ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့...

By Dandelion_nini

5.2M 710K 54.9K

Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking fin... More

Synopsis
အသိပေးစာ
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35.1
Chapter 35.2
Chapter 35.3
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140
Chapter 141
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155
Chapter 156
Chapter 157
Chapter 158
Chapter 159
Chapter 160
Chapter 161
Chapter 162
Chapter 163
Chapter 164
Chapter 165
Chapter 166
Chapter 167
Chapter 168
Chapter 169
Chapter 170
Chapter 171
Chapter 172
Chapter 173
Chapter 174
Chapter 175
Chapter 176
Chapter 177
Chapter 178
Chapter 179
Chapter 180
Chapter 181
Chapter 182
Chapter 183
Chapter 184
Chapter 185
Chapter 186
Chapter 187
Chapter 188
Chapter 189
Chapter 190
Chapter 191 [ Final ]
ကျေးဇူးတင်လွှာနဲ့ Extraအကြောင်း
Updates and fanarts
About Car

Chapter 60

27.9K 3.4K 281
By Dandelion_nini

Unicode

ရွမ်ဝမ်ရွှမ်းဘက်က ညလယ်စာစားဖို့ စဖိတ်တယ်
__________________________________

ရွမ်ဝမ်ရွှမ်းက စွင်းရွှင်ကိုကြည့်မရဘူးဟု ပြောသည်မှာ အမှန်မဟုတ်ပေ။ ဘာလို့လဲဆိုတော့ ထိုစကားကတစ်ဝက်သာမှန်သည်။ အမှန်မှာ သူက စွင်းရွှင်ကိုရော ချန်ရွှမ်းလန်ကိုပါ ကြည့်မရပါ။ စွင်းရွှင်၊ ချန်ရွှမ်းလန်နှင့် ရွမ်ဝမ်ရွှမ်းမှာ ဒီ Showထဲတွင် နာမည်အကြီးဆုံး ထိပ်ဆုံးသုံးယောက်ဖြစ်သည်။ ထို့ကြောင့် ပရိုဂရမ်အဖွဲ့က အသင်းခေါင်းဆောင်ရွေးသည့်အခါ ထိပ်ဆုံးနေရာမှာရပ်နေသော စွင်းရွှင်နှင့်ချန်ရွှမ်းလန်ကိုသာ ခေါင်းဆောင်အဖြစ်ရွေးလိုက်ကြပြီး ဒုတိယနာမည်အကြီးဆုံးဖြစ်သည့် ရွမ်ဝမ်ရွှမ်းက ဟိုမရောက်ဒီမရောက်ဖြင့် ကွက်ကျန်ခဲ့သည်။

အသင်းခေါင်းဆောင်နေရာက အခြားအသင်းသားတွေနဲ့မတူပါ။ အသင်းခေါင်းဆောင်က ရိုက်ကွက်ပိုရမည်ဖြစ်ကာ ထိုရာထူးကြောင့်ပဲ ပရိတ်သတ်ဆီကနေ အမြင်ကောင်းပိုရမည်ဖြစ်သည်။ ဖန်သားပြင်ပေါ် ပြသသည့်အခန်းပိုများခြင်းနှင့် အမြင်ကောင်းရှိခံရခြင်းက လူကြိုက်ပိုများစေသည်။ 《 လာပါ၊သူငယ်ချင်း! တိုက်ခိုက်လိုက်ကြရအောင်! 》လွှင့်သောအချိန်တွင် အကျိုးအမြတ်အရဆုံးလူနှစ်ယောက်မှာ စွင်းရွှင်နှင့် ချန်ရွှမ်းလန်ဖြစ်လာခဲ့သည်။

အစကတည်းက နာမည်ရှိခဲ့သည့်အပြင် Showကျေးဇူးကြောင့် ပိုနာမည်ကြီးသွားသည်။ အွန်လိုင်းပေါ် ရေပန်းစားသွားကာ ကြော်ငြာတွေ၊ရုပ်ရှင်တွေစသည့် အခွင့်အလမ်းကောင်းတွေမှာလည်း ဝင်လာမစဲတသဲသဲဖြစ်သွားသည်။ ရလာဒ်အနေနဲ့ကတော့ ထိုနှစ်ယောက်နှင့် သူ့ကြားမှာ အရမ်းကွာဟသွားလေသည်။

သုံးယောက်သား ၈၅မှတ်မှာရပ်နေကြသည်။ သို့သော် သူက ကပ္ပတိန်နေရာမရလိုက်တာကြောင့် စွင်းရွှင်နှင့် ချန်ရွှမ်းလန်မှာ ၉၀ကိုခုန်တက်သွားကာ သူကတော့၈၅မှာသာ ရပ်ကျန်ခဲ့သည်။ သဘာဝကျစွာပင် ရွမ်ဝမ်ရွှမ်း ထိုအခြေအနေကိုကြည့်ပြီး မကျေမနပ်ဖြစ်လာခဲ့သည်။ တကယ်လို့သူသာ အသင်းခေါင်းဆောင်ဖြစ်ခဲ့လျှင် တကယ်လို့သူသာ ထိုနှစ်ယောက်လို ရိုက်ကွက်များများရခဲ့လျှင် ပရိုဂရမ်အဖွဲ့ကဦးစားပေးမည့် သရုပ်ဆောင်မှာ သူဖြစ်လာလိမ့်မည်။ ပရိတ်သတ်တွေရဲ့ အသည်းကျော်ကလည်း သူဖြစ်လာနိုင်ပြီး ထိုနှစ်ယောက်မဟုတ်လောက်ပေ။ ထိုကဲ့သို့ မကျေမနပ်ချက်များနှင့် မနာလိုမှုများက တဖြည်းဖြည်းစုပုံလာသည့်အခါ ရွမ်ဝမ်ရွှမ်းတစ်ယောက် စွင်းရွှင်နှင့်ချန်ရွှမ်းလန်ကို ကြည့်လေကြည့်လေ မျက်စိဆံပင်မွေးစူးလာလေဖြစ်ပြီး သူ့အတွက် မတရားသလို ခံစားလာရသည်။

ကျိန်းသေပေါက် စွင်းရွှင်နှင့် ချန်ရွှမ်းလန်ကို တိုက်ရိုက်ရင်မဆိုင်ရဲသော်ငြား နာမည်မရှိသေးသည့် လူသစ်လေးလောက်ကတော့ သူ့အတွက် စာတောင်မဖွဲ့ပါ။

ယန်းချင်းချီနဲ့ စွင်းရွှင်တို့ ဆက်ဆံရေးကောင်းတော့ရော ဘာဖြစ်လဲ။ ယန်းချင်းချီအတွက်နဲ့ စွင်းရွှင်က သူ့ရဲ့သဘောမနောကောင်း မျက်နှာဖုံးကိုခွာချပြီး သူ့(ရွမ်ဝမ်ရွှမ်း)ကို ​PKလာလုပ်မယ်တဲ့လား။ သွားသေလိုက်ဟုသာ ပြောလိုက်ချင်သည်။ တဖက်က မသိချင်ယောင်ဆောင်ပြီး လျစ်လျူရှုလိုက်ရင်တော့ အကောင်းဆုံးပေါ့။

(T/N: PK= player kill gameအသုံးအနှုန်းပါ ဟိုက သူ့ကို လာဖိုက်မယ်ပေါ့ )

ရွမ်ဝမ်ရွှမ်း သူ့ဆုံးဖြတ်ချက်သူ သဘောကျသလိုပြုံးပြီး ကျူးလီကိုပြန်ကြည့်လိုက်ကာ

''မနက်ဖြန် ရိုက်ကူးရေးရှိသေးတယ် ရိုက်ကူးရေးလုပ်နေတုန်း ပညာပေးလို့ Showကိုထိခိုက်သွားရင် ဒါရိုက်တာက စိတ်ဆိုးလိမ့်မယ် အဲ့တော့ရိုက်ကူးရေးပြီးမှ ကြည့်စီစဥ်လိုက်မယ် ''

ကျူးလီ ထိုစကားကြားတော့ သူ့မျက်လုံးများက ချက်ချင်းအရောင်တောက်သွားသည်။ သူ ဒီည ရွမ်ဝမ်ရွှမ်းကို လာရှာရသည့်အကြောင်းအရင်းမှာလည်း သူ့ကိုကူညီပြီး ယန်းချင်းချီကို ပညာပေးစေချင်သောကြောင့်ပင်။ ဘယ်လိုပဲဖြစ်ဖြစ် ယန်းချင်းချီမှာ နောက်ခံရှိနေတာကြောင့် သူကိုယ့်သူဒုက္ခဖြစ်စေမည့် အရာတွေအား လက်ယက်မခေါ်ချင်ပါ။ သို့သော် တစ်ခုခုမလုပ်လိုက်ရပဲနဲ့လည်း မရပ်လိုက်ချင်ပေ။ ထို့ကြောင့် သူနဲ့ဆက်ဆံရေးကောင်းရှိသည့် ရွမ်ဝမ်ရွှမ်းဆီပြေးလာကာ သူ့အစားပညာပြပေးဖို့ စကားလမ်းကြောင်းပေးခဲ့ခြင်းဖြစ်သည်။

သူ ရွမ်ဝမ်ရွှမ်းဘက်ကနေ အလွယ်လေးသဘောတူလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ရုံသာ။

''ကျေးဇူးအများကြီးတင်ပါတယ် ရွမ်ကော ''

ရွမ်ဝမ်ရွှမ်းပြုံးသာပြုံးလိုက်ကာ ဘာမှပြောမလာခဲ့။ သူ တဖက်လူမရိပ်မိအောင် ရွံရှာသလိုလေး ကြည့်လိုက်သည်။ အမှန်တိုင်းပြောရလျှင် သူ ကျူးလီကို အမြဲအထင်သေးခဲ့သည်။ တဖက်လူမှာ သာမန်ကျော်ကြားမှု၊ သာမန်အခွင့်အရေးဖြင့် သာမန် ကုမ္ပဏီအသေးစားလေးကလာသော ခပ်နုပ်နုပ်အနုပညာရှင်တစ်ယောက်သာဖြစ်သည်။ ဒီ Showထဲဝင်လာနိုင်ခြင်းမှာလည်း သူက Showရိုက်ခမယူသည့်အပြင် ရင်းနှီးမြုပ်နှံငွေပါယူလာနိုင်သောကြောင့်ဖြစ်သည်။ သို့သော် ကျူးလီကအရမ်းပါးနပ်ပြီး လူအကပ်ကောင်းသည်။ သူ Variety Showရဲ့ တရားဝင်အဖွဲ့သားဖြစ်လာချိန် အားလုံးက စွင်းရွှင်နှင့် ချန်ရွှမ်းလန်အနားမှာ ဝိုင်းအုံနေကြတာကိုသာ တွေ့လိုက်ရသည်။ သူက ပထမ Seasonမှာမပါခဲ့ရပဲ ဒုတိယ Seasonမှ ပါဝင်နိုင်ဖို့ အခွင့်အရေးရခဲ့တာကြောင့် Variety Showအဖွဲ့သားတွေနဲ့ ဆက်ဆံရေးကောင်းရှိဖို့ဆို သူ့မှာအားကိုးလို့ကောင်းမည့် လူတစ်ယောက်ရှိမှရမည်။ အားလုံးက စွင်းရွှင်နဲ့ချန်ရွှမ်းလန်အနားမှာသာ ဝိုင်းနေတာကြတာကြောင့် သူပါသွားဝိုင်းလိုက်မည်ဆိုလျှင်တောင် ထိုနှစ်ယောက်က သူ့ကိုမျက်စိထဲမမြင်နိုင်လောက်ပါ။ ထို့ကြောင့် ကျူးလီက Showထဲ ဒုတိယနာမည်အကြီးဆုံးဖြစ်သည့် ရွမ်ဝမ်ရွှမ်းကို ရွေးချယ်လိုက်သည်။

ပထမပိုင်းစရိုက်ကတည်းက ကျူးလီ၏အပြောချိုသာမှုကြောင့် ရွမ်ဝမ်ရွှမ်းသဘောကျသွားကာ သူ့ရဲ့နောက်လိုက်လေး ဖြစ်ခွင့်ပေးလိုက်သည်။ ထိုအချိန်ကစပြီး ကျူးလီတစ်ယောက် ရွမ်ဝမ်ရွှမ်း နောက်လိုက်လေးလုပ်နေခဲ့ကာ အချိန်တိုင်းမြှောက်ပင့်နေခဲ့သည်။ ရွမ်ဝမ်ရွှမ်းဘက်ကလည်း တဖြည်းဖြည်းနဲ့ ကျူးလီကို မျက်စိပဒေသာဖြစ်လာတော့သည်။ ဘယ်လိုပဲဖြစ်ဖြစ် မြှောက်ပင့်ပြောခံရတာကို မကြိုက်တဲ့လူမှမရှိတာ။ 

ကျူးလီ သူ့ရှေ့ အခုလို မြေစမ်းခရမ်းပျိူးပြောလာခြင်းမှာ သူ့(ကျူးလိီ)ကိုကူညီပေးစေချင်လို့ ပြောနေသည်မှန်း သူ သိပြီးသားပင်။ သူကိုယ်တိုင်ကလည်း ကျူးလီမြှောက်ပင့်ပြောတတ်သည်ကို သဘောကျတာကြောင့် ကူညီဖို့ဆန္ဒရှိသည်။ ဘယ်လိုပဲဖြစ်ဖြစ် ထိုကဲ့သို့မြှောက်ပင့်ခံရသည့် ခံစားချက်က အခြားသရုပ်ဆောင်တွေနှင့် မတူညီသည့်အဆင့်အတန်းမှာရပ်နေသည်ဟု ခံစားရစေသည်။ သူက အသင်းခေါင်းဆောင်မဖြစ်နိုင်လျှင်တောင်မှ သူ့တွင် သစ္စာရှိနောက်လိုက်လေးရှိနေသည်။ ထို့ကြောင့် နောက်လိုက်ကလေး သူ့ကိုပိုဂရုစိုက်လာအောင် သူ့စကားပိုနားထောင်လာအောင် တတ်နိုင်တာလေးတွေဖြည့်ဆည်းပေးပြီး အချိုအချဥ်ကျွေးရင်း ပိုသစ္စာရှိအောင်လုပ်ရမည်။

နောက်နေ့ ပြိုင်ပွဲကလည်း တံဆိပ်ပြားလုပွဲပဲဖြစ်ကာ နေရာကတော့ Fမြို့က CBDကုမ္ပဏီကိုရွေးချယ်ထားသည်။ ယန်းချင်းချီ ဒီတစ်ခေါက်တော့ အရမ်းကြီးထင်ပေါ်မနေချင်တာကြောင့် ကိုယ့်ကိုကိုယ် ကာကွယ်ပြီးဆော့ဖို့ကိုသာ ရွေးချယ်လိုက်သည်။

သို့သော် စွင်းရွှင်က သူ့ဆုံးဖြတ်ချက်ကို သဘောမတူပါ။ သူကပြောလာသည်။

'' မင်းအတွက် ပထမဆုံးနှစ်ပိုင်းက အရေးကြီးဆုံးပဲ ပထမအပိုင်းမှာ MVPရလိုက်တာကိုမြင်တော့ ပရိတ်သတ်တွေက မင်းကို စပြီး စိတ်ဝင်စားလာကြမယ် ဒုတိယအပိုင်းမှာရော MVPက သူပဲဖြစ်နေမလားဆိုပြီး သိချင်လာကြမယ် ဒါပေမဲ့ မင်းကဒီအပိုင်းမှာ ခပ်လျှိုလျှိုနေချင်လို့ MVPမရလိုက်ရင် ​သူတို့တွေ စိတ်ပျက်သွားကြလိမ့်မယ် နိုင်တစ်လှည့် ရှုံးတစ်လှည့်ရှိမှာကိုသိပေမဲ့ ပရိတ်သတ်တွေက အသစ်အသစ်တွေကိုပဲ မျှော်လင့်နေကြတာ မင်း ပထမအပိုင်းမှာ မင်းရဲ့ခွန်အားကိုပြနိုင်ခဲ့တယ် ဒုတိယအပိုင်းမှာရော လုပ်နိုင်မလား သိချင်လာကြမယ် လုပ်နိုင်တာကို​မြင်သွားရင် နောက်အပိုင်းတွေရော သူကဘာဆက်လုပ်မှာလဲဆိုပြီး ပိုပိုစိတ်ဝင်စားလာကြမယ် မင်းပဲဆက်တိုက် MVPဖြစ်နေတာကို မကြိုက်တဲ့သူလည်းရှိလောက်ပေမဲ့ တချိန်တည်းမှာပဲ မင်းကိုအနိုင်ရမဲ့လူပေါ်လာမှာကိုလည်း မျှော်လင့်နေကြမယ် အဲ့လိုနဲ့ မင်းက ဒီShowမှာ မှတ်တိုင်တစ်ခုစိုက်ထူထားနိုင်လိုက်ပြီ မင်းဆက်မရိုက်တော့ဘူးဆိုရင်တောင်မှ တိုက်ဆိုင်တာနဲ့ မင်းအကြောင်းကပါလာမှာပဲ မင်းကိုအမြဲမှတ်မိနေကြလိမ့်မယ် ငါပြောတာနားလည်လား ''

စွင်းရွှင် ထပ်ပြောလာသည်။

''မင်းမှာ ဒီလိုအစွမ်းအစရှိမှတော့ သိပ်မထင်ပေါ်ချင်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ ခပ်လျှိုလျှိုနေစရာ အကြောင်းကိုမရှိတာ ကွမ်မေနဲ့ ကျန်းမော့ချန်က မင်းကို ဒီ Showထဲထည့်ဖို့ အများကြီးအားစိုက်ထုတ်ထားရတာ သူတို့ မင်းကို ဒီကနေတစ်ဆင့် နာမည်ကြီးစေချင်လို့ လုပ်ပေးနေကြတာ မဟုတ်ဘူးလား  ''

ယန်းချင်းချီ တဖက်လူ၏အကြံပေးချက်ကို ဂရုတစိုက်နားထောင်နေလိုက်ကာ စွင်းရွှင်ပြောသည့်စကားများမှာ အဓိပ္ပါယ်ရှိတာကြောင့်

''ကောင်းပါပြီ ကျွန်တော် အစ်ကိုပြောတာကို နားထောင်ပါ့မယ် ''

စွင်းရွှင် သူ့ပုခုံးကို ခပ်ဆဆပုတ်ရင်း

''ကျားယို! ''

ထို့ကြောင့် လူထုအာရုံပိုစိုက်လာအောင် ပိုစိတ်ဝင်စားလာအောင်လုပ်ချင်သဖြင့် ယန်းချင်းချီတစ်ယောက် အရင်လိုပဲ တံဆိပ်ပြားတွေကို လေအလျင်ဖြင့် မြန်မြန်ဆန်ဆန်လိုက်လုနေသည်။ စွင်းရွှင်၏ ပရိတ်သတ်အတွေး ခွဲခြမ်းစိတ်ဖြာရေး အဖြာဖြာကို နားထောင်အပြီးမှာ သူ့ကို ပရိတ်သတ်တွေ ပိုမျှော်လင့်လာအောင် မနေ့ကထက် တစ်ခုပိုတိုးလိုက်ကာ ဒီနေ့တွင်တော့ အောင်အောင်မြင်မြင်ဖြင့် တံဆိပ်ပြားလေးခု ဖြုတ်နိုင်ခဲ့သည်။

ချန်ရွှမ်းလန် ထိုရလာဒ်ကြောင့် သွေးအန်သွားလေသည်။ သူရင်ဘတ်ကိုဖိကာ သနားစရာကောင်းသည့်အသံလေးဖြင့်

''ယန်းတာ့ရှား ကျွန်တော်တို့ကိုလည်းညှာတာပေးပါဦး အသက်ရှူပေါက်လေး နည်းနည်းလောက် ချန်ထားပေးလို့မရဘူးလား ''

ယန်းချင်းချိီက သူလည်းမတတ်နိုင်ဘူးဆိုသည့် အပြုံးလေးဖြင့်

''ကျွန်တော်က ကပ္ပတိန်စကားပဲ နားထောင်ခဲ့ရုံပါ ''

ချန်ရွှင်းလန် စွင်းရွှင်ကို ဝမ်းနည်းနေသည့်မျက်နှာထားလေးဖြင့် လှည့်ကြည့်လိုက်တော့ တဖက်လူက သူ့ပုခုံးကိုပုတ်ရင်း

''ကပ္ပတိန်လေး အရွယ်ရောက်ဖို့ လိုသေးတာပဲ ''

''ကျွန်တော့်ကို အရွယ်ရောက်စေချင်ရင် ဒီသခင်ကြီးကိုပဲ အရွယ်ရောက်ဖို့အတွက် နေရာလေးနည်းနည်းချန်ထားပေးဖို့ အနှောက်အယှက်ပေးရတော့မှာပဲ ''

''ဒါကတော့ ကိုယ့်ဘာသာကိုယ် ကြိုးစားဖို့လိုတယ်လေ သူများကိုအားကိုးချင်မနေနဲ့ ''

ချန်ရွှမ်းလန် ထိုစကားကြားတော့ အေးစက်စက်နှာခေါင်းရှုံ့လိုက်ကာ

''ဟွန့်! ပလက်စတစ်လိုသူငယ်ချင်း အခုချက်ချင်း အဆက်အသွယ်ဖြတ်မယ် ''

စွင်းရွှင်ရယ်လိုက်ကာ

''အိုက်ယိုး! ကပ္ပတိန်လေးက ငယ်သေးတာပဲ ''

ပြိုင်ပွဲအဆုံးမှာ ယန်းချင်းချီကပဲ MVPရတာ​ကြောင့် သူ့ရှေ့ ကံစမ်းမဲဘူးလေးရောက်လာသည်။ ယန်းချင်းချီ မဲလိပ်တွေကိုမွှေနေရင်း ကင်မရာဘက် အကူအညီမဲ့စွာလှည့်လိုက်ကာ

''ဒီတစ်ခေါက်တော့ သီချင်းမဆိုရပါစေနဲ့ ''

သို့သော် ဖြစ်ချင်သည့်ဆန္ဒက ဆုတောင်းလေ ပိုမပြည့်လေဖြစ်သည်။ ယန်းချင်းချီ မဲလိပ်မှာရေးထားသည့်စာကို တွေ့သည့်အခါ တစ်ခေါက်လောက် အော်ငိုချင်သွားသည်။

ဆု : Dream Diamond စိန်နှစ်လုံး
လိုအပ်ချက် : သရုပ်ဆောင်နှစ်ယောက်ကို ရွေးချယ်ပြီး《ကျီးရှန်စန်းပေါင် 》 သီချင်းကိုအတူတူဆိုပါ။

ယန်းချင်းချီ စွင်းရွှင်ကို ကြည့်လိုက်ကာ ''ကပ္ပတိန်? ''

စွင်းရွှင် တဖက်လူ၏ကံကြမ္မာကို သနားမိတာကြောင့်

''ဟုတ်ပြီ ငါကူညီပေးမယ် ''

''နောက်တစ်ယောက်ရွေးဦး '' ဒါရိုက်တာကဝင်ပြောလာသည်။

စွင်းရွှင် သူ့အသင်းဘက်လှည့်ကြည့်လိုက်ကာ ဖေ့ကျားမူကို ခေါ်ဖို့ပြင်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဖေ့ကျားမူနှင့် လီယွမ်ချင်းမှာ သူတို့ရုပ်ရှင်ကိုကြော်ငြာဖို့ ဧည့်သည်သရုပ်ဆောင်တွေအ​ဖြစ် Variety Showကိုရောက်လာခြင်းဖြစ်တာကြောင့် နည်းနည်းတော့ မျက်နှာသာပေးသင့်သည်။ သို့သော် ဖေ့ကျားမူနာမည်မခေါ်ခင် ယန်းချင်းချီကြောင့် နှစ်ပွဲဆက်တိုက်ရှုံးသွားရသည့် ချန်ရွှမ်းလန်ကိုစဥ်းစားမိတော့ သူနည်းနည်းအတွေးကျပ်သွားလေသည်။ ချန်ရွှမ်းလန်ကိုယ်တိုင်က စိတ်သဘောထားပြည့်ဝသူ တစ်ယောက်ဖြစ်တာကြောင့် ဒီလိုအရှုံးလေးကို စိတ်ထဲထည့်မနေပါ။ သို့သော် သူ့Fanတွေက စိတ်ထဲထည့်နိုင်သည်။ ချန်ရွှမ်းလန် ဒီအပိုင်းတွေမှာ အဲ့လောက်မထင်ပေါ်တာက ယန်းချင်းချီကြောင့်လို့ထင်သွားလျှင် နှစ်ဖက်လုံးအတွက် မကောင်းတာတွေဖြစ်လာနိုင်သည်။

သူ ထိုသို့တွေးမိလိုက်ရင်း ဖေ့ကျားမူနာမည်ကို ပြန်မြိုချလိုက်ကာ ယန်းချင်းချီအတွက် ချန်ရွှမ်းလန်Fanတွေဘက်က အမြင်ကြည်မှုကို တတ်နိုင်သလောက် ယူပေးချင်တာကြောင့် သူ ချန်ရွှမ်းလန်ကိုကြည့်လိုက်ကာ

''လာ ကပ္ပတိန်လေး အရွယ်ရောက်လာဖို့အတွက် နေရာနည်းနည်းပေးမယ် ''

ချန်ရွှမ်းလန် သူ့ကိုခေါ်လာလိမ့်မည်ဟု မထင်လိုက်တာကြောင့် ခဏလောက်ကြောင်အသွားကာ ပြီးမှငြင်းလာသည်။

''ငါ မင်းတို့အနီအသင်းတွေနဲ့ လက်မတွဲချင်ဘူး ''

''ရင်းနှီးမှုက အဓိက ယှဥ်ပြိုင်ခြင်းက ဒုတိယလေ လာပါ မင်းကိုယ်မင်း သီချင်းဆိုကောင်းတယ်ဆိုပြီး ကြွားနေကြမဟုတ်ဘူးလား ''

ချန်ရွှမ်းလန်နဲ့စွင်းရွှင်တို့နှစ်ယောက် လာပါ၊မလာဘူးဂိမ်း ခဏလောက်ဆော့နေကြကာ ပြီးမှ တဖက်ကသဘောတူလာသည်။

ယန်းချင်းချီ အသေအကြေရုန်းကန်နေရသည့် ရုပ်လေးဖြင့်မေးလာသည်။

''ကျွန်တော် အဖေဒါမှမဟုတ်အမေ နေရာကဆိုလို့ရမလား* ''

(T/N: သီချင်းက ကလေးဆိုရမဲ့စာကြောင်း ပိုများလို့ပါ)

''ဘယ်လိုလုပ်ရမှာလဲ ငါတို့နှစ်ယောက်က မင်း စိန်နှစ်လုံးရဖို့ ကူညီပေးနေတာမဟုတ်ဘူးလား '' စွင်းရွှင်ပြန်မေးလာသည်။

''ဟုတ်ပ ငါတို့က မင်း တံဆိပ်ပြားတွေပိုလုနိုင်ဖို့ မကူညီပေးခဲ့ရဘူးလား မင်း ကလေးနေရာကပဲဆိုရမယ် '' ချန်ရွှမ်းလန်ကပါ ထပ်ဖြည့်ပြောလာသည်။

ယန်းချင်းချီ ကြိုတင်၍ မျှော်လင့်ချက်တွေကို ရိုက်ချိုးထားလိုက်သည်။

''ဒါဆို စိတ်ကို အတတ်နိုင်ဆုံးပြင်ဆင်ထားကြနော် ''

ထိုသို့ပြောသံကြားရတော့ ပရိုဂရမ်အဖွဲ့က ပိုပြီး စိတ်လှုပ်ရှားသွားကြသည်။ နှစ်ပိုင်းလုံးမှာ ယန်းချင်းချီက ပျံလွှားငှက်လေးလို လွတ်လပ်ပေါ့ပါးပြီး သိုင်းအကျော်အမော်တစ်ယောက်လို သရုပ်ဆောင်ပြထားတာကြောင့် တဖက်လူ၏သီချင်းမဆိုနိုင်မှုကြီးကို တွဲဖက်ပြလိုက်သည့်အခါ ပရိတ်သတ်တွေအတွက် အရမ်းကိုချစ်ဖို့ကောင်းနေလိမ့်မည်။ ဒီအပိုင်းတွေပြတဲ့အချိန်ရောက်လာလျှင် Show Rating အတွက် ပူစရာမလိုတော့ပေ။ သို့သော် ယန်းချင်းချီက သူတို့မှန်းတာထက် ကျော်လွန်သွားသည်။

စွင်းရွှင်နဲ့ချန်ရွှမ်းလန်မှာ ယန်းချင်းချီ၏သတိပေးမှုကြီးကြောင့် စိတ်ပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်ထားခဲ့သော်ငြား တဖက်လူ သီချင်းစဆိုသံကိုကြားလိုက်ရသည့်အခါ အချိန်မှီပြန်မတုံ့ပြန်နိုင်ပဲ ကြောင်အသွားကြသည်။ ဘယ်လိုတောင်သံစဥ်မညီတာလဲ! သူတို့သုံးယောက်ဆိုနေတာ သီချင်းတစ်ပုဒ်ထဲမှဟုတ်ရဲ့လား!

စွင်းရွှင်နဲ့ချန်ရွှမ်းလန်တို့နှစ်ယောက် ယန်းချင်းချီနဲ့ဆိုရင်း သီချင်းဘယ်လိုပြီးသွားမှန်းမသိလိုက်။ ဆိုတော့ဆိုလိုက်သည်။ ဘာမှန်းမသိလိုက်ပေ။ သုံးယောက်သား နောက်ဆုံးစာကြောင်း ဖြစ်သည့် ''ငါတို့မိသားစုသုံးယောက်က ကံကောင်းတဲ့မိသားစုလေးပါ'' အထိတော့ ရောက်လိုက်သည်။ သို့သော် စွင်းရွှင်နဲ့ချန်ရွှမ်းလန်မှာ အသံတစ်သံထဲထွက်နေစဥ် ယန်းချင်းချီက အသံသေကြီးဖြင့် Rappingရွတ်နေသည်။

ဖွင့်ထားသည့် သီချင်းသံဆုံးသွားသည့်အခါ အားလုံးဆွံ့အနေကြကာ ဘယ်သူမှစကားစမပြောနိုင်ခဲ့။ စွင်းရွှင်က အရင်ဆုံးအသိပြန်ဝင်လာပြီး ယန်းချင်းချီပုခုံးကိုပုတ်ရင်း

''သားရေ မင်းအခြေအနေက တော်တော်ဆိုးတာပဲ ''

ချန်ရွှမ်းလန်ကလည်း ကျန်တဲ့ပုခုံးတစ်ဖက်ကိုပုတ်လာကာ ယန်းချင်းချီက သီချင်းထဲမှာ ကလေးနေရာကဆိုရတာကြောင့် သဘာဝကျကျပဲခေါ်လိုက်သည်။

''ပေါင်ပေ့ရေ အချိန်ရရင် သီချင်းဘယ်လိုဆိုရမလဲ လေ့ကျင့်ထားပါဦး ''

''အဲ့အကြံ မေ့လိုက်တာပိုကောင်းမယ် '' စွင်းရွှင် ချန်ရွမ်းလန်ကို ကြည့်လိုက်ကာ ''ဒီပုံစံနဲ့ ဘယ်လိုသင်သင်ရပါ့မလား ''

ချန်ရွှမ်းလန်က သဘောမတူပါ။

''ငါတို့ ကလေးကို အရွယ်ရောက်ဖို့ နေရာချန်ပေးထားရမယ်လေ ''

''ဒါမျိုးက ချန်ပေးလည်း အရွယ်ကရောက်လာဦးမှကို! မရောက်လာရင်ဘာထူးမှာလဲ! ''

ယန်းချင်းချီ : ''..........'' ဘာလို့သူ့ကို သီချင်းဆိုခိုင်းကြတာလဲ!

ဒုတိယပိုင်းရိုက်ကူးရေးက နောက်ကျမှပြီးတာကြောင့် ဇာတ်ကားရိုက်ကွင်းကို အပြေးပြန်သွားရသည့် ချန်ရွှမ်းလန်ကလွဲပြီး အားလုံးက ဟိုတယ်မှာသာ တစ်ညဆက်နေလိုက်ကြသည်။

ယန်းချင်းချီ သွေးတွေချွေးတွေရင်းပြီး နိုင်လာသည့် စိန်လေးနှစ်လုံးကို ဓာတ်ပုံရိုက်ယူလိုက်ကာ ကျန်းမော့ချန်ဆီ ပို့လိုက်သည်။

[ ဆုအသစ်! ]

ကျန်းမော့ချန် နည်းနည်းလေး အံ့သြသွားကာ

[ နှစ်ပိုင်းလုံး ဆက်တိုက်နိုင်တာလား ]

ယန်းချင်းချီ : [ အမှန်ပဲ ကျွန်တော် မမိုက်ဘူးလား ]

ကျန်းမော့ချန် : [ မင်းက ဒီလိုShowမျိုးနဲ့ သင့်တော်တယ်လို့ ကိုယ်မပြောခဲ့ဘူးလား ]

ယန်းချင်းချီ : [ ပြောမနေနဲ့တော့ လုံးဝမသင့်တော်ဘူး နှစ်ပိုင်းထဲနဲ့ ကျွန်တော့်ရဲ့ အကြီးမားဆုံး အားနည်းချက်ကြီးပေါ်သွားပြီ ]

ကျန်းမော့ချန် : [ ဘာလဲ ]

ယန်းချင်းချီ : [ သီချင်းဆိုတာလေ ဒီအပိုင်းလွှင့်ရင်ကြည့်လိုက် ကျွန်တော်ဘယ်လောက်အခြေအနေဆိုးလဲ သိသွားလိမ့်မယ် ]

ကျန်းမော့ချန်ပြုံးကာ : [ မင်း သီချင်းမဆိုနိုင်ဘူးလား ]

ယန်းချင်းချီ သက်ပြင်းချလိုက်သည်။

[ တကယ်လို့ သီချင်းဆိုပြီးသာ လူသတ်နိုင်ရင် ဟိုးမိုင်တစ်ထောင်လောက်ကလူကိုတောင် ဆယ်ကြောင်းလောက် ဆိုပြပြီး သတ်ပစ်လို့ရတယ် ]

ကျန်းမော့ချန် အော်ရယ်မိသွားသည်။

ယန်းချင်းချီ စိတ်ပျက်လက်ပျက်လေးပြောလာသည်။

[ ပရိတ်သတ်က ကျွန်တော့်ရဲ့ထူးချွန်တဲ့စကေးလ်တွေကိုပဲ မြင်ပြီး သီချင်းဆိုရင် ဘယ်လောက် နားဝင်ဆိုးလဲဆိုတာကို မေ့သွားကြဖို့ မျှော်လင့်ပါတယ် ]

[ စိတ်မပူပါနဲ့ ] ကျန်းမော့ချန် နှစ်သိမ့်ပေးလာသည်။ [ အဲ့လိုအရည်အချင်းလေးကလည်း ချစ်ဖို့ကောင်းတယ်ဆိုပြီး ပရိတ်သတ်တွေ စိတ်ဝင်စားကြမှာပါ ]

နှစ်ယောက်သား စကားခဏဆက်ပြောနေကြရင်း ယန်းချင်းချီ ဗိုက်ဆာလာတာကြောင့် သူ တစ်ခုခုထွက်စားမည်ဖြစ်ကြောင်းနှင့် ကျန်းမော့ချန်ကိုလည်း စောစောနားဖို့ စာပို့လိုက်သည်။

ကျန်းမော့ချန် သဘောတူလိုက်ကာ : [ စားပြီးတာနဲ့ စောစောနားတော့ ]

သူ တဖက်လူစကားကိုသဘောတူကြောင်း 'OK'ဟု ပို့လိုက်သည်။ ထို့နောက် အိပ်ယာပေါ်ကထကာ ဖိနပ်စီးပြီး အပြင်ကိုထွက်လာလိုက်သည်။

အချိန်ကနည်းနည်းနောက်ကျနေပြီဖြစ်တာကြောင့် ယန်းချင်းချီ စွင်းရွှင်နားနေတာကို အနှောက်အယှက်မပေးချင်တော့သဖြင့် ဟိုတယ်စားသောက်ဆိုင်ဆီကို တစ်ယောက်ထဲ သွားဖို့ပြင်လိုက်သည်။

သို့သော် ဓာတ်လှေကားထဲ ဝင်ဖို့ပြင်လိုက်စဥ် သူ့နာမည်ခေါ်သံကိုကြားလိုက်ရလေသည်။ ယန်းချင်းချီလှည့်ကြည့်လိုက်သည့်အခါ သူ့နောက်မှာ ရွမ်ဝမ်ရွှမ်း၊ တိုက်ဟုန်းကျိုနှင့် လီမုန်တို့ရပ်နေသည်။

''ဒီလောက်နောက်ကျနေမှ အပြင်ကိုဘာလုပ်ဖို့ထွက်လာတာလဲ '' ရွမ်ဝမ်ရွှမ်းက အရင်စမေးလာသည်။

''ကျွန်တော်ဗိုက်နည်းနည်းဆာနေလို့ အဲ့ဒါ ဟိုတယ်စားသောက်ဆိုင်ဆီသွားမလို့ '' ယန်းချင်းချီ ပြန်ဖြေလိုက်သည်။

ရွမ်ဝမ်ရွှမ်း ထိုအဖြေကိုကြားတော့ ပြုံးလိုက်ကာ

''အတော်ပဲ ငါတို့လည်းသွားစားမလို့ အတူတူသွားရအောင် ''

ယန်းချင်းချီ တဖက်လူကိုကြည့်ရင်း

''အိုး တိုက်ဆိုင်လိုက်တာ '' ဟု မပြောပဲမနေနိုင်ခဲ့။

________________________________

သီချင်းမဆိုတတ်တာ ချစ်ဖို့ကောင်းတယ်တဲ့လား ဪ~~ ပရိသတ်ကအဲ့လိုမြင်မှာလား သူကအဲ့လိုမြင်နေတာလား 👀

ဒါက Dream Diamond

ဒါက 《 ကျီးရှန်စန်းပေါင် 》မွန်ဂိုမိသားစုသီချင်းလေးပါတဲ့။ မွန်ဂိုလိုကဒုတိယပိုင်းမှပါတာ။ မသိရင် Koreaသံနားထောင်ရသလိုပဲ။ ဒါကြောင့်နားထောင်ရနည်းနည်းထူးဆန်းနေတာ။ သုံးရက်ဆက်တိုက် သီချင်းပဲပတ်ရှာနေရတယ် 🤧 ချင်းချီကတော့ ကလေးမလေးဆိုတဲ့နေရာကို Rapရွတ်နေတာတဲ့ 🤣


Zawgyi

႐ြမ္ဝမ္႐ႊမ္းဘက္က ညလယ္စာစားဖို႔ စဖိတ္တယ္
__________________________________

႐ြမ္ဝမ္႐ႊမ္းက စြင္း႐ႊင္ကိုၾကည့္မရဘူးဟု ေျပာသည္မွာ အမွန္မဟုတ္ေပ။ ဘာလို႔လဲဆိုေတာ့ ထိုစကားကတစ္ဝက္သာမွန္သည္။ အမွန္မွာ သူက စြင္း႐ႊင္ကိုေရာ ခ်န္႐ႊမ္းလန္ကိုပါ ၾကည့္မရပါ။ စြင္း႐ႊင္၊ ခ်န္႐ႊမ္းလန္ႏွင့္ ႐ြမ္ဝမ္႐ႊမ္းမွာ ဒီ Showထဲတြင္ နာမည္အႀကီးဆုံး ထိပ္ဆုံးသုံးေယာက္ျဖစ္သည္။ ထို႔ေၾကာင့္ ပ႐ိုဂရမ္အဖြဲ႕က အသင္းေခါင္းေဆာင္ေ႐ြးသည့္အခါ ထိပ္ဆုံးေနရာမွာရပ္ေနေသာ စြင္း႐ႊင္ႏွင့္ခ်န္႐ႊမ္းလန္ကိုသာ ေခါင္းေဆာင္အျဖစ္ေ႐ြးလိုက္ၾကၿပီး ဒုတိယနာမည္အႀကီးဆုံးျဖစ္သည့္ ႐ြမ္ဝမ္႐ႊမ္းက ဟိုမေရာက္ဒီမေရာက္ျဖင့္ ကြက္က်န္ခဲ့သည္။

အသင္းေခါင္းေဆာင္ေနရာက အျခားအသင္းသားေတြနဲ႔မတူပါ။ အသင္းေခါင္းေဆာင္က ႐ိုက္ကြက္ပိုရမည္ျဖစ္ကာ ထိုရာထူးေၾကာင့္ပဲ ပရိတ္သတ္ဆီကေန အျမင္ေကာင္းပိုရမည္ျဖစ္သည္။ ဖန္သားျပင္ေပၚ ျပသသည့္အခန္းပိုမ်ားျခင္းႏွင့္ အျမင္ေကာင္း႐ွိခံရျခင္းက လူႀကိဳက္ပိုမ်ားေစသည္။ 《 လာပါ၊သူငယ္ခ်င္း! တိုက္ခိုက္လိုက္ၾကရေအာင္! 》လႊင့္ေသာအခ်ိန္တြင္ အက်ိဳးအျမတ္အရဆုံးလူႏွစ္ေယာက္မွာ စြင္း႐ႊင္ႏွင့္ ခ်န္႐ႊမ္းလန္ျဖစ္လာခဲ့သည္။

အစကတည္းက နာမည္႐ွိခဲ့သည့္အျပင္ Showေက်းဇူးေၾကာင့္ ပိုနာမည္ႀကီးသြားသည္။ အြန္လိုင္းေပၚ ေရပန္းစားသြားကာ ေၾကာ္ျငာေတြ၊႐ုပ္႐ွင္ေတြစသည့္ အခြင့္အလမ္းေကာင္းေတြမွာလည္း ဝင္လာမစဲတသဲသဲျဖစ္သြားသည္။ ရလာဒ္အေနနဲ႔ကေတာ့ ထိုႏွစ္ေယာက္ႏွင့္ သူ႕ၾကားမွာ အရမ္းကြာဟသြားေလသည္။

သုံးေယာက္သား ၈၅မွတ္မွာရပ္ေနၾကသည္။ သို႔ေသာ္ သူက ကပၸတိန္ေနရာမရလိုက္တာေၾကာင့္ စြင္း႐ႊင္ႏွင့္ ခ်န္႐ႊမ္းလန္မွာ ၉၀ကိုခုန္တက္သြားကာ သူကေတာ့၈၅မွာသာ ရပ္က်န္ခဲ့သည္။ သဘာဝက်စြာပင္ ႐ြမ္ဝမ္႐ႊမ္း ထိုအေျခအေနကိုၾကည့္ၿပီး မေက်မနပ္ျဖစ္လာခဲ့သည္။ တကယ္လို႔သူသာ အသင္းေခါင္းေဆာင္ျဖစ္ခဲ့လွ်င္ တကယ္လို႔သူသာ ထိုႏွစ္ေယာက္လို ႐ိုက္ကြက္မ်ားမ်ားရခဲ့လွ်င္ ပ႐ိုဂရမ္အဖြဲ႕ကဦးစားေပးမည့္ သ႐ုပ္ေဆာင္မွာ သူျဖစ္လာလိမ့္မည္။ ပရိတ္သတ္ေတြရဲ႕ အသည္းေက်ာ္ကလည္း သူျဖစ္လာႏိုင္ၿပီး ထိုႏွစ္ေယာက္မဟုတ္ေလာက္ေပ။ ထိုကဲ့သို႔ မေက်မနပ္ခ်က္မ်ားႏွင့္ မနာလိုမႈမ်ားက တျဖည္းျဖည္းစုပုံလာသည့္အခါ ႐ြမ္ဝမ္႐ႊမ္းတစ္ေယာက္ စြင္း႐ႊင္ႏွင့္ခ်န္႐ႊမ္းလန္ကို ၾကည့္ေလၾကည့္ေလ မ်က္စိဆံပင္ေမြးစူးလာေလျဖစ္ၿပီး သူ႕အတြက္ မတရားသလို ခံစားလာရသည္။

က်ိန္းေသေပါက္ စြင္း႐ႊင္ႏွင့္ ခ်န္႐ႊမ္းလန္ကို တိုက္႐ိုက္ရင္မဆိုင္ရဲေသာ္ျငား နာမည္မ႐ွိေသးသည့္ လူသစ္ေလးေလာက္ကေတာ့ သူ႕အတြက္ စာေတာင္မဖြဲ႕ပါ။

ယန္းခ်င္းခ်ီနဲ႔ စြင္း႐ႊင္တို႔ ဆက္ဆံေရးေကာင္းေတာ့ေရာ ဘာျဖစ္လဲ။ ယန္းခ်င္းခ်ီအတြက္နဲ႔ စြင္း႐ႊင္က သူ႕ရဲ႕သေဘာမေနာေကာင္း မ်က္ႏွာဖုံးကိုခြာခ်ၿပီး သူ႕(႐ြမ္ဝမ္႐ႊမ္း)ကို ​PKလာလုပ္မယ္တဲ့လား။ သြားေသလိုက္ဟုသာ ေျပာလိုက္ခ်င္သည္။ တဖက္က မသိခ်င္ေယာင္ေဆာင္ၿပီး လ်စ္လ်ဴ႐ႈလိုက္ရင္ေတာ့ အေကာင္းဆုံးေပါ့။

(T/N: PK= player kill gameအသုံးအႏႈန္းပါ ဟိုက သူ႕ကို လာဖိုက္မယ္ေပါ့ )

႐ြမ္ဝမ္႐ႊမ္း သူ႕ဆုံးျဖတ္ခ်က္သူ သေဘာက်သလိုျပဳံးၿပီး က်ဴးလီကိုျပန္ၾကည့္လိုက္ကာ

''မနက္ျဖန္ ႐ိုက္ကူးေရး႐ွိေသးတယ္ ႐ိုက္ကူးေရးလုပ္ေနတုန္း ပညာေပးလို႔ Showကိုထိခိုက္သြားရင္ ဒါ႐ိုက္တာက စိတ္ဆိုးလိမ့္မယ္ အဲ့ေတာ့႐ိုက္ကူးေရးၿပီးမွ ၾကည့္စီစဥ္လိုက္မယ္ ''

က်ဴးလီ ထိုစကားၾကားေတာ့ သူ႕မ်က္လုံးမ်ားက ခ်က္ခ်င္းအေရာင္ေတာက္သြားသည္။ သူ ဒီည ႐ြမ္ဝမ္႐ႊမ္းကို လာ႐ွာရသည့္အေၾကာင္းအရင္းမွာလည္း သူ႕ကိုကူညီၿပီး ယန္းခ်င္းခ်ီကို ပညာေပးေစခ်င္ေသာေၾကာင့္ပင္။ ဘယ္လိုပဲျဖစ္ျဖစ္ ယန္းခ်င္းခ်ီမွာ ေနာက္ခံ႐ွိေနတာေၾကာင့္ သူကိုယ့္သူဒုကၡျဖစ္ေစမည့္ အရာေတြအား လက္ယက္မေခၚခ်င္ပါ။ သို႔ေသာ္ တစ္ခုခုမလုပ္လိုက္ရပဲနဲ႔လည္း မရပ္လိုက္ခ်င္ေပ။ ထို႔ေၾကာင့္ သူနဲ႔ဆက္ဆံေရးေကာင္း႐ွိသည့္ ႐ြမ္ဝမ္႐ႊမ္းဆီေျပးလာကာ သူ႕အစားပညာျပေပးဖို႔ စကားလမ္းေၾကာင္းေပးခဲ့ျခင္းျဖစ္သည္။

သူ ႐ြမ္ဝမ္႐ႊမ္းဘက္ကေန အလြယ္ေလးသေဘာတူလာလိမ့္မည္ဟု မေမွ်ာ္လင့္ထားခဲ့႐ုံသာ။

''ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ႐ြမ္ေကာ ''

႐ြမ္ဝမ္႐ႊမ္းျပဳံးသာျပဳံးလိုက္ကာ ဘာမွေျပာမလာခဲ့။ သူ တဖက္လူမရိပ္မိေအာင္ ႐ြံ႐ွာသလိုေလး ၾကည့္လိုက္သည္။ အမွန္တိုင္းေျပာရလွ်င္ သူ က်ဴးလီကို အၿမဲအထင္ေသးခဲ့သည္။ တဖက္လူမွာ သာမန္ေက်ာ္ၾကားမႈ၊ သာမန္အခြင့္အေရးျဖင့္ သာမန္ ကုမၸဏီအေသးစားေလးကလာေသာ ခပ္ႏုပ္ႏုပ္အႏုပညာ႐ွင္တစ္ေယာက္သာျဖစ္သည္။ ဒီ Showထဲဝင္လာႏိုင္ျခင္းမွာလည္း သူက Show႐ိုက္ခမယူသည့္အျပင္ ရင္းႏွီးျမဳပ္ႏွံေငြပါယူလာႏိုင္ေသာေၾကာင့္ျဖစ္သည္။ သို႔ေသာ္ က်ဴးလီကအရမ္းပါးနပ္ၿပီး လူအကပ္ေကာင္းသည္။ သူ Variety Showရဲ႕ တရားဝင္အဖြဲ႕သားျဖစ္လာခ်ိန္ အားလုံးက စြင္း႐ႊင္ႏွင့္ ခ်န္႐ႊမ္းလန္အနားမွာ ဝိုင္းအုံေနၾကတာကိုသာ ေတြ႕လိုက္ရသည္။ သူက ပထမ Seasonမွာမပါခဲ့ရပဲ ဒုတိယ Seasonမွ ပါဝင္ႏိုင္ဖို႔ အခြင့္အေရးရခဲ့တာေၾကာင့္ Variety Showအဖြဲ႕သားေတြနဲ႔ ဆက္ဆံေရးေကာင္း႐ွိဖို႔ဆို သူ႕မွာအားကိုးလို႔ေကာင္းမည့္ လူတစ္ေယာက္႐ွိမွရမည္။ အားလုံးက စြင္း႐ႊင္နဲ႔ခ်န္႐ႊမ္းလန္အနားမွာသာ ဝိုင္းေနတာၾကတာေၾကာင့္ သူပါသြားဝိုင္းလိုက္မည္ဆိုလွ်င္ေတာင္ ထိုႏွစ္ေယာက္က သူ႕ကိုမ်က္စိထဲမျမင္ႏိုင္ေလာက္ပါ။ ထို႔ေၾကာင့္ က်ဴးလီက Showထဲ ဒုတိယနာမည္အႀကီးဆုံးျဖစ္သည့္ ႐ြမ္ဝမ္႐ႊမ္းကို ေ႐ြးခ်ယ္လိုက္သည္။

ပထမပိုင္းစ႐ိုက္ကတည္းက က်ဴးလီ၏အေျပာခ်ိဳသာမႈေၾကာင့္ ႐ြမ္ဝမ္႐ႊမ္းသေဘာက်သြားကာ သူ႕ရဲ႕ေနာက္လိုက္ေလး ျဖစ္ခြင့္ေပးလိုက္သည္။ ထိုအခ်ိန္ကစၿပီး က်ဴးလီတစ္ေယာက္ ႐ြမ္ဝမ္႐ႊမ္း ေနာက္လိုက္ေလးလုပ္ေနခဲ့ကာ အခ်ိန္တိုင္းေျမႇာက္ပင့္ေနခဲ့သည္။ ႐ြမ္ဝမ္႐ႊမ္းဘက္ကလည္း တျဖည္းျဖည္းနဲ႔ က်ဴးလီကို မ်က္စိပေဒသာျဖစ္လာေတာ့သည္။ ဘယ္လိုပဲျဖစ္ျဖစ္ ေျမႇာက္ပင့္ေျပာခံရတာကို မႀကိဳက္တဲ့လူမွမ႐ွိတာ။ 

က်ဴးလီ သူ႕ေ႐ွ႕ အခုလို ေျမစမ္းခရမ္းပ်ိဴးေျပာလာျခင္းမွာ သူ႕(က်ဴးလိီ)ကိုကူညီေပးေစခ်င္လို႔ ေျပာေနသည္မွန္း သူ သိၿပီးသားပင္။ သူကိုယ္တိုင္ကလည္း က်ဴးလီေျမႇာက္ပင့္ေျပာတတ္သည္ကို သေဘာက်တာေၾကာင့္ ကူညီဖို႔ဆႏၵ႐ွိသည္။ ဘယ္လိုပဲျဖစ္ျဖစ္ ထိုကဲ့သို႔ေျမႇာက္ပင့္ခံရသည့္ ခံစားခ်က္က အျခားသ႐ုပ္ေဆာင္ေတြႏွင့္ မတူညီသည့္အဆင့္အတန္းမွာရပ္ေနသည္ဟု ခံစားရေစသည္။ သူက အသင္းေခါင္းေဆာင္မျဖစ္ႏိုင္လွ်င္ေတာင္မွ သူ႕တြင္ သစၥာ႐ွိေနာက္လိုက္ေလး႐ွိေနသည္။ ထို႔ေၾကာင့္ ေနာက္လိုက္ကေလး သူ႕ကိုပိုဂ႐ုစိုက္လာေအာင္ သူ႕စကားပိုနားေထာင္လာေအာင္ တတ္ႏိုင္တာေလးေတြျဖည့္ဆည္းေပးၿပီး အခ်ိဳအခ်ဥ္ေကြၽးရင္း ပိုသစၥာ႐ွိေအာင္လုပ္ရမည္။

ေနာက္ေန႔ ၿပိဳင္ပြဲကလည္း တံဆိပ္ျပားလုပြဲပဲျဖစ္ကာ ေနရာကေတာ့ Fၿမိဳ႕က CBDကုမၸဏီကိုေ႐ြးခ်ယ္ထားသည္။ ယန္းခ်င္းခ်ီ ဒီတစ္ေခါက္ေတာ့ အရမ္းႀကီးထင္ေပၚမေနခ်င္တာေၾကာင့္ ကိုယ့္ကိုကိုယ္ ကာကြယ္ၿပီးေဆာ့ဖို႔ကိုသာ ေ႐ြးခ်ယ္လိုက္သည္။

သို႔ေသာ္ စြင္း႐ႊင္က သူ႕ဆုံးျဖတ္ခ်က္ကို သေဘာမတူပါ။ သူကေျပာလာသည္။

'' မင္းအတြက္ ပထမဆုံးႏွစ္ပိုင္းက အေရးႀကီးဆုံးပဲ ပထမအပိုင္းမွာ MVPရလိုက္တာကိုျမင္ေတာ့ ပရိတ္သတ္ေတြက မင္းကို စၿပီး စိတ္ဝင္စားလာၾကမယ္ ဒုတိယအပိုင္းမွာေရာ MVPက သူပဲျဖစ္ေနမလားဆိုၿပီး သိခ်င္လာၾကမယ္ ဒါေပမဲ့ မင္းကဒီအပိုင္းမွာ ခပ္လွ်ိဳလွ်ိဳေနခ်င္လို႔ MVPမရလိုက္ရင္ ​သူတို႔ေတြ စိတ္ပ်က္သြားၾကလိမ့္မယ္ ႏိုင္တစ္လွည့္ ႐ႈံးတစ္လွည့္႐ွိမွာကိုသိေပမဲ့ ပရိတ္သတ္ေတြက အသစ္အသစ္ေတြကိုပဲ ေမွ်ာ္လင့္ေနၾကတာ မင္း ပထမအပိုင္းမွာ မင္းရဲ႕ခြန္အားကိုျပႏိုင္ခဲ့တယ္ ဒုတိယအပိုင္းမွာေရာ လုပ္ႏိုင္မလား သိခ်င္လာၾကမယ္ လုပ္ႏိုင္တာကို​ျမင္သြားရင္ ေနာက္အပိုင္းေတြေရာ သူကဘာဆက္လုပ္မွာလဲဆိုၿပီး ပိုပိုစိတ္ဝင္စားလာၾကမယ္ မင္းပဲဆက္တိုက္ MVPျဖစ္ေနတာကို မႀကိဳက္တဲ့သူလည္း႐ွိေလာက္ေပမဲ့ တခ်ိန္တည္းမွာပဲ မင္းကိုအႏိုင္ရမဲ့လူေပၚလာမွာကိုလည္း ေမွ်ာ္လင့္ေနၾကမယ္ အဲ့လိုနဲ႔ မင္းက ဒီShowမွာ မွတ္တိုင္တစ္ခုစိုက္ထူထားႏိုင္လိုက္ၿပီ မင္းဆက္မ႐ိုက္ေတာ့ဘူးဆိုရင္ေတာင္မွ တိုက္ဆိုင္တာနဲ႔ မင္းအေၾကာင္းကပါလာမွာပဲ မင္းကိုအၿမဲမွတ္မိေနၾကလိမ့္မယ္ ငါေျပာတာနားလည္လား ''

စြင္း႐ႊင္ ထပ္ေျပာလာသည္။

''မင္းမွာ ဒီလိုအစြမ္းအစ႐ွိမွေတာ့ သိပ္မထင္ေပၚခ်င္လို႔ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ ခပ္လွ်ိဳလွ်ိဳေနစရာ အေၾကာင္းကိုမ႐ွိတာ ကြမ္ေမနဲ႔ က်န္းေမာ့ခ်န္က မင္းကို ဒီ Showထဲထည့္ဖို႔ အမ်ားႀကီးအားစိုက္ထုတ္ထားရတာ သူတို႔ မင္းကို ဒီကေနတစ္ဆင့္ နာမည္ႀကီးေစခ်င္လို႔ လုပ္ေပးေနၾကတာ မဟုတ္ဘူးလား  ''

ယန္းခ်င္းခ်ီ တဖက္လူ၏အၾကံေပးခ်က္ကို ဂ႐ုတစိုက္နားေထာင္ေနလိုက္ကာ စြင္း႐ႊင္ေျပာသည့္စကားမ်ားမွာ အဓိပၸါယ္႐ွိတာေၾကာင့္

''ေကာင္းပါၿပီ ကြၽန္ေတာ္ အစ္ကိုေျပာတာကို နားေထာင္ပါ့မယ္ ''

စြင္း႐ႊင္ သူ႕ပုခုံးကို ခပ္ဆဆပုတ္ရင္း

''က်ားယို! ''

ထို႔ေၾကာင့္ လူထုအာ႐ုံပိုစိုက္လာေအာင္ ပိုစိတ္ဝင္စားလာေအာင္လုပ္ခ်င္သျဖင့္ ယန္းခ်င္းခ်ီတစ္ေယာက္ အရင္လိုပဲ တံဆိပ္ျပားေတြကို ေလအလ်င္ျဖင့္ ျမန္ျမန္ဆန္ဆန္လိုက္လုေနသည္။ စြင္း႐ႊင္၏ ပရိတ္သတ္အေတြး ခြဲျခမ္းစိတ္ျဖာေရး အျဖာျဖာကို နားေထာင္အၿပီးမွာ သူ႕ကို ပရိတ္သတ္ေတြ ပိုေမွ်ာ္လင့္လာေအာင္ မေန႔ကထက္ တစ္ခုပိုတိုးလိုက္ကာ ဒီေန႔တြင္ေတာ့ ေအာင္ေအာင္ျမင္ျမင္ျဖင့္ တံဆိပ္ျပားေလးခု ျဖဳတ္ႏိုင္ခဲ့သည္။

ခ်န္႐ႊမ္းလန္ ထိုရလာဒ္ေၾကာင့္ ေသြးအန္သြားေလသည္။ သူရင္ဘတ္ကိုဖိကာ သနားစရာေကာင္းသည့္အသံေလးျဖင့္

''ယန္းတာ့႐ွား ကြၽန္ေတာ္တို႔ကိုလည္းညႇာတာေပးပါဦး အသက္႐ွဴေပါက္ေလး နည္းနည္းေလာက္ ခ်န္ထားေပးလို႔မရဘူးလား ''

ယန္းခ်င္းခ်ိီက သူလည္းမတတ္ႏိုင္ဘူးဆိုသည့္ အျပဳံးေလးျဖင့္

''ကြၽန္ေတာ္က ကပၸတိန္စကားပဲ နားေထာင္ခဲ့႐ုံပါ ''

ခ်န္႐ႊင္းလန္ စြင္း႐ႊင္ကို ဝမ္းနည္းေနသည့္မ်က္ႏွာထားေလးျဖင့္ လွည့္ၾကည့္လိုက္ေတာ့ တဖက္လူက သူ႕ပုခုံးကိုပုတ္ရင္း

''ကပၸတိန္ေလး အ႐ြယ္ေရာက္ဖို႔ လိုေသးတာပဲ ''

''ကြၽန္ေတာ္႕ကို အ႐ြယ္ေရာက္ေစခ်င္ရင္ ဒီသခင္ႀကီးကိုပဲ အ႐ြယ္ေရာက္ဖို႔အတြက္ ေနရာေလးနည္းနည္းခ်န္ထားေပးဖို႔ အေႏွာက္အယွက္ေပးရေတာ့မွာပဲ ''

''ဒါကေတာ့ ကိုယ့္ဘာသာကိုယ္ ႀကိဳးစားဖို႔လိုတယ္ေလ သူမ်ားကိုအားကိုးခ်င္မေနနဲ႔ ''

ခ်န္႐ႊမ္းလန္ ထိုစကားၾကားေတာ့ ေအးစက္စက္ႏွာေခါင္း႐ႈံ႕လိုက္ကာ

''ဟြန္႔! ပလက္စတစ္လိုသူငယ္ခ်င္း အခုခ်က္ခ်င္း အဆက္အသြယ္ျဖတ္မယ္ ''

စြင္း႐ႊင္ရယ္လိုက္ကာ

''အိုက္ယိုး! ကပၸတိန္ေလးက ငယ္ေသးတာပဲ ''

ၿပိဳင္ပြဲအဆုံးမွာ ယန္းခ်င္းခ်ီကပဲ MVPရတာ​ေၾကာင့္ သူ႕ေ႐ွ႕ ကံစမ္းမဲဘူးေလးေရာက္လာသည္။ ယန္းခ်င္းခ်ီ မဲလိပ္ေတြကိုေမႊေနရင္း ကင္မရာဘက္ အကူအညီမဲ့စြာလွည့္လိုက္ကာ

''ဒီတစ္ေခါက္ေတာ့ သီခ်င္းမဆိုရပါေစနဲ႔ ''

သို႔ေသာ္ ျဖစ္ခ်င္သည့္ဆႏၵက ဆုေတာင္းေလ ပိုမျပည့္ေလျဖစ္သည္။ ယန္းခ်င္းခ်ီ မဲလိပ္မွာေရးထားသည့္စာကို ေတြ႕သည့္အခါ တစ္ေခါက္ေလာက္ ေအာ္ငိုခ်င္သြားသည္။

ဆု : Dream Diamond စိန္ႏွစ္လုံး
လိုအပ္ခ်က္ : သ႐ုပ္ေဆာင္ႏွစ္ေယာက္ကို ေ႐ြးခ်ယ္ၿပီး《က်ီး႐ွန္စန္းေပါင္ 》 သီခ်င္းကိုအတူတူဆိုပါ။

ယန္းခ်င္းခ်ီ စြင္း႐ႊင္ကို ၾကည့္လိုက္ကာ ''ကပၸတိန္? ''

စြင္း႐ႊင္ တဖက္လူ၏ကံၾကမၼာကို သနားမိတာေၾကာင့္

''ဟုတ္ၿပီ ငါကူညီေပးမယ္ ''

''ေနာက္တစ္ေယာက္ေ႐ြးဦး '' ဒါ႐ိုက္တာကဝင္ေျပာလာသည္။

စြင္း႐ႊင္ သူ႕အသင္းဘက္လွည့္ၾကည့္လိုက္ကာ ေဖ့က်ားမူကို ေခၚဖို႔ျပင္လိုက္သည္။ ဘယ္လိုပဲျဖစ္ျဖစ္ ေဖ့က်ားမူႏွင့္ လီယြမ္ခ်င္းမွာ သူတို႔႐ုပ္႐ွင္ကိုေၾကာ္ျငာဖို႔ ဧည့္သည္သ႐ုပ္ေဆာင္ေတြအ​ျဖစ္ Variety Showကိုေရာက္လာျခင္းျဖစ္တာေၾကာင့္ နည္းနည္းေတာ့ မ်က္ႏွာသာေပးသင့္သည္။ သို႔ေသာ္ ေဖ့က်ားမူနာမည္မေခၚခင္ ယန္းခ်င္းခ်ီေၾကာင့္ ႏွစ္ပြဲဆက္တိုက္႐ႈံးသြားရသည့္ ခ်န္႐ႊမ္းလန္ကိုစဥ္းစားမိေတာ့ သူနည္းနည္းအေတြးက်ပ္သြားေလသည္။ ခ်န္႐ႊမ္းလန္ကိုယ္တိုင္က စိတ္သေဘာထားျပည့္ဝသူ တစ္ေယာက္ျဖစ္တာေၾကာင့္ ဒီလိုအ႐ႈံးေလးကို စိတ္ထဲထည့္မေနပါ။ သို႔ေသာ္ သူ႕Fanေတြက စိတ္ထဲထည့္ႏိုင္သည္။ ခ်န္႐ႊမ္းလန္ ဒီအပိုင္းေတြမွာ အဲ့ေလာက္မထင္ေပၚတာက ယန္းခ်င္းခ်ီေၾကာင့္လို႔ထင္သြားလွ်င္ ႏွစ္ဖက္လုံးအတြက္ မေကာင္းတာေတြျဖစ္လာႏိုင္သည္။

သူ ထိုသို႔ေတြးမိလိုက္ရင္း ေဖ့က်ားမူနာမည္ကို ျပန္ၿမိဳခ်လိုက္ကာ ယန္းခ်င္းခ်ီအတြက္ ခ်န္႐ႊမ္းလန္Fanေတြဘက္က အျမင္ၾကည္မႈကို တတ္ႏိုင္သေလာက္ ယူေပးခ်င္တာေၾကာင့္ သူ ခ်န္႐ႊမ္းလန္ကိုၾကည့္လိုက္ကာ

''လာ ကပၸတိန္ေလး အ႐ြယ္ေရာက္လာဖို႔အတြက္ ေနရာနည္းနည္းေပးမယ္ ''

ခ်န္႐ႊမ္းလန္ သူ႕ကိုေခၚလာလိမ့္မည္ဟု မထင္လိုက္တာေၾကာင့္ ခဏေလာက္ေၾကာင္အသြားကာ ၿပီးမွျငင္းလာသည္။

''ငါ မင္းတို႔အနီအသင္းေတြနဲ႔ လက္မတြဲခ်င္ဘူး ''

''ရင္းႏွီးမႈက အဓိက ယွဥ္ၿပိဳင္ျခင္းက ဒုတိယေလ လာပါ မင္းကိုယ္မင္း သီခ်င္းဆိုေကာင္းတယ္ဆိုၿပီး ႂကြားေနၾကမဟုတ္ဘူးလား ''

ခ်န္႐ႊမ္းလန္နဲ႔စြင္း႐ႊင္တို႔ႏွစ္ေယာက္ လာပါ၊မလာဘူးဂိမ္း ခဏေလာက္ေဆာ့ေနၾကကာ ၿပီးမွ တဖက္ကသေဘာတူလာသည္။

ယန္းခ်င္းခ်ီ အေသအေၾက႐ုန္းကန္ေနရသည့္ ႐ုပ္ေလးျဖင့္ေမးလာသည္။

''ကြၽန္ေတာ္ အေဖဒါမွမဟုတ္အေမ ေနရာကဆိုလို႔ရမလား* ''

(T/N: သီခ်င္းက ကေလးဆိုရမဲ့စာေၾကာင္း ပိုမ်ားလို႔ပါ)

''ဘယ္လိုလုပ္ရမွာလဲ ငါတို႔ႏွစ္ေယာက္က မင္း စိန္ႏွစ္လုံးရဖို႔ ကူညီေပးေနတာမဟုတ္ဘူးလား '' စြင္း႐ႊင္ျပန္ေမးလာသည္။

''ဟုတ္ပ ငါတို႔က မင္း တံဆိပ္ျပားေတြပိုလုႏိုင္ဖို႔ မကူညီေပးခဲ့ရဘူးလား မင္း ကေလးေနရာကပဲဆိုရမယ္ '' ခ်န္႐ႊမ္းလန္ကပါ ထပ္ျဖည့္ေျပာလာသည္။

ယန္းခ်င္းခ်ီ ႀကိဳတင္၍ ေမွ်ာ္လင့္ခ်က္ေတြကို ႐ိုက္ခ်ိဳးထားလိုက္သည္။

''ဒါဆို စိတ္ကို အတတ္ႏိုင္ဆုံးျပင္ဆင္ထားၾကေနာ္ ''

ထိုသို႔ေျပာသံၾကားရေတာ့ ပ႐ိုဂရမ္အဖြဲ႕က ပိုၿပီး စိတ္လႈပ္႐ွားသြားၾကသည္။ ႏွစ္ပိုင္းလုံးမွာ ယန္းခ်င္းခ်ီက ပ်ံလႊားငွက္ေလးလို လြတ္လပ္ေပါ့ပါးၿပီး သိုင္းအေက်ာ္အေမာ္တစ္ေယာက္လို သ႐ုပ္ေဆာင္ျပထားတာေၾကာင့္ တဖက္လူ၏သီခ်င္းမဆိုႏိုင္မႈႀကီးကို တြဲဖက္ျပလိုက္သည့္အခါ ပရိတ္သတ္ေတြအတြက္ အရမ္းကိုခ်စ္ဖို႔ေကာင္းေနလိမ့္မည္။ ဒီအပိုင္းေတြျပတဲ့အခ်ိန္ေရာက္လာလွ်င္ Show Rating အတြက္ ပူစရာမလိုေတာ့ေပ။ သို႔ေသာ္ ယန္းခ်င္းခ်ီက သူတို႔မွန္းတာထက္ ေက်ာ္လြန္သြားသည္။

စြင္း႐ႊင္နဲ႔ခ်န္႐ႊမ္းလန္မွာ ယန္းခ်င္းခ်ီ၏သတိေပးမႈႀကီးေၾကာင့္ စိတ္ပိုင္းဆိုင္ရာႀကိဳတင္ျပင္ဆင္ထားခဲ့ေသာ္ျငား တဖက္လူ သီခ်င္းစဆိုသံကိုၾကားလိုက္ရသည့္အခါ အခ်ိန္မွီျပန္မတုံ႔ျပန္ႏိုင္ပဲ ေၾကာင္အသြားၾကသည္။ ဘယ္လိုေတာင္သံစဥ္မညီတာလဲ! သူတို႔သုံးေယာက္ဆိုေနတာ သီခ်င္းတစ္ပုဒ္ထဲမွဟုတ္ရဲ႕လား!

စြင္း႐ႊင္နဲ႔ခ်န္႐ႊမ္းလန္တို႔ႏွစ္ေယာက္ ယန္းခ်င္းခ်ီနဲ႔ဆိုရင္း သီခ်င္းဘယ္လိုၿပီးသြားမွန္းမသိလိုက္။ ဆိုေတာ့ဆိုလိုက္သည္။ ဘာမွန္းမသိလိုက္ေပ။ သုံးေယာက္သား ေနာက္ဆုံးစာေၾကာင္း ျဖစ္သည့္ ''ငါတို႔မိသားစုသုံးေယာက္က ကံေကာင္းတဲ့မိသားစုေလးပါ'' အထိေတာ့ ေရာက္လိုက္သည္။ သို႔ေသာ္ စြင္း႐ႊင္နဲ႔ခ်န္႐ႊမ္းလန္မွာ အသံတစ္သံထဲထြက္ေနစဥ္ ယန္းခ်င္းခ်ီက အသံေသႀကီးျဖင့္ Rapping႐ြတ္ေနသည္။

ဖြင့္ထားသည့္ သီခ်င္းသံဆုံးသြားသည့္အခါ အားလုံးဆြံ႕အေနၾကကာ ဘယ္သူမွစကားစမေျပာႏိုင္ခဲ့။ စြင္း႐ႊင္က အရင္ဆုံးအသိျပန္ဝင္လာၿပီး ယန္းခ်င္းခ်ီပုခုံးကိုပုတ္ရင္း

''သားေရ မင္းအေျခအေနက ေတာ္ေတာ္ဆိုးတာပဲ ''

ခ်န္႐ႊမ္းလန္ကလည္း က်န္တဲ့ပုခုံးတစ္ဖက္ကိုပုတ္လာကာ ယန္းခ်င္းခ်ီက သီခ်င္းထဲမွာ ကေလးေနရာကဆိုရတာေၾကာင့္ သဘာဝက်က်ပဲေခၚလိုက္သည္။

''ေပါင္ေပ့ေရ အခ်ိန္ရရင္ သီခ်င္းဘယ္လိုဆိုရမလဲ ေလ့က်င့္ထားပါဦး ''

''အဲ့အၾကံ ေမ့လိုက္တာပိုေကာင္းမယ္ '' စြင္း႐ႊင္ ခ်န္႐ြမ္းလန္ကို ၾကည့္လိုက္ကာ ''ဒီပုံစံနဲ႔ ဘယ္လိုသင္သင္ရပါ့မလား ''

ခ်န္႐ႊမ္းလန္က သေဘာမတူပါ။

''ငါတို႔ ကေလးကို အ႐ြယ္ေရာက္ဖို႔ ေနရာခ်န္ေပးထားရမယ္ေလ ''

''ဒါမ်ိဳးက ခ်န္ေပးလည္း အ႐ြယ္ကေရာက္လာဦးမွကို! မေရာက္လာရင္ဘာထူးမွာလဲ! ''

ယန္းခ်င္းခ်ီ : ''..........'' ဘာလို႔သူ႕ကို သီခ်င္းဆိုခိုင္းၾကတာလဲ!

ဒုတိယပိုင္း႐ိုက္ကူးေရးက ေနာက္က်မွၿပီးတာေၾကာင့္ ဇာတ္ကား႐ိုက္ကြင္းကို အေျပးျပန္သြားရသည့္ ခ်န္႐ႊမ္းလန္ကလြဲၿပီး အားလုံးက ဟိုတယ္မွာသာ တစ္ညဆက္ေနလိုက္ၾကသည္။

ယန္းခ်င္းခ်ီ ေသြးေတြေခြၽးေတြရင္းၿပီး ႏိုင္လာသည့္ စိန္ေလးႏွစ္လုံးကို ဓာတ္ပုံ႐ိုက္ယူလိုက္ကာ က်န္းေမာ့ခ်န္ဆီ ပို႔လိုက္သည္။

[ ဆုအသစ္! ]

က်န္းေမာ့ခ်န္ နည္းနည္းေလး အံ့ၾသသြားကာ

[ ႏွစ္ပိုင္းလုံး ဆက္တိုက္ႏိုင္တာလား ]

ယန္းခ်င္းခ်ီ : [ အမွန္ပဲ ကြၽန္ေတာ္ မမိုက္ဘူးလား ]

က်န္းေမာ့ခ်န္ : [ မင္းက ဒီလိုShowမ်ိဳးနဲ႔ သင့္ေတာ္တယ္လို႔ ကိုယ္မေျပာခဲ့ဘူးလား ]

ယန္းခ်င္းခ်ီ : [ ေျပာမေနနဲ႔ေတာ့ လုံးဝမသင့္ေတာ္ဘူး ႏွစ္ပိုင္းထဲနဲ႔ ကြၽန္ေတာ္႕ရဲ႕ အႀကီးမားဆုံး အားနည္းခ်က္ႀကီးေပၚသြားၿပီ ]

က်န္းေမာ့ခ်န္ : [ ဘာလဲ ]

ယန္းခ်င္းခ်ီ : [ သီခ်င္းဆိုတာေလ ဒီအပိုင္းလႊင့္ရင္ၾကည့္လိုက္ ကြၽန္ေတာ္ဘယ္ေလာက္အေျခအေနဆိုးလဲ သိသြားလိမ့္မယ္ ]

က်န္းေမာ့ခ်န္ျပဳံးကာ : [ မင္း သီခ်င္းမဆိုႏိုင္ဘူးလား ]

ယန္းခ်င္းခ်ီ သက္ျပင္းခ်လိုက္သည္။

[ တကယ္လို႔ သီခ်င္းဆိုၿပီးသာ လူသတ္ႏိုင္ရင္ ဟိုးမိုင္တစ္ေထာင္ေလာက္ကလူကိုေတာင္ ဆယ္ေၾကာင္းေလာက္ ဆိုျပၿပီး သတ္ပစ္လို႔ရတယ္ ]

က်န္းေမာ့ခ်န္ ေအာ္ရယ္မိသြားသည္။

ယန္းခ်င္းခ်ီ စိတ္ပ်က္လက္ပ်က္ေလးေျပာလာသည္။

[ ပရိတ္သတ္က ကြၽန္ေတာ္႕ရဲ႕ထူးခြၽန္တဲ့စေကးလ္ေတြကိုပဲ ျမင္ၿပီး သီခ်င္းဆိုရင္ ဘယ္ေလာက္ နားဝင္ဆိုးလဲဆိုတာကို ေမ့သြားၾကဖို႔ ေမွ်ာ္လင့္ပါတယ္ ]

[ စိတ္မပူပါနဲ႔ ] က်န္းေမာ့ခ်န္ ႏွစ္သိမ့္ေပးလာသည္။ [ အဲ့လိုအရည္အခ်င္းေလးကလည္း ခ်စ္ဖို႔ေကာင္းတယ္ဆိုၿပီး ပရိတ္သတ္ေတြ စိတ္ဝင္စားၾကမွာပါ ]

ႏွစ္ေယာက္သား စကားခဏဆက္ေျပာေနၾကရင္း ယန္းခ်င္းခ်ီ ဗိုက္ဆာလာတာေၾကာင့္ သူ တစ္ခုခုထြက္စားမည္ျဖစ္ေၾကာင္းႏွင့္ က်န္းေမာ့ခ်န္ကိုလည္း ေစာေစာနားဖို႔ စာပို႔လိုက္သည္။

က်န္းေမာ့ခ်န္ သေဘာတူလိုက္ကာ : [ စားၿပီးတာနဲ႔ ေစာေစာနားေတာ့ ]

သူ တဖက္လူစကားကိုသေဘာတူေၾကာင္း 'OK'ဟု ပို႔လိုက္သည္။ ထို႔ေနာက္ အိပ္ယာေပၚကထကာ ဖိနပ္စီးၿပီး အျပင္ကိုထြက္လာလိုက္သည္။

အခ်ိန္ကနည္းနည္းေနာက္က်ေနၿပီျဖစ္တာေၾကာင့္ ယန္းခ်င္းခ်ီ စြင္း႐ႊင္နားေနတာကို အေႏွာက္အယွက္မေပးခ်င္ေတာ့သျဖင့္ ဟိုတယ္စားေသာက္ဆိုင္ဆီကို တစ္ေယာက္ထဲ သြားဖို႔ျပင္လိုက္သည္။

သို႔ေသာ္ ဓာတ္ေလွကားထဲ ဝင္ဖို႔ျပင္လိုက္စဥ္ သူ႕နာမည္ေခၚသံကိုၾကားလိုက္ရေလသည္။ ယန္းခ်င္းခ်ီလွည့္ၾကည့္လိုက္သည့္အခါ သူ႕ေနာက္မွာ ႐ြမ္ဝမ္႐ႊမ္း၊ တိုက္ဟုန္းက်ိဳႏွင့္ လီမုန္တို႔ရပ္ေနသည္။

''ဒီေလာက္ေနာက္က်ေနမွ အျပင္ကိုဘာလုပ္ဖို႔ထြက္လာတာလဲ '' ႐ြမ္ဝမ္႐ႊမ္းက အရင္စေမးလာသည္။

''ကြၽန္ေတာ္ဗိုက္နည္းနည္းဆာေနလို႔ အဲ့ဒါ ဟိုတယ္စားေသာက္ဆိုင္ဆီသြားမလို႔ '' ယန္းခ်င္းခ်ီ ျပန္ေျဖလိုက္သည္။

႐ြမ္ဝမ္႐ႊမ္း ထိုအေျဖကိုၾကားေတာ့ ျပဳံးလိုက္ကာ

''အေတာ္ပဲ ငါတို႔လည္းသြားစားမလို႔ အတူတူသြားရေအာင္ ''

ယန္းခ်င္းခ်ီ တဖက္လူကိုၾကည့္ရင္း

''အိုး တိုက္ဆိုင္လိုက္တာ '' ဟု မေျပာပဲမေနႏိုင္ခဲ့။

________________________________

သီခ်င္းမဆိုတတ္တာ ခ်စ္ဖို႔ေကာင္းတယ္တဲ့လား ဪ~~ ပရိသတ္ကအဲ့လိုျမင္မွာလား သူကအဲ့လိုျမင္ေနတာလား 👀

ဒါက Dream Diamond

ဒါက 《 က်ီး႐ွန္စန္းေပါင္ 》မြန္ဂိုမိသားစုသီခ်င္းေလးပါတဲ့။ မြန္ဂိုလိုကဒုတိယပိုင္းမွပါတာ။ မသိရင္ Koreaသံနားေထာင္ရသလိုပဲ။ ဒါေၾကာင့္နားေထာင္ရနည္းနည္းထူးဆန္းေနတာ။ သုံးရက္ဆက္တိုက္ သီခ်င္းပဲပတ္႐ွာေနရတယ္ 🤧 ခ်င္းခ်ီကေတာ့ ကေလးမေလးဆိုတဲ့ေနရာကို Rap႐ြတ္ေနတာတဲ့ 🤣

Continue Reading

You'll Also Like

584K 35.8K 33
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}
244K 13.3K 52
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
36.6K 3.6K 78
အချစ်ဆိုတာ မထင်မှတ်ထားတဲ့အချိန်မှာ ပုံစံအမျိုးမျိုးနဲ့ ​ရောက်လာတတ်တယ်❤ လေ​ပြေ​လေးတစ်ခုလို ညင်သာစွာ ​ရောက်လာပြီးတီးခတ်လိုက်တဲ့သံစဥ်​လေးကို ကြားရုံနဲ့တ...