Unicode
ကျန်းမော့ချန် Group Chatထဲ သူ့အချစ်တွေကို မသိမသာကြွားမယ်
__________________________________
ကျန်းမော့ချန် ယန်းချင်းချီကိုကြည့်လာကာ
''မင်း တစ်ခုခု မေ့နေတယ်လို့မထင်ဘူးလား ''
ဥပမာ သူ ပုံကို ဘယ်လိုဆွဲရမှန်း မသိတာမျိုး။
ဒါပေါ့ ယန်းချင်းချီကလည်း ဘယ်မေ့ပါ့မလဲ။
''ခင်ဗျားအဆင်ပြေတာ တစ်ခုခုဆွဲလိုက် ရိုးရိုးလေးလည်းရတယ် ''
ထိုအခါမှ ကျန်းမော့ချန်တစ်ယောက် မကိုင်ချင်ကိုင်ချင်ဖြင့် ခဲတံကောက်ကိုင်လိုက်ကာ စာရွက်ထောင့်တွင် မျဥ်းဖြောင့်တစ်ကြောင်းဆွဲလိုက်သည်။
သူ ခဲတံကို ယန်းချင်းချီဆီပြန်ပေးလိုက်တော့ တဖက်လူကလည်း ချီချီ့ကိုပြန်ပေးလာကာ
''ချီချီလည်း တစ်ခုခုထပ်ဆွဲ ပြီးရင် ပါးပါးက ချီချီ့ကို မျက်လှည့်ပြမယ် ''
ချီချီက ခဲတံပြန်ယူလိုက်ကာ ဘာဆွဲရင်ကောင်းမလဲဟု စဥ်းစားနေရင်း နှုတ်ခမ်းလေးကိုကိုက်နေသည်။ သူ ကျန်းမော့ချန်ဆွဲထားသည့် မျဥ်းဖြောင့်ဘေးတွင် မျဥ်းဖြောင့်အတိုလေးတစ်ခု ထပ်ဆွဲလိုက်သည်။ ထို့နောက် ခဲတံကို ယန်းချင်းချီဆီပြန်ပေးလာကာ မျှော်လင့်ချက်တွေ ပြည့်လျှံနေသည့် မျက်လုံးလေးဖြင့် သူ့ပါးပါးကို မော့ကြည့်နေခဲ့သည်။
ယန်းချင်းချီ ပြောလာသည်။
''သေချာကြည့်ထားနော် ''
သူ ခဲတံကိုင်ပြီး စဆွဲသည်။ သူ့ဆွဲချက်မှာမြန်လွန်းသည့်အပြင် ဟိုနေရာလေး နည်းနည်းထည့်လိုက် ဒီနေရာလေးများများထည့်လိုက် လုပ်နေသည်။ ကျန်းမော့ချန်မျဥ်းဖြောင့်ကို အခြေခံကာ အခက်အလက်တွေဝေဝေဆာဆာဖြင့် ပန်းတွေပွင့်နေသည့် ဆာကူရာပင်ကြီးဆွဲလိုက်သည်။ ချီချီ၏ မျဥ်းဖြောင့်အတိုလေးကိုတော့ အခုမှအကိုင်းလေးနှစ်ခက်ပဲရှိသေးသည့် အပင်ပျိုလေးအဖြစ်ဆွဲလိုက်သည်။ ယန်းချင်းချီဆွဲတာ အရမ်းမြန်သည်။ သိပ်မကြာခင်မှာပဲ သူ့ရဲ့မျက်လှည့်လေး ပြီးစီးသွားလေသည်။ ပုံတစ်ပုံလုံးမှာ ရုပ်ပြ(comic)ဆန်ကာ ပွင့်ဖက်ကြွေလေးတွေ၊ မြက်ပင်လေးတွေ၊ ဆာကူရာအပင်ကြီးနဲ့အပင်ပျိုလေး၊ ကြောင်လေးတွေ၊ ခွေးလေးတွေ၊ အကိုင်းပေါ်နားနေသည့် ငှက်လေးတွေဖြင့် နွေဦးမြင်ကွင်းကို ပုံဖော်ထားလေသည်။
''ဝါးးးး! '' ချီချီမှာ ပုံလေးကိုကြည့်ပြီး မအံ့သြပဲမနေနိုင်ခဲ့ '' အရမ်း အရမ်း လှတယ် ''
ယန်းချင်းချီ သူ့နာမည်ကို စာရွက်ထောင့်တွင် လက်မှတ်ထိုးလိုက်သည်။ ထို့နောက် ချီချီ့ကို ခဲတံလေး ပြန်ကမ်းပေးလာကာ
''နာမည်ထိုးလိုက်ပါဦး ပန်းချီဆရာပိစိလေး ''
ယန်းချင်းချီ သူ့ကို 'ပန်းချီဆရာပိစိလေး'ဟု ခေါ်သည့်အခါ ချီချီ့မှာရှက်သွေးဖြာသွားရသည်။ သူခဲတံကိုယူလိုက်ကာ ယန်းချင်းချီနာမည်အောက်တွင် တစ်လုံးချင်းစီ လေးလေးနက်နက်ဖြင့် 'ချီချီ' ဟုရေးထိုးလိုက်သည်။
ထို့နောက် သူ ကျန်းမော့ချန်ဆီ ခဲတံပြန်ပေးလာသည်။
''ကိုယ်လည်းထိုးရမှာလား ''
ကျန်းမော့ချန် ယန်းချင်းချီကို ပြန်ကြည့်လိုက်သည်။
''ဒါပေါ့ ခင်ဗျားလည်း ဆွဲထားတယ်မလား ''
''အွန် ဒယ်ဒီ ထိုး ထိုး ''
ချီချီလေးက ခဲတံကို ကျန်းမော့ရှေ့ အတင်းထိုးပေးနေသည်။
ကျန်းမော့ချန် ရွေးချယ်စရာမရှိတော့တာကြောင့် ခဲတံကိုယူလိုက်ကာ ချီချီ့နာမည်အောက်တွင် သူ့နာမည်ကို လက်မှတ်ထိုးလိုက်သည်။ သို့သော် ကျန်းမော့ချန်မှာ Fanတွေကို လက်မှတ်ထိုးပေးသည့်ပုံစံနှင့် အသားကျနေပြီဖြစ်တာကြောင့် လက်မှတ်ထိုးသည့်အခါ နာမည်က ဒုံးချည်လိုအမြန်နှုန်းနှင့် ကောင်းကင်ပေါ်ကွေ့ပျံတက်နေသည်။ သနားစရာကောင်းသည့် ချီချီလေးမှာ ကျန်းမော့ချန်နာမည်ကို အကြာကြီးစိုက်ကြည့်နေလိုက်ပြီး မနေနိုင်တော့သဖြင့် ထုတ်မေးလာသည်။
''ဒယ်ဒီ နောက်တစ်ပုံထပ်ဆွဲလိုက်တာလား ဒါပေမဲ့ ချီချီတို့ဘာမှ ထပ်မဆွဲတော့ဘူးလေ ဒယ်ဒီက ကိုယ့်နာမည်ကိုထိုးရမှာ ''
ယန်းချင်းချီ သူ့ကိုလှည့်ကြည့်လာကာ တိတ်တိတ်လေးခိုးလှောင်လိုက်သည်။
ကျန်းမော့ချန် ရွေးချယ်စရာမရှိတော့တာကြောင့် အကျင့်ပါနေသည့် လက်မှတ်အောက် ကိုယ့်နာမည်ကိုယ် သေသေချာချာလေး ပြန်ရေးလိုက်ရသည်။ ထိုအခါမှ ချီချီက အရမ်းကျေနပ်သွားလေသည်။ သူက သူတို့နာမည်တွေကို လက်ပုတိုလေးဖြင့် တစ်လုံးချင်းစီ လိုက်ထောက်ကာ ကျယ်ကျယ်လေးအော်ဖတ်လာသည်။
''ယန်းချင်းချီ၊ ချီချီ၊ ကျန်းမော့ချန် ''
''အင်း ''
ချီချီက သူတို့သုံးယောက်ဆွဲထားသည့် ပုံလေးကိုကြည့်ကာ အရမ်းပျော်နေခဲ့သည်။ ထို့ကြောင့် ရွှင်မြူးနေသည့် အသံလေးဖြင့် ထပ်တောင်းဆိုလာသည်။
''နောက်တစ်ပုံ ထပ်ဆွဲရအောင်! ''
ကျန်းမော့ချန်တစ်ယောက် သူ့သားစကားကြောင့် သွေးတစ်ပွက်အန်သွားသည်။
ယန်းချင်းချီ သူ့ကိုကြည့်ကာ ကတိပေးလာခဲ့သည်။
''ဒီတိုင်း အဆင်ပြေတာသာဆွဲ အချိန်တိုင်း မျဥ်းဖြောင့်တွေဆွဲနေလည်း ရတယ် ''
တဖက်လူ၏ကတိစကားကြားမှ ကျန်းမော့ချန် အသက်ရှူချောင်သွားတော့သည်။ ''ကျိန်းသေပေါက်ပဲ ကလေးတွေက သူတို့ရဲ့အရင်ဘဝက အကြွေးရှင်လေးတွေ '' ငယ်ရွယ်သည့်ဒယ်ဒီကျန်းမော့ချန်မှာ ထိုသို့မှတ်ချက်ပြုလေသည်။
ထို့နောက် သူတို့ပုံအသစ်ထပ်ဆွဲကြသည့်အခါ ကျန်းမော့ချန်မှာ ယန်းလောင်ရှီး၏ သင်ပြမှုအတိုင်း သူ့အလှည့်ရောက်လာလျှင် မျဥ်းဖြောင့်တွေသာဆွဲသည်။
ချီချီတစ်ယောက် အချိန်တိုင်းမျဥ်းဖြောင့်တွေပဲ ဆွဲနေသည့် ကျန်းမော့ချန်ကိုကြည့်ရင်း
'' ဒယ်ဒီ အမြဲတမ်း အဲ့လိုဆွဲလို့မရဘူးလေ ''
ကျန်းမော့ချန် အရှက်မရှိပြန်ဖြေလာသည်။
''ဒယ်ဒီက မင်းပါးပါးပြောတဲ့အတိုင်းပဲ လုပ်တာ ''
ချီချီ ယန်းချင်းချီကို စူပုပ်ပုပ်လေး မော့ကြည့်လာသည်။ ယန်းချင်းချီရယ်လိုက်ကာ ကလေးခေါင်းလေးကို ပွတ်ပေးရင်း
''ဘာမှမဖြစ်ဘူး ပြီးရင် ပါးပါးကမျက်လှည့်ပြမယ် ''
ထိုသို့ကြားမှ ချီချီက စိတ်သက်သာရာရသွားကာ ပုံကို ဂရုတစိုက်လေးပြန်ဆွဲနေသည်။
ယန်းချင်းချီက အဆုံးတွင် ကျန်းမော့ချန်မျဥ်းဖြောင့်လေးများကို ခြံစည်းရိုးလေးတွေဖြစ်အောင် ဆက်ဆွဲလိုက်သည်။ ထိုခြံစည်းရိုးလေးထဲတွင် အိမ်လေးတစ်အိမ်ရှိသည်။ အိမ်ရှေ့တွင် ကြက်ပေါက်လေးများက ဆန်စေ့ကို စားနေကြသည်။ ခုံတန်းမှာထိုင်ကာ ခွေးလေးဖက်ထားသည့် ကလေးမလေးတစ်ယောက်လည်း ရှိနေသေးသည်။
''ဝါးးးးးးး! '' ချီချီ့မှာ ယန်းချင်းချီ၏ပုံဆွဲစကေးလ်ကြီးကြောင့် လက်ဖျားခါရပြန်သည်။ ''ပါးပါးက အရမ်းမိုက်တာပဲ ''
''ချီချီလည်းမိုက်တယ် ပါးပါးတို့ သုံးယောက်လုံးမိုက်တယ် ''
ချီချီက ယန်းချင်းချီပြောတာကို အပြုံးလေးဖြင့် ခေါင်းငြိမ့်ထောက်ခံလာသည်။ သူ ပုံနှစ်ပုံကို သေချာလေးခေါက်သိမ်းလိုက်ကာ သူနှင့်အတူအိမ်ပြန်ယူသွားဖို့ လုပ်နေသည်။ ချီချီမသိမ်းခင် ကျန်းမော့ချန် ပုံနှစ်ပုံကို ဓာတ်ပုံရိုက်ယူလိုက်ကာ သေချာစေ့စေ့စပ်စပ်ကြည့်လိုက်သည်။
အမှန်အတိုင်းပြောရမည်ဆိုလျှင် ဒီပုံနှစ်ပုံမှာ သူနဲ့ရော ချီချီနဲ့ရော လုံးဝမသက်ဆိုင်ပါ။ ယန်းချင်းချီ၏ အံ့သြစရာကောင်းသည့် နတ်ဘုရားအဆင့်ပန်းချီစကေးလ်ကြီးကြောင့်သာ ဒီပုံတွေဖြစ်လာခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ယောက်က ဟိုနည်းနည်း ဒီနည်းနည်းလျှောက်ဆွဲနေခဲ့ခြင်းဖြစ်ကာ ယန်းချင်းချီကြောင့်သာ ပုံလေးကရုပ်လုံးပေါ်လာခဲ့သည်ပင်။ သို့သော် ပန်းသီးတောင်ဖြောင့်အောင်မဆွဲနိုင်ခဲ့သည့် ကျန်းမော့ချန်အတွက်တော့ ထိုဟိုနည်းနည်း ဒီနည်းနည်းကပဲ သူ့ကိုတော်တော်လေးပျော်စေသည်။ ဘယ်လိုပဲဖြစ်ဖြစ် ပုံနှစ်ပုံလုံးမှာလည်း သူ့နာမည်ထိုးထားသေးတယ်မလား။
ချီချီတစ်ယောက် ၉နာရီထိုးတော့မှာကို သတိထားမိတာကြောင့် အိပ်ချင်လာသည်။ မအိပ်ခင် တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ပေးဖို့ ယန်းချင်းချီ ကလေးကို ရေချိုးခန်းထဲခေါ်သွားသည်။
ကျန်းမော့ချန် အနားမှာ ဘယ်သူမှမရှိတော့တာကို အခွင့်ကောင်းယူကာ သူရယ်၊ ယွီရှီးဟယ်ရယ်၊ ရန့်ရွှိရယ်၊ လျောင်စစ်ပေါ်ရယ် ၄ယောက်ထဲသာရှိသော Wechat Group Chatထဲ ဒုတိယပုံကို ပို့ကာ ထုတ်ကြွားပစ်လိုက်သည်။
ကျန်းမော့ချန် : [ (ပုံ) ]
ကျန်းမော့ချန် : [ မင်းတို့ဘယ်လိုထင်လဲ ငါဆွဲထားတာ ]
ယွီရှီးဟယ် : [ ...... ]
ရန့်ရွှိ : [ (ထိတ်လန့်ကြောက်ရွံ့) (ထိတ်လန့်ကြောက်ရွံ့) (ထိတ်လန့်ကြောက်ရွံ့) ]
လျောင်စစ်ပေါ် : [ ငါကန်းသွားပြီလား ]
ရန့်ရွိ : [ ကျန်းမော့ချန် မင်းပြန်ပေးဆွဲခံရတာဆို မျက်တောင်တချက်ခတ်ပြ! မဟုတ်ရင် နှစ်ချက်ခတ်ပြ! ]
ယွီရှီးဟယ် : [ ငါတို့အဖွဲ့ရဲ့ လျို့ဝှက်ကုဒ်ပြော ဒီတစ်ယောက်က အတုကြီးဖြစ်ရမယ် ငါမင်းကို လျို့ကော*လို့ ခေါ်ရင် မင်းပြန်ထူးရဲလား ]
ကျန်းမော့ချန် : [ ........ ]
ရန့်ရွှိ : [ ဒီပုံကို သေချာကြည့်မယ်ဆို မင်းနဲ့သက်ဆိုင်တာဆိုလို့ မင်းနာမည်ပဲတွေ့တယ် မင်း ကိုယ့်နာမည်ကိုယ် ဆွဲထားတာလား!? ]
ယွီရှီးဟယ် : [ ဒါမှမဟုတ် ကြက်ပေါက်လေးတွေစားနေတဲ့ ဆန်စေ့တွေများလား ]
လျောင်စစ်ပေါ် : [ ဒါမှမဟုတ် ကြက်ပေါက်တွေမျက်လုံး? ]
ကျန်းမော့ချန် ဒေါသထွက်ထွက်ဖြင့် : [ မင်းတိုတွေ တမင်လုပ်နေကြတာမလား!? ဟုတ်တယ်မလား!? ဒီပုံရဲ့သုံးပုံတစ်ပုံလောက်က ငါဆွဲထားတာကွ ဟုတ်ပြီလား!? ]
ယွီရှီးဟယ် : [ ကဲ အားလုံးပဲ သေချာသွားပြီ ဒါက ကျန်းမော့ချန်အတုကြီး ငါတို့သိတဲ့ကျန်းမော့ချန်က သေရင်သေသွားပါစေ ပုံဆွဲဖို့ ခဲတံကိုင်တဲ့လူမဟုတ်ဘူး ]
ရန့်ရွှိ : [ ဟုတ်ပ ဘယ်သူ သူ့ကို ပုံဆွဲခိုင်းခိုင်း အဲ့လူကလည်း အကျိုးဆက်မကောင်းခဲ့ဘူး ]
လျောင်စစ်ပေါ် : [ မင်းတို့တွေ သေချာကြည့်ကြစမ်း အဲ့မှာနာမည်သုံးခုရှိနေတယ် မော့ချန် ငါမှတ်မိသလောက်ဆို မင်းရဲ့သားကငါးနှစ်ပဲရှိပါသေးတယ် တကယ်လို့သူသာ အဲ့လောက်ဆွဲတတ်နေရင် မင်းထက်နာမည်ပိုကြီးနေပြီ အဲ့ဒါကြောင့် ဒီပုံဆွဲတဲ့လူက မင်းအိမ်ထောင်ဖက်မလား ]
ကျန်းမော့ချန် တစ်ယောက် ထိုငနဲတစ်သိုက်ကို ကြိုးစားပမ်းစား ရှင်းပြပြန်သည်။
ကျန်းမော့ချန် : [ ငါတို့သုံးယောက်လုံး အတူတူပေါင်းဆွဲထားတာကွ ]
ရန့်ရွှိ : [ အဲ့တော့ မင်းကဘယ်အပိုင်းကို ဆွဲထားတာလဲ ]
ကျန်းမော့ချန် : [ ....... ]
ယွီရှီးဟယ် : [ သုံးပုံတစ်ပုံ? ကြက်လေးတွေစားတဲ့ဆန်စေ့လည်းမဟုတ်ရင်.....ငါမှန်းကြည့်မယ်နော် မင်းခြံစည်းရိုးဆွဲထားတာတော့ မဟုတ်ဘူးမလား ]
ရန့်ရွှိ : [ သူကဘယ်လိုလုပ် ခြံစည်းရိုးဆွဲတတ်မှာလဲ အလွန်ဆုံးမှ အဲ့မျဥ်းဖြောင့်အတန်းလိုက်ကြီးပေါ့ ဟားဟားဟားဟား ]
လျောင်စစ်ပေါ် : [ ဟားဟားဟားဟား လတ်စသတ်တော့ မျဥ်းဖြောင့်ကို ဟားဟားဟား ]
ကျန်းမော့ချန် : [ ....... ]
System သတိပေးချက် : ကျန်းမော့ချန် Group Chatထဲမှ ထွက်သွားပါပြီ။
ရန့်ရွှိ၊ လျောင်စစ်ပေါ်၊ ယွီရှီးဟယ် : [ ဟားဟားဟားဟားဟားဟားဟား ]
ယွီရှီးဟယ် ကျန်းမော့ချန်ကို Group Chatထဲ အလျင်အမြန်ပြန်သွင်းလိုက်ကာ နှစ်သိမ့်ပေးလာသည်။
ယွီရှီးဟယ် : [ အမှန်အတိုင်းပြောရရင် မျဥ်းဖြောင့်ဆွဲတာလည်း လွယ်ကူတဲ့အလုပ်မှမဟုတ်တာ မင်းကောင်းကောင်းဆွဲထားပါတယ် မျဥ်းတွေက သောက်ကျိုးနည်း ဖြောင့်တာ! ]
ကျန်းမော့ချန် : [ ဟွန့်! ]
ရန့်ရွှိ : [ ဟုတ်ပ မျဥ်းတွေက တစ်ခုနဲ့တစ်ခု စီစီရီရီလေး ]
လျောင်စစ်ပေါ် : [ အေးလေ ပုံရဲ့သုံးပုံတစ်ပုံလောက်မှာ မင်းအားထုတ်မှုပါနေတာပဲ ]
ကျန်းမော့ချန် : [ အရမ်းနောက်ကျသွားပြီ ပလက်စတစ်လိုသူငယ်ချင်းတွေ!* ငါအခုချက်ချင်း မင်းတို့နဲ့ သူငယ်ချင်းဆက်ဆံရေး ဖြတ်တော့မှာ ]
(T/N: အတုအယောင် သူငယ်ချင်းလို့ပြောတာပါ)
ယွီရှီးဟယ် : [ ဒါလေးပဲလား.... ]
လျောင်စစ်ပေါ် : [ ဪ ဒီလောက်လေးများ..... ]
ရန့်ရွှိ : [ မော့ချန် သူတို့ပြောတာတွေ နားထောင်မနေနဲ့တော့ ငါသတိထားမိတာတော့ မင်းပုံမဆွဲတတ်မှန်းသိတာတောင် မင်းအကြိုက်လိုက်ပြီး မျဥ်းဖြောင့်တွေပဲထိုင်ဆွဲနေတဲ့မင်းနဲ့ အတူတူလိုက်ဆော့ပေးနေတဲ့ ယန်းချင်းချီကိုပဲ ကြည့်ရတာ သူ မင်းကို တကယ်ကြီး အချစ်စစ်နဲ့ချစ်နေတဲ့ပုံပဲ ]
ယွီရှီးဟယ်ကပါ ချက်ချင်းသဘောတူလာသည်။
ယွီရှိးဟယ် : [ အဲဲ့ဒါ အချစ်စစ်ပေါ့ကွ စိန်ထက်တောင်စစ်သေးတယ် ]
လျောင်စစ်ပေါ်မှာ ယန်းချင်းချီဆိုသည့် နာမည်ကြားသည့်နှင့် ပြန်ပြောလို့မကောင်းသည့် အတိတ်ဆိုးတွေကို သတိရမိသွားတာကြောင့် နည်းနည်းလေးကို့ရို့ကားယားနိုင်သလို ခံစားရသေးသည်။ အခုတော့ နှစ်ဖက်လုံး နားလည်မှုယူလိုက်ပြီဖြစ်သော်ငြား တဖက်သားကိုရွှန်းရွှန်းဝေချီးကျူးရတဲ့အထိလည်း ကြောင်သူတော်မလုပ်ချင်ပါ။ သို့သော် ကျန်းမော့ချန်၏ စုတ်ပြတ်သတ်နေသော ပန်းချီစွမ်းရည်ကြီးကို သိနေတာကြောင့် သူ့သူငယ်ချင်းကို အဖော်ပြုပြီးလိုက်ဆွဲပေးနေရသည့် ယန်းချင်းချီဘက်ကလည်းတကယ်မလွယ်ဘူးဟု တွေးမိလိုက်သည်။
လျောင်စစ်ပေါ် : [ သူ့အတွက် တော်တော်လွယ်ခဲ့မှာမဟုတ်ဘူး ]
ကျန်းမော့ချန် ဒီငနဲသုံးကောင်ကြောင့် ဒေါသထွက်လို့သေတော့မည်။
ကျန်းမော့ချန် : [ သူငါ့ကို အဖော်ပြုပြီး လိုက်ဆွဲပေးနေတာမဟုတ်ဘူး! ငါတို့နှစ်ယောက်ကသာ ချီချီနဲ့ လိုက်ကစားပေးနေတာ! ]
ရန့်ရွှိသူ့ကို မျက်လုံးမှေးပြီးစိုက်ကြည့်နေသည့် Stickerလေး ပြန်ပို့လာကာ
ရန့်ရွှိ : [ သားကြီး ကျေးဇူးပြုပြီး ကလေးကိုသိက္ခာလိုက်ချမနေနဲ့ မင်း ချီချီလောက်တောင် ပုံဆွဲတတ်လို့လား ]
ယွီရှီးဟယ် : [ မင်း ချီချီလောက်တောင် ပုံဆွဲတတ်လို့လား ]
လျောင်စစ်ပေါ် : [ မင်း ချီချီလောက်တောင် ပုံဆွဲတတ်လို့လား ]
ကျန်းမော့ချန် စိတ်တိုလွန်းသဖြင့် ဖုန်းကိုကုတင်ပေါ် ပစ်တင်လိုက်သည်။ သူငယ်ချင်းဆိုသည်မှာ ငယ်ပေါင်းကြီးဖော်တွေဖြစ်လာလျှင် မင်းရဲ့အားနည်းချက်တွေ၊အားသာချက်တွေကို အပြင်လူတွေထက်ပိုသိမည်ဖြစ်ကာ ကာကွယ်ပေးလျှင်လည်း ရှေ့ဆုံးမှာရှိနေမည်ဖြစ်ပြီး ဟားဖို့ဆိုလည်း ထိပ်ဆုံးကနေ လက်မနှေးပေ။ သောက်ကျိုးနည်း ပလက်စတစ်လို သူငယ်ချင်းတွေ!
ချီချီရေချိုးပြီးသည့်အခါ ကျန်းမော့ချန်၊ ယန်းချင်းချီတို့နဲ့အတူ တစ်ကုတင်ထဲအိပ်သည်။ သူကအလယ်မှာနေရာယူကာ ယန်းချင်းချီကို သူ့ဘယ်ဘက်၊ ကျန်းမော့ချန်ကို သူ့ညာဘက်တွင် အိပ်ခိုင်းသည်။ ချီချီက သူတို့လက်တွေကို သူ့လက်ပိစိလေးဖြင့် ဆုပ်ကိုင်ထားရင်း ကြေငြာလာသည်။
''ချီချီ အိပ်ပြီနော် ''
ယန်းချင်းချီ သူ့နဖူးလေးကို နမ်းလိုက်ကာ
''ဂွတ်နိုက် ရှောင်ပေါင်ပေ့ ''
ကျန်းမော့ချန် ထိုမြင်ကွင်းကိုမြင်တော့ ချီချီလေးက တခြားလူတွေနမ်းတာကိုကြိုက်ကြောင်း ယန်းချင်းချီပြောပြခဲ့ဖူးသည်ကို မှတ်မိသွားသည်။ သူလည်း ချီချီဘက်လှည့်ကာ ပါးလေးကိုနမ်းလိုက်ပြီး
''ဂွတ်နိုက် ချီချီ''
ကျန်းမော့ချန် ကလေးရဲ့ညာဘက်ပါးကို နမ်းနေတာတွေ့တော့ ယန်းချင်းချီကလည်း အားကျမခံ ဘယ်ဘက်ပါးကို နောက်တစ်ခေါက် နမ်းပစ်လိုက်သည်။
နှစ်ယောက်လုံးစီက တစ်ချိန်တည်းအနမ်းခံလိုက်ရသည့်အခါ ချီချီ့မျက်နှာလေးမှာ ပေါက်ထွက်လာတော့မတတ် ရဲတွတ်သွားလေသည်။ သူ့ပါးလေးနှစ်ဖက်ကို လက်သေးသေးလေးများဖြင့်အုပ်လိုက်ကာ မျက်လုံးမှိတ်၍ ထပ်ကြေငြာလာပြန်သည်။
'' ချီချီ အိပ်ပြီနော် ''
ခဏအကြာ ထပ်ပြောလာသည်။
''ဂွတ်နိုက်ပါးပါး ဂွတ်နိုက်ဒယ်ဒီ ''
ထိုပုံစံလေးမှာ အရမ်းကိုချစ်ဖို့ကောင်းတာကြောင့် ယန်းချင်းချီ ကလေးကို ကလိထိုးပစ်လိုက်ချင်သည်။ သို့သော် အရယ်လွန်ပြီး ကလေးမျက်စိကြောင်သွားမှာစိုးတာကြောင့် သူ့ဆန္ဒတွေကိုချုပ်ထိန်းလိုက်ရသည်။ ဒီတိုင်းလေး မျက်လုံးမှိတ်ပြီးအိပ်နေသည့် ချီချီ့ကိုသာ ကြင်ကြင်နာနာလေးကြည့်နေလိုက်သည်။
မကြာခင် ချီချီတစ်ယောက် ပါးစပ်လေးဟကာ အိပ်ပျော်သွားသည်။ ကိုင်ထားသည့်လက်တွေကိုလည်း လွှတ်လိုက်ကာ ယန်းချင်းချီ ရင်ခွင်ထဲ လှိမ့်ဝင်သွားသည်။
''ဒီနေ့ ခင်ဗျား ကျွန်တော့်အခန်းထဲမှာ အိပ်မလို့လား ''
ယန်းချင်းချီ ကျန်းမော့ချန်ကို လှမ်းကြည့်လိုက်သည်။
ကျန်းမော့ချန် ခေါင်းငြိမ့်ပြလာကာ
''အင်း ချီချီနဲ့အတူတူအိပ်မလို့ ''
ထိုသို့ပြောလာမှတော့ ယန်းချင်းချီဘက်ကလည်း ကန့်ကွက်စရာမရှိတာကြောင့်
''နည်းနည်းတော့ ကျပ်လိမ့်မယ် ''
''ရတယ် '' ကျန်းမော့ချန် ပြုံးလိုက်သည်။
ယန်းချင်းချီ ထိုပြဿနာအပေါ် စိတ်ရှုပ်ခံမနေတော့ပါ။
သူ အစောပိုင်းက ရှောင်ဟောပို့ခဲ့သည့် Linkပေါင်းများစွာကို ပြန်သတိရမိသွားသည်။ အိပ်ဖို့စောသေးသည့်အပြင် သူကလည်းအားနေတာကြောင့် ဖုန်းကိုထုတ်ကာ Wechatထဲဝင်ပြီး Linkတွေကိုလိုက်နှိပ်ကြည့်လိုက်သည်။
_______________________________
*ဒါက calabash brothers တရုတ်ကာတွန်းစီးရီးက ဇာတ်ကောင်ပါ သူတို့ကညီကို၇ယောက်ရှိပါတယ် လျို့ကောဆိုတာ နံပါတ်၆အစ်ကိုကိုပြောတာပါ သူ့အစွမ်းက ကိုယ်ဖျောက်တာပါ သူကကိုယ်ဖျောက်ပြီး သူ့ညီအစ်ကိုတွေကို လိုက်စတတ်ပါတယ် အဲ့အချိန်ကျ 'ငါမင်းကို လျို့ကောလို့ခေါ်မယ် မင်းပြန်ထူးရဲလား' ဆိုပြီး အစ်ကိုတွေက သူ့တည်နေရာသိချင်လို့ သွေးတိုးစမ်းမေးတတ်တဲ့မေးခွန်းပါ ဒီလောက်အရှည်ကြီးကျတော့ အထဲမှာမရှင်းချင်လို့ပါ။
သွားကြွားတာ ပြန်ဟားခံလိုက်ရတဲ့ ဒယ်ဒီကျန်းအတွက် မျက်ရည်တစ်စက် 🤭
Zawgyi
က်န္းေမာ့ခ်န္ Group Chatထဲ သူ႕အခ်စ္ေတြကို မသိမသာႂကြားမယ္
__________________________________
က်န္းေမာ့ခ်န္ ယန္းခ်င္းခ်ီကိုၾကည့္လာကာ
''မင္း တစ္ခုခု ေမ့ေနတယ္လို႔မထင္ဘူးလား ''
ဥပမာ သူ ပုံကို ဘယ္လိုဆြဲရမွန္း မသိတာမ်ိဳး။
ဒါေပါ့ ယန္းခ်င္းခ်ီကလည္း ဘယ္ေမ့ပါ့မလဲ။
''ခင္ဗ်ားအဆင္ေျပတာ တစ္ခုခုဆြဲလိုက္ ႐ိုး႐ိုးေလးလည္းရတယ္ ''
ထိုအခါမွ က်န္းေမာ့ခ်န္တစ္ေယာက္ မကိုင္ခ်င္ကိုင္ခ်င္ျဖင့္ ခဲတံေကာက္ကိုင္လိုက္ကာ စာ႐ြက္ေထာင့္တြင္ မ်ဥ္းေျဖာင့္တစ္ေၾကာင္းဆြဲလိုက္သည္။
သူ ခဲတံကို ယန္းခ်င္းခ်ီဆီျပန္ေပးလိုက္ေတာ့ တဖက္လူကလည္း ခ်ီခ်ီ႕ကိုျပန္ေပးလာကာ
''ခ်ီခ်ီလည္း တစ္ခုခုထပ္ဆြဲ ၿပီးရင္ ပါးပါးက ခ်ီခ်ီ႕ကို မ်က္လွည့္ျပမယ္ ''
ခ်ီခ်ီက ခဲတံျပန္ယူလိုက္ကာ ဘာဆြဲရင္ေကာင္းမလဲဟု စဥ္းစားေနရင္း ႏႈတ္ခမ္းေလးကိုကိုက္ေနသည္။ သူ က်န္းေမာ့ခ်န္ဆြဲထားသည့္ မ်ဥ္းေျဖာင့္ေဘးတြင္ မ်ဥ္းေျဖာင့္အတိုေလးတစ္ခု ထပ္ဆြဲလိုက္သည္။ ထို႔ေနာက္ ခဲတံကို ယန္းခ်င္းခ်ီဆီျပန္ေပးလာကာ ေမွ်ာ္လင့္ခ်က္ေတြ ျပည့္လွ်ံေနသည့္ မ်က္လုံးေလးျဖင့္ သူ႕ပါးပါးကို ေမာ့ၾကည့္ေနခဲ့သည္။
ယန္းခ်င္းခ်ီ ေျပာလာသည္။
''ေသခ်ာၾကည့္ထားေနာ္ ''
သူ ခဲတံကိုင္ၿပီး စဆြဲသည္။ သူ႕ဆြဲခ်က္မွာျမန္လြန္းသည့္အျပင္ ဟိုေနရာေလး နည္းနည္းထည့္လိုက္ ဒီေနရာေလးမ်ားမ်ားထည့္လိုက္ လုပ္ေနသည္။ က်န္းေမာ့ခ်န္မ်ဥ္းေျဖာင့္ကို အေျခခံကာ အခက္အလက္ေတြေဝေဝဆာဆာျဖင့္ ပန္းေတြပြင့္ေနသည့္ ဆာကူရာပင္ႀကီးဆြဲလိုက္သည္။ ခ်ီခ်ီ၏ မ်ဥ္းေျဖာင့္အတိုေလးကိုေတာ့ အခုမွအကိုင္းေလးႏွစ္ခက္ပဲ႐ွိေသးသည့္ အပင္ပ်ိဳေလးအျဖစ္ဆြဲလိုက္သည္။ ယန္းခ်င္းခ်ီဆြဲတာ အရမ္းျမန္သည္။ သိပ္မၾကာခင္မွာပဲ သူ႕ရဲ႕မ်က္လွည့္ေလး ၿပီးစီးသြားေလသည္။ ပုံတစ္ပုံလုံးမွာ ႐ုပ္ျပ(comic)ဆန္ကာ ပြင့္ဖက္ေႂကြေလးေတြ၊ ျမက္ပင္ေလးေတြ၊ ဆာကူရာအပင္ႀကီးနဲ႔အပင္ပ်ိဳေလး၊ ေၾကာင္ေလးေတြ၊ ေခြးေလးေတြ၊ အကိုင္းေပၚနားေနသည့္ ငွက္ေလးေတြျဖင့္ ေႏြဦးျမင္ကြင္းကို ပုံေဖာ္ထားေလသည္။
''ဝါးးးး! '' ခ်ီခ်ီမွာ ပုံေလးကိုၾကည့္ၿပီး မအံ့ၾသပဲမေနႏိုင္ခဲ့ '' အရမ္း အရမ္း လွတယ္ ''
ယန္းခ်င္းခ်ီ သူ႕နာမည္ကို စာ႐ြက္ေထာင့္တြင္ လက္မွတ္ထိုးလိုက္သည္။ ထို႔ေနာက္ ခ်ီခ်ီ႕ကို ခဲတံေလး ျပန္ကမ္းေပးလာကာ
''နာမည္ထိုးလိုက္ပါဦး ပန္းခ်ီဆရာပိစိေလး ''
ယန္းခ်င္းခ်ီ သူ႕ကို 'ပန္းခ်ီဆရာပိစိေလး'ဟု ေခၚသည့္အခါ ခ်ီခ်ီ႕မွာ႐ွက္ေသြးျဖာသြားရသည္။ သူခဲတံကိုယူလိုက္ကာ ယန္းခ်င္းခ်ီနာမည္ေအာက္တြင္ တစ္လုံးခ်င္းစီ ေလးေလးနက္နက္ျဖင့္ 'ခ်ီခ်ီ' ဟုေရးထိုးလိုက္သည္။
ထို႔ေနာက္ သူ က်န္းေမာ့ခ်န္ဆီ ခဲတံျပန္ေပးလာသည္။
''ကိုယ္လည္းထိုးရမွာလား ''
က်န္းေမာ့ခ်န္ ယန္းခ်င္းခ်ီကို ျပန္ၾကည့္လိုက္သည္။
''ဒါေပါ့ ခင္ဗ်ားလည္း ဆြဲထားတယ္မလား ''
''အြန္ ဒယ္ဒီ ထိုး ထိုး ''
ခ်ီခ်ီေလးက ခဲတံကို က်န္းေမာ့ေ႐ွ႕ အတင္းထိုးေပးေနသည္။
က်န္းေမာ့ခ်န္ ေ႐ြးခ်ယ္စရာမ႐ွိေတာ့တာေၾကာင့္ ခဲတံကိုယူလိုက္ကာ ခ်ီခ်ီ႕နာမည္ေအာက္တြင္ သူ႕နာမည္ကို လက္မွတ္ထိုးလိုက္သည္။ သို႔ေသာ္ က်န္းေမာ့ခ်န္မွာ Fanေတြကို လက္မွတ္ထိုးေပးသည့္ပုံစံႏွင့္ အသားက်ေနၿပီျဖစ္တာေၾကာင့္ လက္မွတ္ထိုးသည့္အခါ နာမည္က ဒုံးခ်ည္လိုအျမန္ႏႈန္းႏွင့္ ေကာင္းကင္ေပၚေကြ႕ပ်ံတက္ေနသည္။ သနားစရာေကာင္းသည့္ ခ်ီခ်ီေလးမွာ က်န္းေမာ့ခ်န္နာမည္ကို အၾကာႀကီးစိုက္ၾကည့္ေနလိုက္ၿပီး မေနႏိုင္ေတာ့သျဖင့္ ထုတ္ေမးလာသည္။
''ဒယ္ဒီ ေနာက္တစ္ပုံထပ္ဆြဲလိုက္တာလား ဒါေပမဲ့ ခ်ီခ်ီတို႔ဘာမွ ထပ္မဆြဲေတာ့ဘူးေလ ဒယ္ဒီက ကိုယ့္နာမည္ကိုထိုးရမွာ ''
ယန္းခ်င္းခ်ီ သူ႕ကိုလွည့္ၾကည့္လာကာ တိတ္တိတ္ေလးခိုးေလွာင္လိုက္သည္။
က်န္းေမာ့ခ်န္ ေ႐ြးခ်ယ္စရာမ႐ွိေတာ့တာေၾကာင့္ အက်င့္ပါေနသည့္ လက္မွတ္ေအာက္ ကိုယ့္နာမည္ကိုယ္ ေသေသခ်ာခ်ာေလး ျပန္ေရးလိုက္ရသည္။ ထိုအခါမွ ခ်ီခ်ီက အရမ္းေက်နပ္သြားေလသည္။ သူက သူတို႔နာမည္ေတြကို လက္ပုတိုေလးျဖင့္ တစ္လုံးခ်င္းစီ လိုက္ေထာက္ကာ က်ယ္က်ယ္ေလးေအာ္ဖတ္လာသည္။
''ယန္းခ်င္းခ်ီ၊ ခ်ီခ်ီ၊ က်န္းေမာ့ခ်န္ ''
''အင္း ''
ခ်ီခ်ီက သူတို႔သုံးေယာက္ဆြဲထားသည့္ ပုံေလးကိုၾကည့္ကာ အရမ္းေပ်ာ္ေနခဲ့သည္။ ထို႔ေၾကာင့္ ႐ႊင္ျမဴးေနသည့္ အသံေလးျဖင့္ ထပ္ေတာင္းဆိုလာသည္။
''ေနာက္တစ္ပုံ ထပ္ဆြဲရေအာင္! ''
က်န္းေမာ့ခ်န္တစ္ေယာက္ သူ႕သားစကားေၾကာင့္ ေသြးတစ္ပြက္အန္သြားသည္။
ယန္းခ်င္းခ်ီ သူ႕ကိုၾကည့္ကာ ကတိေပးလာခဲ့သည္။
''ဒီတိုင္း အဆင္ေျပတာသာဆြဲ အခ်ိန္တိုင္း မ်ဥ္းေျဖာင့္ေတြဆြဲေနလည္း ရတယ္ ''
တဖက္လူ၏ကတိစကားၾကားမွ က်န္းေမာ့ခ်န္ အသက္႐ွဴေခ်ာင္သြားေတာ့သည္။ ''က်ိန္းေသေပါက္ပဲ ကေလးေတြက သူတို႔ရဲ႕အရင္ဘဝက အေႂကြး႐ွင္ေလးေတြ '' ငယ္႐ြယ္သည့္ဒယ္ဒီက်န္းေမာ့ခ်န္မွာ ထိုသို႔မွတ္ခ်က္ျပဳေလသည္။
ထို႔ေနာက္ သူတို႔ပုံအသစ္ထပ္ဆြဲၾကသည့္အခါ က်န္းေမာ့ခ်န္မွာ ယန္းေလာင္႐ွီး၏ သင္ျပမႈအတိုင္း သူ႕အလွည့္ေရာက္လာလွ်င္ မ်ဥ္းေျဖာင့္ေတြသာဆြဲသည္။
ခ်ီခ်ီတစ္ေယာက္ အခ်ိန္တိုင္းမ်ဥ္းေျဖာင့္ေတြပဲ ဆြဲေနသည့္ က်န္းေမာ့ခ်န္ကိုၾကည့္ရင္း
'' ဒယ္ဒီ အၿမဲတမ္း အဲ့လိုဆြဲလို႔မရဘူးေလ ''
က်န္းေမာ့ခ်န္ အ႐ွက္မ႐ွိျပန္ေျဖလာသည္။
''ဒယ္ဒီက မင္းပါးပါးေျပာတဲ့အတိုင္းပဲ လုပ္တာ ''
ခ်ီခ်ီ ယန္းခ်င္းခ်ီကို စူပုပ္ပုပ္ေလး ေမာ့ၾကည့္လာသည္။ ယန္းခ်င္းခ်ီရယ္လိုက္ကာ ကေလးေခါင္းေလးကို ပြတ္ေပးရင္း
''ဘာမွမျဖစ္ဘူး ၿပီးရင္ ပါးပါးကမ်က္လွည့္ျပမယ္ ''
ထိုသို႔ၾကားမွ ခ်ီခ်ီက စိတ္သက္သာရာရသြားကာ ပုံကို ဂ႐ုတစိုက္ေလးျပန္ဆြဲေနသည္။
ယန္းခ်င္းခ်ီက အဆုံးတြင္ က်န္းေမာ့ခ်န္မ်ဥ္းေျဖာင့္ေလးမ်ားကို ျခံစည္း႐ိုးေလးေတြျဖစ္ေအာင္ ဆက္ဆြဲလိုက္သည္။ ထိုျခံစည္း႐ိုးေလးထဲတြင္ အိမ္ေလးတစ္အိမ္႐ွိသည္။ အိမ္ေ႐ွ႕တြင္ ၾကက္ေပါက္ေလးမ်ားက ဆန္ေစ့ကို စားေနၾကသည္။ ခုံတန္းမွာထိုင္ကာ ေခြးေလးဖက္ထားသည့္ ကေလးမေလးတစ္ေယာက္လည္း ႐ွိေနေသးသည္။
''ဝါးးးးးးး! '' ခ်ီခ်ီ႕မွာ ယန္းခ်င္းခ်ီ၏ပုံဆြဲစေကးလ္ႀကီးေၾကာင့္ လက္ဖ်ားခါရျပန္သည္။ ''ပါးပါးက အရမ္းမိုက္တာပဲ ''
''ခ်ီခ်ီလည္းမိုက္တယ္ ပါးပါးတို႔ သုံးေယာက္လုံးမိုက္တယ္ ''
ခ်ီခ်ီက ယန္းခ်င္းခ်ီေျပာတာကို အျပဳံးေလးျဖင့္ ေခါင္းၿငိမ့္ေထာက္ခံလာသည္။ သူ ပုံႏွစ္ပုံကို ေသခ်ာေလးေခါက္သိမ္းလိုက္ကာ သူႏွင့္အတူအိမ္ျပန္ယူသြားဖို႔ လုပ္ေနသည္။ ခ်ီခ်ီမသိမ္းခင္ က်န္းေမာ့ခ်န္ ပုံႏွစ္ပုံကို ဓာတ္ပုံ႐ိုက္ယူလိုက္ကာ ေသခ်ာေစ့ေစ့စပ္စပ္ၾကည့္လိုက္သည္။
အမွန္အတိုင္းေျပာရမည္ဆိုလွ်င္ ဒီပုံႏွစ္ပုံမွာ သူနဲ႔ေရာ ခ်ီခ်ီနဲ႔ေရာ လုံးဝမသက္ဆိုင္ပါ။ ယန္းခ်င္းခ်ီ၏ အံ့ၾသစရာေကာင္းသည့္ နတ္ဘုရားအဆင့္ပန္းခ်ီစေကးလ္ႀကီးေၾကာင့္သာ ဒီပုံေတြျဖစ္လာခဲ့ျခင္းျဖစ္သည္။ သူတို႔ႏွစ္ေယာက္က ဟိုနည္းနည္း ဒီနည္းနည္းေလွ်ာက္ဆြဲေနခဲ့ျခင္းျဖစ္ကာ ယန္းခ်င္းခ်ီေၾကာင့္သာ ပုံေလးက႐ုပ္လုံးေပၚလာခဲ့သည္ပင္။ သို႔ေသာ္ ပန္းသီးေတာင္ေျဖာင့္ေအာင္မဆြဲႏိုင္ခဲ့သည့္ က်န္းေမာ့ခ်န္အတြက္ေတာ့ ထိုဟိုနည္းနည္း ဒီနည္းနည္းကပဲ သူ႕ကိုေတာ္ေတာ္ေလးေပ်ာ္ေစသည္။ ဘယ္လိုပဲျဖစ္ျဖစ္ ပုံႏွစ္ပုံလုံးမွာလည္း သူ႕နာမည္ထိုးထားေသးတယ္မလား။
ခ်ီခ်ီတစ္ေယာက္ ၉နာရီထိုးေတာ့မွာကို သတိထားမိတာေၾကာင့္ အိပ္ခ်င္လာသည္။ မအိပ္ခင္ တစ္ကိုယ္ရည္သန္႔႐ွင္းေရးလုပ္ေပးဖို႔ ယန္းခ်င္းခ်ီ ကေလးကို ေရခ်ိဳးခန္းထဲေခၚသြားသည္။
က်န္းေမာ့ခ်န္ အနားမွာ ဘယ္သူမွမ႐ွိေတာ့တာကို အခြင့္ေကာင္းယူကာ သူရယ္၊ ယြီ႐ွီးဟယ္ရယ္၊ ရန္႔႐ႊိရယ္၊ ေလ်ာင္စစ္ေပၚရယ္ ၄ေယာက္ထဲသာ႐ွိေသာ Wechat Group Chatထဲ ဒုတိယပုံကို ပို႔ကာ ထုတ္ႂကြားပစ္လိုက္သည္။
က်န္းေမာ့ခ်န္ : [ (ပုံ) ]
က်န္းေမာ့ခ်န္ : [ မင္းတို႔ဘယ္လိုထင္လဲ ငါဆြဲထားတာ ]
ယြီ႐ွီးဟယ္ : [ ...... ]
ရန္႔႐ႊိ : [ (ထိတ္လန္႔ေၾကာက္႐ြံ႕) (ထိတ္လန္႔ေၾကာက္႐ြံ႕) (ထိတ္လန္႔ေၾကာက္႐ြံ႕) ]
ေလ်ာင္စစ္ေပၚ : [ ငါကန္းသြားၿပီလား ]
ရန္႔႐ြိ : [ က်န္းေမာ့ခ်န္ မင္းျပန္ေပးဆြဲခံရတာဆို မ်က္ေတာင္တခ်က္ခတ္ျပ! မဟုတ္ရင္ ႏွစ္ခ်က္ခတ္ျပ! ]
ယြီ႐ွီးဟယ္ : [ ငါတို႔အဖြဲ႕ရဲ႕ လ်ိဳ႕ဝွက္ကုဒ္ေျပာ ဒီတစ္ေယာက္က အတုႀကီးျဖစ္ရမယ္ ငါမင္းကို လ်ိဳ႕ေကာ*လို႔ ေခၚရင္ မင္းျပန္ထူးရဲလား ]
က်န္းေမာ့ခ်န္ : [ ........ ]
ရန္႔႐ႊိ : [ ဒီပုံကို ေသခ်ာၾကည့္မယ္ဆို မင္းနဲ႔သက္ဆိုင္တာဆိုလို႔ မင္းနာမည္ပဲေတြ႕တယ္ မင္း ကိုယ့္နာမည္ကိုယ္ ဆြဲထားတာလား!? ]
ယြီ႐ွီးဟယ္ : [ ဒါမွမဟုတ္ ၾကက္ေပါက္ေလးေတြစားေနတဲ့ ဆန္ေစ့ေတြမ်ားလား ]
ေလ်ာင္စစ္ေပၚ : [ ဒါမွမဟုတ္ ၾကက္ေပါက္ေတြမ်က္လုံး? ]
က်န္းေမာ့ခ်န္ ေဒါသထြက္ထြက္ျဖင့္ : [ မင္းတိုေတြ တမင္လုပ္ေနၾကတာမလား!? ဟုတ္တယ္မလား!? ဒီပုံရဲ႕သုံးပုံတစ္ပုံေလာက္က ငါဆြဲထားတာကြ ဟုတ္ၿပီလား!? ]
ယြီ႐ွီးဟယ္ : [ ကဲ အားလုံးပဲ ေသခ်ာသြားၿပီ ဒါက က်န္းေမာ့ခ်န္အတုႀကီး ငါတို႔သိတဲ့က်န္းေမာ့ခ်န္က ေသရင္ေသသြားပါေစ ပုံဆြဲဖို႔ ခဲတံကိုင္တဲ့လူမဟုတ္ဘူး ]
ရန္႔႐ႊိ : [ ဟုတ္ပ ဘယ္သူ သူ႕ကို ပုံဆြဲခိုင္းခိုင္း အဲ့လူကလည္း အက်ိဳးဆက္မေကာင္းခဲ့ဘူး ]
ေလ်ာင္စစ္ေပၚ : [ မင္းတို႔ေတြ ေသခ်ာၾကည့္ၾကစမ္း အဲ့မွာနာမည္သုံးခု႐ွိေနတယ္ ေမာ့ခ်န္ ငါမွတ္မိသေလာက္ဆို မင္းရဲ႕သားကငါးႏွစ္ပဲ႐ွိပါေသးတယ္ တကယ္လို႔သူသာ အဲ့ေလာက္ဆြဲတတ္ေနရင္ မင္းထက္နာမည္ပိုႀကီးေနၿပီ အဲ့ဒါေၾကာင့္ ဒီပုံဆြဲတဲ့လူက မင္းအိမ္ေထာင္ဖက္မလား ]
က်န္းေမာ့ခ်န္ တစ္ေယာက္ ထိုငနဲတစ္သိုက္ကို ႀကိဳးစားပမ္းစား ႐ွင္းျပျပန္သည္။
က်န္းေမာ့ခ်န္ : [ ငါတို႔သုံးေယာက္လုံး အတူတူေပါင္းဆြဲထားတာကြ ]
ရန္႔႐ႊိ : [ အဲ့ေတာ့ မင္းကဘယ္အပိုင္းကို ဆြဲထားတာလဲ ]
က်န္းေမာ့ခ်န္ : [ ....... ]
ယြီ႐ွီးဟယ္ : [ သုံးပုံတစ္ပုံ? ၾကက္ေလးေတြစားတဲ့ဆန္ေစ့လည္းမဟုတ္ရင္.....ငါမွန္းၾကည့္မယ္ေနာ္ မင္းျခံစည္း႐ိုးဆြဲထားတာေတာ့ မဟုတ္ဘူးမလား ]
ရန္႔႐ႊိ : [ သူကဘယ္လိုလုပ္ ျခံစည္း႐ိုးဆြဲတတ္မွာလဲ အလြန္ဆုံးမွ အဲ့မ်ဥ္းေျဖာင့္အတန္းလိုက္ႀကီးေပါ့ ဟားဟားဟားဟား ]
ေလ်ာင္စစ္ေပၚ : [ ဟားဟားဟားဟား လတ္စသတ္ေတာ့ မ်ဥ္းေျဖာင့္ကို ဟားဟားဟား ]
က်န္းေမာ့ခ်န္ : [ ....... ]
System သတိေပးခ်က္ : က်န္းေမာ့ခ်န္ Group Chatထဲမွ ထြက္သြားပါၿပီ။
ရန္႔႐ႊိ၊ ေလ်ာင္စစ္ေပၚ၊ ယြီ႐ွီးဟယ္ : [ ဟားဟားဟားဟားဟားဟားဟား ]
ယြီ႐ွီးဟယ္ က်န္းေမာ့ခ်န္ကို Group Chatထဲ အလ်င္အျမန္ျပန္သြင္းလိုက္ကာ ႏွစ္သိမ့္ေပးလာသည္။
ယြီ႐ွီးဟယ္ : [ အမွန္အတိုင္းေျပာရရင္ မ်ဥ္းေျဖာင့္ဆြဲတာလည္း လြယ္ကူတဲ့အလုပ္မွမဟုတ္တာ မင္းေကာင္းေကာင္းဆြဲထားပါတယ္ မ်ဥ္းေတြက ေသာက္က်ိဳးနည္း ေျဖာင့္တာ! ]
က်န္းေမာ့ခ်န္ : [ ဟြန္႔! ]
ရန္႔႐ႊိ : [ ဟုတ္ပ မ်ဥ္းေတြက တစ္ခုနဲ႔တစ္ခု စီစီရီရီေလး ]
ေလ်ာင္စစ္ေပၚ : [ ေအးေလ ပုံရဲ႕သုံးပုံတစ္ပုံေလာက္မွာ မင္းအားထုတ္မႈပါေနတာပဲ ]
က်န္းေမာ့ခ်န္ : [ အရမ္းေနာက္က်သြားၿပီ ပလက္စတစ္လိုသူငယ္ခ်င္းေတြ!* ငါအခုခ်က္ခ်င္း မင္းတို႔နဲ႔ သူငယ္ခ်င္းဆက္ဆံေရး ျဖတ္ေတာ့မွာ ]
(T/N: အတုအေယာင္ သူငယ္ခ်င္းလို႔ေျပာတာပါ)
ယြီ႐ွီးဟယ္ : [ ဒါေလးပဲလား.... ]
ေလ်ာင္စစ္ေပၚ : [ ဪ ဒီေလာက္ေလးမ်ား..... ]
ရန္႔႐ႊိ : [ ေမာ့ခ်န္ သူတို႔ေျပာတာေတြ နားေထာင္မေနနဲ႔ေတာ့ ငါသတိထားမိတာေတာ့ မင္းပုံမဆြဲတတ္မွန္းသိတာေတာင္ မင္းအႀကိဳက္လိုက္ၿပီး မ်ဥ္းေျဖာင့္ေတြပဲထိုင္ဆြဲေနတဲ့မင္းနဲ႔ အတူတူလိုက္ေဆာ့ေပးေနတဲ့ ယန္းခ်င္းခ်ီကိုပဲ ၾကည့္ရတာ သူ မင္းကို တကယ္ႀကီး အခ်စ္စစ္နဲ႔ခ်စ္ေနတဲ့ပုံပဲ ]
ယြီ႐ွီးဟယ္ကပါ ခ်က္ခ်င္းသေဘာတူလာသည္။
ယြီ႐ွိးဟယ္ : [ အဲဲ႕ဒါ အခ်စ္စစ္ေပါ့ကြ စိန္ထက္ေတာင္စစ္ေသးတယ္ ]
ေလ်ာင္စစ္ေပၚမွာ ယန္းခ်င္းခ်ီဆိုသည့္ နာမည္ၾကားသည့္ႏွင့္ ျပန္ေျပာလို႔မေကာင္းသည့္ အတိတ္ဆိုးေတြကို သတိရမိသြားတာေၾကာင့္ နည္းနည္းေလးကို႔႐ို႕ကားယားႏိုင္သလို ခံစားရေသးသည္။ အခုေတာ့ ႏွစ္ဖက္လုံး နားလည္မႈယူလိုက္ၿပီျဖစ္ေသာ္ျငား တဖက္သားကို႐ႊန္း႐ႊန္းေဝခ်ီးက်ဴးရတဲ့အထိလည္း ေၾကာင္သူေတာ္မလုပ္ခ်င္ပါ။ သို႔ေသာ္ က်န္းေမာ့ခ်န္၏ စုတ္ျပတ္သတ္ေနေသာ ပန္းခ်ီစြမ္းရည္ႀကီးကို သိေနတာေၾကာင့္ သူ႕သူငယ္ခ်င္းကို အေဖာ္ျပဳၿပီးလိုက္ဆြဲေပးေနရသည့္ ယန္းခ်င္းခ်ီဘက္ကလည္းတကယ္မလြယ္ဘူးဟု ေတြးမိလိုက္သည္။
ေလ်ာင္စစ္ေပၚ : [ သူ႕အတြက္ ေတာ္ေတာ္လြယ္ခဲ့မွာမဟုတ္ဘူး ]
က်န္းေမာ့ခ်န္ ဒီငနဲသုံးေကာင္ေၾကာင့္ ေဒါသထြက္လို႔ေသေတာ့မည္။
က်န္းေမာ့ခ်န္ : [ သူငါ့ကို အေဖာ္ျပဳၿပီး လိုက္ဆြဲေပးေနတာမဟုတ္ဘူး! ငါတို႔ႏွစ္ေယာက္ကသာ ခ်ီခ်ီနဲ႔ လိုက္ကစားေပးေနတာ! ]
ရန္႔႐ႊိသူ႕ကို မ်က္လုံးေမွးၿပီးစိုက္ၾကည့္ေနသည့္ Stickerေလး ျပန္ပို႔လာကာ
ရန္႔႐ႊိ : [ သားႀကီး ေက်းဇူးျပဳၿပီး ကေလးကိုသိကၡာလိုက္ခ်မေနနဲ႔ မင္း ခ်ီခ်ီေလာက္ေတာင္ ပုံဆြဲတတ္လို႔လား ]
ယြီ႐ွီးဟယ္ : [ မင္း ခ်ီခ်ီေလာက္ေတာင္ ပုံဆြဲတတ္လို႔လား ]
ေလ်ာင္စစ္ေပၚ : [ မင္း ခ်ီခ်ီေလာက္ေတာင္ ပုံဆြဲတတ္လို႔လား ]
က်န္းေမာ့ခ်န္ စိတ္တိုလြန္းသျဖင့္ ဖုန္းကိုကုတင္ေပၚ ပစ္တင္လိုက္သည္။ သူငယ္ခ်င္းဆိုသည္မွာ ငယ္ေပါင္းႀကီးေဖာ္ေတြျဖစ္လာလွ်င္ မင္းရဲ႕အားနည္းခ်က္ေတြ၊အားသာခ်က္ေတြကို အျပင္လူေတြထက္ပိုသိမည္ျဖစ္ကာ ကာကြယ္ေပးလွ်င္လည္း ေ႐ွ႕ဆုံးမွာ႐ွိေနမည္ျဖစ္ၿပီး ဟားဖို႔ဆိုလည္း ထိပ္ဆုံးကေန လက္မေႏွးေပ။ ေသာက္က်ိဳးနည္း ပလက္စတစ္လို သူငယ္ခ်င္းေတြ!
ခ်ီခ်ီေရခ်ိဳးၿပီးသည့္အခါ က်န္းေမာ့ခ်န္၊ ယန္းခ်င္းခ်ီတို႔နဲ႔အတူ တစ္ကုတင္ထဲအိပ္သည္။ သူကအလယ္မွာေနရာယူကာ ယန္းခ်င္းခ်ီကို သူ႕ဘယ္ဘက္၊ က်န္းေမာ့ခ်န္ကို သူ႕ညာဘက္တြင္ အိပ္ခိုင္းသည္။ ခ်ီခ်ီက သူတို႔လက္ေတြကို သူ႕လက္ပိစိေလးျဖင့္ ဆုပ္ကိုင္ထားရင္း ေၾကျငာလာသည္။
''ခ်ီခ်ီ အိပ္ၿပီေနာ္ ''
ယန္းခ်င္းခ်ီ သူ႕နဖူးေလးကို နမ္းလိုက္ကာ
''ဂြတ္ႏိုက္ ေ႐ွာင္ေပါင္ေပ့ ''
က်န္းေမာ့ခ်န္ ထိုျမင္ကြင္းကိုျမင္ေတာ့ ခ်ီခ်ီေလးက တျခားလူေတြနမ္းတာကိုႀကိဳက္ေၾကာင္း ယန္းခ်င္းခ်ီေျပာျပခဲ့ဖူးသည္ကို မွတ္မိသြားသည္။ သူလည္း ခ်ီခ်ီဘက္လွည့္ကာ ပါးေလးကိုနမ္းလိုက္ၿပီး
''ဂြတ္ႏိုက္ ခ်ီခ်ီ''
က်န္းေမာ့ခ်န္ ကေလးရဲ႕ညာဘက္ပါးကို နမ္းေနတာေတြ႕ေတာ့ ယန္းခ်င္းခ်ီကလည္း အားက်မခံ ဘယ္ဘက္ပါးကို ေနာက္တစ္ေခါက္ နမ္းပစ္လိုက္သည္။
ႏွစ္ေယာက္လုံးစီက တစ္ခ်ိန္တည္းအနမ္းခံလိုက္ရသည့္အခါ ခ်ီခ်ီ႕မ်က္ႏွာေလးမွာ ေပါက္ထြက္လာေတာ့မတတ္ ရဲတြတ္သြားေလသည္။ သူ႕ပါးေလးႏွစ္ဖက္ကို လက္ေသးေသးေလးမ်ားျဖင့္အုပ္လိုက္ကာ မ်က္လုံးမွိတ္၍ ထပ္ေၾကျငာလာျပန္သည္။
'' ခ်ီခ်ီ အိပ္ၿပီေနာ္ ''
ခဏအၾကာ ထပ္ေျပာလာသည္။
''ဂြတ္ႏိုက္ပါးပါး ဂြတ္ႏိုက္ဒယ္ဒီ ''
ထိုပုံစံေလးမွာ အရမ္းကိုခ်စ္ဖို႔ေကာင္းတာေၾကာင့္ ယန္းခ်င္းခ်ီ ကေလးကို ကလိထိုးပစ္လိုက္ခ်င္သည္။ သို႔ေသာ္ အရယ္လြန္ၿပီး ကေလးမ်က္စိေၾကာင္သြားမွာစိုးတာေၾကာင့္ သူ႕ဆႏၵေတြကိုခ်ဳပ္ထိန္းလိုက္ရသည္။ ဒီတိုင္းေလး မ်က္လုံးမွိတ္ၿပီးအိပ္ေနသည့္ ခ်ီခ်ီ႕ကိုသာ ၾကင္ၾကင္နာနာေလးၾကည့္ေနလိုက္သည္။
မၾကာခင္ ခ်ီခ်ီတစ္ေယာက္ ပါးစပ္ေလးဟကာ အိပ္ေပ်ာ္သြားသည္။ ကိုင္ထားသည့္လက္ေတြကိုလည္း လႊတ္လိုက္ကာ ယန္းခ်င္းခ်ီ ရင္ခြင္ထဲ လွိမ့္ဝင္သြားသည္။
''ဒီေန႔ ခင္ဗ်ား ကြၽန္ေတာ္႕အခန္းထဲမွာ အိပ္မလို႔လား ''
ယန္းခ်င္းခ်ီ က်န္းေမာ့ခ်န္ကို လွမ္းၾကည့္လိုက္သည္။
က်န္းေမာ့ခ်န္ ေခါင္းၿငိမ့္ျပလာကာ
''အင္း ခ်ီခ်ီနဲ႔အတူတူအိပ္မလို႔ ''
ထိုသို႔ေျပာလာမွေတာ့ ယန္းခ်င္းခ်ီဘက္ကလည္း ကန္႔ကြက္စရာမ႐ွိတာေၾကာင့္
''နည္းနည္းေတာ့ က်ပ္လိမ့္မယ္ ''
''ရတယ္ '' က်န္းေမာ့ခ်န္ ျပဳံးလိုက္သည္။
ယန္းခ်င္းခ်ီ ထိုျပႆနာအေပၚ စိတ္႐ႈပ္ခံမေနေတာ့ပါ။
သူ အေစာပိုင္းက ေ႐ွာင္ေဟာပို႔ခဲ့သည့္ Linkေပါင္းမ်ားစြာကို ျပန္သတိရမိသြားသည္။ အိပ္ဖို႔ေစာေသးသည့္အျပင္ သူကလည္းအားေနတာေၾကာင့္ ဖုန္းကိုထုတ္ကာ Wechatထဲဝင္ၿပီး Linkေတြကိုလိုက္ႏွိပ္ၾကည့္လိုက္သည္။
_______________________________
*ဒါက calabash brothers တ႐ုတ္ကာတြန္းစီးရီးက ဇာတ္ေကာင္ပါ သူတို႔ကညီကို၇ေယာက္႐ွိပါတယ္ လ်ိဳ႕ေကာဆိုတာ နံပါတ္၆အစ္ကိုကိုေျပာတာပါ သူ႕အစြမ္းက ကိုယ္ေဖ်ာက္တာပါ သူကကိုယ္ေဖ်ာက္ၿပီး သူ႕ညီအစ္ကိုေတြကို လိုက္စတတ္ပါတယ္ အဲ့အခ်ိန္က် 'ငါမင္းကို လ်ိဳ႕ေကာလို႔ေခၚမယ္ မင္းျပန္ထူးရဲလား' ဆိုၿပီး အစ္ကိုေတြက သူ႕တည္ေနရာသိခ်င္လို႔ ေသြးတိုးစမ္းေမးတတ္တဲ့ေမးခြန္းပါ ဒီေလာက္အ႐ွည္ႀကီးက်ေတာ့ အထဲမွာမ႐ွင္းခ်င္လို႔ပါ။
သြားႂကြားတာ ျပန္ဟားခံလိုက္ရတဲ့ ဒယ္ဒီက်န္းအတြက္ မ်က္ရည္တစ္စက္ 🤭