားနားထောင်ပြီး ဘာပြန်ပြောရမှန်းမသိတော့ပေ။ တခါတလေကျ သူ့ကိုယ်သူအရမ်းထူးဆန်းတယ်ဟု ထင်မိသည်။ ဘာလို့များ စရိုက်သဘာဝကွဲပြားတဲ့လူနှစ်ယောက်ကိုသဘောကျမိရတာလဲ။ တခါတလေ သူ့အကြိုက်သူနားမလည်နိုင်ပါ။ သူ အလေးအနက်ထားပြီး သေချာစဥ်းစားကြည့်လိုက်မှ နောက်ဆုံးတွင် သူ့ရဲ့အရသာခံအာရုံအဖုလေးကို ပြောင်းလဲပေးနိုင်သည့် အစားအစာလေးကြောင့်ဟု အဖြေထုတ်လိုက်ရသည်။ ဥပမာ အစပ်လေးစားနေချိန် အချိုလေးကို အရသာတွေ့သွားပြီး ပြောင်းစားလိုက်သည်နှင့် ဆင်တူသည်။ အရသာ၊အကြိုက်ကြောင့်မဟုတ်ပဲ ဆွဲဆောင်မှုရှိသည့် အစားအစာလေးကြောင့်ဖြစ်သည်။ ယန်းချင်းချီကလည်း ထိုကဲ့သို့ ဖြစ်တည်မှုမျိုးပင်။ သူ့အရသာခံအာရုံအဖုလေးကို လှုံ့ဆော်ပေးနိုင်သည့် ဆွဲမက်ဖွယ်ကောင်းသော အချိုပွဲလေးဖြစ်သည်။

''မင်းဒီလောက် တက်ကြွနေပုံထောက်ရင်တော့ သူ့ကြောင့် မင်း စိတ်မညစ်ခဲ့ရဘူးပဲ ''

ယန်းချင်းချီ ရေတစ်ငုံသောက်လိုက်ကာ ရှုံ့ချဟန်အပြည့်ဖြင့် မေးလာသည်။

''သူက? ကျွန်တော့်ကိုစိတ်ညစ်အောင်လုပ်မယ်? ကျွန်တော်က သူ့ကိုစိတ်ညစ်အောင်လုပ်လိုက်တယ်ဆို ဟုတ်တုတ်တုတ် ''

''အဲ့တော့ မင်းက သူ့ကို စိတ်ညစ်အောင်လုပ်လိုက်တယ်ပေါ့? ''

ယန်းချင်းချီ ခဏလောက်စဥ်းစားလိုက်ကာ ရိုးရိုးသားသားလေး ပြန်ဖြေလာသည်။

''အင်း စိတ်ညစ်တာထက်တောင် ပိုဦးမယ်နဲ့တူတယ် ''

'' ............ အဲ့ဒါဆိုရင်တော့ အရမ်းမိုက်တာပဲ ''

''မတ​တ်နိုင်ဘူးလေ ကျွန်တော်က စကားကြွယ်တဲ့ ဟူချင်းချီလေးဆိုတော့လည်း သူဘက်ကနားမလည်မှတော့ ကျွန်တော်ကပဲ လေကုန်ခံပြီး သင်ပေးလိုက်ရတာပေါ့ ''

ကျန်းမော့ချန် တဖက်လူစကားကို သဘောကျသလိုမျိုး ခပ်ကျယ်ကျယ်ရယ်လိုက်သည်။ သူ အစကနေအဆုံးအထိ ယန်းချင်းချီနဲ့ယွမ်မင်ရွှိထိပ်တိုက်တွေ့လျှင် ယွမ်မင်ရွှိကြောင့် ယန်းချင်းချီမနစ်နာရမှာကို သေချာသိနေသော်ငြား စိတ်မပူပဲမနေနိုင်ခဲ့။ ထို့ကြောင့် ဒီသုံးရက်လုံး Wechatကနေ အမေးအမြန်းမပျက်ခဲ့ပေ။ အခုတော့ တဖက်လူမှာ ယွမ်မင်ရွှိကြောင့် စိတ်အနှောက်အယှက်ဖြစ်မနေပဲ သူနဲ့စလိုက်နောက်လိုက် လုပ်နေနိုင်တာကိုတွေ့လိုက်ရတော့ စိတ်အေးသွားရကာ အခုမှပဲ ရင်ထဲကအလုံးကြီးကျပြီး သက်ပြင်းဖွဖွချနိုင်တော့သည်။

''ဟုတ်ပြီ နောက်ကျနေပြီ မင်းလည်း ပင်ပန်းနေမှာပေါ့ စောစောနားတော့''

''အင်း ခင်ဗျားလည်း စောစောနားနော် ဝမ်အန်း ''

''ဝမ်အန်း ''

ယန်းချင်းချီ ဖုန်းချလိုက်ကာ ရေချိုးခန်းထဲဝင်လိုက်သည်။ ရေချိုးခန်းထဲကနေ ပြန်ထွက်လာပြီးနောက် ဖုန်းကိုင်ပြီး အိပ်ယာပေါ်လှဲလိုက်စဥ် ဝေ့လန်က Wechatကနေ သူ့ဆီ စာတွေအများကြီးပို့ထားလေသည်။

[ သတင်းထူးဟေ့ သတင်းထူး!!!! ]

[ ကျိုးရီရှင်း ပြန်လာတော့မယ်တဲ့!!!! ]

သူ စာမပြန်တာကိုတွေ့တော့ ဝေ့လန်က မေးလာပြန်သည်။

[ မင်းကြောက်နေပြီလား ]

[ သူ Wechatကနေ သူ့သူငယ်ချင်းတွေပဲရှိတဲ့ Group Chatထဲ ပြန်လာတော့မယ်လို့ စာပို့ထားတာ ငါမြင်လိုက်လို့ နောက်လတဲ့!!!! ဝေး မင်းငါပြောတာကြားလား!!!!  ]

[ ရှိလား ရှိလား ရှိလား ယန်းချင်းချီ တစ်ခုခုပြောလေ! ]

[ အခုမှရေချိုးလို့ပြီးတာ အခုမြင်ပြီ ]

[ မင်းဘာလို့ အဲ့လောက်တောင်တည်ငြိမ်နေရတာလဲ ]

[ ဟ အဲ့ဒါက မကောင်းဘူးလား ကျိုးရီရှင်းပြန်လာတယ်ဆိုတာ ယွမ်မင်ရွှိကိုပြန်လိုက်ဖို့လို့မထင်ဘူးလား သူတို့အဆင်ပြေသွားရင် ငါနဲ့ကျန်းမော့ချန်ရှေ့ ရောက်လာမှာမဟုတ်တော့ဘူး အဲ့ဒါမကောင်းတဲ့ကိစ္စမှမဟုတ်တာ ]

[ အဲ့လောက်မရိုးရှင်းလောက်ဘူးလို့ ငါတော့ထင်တယ်နော် ] ဝေ့လန်သတိပေးလာသည်။ [ ငါပြောပြမယ် ကျိုးရီရှင်းက ကျန်းမော့ချန်ထက် ပိုရူးပြီး ပိုဆန်ကုန်မြေလေးဆန်တယ် ]

[ အဲ့ဒါငါနဲ့မှမဆိုင်တာ ] ယန်းချင်းချီကလည်း အမူအရာမပျက်ပေ။ [ သူက ဆန်ကုန်မြေလေးဆန်လည်း ခံရမှာ ယွမ်မင်ရွှိလေ ငါမှမဟုတ်တာ ]

ဝေ့လန် : [ ........အဲ့လိုကျတော့လည်း ဟုတ်သားပဲနော် ]

ယန်းချင်းချီ : [ အဲ့တော့ငါက ဘာကိုစိတ်ပူရမှာလဲ ]

ဝေ့လန် : [ ........ ]

ယန်းချင်းချီ : [ လိမ္မာတယ် တနေ့တနေ့ အတင်းအဖျင်းတွေနောက်လိုက်ပြီး အတွေးလွန်မနေနဲ့ ကိုယ့်ကိစ္စလည်းမဟုတ်ပဲနဲ့ အိပ်လိုက်တော့ မင်းမနက်ဖြန် လေယာဥ်မှီဖို့ အစောကြီးထရဦးမှာမလား ]

ယန်းချင်းချီ ထိုသို့စာပို့လိုက်ကာ ဖုန်းကို ကုတင်ဘေးက စားပွဲပေါ်တင်လိုက်သည်။ သူ ဝတ္ထု၏ မူလဇာတ်ကြောင်းကို ပြန်စဥ်းစားကြည့်လိုက်တော့ ကျိုးရီရှင်းက ဝတ္ထုထဲမှာပြောထားသည့်အချိန်ထက် စောစောပြန်လာခဲ့သည်။ သို့သော် ယွမ်မင်ရွှိကလည်း စောစောပြန်လာတာကြောင့် ဇာတ်ကြောင်းအပြောင်းအလဲဖြစ်သွားမှာက သဘာဝပင်။ ထို့အပြင် သူ ဒီဝတ္ထုထဲစရောက်လာကတည်းက ဟိုနည်းနည်း ဒီနည်းနည်းလျှောက်ပြောင်းလိုက်တာကြောင့် ဝတ္ထုတစ်ပုဒ်လုံးကလည်း တော်တော်ကြီးပြောင်းလဲသွားပြီဖြစ်သည်။ ယွမ်မင်ရွှိ နိုင်ငံခြားကနေပြန်ရောက်လာပြီး ကျန်းမော့ချန်နဲ့ချစ်သူရည်းစားတွေမဖြစ်သွားခဲ့တာကြောင့် ကျိုးရီရှင်းပြန်ရောက်လာလျှင် ဝတ္ထုထဲကအတိုင်း ဟိုလူ့ပြေးကြိုက်ရတော့မလိုလို ဒီလူ့ပြေးကြိုက်ရတော့မလိုလို ဆက်မလုပ်နိုင်တော့ပါ။ ဘာတွေဆက်ဖြစ်လာမလဲမသိသေးသော်ငြား သူဒီနေ့ ယွမ်မင်ရွှိကို ကျိုးရီရှင်းအကြောင်း အနည်းအပါးလမ်းပြလိုက်တာကြောင့် ထိုနှစ်ယောက်အဆင်ပြေသွားဖို့ကတော့ လက်တစ်ကမ်းအကွာမှာပဲရှိတော့သည်။

___________________________________

အိုက်ယား~~ လေးယောက်မြောက် အဖွဲ့ဝင်လေးရောက်လာဖို့ အပိုင်း၂၀ပဲ လိုတော့တယ် ဟိဟိ nini ကျားယို! nini ကျားယို! တကယ်ပါ မနက်ဖြန် အပိုင်းကိုရေးရမှာ niniတကယ်ပျင်းတယ် niniက ခွေးစာပဲစားချင်တာ T.T Fan Commentတွေမရေးချင်ဘူး။

Zawgyi

က်ိဳးရီ႐ွင္းတ႐ုတ္ကိုျပန္လာေတာ့မယ္
________________________________

ယန္းခ်င္းခ်ီ ယြမ္မင္႐ႊိကိုၾကည့္လိုက္ကာ

''ဘာျဖစ္လို႔လဲဆိုေတာ့ သူမင္းနဲ႔ထပ္ၿပီး မပတ္သက္ခ်င္ေတာ့လို႔ပဲ သူမင္းကို လူကိုယ္တိုင္ေတြ႕ၿပီး သတိေပးခ်င္တာေတာင္ မင္းနဲ႔ဆက္သြယ္ရင္ ဇာတ္လမ္းေတြပို႐ႈပ္လာမွာစိုးလို႔ သူ႕ရဲ႕တရားဝင္အိမ္ေထာင္ဖက္ျဖစ္တဲ့ ငါ့ကို သူ႕အစား ေျပာခိုင္းလိုက္တာ နားလည္ၿပီလား ''

ယြမ္မင္႐ႊိကေတာ့ အခုခ်ိန္ထိကို အံ့ၾသတုန္လႈပ္သြားသည့္ အခိုက္အတန္႔ႀကီးကေန ႐ုန္းမထြက္ႏိုင္ေသးပါ။

''ဟုတ္ၿပီ ငါထပ္ၿပီး ေျပာခ်င္တာကေတာ့ ငါမင္းကို ဒီေနရာမွာေတြ႕ၿပီး ဒီစကားေတြေျပာေနတယ္ဆိုတာ မင္းကိုဒီတိုင္းျမင္ဖူးခ်င္႐ုံသပ္သပ္ႀကီးပဲမဟုတ္ဘူး မင္းနဲ႔က်န္းေမာ့ခ်န္ရဲ႕ဆက္ဆံေရးကိုသိထားတဲ့အတြက္ တခ်ိန္ခ်ိန္မွာ ငါတို႔ တစ္ေကြ႕မဟုတ္တစ္ေကြ႕ ေတြ႕မယ္ဆိုတာကိုသိေနတယ္ အဲ့ဒါေၾကာင့္ တစ္ခါထဲအျပတ္႐ွင္းဖို႔ဆုံးျဖတ္လိုက္တာ ငါက မင္းနဲ႔မတူဘူး ငါ မင္းတို႔ရဲ႕အတိတ္ကိုလက္ခံႏိုင္တယ္ မင္းကိုက်န္းေမာ့ခ်န္ႀကိဳက္ခဲ့တယ္ဆိုတဲ့ အခ်က္ကိုလည္းလက္ခံႏိုင္တယ္ အဲ့ဒါေၾကာင့္ ငါ သူ႕အတိတ္ကိုဂ႐ုမစိုက္ဘူး လူတိုင္းမွာအတိတ္ကိုယ္စီ႐ွိၾကတာပဲ အတိတ္ကအတိတ္ပဲ ၿပီးသြားၿပီ ပစၥပၸန္အထိဆက္ႏြယ္ေနစရာအေၾကာင္းမ႐ွိဘူး အဲ့ေတာ့ငါလည္း စိတ္႐ႈပ္ခံၿပီး ဂ႐ုစိုက္မေနဘူး သူငါ့ကိုသေဘာက်တယ္ သူငါ့ကိုထိခိုက္နာက်င္ေအာင္ ဘယ္ေတာ့မွမလုပ္ဘူးဆိုတဲ့ အခ်က္ေတြသိေန႐ုံနဲ႔တင္ လုံေလာက္ၿပီ''

''ယြမ္မင္႐ႊိ '' ယန္းခ်င္းခ်ီ တဖက္လူကို ေသခ်ာၾကည့္ကာ တည္ၾကည္ေလးနက္စြာေျပာလာသည္။ '' ငါမင္းကိုဒီလိုစကားေတြအမ်ားႀကီးေျပာတာ ဒါပထမဆုံးပဲ ၿပီးေတာ့ ေနာက္ဆုံးျဖစ္ဖို႔လည္း ေမွ်ာ္လင့္တယ္ ေနာက္တစ္ခါ ငါ့ေ႐ွ႕ ကားယားကားယားလာလုပ္ေနရင္ တစ္ခါတည္း အထင္အျမင္ေသးၿပီး ႐ႈံ႕ခ်ပစ္လိုက္မယ္ ေလွာင္ရယ္ပစ္လိုက္မယ္ စိတ္အေျခအေနမေကာင္းရင္ ေတြ႕တာေနရာမွာတင္ ေကာက္႐ိုက္ပစ္လိုက္မယ္ ဒီလိုမ်ိဳးအခ်ိန္ေတြျဖဳန္းၿပီး ေလကုန္ခံေနမွာ မဟုတ္ေတာ့ဘူး အၿမဲတမ္း လူေ႐ွ႕က် သနားကမား႐ုပ္ေလးလုပ္ျပ၊ ေနာက္ကြယ္မွာက် ဘယ္သူ႕ကိုဘယ္လိုဒုကၡေပးရမလဲဆိုၿပီး အၾကံဉာဏ္ေတြထုတ္တတ္တဲ့ မင္းအက်င့္ေတြကိုမႀကိဳက္ေပမဲ့ ဒါကလည္း ဒီေလာကထဲ ႐ွင္သန္ဖို႔ႀကိဳးစားေနရတဲ့ မင္းရဲ႕နည္းလမ္းမို႔လို႔ ငါလည္းဘာမွမေျပာလိုဘူး ဒါေပမဲ့ ေ႐ွးလူႀကီးေတြေျပာတာၾကားဖူးတယ္မလား စကၠဴနဲ႔မီးၿငႇိိမ္းလို႔မရဘူးတဲ့* ေလာင္ကြၽမ္းလာတဲ့တေန႔က်ရင္ မင္းနာမည္ပ်က္ဆီးသြားလိမ့္မယ္ အခု ငါ့အတင္းအဖ်င္းေတြကိုလိုက္ဖြတယ္ေနာ္ မင္းလည္းဒီေလာကထဲကလူပဲ တစ္ေန႔ မင္းအတင္းအဖ်င္းေတြကို လိုက္ဖြတဲ့လူဆိုတာလည္း႐ွိလာဦးမွာပဲ ''

(T/N: ဥပစာပါ စကၠဴနဲ႔မီးၿငႇိမ္းလို႔မရဘူး ေလာင္မွာပဲ ဘာကိုမွဖုံးကြယ္လို႔မရဘူး တေန႔ေပၚမွာပဲ)

''အခုေတာ့ '' ယန္းခ်င္းခ်ီ တံခါးဘက္ လက္ဆန္႔တန္းလိုက္ကာ '' ျပန္လို႔ရၿပီ ငါလည္းအိပ္ခ်င္ေနၿပီ ''

ယြမ္မင္႐ႊိ ယန္းခ်င္းခ်ီ အခန္းထဲကေန ဘယ္လိုကေနဘယ္လိုျပန္ထြက္လာခဲ့မွန္းမသိလိုက္ပါ။ သူအသိဝင္လာတဲ့အခ်ိန္ အခန္းျပင္ကိုေတာင္ေရာက္ေနၿပီ ျဖစ္သည္။ အားလုံးက ယန္းခ်င္းခ်ီ၏ ထိန္းခ်ဳပ္မႈေအာက္မွာလိုပင္။ ယြမ္မင္႐ႊိတစ္ေယာက္ ကိုယ့္ေျခေထာက္နဲ႔ကိုယ္ ယန္းခ်င္းခ်ီအခန္းထဲဝင္သြားၿပီး အေလွာင္ခံရလို႔ဝ၊ အဟားခံရလို႔ဝမွ အခန္းျပင္ကိုကန္ထုတ္ခံလိုက္ရသလိုမ်ိဳး ခံစားလိုက္ရသည္။ သူ သူ႕အခန္းသူျပန္လာလိုက္ကာ အိပ္ယာေပၚ ငူငူေငါင္ေငါင္ႀကီးထိုင္ေနၿပီး ဘာဆက္လုပ္လို႔လုပ္ရမွန္းမသိျဖစ္ေနသည္။

ထိုအခ်ိန္မွာပဲ သူ႕ဖုန္း Notiတက္သံ ၾကားလိုက္ရတာေၾကာင့္ ဖုန္းကို စားပြဲေပၚကေန ယူၾကည့္လိုက္သည့္အခါ Wechatကေန စာပို႔လာသူမွာ က်ိဳးရီ႐ွင္းျဖစ္ေနေလသည္။

[ ေ႐ွာင္႐ႊိ ကိုယ္ျပန္လာဖို႔ စီစဥ္ေနၿပီ ]

ဖုန္း Lockဖြင့္ၿပီး Appထဲဝင္မၾကည့္ဘူးဆိုလွ်င္ေတာင္ ဖန္သားမ်က္ႏွာျပင္မွာေပၚေနသည့္ Noti Boxထဲက စာကိုၾကည့္႐ုံနဲ႔တင္ တဖက္လူက သူ႕ဆီဘာေတြပို႔ထားမွန္း သူေသခ်ာျမင္ေနရသည္။

ယြမ္မင္႐ႊိ ဖုန္းမ်က္ႏွာျပင္ကို ဗလာသက္သက္ႀကီး ေငးၾကည့္ေနစဥ္ ေနာက္ထပ္ Notiဝင္သံ ထပ္ျမည္လာၿပီး မ်က္ႏွာျပင္ေပၚက ေျပာင္းလဲသြားသည့္ စာသားမွာ : [ မင္းကိုယ့္ကို လာႀကိဳမွာလား ]

ယြမ္မင္႐ႊိ ႐ုတ္ရက္ႀကီး ထရယ္လိုက္မိသည္။ သူ ယန္းခ်င္းခ်ီေျပာသည့္စကားမ်ားကို ျပန္သတိရမိသြားသည့္အခါ တဖက္လူစကားေတြက ေတာ္ေတာ္ေလးမွန္သည္ဟု ခံစားလိုက္ရသည္။ လေရာင္ေငးျဖစ္ေနရျခင္း၏ အဓိကရည္႐ြယ္ခ်က္မွာ ေငးၾကည့္ေန႐ုံသာတတ္ႏိုင္ၿပီး အျမင့္ဆုံးကိုလက္လွမ္းမမွီသည့္ လေရာင္ျဖစ္ေနေသာေၾကာင့္ပင္။ ထို႔ေၾကာင့္ သူက က်န္းေမာ့ခ်န္ကိုျပန္လိုက္ေနသည့္အခ်ိန္ သူ႕အေပၚ႐ွိေနသည့္ က်ိဳးရီ႐ွင္းခံစားခ်က္ေတြကလည္း ေျပာင္းလဲသြားျပန္သည္။ ဒါေပမဲ့ အခုမတူေတာ့ဘူး။ သူ က်န္းေမာ့ခ်န္ကိုထပ္မကပ္ေတာ့ဘူး။ က်ိဳးရီ႐ွင္းကိုအသုံးခ်ၿပီး က်န္းေမာ့ခ်န္ကိုေနာင္တရေအာင္ျပန္လုပ္ပစ္မည္။ 'က်ိဳးရီ႐ွင္းျပန္လာၿပီ မင္းကိုဂ႐ုစိုက္စရာမလိုေတာ့ဘူး'ဆိုသည့္ အခ်ိဳးမ်ိဳး ျပန္ခ်ိဳးျပမည္။ သူ လိုက္ကပ္ေနတုန္းကက် က်န္းေမာ့ခ်န္က လ်စ္လ်ဴ႐ႈထားခဲ့တာေၾကာင့္ သူ႕ကိုတန္ဖိုးမထားပဲ အဆက္အသြယ္ျဖတ္ထားခဲ့သည့္ တန္ရာတန္ေၾကးအတြက္ သူနဲ႔က်ိဳးရီ႐ွင္း အတူ႐ွိေနတာကိုၾကည့္ၿပီး ေနာင္တေတြရေနေစရမည္။

က်ိဳးရီ႐ွင္းက်ေတာ့လား။ ယြမ္မင္႐ႊိ ဖုန္းမ်က္ႏွာျပင္မွာေပၚေနေသာ 'လာႀကိဳမွာလား' ဆိုသည့္ စာကိုၾကည့္လိုက္ကာ တဖက္လူအေပၚ အရင္ကေလာက္ခံစားခ်က္ေတြမ႐ွိေတာ့တာကို သတိထားမိလိုက္သည္။ တဖက္လူကိုကမ႓ာႀကီးမွတ္ၿပီး အရာရာမေပးဆပ္ခ်င္ေတာ့ပါ။ က်န္းေမာ့ခ်န္သူ႕ဆီျပန္လာဖို႔အတြက္ က်ိဳးရီ႐ွင္းကို ႀကိဳး႐ွည္႐ွည္နဲ႔လွန္ထားၿပီး အသုံးခ်ရမည္။ အခု က်န္းေမာ့ခ်န္လက္ထပ္သြားတဲ့အခ်ိန္က်မွ ကိုယ့္ခံစားခ်က္ကိုယ္ နားလည္သြားၿပီး က်န္းေမာ့ခ်န္ကို သူ႕ဆီစိတ္ျပန္လည္လာေအာင္ပဲ လုပ္ခ်င္ေတာ့သည္ဟု က်ိဳးရီ႐ွင္းကိုေျပာရမည္။ က်န္းေမာ့ခ်န္ကိုပဲ တမ္းတမ္းစြဲခ်စ္ေနတဲ့ပုံဟန္ေဆာင္ၿပီး ကိုယ္သေဘာက်တဲ့လူက ကိုယ့္ျပန္မႀကိဳက္ပဲ တျခားလူေၾကာင့္ ေနာက္မွာခ်န္ထားခံရသည့္ ခံစားခ်က္မ်ိဳးကို က်ိဳးရီ႐ွင္းလည္း ထပ္တူခံစားေစရမည္။

သူ ထိုသို႔ေတြးမိလိုက္သည့္အခါ အရမ္းကိုေပ်ာ္သြားခဲ့သည္။ ပြဲေကာင္းက အခုမွစတာ။ က်န္းေမာ့ခ်န္ေရာ၊ က်ိဳးရီ႐ွင္းေရာ သူ႕ကိုတမ္းတမ္းစြဲျဖစ္ေနေစရမယ္။ အခု က်ိဳးရီ႐ွင္းသူ႕ေနာက္လိုက္လာသလိုပဲ က်န္းေမာ့ခ်န္လည္း သူ႕ဆီ ေနာင္တေတြတေပြ႕တပိုက္နဲ႔ျပန္လာေစရမယ္။ အဲ့အခ်ိန္က် ဒီေန႔ခံစားခဲ့ရတဲ့ အ႐ွက္ခြဲခံရမႈေတြ၊ေလွာင္ေျပာင္သေရာ္မႈေတြအားလုံး ယန္းခ်င္းခ်ီလည္း သူ႕နည္းတူျပန္ခံစားေစရမယ္! ယန္းခ်င္းခ်ီ ေစာင့္ေနလိုက္!

ယန္းခ်င္းခ်ိီကေတာ့ ယြမ္မင္႐ႊိရဲ႕ေပါေၾကာင္ေၾကာင္အေတြးေတြကိုမသိေသးပါ။ သူ တဖက္လူကိုႏွင္ထုတ္ၿပီးေနာက္ က်န္းေမာ့ခ်န္ဆီ ဖုန္းေခၚလိုက္သည္။

''ခုနက မအားဘူးလား '' ဤသည္မွာ ဖုန္းဝင္ဝင္ခ်င္း က်န္းေမာ့ခ်န္စေမးသည့္ ေမးခြန္းျဖစ္သည္။

''မအားဘူး ''

''အဲ့ေတာ့ ယြမ္မင္႐ႊိ မင္းဆီလာၿပီး တစ္ခုခုေျပာေသးလား ''

''အမွန္တိုင္းေျပာရရင္ အခုေလးတင္မွျပန္သြားတာ '' ယန္းခ်င္းခ်ီကလည္း ေလသံအတက္အက်မ႐ွိျပန္ေျဖလိုက္သည္။

က်န္းေမာ့ခ်န္ တစ္ခဏေလာက္ ေၾကာင္အသြားကာ

''သူမင္းကိုဘာေတြေျပာေသးလဲ ''

''ေထြေထြထူးထူးမဟုတ္ပါဘူး သနားကမား႐ုပ္ေလးလုပ္ျပၿပီး ခင္ဗ်ားနဲ႔ျပန္အဆင္ေျပေအာင္ကူညီခိုင္းတယ္ ခင္ဗ်ားလိုသူငယ္ခ်င္းမ်ိဳးဆုံး႐ႈံးလို႔မျဖစ္ဘူးလို႔ေျပာတယ္ ခင္ဗ်ားတို႔ႏွစ္ေယာက္ကို ဒီတိုင္းလႊတ္ထားေပးဖို႔ ေတာင္းဆိုတယ္ ကြၽန္ေတာ္ကေတာ့ အဲ့ဒါကြၽန္ေတာ္နဲ႔မဆိုင္ဘူး ခင္ဗ်ားဆီသြားလို႔ပဲ ေျပာလိုက္တယ္ ''

''ဒါပဲလား ''

''တျခားအေၾကာင္းအရာေတြက သိပ္အေရးမႀကီးပါဘူး ခင္ဗ်ားနဲ႔ေဝးေဝးေနဖို႔ပဲသတိေပးလိုက္တာပါ ဥပမာ ဒီေန႔ ခင္ဗ်ားက သူ႕ကိုလ်စ္လ်ဴ႐ႈရင္ မနက္ျဖန္က် ခင္ဗ်ားကို ျပန္ၿပီးလ်စ္လ်ဴ႐ႈခိုင္းလိုက္တာမ်ိဳး ခင္ဗ်ားေ႐ွ႕မွာ ခုန္လိုက္ေပါက္လိုက္နဲ႔အတင္းလိုက္ကပ္ေနမဲ့အစား ခပ္တည္တည္ခပ္တန္းတန္းေနၿပီး လက္စားျပန္ေခ်ခိုင္းလိုက္႐ုံတင္ အဲ့အခ်ိန္က်မွ ခင္ဗ်ားက ေနာင္တေတြတေပြ႕တပိုက္နဲ႔ သူ႕ဆီျပန္ကပ္သြားတာမ်ိဳးေပါ့ ''

က်န္းေမာ့ခ်န္ : ''................ အဲ့ေတာ့ ကိုယ္သူ႕အေပၚ ခံစားခ်က္ေတြျပန္႐ွိလာမွာကို မင္းကေမွ်ာ္လင့္ေနေသးတယ္ေပါ့? ''

''ကြၽန္ေတာ္႕ကိုလာေမးမေနနဲ႔ အဲ့ဒါ ခင္ဗ်ားအေပၚမွာပဲမူတည္တယ္ ကြၽန္ေတာ္က သူ ကြၽန္ေတာ္တို႔ေ႐ွ႕ ခုန္လိုက္ေပါက္လိုက္လုပ္ေနတာကို မ်က္စိဆံပင္ေမြးစူးလို႔ ဒီတိုင္းေျပာလိုက္႐ုံတင္ ကိုယ့္အိမ္မက္နဲ႔ကိုယ္ ပိတ္မိေနတဲ့လူတစ္ေယာက္ကို ႏိႈးလို႔မရမွေတာ့ ခင္ဗ်ားအနားမကပ္ေတာ့ေအာင္ အိမ္မက္အႀကီးႀကီးေတြဆက္မက္ခိုင္းလိုက္႐ုံပဲ႐ွိေတာ့တယ္ ''

က်န္းေမာ့ခ်န္ တဖက္လူ၏ေျဖ႐ွင္းပုံေလးကို နားေထာင္ရင္း အကူအညီမဲ့စြာ ရယ္လိုက္မိသည္။

''မင္းကေလ ေက်ာင္းသားတစ္ေယာက္ရဲ႕ ပါရမီနဲ႔အေျခအေနကိုၾကည့္ၿပီး ဘယ္ေက်ာင္းသားကို ဘယ္လိုသင္ရမလဲ ေကာင္းေကာင္းသိတယ္ ''

''ဒါေပါ့ ျပႆနာေတြကို အေျခအေန၊အခ်ိန္အခါေပၚမူတည္ၿပီး ေျဖ႐ွင္းတတ္ရတယ္လို႔ အထက္တန္းတုန္းက ဒႆနိကအခ်ိန္မွာ သင္ခဲ့ဖူးတယ္''

''မင္းရဲ႕ ဒႆနိကဆရာကေတာ့ သူသင္ထားသမွ် ႐ွင္း႐ွင္းလင္းလင္းမွတ္မိေနလို႔ ေပ်ာ္ေနေတာ့မွာပဲ ဟုတ္ၿပီ ကိုယ့္ကို Recording ပို႔လိုက္ ကိုယ့္ဘာသာနားေထာင္ၾကည့္လိုက္မယ္ မ႐ွိဘူးလို႔ေတာ့မေျပာနဲ႔ေနာ္ ၂၄နာရီလုံး သက္ေသရဖို႔အေရး Recordingသြင္းလိုက္ရမွ ေက်နပ္တဲ့လူက ဒီလိုအေျခအေနမ်ိဳးမွာလည္း Recording မသြင္းထားဘူးဆိုတာမျဖစ္ႏိုင္ဘူး ဟုတ္တယ္မလား ''

ယန္းခ်င္းခ်ီ မ်က္ခုံးၾကဳံ႕လိုက္ကာ

''ခင္ဗ်ား စိတ္ထဲမွာ ကြၽန္ေတာ္က အဲ့လိုလူမ်ိဳးလား ​​ေျပာ အားအားေန Recording သြင္းဖို႔ပဲသိတဲ့ အသံဖမ္းစက္ေလးေပါ့? ''

''မင္းက အသံဖမ္းစက္ထက္ေတာင္ Function ပိုစုံတယ္ အေရးႀကီးတဲ့အခ်ိန္က်မွ ေကာက္သြင္းတတ္တာမ်ိဳး ''

ယန္းခ်င္းခ်ီ ကယ္ကူရာမဲ့သြားကာ

''ေတာ္ၿပီ ခင္ဗ်ားလက္ေလွ်ာ့လိုက္ေတာ့ ခင္ဗ်ားကိုေပးနားမေထာင္ေတာ့ဘူး ''

''ဘာလို႔လဲ ကိုယ္နားေထာင္လို႔မရတဲ့ အေၾကာင္းအရာေတြပါလို႔လား ''

''က်ိန္းေသေပါက္ပါတာေပါ့ '' ယန္းခ်င္းခ်ီဘက္ကလည္း မဖုံးကြယ္ထားပါ။ '' ကြၽန္ေတာ္တို႔ေျပာတာေတြထဲမွာ ခင္ဗ်ားကကြၽန္ေတာ္႕ကို ျမင္ျမင္ခ်င္းခ်စ္မိသြားတာ ကြၽန္ေတာ္႕ကိုအ႐ူးအမူးစြဲလမ္းသြားလို႔ ကြၽန္ေတာ္႕မွလက္မထပ္ရရင္ ငိုလိုက္ရယ္လိုက္ေတြလုပ္ၿပီး အတင္းေတြေတာင္းဆိုခဲ့လို႔ ကြၽန္ေတာ္လက္ထပ္ဖို႔သေဘာတူလိုက္ရတာ ကြၽန္ေတာ္႕ကိုမ်က္စိေအာက္ကအေပ်ာက္မခံခ်င္လို႔ နန္ခ်န္ကိုေ႐ႊ႕ခိုင္းၿပီး အေကာင္းစားဆိုတဲ့ အခြင့္အေရးေတြမွ႐ွာေပးတာ ကြၽန္ေတာ္႕အနာဂတ္လမ္းေၾကာင္းကို ခင္ဗ်ားပဲစီစဥ္ေပးၿပီး ဒီShowလာ႐ိုက္တုန္းက စိတ္ပူလြန္းလို႔ Wechatကေနပို႔လိုက္တဲ့စာေတြဆိုတာ မေရမတြက္ႏိုင္ဘူး တေန႔တေန႔ ကြၽန္ေတာ္႕မ်က္ႏွာမျမင္ရရင္ ကဂ်ီကေဂ်ာင္လုပ္လြန္းလို႔ ေန႔တိုင္း Video Callေခၚေပးရတယ္ ဘယ္သူနဲ႔မွလည္းစကားေျပာခြင့္မေပးဘူး အဲ့လိုမ်ိဳးေတြေလွ်ာက္ေျပာထားတာကို ေပးနားေထာင္စရာလား! ''

က်န္းေမာ့ခ်န္ ထိုစကားေတြေၾကာင့္ တစ္စကၠန္႔ေလာက္ အံ့ၾသမွင္သက္သြားကာ

''.................. မင္းစိတ္ထဲမွာျဖစ္ေစခ်င္တဲ့ ကိုယ္က အဲ့လိုပုံစံမ်ိဳးလား ''

''ဘယ္ကလာ အဲ့ဒါက ယြမ္မင္႐ႊိကို ကလိကလိလုပ္ဖို႔ ေလွ်ာက္ေျပာလိုက္႐ုံတင္ ''

''အဲ့ဒါကို ယြမ္မင္႐ႊိက ယုံလား ''

''ဟားဟား ဘယ္လိုလုပ္ယုံမွာလဲ အသံၿပဲႀကီးနဲ႔ မျဖစ္ႏိုင္ဘူး ေလွ်ာက္မေျပာနဲ႔လို႔ ထေအာ္တာေပါ့ ကြၽန္ေတာ္ကလည္း မယုံရင္ ခင္ဗ်ားကိုေမးၾကည့္လိုက္လို႔ျပန္ေျပာလိုက္တယ္ေလ ခင္ဗ်ားကိုလာ႐ွာၿပီး ဟုတ္ မဟုတ္ ေမးလို႔ရတာမွမဟုတ္တာ အဲ့ေတာ့ မယုံခ်င္လည္းယုံရမွာပဲ ''

က်န္းေမာ့ခ်န္ မ်က္ခုံးၾကားကိုဖြဖြဖိႏွိပ္ရင္း

''မင္းကေလ တကယ္ကို....''

''ရက္စက္တယ္၊ သေဘာထားေသးသိမ္တယ္၊ အသည္းမာတယ္၊ အၾကင္နာတရားမဲ့တယ္၊ ႐ိုင္းစိုင္းၾကမ္းၾကဳတ္တယ္? ''

''ဒီေလာက္ေဝါဟာရႂကြယ္ေနတာ ၾကည့္ရတာ အတန္းတုန္းက ႐ႊယ္ပါ့ျဖစ္ခဲ့တယ္ ဟုတ္တယ္မလား ''

(T/N: 学霸(႐ႊယ္ပါ့) Top Student, Bookworm)

''အဲ့ဒါေတြအကုန္လုံးက ယြမ္မင္႐ႊိ ကြၽန္ေတာ္႕အေပၚထင္ျမင္ခ်က္ေတြေလ အဲ့တစ္ခုထဲက ခင္ဗ်ားႀကိဳက္တာေ႐ြးလိုက္ ''

က်န္းေမာ့ခ်န္ တဖက္လူစကားနားေထာင္ၿပီး ဘာျပန္ေျပာရမွန္းမသိေတာ့ေပ။ တခါတေလက် သူ႕ကိုယ္သူအရမ္းထူးဆန္းတယ္ဟု ထင္မိသည္။ ဘာလို႔မ်ား စ႐ိုက္သဘာဝကြဲျပားတဲ့လူႏွစ္ေယာက္ကိုသေဘာက်မိရတာလဲ။ တခါတေလ သူ႕အႀကိဳက္သူနားမလည္ႏိုင္ပါ။ သူ အေလးအနက္ထားၿပီး ေသခ်ာစဥ္းစားၾကည့္လိုက္မွ ေနာက္ဆုံးတြင္ သူ႕ရဲ႕အရသာခံအာ႐ုံအဖုေလးကို ေျပာင္းလဲေပးႏိုင္သည့္ အစားအစာေလးေၾကာင့္ဟု အေျဖထုတ္လိုက္ရသည္။ ဥပမာ အစပ္ေလးစားေနခ်ိန္ အခ်ိဳေလးကို အရသာေတြ႕သြားၿပီး ေျပာင္းစားလိုက္သည္ႏွင့္ ဆင္တူသည္။ အရသာ၊အႀကိဳက္ေၾကာင့္မဟုတ္ပဲ ဆြဲေဆာင္မႈ႐ွိသည့္ အစားအစာေလးေၾကာင့္ျဖစ္သည္။ ယန္းခ်င္းခ်ီကလည္း ထိုကဲ့သို႔ ျဖစ္တည္မႈမ်ိဳးပင္။ သူ႕အရသာခံအာ႐ုံအဖုေလးကို လႈံ႕ေဆာ္ေပးႏိုင္သည့္ ဆြဲမက္ဖြယ္ေကာင္းေသာ အခ်ိဳပြဲေလးျဖစ္သည္။

''မင္းဒီေလာက္ တက္ႂကြေနပုံေထာက္ရင္ေတာ့ သူ႕ေၾကာင့္ မင္း စိတ္မညစ္ခဲ့ရဘူးပဲ ''

ယန္းခ်င္းခ်ီ ေရတစ္ငုံေသာက္လိုက္ကာ ႐ႈံ႕ခ်ဟန္အျပည့္ျဖင့္ ေမးလာသည္။

''သူက? ကြၽန္ေတာ္႕ကိုစိတ္ညစ္ေအာင္လုပ္မယ္? ကြၽန္ေတာ္က သူ႕ကိုစိတ္ညစ္ေအာင္လုပ္လိုက္တယ္ဆို ဟုတ္တုတ္တုတ္ ''

''အဲ့ေတာ့ မင္းက သူ႕ကို စိတ္ညစ္ေအာင္လုပ္လိုက္တယ္ေပါ့? ''

ယန္းခ်င္းခ်ီ ခဏေလာက္စဥ္းစားလိုက္ကာ ႐ိုး႐ိုးသားသားေလး ျပန္ေျဖလာသည္။

''အင္း စိတ္ညစ္တာထက္ေတာင္ ပိုဦးမယ္နဲ႔တူတယ္ ''

'' ............ အဲ့ဒါဆိုရင္ေတာ့ အရမ္းမိုက္တာပဲ ''

''မတ​တ္ႏိုင္ဘူးေလ ကြၽန္ေတာ္က စကားႂကြယ္တဲ့ ဟူခ်င္းခ်ီေလးဆိုေတာ့လည္း သူဘက္ကနားမလည္မွေတာ့ ကြၽန္ေတာ္ကပဲ ေလကုန္ခံၿပီး သင္ေပးလိုက္ရတာေပါ့ ''

က်န္းေမာ့ခ်န္ တဖက္လူစကားကို သေဘာက်သလိုမ်ိဳး ခပ္က်ယ္က်ယ္ရယ္လိုက္သည္။ သူ အစကေနအဆုံးအထိ ယန္းခ်င္းခ်ီနဲ႔ယြမ္မင္႐ႊိထိပ္တိုက္ေတြ႕လွ်င္ ယြမ္မင္႐ႊိေၾကာင့္ ယန္းခ်င္းခ်ီမနစ္နာရမွာကို ေသခ်ာသိေနေသာ္ျငား စိတ္မပူပဲမေနႏိုင္ခဲ့။ ထို႔ေၾကာင့္ ဒီသုံးရက္လုံး Wechatကေန အေမးအျမန္းမပ်က္ခဲ့ေပ။ အခုေတာ့ တဖက္လူမွာ ယြမ္မင္႐ႊိေၾကာင့္ စိတ္အေႏွာက္အယွက္ျဖစ္မေနပဲ သူနဲ႔စလိုက္ေနာက္လိုက္ လုပ္ေနႏိုင္တာကိုေတြ႕လိုက္ရေတာ့ စိတ္ေအးသြားရကာ အခုမွပဲ ရင္ထဲကအလုံးႀကီးက်ၿပီး သက္ျပင္းဖြဖြခ်ႏိုင္ေတာ့သည္။

''ဟုတ္ၿပီ ေနာက္က်ေနၿပီ မင္းလည္း ပင္ပန္းေနမွာေပါ့ ေစာေစာနားေတာ့''

''အင္း ခင္ဗ်ားလည္း ေစာေစာနားေနာ္ ဝမ္အန္း ''

''ဝမ္အန္း ''

ယန္းခ်င္းခ်ီ ဖုန္းခ်လိုက္ကာ ေရခ်ိဳးခန္းထဲဝင္လိုက္သည္။ ေရခ်ိဳးခန္းထဲကေန ျပန္ထြက္လာၿပီးေနာက္ ဖုန္းကိုင္ၿပီး အိပ္ယာေပၚလွဲလိုက္စဥ္ ေဝ့လန္က Wechatကေန သူ႕ဆီ စာေတြအမ်ားႀကီးပို႔ထားေလသည္။

[ သတင္းထူးေဟ့ သတင္းထူး!!!! ]

[ က်ိဳးရီ႐ွင္း ျပန္လာေတာ့မယ္တဲ့!!!! ]

သူ စာမျပန္တာကိုေတြ႕ေတာ့ ေဝ့လန္က ေမးလာျပန္သည္။

[ မင္းေၾကာက္ေနၿပီလား ]

[ သူ Wechatကေန သူ႕သူငယ္ခ်င္းေတြပဲ႐ွိတဲ့ Group Chatထဲ ျပန္လာေတာ့မယ္လို႔ စာပို႔ထားတာ ငါျမင္လိုက္လို႔ ေနာက္လတဲ့!!!! ေဝး မင္းငါေျပာတာၾကားလား!!!!  ]

[ ႐ွိလား ႐ွိလား ႐ွိလား ယန္းခ်င္းခ်ီ တစ္ခုခုေျပာေလ! ]

[ အခုမွေရခ်ိဳးလို႔ၿပီးတာ အခုျမင္ၿပီ ]

[ မင္းဘာလို႔ အဲ့ေလာက္ေတာင္တည္ၿငိမ္ေနရတာလဲ ]

[ ဟ အဲ့ဒါက မေကာင္းဘူးလား က်ိဳးရီ႐ွင္းျပန္လာတယ္ဆိုတာ ယြမ္မင္႐ႊိကိုျပန္လိုက္ဖို႔လို႔မထင္ဘူးလား သူတို႔အဆင္ေျပသြားရင္ ငါနဲ႔က်န္းေမာ့ခ်န္ေ႐ွ႕ ေရာက္လာမွာမဟုတ္ေတာ့ဘူး အဲ့ဒါမေကာင္းတဲ့ကိစၥမွမဟုတ္တာ ]

[ အဲ့ေလာက္မ႐ိုး႐ွင္းေလာက္ဘူးလို႔ ငါေတာ့ထင္တယ္ေနာ္ ] ေဝ့လန္သတိေပးလာသည္။ [ ငါေျပာျပမယ္ က်ိဳးရီ႐ွင္းက က်န္းေမာ့ခ်န္ထက္ ပို႐ူးၿပီး ပိုဆန္ကုန္ေျမေလးဆန္တယ္ ]

[ အဲ့ဒါငါနဲ႔မွမဆိုင္တာ ] ယန္းခ်င္းခ်ီကလည္း အမူအရာမပ်က္ေပ။ [ သူက ဆန္ကုန္ေျမေလးဆန္လည္း ခံရမွာ ယြမ္မင္႐ႊိေလ ငါမွမဟုတ္တာ ]

ေဝ့လန္ : [ ........အဲ့လိုက်ေတာ့လည္း ဟုတ္သားပဲေနာ္ ]

ယန္းခ်င္းခ်ီ : [ အဲ့ေတာ့ငါက ဘာကိုစိတ္ပူရမွာလဲ ]

ေဝ့လန္ : [ ........ ]

ယန္းခ်င္းခ်ီ : [ လိမၼာတယ္ တေန႔တေန႔ အတင္းအဖ်င္းေတြေနာက္လိုက္ၿပီး အေတြးလြန္မေနနဲ႔ ကိုယ့္ကိစၥလည္းမဟုတ္ပဲနဲ႔ အိပ္လိုက္ေတာ့ မင္းမနက္ျဖန္ ေလယာဥ္မွီဖို႔ အေစာႀကီးထရဦးမွာမလား ]

ယန္းခ်င္းခ်ီ ထိုသို႔စာပို႔လိုက္ကာ ဖုန္းကို ကုတင္ေဘးက စားပြဲေပၚတင္လိုက္သည္။ သူ ဝတၳဳ၏ မူလဇာတ္ေၾကာင္းကို ျပန္စဥ္းစားၾကည့္လိုက္ေတာ့ က်ိဳးရီ႐ွင္းက ဝတၳဳထဲမွာေျပာထားသည့္အခ်ိန္ထက္ ေစာေစာျပန္လာခဲ့သည္။ သို႔ေသာ္ ယြမ္မင္႐ႊိကလည္း ေစာေစာျပန္လာတာေၾကာင့္ ဇာတ္ေၾကာင္းအေျပာင္းအလဲျဖစ္သြားမွာက သဘာဝပင္။ ထို႔အျပင္ သူ ဒီဝတၳဳထဲစေရာက္လာကတည္းက ဟိုနည္းနည္း ဒီနည္းနည္းေလွ်ာက္ေျပာင္းလိုက္တာေၾကာင့္ ဝတၳဳတစ္ပုဒ္လုံးကလည္း ေတာ္ေတာ္ႀကီးေျပာင္းလဲသြားၿပီျဖစ္သည္။ ယြမ္မင္႐ႊိ ႏိုင္ငံျခားကေနျပန္ေရာက္လာၿပီး က်န္းေမာ့ခ်န္နဲ႔ခ်စ္သူရည္းစားေတြမျဖစ္သြားခဲ့တာေၾကာင့္ က်ိဳးရီ႐ွင္းျပန္ေရာက္လာလွ်င္ ဝတၳဳထဲကအတိုင္း ဟိုလူ႕ေျပးႀကိဳက္ရေတာ့မလိုလို ဒီလူ႕ေျပးႀကိဳက္ရေတာ့မလိုလို ဆက္မလုပ္ႏိုင္ေတာ့ပါ။ ဘာေတြဆက္ျဖစ္လာမလဲမသိေသးေသာ္ျငား သူဒီေန႔ ယြမ္မင္႐ႊိကို က်ိဳးရီ႐ွင္းအေၾကာင္း အနည္းအပါးလမ္းျပလိုက္တာေၾကာင့္ ထိုႏွစ္ေယာက္အဆင္ေျပသြားဖို႔ကေတာ့ လက္တစ္ကမ္းအကြာမွာပဲ႐ွိေတာ့သည္။

___________________________________

အိုက္ယား~~ ေလးေယာက္ေျမာက္ အဖြဲ႕ဝင္ေလးေရာက္လာဖို႔ အပိုင္း၂၀ပဲ လိုေတာ့တယ္ ဟိဟိ nini က်ားယို! nini က်ားယို! တကယ္ပါ မနက္ျဖန္ အပိုင္းကိုေရးရမွာ niniတကယ္ပ်င္းတယ္ niniက ေခြးစာပဲစားခ်င္တာ T.T Fan Commentေတြမေရးခ်င္ဘူး။

Continue Reading

You'll Also Like

206K 25.6K 21
- သေးငယ်ပြီး အင်အားနည်းသောတိုင်းပြည်တခုမှ ဘုရင်ငယ်လေးသည် ပင်လယ်ကြီး၏ဘေးမှ နဂါးကြီးတကောင်ကို နေ့တနေ့တွင် ကယ်ယူခဲ့မိလေသည်။ -ထိုအချိန်မှ စတင်ကာ သူ၏တိုင်...
60.3K 4.4K 68
အဖြူရောင်လေးက စွန်းထင်းလွယ်တယ် မဟုတ်လား... အဖြူတစ်စုံထပ်လို့ စွန်းထင်းမှုကို မကာကွယ်နိုင်ရင်တောင် အတူတူစွန်းထင်းခံနိုင်မှုကို ချစ်ခြင်းမေတ္တာလို့ သတ်...
3M 260K 48
!အမွန္ေတာ့ မင္းက က္ုိယ္အၿမဲတမ္း အမွတ္တရ သိမ္းထားခ်င္မိတဲ့ အစိမ္းေရာင္ ေပ်ာ္႐ႊင္ျခင္းေလးပါ... Oct9.2021 !အ...