ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့...

By Dandelion_nini

5.2M 711K 55.1K

Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking fin... More

Synopsis
အသိပေးစာ
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35.1
Chapter 35.2
Chapter 35.3
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140
Chapter 141
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155
Chapter 156
Chapter 157
Chapter 158
Chapter 159
Chapter 160
Chapter 161
Chapter 162
Chapter 163
Chapter 164
Chapter 165
Chapter 166
Chapter 167
Chapter 168
Chapter 169
Chapter 170
Chapter 171
Chapter 172
Chapter 173
Chapter 174
Chapter 175
Chapter 176
Chapter 177
Chapter 178
Chapter 179
Chapter 180
Chapter 181
Chapter 182
Chapter 183
Chapter 184
Chapter 185
Chapter 186
Chapter 187
Chapter 188
Chapter 189
Chapter 190
Chapter 191 [ Final ]
ကျေးဇူးတင်လွှာနဲ့ Extraအကြောင်း
Updates and fanarts
About Car

Chapter 67

26.3K 3.9K 308
By Dandelion_nini

Unicode

ယန်းချင်းချီနဲ့ဝေ့လန် Hot Search ပေါ်ရောက်သွားပြီ၊ ကျန်းမော့ချန်ကလည်း သူ့ကိုမမေ့ပါနဲ့တဲ့
__________________________________

သူတို့ Fမြို့ကိုရောက်သည့်အခါ ယန်းချင်းချီ ဝေ့လန်နဲ့အတူတူ လေဆိပ်မဆင်းတော့ဘူးဟု ဆုံးဖြတ်လိုက်သည်။ သူ လေယာဥ်ပေါ်မတက်ခင် ဝေ့လန်ကိုလိုက်ပို့ကြသည့် Fanအစုအဝေးကြီးကို မြင်ဖူးပြီးသွားပြီဖြစ်တာကြောင့် Fလေဆိပ်မှာ လာကြိုဖို့စောင့်နေမည့် Fanတွေကိုပါ မြင်ယောင်မိသည့်အခါ ခေါင်းပါကျိန်းသွားသည်။ သူ့အကြံကို ဝေ့လန်ကတောင် ဘာမှမပြောရသေးခင် ကွမ်မေက ''မရဘူး'' ဟု ပြတ်ပြတ်သားသားငြင်းပစ်လိုက်သည်။

''ဘာဖြစ်လို့လဲ '' ယန်းချင်းချီ နားမလည်နိုင်ပါ။

''ဘာဖြစ်လို့လဲ ဟုတ်လား '' ကွမ်မေက ပြန်မေးလာသည်။ '' နင့်ဘေးမှာ အသင့်စားအသားတုံးကြီးရှိနေတာကို နင်ကမစားဘူးဆိုပြီးလွှတ်ပစ်မယ်ပေါ့? ကြော်ငြာဖို့မလိုလောက်အောင်ကို နာမည်တွေကြီးနေပြီလို့ ထင်နေတယ်ပေါ့? ''

ယန်းချင်းချီ : ''..........''

''ငါက ဒီမှာ Hot Search တောင်ဝယ်ပြီးသွားပြီ နင်က အခုမှ သူနဲ့အတူတူမသွားတော့ဘူးဆိုတော့ ဘာလဲ အဲ့ Hot Searchဖိုး နင်ပြန်ပေးမှာလား ''

ဝေ့လန်က သူအဆူခံနေရတာကိုကြည့်ပြီး ဘေး​​ကနေ တခွိခွိထိုင်ရယ်နေသည်။

ယန်းချင်းချီ သက်ပြင်းချလိုက်ကာ ကူကယ်ရာမဲ့စွာသာပြန်ဖြေနိုင်တော့သည်။ ''ထားလိုက်ပါတော့ ''

''ဟုတ်ပ ဟုတ်ပ ငါနဲ့ Hot Searchပေါ် အတူတူရောက်ချင်နေတဲ့လူတွေ ဘယ်လောက်တောင်ရှိသလဲ ရိုက်သတ်လို့တောင်မကုန်ဘူး ငါက အဖတ်ပြန်မလုပ်လို့သာ အခု မင်းကို အလကားခေါ်သွားပေးမယ်ဆိုတာကိုတောင် မင်းကမလိုချင်ဘူး? '' ဝေ့လန် ယန်းချင်းချီကို မျက်စောင်းထိုးလိုက်ကာ ''မင်းက တကယ့်မလွယ်ကြောပဲ ''

ကျန်းချန်တစ်ယောက် သူများကို 'မလွယ်ကြောပဲ'ဟု ဝေဖန်နေသော သူတို့အိမ်ကသခင်ငယ်လေးကို တိတ်တိတ်လေး လှမ်းကြည့်လိုက်သည် : ဒီစကားမပြောခင် မှန်ရောသေချာကြည့်လိုက်ရဲ့လား? ကိုယ့်ကိုကိုယ်ရော ဒီလိုစကားမျိုး ပြောပိုင်ခွင့်ရှိတယ်လို့ ထင်နေတာလား?? တစ်ကမ္ဘာလုံးမှာ မင်းလောက် ထိန်းရသိမ်းရ မလွယ်တဲ့လူ ဘယ်သူရှိသေးလို့လဲ??? ပြော! ပြော!! ပြော!!!

ကွမ်မေ၏စောင့်ကြည့်ကွပ်ကဲမှုအောက်တွင် ယန်းချင်းချီတစ်ယောက် ဝေ့လန်နဲ့အတူတူ လေဆိပ်ဆင်းရပြန်သည်။ ပြွတ်သိပ်နေသည့် Fanအစုလိုက်ကြီး၊ ဓာတ်ပုံရိုက်သံ တဖျက်ဖျက်နှင့် 'မတိုးကြပါနဲ့' 'စည်းကမ်းရှိရှိရပ်ပေးကြပါ' ဟု အော်သံများက အရင်အတိုင်းပင်။

လေဆိပ်ကနေ အောင်အောင်မြင်မြင်ထွက်လာအပြီး နာနီကားပေါ်တက်လိုက်ချင်း ယန်းချင်းချီဖုန်းဖွင့်ကြည့်လိုက်သည့်အခါ Hot Searchပေါ်တွင် 《 ဝေ့လန်နှင့် လာပါ၊သူငယ်ချင်း! တိုက်ခိုက်လိုက်ကြရအောင်! 》ဆိုသည့် ခေါင်းစီးကြီးက ပြူးပြူးကြီးပေါ်လာသည်။ သူ နှိပ်ကြည့်လိုက်တော့ သူတို့လေယာဥ်စီးနေတုန်း Variety Show တရားဝင် Weibo Pageကနေ Postအသစ်တင်ထားသည်။ အကြောင်းအရာမှာ အပိုင်း၉အတွက် လာရောက်ရိုက်ကူးပေးမည့် ဧည့်သည်သရုပ်ဆောင်များဆိုပြီး ဝေ့လန်၊ ယွမ်မင်ရွှိ၊ ကျိုးထုံနှင့် လင်ကျီးတို့ကို Mentionခေါ်ထားလေသည်။ ယင်းဟောဟုလန်တွေ့ ကျဲကျဲတို့မှာ တရားဝင် Weibo Pageအောက်သွားကာ ရွှန်းရွှန်းဝေအောင် ဝင်မန့်ထားကြသဖြင့် ယွမ်မင်ရွှိနှင့်အခြားသရုပ်ဆောင်နှစ်ယောက်၏ Fan Commentတွေကိုတွေ့ဖို့ ယန်းချင်းချီ တော်တော်လေး ဆွဲကြည့်လိုက်ရသည်။

Forumတွေထဲမှာ 《 Variety Show ရိုက်ရင် ဘယ်သူနဲ့အသင့်တော်ဆုံးလဲ 》ဆိုသည့် ခေါင်းစဥ်အောက် Voteပေးကြလျှင် တစ်နှစ်ပတ်လုံး ဝေ့လန်ကပထမရနေသော်ငြား တဖက်လူ၏ မကြောက်မလန့်ပြောရဲသည့်ပါးစပ်နှင့် စွမ်းအားကြီးသည့် နောက်ခံအင်အားကြောင့် ဘယ် Variety Showမှ ဝေ့လန်ကိုမဖိတ်ရဲပါ။ သူတို့ Variety Show၏ အတွင်းရေးအပုပ်အသိုးတွေကို ဘိုးဘေးလေးက စိတ်မကြည်ရင်မကြည်သလို ဖော်ပစ်လိုက်မှာကို အကုန် ကြောက်ကြသည်။ ထို့ကြောင့် ဒီတစ်ခေါက် ဝေ့လန်က 《 လာပါ၊သူငယ်ချင်း! တိုက်ခိုက်လိုက်ကြရအောင်! 》Variety Showတွင် ဧည့်သည်သရုပ်ဆောင်အဖြစ်ပါမည်ဟု ကြေငြာလိုက်သည့်အခါ အင်တာနက်သုံးသူတွေအားလုံး စိတ်ဝင်စားကုန်ကြသည်။ Marketing Account တွေကလည်း ဝေ့လန် ဒီ Variety Showမှာ ဘယ်လိုတွေရိုက်ကူးမလဲ အရမ်းကိုမျှော်လင့်နေပြီဟု အလုအယက်တွေတင်ကြတော့သည်။

ထို့နောက် 'နန်းဆောင်ကိုးဆောင်၏မြေတည်နေရာ'ဆိုသည့် Marketing Account တစ်ခုကနေ ဝေ့လန်နှင့် ယန်းချင်းချီ လေဆိပ်အတူတူဆင်းသည့် ဓာတ်ပုံတွေကို တင်လိုက်သည်။ တချို့ ဖြတ်လျှောက်တွေက ထိုပုံကိုသတိထားမိသွားသည့်အခါ [ ဝေ့လန်ဘေးက ရှောင်ကောကောက ဘယ်သူလဲဟင် ]ဟု မေးလာကြသည်။

ဝေ့လန်Fanတွေက အပြေးလေးလာဖြေသည်။

[ သူ့နာမည်က ယန်းချင်းချီ 《 လာပါ၊သူငယ်ချင်း! တိုက်ခိုက်လိုက်ကြရအောင်! 》ရဲ့ တရားဝင်အဖွဲ့သားလေ အခု ဝေ့လန်တိတိနဲ့ 《 မြန်းမြန်အာတာပူစီ》အတူတူရိုက်နေတာ အခုလည်းအဲ့ဇာတ်လမ်းတွဲကို ပရိုမိုးရှင်းဆင်းဖို့ သွားကြတာ~~ ]

အမြဲတမ်းအဝုန်းကြမ်းတဲ့Fandomတစ်ခုလို့ သတ်မှတ်ခံထားရတဲ့ ဝေ့လန် Fadomက Marketing Account တွေ Postတင်တဲ့ပုံစံကို မသိပဲနေမတဲ့လား။

Marketing Accountတွေ အားလုံးက ဝေ့လန်ကိုအပြစ်ပြုမိမှာစိုးသဖြင့် Captionအတူတူ ပုံအတူတူကိုသာရွေးတင်ကြသည်။ သို့သော် ဒီ 'နန်းဆောင်ကိုးဆောင်၏မြေတည်နေရာ'ဆိုသည့် Marketing Account တစ်ခုထဲကသာ မျိုးတူတွေနှင့်ခြားနားနေသည်။ သူတစ်ယောက်တည်း ဝေ့လန်နှင့် ယန်းချင်းချီပုံကိုတွဲတင်လာသည်။ ဒီလို အညတရ ကုမ္ပဏီလေးက အသက်ဆယ်ချောင်းပေးလာလျှင်တောင် ဝေ့လန်ခွင့်ပြုချက်မပါပဲ တင်ရဲမည်မဟုတ်ပါ။ ထို့ကြောင့် ဝေ့လန်က ယန်းချင်းချီကို နာမည်ကြီးချင်သည့် ရည်ရွယ်ချက်ဖြင့် Marketing Account တင်ထားသောပုံကို ခွင့်ပြုထားမှန်း သဘာရင့်ဝါရင့် ယင်းဟောကျဲကျဲတို့က ချက်ချင်းနားလည်သွားခဲ့သည်။ သူတို့က သူတို့တိတိလေးကို အတိုင်းအဆမရှိ အရမ်းအလိုလိုက်တဲ့Fanတွေဖြစ်တာကြောင့် ထိုအဆိုးအဆာလေး ဘာလုပ်လုပ် မျက်စိတစ်ဖက်မှိတ်ပေးထားမည်သာဖြစ်သည်။ ဝေ့လန်က ယန်းချင်းချီကိုနာမည်ကြီးစေချင်လျှင် ယန်းချင်းချီဘက်က သူတို့တိတိလေးကို ကျေးမစွန့်သရွေ့ သူတို့ဘက်ကလည်း အတတ်နိုင်ဆုံးကူညီပေးမည်သာဖြစ်သည်။ ထို့ကြောင့် ယင်းဟောကျဲကျဲတို့က ဝေ့လန်ကို ချီးကျူးနေရင်း ယန်းချင်းချီအတွက်လည်း ပရိုမိုးရှင်းဆင်းပေးဖို့မမေ့ခဲ့။

[ ဝေ့လန် V : ငါ Variety Showမရိုက်တာကြာပြီနော် @ယန်းချင်းချီ ငါ့ကိုစောင့်ရှောက်ပေးဖို့ သတိရ ]

ထိုစာနှင့်အတူ 《မြန်းမြန်အာတာပူစီ》 ရိုက်ကွင်းထဲ နှစ်ယောက်အတူတွဲရိုက်ထားသည့် Selfieပုံတင်ထားလေသည်။

''ဘာတွေကြောင်ကြည့်နေတာလဲ '' ကွမ်မေက ဆော်သြလာသည်။ ''မြန်မြန် Replyပြန်လိုက်လေ ''

ယန်းချင်းချီတစ်ယောက် 'ငါ့ကိုစောင့်ရှောက်ဖို့ သတိရ' ဆိုသည့် စာကြောင်းကြီးကိုကြည့်ရင်း အကူအညီမဲ့သွားသလိုခံစားလိုက်ရကာ ချက်ချင်း ဝေ့လန် Postအောက် Commentဝင်ရေးလိုက်သည်။ [ စိတ်ချ ငါ့တာဝန်ထားလိုက်! ]

ထို့နောက် နှစ်ယောက်သား Hot Search ပေါ်ရောက်သွားကြလေသည်။

ကွမ်မေက Hot Searchဝယ်ပြီဆို ဘယ်တော့မှ  ထိပ်ဆုံးဆယ်နေရာကို တိုက်ရိုက်မဝယ်ပါ။ သူမက 40ကျော်လောက်ကသာစဝယ်တတ်ပြီး လူတွေတဖြည်းဖြည်းဝင်ရှာကြလို့ အပေါ်ရောက်သွားတဲ့ပုံစံမျိုးဖန်တီးရတာကို သဘောကျသူတစ်ယောက်ဖြစ်သည်။ ထိုရလာဒ်က ပိုပြီးလည်းသဘာဝကျကာ ဖြတ်လျှောက်အင်တာနက်သုံးသူတွေလည်း ဝယ်ထားတာကြီးမှန်း သံသယမဝင်တော့ပေ။

Hot Search မှာ ဝေ့လန်နာမည်ပါလာတော့ ယင်းဟောကျဲကျဲတွေကလည်း ကြိုးစားပမ်းစား Reblog ပြန်လုပ်ကြ၊ Commentဝင်ရေးကြဖြင့် နားလည်မှုရှိရှိ ပူးပေါင်းပေးတာကြောင့် [ ဝေ့လန် ယန်းချင်းချီ ] ဆိုသည့် Hot Search က နံပါတ်သုံးကို တန်းရောက်သွားလေသည်။

ဖြတ်လျှောက်တော်တော်များများက ထို Hot Search ကိုတွေ့သည့်အခါ တော်တော်လေး အံ့သြသွားကြသည်။

[ ဟဲ့ ယန်းချင်းချီဆိုတာ ဘယ်သူလဲ သူက ဘယ်လိုလုပ်ဝေ့လန်မျက်စိထဲ ရောက်အောင် လုပ်သွားနိုင်တာလဲ စွမ်းလှချည်လား ဝေ့လန်ဆိုတာ သူ့ကျော်ကြားမှုကို ကုပ်တွယ်စီးချင်တဲ့လူမှန်သမျှ ခါချနေကျမဟုတ်ဘူးလား ]

နောက်တစ်ယောက်ကလည်း ဝင်ပြောလာသည်။

[ အဲ့နာမည်လေးက ရင်းနှီးသလိုပဲနော် လူကိုလည်းမြင်ဖူးသလိုပဲ ငါဘာလို့မမှတ်မိတာပါလိမ့် ဘယ်နေရာမှာလည်းမသိဘူး ]

ယန့်မိုက်ကျဲကျဲတို့က ချက်ချင်းဝင်ဖြေလာသည်။

[ ကျန်းသခင်ကြီးနဲ့ 《 လမ်းမှားခြင်း 》ရုပ်ရှင်မှာတွဲရိုက်ထားပါတယ် ဝေ့လန်နဲ့ 《 မြန်းမြန်အာတာပူစီ 》ရိုက်နေတုန်း၊ အခုလည်း 《 လာပါ၊သူငယ်ချင်း! တိုက်ခိုက်လိုက်ကြရအောင် 》မှာ တရားဝင်အဖွဲ့သားအနေနဲ့ ရိုက်ကူးရေးဝင်ရမှာ ကောကောသတင်းတွေကိုစိတ်ဝင်စားရင် ဒီPageမှာဝင်ကြည့်လို့ရပါတယ်နော်~~ ]

လူရှာဖွေမှုအများဆုံးစာရင်းထဲမှာ သူနဲ့ဝေ့လန်တို့ Hot Searchက တဖြည်းဖြည်းအပေါ်တက်လာတာကိုကြည့်ရင်း Forum တွေထဲရော ဘာတွေဆွေးနွေးနေကြလဲ သိချင်လာသဖြင့် ယန်းချင်းချီ Home Pageကနေထွက်ကာ Forum တွေထဲ ဝင်ကြည့်လိုက်သည်။ Forum ထဲမှာလည်း သူနဲ့ဝေ့လန်အကြောင်းကိုသာ သောင်းသောင်းဖြဖြဆွေးနွေးနေကြသည်။

[ ဝေ့လန်က Variety Showသွားရိုက်တယ်!? အဲ့Showက တော်တော်သတ္တိကောင်းတာပဲ! ]

[ အမလေးတော်! ဝေ့လန်Weiboမှာ တစ်ယောက်ယောက် နာမည်ကပ်ပါလာတာကို မမြင်ရတာတောင် တော်တော်ကြာပြီ! ]

[ စောက်ကျိုးနည်း ယန်းချင်းချီက ဘယ်လိုမှော်အစွမ်းတွေပိုင်ထားတာလဲဟ ကျန်းမော့ချန်ကနေဝေ့လန်အထိ နောက်ဘယ်သူလာဦးမလဲ ]

ယန်းချင်းချီ ဖတ်နေရင်း 'ဝေ့လန်က ယန်းချင်းချီကို Mentionခေါ်တယ်? သူတို့ကဆက်ဆံရေးကောင်းလှချည်လား?' ဆိုသည့် Topicကို နှိပ်ကြည့်လိုက်သည်။

အထဲမှာတော့ ရွှန်းရွှန်းဝေအောင် အတင်းတုပ်ထားကြလေသည်။

[ Mentionခေါ်ရုံတင်မကဘူးဟ Selfieပါ ပါသေးတာ ]

[ Selfieကလည်း ပြီးစလွယ်ရိုက်ထားတာမဟုတ်ဘူးဟ Effect ထည့်ပြီး အလင်းအမှောင်ပါညှိထားသေးတာ ]

[ Effectထည့်ထားရုံတင်မကဘူးဟ Hot Search ပေါ်ရောက်နေတာကိုပါ ခွင့်ပြုထားသေးတာ ]

[ Hot Search ပေါ်ရောက်ခွင့်ပြုထားရုံတင်မကဘူးဟ သူ့နာမည်ကြီးကပါ ရှေ့ရောက်နေသေးတာဟေ့ ဒီလောကထဲမှာ လူနှစ်ယောက် Hot Search ထဲတက်လာရင် ရှေ့ကနာမည်က Hot Search ဝယ်ထားတဲ့လူလေ အဲ့စည်းမျဥ်းကို မသိတဲ့လူရှိလို့လား ငါပြောရဲတယ် ဒီHot Searchဝယ်တာ ဝေ့လန်ပဲ မင်းတို့ယုံရဲလား ]

[ အပေါ်ထပ်ကလူရေ မင်းကငါ့တို့Formatကို လာဖျက်ဆီးနေတာပဲ ]

[ ဟုတ်ပြီ Formatကျကျ ပြန်ပြောမယ် နာမည်ကရှေ့ရောက်နေရုံတင်မကဘူးဟ လေဆိပ်မှာပါအတူတွဲလျှောက်လိုက်သေးတာ ]

[ တစ်ခေါက်ထဲလျှောက်တာမဟုတ်ဘူးဟ နှစ်ခေါက်တောင်လျှောက်ပြတာ ]

[ အပေါ်ထပ်တို့ရေ ကျေးဇူးပြုပြီး Format အတိုင်းမပြောကြပါနဲ့တော့ ငါဘာဝင်ရေးရမှန်းမသိတော့ဘူး ]

[ ယင်းယင်းယင်း သားက အခုမှ၂၂ပဲ ရှိသေးတာနော် ဒီမားမားက ချစ်ခွင့်မပြုနိုင်ဘူး! ]

ယန်းချင်းချီ ထိုစာကြောင်းကိုကြည့်ရင်း အော်ရယ်မိတော့သည်။ တကယ်ကြီးအဲ့လိုပြောတဲ့လူ ရှိသေးတာပဲဟ!

[ အို့ အပေါ်ထပ်က ယင်းဟောကျဲကျဲလား ]

[ ယင်းဟောကျဲကျဲ တချက်လောက်ပြောပြပါဦး ကျဲကျဲတို့ ဒီကိစ္စကို ဘယ်လိုသဘောထားလဲဆိုတာ ]

[ ဘယ်လိုမှသဘောမထားဘူး ငါတို့တိတိလေးဖြစ်ချင်တာက ငါတို့ဖြစ်ချင်တာပဲ ]

[ ဒါပေမဲ့ ကျဲတို့တိတိ သဘောထားက....... ]

[ .........နည်းနည်းလေး သိသာလွန်းတယ် ]

[ ဘာကိုသိသာတာ မသိသာတာလဲ ဟဲ့CP Fanတွေ ငြိမ်ငြိမ်လေးနေပေးလို့မရဘူးလား သူတို့ကသူငယ်ချင်းတွေဟဲ့ ငါတို့တိတိက သူငယ်ချင်းတောင်ထားလို့မရတော့ဘူးလား! ]

[ ပြောမှပဲ ဝေ့လန်က လူသစ်တွေဆို အမြင်ကောင်းရှိတယ်နော် ဟိုတစ်ခေါက်ကလည်း လူသစ်လေးတစ်ယောက်ဘက်ကနေ ပြောပေးတယ် ]

[ ဟုတ်ပ အဲ့တုန်းက လူသစ်လေးက သူ့Weibo Account အဟက်ခံရတယ်ပြောတော့ အားလုံးကဝိုင်းလှောင်လိုက်ကြတာ ဝေ့လန်လည်းဝင်ပြောရော အကုန်ပါးစပ်ပိတ်သွားကြရော ]

[ ပြောရမယ်ဆို ဝေ့လန်ရဲ့အဲ့လိုပါဝါကြီးပုံကြီးကို အရမ်းမနာလိုဖြစ်တယ်ကွာ ]

[ ငါကတော့ ယန်းချင်းချီကိုပိုမနာလိုဖြစ်တယ် ကျန်းမော့ချန်ကနေ ဝေ့လန်အထိ သူဘယ်လိုလုပ်လိုက်တာလဲ ညှို့လိုက်တာလား ]

[ ကူဘုရင်အသစ်လား ယန်းချင်းချီက ]

[ ဖြစ်နိုင်တယ် ဟားဟားဟား ကျန်းမော့ချန်နဲ့ 《 လမ်းမှားခြင်း 》တွဲရိုက်ပြီး ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ် အခုလည်း 《 မြန်းမြန်အာတာပူစီ 》မှာ ဝေ့လန်နဲ့ တွဲရိုက်ပြီး Hot Search ပေါ်ရောက်ခွင့်ပြုထားတယ် ဇာတ်ကားနှစ်ကားလုံးရဲ့ ဇာတ်လိုက်မင်းသားတွေနဲ့ အဆင်ပြေနိုင်တာ ကြည့်ရတာ ပေါင်းရသင်းရလွယ်တဲ့ စရိုက်ရှိမဲ့ပုံပဲ ]

[ အတွင်းသတင်းတွေအရဆို 《 လာပါ၊သူငယ်ချင်း! တိုက်ခိုက်လိုက်ကြရအောင်! 》မှာလည်း သူက စွင်းရွှင်၊ချန်ရွှမ်းလန်တို့နဲ့ အဆင်ပြေတယ်တဲ့ ]

[ အဲ့တော့ သူက နာမည်မရှိတဲ့သရုပ်ဆောင်နဲ့ရော တွဲရပ်ဖူးသေးရဲ့လား အဲ့လောက်ဟုတ်နေတာ ]

[ သူဘာလို့ တွဲမရပ်ဖူးရမှာလဲ နင်တို့ကမမြင်ကြတာ ငါပြောပြမယ် ဆုနွမ်ဆိုတဲ့ မင်းသမီးကိုကြားဖူးလား သူ(မ)လည်း 《 လမ်းမှားခြင်း 》မှာပါတယ် ယန်းချင်းချီ အဲ့ကားရိုက်လို့ပြီးတော့ ဆုနွမ်က ယန်းချင်းချီလက်ကိုချိတ်ပြီးရိုက်ထားတဲ့ selfieကိုတောင် Weiboပေါ်တင်လိုက်သေးတာနော် သူတို့ အပြန်အလှန်လည်း commentတွေပေးကြတယ် ဆုနွမ်ကနာမည်မရှိသေးလို့ နင်တို့မမြင်ကြတာကိုများ ]

[ အပေါ်ထပ်က ယန့်မိုက်ကျဲကျဲလား မသိလို့တခုလောက်မေးမယ်နော် ကျဲတို့ ယန်းချင်းချီကိုကြိုက်ကြတာက သူ့မျက်နှာကြောင့်လား သူကအလားအလာရှိတယ်လို့ထင်မိလို့လား ]

[ ဟဲ့ ငါကယန့်မိုက်မဟုတ်ဘူးဟေ့ သူကအလားအလာရှိတယ်ထင်မိပေမဲ့ သူ့Fanမဟုတ်ဘူး ငါက မင်းသားတွေနောက်မလိုက်ဘူး မင်းသမီးတွေနောက်ပဲလိုက်တာ ]

[ အာ ဝင်ကြည့်လိုက်မှ ကျောက်ချန်Fanဖြစ်နေတာပဲ ဒါကြောင့် 《 လမ်းမှားခြင်း 》ရိုက်ကွင်းအကြောင်းကောင်းကောင်းသိနေတာ တွေ့ပုချိပါ ဒါနဲ့လေ အဲ့ကားကရိုက်လို့မပြီးသေးဘူးလား ]

[ မပြီးသေးဘူး နိုဝင်ဘာလောက်မှ ပြီးမယ်ထင်တယ် နောက်နှစ်နွေရာသီကျောင်းပိတ်ရက်လောက်မှ ပြမှာ အဲ့အချိန်ကျ အားလုံး ရုပ်ရှင်ရုံမှာသွားကြည့်ကြဖို့ မမေ့နဲ့နော်~ ]

[ မှန်းကြည့်ရအောင် 《 လာပါ၊သူငယ်ချင်း! တိုက်ခိုက်လိုက်ကြရအောင်! 》က ဒီဇင်ဘာအစောပိုင်းလောက်မှာပြီးမယ် ပြီးရင် 《 မြန်းမြန်အာတာပူစီ 》နဲ့ 《 လမ်းမှားခြင်း 》က နွေရာသီမှာပြမယ် နောက်နှစ်ကတော့ ယန်းချင်းချီနှစ်ဖြစ်လောက်တယ် ]

[ တကယ်လို့သူသာ 《 လာပါ၊သူငယ်ချင်း! တိုက်ခိုက်လိုက်ကြရအောင် 》မှာ ကောင်းကောင်းလုပ်ပြနိုင်ရင် ဒီနှစ်အကုန်လေး ကပ်ပြီးနာမည်ကြီးလောက်တယ် ကောင်းကောင်းမလုပ်ပြနိုင်ရင်တော့ နောက်နှစ်အထိစောင့်ရမှာပေါ့ ]

[ ဇာတ်ကားနဲ့ ဇာတ်လမ်းတွဲကတော့ မပေါက်စရာအကြောင်းကိုမရှိတာ ဘာလို့လဲဆိုတော့ 《 လမ်းမှားခြင်း 》ရိုက်တဲ့ ဒါရိုက်တာ၊ဇာတ်ညွှန်းရေးဆရာနဲ့ မင်းသားတွေက အကုန်ဆုရထားတဲ့လူတွေကြီးပဲ မပေါက်စရာအကြောင်းမရှိဘူး ပြီးတော့ 《 မြန်းမြန်အာတာပူစီ 》ဇာတ်လမ်းတွဲကလည်း သူ့Fanနဲ့သူရှိပြီးသား ဝေ့လန်ကလည်း သူပါတဲ့ဇာတ်လမ်းတွဲတိုင်း Rating ကောင်းတယ် အဲ့တော့ ယန်းချင်းချီ ကောင်းကောင်းမလုပ်ပြနိုင်ရင်တောင် အပေါ်ကနှစ်ယောက်ကျေးဇူးကြောင့် အနည်းအကျဥ်းတော့နာမည်ရမှာပဲ 《 လာပါ၊သူငယ်ချင်း! တိုက်ခိုက်လိုက်ကြရအောင်! 》မှာ ဘယ်လိုလုပ်ပြမလဲပဲ စောင့်ကြည့်ရမယ် ]

[ ပြောမှပဲ ယန်းချင်းချီပါတဲ့ ပထမပိုင်းက မကြာခင်ပြတော့မှာမလား ]

[ ဟုတ်ပ ဒီတစ်ပတ်စနေပြမှာ ယန်းချင်းချီက မြင်းလား လားလားဆိုတာကတော့ အဲ့နေ့ကျသိရမှာပေါ့ ]

(T/N: တရုတ်တွေက မမျှော်လင့်ပဲ ရုတ်တရက်ကြီးနာမည်ထကြီးတဲ့လူ၊ နေရာရသွားတဲ့လူကို Dark Horse မြင်းနက်လို့ ခိုင်းနှိုင်းကြပါတယ် ဒါကမြင်းလောင်းပွဲတွေကနေဆင်းသက်လာတာပါ။ မမျှော်လင့်ပဲပန်းဝင်သွားတဲ့ မြင်းနက်ကိုရည်ညွှန်းပါတယ်။ ဒါကြောင့် မြင်းဖြစ်မလား မြင်းမဟုတ်တဲ့ လားဖြစ်မလားလို့ သုံးထားတာပါ)

ယန်းချင်းချီ Forum ထဲက စာတွေတွေ့မှ သူရိုက်ထားတဲ့အပိုင်းက မကြာခင်လွှင့်တော့မယ်မှန်း သတိရသွားတော့သည်။ အဲ့အပိုင်းရိုက်လိုက်တာက မနေ့တနေ့ကလိုပင် သိပ်မကြာသေးဘူးဟုတောင် ခံစားနေရသည်။ အခုတော့ ဒီတပတ်စနေမှာ ပြတော့မည်။ ယန်းချင်းချီထိုသို့တွေးမိလိုက်သည့်အခါ နည်းနည်းလေးစိတ်ပူမိသွားသည်။ 'ဒါပေမဲ့ ရိုက်တာကရိုက်ပြီးသွားပြီပဲဟာ စိတ်ပူနေလည်းအလကားပဲ ကံတရားအတိုင်းပဲပေါ့' ဟုသာ ကိုယ့်ကိုကိုယ်နှစ်သိမ့်လိုက်ရသည်။

သူနဲ့ဝေ့လန်နဲ့ ၇နာရီမထိုးခင် ရိုက်ကူးရေးအဖွဲ့စီစဥ်ပေးသည့် ဟိုတယ်ကိုရောက်သွားသည်။ ထိုအချိန်မှာ သုံး၊လေးယောက်လောက်ကလည်း တစ်ယောက်ပြီးတစ်ယောက် ဟိုတယ်ထဲဝင်လာကြကာ အချင်းချင်းယဥ်ယဥ်ကျေးကျေး နှုတ်ဆက်လိုက်ကြပြီး ကိုယ့်လုပ်စရာရှိတာသာဆက်လုပ်နေကြသည်။

ဝေ့လန်က တနေရာရာမှာ ဖင်ပူအောင်မထိုင်နိုင်တဲ့အမျိုးဖြစ်တာကြောင့် အထုပ်တွေကိုသူ့အခန်းထဲချပြီးတာနဲ့ ယန်းချင်းချီအခန်းဆီပြေးလာပြီး ဆိုဖာမှာဝင်ထိုင်ရင်း

''ယွမ်မင်ရွှိနဲ့တွေ့ဖို့ စိတ်လှုပ်ရှားနေပြီလား ''

''ရင်တောင်မခုန်ဘူး ''

''ဟုတ်လို့လား ''

ယန်းချင်းချီ ဝေ့လန်ကိုကြည့်လိုက်ကာ

''ငါ့အထင်တော့ မင်းကမှ ငါ့ထက်ပိုပြီး စိတ်လှုပ်ရှားနေသလားလို့ ''

ဝေ့လန်ကလည်း ရိုးရိုးသားသားလေး ဝန်ခံလာသည်။

''ငါတကယ်ကြီး စိတ်လှုပ်ရှားနေတာ ''

ယန်းချင်းချီ ပြောစရာစကားပင်မရှိတော့။

ဝေ့လန်က အားပေးလာသည်။

''စိတ်မပူပါနဲ့ ငါကမင်းဘက်ကပါ ကျားယို ''

''ကျေးဇူးပဲ ''

''မလိုပါဘူးကွာ ''

ရွဲ့ပြီးကျေးဇူးတင်နေတာကို အတည်ကြီးပြန်ဖြေနေသည့် ဝေ့လန်ကိုကြည့်ကာ ယန်းချင်းချီသက်ပြင်းချနေစဥ် Wechatကနေ notiတက်သံကြားလိုက်ရသည်။ ယန်းချင်းချီ ဖုန်းယူကြည့်လိုက်သည့်အခါ ကျန်းမော့ချန်ကသူ့ကို ဓာတ်ပုံတစ်ပုံပို့ထားသည်။ ဓာတ်ပုံမှာ ဝေ့လန်က သူ့ပုခုံးကိုဖက်ရင်း လူအုပ်ကြီးထဲ ဖြတ်လျှောက်နေသောပုံဖြစ်သည်။ 

ကျန်းမော့ချန် : [ နောက်တခါ မင်းတို့လမ်းသွားရင် ခပ်ခွာခွာလျှောက် ]

ယန်းချင်းချီ မျက်ဆံလည်လိုက်ကာ ဝေ့လန်ဆီဖုန်းထိုးပေးလိုက်ပြီး

''လုပ် ဒါမင်းအခွင့်အရေးပဲ ကျန်းမော့ချန်ကိုပြောလိုက် မင်းကလည်း ငါ့အငယ်အနှောင်းမဖြစ်ချင်ပါဘူးလို့ ''

ဝေ့လန်ဖုန်းကိုယူကြည့်ရင်း တအံ့တသြဖြင့်မေးလာသည်။

''ဒီလောက်လေးနဲ့ သဝန်တိုတယ်? စိတ်ထားသေးသိမ်လှချည်လား ''

''အိုက်ယား ချစ်မိသွားတဲ့ယောကျ်ားတိုင်းက ဒီအတိုင်းပဲလေ ''

ဝေ့လန်က ''အိုး~''ဆိုသည့်အာမေဋိတ်သံကို အရှည်ကြီးဆွဲပြီး ရွှတ်နောက်နောက်ပြောလာသည်။

''ဆိုတော့ မင်းတို့နှစ်ယောက်က လက်ထပ်ပြီးမှ ချစ်မယ်ဆိုတဲ့ အနေအထားကြီးပေါ့? ''

''အဲ့လိုမျိုးပါပဲ ''

''မင်းကို ကျန်းမော့ချန်ဝန်ခံပြီးသွားပြီလား ''

''ဟင့်အင်း ''

''အဲ့ဒါကိုများ မင်းက အဲ့လိုမျိုးပါပဲလို့ ပြောရဲသေးတယ်? ''

ယန်းချင်းချီ ဆိုဖာပေါ်မှာထိုင်ချလိုက်ကာ သူ့မျက်လုံးသူလက်ညှိုးထိုးပြရင်း

''ဒါဘာတွေလဲ ''

''မျက်လုံးလေ ''

''အင်းလေ ဒါတွေအကူအညီနဲ့ သူဘာတွေဖြစ်နေလဲ ငါအကုန်မြင်နေရတယ် ''

''ကိုယ့်ကိုကိုယ်ရော အတွေးလွန်နေတယ်လို့ မထင်မိဘူးလား''

''မင်းလက်ထဲကဖုန်းနဲ့သာ သူ့ကိုစကားပြောကြည့်လိုက်စမ်းပါ မင်းသိသွားလိမ့်မယ်''

ဝေ့လန် လက်ထဲကဖုန်းကို ငုံ့ကြည့်လိုက်တော့ ယန်းချင်းချီစာမပြန်သဖြင့် ကျန်းမော့ချန်ကစာထပ်ပို့ထားသည်။

[ ဘာလို့စကားပြန်မပြောတာလဲ ကိုယ့်ကို အခုတော့ ဒီလိုတွေဆက်ဆံနေပြီပေါ့? ]

ဝေ့လန် : ''........''

ယန်းချီရယ်လိုက်ကာ

'' ငါအတွေးလွန်နေသေးလား? ''

ဝေ့လန် : ......... ပြန်ချေပလို့မရတဲ့ ခံစားချက်ကြီးက တော်တော်ဆိုးတယ်!

''ဟွန့်! '' ဝေ့လန် ကငေါ့တော့တော့ပြန်ပြောလာသည်။ ''ဒီလောက် ကွန့်ဖီးဒန့်လယ်ဗယ် ဆိုးဟိုက်နေတာ မင်းကို ကျန်းမော့ချန် ဘယ်အချိန်ဝန်ခံလာမလဲ ကြည့်ချင်ပါသေးတယ်''

ယန်းချင်းချီ ထိုအကြောင်းကိုတွေးမိလိုက်တော့

''အင်း အမှန်တိုင်းပြောရရင် ငါလည်းတော်တော် သိချင်နေတာ သူဘယ်အချိန်ဝန်ခံလာမလဲလို့ ''

Zawgyi

ယန္းခ်င္းခ်ီနဲ႔ေဝ့လန္ Hot Search ေပၚေရာက္သြားၿပီ၊ က်န္းေမာ့ခ်န္ကလည္း သူ႕ကိုမေမ့ပါနဲ႔တဲ့
__________________________________

သူတို႔ Fၿမိဳ႕ကိုေရာက္သည့္အခါ ယန္းခ်င္းခ်ီ ေဝ့လန္နဲ႔အတူတူ ေလဆိပ္မဆင္းေတာ့ဘူးဟု ဆုံးျဖတ္လိုက္သည္။ သူ ေလယာဥ္ေပၚမတက္ခင္ ေဝ့လန္ကိုလိုက္ပို႔ၾကသည့္ Fanအစုအေဝးႀကီးကို ျမင္ဖူးၿပီးသြားၿပီျဖစ္တာေၾကာင့္ Fေလဆိပ္မွာ လာႀကိဳဖို႔ေစာင့္ေနမည့္ Fanေတြကိုပါ ျမင္ေယာင္မိသည့္အခါ ေခါင္းပါက်ိန္းသြားသည္။ သူ႕အၾကံကို ေဝ့လန္ကေတာင္ ဘာမွမေျပာရေသးခင္ ကြမ္ေမက ''မရဘူး'' ဟု ျပတ္ျပတ္သားသားျငင္းပစ္လိုက္သည္။

''ဘာျဖစ္လို႔လဲ '' ယန္းခ်င္းခ်ီ နားမလည္ႏိုင္ပါ။

''ဘာျဖစ္လို႔လဲ ဟုတ္လား '' ကြမ္ေမက ျပန္ေမးလာသည္။ '' နင့္ေဘးမွာ အသင့္စားအသားတုံးႀကီး႐ွိေနတာကို နင္ကမစားဘူးဆိုၿပီးလႊတ္ပစ္မယ္ေပါ့? ေၾကာ္ျငာဖို႔မလိုေလာက္ေအာင္ကို နာမည္ေတြႀကီးေနၿပီလို႔ ထင္ေနတယ္ေပါ့? ''

ယန္းခ်င္းခ်ီ : ''..........''

''ငါက ဒီမွာ Hot Search ေတာင္ဝယ္ၿပီးသြားၿပီ နင္က အခုမွ သူနဲ႔အတူတူမသြားေတာ့ဘူးဆိုေတာ့ ဘာလဲ အဲ့ Hot Searchဖိုး နင္ျပန္ေပးမွာလား ''

ေဝ့လန္က သူအဆူခံေနရတာကိုၾကည့္ၿပီး ေဘး​​ကေန တခြိခြိထိုင္ရယ္ေနသည္။

ယန္းခ်င္းခ်ီ သက္ျပင္းခ်လိုက္ကာ ကူကယ္ရာမဲ့စြာသာျပန္ေျဖႏိုင္ေတာ့သည္။ ''ထားလိုက္ပါေတာ့ ''

''ဟုတ္ပ ဟုတ္ပ ငါနဲ႔ Hot Searchေပၚ အတူတူေရာက္ခ်င္ေနတဲ့လူေတြ ဘယ္ေလာက္ေတာင္႐ွိသလဲ ႐ိုက္သတ္လို႔ေတာင္မကုန္ဘူး ငါက အဖတ္ျပန္မလုပ္လို႔သာ အခု မင္းကို အလကားေခၚသြားေပးမယ္ဆိုတာကိုေတာင္ မင္းကမလိုခ်င္ဘူး? '' ေဝ့လန္ ယန္းခ်င္းခ်ီကို မ်က္ေစာင္းထိုးလိုက္ကာ ''မင္းက တကယ့္မလြယ္ေၾကာပဲ ''

က်န္းခ်န္တစ္ေယာက္ သူမ်ားကို 'မလြယ္ေၾကာပဲ'ဟု ေဝဖန္ေနေသာ သူတို႔အိမ္ကသခင္ငယ္ေလးကို တိတ္တိတ္ေလး လွမ္းၾကည့္လိုက္သည္ : ဒီစကားမေျပာခင္ မွန္ေရာေသခ်ာၾကည့္လိုက္ရဲ႕လား? ကိုယ့္ကိုကိုယ္ေရာ ဒီလိုစကားမ်ိဳး ေျပာပိုင္ခြင့္႐ွိတယ္လို႔ ထင္ေနတာလား?? တစ္ကမ႓ာလုံးမွာ မင္းေလာက္ ထိန္းရသိမ္းရ မလြယ္တဲ့လူ ဘယ္သူရွိေသးလို႔လဲ??? ေျပာ! ေျပာ!! ေျပာ!!!

ကြမ္ေမ၏ေစာင့္ၾကည့္ကြပ္ကဲမႈေအာက္တြင္ ယန္းခ်င္းခ်ီတစ္ေယာက္ ေဝ့လန္နဲ႔အတူတူ ေလဆိပ္ဆင္းရျပန္သည္။ ႁပြတ္သိပ္ေနသည့္ Fanအစုလိုက္ႀကီး၊ ဓာတ္ပုံ႐ိုက္သံ တဖ်က္ဖ်က္ႏွင့္ 'မတိုးၾကပါနဲ႔' 'စည္းကမ္း႐ွိ႐ွိရပ္ေပးၾကပါ' ဟု ေအာ္သံမ်ားက အရင္အတိုင္းပင္။

ေလဆိပ္ကေန ေအာင္ေအာင္ျမင္ျမင္ထြက္လာအၿပီး နာနီကားေပၚတက္လိုက္ခ်င္း ယန္းခ်င္းခ်ီဖုန္းဖြင့္ၾကည့္လိုက္သည့္အခါ Hot Searchေပၚတြင္ 《 ေဝ့လန္ႏွင့္ လာပါ၊သူငယ္ခ်င္း! တိုက္ခိုက္လိုက္ၾကရေအာင္! 》ဆိုသည့္ ေခါင္းစီးႀကီးက ျပဴးျပဴးႀကီးေပၚလာသည္။ သူ ႏွိပ္ၾကည့္လိုက္ေတာ့ သူတို႔ေလယာဥ္စီးေနတုန္း Variety Show တရားဝင္ Weibo Pageကေန Postအသစ္တင္ထားသည္။ အေၾကာင္းအရာမွာ အပိုင္း၉အတြက္ လာေရာက္႐ိုက္ကူးေပးမည့္ ဧည့္သည္သ႐ုပ္ေဆာင္မ်ားဆိုၿပီး ေဝ့လန္၊ ယြမ္မင္႐ႊိ၊ က်ိဳးထုံႏွင့္ လင္က်ီးတို႔ကို Mentionေခၚထားေလသည္။ ယင္းေဟာဟုလန္ေတြ႕ က်ဲက်ဲတို႔မွာ တရားဝင္ Weibo Pageေအာက္သြားကာ ႐ႊန္း႐ႊန္းေဝေအာင္ ဝင္မန္႔ထားၾကသျဖင့္ ယြမ္မင္႐ႊိႏွင့္အျခားသ႐ုပ္ေဆာင္ႏွစ္ေယာက္၏ Fan Commentေတြကိုေတြ႕ဖို႔ ယန္းခ်င္းခ်ီ ေတာ္ေတာ္ေလး ဆြဲၾကည့္လိုက္ရသည္။

Forumေတြထဲမွာ 《 Variety Show ႐ိုက္ရင္ ဘယ္သူနဲ႔အသင့္ေတာ္ဆုံးလဲ 》ဆိုသည့္ ေခါင္းစဥ္ေအာက္ Voteေပးၾကလွ်င္ တစ္ႏွစ္ပတ္လုံး ေဝ့လန္ကပထမရေနေသာ္ျငား တဖက္လူ၏ မေၾကာက္မလန္႔ေျပာရဲသည့္ပါးစပ္ႏွင့္ စြမ္းအားႀကီးသည့္ ေနာက္ခံအင္အားေၾကာင့္ ဘယ္ Variety Showမွ ေဝ့လန္ကိုမဖိတ္ရဲပါ။ သူတို႔ Variety Show၏ အတြင္းေရးအပုပ္အသိုးေတြကို ဘိုးေဘးေလးက စိတ္မၾကည္ရင္မၾကည္သလို ေဖာ္ပစ္လိုက္မွာကို အကုန္ ေၾကာက္ၾကသည္။ ထို႔ေၾကာင့္ ဒီတစ္ေခါက္ ေဝ့လန္က 《 လာပါ၊သူငယ္ခ်င္း! တိုက္ခိုက္လိုက္ၾကရေအာင္! 》Variety Showတြင္ ဧည့္သည္သ႐ုပ္ေဆာင္အျဖစ္ပါမည္ဟု ေၾကျငာလိုက္သည့္အခါ အင္တာနက္သုံးသူေတြအားလုံး စိတ္ဝင္စားကုန္ၾကသည္။ Marketing Account ေတြကလည္း ေဝ့လန္ ဒီ Variety Showမွာ ဘယ္လိုေတြ႐ိုက္ကူးမလဲ အရမ္းကိုေမွ်ာ္လင့္ေနၿပီဟု အလုအယက္ေတြတင္ၾကေတာ့သည္။

ထို႔ေနာက္ 'နန္းေဆာင္ကိုးေဆာင္၏ေျမတည္ေနရာ'ဆိုသည့္ Marketing Account တစ္ခုကေန ေဝ့လန္ႏွင့္ ယန္းခ်င္းခ်ီ ေလဆိပ္အတူတူဆင္းသည့္ ဓာတ္ပုံေတြကို တင္လိုက္သည္။ တခ်ိဳ႕ ျဖတ္ေလွ်ာက္ေတြက ထိုပုံကိုသတိထားမိသြားသည့္အခါ [ ေဝ့လန္ေဘးက ေ႐ွာင္ေကာေကာက ဘယ္သူလဲဟင္ ]ဟု ေမးလာၾကသည္။

ေဝ့လန္Fanေတြက အေျပးေလးလာေျဖသည္။

[ သူ႕နာမည္က ယန္းခ်င္းခ်ီ 《 လာပါ၊သူငယ္ခ်င္း! တိုက္ခိုက္လိုက္ၾကရေအာင္! 》ရဲ႕ တရားဝင္အဖြဲ႕သားေလ အခု ေဝ့လန္တိတိနဲ႔ 《 ျမန္းျမန္အာတာပူစီ》အတူတူ႐ိုက္ေနတာ အခုလည္းအဲ့ဇာတ္လမ္းတြဲကို ပ႐ိုမိုး႐ွင္းဆင္းဖို႔ သြားၾကတာ~~ ]

အၿမဲတမ္းအဝုန္းၾကမ္းတဲ့Fandomတစ္ခုလို႔ သတ္မွတ္ခံထားရတဲ့ ေဝ့လန္ Fadomက Marketing Account ေတြ Postတင္တဲ့ပုံစံကို မသိပဲေနမတဲ့လား။

Marketing Accountေတြ အားလုံးက ေဝ့လန္ကိုအျပစ္ျပဳမိမွာစိုးသျဖင့္ Captionအတူတူ ပုံအတူတူကိုသာေ႐ြးတင္ၾကသည္။ သို႔ေသာ္ ဒီ 'နန္းေဆာင္ကိုးေဆာင္၏ေျမတည္ေနရာ'ဆိုသည့္ Marketing Account တစ္ခုထဲကသာ မ်ိဳးတူေတြႏွင့္ျခားနားေနသည္။ သူတစ္ေယာက္တည္း ေဝ့လန္ႏွင့္ ယန္းခ်င္းခ်ီပုံကိုတြဲတင္လာသည္။ ဒီလို အညတရ ကုမၸဏီေလးက အသက္ဆယ္ေခ်ာင္းေပးလာလွ်င္ေတာင္ ေဝ့လန္ခြင့္ျပဳခ်က္မပါပဲ တင္ရဲမည္မဟုတ္ပါ။ ထို႔ေၾကာင့္ ေဝ့လန္က ယန္းခ်င္းခ်ီကို နာမည္ႀကီးခ်င္သည့္ ရည္႐ြယ္ခ်က္ျဖင့္ Marketing Account တင္ထားေသာပုံကို ခြင့္ျပဳထားမွန္း သဘာရင့္ဝါရင့္ ယင္းေဟာက်ဲက်ဲတို႔က ခ်က္ခ်င္းနားလည္သြားခဲ့သည္။ သူတို႔က သူတို႔တိတိေလးကို အတိုင္းအဆမ႐ွိ အရမ္းအလိုလိုက္တဲ့Fanေတြျဖစ္တာေၾကာင့္ ထိုအဆိုးအဆာေလး ဘာလုပ္လုပ္ မ်က္စိတစ္ဖက္မွိတ္ေပးထားမည္သာျဖစ္သည္။ ေဝ့လန္က ယန္းခ်င္းခ်ီကိုနာမည္ႀကီးေစခ်င္လွ်င္ ယန္းခ်င္းခ်ီဘက္က သူတို႔တိတိေလးကို ေက်းမစြန္႔သေ႐ြ႕ သူတို႔ဘက္ကလည္း အတတ္ႏိုင္ဆုံးကူညီေပးမည္သာျဖစ္သည္။ ထို႔ေၾကာင့္ ယင္းေဟာက်ဲက်ဲတို႔က ေဝ့လန္ကို ခ်ီးက်ဴးေနရင္း ယန္းခ်င္းခ်ီအတြက္လည္း ပ႐ိုမိုး႐ွင္းဆင္းေပးဖို႔မေမ့ခဲ့။

[ ေဝ့လန္ V : ငါ Variety Showမ႐ိုက္တာၾကာၿပီေနာ္ @ယန္းခ်င္းခ်ီ ငါ့ကိုေစာင့္ေ႐ွာက္ေပးဖို႔ သတိရ ]

ထိုစာႏွင့္အတူ 《ျမန္းျမန္အာတာပူစီ》 ႐ိုက္ကြင္းထဲ ႏွစ္ေယာက္အတူတြဲ႐ိုက္ထားသည့္ Selfieပုံတင္ထားေလသည္။

''ဘာေတြေၾကာင္ၾကည့္ေနတာလဲ '' ကြမ္ေမက ေဆာ္ၾသလာသည္။ ''ျမန္ျမန္ Replyျပန္လိုက္ေလ ''

ယန္းခ်င္းခ်ီတစ္ေယာက္ 'ငါ့ကိုေစာင့္ေ႐ွာက္ဖို႔ သတိရ' ဆိုသည့္ စာေၾကာင္းႀကီးကိုၾကည့္ရင္း အကူအညီမဲ့သြားသလိုခံစားလိုက္ရကာ ခ်က္ခ်င္း ေဝ့လန္ Postေအာက္ Commentဝင္ေရးလိုက္သည္။ [ စိတ္ခ် ငါ့တာဝန္ထားလိုက္! ]

ထို႔ေနာက္ ႏွစ္ေယာက္သား Hot Search ေပၚေရာက္သြားၾကေလသည္။

ကြမ္ေမက Hot Searchဝယ္ၿပီဆို ဘယ္ေတာ့မွ  ထိပ္ဆုံးဆယ္ေနရာကို တိုက္႐ိုက္မဝယ္ပါ။ သူမက 40ေက်ာ္ေလာက္ကသာစဝယ္တတ္ၿပီး လူေတြတျဖည္းျဖည္းဝင္႐ွာၾကလို႔ အေပၚေရာက္သြားတဲ့ပုံစံမ်ိဳးဖန္တီးရတာကို သေဘာက်သူတစ္ေယာက္ျဖစ္သည္။ ထိုရလာဒ္က ပိုၿပီးလည္းသဘာဝက်ကာ ျဖတ္ေလွ်ာက္အင္တာနက္သုံးသူေတြလည္း ဝယ္ထားတာႀကီးမွန္း သံသယမဝင္ေတာ့ေပ။

Hot Search မွာ ေဝ့လန္နာမည္ပါလာေတာ့ ယင္းေဟာက်ဲက်ဲေတြကလည္း ႀကိဳးစားပမ္းစား Reblog ျပန္လုပ္ၾက၊ Commentဝင္ေရးၾကျဖင့္ နားလည္မႈ႐ွိ႐ွိ ပူးေပါင္းေပးတာေၾကာင့္ [ ေဝ့လန္ ယန္းခ်င္းခ်ီ ] ဆိုသည့္ Hot Search က နံပါတ္သုံးကို တန္းေရာက္သြားေလသည္။

ျဖတ္ေလွ်ာက္ေတာ္ေတာ္မ်ားမ်ားက ထို Hot Search ကိုေတြ႕သည့္အခါ ေတာ္ေတာ္ေလး အံ့ၾသသြားၾကသည္။

[ ဟဲ့ ယန္းခ်င္းခ်ီဆိုတာ ဘယ္သူလဲ သူက ဘယ္လိုလုပ္ေဝ့လန္မ်က္စိထဲ ေရာက္ေအာင္ လုပ္သြားႏိုင္တာလဲ စြမ္းလွခ်ည္လား ေဝ့လန္ဆိုတာ သူ႕ေက်ာ္ၾကားမႈကို ကုပ္တြယ္စီးခ်င္တဲ့လူမွန္သမွ် ခါခ်ေနက်မဟုတ္ဘူးလား ]

ေနာက္တစ္ေယာက္ကလည္း ဝင္ေျပာလာသည္။

[ အဲ့နာမည္ေလးက ရင္းႏွီးသလိုပဲေနာ္ လူကိုလည္းျမင္ဖူးသလိုပဲ ငါဘာလို႔မမွတ္မိတာပါလိမ့္ ဘယ္ေနရာမွာလည္းမသိဘူး ]

ယန္႔မိုက္က်ဲက်ဲတို႔က ခ်က္ခ်င္းဝင္ေျဖလာသည္။

[ က်န္းသခင္ႀကီးနဲ႔ 《 လမ္းမွားျခင္း 》႐ုပ္႐ွင္မွာတြဲ႐ိုက္ထားပါတယ္ ေဝ့လန္နဲ႔ 《 ျမန္းျမန္အာတာပူစီ 》႐ိုက္ေနတုန္း၊ အခုလည္း 《 လာပါ၊သူငယ္ခ်င္း! တိုက္ခိုက္လိုက္ၾကရေအာင္ 》မွာ တရားဝင္အဖြဲ႕သားအေနနဲ႔ ႐ိုက္ကူးေရးဝင္ရမွာ ေကာေကာသတင္းေတြကိုစိတ္ဝင္စားရင္ ဒီPageမွာဝင္ၾကည့္လို႔ရပါတယ္ေနာ္~~ ]

လူ႐ွာေဖြမႈအမ်ားဆုံးစာရင္းထဲမွာ သူနဲ႔ေဝ့လန္တို႔ Hot Searchက တျဖည္းျဖည္းအေပၚတက္လာတာကိုၾကည့္ရင္း Forum ေတြထဲေရာ ဘာေတြေဆြးေႏြးေနၾကလဲ သိခ်င္လာသျဖင့္ ယန္းခ်င္းခ်ီ Home Pageကေနထြက္ကာ Forum ေတြထဲ ဝင္ၾကည့္လိုက္သည္။ Forum ထဲမွာလည္း သူနဲ႔ေဝ့လန္အေၾကာင္းကိုသာ ေသာင္းေသာင္းျဖျဖေဆြးေႏြးေနၾကသည္။

[ ေဝ့လန္က Variety Showသြား႐ိုက္တယ္!? အဲ့Showက ေတာ္ေတာ္သတၱိေကာင္းတာပဲ! ]

[ အမေလးေတာ္! ေဝ့လန္Weiboမွာ တစ္ေယာက္ေယာက္ နာမည္ကပ္ပါလာတာကို မျမင္ရတာေတာင္ ေတာ္ေတာ္ၾကာၿပီ! ]

[ ေစာက္က်ိဳးနည္း ယန္းခ်င္းခ်ီက ဘယ္လိုေမွာ္အစြမ္းေတြပိုင္ထားတာလဲဟ က်န္းေမာ့ခ်န္ကေနေဝ့လန္အထိ ေနာက္ဘယ္သူလာဦးမလဲ ]

ယန္းခ်င္းခ်ီ ဖတ္ေနရင္း 'ေဝ့လန္က ယန္းခ်င္းခ်ီကို Mentionေခၚတယ္? သူတို႔ကဆက္ဆံေရးေကာင္းလွခ်ည္လား?' ဆိုသည့္ Topicကို ႏွိပ္ၾကည့္လိုက္သည္။

အထဲမွာေတာ့ ႐ႊန္း႐ႊန္းေဝေအာင္ အတင္းတုပ္ထားၾကေလသည္။

[ Mentionေခၚ႐ုံတင္မကဘူးဟ Selfieပါ ပါေသးတာ ]

[ Selfieကလည္း ၿပီးစလြယ္႐ိုက္ထားတာမဟုတ္ဘူးဟ Effect ထည့္ၿပီး အလင္းအေမွာင္ပါညႇိထားေသးတာ ]

[ Effectထည့္ထား႐ုံတင္မကဘူးဟ Hot Search ေပၚေရာက္ေနတာကိုပါ ခြင့္ျပဳထားေသးတာ ]

[ Hot Search ေပၚေရာက္ခြင့္ျပဳထား႐ုံတင္မကဘူးဟ သူ႕နာမည္ႀကီးကပါ ေ႐ွ႕ေရာက္ေနေသးတာေဟ့ ဒီေလာကထဲမွာ လူႏွစ္ေယာက္ Hot Search ထဲတက္လာရင္ ေ႐ွ႕ကနာမည္က Hot Search ဝယ္ထားတဲ့လူေလ အဲ့စည္းမ်ဥ္းကို မသိတဲ့လူ႐ွိလို႔လား ငါေျပာရဲတယ္ ဒီHot Searchဝယ္တာ ေဝ့လန္ပဲ မင္းတို႔ယုံရဲလား ]

[ အေပၚထပ္ကလူေရ မင္းကငါ့တို႔Formatကို လာဖ်က္ဆီးေနတာပဲ ]

[ ဟုတ္ၿပီ Formatက်က် ျပန္ေျပာမယ္ နာမည္ကေ႐ွ႕ေရာက္ေန႐ုံတင္မကဘူးဟ ေလဆိပ္မွာပါအတူတြဲေလွ်ာက္လိုက္ေသးတာ ]

[ တစ္ေခါက္ထဲေလွ်ာက္တာမဟုတ္ဘူးဟ ႏွစ္ေခါက္ေတာင္ေလွ်ာက္ျပတာ ]

[ အေပၚထပ္တို႔ေရ ေက်းဇူးျပဳၿပီး Format အတိုင္းမေျပာၾကပါနဲ႔ေတာ့ ငါဘာဝင္ေရးရမွန္းမသိေတာ့ဘူး ]

[ ယင္းယင္းယင္း သားက အခုမွ၂၂ပဲ ႐ွိေသးတာေနာ္ ဒီမားမားက ခ်စ္ခြင့္မျပဳႏိုင္ဘူး! ]

ယန္းခ်င္းခ်ီ ထိုစာေၾကာင္းကိုၾကည့္ရင္း ေအာ္ရယ္မိေတာ့သည္။ တကယ္ႀကီးအဲ့လိုေျပာတဲ့လူ ႐ွိေသးတာပဲဟ!

[ အို႔ အေပၚထပ္က ယင္းေဟာက်ဲက်ဲလား ]

[ ယင္းေဟာက်ဲက်ဲ တခ်က္ေလာက္ေျပာျပပါဦး က်ဲက်ဲတို႔ ဒီကိစၥကို ဘယ္လိုသေဘာထားလဲဆိုတာ ]

[ ဘယ္လိုမွသေဘာမထားဘူး ငါတို႔တိတိေလးျဖစ္ခ်င္တာက ငါတို႔ျဖစ္ခ်င္တာပဲ ]

[ ဒါေပမဲ့ က်ဲတို႔တိတိ သေဘာထားက....... ]

[ .........နည္းနည္းေလး သိသာလြန္းတယ္ ]

[ ဘာကိုသိသာတာ မသိသာတာလဲ ဟဲ့CP Fanေတြ ၿငိမ္ၿငိမ္ေလးေနေပးလို႔မရဘူးလား သူတို႔ကသူငယ္ခ်င္းေတြဟဲ့ ငါတို႔တိတိက သူငယ္ခ်င္းေတာင္ထားလို႔မရေတာ့ဘူးလား! ]

[ ေျပာမွပဲ ေဝ့လန္က လူသစ္ေတြဆို အျမင္ေကာင္း႐ွိတယ္ေနာ္ ဟိုတစ္ေခါက္ကလည္း လူသစ္ေလးတစ္ေယာက္ဘက္ကေန ေျပာေပးတယ္ ]

[ ဟုတ္ပ အဲ့တုန္းက လူသစ္ေလးက သူ႕Weibo Account အဟက္ခံရတယ္ေျပာေတာ့ အားလုံးကဝိုင္းေလွာင္လိုက္ၾကတာ ေဝ့လန္လည္းဝင္ေျပာေရာ အကုန္ပါးစပ္ပိတ္သြားၾကေရာ ]

[ ေျပာရမယ္ဆို ေဝ့လန္ရဲ႕အဲ့လိုပါဝါႀကီးပုံႀကီးကို အရမ္းမနာလိုျဖစ္တယ္ကြာ ]

[ ငါကေတာ့ ယန္းခ်င္းခ်ီကိုပိုမနာလိုျဖစ္တယ္ က်န္းေမာ့ခ်န္ကေန ေဝ့လန္အထိ သူဘယ္လိုလုပ္လိုက္တာလဲ ညိႇဳ႕လိုက္တာလား ]

[ ကူဘုရင္အသစ္လား ယန္းခ်င္းခ်ီက ]

[ ျဖစ္ႏိုင္တယ္ ဟားဟားဟား က်န္းေမာ့ခ်န္နဲ႔ 《 လမ္းမွားျခင္း 》တြဲ႐ိုက္ၿပီး ေကာင္းမြန္တဲ့ဆက္ဆံေရး႐ွိတယ္ အခုလည္း 《 ျမန္းျမန္အာတာပူစီ 》မွာ ေဝ့လန္နဲ႔ တြဲ႐ိုက္ၿပီး Hot Search ေပၚေရာက္ခြင့္ျပဳထားတယ္ ဇာတ္ကားႏွစ္ကားလုံးရဲ႕ ဇာတ္လိုက္မင္းသားေတြနဲ႔ အဆင္ေျပႏိုင္တာ ၾကည့္ရတာ ေပါင္းရသင္းရလြယ္တဲ့ စ႐ိုက္႐ွိမဲ့ပုံပဲ ]

[ အတြင္းသတင္းေတြအရဆို 《 လာပါ၊သူငယ္ခ်င္း! တိုက္ခိုက္လိုက္ၾကရေအာင္! 》မွာလည္း သူက စြင္း႐ႊင္၊ခ်န္႐ႊမ္းလန္တို႔နဲ႔ အဆင္ေျပတယ္တဲ့ ]

[ အဲ့ေတာ့ သူက နာမည္မ႐ွိတဲ့သ႐ုပ္ေဆာင္နဲ႔ေရာ တြဲရပ္ဖူးေသးရဲ႕လား အဲ့ေလာက္ဟုတ္ေနတာ ]

[ သူဘာလို႔ တြဲမရပ္ဖူးရမွာလဲ နင္တို႔ကမျမင္ၾကတာ ငါေျပာျပမယ္ ဆုႏြမ္ဆိုတဲ့ မင္းသမီးကိုၾကားဖူးလား သူ(မ)လည္း 《 လမ္းမွားျခင္း 》မွာပါတယ္ ယန္းခ်င္းခ်ီ အဲ့ကား႐ိုက္လို႔ၿပီးေတာ့ ဆုႏြမ္က ယန္းခ်င္းခ်ီလက္ကိုခ်ိတ္ၿပီး႐ိုက္ထားတဲ့ selfieကိုေတာင္ Weiboေပၚတင္လိုက္ေသးတာေနာ္ သူတို႔ အျပန္အလွန္လည္း commentေတြေပးၾကတယ္ ဆုႏြမ္ကနာမည္မ႐ွိေသးလို႔ နင္တို႔မျမင္ၾကတာကိုမ်ား ]

[ အေပၚထပ္က ယန္႔မိုက္က်ဲက်ဲလား မသိလို႔တခုေလာက္ေမးမယ္ေနာ္ က်ဲတို႔ ယန္းခ်င္းခ်ီကိုႀကိဳက္ၾကတာက သူ႕မ်က္ႏွာေၾကာင့္လား သူကအလားအလာ႐ွိတယ္လို႔ထင္မိလို႔လား ]

[ ဟဲ့ ငါကယန္႔မိုက္မဟုတ္ဘူးေဟ့ သူကအလားအလာ႐ွိတယ္ထင္မိေပမဲ့ သူ႕Fanမဟုတ္ဘူး ငါက မင္းသားေတြေနာက္မလိုက္ဘူး မင္းသမီးေတြေနာက္ပဲလိုက္တာ ]

[ အာ ဝင္ၾကည့္လိုက္မွ ေက်ာက္ခ်န္Fanျဖစ္ေနတာပဲ ဒါေၾကာင့္ 《 လမ္းမွားျခင္း 》႐ိုက္ကြင္းအေၾကာင္းေကာင္းေကာင္းသိေနတာ ေတြ႕ပုခ်ိပါ ဒါနဲ႔ေလ အဲ့ကားက႐ိုက္လို႔မၿပီးေသးဘူးလား ]

[ မၿပီးေသးဘူး ႏိုဝင္ဘာေလာက္မွ ၿပီးမယ္ထင္တယ္ ေနာက္ႏွစ္ေႏြရာသီေက်ာင္းပိတ္ရက္ေလာက္မွ ျပမွာ အဲ့အခ်ိန္က် အားလုံး ႐ုပ္႐ွင္႐ုံမွာသြားၾကည့္ၾကဖို႔ မေမ့နဲ႔ေနာ္~ ]

[ မွန္းၾကည့္ရေအာင္ 《 လာပါ၊သူငယ္ခ်င္း! တိုက္ခိုက္လိုက္ၾကရေအာင္! 》က ဒီဇင္ဘာအေစာပိုင္းေလာက္မွာၿပီးမယ္ ၿပီးရင္ 《 ျမန္းျမန္အာတာပူစီ 》နဲ႔ 《 လမ္းမွားျခင္း 》က ေႏြရာသီမွာျပမယ္ ေနာက္ႏွစ္ကေတာ့ ယန္းခ်င္းခ်ီႏွစ္ျဖစ္ေလာက္တယ္ ]

[ တကယ္လို႔သူသာ 《 လာပါ၊သူငယ္ခ်င္း! တိုက္ခိုက္လိုက္ၾကရေအာင္ 》မွာ ေကာင္းေကာင္းလုပ္ျပႏိုင္ရင္ ဒီႏွစ္အကုန္ေလး ကပ္ၿပီးနာမည္ႀကီးေလာက္တယ္ ေကာင္းေကာင္းမလုပ္ျပႏိုင္ရင္ေတာ့ ေနာက္ႏွစ္အထိေစာင့္ရမွာေပါ့ ]

[ ဇာတ္ကားနဲ႔ ဇာတ္လမ္းတြဲကေတာ့ မေပါက္စရာအေၾကာင္းကိုမ႐ွိတာ ဘာလို႔လဲဆိုေတာ့ 《 လမ္းမွားျခင္း 》႐ိုက္တဲ့ ဒါ႐ိုက္တာ၊ဇာတ္ၫႊန္းေရးဆရာနဲ႔ မင္းသားေတြက အကုန္ဆုရထားတဲ့လူေတြႀကီးပဲ မေပါက္စရာအေၾကာင္းမ႐ွိဘူး ၿပီးေတာ့ 《 ျမန္းျမန္အာတာပူစီ 》ဇာတ္လမ္းတြဲကလည္း သူ႕Fanနဲ႔သူ႐ွိၿပီးသား ေဝ့လန္ကလည္း သူပါတဲ့ဇာတ္လမ္းတြဲတိုင္း Rating ေကာင္းတယ္ အဲ့ေတာ့ ယန္းခ်င္းခ်ီ ေကာင္းေကာင္းမလုပ္ျပႏိုင္ရင္ေတာင္ အေပၚကႏွစ္ေယာက္ေက်းဇူးေၾကာင့္ အနည္းအက်ဥ္းေတာ့နာမည္ရမွာပဲ 《 လာပါ၊သူငယ္ခ်င္း! တိုက္ခိုက္လိုက္ၾကရေအာင္! 》မွာ ဘယ္လိုလုပ္ျပမလဲပဲ ေစာင့္ၾကည့္ရမယ္ ]

[ ေျပာမွပဲ ယန္းခ်င္းခ်ီပါတဲ့ ပထမပိုင္းက မၾကာခင္ျပေတာ့မွာမလား ]

[ ဟုတ္ပ ဒီတစ္ပတ္စေနျပမွာ ယန္းခ်င္းခ်ီက ျမင္းလား လားလားဆိုတာကေတာ့ အဲ့ေန႔က်သိရမွာေပါ့ ]

(T/N: တ႐ုတ္ေတြက မေမွ်ာ္လင့္ပဲ ႐ုတ္တရက္ႀကီးနာမည္ထႀကီးတဲ့လူ၊ ေနရာရသြားတဲ့လူကို Dark Horse ျမင္းနက္လို႔ ခိုင္းႏိႈင္းၾကပါတယ္ ဒါကျမင္းေလာင္းပြဲေတြကေနဆင္းသက္လာတာပါ။ မေမွ်ာ္လင့္ပဲပန္းဝင္သြားတဲ့ ျမင္းနက္ကိုရည္ၫႊန္းပါတယ္။ ဒါေၾကာင့္ ျမင္းျဖစ္မလား ျမင္းမဟုတ္တဲ့ လားျဖစ္မလားလို႔ သုံးထားတာပါ)

ယန္းခ်င္းခ်ီ Forum ထဲက စာေတြေတြ႕မွ သူ႐ိုက္ထားတဲ့အပိုင္းက မၾကာခင္လႊင့္ေတာ့မယ္မွန္း သတိရသြားေတာ့သည္။ အဲ့အပိုင္း႐ိုက္လိုက္တာက မေန႔တေန႔ကလိုပင္ သိပ္မၾကာေသးဘူးဟုေတာင္ ခံစားေနရသည္။ အခုေတာ့ ဒီတပတ္စေနမွာ ျပေတာ့မည္။ ယန္းခ်င္းခ်ီထိုသို႔ေတြးမိလိုက္သည့္အခါ နည္းနည္းေလးစိတ္ပူမိသြားသည္။ 'ဒါေပမဲ့ ႐ိုက္တာက႐ိုက္ၿပီးသြားၿပီပဲဟာ စိတ္ပူေနလည္းအလကားပဲ ကံတရားအတိုင္းပဲေပါ့' ဟုသာ ကိုယ့္ကိုကိုယ္ႏွစ္သိမ့္လိုက္ရသည္။

သူနဲ႔ေဝ့လန္နဲ႔ ၇နာရီမထိုးခင္ ႐ိုက္ကူးေရးအဖြဲ႕စီစဥ္ေပးသည့္ ဟိုတယ္ကိုေရာက္သြားသည္။ ထိုအခ်ိန္မွာ သုံး၊ေလးေယာက္ေလာက္ကလည္း တစ္ေယာက္ၿပီးတစ္ေယာက္ ဟိုတယ္ထဲဝင္လာၾကကာ အခ်င္းခ်င္းယဥ္ယဥ္ေက်းေက်း ႏႈတ္ဆက္လိုက္ၾကၿပီး ကိုယ့္လုပ္စရာ႐ွိတာသာဆက္လုပ္ေနၾကသည္။

ေဝ့လန္က တေနရာရာမွာ ဖင္ပူေအာင္မထိုင္ႏိုင္တဲ့အမ်ိဳးျဖစ္တာေၾကာင့္ အထုပ္ေတြကိုသူ႕အခန္းထဲခ်ၿပီးတာနဲ႔ ယန္းခ်င္းခ်ီအခန္းဆီေျပးလာၿပီး ဆိုဖာမွာဝင္ထိုင္ရင္း

''ယြမ္မင္႐ႊိနဲ႔ေတြ႕ဖို႔ စိတ္လႈပ္႐ွားေနၿပီလား ''

''ရင္ေတာင္မခုန္ဘူး ''

''ဟုတ္လို႔လား ''

ယန္းခ်င္းခ်ီ ေဝ့လန္ကိုၾကည့္လိုက္ကာ

''ငါ့အထင္ေတာ့ မင္းကမွ ငါ့ထက္ပိုၿပီး စိတ္လႈပ္႐ွားေနသလားလို႔ ''

ေဝ့လန္ကလည္း ႐ိုး႐ိုးသားသားေလး ဝန္ခံလာသည္။

''ငါတကယ္ႀကီး စိတ္လႈပ္႐ွားေနတာ ''

ယန္းခ်င္းခ်ီ ေျပာစရာစကားပင္မ႐ွိေတာ့။

ေဝ့လန္က အားေပးလာသည္။

''စိတ္မပူပါနဲ႔ ငါကမင္းဘက္ကပါ က်ားယို ''

''ေက်းဇူးပဲ ''

''မလိုပါဘူးကြာ ''

႐ြဲ႕ၿပီးေက်းဇူးတင္ေနတာကို အတည္ႀကီးျပန္ေျဖေနသည့္ ေဝ့လန္ကိုၾကည့္ကာ ယန္းခ်င္းခ်ီသက္ျပင္းခ်ေနစဥ္ Wechatကေန notiတက္သံၾကားလိုက္ရသည္။ ယန္းခ်င္းခ်ီ ဖုန္းယူၾကည့္လိုက္သည့္အခါ က်န္းေမာ့ခ်န္ကသူ႕ကို ဓာတ္ပုံတစ္ပုံပို႔ထားသည္။ ဓာတ္ပုံမွာ ေဝ့လန္က သူ႕ပုခုံးကိုဖက္ရင္း လူအုပ္ႀကီးထဲ ျဖတ္ေလွ်ာက္ေနေသာပုံျဖစ္သည္။ 

က်န္းေမာ့ခ်န္ : [ ေနာက္တခါ မင္းတို႔လမ္းသြားရင္ ခပ္ခြာခြာေလွ်ာက္ ]

ယန္းခ်င္းခ်ီ မ်က္ဆံလည္လိုက္ကာ ေဝ့လန္ဆီဖုန္းထိုးေပးလိုက္ၿပီး

''လုပ္ ဒါမင္းအခြင့္အေရးပဲ က်န္းေမာ့ခ်န္ကိုေျပာလိုက္ မင္းကလည္း ငါ့အငယ္အေႏွာင္းမျဖစ္ခ်င္ပါဘူးလို႔ ''

ေဝ့လန္ဖုန္းကိုယူၾကည့္ရင္း တအံ့တၾသျဖင့္ေမးလာသည္။

''ဒီေလာက္ေလးနဲ႔ သဝန္တိုတယ္? စိတ္ထားေသးသိမ္လွခ်ည္လား ''

''အိုက္ယား ခ်စ္မိသြားတဲ့ေယာက်္ားတိုင္းက ဒီအတိုင္းပဲေလ ''

ေဝ့လန္က ''အိုး~''ဆိုသည့္အာေမဋိတ္သံကို အ႐ွည္ႀကီးဆြဲၿပီး ႐ႊတ္ေနာက္ေနာက္ေျပာလာသည္။

''ဆိုေတာ့ မင္းတို႔ႏွစ္ေယာက္က လက္ထပ္ၿပီးမွ ခ်စ္မယ္ဆိုတဲ့ အေနအထားႀကီးေပါ့? ''

''အဲ့လိုမ်ိဳးပါပဲ ''

''မင္းကို က်န္းေမာ့ခ်န္ဝန္ခံၿပီးသြားၿပီလား ''

''ဟင့္အင္း ''

''အဲ့ဒါကိုမ်ား မင္းက အဲ့လိုမ်ိဳးပါပဲလို႔ ေျပာရဲေသးတယ္? ''

ယန္းခ်င္းခ်ီ ဆိုဖာေပၚမွာထိုင္ခ်လိုက္ကာ သူ႕မ်က္လုံးသူလက္ညိႇဳးထိုးျပရင္း

''ဒါဘာေတြလဲ ''

''မ်က္လုံးေလ ''

''အင္းေလ ဒါေတြအကူအညီနဲ႔ သူဘာေတြျဖစ္ေနလဲ ငါအကုန္ျမင္ေနရတယ္ ''

''ကိုယ့္ကိုကိုယ္ေရာ အေတြးလြန္ေနတယ္လို႔ မထင္မိဘူးလား''

''မင္းလက္ထဲကဖုန္းနဲ႔သာ သူ႕ကိုစကားေျပာၾကည့္လိုက္စမ္းပါ မင္းသိသြားလိမ့္မယ္''

ေဝ့လန္ လက္ထဲကဖုန္းကို ငုံ႔ၾကည့္လိုက္ေတာ့ ယန္းခ်င္းခ်ီစာမျပန္သျဖင့္ က်န္းေမာ့ခ်န္ကစာထပ္ပို႔ထားသည္။

[ ဘာလို႔စကားျပန္မေျပာတာလဲ ကိုယ့္ကို အခုေတာ့ ဒီလိုေတြဆက္ဆံေနၿပီေပါ့? ]

ေဝ့လန္ : ''........''

ယန္းခ်ီရယ္လိုက္ကာ

'' ငါအေတြးလြန္ေနေသးလား? ''

ေဝ့လန္ : ......... ျပန္ေခ်ပလို႔မရတဲ့ ခံစားခ်က္ႀကီးက ေတာ္ေတာ္ဆိုးတယ္!

''ဟြန္႔! '' ေဝ့လန္ ကေငါ့ေတာ့ေတာ့ျပန္ေျပာလာသည္။ ''ဒီေလာက္ ကြန္႔ဖီးဒန္႔လယ္ဗယ္ဆိုးဟိုက္ေနတာ မင္းကို က်န္းေမာ့ခ်န္ ဘယ္အခ်ိန္ဝန္ခံလာမလဲ ၾကည့္ခ်င္ပါေသးတယ္''

ယန္းခ်င္းခ်ီ ထိုအေၾကာင္းကိုေတြးမိလိုက္ေတာ့

''အင္း အမွန္တိုင္းေျပာရရင္ ငါလည္းေတာ္ေတာ္ သိခ်င္ေနတာ သူဘယ္အခ်ိန္ဝန္ခံလာမလဲလို႔ ''

Continue Reading

You'll Also Like

78.8K 9K 87
transition novel
13.2K 1.1K 14
အန်တီက မောင့်ရဲ့ထာဝရကြင်နာသူပါ။ အန္တီက ေမာင့္ရဲ႕ထာဝရၾကင္နာသူပါ။
60.5K 4.4K 68
အဖြူရောင်လေးက စွန်းထင်းလွယ်တယ် မဟုတ်လား... အဖြူတစ်စုံထပ်လို့ စွန်းထင်းမှုကို မကာကွယ်နိုင်ရင်တောင် အတူတူစွန်းထင်းခံနိုင်မှုကို ချစ်ခြင်းမေတ္တာလို့ သတ်...