Unicode
ယန်းချင်းချီတစ်ယောက် အမိန့်ပြန်တမ်းအတုလုပ်ပြီး ဝေ့လန်ကိုနှိုးနေတယ်၊ ယွမ်မင်ရွှိကတော့ အကူအညီမပါပဲနဲ့ကို မအောင်မြင်နိုင်တာ
__________________________________
မနက် ၁နာရီခွဲတွင် ကင်မရာမန်းတစ်ယောက်စီ ကင်မရာကြီးတွေကိုင်ပြီး သရုပ်ဆောင်တွေရဲ့အခန်းထဲကို တိတ်တိတ်လေးခိုးဝင်လာကြသည်။ သူတို့က သရုပ်ဆောင်တွေကို လိုက်နှိုးနေရင်း ဖြစ်သွားသည့် အိပ်မှုံစုတ်ဖွားရုပ်များကို အပီအပြင် ရိုက်ယူကြတော့သည်။
ယန်းချင်းချီနဲ့ ချန်ရွှမ်းလန်ကတော့ အသင့်ပြင်ဆင်ထားတာကြောင့် ကင်မရာမန်း သူတို့အခန်းထဲဝင်လာသည့်အခါ ရုပ်ဆိုးဆိုးပုံတွေမရလိုက်ပဲ သဘာဝကျကျပဲ နိုးလာကြသည်။
သို့သော် ဝေ့လန်ဘက်မှာတော့ အခြေအနေသိပ်မကောင်းပေ။ ဝေ့လန်က သူအိပ်နေတုန်း အနှိုးခံလိုက်ရလျှင် အရမ်းကိုစိတ်ဆတ်လွယ်သည်။ အထူးသဖြင့် အိပ်ပျော်သွားတာသိပ်မကြာသေးခင် တစ်ယောက်ယောက်က သူ့ကိုလာနှိုးချိန်မျိုးဖြစ်သည်။ ကင်မရာမန်းရော စွင်းရွှင်ပါဒုက္ခတွေရောက်နေကာ ဝေ့လန်က မကြာခင်ပေါက်ကွဲထွက်တော့မည့် ချိန်ကိုက်ဗုံးတစ်လုံးလိုပင်။
''အခုချက်ချင်း အကုန်လုံးထွက်သွား! ''
ဝေ့လန် ထိုသို့အော်ကာ ပြန်ဆက်အိပ်နေသည်။ တစ်ခန်းထဲအတူတူနေ,နေရသည့် စွင်းရွှင်တစ်ယောက် တဖက်လူအော်သံကြီးကြောင့် ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတော့သည်။
ကင်မရာမန်းလည်း ကင်မရာကြီးကိုင်ကာ ဆက်မနှိုးရဲတော့ပေ။ စွင်းရွှင်ကိုအကူအညီတောင်းသလိုလေး လှမ်းကြည့်နေသည်။ သို့သော် စွင်းရွှင်ကိုယ်တိုင်ကလည်း မနှိုးရဲပါ။
''ငါ့ကိုလာကြည့်မနေနဲ့ ငါလည်းမနှိုးရဲဘူး ''
နှစ်ယောက်သား ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေချိန် ယန်းချင်းချီ တံခါးခေါက်လိုက်ကာ စေ့ထားသည့်တံခါးလေးကို တွန်းဖွင့်ပြီး အထဲဝင်လာသည်။
စွင်းရွှင် ယန်းချင်းချီဝင်လာတာကိုမြင်တော့ အံ့သြသွားသည်။
''မင်းက ဒီကိုဘာလာလုပ်တာလဲ ''
''သူ့ကိုနှိုးမလို့လေ '' ယန်းချင်းချီ စွင်းရွှင်အား အိပ်ယာကိုအသက်လို ဖက်တွယ်ပြီးအိပ်နေသည့် ဝေ့လန်ဘက် မေးငေါ့ပြလိုက်သည်။
'' ဝေ့လန်မန်နေဂျာက ဒီ Variety Showအကြောင်း စနည်းနာထားတယ်လေ အဲ့တော့ Showတွေမှာ ညပိုင်းအစီအစဥ်တွေထည့်တတ်တာကို သတိထားမိတော့ တကယ်လို့အဲ့လိုအစီအစဥ်တွေရှိလာရင် ဝေ့လန်ကိုနှိုးလို့မရမှာစိုးလို့ ကျွန်တော်ကိုနှိုးပေးဖို့ အကူအညီတောင်းထားတယ် ''
ယန်းချင်းချီ ကင်မရာမန်းဘက်လှည့်ကြည့်လိုက်ကာ ''ပြီးတော့ သူ့မန်နေဂျာက ဝေ့လန်ကိုနှိုးနေတဲ့အချိန်မှာ မှတ်တမ်းမတင်ပါနဲ့တဲ့ အဲ့ဒါကြောင့် အရင်ရိုက်ထားတဲ့အပိုင်းတွေကိုရော ပြန်ဖျက်ပေးလို့ရမလား ဝေ့လန်နိုးသွားမှ အဲ့အပိုင်းကိုပြန်ရိုက်ကြည့်မလား မေးကြည့်လေ အဲ့လိုလုပ်ပေးဖို့ အဆင်ပြေနိုင်မလား ''
ကင်မရာမန်းကလည်း ချက်ချင်း ကင်မရာပိတ်လိုက်ကာ
''ဒါပေါ့ အဆင်ပြေပါတယ် ''
တဖက်လူကတိပေးသံကိုကြားမှ ယန်းချင်းချီ ဝေ့လန်အိပ်ယာဆီလျှောက်သွားလိုက်သည်။ ဝေ့လန်တစ်ယောက် စောင်ဖြင့် သူ့ကိုယ်သူပိုးတုံးလုံးလေးလို ပတ်ပြီးအိပ်နေကာ ဆံပင်အနက်ရောင်လေးတွေသာ စောင်အပြင်ထွက်နေတာကိုမြင်နေရသည်။
''ချင်းချီ ဂရုစိုက်နော် '' စွင်းရွှင်က မလှမ်းမကမ်းကနေ သတိပေးလာသည်။
ယန်းချင်းချီခေါင်းငြိမ့်ပြလိုက်ကာ ဝေ့လန်ခေါင်းအုံးဘေးက ဖုန်းကိုကောက်ယူလိုက်ပြီး တဖက်လူပုခုံးကို လှုပ်နှိုးလိုက်လေသည်။
''ဝေ့လန် ဝေ့လန် ထတော့ ''
ဝေ့လန် စောင်ပုံထဲကနေ အလိုမကျစွာ မျက်ခုံးကြုံ့လိုက်မိသည်။
ယန်းချင်းချီကလည်း တဖက်လူမတုံ့ပြန်မချင်း လှုပ်နှိုးနေသည်။
''ဝေ့လန် ဝေ့လန် ''
ဝေ့လန် ဒေါသထွက်ထွက်ဖြင့် ငေါက်ခနဲထထိုင်လာကာ မျက်နှာကြီးကမှုန်ကုတ်နေပြီး အခုပဲပါးစပ်ထဲကနေ မီးတွေမှုတ်ထုတ်တော့မည့်အတိုင်း
''ချီးပဲ! ဒီလောင်ဇီကို မနှောက်ယှက်လို့မရဘူးလား!....''
''ဝေ့လန် မင်းကောကောဆီက ဖုန်းလာလို့ ''
ယန်းချင်းချီ တဖက်လူထမပေါက်ကွဲခင် ချက်ချင်းဖြတ်ပြောလာကာ ဖုန်းကိုလှမ်းပေးလိုက်သည်။
ဝေ့လန် ဖုန်းကိုဆွဲယူလိုက်ပြီး လက်တစ်ဖက်က မျက်လုံးများကိုအိပ်ချင်ပြေအောင် စိတ်ဆိုးမာန်ဆိုးဖြင့်ပွတ်နေကာ ဖုန်းကိုင်ထားသည့်လက်တစ်ဖက်ကတော့ စိတ်မရှည်သည့်ရုပ်ကြီးဖြင့် ဖုန်းကိုနားအနားဆွဲကပ်လိုက်သည်။ သို့သော် လေသံမှာ သူတို့ကိုအော်ဟစ်ဆူငေါက်နေသည့်လေသံနှင့်မတူပဲ လေပြေလို နူးနူးညံ့ညံ့
''ဘာလို့ဒီအချိန်ကြီးကျမှ ဖုန်းခေါ်ရတာလဲ ''
''ပြောလေ ဘာလို့စကားမပြောတာလဲ ကော? ''
ဝေ့လန် ကြောင်တောင်တောင်လေးဖြစ်သွားသည်။ သူ့အစ်ကိုကဘာလို့စကားမပြောပါလိမ့်။ သူ ဖုန်းကို နားအနားကနေခွာလိုက်ကာ မျက်စိရှေ့ယူကြည့်လိုက်သည့်အခါ ဖုန်းမျက်နှာပြင်က မှောင်ပိန်းနေသည်။ နိုးခါစဖြစ်တာကြောင့် ဦးနှောက်ကသေချာ အလုပ်မလုပ်သေးပေ။ ဖန်သားပြင်မည်းမည်းမှာ ပေါ်နေသည့် မျက်နှာချောချောကို ငူငူငိုင်ငိုင်လေးကြည့်နေရင်း တဖြည်းဖြည်းအသိပြန်ဝင်လာသည့်အခါ
ဝေ့လန်ဒေါသတကြီး အော်တော့သည်။
''ယန်းချင်းချီ!!!! ''
ယန်းချင်းချီ ဆတ်ခနဲကောက်ထကာ တံခါးပေါက်ဆီချက်ချင်းပြေးလေသည်။ ဝေ့လန်ကလည်း စောင်ပုံထဲကနေ ကုန်းရုန်းထပြီး နောက်ကနေ လိုက်ဖမ်းသည်။
''ယန်းချင်းချီ! အမိန့်ပြန်တမ်းအတု လာပို့ရဲလောက်တဲ့အထိ သတ္တိတွေရှယ်ကောင်းနေတယ်ပေါ့? မင်းအဲ့လောက်ထိစွမ်းနေရင် ကောင်းကင်ဘုံကိုပဲတက်မွှေပါတော့လား! ''
ယန်းချင်းချီကလည်း ရှေ့ကနေပြေးနေရင်း ပါးစပ်ကလည်းအငြိမ်မနေပါ။
''မင်းဘာလို့ ညအိပ်ဝတ်စုံကြီးနဲ့ ပြေးလွှားနေတာလဲ မင်းရဲ့Sunny Boyပုံရိပ်ကြီးကိုမလိုချင်တော့ဘူးလား ညအိပ်ဝတ်စုံကြီးအခုပြန်မလဲရင် မင်းတို့အသင်းထပ်ရှုံးဦးမှာနော်''
ဝေ့လန်ချက်ချင်း ဘရိတ်အုပ်လိုက်သည်။ သူဒေါသတွေထွက်နေသော်ငြား ဘာမှမတတ်နိုင်ပေ။ အဝတ်အစားအရင်ပြန်လဲရမည်။ ပြန်လမ်းတစ်လျှောက် သူ့ကိုလှည့်စားရဲသည့် ယန်းချင်းချီကိုရော ထိုအကြံပေးလိုက်သည့် ကျန်းချန်ကိုပါ မကျေမနပ်ရုပ်လေးဖြင့် အလိုမကျစွာ ဆူပူနေသည်။ ကျန်းချန်ကလွဲပြီး ဘယ်သူမှမဖြစ်နိုင်ချေ။ သူ့ကို နှိုးလို့မရတိုင်း ထိုကဲ့သို့လှည့်စားနေကျဖြစ်သည်။ ဒါနဲ့နေစမ်းပါဦး ယန်းချင်းချီနဲ့ကျန်းချန်နဲ့ ဘယ်တုန်းက အဲ့လောက်အထိ ရင်းနှီးသွားတာလဲ! ဘာလို့သူမသိလိုက်ရတာလဲ! ဒီသစ္စာဖောက် မန်နေဂျာစုတ်!
ကင်မရာမန်းလေးခင်ဗျာ ဝေ့လန်၏ ဒေါသမုန်တိုင်းကိုကြည့်ရင်း သူ့ကိုပါ အဖျားခတ်လာမှာစိုးတာကြောင့် အိပ်ယာထလာသည့်အပိုင်းကို ပြန်ရိုက်ဖို့မဟရဲတော့ပဲ မကြာခင်လူစုရမည်ဟုသာ သတိပေးနိုင်တော့သည်။
လူစုရမည့် ခြံနောက်ဘက်ဝန်းဆီသို့ ဝေ့လန် အဝတ်အစားလဲပြီးထွက်လာလိုက်သည်။ သူ ဝန်းထဲရောက်တော့ သူ့ထက်နောက်ကျမှ အိပ်ချင်မူးတူးရုပ်နှင့် ဝင်လာသည့် သရုပ်ဆောင်အချို့ကိုတောင် တွေ့လိုက်ရသေးသည်။
သူ ယန်းချင်းချီရပ်နေတဲ့နေရာဆီ ခိုးကြောင်ခိုးဝှက်လျှောက်သွားလိုက်ကာ အံကြိတ်သံလေးဖြင့်
''မင်းနဲ့ ကျန်းချန်းနဲ့ ဘယ်အချိန်ကတည်းက တစ်ကျိတ်ထဲတစ်ဉာဏ်ထဲ ဖြစ်သွားတာလဲ ငါ့ကိုပြောစမ်းပါဦး ''
''တိတိလေး ဘယ်လိုစကားလုံးတွေသုံးနှုန်းနေတာလဲ သူက ငါ့ဆီမင်းကိုအပ်ထားလို့ ငါက စေတနာနဲ့ကူကြည့်ပေးရုံတင် ''
''ဟာ့! ဒီကျန်းချန်သတ္တိတွေတော်တော်ကောင်းနေတာ၊ ငါ့အစ်ကိုနာမည်နဲ့ နှိုးတဲ့အကွက်တွေကိုပါ မင်းကိုသင်ပေးရဲတယ် ''
''အဲ့လိုတွေလုပ်နေရပြီဆိုကတည်းက မင်းနဲ့ပတ်သက်ရင် မင်းမန်နေဂျာဘယ်လောက်ခေါင်းခြောက်နေရလဲ မသိသာလွန်းဘူးလား သူ့ရဲ့စိတ်ဝေဒနာတွေ မင်းနားမလည်ပါဘူး ''
''ငါ့အစ်ကို သူ့ကို တစ်လဘယ်လောက်ပေးထားလဲ မင်းသိလား '' ဝေ့လန် ယန်းချင်းချီအား 'မင်းဘာမှမသိပါဘူး'ဆိုသည့် အကြည့်လေးပေးရင်း '' ကွမ်မေကြားသွားရင် မနာလိုလွန်းလို့ မျက်ရည်တောင်ကျနိုင်တဲ့ ပမာဏကြီး ဟုတ်ပြီလား ''
''ဒါပေမဲ့ ငါကလိမ္မာတယ်လေ ကွမ်မေကိုအဲ့လောက်ပေးစရာမလိုဘူး ''
''ဒါပေမဲ့ ငါကနာမည်ကြီးလေ စောက်ရမ်းနာမည်ကြီးတယ်လေ! တူမလားမင်းနဲ့ ''
''ကျန်းမော့ချန်လောက်နာမည်ကြီးလို့လား '' ယန်းချင်းချီ ပက်ခနဲပြန်ပြောလိုက်သည်။
ဝေ့လန် : ''...........''
ယန်းချင်းချီ တဖက်လူပြန်မငြင်းနိုင်တော့တာကို ကြည့်ပြီး ခွိကနဲ ရယ်လိုက်ကာ
''သွား ကိုယ့်အဖွဲ့ကို ပြန်တော့ ''
ဝေ့လန် အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။
''ဟွန့်! မင်းထက်တော့ နာမည်ပိုကြီးတယ် ''
ပြောရင်း စိတ်ဆိုးတကြီးလှည့်ထွက်သွားလေသည်။
မနက်၂နာရီကြီးလူစုခိုင်းသော်ငြား အားလုံးက အိပ်ချင်မူးတူးရုပ်လေးတွေဖြင့် အရှင်းနိုးသေးပုံမပေါ်ပေ။ ပရိုဂရမ်အဖွဲ့က ဒီတခေါက်မှာတော့ အကဆရာမတစ်ယောက်ကိုခေါ်ထားကာ နှစ်ဖွဲ့စလုံးကို သူမအတိုင်းလိုက်ကခိုင်းသည်။ သူမကပြတာကိုကြည့်ပြီး သူမအတိုင်း တစ်ယောက်မကျန် လိုက်ကနိုင်သည့်အဖွဲ့ကသာ အနိုင်ရမည်ဖြစ်သည်။
အသင်းသားတွေ ထိုကြော်ငြာချက်ကြားအပြီးမှာ အော်ဟစ်ငြီးငြူကြတော့သည်။ တချို့ကလည်း ပရိုဂရမ်အဖွဲ့ကို လူစိတ်မရှိဘူးဟု အပြစ်တင်ပြောဆိုနေကြသည်။ သို့သော် ဘယ်လောက်ပြောပြော ဘယ်လောက်အော်အော် အသုံးမဝင်ပါ။ မြူးကြွသည့်သံစဥ်လေးက လေထဲပျံ့လွင့်လာကာ အကဆရာမကလည်း စတင်ပြီးကပြနေပြီဖြစ်သည်။
ချန်ရွှမ်းလန် သူ့ဘေးက ယန်းချင်းချီကိုကြည့်ရင်း
''မင်းကတတ်လား ''
ယန်းချင်းချီခေါင်းငြိမ့်ပြလိုက်ကာ '' မဆိုးပါဘူး ''
ချန်ရွှမ်းလန်မယုံသလိုလေး ပြန်မေးလာသည်။
''သီချင်းဆိုတာနဲ့ကတာနဲ့က ဆွေမျိုးနီးစပ်တွေမဟုတ်ဘူးလား နှစ်ခုလုံးက သံစဥ်အတိုင်းစီးမြောရတာလေ မင်းကကီးလွဲနေတဲ့ဟာကို ''
ယန်းချင်းချီကလည်း ထိုမှတ်ချက်ကို မကျေနပ်ပါ။
''ကပ္ပတိန် သီချင်းမဆိုနိုင်တိုင်း မကနိုင်ဘူးလို့ မထင်ရဘူးလေ အမြင်သစ်တွေပွင့်ဖို့လိုနေပြီ ''
''ကတတ်ရင်တော့ကောင်းတာပေါ့ '' ချန်ရွှမ်းလန်သူ့အကြောင်းသူတွေးပြီး နည်းနည်းလေးစိတ်ပူလာကာ '' အမှန်အတိုင်းပြောရရင် ငါဒီလိုတွေမေးနေရတာက ငါ မကတတ်လို့၊ အဆင်ပြေပါ့မလားနည်းနည်းလေးစိုးရိမ်မိတယ် ''
ယန်းချင်းချီ ချန်ရွှမ်းလန်ကို လှည့်ကြည့်လိုက်ကာ ''အကိုမကတတ်ဘူးလား ''
ချန်ရွှမ်းလန်တစ်ယောက် သက်ပြင်းချရင်း အမှန်အတိုင်းဝန်ခံလာသည်။ ''အင်း ''
ချန်ရွှမ်းလန်ငယ်ဘဝက ချို့တဲ့သည်။ လူကြီးတွေက မိသားစုစားဝတ်နေရေးအတွက် လုံးပန်းနေရတာကြောင့် ပီယာနို၊အဆို၊အကစသည့် သင်တန်းများထားပေးဖို့ ပိုက်ဆံမရှိခဲ့ပါ။ ဘွဲ့ရပြီးနောက် သူ့ရဲ့လက်ရှိမန်နေဂျာက သူ့ကိုမတော်တဆတွေ့ရှိသွားကာ အနုပညာလောကထဲ ဆွဲခေါ်လာခဲ့သည်။ အရန်ဇာတ်ကောင်နေရာလေးတွေကနေစရိုက်ရင်း ဒီနေ့ချန်ရွှမ်းလန်ဖြစ်လာခဲ့သည်။ ချန်ရွှမ်းလန်က ဒီလောကထဲ အလုပ်ကြိုးစားသည့် စံပြမင်းသားတစ်ယောက်ဟု လူသိများသည်။ တစ်နှစ်ကို သုံး၊လေးကားလောက်ဆက်တိုက်ရကာ ထိုကဲ့သို့ ဆက်တိုက်ရိုက်ရသည့်ကျေးဇူးကြောင့်ပဲ လူသိများလာပြီး အတွေ့အကြုံရင့်သန်သည့် မင်းသားတစ်ယောက်အဖြစ် ထိပ်ဆုံးအထိရောက်လာခဲ့သည်။
သို့သော် အကောင်းအဆိုးက အမြဲဒွန်တွဲနေတတ်သည်။ ထိုကဲ့သို့ဆက်တိုက်ရိုက်ရခြင်းက သူ့အတွက်နားချိန်နည်းစေကာ သူ့ရဲ့ဝါသနာတွေ၊စိတ်ဝင်စားမှုတွေကို တိုးတက်အောင်လုပ်ဖို့ အချိန်မရှိခဲ့ပေ။ အရင်တုန်းက တံဆိပ်ပြားလုပွဲကိုပဲ ဦးစားပေးပြိုင်ရတာကြောင့် သူ့ရဲ့လူငယ်သဘာဝလျင်မြန်ဖျတ်လတ်မှုနှင့် သက်လုံကိုအားကိုးပြီး အခြားလူတွေနှင့်ယှဥ်လျှင် သူလိုငါလိုဟုထင်ရသည်။ သို့သော် ဒီတစ်ခေါက်မှာ မြှားပစ်စွမ်းရည်၊အကစွမ်းရည်စသည့် ကိုယ်ရည်သွေး အစီအစဥ်များထည့်ထားသဖြင့် ကပ္ပတိန်တစ်ယောက်အနေနဲ့ အသင်းသားတွေလောက်တောင် ကောင်းကောင်းမလုပ်ပြနိုင်မှာကို အနည်းငယ်စိုးရိမ်နေသည်။
ယန်းချင်းချီကတော့ ချန်ရွှမ်းလန်ဘာတွေတွေးနေမှန်းမသိသော်ငြား အားပေးမပျက်ပေ။
''ဘာမှမဖြစ်ပါဘူး အခု အားလုံးက အိပ်ချင်နေကြတဲ့လူတွေကြီးပဲ အကုန်လုံး ကို့ရို့ကားယားကကြမှာ ကပ္ပတိန် မကတတ်ရင်တောင် အဲ့လောက်သိသာနေမှာမဟုတ်ဘူး လျှောက်တွေးပြီး အစိုးရိမ်လွန်မနေနဲ့ ''
ယန်းချင်းချီစကားက ယုတ္တိရှိသည်ဟု ချန်ရွှမ်းလန်တွေးလိုက်မိသည်။ သူတို့၁၄ယောက်မှာ အဆိုအကကောင်းသည့် ဝေ့လန်ကလွဲ အားလုံးက သူလိုငါလို မင်းသား၊မင်းသမီးတွေပဲ ဖြစ်တာကြောင့် သိပ်မကတတ်လောက်ကြဘူးဟုသာ ဖြေသိမ့်လိုက်သည်။
ဝမ်းသာစရာက သူမှန်းထားသည်နှင့် အံကိုက်သွားဖြစ်နေခြင်းပင်။
အကဆရာမက သုံးခေါက်ကပြလိုက်သော်ငြား ဝေ့လန်တစ်ယောက်ထဲကသာ လှလှပပဖြင့် သေသေသပ်သပ်လိုက်ကနိုင်သည်။ ဆရာမက ဝေ့လန်ကို ချက်ချင်းအအောင်ပေးလိုက်တာကိုမြင်တော့ ဒါရိုက်တာကလည်း ပြန်အိပ်ချင်ရင် ပြန်အိပ်လို့ရပြီဟု ဝေ့လန်ကိုပြောလာသည်။
ဝေ့လန်က ဒီလောက် မျက်လုံးကျယ်သွားမှတော့ ဘယ်လိုလုပ်အိပ်ပျော်တော့မှာလဲ! သူ ကွင်းထဲမှာခုန်လိုက်ပေါက်လိုက်ဖြင့် အတင်းအသည်းအသန်လိုက်ကနေကြသည့် သူ့အဖွဲ့သားတွေကိုရော၊ ပြိုင်ဘက်အဖွဲ့က အသင်းသားတွေကိုရော ကြည့်ရင်း အိပ်ချင်စိတ် တစ်စက်ကလေးတောင်မရှိတော့ပေ။ သူ ခုံတစ်ခုံကိုဆွဲယူပြီးထိုင်လိုက်သည်။ ကင်မရာမန်းတစ်ယောက်က သူ့လက်ထဲကွာစေ့တွေထည့်ပေးလာသည်။ ဝေ့လန် ထိုကွာစေ့တွေကိုက်နေရင်း ကနေတဲ့လူတွေကိုကြည့်ကာ အပြစ်တင်ဝေဖန်တော့သည်။
''ယန်းချင်းချီ များများလှုပ် များများလှုပ်! ကပ္ပတိန် ကနေတာကြီးက သံစဥ်မကိုက်ဘူးလေ ကပ္ပတိန်ကနှေးနေတယ်! ကပ္ပတိန်ချန် ဘယ်ဘက်ပဲလှုပ်မနေ ညာဘက်ကိုလည်းလှုပ်! ယွမ်မင်ရွှိ မင်းလှုပ်နေတာပျော့လှချည်လား အားလေးထည့်ပြီးကစမ်းပါဟ! ရွမ်ဝမ်ရွှမ်း တောင့်တောင့်ကြီးကမနေနဲ့လေ! ''
အပြောခံလိုက်ရသည့် သရုပ်ဆောင်တွေအားလုံး ဆွံ့အသွားကြသည်။ သို့သော် အကဆရာမပြောလာသည်က
''ကျောင်းသားဝေ့လန်ပြောတာမှန်တယ် အားလုံးပဲ ကျားယို ဆက်ကကြမယ် Come on Come on ''
ယန်းချင်းချီ ဆံပင်ကိုခပ်မြင့်မြင့်စီးထားသည့် သူ့ရှေ့က အကဆရာမကိုလှမ်းကြည့်လိုက်ကာ သူမက အကဆရာမအယောင်ဆောင် ဝေ့လန်Fanကျဲကျဲများဖြစ်နေမလားဟု သံသယဝင်သွားသည်။
မျောက်ပွဲကြည့်နေရသလိုမျိုး ကွာစေ့ကိုက်ပြီး ခြေချိတ်ထိုင်ကြည့်နေသည့် သခင်လေးဝေ့လန်ကို သည်းညည်းမခံနိုင်တော့တာကြောင့် စွင်းရွှင်းတစ်ယောက် လှမ်းခေါ်လိုက်သည်။
''လာပါ သခင်ငယ်လေးရယ် အဲ့မှာထိုင်မနေပါနဲ့ နိုင်ချင်တယ်ဆို? လာ ဒီကိုလာပြီး ငါတို့ကိုလာသင်ပေးစမ်းပါ ''
ဝေ့လန်ကလည်း တဖက်လူပြောတာမှန်သည်ဟု တွေးမိတာကြောင့် လက်ထဲကကွာစေ့တစ်ဆုပ်ကို ကင်မရာမန်းလက်ထဲ ပြန်ထည့်ပေးလိုက်ကာ
''မင်းပဲစားလိုက်တော့ ''
ထိုသို့ပြောအပြီး ကနေတဲ့လူတွေဆီ လျှောက်သွားလေသည်။
အပြာအသင်းမှာတော့ လီမုန်က ပထမဦးဆုံးအောင်မြင်သူဖြစ်သွားကာ သူမကလည်း အဖွဲ့သားတွေကို ဘေးကနေ ဂိုက်ပြပေးနေသည်။ သိပ်မကြာခင် ယန်းချင်းချီက ကကွက်တွေကိုနားလည်သွားပြီး ဆရာမရှေ့မှာကပြလေသည်။
စွင်းရွှင်က ယန်းချင်းချီကနေတာကိုကြည့်ပြီး အံ့သြတကြီးမှတ်ချက်ပြုလာသည်။
''ဆိုတာနဲ့ကတာက မောင်နှမတွေမဟုတ်ဘူးလား သီချင်းမဆိုတတ်ပေမဲ့ ကတတ်တယ်? သောက်ဆန်းကြီး ''
ဝေ့လန်က တဖက်လူပုခုံးကိုပုတ်ရင်း
''ကပ္ပတိန်သူများကို သွားကြည့်မနေနဲ့ ကပ္ပတိန်သူ့လောက်တောင်မကနိုင်သေးဘူး အခုထိအကွက်တွေမှားနေတုန်းပဲ မြန်မြန်လေ့ကျင့်မယ် ''
စွင်းရွှင်လည်း တဖက်လူ အားပေးစကားကြောင့် ခေါင်းပိုကိုက်သွားရသည်။ သူ ဝေ့လန်ပြောသည့်အချက်များကို လိုက်မှတ်ရင်း ဆက်ကနေလေသည်။
ယန်းချင်းချီအောင်သွားတော့ တိုက်ဟုန်းကျိုနှင့် ချန်ရွှမ်းလန်ဆီသွားကာ နည်းပြပေးနေသည်။ တိုက်ဟုန်းကျိုက ချန်ရွှမ်းလန်ထက် ပိုအတတ်မြန်သည်။ တိုက်ဟုန်းကျိုအောင်သွားတာကိုမြင်တော့ ချန်ရွှမ်းလန်တစ်ယောက် ပိုပိုစိုးရိမ်လာကာ အကွက်တွေမှားတော့သည်။ ယန်းချင်းချီ တဖက်လူ၏စိုးရိမ်စိတ်တွေကို မြင်လိုက်တာကြောင့် ပုခုံးကိုပုတ်ရင်း အားပေးလာသည်။
''အစ်ကို ဟိုဘက်အသင်းကိုလှည့်ကြည့်လိုက် အခုထိ စွင်းရွှင်ကောတောင် မအောင်သေးဘူး အဲ့ဒါကြောင့် စိတ်ပူမနေနဲ့ စိတ်ကိုငြိမ်ငြိမ်ထားပြီး သံစဥ်အတိုင်းလိုက်က ''
ချန်ရွှမ်းလန်ထင်လိုက်သည်မှာ သူအကွက်မှားသွားတာကို ဘယ်သူမှမမြင်လောက်ဖူးဟုပင်။ သို့သော် ယန်းချင်းချီက မြင်ဖြစ်အောင်မြင်သွားကာ သူ့ကိုနှစ်သိမ့်ပေးလာသည်။ ဒီနေ့တစ်နေ့လုံး သူကောင်းကောင်းမလုပ်နိုင်ခဲ့တာကြောင့် နည်းနည်းလေးစိတ်ဖိစီးနေသည်။ သို့သော် သူ့ထက်ငယ်သည့်ဂျူနီယာလေးက ဂရုတစိုက်ဖြင့် အားပေးလာသည့်အချိန်မှာတော့ အငယ်တွေရှေ့မှာ ရုပ်ပေါက်လို့မဖြစ်တာကြောင့် တင်းနေသည့် သူ့စိတ်ကိုဖြေလျှော့ပြီး ယန်းချင်းချီညွှန်ကြားမှုအတိုင်း သေချာလိုက်ကဖို့ဆုံးဖြတ်လိုက်တော့သည်။
တဖက်မှာတော့ ဝေ့လန်က ယွမ်မင်ရွှိကို သင်လိုက်ဟောက်လိုက်လုပ်နေသည်။
''လက်တွေ ခြေထောက်တွေကို သေချာမြှောက်ပြီးကလေ အားထည့်ပြီး ကစမ်းပါဟ! ညကဘာမှမစားထားဘူးလား ''
ယွမ်မင်ရွိတစ်ယောက် လူရှေ့သူရှေ့မှာ အပြောခံနေရတာကို ရှက်လာတာကြောင့်
''မင်း ငါ့ကို သင်ပေးစရာမလိုဘူး တခြားလူတွေကိုပဲ လိုက်သင်ပေးလိုက်ပါ ''
ဝေ့လန်က မျက်ခုံးတဖက်ပင့်တင်လိုက်ကာ ရွဲ့တဲ့တဲ့ပြောလာသည်။
''သဘောလေ ကိုယ့်ဘာသာကိုတစ်ယောက်ထဲကြိုးစားကြည့်လိုက်ပေါ့ အရမ်းကြီးချုပ်တည်းမထားနဲ့ဦး အောင်ချင်မှလည်းအောင်မှာဆိုတော့ ''
တဖက်သားကို စိတ်အနှောက်အယှက်ဖြစ်အောင် ပြောတတ်ကြတဲ့လူတွေ ဒီလောကကြီးထဲ ဘာလို့ရှိနေသေးမှန်း ယွမ်မင်ရွှိနားမလည်နိုင်ဖြစ်နေသည်။ သူကိုယ်တိုင်ကလည်း ဝေ့လန်ကိုစကားမပြောချင်တော့တာကြောင့် ခေါင်းသာငြိမ့်ပြလိုက်သည်။ ဝေ့လန်က ယွမ်မင်ရွှိကို အဖက်တောင်လုပ်မနေပဲ ချာခနဲလှည့်ထွက်သွားကာ တခြားလူတွေဆီလျှောက်သွားလိုက်သည်။
တဖြည်းဖြည်း ဝေ့လန်၏ညွှန်ကြားမှုအောက်မှာ တစ်ယောက်ပြီးတစ်ယောက် အောင်သွားကြသည်။ အနီအသင်းမှာ မအောင်မြင်သေးသည့်လူဆိုလို့ ယွမ်မင်ရွှိတစ်ယောက်ပဲ ကျန်တော့ကာ ခြေတလှုပ်လှုပ် လက်တလှုပ်လှုပ်ဖြင့် တစ်ယောက်ထဲဆက်လေ့ကျင့်နေလေသည်။ သူ စွင်းရွှင်အောင်သွားတာကိုတွေ့တော့ သူ့ကို သင်ပေးဖို့ စွင်းရွှင်ကိုအကူအညီတောင်းလိုက်သည်။ သို့သော် စွင်းရွှင်ဘာမှမပြောရသေးခင်မှာတင် ဝေ့လန်ကဖြတ်ပြောလာလေသည်။
''သူတောင် ငါ့ဆီကနေ သင်ပြီးအောင်သွားတာကို မင်းက သူ့ဆီကနေပြန်သင်ချင်တယ်? မင်းပြောတော့ ငါသင်ပေးစရာမလိုဘူးဆို အဲ့တော့ ငါသင်ပေးထားတဲ့သူကလည်း မင်းကို ပြန်သင်ပေးစရာအကြောင်းမရှိဘူး '' ဝေ့လန်တစ်ယောက် စွင်းရွှင်အစားငြင်းပေးလိုက်သည်။
ဝေ့လန်ကထိုသို့ပြောလာမှတော့ ယွမ်မင်ရွှိဘက်ကလည်း ပြန်ငြင်းစရာ စကားမရှိဖြစ်နေကာ စွင်းရွှင်ကိုသာ မျှော်လင့်ချက်ကြီးစွာဖြင့် လှမ်းကြည့်နေသည်။
စွင်းရွှင်တို့ အနေကြပ်ရပြန်သည်။ သူ ယွမ်မင်ရွှိကို လှမ်းပြောလိုက်သည်။
'' ငါလည်း မင်းကိုမသင်ပေးချင်လို့မဟုတ်ဘူး ငါကိုယ်တိုင်ကိုက ဘယ်လိုအောင်သွားမှန်းမသိလိုက်တာ အခုထိကိုသေချာနားမလည်သေးဘူး ''
''ဒါဆို..... ''
ယွမ်မင်ရွှိပိုပိုပြီး စိုးရိမ်လာသည်။ သူ့ကိုဘယ်သူမှမသင်ပေးလျှင် ဒီပြိုင်ပွဲကိုမအောင်နိုင်ပါ။ သူတစ်ယောက်ထဲ ရှက်စရာကောင်းစွာ ကျန်နေခဲ့လိမ့်မည်။
''ဝေ့လန်ကို သင်ပေးဖို့ တောင်းဆိုကြည့်ရင်ရော သူကအပြောနည်းနည်းလေးဆိုးပေမဲ့ မင်းရဲ့ဟာကွက်တွေကို တန်းမြင်နိုင်တယ် သူပြောတဲ့အတိုင်း လိုက်ပြောင်းပြီးကနိုင်ရင် ကျိန်းသေပေါက် အောင်သွားလိမ့်မယ် ''
''မလုပ်ပါနဲ့ ငါက ယွမ်သခင်လေးကို မသင်ပေးဝံ့ပါဘူး လူတိုင်းက ငါ သူ့ကိုပဲ တမင်လိုက်ပြီးအပြစ်ရှာနေတယ်လို့ ထင်နေပါဦးမယ် ''
စွင်းရွှင် စိတ်ညစ်လာသည်။
''မင်းကရော စကားကောင်းကောင်းပြောလို့မရဘူးလား ''
ဝေ့လန်တစ်ယောက် အံ့သြထိတ်လန့်သွားသည့် ရုပ်လေးဖြင့်
''ငါက ဘာလို့စကားကောင်းကောင်းမပြောတတ်ရမှာလဲ ငါ တရုတ်စကားပဲ ပြောနေတာမဟုတ်ဘူးလား ''
စွင်းရွှင် နားထင်ကိုဖိပွတ်လိုက်ကာ
''မင်းမိဘတွေက မင်းဆို သည်းသည်းလှုပ် အလိုလိုက်ကြတဲ့ပုံပဲနော် ''
''ဒါပေါ့ '' ဝေ့လန်ကလည်း တစ်စက်ကလေးမှ နှိမ့်ချမနေပါ။
'အေးပါ မြင်နေရပါတယ်' စွင်းရွှင်စိတ်ထဲကနေ ထိုသို့ ရေရွတ်လိုက်သည်။ မဟုတ်ရင် ဘယ်သူ့ကိုမှဂရုမစိုက်ပဲ ပြောချင်တာပြောရဲတဲ့အထိ ဒီလို အလိုလိုက်ခံရတဲ့ သခင်လေးဖြစ်နေမလား။
သို့သော် စွင်းရွှင်မသိသည်က ဝေ့လန်၏ထိုပုံစံမှာ မိဘတွေဆီကနေ သည်းသည်းလှုပ်အလိုလိုက်ခံထားရလို့ ဆိုးသွမ်းနေခြင်းမျိုးမဟုတ်ပဲ ဝေ့ရွှင်းဆီကနေ ကမ်းကုန်အောင်အလိုလိုက်ခံထားရခြင်းကြောင့်သာ အကြောက်အလန့်မရှိ ဂန်းစတားပိစိလေးဖြစ်နေခြင်း ဖြစ်သည်။ ဝေ့အိမ်တော်ရှိ လူကြီးတွေမှာ သူတို့ငယ်ငယ်လေးကတည်းက အလုပ်ကိုယ်စီရှုပ်နေကြသဖြင့် သူတို့ကိုအချိန်သိပ်မပေးနိုင်တာကြောင့် ဝေ့လန်က သူ့နောက်ကိုပဲ ဘဲပေါက်စလေးလို တကောက်ကောက်လိုက်နေတတ်သည်။ ဝေ့ရွှင်းက ဝေ့လန်ကို အတတ်နိုင်ဆုံး စည်းကမ်းတင်းကြပ်ထားသော်ငြား တဖက်လူ၏ ကလေးဆန်ဆန်ဆိုးသွမ်းပုံလေးနှင့် အသားကျနေပြီဖြစ်တာကြောင့် သူချမှတ်ထားသည့် စည်းကမ်းတွေကိုမချိုးဖောက်သရွေ့ ဝေ့လန်လိုချင်တာမှန်သမျှ လိုလေသေးမရှိ လိုက်ဖြည့်ဆည်းပေးနေတတ်သည်။
ငယ်ငယ်ကသူတို့နှစ်ယောက် တောင်တက်ကြသည့်အခါတိုင်း အစပိုင်းမှာဝေ့လန်က ပြေးလွှားခုန်ပေါက်နေလိမ့်မည်။ ထို့နောက် တောင်ထိပ်မရောက်ခင် ခြေထောက်တွေညောင်းပြီး ပင်ပန်းလာသဖြင့် ဝေ့ရွှင်းကိုကုန်းပိုးခိုင်းလိမ့်မည်။ ဝေ့ရွှင်းကလည်း အဆိုးလေးဟု ဆူလိုက်ကာ တောင်ပေါ်ကိုလည်း ချီခေါ်သွားမည်ဖြစ်ပြီး တောင်အောက်ကိုလည်း ကုန်းပိုးပြီးဆင်းလိမ့်မည်။ ဝေ့လန်ကတော့ အတက်ရောအဆင်းပါ ကိုကြီးကျောပြင်ပေါ် ပါးလေးကပ်ပြီး နောက်ကနေ ကိုအာလာဝက်ဝံလေးလို ဖက်တွယ်ထားလိမ့်မည်။ ကိုကြီးကို အားပေးဖို့အတွက် အသံချိုအေးလေးဖြင့် သီချင်းတောင်ဆိုပြနေဦးမည်။
ဝေ့ရွှင်း ငယ်စဥ်ကတည်းက သူက သာမန်ကလေးတွေနဲ့ကွဲပြားမှန်း သတိထားမိကာ ဝေ့အိမ်တော်အာဏာနှင့် ဝေ့မိသားစုစီးပွားရေးတွေအကုန်လုံး သူ့လက်ထဲရောက်လာမယ်မှန်း သူကောင်းကောင်းနားလည်သဘောပေါက်ထားသည်။ ငယ်ငယ်လေးကတည်းက သူ့ကိုယ်သူ စည်းကမ်းတင်းကြပ်ထားကာ ဆက်ခံသူတစ်ယောက်မှာ ရှိသင့်ရှိထိုက်သည့် အရည်အချင်းတွေအားလုံးသင်ယူခဲ့ရသည်။ ထို့ကြောင့် သူ့မှာ ကလေးဘဝပျော်ရွှင်မှုနှင့် လွတ်လပ်စွာ ဆော့ကစားချင်သည့်အတွေးမျိုး မရှိခဲ့ပါ။ ဆုံးရှုံးခဲ့ရသည့် သူ့ငယ်ဘဝပျော်ရွှင်မှုများအားလုံးကို ဝေ့လန်ကိုသာ ပုံအောပေးခဲ့သည်။ ဝေ့လန်ကို သူ့လို မိသားစုတာဝန်တွေမထမ်းပိုးစေချင်ပါ။ ဘာဖိအားမှမရှိပဲ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းစေချင်သည်။ ဝေ့လန် အနုပညာလောကထဲ အပျော်အပျက်ဝင်ပြီး ကစားချင်တယ်ဆိုတုန်းကတောင် သူက တစ်ချက်ကလေး မတားမိသည့်အပြင် နောက်ခံအင်အားကို သုံးပြီး ပျော်ပျော်ကြီးကစားလို့ရအောင် စီစဥ်ပေးခဲ့သည်။
ဝေ့ရွှင်းအတွက်ကတော့ ဝေ့လန်ကို အများကြီးမမျှော်လင့်ထားပါ။ တကယ်လို့ ဝေ့လန်က ရည်မှန်းချက်အကြီးကြီးရှိပြီး အောင်မြင်အောင်ကြိုးစားမယ်ဆိုလျှင်တောင် သူကဘေးကနေ ထောက်ပံ့အားပေးနေမှာဖြစ်သည်။ ရည်မှန်းချက်မရှိပဲ စားလိုက်၊အိပ်လိုက်လုပ်ပြီး ဆိုးသွမ်းသည့်သခင်လေးပုံစံဖမ်းနေမယ်ဆိုလည်း သူကဘေးကနေ အလိုလိုက်ပေးနေဦးမှာဖြစ်သည်။ ဘဝက တစ်ခါပဲရှင်သန်ရတာကြောင့် ဝေ့လန်အသက်ကြီးလာတဲ့အချိန် ဖြတ်သန်းခဲ့ရသည့်နေ့ရက်များကို ပြန်လှည့်ကြည့်လိုက်သည့်အခါ နောင်တတွေ၊ဝမ်းနည်းမှုတွေမရှိပဲ အပျော်တွေနှင့်သာပြည့်နေစေချင်သည်။ ဘဝကို အပူအပင်မရှိပဲ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းစေချင်သည်။ ကောင်ငယ်လေးပြုံးပျော်နေတာကို မြင်ရရုံနဲ့တင် သူ့အတွက်လုံလောက်နေပြီဖြစ်သည်။
_________________________________
မျက်ရည်ကျချင်စဖွယ် ကိုကြီးရဲ့ပင်လယ်လောက်ကြီးမားတဲ့ အချစ်တွေပေါ့။ 🤧
Zawgyi
ယန္းခ်င္းခ်ီတစ္ေယာက္ အမိန္႔ျပန္တမ္းအတုလုပ္ၿပီး ေဝ့လန္ကိုႏိႈးေနတယ္၊ ယြမ္မင္႐ႊိကေတာ့ အကူအညီမပါပဲနဲ႔ကို မေအာင္ျမင္ႏိုင္တာ
__________________________________
မနက္ ၁နာရီခြဲတြင္ ကင္မရာမန္းတစ္ေယာက္စီ ကင္မရာႀကီးေတြကိုင္ၿပီး သ႐ုပ္ေဆာင္ေတြရဲ႕အခန္းထဲကို တိတ္တိတ္ေလးခိုးဝင္လာၾကသည္။ သူတို႔က သ႐ုပ္ေဆာင္ေတြကို လိုက္ႏိႈးေနရင္း ျဖစ္သြားသည့္ အိပ္မႈံစုတ္ဖြား႐ုပ္မ်ားကို အပီအျပင္ ႐ိုက္ယူၾကေတာ့သည္။
ယန္းခ်င္းခ်ီနဲ႔ ခ်န္႐ႊမ္းလန္ကေတာ့ အသင့္ျပင္ဆင္ထားတာေၾကာင့္ ကင္မရာမန္း သူတို႔အခန္းထဲဝင္လာသည့္အခါ ႐ုပ္ဆိုးဆိုးပုံေတြမရလိုက္ပဲ သဘာဝက်က်ပဲ ႏိုးလာၾကသည္။
သို႔ေသာ္ ေဝ့လန္ဘက္မွာေတာ့ အေျခအေနသိပ္မေကာင္းေပ။ ေဝ့လန္က သူအိပ္ေနတုန္း အႏိႈးခံလိုက္ရလွ်င္ အရမ္းကိုစိတ္ဆတ္လြယ္သည္။ အထူးသျဖင့္ အိပ္ေပ်ာ္သြားတာသိပ္မၾကာေသးခင္ တစ္ေယာက္ေယာက္က သူ႕ကိုလာႏိႈးခ်ိန္မ်ိဳးျဖစ္သည္။ ကင္မရာမန္းေရာ စြင္း႐ႊင္ပါဒုကၡေတြေရာက္ေနကာ ေဝ့လန္က မၾကာခင္ေပါက္ကြဲထြက္ေတာ့မည့္ ခ်ိန္ကိုက္ဗုံးတစ္လုံးလိုပင္။
''အခုခ်က္ခ်င္း အကုန္လုံးထြက္သြား! ''
ေဝ့လန္ ထိုသို႔ေအာ္ကာ ျပန္ဆက္အိပ္ေနသည္။ တစ္ခန္းထဲအတူတူေန,ေနရသည့္ စြင္း႐ႊင္တစ္ေယာက္ တဖက္လူေအာ္သံႀကီးေၾကာင့္ ေျခမကိုင္မိလက္မကိုင္မိျဖစ္ေနေတာ့သည္။
ကင္မရာမန္းလည္း ကင္မရာႀကီးကိုင္ကာ ဆက္မႏိႈးရဲေတာ့ေပ။ စြင္း႐ႊင္ကိုအကူအညီေတာင္းသလိုေလး လွမ္းၾကည့္ေနသည္။ သို႔ေသာ္ စြင္း႐ႊင္ကိုယ္တိုင္ကလည္း မႏိႈးရဲပါ။
''ငါ့ကိုလာၾကည့္မေနနဲ႔ ငါလည္းမႏိႈးရဲဘူး ''
ႏွစ္ေယာက္သား ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိျဖစ္ေနခ်ိန္ ယန္းခ်င္းခ်ီ တံခါးေခါက္လိုက္ကာ ေစ့ထားသည့္တံခါးေလးကို တြန္းဖြင့္ၿပီး အထဲဝင္လာသည္။
စြင္း႐ႊင္ ယန္းခ်င္းခ်ီဝင္လာတာကိုျမင္ေတာ့ အံ့ၾသသြားသည္။
''မင္းက ဒီကိုဘာလာလုပ္တာလဲ ''
''သူ႕ကိုႏိႈးမလို႔ေလ '' ယန္းခ်င္းခ်ီ စြင္း႐ႊင္အား အိပ္ယာကိုအသက္လို ဖက္တြယ္ၿပီးအိပ္ေနသည့္ ေဝ့လန္ဘက္ ေမးေငါ့ျပလိုက္သည္။
'' ေဝ့လန္မန္ေနဂ်ာက ဒီ Variety Showအေၾကာင္း စနည္းနာထားတယ္ေလ အဲ့ေတာ့ Showေတြမွာ ညပိုင္းအစီအစဥ္ေတြထည့္တတ္တာကို သတိထားမိေတာ့ တကယ္လို႔အဲ့လိုအစီအစဥ္ေတြ႐ွိလာရင္ ေဝ့လန္ကိုႏိႈးလို႔မရမွာစိုးလို႔ ကြၽန္ေတာ္ကိုႏိႈးေပးဖို႔ အကူအညီေတာင္းထားတယ္ ''
ယန္းခ်င္းခ်ီ ကင္မရာမန္းဘက္လွည့္ၾကည့္လိုက္ကာ ''ၿပီးေတာ့ သူ႕မန္ေနဂ်ာက ေဝ့လန္ကိုႏိႈးေနတဲ့အခ်ိန္မွာ မွတ္တမ္းမတင္ပါနဲ႔တဲ့ အဲ့ဒါေၾကာင့္ အရင္႐ိုက္ထားတဲ့အပိုင္းေတြကိုေရာ ျပန္ဖ်က္ေပးလို႔ရမလား ေဝ့လန္ႏိုးသြားမွ အဲ့အပိုင္းကိုျပန္႐ိုက္ၾကည့္မလား ေမးၾကည့္ေလ အဲ့လိုလုပ္ေပးဖို႔ အဆင္ေျပႏိုင္မလား ''
ကင္မရာမန္းကလည္း ခ်က္ခ်င္း ကင္မရာပိတ္လိုက္ကာ
''ဒါေပါ့ အဆင္ေျပပါတယ္ ''
တဖက္လူကတိေပးသံကိုၾကားမွ ယန္းခ်င္းခ်ီ ေဝ့လန္အိပ္ယာဆီေလွ်ာက္သြားလိုက္သည္။ ေဝ့လန္တစ္ေယာက္ ေစာင္ျဖင့္ သူ႕ကိုယ္သူပိုးတုံးလုံးေလးလို ပတ္ၿပီးအိပ္ေနကာ ဆံပင္အနက္ေရာင္ေလးေတြသာ ေစာင္အျပင္ထြက္ေနတာကိုျမင္ေနရသည္။
''ခ်င္းခ်ီ ဂ႐ုစိုက္ေနာ္ '' စြင္း႐ႊင္က မလွမ္းမကမ္းကေန သတိေပးလာသည္။
ယန္းခ်င္းခ်ီေခါင္းၿငိမ့္ျပလိုက္ကာ ေဝ့လန္ေခါင္းအုံးေဘးက ဖုန္းကိုေကာက္ယူလိုက္ၿပီး တဖက္လူပုခုံးကို လႈပ္ႏိႈးလိုက္ေလသည္။
''ေဝ့လန္ ေဝ့လန္ ထေတာ့ ''
ေဝ့လန္ ေစာင္ပုံထဲကေန အလိုမက်စြာ မ်က္ခုံးၾကဳံ႕လိုက္မိသည္။
ယန္းခ်င္းခ်ီကလည္း တဖက္လူမတုံ႔ျပန္မခ်င္း လႈပ္ႏိႈးေနသည္။
''ေဝ့လန္ ေဝ့လန္ ''
ေဝ့လန္ ေဒါသထြက္ထြက္ျဖင့္ ေငါက္ခနဲထထိုင္လာကာ မ်က္ႏွာႀကီးကမႈန္ကုတ္ေနၿပီး အခုပဲပါးစပ္ထဲကေန မီးေတြမႈတ္ထုတ္ေတာ့မည့္အတိုင္း
''ခ်ီးပဲ! ဒီေလာင္ဇီကို မေႏွာက္ယွက္လို႔မရဘူးလား!....''
''ေဝ့လန္ မင္းေကာေကာဆီက ဖုန္းလာလို႔ ''
ယန္းခ်င္းခ်ီ တဖက္လူထမေပါက္ကြဲခင္ ခ်က္ခ်င္းျဖတ္ေျပာလာကာ ဖုန္းကိုလွမ္းေပးလိုက္သည္။
ေဝ့လန္ ဖုန္းကိုဆြဲယူလိုက္ၿပီး လက္တစ္ဖက္က မ်က္လုံးမ်ားကိုအိပ္ခ်င္ေျပေအာင္ စိတ္ဆိုးမာန္ဆိုးျဖင့္ပြတ္ေနကာ ဖုန္းကိုင္ထားသည့္လက္တစ္ဖက္ကေတာ့ စိတ္မ႐ွည္သည့္႐ုပ္ႀကီးျဖင့္ ဖုန္းကိုနားအနားဆြဲကပ္လိုက္သည္။ သို႔ေသာ္ ေလသံမွာ သူတို႔ကိုေအာ္ဟစ္ဆူေငါက္ေနသည့္ေလသံႏွင့္မတူပဲ ေလေျပလို ႏူးႏူးညံ့ညံ့
''ဘာလို႔ဒီအခ်ိန္ႀကီးက်မွ ဖုန္းေခၚရတာလဲ ''
''ေျပာေလ ဘာလို႔စကားမေျပာတာလဲ ေကာ? ''
ေဝ့လန္ ေၾကာင္ေတာင္ေတာင္ေလးျဖစ္သြားသည္။ သူ႕အစ္ကိုကဘာလို႔စကားမေျပာပါလိမ့္။ သူ ဖုန္းကို နားအနားကေနခြာလိုက္ကာ မ်က္စိေ႐ွ႕ယူၾကည့္လိုက္သည့္အခါ ဖုန္းမ်က္ႏွာျပင္က ေမွာင္ပိန္းေနသည္။ ႏိုးခါစျဖစ္တာေၾကာင့္ ဦးေႏွာက္ကေသခ်ာ အလုပ္မလုပ္ေသးေပ။ ဖန္သားျပင္မည္းမည္းမွာ ေပၚေနသည့္ မ်က္ႏွာေခ်ာေခ်ာကို ငူငူငိုင္ငိုင္ေလးၾကည့္ေနရင္း တျဖည္းျဖည္းအသိျပန္ဝင္လာသည့္အခါ
ေဝ့လန္ေဒါသတႀကီး ေအာ္ေတာ့သည္။
''ယန္းခ်င္းခ်ီ!!!! ''
ယန္းခ်င္းခ်ီ ဆတ္ခနဲေကာက္ထကာ တံခါးေပါက္ဆီခ်က္ခ်င္းေျပးေလသည္။ ေဝ့လန္ကလည္း ေစာင္ပုံထဲကေန ကုန္း႐ုန္းထၿပီး ေနာက္ကေန လိုက္ဖမ္းသည္။
''ယန္းခ်င္းခ်ီ! အမိန္႔ျပန္တမ္းအတု လာပို႔ရဲေလာက္တဲ့အထိ သတၱိေတြ႐ွယ္ေကာင္းေနတယ္ေပါ့? မင္းအဲ့ေလာက္ထိစြမ္းေနရင္ ေကာင္းကင္ဘုံကိုပဲတက္ေမႊပါေတာ့လား! ''
ယန္းခ်င္းခ်ီကလည္း ေ႐ွ႕ကေနေျပးေနရင္း ပါးစပ္ကလည္းအၿငိမ္မေနပါ။
''မင္းဘာလို႔ ညအိပ္ဝတ္စုံႀကီးနဲ႔ ေျပးလႊားေနတာလဲ မင္းရဲ႕Sunny Boyပုံရိပ္ႀကီးကိုမလိုခ်င္ေတာ့ဘူးလား ညအိပ္ဝတ္စုံႀကီးအခုျပန္မလဲရင္ မင္းတို႔အသင္းထပ္႐ႈံးဦးမွာေနာ္''
ေဝ့လန္ခ်က္ခ်င္း ဘရိတ္အုပ္လိုက္သည္။ သူေဒါသေတြထြက္ေနေသာ္ျငား ဘာမွမတတ္ႏိုင္ေပ။ အဝတ္အစားအရင္ျပန္လဲရမည္။ ျပန္လမ္းတစ္ေလွ်ာက္ သူ႕ကိုလွည့္စားရဲသည့္ ယန္းခ်င္းခ်ီကိုေရာ ထိုအၾကံေပးလိုက္သည့္ က်န္းခ်န္ကိုပါ မေက်မနပ္႐ုပ္ေလးျဖင့္ အလိုမက်စြာ ဆူပူေနသည္။ က်န္းခ်န္ကလြဲၿပီး ဘယ္သူမွမျဖစ္ႏိုင္ေခ်။ သူ႕ကို ႏိႈးလို႔မရတိုင္း ထိုကဲ့သို႔လွည့္စားေနက်ျဖစ္သည္။ ဒါနဲ႔ေနစမ္းပါဦး ယန္းခ်င္းခ်ီနဲ႔က်န္းခ်န္နဲ႔ ဘယ္တုန္းက အဲ့ေလာက္အထိ ရင္းႏွီးသြားတာလဲ! ဘာလို႔သူမသိလိုက္ရတာလဲ! ဒီသစၥာေဖာက္ မန္ေနဂ်ာစုတ္!
ကင္မရာမန္းေလးခင္ဗ်ာ ေဝ့လန္၏ ေဒါသမုန္တိုင္းကိုၾကည့္ရင္း သူ႕ကိုပါ အဖ်ားခတ္လာမွာစိုးတာေၾကာင့္ အိပ္ယာထလာသည့္အပိုင္းကို ျပန္႐ိုက္ဖို႔မဟရဲေတာ့ပဲ မၾကာခင္လူစုရမည္ဟုသာ သတိေပးႏိုင္ေတာ့သည္။
လူစုရမည့္ ျခံေနာက္ဘက္ဝန္းဆီသို႔ ေဝ့လန္ အဝတ္အစားလဲၿပီးထြက္လာလိုက္သည္။ သူ ဝန္းထဲေရာက္ေတာ့ သူ႕ထက္ေနာက္က်မွ အိပ္ခ်င္မူးတူး႐ုပ္ႏွင့္ ဝင္လာသည့္ သ႐ုပ္ေဆာင္အခ်ိဳ႕ကိုေတာင္ ေတြ႕လိုက္ရေသးသည္။
သူ ယန္းခ်င္းခ်ီရပ္ေနတဲ့ေနရာဆီ ခိုးေၾကာင္ခိုးဝွက္ေလွ်ာက္သြားလိုက္ကာ အံႀကိတ္သံေလးျဖင့္
''မင္းနဲ႔ က်န္းခ်န္းနဲ႔ ဘယ္အခ်ိန္ကတည္းက တစ္က်ိတ္ထဲတစ္ဉာဏ္ထဲ ျဖစ္သြားတာလဲ ငါ့ကိုေျပာစမ္းပါဦး ''
''တိတိေလး ဘယ္လိုစကားလုံးေတြသုံးႏႈန္းေနတာလဲ သူက ငါ့ဆီမင္းကိုအပ္ထားလို႔ ငါက ေစတနာနဲ႔ကူၾကည့္ေပး႐ုံတင္ ''
''ဟာ့! ဒီက်န္းခ်န္သတၱိေတြေတာ္ေတာ္ေကာင္းေနတာ၊ ငါ့အစ္ကိုနာမည္နဲ႔ ႏိႈးတဲ့အကြက္ေတြကိုပါ မင္းကိုသင္ေပးရဲတယ္ ''
''အဲ့လိုေတြလုပ္ေနရၿပီဆိုကတည္းက မင္းနဲ႔ပတ္သက္ရင္ မင္းမန္ေနဂ်ာဘယ္ေလာက္ေခါင္းေျခာက္ေနရလဲ မသိသာလြန္းဘူးလား သူ႕ရဲ႕စိတ္ေဝဒနာေတြ မင္းနားမလည္ပါဘူး ''
''ငါ့အစ္ကို သူ႕ကို တစ္လဘယ္ေလာက္ေပးထားလဲ မင္းသိလား '' ေဝ့လန္ ယန္းခ်င္းခ်ီအား 'မင္းဘာမွမသိပါဘူး'ဆိုသည့္ အၾကည့္ေလးေပးရင္း '' ကြမ္ေမၾကားသြားရင္ မနာလိုလြန္းလို႔ မ်က္ရည္ေတာင္က်ႏိုင္တဲ့ ပမာဏႀကီး ဟုတ္ၿပီလား ''
''ဒါေပမဲ့ ငါကလိမၼာတယ္ေလ ကြမ္ေမကိုအဲ့ေလာက္ေပးစရာမလိုဘူး ''
''ဒါေပမဲ့ ငါကနာမည္ႀကီးေလ ေစာက္ရမ္းနာမည္ႀကီးတယ္ေလ! တူမလားမင္းနဲ႔ ''
''က်န္းေမာ့ခ်န္ေလာက္နာမည္ႀကီးလို႔လား '' ယန္းခ်င္းခ်ီ ပက္ခနဲျပန္ေျပာလိုက္သည္။
ေဝ့လန္ : ''...........''
ယန္းခ်င္းခ်ီ တဖက္လူျပန္မျငင္းႏိုင္ေတာ့တာကို ၾကည့္ၿပီး ခြိကနဲ ရယ္လိုက္ကာ
''သြား ကိုယ့္အဖြဲ႕ကို ျပန္ေတာ့ ''
ေဝ့လန္ ေအးစက္စက္ႏွာေခါင္း႐ႈံ႕လိုက္သည္။
''ဟြန္႔! မင္းထက္ေတာ့ နာမည္ပိုႀကီးတယ္ ''
ေျပာရင္း စိတ္ဆိုးတႀကီးလွည့္ထြက္သြားေလသည္။
မနက္၂နာရီႀကီးလူစုခိုင္းေသာ္ျငား အားလုံးက အိပ္ခ်င္မူးတူး႐ုပ္ေလးေတြျဖင့္ အ႐ွင္းႏိုးေသးပုံမေပၚေပ။ ပ႐ိုဂရမ္အဖြဲ႕က ဒီတေခါက္မွာေတာ့ အကဆရာမတစ္ေယာက္ကိုေခၚထားကာ ႏွစ္ဖြဲ႕စလုံးကို သူမအတိုင္းလိုက္ကခိုင္းသည္။ သူမကျပတာကိုၾကည့္ၿပီး သူမအတိုင္း တစ္ေယာက္မက်န္ လိုက္ကႏိုင္သည့္အဖြဲ႕ကသာ အႏိုင္ရမည္ျဖစ္သည္။
အသင္းသားေတြ ထိုေၾကာ္ျငာခ်က္ၾကားအၿပီးမွာ ေအာ္ဟစ္ၿငီးျငဴၾကေတာ့သည္။ တခ်ိဳ႕ကလည္း ပ႐ိုဂရမ္အဖြဲ႕ကို လူစိတ္မ႐ွိဘူးဟု အျပစ္တင္ေျပာဆိုေနၾကသည္။ သို႔ေသာ္ ဘယ္ေလာက္ေျပာေျပာ ဘယ္ေလာက္ေအာ္ေအာ္ အသုံးမဝင္ပါ။ ျမဴးႂကြသည့္သံစဥ္ေလးက ေလထဲပ်ံ႕လြင့္လာကာ အကဆရာမကလည္း စတင္ၿပီးကျပေနၿပီျဖစ္သည္။
ခ်န္႐ႊမ္းလန္ သူ႕ေဘးက ယန္းခ်င္းခ်ီကိုၾကည့္ရင္း
''မင္းကတတ္လား ''
ယန္းခ်င္းခ်ီေခါင္းၿငိမ့္ျပလိုက္ကာ '' မဆိုးပါဘူး ''
ခ်န္႐ႊမ္းလန္မယုံသလိုေလး ျပန္ေမးလာသည္။
''သီခ်င္းဆိုတာနဲ႔ကတာနဲ႔က ေဆြမ်ိဳးနီးစပ္ေတြမဟုတ္ဘူးလား ႏွစ္ခုလုံးက သံစဥ္အတိုင္းစီးေျမာရတာေလ မင္းကကီးလြဲေနတဲ့ဟာကို ''
ယန္းခ်င္းခ်ီကလည္း ထိုမွတ္ခ်က္ကို မေက်နပ္ပါ။
''ကပၸတိန္ သီခ်င္းမဆိုႏိုင္တိုင္း မကႏိုင္ဘူးလို႔ မထင္ရဘူးေလ အျမင္သစ္ေတြပြင့္ဖို႔လိုေနၿပီ ''
''ကတတ္ရင္ေတာ့ေကာင္းတာေပါ့ '' ခ်န္႐ႊမ္းလန္သူ႕အေၾကာင္းသူေတြးၿပီး နည္းနည္းေလးစိတ္ပူလာကာ '' အမွန္အတိုင္းေျပာရရင္ ငါဒီလိုေတြေမးေနရတာက ငါ မကတတ္လို႔၊ အဆင္ေျပပါ့မလားနည္းနည္းေလးစိုးရိမ္မိတယ္ ''
ယန္းခ်င္းခ်ီ ခ်န္႐ႊမ္းလန္ကို လွည့္ၾကည့္လိုက္ကာ ''အကိုမကတတ္ဘူးလား ''
ခ်န္႐ႊမ္းလန္တစ္ေယာက္ သက္ျပင္းခ်ရင္း အမွန္အတိုင္းဝန္ခံလာသည္။ ''အင္း ''
ခ်န္႐ႊမ္းလန္ငယ္ဘဝက ခ်ိဳ႕တဲ့သည္။ လူႀကီးေတြက မိသားစုစားဝတ္ေနေရးအတြက္ လုံးပန္းေနရတာေၾကာင့္ ပီယာႏို၊အဆို၊အကစသည့္ သင္တန္းမ်ားထားေပးဖို႔ ပိုက္ဆံမ႐ွိခဲ့ပါ။ ဘြဲ႕ရၿပီးေနာက္ သူ႕ရဲ႕လက္႐ွိမန္ေနဂ်ာက သူ႕ကိုမေတာ္တဆေတြ႕႐ွိသြားကာ အႏုပညာေလာကထဲ ဆြဲေခၚလာခဲ့သည္။ အရန္ဇာတ္ေကာင္ေနရာေလးေတြကေနစ႐ိုက္ရင္း ဒီေန႔ခ်န္႐ႊမ္းလန္ျဖစ္လာခဲ့သည္။ ခ်န္႐ႊမ္းလန္က ဒီေလာကထဲ အလုပ္ႀကိဳးစားသည့္ စံျပမင္းသားတစ္ေယာက္ဟု လူသိမ်ားသည္။ တစ္ႏွစ္ကို သုံး၊ေလးကားေလာက္ဆက္တိုက္ရကာ ထိုကဲ့သို႔ ဆက္တိုက္႐ိုက္ရသည့္ေက်းဇူးေၾကာင့္ပဲ လူသိမ်ားလာၿပီး အေတြ႕အၾကဳံရင့္သန္သည့္ မင္းသားတစ္ေယာက္အျဖစ္ ထိပ္ဆုံးအထိေရာက္လာခဲ့သည္။
သို႔ေသာ္ အေကာင္းအဆိုးက အၿမဲဒြန္တြဲေနတတ္သည္။ ထိုကဲ့သို႔ဆက္တိုက္႐ိုက္ရျခင္းက သူ႕အတြက္နားခ်ိန္နည္းေစကာ သူ႕ရဲ႕ဝါသနာေတြ၊စိတ္ဝင္စားမႈေတြကို တိုးတက္ေအာင္လုပ္ဖို႔ အခ်ိန္မ႐ွိခဲ့ေပ။ အရင္တုန္းက တံဆိပ္ျပားလုပြဲကိုပဲ ဦးစားေပးၿပိဳင္ရတာေၾကာင့္ သူ႕ရဲ႕လူငယ္သဘာဝလ်င္ျမန္ဖ်တ္လတ္မႈႏွင့္ သက္လုံကိုအားကိုးၿပီး အျခားလူေတြႏွင့္ယွဥ္လွ်င္ သူလိုငါလိုဟုထင္ရသည္။ သို႔ေသာ္ ဒီတစ္ေခါက္မွာ ျမႇားပစ္စြမ္းရည္၊အကစြမ္းရည္စသည့္ ကိုယ္ရည္ေသြး အစီအစဥ္မ်ားထည့္ထားသျဖင့္ ကပၸတိန္တစ္ေယာက္အေနနဲ႔ အသင္းသားေတြေလာက္ေတာင္ ေကာင္းေကာင္းမလုပ္ျပႏိုင္မွာကို အနည္းငယ္စိုးရိမ္ေနသည္။
ယန္းခ်င္းခ်ီကေတာ့ ခ်န္႐ႊမ္းလန္ဘာေတြေတြးေနမွန္းမသိေသာ္ျငား အားေပးမပ်က္ေပ။
''ဘာမွမျဖစ္ပါဘူး အခု အားလုံးက အိပ္ခ်င္ေနၾကတဲ့လူေတြႀကီးပဲ အကုန္လုံး ကို႔႐ို႕ကားယားကၾကမွာ ကပၸတိန္ မကတတ္ရင္ေတာင္ အဲ့ေလာက္သိသာေနမွာမဟုတ္ဘူး ေလွ်ာက္ေတြးၿပီး အစိုးရိမ္လြန္မေနနဲ႔ ''
ယန္းခ်င္းခ်ီစကားက ယုတၱိ႐ွိသည္ဟု ခ်န္႐ႊမ္းလန္ေတြးလိုက္မိသည္။ သူတို႔၁၄ေယာက္မွာ အဆိုအကေကာင္းသည့္ ေဝ့လန္ကလြဲ အားလုံးက သူလိုငါလို မင္းသား၊မင္းသမီးေတြပဲ ျဖစ္တာေၾကာင့္ သိပ္မကတတ္ေလာက္ၾကဘူးဟုသာ ေျဖသိမ့္လိုက္သည္။
ဝမ္းသာစရာက သူမွန္းထားသည္ႏွင့္ အံကိုက္သြားျဖစ္ေနျခင္းပင္။
အကဆရာမက သုံးေခါက္ကျပလိုက္ေသာ္ျငား ေဝ့လန္တစ္ေယာက္ထဲကသာ လွလွပပျဖင့္ ေသေသသပ္သပ္လိုက္ကႏိုင္သည္။ ဆရာမက ေဝ့လန္ကို ခ်က္ခ်င္းအေအာင္ေပးလိုက္တာကိုျမင္ေတာ့ ဒါ႐ိုက္တာကလည္း ျပန္အိပ္ခ်င္ရင္ ျပန္အိပ္လို႔ရၿပီဟု ေဝ့လန္ကိုေျပာလာသည္။
ေဝ့လန္က ဒီေလာက္ မ်က္လုံးက်ယ္သြားမွေတာ့ ဘယ္လိုလုပ္အိပ္ေပ်ာ္ေတာ့မွာလဲ! သူ ကြင္းထဲမွာခုန္လိုက္ေပါက္လိုက္ျဖင့္ အတင္းအသည္းအသန္လိုက္ကေနၾကသည့္ သူ႕အဖြဲ႕သားေတြကိုေရာ၊ ၿပိဳင္ဘက္အဖြဲ႕က အသင္းသားေတြကိုေရာ ၾကည့္ရင္း အိပ္ခ်င္စိတ္ တစ္စက္ကေလးေတာင္မ႐ွိေတာ့ေပ။ သူ ခုံတစ္ခုံကိုဆြဲယူၿပီးထိုင္လိုက္သည္။ ကင္မရာမန္းတစ္ေယာက္က သူ႕လက္ထဲကြာေစ့ေတြထည့္ေပးလာသည္။ ေဝ့လန္ ထိုကြာေစ့ေတြကိုက္ေနရင္း ကေနတဲ့လူေတြကိုၾကည့္ကာ အျပစ္တင္ေဝဖန္ေတာ့သည္။
''ယန္းခ်င္းခ်ီ မ်ားမ်ားလႈပ္ မ်ားမ်ားလႈပ္! ကပၸတိန္ ကေနတာႀကီးက သံစဥ္မကိုက္ဘူးေလ ကပၸတိန္ကေႏွးေနတယ္! ကပၸတိန္ခ်န္ ဘယ္ဘက္ပဲလႈပ္မေန ညာဘက္ကိုလည္းလႈပ္! ယြမ္မင္႐ႊိ မင္းလႈပ္ေနတာေပ်ာ့လွခ်ည္လား အားေလးထည့္ၿပီးကစမ္းပါဟ! ႐ြမ္ဝမ္႐ႊမ္း ေတာင့္ေတာင့္ႀကီးကမေနနဲ႔ေလ! ''
အေျပာခံလိုက္ရသည့္ သ႐ုပ္ေဆာင္ေတြအားလုံး ဆြံ႕အသြားၾကသည္။ သို႔ေသာ္ အကဆရာမေျပာလာသည္က
''ေက်ာင္းသားေဝ့လန္ေျပာတာမွန္တယ္ အားလုံးပဲ က်ားယို ဆက္ကၾကမယ္ Come on Come on ''
ယန္းခ်င္းခ်ီ ဆံပင္ကိုခပ္ျမင့္ျမင့္စီးထားသည့္ သူ႕ေ႐ွ႕က အကဆရာမကိုလွမ္းၾကည့္လိုက္ကာ သူမက အကဆရာမအေယာင္ေဆာင္ ေဝ့လန္Fanက်ဲက်ဲမ်ားျဖစ္ေနမလားဟု သံသယဝင္သြားသည္။
ေမ်ာက္ပြဲၾကည့္ေနရသလိုမ်ိဳး ကြာေစ့ကိုက္ၿပီး ေျခခ်ိတ္ထိုင္ၾကည့္ေနသည့္ သခင္ေလးေဝ့လန္ကို သည္းညည္းမခံႏိုင္ေတာ့တာေၾကာင့္ စြင္း႐ႊင္းတစ္ေယာက္ လွမ္းေခၚလိုက္သည္။
''လာပါ သခင္ငယ္ေလးရယ္ အဲ့မွာထိုင္မေနပါနဲ႔ ႏိုင္ခ်င္တယ္ဆို? လာ ဒီကိုလာၿပီး ငါတို႔ကိုလာသင္ေပးစမ္းပါ ''
ေဝ့လန္ကလည္း တဖက္လူေျပာတာမွန္သည္ဟု ေတြးမိတာေၾကာင့္ လက္ထဲကကြာေစ့တစ္ဆုပ္ကို ကင္မရာမန္းလက္ထဲ ျပန္ထည့္ေပးလိုက္ကာ
''မင္းပဲစားလိုက္ေတာ့ ''
ထိုသို႔ေျပာအၿပီး ကေနတဲ့လူေတြဆီ ေလွ်ာက္သြားေလသည္။
အျပာအသင္းမွာေတာ့ လီမုန္က ပထမဦးဆုံးေအာင္ျမင္သူျဖစ္သြားကာ သူမကလည္း အဖြဲ႕သားေတြကို ေဘးကေန ဂိုက္ျပေပးေနသည္။ သိပ္မၾကာခင္ ယန္းခ်င္းခ်ီက ကကြက္ေတြကိုနားလည္သြားၿပီး ဆရာမေ႐ွ႕မွာကျပေလသည္။
စြင္း႐ႊင္က ယန္းခ်င္းခ်ီကေနတာကိုၾကည့္ၿပီး အံ့ၾသတႀကီးမွတ္ခ်က္ျပဳလာသည္။
''ဆိုတာနဲ႔ကတာက ေမာင္ႏွမေတြမဟုတ္ဘူးလား သီခ်င္းမဆိုတတ္ေပမဲ့ ကတတ္တယ္? ေသာက္ဆန္းႀကီး ''
ေဝ့လန္က တဖက္လူပုခုံးကိုပုတ္ရင္း
''ကပၸတိန္သူမ်ားကို သြားၾကည့္မေနနဲ႔ ကပၸတိန္သူ႕ေလာက္ေတာင္မကႏိုင္ေသးဘူး အခုထိအကြက္ေတြမွားေနတုန္းပဲ ျမန္ျမန္ေလ့က်င့္မယ္ ''
စြင္း႐ႊင္လည္း တဖက္လူ အားေပးစကားေၾကာင့္ ေခါင္းပိုကိုက္သြားရသည္။ သူ ေဝ့လန္ေျပာသည့္အခ်က္မ်ားကို လိုက္မွတ္ရင္း ဆက္ကေနေလသည္။
ယန္းခ်င္းခ်ီေအာင္သြားေတာ့ တိုက္ဟုန္းက်ိဳႏွင့္ ခ်န္႐ႊမ္းလန္ဆီသြားကာ နည္းျပေပးေနသည္။ တိုက္ဟုန္းက်ိဳက ခ်န္႐ႊမ္းလန္ထက္ ပိုအတတ္ျမန္သည္။ တိုက္ဟုန္းက်ိဳေအာင္သြားတာကိုျမင္ေတာ့ ခ်န္႐ႊမ္းလန္တစ္ေယာက္ ပိုပိုစိုးရိမ္လာကာ အကြက္ေတြမွားေတာ့သည္။ ယန္းခ်င္းခ်ီ တဖက္လူ၏စိုးရိမ္စိတ္ေတြကို ျမင္လိုက္တာေၾကာင့္ ပုခုံးကိုပုတ္ရင္း အားေပးလာသည္။
''အစ္ကို ဟိုဘက္အသင္းကိုလွည့္ၾကည့္လိုက္ အခုထိ စြင္း႐ႊင္ေကာေတာင္ မေအာင္ေသးဘူး အဲ့ဒါေၾကာင့္ စိတ္ပူမေနနဲ႔ စိတ္ကိုၿငိမ္ၿငိမ္ထားၿပီး သံစဥ္အတိုင္းလိုက္က ''
ခ်န္႐ႊမ္းလန္ထင္လိုက္သည္မွာ သူအကြက္မွားသြားတာကို ဘယ္သူမွမျမင္ေလာက္ဖူးဟုပင္။ သို႔ေသာ္ ယန္းခ်င္းခ်ီက ျမင္ျဖစ္ေအာင္ျမင္သြားကာ သူ႕ကိုႏွစ္သိမ့္ေပးလာသည္။ ဒီေန႔တစ္ေန႔လုံး သူေကာင္းေကာင္းမလုပ္ႏိုင္ခဲ့တာေၾကာင့္ နည္းနည္းေလးစိတ္ဖိစီးေနသည္။ သို႔ေသာ္ သူ႕ထက္ငယ္သည့္ဂ်ဴနီယာေလးက ဂ႐ုတစိုက္ျဖင့္ အားေပးလာသည့္အခ်ိန္မွာေတာ့ အငယ္ေတြေ႐ွ႕မွာ ႐ုပ္ေပါက္လို႔မျဖစ္တာေၾကာင့္ တင္းေနသည့္ သူ႕စိတ္ကိုေျဖေလွ်ာ့ၿပီး ယန္းခ်င္းခ်ီၫႊန္ၾကားမႈအတိုင္း ေသခ်ာလိုက္ကဖို႔ဆုံးျဖတ္လိုက္ေတာ့သည္။
တဖက္မွာေတာ့ ေဝ့လန္က ယြမ္မင္႐ႊိကို သင္လိုက္ေဟာက္လိုက္လုပ္ေနသည္။
''လက္ေတြ ေျခေထာက္ေတြကို ေသခ်ာေျမႇာက္ၿပီးကေလ အားထည့္ၿပီး ကစမ္းပါဟ! ညကဘာမွမစားထားဘူးလား ''
ယြမ္မင္႐ြိတစ္ေယာက္ လူေ႐ွ႕သူေ႐ွ႕မွာ အေျပာခံေနရတာကို ႐ွက္လာတာေၾကာင့္
''မင္း ငါ့ကို သင္ေပးစရာမလိုဘူး တျခားလူေတြကိုပဲ လိုက္သင္ေပးလိုက္ပါ ''
ေဝ့လန္က မ်က္ခုံးတဖက္ပင့္တင္လိုက္ကာ ႐ြဲ႕တဲ့တဲ့ေျပာလာသည္။
''သေဘာေလ ကိုယ့္ဘာသာကိုတစ္ေယာက္ထဲႀကိဳးစားၾကည့္လိုက္ေပါ့ အရမ္းႀကီးခ်ဳပ္တည္းမထားနဲ႔ဦး ေအာင္ခ်င္မွလည္းေအာင္မွာဆိုေတာ့ ''
တဖက္သားကို စိတ္အေႏွာက္အယွက္ျဖစ္ေအာင္ ေျပာတတ္ၾကတဲ့လူေတြ ဒီေလာကႀကီးထဲ ဘာလို႔႐ွိေနေသးမွန္း ယြမ္မင္႐ႊိနားမလည္ႏိုင္ျဖစ္ေနသည္။ သူကိုယ္တိုင္ကလည္း ေဝ့လန္ကိုစကားမေျပာခ်င္ေတာ့တာေၾကာင့္ ေခါင္းသာၿငိမ့္ျပလိုက္သည္။ ေဝ့လန္က ယြမ္မင္႐ႊိကို အဖက္ေတာင္လုပ္မေနပဲ ခ်ာခနဲလွည့္ထြက္သြားကာ တျခားလူေတြဆီေလွ်ာက္သြားလိုက္သည္။
တျဖည္းျဖည္း ေဝ့လန္၏ၫႊန္ၾကားမႈေအာက္မွာ တစ္ေယာက္ၿပီးတစ္ေယာက္ ေအာင္သြားၾကသည္။ အနီအသင္းမွာ မေအာင္ျမင္ေသးသည့္လူဆိုလို႔ ယြမ္မင္႐ႊိတစ္ေယာက္ပဲ က်န္ေတာ့ကာ ေျခတလႈပ္လႈပ္ လက္တလႈပ္လႈပ္ျဖင့္ တစ္ေယာက္ထဲဆက္ေလ့က်င့္ေနေလသည္။ သူ စြင္း႐ႊင္ေအာင္သြားတာကိုေတြ႕ေတာ့ သူ႕ကို သင္ေပးဖို႔ စြင္း႐ႊင္ကိုအကူအညီေတာင္းလိုက္သည္။ သို႔ေသာ္ စြင္း႐ႊင္ဘာမွမေျပာရေသးခင္မွာတင္ ေဝ့လန္ကျဖတ္ေျပာလာေလသည္။
''သူေတာင္ ငါ့ဆီကေန သင္ၿပီးေအာင္သြားတာကို မင္းက သူ႕ဆီကေနျပန္သင္ခ်င္တယ္? မင္းေျပာေတာ့ ငါသင္ေပးစရာမလိုဘူးဆို အဲ့ေတာ့ ငါသင္ေပးထားတဲ့သူကလည္း မင္းကို ျပန္သင္ေပးစရာအေၾကာင္းမ႐ွိဘူး '' ေဝ့လန္တစ္ေယာက္ စြင္း႐ႊင္အစားျငင္းေပးလိုက္သည္။
ေဝ့လန္ကထိုသို႔ေျပာလာမွေတာ့ ယြမ္မင္႐ႊိဘက္ကလည္း ျပန္ျငင္းစရာ စကားမ႐ွိျဖစ္ေနကာ စြင္း႐ႊင္ကိုသာ ေမွ်ာ္လင့္ခ်က္ႀကီးစြာျဖင့္ လွမ္းၾကည့္ေနသည္။
စြင္း႐ႊင္တို႔ အေနၾကပ္ရျပန္သည္။ သူ ယြမ္မင္႐ႊိကို လွမ္းေျပာလိုက္သည္။
'' ငါလည္း မင္းကိုမသင္ေပးခ်င္လို႔မဟုတ္ဘူး ငါကိုယ္တိုင္ကိုက ဘယ္လိုေအာင္သြားမွန္းမသိလိုက္တာ အခုထိကိုေသခ်ာနားမလည္ေသးဘူး ''
''ဒါဆို..... ''
ယြမ္မင္႐ႊိပိုပိုၿပီး စိုးရိမ္လာသည္။ သူ႕ကိုဘယ္သူမွမသင္ေပးလွ်င္ ဒီၿပိဳင္ပြဲကိုမေအာင္ႏိုင္ပါ။ သူတစ္ေယာက္ထဲ ႐ွက္စရာေကာင္းစြာ က်န္ေနခဲ့လိမ့္မည္။
''ေဝ့လန္ကို သင္ေပးဖို႔ ေတာင္းဆိုၾကည့္ရင္ေရာ သူကအေျပာနည္းနည္းေလးဆိုးေပမဲ့ မင္းရဲ႕ဟာကြက္ေတြကို တန္းျမင္ႏိုင္တယ္ သူေျပာတဲ့အတိုင္း လိုက္ေျပာင္းၿပီးကႏိုင္ရင္ က်ိန္းေသေပါက္ ေအာင္သြားလိမ့္မယ္ ''
''မလုပ္ပါနဲ႔ ငါက ယြမ္သခင္ေလးကို မသင္ေပးဝံ့ပါဘူး လူတိုင္းက ငါ သူ႕ကိုပဲ တမင္လိုက္ၿပီးအျပစ္႐ွာေနတယ္လို႔ ထင္ေနပါဦးမယ္ ''
စြင္း႐ႊင္ စိတ္ညစ္လာသည္။
''မင္းကေရာ စကားေကာင္းေကာင္းေျပာလို႔မရဘူးလား ''
ေဝ့လန္တစ္ေယာက္ အံ့ၾသထိတ္လန္႔သြားသည့္ ႐ုပ္ေလးျဖင့္
''ငါက ဘာလို႔စကားေကာင္းေကာင္းမေျပာတတ္ရမွာလဲ ငါ တ႐ုတ္စကားပဲ ေျပာေနတာမဟုတ္ဘူးလား ''
စြင္း႐ႊင္ နားထင္ကိုဖိပြတ္လိုက္ကာ
''မင္းမိဘေတြက မင္းဆို သည္းသည္းလႈပ္ အလိုလိုက္ၾကတဲ့ပုံပဲေနာ္ ''
''ဒါေပါ့ '' ေဝ့လန္ကလည္း တစ္စက္ကေလးမွ ႏွိမ့္ခ်မေနပါ။
'ေအးပါ ျမင္ေနရပါတယ္' စြင္း႐ႊင္စိတ္ထဲကေန ထိုသို႔ ေရ႐ြတ္လိုက္သည္။ မဟုတ္ရင္ ဘယ္သူ႕ကိုမွဂ႐ုမစိုက္ပဲ ေျပာခ်င္တာေျပာရဲတဲ့အထိ ဒီလို အလိုလိုက္ခံရတဲ့ သခင္ေလးျဖစ္ေနမလား။
သို႔ေသာ္ စြင္း႐ႊင္မသိသည္က ေဝ့လန္၏ထိုပုံစံမွာ မိဘေတြဆီကေန သည္းသည္းလႈပ္အလိုလိုက္ခံထားရလို႔ ဆိုးသြမ္းေနျခင္းမ်ိဳးမဟုတ္ပဲ ေဝ့႐ႊင္းဆီကေန ကမ္းကုန္ေအာင္အလိုလိုက္ခံထားရျခင္းေၾကာင့္သာ အေၾကာက္အလန္႔မ႐ွိ ဂန္းစတားပိစိေလးျဖစ္ေနျခင္း ျဖစ္သည္။ ေဝ့အိမ္ေတာ္႐ွိ လူႀကီးေတြမွာ သူတို႔ငယ္ငယ္ေလးကတည္းက အလုပ္ကိုယ္စီ႐ႈပ္ေနၾကသျဖင့္ သူတို႔ကိုအခ်ိန္သိပ္မေပးႏိုင္တာေၾကာင့္ ေဝ့လန္က သူ႕ေနာက္ကိုပဲ ဘဲေပါက္စေလးလို တေကာက္ေကာက္လိုက္ေနတတ္သည္။ ေဝ့႐ႊင္းက ေဝ့လန္ကို အတတ္ႏိုင္ဆုံး စည္းကမ္းတင္းၾကပ္ထားေသာ္ျငား တဖက္လူ၏ ကေလးဆန္ဆန္ဆိုးသြမ္းပုံေလးႏွင့္ အသားက်ေနၿပီျဖစ္တာေၾကာင့္ သူခ်မွတ္ထားသည့္ စည္းကမ္းေတြကိုမခ်ိဳးေဖာက္သေ႐ြ႕ ေဝ့လန္လိုခ်င္တာမွန္သမွ် လိုေလေသးမ႐ွိ လိုက္ျဖည့္ဆည္းေပးေနတတ္သည္။
ငယ္ငယ္ကသူတို႔ႏွစ္ေယာက္ ေတာင္တက္ၾကသည့္အခါတိုင္း အစပိုင္းမွာေဝ့လန္က ေျပးလႊားခုန္ေပါက္ေနလိမ့္မည္။ ထို႔ေနာက္ ေတာင္ထိပ္မေရာက္ခင္ ေျခေထာက္ေတြေညာင္းၿပီး ပင္ပန္းလာသျဖင့္ ေဝ့႐ႊင္းကိုကုန္းပိုးခိုင္းလိမ့္မည္။ ေဝ့႐ႊင္းကလည္း အဆိုးေလးဟု ဆူလိုက္ကာ ေတာင္ေပၚကိုလည္း ခ်ီေခၚသြားမည္ျဖစ္ၿပီး ေတာင္ေအာက္ကိုလည္း ကုန္းပိုးၿပီးဆင္းလိမ့္မည္။ ေဝ့လန္ကေတာ့ အတက္ေရာအဆင္းပါ ကိုႀကီးေက်ာျပင္ေပၚ ပါးေလးကပ္ၿပီး ေနာက္ကေန ကိုအာလာဝက္ဝံေလးလို ဖက္တြယ္ထားလိမ့္မည္။ ကိုႀကီးကို အားေပးဖို႔အတြက္ အသံခ်ိဳေအးေလးျဖင့္ သီခ်င္းေတာင္ဆိုျပေနဦးမည္။
ေဝ့႐ႊင္း ငယ္စဥ္ကတည္းက သူက သာမန္ကေလးေတြနဲ႔ကြဲျပားမွန္း သတိထားမိကာ ေဝ့အိမ္ေတာ္အာဏာႏွင့္ ေဝ့မိသားစုစီးပြားေရးေတြအကုန္လုံး သူ႕လက္ထဲေရာက္လာမယ္မွန္း သူေကာင္းေကာင္းနားလည္သေဘာေပါက္ထားသည္။ ငယ္ငယ္ေလးကတည္းက သူ႕ကိုယ္သူ စည္းကမ္းတင္းၾကပ္ထားကာ ဆက္ခံသူတစ္ေယာက္မွာ ႐ွိသင့္႐ွိထိုက္သည့္ အရည္အခ်င္းေတြအားလုံးသင္ယူခဲ့ရသည္။ ထို႔ေၾကာင့္ သူ႕မွာ ကေလးဘဝေပ်ာ္႐ႊင္မႈႏွင့္ လြတ္လပ္စြာ ေဆာ့ကစားခ်င္သည့္အေတြးမ်ိဳး မ႐ွိခဲ့ပါ။ ဆုံး႐ႈံးခဲ့ရသည့္ သူ႕ငယ္ဘဝေပ်ာ္႐ႊင္မႈမ်ားအားလုံးကို ေဝ့လန္ကိုသာ ပုံေအာေပးခဲ့သည္။ ေဝ့လန္ကို သူ႕လို မိသားစုတာဝန္ေတြမထမ္းပိုးေစခ်င္ပါ။ ဘာဖိအားမွမ႐ွိပဲ ဘဝကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းေစခ်င္သည္။ ေဝ့လန္ အႏုပညာေလာကထဲ အေပ်ာ္အပ်က္ဝင္ၿပီး ကစားခ်င္တယ္ဆိုတုန္းကေတာင္ သူက တစ္ခ်က္ကေလး မတားမိသည့္အျပင္ ေနာက္ခံအင္အားကို သုံးၿပီး ေပ်ာ္ေပ်ာ္ႀကီးကစားလို႔ရေအာင္ စီစဥ္ေပးခဲ့သည္။
ေဝ့႐ႊင္းအတြက္ကေတာ့ ေဝ့လန္ကို အမ်ားႀကီးမေမွ်ာ္လင့္ထားပါ။ တကယ္လို႔ ေဝ့လန္က ရည္မွန္းခ်က္အႀကီးႀကီး႐ွိၿပီး ေအာင္ျမင္ေအာင္ႀကိဳးစားမယ္ဆိုလွ်င္ေတာင္ သူကေဘးကေန ေထာက္ပံ့အားေပးေနမွာျဖစ္သည္။ ရည္မွန္းခ်က္မ႐ွိပဲ စားလိုက္၊အိပ္လိုက္လုပ္ၿပီး ဆိုးသြမ္းသည့္သခင္ေလးပုံစံဖမ္းေနမယ္ဆိုလည္း သူကေဘးကေန အလိုလိုက္ေပးေနဦးမွာျဖစ္သည္။ ဘဝက တစ္ခါပဲ႐ွင္သန္ရတာေၾကာင့္ ေဝ့လန္အသက္ႀကီးလာတဲ့အခ်ိန္ ျဖတ္သန္းခဲ့ရသည့္ေန႔ရက္မ်ားကို ျပန္လွည့္ၾကည့္လိုက္သည့္အခါ ေနာင္တေတြ၊ဝမ္းနည္းမႈေတြမ႐ွိပဲ အေပ်ာ္ေတြႏွင့္သာျပည့္ေနေစခ်င္သည္။ ဘဝကို အပူအပင္မ႐ွိပဲ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းေစခ်င္သည္။ ေကာင္ငယ္ေလးျပဳံးေပ်ာ္ေနတာကို ျမင္ရ႐ုံနဲ႔တင္ သူ႕အတြက္လုံေလာက္ေနၿပီျဖစ္သည္။
_________________________________
မ်က္ရည္က်ခ်င္စဖြယ္ ကိုႀကီးရဲ႕ပင္လယ္ေလာက္ႀကီးမားတဲ့ အခ်စ္ေတြေပါ့။ 🤧