Unicode
"သူအဆင်ပြေရဲ့လား"
"မင်းမေ မင်းဟာမင်းသွားကြည့်ပါ့လား"
ပြာယာခတ်နေတဲ့ထယ်ယောင်းကိုကြည့်ရင်း ယွန်းဂီစိတ်ရှုပ်စွာဆဲရေးလိုက်မိသည်...
"ကျေးဇူး..."
ထယ်ယောင်းရဲ့ကျေးဇူးတင်စကားတို့ကို ယွန်းဂီနားမထောင်ချင်ပါ..
အချိန်အကြာကြီးခင်မင်ခဲ့တဲ့သူငယ်ချင်း တယောက်ကိုကျေးဇူးတင်တယ်ပြောဖို့လိုအပ်ရဲ့လား...
ထယ်ယောင်းကိုကေိာခိုင်းထွက်ခွာဖို့ပြင်မိပေမဲ့...
"အဟွန်း နောက်လထဲ ငါ့စေ့စပ်ပွဲရှိတယ်
မင်း..."
ပြောပီးမှာဘာလို့ပြောရတာလဲဆိုပီး ယွန်းဂီကိုယ့်ကိုယ်ကိုဒေါသထွက်မိသည်..
"မင်းမလာလည်းရတယ်"
"ကျွန်တော်လာခဲ့ပါ့မယ်"
ယွန်းဂီ မူမပျက်ထယ်ယောင်းရှေ့ကနေထွက်လာလိုက်သည်..
ထယ်ယောင်းကတော့ ဂျီမင်ရှိတဲ့ ဆေးရုံအခန်းတံခါးကိုအသာဆွဲဖွင့်ရင်း ၀င်သွားလိုက်သည်..
"ဂျီမင်"
ထယ်ယောင်းအသံသည် အနည်းငယ်တိုးနေသော်လည်း ပြတင်းပေါက်ကိုငေးကြည့်နေသည့် ဂျီမင်ကြားနိုင်ခဲ့ပါသည်..
ဂျီမင် ထယ်ယောင်းဘက်ကိုလှည့်ကြည့်ရင်းပြုံးပြ လိုက်သည်...ဂျီမင်ရဲ့ဖြူစင်တဲ့အပြုံးကြောင့် ထယ်ယောင်းအနည်းငယ်ပင် အပြစ်ရှိသလိုခံစားလိုက်ရသည်..
သို့သော် နောင်တရသလား မေးရင်တော့ ထယ်ယောင်းနောင်တမရဟုဖြေမိလိမ့်မည်...
သူသာအခုလိုမလုပ်ခဲ့ရင် သူချစ်တဲ့ဆော့ဂျင် စိတ်ဆင်းရဲခဲ့ရမှာပင်...
ချစ်သူပျော်ဖို့ ငရဲကျသလိုအပြစ်ရှိတဲ့ခံစားချက်ကို ထယ်ယောင်းရဲရဲကြီး ခံယူရဲပါသည်...
"မင်း သက်သာတယ်မလား"
"အင်း အကုန် မင်းကျေးဇူးကြောင့်ပါ"
ဂျီမင်က သူ့ကိုကြည့်ရင်း ထပ်ပြုံးပြလေပြန်သည်..
သို့သော် အပြစ်ရှိသည့် သူ့စိတ်ထဲမှာတော့ ထိုအပြုံးဟာပူလောင်မှုကိုသာ ပေးစွမ်းနိုင်လေသည်...
'မပြုံးပြပါနဲ့ ဂျီမင်
ငါမင်းအပေါ်လုပ်ခဲ့တဲ့အပြစ်တွေကို ဒီဘာမဟုတ်တဲ့ကိစ္စလေးနဲ့ ခွင့်လွှတ်မပေးလိုက်ပါနဲ့
မင်းခွင့်လွှတ်လေ ငါအပြစ်ရှိသလိုပိုခံစားရလေဖြစ်နေလို့ပါ'
ဂျီမင် သူ့ရှေ့မှာ အတွေးများနေတဲ့ထိုသူ့ကိုကြည့်ရင်း ခံစားချက်တချို့၀င်လာခဲ့သည်..
အကယ်၍ ထယ်ယောင်းသာ Stevenအကြောင်းသိသွားရင်တောင် သူစိုးရိမ်စရာမလိုဘူးဟူ၍ပင်...
ထယ်ယောင်းက ကလေးချစ်တတ်သလို Stevenကလည်း ဖခင်မေတ္တာကိုလိုအပ်သည်..
မိဘအရင်းတွေကိုသိခွင့်တောင်မရတဲ့ Stevenကိုကြည့်ရင်း ဂျီမင်၀မ်းနည်းမိသည်..
အကယ်၍ ထယ်ယောင်းသာ Stevenကိုလက်ခံနိုင်ရင် သူထယ်ယောင်းကိုခွင့်လွှတ်ဖို့ဆန္ဒရှိသည်..
ဂျီမင် အနည်းငယ်တွေဝေနေရာကနေ...
"ထယ်ယောင်း ငါမင်းကိုပြောစရာ...အသိပေးစရာတခုရှိတယ်"
"ပြောလေ ဂျီမင်"
"တကယ်တော့ ငါ...."
*Ring*Ring*
ထယ်ယောင်းက ဂျီမင်ကို့အားနာသလိုကြည့်ရင်း အိပ်ကပ်ထဲကဖုန်းကိုအသာထုတ်ယူလိုက်သည်..
Screenမှာပေါ်နေတဲ့ နာမည်တခုကြောင့် ဂျီမင်ကိုယ့်ကိုယ်ကိုလှောင်ရီချင်မိသည်..
"ငါ ဖုန်းခနလောက်..."
ဂျီမင် ပြတင်းပေါက်ဖက်ကိုပြန်လှည့်လိုက်ရင်း..
"ပြောလေ "
"ကျေးဇူး"
ထယ်ယောင်းဖုန်းကိုယူရင်း အခန်းပြင်ကိုထွက်သွားသည်အထိ ဂျီမင်တုတ်တုတ်ပင်မလှုပ်မိ..
'ပတ်ဂျီမင် မင်းတကယ်တုံးအတာပဲ..
ကမ်ထယ်ယောင်းက ကမ်ဆော့ဂျင်တယောက်ထဲကိုပဲကြည့်နေခဲ့တာလေ..
သူက Stevenကိုလက်ခံနိုင်မှာမဟုတ်ဖူး..
အဲ့လိုဆို Stevenအတွက် ပို၀မ်းနည်းစရာကောင်းတယ်မလား'
မကြာခင်မှာပင် အလျင်စလိုဖြစ်နေသည့် မျက်နှာနှင့် ထယ်ယောင်းအခန်းတွင်းသို့ပြန်၀င်လာခဲ့သည်...
"ဂျီမင် ငါတောင်းပန်ပါတယ်
ငါအရေးကြီးကိစ္စလေးပေါ်လာလို့"
"အင်း သွားလေ"
"မင်းပြောမယ်ဆိုတာက.."
"အရေးမကြီးပါဘူး"
ဟုတ်ပါတယ်
အရေးမကြီးပါဘူး..
ကမ်ထယ်ယောင်းအတွက် ကမ်ဆော့ဂျင်ကလွဲရင်ဘယ်အရာကမှ အရေးကြီးကိစ္စဖြစ်မလာနိုင်ပါဘူး...
.
.
.
.
.
.
.
.
.
.
"ကမ်ဆော့ဂျင် မင်းဘယ်သွားမလို့လဲ!!"
ကားသော့ကို ယူဖို့လုပ်နေတဲ့ ဆော့ဂျင်ရဲ့လက်တွေရပ်တန့်သွားသည်..
"ငါဘယ်သွားမယ်ဆိုတာ မင်းကိုတင်ပြဖို့မလိုဘူးထင်တယ်"
ဂျန်းကုမျက်မှောင်ကျုံ့လိုက်မိသည်..
ဖြစ်နိုင်လျှင် သူကမ်ဆော့ဂျင်ကိုကိုင်ပေါက်ပစ်လိုက်ချင်သည်..
သို့သော် သူမလုပ်ရက်...
"မင်းဘာသောက်စကားပြောတာလဲ ကမ်ဆော့ဂျင်
ငါက..."
"အင်း မင်းက မင်းကငါ့အတွက်ဘာလဲ
ငါကရော မင်းအတွက်ဘာလဲ"
မျက်နှာသေနှင့်မေးလာသည့် ဆော့ဂျင်ကိုကြည့်ရင်း ဂျန်းကုလက်သီးကိုတင်းတင်းဆုပ်လိုက်မိသည်..
"ငါ!! မင်းဆိုတဲ့ကမ်ဆော့ဂျင်ရဲ့ တရား၀င်ယူထားတဲ့ခင်ပွန်း ဂျွန်းဂျန်းကု!!
မင်းရဲ့တစ်ဦးတည်းသော အိမ်ဦးနတ်!!!"
ဆော့ဂျင် ဟက်ခနဲရီလိုက်မိသည်..
"ငါကမင်းမေ့နေပီတောင်ထင်တာ"
ဆော့ဂျင် ဂျန်းကုကိုအရေးမစိုက်သလိုပြုမူရင်း ကားသော့ကိုဆွဲယူရင်း အပြင်ထွက်ဖို့ပြင်တော့ ဆွဲယူခံလိုက်ရတဲ့လက်နဲ့ ရောက်ရှိသွားရဲ့ထိုသူ့ရဲ့ရင်ခွင်..
"ဂျင်~"
သိမ်းကျုံးဖက်ထားတဲ့ထိုသူ့ရဲ့ ရင်ခွင်ထဲကအတင်းရုန်းမိတော့ ရန်ရှာခံရတဲ့သူ့ရဲ့နှုတ်ခမ်းသားတွေ..
ဂျွန်းဂျန်းကုက သူ့ကိုနမ်းနေသည်တဲ့လား..
သူဆိုတဲ့ဗီလိန်တယောက်ကိုလေ...
အနမ်းတို့ဟာ အရိုင်းဆန်ခြင်းမရှိတဲ့ နူးညံ့ငြင်သာတဲ့အနမ်းတွေ..
အထူးသဖြင့် သူတို့အတွက် ပထမဆုံးအနမ်း..
ပထမဆုံးအကြိမ်မှာရခဲ့တဲ့အရိုင်းဆန် အနမ်းတွေနဲ့ကွာခြားစွာ နူးညံ့သိမ်မွေ့လွန်းလှသည်...
ဂျန်းကုကိုယ်တိုင်ထိုအနမ်းတွေပါ ပျော်၀င်မိသွားသော်လည်း ထိုသတိလက်လွတ်ဖြစ်နေသည့်အချိန်ကို အခွင့်ကောင်းယူကာ..
*ခွပ်!*
မျက်နှာပေါ်ကျလာသည့် လက်သီးချက်ကြောင့် ဂျန်းကုအနောက်ကိုယိုင်ကျသွားသော်လည်း အရှေ့ကလူသားကိုသာစိုက်ကြည့်နေမိသည်..
"ဂျွန်းဂျန်းကု ခံစားကြည့်လိုက်ပေါ့
ကိုယ့်ရဲ့အိမ်ထောင်ဖက်က တခြားတယောက်နဲ့သွားတွေ့တဲ့ သစ္စာဖောက်သလိုခံစားချက်...
သိက္ခာကျသလိုခံစားချက်ကို ခံစားကြည့်လိုက်ပေါ့"
ဂျန်းကု ဘာစကားမှထွက်မလာမိ..
သူပြောပြချင်သည်..သစ္စာဖောက်ခံရသလို သိက္ခာကြသလိုခံစားရတာထက် သူ(ဆော့ဂျင်)ကို တခြားတယောက်စီသွားတာ သူမမြင်နိုင်လို့ဆိုတာ..
သူရင်ကွဲသလိုခံစားနေရလို့ဆိုတာ..
သ၀န်တိုမိနေလို့ဆိုတာသူပြန်မပြောမိ..
အထူးသဖြင့် ကမ်ဆော့ဂျင်ကသူ့ကိုယုံကြည်မည်မဟုတ်..
သူကိုယ်တိုင်လည်း သူ့ကိုယ်သူမယုံကြည်နိုင်တော့...
ဘယ်ဟာကသူအစစ်အမှန်လဲ...
ကမ်ဆော့ဂျင်ကိုမုန်းခဲ့တဲ့ အတိတ်ကသူလား..
ကမ်ဆော့ဂျင်ကို ချစ်မိဖို့ဖန်တီးနေတဲ့ အခုလက်ရှိသူလား...
မည်သိုပင်ဖြစ်စေ သူအခုလက်ရှိလုပ်နိုင်သည်က သူ့ကိုကျောခိုင်းထွက်ခွာသွားသည့် ကမ်ဆော့ဂျင်ရဲ့ပုံရိပ်ကို ငေးကြည့်နေရုံသာ...
.
.
.
.
.
.
.
.
.
.
"ဂျင် ကိုယ့်ကိုပြောချင်တယ်ဆိုတာက..?"
ဂျင် စားပွဲပေါ်ကို စာအိတ်တခုတင်ပီး ထယ်ယောင်းရှေ့ကိုပေးလိုက်သည်...
တနည်းဖြင့်ပြောရရင် အဖြေစာရွက်..
သူ့ရဲ့အနိုင်ကတ်...
"ဒါက..?"
ထယ်ယောင်း ထိုစာအိတ်ကိုယူရင်းဖွင့်ကြည့်လိုက်တော့...
'DNAအဖြေစစ်ဆေးချက်...
99.99%ကိုက်ညီသည်'
ထယ်ယောင်း ထိုအမည်မပါတဲ့အဖြေစာရွက်ကိုကြည့်ရင်း နားမလည်ဖြစ်မိသည်..
"ကမ်ထယ်ယောင်း ဒါက မင်းအတွက်သိပ်ကိုအရေးကြီးတဲ့ ကိစ္စတခုပဲ"
"ငါ့အတွက်?"
ထယ်ယောင်းရဲ့နားမလည်တဲ့အကြည့်တွေကို ဆော့ဂျင်နားလည်စွာပင်..
"ကျန်တာတော့ မင်းဘာသာရှာရလိမ့်မယ်..
ငါအခု မင်းကိုဒါပေးတာက 1အချက် မင်းငါ့ကိုကူညီဖူးတဲ့အတွက် ငါ့ဘက်ကပြန်ပေးတာ..
ငါကမ်ဆော့ဂျင် တခြားသူအပေါ်ဘယ်တော့မှအကြွေးတင်မခံဘူး.."
ဆော့ဂျင် ထယ်ယောင်းကိုကြည့်ရင်း ပြုံးလိုက်သည်...
သို့သော် ထိုအပြုံးဟာ နူးညံ့သော နေရောင်ခြည်လေးကဲ့သို့မဟုတ်ပေ...
"2အချက် ငါ့ရဲ့ကစားပွဲကိုစဖို့ ငါပထမဆုံးငါးစာကိုပစ်လိုက်ပီ
ငါကျိန်းသေပေါက်နိုင်မဲ့ ကစားပွဲတခုအတွက်ပေါ့"
ပတ်ဂျီမင်က သူ့အတွက် ဂျန်းကုကအားနည်းချက်ဟုထင်နေပုံပင်...
သို့သော် ကမ်ဆော့ဂျင်အတွက် ဂျန်းကုကိုယ်တိုင်ကပင် အားနည်းချက်မဟုတ်ခဲ့...
"ဒီဝိုင်းအတွက် မှာထားတာတွေရပါပီ"
မိမိတို့ဝိုင်းက ဘာမှမမှာထားသော်လည်း ဘေးဝိုင်းအတွက် စားစရာလာချပေးသည့် စာပွဲထိုးတစ်ဦးဆော့ဂျင်တို့ ဘေးနားကဖြတ်လျှောက်သွားသည်..
ဒါကအထူးအဆန်းမဟုတ်..
သို့သော် အထူးအဆန်းဖြစ်သည်က...
*အု*
ဟင်းပွဲအနံ့ကြောင့် ပျို့တက်မလိုဖြစ်လာတဲ့ဆော့ဂျင်..
"အဆင်ပြေရဲ့လား"
ဘေးကတစ်ရှူးတရွက်ကိုယူရင်း ဆော့ဂျင်ခေါင်းငြိမ့်ပြလိုက်သည်..
ထို့နောက် ကော်ဖီခွက်စီကိုသောက်ဖို့ပြင်လိုက်ရင်း...
တခုခုထူးဆန်းနေတာကို ဆော့ဂျင်သတိပြုမိသွားသည်..
သူ ဟင်းအနံ့တွေကြောင့် အန်မိမလိုဖြစ်တာအကြိမ်ရေဘလောက်မှန်းမသိတော့..
တခါတလေ ညကြီးသန်ခေါင် စားချင်တဲ့အစားအစားတွေခေါင်းထဲပေါ်လာတတ်သည်..
ဆော့ဂျင် သောက်ဖို့ပြင်နေတဲ့ ကော်ဖီခွက် နှုတ်ခမ်း၀မှာပဲ တေ့ရာကနေရပ်ပစ်လိုက်သည်...
သူဂျန်းကုနဲ့ ခန္ဓာကိုယ်ချင်းရင်းနှီးပီးချိန်မှာ ပထမဆုံးလုပ်ခဲ့တာက သားအိမ်ခြစ်ထုတ်ပစ်ဖို့ပင်..
သူ့ရဲ့မူမမှန်တဲ့ဗီဇကြောင့် ကိုယ်၀န်ဆောင်သည်ဆိုတဲ့ဘေးထွက်ဆိုးကျိုးမဖြစ်အောင် သူတားလိုက်ခြင်းပင်..
သူ့အတွက် နောက်မွေးလာမဲ့ကလေးက အားနည်းချက်ဖြစ်လာလိမ့်မည်..
သူမလိုချင်တဲ့အားနည်းချက်တခု..
ထို့အပြင် အချစ်မခံရသည့်သူ့အတွက် တခြားသူတယောက်ကိုချစ်ပေးဖို့ဆိုတာမဖြစ်နိုင်ပေ...
ကမ်ဆော့ဂျင်ဆိုတဲ့သူဟာ သူ့အားနည်းချက်မှန်သမျှကို သူကိုယ်တိုင်ဖျက်စီးပစ်ခဲ့သည်..
ဒါပေမဲ့ သူ တကယ်ပဲဒီအားနည်းချက်ကို ဖျက်စီးနိုင်ပါ့မလား...
.
.
.
.
.
.
.
.
.
.___________________________________
Zawgyi
"သူအဆင္ေျပရဲ႕လား"
"မင္းေမ မင္းဟာမင္းသြားၾကည့္ပါ့လား"
ျပာယာခတ္ေနတဲ့ထယ္ေယာင္းကိုၾကည့္ရင္း ယြန္းဂီစိတ္႐ႈပ္စြာဆဲေရးလိုက္မိသည္...
"ေက်းဇူး..."
ထယ္ေယာင္းရဲ႕ေက်းဇူးတင္စကားတို႔ကို ယြန္းဂီနားမေထာင္ခ်င္ပါ..
အခ်ိန္အၾကာႀကီးခင္မင္ခဲ့တဲ့သူငယ္ခ်င္း တေယာက္ကိုေက်းဇူးတင္တယ္ေျပာဖို႔လိုအပ္ရဲ႕လား...
ထယ္ေယာင္းကိုေကိာခိုင္းထြက္ခြာဖို႔ျပင္မိေပမဲ့...
"အဟြန္း ေနာက္လထဲ ငါ့ေစ့စပ္ပြဲ႐ွိတယ္
မင္း..."
ေျပာပီးမွာဘာလို႔ေျပာရတာလဲဆိုပီး ယြန္းဂီကိုယ့္ကိုယ္ကိုေဒါသထြက္မိသည္..
"မင္းမလာလည္းရတယ္"
"ကြၽန္ေတာ္လာခဲ့ပါ့မယ္"
ယြန္းဂီ မူမပ်က္ထယ္ေယာင္းေ႐ွ႕ကေနထြက္လာလိုက္သည္..
ထယ္ေယာင္းကေတာ့ ဂ်ီမင္႐ွိတဲ့ ေဆး႐ုံအခန္းတံခါးကိုအသာဆြဲဖြင့္ရင္း ၀င္သြားလိုက္သည္..
"ဂ်ီမင္"
ထယ္ေယာင္းအသံသည္ အနည္းငယ္တိုးေနေသာ္လည္း ျပတင္းေပါက္ကိုေငးၾကည့္ေနသည့္ ဂ်ီမင္ၾကားႏိုင္ခဲ့ပါသည္..
ဂ်ီမင္ ထယ္ေယာင္းဘက္ကိုလွည့္ၾကည့္ရင္းျပဳံးျပ လိုက္သည္...ဂ်ီမင္ရဲ႕ျဖဴစင္တဲ့အျပဳံးေၾကာင့္ ထယ္ေယာင္းအနည္းငယ္ပင္ အျပစ္႐ွိသလိုခံစားလိုက္ရသည္..
သို႔ေသာ္ ေနာင္တရသလား ေမးရင္ေတာ့ ထယ္ေယာင္းေနာင္တမရဟုေျဖမိလိမ့္မည္...
သူသာအခုလိုမလုပ္ခဲ့ရင္ သူခ်စ္တဲ့ေဆာ့ဂ်င္ စိတ္ဆင္းရဲခဲ့ရမွာပင္...
ခ်စ္သူေပ်ာ္ဖို႔ ငရဲက်သလိုအျပစ္႐ွိတဲ့ခံစားခ်က္ကို ထယ္ေယာင္းရဲရဲႀကီး ခံယူရဲပါသည္...
"မင္း သက္သာတယ္မလား"
"အင္း အကုန္ မင္းေက်းဇူးေၾကာင့္ပါ"
ဂ်ီမင္က သူ႕ကိုၾကည့္ရင္း ထပ္ျပဳံးျပေလျပန္သည္..
သို႔ေသာ္ အျပစ္႐ွိသည့္ သူ႕စိတ္ထဲမွာေတာ့ ထိုအျပဳံးဟာပူေလာင္မႈကိုသာ ေပးစြမ္းႏိုင္ေလသည္...
'မျပဳံးျပပါနဲ႔ ဂ်ီမင္
ငါမင္းအေပၚလုပ္ခဲ့တဲ့အျပစ္ေတြကို ဒီဘာမဟုတ္တဲ့ကိစၥေလးနဲ႔ ခြင့္လႊတ္မေပးလိုက္ပါနဲ႔
မင္းခြင့္လႊတ္ေလ ငါအျပစ္႐ွိသလိုပိုခံစားရေလျဖစ္ေနလို႔ပါ'
ဂ်ီမင္ သူ႕ေ႐ွ႕မွာ အေတြးမ်ားေနတဲ့ထိုသူ႕ကိုၾကည့္ရင္း ခံစားခ်က္တခ်ိဳ႕၀င္လာခဲ့သည္..
အကယ္၍ ထယ္ေယာင္းသာ Stevenအေၾကာင္းသိသြားရင္ေတာင္ သူစိုးရိမ္စရာမလိုဘူးဟူ၍ပင္...
ထယ္ေယာင္းက ကေလးခ်စ္တတ္သလို Stevenကလည္း ဖခင္ေမတၱာကိုလိုအပ္သည္..
မိဘအရင္းေတြကိုသိခြင့္ေတာင္မရတဲ့ Stevenကိုၾကည့္ရင္း ဂ်ီမင္၀မ္းနည္းမိသည္..
အကယ္၍ ထယ္ေယာင္းသာ Stevenကိုလက္ခံႏိုင္ရင္ သူထယ္ေယာင္းကိုခြင့္လႊတ္ဖို႔ဆႏၵ႐ွိသည္..
ဂ်ီမင္ အနည္းငယ္ေတြေဝေနရာကေန...
"ထယ္ေယာင္း ငါမင္းကိုေျပာစရာ...အသိေပးစရာတခု႐ွိတယ္"
"ေျပာေလ ဂ်ီမင္"
"တကယ္ေတာ့ ငါ...."
*Ring*Ring*
ထယ္ေယာင္းက ဂ်ီမင္ကို႔အားနာသလိုၾကည့္ရင္း အိပ္ကပ္ထဲကဖုန္းကိုအသာထုတ္ယူလိုက္သည္..
Screenမွာေပၚေနတဲ့ နာမည္တခုေၾကာင့္ ဂ်ီမင္ကိုယ့္ကိုယ္ကိုေလွာင္ရီခ်င္မိသည္..
"ငါ ဖုန္းခနေလာက္..."
ဂ်ီမင္ ျပတင္းေပါက္ဖက္ကိုျပန္လွည့္လိုက္ရင္း..
"ေျပာေလ "
"ေက်းဇူး"
ထယ္ေယာင္းဖုန္းကိုယူရင္း အခန္းျပင္ကိုထြက္သြားသည္အထိ ဂ်ီမင္တုတ္တုတ္ပင္မလႈပ္မိ..
'ပတ္ဂ်ီမင္ မင္းတကယ္တုံးအတာပဲ..
ကမ္ထယ္ေယာင္းက ကမ္ေဆာ့ဂ်င္တေယာက္ထဲကိုပဲၾကည့္ေနခဲ့တာေလ..
သူက Stevenကိုလက္ခံႏိုင္မွာမဟုတ္ဖူး..
အဲ့လိုဆို Stevenအတြက္ ပို၀မ္းနည္းစရာေကာင္းတယ္မလား'
မၾကာခင္မွာပင္ အလ်င္စလိုျဖစ္ေနသည့္ မ်က္ႏွာႏွင့္ ထယ္ေယာင္းအခန္းတြင္းသို႔ျပန္၀င္လာခဲ့သည္...
"ဂ်ီမင္ ငါေတာင္းပန္ပါတယ္
ငါအေရးႀကီးကိစၥေလးေပၚလာလို႔"
"အင္း သြားေလ"
"မင္းေျပာမယ္ဆိုတာက.."
"အေရးမႀကီးပါဘူး"
ဟုတ္ပါတယ္
အေရးမႀကီးပါဘူး..
ကမ္ထယ္ေယာင္းအတြက္ ကမ္ေဆာ့ဂ်င္ကလြဲရင္ဘယ္အရာကမွ အေရးႀကီးကိစၥျဖစ္မလာႏိုင္ပါဘူး...
.
.
.
.
.
.
.
.
.
.
"ကမ္ေဆာ့ဂ်င္ မင္းဘယ္သြားမလို႔လဲ!!"
ကားေသာ့ကို ယူဖို႔လုပ္ေနတဲ့ ေဆာ့ဂ်င္ရဲ႕လက္ေတြရပ္တန္႔သြားသည္..
"ငါဘယ္သြားမယ္ဆိုတာ မင္းကိုတင္ျပဖို႔မလိုဘူးထင္တယ္"
ဂ်န္းကုမ်က္ေမွာင္က်ံဳ႕လိုက္မိသည္..
ျဖစ္ႏိုင္လွ်င္ သူကမ္ေဆာ့ဂ်င္ကိုကိုင္ေပါက္ပစ္လိုက္ခ်င္သည္..
သို႔ေသာ္ သူမလုပ္ရက္...
"မင္းဘာေသာက္စကားေျပာတာလဲ ကမ္ေဆာ့ဂ်င္
ငါက..."
"အင္း မင္းက မင္းကငါ့အတြက္ဘာလဲ
ငါကေရာ မင္းအတြက္ဘာလဲ"
မ်က္ႏွာေသႏွင့္ေမးလာသည့္ ေဆာ့ဂ်င္ကိုၾကည့္ရင္း ဂ်န္းကုလက္သီးကိုတင္းတင္းဆုပ္လိုက္မိသည္..
"ငါ!! မင္းဆိုတဲ့ကမ္ေဆာ့ဂ်င္ရဲ႕ တရား၀င္ယူထားတဲ့ခင္ပြန္း ဂြၽန္းဂ်န္းကု!!
မင္းရဲ႕တစ္ဦးတည္းေသာ အိမ္ဦးနတ္!!!"
ေဆာ့ဂ်င္ ဟက္ခနဲရီလိုက္မိသည္..
"ငါကမင္းေမ့ေနပီေတာင္ထင္တာ"
ေဆာ့ဂ်င္ ဂ်န္းကုကိုအေရးမစိုက္သလိုျပဳမူရင္း ကားေသာ့ကိုဆြဲယူရင္း အျပင္ထြက္ဖို႔ျပင္ေတာ့ ဆြဲယူခံလိုက္ရတဲ့လက္နဲ႔ ေရာက္႐ွိသြားရဲ႕ထိုသူ႕ရဲ႕ရင္ခြင္..
"ဂ်င္~"
သိမ္းက်ံဳးဖက္ထားတဲ့ထိုသူ႕ရဲ႕ ရင္ခြင္ထဲကအတင္း႐ုန္းမိေတာ့ ရန္႐ွာခံရတဲ့သူ႕ရဲ႕ႏႈတ္ခမ္းသားေတြ..
ဂြၽန္းဂ်န္းကုက သူ႕ကိုနမ္းေနသည္တဲ့လား..
သူဆိုတဲ့ဗီလိန္တေယာက္ကိုေလ...
အနမ္းတို႔ဟာ အ႐ိုင္းဆန္ျခင္းမ႐ွိတဲ့ ႏူးညံ့ျငင္သာတဲ့အနမ္းေတြ..
အထူးသျဖင့္ သူတို႔အတြက္ ပထမဆုံးအနမ္း..
ပထမဆုံးအႀကိမ္မွာရခဲ့တဲ့အ႐ိုင္းဆန္ အနမ္းေတြနဲ႔ကြာျခားစြာ ႏူးညံ့သိမ္ေမြ႕လြန္းလွသည္...
ဂ်န္းကုကိုယ္တိုင္ထိုအနမ္းေတြပါ ေပ်ာ္၀င္မိသြားေသာ္လည္း ထိုသတိလက္လြတ္ျဖစ္ေနသည့္အခ်ိန္ကို အခြင့္ေကာင္းယူကာ..
*ခြပ္!*
မ်က္ႏွာေပၚက်လာသည့္ လက္သီးခ်က္ေၾကာင့္ ဂ်န္းကုအေနာက္ကိုယိုင္က်သြားေသာ္လည္း အေ႐ွ႕ကလူသားကိုသာစိုက္ၾကည့္ေနမိသည္..
"ဂြၽန္းဂ်န္းကု ခံစားၾကည့္လိုက္ေပါ့
ကိုယ့္ရဲ႕အိမ္ေထာင္ဖက္က တျခားတေယာကါနဲ႔သြားေတြ႕တဲ့ သစၥာေဖာက္သလိုခံစားခ်က္...
သိကၡာက်သလိုခံစားခ်က္ကို ခံစားၾကည့္လိုက္ေပါ့"
ဂ်န္းကု ဘာစကားမွထြက္မလာမိ..
သူေျပာျပခ်င္သည္..သစၥာေဖာက္ခံရသလို သိကၡာၾကသလိုခံစားရတာထက္ သူ(ေဆာ့ဂ်င္)ကို တျခားတေယာက္စီသြားတာ သူမျမင္ႏိုင္လို႔ဆိုတာ..
သူရင္ကြဲသလိုခံစားေနရလို႔ဆိုတာ..
သ၀န္တိုမိေနလို႔ဆိုတာသူျပန္မေျပာမိ..
အထူးသျဖင့္ ကမ္ေဆာ့ဂ်င္ကသူ႕ကိုယုံၾကည္မည္မဟုတ္..
သူကိုယ္တိုင္လည္း သူ႕ကိုယ္သူမယုံၾကည္ႏိုင္ေတာ့...
ဘယ္ဟာကသူအစစ္အမွန္လဲ...
ကမ္ေဆာ့ဂ်င္ကိုမုန္းခဲ့တဲ့ အတိတ္ကသူလား..
ကမ္ေဆာ့ဂ်င္ကို ခ်စ္မိဖို႔ဖန္တီးေနတဲ့ အခုလက္႐ွိသူလား...
မည္သိုပင္ျဖစ္ေစ သူအခုလက္႐ွိလုပ္ႏိုင္သည္က သူ႕ကိုေက်ာခိုင္းထြက္ခြာသြားသည့္ ကမ္ေဆာ့ဂ်င္ရဲ႕ပုံရိပ္ကို ေငးၾကည့္ေန႐ုံသာ...
.
.
.
.
.
.
.
.
.
.
"ဂ်င္ ကိုယ့္ကိုေျပာခ်င္တယ္ဆိုတာက..?"
ဂ်င္ စားပြဲေပၚကို စာအိတ္တခုတင္ပီး ထယ္ေယာင္းေ႐ွ႕ကိုေပးလိုက္သည္...
တနည္းျဖင့္ေျပာရရင္ အေျဖစာ႐ြက္..
သူ႕ရဲ႕အႏိုင္ကတ္...
"ဒါက..?"
ထယ္ေယာင္း ထိုစာအိတ္ကိုယူရင္းဖြင့္ၾကည့္လိုက္ေတာ့...
'DNAအေျဖစစ္ေဆးခ်က္...
99.99%ကိုက္ညီသည္'
ထယ္ေယာင္း ထိုအမည္မပါတဲ့အေျဖစာ႐ြက္ကိုၾကည့္ရင္း နားမလည္ျဖစ္မိသည္..
"ကမ္ထယ္ေယာင္း ဒါက မင္းအတြက္သိပ္ကိုအေရးႀကီးတဲ့ ကိစၥတခုပဲ"
"ငါ့အတြက္?"
ထယ္ေယာင္းရဲ႕နားမလည္တဲ့အၾကည့္ေတြကို ေဆာ့ဂ်င္နားလည္စြာပင္..
"က်န္တာေတာ့ မင္းဘာသာ႐ွာရလိမ့္မယ္..
ငါအခု မင္းကိုဒါေပးတာက 1အခ်က္ မင္းငါ့ကိုကူညီဖူးတဲ့အတြက္ ငါ့ဘက္ကျပန္ေပးတာ..
ငါကမ္ေဆာ့ဂ်င္ တျခားသူအေပၚဘယ္ေတာ့မွအေႂကြးတင္မခံဘူး.."
ေဆာ့ဂ်င္ ထယ္ေယာင္းကိုၾကည့္ရင္း ျပဳံးလိုက္သည္...
သို႔ေသာ္ ထိုအျပဳံးဟာ ႏူးညံ့ေသာ ေနေရာင္ျခည္ေလးကဲ့သို႔မဟုတ္ေပ...
"2အခ်က္ ငါ့ရဲ႕ကစားပြဲကိုစဖို႔ ငါပထမဆုံးငါးစာကိုပစ္လိုက္ပီ
ငါက်ိန္းေသေပါက္ႏိုင္မဲ့ ကစားပြဲတခုအတြက္ေပါ့"
ပတ္ဂ်ီမင္က သူ႕အတြက္ ဂ်န္းကုကအားနည္းခ်က္ဟုထင္ေနပုံပင္...
သို႔ေသာ္ ကမ္ေဆာ့ဂ်င္အတြက္ ဂ်န္းကုကိုယ္တိုင္ကပင္ အားနည္းခ်က္မဟုတ္ခဲ့...
"ဒီဝိုင္းအတြက္ မွာထားတာေတြရပါပီ"
မိမိတို႔ဝိုင္းက ဘာမွမမွာထားေသာ္လည္း ေဘးဝိုင္းအတြက္ စားစရာလာခ်ေပးသည့္ စာပြဲထိုးတစ္ဦးေဆာ့ဂ်င္တို႔ ေဘးနားကျဖတ္ေလွ်ာက္သြားသည္..
ဒါကအထူးအဆန္းမဟုတ္..
သို႔ေသာ္ အထူးအဆန္းျဖစ္သည္က...
*အု*
ဟင္းပြဲအနံ႔ေၾကာင့္ ပ်ိဳ႕တက္မလိုျဖစ္လာတဲ့ေဆာ့ဂ်င္..
"အဆင္ေျပရဲ႕လား"
ေဘးကတစ္႐ွဴးတ႐ြက္ကိုယူရင္း ေဆာ့ဂ်င္ေခါင္းၿငိမ့္ျပလိုက္သည္..
ထို႔ေနာက္ ေကာ္ဖီခြက္စီကိုေသာက္ဖို႔ျပင္လိုက္ရင္း...
တခုခုထူးဆန္းေနတာကို ေဆာ့ဂ်င္သတိျပဳမိသြားသည္..
သူ ဟင္းအနံ႔ေတြေၾကာင့္ အန္မိမလိုျဖစ္တာအႀကိမ္ေရဘေလာက္မွန္းမသိေတာ့..
တခါတေလ ညႀကီးသန္ေခါင္ စားခ်င္တဲ့အစားအစားေတြေခါင္းထဲေပၚလာတတ္သည္..
ေဆာ့ဂ်င္ ေသာက္ဖို႔ျပင္ေနတဲ့ ေကာ္ဖီဖို႔ခြက္ ႏႈတ္ခမ္း၀မွာပဲ ေတ့ရာကေနရပ္ပစ္လိုက္သည္...
သူဂ်န္းကုနဲ႔ ခႏၶာကိုယ္ခ်င္းရင္းႏွီးပီးခ်ိန္မွာ ပထမဆုံးလုပ္ခဲ့တာက သားအိမ္ျခစ္ထုတ္ပစ္ဖို႔ပင္..
သူ႕ရဲ႕မူမမွန္တဲ့ဗီဇေၾကာင့္ ကိုယ္၀န္ေဆာင္သည္ဆိုတဲ့ေဘးထြက္ဆိုးက်ိဳးမျဖစ္ေအာင္ သူတားလိုက္ျခင္းပင္..
သူ႕အတြက္ ေနာက္ေမြးလာမဲ့ကေလးက အားနည္းခ်က္ျဖစ္လာလိမ့္မည္..
သူမလိုခ်င္တဲ့အားနည္းခ်က္တခု..
ထို႔အျပင္ အခ်စ္မခံရသည့္သူ႕အတြက္ တျခားသူတေယာက္ကိုခ်စ္ေပးဖို႔ဆိုတာမျဖစ္ႏိုင္ေပ...
ကမ္ေဆာ့ဂ်င္ဆိုတဲ့သူဟာ သူ႕အားနည္းခ်က္မွန္သမွ်ကို သူကိုယ္တိုင္ဖ်က္စီးပစ္ခဲ့သည္..
ဒါေပမဲ့ သူ တကယ္ပဲဒီအားနည္းခ်က္ကို ဖ်က္စီးႏိုင္ပါ့မလား...
.
.
.
.
.
.
.
.
.
.___________________________________