Unicode
ကြာပန်းဖြူလေးကလည်း နှစ်သိမ့်မှုလိုချင်သတဲ့၊ စွင်းရွှင်အရမ်းကိုပင်ပန်းနေပြီ
__________________________________
ဝေ့လန်ဘာမှဆက်မပြောတော့ပဲ ခေါင်းငုံ့ကာ အမြန်စာရိုက်လိုက်သည်။
[ အကွာအဝေးကအဆင်ပြေပါတယ် ဘာလို့ခပ်ခွာခွာလျှောက်ရမှာလဲ ပြီးတော့ ကျွန်တော့်အထင် ဝေ့လန်ကချောလည်းချော...... ]
သူစာရိုက်လို့မပြီးသေးခင် ယန်းချင်းချီက ဖုန်းကိုဆတ်ခနဲဆွဲယူသွားကာ စာတွေကိုဖတ်ကြည့်ရင်း
''မင်း ဒီလိုတွေရေးနေရင်း နည်းနည်းလေးလောက်တောင် ရှက်တယ်လို့မခံစားရဘူးလား ''
ယန်းချင်းချီ ဝေ့လန်စာတွေကိုပြန်ဖျက်လိုက်ကာ ကျန်းမော့ချန်ဆီစာပို့လိုက်သည်။
[ ခင်ဗျား ဖက်ထုပ်တွေစားနေပြန်ပြီလား ]
ကျန်းမော့ချန် : [ ကိုယ်မေးတာအရင်ဖြေ ]
ဝေ့လန်က ဘာတွေပြောနေကြသလဲ စပ်စုချင်သဖြင့် ခေါင်းလေးစောင်းကာ ခိုးကြည့်လာသည်။ ယန်းချင်းချီဖုန်းကို ဘေးကပ်လိုက်ကာ ဝေ့လန်မသိအောင် Voice Message ခလုတ်ကို ရုပ်တည်ကြီးဖြင့် ဖိပြီး
''ငါ့ရဲ့အငယ်အနှောင်းမဖြစ်ချင်ဘူးလို့ မင်းရဲ့ကျန်းကောကောကို ပြောပြဖို့ ဒါနောက်ဆုံးအခွင့်အရေးနော် ''
ဝေ့လန်အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
''ဟွန့်! ဒီShowလာလို့မရအောင် ငါ့အစ်ကိုကိုသွားတိုင်သတဲ့ မူကြိုကျောင်းသားစတိုင်နဲ့ အဲ့လိုလူတွေနဲ့ စကားမပြောချင်ဘူး ''
''သူသွားတိုင်တာတောင် မင်းအစ်ကိုကလာခိုင်းတုန်းပဲလား ''
''ပေါက်ကရတွေ သူကငါ့အစ်ကိုလေ သူ့အစ်ကိုမှမဟုတ်တာ ကျိန်းသေပေါက်ငါ့စကားပဲနားထောင်ရမှာပေါ့ ''
''အဲ့တော့မင်းကငါ့ကို သူပြောသလို ဆင်ကြံ,ကြံနေတယ်ပေါ့ ''
ဝေ့လန်ကသူ့ကို ကြောက်လန့်တကြားပြန်ကြည့်လာကာ
''ယန်းချင်းချီ မင်းရူးသွားပြီလား မင်းကိုယ်မင်း Jack Sue*လို့များထင်နေတာလား တစ်လောကလုံးက မင်းကိုပဲကြိုက်ရမယ်ပေါ့? ငါ့မှာလည်း ကိုယ်ကျင့်တရားနဲ့ အလှအပခံစားတတ်တဲ့ မျက်လုံးတွေရှိပါသေးတယ်ကွ မင်းကိုကြိုက်ဖို့နေနေသာသာ တကယ်လို့မင်းကိုကြိုက်လို့ အမြှောင်မယားလုပ်ချင်ရင်တောင် ငါ့အစ်ကိုရိုက်တာနဲ့ အရင်သေလိမ့်မယ် ''
(T/N: အပြစ်အနာအဆာမရှိ သည်းခံစိတ်ပြည့်ဝ စိတ်သဘောထားကောင်းပြီး အရာရာPerfectဖြစ်နေတဲ့ ဇာတ်ကောင်မျိုးကို မိန်းကလေးဆို Mary Sueလို့ခေါ်ပြီး ယောကျ်ားလေးဆို Jack Sue ဒါမှမဟုတ် Tom Sueလို့ ခေါ်ပါတယ်တဲ့)
ယန်းချင်းချီ ခလုတ်ကိုဖိထားသည့်လက်အား လွှတ်လိုက်သည့်အခါ Voice Message က ကျန်းမော့ချန်ဆီတန်းရောက်သွားသည်။ သူ ခေါင်းငုံ့ကာ စာပြန်ရိုက်နေလိုက်သည်။
[ ခင်ဗျားအခုကြားပြီမလား ]
ဝေ့လန် ထိုနှစ်ယောက် အပြန်အလှန်စာပို့နေတာကိုချောင်းကြည့်ရင်း အံ့သြတုန်လှုပ်သွားကာ
''မင်း သူ့ကိုဘာပို့လိုက်တာလဲ ''
သူ ဖုန်းကိုဆွဲယူကြည့်ပြီး ချက်ချင်းတုံ့ပြန်လာသည်။
''အခု ငါပြောနေတာတွေကို Voice Message ပို့လိုက်တယ်? ယန်းချင်းချီ မင်း....မင်း သစ္စာဖောက်! ''
ယန်းချင်းချီက အပြုံးလေးဖြင့်
''အနာဂတ်ကျရင် မင်းရဲ့အပြောအဆိုအနေအထိုင်ကို ပိုပြီးဂရုတစိုက်ရှိလာအောင် ငါကအခမဲ့သင်ပေးနေတာ ''
ဝေ့လန် စိတ်ဆိုးတကြီးဖြင့် ယန်းချင်းချီကို လက်ညှိုးတရွယ်ရွယ်လုပ်ရင်း
''မင်း.....မင်း.....မင်း ''
ထိုစကားတစ်လုံးကလွဲပြီး ဝေ့လန်တစ်ယောက် ဘာမှဆက်မပြောနိုင်တော့ပေ။
ယန်းချင်းချီ ဝေ့လန်ကိုလျစ်လျူရှုလိုက်ပြီး ဖုန်းကိုပြန်ကြည့်လိုက်သည့်အခါ ကျန်းမော့ချန်ကစာပြန်ထားသည်။
[ ကိုယ်ကြားပြီ သူ့ကိုလိမ်လိမ်မာမာနေခိုင်း မင်းအတွက်ပြဿနာတွေမရှာစေနဲ့ ]
ယန်းချင်းချီပြုံးနေတာကိုမြင်တော့ ဝေ့လန်ဖုန်းကိုထပ်ခိုးကြည့်ပြန်သည်။ ကျန်းမော့ချန်ပြန်စာကိုမြင်သည့်အခါ စိတ်ဆိုးတကြီးဖြင့်
''ဟွန့်! မင်းသူ့ကို သတိထားနေလို့ ပြောလိုက် ဘယ်မက်မွန်ပွင့်ပုပ်ကိုမှတက်မနင်းမိစေနဲ့လို့* ''
(T/N: အဲ့ဒါက ကံဆိုးတာကိုပြောတာပါ ကံဆိုးပြီးသူ့လက်ထဲမရောက်စေနဲ့ပေါ့ ရှေ့ဖြစ်ဟောသူတွေက မက်မွန်ပွင့်တွေဝေတာတွေ့တယ်လို့ဟောရင် ကံကောင်းတယ် အောင်မြင်တယ် ချစ်ရသူနဲ့ထာဝရပေါင်းဖက်ရပါတယ်တဲ့ မက်မွန်ပွင့်ပုပ်တွေဝေတာတွေ့တယ်လို့ဟောရင်တော့ အပေါ်ကနဲ့ဆန့်ကျင်ဘက် တော်တော်လေးကံဆိုးတာကိုပြောချင်တာပါ အဲ့အချိန်ကျရင်တော့ ဆရာတွေဆီသွားပြီး အင်းစာရွက်တွေဆောင်၊ အစီအမံတွေနဲ့ ကံတက်အောင်ပြန်လုပ်ကြပါတယ်တဲ့)
ကျန်းမော့ချန်နှင့်ဝေ့လန်မှာ တစ်ယောက်နဲ့တစ်ယောက် စောင်းလိုက်မြောင်းလိုက်ဖြင့် စာပို့ရင်းရန်ဖြစ်နေကြကာ ယန်းချင်းချီ သူတို့ကိုကြည့်ရင်း ခေါင်းသာရမ်းမိတော့သည်။ ပရိုဂရမ်အဖွဲ့ အသိပေးထားသည့်အချိန် ကပ်လာတော့ သူနဲ့ဝေ့လန် အစည်းအဝေးအခန်းထဲ သွားလိုက်ကြသည်။ ထိုအခန်းထဲ ဆယ်မိနစ်လောက်ကြာအောင် ထိုင်ပြီးမှ သရုပ်ဆောင်တွေ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြလေသည်။ ချန်ရွှမ်းလန်ကနောက်ဆုံးမှရောက်ကာ နည်းနည်းလေးပင်ပန်းနေပုံပေါက်သော်ငြား ဒါရိုက်တာပြောသမျှကို တလေးတစားဖြင့် သေချာလိုက်နားထောင်နေသည်။
ဒီတခေါက်ရိုက်ကူးရေးက အရင်တခေါက်ကနှင့် ကွဲပြားသည်။ ယန်းချင်းချီပထမဆုံးစရိုက်သည့် နှစ်ပိုင်းတွင် တနေ့ကိုတစ်ပိုင်းဟုသတ်မှတ်သော်ငြား အခုတခေါက်မှာတော့ နှစ်ရက်လုံးရိုက်မှ တစ်ပိုင်းဟုသတ်မှတ်သည်။ ယန်းချင်းချီ စစချင်းနားမလည်ပေ။ နောက်မှ လက်ထဲက ဇာတ်ညွှန်းကို ဖတ်ကြည့်ရင်း ဘာတွေကွဲပြားနေမှန်း နားလည်သွားတော့သည်။ အရင်လိုပဲ တံဆိပ်ပြားလုပြိုင်ပွဲပါသော်ငြား အခြားပြိုင်ပွဲတွေကိုလည်း ထပ်ထည့်ထားတာကြောင့် အချိန်ပိုယူလိုက်ရခြင်းဖြစ်သည်။
ဒါရိုက်တာက ဘယ်သူကဘယ်နေရာမှာ ဘာလုပ်ရမယ် ရိုက်ကူးနေစဥ်တစ်လျှောက်လုံး ဘယ်လိုဟာသထည့်ရမယ်ဟု အခြားလူတွေကို အကြမ်းဖျင်းရှင်းပြပြီးနောက် ယန်းချင်းချီဘက်လှည့်လိုက်ကာ
''မင်းကတော့ အရင်အတိုင်းပဲဆက်လုပ် မပြောင်းနဲ့ ''
ယန်းချင်းချီ အပြုံးလေးဖြင့် ခေါင်းငြိမ့်ပြရင်း
''ဟုတ်ကဲ့ ''
ဒါရိုက်တာက သူဘယ်လိုရိုက်ချင်ကြောင်း အနည်းအကျဥ်းဆက်ရှင်းပြနေကာ ခဏအကြာမှာ အားလုံးကို အနားပေးလိုက်လေသည်။ ဒါရိုက်တာထွက်သွားသည်နှင့် သရုပ်ဆောင်တွေအားလုံး ထလိုက်ကြပြီး ကိုယ့်အခန်းကိုပြန်ဖို့ပြင်လိုက်ကြသည်။ ယန်းချင်းချီနဲ့ဝေ့လန် ဘေးချင်းယှဥ်လျှောက်နေရင်း အခန်းအပြင်ဘက်ကို ဘယ်လောက်မှမလှမ်းရသေးခင် သူတို့ရှေ့ကနေ လျှောက်နေသော ယွမ်မင်ရွှိက စွင်းရွှင်ကိုလှမ်းမေးသံအား ကြားလိုက်ရလေသည်။
''ငါတို့ညလယ်စာသွားစားကြမလား ''
စွင်းရွှင် သူရှေ့မှာ နူးညံ့ညင်သာပြီး အန္တရာယ်ကင်းသည့် သတ္တဝါငယ်လေးလိုပြုမူနေသော ယွမ်မင်ရွှိကို ကြည့်လိုက်ကာ တဖက်လူသဘောထားကို ငြင်းဆန်ပစ်ဖို့ အနည်းငယ်ခက်ခဲနေသည်။ ယွမ်မင်ရွှိ ဒီShowကို ဧည့်သည်အဖြစ်လာရိုက်မည်ဟု ကြားလိုက်ရသည့်အချိန်တွင် သူ့နှလုံးက ဒိန်းကနဲခုန်ဆောင့်သွားကာ မကောင်းတော့ဘူး မကောင်းတော့ဘူးဟုသာ စိတ်ထဲအော်နေမိသည်။ သူအစကတွေးလိုက်သည်မှာ ယန်းချင်းချီ ဒီကိစ္စကို သဘောမတူလောက်ဘူးဟုပင်။ ဒါမှမဟုတ် ကျန်းမော့ချန်က ယွမ်မင်ရွှိကို မလာအောင်တားလိမ့်မည်။ မဟုတ်လည်း ပရိုဂရမ်အဖွဲ့နှင့် နှစ်ပိုင်းရိုက်ပေးဖို့သဘောတူထားတာကြောင့် ကျန်းမော့ချန်ကိုယ်တိုင် ယန်းချင်းချီနဲ့ လိုက်လာလိမ့်မည်ဟုပင်။ သို့သော် ယန်းချင်းချီက သဘောတူလိုက်သည်။ ယွမ်မင်ရွှိကလည်း ဒီကိုရောက်လာသည့်အပြင် ကျန်းမော့ချန်ကလိုက်မလာခဲ့ပေ။ သူ တွေးထားသမျှအကုန် တက်တက်စင်အောင်လွဲတော့သည်။
အခုတော့ နှစ်ဖက်စလုံးနှင့်သိနေသည့် တစ်ဦးတည်းသောသရုပ်ဆောင်လေး စွင်းရွှင်မှာ တော်တော်လေး စိတ်ဖိစီးနေသည်။
''သွားမယ်လေ '' ယွမ်မင်ရွှိက အပြုံးလေးဖြင့် '' ငါတို့မတွေ့ဖြစ်တာ ကြာပြီမလား ''
စွင်းရွှင်မှာ အစကတည်းက သဘောကောင်းသူတစ်ယောက် ဖြစ်သည့်အပြင် အရင်ကလည်း ယွမ်မင်ရွှိနဲ့ သင့်တင့်လျောက်ပတ်သည့် ဆက်ဆံရေးရှိပြီးသားဖြစ်တာကြောင့် သူခေါင်းငြိမ့်လိုက်ကာ
'' ကောင်းပြီလေ ''
စွင်းရွှင်သဘောတူလိုက်တာကိုမြင်တော့ ယွမ်မင်ရွှိ တဖက်လူကို ချိုချိုသာသာလေးပြုံးပြကာ နှစ်ယောက်သား စားသောက်ဆိုင်ရှိတဲ့အထပ်ဆီထွက်သွားကြသည်။
ဝေ့လန် သူတို့ရှေ့ကနှစ်ယောက်ကိုကြည့်ရင်း ယန်းချင်းချီပုခုံးကိုလက်တင်လိုက်ကာ
''သူ မင်းကိုပါခေါ်တော့မယ် ထင်လိုက်တာကွာ မခေါ်သွားဘူးဟ သူ ဒီကို မင်းကြောင့်လာတာမဟုတ်ဘူးလား ''
ယန်းချင်းချီ ပုခုံးတွန့်ပြလိုက်ကာ
''ဘယ်သူသိမှာလဲ ''
'' ကျွတ်ကျွတ် လုံးဝအရှုပ်ထုပ်ပဲ ''
ဝေ့လန်စုတ်သပ်ရင်း တဖက်လူကို မှတ်ချက်ပေးနေပြန်သည်။
ယွမ်မင်ရွှိ စွင်းရွှင်ရှေ့ဝင်ထိုင်လိုက်ကာ သူတို့ဟင်းအချို့နှင့် ဝိုင်တစ်ပုလင်းမှာပြီး ငြိမ်ငြိမ်သက်သက်လေး စားနေကြသည်။
''ငါက မင်းပြန်လာဖို့ တော်တော်ကြာဦးမယ် ထင်လိုက်တာ '' စွင်းရွှင်စပြောလာသည်။
ယွမ်မင်ရွှိက မချိပြုံးလေးဖြင့်
''အစကတော့ အဲ့လိုတွေးထားတာပဲ နောက်တော့ အဲ့လိုလုပ်စရာမလိုတော့လို့ စောစောပြန်လာလိုက်တာ ''
''မင်းပြန်လာတာ ကျိုးရီရှင်းရော သိလား ''
ယွမ်မင်ရွှိခဏလောက်ငြိမ်သွားကာ မကြာသေးခင်ကမှ တဖက်လူပို့ထားသည့် 'မင်းဘာလို့ပြန်သွားတာလဲ' 'ငါ့ကိုဘာလို့ဘာမှမပြောတာလဲ' ဆိုသည့် Message များကို ပြန်သတိရသွားသည်။
ကျိုးရီရှင်းက တော်တော်လေး ရယ်စရာကောင်းသည်ဟု ယွမ်မင်ရွှိခံစားလိုက်ရသည်။ သူပြန်လာတာဖြင့် ဒီလောက်ကြာလှပြီ အခုမှသတိထားမိပြီးတော့များ ဘာလို့သူ့ကိုမပြောသွားသလဲလာလုပ်နေတယ်?..... သူနဲ့ကျိုးရီရှင်းကြားက အသွားအပြန်မရှိသည့် ဆက်ဆံရေးကိုစဥ်းစားမိသွားသည့်အခါ ယွမ်မင်ရွှိ ရုတ်တရက်ကြီး ဝမ်းနည်းလာရသည်။ သူ ကျိုးရီရှင်းကိုထားခဲ့ရသည့် အကြောင်းအရင်းမှာ ကျန်းမော့ချန်ကြောင့်ပင်။ အခု ကျန်းမော့ချန်ကပါ သူ့ကိုလုံးဝဖယ်ကြဥ်ထားတော့ သူ ဒီကိုပြန်လာတာ ဘာအကျိုးရှိဦးမှာလဲ?
''သိတယ် ငါ့ကိုဘာလို့ပြန်သွားတာလဲလို့မေးတယ် ငါကလည်းလုပ်စရာရှိလို့ အရင်ပြန်နှင့်တာလို့ပြန်ဖြေလိုက်တော့ ဘာမှဆက်မမေးတော့ဘူး ''
စွင်းရွှင်က သဘောပေါက်ပြီဖြစ်ကြောင်း အသံပြုလိုက်ကာ ဘာမှဆက်မပြောတော့ပေ။
တကယ်လို့ ထိုနေရာမှာသာ ယန်းချင်းချီရှိနေခဲ့လျှင် မူရင်းဝတ္ထုဇာတ်ကြောင်းကို ခန့်မှန်းမိမှာဖြစ်သည်။ ယွမ်မင်ရွှိထွက်သွားတော့ ကျိုးရီရှင်းက အမြဲတမ်းသူ့နောက်လိုက်နေသည့် ပါပီလေးမရှိတော့သဖြင့် ဟာတာတာကြီးကျန်ခဲ့သည်။ တကယ်လို့ ယွမ်မင်ရွှိသာ ဘာမှမလုပ်ပဲငြိမ်ငြိမ်လေး ဆက်စောင့်နေခဲ့လျှင် ကျိုးရီရှင်းက တရုတ်ကိုပြန်လာပြီး ယွမ်မင်ရွှိကို ပြန်လိုက်မှာဖြစ်သည်။ ထို့နောက် နှစ်ယောက်သား နင်ပြေးစမ်း ငါလိုက်မယ်ဂိမ်းလေး ထပ်ဆော့ကြဦးမည်။ နှမြောစရာက ထိုနေရာမှာ ယန်းချင်းချီမရှိသဖြင့် စွင်းရွှင်ရော ယွမ်မင်ရွှိပါ အချိန်တစ်ခုလောက်ကြာတဲ့အထိ ဘာပြောလို့ပြောရမှန်းမသိ ဖြစ်နေကြသည်။
''ဒါပေမဲ့ ပြန်လည်းလာလိုက်ရော အရာအားလုံးက ပြောင်းလဲသွားသလိုပဲ '' ယွမ်မင်ရွှိလေသံတိုးလေးဖြင့် '' ကျန်းမော့ချန် လက်ထပ်လိုက်ရင်တောင်မှ သူငယ်ချင်းတွေလိုပဲ ဆက်နေလို့ရမယ်လို့ ထင်လိုက်မိတာ ဒါပေမဲ့ '' ယွမ်မင်ရွှိခါးသက်စွာ ပြုံးလိုက်ပြီး '' ကြည့်ရတာ ငါအတွေးလွန်သွားတဲ့ပုံပဲ ''
စွင်းရွှင် ထိုစကားကိုကြားတော့ သူ့ခေါင်းထဲ အရေးပေါ်အချက်ပြသံတွေ ဆူညံသွားသည်။ သူအပြုံးလေးဆက်ထိန်းထားကာ
''မဆိုးပါဘူး ငါ့အထင်တော့ အဲ့ကောင်ကြီး လက်ထပ်လိုက်လည်း သိပ်မပြောင်းလဲသွားသလိုပါပဲ ''
''ဟုတ်လား ကြည့်ရတာတော့ ငါ့တယောက်ထဲကိုပဲ ကွက်ပြောင်းလဲသွားတာနဲ့တူပါတယ် ''
စွင်းရွှင် : ........... စောက်ကျိုးနည်း! ငါ အခု သူ့ကိုဘာပြန်ပြောရတော့မလဲ???
တဖက်လူဘာမှဆက်မပြောလာတာကိုတွေ့တော့ ယွမ်မင်ရွှိ ပြုံးပြလိုက်ကာ
''အားနာလိုက်တာ အခုတလော စိတ်အခြေအနေမကောင်းတော့ ဘာတွေပြောလို့ပြောနေမိမှန်းတောင် မသိတော့ပါဘူး ''
''ရပါတယ် မင်း ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်ဦး ဒီလောက,က နည်းနည်းတော့ စိတ်ဖိစီးမှုများတယ် အရမ်းကြီး ဖိအားမပေးနဲ့ ''
ယွမ်မင်ရွှိခေါင်းငြိမ့်ပြလာသည်။ စွင်းရွှင်ကလည်း ဘာဆက်ပြောရမှန်းမသိတာကြောင့် ခေါင်းငုံ့ပြီးတော့သာ အစားဆက်စားနေလိုက်သည်။
''ဒါနဲ့ ငါမင်းကိုမေးစရာတစ်ခုရှိတယ် ''
''ဘာလဲ ''
''မင်း နဲ့ ယန်းချင်းချီက အခုShowတစ်ခုထဲ အတူတူရိုက်နေကြတာဆိုတော့ သူ့အကြောင်း အနည်းနဲ့အများတော့ သိမှာပေါ့ သူကဘယ်လိုလူမျိုးလဲဆိုတာ ငါ့ကိုပြောပြလို့ရမလား ''
စွင်းရွှင် ခေါင်းကိုက်သွားသည်။ ဘဝမှာ အစားတစ်လုတ်မျိုချဖို့ ဒီလောက်အထိခက်ခဲမယ်မှန်း သူတစ်ခါမှမတွေးခဲ့ဖူးပါ။
''ယန်းချင်းချီက အကုန်ကောင်းပါတယ် '' စွင်းရွှင် တူကိုချလိုက်ကာ ဝိုင်တစ်ငုံသောက်ရင်း '' သူက စိတ်ထားကောင်းတယ် ဉာဏ်လည်းထက်တယ် သွက်လက်တက်ကြွတယ် သူများကိုလည်းဒုက္ခမပေးဘူး အကုန်ကောင်းတယ် '' သူက ခဏလောက်စဥ်းစားနေလိုက်ကာ ထပ်ဖြည့်ပြောလာပြန်သည်။ '' ပြီးတော့ မော့ချန်နဲ့လည်းလိုက်တယ် ''
''ဟုတ်လား '' ယွမ်မင်ရွှိက ခြင်သံလေးနှင့် ရေရွတ်လိုက်သည်။ ''အဲ့လိုဆိုရင်တော့ ကောင်းတာပေါ့ ''
''အင်း '' စွင်းရွှင် ခေါင်းငြိမ့်ရင်း ထပ်ပြောလာသည်။ ''သူတို့နှစ်ယောက်က အခု တော်တော်လေးလည်း အဆင်ပြေတယ် ချင်းချီ ဒီShowကို လာရိုက်မယ်ဆိုတော့ ကျန်းမော့ချန်က ချင်းချီမထိခိုက်အောင် သူများအနိုင်မကျင့်အောင် ငါ့ကိုသေချာစောင့်ရှောက်ပေးဖို့ တတွတ်တွတ်မှာနေတာ ငါ့နားကြီးတောင်ပေါက်ထွက်တော့မယ် ''
ယွမ်မင်ရွှိထိုစကားကြားသည့်အခါ သူဒီShowလာရိုက်ဖို့ရွေးလိုက်ပေမဲ့ ကျန်းမော့ချန်ဘက်ကနေဘာမှမတုံ့ပြန်လာတာကို တွေးမိသွားသည်။ သူလာမယ်ဆိုတဲ့အကြောင်းကို ကျန်းမော့ချန်မသိပဲတော့ မနေပါ။ ပရိုဂရမ်အဖွဲ့က တရားဝင်အဖွဲ့သားတွေကို မရိုက်ကူးခင် ထိုအပိုင်းမှာပါမည့် ဧည့်သည့်သရုပ်ဆောင်များစာရင်း ကြိုအသိပေးလောက်သည်။ ယန်းချင်းချီက စိတ်ပုပ်ပြီး ကျန်းမော့ချန်ကိုမပြောပဲနေလျှင်တောင် စွင်းရွှင်သိနေသရွေ့ ကျန်းမော့ချန်လည်းသိလိမ့်မည်။ သို့သော် ကျန်းမော့ချန်ဘက်က ဘာမှမပြောလာသလို ဘာမှလည်းမတုံ့ပြန်ခဲ့ပါ။ သူနဲ့ကျန်းမော့ချန်တို့နှစ်ယောက် အပြတ်ပြတ်နဲ့ နှာခေါင်းသွေးထွက်ခဲ့ရတာကို တွေးမိတော့ စိတ်ထဲ ဝမ်းမနည်းပဲ မနေနိုင်ခဲ့။ အရင်ကလည်း သူထိခိုက်မိမှာစိုးလို့ သူများအနိုင်ကျင့်ခံရမှာစိုးလို့ ဆိုသည့် အကြောင်းပြချက်များပေးပြီး ကျန်းမော့ချန်က သူ့ကို သူငယ်ချင်းများဖြင့် ကြုံရင်ကြုံသလို စောင့်ရှောက်ခိုင်းတတ်သည်။ အခုတော့ ထိုအခွင့်အရေးများက သူမဟုတ်သည့် အခြားလူတစ်ယောက်ဆီ ရောက်သွားခဲ့ပြီ။
ယွမ်မင်ရွှိတွေးရင်း တွေးရင်း စိတ်မသက်မသာဖြစ်လာကာ မတရားသလိုခံစားလိုက်ရသည်။ ဘာလို့လဲ? သူနားမလည်နိုင်ပါ။ သူ ဘာလို့နိုင်ငံခြားထွက်ခဲ့မိတာလဲ။ ဘာလို့ပြန်ရောက်တာနဲ့ အရာအားလုံးက ပြောင်းလဲသွားရတာလဲ။ တကယ်လို့ သူသာ နိုင်ငံခြားမထွက်ခဲ့ရင် သူသာ ကျိုးရီရှင်းနောက်မလိုက်ခဲ့ရင် ကျန်းမော့ချန်ရဲ့ ဂရုစိုက်မှုတွေ ၊ကြင်နာမှုတွေအကုန်လုံးက သူ့အတွက်ပဲ ယန်းချင်းချီအလှည့်ရောက်လာမယ်လို့များထင်နေလား။ ကျန်းမော့ချန် သူစိမ်းတစ်ယောက်အတွက်နဲ့ သူ့ကိုစိမ်းကားနေခဲ့သည်အား ပြန်တွေးမိတော့ ပိုဝမ်းနည်းလာရသည်။
ယွမ်မင်ရွှိ ငိုမဲ့မဲ့ဖြစ်နေတာကိုမြင်ပြီး စွင်းရွှင် ပို၍စိတ်ညစ်သွားကာ ခေါင်းကိုကုတ်ရင်း မေးလာသည်။
''မင်း....အဆင်ပြေရဲ့လား ''
''အဆင်ပြေပါတယ် '' ယွမ်မင်ရွှိ မျက်ရည်တွေလဲ့နေသည့် မျက်လုံးများဖြင့် တဖက်လူကိုမော့ကြည့်လာကာ ခြောက်ကပ်ကပ်ပြုံးရင်း '' အရင်ကလည်း မော့ချန်က ငါ့ကိုအဲ့လိုလုပ်ပေးနေကျဆိုတာကို ပြန်တွေးမိသွားတော့ နည်းနည်းလေး ဝမ်းနည်းသွားတာ ''
စွင်းရွှင် အကူအညီမဲ့စွာဖြင့် ပြန်ပြောလာသည်။
''မင်း ဒါတွေပြောနေတော့ရော ဘာထူးမှာလဲ သူကလက်ထပ်ပြီးသွားပြီလေ ''
''ငါသိပါတယ် '' ယွမ်မင်ရွှိ အသံတိုးလေးဖြင့် '' ဒါပေမဲ့ ငါတို့ကသူငယ်ချင်းတွေဖြစ်နေတုန်းပဲလေ သူလက်ထပ်လိုက်တာနဲ့ ငါတို့သူငယ်ချင်းတွေ ဆက်လုပ်လို့မရတော့ဘူးလား ''
စွင်းရွှင်တစ်ယောက် ပြောစရာစကားမရှိတော့ပေ။
ယွမ်မင်ရွှိ စွင်းရွှင်ကို မျက်ရည်ဝဲတဲတဲလေးဖြင့် မော့ကြည့်လိုက်ကာ အသံဖျော့လေးဖြင့်
''စွင်းရွှင် မင်းသိလား ငါ သူ့ကိုမျိုးစုံဆက်သွယ်ဖူးတယ် ဖုန်းခေါ်တယ် ရိုးရိုးစာပို့တယ် Wechatကနေပို့တယ် သူ့မန်နေဂျာကိုဖုန်းခေါ်တယ် ရိုက်ကွင်းအထိသွားတယ် ဒါပေမဲ့ဘာမှဖြစ်မလာဘူး သူငါ့ဖုန်းတွေ စာတွေပြန်မဖြေဘူး Wechatမှာလည်း blockထားတယ် သူ့မန်နေဂျာကလည်း ငါတို့တစ်ကုမ္ပဏီထဲမဟုတ်လို့ သူနဲ့ပတ်သက်တာတွေ ဘာမှမပြောနိုင်ဘူးလို့ ပြောတယ် နောက်လည်းမဆက်သွယ်နဲ့တဲ့ အရင်ကငါ့ကိုဒီပုံစံနဲ့ဆက်ဆံဖူးတာမှမဟုတ်တာ ထားတော့ ငါသူ့ကိုရိုက်ကွင်းအထိသွားရှာတယ် သူကငါ့ကိုထွက်မတွေ့ပဲ သူလက်ထောက်ကပဲ အဲ့ကနေထွက်သွားဖို့နဲ့ ရိုက်ကွင်းကိုမနှောက်ယှက်ဖို့လာပြောတယ် ငါနားကိုမလည်နိုင်ဘူး အားလုံးကသူငယ်ချင်းတွေပဲလေ ရည်းစားရသွားတာပဲဖြစ်ဖြစ် မိန်းမရသွားတာပဲဖြစ်ဖြစ် အဲ့အကြောင်းပြချက်ကြောင့်နဲ့ ငါတို့သူငယ်ချင်းဆက်ဆံရေးကိုထိခိုက်စရာကိုမလိုတာ ဟုတ်တယ်မလား သူဘာလို့ဒီလောက်တောင် ရက်စက်ရတာလဲ ငါ့မှာ သူငယ်ချင်းဆိုလို့ မင်းတို့ပဲရှိတာကို ''
စွင်းရွှင် သက်ပြင်းချလိုက်ကာ
''မင်းငါ့ကို ဒါတွေလာပြောနေလည်း အသုံးမဝင်ဘူး ''
''အသုံးဝင်ပါတယ် ဘာလို့အသုံးမဝင်ရမှာလဲ မော့ချန်က မင်းတို့အပေါ်ဆို ဒီလောက်ကောင်းတာ ငါ့အတွက် သူ့ကိုဖျောင်းဖျပေးစမ်းပါ မင်းပြောရင် ရလောက်ပါတယ် ယန်းချင်းချီပေါ်လာတာနဲ့ ဘာလို့အရာအားလုံးက ပြောင်းလဲသွားမှန်းငါမသိဘူး မင်းပြောတော့ သူကစိတ်ထားကောင်းတယ်ဆို အဲ့ဒါဆို သူက ငါနဲ့မော့ချန်ဆက်ဆံရေးကို လက်ခံနားလည်ပေးရမှာပေါ့ ဟုတ်တယ်မလား သူ မပေါ်လာခင်ကတည်းက ငါတို့ကမော့ချန်အနားမှာရှိခဲ့တာ သူပေါ်လာတာနဲ့ မခေါ်မပြောပဲနေရတော့မှာလား ငါတို့က မော့ချန်ဘဝရဲ့တစ်စိတ်တစ်ပိုင်းတွေလေ ဟုတ်တယ်မလား ''
''ငါမပြောပေးနိုင်ဘူး '' စွင်းရွှင် စိတ်ရှုပ်လာသည်။ '' သူတို့အတွဲက သူတို့ဘာသာသူတို့ လက်ထပ်ပြီး ပျော်ပျော်ရွှင်ရွှင်နေ,နေကြပြီ ငါကသွားပြီး ဝင်ရှုပ်လို့မရဘူး ''
''ဒါကို ဘယ်လိုလုပ် ဝင်ရှုပ်တယ်လို့သတ်မှတ်လို့ရမှာလဲ ဒါက ငါနဲ့မော့ချန်ကြားက အထင်လွဲမှုတွေမရှိအောင် ဝင်ဖြေရှင်းပေးတာလေ ငါတို့ကိုပြန်အဆင်ပြေအောင် ကူညီပေးတယ်လို့ခေါ်တယ် အားလုံးက သူငယ်ချင်းတွေပဲ အချင်းချင်းပြန်ကူညီရမှာပေါ့ တကယ်လို့ မင်းရဲ့သူငယ်ချင်းနှစ်ယောက် နားလည်မှုလွဲနေကြရင် သူတို့အရင်လိုပြန်အဆင်ပြေသွားအောင် မင်းက ကြားထဲကနေ ဖျန်ဖြေပေးရမှာပေါ့ မဟုတ်ဘူးလား ''
စွင်းရွှင် မှန်သည်လည်းမပြော မှားသည်လည်းမငြင်းပေ။
ယွမ်မင်ရွှိက ဆက်ဖျောင်းဖျလာသည်။
''ငါကလည်း ကျန်းမော့ချန်ဘက်ကနေ အရင်လို သည်းသည်းလှုပ်ပြန်ဖြစ်ပေးရမယ်လို့ မဆိုလိုပါဘူး ဒီလောက်နှစ်တွေအကြာကြီးခင်လာပြီးမှ လူတစ်ယောက်အတွက်နဲ့ သူငယ်ချင်းသံယောဇဥ်ဖြတ်လိုက်ရတာက အဓိပ္ပါယ်မရှိဘူးလေ ဟုတ်တယ်မလား မင်းနဲ့မော့ချန်ဆိုလည်း ဒီလောက်ခင်လာတာ တနေ့ မင်းတို့ နားလည်မှုလွဲကြရင် ငါတို့ပဲဝင်ဖျန်ဖြေပေးရမှာပဲ မဟုတ်ဘူးလား ''
စွင်းရွှင် ခါးသက်သက်ပြုံးလိုက်ကာ
''ယွမ်မင်ရွှိ ငါနဲ့မော့ချန်ဆက်ဆံရေးက မင်းနဲ့မော့ချန်ဆက်ဆံရေးလိုမျိုး မဟုတ်ဘူးလေ အဲ့နှစ်ခုကမတူဘူး မင်းအဲ့ဒါရောသိရဲ့လား ''
'' မတူတဲ့နေရာမရှိပါဘူး စွင်းရွှင် မင်းငါ့ကိုကူညီပေးပါ ဟုတ်ပြီလား ''
စွင်းရွှင် ခေါင်းခါလိုက်ကာ
''ငါ မကူညီပေးချင်တာမဟုတ်ဘူး ဒီလိုကိစ္စမျိုးက ငါတို့ကြားဝင်လို့မရဘူး ငါမကူညီပေးနိုင်ဘူး ''
တဖက်လူ ပြတ်ပြတ်သားသား ငြင်းလိုက်တာကိုတွေ့တော့ ယွမ်မင်ရွှိ အနည်းငယ်စိတ်ပျက်သွားသည်။ သို့သော် သူ့ခံစားချက်အတက်အကျကို အမြန်ပြန်ညှိလိုက်ကာ အပြုံးလေးဖြင့်
''ဒါဆို ငါယန်းချင်းချီကို သွားပြောကြည့်မယ်ဆိုရင်ရော ငါနဲ့မော့ချန်ကြားမှာ ဘာမှမရှိခဲ့ဘူး သူငယ်ချင်းတွေလိုပဲနေခဲ့ကြတာလို့ ရှင်းပြလိုက်ရင် သူက ငါတို့ကို နားလည်ပေးပြီး ငါနဲ့မော့ချန်ကို အဆင်ပြေအောင် လုပ်ပေးလောက်မယ်လို့ထင်လား ''
စွင်းရွှင် တဖက်လူစကားတွေနားထောင်လေ ချဥ်လာလေ ခံစားရတာကြောင့် ခါးသက်သက်ပြုံးလိုက်ကာ
''ငါက ဘယ်လိုလုပ်သိမှာလဲ ''
''အဲ့လိုပဲဖြစ်လောက်မှာပါ မင်းပြောတဲ့အတိုင်းဆို သူက သဘောထားသေးသိမ်တဲ့လူ မဟုတ်လောက်ဘူးမလား သူနားလည်ပေးလောက်မှာပါ ဝေ့လန်လို ပေါင်းရသင်းရခက်တဲ့လူနဲ့တောင်အဆင်ပြေနိုင်သေးတာပဲ ငါနဲ့လည်းအဆင်ပြေမနိုင်စရာအကြောင်းမှမရှိတာ ကျန်းမော့ချန်ကို သူငယ်ချင်းတွေနဲ့အဆက်အသွယ်ဖြတ်ခိုင်းရလောက်တဲ့အထိတော့ မဆိုးလောက်ဘူးမလား ''
စွင်းရွှင်ဘာမှဆက်မပြောတော့ပေ။ သူဘာပြန်ဖြေရမှန်းလည်းမသိသလို ဖြေချင်စိတ်လည်းမရှိတော့ပါ။
''နောက်ကျနေပြီ ပြန်ကြရအောင်လေ ငါမနက်ဖြန်မှ သူနဲ့ပြောကြည့်လိုက်မယ် အခုလိုငါနဲ့စကားတွေပြောပေးတဲ့အတွက် ကျေးဇူးပဲ ငါစိတ်အခြေအနေပိုကောင်းသွားပြီ ''
''အဲ့လိုကြားရတော့ ဝမ်းသာပါတယ်''
''ပြန်နားကြရအောင်လေ ''
''အင်း '' စွင်းရွှင် ပြန်ဖြေလိုက်သည်။
သူ စိတ်သက်သာရာရသွားသလိုမျိုး သက်ပြင်းဖွဖွချလိုက်သည်။ တော်သေးတာပေါ့ ဒီညလယ်စာကဇာတ်သိမ်းပိုင်းရှိသေးလို့! မဟုတ်လျှင် သူဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေလိမ့်မည်။ ယွမ်မင်ရွှိဖိတ်တိုင်း ဘယ်တော့မှလိုက်မစားတော့ဘူးဟုသာ စွင်းရွှင်ဆုံးဖြတ်ချက်ချလိုက်သည်။ ထမင်းလေးတစ်လုတ်စားဖို့ ဦးနှောက်ကိုပုံမှန်ထက် ၈ဆလောက်အလုပ်လုပ်လိုက်ရသည်။ တဖက်လူ၏ငိုမဲ့မဲ့မျက်နှာကိုကြည့်ရင်း ဘယ်စကားကတော့ ပြောသင့်တယ် ဘယ်စကားကတော့ မပြောသင့်ဘူး လိုက်ရွေးနေရသည်။ သူ တော်တော်ပင်ပန်းသွားခဲ့ပြီ။
________________________________
အမြဲတမ်း နားမလည်ဘူး နားမလည်ဘူးနဲ့ အဲ့ကျက်သတုံးနားလည်သွားအောင် တယောက်ယောက်ကတော့ ပါးရိုက်ပြီး ရှင်းပြပေးမှရတော့မယ်နဲ့တူတယ် စိတ်တိုချက်!
Zawgyi
ၾကာပန္းျဖဴေလးကလည္း ႏွစ္သိမ့္မႈလိုခ်င္သတဲ့၊ စြင္း႐ႊင္အရမ္းကိုပင္ပန္းေနၿပီ
__________________________________
ေဝ့လန္ဘာမွဆက္မေျပာေတာ့ပဲ ေခါင္းငုံ႔ကာ အျမန္စာ႐ိုက္လိုက္သည္။
[ အကြာအေဝးကအဆင္ေျပပါတယ္ ဘာလို႔ခပ္ခြာခြာေလွ်ာက္ရမွာလဲ ၿပီးေတာ့ ကြၽန္ေတာ္႕အထင္ ေဝ့လန္ကေခ်ာလည္းေခ်ာ...... ]
သူစာ႐ိုက္လို႔မၿပီးေသးခင္ ယန္းခ်င္းခ်ီက ဖုန္းကိုဆတ္ခနဲဆြဲယူသြားကာ စာေတြကိုဖတ္ၾကည့္ရင္း
''မင္း ဒီလိုေတြေရးေနရင္း နည္းနည္းေလးေလာက္ေတာင္ ႐ွက္တယ္လို႔မခံစားရဘူးလား ''
ယန္းခ်င္းခ်ီ ေဝ့လန္စာေတြကိုျပန္ဖ်က္လိုက္ကာ က်န္းေမာ့ခ်န္ဆီစာပို႔လိုက္သည္။
[ ခင္ဗ်ား ဖက္ထုပ္ေတြစားေနျပန္ၿပီလား ]
က်န္းေမာ့ခ်န္ : [ ကိုယ္ေမးတာအရင္ေျဖ ]
ေဝ့လန္က ဘာေတြေျပာေနၾကသလဲ စပ္စုခ်င္သျဖင့္ ေခါင္းေလးေစာင္းကာ ခိုးၾကည့္လာသည္။ ယန္းခ်င္းခ်ီဖုန္းကို ေဘးကပ္လိုက္ကာ ေဝ့လန္မသိေအာင္ Voice Message ခလုတ္ကို ႐ုပ္တည္ႀကီးျဖင့္ ဖိၿပီး
''ငါ့ရဲ႕အငယ္အေႏွာင္းမျဖစ္ခ်င္ဘူးလို႔ မင္းရဲ႕က်န္းေကာေကာကို ေျပာျပဖို႔ ဒါေနာက္ဆုံးအခြင့္အေရးေနာ္ ''
ေဝ့လန္ေအးစက္စြာ ႏွာေခါင္း႐ႈံ႕လိုက္သည္။
''ဟြန္႔! ဒီShowလာလို႔မရေအာင္ ငါ့အစ္ကိုကိုသြားတိုင္သတဲ့ မူႀကိဳေက်ာင္းသားစတိုင္နဲ႔ အဲ့လိုလူေတြနဲ႔ စကားမေျပာခ်င္ဘူး ''
''သူသြားတိုင္တာေတာင္ မင္းအစ္ကိုကလာခိုင္းတုန္းပဲလား ''
''ေပါက္ကရေတြ သူကငါ့အစ္ကိုေလ သူ႕အစ္ကိုမွမဟုတ္တာ က်ိန္းေသေပါက္ငါ့စကားပဲနားေထာင္ရမွာေပါ့ ''
''အဲ့ေတာ့မင္းကငါ့ကို သူေျပာသလို ဆင္ၾကံ,ၾကံေနတယ္ေပါ့ ''
ေဝ့လန္ကသူ႕ကို ေၾကာက္လန္႔တၾကားျပန္ၾကည့္လာကာ
''ယန္းခ်င္းခ်ီ မင္း႐ူးသြားၿပီလား မင္းကိုယ္မင္း Jack Sue*လို႔မ်ားထင္ေနတာလား တစ္ေလာကလုံးက မင္းကိုပဲႀကိဳက္ရမယ္ေပါ့? ငါ့မွာလည္း ကိုယ္က်င့္တရားနဲ႔ အလွအပခံစားတတ္တဲ့ မ်က္လုံးေတြ႐ွိပါေသးတယ္ကြ မင္းကိုႀကိဳက္ဖို႔ေနေနသာသာ တကယ္လို႔မင္းကိုႀကိဳက္လို႔ အေျမႇာင္မယားလုပ္ခ်င္ရင္ေတာင္ ငါ့အစ္ကို႐ိုက္တာနဲ႔ အရင္ေသလိမ့္မယ္ ''
(T/N: အျပစ္အနာအဆာမ႐ွိ သည္းခံစိတ္ျပည့္ဝ စိတ္သေဘာထားေကာင္းၿပီး အရာရာPerfectျဖစ္ေနတဲ့ ဇာတ္ေကာင္မ်ိဳးကို မိန္းကေလးဆို Mary Sueလို႔ေခၚၿပီး ေယာက်္ားေလးဆို Jack Sue ဒါမွမဟုတ္ Tom Sueလို႔ ေခၚပါတယ္တဲ့)
ယန္းခ်င္းခ်ီ ခလုတ္ကိုဖိထားသည့္လက္အား လႊတ္လိုက္သည့္အခါ Voice Message က က်န္းေမာ့ခ်န္ဆီတန္းေရာက္သြားသည္။ သူ ေခါင္းငုံ႔ကာ စာျပန္႐ိုက္ေနလိုက္သည္။
[ ခင္ဗ်ားအခုၾကားၿပီမလား ]
ေဝ့လန္ ထိုႏွစ္ေယာက္ အျပန္အလွန္စာပို႔ေနတာကိုေခ်ာင္းၾကည့္ရင္း အံ့ၾသတုန္လႈပ္သြားကာ
''မင္း သူ႕ကိုဘာပို႔လိုက္တာလဲ ''
သူ ဖုန္းကိုဆြဲယူၾကည့္ၿပီး ခ်က္ခ်င္းတုံ႔ျပန္လာသည္။
''အခု ငါေျပာေနတာေတြကို Voice Message ပို႔လိုက္တယ္? ယန္းခ်င္းခ်ီ မင္း....မင္း သစၥာေဖာက္! ''
ယန္းခ်င္းခ်ီက အျပဳံးေလးျဖင့္
''အနာဂတ္က်ရင္ မင္းရဲ႕အေျပာအဆိုအေနအထိုင္ကို ပိုၿပီးဂ႐ုတစိုက္႐ွိလာေအာင္ ငါကအခမဲ့သင္ေပးေနတာ ''
ေဝ့လန္ စိတ္ဆိုးတႀကီးျဖင့္ ယန္းခ်င္းခ်ီကို လက္ညိႇဳးတ႐ြယ္႐ြယ္လုပ္ရင္း
''မင္း.....မင္း.....မင္း ''
ထိုစကားတစ္လုံးကလြဲၿပီး ေဝ့လန္တစ္ေယာက္ ဘာမွဆက္မေျပာႏိုင္ေတာ့ေပ။
ယန္းခ်င္းခ်ီ ေဝ့လန္ကိုလ်စ္လ်ဴ႐ႈလိုက္ၿပီး ဖုန္းကိုျပန္ၾကည့္လိုက္သည့္အခါ က်န္းေမာ့ခ်န္ကစာျပန္ထားသည္။
[ ကိုယ္ၾကားၿပီ သူ႕ကိုလိမ္လိမ္မာမာေနခိုင္း မင္းအတြက္ျပႆနာေတြမ႐ွာေစနဲ႔ ]
ယန္းခ်င္းခ်ီျပဳံးေနတာကိုျမင္ေတာ့ ေဝ့လန္ဖုန္းကိုထပ္ခိုးၾကည့္ျပန္သည္။ က်န္းေမာ့ခ်န္ျပန္စာကိုျမင္သည့္အခါ စိတ္ဆိုးတႀကီးျဖင့္
''ဟြန္႔! မင္းသူ႕ကို သတိထားေနလို႔ ေျပာလိုက္ ဘယ္မက္မြန္ပြင့္ပုပ္ကိုမွတက္မနင္းမိေစနဲ႔လို႔* ''
(T/N: အဲ့ဒါက ကံဆိုးတာကိုေျပာတာပါ ကံဆိုးၿပီးသူ႕လက္ထဲမေရာက္ေစနဲ႔ေပါ့ ေ႐ွ႕ျဖစ္ေဟာသူေတြက မက္မြန္ပြင့္ေတြေဝတာေတြ႕တယ္လို႔ေဟာရင္ ကံေကာင္းတယ္ ေအာင္ျမင္တယ္ ခ်စ္ရသူနဲ႔ထာဝရေပါင္းဖက္ရပါတယ္တဲ့ မက္မြန္ပြင့္ပုပ္ေတြေဝတာေတြ႕တယ္လို႔ေဟာရင္ေတာ့ အေပၚကနဲ႔ဆန္႔က်င္ဘက္ ေတာ္ေတာ္ေလးကံဆိုးတာကိုေျပာခ်င္တာပါ အဲ့အခ်ိန္က်ရင္ေတာ့ ဆရာေတြဆီသြားၿပီး အင္းစာ႐ြက္ေတြေဆာင္၊ အစီအမံေတြနဲ႔ ကံတက္ေအာင္ျပန္လုပ္ၾကပါတယ္တဲ့)
က်န္းေမာ့ခ်န္ႏွင့္ေဝ့လန္မွာ တစ္ေယာက္နဲ႔တစ္ေယာက္ ေစာင္းလိုက္ေျမာင္းလိုက္ျဖင့္ စာပို႔ရင္းရန္ျဖစ္ေနၾကကာ ယန္းခ်င္းခ်ီ သူတို႔ကိုၾကည့္ရင္း ေခါင္းသာရမ္းမိေတာ့သည္။ ပ႐ိုဂရမ္အဖြဲ႕ အသိေပးထားသည့္အခ်ိန္ ကပ္လာေတာ့ သူနဲ႔ေဝ့လန္ အစည္းအေဝးအခန္းထဲ သြားလိုက္ၾကသည္။ ထိုအခန္းထဲ ဆယ္မိနစ္ေလာက္ၾကာေအာင္ ထိုင္ၿပီးမွ သ႐ုပ္ေဆာင္ေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ဝင္လာၾကေလသည္။ ခ်န္႐ႊမ္းလန္ကေနာက္ဆုံးမွေရာက္ကာ နည္းနည္းေလးပင္ပန္းေနပုံေပါက္ေသာ္ျငား ဒါ႐ိုက္တာေျပာသမွ်ကို တေလးတစားျဖင့္ ေသခ်ာလိုက္နားေထာင္ေနသည္။
ဒီတေခါက္႐ိုက္ကူးေရးက အရင္တေခါက္ကႏွင့္ ကြဲျပားသည္။ ယန္းခ်င္းခ်ီပထမဆုံးစ႐ိုက္သည့္ ႏွစ္ပိုင္းတြင္ တေန႔ကိုတစ္ပိုင္းဟုသတ္မွတ္ေသာ္ျငား အခုတေခါက္မွာေတာ့ ႏွစ္ရက္လုံး႐ိုက္မွ တစ္ပိုင္းဟုသတ္မွတ္သည္။ ယန္းခ်င္းခ်ီ စစခ်င္းနားမလည္ေပ။ ေနာက္မွ လက္ထဲက ဇာတ္ၫႊန္းကို ဖတ္ၾကည့္ရင္း ဘာေတြကြဲျပားေနမွန္း နားလည္သြားေတာ့သည္။ အရင္လိုပဲ တံဆိပ္ျပားလုၿပိဳင္ပြဲပါေသာ္ျငား အျခားၿပိဳင္ပြဲေတြကိုလည္း ထပ္ထည့္ထားတာေၾကာင့္ အခ်ိန္ပိုယူလိုက္ရျခင္းျဖစ္သည္။
ဒါ႐ိုက္တာက ဘယ္သူကဘယ္ေနရာမွာ ဘာလုပ္ရမယ္ ႐ိုက္ကူးေနစဥ္တစ္ေလွ်ာက္လုံး ဘယ္လိုဟာသထည့္ရမယ္ဟု အျခားလူေတြကို အၾကမ္းဖ်င္း႐ွင္းျပၿပီးေနာက္ ယန္းခ်င္းခ်ီဘက္လွည့္လိုက္ကာ
''မင္းကေတာ့ အရင္အတိုင္းပဲဆက္လုပ္ မေျပာင္းနဲ႔ ''
ယန္းခ်င္းခ်ီ အျပဳံးေလးျဖင့္ ေခါင္းၿငိမ့္ျပရင္း
''ဟုတ္ကဲ့ ''
ဒါ႐ိုက္တာက သူဘယ္လို႐ိုက္ခ်င္ေၾကာင္း အနည္းအက်ဥ္းဆက္႐ွင္းျပေနကာ ခဏအၾကာမွာ အားလုံးကို အနားေပးလိုက္ေလသည္။ ဒါ႐ိုက္တာထြက္သြားသည္ႏွင့္ သ႐ုပ္ေဆာင္ေတြအားလုံး ထလိုက္ၾကၿပီး ကိုယ့္အခန္းကိုျပန္ဖို႔ျပင္လိုက္ၾကသည္။ ယန္းခ်င္းခ်ီနဲ႔ေဝ့လန္ ေဘးခ်င္းယွဥ္ေလွ်ာက္ေနရင္း အခန္းအျပင္ဘက္ကို ဘယ္ေလာက္မွမလွမ္းရေသးခင္ သူတို႔ေ႐ွ႕ကေန ေလွ်ာက္ေနေသာ ယြမ္မင္႐ႊိက စြင္း႐ႊင္ကိုလွမ္းေမးသံအား ၾကားလိုက္ရေလသည္။
''ငါတို႔ညလယ္စာသြားစားၾကမလား ''
စြင္း႐ႊင္ သူေ႐ွ႕မွာ ႏူးညံ့ညင္သာၿပီး အႏၲရာယ္ကင္းသည့္ သတၱဝါငယ္ေလးလိုျပဳမူေနေသာ ယြမ္မင္႐ႊိကို ၾကည့္လိုက္ကာ တဖက္လူသေဘာထားကို ျငင္းဆန္ပစ္ဖို႔ အနည္းငယ္ခက္ခဲေနသည္။ ယြမ္မင္႐ႊိ ဒီShowကို ဧည့္သည္အျဖစ္လာ႐ိုက္မည္ဟု ၾကားလိုက္ရသည့္အခ်ိန္တြင္ သူ႕ႏွလုံးက ဒိန္းကနဲခုန္ေဆာင့္သြားကာ မေကာင္းေတာ့ဘူး မေကာင္းေတာ့ဘူးဟုသာ စိတ္ထဲေအာ္ေနမိသည္။ သူအစကေတြးလိုက္သည္မွာ ယန္းခ်င္းခ်ီ ဒီကိစၥကို သေဘာမတူေလာက္ဘူးဟုပင္။ ဒါမွမဟုတ္ က်န္းေမာ့ခ်န္က ယြမ္မင္႐ႊိကို မလာေအာင္တားလိမ့္မည္။ မဟုတ္လည္း ပ႐ိုဂရမ္အဖြဲ႕ႏွင့္ ႏွစ္ပိုင္း႐ိုက္ေပးဖို႔သေဘာတူထားတာေၾကာင့္ က်န္းေမာ့ခ်န္ကိုယ္တိုင္ ယန္းခ်င္းခ်ီနဲ႔ လိုက္လာလိမ့္မည္ဟုပင္။ သို႔ေသာ္ ယန္းခ်င္းခ်ီက သေဘာတူလိုက္သည္။ ယြမ္မင္႐ႊိကလည္း ဒီကိုေရာက္လာသည့္အျပင္ က်န္းေမာ့ခ်န္ကလိုက္မလာခဲ့ေပ။ သူ ေတြးထားသမွ်အကုန္ တက္တက္စင္ေအာင္လြဲေတာ့သည္။
အခုေတာ့ ႏွစ္ဖက္စလုံးႏွင့္သိေနသည့္ တစ္ဦးတည္းေသာသ႐ုပ္ေဆာင္ေလး စြင္း႐ႊင္မွာ ေတာ္ေတာ္ေလး စိတ္ဖိစီးေနသည္။
''သြားမယ္ေလ '' ယြမ္မင္႐ႊိက အျပဳံးေလးျဖင့္ '' ငါတို႔မေတြ႕ျဖစ္တာ ၾကာၿပီမလား ''
စြင္း႐ႊင္မွာ အစကတည္းက သေဘာေကာင္းသူတစ္ေယာက္ ျဖစ္သည့္အျပင္ အရင္ကလည္း ယြမ္မင္႐ႊိနဲ႔ သင့္တင့္ေလ်ာက္ပတ္သည့္ ဆက္ဆံေရး႐ွိၿပီးသားျဖစ္တာေၾကာင့္ သူေခါင္းၿငိမ့္လိုက္ကာ
'' ေကာင္းၿပီေလ ''
စြင္း႐ႊင္သေဘာတူလိုက္တာကိုျမင္ေတာ့ ယြမ္မင္႐ႊိ တဖက္လူကို ခ်ိဳခ်ိဳသာသာေလးျပဳံးျပကာ ႏွစ္ေယာက္သား စားေသာက္ဆိုင္႐ွိတဲ့အထပ္ဆီထြက္သြားၾကသည္။
ေဝ့လန္ သူတို႔ေ႐ွ႕ကႏွစ္ေယာက္ကိုၾကည့္ရင္း ယန္းခ်င္းခ်ီပုခုံးကိုလက္တင္လိုက္ကာ
''သူ မင္းကိုပါေခၚေတာ့မယ္ ထင္လိုက္တာကြာ မေခၚသြားဘူးဟ သူ ဒီကို မင္းေၾကာင့္လာတာမဟုတ္ဘူးလား ''
ယန္းခ်င္းခ်ီ ပုခုံးတြန္႔ျပလိုက္ကာ
''ဘယ္သူသိမွာလဲ ''
'' ကြၽတ္ကြၽတ္ လုံးဝအ႐ႈပ္ထုပ္ပဲ ''
ေဝ့လန္စုတ္သပ္ရင္း တဖက္လူကို မွတ္ခ်က္ေပးေနျပန္သည္။
ယြမ္မင္႐ႊိ စြင္း႐ႊင္ေ႐ွ႕ဝင္ထိုင္လိုက္ကာ သူတို႔ဟင္းအခ်ိဳ႕ႏွင့္ ဝိုင္တစ္ပုလင္းမွာၿပီး ၿငိမ္ၿငိမ္သက္သက္ေလး စားေနၾကသည္။
''ငါက မင္းျပန္လာဖို႔ ေတာ္ေတာ္ၾကာဦးမယ္ ထင္လိုက္တာ '' စြင္း႐ႊင္စေျပာလာသည္။
ယြမ္မင္႐ႊိက မခ်ိျပဳံးေလးျဖင့္
''အစကေတာ့ အဲ့လိုေတြးထားတာပဲ ေနာက္ေတာ့ အဲ့လိုလုပ္စရာမလိုေတာ့လို႔ ေစာေစာျပန္လာလိုက္တာ ''
''မင္းျပန္လာတာ က်ိဳးရီ႐ွင္းေရာ သိလား ''
ယြမ္မင္႐ႊိခဏေလာက္ၿငိမ္သြားကာ မၾကာေသးခင္ကမွ တဖက္လူပို႔ထားသည့္ 'မင္းဘာလို႔ျပန္သြားတာလဲ' 'ငါ့ကိုဘာလို႔ဘာမွမေျပာတာလဲ' ဆိုသည့္ Message မ်ားကို ျပန္သတိရသြားသည္။
က်ိဳးရီ႐ွင္းက ေတာ္ေတာ္ေလး ရယ္စရာေကာင္းသည္ဟု ယြမ္မင္႐ႊိခံစားလိုက္ရသည္။ သူျပန္လာတာျဖင့္ ဒီေလာက္ၾကာလွၿပီ အခုမွသတိထားမိၿပီးေတာ့မ်ား ဘာလို႔သူ႕ကိုမေျပာသြားသလဲလာလုပ္ေနတယ္?..... သူနဲ႔က်ိဳးရီ႐ွင္းၾကားက အသြားအျပန္မ႐ွိသည့္ ဆက္ဆံေရးကိုစဥ္းစားမိသြားသည့္အခါ ယြမ္မင္႐ႊိ ႐ုတ္တရက္ႀကီး ဝမ္းနည္းလာရသည္။ သူ က်ိဳးရီ႐ွင္းကိုထားခဲ့ရသည့္ အေၾကာင္းအရင္းမွာ က်န္းေမာ့ခ်န္ေၾကာင့္ပင္။ အခု က်န္းေမာ့ခ်န္ကပါ သူ႕ကိုလုံးဝဖယ္ၾကဥ္ထားေတာ့ သူ ဒီကိုျပန္လာတာ ဘာအက်ိဳး႐ွိဦးမွာလဲ?
''သိတယ္ ငါ့ကိုဘာလို႔ျပန္သြားတာလဲလို႔ေမးတယ္ ငါကလည္းလုပ္စရာ႐ွိလို႔ အရင္ျပန္ႏွင့္တာလို႔ျပန္ေျဖလိုက္ေတာ့ ဘာမွဆက္မေမးေတာ့ဘူး ''
စြင္း႐ႊင္က သေဘာေပါက္ၿပီျဖစ္ေၾကာင္း အသံျပဳလိုက္ကာ ဘာမွဆက္မေျပာေတာ့ေပ။
တကယ္လို႔ ထိုေနရာမွာသာ ယန္းခ်င္းခ်ီ႐ွိေနခဲ့လွ်င္ မူရင္းဝတၳဳဇာတ္ေၾကာင္းကို ခန္႔မွန္းမိမွာျဖစ္သည္။ ယြမ္မင္႐ႊိထြက္သြားေတာ့ က်ိဳးရီ႐ွင္းက အၿမဲတမ္းသူ႕ေနာက္လိုက္ေနသည့္ ပါပီေလးမ႐ွိေတာ့သျဖင့္ ဟာတာတာႀကီးက်န္ခဲ့သည္။ တကယ္လို႔ ယြမ္မင္႐ႊိသာ ဘာမွမလုပ္ပဲၿငိမ္ၿငိမ္ေလး ဆက္ေစာင့္ေနခဲ့လွ်င္ က်ိဳးရီ႐ွင္းက တ႐ုတ္ကိုျပန္လာၿပီး ယြမ္မင္႐ႊိကို ျပန္လိုက္မွာျဖစ္သည္။ ထို႔ေနာက္ ႏွစ္ေယာက္သား နင္ေျပးစမ္း ငါလိုက္မယ္ဂိမ္းေလး ထပ္ေဆာ့ၾကဦးမည္။ ႏွေျမာစရာက ထိုေနရာမွာ ယန္းခ်င္းခ်ီမ႐ွိသျဖင့္ စြင္း႐ႊင္ေရာ ယြမ္မင္႐ႊိပါ အခ်ိန္တစ္ခုေလာက္ၾကာတဲ့အထိ ဘာေျပာလို႔ေျပာရမွန္းမသိ ျဖစ္ေနၾကသည္။
''ဒါေပမဲ့ ျပန္လည္းလာလိုက္ေရာ အရာအားလုံးက ေျပာင္းလဲသြားသလိုပဲ '' ယြမ္မင္႐ႊိေလသံတိုးေလးျဖင့္ '' က်န္းေမာ့ခ်န္ လက္ထပ္လိုက္ရင္ေတာင္မွ သူငယ္ခ်င္းေတြလိုပဲ ဆက္ေနလို႔ရမယ္လို႔ ထင္လိုက္မိတာ ဒါေပမဲ့ '' ယြမ္မင္႐ႊိခါးသက္စြာ ျပဳံးလိုက္ၿပီး '' ၾကည့္ရတာ ငါအေတြးလြန္သြားတဲ့ပုံပဲ ''
စြင္း႐ႊင္ ထိုစကားကိုၾကားေတာ့ သူ႕ေခါင္းထဲ အေရးေပၚအခ်က္ျပသံေတြ ဆူညံသြားသည္။ သူအျပဳံးေလးဆက္ထိန္းထားကာ
''မဆိုးပါဘူး ငါ့အထင္ေတာ့ အဲ့ေကာင္ႀကီး လက္ထပ္လိုက္လည္း သိပ္မေျပာင္းလဲသြားသလိုပါပဲ ''
''ဟုတ္လား ၾကည့္ရတာေတာ့ ငါ့တေယာက္ထဲကိုပဲ ကြက္ေျပာင္းလဲသြားတာနဲ႔တူပါတယ္ ''
စြင္း႐ႊင္ : ........... ေစာက္က်ိဳးနည္း! ငါ အခု သူ႕ကိုဘာျပန္ေျပာရေတာ့မလဲ???
တဖက္လူဘာမွဆက္မေျပာလာတာကိုေတြ႕ေတာ့ ယြမ္မင္႐ႊိ ျပဳံးျပလိုက္ကာ
''အားနာလိုက္တာ အခုတေလာ စိတ္အေျခအေနမေကာင္းေတာ့ ဘာေတြေျပာလို႔ေျပာေနမိမွန္းေတာင္ မသိေတာ့ပါဘူး ''
''ရပါတယ္ မင္း ကိုယ့္ကိုကိုယ္လည္း ဂ႐ုစိုက္ဦး ဒီေလာက,က နည္းနည္းေတာ့ စိတ္ဖိစီးမႈမ်ားတယ္ အရမ္းႀကီး ဖိအားမေပးနဲ႔ ''
ယြမ္မင္႐ႊိေခါင္းၿငိမ့္ျပလာသည္။ စြင္း႐ႊင္ကလည္း ဘာဆက္ေျပာရမွန္းမသိတာေၾကာင့္ ေခါင္းငုံ႔ၿပီးေတာ့သာ အစားဆက္စားေနလိုက္သည္။
''ဒါနဲ႔ ငါမင္းကိုေမးစရာတစ္ခု႐ွိတယ္ ''
''ဘာလဲ ''
''မင္း နဲ႔ ယန္းခ်င္းခ်ီက အခုShowတစ္ခုထဲ အတူတူ႐ိုက္ေနၾကတာဆိုေတာ့ သူ႕အေၾကာင္း အနည္းနဲ႔အမ်ားေတာ့ သိမွာေပါ့ သူကဘယ္လိုလူမ်ိဳးလဲဆိုတာ ငါ့ကိုေျပာျပလို႔ရမလား ''
စြင္း႐ႊင္ ေခါင္းကိုက္သြားသည္။ ဘဝမွာ အစားတစ္လုတ္မ်ိဳခ်ဖို႔ ဒီေလာက္အထိခက္ခဲမယ္မွန္း သူတစ္ခါမွမေတြးခဲ့ဖူးပါ။
''ယန္းခ်င္းခ်ီက အကုန္ေကာင္းပါတယ္ '' စြင္း႐ႊင္ တူကိုခ်လိုက္ကာ ဝိုင္တစ္ငုံေသာက္ရင္း '' သူက စိတ္ထားေကာင္းတယ္ ဉာဏ္လည္းထက္တယ္ သြက္လက္တက္ႂကြတယ္ သူမ်ားကိုလည္းဒုကၡမေပးဘူး အကုန္ေကာင္းတယ္ '' သူက ခဏေလာက္စဥ္းစားေနလိုက္ကာ ထပ္ျဖည့္ေျပာလာျပန္သည္။ '' ၿပီးေတာ့ ေမာ့ခ်န္နဲ႔လည္းလိုက္တယ္ ''
''ဟုတ္လား '' ယြမ္မင္႐ႊိက ျခင္သံေလးႏွင့္ ေရ႐ြတ္လိုက္သည္။ ''အဲ့လိုဆိုရင္ေတာ့ ေကာင္းတာေပါ့ ''
''အင္း '' စြင္း႐ႊင္ ေခါင္းၿငိမ့္ရင္း ထပ္ေျပာလာသည္။ ''သူတို႔ႏွစ္ေယာက္က အခု ေတာ္ေတာ္ေလးလည္း အဆင္ေျပတယ္ ခ်င္းခ်ီ ဒီShowကို လာ႐ိုက္မယ္ဆိုေတာ့ က်န္းေမာ့ခ်န္က ခ်င္းခ်ီမထိခိုက္ေအာင္ သူမ်ားအႏိုင္မက်င့္ေအာင္ ငါ့ကိုေသခ်ာေစာင့္ေ႐ွာက္ေပးဖို႔ တတြတ္တြတ္မွာေနတာ ငါ့နားႀကီးေတာင္ေပါက္ထြက္ေတာ့မယ္ ''
ယြမ္မင္႐ႊိထိုစကားၾကားသည့္အခါ သူဒီShowလာ႐ိုက္ဖို႔ေ႐ြးလိုက္ေပမဲ့ က်န္းေမာ့ခ်န္ဘက္ကေနဘာမွမတုံ႔ျပန္လာတာကို ေတြးမိသြားသည္။ သူလာမယ္ဆိုတဲ့အေၾကာင္းကို က်န္းေမာ့ခ်န္မသိပဲေတာ့ မေနပါ။ ပ႐ိုဂရမ္အဖြဲ႕က တရားဝင္အဖြဲ႕သားေတြကို မ႐ိုက္ကူးခင္ ထိုအပိုင္းမွာပါမည့္ ဧည့္သည့္သ႐ုပ္ေဆာင္မ်ားစာရင္း ႀကိဳအသိေပးေလာက္သည္။ ယန္းခ်င္းခ်ီက စိတ္ပုပ္ၿပီး က်န္းေမာ့ခ်န္ကိုမေျပာပဲေနလွ်င္ေတာင္ စြင္း႐ႊင္သိေနသေ႐ြ႕ က်န္းေမာ့ခ်န္လည္းသိလိမ့္မည္။ သို႔ေသာ္ က်န္းေမာ့ခ်န္ဘက္က ဘာမွမေျပာလာသလို ဘာမွလည္းမတုံ႔ျပန္ခဲ့ပါ။ သူနဲ႔က်န္းေမာ့ခ်န္တို႔ႏွစ္ေယာက္ အျပတ္ျပတ္နဲ႔ ႏွာေခါင္းေသြးထြက္ခဲ့ရတာကို ေတြးမိေတာ့ စိတ္ထဲ ဝမ္းမနည္းပဲ မေနႏိုင္ခဲ့။ အရင္ကလည္း သူထိခိုက္မိမွာစိုးလို႔ သူမ်ားအႏိုင္က်င့္ခံရမွာစိုးလို႔ ဆိုသည့္ အေၾကာင္းျပခ်က္မ်ားေပးၿပီး က်န္းေမာ့ခ်န္က သူ႕ကို သူငယ္ခ်င္းမ်ားျဖင့္ ၾကဳံရင္ၾကဳံသလို ေစာင့္ေ႐ွာက္ခိုင္းတတ္သည္။ အခုေတာ့ ထိုအခြင့္အေရးမ်ားက သူမဟုတ္သည့္ အျခားလူတစ္ေယာက္ဆီ ေရာက္သြားခဲ့ၿပီ။
ယြမ္မင္႐ႊိေတြးရင္း ေတြးရင္း စိတ္မသက္မသာျဖစ္လာကာ မတရားသလိုခံစားလိုက္ရသည္။ ဘာလို႔လဲ? သူနားမလည္ႏိုင္ပါ။ သူ ဘာလို႔ႏိုင္ငံျခားထြက္ခဲ့မိတာလဲ။ ဘာလို႔ျပန္ေရာက္တာနဲ႔ အရာအားလုံးက ေျပာင္းလဲသြားရတာလဲ။ တကယ္လို႔ သူသာ ႏိုင္ငံျခားမထြက္ခဲ့ရင္ သူသာ က်ိဳးရီ႐ွင္းေနာက္မလိုက္ခဲ့ရင္ က်န္းေမာ့ခ်န္ရဲ႕ ဂ႐ုစိုက္မႈေတြ ၊ၾကင္နာမႈေတြအကုန္လုံးက သူ႕အတြက္ပဲ ယန္းခ်င္းခ်ီအလွည့္ေရာက္လာမယ္လို႔မ်ားထင္ေနလား။ က်န္းေမာ့ခ်န္ သူစိမ္းတစ္ေယာက္အတြက္နဲ႔ သူ႕ကိုစိမ္းကားေနခဲ့သည္အား ျပန္ေတြးမိေတာ့ ပိုဝမ္းနည္းလာရသည္။
ယြမ္မင္႐ႊိ ငိုမဲ့မဲ့ျဖစ္ေနတာကိုျမင္ၿပီး စြင္း႐ႊင္ ပို၍စိတ္ညစ္သြားကာ ေခါင္းကိုကုတ္ရင္း ေမးလာသည္။
''မင္း....အဆင္ေျပရဲ႕လား ''
''အဆင္ေျပပါတယ္ '' ယြမ္မင္႐ႊိ မ်က္ရည္ေတြလဲ့ေနသည့္ မ်က္လုံးမ်ားျဖင့္ တဖက္လူကိုေမာ့ၾကည့္လာကာ ေျခာက္ကပ္ကပ္ျပဳံးရင္း '' အရင္ကလည္း ေမာ့ခ်န္က ငါ့ကိုအဲ့လိုလုပ္ေပးေနက်ဆိုတာကို ျပန္ေတြးမိသြားေတာ့ နည္းနည္းေလး ဝမ္းနည္းသြားတာ ''
စြင္း႐ႊင္ အကူအညီမဲ့စြာျဖင့္ ျပန္ေျပာလာသည္။
''မင္း ဒါေတြေျပာေနေတာ့ေရာ ဘာထူးမွာလဲ သူကလက္ထပ္ၿပီးသြားၿပီေလ ''
''ငါသိပါတယ္ '' ယြမ္မင္႐ႊိ အသံတိုးေလးျဖင့္ '' ဒါေပမဲ့ ငါတို႔ကသူငယ္ခ်င္းေတြျဖစ္ေနတုန္းပဲေလ သူလက္ထပ္လိုက္တာနဲ႔ ငါတို႔သူငယ္ခ်င္းေတြ ဆက္လုပ္လို႔မရေတာ့ဘူးလား ''
စြင္း႐ႊင္တစ္ေယာက္ ေျပာစရာစကားမ႐ွိေတာ့ေပ။
ယြမ္မင္႐ႊိ စြင္း႐ႊင္ကို မ်က္ရည္ဝဲတဲတဲေလးျဖင့္ ေမာ့ၾကည့္လိုက္ကာ အသံေဖ်ာ့ေလးျဖင့္
''စြင္း႐ႊင္ မင္းသိလား ငါ သူ႕ကိုမ်ိဳးစုံဆက္သြယ္ဖူးတယ္ ဖုန္းေခၚတယ္ ႐ိုး႐ိုးစာပို႔တယ္ Wechatကေနပို႔တယ္ သူ႕မန္ေနဂ်ာကိုဖုန္းေခၚတယ္ ႐ိုက္ကြင္းအထိသြားတယ္ ဒါေပမဲ့ဘာမွျဖစ္မလာဘူး သူငါ့ဖုန္းေတြ စာေတြျပန္မေျဖဘူး Wechatမွာလည္း blockထားတယ္ သူ႕မန္ေနဂ်ာကလည္း ငါတို႔တစ္ကုမၸဏီထဲမဟုတ္လို႔ သူနဲ႔ပတ္သက္တာေတြ ဘာမွမေျပာႏိုင္ဘူးလို႔ ေျပာတယ္ ေနာက္လည္းမဆက္သြယ္နဲ႔တဲ့ အရင္ကငါ့ကိုဒီပုံစံနဲ႔ဆက္ဆံဖူးတာမွမဟုတ္တာ ထားေတာ့ ငါသူ႕ကို႐ိုက္ကြင္းအထိသြား႐ွာတယ္ သူကငါ့ကိုထြက္မေတြ႕ပဲ သူလက္ေထာက္ကပဲ အဲ့ကေနထြက္သြားဖို႔နဲ႔ ႐ိုက္ကြင္းကိုမေႏွာက္ယွက္ဖို႔လာေျပာတယ္ ငါနားကိုမလည္ႏိုင္ဘူး အားလုံးကသူငယ္ခ်င္းေတြပဲေလ ရည္းစားရသြားတာပဲျဖစ္ျဖစ္ မိန္းမရသြားတာပဲျဖစ္ျဖစ္ အဲ့အေၾကာင္းျပခ်က္ေၾကာင့္နဲ႔ ငါတို႔သူငယ္ခ်င္းဆက္ဆံေရးကိုထိခိုက္စရာကိုမလိုတာ ဟုတ္တယ္မလား သူဘာလို႔ဒီေလာက္ေတာင္ ရက္စက္ရတာလဲ ငါ့မွာ သူငယ္ခ်င္းဆိုလို႔ မင္းတို႔ပဲ႐ွိတာကို ''
စြင္း႐ႊင္ သက္ျပင္းခ်လိုက္ကာ
''မင္းငါ့ကို ဒါေတြလာေျပာေနလည္း အသုံးမဝင္ဘူး ''
''အသုံးဝင္ပါတယ္ ဘာလို႔အသုံးမဝင္ရမွာလဲ ေမာ့ခ်န္က မင္းတို႔အေပၚဆို ဒီေလာက္ေကာင္းတာ ငါ့အတြက္ သူ႕ကိုေဖ်ာင္းဖ်ေပးစမ္းပါ မင္းေျပာရင္ ရေလာက္ပါတယ္ ယန္းခ်င္းခ်ီေပၚလာတာနဲ႔ ဘာလို႔အရာအားလုံးက ေျပာင္းလဲသြားမွန္းငါမသိဘူး မင္းေျပာေတာ့ သူကစိတ္ထားေကာင္းတယ္ဆို အဲ့ဒါဆို သူက ငါနဲ႔ေမာ့ခ်န္ဆက္ဆံေရးကို လက္ခံနားလည္ေပးရမွာေပါ့ ဟုတ္တယ္မလား သူ မေပၚလာခင္ကတည္းက ငါတို႔ကေမာ့ခ်န္အနားမွာ႐ွိခဲ့တာ သူေပၚလာတာနဲ႔ မေခၚမေျပာပဲေနရေတာ့မွာလား ငါတို႔က ေမာ့ခ်န္ဘဝရဲ႕တစ္စိတ္တစ္ပိုင္းေတြေလ ဟုတ္တယ္မလား ''
''ငါမေျပာေပးႏိုင္ဘူး '' စြင္း႐ႊင္ စိတ္႐ႈပ္လာသည္။ '' သူတို႔အတြဲက သူတို႔ဘာသာသူတို႔ လက္ထပ္ၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေန,ေနၾကၿပီ ငါကသြားၿပီး ဝင္႐ႈပ္လို႔မရဘူး ''
''ဒါကို ဘယ္လိုလုပ္ ဝင္႐ႈပ္တယ္လို႔သတ္မွတ္လို႔ရမွာလဲ ဒါက ငါနဲ႔ေမာ့ခ်န္ၾကားက အထင္လြဲမႈေတြမ႐ွိေအာင္ ဝင္ေျဖ႐ွင္းေပးတာေလ ငါတို႔ကိုျပန္အဆင္ေျပေအာင္ ကူညီေပးတယ္လို႔ေခၚတယ္ အားလုံးက သူငယ္ခ်င္းေတြပဲ အခ်င္းခ်င္းျပန္ကူညီရမွာေပါ့ တကယ္လို႔ မင္းရဲ႕သူငယ္ခ်င္းႏွစ္ေယာက္ နားလည္မႈလြဲေနၾကရင္ သူတို႔အရင္လိုျပန္အဆင္ေျပသြားေအာင္ မင္းက ၾကားထဲကေန ဖ်န္ေျဖေပးရမွာေပါ့ မဟုတ္ဘူးလား ''
စြင္း႐ႊင္ မွန္သည္လည္းမေျပာ မွားသည္လည္းမျငင္းေပ။
ယြမ္မင္႐ႊိက ဆက္ေဖ်ာင္းဖ်လာသည္။
''ငါကလည္း က်န္းေမာ့ခ်န္ဘက္ကေန အရင္လို သည္းသည္းလႈပ္ျပန္ျဖစ္ေပးရမယ္လို႔ မဆိုလိုပါဘူး ဒီေလာက္ႏွစ္ေတြအၾကာႀကီးခင္လာၿပီးမွ လူတစ္ေယာက္အတြက္နဲ႔ သူငယ္ခ်င္းသံေယာဇဥ္ျဖတ္လိုက္ရတာက အဓိပၸါယ္မ႐ွိဘူးေလ ဟုတ္တယ္မလား မင္းနဲ႔ေမာ့ခ်န္ဆိုလည္း ဒီေလာက္ခင္လာတာ တေန႔ မင္းတို႔ နားလည္မႈလြဲၾကရင္ ငါတို႔ပဲဝင္ဖ်န္ေျဖေပးရမွာပဲ မဟုတ္ဘူးလား ''
စြင္း႐ႊင္ ခါးသက္သက္ျပဳံးလိုက္ကာ
''ယြမ္မင္႐ႊိ ငါနဲ႔ေမာ့ခ်န္ဆက္ဆံေရးက မင္းနဲ႔ေမာ့ခ်န္ဆက္ဆံေရးလိုမ်ိဳး မဟုတ္ဘူးေလ အဲ့ႏွစ္ခုကမတူဘူး မင္းအဲ့ဒါေရာသိရဲ႕လား ''
'' မတူတဲ့ေနရာမ႐ွိပါဘူး စြင္း႐ႊင္ မင္းငါ့ကိုကူညီေပးပါ ဟုတ္ၿပီလား ''
စြင္း႐ႊင္ ေခါင္းခါလိုက္ကာ
''ငါ မကူညီေပးခ်င္တာမဟုတ္ဘူး ဒီလိုကိစၥမ်ိဳးက ငါတို႔ၾကားဝင္လို႔မရဘူး ငါမကူညီေပးႏိုင္ဘူး ''
တဖက္လူ ျပတ္ျပတ္သားသား ျငင္းလိုက္တာကိုေတြ႕ေတာ့ ယြမ္မင္႐ႊိ အနည္းငယ္စိတ္ပ်က္သြားသည္။ သို႔ေသာ္ သူ႕ခံစားခ်က္အတက္အက်ကို အျမန္ျပန္ညႇိလိုက္ကာ အျပဳံးေလးျဖင့္
''ဒါဆို ငါယန္းခ်င္းခ်ီကို သြားေျပာၾကည့္မယ္ဆိုရင္ေရာ ငါနဲ႔ေမာ့ခ်န္ၾကားမွာ ဘာမွမ႐ွိခဲ့ဘူး သူငယ္ခ်င္းေတြလိုပဲေနခဲ့ၾကတာလို႔ ႐ွင္းျပလိုက္ရင္ သူက ငါတို႔ကို နားလည္ေပးၿပီး ငါနဲ႔ေမာ့ခ်န္ကို အဆင္ေျပေအာင္ လုပ္ေပးေလာက္မယ္လို႔ထင္လား ''
စြင္း႐ႊင္ တဖက္လူစကားေတြနားေထာင္ေလ ခ်ဥ္လာေလ ခံစားရတာေၾကာင့္ ခါးသက္သက္ျပဳံးလိုက္ကာ
''ငါက ဘယ္လိုလုပ္သိမွာလဲ ''
''အဲ့လိုပဲျဖစ္ေလာက္မွာပါ မင္းေျပာတဲ့အတိုင္းဆို သူက သေဘာထားေသးသိမ္တဲ့လူ မဟုတ္ေလာက္ဘူးမလား သူနားလည္ေပးေလာက္မွာပါ ေဝ့လန္လို ေပါင္းရသင္းရခက္တဲ့လူနဲ႔ေတာင္အဆင္ေျပႏိုင္ေသးတာပဲ ငါနဲ႔လည္းအဆင္ေျပမႏိုင္စရာအေၾကာင္းမွမ႐ွိတာ က်န္းေမာ့ခ်န္ကို သူငယ္ခ်င္းေတြနဲ႔အဆက္အသြယ္ျဖတ္ခိုင္းရေလာက္တဲ့အထိေတာ့ မဆိုးေလာက္ဘူးမလား ''
စြင္း႐ႊင္ဘာမွဆက္မေျပာေတာ့ေပ။ သူဘာျပန္ေျဖရမွန္းလည္းမသိသလို ေျဖခ်င္စိတ္လည္းမ႐ွိေတာ့ပါ။
''ေနာက္က်ေနၿပီ ျပန္ၾကရေအာင္ေလ ငါမနက္ျဖန္မွ သူနဲ႔ေျပာၾကည့္လိုက္မယ္ အခုလိုငါနဲ႔စကားေတြေျပာေပးတဲ့အတြက္ ေက်းဇူးပဲ ငါစိတ္အေျခအေနပိုေကာင္းသြားၿပီ ''
''အဲ့လိုၾကားရေတာ့ ဝမ္းသာပါတယ္''
''ျပန္နားၾကရေအာင္ေလ ''
''အင္း '' စြင္း႐ႊင္ ျပန္ေျဖလိုက္သည္။
သူ စိတ္သက္သာရာရသြားသလိုမ်ိဳး သက္ျပင္းဖြဖြခ်လိုက္သည္။ ေတာ္ေသးတာေပါ့ ဒီညလယ္စာကဇာတ္သိမ္းပိုင္း႐ွိေသးလို႔! မဟုတ္လွ်င္ သူဘာဆက္လုပ္ရမွန္းမသိ ျဖစ္ေနလိမ့္မည္။ ယြမ္မင္႐ႊိဖိတ္တိုင္း ဘယ္ေတာ့မွလိုက္မစားေတာ့ဘူးဟုသာ စြင္း႐ႊင္ဆုံးျဖတ္ခ်က္ခ်လိုက္သည္။ ထမင္းေလးတစ္လုတ္စားဖို႔ ဦးေႏွာက္ကိုပုံမွန္ထက္ ၈ဆေလာက္အလုပ္လုပ္လိုက္ရသည္။ တဖက္လူ၏ငိုမဲ့မဲ့မ်က္ႏွာကိုၾကည့္ရင္း ဘယ္စကားကေတာ့ ေျပာသင့္တယ္ ဘယ္စကားကေတာ့ မေျပာသင့္ဘူး လိုက္ေ႐ြးေနရသည္။ သူ ေတာ္ေတာ္ပင္ပန္းသြားခဲ့ၿပီ။
________________________________
အၿမဲတမ္း နားမလည္ဘူး နားမလည္ဘူးနဲ႔ အဲ့က်က္သတုံးနားလည္သြားေအာင္ တေယာက္ေယာက္ကေတာ့ ပါး႐ိုက္ၿပီး ႐ွင္းျပေပးမွရေတာ့မယ္နဲ႔တူတယ္ စိတ္တိုခ်က္!