ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့...

By Dandelion_nini

5.2M 711K 55K

Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking fin... More

Synopsis
အသိပေးစာ
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35.1
Chapter 35.2
Chapter 35.3
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140
Chapter 141
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155
Chapter 156
Chapter 157
Chapter 158
Chapter 159
Chapter 160
Chapter 161
Chapter 162
Chapter 163
Chapter 164
Chapter 165
Chapter 166
Chapter 167
Chapter 168
Chapter 169
Chapter 170
Chapter 171
Chapter 172
Chapter 173
Chapter 174
Chapter 175
Chapter 176
Chapter 177
Chapter 178
Chapter 179
Chapter 180
Chapter 181
Chapter 182
Chapter 183
Chapter 184
Chapter 185
Chapter 186
Chapter 187
Chapter 188
Chapter 189
Chapter 190
Chapter 191 [ Final ]
ကျေးဇူးတင်လွှာနဲ့ Extraအကြောင်း
Updates and fanarts
About Car

Chapter 65

27.3K 3.8K 534
By Dandelion_nini

Unicode

ကျန်းမော့ချန် စိတ်ပူနေပြီ၊ ယန်းချင်းချီက သူ့ကိုယ်သူဂရုစိုက်ပါမယ်တဲ့ 
__________________________________

ကျန်းမော့ချန် ဖုန်းခေါ်လာမယ်ဆိုတာကို မှန်းထားပြီးသားဖြစ်တာကြောင့် ယန်းချင်းချီ သိပ်အံ့သြမနေပါ။ သူကားထဲဝင်ထိုင်လိုက်ကာ နောက်ခုံကိုမှီရင်း အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

''ဝေ ''

ကျိန်းသေပေါက်ကိုပဲ ကျန်းမော့ချန်ဘက်ကနေ ပထမဆုံးထွက်လာသည့်စကားက သူ့မှန်းဆချက်များကို အတည်ပြုပေးလိုက်သည်။

''ယွမ်မင်ရွှိ Variety Showရဲ့ နောက်တစ်ပိုင်းကို ဧည့်သည်အနေနဲ့ ဝင်လာလိမ့်မယ်လို့ ကွမ်မေက ကိုယ့်ကိုပြောတယ် မင်းသဘောတူလိုက်တာလား ''

''အင်း '' ယန်းချင်းချီ ပြန်ဖြေလိုက်သည်။

ကျန်းမော့ချန် နားမလည်နိုင်တော့ပေ။ သူ ဆိုဖာကိုမှီလိုက်ကာ စကားလုံးတွေကို ခေါင်းထဲမှာ အတတ်နိုင်ဆုံး စီရီလိုက်ပြီး ထုတ်ဖော်ပြမည့် သူ့အတွေးတွေကို တဖက်လူအထင်မလွဲစေရန် လေသံကိုဖျော့၍

'' ချင်းချီ ကိုယ် ဒီလိုမေးတာက သူ့အတွက်ပြောပေးနေတာလည်းမဟုတ်သလို မင်းရဲ့ဆုံးဖြတ်ချက်ကို သဘောမတူတာမျိုး မထောက်ခံတာမျိုးလည်းမဟုတ်ဘူးနော် ကိုယ်ဒီတိုင်းနားမလည်လို့မေးကြည့်တာ ကိုယ်နဲ့သူနဲ့ အဆက်အသွယ်ပြတ်သွားပြီလေ ကိုယ်တို့တွေအနာဂတ်မှာလည်း ဆုံစရာအကြောင်းမရှိတော့ဘူး အဲ့ဒါကြောင့် သူက မင်းနဲ့တစ်နေရာထဲပေါ်လာမှာကို ဘာလို့လက်ခံလိုက်ရတာလဲ? သူနဲ့တွေ့မယ်? ကိုယ်မင်းကို အပြစ်တင်နေတာမဟုတ်ဘူးနော် မင်းဘာတွေးနေမှန်း ကိုယ်သေချာမသိလို့ မေးကြည့်တာ ဒီ Variety Showကို အခုမှစJoinခါစမို့လို့ သူ့အတွက်ကြောင့်နဲ့ ပရိုဂရမ်အဖွဲ့ကို အလုပ်မရှုပ်စေချင်လို့လား ဒါမှမဟုတ် သူ့ကိုဒီတိုင်းတွေ့ကြည့်ချင်လို့ သဘောတူလိုက်တာလား ဘယ်တစ်ခုလဲ မင်းဘာတွေတွေးထားလဲဆိုတာ ကိုယ့်ကိုသေချာလေး ပြောပြလို့ရမလား ''

ကျန်းမော့ချန်၏လေသံမှာ အရမ်းကိုညင်သာလွန်းတာကြောင့် သူ့ကိုအထင်မလွဲစေချင်လို့ သေချာလေးလေသံဖျော့၍ချော့မေးနေမှန်း ယန်းချင်းချီ ကောင်းကောင်းကြီး သဘောပေါက်သည်။

သူ ပြုံးမိသွားကာ ခပ်ဖြေးဖြေးလေး ပြောလာသည်။

''ကျန်းမော့ချန် ခင်ဗျားစိတ်ရှုပ်နေစရာမလိုပါဘူး ကျွန်တော် အထင်လည်းမလွဲသလို စိတ်ထဲလည်းမထားဘူး သူ့အတွက်မေးနေတာမဟုတ်ဘူးဆိုတာကိုလည်း ကျွန်တော်သိတယ် တကယ်လို့ ခင်ဗျားအခုဖုန်းမခေါ်ဘူး ဆိုရင်တောင် ညနေအားတာနဲ့ ကျွန်တော်ဒီကိစ္စအတွက် ခင်ဗျားကိုဖုန်းခေါ်ဖို့ရည်ရွယ်ထားပြီးသား ကျွန်တော်ကတိပေးထားပြီးသားမလား ကျွန်တော့်ကိစ္စတွေကို သူစိမ်းတွေဆီကနေတစ်ဆင့် ပြန်မကြားစေရဘူးလို့ ကျွန်တော်မှတ်မိပါတယ် ''

ကျန်းမော့ချန် တဖက်လူစကားကိုကြားတော့ အနည်းငယ်စိတ်သက်သာရာရသွားကာ

''ဒါဆို ဘာလို့သဘောတူလိုက်တာလဲ ကိုယ့်ကိုရှင်းပြ ''

ယန်းချင်းချီ ခဏလောက်စဥ်းစားလိုက်ရင်း

''ဘယ်လိုစပြောရမလဲ ခင်ဗျားပြောတာတွေလည်းမှန်တယ် ဒီ Variety Showကို ကျွန်တော့်အလုပ်လို့ သဘောထားတဲ့အတွက် သူ့အတွက်ကြောင့်နဲ့ ပရိုဂရမ်အဖွဲ့ကို အကျိုးမရှိ အလုပ်မရှုပ်စေချင်ဘူး ပြီးတော့ ဒီလောက,က ဒီလောက်အကျယ်ကြီး ကျွန်တော် သူ့ကို ဒီတခေါက် ရှောင်လိုက်ပါပြီတဲ့ မတွေ့ပဲနေပါပြီတဲ့ ဒါပေမဲ့ အနာဂတ်မှာ တကွေ့မဟုတ်တကွေ့ပြန်တွေ့ရမှာပဲ ကျွန်တော်ကသူ့ကိုကြောက်လို့ရှောင်ရမှာလား စကားအဖြစ်နဲ့တောင်အဲ့လိုမပြောချင်ဘူး ကျွန်တော့်ကို​ကြောက်အောင်လုပ်နိုင်တဲ့ အရည်အချင်း သူ့မှာမရှိဘူး ''

ကျန်းမော့ချန် ဘာမှဝင်မပြောပဲ ငြိမ်ငြိမ်လေး နားထောင်နေသည်။

ယန်းချင်းချီ ဆက်ပြောလာသည်။

''တကယ်လို့ သူက နာမည်တက်ဖို့အတွက်နဲ့ ဒီ Variety Showထဲဝင်တာဆိုရင်တော့ ပြဿနာမရှိဘူးပေါ့ ဒါပေမဲ့ ကျွန်တော့်ဆီဦးတည်ပြီး လာတယ်ဆိုရင်ရော? ဟုတ်ပြီ Variety Show အဖွဲ့က ကျွန်တော့်ကိုမျက်နှာသာပေးပြီး သူ့ကိုငြင်းလိုက်ပါပြီတဲ့ သူကျွန်တော်နဲ့ တွေ့ဖို့ နောက်တစ်နည်းထပ်ရှာဦးမှာပဲ ကျွန်တော့်အတွက်နဲ့လာတာဆိုရင်လည်း ရှောင်လို့မရသလို ကျွန်တော့်အတွက်နဲ့မဟုတ်ဘူးဆိုရင်လည်း နှစ်ဖက်လုံးအတွက်အဆင်ပြေတယ် ဘာလို့ ပရိုဂရမ်အဖွဲ့ကို ငွေအားလူအားအကုန်ခံပြီး ငြင်းခိုင်းနေရမှာလဲ ''

ကျန်းမော့ချန် ခဏလောက် တိတ်ဆိတ်နေကာ သက်ပြင်းတိုးတိုးလေးချပြီး

''မင်း မပျော်ရင်ဘယ်လိုလုပ်မလဲ ''

''အဲ့လိုတော့မဖြစ်ပါဘူး ဒီတိုင်းအလုပ်တော့ နည်းနည်း ရှုပ်မှာပေါ့ ''

''မင်းအလုပ်ရှုပ်မှာစိုးရင် ကိုယ် ပရိုဂရမ်အဖွဲ့ကိုငြင်းခိုင်းလိုက်မယ် ''

''ဒီတခေါက်မတွေ့တော့ရော? အနာဂတ်မှာထပ်တွေ့ဦးမှာပဲ ဒီလိုခိုင်းနှိုင်းတာက နားဝင်ဆိုးပေမဲ့လေ သူကခင်ဗျားဖိနပ်အောက်က ပီကေလိုပဲ ခွာချပစ်မှရမှာ သူ့ဘာသာသူပြုတ်ကျလာမှာကို ထိုင်စောင့်နေလို့မရဘူးလေ ဟုတ်တယ်မလား ''

''နားဝင်မဆိုးပါဘူး '' ကျန်းမော့ချန်ဆက်ပြောလာသည်။ ''သူက မဟုတ်တာတွေလုပ်နေမှတော့ တခြားလူ ဝေဖန်တာကို အပြစ်တင်ချင်လို့ရမလား ''

ယန်းချင်းချီ ဘာမှမပြောပဲ ရယ်လိုက်သည်။

ကျန်းမော့ချန် ဖုန်းကိုကိုင်ကာ နည်းနည်းလေးဒေါသထွက်လာသလို ခံစားနေရသည်။ ယွမ်မင်ရွှိ ယန်းချင်းချီရှိနေသည့် Variety Showကိုသွားလိမ့်မည်ဟု သူတကယ်ကြီးမမျှော်လင့်ထားခဲ့ပေ။ တရုတ်နိုင်ငံမှာ Variety Showတွေဒီလောက်ပေါတာ 《 လာပါ၊သူငယ်ချင်း! တိုက်ခိုက်လိုက်ကြရအောင် 》တစ်ခုထဲကပဲ နာမည်အကြီးဆုံးမဟုတ်ပေ။ ယွမ်မင်ရွှိ ဒီ Variety Showကိုမှ တမင်ရွေးရသည့် ရည်ရွယ်ချက်မှာ သိသာလွန်းလှသည်။ ကျိန်းသေပေါက် ယွမ်မင်ရွှိကို ယန်းချင်းချီက မျက်စိထဲမထည့်တာကိုလည်းသူသိသည်။ ယန်းချင်းချီနှင့်ထိပ်တိုက်ရင်ဆိုင်လျှင် အကျိုးယုတ်မဲ့လူမှာ ယွမ်မင်ရွှိဖြစ်နေမှာကိုလည်း သူသိသည်။ သို့သော် စိတ်မပူပဲမနေနိုင်ခဲ့။ ယန်းချင်းချီက ခံရမဲ့လူမဟုတ်ဘူးဟု သူ့ကိုယ်သူ အကြိမ်ကြိမ်ပြောနေမိသော်ငြား ယွမ်မင်ရွှိကို တစ်​ယောက်ထဲရင်မဆိုင်စေချင်ပါ။ ထိုအချိန်တွင် ယန်းချင်းချီရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးချင်သည်။

ကျန်းမော့ချန် အခုအချိန်မှာ ဘယ်လိုခံစားနေရလဲ စကားနဲ့တောင် ရှင်းပြလို့မရပေ။ ခံစားချက်မှာ သူ ယန်းချင်းချီနဲ့ ယွမ်မင်ရွှိကို နှစ်ယောက်ထဲပေးမတွေ့စေချင်သလိုမျိုးပင်။ ကျန်းမော့ချန် လက်ထပ်ခါစအချိန်က ယွမ်မင်ရွှိပြန်ရောက်လာလျှင် သူတို့အားလုံးလူစုပြီး ယန်းချင်းချီကိုခေါ်ကာ သူ့သူငယ်ချင်းတွေနဲ့ရော ယွမ်မင်ရွှိနဲ့ပါ မိတ်ဆက်ပေးမည်ဟု စိတ်ကူးရှိခဲ့သည်။ ထိုအချိန်က သူ တကယ်ကြီး ယွမ်မင်ရွှိနဲ့ ယန်းချင်းချီကိုတွေ့စေချင်သည်။

သို့သော် နောက်ပိုင်းကျ ဘယ်အချိန်ကစခဲ့မှန်းမသိတော့ပါ။ သူ တဖြည်းဖြည်းနဲ့ ထိုနှစ်ယောက်ကိုမတွေ့စေချင်တော့ပေ။ ယန်းချင်းချီရှေ့မှာ ယွမ်မင်ရွှိဆိုတဲ့နာမည်ကို ထုတ်မပြောချင်တာကြောင့် ထိုနေ့ကလည်း အသိမပေးပဲ သွားတွေ့ခဲ့ခြင်းဖြစ်သည်။ ဒီနေ့ ကွမ်မေဆီကနေ ယွမ်မင်ရွှိက ယန်းချင်းချီရိုက်နေသည့် Variety Showကို ဧည့်သည့်အ​ဖြစ်ဝင်လာမည်ဟုကြားလိုက်ရသောအခါ စိတ်အနှောက်အယှက်ဖြစ်သွားသလို ဒေါသလည်းထွက်မိသည်။

ယန်းချင်းချီနဲ့ ယွမ်မင်ရွှိကို တွေ့လည်းမတွေ့စေချင်သလို စကားလည်းမပြောစေချင်ပေ။ ယွမ်မင်ရွှိ ယန်းချင်းချီကို တစ်ခုခုလုပ်လိုက်မှာ၊ စိတ်မသက်သာစရာ စကားတခွန်းခွန်းပြောလိုက်မှာကို သူ စိုးရိမ်သည်။ ယွမ်မင်ရွှိအပြုအမူကြောင့် ယန်းချင်းချီနာကျင်သွားမှာ၊ စကားကြောင့် စိတ်မသက်မသာ ဖြစ်သွားမှာကို သူ ကြောက်မိသည်။

ကျန်းမော့ချန် သူ့ကိုယ်သူနောင်တရလွယ်သူတစ်ယောက်ဟု ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပါ။ သူ ငယ်ငယ်တုန်းက မိဘတွေသွန်သင်ဆုံးမခဲ့သည်မှာ ကိုယ်စိုက်တဲ့အသီးအနှံကို ကိုယ်သာ ရိတ်သိမ်းရမည်။ ကိုယ်လုပ်သမျှအရာရာတိုင်းကို ကောင်းကောင်းဆိုးဆိုး ကိုယ်ပဲခါးစည်းခံရမည် ဟုပင်။ ထို့ကြောင့် သူတစ်ခုခုလုပ်တော့မည်ဆိုလျှင် အကြောင်းအကျိုး သေချာစဥ်းစားသုံးသပ်ကာ ဘယ်တော့မှနောင်တရစေမည့်အလုပ်မျိုး မလုပ်ခဲ့ဖူးပါ။ သူ အခုတော့ တော်တော်ကြီး နောင်တရနေပြီဖြစ်သည်။ သူ ယွမ်မင်ရွှိအား ကြိုက်ခဲ့ဖူးတာကိုနောင်တရသည်။ သူ ယွမ်မင်ရွှိအတွက် အရာရာပေးဆပ်ခဲ့ဖူးတာကို နောင်တရသည်။ ထိုအချက်နှစ်ချက်က ယွမ်မင်ရွှိ ယန်းချင်းချီရင်ကိုစိုက်မည့် ဓားထက်ထက်ဖြစ်လာမှာကို ကြောက်မိသည်။ ''သိတယ်မလား သူငါ့ကိုကြိုက်ဖူးတယ်လေ '' ဆိုသည့်စကားများဖြင့် ယန်းချင်းချီအား ထိုးနှက်လာမှာကို ကြောက်သည်။

သူ ယွမ်မင်ရွှိအား ကြိုက်ဖူးသည်ကို ယန်းချင်းချီသိပြီးသားဖြစ်သော်ငြား တဖက်လူပါးစပ်ကနေ ထုတ်ပြောလာမှာကို ကြားချင်သည်ဟုမဆိုလိုပေ။ ကြားလိုက်လျှင်လည်း ဘာမှမဖြစ်သလိုနေနိုင်မည်ဟု မဆိုလိုပေ။

ကျန်းမော့ချန် တွေးလေ စိတ်မချလေ ဖြစ်လာတာကြောင့် သက်ပြင်းဖွဖွ ချလိုက်ကာ

''ချင်းချီ ကိုယ်တွေးကြည့်လိုက်တာ ယွမ်မင်ရွှိရိုက်မဲ့အပိုင်းကိုပဲ ကိုယ်ပါလာရိုက်ရင်ကောင်းမလားလို့ ''

ယန်းချင်းချီ တဖက်လူဘက်ကနေ ထိုသို့ပြောလာမည်ဟု မထင်လိုက်တာကြောင့် နည်းနည်းလေးအံ့အားသင့်သွားကာ

''ခင်ဗျားက ဘာလာလုပ်မှာလဲ ''

''ဘာလာလုပ်ရမှာလဲ ကိုယ် ပရိုဂရမ်အဖွဲ့နဲ့ နှစ်ပိုင်းလာရိုက်ပေးဖို့ လက်မှတ်ထိုးထားတယ်မလား ဒီတခေါက်မလာဖြစ်တောင် နောက်တခေါက်လာရမှာပဲဟာ ''

''ဒါပေမဲ့ ခင်ဗျား ဒီတခေါက်လာစရာမလိုဘူးလေ '' ယန်းချင်းချီ ခေါင်းကြီးသွားသည်။ '' ဝေ့လန်လည်းလာမယ်လို့ပြောတယ် ခင်ဗျားတို့နှစ်ယောက်လုံး အဲ့အပိုင်းလာရိုက်လိုက်လို့ကတော့ ဝက်ဝက်ကွဲအောင်ပေါက်တော့မှာပဲ လူတွေကိုလန့်သေစေချင်လို့လား ''

''ဝေ့လန်က ဘာလာလုပ်မှာလဲ '' ကျန်းမော့ချန် သိချင်သွားသည်။

''ပွဲကြည့်ချင်လို့တဲ့လေ ကျွန်တော်နဲ့ယွမ်မင်ရွှိတွေ့မှာကို သူကဘေးကနေ ခမ်းခမ်းနားနား ကွာစေ့ကိုက်ရင်း စပ်စုချင်နေတာ ''

ကျန်းမော့ချန် နဖူးကို လက်ဖြင့်ထောက်ထားလိုက်ကာ

''ကိုယ်ခဏနေမှ သူ့အစ်ကိုကို ဖုန်းဆက်ပြီးတိုင်ဦးမယ် ကိုယ့်ညီကိုသေချာထိန်းထားဖို့ အဲ့ဒါမှ သူများကိစ္စတွေ လိုက်စိတ်မဝင်စားတော့မှာ ''

ယန်းချင်းချီရယ်လိုက်ကာ ''အဲ့လိုလုပ်လိုက်ရင် သူ ခင်ဗျားကို သေလောက်အောင် ဒေါသထွက်နေလိမ့်မယ် ''

''ကိုယ်ပြောမယ် ဝေ့ရွှင်းက သူ့ညီကိုအရမ်းအလိုလိုက်လွန်းတယ် ကိုယ့်မှာသာသူ့လိုညီမျိုးရှိရင် အပြစ်ကြီးကြီးလုပ်ထားရင် သုံးရက်တစ်ခါရိုက်မယ် အပြစ်သေးသေးလုပ်ထားရင် ငါးရက်တစ်ခါရိုက်မယ် ''

''အပိုတွေလျှောက်ပြောမနေနဲ့ ခင်ဗျားလား အဲ့လိုလုပ်မှာ ''

ကျန်းမော့ချန် ဝေ့လန်အကြောင်းဆက်မပြောချင်တော့တာကြောင့် သူလာမည်ဆိုသည့်အကြောင်းကို ဇွဲရှိရှိထပ်ပြောလာပြန်သည်။

''ဒါဆို ကိုယ်အဲ့အပိုင်းလာဖို့ ဆုံးဖြတ်လိုက်ပြီနော် ''

''ကျန်းမော့ချန်...... ''

ယန်းချင်းချီစကားကို ကျန်းမော့ချန်က အလျင်အမြန်ဖြတ်ပြောလာသည်။

''ကိုယ် မင်းကို အခု ဘယ်လိုခေါ်နေပြီလဲ ကိုယ့်ဆီကနေ တစ်ခုခုပြန်သင်ယူသင့်တယ်လို့ မထင်ဘူးလား ''

ယန်းချင်းချီ မရယ်ပဲမနေနိုင်ခဲ့။ သူတစ်ဖက်လူအကြံကိုလက်ခံလိုက်ကာ

''ဒါဆို မော့ချန်? ''

ကျန်းမော့ချန်က ''ဟမ်~'' ဟု ပြန်ထူးလာသည်။

တဖက်လူ၏ ကျေနပ်သံကိုကြားလိုက်တော့ ယန်းချင်းချီ အသံတိုးလေးဖြင့်

''မော့ချန် ခင်ဗျားအဲ့ကိုလာချင်တာ ယွမ်မင်ရွှိလာလို့မလား ကျွန်တော်နဲ့သူအဆင်မပြေမှာ စိုးလို့မလား ''

''သူ မင်းကို မပျော်အောင်လုပ်မှာ စိုးလို့ ''

''အဲ့လိုမဖြစ်ပါဘူး '' ယန်းချင်းချီ လေသံပျော့လေးဖြင့် '' ကျွန်တော့်ကို မပျော်အောင်လုပ်နိုင်တဲ့လူက လက်ချိုးရေလို့တောင်ရတယ် အဲ့ထဲမှာသူမပါဘူး လုပ်နိုင်တဲ့ အရည်အချင်းလည်းမရှိဘူး ''

''မင်းကိုယ့်ကိုမလာစေချင်ဘူးလား ''

''ကျွန်တော် ခင်ဗျားကိုမလာစေချင်တာမဟုတ်ဘူး သူ့အတွက်နဲ့မလာစေချင်တာ ''

''ကိုယ်သူ့ကြောင့်လာမှာမဟုတ်ဘူးလေ ကိုယ်....''

''ကျွန်တော်သိတယ် '' ယန်းချင်းချီ ဖြတ်ပြောလိုက်သည်။ '' ကျွန်တော့်ကြောင့်လာမှာ ဒါပေမဲ့ သူနဲ့သက်ဆိုင်နေတုန်းလေ ''

ကျန်းမော့ချန်ဘာမှဆက်မပြောတော့ပါ။

''သူ ကျွန်တော့်ကိုပဲ တွေ့ချင်လို့လာတယ်လို့ ထင်နေလား '' ယန်းချင်းချီ ​မဲ့ပြုံးပြုံးလိုက်ကာ '' ကျွန်တော်ဘယ်လိုပုံစံလဲသိချင်ရင် ဓာတ်ပုံတွေထဲမှာကြည့်လို့ရနေတာပဲ တကူးတကလာစရာကိုမလိုတာ သူ ကျွန်တော့်ကနေတစ်ဆင့် ခင်ဗျားကိုတွေ့ချင်နေတာ ဒါပေမဲ့ '' ယန်းချင်းချီ ကားနောက်ကြည့်မှန်မှာ ပေါ်နေသည့်သူ့ကိုယ်သူပြန်ကြည့်လိုက်သည်။ သူ့မျက်နှာကတည်ငြိမ်နေသော်ငြား မျက်ဝန်းနက်နက်ထဲက တစ်ကိုယ်ကောင်းဆန်မှုများကို ဖုံးမရ။ '' ကျွန်တော် က သူဖြစ်ချင်တာကို ဘာလို့ လွယ်လွယ်လေး ဖြစ်ခွင့်ပေးလိုက်ရမှာလဲ ''

ညင်သာသော်ငြား ဆုံးဖြတ်ချက်ခိုင်မာနေသည့် သူ့စကားသံသူပြန်ကြားနေရသည်။

''ကျွန်တော်လည်း တစ်ကိုယ်ကောင်းဆန်တတ်တယ် ကျွန်တော်လည်းကိုယ့်ကိုကိုယ် ဦးစားပေးတတ်တယ် ကျွန်တော်က ဘာလို့ ခင်ဗျားနဲ့သူ့ကိုပေးတွေ့ရမှာလဲ ဘာအကြောင်းပြချက်နဲ့လဲ ဘာလို့ခွင့်ပြုရမှာလဲ ''

ကျန်းမော့ချန် အံ့သြသွားသည်။ သူထိုအချက်ကိုထည့်မစဥ်းစားခဲ့ပါ။ စေ့စေ့စပ်စပ် မစဥ်းစားခဲ့မိတာဆို ပိုမှန်မည်။ ယန်းချင်းချီ ယွမ်မင်ရွှိနဲ့ တစ်ယောက်ထဲရင်ဆိုင်နေရတာက တဖက်လူအတွက် မမျှတဘူးဟု ထင်လိုက်မိတာကြောင့် အနားမှာနေပြီး ရှေ့ကနေမားမားမတ်မတ်ရပ်တည်ပေးချင်သည့် အတွေးသာရှိခဲ့သည်။ တဖက်လူကလည်း သူ့လို ဒီလိုလေးတွေ လိုက်ဂရုစိုက်နေမယ်မှန်း မမျှော်လင့်ထားမိပါ။

''ကျွန်တော် ခင်ဗျားကို ခြောက်သလိုဖြစ်သွားလား '' ယန်းချင်းချီ နူးနူးညံ့ညံ့လေးမေးလာသည်။ ''ကျွန်တော်ပြောတာ အရမ်းလွန်သွားတယ်လို့ထင်လား ''

''မထင်ပါဘူး '' ကျန်းမော့ချန် ညင်ညင်သာသာလေးပြန်ဖြေလာသည်။ '' မင်းမလွန်ဘူး မင်းအပိုတွေလုပ်နေတာလဲမဟုတ်ဘူး ကိုယ်ကခပ်ပေါ့ပေါ့ တွေးလိုက်မိတာ မင်းခံစားချက်ကို ထည့်မတွက်မိလိုက်ဘူး ''

ကျန်းမော့ချန်ဘက်ကနေ ထိုသို့ပြောလာမည်ဟု မထင်လိုက်တာကြောင့် ယန်းချင်းချီ ဘာမှထပ်မပြောတော့ပဲ တိတ်တိတ်လေးသာနေလိုက်သည်။

''မင်းပြောတာမှန်တယ် '' ကျန်းမော့ချန် အလျင်စလိုမရှိပြောလာသည်။ သို့သော် ထိုလေသံကပင် နားထောင်သူကို စိတ်အေးသက်သာမှုရစေသည်။ ''ကိုယ်တို့က ဘာလို့ သူ့စိတ်တိုင်းကျလိုက်လုပ်ပေးရမှာလဲ ''

ယန်းချင်းချီ တဖက်လူပြောလိုက်သည့် 'ကိုယ်တို့'ဆိုသည့်စကားလုံးကို သတိထားမိလိုက်သည်။ 'မင်း'လည်း မဟုတ်ဘူး။ 'ကိုယ်'လည်း မဟုတ်ဘူး။ နှစ်ယောက်လုံးကို ရည်ညွှန်းသည့် 'ကိုယ်တို့' ။

ကျန်းမော့ချန် တစ်လုံးချင်း ဆက်ပြောလာတာကို သူရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။

''မင်းက ကိုယ့်ရဲ့တရားဝင်အိမ်ထောင်ဖက် အဲ့တော့ အနာဂတ်မှာ ကိုယ် ဘယ်သူနဲ့တွေ့ရမယ် မတွေ့ရဘူးဆုံးဖြတ်ပိုင်ခွင့်က မင်းလက်ထဲမှာရှိပြီးသား ဘယ်လိုပဲဖြစ်ဖြစ် မင်းက ကိုယ့်ရဲ့ တစ်ဦးတည်းသော မစ်စ်ကျန်းပဲဟာ ''

ယန်းချင်းချီ ထိုစကားကြောင့် သူတောင်မသိလိုက်ပါပဲ ချိုမြိန်စွာပြုံးလိုက်မိသည်။

''ချင်းချီ '' ကျန်းမော့ချန် သူ့ကိုခေါ်လာသည်။

''ဟမ်? ''

''ကိုယ် ယွမ်မင်ရွှိနဲ့ထပ်မဆက်သွယ်တော့ဘူးလို့ မင်းကိုကတိပေးပြီးမှတော့ ဘာကိစ္စပဲဖြစ်ဖြစ် ကိုယ်သူနဲ့ဆက်သွယ်မှာမဟုတ်တော့ဘူး အဲ့တော့ စကားတချို့ကို မင်းကနေတစ်ဆင့်ပဲပြောခိုင်းရတော့မယ် သူ ဒီတခေါက် မင်းရှေ့မှာ ပေါ်လာတာကလည်း ဒါ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ပဲ နောက်မပေါ်လာစေရဘူး သူ့ကိုပြောပေးပါ __ လူဆိုတာ ကိုယ့်ကိုကိုယ်တန်ဖိုးထားမှ ကိုယ့်ကိုကိုယ်ချစ်မှ ကိုယ့်ကိုကိုယ်လေးစားမှ သူများကလည်း ကိုယ့်နည်းတူတန်ဖိုးထားလေးစားတာလို့ ကိုယ့်ကိုကိုယ်အရှက်ရစေမဲ့ကိစ္စတွေ ထပ်မလုပ်နဲ့ ရုပ်ဆိုးစေတယ် ___ လို့ ကိုယ့်အစား သူ့ကိုပြောပေး ''

ယန်းချင်းချီ ထိုစကားတွေကြောင့် အံ့အားသင့်သွားကာ ပြီးမှ ''သြော'' ဟူသည့် ပြန်ဖြေသံလေးဖြင့် ကတိပေးလိုက်သည်။

''ပြီးတော့..... '' ကျန်းမော့ချန် ဆက်မပြောပဲ ခဏလောက်ရပ်နေပြန်သည်။

ယန်းချင်းချီကလည်း တဖက်လူကိုမလောပဲ တိတ်တိတ်လေးငြိမ်ပြီး နားထောင်နေသည်။

''ပြီးတော့.... '' ဆက်ပြောလာသည့် ကျန်းမော့ချန်အသံမှာ နူးနူးညံ့ညံ့ '' ကိုယ် မင်းကို လွမ်းတယ် ''

ထင်းရှူးကိုင်းလှုပ်ခါမှုကြောင့် နှင်းခဲလေး ကြွေကျလာသလိုမျိုး ထိုအေးမြမှုလေးမှာ ယန်းချင်းချီနှလုံးသားထဲ ခပ်ဖြေးဖြေးချင်း သက်ဆင်းလာသည်။

ယန်းချင်းချီ အူကြောင်ကြားရုပ်လေးဖြစ်သွားကာ တဖက်လူကို ပြန်မေးလိုက်သည်။

''ခင်ဗျား ဘာပြောလိုက်တာ? ''

__________________________________

[ မင်းက ကိုယ့်ရဲ့ တစ်ဦးတည်းသော မစ်စ်ကျန်းပဲဟာ ]

Nini အခြေအနေ : ငါဘာလို့ဘဲတောင်မရှိရတာလဲ


Zawgyi

က်န္းေမာ့ခ်န္ စိတ္ပူေနၿပီ၊ ယန္းခ်င္းခ်ီက သူ႕ကိုယ္သူဂ႐ုစိုက္ပါမယ္တဲ့ 
__________________________________

က်န္းေမာ့ခ်န္ ဖုန္းေခၚလာမယ္ဆိုတာကို မွန္းထားၿပီးသားျဖစ္တာေၾကာင့္ ယန္းခ်င္းခ်ီ သိပ္အံ့ၾသမေနပါ။ သူကားထဲဝင္ထိုင္လိုက္ကာ ေနာက္ခုံကိုမွီရင္း ေအးေဆးတည္ၿငိမ္စြာ ျပန္ေျဖလိုက္သည္။

''ေဝ ''

က်ိန္းေသေပါက္ကိုပဲ က်န္းေမာ့ခ်န္ဘက္ကေန ပထမဆုံးထြက္လာသည့္စကားက သူ႕မွန္းဆခ်က္မ်ားကို အတည္ျပဳေပးလိုက္သည္။

''ယြမ္မင္႐ႊိ Variety Showရဲ႕ ေနာက္တစ္ပိုင္းကို ဧည့္သည္အေနနဲ႔ ဝင္လာလိမ့္မယ္လို႔ ကြမ္ေမက ကိုယ့္ကိုေျပာတယ္ မင္းသေဘာတူလိုက္တာလား ''

''အင္း '' ယန္းခ်င္းခ်ီ ျပန္ေျဖလိုက္သည္။

က်န္းေမာ့ခ်န္ နားမလည္ႏိုင္ေတာ့ေပ။ သူ ဆိုဖာကိုမွီလိုက္ကာ စကားလုံးေတြကို ေခါင္းထဲမွာ အတတ္ႏိုင္ဆုံး စီရီလိုက္ၿပီး ထုတ္ေဖာ္ျပမည့္ သူ႕အေတြးေတြကို တဖက္လူအထင္မလြဲေစရန္ ေလသံကိုေဖ်ာ့၍

'' ခ်င္းခ်ီ ကိုယ္ ဒီလိုေမးတာက သူ႕အတြက္ေျပာေပးေနတာလည္းမဟုတ္သလို မင္းရဲ႕ဆုံးျဖတ္ခ်က္ကို သေဘာမတူတာမ်ိဳး မေထာက္ခံတာမ်ိဳးလည္းမဟုတ္ဘူးေနာ္ ကိုယ္ဒီတိုင္းနားမလည္လို႔ေမးၾကည့္တာ ကိုယ္နဲ႔သူနဲ႔ အဆက္အသြယ္ျပတ္သြားၿပီေလ ကိုယ္တို႔ေတြအနာဂတ္မွာလည္း ဆုံစရာအေၾကာင္းမ႐ွိေတာ့ဘူး အဲ့ဒါေၾကာင့္ သူက မင္းနဲ႔တစ္ေနရာထဲေပၚလာမွာကို ဘာလို႔လက္ခံလိုက္ရတာလဲ? သူနဲ႔ေတြ႕မယ္? ကိုယ္မင္းကို အျပစ္တင္ေနတာမဟုတ္ဘူးေနာ္ မင္းဘာေတြးေနမွန္း ကိုယ္ေသခ်ာမသိလို႔ ေမးၾကည့္တာ ဒီ Variety Showကို အခုမွစJoinခါစမို႔လို႔ သူ႕အတြက္ေၾကာင့္နဲ႔ ပ႐ိုဂရမ္အဖြဲ႕ကို အလုပ္မ႐ႈပ္ေစခ်င္လို႔လား ဒါမွမဟုတ္ သူ႕ကိုဒီတိုင္းေတြ႕ၾကည့္ခ်င္လို႔ သေဘာတူလိုက္တာလား ဘယ္တစ္ခုလဲ မင္းဘာေတြေတြးထားလဲဆိုတာ ကိုယ့္ကိုေသခ်ာေလး ေျပာျပလို႔ရမလား ''

က်န္းေမာ့ခ်န္၏ေလသံမွာ အရမ္းကိုညင္သာလြန္းတာေၾကာင့္ သူ႕ကိုအထင္မလြဲေစခ်င္လို႔ ေသခ်ာေလးေလသံေဖ်ာ့၍ေခ်ာ့ေမးေနမွန္း ယန္းခ်င္းခ်ီ ေကာင္းေကာင္းႀကီး သေဘာေပါက္သည္။

သူ ျပဳံးမိသြားကာ ခပ္ေျဖးေျဖးေလး ေျပာလာသည္။

''က်န္းေမာ့ခ်န္ ခင္ဗ်ားစိတ္႐ႈပ္ေနစရာမလိုပါဘူး ကြၽန္ေတာ္ အထင္လည္းမလြဲသလို စိတ္ထဲလည္းမထားဘူး သူ႕အတြက္ေမးေနတာမဟုတ္ဘူးဆိုတာကိုလည္း ကြၽန္ေတာ္သိတယ္ တကယ္လို႔ ခင္ဗ်ားအခုဖုန္းမေခၚဘူး ဆိုရင္ေတာင္ ညေနအားတာနဲ႔ ကြၽန္ေတာ္ဒီကိစၥအတြက္ ခင္ဗ်ားကိုဖုန္းေခၚဖို႔ရည္႐ြယ္ထားၿပီးသား ကြၽန္ေတာ္ကတိေပးထားၿပီးသားမလား ကြၽန္ေတာ္႕ကိစၥေတြကို သူစိမ္းေတြဆီကေနတစ္ဆင့္ ျပန္မၾကားေစရဘူးလို႔ ကြၽန္ေတာ္မွတ္မိပါတယ္ ''

က်န္းေမာ့ခ်န္ တဖက္လူစကားကိုၾကားေတာ့ အနည္းငယ္စိတ္သက္သာရာရသြားကာ

''ဒါဆို ဘာလို႔သေဘာတူလိုက္တာလဲ ကိုယ့္ကို႐ွင္းျပ ''

ယန္းခ်င္းခ်ီ ခဏေလာက္စဥ္းစားလိုက္ရင္း

''ဘယ္လိုစေျပာရမလဲ ခင္ဗ်ားေျပာတာေတြလည္းမွန္တယ္ ဒီ Variety Showကို ကြၽန္ေတာ္႕အလုပ္လို႔ သေဘာထားတဲ့အတြက္ သူ႕အတြက္ေၾကာင့္နဲ႔ ပ႐ိုဂရမ္အဖြဲ႕ကို အက်ိဳးမ႐ွိ အလုပ္မ႐ႈပ္ေစခ်င္ဘူး ၿပီးေတာ့ ဒီေလာက,က ဒီေလာက္အက်ယ္ႀကီး ကြၽန္ေတာ္ သူ႕ကို ဒီတေခါက္ ေ႐ွာင္လိုက္ပါၿပီတဲ့ မေတြ႕ပဲေနပါၿပီတဲ့ ဒါေပမဲ့ အနာဂတ္မွာ တေကြ႕မဟုတ္တေကြ႕ျပန္ေတြ႕ရမွာပဲ ကြၽန္ေတာ္ကသူ႕ကိုေၾကာက္လို႔ေ႐ွာင္ရမွာလား စကားအျဖစ္နဲ႔ေတာင္အဲ့လိုမေျပာခ်င္ဘူး ကြၽန္ေတာ္႕ကို​ေၾကာက္ေအာင္လုပ္ႏိုင္တဲ့ အရည္အခ်င္း သူ႕မွာမ႐ွိဘူး ''

က်န္းေမာ့ခ်န္ ဘာမွဝင္မေျပာပဲ ၿငိမ္ၿငိမ္ေလး နားေထာင္ေနသည္။

ယန္းခ်င္းခ်ီ ဆက္ေျပာလာသည္။

''တကယ္လို႔ သူက နာမည္တက္ဖို႔အတြက္နဲ႔ ဒီ Variety Showထဲဝင္တာဆိုရင္ေတာ့ ျပႆနာမ႐ွိဘူးေပါ့ ဒါေပမဲ့ ကြၽန္ေတာ္႕ဆီဦးတည္ၿပီး လာတယ္ဆိုရင္ေရာ? ဟုတ္ၿပီ Variety Show အဖြဲ႕က ကြၽန္ေတာ္႕ကိုမ်က္ႏွာသာေပးၿပီး သူ႕ကိုျငင္းလိုက္ပါၿပီတဲ့ သူကြၽန္ေတာ္နဲ႔ ေတြ႕ဖို႔ ေနာက္တစ္နည္းထပ္႐ွာဦးမွာပဲ ကြၽန္ေတာ္႕အတြက္နဲ႔လာတာဆိုရင္လည္း ေ႐ွာင္လို႔မရသလို ကြၽန္ေတာ္႕အတြက္နဲ႔မဟုတ္ဘူးဆိုရင္လည္း ႏွစ္ဖက္လုံးအတြက္အဆင္ေျပတယ္ ဘာလို႔ ပ႐ိုဂရမ္အဖြဲ႕ကို ေငြအားလူအားအကုန္ခံၿပီး ျငင္းခိုင္းေနရမွာလဲ ''

က်န္းေမာ့ခ်န္ ခဏေလာက္ တိတ္ဆိတ္ေနကာ သက္ျပင္းတိုးတိုးေလးခ်ၿပီး

''မင္း မေပ်ာ္ရင္ဘယ္လိုလုပ္မလဲ ''

''အဲ့လိုေတာ့မျဖစ္ပါဘူး ဒီတိုင္းအလုပ္ေတာ့ နည္းနည္း ႐ႈပ္မွာေပါ့ ''

''မင္းအလုပ္႐ႈပ္မွာစိုးရင္ ကိုယ္ ပ႐ိုဂရမ္အဖြဲ႕ကိုျငင္းခိုင္းလိုက္မယ္ ''

''ဒီတေခါက္မေတြ႕ေတာ့ေရာ? အနာဂတ္မွာထပ္ေတြ႕ဦးမွာပဲ ဒီလိုခိုင္းႏိႈင္းတာက နားဝင္ဆိုးေပမဲ့ေလ သူကခင္ဗ်ားဖိနပ္ေအာက္က ပီေကလိုပဲ ခြာခ်ပစ္မွရမွာ သူ႕ဘာသာသူျပဳတ္က်လာမွာကို ထိုင္ေစာင့္ေနလို႔မရဘူးေလ ဟုတ္တယ္မလား ''

''နားဝင္မဆိုးပါဘူး '' က်န္းေမာ့ခ်န္ဆက္ေျပာလာသည္။ ''သူက မဟုတ္တာေတြလုပ္ေနမွေတာ့ တျခားလူ ေဝဖန္တာကို အျပစ္တင္ခ်င္လို႔ရမလား ''

ယန္းခ်င္းခ်ီ ဘာမွမေျပာပဲ ရယ္လိုက္သည္။

က်န္းေမာ့ခ်န္ ဖုန္းကိုကိုင္ကာ နည္းနည္းေလးေဒါသထြက္လာသလို ခံစားေနရသည္။ ယြမ္မင္႐ႊိ ယန္းခ်င္းခ်ီ႐ွိေနသည့္ Variety Showကိုသြားလိမ့္မည္ဟု သူတကယ္ႀကီးမေမွ်ာ္လင့္ထားခဲ့ေပ။ တ႐ုတ္ႏိုင္ငံမွာ Variety Showေတြဒီေလာက္ေပါတာ 《 လာပါ၊သူငယ္ခ်င္း! တိုက္ခိုက္လိုက္ၾကရေအာင္ 》တစ္ခုထဲကပဲ နာမည္အႀကီးဆုံးမဟုတ္ေပ။ ယြမ္မင္႐ႊိ ဒီ Variety Showကိုမွ တမင္ေ႐ြးရသည့္ ရည္႐ြယ္ခ်က္မွာ သိသာလြန္းလွသည္။ က်ိန္းေသေပါက္ ယြမ္မင္႐ႊိကို ယန္းခ်င္းခ်ီက မ်က္စိထဲမထည့္တာကိုလည္းသူသိသည္။ ယန္းခ်င္းခ်ီႏွင့္ထိပ္တိုက္ရင္ဆိုင္လွ်င္ အက်ိဳးယုတ္မဲ့လူမွာ ယြမ္မင္႐ႊိျဖစ္ေနမွာကိုလည္း သူသိသည္။ သို႔ေသာ္ စိတ္မပူပဲမေနႏိုင္ခဲ့။ ယန္းခ်င္းခ်ီက ခံရမဲ့လူမဟုတ္ဘူးဟု သူ႕ကိုယ္သူ အႀကိမ္ႀကိမ္ေျပာေနမိေသာ္ျငား ယြမ္မင္႐ႊိကို တစ္​ေယာက္ထဲရင္မဆိုင္ေစခ်င္ပါ။ ထိုအခ်ိန္တြင္ ယန္းခ်င္းခ်ီေ႐ွ႕ကေန မားမားမတ္မတ္ရပ္တည္ေပးခ်င္သည္။

က်န္းေမာ့ခ်န္ အခုအခ်ိန္မွာ ဘယ္လိုခံစားေနရလဲ စကားနဲ႔ေတာင္ ႐ွင္းျပလို႔မရေပ။ ခံစားခ်က္မွာ သူ ယန္းခ်င္းခ်ီနဲ႔ ယြမ္မင္႐ႊိကို ႏွစ္ေယာက္ထဲေပးမေတြ႕ေစခ်င္သလိုမ်ိဳးပင္။ က်န္းေမာ့ခ်န္ လက္ထပ္ခါစအခ်ိန္က ယြမ္မင္႐ႊိျပန္ေရာက္လာလွ်င္ သူတို႔အားလုံးလူစုၿပီး ယန္းခ်င္းခ်ီကိုေခၚကာ သူ႕သူငယ္ခ်င္းေတြနဲ႔ေရာ ယြမ္မင္႐ႊိနဲ႔ပါ မိတ္ဆက္ေပးမည္ဟု စိတ္ကူး႐ွိခဲ့သည္။ ထိုအခ်ိန္က သူ တကယ္ႀကီး ယြမ္မင္႐ႊိနဲ႔ ယန္းခ်င္းခ်ီကိုေတြ႕ေစခ်င္သည္။

သို႔ေသာ္ ေနာက္ပိုင္းက် ဘယ္အခ်ိန္ကစခဲ့မွန္းမသိေတာ့ပါ။ သူ တျဖည္းျဖည္းနဲ႔ ထိုႏွစ္ေယာက္ကိုမေတြ႕ေစခ်င္ေတာ့ေပ။ ယန္းခ်င္းခ်ီေ႐ွ႕မွာ ယြမ္မင္႐ႊိဆိုတဲ့နာမည္ကို ထုတ္မေျပာခ်င္တာေၾကာင့္ ထိုေန႔ကလည္း အသိမေပးပဲ သြားေတြ႕ခဲ့ျခင္းျဖစ္သည္။ ဒီေန႔ ကြမ္ေမဆီကေန ယြမ္မင္႐ႊိက ယန္းခ်င္းခ်ီ႐ိုက္ေနသည့္ Variety Showကို ဧည့္သည့္အ​ျဖစ္ဝင္လာမည္ဟုၾကားလိုက္ရေသာအခါ စိတ္အေႏွာက္အယွက္ျဖစ္သြားသလို ေဒါသလည္းထြက္မိသည္။

ယန္းခ်င္းခ်ီနဲ႔ ယြမ္မင္႐ႊိကို ေတြ႕လည္းမေတြ႕ေစခ်င္သလို စကားလည္းမေျပာေစခ်င္ေပ။ ယြမ္မင္႐ႊိ ယန္းခ်င္းခ်ီကို တစ္ခုခုလုပ္လိုက္မွာ၊ စိတ္မသက္သာစရာ စကားတခြန္းခြန္းေျပာလိုက္မွာကို သူ စိုးရိမ္သည္။ ယြမ္မင္႐ႊိအျပဳအမူေၾကာင့္ ယန္းခ်င္းခ်ီနာက်င္သြားမွာ၊ စကားေၾကာင့္ စိတ္မသက္မသာ ျဖစ္သြားမွာကို သူ ေၾကာက္မိသည္။

က်န္းေမာ့ခ်န္ သူ႕ကိုယ္သူေနာင္တရလြယ္သူတစ္ေယာက္ဟု ဘယ္တုန္းကမွ မသတ္မွတ္ခဲ့ပါ။ သူ ငယ္ငယ္တုန္းက မိဘေတြသြန္သင္ဆုံးမခဲ့သည္မွာ ကိုယ္စိုက္တဲ့အသီးအႏွံကို ကိုယ္သာ ရိတ္သိမ္းရမည္။ ကိုယ္လုပ္သမွ်အရာရာတိုင္းကို ေကာင္းေကာင္းဆိုးဆိုး ကိုယ္ပဲခါးစည္းခံရမည္ ဟုပင္။ ထို႔ေၾကာင့္ သူတစ္ခုခုလုပ္ေတာ့မည္ဆိုလွ်င္ အေၾကာင္းအက်ိဳး ေသခ်ာစဥ္းစားသုံးသပ္ကာ ဘယ္ေတာ့မွေနာင္တရေစမည့္အလုပ္မ်ိဳး မလုပ္ခဲ့ဖူးပါ။ သူ အခုေတာ့ ေတာ္ေတာ္ႀကီး ေနာင္တရေနၿပီျဖစ္သည္။ သူ ယြမ္မင္႐ႊိအား ႀကိဳက္ခဲ့ဖူးတာကိုေနာင္တရသည္။ သူ ယြမ္မင္႐ႊိအတြက္ အရာရာေပးဆပ္ခဲ့ဖူးတာကို ေနာင္တရသည္။ ထိုအခ်က္ႏွစ္ခ်က္က ယြမ္မင္႐ႊိ ယန္းခ်င္းခ်ီရင္ကိုစိုက္မည့္ ဓားထက္ထက္ျဖစ္လာမွာကို ေၾကာက္မိသည္။ ''သိတယ္မလား သူငါ့ကိုႀကိဳက္ဖူးတယ္ေလ '' ဆိုသည့္စကားမ်ားျဖင့္ ယန္းခ်င္းခ်ီအား ထိုးႏွက္လာမွာကို ေၾကာက္သည္။

သူ ယြမ္မင္႐ႊိအား ႀကိဳက္ဖူးသည္ကို ယန္းခ်င္းခ်ီသိၿပီးသားျဖစ္ေသာ္ျငား တဖက္လူပါးစပ္ကေန ထုတ္ေျပာလာမွာကို ၾကားခ်င္သည္ဟုမဆိုလိုေပ။ ၾကားလိုက္လွ်င္လည္း ဘာမွမျဖစ္သလိုေနႏိုင္မည္ဟု မဆိုလိုေပ။

က်န္းေမာ့ခ်န္ ေတြးေလ စိတ္မခ်ေလ ျဖစ္လာတာေၾကာင့္ သက္ျပင္းဖြဖြ ခ်လိုက္ကာ

''ခ်င္းခ်ီ ကိုယ္ေတြးၾကည့္လိုက္တာ ယြမ္မင္႐ႊိ႐ိုက္မဲ့အပိုင္းကိုပဲ ကိုယ္ပါလာ႐ိုက္ရင္ေကာင္းမလားလို႔ ''

ယန္းခ်င္းခ်ီ တဖက္လူဘက္ကေန ထိုသို႔ေျပာလာမည္ဟု မထင္လိုက္တာေၾကာင့္ နည္းနည္းေလးအံ့အားသင့္သြားကာ

''ခင္ဗ်ားက ဘာလာလုပ္မွာလဲ ''

''ဘာလာလုပ္ရမွာလဲ ကိုယ္ ပ႐ိုဂရမ္အဖြဲ႕နဲ႔ ႏွစ္ပိုင္းလာ႐ိုက္ေပးဖို႔ လက္မွတ္ထိုးထားတယ္မလား ဒီတေခါက္မလာျဖစ္ေတာင္ ေနာက္တေခါက္လာရမွာပဲဟာ ''

''ဒါေပမဲ့ ခင္ဗ်ား ဒီတေခါက္လာစရာမလိုဘူးေလ '' ယန္းခ်င္းခ်ီ ေခါင္းႀကီးသြားသည္။ '' ေဝ့လန္လည္းလာမယ္လို႔ေျပာတယ္ ခင္ဗ်ားတို႔ႏွစ္ေယာက္လုံး အဲ့အပိုင္းလာ႐ိုက္လိုက္လို႔ကေတာ့ ဝက္ဝက္ကြဲေအာင္ေပါက္ေတာ့မွာပဲ လူေတြကိုလန္႔ေသေစခ်င္လို႔လား ''

''ေဝ့လန္က ဘာလာလုပ္မွာလဲ '' က်န္းေမာ့ခ်န္ သိခ်င္သြားသည္။

''ပြဲၾကည့္ခ်င္လို႔တဲ့ေလ ကြၽန္ေတာ္နဲ႔ယြမ္မင္႐ႊိေတြ႕မွာကို သူကေဘးကေန ခမ္းခမ္းနားနား ကြာေစ့ကိုက္ရင္း စပ္စုခ်င္ေနတာ ''

က်န္းေမာ့ခ်န္ နဖူးကို လက္ျဖင့္ေထာက္ထားလိုက္ကာ

''ကိုယ္ခဏေနမွ သူ႕အစ္ကိုကို ဖုန္းဆက္ၿပီးတိုင္ဦးမယ္ ကိုယ့္ညီကိုေသခ်ာထိန္းထားဖို႔ အဲ့ဒါမွ သူမ်ားကိစၥေတြ လိုက္စိတ္မဝင္စားေတာ့မွာ ''

ယန္းခ်င္းခ်ီရယ္လိုက္ကာ ''အဲ့လိုလုပ္လိုက္ရင္ သူ ခင္ဗ်ားကို ေသေလာက္ေအာင္ ေဒါသထြက္ေနလိမ့္မယ္ ''

''ကိုယ္ေျပာမယ္ ေဝ့႐ႊင္းက သူ႕ညီကိုအရမ္းအလိုလိုက္လြန္းတယ္ ကိုယ့္မွာသာသူ႕လိုညီမ်ိဳး႐ွိရင္ အျပစ္ႀကီးႀကီးလုပ္ထားရင္ သုံးရက္တစ္ခါ႐ိုက္မယ္ အျပစ္ေသးေသးလုပ္ထားရင္ ငါးရက္တစ္ခါ႐ိုက္မယ္ ''

''အပိုေတြေလွ်ာက္ေျပာမေနနဲ႔ ခင္ဗ်ားလား အဲ့လိုလုပ္မွာ ''

က်န္းေမာ့ခ်န္ ေဝ့လန္အေၾကာင္းဆက္မေျပာခ်င္ေတာ့တာေၾကာင့္ သူလာမည္ဆိုသည့္အေၾကာင္းကို ဇြဲ႐ွိ႐ွိထပ္ေျပာလာျပန္သည္။

''ဒါဆို ကိုယ္အဲ့အပိုင္းလာဖို႔ ဆုံးျဖတ္လိုက္ၿပီေနာ္ ''

''က်န္းေမာ့ခ်န္...... ''

ယန္းခ်င္းခ်ီစကားကို က်န္းေမာ့ခ်န္က အလ်င္အျမန္ျဖတ္ေျပာလာသည္။

''ကိုယ္ မင္းကို အခု ဘယ္လိုေခၚေနၿပီလဲ ကိုယ့္ဆီကေန တစ္ခုခုျပန္သင္ယူသင့္တယ္လို႔ မထင္ဘူးလား ''

ယန္းခ်င္းခ်ီ မရယ္ပဲမေနႏိုင္ခဲ့။ သူတစ္ဖက္လူအၾကံကိုလက္ခံလိုက္ကာ

''ဒါဆို ေမာ့ခ်န္? ''

က်န္းေမာ့ခ်န္က ''ဟမ္~'' ဟု ျပန္ထူးလာသည္။

တဖက္လူ၏ ေက်နပ္သံကိုၾကားလိုက္ေတာ့ ယန္းခ်င္းခ်ီ အသံတိုးေလးျဖင့္

''ေမာ့ခ်န္ ခင္ဗ်ားအဲ့ကိုလာခ်င္တာ ယြမ္မင္႐ႊိလာလို႔မလား ကြၽန္ေတာ္နဲ႔သူအဆင္မေျပမွာ စိုးလို႔မလား ''

''သူ မင္းကို မေပ်ာ္ေအာင္လုပ္မွာ စိုးလို႔ ''

''အဲ့လိုမျဖစ္ပါဘူး '' ယန္းခ်င္းခ်ီ ေလသံေပ်ာ့ေလးျဖင့္ '' ကြၽန္ေတာ္႕ကို မေပ်ာ္ေအာင္လုပ္ႏိုင္တဲ့လူက လက္ခ်ိဳးေရလို႔ေတာင္ရတယ္ အဲ့ထဲမွာသူမပါဘူး လုပ္ႏိုင္တဲ့ အရည္အခ်င္းလည္းမ႐ွိဘူး ''

''မင္းကိုယ့္ကိုမလာေစခ်င္ဘူးလား ''

''ကြၽန္ေတာ္ ခင္ဗ်ားကိုမလာေစခ်င္တာမဟုတ္ဘူး သူ႕အတြက္နဲ႔မလာေစခ်င္တာ ''

''ကိုယ္သူ႕ေၾကာင့္လာမွာမဟုတ္ဘူးေလ ကိုယ္....''

''ကြၽန္ေတာ္သိတယ္ '' ယန္းခ်င္းခ်ီ ျဖတ္ေျပာလိုက္သည္။ '' ကြၽန္ေတာ္႕ေၾကာင့္လာမွာ ဒါေပမဲ့ သူနဲ႔သက္ဆိုင္ေနတုန္းေလ ''

က်န္းေမာ့ခ်န္ဘာမွဆက္မေျပာေတာ့ပါ။

''သူ ကြၽန္ေတာ္႕ကိုပဲ ေတြ႕ခ်င္လို႔လာတယ္လို႔ ထင္ေနလား '' ယန္းခ်င္းခ်ီ ​မဲ့ျပဳံးျပဳံးလိုက္ကာ '' ကြၽန္ေတာ္ဘယ္လိုပုံစံလဲသိခ်င္ရင္ ဓာတ္ပုံေတြထဲမွာၾကည့္လို႔ရေနတာပဲ တကူးတကလာစရာကိုမလိုတာ သူ ကြၽန္ေတာ္႕ကေနတစ္ဆင့္ ခင္ဗ်ားကိုေတြ႕ခ်င္ေနတာ ဒါေပမဲ့ '' ယန္းခ်င္းခ်ီ ကားေနာက္ၾကည့္မွန္မွာ ေပၚေနသည့္သူ႕ကိုယ္သူျပန္ၾကည့္လိုက္သည္။ သူ႕မ်က္ႏွာကတည္ၿငိမ္ေနေသာ္ျငား မ်က္ဝန္းနက္နက္ထဲက တစ္ကိုယ္ေကာင္းဆန္မႈမ်ားကို ဖုံးမရ။ '' ကြၽန္ေတာ္ က သူျဖစ္ခ်င္တာကို ဘာလို႔ လြယ္လြယ္ေလး ျဖစ္ခြင့္ေပးလိုက္ရမွာလဲ ''

ညင္သာေသာ္ျငား ဆုံးျဖတ္ခ်က္ခိုင္မာေနသည့္ သူ႕စကားသံသူျပန္ၾကားေနရသည္။

''ကြၽန္ေတာ္လည္း တစ္ကိုယ္ေကာင္းဆန္တတ္တယ္ ကြၽန္ေတာ္လည္းကိုယ့္ကိုကိုယ္ ဦးစားေပးတတ္တယ္ ကြၽန္ေတာ္က ဘာလို႔ ခင္ဗ်ားနဲ႔သူ႕ကိုေပးေတြ႕ရမွာလဲ ဘာအေၾကာင္းျပခ်က္နဲ႔လဲ ဘာလို႔ခြင့္ျပဳရမွာလဲ ''

က်န္းေမာ့ခ်န္ အံ့ၾသသြားသည္။ သူထိုအခ်က္ကိုထည့္မစဥ္းစားခဲ့ပါ။ ေစ့ေစ့စပ္စပ္ မစဥ္းစားခဲ့မိတာဆို ပိုမွန္မည္။ ယန္းခ်င္းခ်ီ ယြမ္မင္႐ႊိနဲ႔ တစ္ေယာက္ထဲရင္ဆိုင္ေနရတာက တဖက္လူအတြက္ မမွ်တဘူးဟု ထင္လိုက္မိတာေၾကာင့္ အနားမွာေနၿပီး ေ႐ွ႕ကေနမားမားမတ္မတ္ရပ္တည္ေပးခ်င္သည့္ အေတြးသာ႐ွိခဲ့သည္။ တဖက္လူကလည္း သူ႕လို ဒီလိုေလးေတြ လိုက္ဂ႐ုစိုက္ေနမယ္မွန္း မေမွ်ာ္လင့္ထားမိပါ။

''ကြၽန္ေတာ္ ခင္ဗ်ားကို ေျခာက္သလိုျဖစ္သြားလား '' ယန္းခ်င္းခ်ီ ႏူးႏူးညံ့ညံ့ေလးေမးလာသည္။ ''ကြၽန္ေတာ္ေျပာတာ အရမ္းလြန္သြားတယ္လို႔ထင္လား ''

''မထင္ပါဘူး '' က်န္းေမာ့ခ်န္ ညင္ညင္သာသာေလးျပန္ေျဖလာသည္။ '' မင္းမလြန္ဘူး မင္းအပိုေတြလုပ္ေနတာလဲမဟုတ္ဘူး ကိုယ္ကခပ္ေပါ့ေပါ့ ေတြးလိုက္မိတာ မင္းခံစားခ်က္ကို ထည့္မတြက္မိလိုက္ဘူး ''

က်န္းေမာ့ခ်န္ဘက္ကေန ထိုသို႔ေျပာလာမည္ဟု မထင္လိုက္တာေၾကာင့္ ယန္းခ်င္းခ်ီ ဘာမွထပ္မေျပာေတာ့ပဲ တိတ္တိတ္ေလးသာေနလိုက္သည္။

''မင္းေျပာတာမွန္တယ္ '' က်န္းေမာ့ခ်န္ အလ်င္စလိုမ႐ွိေျပာလာသည္။ သို႔ေသာ္ ထိုေလသံကပင္ နားေထာင္သူကို စိတ္ေအးသက္သာမႈရေစသည္။ ''ကိုယ္တို႔က ဘာလို႔ သူ႕စိတ္တိုင္းက်လိုက္လုပ္ေပးရမွာလဲ ''

ယန္းခ်င္းခ်ီ တဖက္လူေျပာလိုက္သည့္ 'ကိုယ္တို႔'ဆိုသည့္စကားလုံးကို သတိထားမိလိုက္သည္။ 'မင္း'လည္း မဟုတ္ဘူး။ 'ကိုယ္'လည္း မဟုတ္ဘူး။ ႏွစ္ေယာက္လုံးကို ရည္ၫႊန္းသည့္ 'ကိုယ္တို႔' ။

က်န္းေမာ့ခ်န္ တစ္လုံးခ်င္း ဆက္ေျပာလာတာကို သူ႐ွင္း႐ွင္းလင္းလင္းၾကားလိုက္ရသည္။

''မင္းက ကိုယ့္ရဲ႕တရားဝင္အိမ္ေထာင္ဖက္ အဲ့ေတာ့ အနာဂတ္မွာ ကိုယ္ ဘယ္သူနဲ႔ေတြ႕ရမယ္ မေတြ႕ရဘူးဆုံးျဖတ္ပိုင္ခြင့္က မင္းလက္ထဲမွာ႐ွိၿပီးသား ဘယ္လိုပဲျဖစ္ျဖစ္ မင္းက ကိုယ့္ရဲ႕ တစ္ဦးတည္းေသာ မစ္စ္က်န္းပဲဟာ ''

ယန္းခ်င္းခ်ီ ထိုစကားေၾကာင့္ သူေတာင္မသိလိုက္ပါပဲ ခ်ိဳၿမိန္စြာျပဳံးလိုက္မိသည္။

''ခ်င္းခ်ီ '' က်န္းေမာ့ခ်န္ သူ႕ကိုေခၚလာသည္။

''ဟမ္? ''

''ကိုယ္ ယြမ္မင္႐ႊိနဲ႔ထပ္မဆက္သြယ္ေတာ့ဘူးလို႔ မင္းကိုကတိေပးၿပီးမွေတာ့ ဘာကိစၥပဲျဖစ္ျဖစ္ ကိုယ္သူနဲ႔ဆက္သြယ္မွာမဟုတ္ေတာ့ဘူး အဲ့ေတာ့ စကားတခ်ိဳ႕ကို မင္းကေနတစ္ဆင့္ပဲေျပာခိုင္းရေတာ့မယ္ သူ ဒီတေခါက္ မင္းေ႐ွ႕မွာ ေပၚလာတာကလည္း ဒါ ပထမဆုံးနဲ႔ ေနာက္ဆုံးအႀကိမ္ပဲ ေနာက္မေပၚလာေစရဘူး သူ႕ကိုေျပာေပးပါ __ လူဆိုတာ ကိုယ့္ကိုကိုယ္တန္ဖိုးထားမွ ကိုယ့္ကိုကိုယ္ခ်စ္မွ ကိုယ့္ကိုကိုယ္ေလးစားမွ သူမ်ားကလည္း ကိုယ့္နည္းတူတန္ဖိုးထားေလးစားတာလို႔ ကိုယ့္ကိုကိုယ္အ႐ွက္ရေစမဲ့ကိစၥေတြ ထပ္မလုပ္နဲ႔ ႐ုပ္ဆိုးေစတယ္ ___ လို႔ ကိုယ့္အစား သူ႕ကိုေျပာေပး ''

ယန္းခ်င္းခ်ီ ထိုစကားေတြေၾကာင့္ အံ့အားသင့္သြားကာ ၿပီးမွ ''ေၾသာ'' ဟူသည့္ ျပန္ေျဖသံေလးျဖင့္ ကတိေပးလိုက္သည္။

''ၿပီးေတာ့..... '' က်န္းေမာ့ခ်န္ ဆက္မေျပာပဲ ခဏေလာက္ရပ္ေနျပန္သည္။

ယန္းခ်င္းခ်ီကလည္း တဖက္လူကိုမေလာပဲ တိတ္တိတ္ေလးၿငိမ္ၿပီး နားေထာင္ေနသည္။

''ၿပီးေတာ့.... '' ဆက္ေျပာလာသည့္ က်န္းေမာ့ခ်န္အသံမွာ ႏူးႏူးညံ့ညံ့ '' ကိုယ္ မင္းကို လြမ္းတယ္ ''

ထင္း႐ွဴးကိုင္းလႈပ္ခါမႈေၾကာင့္ ႏွင္းခဲေလး ေႂကြက်လာသလိုမ်ိဳး ထိုေအးျမမႈေလးမွာ ယန္းခ်င္းခ်ီႏွလုံးသားထဲ ခပ္ေျဖးေျဖးခ်င္း သက္ဆင္းလာသည္။

ယန္းခ်င္းခ်ီ အူေၾကာင္ၾကား႐ုပ္ေလးျဖစ္သြားကာ တဖက္လူကို ျပန္ေမးလိုက္သည္။

''ခင္ဗ်ား ဘာေျပာလိုက္တာ? ''

__________________________________

[ မင္းက ကိုယ့္ရဲ႕ တစ္ဦးတည္းေသာ မစ္စ္က်န္းပဲဟာ ]

Nini အေျခအေန : ငါဘာလို႔ဘဲေတာင္မ႐ွိရတာလဲ

Continue Reading

You'll Also Like

13.2K 1.1K 14
အန်တီက မောင့်ရဲ့ထာဝရကြင်နာသူပါ။ အန္တီက ေမာင့္ရဲ႕ထာဝရၾကင္နာသူပါ။
376K 38.7K 41
Title - 《顶级掠食者》 Title in English -《Alpha Predator》 Author - ShuiQianCheng [水千丞] Status- Ongoing No. of chapters - 132 Gong -瞿末予 (Qú Mò Yǔ ) / ချွီမေ...
256K 13.9K 52
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
78.5K 9K 87
transition novel