ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员ap...

By MinervaDarkling

1M 231K 27.3K

MinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထ... More

Arc 2 အပိုင်း {၂၄} (U)
Arc 2 အပိုင်း {၂၄}(Z)
Arc 2 အပိုင်း {၂၅}(U)
Arc 2 အပိုင်း {၂၅} (Z)
Arc 2 အပိုင်း {၂၆} (U)
Arc 2 အပိုင်း {၂၆} (Z)
Arc 2 အပိုင်း {၂၇} (U)
Arc 2 အပိုင်း {၂၇} (Z)
Arc 2 အပိုင်း {၂၈}
အပိုင်း {၂၉} (Z+U)
Arc 2 အပိုင်း {၃၀} (Z+U)
Arc 2 အပိုင်း {၃၁} (Z+U)
Arc 2 အပိုင်း {၃၂} (Z+U)
Arc 2 အပိုင်း {၃၃} (Z+U)
Arc 2 အပိုင်း {၃၄} (Z+U)
Arc 2 အပိုင်း {၃၅} (Z+U)
Arc 2 အပိုင်း {၃၆}(Z+U)
Arc 2 အပိုင်း {၃၇}(Z+U)
Arc 2 အပိုင်း {၃၈} (Z+U)
Arc 2 အပိုင်း {၃၉}(Z+U)
Arc 2 အပိုင်း {၄၀}(Z+U)
Arc 2 အပိုင်း {၄၁} (Z+U)
Arc 2 အပိုင်း {၄၂} (Z+U) One
Arc 2 အပိုင်း {၄၂} (Z+U) Two
Arc 2 အပိုင်း {၄၃} (Z+U)
အပိုင်း {၄၄} (Z+U)
အပိုင်း {၄၅} (Z+U)
Arc 3 အပိုင်း {၄၆} (Z+U) One
Arc 3 အပိုင်း {၄၆} (Z+U) Two
Arc 3 အပိုင်း {၄၇} (Z+U)
Arc 3 အပိုင်း {၄၈} (Z+U)
Arc 3 အပိုင်း {၄၉} (Z+U)
Arc 3 အပိုင်း {၅၀} (Z+U)
Arc 3 အပိုင်း {၅၁} (Z+U)
Arc 3 အပိုင်း {၅၂} (Z+U)
Arc 3 အပိုင်း {၅၃} (Z+U)
Arc 3 အပိုင်း {၅၄} (Z+U)
Arc 3 အပိုင်း {၅၅} (Z+U)
Arc 3 အပိုင်း {၅၆} (Z+U)
Arc 3 အပိုင်း {၅၇} (Z+U)
Arc 3 အပိုင်း {၅၈} (Z+U) One
Arc 3 အပိုင်း {၅၈}(Z+U) Two
Arc 3 အပိုင်း {၅၉} (Z+U)
Arc 3 အပိုင်း {၆၀} (Z+U)
Arc 3 အပိုင်း {၆၁} (Z+U)
Arc 3 အပိုင်း {၆၂} (Z+U) One
Arc 3 အပိုင်း {၆၂} (Z+U) Two
Arc 3 အပိုင်း {၆၃} (Z+U)
Arc 3 အပိုင်း {၆၄} (Z+U)
Arc 3 အပိုင်း {၆၅} (Z+U)
အပိုင်း {၆၆} (Z+U)
အပိုင်း {၆၇} (Z+U)
အပိုင်း {၆၈} (Z+U)
Arc 4 အပိုင်း {၆၉} (Z+U)
Arc 4 အပိုင်း {၇၀} (Z+U)
Arc 4 အပိုင်း {၇၁} (Z+U)
Arc 4 အပိုင်း {၇၂} (Z+U)
Arc 4 အပိုင်း {၇၃} (Z+U)
Arc 4 အပိုင်း {၇၄} (Z+U)
Arc 4 အပိုင်း {၇၅} (Z+U)
Arc 4 အပိုင်း {၇၆} (Z+U)
Arc 4 အပိုင်း {၇၇} (Z+U)
Arc 4 အပိုင်း {၇၈} (Z+U)
Arc 4 အပိုင်း {၇၉} (Z+U)
Arc 4 အပိုင်း {၈၀} (Z+U)
Arc 4 အပိုင်း {၈၁} (Z+U)
Arc 4 အပိုင်း {၈၂} (Z+U)
Arc 4 အပိုင်း {၈၃} (Z+U)
Arc 4 အပိုင်း {၈၄} (Z+U)
Arc 4 အပိုင်း {၈၅} (Z+U)
Arc 4 အပိုင်း {၈၆} (Z+U)
Arc 4 အပိုင်း {၈၇} (Z+U)
Arc 4 အပိုင်း {၈၈} (Z+U)
Arc 4 အပိုင်း {၈၉} (Z+U)
Arc 4 အပိုင်း {၉၀} (Z+U) One
Arc 4 အပိုင်း {၉၀} (Z+U) Two
Arc 4 အပိုင်း {၉၁} (Z+U)
Arc 4 အပိုင်း {၉၂} (Z+U)
Arc 4 အပိုင်း {၉၃} (Z+U)
Arc 4 အပိုင်း {၉၄} (Z+U)
Arc 4 အပိုင်း {၉၅} (Z+U)
Arc 4 အပိုင်း {၉၆} (Z+U)
အပိုင်း {၉၇} (Z+U)
အပိုင်း {၉၈} (Z+U)
Arc 5 အပိုင်း {၉၉} (Z+U)
Arc 5 အပိုင်း {၁၀၀} (Z+U)
Arc 5 အပိုင်း {၁၀၁} (Z+U)
Arc 5 အပိုင်း {၁၀၂} (Z+U)
Arc 5 အပိုင်း {၁၀၃} (Z+U)
Arc 5 အပိုင်း {၁၀၄} (Z+U)
Arc 5 အပိုင်း {၁၀၅} (Z+U) One
Arc 5 အပိုင်း {၁၀၅} (Z+U) Two
Arc 5 အပိုင်း {၁၀၆} (Z+U)
Arc 5 အပိုင်း {၁၀၇} (Z+U)
Arc 5 အပိုင်း {၁၀၈} (Z+U)
Arc 5 အပိုင်း {၁၀၉} (Z+U)
Arc 5 အပိုင်း (၁၁၀) (Z+U)
Arc 5 အပိုင်း {၁၁၁} (Z+U)
Arc 5 အပိုင်း {၁၁၂} (Z+U)
Arc 5 အပိုင်း {၁၁၃} (Z+U)
Arc 5 အပိုင်း {၁၁၄} (Z+U)
Arc 5 အပိုင်း {၁၁၅} (Z+U)
အပိုင်း {၁၁၆} (Z+U)
အပိုင်း {၁၁၇} (Z+U)
အပိုင်း {၁၁၈} (Z+U)
အပိုင်း {၁၁၉} (Z+U)
Arc 6 အပိုင်း {၁၂၀} (Z+U)
Arc 6 အပိုင်း {၁၂၁} (Z+U)
Arc 6 အပိုင်း {၁၂၂} (Z+U)
Arc 6 အပိုင်း {၁၂၄} (Z+U)
Arc 6 အပိုင်း {၁၂၅} (Z+U)
Arc 6 အပိုင်း {၁၂၆} (Z+U)
Arc 6 အပိုင်း {၁၂၇} (Z+U)
Arc 6 အပိုင်း {၁၂၈} (Z+U)
Arc 6 အပိုင်း {၁၂၉} (Z+U)
Arc 6 အပိုင်း {၁၃၀}(Z+U)
Arc 6 အပိုင်း {၁၃၁}(Z+U)
Arc 6 အပိုင်း {၁၃၂} (Z+U)
Arc 6 အပိုင်း {၁၃၃} (Z+U)
Arc 6 အပိုင်း {၁၃၄} (Z+U)
Arc 6 အပိုင်း {၁၃၅} (Z+U)
Arc 6 အပိုင်း {၁၃၆} (Z+U)
Arc 6 အပိုင်း {၁၃၇} (Z+U)
Arc 6 အပိုင်း {၁၃၈} (Z+U)
Arc 6 အပိုင်း {၁၃၉} (Z+U)
Arc 6 အပိုင်း {၁၄၀} (Z+U)
Arc 6 အပိုင်း {၁၄၁} (Z+U)
Arc 6 အပိုင်း {၁၄၂} (Z+U)
Arc 6 အပိုင်း {၁၄၃} (Z+U)
Arc 6 အပိုင်း {၁၄၄} (Z+U)
အပိုင်း {၁၄၅} (Z+U)
အပိုင်း {၁၄၆} (Z+U)
အပိုင်း {၁၄၇} (Z+U)
အပိုင်း {၁၄၈} (Z+U)
အပိုင်း {၁၄၉} (Z+U)
အပိုင်း {၁၅၀} (Z+U)
Arc 7 အပိုင်း {၁၅၁} (Z+U)
Arc 7 အပိုင်း {၁၅၂} One (Z+U)
Arc 7 အပိုင်း {၁၅၂} Two (Z+U)
Arc 7 အပိုင်း {၁၅၃} (Z+U)
Arc 7 အပိုင်း {၁၅၄} (Z+U)
Arc 7 အပိုင်း {၁၅၅} (Z+U)
Arc 7 အပိုင်း {၁၅၆} (Z+U)
Arc 7 အပိုင်း {၁၅၇} (Z+U)
Arc 7 အပိုင်း {၁၅၈} (Z+U)
Arc 7 အပိုင်း {၁၅၉} (Z+U)
Arc 7 အပိုင်း {၁၆၀} (Z+U)
Arc 7 အပိုင်း {၁၆၁} (Z+U)
Arc 7 အပိုင်း {၁၆၂} (Z+U)
Arc 7 အပိုင်း {၁၆၃} (Z+U)
Arc 7 အပိုင်း {၁၆၄} (Z+U)
Arc 7 အပိုင်း {၁၆၅} (Z+U)
Arc 7 အပိုင်း {၁၆၆} (Z+U)
Arc 7 အပိုင်း {၁၆၇} (Z+U)
Arc 7 အပိုင်း {၁၆၈} (Z+U)
Arc 7 အပိုင်း {၁၆၉} (Z+U)
Arc 7 အပိုင်း {၁၇၀} (Z+U)
Arc 7 အပိုင်း {၁၇၁} (Z+U)
Arc 7 အပိုင်း {၁၇၂} (Z+U)
Arc 7 အပိုင်း {၁၇၃} (Z+U)
Arc 7 အပိုင်း {၁၇၄} (Z+U)
အပိုင်း {၁၇၅} (Z+U)
အပိုင်း {၁၇၆} (Z+U)
အပိုင်း {၁၇၇} (Z+U)
အပိုင်း {၁၇၈} (Z+U)
အပိုင်း {၁၇၉}ဇာတ်သိမ်းပိုင်း(Z+U)
အချပ်ပို {တစ်}

Arc 6 အပိုင်း {၁၂၃} (Z+U)

6.1K 1.2K 65
By MinervaDarkling

ဆေးရုံ (၄)

UNICODE

"အဲ့ဒါဆိုရင် ယဲ့လန်နဲ့ အရင်စကားပြောလိုက်ပြီးမှ ခယ်ရှောင်နဲ့အတူ ရှင့်ဆီလာခဲ့မယ်လေ။ ဦးလေးခယ်က အရမ်းဖော်ရွေပါတယ်။" ယဲ့ရှောင့်ရှောင့်က ရှင်းပြသည်။

"ဟုတ်ပြီ။ သရုပ်ဆောင်တွေလည်း ခဏနေရင် အလုပ်သိပ်ရှုပ်ကြတော့မှာ မဟုတ်ဘူး။ ကျွန်တော်တို့တွေ ဆုံကြပြီး ခဏလောက် ရင်းနှီးအောင်လုပ်ကြတာပေါ့။"

ယဲ့ရှောင့်ရှောင့် အမြန်ပြောလိုက်သည်။ "နောက်မှတွေ့မယ်လေနော်။"

ရှဲ့ချီ ခေါင်းညိတ်ပြလိုက်ပြီး ဒဏ်ရာရ လူနာဆောင်ဆီသို့ ယွမ့်ဇျဲနှင့်အတူ သွားလိုက်သည်။

"ဟေ့ ရှဲ့ချီ၊ ငါ အဲ့ဒီကလေးမကို သိတယ်။" ယွမ့်ဇျဲက ယဲ့ရှောင့်ရှောင့်ကို မမြင်ရတော့သည့် အချိန်ထိ စောင့်လိုက်ပြီးမှ တိတ်တဆိတ်ပြောသည်။

ရှဲ့ချီ သူ့ကို လှမ်းကြည့်လိုက်သည်။ အဲ့ဒါကြောင့် ခုနတုန်းက ယွမ့်ဇျဲ တစ်ယောက် စကားမပြောသလောက်ကိုဖြစ်နေတာကိုး။

နှစ်​ယောက်သား လှေကားမှ ဆင်းလိုက်ကြရင်း ယွမ့်ဇျဲက စကားဆက်သည်။ "မင်းနဲ့ လုဝမ်က ကမ္ဘာတစ်ခုထဲက လာကြတာလို့ မင်းတို့ပြောတာ ငါကြားတယ်။ အဲ့လိုသာဆို ငါနဲ့ ယဲ့ရှောင့်ရှောင့်က တစ်ကမ္ဘာထဲကပဲ။ ငါသိသလောက်ကတော့ သူ့မိသားစုက ချမ်းသာပြီး ငယ်ငယ်လေးကတည်းက သူ နိုင်ငံခြားရောက်နေတာထင်တယ်။ ဘယ်လိုဖြစ်ဖြစ် သူက တော်တော်ထင်တိုင်းကြဲတတ်ပြီး သူ့မိဘတွေကလည်း လွှတ်ထားကြတာ။"

"ဒါနဲ့လေ ငါ ရုတ်တရက်ကြီး ယန်ကျင်းရဲ့ ကမ္ဘာမှာက ဖုတ်ကောင်တွေရှိပြီး မင်းရဲ့ ကမ္ဘာမှာဆို လုဝမ်က ငါးလူသားဆိုတာ သတိရသွားတယ်။ ငါ့ကမ္ဘာက တော်တော့်ကို သာမန်အတိုင်းပဲ။ အရမ်း တည်ငြိမ်ပြီး အစီစဥ်ကျတယ်..."

ရှဲ့ချီက သူပြီးသည်အထိ စောင့်နေလိုက်သည်။

"ဒါပေမဲ့ ငါတို့ကမ္ဘာတွေ အတိုင်းအတာတစ်ခုထိ ထပ်တူညီနေကြတာ အံ့ဩစရာကြီး။ ယန်ကျင်းရဲ့ ကမ္ဘာဆိုရင် ယဲ့ရှောင့်ရှောင့်နဲ့ ငါ့ကမ္ဘာထက် နောက်ကျနေပေမဲ့ လူမှုအဖွဲ့အစည်းနဲ့ သမိုင်းကြောင်းက ငါတို့နဲ့ ဆင်တူပဲ။ ဘယ်လိုပြောရမလဲ..." ဘယ်လိုဖော်ပြရမည်ကို ယွမ့်ဇျဲမသိတော့။

ရှဲ့ချီက သူ့အစားပြောပေးသည်။ "ဘယ်လိုလဲဆိုတော့ တိုးတက်မှုက မပြီးသေးတာ ဒါမှမဟုတ် အသေးစိတ်ကတော့ ကွဲပေမဲ့ တိုးတက်မှု ယေဘုယျသဘောတရားက အတူတူဖြစ်နေတဲ့ မင်းရဲ့ ကမ္ဘာလိုမျိုးပဲ။ တောင်ပေါ်က စီးဆင်းလာတဲ့ ရေစီးကြောင်းလိုပဲ။ တစ်ခုခုနဲ့ တွေ့သွားရင် ခွဲထွက်သွားပြီး မတူညီတဲ့ဘက်ဆီ ပြောင်းစီးဆင်းသွားသလိုမျိုး။ အဲ့ဒီလိုဆိုရင်တောင်မှ ရင်းမြစ်က ရေစီး​ကြောင်းဖြစ်နေပြီး အနှစ်သာရက ရေပဲလေ။"

"ဟုတ်တယ်။ အဲ့ဒီလို ခံစားချက်မျိုး။" ယွမ့်ဇျဲက ပြောပြသည်။ "မင်းရဲ့ ကမ္ဘာနဲ့ ယန်ကျင်းရဲ့ ကမ္ဘာကြားက ကွာနေတာတော်တော်ကြီးပေမဲ့ ထပ်တူညီနေတာတွေက များနေတုန်းပဲ။"

ရှဲ့ချီက ခဏတာ တိတ်နေပြီးမှ သူ့ကို စိုက်ကြည့်လိုက်သည်။ "အပြိုင်ကမ္ဘာသီအိုရီကို မင်းယုံလား။"

သူမကြာကြာ ထိုအကြောင်းကို စဥ်းစားကြည့်မိပြီး သိထားသည့် သိပ္ပံပညာ (သို့) သိပ္ပံဆိုင်ရာ နည်းများနှင့် ရှင်းပြဖို့ရာ ကြိုးစား​ကြည့်ဖူးသည်။ ဤသည်က သူ့အတွက် ထပ်တူအကျဆုံးနှင့် အနီးစပ်ဆုံးဖြစ်နိုင်ခြေ ဖြစ်လေသည်။

ယွမ့်ဇျဲ စိတ်မှာ ရုတ်တရက် ရှင်းသွားသည်။ သူ ခဏလောက် ရပ်လိုက်ပြီးမှ အမှန်တိုင်း ပြန်ဖြေလိုက်သည်။ "ငါ...ငါ မသိဘူး။"

သိပ္ပံနှင့် သိပ္ပံစိတ်ကူးယဥ်ဇာတ်များမှာ သူနှင့် အလှမ်းဝေးလွန်းသည်ဟု ခံစားရသည်။ App ထဲ မဝင်လာခင်တုန်းကလည်း သရဲတစ္ဆေများနှင့် ဘုရားများကို သူမယုံ​ကြည်ခဲ့ပေ။ သူသည် သက်ဝင်ယုံကြည်မှုမရှိဘဲ အရာအားလုံးကို မေးခွန်းထုတ်တတ်သည့် ခေတ်လူငယ်တစ်ယောက်ဖြစ်ခဲ့သည်။ အဓိပ္ပါယ်မရှိသည့် တက္ကသိုလ်ဆီ ကျောင်းသွားတက်ပြီး ဘဝကို ကုန်ဆုံးခဲ့သည်။

ထို့နောက် ရှဲ့ချီက ဤသို့ပြောပြလိုက်ပြီး ယွမ့်ဇျဲ သဘောပေါက်သွားသည်။ "တကယ်တမ်း အဓိပ္ပါယ်တော့ရှိသားပဲ။ ယဲ့ရှောင့်ရှောင့်နဲ့ ငါ့ရဲ့ ကမ္ဘာမှာ လွန်ခဲ့တဲ့ နှစ်ရာချီလောက်တုန်းက ဖုတ်ကောင်တွေ ရှိခဲ့တယ်လို့ စာအုပ်ထဲမှာ သေချာပေါက် မှတ်တမ်းတင်ထားတယ်။ ပြီးတော့ လူတွေ တိုးတက်လာကြတာကြောင့်မလို့ သူတို့တွေကို အပြတ်ရှင်းနိုင်လိုက်တယ်တဲ့။ မီးသင်္ဂြီုဟ်တာကို စလုပ်လာကြပြီး ဖုတ်ကောင်အသစ်တွေလည်း ဖြစ်မလာတော့ဘူး။ အဲ့ဒါကြောင့် ငါတို့တွေက ဖုတ်ကောင်တွေတော့ မမြင်ဖူးပေမဲ့ စိမ်းနေတာတော့လည်း မဟုတ်ဘူး။ ဖုတ်ကောင်တွေက ငါတို့ကမ္ဘာရဲ့ ဇာတ်ကားတွေထဲမှာလည်း ပါကြတာပဲ။"

ယွမ့်ဇျဲ့ နည်းနည်း လန့်သွားသည်။ "အဲ့ဒါဆိုရင်... ဖုတ်ကောင်တွေ မျိုးမသုန်းသွားတဲ့ ကမ္ဘာလည်း ရှိနေလောက်လား။ ဒါမှမဟုတ် မီးသင်္ဂြီုဟ်တာကို စမလုပ်ကြရသေးတဲ့ ကမ္ဘာဆိုရင်ရော။"

သူ ပိုပြီး တွေးမိလေလေ ပိုရှင်းလာလေလေ ဖြစ်သည်။ ရှဲ့ချီကို သူစိုက်ကြည့်လိုက်သည်။ "မင်းရဲ့ ကမ္ဘာက ဆုံမှတ်တစ်ခုမှာရှိနေပြီး မင်းက လမ်းရဲ့ လမ်းကြောင်းခွဲတစ်ခုပေါ်မှာပဲ။"

ယွမ့်ဇျဲ ခေါင်းညိတ်ပြလိုက်သည်။ သူ တကယ်လည်း ထိုသို့တွေးခဲ့သည်။

ယွမ့်ဇျဲ ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိပြီး သူ၏ မျက်လုံးထဲ ကြောက်ရွံ့မှု တစ်စွန်းတစ်စ ပေါ်လာသည်။ "ငါတို့ ကမ္ဘာတွေမှာရော ငါတိုနဲ့ ထပ်တူညီနေတဲ့ ငါတို့တွေ ရှိနေမှာလား။ ဒါမှမဟုတ် ငါတို့ မသိတဲ့ကမ္ဘာတွေမှာ ငါတို့နဲ့ ထပ်တူညီနေတာတွေပေါ့။"

ရှဲ့ချီ သူ့ကို အာမခံလိုက်သည်။ "စိတ်မပူပါနဲ့။ ဖြစ်နိုင်ခြေက သုညဖြစ်သလောက်ပဲ။ ကမ္ဘာတစ်ခု ဆင့်ကဲပြောင်းလဲတာက ကိုယ်တစ်ခုလုံးကို သက်ရောက်တယ်။ ပြောင်းလဲမှု သေးသေးလေးက မသိသာပေမဲ့ သမိုင်းအစဥ်အဆက်တစ်လျှောက် 'မင်း' မရှိဘူးဆိုတဲ့ ဖြစ်နိုင်ခြေ များတယ်။ သူက မင်းနဲ့ တစ်ပုံစံထဲတူနေရင်တောင်မှ သူက မင်း မဟုတ်ဘူး။ ရှင်သန်လာတဲ့ ပတ်ဝန်းကျင် ကွာတယ်လေ။ သူက မတူတဲ့လူတွေကို သိခဲ့ပြီး မတူတဲ့အရာတွေနဲ့ ​တွေ့ကြုံခဲ့ရတယ်။ သူက မင်းပါပဲလို့ ဘယ်လိုလုပ် ပြောလို့ရမှာလဲ။ လူဆိုတာ အဖွဲ့အစည်းက ထုဆစ်လိုက်တာတွေပဲ။ ဘေးပတ်ဝန်းကျင် ပြောင်းလဲသွားတာနဲ့ သူတို့လည်း လိုက်ပြီး ပြောင်းလဲသွားမှာလေ။"

ယွမ့်ဇျဲက ချက်ချင်းပင် သူ့စိုးရိမ်မှုများကို လွှတ်ချလိုက်သည်။ သူစိုးရိမ်နေသည်က နည်းနည်းတော့ ကျိုးကြောင်းဆီလျော်မှုမရှိဟု ခံစားလိုက်ရကာ ပြုံးလိုက်သည်။ "အဲ့တော့ ငါတို့က ငါတို့ပဲပေါ့။"

ရှဲ့ချီ ခေါင်းညိတ်ပြလိုက်သည်။ "သေချာတာပေါ့။ ဒါက ဒီအတိုင်း ဘာမဟုတ်တဲ့မှန်းခြေသက်သက်ပဲဟာကို။"

နောက်ကျရင်တော့ အမှန်ကို သိနိုင်မည့် အခွင့်အရေးရလာမလားတော့ မသိသေးပေ။

ရှဲ့ချီ တစ်ဖက်သို့လှည့်ကာ သူ့နောက်ရှိ ထူးဆန်းလှသော လနှစ်စင်းကို လှမ်းကြည့်လိုက်သည်။ ထိုသည်နှင့် ဤ ဘာရယ်မဟုတ်သည့် စကားဝိုင်းကို ဆက်စပ်​ကြည့်လိုက်ပြီး အတွေးရေးရေးပေါ်လာသည်။

အချိန်၊ အာကာသ၊ အချိန် နှင့် အာကာသ။

ယွမ့်ဇျဲ ရုတ်တရက် တီးတိုးပြောလာသည်။ "ရှဲ့ချီ ကြည့်ဦး။"

ရှဲ့ချီ ချက်ချင်းပင် ခေါင်းလှည့်ကာ ယွမ့်ဇျဲ လက်ညှိုးထိုးပြသည့် နေရာဆီ လိုက်ကြည့်လိုက်သည်။

သူတို့သည် ကော်ရစ်ဒါထောင့်တွင် ရှိနေကြသည်။ ကော်ရစ်ဒါမှာ ​မှောင်မည်းနေပြီး အဖြူရောင်နှင့် သွေးနီရောင် လရောင်များက ပြတင်းပေါက်များမှ တစ်ဆင့် ဖြာကျနေကြသည်။ လှေကားများ၏အောက်၊ မီးဖွင့်ထားသော ခွဲစိတ်ခန်း၏ အရှေ့တွင် ခပ်ဝါးဝါးပုံရိပ်တစ်ခုက ချောင်းကြည့်နေသည်။

ရှဲ့ချီ ချက်ချင်းပင် ယွမ့်ဇျဲကို ဆွဲချပြီး ငုံ့ထိုင်စေလိုက်သည်။ သူတို့ကို လက်ရန်းက ကာထားလေသည်။

"ကိုကိုရေ။" ရှဲ့ချီ စိတ်ထဲတွင် ပြောလိုက်သည်။

မကောင်းဆိုးဝါး ဝိညာဥ်ကို မြိုချပြီးသည့်နောက် ရှဲ့ရှင်းလန်၏ အမြင်အာရုံမှ အလွန်ကောင်းပြီး ရှင်းရှင်းလင်းလင်း မြင်ရနိုင်လေသည်။

ရှဲ့ရှင်းလန် ထွက်လာပြီး ထိုအရာကို အသေအချာ မြင်လိုက်ရသည်။ ထိုယောက်ျားက အလွန်ပွယောင်းသည့် အနက်ရောင်အဝတ်အစားများ ဝတ်ထားသည်။ သူ၏ ကိုယ်ထည်ကို အသေအချာမမြင်ရနိုင်ဘဲ မျက်နှာတွင်လည်း ဦးထုပ်ဖြင့် ကာအုပ်ထားသောကြောင့် မျက်နှာကလည်း မရှင်းပေ။ သူသည် ခွဲစိတ်ခန်းတံခါးအား ခေါင်းမာစွာပင် ဆုပ်ကိုင်ထားပြီး ကြားပေါက်ထဲသို့ သူ၏ မျက်လုံးများကို အတင်းသွင်းကြည့်ချင်နေသည့်အလား တံခါးနားတွင် ဖိကပ်ထားလေသည်။

ထောင့်ကကွယ်နေသောကြောင့် ရှဲ့ရှင်းလန်မှာ ထိုသူ၏ အပေါ်ပိုင်းကိုသာလျှင် မြင်ရလေသည်။ သူ နည်းနည်းလောက် မတ်တပ်ရပ်ကြည့်လိုက်ပြီးမှသာ တစ်ခုလုံးကို အသေအချာမြင်ရတော့သည်။ ထိုလူ၏ ​ခြေသလုံးများမှာ အမှောင်ထုနှင့် ရောနှောနေသည့်အလား မည်းနက်နေသည်။ သူ၏ တစ်ကိုယ်လုံးက သရဲတစ်ကောင်အလား လေပေါ်ပျံနေသည်။ လရောင်အောက်တွင် ထိုသူသည်... အရိပ်မထင်နေ။

ရှဲ့ရှင်းလန် ခေါင်းငုံ့ကာ ယွမ့်ဇျဲကို အကြည့်တစ်ချက် ပေးလိုက်ပြီး တိတ်တဆိတ် နောက်ဆုတ်ခိုင်းလိုက်သည်။ ထို့နောက် ရှဲ့ရှင်းလန် ပြန်မော့ကြည့်လိုက်သောအခါ သရဲ မရှိတော့ကြောင်း တွေ့လိုက်ရသည်။

"မင်းအနောက်မှာ။" ယွမ့်ဇျဲက အလန့်တကြား အော်လိုက်သည်။

ရှဲ့ရှင်းလန်မှာ ယွမ့်ဇျဲမပြောခင်ကပင် နိုးကြားစွာ တုံ့ပြန်ပြီးဖြစ်သည်။ သူ ယွမ့်ဇျဲကို တွန်းလွှတ်လိုက်ပြီး အရင် ပြေးခိုင်းလိုက်သည်။ ထို့နောက် လက်ရန်းကို ခုန်ကျော်လိုက်ပြီး လှေကားထစ် အနည်းကို ကျော်ဆင်းလိုက်သည်။

ယွမ့်ဇျဲမှာ ဒယိမ်းဒယိုင်နှင့် လှေကားမှ အမြန်ပင် ပြေးဆင်းသွားသည်။ ရှဲ့ရှင်းလန်မှာ ခုန်ဆင်းပြီး သူ့ကို ဆွဲကာပြေးတော့မည့်အချိန်တွင် တစ်ခုခုမှားနေသည်ကို သဘောပေါက်သွားသည်။ ရှဲ့ရှင်းလန် မော့ကြည့်လိုက်ပြီး သရဲသည် သူထို့ မူလက ပုန်းနေသည့်နေရာတွင်သာ မလှုပ်မရှား မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။

ရှဲ့ရှင်းလန်က သတ်ဖြတ်လိုစိတ်ကို ခံစားသိလွယ်သည်။ ဤသရဲမှာ သေချာပေါက် သူ့ကို မသတ်ချင်သော်လည်း အခြားနည်းများ ရှိလိမ့်မည်။ ရှဲ့ရှင်းလန် ရပ်လိုက်ပြီး လှေကားပေါ်ရှိ သရဲနှင့် မျက်နှာချင်းဆိုင် မတ်တပ်ရပ်လိုက်သည်။

ယွမ့်ဇျဲမှာ ခဏကြာအောင် ပြေးလိုက်ပြီးနောက် နောက်ထပ် လှေကားရှိရာဆီ ရောက်သွားသည်။ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်တော့မည့်အချိန်တွင် သရဲအား ရုတ်တရက်ကြီး သူ့ရှေ့တွင် တွေ့လိုက်ရလေသည်။ အချိန်မီ မရပ်နိုင်လိုက်ဘဲ သရဲနှင့် ဝင်တိုက်မိမလိုပင် ဖြစ်သွားလေသည်။ ဒီသရဲက နေရာပြောင်းနိုင်တယ်ဟ။

အသည်းအသန် ပြန်ပြေးတော့မည့်အချိန် အမှတ်မထင် အောက်သို့ငုံ့​ကြည့်လိုက်သောအခါ ရှဲ့ချီသည် သူ့အောက်က လှေကားတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ရှဲ့ချီက သူ့နောက်မှ ဆင်းလာသည်မှာ အသိသာကြီးဖြစ်ပြီး သူ့အပေါ်ထပ်မှာ ရှိနေရမည်ဖြစ်သည်။ ရှဲ့ချီက အခု ဘယ်လိုလုပ် အောက်ထပ်ကိုရောက်နေရတာလဲ။ ဘာတွေ ဖြစ်နေတာလဲ။

ယွမ့်ဇျဲ နောက်ပြန်လဲကျသွားပြီး လှေကားပေါ်ရှိ 'ရှဲ့ချီ' က လှမ်းဆွဲလိုက်သည်။

ရှဲ့ရှင်းလန်သည် လက်ရန်းဘေးရှိ သရဲကို မော့ကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။ "ထွက်ပြေးမနေနဲ့။ ဒါက သရဲနံရံပဲ။ လှေကား တွေက အဆုံးမရှိထပ်နေမှာ။ သရဲက လှုပ်ကိုမလှုပ်ရသေးဘူး။ မင်းပဲ အစတုန်းကနေရာဆီ ပြန်ရောက်နေမှာ။"

ယွမ့်ဇျဲမှာ အလန့်တကြားဖြစ်သွားရသည်။

ရှဲ့ရှင်းလန်၏ မျက်လုံးများက သရဲဆီ ဦးတည်ထားသည်။ "မင်း လိုချင်တာ ဘာလဲ။"

တိတ်ဆိတ်နေသည်။ ထို့နောက် အချိန်အတော်ကြာပြီးနောက် ခေါင်းဆောင်းအောက်ရှိ ဖြူဖပ်နေသော နှုတ်ခမ်းများနှာ တစ်စုံတစ်ခုကို ပြောနေသည့်အလား အနည်းငယ် လှုပ်ရှားသွားသည်။ သူ ပြီးသွားသည်နှင့် လေထုထဲ ပျောက်ကွယ်သွားလေတော့သည်။

ရှဲ့ရှင်းလန်၏ မျက်လုံးများ ဘေးပတ်လည်ကို လိုက်ကြည့်သည်။ ဒီတစ်ကြိမ်တွင် တကယ်ကြီး ပျောက်သွားခြင်းဖြစ်သည်။

ယွမ့်ဇျဲ စိတ််သက်သာရာရသွားသည်။

ရှဲ့ရှင်းလန် မေးလိုက်သည်။ "ရှောင်ချီ၊ သူ ဘာပြောသွားတာလဲ။"

သူလည်း မသေချာသောကြောင့် ရှဲ့ချီ အချိန်ခဏ ယူလိုက်ရသည်။ "လှုပ်သွားတဲ့နှုန်းက အရမ်းသေးတော့ ကျွန်တော် မှန်လား သိပ်မသေချာဘူး။ 'မင်းကိုမုန်းတယ်' လို့ ဖြစ်လိမ့်မယ်။"

"မင်းကို မုန်းတယ်?"

ရှဲ့ချီက ထပ်ပြောသည်။ "ကျွန်တော့် ဇာတ်ကောင်နဲ့ ရန်ငြိုးရှိနေတာနေမယ်။"

"အဲ့ဒါဆို ဘာလို့ ကိုယ်တို့ကို သတ်ဖို့မလုပ်တာလဲ။"

"ကျွန်တော်လည်း အဲ့ဒါ သိချင်နေတာ။"

ရှဲ့ချီ အတွေးထဲနစ်နေသည်။ သရဲသည် ​သေချာပေါက် သူ ရှဲ့ချီကို မုန်းသည်ဟု ပြောထားရက်နှင့် ဘာလို့ ရှဲ့ချီကို သတ်ဖို့မလုပ်တာလဲ။ ဇာတ်ကားထဲ သရဲကို လူသတ်ဖို့ အသိမပေးတဲ့ တားမြစ်ချက်တွေနဲ့ သွားဆက်စပ်နေတာလား။ ဒါမှာမဟုတ် တစ်ခုခုကို ဖုံးထားတာလား။

ရှဲ့ရှင်းလန်နှင့် ခေတ္တ အပြန်အလှန်ပြောပြီးနောက် ရှဲ့ချီ သူ၏ ခန္ဓာကိုယ်အား ပြန်လည်ထိန်းချုပ်ခွင့် ရသွားသည်။

"မင်း အဆင်ပြေရဲ့လား။" ရှဲ့ချီ မေးလိုက်သည်။

ယွမ့်ဇျဲက ခေါင်းညိတ်ပြကာ သူ၏ နဖူးပေါ်ရှိ ချွေးကို သုတ်လိုက်သည်။ ရှဲ့ချီ မှင်သက်ငေးနေသည့် အချိန်တိုင်း သူ၏ချစ်သူနှင့် ဆက်သွယ်နေတာဖြစ်ကြောင်း အခုတော့ သူ သိသွားပြီဖြစ်သည်။ ထို့ကြောင့် သိတတ်စွာပင် ယွမ့်ဇျဲ စောင့်နေလိုက်သည်။ ယွမ့်ဇျဲက ပြောလာသည်။ "သူ့ကို ပြောပေးဦး။ ကျေးဇူးပဲ အစ်ကိုရေလို့။"

ရှဲ့ချီ သူ့ကို လှမ်းကြည့်လိုက်သည်။ "မင်းက သူ့ကျ အစ်ကိုလို့ ခေါ်ပြီး ငါ့ကျ ရှဲ့ချီလို့ ခေါ်တယ်။ ဒါက ဘယ်လိုတောင် ဆက်ဆံတာလား။"

"မင်းကိုလည်း မရီးလို့ ခေါ်ပေးလို့ရတယ်လေ။" ယွမ့်ဇျဲက ခပ်ထေ့ထေ့ ပြုံးပြသည်။

"...သွားစမ်းပါ။"

ယွမ့်ဇျဲ ကိုယ်တိုင်တွင်ပင် စရိုက်များစွာ ရှိလေသည်။ ရှဲ့ချီ၏ အခြေအနေကို သိပြီးနောက် ဘယ်သူက ဘယ်သူလဲနှင့် ဘယ်သူ့နှင့်ဆို စနောက်၍ ရသည်ကို ခွဲပြောရလွယ်သွားပြီ ဖြစ်သည်။

ရှဲ့ချီ သူ့ကို ပြောလိုက်သည်။ "သွားမယ်။"

"ဘယ်ကို သွားမှာလဲ။"

ရှဲ့ချီက မီးစိမ်းလင်းနေသည့် ခွဲစိတ်ခန်းကို လက်ညှိုးထိုးပြလိုက်သည်။ "သွားကြည့်ကြမယ်။"

သရဲက ဤခွဲစိတ်ခန်းကို ချောင်းကြည့်နေခဲ့သည်။ ဒီအတိုင်း ကျပန်းလား၊ အကြောင်းတစ်ခုခု ရှိနေလားတော့ မသိရသေးပေ။ အကယ်၍ နောက်ကတစ်ခုဆိုပါက ရှဲ့ချီ အာရုံစိုက်ရပေလိမ့်မည်။

ရှဲ့ချီ တံခါးခေါက်လိုက်ပြီး ခဏကြာ စောင့်နေလိုက်သည်။ သို့သော် တံခါးဖွင့်ပြီး ထွက်လာသူက ယိဟယ်စုန့် ဖြစ်နေလေသည်။

ယိဟယ်စုန့်သည်လည်း ရှဲ့ချီ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ မသိမသာ မျက်မှောင်ကြုတ်လိုက်သော်လည်း ထိုသူ့ကို အပြုံးတစ်ခုဖြင့် နှုတ်ဆက်လိုက်သည်။ "ကျွန်တော်တို့ ပြန်တွေ့ကြတာပဲ။"

ရှဲ့ချီက ယိဟယ်စုန့် အနောက်ဘက်ဆီသို့ လက်ညှိုးထိုးပြကာ ပြုံးလိုက်သည်။ "ကျွန်တော် အထဲဝင်ကြည့်လို့ရမလား။"

"မရဘူးဗျ။" ယိဟယ်စုန့်မှာ ရှဲ့ချီအား ဘာမှမပြချင်ဘဲ အားနာချင်ယောင်ဆောင်လိုက်သည်။ "သူ့ကို ခက်ခက်ခဲခဲ ကယ်ထားရတာဆိုတော့ တခြားသူတွေကို ပြရအောင် အဆင်မပြေ​​သေးဘူး။"

ရှဲ့ချီ နားလည်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပြီလေ။"

"ရပါတယ်။" ယိဟယ်စုန့်က ပြန်လှည့်ကာ တံခါးကို ပိတ်လိုက်သည်။

ရှဲ့ချီ လမ်းလျှောက်သွားလိုက်ပြီး ယွမ့်ဇျဲက မေးလာသည်။ "သရဲက ယိဟယ်စုန့်နဲ့ ပက်သက်နေတာလား။"

"အခုတော့ မသေချာသေးဘူး။" ရှဲ့ချီ စိတ်နှင့်ကိုယ် ကပ်မနေ။

ယိဟယ်စုန့်က ဘာလို့မလှုပ်ရှားသေးသည်ကို ရှဲ့ချီသိသည်။ သူ၏ အင်အားမှာ ယိဟယ်စုန့်ထက် နည်းသော်လည်း သူ့ကို တစ်ချက်တည်းနှင့် သတ်ပစ်နိုင်ရန်မှာ ယိဟယ်စုန့်အတွက် မ​ဖြစ်နိုင်ပေ။ ယိဟယ်စုန့်သည် အချိန်ကောင်းကို စောင့်နေပြီး ရှဲ့ချီသည်လည်း ထပ်တူပင် စောင့်နေလေသည်။

****************

နောက်ထပ် ဌာနတစ်ခုဆီသို့ ရှဲ့ချီ သွားလိုက်သည်။ ဤတစ်ကြိမ်တွင် ကြံ့ခိုင်သည့် လူငယ်တစ်ယောက်က တံခါးဖွင့်လာသည်။ သူသည် ချောမောသော်လည်း နည်းနည်းတော့ ဆိုးရွားသည့် စရိုက်ရှိလေသည်။ ရှဲ့ချီ သူ့မျက်နှာကို တစ်ချက်ကြည့်လိုက်သည်။ ထိုသူက မျက်ခုံးမြင့်မြင့်၊ မျက်စိမှေးမှေးနှင့် ပင်ကိုက တင်းတင်းစေ့နေသော နှုတ်ခမ်းရှိလေသည်။ ဤသူသည် ရည်မှန်းချက်ကြီးပြီး စိတ်သဘေား သေးသိမ်သည့်သူ ဖြစ်လောက်သည်။

"ငါက ရှဲ့ယန်။ ဘာကိစ္စရှိလို့လဲ။" ရှဲ့ယန်က သူထွက်လာသည်နှင့် ခွဲစိတ်ခန်းတံခါးကို ချက်ချင်းပိတ်လိုက်လေသည်။ ရှဲ့ချီမှာ ရန်လိုမှုကို ခံစားမိလိုက်ပြီး နည်းနည်း မျက်မှောင်ကြုတ်လိုက်သည်။ ဒီသူကို ဘယ်မှာများ သွားရန်စမိလိုက်သည်ကို သူမသိ။

"ဘာမှမဟုတ်ပါဘူး။" ရှဲ့ချီမှာ အငြင်းခံရဖို့ စိတ်မဝင်စားပေ။ သို့သော်ငြား သူ၏ ပုံမှန် ယဥ်ကျေးမှုအရ ရှဲ့ယန်ကို ခေါင်းညိတ်ပြလိုက်ပြီး ယွမ့်ဇျဲနှင့်အတူ တစ်ဖက်သို့လှည့်သွားသည်။

"ရှဲ့ချီ။" ရှဲ့ယန်က အနောက်မှ သူ့ကို လှမ်း​ခေါ်လိုက်သည်။

ရှဲ့ချီမှာ မျက်လုံးထဲ မပေါ်သည့် စိတ်မရှည်မှုအနည်းငယ်ဖြင့် ပြန်လှည့်လိုက်သည်။

ရှဲ့ယန်က သူ့ကို စိုက်ကြည့်နေသည်။ "ငါက မင်းရဲ့ အစားထိုးမဟုတ်ဘူး။ ငါက ငါပဲ။"

"အိုး" ရှဲ့ချီမှာ ဘာဖြစ်နေသည်ကို သိနေပုံရပြီး နည်းနည်း စိတ်ရှုပ်သွားရသည်။ အဲ့ဒါ သူများတွေ ထင်နေတာလေ။ သူနဲ့ ဘာဆိုင်လို့လဲ။ ဒီလူက အရွယ်ရောက်ပြီးဖြစ်နေတာတောင် ဘယ်ဟာက အမှား၊အမှန်လဲ မပိုင်းခြားတတ်သေးဘူးပဲ။

"ငါ သွားတော့မယ်။" ရှဲ့ချီက အေးစက်စွာ ပြောလိုက်သည်။

ထိုဂရုမမူသည့် ပုံစံကြောင့် ရှဲ့ယန် ဒေါသထွက်သွားရသည်။ အလှုံ့ဆော်ခံလိုက်ရသည့် နှလုံးက အရူးအမူးခုန်နေရင်း သူ မပြောဘဲမနေနိုင်လိုက်။ "မင်းကတော့ ရှန်ယိရဲ့ အစားထိုးလုပ်ချင်လိမ့်မယ်။ ဒါပေမဲ့ ငါကတော့ မတူဘူး။"

ယွမ့်ဇျဲ ဒေါသထွက်သွားသည်။ သူ သွားပြီး ထိုသူနှင့် စကားများတော့မည့်အချိန်တွင် ရှဲ့ချီက ပြန်ဆွဲထားလိုက်သည်။ ရှဲ့ချီက ရှဲ့ယန်အား အထက်အောက် အပြန်လှန်ကြည့်လိုက်ပြီးနောက် ပြုံးပြလိုက်သည်။ "မင်းမှာ အဲ့ဒီအခွင့်အရေး မရှိလောက်ဘူးထင်တယ်။"

ရှဲ့ယန်၏ နဖူးပေါ်ရှိ အပြာရောင်သွေးကြောမှာ ထင်းထွက်လာသည်။

[ရှဲ့ယန်ရဲ့ စိတ်နေစိတ်ထားက ရှဲ့ချီနဲ့ ယှဥ်လို့ကို မရဘူး။]

[မင်းဆိုရင်ရော နေ့တိုင်း သူများရဲ့ အစားထိုးလို့အပြောခံနေရတာ စိတ်မရှုပ်ဘဲမနေဘူးလားတဲ့။ နားလည်ပေးလို့ ရတာပဲမဟုတ်ဘူးလား။ ဆရာကြီးလုပ်မနေနဲ့။]

[ရှဲ့ယန်က ရှဲ့ချီထက် ရက် ၂၀ နောက်ကျပြီးမှ ဝင်လာတာ မဟုတ်ဘူးလား။ အရင် ရာသီရဲ့ တက်သစ်စပြိုင်ပွဲကို လွတ်သွားပြီး နောက်ရာသီရဲံ နံပါတ်တစ် ဖြစ်လာတာမလား။ ငါ သိပ်မသေချာဘူး။]

[ဟုတ်တယ်။]

[စိတ်ဝင်စားစရာပဲ။ အရင်ရာသီရဲ့ နံပါတ်တစ် တက်သစ်စ ကျိရှင်းချန်ကို ရှဲ့ချီ သတ်ပစ်တာမလား။ နောက်ရာသီရဲ့ ကြယ်ပွင့်ကိုရော သူသတ်ပစ်ဦးမှာလား။]

[ယိဟယ်စုန့်က ရှဲ့ချီကို သတ်ချင်နေတာ မဟုတ်ဘူးလား။ ဘယ်သူ သေမလဲ မသေချာသေးပါဘူး။ စောစောစီးစီး ပြောမနေနဲ့။ မိုက်ရာကျတယ်။ ပြီးတော့ ရှဲ့ယန်က တော်တော်သန်မာတယ်။ အားကြီးသန်မာတဲ့သူက စိတ်ကြီးတာ ပုံမှန်ပဲ မဟုတ်ဘူးလား။]

[ဇာတ်လမ်းအကြောင်းပဲ ပြောလို့မရဘူးလား။ တစ်ချိန်လုံး ဆူညံပြီး ရန်လိုနေကြတာချည်းပဲ။ စိတ်ပျက်စရာကောင်းတယ်။ ကြည့်နေတာ ထိပ်တန်း လိမ္မော်ရောင်အရည်အသွေး ဇာတ်ကားဥစ္စာကို မင်းတို့အရည်အသွေးကတော့ အောက်ကျချက်ပဲ။]

*************

ရှဲ့ယန်နှင့် ယှဥ်လိုက်ပါက နောက်ဌာနရှိ ယွမ်ရယ်မှာ ပိုပြီး တက်တက်ကြွကြွရှိလေသည်။

ယွမ်ရယ်မှာ အတော်လေး အရပ်ရှည်ပြီး ရှဲ့ချီထက် နည်းနည်း အသက်ကြီးလောက်သည်။ နာမည်ကအတိုင်းပင် သူ၏ စရိုက်မှာအတော်လေး ခေါင်းမာကာ ခပ်မိုက်မိုက်နှင့် စည်းလွတ်ဝါးလွတ်ဖြစ်သည်။ အနောက်တိုင်းသား တစ်ယောက်၏ စ်ိတ်အားတက်ကြွမှုမျိုးနှင့် စကားပြောအလွန်မြန်ပြီး အလွန် တက်ကြွလေသည်။

"ဒါ ကျွန်တော့်လူနာတွေလေ။" ယွမ်ရယ်က ကိုယ်တိုင်ပင် သူတို့နှစ်ယောက်ကို ခေါ်သွားပြီး ခုတင်ထက်ရှိ အခြေအနေကောင်းကြသော ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်ကို ညွှန်ပြလိုက်သည်။

ယောက်ျားမှာ နိုးနေသော်လည်း မေ့ဆေးအရှိန်မပြယ်သေးသဖြင့် သူ၏ သတိမှာ နည်းနည်းရှုပ်ထွေးနေသည်။ သူတို့ကိုသာ ကြောင်ပြီးကြည့်နေလေသည်။ အမျိုးသမီးမှာ ပို၍ ဒဏ်ရာပြင်းလေသည်။ သူမ၏ အောက်ပိုင်းမှာ သွေးများစိုရွှဲနေပြီး အခုထိ သတိမလည်သေးပေ။

ရှဲ့ချီက သူတို့၏ မျက်နှာများကို လှမ်းကြည့်လိုက်ပြီး ခဏရပ်လိုက်သည်။

အသက် ၅၀အရွယ် လူကြီးက ရှဲ့ယန်နှင့် နည်းနည်းရုပ်ဆင်လေသည်။

အမျိုးသား NPC မှာ အတော်ကိုပုံကျသည့် ဆံပင်စတိုင်နှင့် သူ၏ နှုတ်ခပ်းမွှေးကို သပ်ရပ်စွာရိတ်သင်ထားသည်။ အသားအရည်အခြေအနေအရ သေချာထိန်းသိမ်းထားသည့်ပုံပင်။ နည်းနည်းဝသော်လည်း ရွဲတွဲနေတာမျိုး မဟုတ်ပေ။ အောင်မြင်သည့် အလုပ်အကိုင်လည်း ရှိပုံပင်။

ယွမ့်ဇျဲက ရှဲ့ချီ၏ လက်မောင်းကို ထိလိုက်သည်။ "အမျိုးသမီးက မျက်နှာပြင်ထားတယ်။"

အမျိုးသမီး NPC မှာ တကယ်လည်း ယွမ့်ဇျဲ ပြောသည့်အတိုင်းပင်။ မေးရိုးချွန်ချွန်၊ နှာတံမြင့်မြင့်၊ မျက်လုံးခပ်ကြီးကြီး၊ မျက်ခွံနှစ်ထပ်၊ အသားဖြူဖြူနှင့် ရင်သားကြီးလေသည်။ စစကြည့်ကြည့်ချင်း သူမသည် ပြုပြင်ပုံသွင်းထားပုံရပြီး ဘာမှထူးခြားသည့် သွင်ပြင်မရှိပေ။ ကြည့်ကြည့်ချင်းတွင် လှပသော်လည်း ခဏကြာသောအခါ စိတ်ထဲ မမှတ်မိတော့ပေ။ အတော်ငယ်သေးလောက်ပြီး ၂၀ ကျော်လောက်သာ ရှိဦးမည်။

ရှဲ့ချီ တွေ့ခဲ့သမျှ သရုပ်ဆောင်များ အားလုံးတွင် ဘယ်သူမှ သူမနှင့် မတူကြပေ။

လူနာများကို နားလည်သွားပြီးနောက် ရှဲ့ချီနှင့် ယွမ့်ဇျဲမှာ ယွမ်ရယ်နှင့်အတူ ထွက်လာကြသည်။ ယွမ်ရယ်က လက်ရန်းပေါ်ကို မှီထားရင်း ဆေးလိပ်သောက်ရန် စီးကရက်တစ်လိပ်ကို ထုတ်လိုက်ပြီး အရင်ပြောလာသည်။ "အက်စီးဒင့်ဖြစ်တော့ သူတို့နှစ်ယောက်လုံးက ကားတစ်စီးထဲမှာလေ။ သူတို့ ဆက်ဆံရေးကို ကျွန်တော်မေးတော့ အမျိုးသားက မဖြေဘူး။ သူ့သတိလည်နေတုန်းက ကျွန်တော့်ကို ပိုက်ဆံအများကြီးနဲ့ လာဘ်ထိုးပြီး အမျိုးသမီးကို ခွဲစိတ်ရင်း သေသွားအောင် လုပ်ခိုင်းတယ်။ ကျွန်တော် ငြင်းလိုက်တာပေါ့။"

ယွမ့်ဇျဲက မေးသည်။ "ဒါက အဘိုးကြီးနဲ့ သူ့မယားငယ် မဟုတ်ဘူးလား။ ပြဿနာတချို့ကြောင့် လူကြီးက ကစားရတာ ပင်ပန်းလာပြီး မယားငယ်ကို ဖြတ်ချင်နေတာ။ ဒါမှမဟုတ် မယားငယ်က သူ့ကို ခြိမ်းခြောက်ချင်နေတာမလို့ သူက အခွင့်အရေးယူပြီး သတ်ဖို့လုပ်နေတာလည်း ဖြစ်နိုင်တာပဲ။"

ယွမ်ရယ် သူ့ကို လှမ်းကြည့်လိုက်သည်။ "ကျွန်တော်လည်း အဲ့လိုပဲထင်တယ်။ ဒီမိန်းမက တော်တော်လေးရူးတာဗျ။ သူ့ကို ခွဲစိတ်တုန်းကဆိုရင် သူ့ကိုယ်ပေါ်မှာ အမာရွတ်မှိန်မှိန်တွေ အများကြီးပဲ။ ရင်ဘတ်မှာလည်း အတော်ကိုလုပ်ထားတာဗျ၊ အဟမ်း။ ကြည့်ရတာတော့ ရင်သားကြီးအောင် အတော်လုပ်ထားတဲ့ပုံပဲ။ ပြီးတော့ အောက်ကိုလည်း..."

ရှဲ့ချီ အနည်းငယ် မျက်နှာပူကာ သဘောတူလိုက်သည်။

"ကျေးဇူးပဲ။" ရှဲ့ချီ ထိုသူ့ကို ပြောလိုက်သည်။ ယွမ်ရယ်က ဦးအောင်ပြောလာသဖြင့် ရှဲ့ချီသည်လည်း သူ့ဖက်က အခြေအနေကို အကျဥ်းချုပ်ပြောပြလိုက်သည်။

မသွားခင်တွင် ယွမ်ရယ်က သူ့ကို အသေချာစိုက်ကြည့်ပြီး အပြုံးတစ်ခုနှင့် ပြောလိုက်သည်။ "ယိဟယ်စုန့်ကို သတိထားနေ။ သူက အသက်အန္တရာယ်ပေးတဲ့အဆောင်ကို ပေးလိုက်တဲ့သူပဲ။ မင်းနဲ့ ဘာရန်ငြိုးတွေ ရှိနေလဲ ကျွန်တော်မသိပေမဲ့ သူ့ကို ပေါ့သေးသေးမထင်နဲ့။ သူ့ ပုံစံနဲ့ ကြောင်သူ​​တော်လုပ်နေတာကြီးကို ကျွန်တော် မခံနိုင်လို့ရယ်။ သူ့ထက်စာရင် မင်းကမှ ပိုပြီးတော့ ကောင်းသေးတယ်။"

ရှဲ့ချီ ထိုသူ့ကို လှမ်းကြည့်လိုက်သည်။ သူ သိပြီးသားဖြစ်သော်လည်း ယွမ်ရယ်က သဘောကောင်းပြ နေသည်ကိုး။ ရှဲ့ချီ ကျေးဇူးတင်ကြောင်း အသာခေါင်းညိတ်ပြလိုက်ပြီး ယွမ့်ဇျဲနှင့်အတူ ထွက်သွားတော့သည်။

******====******

ဒီနေ့တော့ Meme မပါဘူး။ နောက် Idea ရမှ ထည့်ကြတာပေါ့။

(*_ _)人

အခုတလော ဘာမှကို အာရုံကောင်းကောင်းစိုက်လို့မရလို့ Update တွေ ကြာနေတာပါ။

သေချာစိတ်ကို ပြန်ပြင်ပြီး တတ်နိုင်သလောက် Update မှန်အောင် ကြိုးစားပါ့မယ်။ ဖိုက်တင်းးး

.......................

ေဆး႐ုံ (၄)

ZAWGYI

"အဲ့ဒါဆိုရင္ ယဲ့လန္နဲ႔ အရင္စကားေျပာလိုက္ၿပီးမွ ခယ္ေ႐ွာင္နဲ႔အတူ ႐ွင့္ဆီလာခဲ့မယ္ေလ။ ဦးေလးခယ္က အရမ္းေဖာ္ေ႐ြပါတယ္။" ယဲ့ေ႐ွာင့္ေ႐ွာင့္က ႐ွင္းျပသည္။

"ဟုတ္ၿပီ။ သ႐ုပ္ေဆာင္ေတြလည္း ခဏေနရင္ အလုပ္သိပ္႐ႈပ္ၾကေတာ့မွာ မဟုတ္ဘူး။ ကြၽန္ေတာ္တို႔ေတြ ဆုံၾကၿပီး ခဏေလာက္ ရင္းႏွီးေအာင္လုပ္ၾကတာေပါ့။"

ယဲ့ေ႐ွာင့္ေ႐ွာင့္ အျမန္ေျပာလိုက္သည္။ "ေနာက္မွေတြ႕မယ္ေလေနာ္။"

႐ွဲ႕ခ်ီ ေခါင္းညိတ္ျပလိုက္ၿပီး ဒဏ္ရာရ လူနာေဆာင္ဆီသို႔ ယြမ့္ဇ်ဲႏွင့္အတူ သြားလိုက္သည္။

"ေဟ့ ႐ွဲ႕ခ်ီ၊ ငါ အဲ့ဒီကေလးမကို သိတယ္။" ယြမ့္ဇ်ဲက ယဲ့ေ႐ွာင့္ေ႐ွာင့္ကို မျမင္ရေတာ့သည့္ အခ်ိန္ထိ ေစာင့္လိုက္ၿပီးမွ တိတ္တဆိတ္ေျပာသည္။

႐ွဲ႕ခ်ီ သူ႕ကို လွမ္းၾကည့္လိုက္သည္။ အဲ့ဒါေၾကာင့္ ခုနတုန္းက ယြမ့္ဇ်ဲ တစ္ေယာက္ စကားမေျပာသေလာက္ကိုျဖစ္ေနတာကိုး။

ႏွစ္​ေယာက္သား ေလွကားမွ ဆင္းလိုက္ၾကရင္း ယြမ့္ဇ်ဲက စကားဆက္သည္။ "မင္းနဲ႔ လုဝမ္က ကမ႓ာတစ္ခုထဲက လာၾကတာလို႔ မင္းတို႔ေျပာတာ ငါၾကားတယ္။ အဲ့လိုသာဆို ငါနဲ႔ ယဲ့ေ႐ွာင့္ေ႐ွာင့္က တစ္ကမ႓ာထဲကပဲ။ ငါသိသေလာက္ကေတာ့ သူ႕မိသားစုက ခ်မ္းသာၿပီး ငယ္ငယ္ေလးကတည္းက သူ ႏိုင္ငံျခားေရာက္ေနတာထင္တယ္။ ဘယ္လိုျဖစ္ျဖစ္ သူက ေတာ္ေတာ္ထင္တိုင္းႀကဲတတ္ၿပီး သူ႕မိဘေတြကလည္း လႊတ္ထားၾကတာ။"

"ဒါနဲ႔ေလ ငါ ႐ုတ္တရက္ႀကီး ယန္က်င္းရဲ႕ ကမ႓ာမွာက ဖုတ္ေကာင္ေတြ႐ွိၿပီး မင္းရဲ႕ ကမ႓ာမွာဆို လုဝမ္က ငါးလူသားဆိုတာ သတိရသြားတယ္။ ငါ့ကမ႓ာက ေတာ္ေတာ္႕ကို သာမန္အတိုင္းပဲ။ အရမ္း တည္ၿငိမ္ၿပီး အစီစဥ္က်တယ္..."

႐ွဲ႕ခ်ီက သူၿပီးသည္အထိ ေစာင့္ေနလိုက္သည္။

"ဒါေပမဲ့ ငါတို႔ကမ႓ာေတြ အတိုင္းအတာတစ္ခုထိ ထပ္တူညီေနၾကတာ အံ့ဩစရာႀကီး။ ယန္က်င္းရဲ႕ ကမ႓ာဆိုရင္ ယဲ့ေ႐ွာင့္ေ႐ွာင့္နဲ႔ ငါ့ကမ႓ာထက္ ေနာက္က်ေနေပမဲ့ လူမႈအဖြဲ႕အစည္းနဲ႔ သမိုင္းေၾကာင္းက ငါတို႔နဲ႔ ဆင္တူပဲ။ ဘယ္လိုေျပာရမလဲ..." ဘယ္လိုေဖာ္ျပရမည္ကို ယြမ့္ဇ်ဲမသိေတာ့။

႐ွဲ႕ခ်ီက သူ႕အစားေျပာေပးသည္။ "ဘယ္လိုလဲဆိုေတာ့ တိုးတက္မႈက မၿပီးေသးတာ ဒါမွမဟုတ္ အေသးစိတ္ကေတာ့ ကြဲေပမဲ့ တိုးတက္မႈ ေယဘုယ်သေဘာတရားက အတူတူျဖစ္ေနတဲ့ မင္းရဲ႕ ကမ႓ာလိုမ်ိဳးပဲ။ ေတာင္ေပၚက စီးဆင္းလာတဲ့ ေရစီးေၾကာင္းလိုပဲ။ တစ္ခုခုနဲ႔ ေတြ႕သြားရင္ ခြဲထြက္သြားၿပီး မတူညီတဲ့ဘက္ဆီ ေျပာင္းစီးဆင္းသြားသလိုမ်ိဳး။ အဲ့ဒီလိုဆိုရင္ေတာင္မွ ရင္းျမစ္က ေရစီး​ေၾကာင္းျဖစ္ေနၿပီး အႏွစ္သာရက ေရပဲေလ။"

"ဟုတ္တယ္။ အဲ့ဒီလို ခံစားခ်က္မ်ိဳး။" ယြမ့္ဇ်ဲက ေျပာျပသည္။ "မင္းရဲ႕ ကမ႓ာနဲ႔ ယန္က်င္းရဲ႕ ကမ႓ာၾကားက ကြာေနတာေတာ္ေတာ္ႀကီးေပမဲ့ ထပ္တူညီေနတာေတြက မ်ားေနတုန္းပဲ။"

႐ွဲ႕ခ်ီက ခဏတာ တိတ္ေနၿပီးမွ သူ႕ကို စိုက္ၾကည့္လိုက္သည္။ "အၿပိဳင္ကမ႓ာသီအိုရီကို မင္းယုံလား။"

သူမၾကာၾကာ ထိုအေၾကာင္းကို စဥ္းစားၾကည့္မိၿပီး သိထားသည့္ သိပၸံပညာ (သို႔) သိပၸံဆိုင္ရာ နည္းမ်ားႏွင့္ ႐ွင္းျပဖို႔ရာ ႀကိဳးစား​ၾကည့္ဖူးသည္။ ဤသည္က သူ႕အတြက္ ထပ္တူအက်ဆုံးႏွင့္ အနီးစပ္ဆုံးျဖစ္ႏိုင္ေျခ ျဖစ္ေလသည္။

ယြမ့္ဇ်ဲ စိတ္မွာ ႐ုတ္တရက္ ႐ွင္းသြားသည္။ သူ ခဏေလာက္ ရပ္လိုက္ၿပီးမွ အမွန္တိုင္း ျပန္ေျဖလိုက္သည္။ "ငါ...ငါ မသိဘူး။"

သိပၸံႏွင့္ သိပၸံစိတ္ကူးယဥ္ဇာတ္မ်ားမွာ သူႏွင့္ အလွမ္းေဝးလြန္းသည္ဟု ခံစားရသည္။ App ထဲ မဝင္လာခင္တုန္းကလည္း သရဲတေစၧမ်ားႏွင့္ ဘုရားမ်ားကို သူမယုံ​ၾကည္ခဲ့ေပ။ သူသည္ သက္ဝင္ယုံၾကည္မႈမ႐ွိဘဲ အရာအားလုံးကို ေမးခြန္းထုတ္တတ္သည့္ ေခတ္လူငယ္တစ္ေယာက္ျဖစ္ခဲ့သည္။ အဓိပၸါယ္မ႐ွိသည့္ တကၠသိုလ္ဆီ ေက်ာင္းသြားတက္ၿပီး ဘဝကို ကုန္ဆုံးခဲ့သည္။

ထို႔ေနာက္ ႐ွဲ႕ခ်ီက ဤသို႔ေျပာျပလိုက္ၿပီး ယြမ့္ဇ်ဲ သေဘာေပါက္သြားသည္။ "တကယ္တမ္း အဓိပၸါယ္ေတာ့႐ွိသားပဲ။ ယဲ့ေ႐ွာင့္ေ႐ွာင့္နဲ႔ ငါ့ရဲ႕ ကမ႓ာမွာ လြန္ခဲ့တဲ့ ႏွစ္ရာခ်ီေလာက္တုန္းက ဖုတ္ေကာင္ေတြ ႐ွိခဲ့တယ္လို႔ စာအုပ္ထဲမွာ ေသခ်ာေပါက္ မွတ္တမ္းတင္ထားတယ္။ ၿပီးေတာ့ လူေတြ တိုးတက္လာၾကတာေၾကာင့္မလို႔ သူတို႔ေတြကို အျပတ္႐ွင္းႏိုင္လိုက္တယ္တဲ့။ မီးသၿဂႌဳဟ္တာကို စလုပ္လာၾကၿပီး ဖုတ္ေကာင္အသစ္ေတြလည္း ျဖစ္မလာေတာ့ဘူး။ အဲ့ဒါေၾကာင့္ ငါတို႔ေတြက ဖုတ္ေကာင္ေတြေတာ့ မျမင္ဖူးေပမဲ့ စိမ္းေနတာေတာ့လည္း မဟုတ္ဘူး။ ဖုတ္ေကာင္ေတြက ငါတို႔ကမ႓ာရဲ႕ ဇာတ္ကားေတြထဲမွာလည္း ပါၾကတာပဲ။"

ယြမ့္ဇ်ဲ႕ နည္းနည္း လန္႔သြားသည္။ "အဲ့ဒါဆိုရင္... ဖုတ္ေကာင္ေတြ မ်ိဳးမသုန္းသြားတဲ့ ကမ႓ာလည္း ႐ွိေနေလာက္လား။ ဒါမွမဟုတ္ မီးသၿဂႌဳဟ္တာကို စမလုပ္ၾကရေသးတဲ့ ကမ႓ာဆိုရင္ေရာ။"

သူ ပိုၿပီး ေတြးမိေလေလ ပို႐ွင္းလာေလေလ ျဖစ္သည္။ ႐ွဲ႕ခ်ီကို သူစိုက္ၾကည့္လိုက္သည္။ "မင္းရဲ႕ ကမ႓ာက ဆုံမွတ္တစ္ခုမွာ႐ွိေနၿပီး မင္းက လမ္းရဲ႕ လမ္းေၾကာင္းခြဲတစ္ခုေပၚမွာပဲ။"

ယြမ့္ဇ်ဲ ေခါင္းညိတ္ျပလိုက္သည္။ သူ တကယ္လည္း ထိုသို႔ေတြးခဲ့သည္။

ယြမ့္ဇ်ဲ ႐ုတ္တရက္ တစ္ခုခုကို ေတြးလိုက္မိၿပီး သူ၏ မ်က္လုံးထဲ ေၾကာက္႐ြံ႕မႈ တစ္စြန္းတစ္စ ေပၚလာသည္။ "ငါတို႔ ကမ႓ာေတြမွာေရာ ငါတိုနဲ႔ ထပ္တူညီေနတဲ့ ငါတို႔ေတြ ႐ွိေနမွာလား။ ဒါမွမဟုတ္ ငါတို႔ မသိတဲ့ကမ႓ာေတြမွာ ငါတို႔နဲ႔ ထပ္တူညီေနတာေတြေပါ့။"

႐ွဲ႕ခ်ီ သူ႕ကို အာမခံလိုက္သည္။ "စိတ္မပူပါနဲ႔။ ျဖစ္ႏိုင္ေျခက သုညျဖစ္သေလာက္ပဲ။ ကမ႓ာတစ္ခု ဆင့္ကဲေျပာင္းလဲတာက ကိုယ္တစ္ခုလုံးကို သက္ေရာက္တယ္။ ေျပာင္းလဲမႈ ေသးေသးေလးက မသိသာေပမဲ့ သမိုင္းအစဥ္အဆက္တစ္ေလွ်ာက္ 'မင္း' မ႐ွိဘူးဆိုတဲ့ ျဖစ္ႏိုင္ေျခ မ်ားတယ္။ သူက မင္းနဲ႔ တစ္ပုံစံထဲတူေနရင္ေတာင္မွ သူက မင္း မဟုတ္ဘူး။ ႐ွင္သန္လာတဲ့ ပတ္ဝန္းက်င္ ကြာတယ္ေလ။ သူက မတူတဲ့လူေတြကို သိခဲ့ၿပီး မတူတဲ့အရာေတြနဲ႔ ​ေတြ႕ၾကဳံခဲ့ရတယ္။ သူက မင္းပါပဲလို႔ ဘယ္လိုလုပ္ ေျပာလို႔ရမွာလဲ။ လူဆိုတာ အဖြဲ႕အစည္းက ထုဆစ္လိုက္တာေတြပဲ။ ေဘးပတ္ဝန္းက်င္ ေျပာင္းလဲသြားတာနဲ႔ သူတို႔လည္း လိုက္ၿပီး ေျပာင္းလဲသြားမွာေလ။"

ယြမ့္ဇ်ဲက ခ်က္ခ်င္းပင္ သူ႕စိုးရိမ္မႈမ်ားကို လႊတ္ခ်လိုက္သည္။ သူစိုးရိမ္ေနသည္က နည္းနည္းေတာ့ က်ိဳးေၾကာင္းဆီေလ်ာ္မႈမ႐ွိဟု ခံစားလိုက္ရကာ ျပဳံးလိုက္သည္။ "အဲ့ေတာ့ ငါတို႔က ငါတို႔ပဲေပါ့။"

႐ွဲ႕ခ်ီ ေခါင္းညိတ္ျပလိုက္သည္။ "ေသခ်ာတာေပါ့။ ဒါက ဒီအတိုင္း ဘာမဟုတ္တဲ့မွန္းေျခသက္သက္ပဲဟာကို။"

ေနာက္က်ရင္ေတာ့ အမွန္ကို သိႏိုင္မည့္ အခြင့္အေရးရလာမလားေတာ့ မသိေသးေပ။

႐ွဲ႕ခ်ီ တစ္ဖက္သို႔လွည့္ကာ သူ႕ေနာက္႐ွိ ထူးဆန္းလွေသာ လႏွစ္စင္းကို လွမ္းၾကည့္လိုက္သည္။ ထိုသည္ႏွင့္ ဤ ဘာရယ္မဟုတ္သည့္ စကားဝိုင္းကို ဆက္စပ္​ၾကည့္လိုက္ၿပီး အေတြးေရးေရးေပၚလာသည္။

အခ်ိန္၊ အာကာသ၊ အခ်ိန္ ႏွင့္ အာကာသ။

ယြမ့္ဇ်ဲ ႐ုတ္တရက္ တီးတိုးေျပာလာသည္။ "႐ွဲ႕ခ်ီ ၾကည့္ဦး။"

႐ွဲ႕ခ်ီ ခ်က္ခ်င္းပင္ ေခါင္းလွည့္ကာ ယြမ့္ဇ်ဲ လက္ညိႇဳးထိုးျပသည့္ ေနရာဆီ လိုက္ၾကည့္လိုက္သည္။

သူတို႔သည္ ေကာ္ရစ္ဒါေထာင့္တြင္ ႐ွိေနၾကသည္။ ေကာ္ရစ္ဒါမွာ ​ေမွာင္မည္းေနၿပီး အျဖဴေရာင္ႏွင့္ ေသြးနီေရာင္ လေရာင္မ်ားက ျပတင္းေပါက္မ်ားမွ တစ္ဆင့္ ျဖာက်ေနၾကသည္။ ေလွကားမ်ား၏ေအာက္၊ မီးဖြင့္ထားေသာ ခြဲစိတ္ခန္း၏ အေ႐ွ႕တြင္ ခပ္ဝါးဝါးပုံရိပ္တစ္ခုက ေခ်ာင္းၾကည့္ေနသည္။

႐ွဲ႕ခ်ီ ခ်က္ခ်င္းပင္ ယြမ့္ဇ်ဲကို ဆြဲခ်ၿပီး ငုံ႔ထိုင္ေစလိုက္သည္။ သူတို႔ကို လက္ရန္းက ကာထားေလသည္။

"ကိုကိုေရ။" ႐ွဲ႕ခ်ီ စိတ္ထဲတြင္ ေျပာလိုက္သည္။

မေကာင္းဆိုးဝါး ဝိညာဥ္ကို ၿမိဳခ်ၿပီးသည့္ေနာက္ ႐ွဲ႕႐ွင္းလန္၏ အျမင္အာ႐ုံမွ အလြန္ေကာင္းၿပီး ႐ွင္း႐ွင္းလင္းလင္း ျမင္ရႏိုင္ေလသည္။

႐ွဲ႕႐ွင္းလန္ ထြက္လာၿပီး ထိုအရာကို အေသအခ်ာ ျမင္လိုက္ရသည္။ ထိုေယာက်္ားက အလြန္ပြေယာင္းသည့္ အနက္ေရာင္အဝတ္အစားမ်ား ဝတ္ထားသည္။ သူ၏ ကိုယ္ထည္ကို အေသအခ်ာမျမင္ရႏိုင္ဘဲ မ်က္ႏွာတြင္လည္း ဦးထုပ္ျဖင့္ ကာအုပ္ထားေသာေၾကာင့္ မ်က္ႏွာကလည္း မ႐ွင္းေပ။ သူသည္ ခြဲစိတ္ခန္းတံခါးအား ေခါင္းမာစြာပင္ ဆုပ္ကိုင္ထားၿပီး ၾကားေပါက္ထဲသို႔ သူ၏ မ်က္လုံးမ်ားကို အတင္းသြင္းၾကည့္ခ်င္ေနသည့္အလား တံခါးနားတြင္ ဖိကပ္ထားေလသည္။

ေထာင့္ကကြယ္ေနေသာေၾကာင့္ ႐ွဲ႕႐ွင္းလန္မွာ ထိုသူ၏ အေပၚပိုင္းကိုသာလွ်င္ ျမင္ရေလသည္။ သူ နည္းနည္းေလာက္ မတ္တပ္ရပ္ၾကည့္လိုက္ၿပီးမွသာ တစ္ခုလုံးကို အေသအခ်ာျမင္ရေတာ့သည္။ ထိုလူ၏ ​ေျခသလုံးမ်ားမွာ အေမွာင္ထုႏွင့္ ေရာေႏွာေနသည့္အလား မည္းနက္ေနသည္။ သူ၏ တစ္ကိုယ္လုံးက သရဲတစ္ေကာင္အလား ေလေပၚပ်ံေနသည္။ လေရာင္ေအာက္တြင္ ထိုသူသည္... အရိပ္မထင္ေန။

႐ွဲ႕႐ွင္းလန္ ေခါင္းငုံ႔ကာ ယြမ့္ဇ်ဲကို အၾကည့္တစ္ခ်က္ ေပးလိုက္ၿပီး တိတ္တဆိတ္ ေနာက္ဆုတ္ခိုင္းလိုက္သည္။ ထို႔ေနာက္ ႐ွဲ႕႐ွင္းလန္ ျပန္ေမာ့ၾကည့္လိုက္ေသာအခါ သရဲ မ႐ွိေတာ့ေၾကာင္း ေတြ႕လိုက္ရသည္။

"မင္းအေနာက္မွာ။" ယြမ့္ဇ်ဲက အလန္႔တၾကား ေအာ္လိုက္သည္။

႐ွဲ႕႐ွင္းလန္မွာ ယြမ့္ဇ်ဲမေျပာခင္ကပင္ ႏိုးၾကားစြာ တုံ႔ျပန္ၿပီးျဖစ္သည္။ သူ ယြမ့္ဇ်ဲကို တြန္းလႊတ္လိုက္ၿပီး အရင္ ေျပးခိုင္းလိုက္သည္။ ထို႔ေနာက္ လက္ရန္းကို ခုန္ေက်ာ္လိုက္ၿပီး ေလွကားထစ္ အနည္းကို ေက်ာ္ဆင္းလိုက္သည္။

ယြမ့္ဇ်ဲမွာ ဒယိမ္းဒယိုင္ႏွင့္ ေလွကားမွ အျမန္ပင္ ေျပးဆင္းသြားသည္။ ႐ွဲ႕႐ွင္းလန္မွာ ခုန္ဆင္းၿပီး သူ႕ကို ဆြဲကာေျပးေတာ့မည့္အခ်ိန္တြင္ တစ္ခုခုမွားေနသည္ကို သေဘာေပါက္သြားသည္။ ႐ွဲ႕႐ွင္းလန္ ေမာ့ၾကည့္လိုက္ၿပီး သရဲသည္ သူထို႔ မူလက ပုန္းေနသည့္ေနရာတြင္သာ မလႈပ္မ႐ွား မတ္တပ္ရပ္ေနသည္ကို ေတြ႕လိုက္ရသည္။

႐ွဲ႕႐ွင္းလန္က သတ္ျဖတ္လိုစိတ္ကို ခံစားသိလြယ္သည္။ ဤသရဲမွာ ေသခ်ာေပါက္ သူ႕ကို မသတ္ခ်င္ေသာ္လည္း အျခားနည္းမ်ား ႐ွိလိမ့္မည္။ ႐ွဲ႕႐ွင္းလန္ ရပ္လိုက္ၿပီး ေလွကားေပၚ႐ွိ သရဲႏွင့္ မ်က္ႏွာခ်င္းဆိုင္ မတ္တပ္ရပ္လိုက္သည္။

ယြမ့္ဇ်ဲမွာ ခဏၾကာေအာင္ ေျပးလိုက္ၿပီးေနာက္ ေနာက္ထပ္ ေလွကား႐ွိရာဆီ ေရာက္သြားသည္။ စိတ္သက္သာရာရကာ သက္ျပင္းခ်လိုက္ေတာ့မည့္အခ်ိန္တြင္ သရဲအား ႐ုတ္တရက္ႀကီး သူ႕ေ႐ွ႕တြင္ ေတြ႕လိုက္ရေလသည္။ အခ်ိန္မီ မရပ္ႏိုင္လိုက္ဘဲ သရဲႏွင့္ ဝင္တိုက္မိမလိုပင္ ျဖစ္သြားေလသည္။ ဒီသရဲက ေနရာေျပာင္းႏိုင္တယ္ဟ။

အသည္းအသန္ ျပန္ေျပးေတာ့မည့္အခ်ိန္ အမွတ္မထင္ ေအာက္သို႔ငုံ႔​ၾကည့္လိုက္ေသာအခါ ႐ွဲ႕ခ်ီသည္ သူ႕ေအာက္က ေလွကားတြင္ ႐ွိေနသည္ကို ေတြ႕လိုက္ရသည္။ ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ။ ႐ွဲ႕ခ်ီက သူ႕ေနာက္မွ ဆင္းလာသည္မွာ အသိသာႀကီးျဖစ္ၿပီး သူ႕အေပၚထပ္မွာ ႐ွိေနရမည္ျဖစ္သည္။ ႐ွဲ႕ခ်ီက အခု ဘယ္လိုလုပ္ ေအာက္ထပ္ကိုေရာက္ေနရတာလဲ။ ဘာေတြ ျဖစ္ေနတာလဲ။

ယြမ့္ဇ်ဲ ေနာက္ျပန္လဲက်သြားၿပီး ေလွကားေပၚ႐ွိ '႐ွဲ႕ခ်ီ' က လွမ္းဆြဲလိုက္သည္။

႐ွဲ႕႐ွင္းလန္သည္ လက္ရန္းေဘး႐ွိ သရဲကို ေမာ့ၾကည့္လိုက္ၿပီး ေအးစက္စြာေျပာလိုက္သည္။ "ထြက္ေျပးမေနနဲ႔။ ဒါက သရဲနံရံပဲ။ ေလွကား ေတြက အဆုံးမ႐ွိထပ္ေနမွာ။ သရဲက လႈပ္ကိုမလႈပ္ရေသးဘူး။ မင္းပဲ အစတုန္းကေနရာဆီ ျပန္ေရာက္ေနမွာ။"

ယြမ့္ဇ်ဲမွာ အလန္႔တၾကားျဖစ္သြားရသည္။

႐ွဲ႕႐ွင္းလန္၏ မ်က္လုံးမ်ားက သရဲဆီ ဦးတည္ထားသည္။ "မင္း လိုခ်င္တာ ဘာလဲ။"

တိတ္ဆိတ္ေနသည္။ ထို႔ေနာက္ အခ်ိန္အေတာ္ၾကာၿပီးေနာက္ ေခါင္းေဆာင္းေအာက္႐ွိ ျဖဴဖပ္ေနေသာ ႏႈတ္ခမ္းမ်ားႏွာ တစ္စုံတစ္ခုကို ေျပာေနသည့္အလား အနည္းငယ္ လႈပ္႐ွားသြားသည္။ သူ ၿပီးသြားသည္ႏွင့္ ေလထုထဲ ေပ်ာက္ကြယ္သြားေလေတာ့သည္။

႐ွဲ႕႐ွင္းလန္၏ မ်က္လုံးမ်ား ေဘးပတ္လည္ကို လိုက္ၾကည့္သည္။ ဒီတစ္ႀကိမ္တြင္ တကယ္ႀကီး ေပ်ာက္သြားျခင္းျဖစ္သည္။

ယြမ့္ဇ်ဲ စိတ္္သက္သာရာရသြားသည္။

႐ွဲ႕႐ွင္းလန္ ေမးလိုက္သည္။ "ေ႐ွာင္ခ်ီ၊ သူ ဘာေျပာသြားတာလဲ။"

သူလည္း မေသခ်ာေသာေၾကာင့္ ႐ွဲ႕ခ်ီ အခ်ိန္ခဏ ယူလိုက္ရသည္။ "လႈပ္သြားတဲ့ႏႈန္းက အရမ္းေသးေတာ့ ကြၽန္ေတာ္ မွန္လား သိပ္မေသခ်ာဘူး။ 'မင္းကိုမုန္းတယ္' လို႔ ျဖစ္လိမ့္မယ္။"

"မင္းကို မုန္းတယ္?"

႐ွဲ႕ခ်ီက ထပ္ေျပာသည္။ "ကြၽန္ေတာ္႕ ဇာတ္ေကာင္နဲ႔ ရန္ၿငိဳး႐ွိေနတာေနမယ္။"

"အဲ့ဒါဆို ဘာလို႔ ကိုယ္တို႔ကို သတ္ဖို႔မလုပ္တာလဲ။"

"ကြၽန္ေတာ္လည္း အဲ့ဒါ သိခ်င္ေနတာ။"

႐ွဲ႕ခ်ီ အေတြးထဲနစ္ေနသည္။ သရဲသည္ ​ေသခ်ာေပါက္ သူ ႐ွဲ႕ခ်ီကို မုန္းသည္ဟု ေျပာထားရက္ႏွင့္ ဘာလို႔ ႐ွဲ႕ခ်ီကို သတ္ဖို႔မလုပ္တာလဲ။ ဇာတ္ကားထဲ သရဲကို လူသတ္ဖို႔ အသိမေပးတဲ့ တားျမစ္ခ်က္ေတြနဲ႔ သြားဆက္စပ္ေနတာလား။ ဒါမွာမဟုတ္ တစ္ခုခုကို ဖုံးထားတာလား။

႐ွဲ႕႐ွင္းလန္ႏွင့္ ေခတၱ အျပန္အလွန္ေျပာၿပီးေနာက္ ႐ွဲ႕ခ်ီ သူ၏ ခႏၶာကိုယ္အား ျပန္လည္ထိန္းခ်ဳပ္ခြင့္ ရသြားသည္။

"မင္း အဆင္ေျပရဲ႕လား။" ႐ွဲ႕ခ်ီ ေမးလိုက္သည္။

ယြမ့္ဇ်ဲက ေခါင္းညိတ္ျပကာ သူ၏ နဖူးေပၚ႐ွိ ေခြၽးကို သုတ္လိုက္သည္။ ႐ွဲ႕ခ်ီ မွင္သက္ေငးေနသည့္ အခ်ိန္တိုင္း သူ၏ခ်စ္သူႏွင့္ ဆက္သြယ္ေနတာျဖစ္ေၾကာင္း အခုေတာ့ သူ သိသြားၿပီျဖစ္သည္။ ထို႔ေၾကာင့္ သိတတ္စြာပင္ ယြမ့္ဇ်ဲ ေစာင့္ေနလိုက္သည္။ ယြမ့္ဇ်ဲက ေျပာလာသည္။ "သူ႕ကို ေျပာေပးဦး။ ေက်းဇူးပဲ အစ္ကိုေရလို႔။"

႐ွဲ႕ခ်ီ သူ႕ကို လွမ္းၾကည့္လိုက္သည္။ "မင္းက သူ႕က် အစ္ကိုလို႔ ေခၚၿပီး ငါ့က် ႐ွဲ႕ခ်ီလို႔ ေခၚတယ္။ ဒါက ဘယ္လိုေတာင္ ဆက္ဆံတာလား။"

"မင္းကိုလည္း မရီးလို႔ ေခၚေပးလို႔ရတယ္ေလ။" ယြမ့္ဇ်ဲက ခပ္ေထ့ေထ့ ျပဳံးျပသည္။

"...သြားစမ္းပါ။"

ယြမ့္ဇ်ဲ ကိုယ္တိုင္တြင္ပင္ စ႐ိုက္မ်ားစြာ ႐ွိေလသည္။ ႐ွဲ႕ခ်ီ၏ အေျခအေနကို သိၿပီးေနာက္ ဘယ္သူက ဘယ္သူလဲႏွင့္ ဘယ္သူ႕ႏွင့္ဆို စေနာက္၍ ရသည္ကို ခြဲေျပာရလြယ္သြားၿပီ ျဖစ္သည္။

႐ွဲ႕ခ်ီ သူ႕ကို ေျပာလိုက္သည္။ "သြားမယ္။"

"ဘယ္ကို သြားမွာလဲ။"

႐ွဲ႕ခ်ီက မီးစိမ္းလင္းေနသည့္ ခြဲစိတ္ခန္းကို လက္ညိႇဳးထိုးျပလိုက္သည္။ "သြားၾကည့္ၾကမယ္။"

သရဲက ဤခြဲစိတ္ခန္းကို ေခ်ာင္းၾကည့္ေနခဲ့သည္။ ဒီအတိုင္း က်ပန္းလား၊ အေၾကာင္းတစ္ခုခု ႐ွိေနလားေတာ့ မသိရေသးေပ။ အကယ္၍ ေနာက္ကတစ္ခုဆိုပါက ႐ွဲ႕ခ်ီ အာ႐ုံစိုက္ရေပလိမ့္မည္။

႐ွဲ႕ခ်ီ တံခါးေခါက္လိုက္ၿပီး ခဏၾကာ ေစာင့္ေနလိုက္သည္။ သို႔ေသာ္ တံခါးဖြင့္ၿပီး ထြက္လာသူက ယိဟယ္စုန္႔ ျဖစ္ေနေလသည္။

ယိဟယ္စုန္႔သည္လည္း ႐ွဲ႕ခ်ီ ျဖစ္ေနလိမ့္မည္ဟု မထင္ထားခဲ့ေပ။ မသိမသာ မ်က္ေမွာင္ၾကဳတ္လိုက္ေသာ္လည္း ထိုသူ႕ကို အျပဳံးတစ္ခုျဖင့္ ႏႈတ္ဆက္လိုက္သည္။ "ကြၽန္ေတာ္တို႔ ျပန္ေတြ႕ၾကတာပဲ။"

႐ွဲ႕ခ်ီက ယိဟယ္စုန္႔ အေနာက္ဘက္ဆီသို႔ လက္ညိႇဳးထိုးျပကာ ျပဳံးလိုက္သည္။ "ကြၽန္ေတာ္ အထဲဝင္ၾကည့္လို႔ရမလား။"

"မရဘူးဗ်။" ယိဟယ္စုန္႔မွာ ႐ွဲ႕ခ်ီအား ဘာမွမျပခ်င္ဘဲ အားနာခ်င္ေယာင္ေဆာင္လိုက္သည္။ "သူ႕ကို ခက္ခက္ခဲခဲ ကယ္ထားရတာဆိုေတာ့ တျခားသူေတြကို ျပရေအာင္ အဆင္မေျပ​​ေသးဘူး။"

႐ွဲ႕ခ်ီ နားလည္လိုက္ၿပီး ေခါင္းညိတ္ျပလိုက္သည္။ "ေကာင္းၿပီေလ။"

"ရပါတယ္။" ယိဟယ္စုန္႔က ျပန္လွည့္ကာ တံခါးကို ပိတ္လိုက္သည္။

႐ွဲ႕ခ်ီ လမ္းေလွ်ာက္သြားလိုက္ၿပီး ယြမ့္ဇ်ဲက ေမးလာသည္။ "သရဲက ယိဟယ္စုန္႔နဲ႔ ပက္သက္ေနတာလား။"

"အခုေတာ့ မေသခ်ာေသးဘူး။" ႐ွဲ႕ခ်ီ စိတ္ႏွင့္ကိုယ္ ကပ္မေန။

ယိဟယ္စုန္႔က ဘာလို႔မလႈပ္႐ွားေသးသည္ကို ႐ွဲ႕ခ်ီသိသည္။ သူ၏ အင္အားမွာ ယိဟယ္စုန္႔ထက္ နည္းေသာ္လည္း သူ႕ကို တစ္ခ်က္တည္းႏွင့္ သတ္ပစ္ႏိုင္ရန္မွာ ယိဟယ္စုန္႔အတြက္ မ​ျဖစ္ႏိုင္ေပ။ ယိဟယ္စုန္႔သည္ အခ်ိန္ေကာင္းကို ေစာင့္ေနၿပီး ႐ွဲ႕ခ်ီသည္လည္း ထပ္တူပင္ ေစာင့္ေနေလသည္။

****************

ေနာက္ထပ္ ဌာနတစ္ခုဆီသို႔ ႐ွဲ႕ခ်ီ သြားလိုက္သည္။ ဤတစ္ႀကိမ္တြင္ ၾကံ့ခိုင္သည့္ လူငယ္တစ္ေယာက္က တံခါးဖြင့္လာသည္။ သူသည္ ေခ်ာေမာေသာ္လည္း နည္းနည္းေတာ့ ဆိုး႐ြားသည့္ စ႐ိုက္႐ွိေလသည္။ ႐ွဲ႕ခ်ီ သူ႕မ်က္ႏွာကို တစ္ခ်က္ၾကည့္လိုက္သည္။ ထိုသူက မ်က္ခုံးျမင့္ျမင့္၊ မ်က္စိေမွးေမွးႏွင့္ ပင္ကိုက တင္းတင္းေစ့ေနေသာ ႏႈတ္ခမ္း႐ွိေလသည္။ ဤသူသည္ ရည္မွန္းခ်က္ႀကီးၿပီး စိတ္သေဘား ေသးသိမ္သည့္သူ ျဖစ္ေလာက္သည္။

"ငါက ႐ွဲ႕ယန္။ ဘာကိစၥ႐ွိလို႔လဲ။" ႐ွဲ႕ယန္က သူထြက္လာသည္ႏွင့္ ခြဲစိတ္ခန္းတံခါးကို ခ်က္ခ်င္းပိတ္လိုက္ေလသည္။ ႐ွဲ႕ခ်ီမွာ ရန္လိုမႈကို ခံစားမိလိုက္ၿပီး နည္းနည္း မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ဒီသူကို ဘယ္မွာမ်ား သြားရန္စမိလိုက္သည္ကို သူမသိ။

"ဘာမွမဟုတ္ပါဘူး။" ႐ွဲ႕ခ်ီမွာ အျငင္းခံရဖို႔ စိတ္မဝင္စားေပ။ သို႔ေသာ္ျငား သူ၏ ပုံမွန္ ယဥ္ေက်းမႈအရ ႐ွဲ႕ယန္ကို ေခါင္းညိတ္ျပလိုက္ၿပီး ယြမ့္ဇ်ဲႏွင့္အတူ တစ္ဖက္သို႔လွည့္သြားသည္။

"႐ွဲ႕ခ်ီ။" ႐ွဲ႕ယန္က အေနာက္မွ သူ႕ကို လွမ္း​ေခၚလိုက္သည္။

႐ွဲ႕ခ်ီမွာ မ်က္လုံးထဲ မေပၚသည့္ စိတ္မ႐ွည္မႈအနည္းငယ္ျဖင့္ ျပန္လွည့္လိုက္သည္။

႐ွဲ႕ယန္က သူ႕ကို စိုက္ၾကည့္ေနသည္။ "ငါက မင္းရဲ႕ အစားထိုးမဟုတ္ဘူး။ ငါက ငါပဲ။"

"အိုး" ႐ွဲ႕ခ်ီမွာ ဘာျဖစ္ေနသည္ကို သိေနပုံရၿပီး နည္းနည္း စိတ္႐ႈပ္သြားရသည္။ အဲ့ဒါ သူမ်ားေတြ ထင္ေနတာေလ။ သူနဲ႔ ဘာဆိုင္လို႔လဲ။ ဒီလူက အ႐ြယ္ေရာက္ၿပီးျဖစ္ေနတာေတာင္ ဘယ္ဟာက အမွား၊အမွန္လဲ မပိုင္းျခားတတ္ေသးဘူးပဲ။

"ငါ သြားေတာ့မယ္။" ႐ွဲ႕ခ်ီက ေအးစက္စြာ ေျပာလိုက္သည္။

ထိုဂ႐ုမမူသည့္ ပုံစံေၾကာင့္ ႐ွဲ႕ယန္ ေဒါသထြက္သြားရသည္။ အလႈံ႕ေဆာ္ခံလိုက္ရသည့္ ႏွလုံးက အ႐ူးအမူးခုန္ေနရင္း သူ မေျပာဘဲမေနႏိုင္လိုက္။ "မင္းကေတာ့ ႐ွန္ယိရဲ႕ အစားထိုးလုပ္ခ်င္လိမ့္မယ္။ ဒါေပမဲ့ ငါကေတာ့ မတူဘူး။"

ယြမ့္ဇ်ဲ ေဒါသထြက္သြားသည္။ သူ သြားၿပီး ထိုသူႏွင့္ စကားမ်ားေတာ့မည့္အခ်ိန္တြင္ ႐ွဲ႕ခ်ီက ျပန္ဆြဲထားလိုက္သည္။ ႐ွဲ႕ခ်ီက ႐ွဲ႕ယန္အား အထက္ေအာက္ အျပန္လွန္ၾကည့္လိုက္ၿပီးေနာက္ ျပဳံးျပလိုက္သည္။ "မင္းမွာ အဲ့ဒီအခြင့္အေရး မ႐ွိေလာက္ဘူးထင္တယ္။"

႐ွဲ႕ယန္၏ နဖူးေပၚ႐ွိ အျပာေရာင္ေသြးေၾကာမွာ ထင္းထြက္လာသည္။

[႐ွဲ႕ယန္ရဲ႕ စိတ္ေနစိတ္ထားက ႐ွဲ႕ခ်ီနဲ႔ ယွဥ္လို႔ကို မရဘူး။]

[မင္းဆိုရင္ေရာ ေန႔တိုင္း သူမ်ားရဲ႕ အစားထိုးလို႔အေျပာခံေနရတာ စိတ္မ႐ႈပ္ဘဲမေနဘူးလားတဲ့။ နားလည္ေပးလို႔ ရတာပဲမဟုတ္ဘူးလား။ ဆရာႀကီးလုပ္မေနနဲ႔။]

[႐ွဲ႕ယန္က ႐ွဲ႕ခ်ီထက္ ရက္ ၂၀ ေနာက္က်ၿပီးမွ ဝင္လာတာ မဟုတ္ဘူးလား။ အရင္ ရာသီရဲ႕ တက္သစ္စၿပိဳင္ပြဲကို လြတ္သြားၿပီး ေနာက္ရာသီရဲံ နံပါတ္တစ္ ျဖစ္လာတာမလား။ ငါ သိပ္မေသခ်ာဘူး။]

[ဟုတ္တယ္။]

[စိတ္ဝင္စားစရာပဲ။ အရင္ရာသီရဲ႕ နံပါတ္တစ္ တက္သစ္စ က်ိ႐ွင္းခ်န္ကို ႐ွဲ႕ခ်ီ သတ္ပစ္တာမလား။ ေနာက္ရာသီရဲ႕ ၾကယ္ပြင့္ကိုေရာ သူသတ္ပစ္ဦးမွာလား။]

[ယိဟယ္စုန္႔က ႐ွဲ႕ခ်ီကို သတ္ခ်င္ေနတာ မဟုတ္ဘူးလား။ ဘယ္သူ ေသမလဲ မေသခ်ာေသးပါဘူး။ ေစာေစာစီးစီး ေျပာမေနနဲ႔။ မိုက္ရာက်တယ္။ ၿပီးေတာ့ ႐ွဲ႕ယန္က ေတာ္ေတာ္သန္မာတယ္။ အားႀကီးသန္မာတဲ့သူက စိတ္ႀကီးတာ ပုံမွန္ပဲ မဟုတ္ဘူးလား။]

[ဇာတ္လမ္းအေၾကာင္းပဲ ေျပာလို႔မရဘူးလား။ တစ္ခ်ိန္လုံး ဆူညံၿပီး ရန္လိုေနၾကတာခ်ည္းပဲ။ စိတ္ပ်က္စရာေကာင္းတယ္။ ၾကည့္ေနတာ ထိပ္တန္း လိေမၼာ္ေရာင္အရည္အေသြး ဇာတ္ကားဥစၥာကို မင္းတို႔အရည္အေသြးကေတာ့ ေအာက္က်ခ်က္ပဲ။]

*************

႐ွဲ႕ယန္ႏွင့္ ယွဥ္လိုက္ပါက ေနာက္ဌာန႐ွိ ယြမ္ရယ္မွာ ပိုၿပီး တက္တက္ႂကြႂကြ႐ွိေလသည္။

ယြမ္ရယ္မွာ အေတာ္ေလး အရပ္႐ွည္ၿပီး ႐ွဲ႕ခ်ီထက္ နည္းနည္း အသက္ႀကီးေလာက္သည္။ နာမည္ကအတိုင္းပင္ သူ၏ စ႐ိုက္မွာအေတာ္ေလး ေခါင္းမာကာ ခပ္မိုက္မိုက္ႏွင့္ စည္းလြတ္ဝါးလြတ္ျဖစ္သည္။ အေနာက္တိုင္းသား တစ္ေယာက္၏ စ္ိတ္အားတက္ႂကြမႈမ်ိဳးႏွင့္ စကားေျပာအလြန္ျမန္ၿပီး အလြန္ တက္ႂကြေလသည္။

"ဒါ ကြၽန္ေတာ္႕လူနာေတြေလ။" ယြမ္ရယ္က ကိုယ္တိုင္ပင္ သူတို႔ႏွစ္ေယာက္ကို ေခၚသြားၿပီး ခုတင္ထက္႐ွိ အေျခအေနေကာင္းၾကေသာ ေယာက်္ားတစ္ေယာက္ႏွင့္ မိန္းမတစ္ေယာက္ကို ၫႊန္ျပလိုက္သည္။

ေယာက်္ားမွာ ႏိုးေနေသာ္လည္း ေမ့ေဆးအ႐ွိန္မျပယ္ေသးသျဖင့္ သူ၏ သတိမွာ နည္းနည္း႐ႈပ္ေထြးေနသည္။ သူတို႔ကိုသာ ေၾကာင္ၿပီးၾကည့္ေနေလသည္။ အမ်ိဳးသမီးမွာ ပို၍ ဒဏ္ရာျပင္းေလသည္။ သူမ၏ ေအာက္ပိုင္းမွာ ေသြးမ်ားစို႐ႊဲေနၿပီး အခုထိ သတိမလည္ေသးေပ။

႐ွဲ႕ခ်ီက သူတို႔၏ မ်က္ႏွာမ်ားကို လွမ္းၾကည့္လိုက္ၿပီး ခဏရပ္လိုက္သည္။

အသက္ ၅၀အ႐ြယ္ လူႀကီးက ႐ွဲ႕ယန္ႏွင့္ နည္းနည္း႐ုပ္ဆင္ေလသည္။

အမ်ိဳးသား NPC မွာ အေတာ္ကိုပုံက်သည့္ ဆံပင္စတိုင္ႏွင့္ သူ၏ ႏႈတ္ခပ္းေမႊးကို သပ္ရပ္စြာရိတ္သင္ထားသည္။ အသားအရည္အေျခအေနအရ ေသခ်ာထိန္းသိမ္းထားသည့္ပုံပင္။ နည္းနည္းဝေသာ္လည္း ႐ြဲတြဲေနတာမ်ိဳး မဟုတ္ေပ။ ေအာင္ျမင္သည့္ အလုပ္အကိုင္လည္း ႐ွိပုံပင္။

ယြမ့္ဇ်ဲက ႐ွဲ႕ခ်ီ၏ လက္ေမာင္းကို ထိလိုက္သည္။ "အမ်ိဳးသမီးက မ်က္ႏွာျပင္ထားတယ္။"

အမ်ိဳးသမီး NPC မွာ တကယ္လည္း ယြမ့္ဇ်ဲ ေျပာသည့္အတိုင္းပင္။ ေမး႐ိုးခြၽန္ခြၽန္၊ ႏွာတံျမင့္ျမင့္၊ မ်က္လုံးခပ္ႀကီးႀကီး၊ မ်က္ခြံႏွစ္ထပ္၊ အသားျဖဴျဖဴႏွင့္ ရင္သားႀကီးေလသည္။ စစၾကည့္ၾကည့္ခ်င္း သူမသည္ ျပဳျပင္ပုံသြင္းထားပုံရၿပီး ဘာမွထူးျခားသည့္ သြင္ျပင္မ႐ွိေပ။ ၾကည့္ၾကည့္ခ်င္းတြင္ လွပေသာ္လည္း ခဏၾကာေသာအခါ စိတ္ထဲ မမွတ္မိေတာ့ေပ။ အေတာ္ငယ္ေသးေလာက္ၿပီး ၂၀ ေက်ာ္ေလာက္သာ ႐ွိဦးမည္။

႐ွဲ႕ခ်ီ ေတြ႕ခဲ့သမွ် သ႐ုပ္ေဆာင္မ်ား အားလုံးတြင္ ဘယ္သူမွ သူမႏွင့္ မတူၾကေပ။

လူနာမ်ားကို နားလည္သြားၿပီးေနာက္ ႐ွဲ႕ခ်ီႏွင့္ ယြမ့္ဇ်ဲမွာ ယြမ္ရယ္ႏွင့္အတူ ထြက္လာၾကသည္။ ယြမ္ရယ္က လက္ရန္းေပၚကို မွီထားရင္း ေဆးလိပ္ေသာက္ရန္ စီးကရက္တစ္လိပ္ကို ထုတ္လိုက္ၿပီး အရင္ေျပာလာသည္။ "အက္စီးဒင့္ျဖစ္ေတာ့ သူတို႔ႏွစ္ေယာက္လုံးက ကားတစ္စီးထဲမွာေလ။ သူတို႔ ဆက္ဆံေရးကို ကြၽန္ေတာ္ေမးေတာ့ အမ်ိဳးသားက မေျဖဘူး။ သူ႕သတိလည္ေနတုန္းက ကြၽန္ေတာ္႕ကို ပိုက္ဆံအမ်ားႀကီးနဲ႔ လာဘ္ထိုးၿပီး အမ်ိဳးသမီးကို ခြဲစိတ္ရင္း ေသသြားေအာင္ လုပ္ခိုင္းတယ္။ ကြၽန္ေတာ္ ျငင္းလိုက္တာေပါ့။"

ယြမ့္ဇ်ဲက ေမးသည္။ "ဒါက အဘိုးႀကီးနဲ႔ သူ႕မယားငယ္ မဟုတ္ဘူးလား။ ျပႆနာတခ်ိဳ႕ေၾကာင့္ လူႀကီးက ကစားရတာ ပင္ပန္းလာၿပီး မယားငယ္ကို ျဖတ္ခ်င္ေနတာ။ ဒါမွမဟုတ္ မယားငယ္က သူ႕ကို ၿခိမ္းေျခာက္ခ်င္ေနတာမလို႔ သူက အခြင့္အေရးယူၿပီး သတ္ဖို႔လုပ္ေနတာလည္း ျဖစ္ႏိုင္တာပဲ။"

ယြမ္ရယ္ သူ႕ကို လွမ္းၾကည့္လိုက္သည္။ "ကြၽန္ေတာ္လည္း အဲ့လိုပဲထင္တယ္။ ဒီမိန္းမက ေတာ္ေတာ္ေလး႐ူးတာဗ်။ သူ႕ကို ခြဲစိတ္တုန္းကဆိုရင္ သူ႕ကိုယ္ေပၚမွာ အမာ႐ြတ္မွိန္မွိန္ေတြ အမ်ားႀကီးပဲ။ ရင္ဘတ္မွာလည္း အေတာ္ကိုလုပ္ထားတာဗ်၊ အဟမ္း။ ၾကည့္ရတာေတာ့ ရင္သားႀကီးေအာင္ အေတာ္လုပ္ထားတဲ့ပုံပဲ။ ၿပီးေတာ့ ေအာက္ကိုလည္း..."

႐ွဲ႕ခ်ီ အနည္းငယ္ မ်က္ႏွာပူကာ သေဘာတူလိုက္သည္။

"ေက်းဇူးပဲ။" ႐ွဲ႕ခ်ီ ထိုသူ႕ကို ေျပာလိုက္သည္။ ယြမ္ရယ္က ဦးေအာင္ေျပာလာသျဖင့္ ႐ွဲ႕ခ်ီသည္လည္း သူ႕ဖက္က အေျခအေနကို အက်ဥ္းခ်ဳပ္ေျပာျပလိုက္သည္။

မသြားခင္တြင္ ယြမ္ရယ္က သူ႕ကို အေသခ်ာစိုက္ၾကည့္ၿပီး အျပဳံးတစ္ခုႏွင့္ ေျပာလိုက္သည္။ "ယိဟယ္စုန္႔ကို သတိထားေန။ သူက အသက္အႏၲရာယ္ေပးတဲ့အေဆာင္ကို ေပးလိုက္တဲ့သူပဲ။ မင္းနဲ႔ ဘာရန္ၿငိဳးေတြ ႐ွိေနလဲ ကြၽန္ေတာ္မသိေပမဲ့ သူ႕ကို ေပါ့ေသးေသးမထင္နဲ႔။ သူ႕ ပုံစံနဲ႔ ေၾကာင္သူ​​ေတာ္လုပ္ေနတာႀကီးကို ကြၽန္ေတာ္ မခံႏိုင္လို႔ရယ္။ သူ႕ထက္စာရင္ မင္းကမွ ပိုၿပီးေတာ့ ေကာင္းေသးတယ္။"

႐ွဲ႕ခ်ီ ထိုသူ႕ကို လွမ္းၾကည့္လိုက္သည္။ သူ သိၿပီးသားျဖစ္ေသာ္လည္း ယြမ္ရယ္က သေဘာေကာင္းျပ ေနသည္ကိုး။ ႐ွဲ႕ခ်ီ ေက်းဇူးတင္ေၾကာင္း အသာေခါင္းညိတ္ျပလိုက္ၿပီး ယြမ့္ဇ်ဲႏွင့္အတူ ထြက္သြားေတာ့သည္။

******====******

ဒီေန႔ေတာ့ Meme မပါဘူး။ ေနာက္ Idea ရမွ ထည့္ၾကတာေပါ့။

(*_ _)人

အခုတေလာ ဘာမွကို အာ႐ုံေကာင္းေကာင္းစိုက္လို႔မရလို႔ Update ေတြ ၾကာေနတာပါ။

ေသခ်ာစိတ္ကို ျပန္ျပင္ၿပီး တတ္ႏိုင္သေလာက္ Update မွန္ေအာင္ ႀကိဳးစားပါ့မယ္။ ဖိုက္တင္းးး

........................

Continue Reading

You'll Also Like

22.5K 1.8K 56
ဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက...
115K 12.9K 143
ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့ ချိုချို ကြောက်ကြောက်.. ချိုကြောက်၊ ကြေ...
57.9K 7.3K 30
⚡THIS IS A PURE FUN TRANSLATION.All credits to original authors and English translators. I don't own any part of this novel. I'm just a translator. ⚡...
237K 26.3K 105
Language Korean Author(s) 벼르치 Associated Names 메인수가 집착광공이 되면 Status in COO 103 chapters (Complete) Licensed No Original Publisher BLYNUE 블리뉴 Descript...