ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့...

By Dandelion_nini

5.2M 710K 55K

Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking fin... More

Synopsis
အသိပေးစာ
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35.1
Chapter 35.2
Chapter 35.3
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140
Chapter 141
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155
Chapter 156
Chapter 157
Chapter 158
Chapter 159
Chapter 160
Chapter 161
Chapter 162
Chapter 163
Chapter 164
Chapter 165
Chapter 166
Chapter 167
Chapter 168
Chapter 169
Chapter 170
Chapter 171
Chapter 172
Chapter 173
Chapter 174
Chapter 175
Chapter 176
Chapter 177
Chapter 178
Chapter 179
Chapter 180
Chapter 181
Chapter 182
Chapter 183
Chapter 184
Chapter 185
Chapter 186
Chapter 187
Chapter 188
Chapter 189
Chapter 190
Chapter 191 [ Final ]
ကျေးဇူးတင်လွှာနဲ့ Extraအကြောင်း
Updates and fanarts
About Car

Chapter 49

29.6K 3.5K 225
By Dandelion_nini

Unicode

ချန်ချီကာပယ်လ်မြစ်ဖျားခံရာ
__________________________________

ယန်းချင်းချီ ချီချီ့အား ညင်ညင်သာသာလေး လှုပ်နှိုးနေတာကိုကြည့်ရင်း ကျန်းမော့ချန်တစ်ယောက် အစောပိုင်းက အမှောင်ထဲမှာ တဖက်လူလက်ကို သူ ဘယ်လိုကိုင်ထားမိကြောင်း ပြန်သတိရသွားသည့်အခါ နားဖျားလေးများ အနည်းငယ်နီစွေးလာသည်။ လက်ထပ်ပြီးကတည်းက နမ်းတာ၊ကားမောင်းတာ စသည့် စုံတွဲတွေလုပ်သင့်သည့် အရာများအားလုံး နှစ်ယောက်သား လုပ်ဖူးခဲ့သော်ငြား တစ်ခါမှ လက်မကိုင်ဖူးခဲ့ပါ။ အရွယ်ရောက်လာသည့်လူကြီးများ၏ ခံစားချက်များမှာ ကျောင်းသားဘဝတုန်းကလို  မဖြူစင်တော့ပဲ ခံစားချက်များအပြင် တခြားအရာများပါ ရောပါလာပြီဖြစ်သည်။ အခုလိုမျိုးပေါ့။ လက်ထပ်မှတ်ပုံတင်ရလိုက်တဲ့နေ့ကတည်းက တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးကြသေးသော်ငြား လိုင်စင်ဖြင့် ကားမောင်းလိုက်ကြသည်။ __ __ ထိုအချိန်တုန်းက ခံစားချက်တွေအကြောင်းလည်း မပြောချင်သလို သူ ယန်းချင်းချီအပေါ် ခံစားချက်တွေ တကယ်ကြီး ရှိလာလိမ့်မယ်လို့လည်း မတွေးခဲ့ဖူးပေ။ သူတွေးခဲ့မိသည်က နှစ်ယောက်စလုံး တစ်အိုးတစ်အိမ် ထူထောင်လိုက်ပြီဆိုမှတော့ ဘဝတစ်သက်တာလုံး အတူရှိနေရတော့မည်ဟုသာ။ ထို့ကြောင့် သဘာဝကျစွာပင် သူတို့နှစ်ယောက်စလုံး သာမန်လက်ထပ်ပြီးသား စုံတွဲတွေလို လုပ်သင့်တာတွေရော မလုပ်သင့်တာတွေရော အကုန်လုပ်ဖူးခဲ့သည်။ သို့သော် မချစ်ပဲလက်ထပ်လိုက်ကြသည့် စုံတွဲအများစုမှာ တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးလာမှ ခံစားချက်ရှိလာမှသာ ကားမောင်းကြမည်ဟု တောင့်ခံတတ်ကြသည်။

တကယ်လို့ သူ ယန်းချင်းချီအပေါ် အိမ်ထောင်သက်တစ်လျှောက်လုံး ခံစားချက်မရှိလာခဲ့ရင် နှစ်ယောက်စလုံး လိင်မှုဆက်ဆံရေးကင်းတဲ့ မုဆိုးဖိုကြီးတွေလို နေသွားကြမှာလား??

ထိုသို့လုပ်စရာအကြောင်းမရှိပေ။ လက်ထပ်လိုက်ပြီဆိုမှတော့ သာမန်လက်ထပ်ပြီးသားစုံတွဲတွေလို ပြုမူဆက်ဆံရမည်။ နှစ်ယောက်စလုံး လက်မထပ်ခင် ချစ်ခြင်း၊ကြိုက်ခြင်းအဆင့်ကိုကျော်ခဲ့သော်ငြား လက်ထပ်ပြီးသည့်အခါ သာမန်စုံတွဲတွေလို လုပ်သင့်လုပ်ထိုက်သည့်အရာများကိုတော့ လုပ်ကိုလုပ်ရမည်ဖြစ်သည်။ ထို့ကြောင့် ကျန်းမော့ချန်တစ်ယောက် လက်ထပ်မှတ်ပုံတင်ရတဲ့နေမှာပဲ မင်္ဂလာဦးညကို ပြီးမြောက်စေလိုက်သည်။ ထိုကဲ့သို့ ရိုးရှင်းပြီး တိုက်ရိုက်ကျသည့်နည်းကိုသုံးကာ အိမ်ထောင်ဖက်ဆက်ဆံရေးကို ချည်နှောင်ပစ်လိုက်သည်။ ထိုညက ယန်းချင်းချီကို ရင်ခွင်ထဲထည့်ပြီး သူ့ကိုယ်သူပြန်သတိပေးခဲ့ဖူးသည်။ 'သူနဲ့ ပထမဆုံး လိင်ဆက်ဆံဖူးသည့်လူမှာ ယန်းချင်းချီဖြစ်သလို ဘဝတစ်လျှောက်လုံးလည်း ယန်းချင်းချီတစ်ယောက်ထဲသာ ဖြစ်ရမည်။ ဘာလို့လဲဆိုတော့ ခံစားချက်တွေမရှိလျှင်တောင် သူက တဖက်လူ၏တရားဝင်အိမ်ထောင်ဖက် ဖြစ်နေတာကြောင့် သူ့တစ်ယောက်ထဲမှာသာ လုပ်ပိုင်ခွင့်ရှိသည်။'

အခုတော့ ကျန်းမော့ချန်တစ်ယောက် အစောပိုင်းက ယန်းချင်းချီလက်ကိုခိုးကိုင်ပြီး ခံစားနေခဲ့ရသည့်အထိအတွေ့လေးကို မေ့မရဖြစ်နေသည်။ တဖက်လူ၏လက်ဖဝါးလေးမှာ နူးနူးညံ့ညံ့ပျော့ပျော့အိအိဖြင့် ကိုင်လို့ကောင်းနေခဲ့ကာ ကိုင်ထားစဥ်တစ်လျှောက်လုံးလည်း စိတ်နှလုံးအေးချမ်းနေပြီး အနည်းငယ်ပျော်ရွှင်မိသည်။ ထိုပျော်ရွှင်မှုမှာ အရမ်းကြီးမကြီးမားသော်ငြား လျစ်လျူရှုထားလို့လည်းမရပေ။ အပြာရောင်ကောင်းကင်ကြီးအောက် နွေရာသီလေညင်းလေးကြောင့် ဘယ်ညာယိမ်းထိုးနေသည့် ဒုဓလီပန်းမွှားလေးလိုပင်။ နွေးထွေးသည်။ ငြိမ်းချမ်းသည်။ ကြည်နူးမိစေသည်။ သူ့နှလုံးအိမ်ထဲ ထိုကဲ့သို့သော ပျော်ရွှင်မှုများ စီးဝင်လှည့်ပတ်နေခဲ့သည်။ ပမာဏမှာ သေးငယ်သော်ငြား အတိုင်းထက်အလွန်ပျော်ရွှင်နေခဲ့ကာ ထိုအခိုက်အတန့်လေးကို အမြတ်တနိုး တန်ဖိုးထားချင်ခဲ့သည်။

ထိုကဲ့သို့ နွေးထွေးသည့်ခံစားချက်မျိုးကို ကျန်းမော့ချန်တစ်ခါမှ မတွေ့ကြုံမခံစားဖူးပါ။ သူ ဂရုတစိုက်လေးထုပ်ပိုးကာ နှလုံးသားထဲထည့်သိမ်းထားချင်သည်။ သူ ယန်းချင်းချီကို ကြည့်လိုက်တဲ့အချိန် အကြောင်းကြောင့် တဖက်လူမှာ ပေါက်ပေါက်လေးလို ချိုမြနေသည်ဟု ခံစားနေရသည်။

ချီချီက ယန်းချင်းချီကြောင့် အိပ်မှုန်စုံမွှားဖြင့် မျက်လုံးလေးပွတ်ကာ နိုးလာသည်။ ထိုအချိန်ရောက်မှ သူကာတွန်းကားမကြည့်လိုက်ရပဲ အိပ်ပျော်သွားကြောင်းကို သတိထားမိလိုက်သည်။ သူ စာတန်းတွေထိုးနေသည့် ပိတ်သားမျက်နှာပြင်ကြီးကိုကြည့်ပြီး  တော်တော်လေး စိတ်ထိခိုက် ဝမ်းနည်းမိသွားသည်။

ချီချီလေး မျက်ရည်တွေဝဲတက်လာတာတွေ့တော့ ကျန်းမော့ချန် ချက်ချင်းချော့လိုက်ရသည်။

''ဒယ်ဒီတို့ နောက်တစ်ခေါက်ပြန်ကြည့်ကြရင်ရော? ဒယ်ဒီတို့လည်း ဘာဖြစ်သွားမှန်းမသိလိုက်ဘူး ချီချီနဲ့အတူတူထပ်ကြည့်ပေးမယ်လေ ''

ထိုသို့လုပ်လို့ရသေးမှန်း ချီချီတစ်ယောက် မတွေးလိုက်မိတာကြောင့် သူ ကျန်းမော့ချန်ကို အံ့သြတကြီးမော့ကြည့်လာကာ

''သားတို့ အဲ့လို လုပ်လို့ရမလား? ''

''ရတာပေါ့ ချီချီကြိုက်သလောက်ကြည့်လို့ရတယ် ''

ဘယ်လိုပဲဖြစ်ဖြစ် သူ ဒီအထပ်ကို တစ်နေ့လုံးစာ ငှားထားတာပဲဟာ။

ယန်းချင်းချီ သူ့ကို မယုံသလိုလှည့်ကြည့်လာသည်။

''ခင်ဗျား အချိန်နဲ့ပါငှားခဲ့တာလား ''

''ည၁၁နာရီအထိ ဒီရုံထဲဘယ်သူမှဝင်လာမှာမဟုတ်ဘူး ''

ယန်းချင်းချီ သူ့ကို လက်မထောင်ပြလာကာ

''အရမ်းမိုက် အရမ်းမိုက် ''

ချီချီလေးကတော့ သူထပ်ကြည့်လို့ရသေးမှန်း သေချာသွားတာကြောင့် ဝမ်းမနည်းတော့ပေ။ ထို့အစား မျက်နှာပေါ်အပြုံးလေးပြန်ရောက်လာကာ တစ်စုံတစ်ခုကို သတိထားမိသွားသည်။

''အယ် ပေါက်ပေါက်လည်းမရှိတော့ဘူး? ''

ထိုအမေးကြောင့် ကျန်းမော့ချန်နှင့် ယန်းချင်းချီမှာ တစ်ယောက်ကိုတစ်ယောက် တိတ်တိတ်လေးကြည့်လိုက်မိကြသည်။ မကြုံစဖူး နှစ်ယောက်သား မလုံမလဲဖြစ်သွားကာ အကြည့်လွှဲမိလိုက်ကြလေသည်။

''ကျွန်တော် သွားဝယ်လိုက်မယ် '' ယန်းချင်းချီ ပြောလာသည်။

''မသွားနဲ့ '' ကျန်းမော့ချန် ခေါ်လိုက်သည်။ ''ရှောင်ဝမ် ''

ဝမ်ရှန့်ဟိုင် အိမ်မက်ကနေ လန့်နိုးလာခဲ့သည်။

ကျန်းမော့ချန် သူ့ကိုကြည့်လာကာ

''မင်းကောင်းကောင်းကြီး အိပ်ပျော်နေတာပဲ ''

ဝမ်ရှန့်ဟိုင် : ......ကောတို့မိသားစုသုံးယောက်ကို မနှောက်ယှက်ချင်လို့လေ

''ပေါက်ပေါက်သွားဝယ်လိုက်ပါဦး ''

ရှောင်ဝမ် ချက်ချင်းထကာ ထွက်သွားသည်။

ယန်းချင်းချီ ဆိုဖာကိုပြန်မှီလိုက်ကာ ကလေးအကြိုက်ကာတွန်းကားကို နောက်တခေါက်ပြန်ကြည့်ရဦးမည်ဟု စဥ်းစားမိတော့ သေချင်စော်နံသွားသည်။ ဒါပေမဲ့ သူဘာလုပ်နိုင်မှာလဲ။ သူတို့ ရှောင်ပေါင်ပေ့က ကြည့်ချင်တယ်ဆိုမှတော့ သူတို့ကပါလိုက်ကြည့်ပေးရမှာပေါ့။

တရေးတမောအိပ်ပြီးသွားတော့ ချီချီတစ်ယောက် ပြန်တက်ကြွလာသည်။ သူက ရုပ်ရှင်ကြည့်နေရင်း သူ့အတွေးလေးတွေကိုလည်း ဘေးကလူကြီးနှစ်ယောက်နှင့် မျှဝေတတ်သေးသည်။ ကလေးက စကားပြောလိုက် ရုပ်ရှင်ကြည့်လိုက်ဖြင့် အလုပ်ရှုပ်နေတာတွေ့တော့ ယန်းချင်းချီကပဲ ပေါက်ပေါက်ခွံ့ရတော့သည်။

ချီချီက သူ့လက်လေးကို ပြန်တွန်းလာကာ

''ပါးပါးလည်းစား ''

ယန်းချင်းချီ ''Okay''ဟုပြောပြီး တစ်ခုစားလိုက်သည်။ သူစားနေရင်း တစ်စုံတစ်ခုကိုတွေးမိသွားတာကြောင့် ပေါက်ပေါက်အနည်းငယ်နှိုက်လိုက်ကာ ကျန်းမော့ချန်ကိုကြည့်ပြီး

''ခင်ဗျားရော ပေါက်ပေါက်စားဦးမလား ''

ကျန်းမော့ချန် ထိုအ​မေးကြားတော့ ခေါင်းငုံ့ကာ ပေါက်ပေါက်ဘူးထဲကနေ နည်းနည်းလောက်နှိုက်ဖို့ လက်ပြင်လိုက်သည်။ သို့သော် ယန်းချင်းချီက သူ့မျက်နှာရှေ့ ပေါက်ပေါက်ကိုင်ထားသည့်လက်ကို ဆန့်ထုတ်လာသည်။

ကျန်းမော့ချန် မျက်ခုံးပင့်မိသွားတော့ ယန်းချင်းချီက အပြုံးလေးဖြင့်

''ခင်ဗျားကိုလည်း ခွံ့ကျွေးမယ် ''

ကျန်းမော့ချန် တဖက်လူကို ငေးစိုက်ကြည့်နေသည်။ ထိုအခိုက်အတန့်လေးမှာ သူတို့ စကားမပြောခဲ့။

ချီချီက နှစ်ယောက်စလုံး တစ်ယောက်မှမလှုပ်ကြတာတွေ့တော့ မအူမလည်ရုပ်လေးဖြင့် ကျန်းမော့ချန်လက်ကိုတွန်းလိုက်ကာ

''ဒယ်ဒီလည်းစားလေ ''

''မြန်မြန်စား ချီချီတောင်ပြောနေပြီ ''

ထိုအခါမှ ကျန်းမော့ချန် ခေါင်းလေးစောင်းကာ ယန်းချင်းချီလက်ထဲကပေါက်ပေါက်ကို စားဖို့ပါးစပ်ဟလိုက်သည်။ ပေါက်ပေါက်အချို့ကိုက်လိုက်စဥ် ယန်းချင်းချီလက်ချောင်းလေးများမှာ သူ့နှုတ်ခမ်းဖြင့်ပွတ်တိုက်သွားလေသည်။

ယန်းချင်းချီ လက်ပြန်ရုတ်လိုက်ကာ

''ချိုလား ''

ကျန်းမော့ချန် ပါးစပ်ထဲက ပေါက်ပေါက်အချို့ကို ဝါးနေရင်း နှုတ်ခမ်းများအပေါ်သို့ အနည်းငယ်ကော့တက်သွားကာ ''အင်း''

ယန်းချင်းချီကလည်း အပြုံးလေးဖြင့် ထောက်ခံလာသည်။

''ကျွန်တော်လည်း ချိုမယ်လို့ ထင်လိုက်ပါတယ် ''

မိသားစုသုံးယောက်နှင့်ဝမ်ရှန့်ဟိုင် ရုပ်ရှင်ကြည့်ပြီးသွားသည့်အခါ ညနေ၆နာရီရှိနေပြီဖြစ်သည်။ သူတို့ညစာကို အပြင်မှာပဲစားလိုက်ကြသည်။

ကျန်းမော့ချန် ဖုန်းကိုထုတ်ကာ Weiboတစ်ချက်တက်ကြည့်လိုက်သည်။ မှန်းထားသည့်အတိုင်းပင် တစ်စုံတစ်ယောက်က သူတို့လက်မှတ်ဖြတ်နေတုန်း ဓာတ်ပုံရိုက်ယူသွားကာ နှစ်ယောက်ပုံကို Weiboပေါ်တင်လိုက်လေသည်။ အကောင်းဆုံးရလာဒ်ပင်။ မဟုတ်လျှင် ဝမ်ရှန့်ဟိုင်ကို ဖြတ်သွားဖြတ်လာ ရုပ်ရှင်လာကြည့်သူဟန်ဆောင်ခိုင်းကာ သူတို့ကိုမတော်တဆတွေ့မိသည့်သဘောဖြင့် အရန် Account မှာပုံတင်ခိုင်းရလိမ့်မည်။ အခုတော့ တကယ့်ဖြတ်သွားဖြတ်လာအစစ်နဲ့ တွေ့လိုက်တာကြောင့်ဝမ်ရှန့်ဟိုင်ကို လျှောက်ခိုင်းစရာမလိုတော့ပေ။

ယန်းချင်းချီ ကျန်းမော့ချန်ဖုန်းကိုလှမ်းကြည့်လိုက်တော့ Weiboပေါ်အတင်ခံလိုက်ရသည့် သူတို့နှစ်ယောက်ဓာတ်ပုံကို တွေ့ရလေသည်။ ဓာတ်ပုံမှာ တစ်စုံတစ်ယောက်က ခိုးကြောင်ခိုးဝှက်ရိုက်ယူခဲ့သော်ငြား မှုန်ဝါးဝါးဖြစ်မနေပဲ တချက်ကြည့်လိုက်ရုံနဲ့ စတားနှစ်ယောက်ကဘယ်သူလဲ တန်းပြောနိုင်သည်။

ပုံထဲတွင် ကျန်းမော့ချန်မှာ ဦးထုပ်ဆောင်းပြီး Maskတပ်ထားကာ ဆွဲဆောင်မှုရှိသည့် မျက်ဝန်းတစ်စုံကိုသာ သေချာ​ဖော်ပြထားသည်။ သို့သော် ထိုမျက်ဝန်းတစ်စုံကနေ ရွှင်မြူးရိပ်အပြည့်ဖြင့် ယန်းချင်းချီအား နွေးထွေးစွာကြည့်နေသည်ကို မြင်ရမည်ဖြစ်သည်။ သူကိုယ်တိုင်ကတော့ ပုံထဲတွင် နည်းနည်းလေး ရူးကြောင်ကြောင်နိုင်နေသည်။ သူက ကျန်းမော့ချန်ကို အံ့သြမှုများရောယှက်နေသော ဗလာအမူအရာလေးဖြင့် တုံးတုံးအအပြန်ကြည့်နေသည်။

ယန်းချင်းချီ ကိုယ့်ဖုန်းကိုယ်ထုတ်ကာ Weiboပေါ်မှာ ကျန်းမော့ချန်ဟု ရိုက်ရှာကြည့်လိုက်သည်။ သိပ်မကြာခင် ကျန်းမော့ချန်နှင့်သက်ဆိုင်သည့် Postအားလုံးတက်လာလေသည်။

ဒီနေ့လက ကြီးပြီးဝိုင်းတယ် : ငါဒီနေ့ သူငယ်ချင်းနဲ့ ရုပ်ရှင်ကြည့်ဖို့သွားတာ ရုပ်ရှင်ဧကရာဇ်ကျန်းနဲ့တွေ့ခဲ့တယ်။ ကျယ်မေ့တို့ သူ့ဘေးနားက ရှောင်ကောကောကဘယ်သူလဲ။ သူတို့ကြည့်ရတာ ဆက်ဆံရေးတော်တော် ကောင်းပုံပဲ။ ဟိုဘက်ကတစ်ယောက်က တော်တော်လေး ချောတာရော်။ [ပုံ]

သိပ်မကြာခင် ထို Postက ရှောင်ဖန်ဇီလေးများ၏ commentများနှင့်ပြည့်သွားသည်။

[ အမလေး Fanဘဝက လမ်းကြုံတွေလောက်တောင် ကံမကောင်းပါလား ဒီလောက် ကမ္ဘာကျဥ်းကျဥ်းလေးထဲ တစ်ယောက်နဲ့တစ်ယောက် တွေ့နေကြတာတောင် ငါကဘာလို့ အခုထိ ကောကောနဲ့မတွေ့ရသေးတာလဲ ဗြဲဗြဲဗြဲ ] 

[ ဘုရားရေ!!! ကောကောရဲ့မျက်လုံးတွေက ဘယ်လိုတောင်ကြည့်ကောင်းနေရတာလဲ မသိရင် ကြယ်လေးတွေမြှုပ်နှံထားသလိုပဲ အရမ်းကို ညင်သာနွေးထွေးတယ် ဝူးဝူးဝူး ငါ ကောကောမျက်လုံးထဲမှာ သေချင်တယ် ]

[ အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ငါ့လို စတားတွေနောက်လိုက်နေတဲ့ စာမတတ်ပေမတတ်ကတော့ ဘယ်လိုအော်ရမလဲဆိုတာပဲသိတယ် ကောကောရေ ဘယ်လိုတောင် အကြည့်တွေကညင်သာနေတာလဲ သူ့ကိုမကြည့်နဲ့ ကျွန်မကိုကြည့်! ]

[ ကောကောက ရှောင်ယန်းနဲ့ ရုပ်ရှင်အတူတူသွားကြည့်တာပဲ သူတို့နှစ်ယောက်ဆက်ဆံရေးက တော်တော်လေးကောင်းတဲ့ပုံပဲ (ပျော်ရွှင်) ]

မူရင်း Postပိုင်ရှင်က ထို Commentကို Replyပြန်ထားသည်။

[ တဆိတ်လောက် ရှောင်ယန်းဆိုတာဘယ်သူလဲ သူ့ဘေးက အရမ်းကြည့်ကောင်းတဲ့ ရှောင်ကောကောကိုပြောတာလား ]

တစ်စုံတစ်ယောက်က မူရင်း Postပိုင်ရှင်ကို ချက်ချင်းပြန်ဖြေလာသည်။

[ ဟုတ်ပ ဟုတ်ပ ရှောင်ယန်းရဲ့နာမည်အပြည့်စုံက @ယန်းချင်းချီ တဲ့လေ သူကအခုမှ လူသစ်လေးပဲရှိသေးတာ အခုတလော ရုပ်ရှင်ဧကရာဇ်ကျန်းနဲ့ ဇာတ်ကားတစ်ခုရိုက်နေတာ တကယ်လို့ OP စိတ်ဝင်စားတယ်ဆိုရင် သူ့ Weibo Pageကို နှိပ်ကြည့်လိုက် သူ့အကြောင်းပိုသိသွားလိမ့်မယ်~~ ]

ထို Reply အောက်တွင် ရှောင်ဖန်ဇီလေးများက 《 လမ်းမှားခြင်း 》ဇာတ်ကားအတွက် ပရိုမိုရှင်းလာဆင်းပေးကြသည်။ မူရင်း Postပိုင်ရှင်ဘက်ကလည်း ဇာတ်ကားထွက်ဖို့မျှော်လင့်နေကြောင်း ပါးပါးနပ်နပ်လေး Reply ပြန်လာသည်။

Weibo Postတစ်ခုထဲ ဖြစ်တာကြောင့် အဆင်ပြေသည်ဟု ယန်းချင်းချီတွေးလိုက်မိသည်။ သူ တခြားလူတွေတင်ထားတာမတွေ့တော့ စိတ်အေးသွားခဲ့သည်။ သို့သော် သူထင်သလောက် မရိုးရှင်းနေခဲ့ပေ။

ဟောဖေးတစ်ယောက် Super Topicထဲ ရုတ်တရက်ကြီး ရေပန်းစားလာသည့် ချန်ချီCP*ကို တွေ့လိုက်ရသည်။ သူ ဘယ်သူနဲ့ဘယ်သူ့ကို Shipထားတာလဲဟု သိချင်စိတ်ဖြစ်လာတာကြောင့် ထိုShippingနဲ့ပတ်သက်သည့် Postများကို နှိပ်ကြည့်လိုက်သည်။ သို့သော် Super Topicထဲ ဝင်လိုက်ချင်း ချန်ချီCPမှာ ဘယ်သူမှန်းသိသွားတာကြောင့် လန့်လွန်းလို့ ဖုန်းတောင်ပစ်ချမိတော့မလို ဖြစ်သွားသည်။

(T/N: 城池(ချန်ချီ) မြို့ မော့ချန်နဲ့ ချင်းချီရဲ့ Shipping name ပါ)

မြို့တစ်မြို့ : [ အဲ့ဒါကြီးကသောက်ရမ်းဆွိလွန်းတယ်ဟေ့!!!! ဒီနေ့အချိုတွေ အရမ်းဆွိတယ်!!! ဝူးဝူးဝူး အချိုတွေဝေတဲ့ ကိုယ်တွေရဲ့စီအီးအိုကျန်းကိုလည်း ကျေးဇူးတင်ပါတယ် ကိုယ်တွေရဲ့ပျံလွှားငှက်လေးကိုလည်း ကျေးဇူးတင်ပါတယ် OPကိုလည်း ကျေးဇူးအထူးတင်ပါတယ် ]

ဟောဖေး တစ်ယောက် တုန်တုန်လှုပ်လှုပ်ဖြင့် Commentတွေကို ဝင်ကြည့်လိုက်သည်။ နောက်မှသူသိလိုက်ရတာက မူရင်း Postပိုင်ရှင်ကမှ တော်သေးသည်ဟုပင်။ Commentအများစု၏ သောင်းသောင်းဖြဖြတုံ့ပြန်မှုကြီးက သူ့ကိုမျက်စိပွင့် နားပွင့်ဖြစ်သွားစေသည်။

နွေဦးထွက်သွားပြီ၊ နွေဦးပြန်လာပြီ : [ စီအီးအိုကျန်းရဲ့ မျက်လုံးတွေကိုကြည့်လိုက်စမ်းပါ! ကျယ်မေ့တို့ ငါတောင်းဆိုပါတယ် စီအီးအိုကျန်းရဲ့ မျက်လုံးတွေကို ကြည့်လိုက်ကြစမ်းပါ!! မျက်လုံးတွေက အရမ်းကို နူးညံ့ညင်သာပြီး တုန်နေအောင်ချစ်သလိုကြီးကြည့်နေတာဟေ့!!!! စီအီးအိုကျန်း ဘယ်သူ့ကိုအဲ့လိုကြည့်ဖူးလဲ!? သောက်ရမ်းဆွိတယ်ဟ!!!!!! ]

ပျံလွှားလေးလာပြီဆိုမှတော့၊ အဖွဲ့အသစ်ထွက်လာပြီပေါ့ : [ ချီးပဲ!!!! ငါ့သင်္ဘောကြီးက သောက်ကျိုးနည်း ရွက်လွှင့်နေတာဟ! နူးညံ့ညင်သာပြီး တုန်နေအောင်ချစ်မဲ့ Gongရယ် လိမ္မာပါးနပ်ပြီး ချစ်ဖို့ကောင်းတဲ့ Shouရယ် ဒီနေ့ ရှောင်ယန်းက တော်တော်လေး ချစ်ဖို့ကောင်းနေတယ် နည်းနည်းလေးလည်း ကြောင်တောင်တောင်နိုင်တယ် ချစ်စရာလေး!!! (ချစ်စရာလေး) ]

[ ဒီနေ့ အချိုတွေရဲ့မိန်းပွိုင့်က သူတို့နှစ်ယောက်ထဲဆိုတာကို ဘယ်သူမှသတိမထားမိကြဘူးလား!? သူ! တို့! နှစ်! ယောက်! ထဲ! ဒီနေ့ စီအီးအိုကျန်းနဲ့ ရှောင်ယန်းတို့ နှစ်ယောက်ထဲဒိတ်ကြတာလား!? အဲ့လိုလေး တွေးလိုက်ရုံနဲ့တင် ငါတော်တော်ကြီး စိတ်လှုပ်ရှားသွားတယ် ]

[ အပေါ်ထပ်ကလူရေ သွေးထွက်အောင်မှန်ပါတယ် ဝူးဝူးဝူး ]

[ အပေါ်ထပ်ရဲ့အပေါ်ထပ်ရေ! သွေးထွက်အောင်မှန်ပါတယ် သူတို့နှစ်ယောက်ထဲဒိတ်နေကြတယ်လို့ တွေးမိရုံနဲ့တင်ကို အလိုလိုဆွိလာတာ ]

[ အူဝူးဝူးအူ ငါ့သင်္ဘောလေး ရွက်လွှင့်နေပြီ ]

[ ငါ့ Shipping က ရီးရဲလ်ရဲလ် မရဲလ်ရဲလ် နောင်ခါလာ နောင်ခါစျေးပဲဟေ့!! ဒီနေ့သကြားလုံးဝေပြီဆိုမှတော့ မစားလို့ကိုမရဘူး ချွဲကျပ်လည်းစားရမှာပဲ ငါတို့ချန်ချီအတွဲက လူသိပ်သိတာမဟုတ်ဘူး ဒီလောက်ချိုရင်ကိုကျေနပ်နေပါပြီ ]

[ မပူပါနဲ့ ဒါကအစပဲရှိပါတယ် တနေ့မှာ ငါတို့ Fandomကြီး နာမည်ကြီးလာလိမ့်မယ်လို့ ငါအကြားအမြင်တွေရနေတယ် ချန်ချီကျယ်မေ့တို့ လုံးဝလက်လျှော့လို့မရဘူးနော် ငါတို့ဆက်Shipကြမယ် ကျားယို ကျားယို ချန်ချီ! ]

[ ပြောမှပဲ ငါတို့ ချန်ချီလို့ ဆက်ခေါ်ကြမှာလား မော့ယန့်*မဟုတ်ဘူးလား ]

(T/N: ယန့်က ပျံလွှားငှက်က ယန့်ပါ)

[ မလုပ်နဲ့ ငါတို့မော့ယန့်လို့ယူလို့မရဘူး မော့ယန့်ကဟိုဘက် Fandom နဲ့ နာမည် သွားဆင်နေတယ် မော့ယန့်လို့ရိုက်ရှာပြီး ငါတို့ကိုတွေ့သွားရင် Fandom name ခိုးပါတယ်ဆိုပြီး အရှက်မရှိလာဝုန်းနေဦးမယ် သူတို့ကအရှက်ရှိတာမဟုတ်ဘူး သူတို့ကိုယ်သူတို့ 'တရားဝင်ဇနီး'လို့ အမွှန်းတင်နေတာ ရွံဖို့ကောင်းတယ် ]

[ ဟားဟားဟား အပေါ်ထပ်ကလူသာ သတိမပေးရင် ငါ 'တရားဝင်ဇနီး'တို့Fandomကိုတောင် မေ့နေတာ ဒီကိုပြန်ရောက်တာနဲ့ Hot Searchတွေဝယ် ရေတပ်တွေသုံးပြီး သောင်းသောင်းဖြဖြ ပရိုမိုးရှင်းတွေ ဆင်းလိုက်တာ စီအီးအိုကျန်းကိုတောင် Mentionတွေခေါ်ပြီး Postတင်လိုက်သေးတယ် နောက်တော့ရော? စီအီးအိုကျန်းက သူ့ကိုအဖက်တောင်မလုပ်ဘူး ဟားဟားဟား ဒါတောင် ဟိုဘက်Fandomက 'တရားဝင်ဇနီး'တဲ့ ရယ်လိုက်ရတာ ]

[ ပြောမှပဲ အဲ့ကိစ္စကတမျိုးကြီးနော် ၄နာရီလောက်အထိ ဟိုက Post တင် ဒီက Post တင်နဲ့ Hot Search မှာ ပလူပျံနေတာ ၄နာရီ နောက်ပိုင်းလည်းကျရော ဘာဆိုဘာမှရှာမတွေ့တော့ဘူး ယွမ်မင်ရွှိ mention ခေါ်ထားတဲ့ Postပဲ ကြောင်တောင်တောင်ကြီးကျန်ခဲ့တယ် စီအီးအိုကျန်းဘက်ကလည်း အဖက်မလုပ်ခဲ့ဘူး ငါအနံ့တွေရနေပြီနော် ]

[ အယ် အပေါ်က ကျဲကျဲပြောမှပဲ ငါတောင် အနံ့တွေရလာသလိုပဲ ထူးဆန်းတယ်နော် ]

[ ရှူးးးး ကိုယ်နဲ့မဆိုင်တာတွေမပြောနဲ့တော့ ရပ်သင့်တဲ့နေရာမှာရပ်လိုက် ကိုယ့် Fandomကိုယ်ပဲ အာရုံစိုက် ဟိုဘက်ကspyတွေပါလာရင် ပိုရွံစရာကောင်းလာလိမ့်မယ် တကယ်လို့ ကျယ်မေ့တို့ Chatချင်ရင် ချန်ချီ Group Chatကို ဝင် Join လိုက်နော် ဒါက Weibo Group Chat (link) ဒါက QQ Group Chat (link) ]

[ အဲ့တော့ ကျယ်မေ့တို့ရေ ငါတို့တကယ်ကြီး ချန်ချီလို့ခေါ်ကြတော့မှာလား မော့ယန့်လို့ခေါ်လို့မရလည်း ယန့်ဝေါ*ဆိုရင်ရော? ငါပြောချင်တာက အသိုက်=အိမ်=ချန် တူတယ်လေ ကျယ်မေ့တို့ အဲ့ဒါလေးစဥ်းစားပေးပါဦး ]

(T/N: 燕窝(ယန့်ဝေါ) စားလို့ရတဲ့ငှက်သိုက်ပါနော် )

[ အပေါ်ထပ်ရေ ယန့်ဝေါမှာ Gongက နောက်ကိုရောက်နေတယ်လေ စီအီးအိုကျန်းက ထာဝရ Gongနော် Shouဖြစ်လို့မရဘူး ချန်ချီကမှ ခွာလို့မရတဲ့အပြင် အပေါ်အောက်လည်းမမှားတော့ဘူး ]

[ +1 စီအီးအိုကျန်းကို စီအီးအိုကျန်းလို့ ဘာလို့ခေါ်လဲသိလား ဘာလို့လဲဆိုတော့ သူက ပိုင်စိုးပိုင်နင်းလုပ်တတ်တဲ့ ဥက္ကဌ vibeမိနေလို့ပေါ့ ဒီအနုပညာရှင်လောကထဲ ဘယ်သူနဲ့ ship ship သူက ထာဝရ Gongပဲ ]

[ စီအီးအိုကျန်းလို့ စခေါ်ကြတာက သူက ပိုင်စိုးပိုင်နင်းလုပ်တတ်တဲ့ စီအီးအို Vibeမိနေလို့ မဟုတ်ဘူးမလား ] 

[ ....ဘယ်တစ်ခုကအမှန်လဲ ]

[ ငါရှင်းပြမယ် ပြောရမယ်ဆိုရင်တော့ နှစ်ခုစလုံးပဲ ပိုင်စိုးပိုင်နင်းလုပ်တတ်တဲ့ စီအီးအို Vibeမိနေတာကြောင့်လည်းပါတယ် နောက်တစ်ခုကတော့ စီအီးအိုကျန်းကို Fashion Showပွဲတစ်ခုက ပွဲတက်ဖို့ ဖိတ်တဲ့အချိန် သူက အဲ့ပွဲကို လက်ချုပ် Armani Suitနဲ့တက်တယ်လေ အဲ့မှာ သူက ပိုင်စိုးပိုင်နင်းလုပ်တတ်တဲ့ စီအီးအိုတစ်ယောက်လို မိမိုက်နေခဲ့တာ Videoတွေရှိသေးတယ် ရှာကြည့်လိုက် အဲ့အချိန်ကစပြီး စီအီးအိုကျန်းက ထာဝရ Gongဖြစ်သွားတာပဲ အဲ့ပွဲကြောင့် တချို့လူတွေက စီအီးအိုကျန်းလို့စခေါ်ကြတာ ]

[ အပေါ်ထပ်က သေချာရှင်းပြပေးတဲ့ ကျဲကျဲကိုကျေးဇူးတင်ပါတယ် အားလုံးပဲ Group Chat ကို Joinဖို့ မမေ့နဲ့နော် ]

ဟောဖေးတစ်ယောက် Weibo Group Chat နှင့် QQ Group Chat ကိုကြည့်ပြီး ကြောင်အနေခဲ့သည်။ သူ ကမ္ဘာသစ်တစ်ခုကို အမှတ်မထင် ဖွင့်လိုက်မိပြီ ဟု ခံစားနေရသည်။

_____________________________

Armani Suit

Zawgyi

ခ်န္ခ်ီကာပယ္လ္ျမစ္ဖ်ားခံရာ
__________________________________

ယန္းခ်င္းခ်ီ ခ်ီခ်ီ႕အား ညင္ညင္သာသာေလး လႈပ္ႏိႈးေနတာကိုၾကည့္ရင္း က်န္းေမာ့ခ်န္တစ္ေယာက္ အေစာပိုင္းက အေမွာင္ထဲမွာ တဖက္လူလက္ကို သူ ဘယ္လိုကိုင္ထားမိေၾကာင္း ျပန္သတိရသြားသည့္အခါ နားဖ်ားေလးမ်ား အနည္းငယ္နီေစြးလာသည္။ လက္ထပ္ၿပီးကတည္းက နမ္းတာ၊ကားေမာင္းတာ စသည့္ စုံတြဲေတြလုပ္သင့္သည့္ အရာမ်ားအားလုံး ႏွစ္ေယာက္သား လုပ္ဖူးခဲ့ေသာ္ျငား တစ္ခါမွ လက္မကိုင္ဖူးခဲ့ပါ။ အ႐ြယ္ေရာက္လာသည့္လူႀကီးမ်ား၏ ခံစားခ်က္မ်ားမွာ ေက်ာင္းသားဘဝတုန္းကလို  မျဖဴစင္ေတာ့ပဲ ခံစားခ်က္မ်ားအျပင္ တျခားအရာမ်ားပါ ေရာပါလာၿပီျဖစ္သည္။ အခုလိုမ်ိဳးေပါ့။ လက္ထပ္မွတ္ပုံတင္ရလိုက္တဲ့ေန႔ကတည္းက တစ္ေယာက္နဲ႔တစ္ေယာက္ မရင္းႏွီးၾကေသးေသာ္ျငား လိုင္စင္ျဖင့္ ကားေမာင္းလိုက္ၾကသည္။ __ __ ထိုအခ်ိန္တုန္းက ခံစားခ်က္ေတြအေၾကာင္းလည္း မေျပာခ်င္သလို သူ ယန္းခ်င္းခ်ီအေပၚ ခံစားခ်က္ေတြ တကယ္ႀကီး ႐ွိလာလိမ့္မယ္လို႔လည္း မေတြးခဲ့ဖူးေပ။ သူေတြးခဲ့မိသည္က ႏွစ္ေယာက္စလုံး တစ္အိုးတစ္အိမ္ ထူေထာင္လိုက္ၿပီဆိုမွေတာ့ ဘဝတစ္သက္တာလုံး အတူ႐ွိေနရေတာ့မည္ဟုသာ။ ထို႔ေၾကာင့္ သဘာဝက်စြာပင္ သူတို႔ႏွစ္ေယာက္စလုံး သာမန္လက္ထပ္ၿပီးသား စုံတြဲေတြလို လုပ္သင့္တာေတြေရာ မလုပ္သင့္တာေတြေရာ အကုန္လုပ္ဖူးခဲ့သည္။ သို႔ေသာ္ မခ်စ္ပဲလက္ထပ္လိုက္ၾကသည့္ စုံတြဲအမ်ားစုမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ပိုရင္းႏွီးလာမွ ခံစားခ်က္႐ွိလာမွသာ ကားေမာင္းၾကမည္ဟု ေတာင့္ခံတတ္ၾကသည္။

တကယ္လို႔ သူ ယန္းခ်င္းခ်ီအေပၚ အိမ္ေထာင္သက္တစ္ေလွ်ာက္လုံး ခံစားခ်က္မ႐ွိလာခဲ့ရင္ ႏွစ္ေယာက္စလုံး လိင္မႈဆက္ဆံေရးကင္းတဲ့ မုဆိုးဖိုႀကီးေတြလို ေနသြားၾကမွာလား??

ထိုသို႔လုပ္စရာအေၾကာင္းမ႐ွိေပ။ လက္ထပ္လိုက္ၿပီဆိုမွေတာ့ သာမန္လက္ထပ္ၿပီးသားစုံတြဲေတြလို ျပဳမူဆက္ဆံရမည္။ ႏွစ္ေယာက္စလုံး လက္မထပ္ခင္ ခ်စ္ျခင္း၊ႀကိဳက္ျခင္းအဆင့္ကိုေက်ာ္ခဲ့ေသာ္ျငား လက္ထပ္ၿပီးသည့္အခါ သာမန္စုံတြဲေတြလို လုပ္သင့္လုပ္ထိုက္သည့္အရာမ်ားကိုေတာ့ လုပ္ကိုလုပ္ရမည္ျဖစ္သည္။ ထို႔ေၾကာင့္ က်န္းေမာ့ခ်န္တစ္ေယာက္ လက္ထပ္မွတ္ပုံတင္ရတဲ့ေနမွာပဲ မဂၤလာဦးညကို ၿပီးေျမာက္ေစလိုက္သည္။ ထိုကဲ့သို႔ ႐ိုး႐ွင္းၿပီး တိုက္႐ိုက္က်သည့္နည္းကိုသုံးကာ အိမ္ေထာင္ဖက္ဆက္ဆံေရးကို ခ်ည္ေႏွာင္ပစ္လိုက္သည္။ ထိုညက ယန္းခ်င္းခ်ီကို ရင္ခြင္ထဲထည့္ၿပီး သူ႕ကိုယ္သူျပန္သတိေပးခဲ့ဖူးသည္။ 'သူနဲ႔ ပထမဆုံး လိင္ဆက္ဆံဖူးသည့္လူမွာ ယန္းခ်င္းခ်ီျဖစ္သလို ဘဝတစ္ေလွ်ာက္လုံးလည္း ယန္းခ်င္းခ်ီတစ္ေယာက္ထဲသာ ျဖစ္ရမည္။ ဘာလို႔လဲဆိုေတာ့ ခံစားခ်က္ေတြမ႐ွိလွ်င္ေတာင္ သူက တဖက္လူ၏တရားဝင္အိမ္ေထာင္ဖက္ ျဖစ္ေနတာေၾကာင့္ သူ႕တစ္ေယာက္ထဲမွာသာ လုပ္ပိုင္ခြင့္႐ွိသည္။'

အခုေတာ့ က်န္းေမာ့ခ်န္တစ္ေယာက္ အေစာပိုင္းက ယန္းခ်င္းခ်ီလက္ကိုခိုးကိုင္ၿပီး ခံစားေနခဲ့ရသည့္အထိအေတြ႕ေလးကို ေမ့မရျဖစ္ေနသည္။ တဖက္လူ၏လက္ဖဝါးေလးမွာ ႏူးႏူးညံ့ညံ့ေပ်ာ့ေပ်ာ့အိအိျဖင့္ ကိုင္လို႔ေကာင္းေနခဲ့ကာ ကိုင္ထားစဥ္တစ္ေလွ်ာက္လုံးလည္း စိတ္ႏွလုံးေအးခ်မ္းေနၿပီး အနည္းငယ္ေပ်ာ္႐ႊင္မိသည္။ ထိုေပ်ာ္႐ႊင္မႈမွာ အရမ္းႀကီးမႀကီးမားေသာ္ျငား လ်စ္လ်ဴ႐ႈထားလို႔လည္းမရေပ။ အျပာေရာင္ေကာင္းကင္ႀကီးေအာက္ ေႏြရာသီေလညင္းေလးေၾကာင့္ ဘယ္ညာယိမ္းထိုးေနသည့္ ဒုဓလီပန္းမႊားေလးလိုပင္။ ေႏြးေထြးသည္။ ၿငိမ္းခ်မ္းသည္။ ၾကည္ႏူးမိေစသည္။ သူ႕ႏွလုံးအိမ္ထဲ ထိုကဲ့သို႔ေသာ ေပ်ာ္႐ႊင္မႈမ်ား စီးဝင္လွည့္ပတ္ေနခဲ့သည္။ ပမာဏမွာ ေသးငယ္ေသာ္ျငား အတိုင္းထက္အလြန္ေပ်ာ္႐ႊင္ေနခဲ့ကာ ထိုအခိုက္အတန္႔ေလးကို အျမတ္တႏိုး တန္ဖိုးထားခ်င္ခဲ့သည္။

ထိုကဲ့သို႔ ေႏြးေထြးသည့္ခံစားခ်က္မ်ိဳးကို က်န္းေမာ့ခ်န္တစ္ခါမွ မေတြ႕ၾကဳံမခံစားဖူးပါ။ သူ ဂ႐ုတစိုက္ေလးထုပ္ပိုးကာ ႏွလုံးသားထဲထည့္သိမ္းထားခ်င္သည္။ သူ ယန္းခ်င္းခ်ီကို ၾကည့္လိုက္တဲ့အခ်ိန္ အေၾကာင္းေၾကာင့္ တဖက္လူမွာ ေပါက္ေပါက္ေလးလို ခ်ိဳျမေနသည္ဟု ခံစားေနရသည္။

ခ်ီခ်ီက ယန္းခ်င္းခ်ီေၾကာင့္ အိပ္မႈန္စုံမႊားျဖင့္ မ်က္လုံးေလးပြတ္ကာ ႏိုးလာသည္။ ထိုအခ်ိန္ေရာက္မွ သူကာတြန္းကားမၾကည့္လိုက္ရပဲ အိပ္ေပ်ာ္သြားေၾကာင္းကို သတိထားမိလိုက္သည္။ သူ စာတန္းေတြထိုးေနသည့္ ပိတ္သားမ်က္ႏွာျပင္ႀကီးကိုၾကည့္ၿပီး  ေတာ္ေတာ္ေလး စိတ္ထိခိုက္ ဝမ္းနည္းမိသြားသည္။

ခ်ီခ်ီေလး မ်က္ရည္ေတြဝဲတက္လာတာေတြ႕ေတာ့ က်န္းေမာ့ခ်န္ ခ်က္ခ်င္းေခ်ာ့လိုက္ရသည္။

''ဒယ္ဒီတို႔ ေနာက္တစ္ေခါက္ျပန္ၾကည့္ၾကရင္ေရာ? ဒယ္ဒီတို႔လည္း ဘာျဖစ္သြားမွန္းမသိလိုက္ဘူး ခ်ီခ်ီနဲ႔အတူတူထပ္ၾကည့္ေပးမယ္ေလ ''

ထိုသို႔လုပ္လို႔ရေသးမွန္း ခ်ီခ်ီတစ္ေယာက္ မေတြးလိုက္မိတာေၾကာင့္ သူ က်န္းေမာ့ခ်န္ကို အံ့ၾသတႀကီးေမာ့ၾကည့္လာကာ

''သားတို႔ အဲ့လို လုပ္လို႔ရမလား? ''

''ရတာေပါ့ ခ်ီခ်ီႀကိဳက္သေလာက္ၾကည့္လို႔ရတယ္ ''

ဘယ္လိုပဲျဖစ္ျဖစ္ သူ ဒီအထပ္ကို တစ္ေန႔လုံးစာ ငွားထားတာပဲဟာ။

ယန္းခ်င္းခ်ီ သူ႕ကို မယုံသလိုလွည့္ၾကည့္လာသည္။

''ခင္ဗ်ား အခ်ိန္နဲ႔ပါငွားခဲ့တာလား ''

''ည၁၁နာရီအထိ ဒီ႐ုံထဲဘယ္သူမွဝင္လာမွာမဟုတ္ဘူး ''

ယန္းခ်င္းခ်ီ သူ႕ကို လက္မေထာင္ျပလာကာ

''အရမ္းမိုက္ အရမ္းမိုက္ ''

ခ်ီခ်ီေလးကေတာ့ သူထပ္ၾကည့္လို႔ရေသးမွန္း ေသခ်ာသြားတာေၾကာင့္ ဝမ္းမနည္းေတာ့ေပ။ ထို႔အစား မ်က္ႏွာေပၚအျပဳံးေလးျပန္ေရာက္လာကာ တစ္စုံတစ္ခုကို သတိထားမိသြားသည္။

''အယ္ ေပါက္ေပါက္လည္းမ႐ွိေတာ့ဘူး? ''

ထိုအေမးေၾကာင့္ က်န္းေမာ့ခ်န္ႏွင့္ ယန္းခ်င္းခ်ီမွာ တစ္ေယာက္ကိုတစ္ေယာက္ တိတ္တိတ္ေလးၾကည့္လိုက္မိၾကသည္။ မၾကဳံစဖူး ႏွစ္ေယာက္သား မလုံမလဲျဖစ္သြားကာ အၾကည့္လႊဲမိလိုက္ၾကေလသည္။

''ကြၽန္ေတာ္ သြားဝယ္လိုက္မယ္ '' ယန္းခ်င္းခ်ီ ေျပာလာသည္။

''မသြားနဲ႔ '' က်န္းေမာ့ခ်န္ ေခၚလိုက္သည္။ ''ေ႐ွာင္ဝမ္ ''

ဝမ္႐ွန္႔ဟိုင္ အိမ္မက္ကေန လန္႔ႏိုးလာခဲ့သည္။

က်န္းေမာ့ခ်န္ သူ႕ကိုၾကည့္လာကာ

''မင္းေကာင္းေကာင္းႀကီး အိပ္ေပ်ာ္ေနတာပဲ ''

ဝမ္႐ွန္႔ဟိုင္ : ......ေကာတို႔မိသားစုသုံးေယာက္ကို မေႏွာက္ယွက္ခ်င္လို႔ေလ

''ေပါက္ေပါက္သြားဝယ္လိုက္ပါဦး ''

ေ႐ွာင္ဝမ္ ခ်က္ခ်င္းထကာ ထြက္သြားသည္။

ယန္းခ်င္းခ်ီ ဆိုဖာကိုျပန္မွီလိုက္ကာ ကေလးအႀကိဳက္ကာတြန္းကားကို ေနာက္တေခါက္ျပန္ၾကည့္ရဦးမည္ဟု စဥ္းစားမိေတာ့ ေသခ်င္ေစာ္နံသြားသည္။ ဒါေပမဲ့ သူဘာလုပ္ႏိုင္မွာလဲ။ သူတို႔ ေ႐ွာင္ေပါင္ေပ့က ၾကည့္ခ်င္တယ္ဆိုမွေတာ့ သူတို႔ကပါလိုက္ၾကည့္ေပးရမွာေပါ့။

တေရးတေမာအိပ္ၿပီးသြားေတာ့ ခ်ီခ်ီတစ္ေယာက္ ျပန္တက္ႂကြလာသည္။ သူက ႐ုပ္႐ွင္ၾကည့္ေနရင္း သူ႕အေတြးေလးေတြကိုလည္း ေဘးကလူႀကီးႏွစ္ေယာက္ႏွင့္ မွ်ေဝတတ္ေသးသည္။ ကေလးက စကားေျပာလိုက္ ႐ုပ္႐ွင္ၾကည့္လိုက္ျဖင့္ အလုပ္႐ႈပ္ေနတာေတြ႕ေတာ့ ယန္းခ်င္းခ်ီကပဲ ေပါက္ေပါက္ခြံ႕ရေတာ့သည္။

ခ်ီခ်ီက သူ႕လက္ေလးကို ျပန္တြန္းလာကာ

''ပါးပါးလည္းစား ''

ယန္းခ်င္းခ်ီ ''Okay''ဟုေျပာၿပီး တစ္ခုစားလိုက္သည္။ သူစားေနရင္း တစ္စုံတစ္ခုကိုေတြးမိသြားတာေၾကာင့္ ေပါက္ေပါက္အနည္းငယ္ႏိႈက္လိုက္ကာ က်န္းေမာ့ခ်န္ကိုၾကည့္ၿပီး

''ခင္ဗ်ားေရာ ေပါက္ေပါက္စားဦးမလား ''

က်န္းေမာ့ခ်န္ ထိုအ​ေမးၾကားေတာ့ ေခါင္းငုံ႔ကာ ေပါက္ေပါက္ဘူးထဲကေန နည္းနည္းေလာက္ႏိႈက္ဖို႔ လက္ျပင္လိုက္သည္။ သို႔ေသာ္ ယန္းခ်င္းခ်ီက သူ႕မ်က္ႏွာေ႐ွ႕ ေပါက္ေပါက္ကိုင္ထားသည့္လက္ကို ဆန္႔ထုတ္လာသည္။

က်န္းေမာ့ခ်န္ မ်က္ခုံးပင့္မိသြားေတာ့ ယန္းခ်င္းခ်ီက အျပဳံးေလးျဖင့္

''ခင္ဗ်ားကိုလည္း ခြံ႕ေကြၽးမယ္ ''

က်န္းေမာ့ခ်န္ တဖက္လူကို ေငးစိုက္ၾကည့္ေနသည္။ ထိုအခိုက္အတန္႔ေလးမွာ သူတို႔ စကားမေျပာခဲ့။

ခ်ီခ်ီက ႏွစ္ေယာက္စလုံး တစ္ေယာက္မွမလႈပ္ၾကတာေတြ႕ေတာ့ မအူမလည္႐ုပ္ေလးျဖင့္ က်န္းေမာ့ခ်န္လက္ကိုတြန္းလိုက္ကာ

''ဒယ္ဒီလည္းစားေလ ''

''ျမန္ျမန္စား ခ်ီခ်ီေတာင္ေျပာေနၿပီ ''

ထိုအခါမွ က်န္းေမာ့ခ်န္ ေခါင္းေလးေစာင္းကာ ယန္းခ်င္းခ်ီလက္ထဲကေပါက္ေပါက္ကို စားဖို႔ပါးစပ္ဟလိုက္သည္။ ေပါက္ေပါက္အခ်ိဳ႕ကိုက္လိုက္စဥ္ ယန္းခ်င္းခ်ီလက္ေခ်ာင္းေလးမ်ားမွာ သူ႕ႏႈတ္ခမ္းျဖင့္ပြတ္တိုက္သြားေလသည္။

ယန္းခ်င္းခ်ီ လက္ျပန္႐ုတ္လိုက္ကာ

''ခ်ိဳလား ''

က်န္းေမာ့ခ်န္ ပါးစပ္ထဲက ေပါက္ေပါက္အခ်ိဳ႕ကို ဝါးေနရင္း ႏႈတ္ခမ္းမ်ားအေပၚသို႔ အနည္းငယ္ေကာ့တက္သြားကာ ''အင္း''

ယန္းခ်င္းခ်ီကလည္း အျပဳံးေလးျဖင့္ ေထာက္ခံလာသည္။

''ကြၽန္ေတာ္လည္း ခ်ိဳမယ္လို႔ ထင္လိုက္ပါတယ္ ''

မိသားစုသုံးေယာက္ႏွင့္ဝမ္႐ွန္႔ဟိုင္ ႐ုပ္႐ွင္ၾကည့္ၿပီးသြားသည့္အခါ ညေန၆နာရီ႐ွိေနၿပီျဖစ္သည္။ သူတို႔ညစာကို အျပင္မွာပဲစားလိုက္ၾကသည္။

က်န္းေမာ့ခ်န္ ဖုန္းကိုထုတ္ကာ Weiboတစ္ခ်က္တက္ၾကည့္လိုက္သည္။ မွန္းထားသည့္အတိုင္းပင္ တစ္စုံတစ္ေယာက္က သူတို႔လက္မွတ္ျဖတ္ေနတုန္း ဓာတ္ပုံ႐ိုက္ယူသြားကာ ႏွစ္ေယာက္ပုံကို Weiboေပၚတင္လိုက္ေလသည္။ အေကာင္းဆုံးရလာဒ္ပင္။ မဟုတ္လွ်င္ ဝမ္႐ွန္႔ဟိုင္ကို ျဖတ္သြားျဖတ္လာ ႐ုပ္႐ွင္လာၾကည့္သူဟန္ေဆာင္ခိုင္းကာ သူတို႔ကိုမေတာ္တဆေတြ႕မိသည့္သေဘာျဖင့္ အရန္ Account မွာပုံတင္ခိုင္းရလိမ့္မည္။ အခုေတာ့ တကယ့္ျဖတ္သြားျဖတ္လာအစစ္နဲ႔ ေတြ႕လိုက္တာေၾကာင့္ဝမ္႐ွန္႔ဟိုင္ကို ေလွ်ာက္ခိုင္းစရာမလိုေတာ့ေပ။

ယန္းခ်င္းခ်ီ က်န္းေမာ့ခ်န္ဖုန္းကိုလွမ္းၾကည့္လိုက္ေတာ့ Weiboေပၚအတင္ခံလိုက္ရသည့္ သူတို႔ႏွစ္ေယာက္ဓာတ္ပုံကို ေတြ႕ရေလသည္။ ဓာတ္ပုံမွာ တစ္စုံတစ္ေယာက္က ခိုးေၾကာင္ခိုးဝွက္႐ိုက္ယူခဲ့ေသာ္ျငား မႈန္ဝါးဝါးျဖစ္မေနပဲ တခ်က္ၾကည့္လိုက္႐ုံနဲ႔ စတားႏွစ္ေယာက္ကဘယ္သူလဲ တန္းေျပာႏိုင္သည္။

ပုံထဲတြင္ က်န္းေမာ့ခ်န္မွာ ဦးထုပ္ေဆာင္းၿပီး Maskတပ္ထားကာ ဆြဲေဆာင္မႈ႐ွိသည့္ မ်က္ဝန္းတစ္စုံကိုသာ ေသခ်ာ​ေဖာ္ျပထားသည္။ သို႔ေသာ္ ထိုမ်က္ဝန္းတစ္စုံကေန ႐ႊင္ျမဴးရိပ္အျပည့္ျဖင့္ ယန္းခ်င္းခ်ီအား ေႏြးေထြးစြာၾကည့္ေနသည္ကို ျမင္ရမည္ျဖစ္သည္။ သူကိုယ္တိုင္ကေတာ့ ပုံထဲတြင္ နည္းနည္းေလး ႐ူးေၾကာင္ေၾကာင္ႏိုင္ေနသည္။ သူက က်န္းေမာ့ခ်န္ကို အံ့ၾသမႈမ်ားေရာယွက္ေနေသာ ဗလာအမူအရာေလးျဖင့္ တုံးတုံးအအျပန္ၾကည့္ေနသည္။

ယန္းခ်င္းခ်ီ ကိုယ့္ဖုန္းကိုယ္ထုတ္ကာ Weiboေပၚမွာ က်န္းေမာ့ခ်န္ဟု ႐ိုက္႐ွာၾကည့္လိုက္သည္။ သိပ္မၾကာခင္ က်န္းေမာ့ခ်န္ႏွင့္သက္ဆိုင္သည့္ Postအားလုံးတက္လာေလသည္။

ဒီေန႔လက ႀကီးၿပီးဝိုင္းတယ္ : ငါဒီေန႔ သူငယ္ခ်င္းနဲ႔ ႐ုပ္႐ွင္ၾကည့္ဖို႔သြားတာ ႐ုပ္႐ွင္ဧကရာဇ္က်န္းနဲ႔ေတြ႕ခဲ့တယ္။ က်ယ္ေမ့တို႔ သူ႕ေဘးနားက ေ႐ွာင္ေကာေကာကဘယ္သူလဲ။ သူတို႔ၾကည့္ရတာ ဆက္ဆံေရးေတာ္ေတာ္ ေကာင္းပုံပဲ။ ဟိုဘက္ကတစ္ေယာက္က ေတာ္ေတာ္ေလး ေခ်ာတာေရာ္။ [ပုံ]

သိပ္မၾကာခင္ ထို Postက ေ႐ွာင္ဖန္ဇီေလးမ်ား၏ commentမ်ားႏွင့္ျပည့္သြားသည္။

[ အမေလး Fanဘဝက လမ္းၾကဳံေတြေလာက္ေတာင္ ကံမေကာင္းပါလား ဒီေလာက္ ကမ႓ာက်ဥ္းက်ဥ္းေလးထဲ တစ္ေယာက္နဲ႔တစ္ေယာက္ ေတြ႕ေနၾကတာေတာင္ ငါကဘာလို႔ အခုထိ ေကာေကာနဲ႔မေတြ႕ရေသးတာလဲ ၿဗဲၿဗဲၿဗဲ ] 

[ ဘုရားေရ!!! ေကာေကာရဲ႕မ်က္လုံးေတြက ဘယ္လိုေတာင္ၾကည့္ေကာင္းေနရတာလဲ မသိရင္ ၾကယ္ေလးေတြျမႇဳပ္ႏွံထားသလိုပဲ အရမ္းကို ညင္သာေႏြးေထြးတယ္ ဝူးဝူးဝူး ငါ ေကာေကာမ်က္လုံးထဲမွာ ေသခ်င္တယ္ ]

[ အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ငါ့လို စတားေတြေနာက္လိုက္ေနတဲ့ စာမတတ္ေပမတတ္ကေတာ့ ဘယ္လိုေအာ္ရမလဲဆိုတာပဲသိတယ္ ေကာေကာေရ ဘယ္လိုေတာင္ အၾကည့္ေတြကညင္သာေနတာလဲ သူ႕ကိုမၾကည့္နဲ႔ ကြၽန္မကိုၾကည့္! ]

[ ေကာေကာက ေ႐ွာင္ယန္းနဲ႔ ႐ုပ္႐ွင္အတူတူသြားၾကည့္တာပဲ သူတို႔ႏွစ္ေယာက္ဆက္ဆံေရးက ေတာ္ေတာ္ေလးေကာင္းတဲ့ပုံပဲ (ေပ်ာ္႐ႊင္) ]

မူရင္း Postပိုင္႐ွင္က ထို Commentကို Replyျပန္ထားသည္။

[ တဆိတ္ေလာက္ ေ႐ွာင္ယန္းဆိုတာဘယ္သူလဲ သူ႕ေဘးက အရမ္းၾကည့္ေကာင္းတဲ့ ေ႐ွာင္ေကာေကာကိုေျပာတာလား ]

တစ္စုံတစ္ေယာက္က မူရင္း Postပိုင္႐ွင္ကို ခ်က္ခ်င္းျပန္ေျဖလာသည္။

[ ဟုတ္ပ ဟုတ္ပ ေ႐ွာင္ယန္းရဲ႕နာမည္အျပည့္စုံက @ယန္းခ်င္းခ်ီ တဲ့ေလ သူကအခုမွ လူသစ္ေလးပဲ႐ွိေသးတာ အခုတေလာ ႐ုပ္႐ွင္ဧကရာဇ္က်န္းနဲ႔ ဇာတ္ကားတစ္ခု႐ိုက္ေနတာ တကယ္လို႔ OP စိတ္ဝင္စားတယ္ဆိုရင္ သူ႕ Weibo Pageကို ႏွိပ္ၾကည့္လိုက္ သူ႕အေၾကာင္းပိုသိသြားလိမ့္မယ္~~ ]

ထို Reply ေအာက္တြင္ ေ႐ွာင္ဖန္ဇီေလးမ်ားက 《 လမ္းမွားျခင္း 》ဇာတ္ကားအတြက္ ပ႐ိုမို႐ွင္းလာဆင္းေပးၾကသည္။ မူရင္း Postပိုင္႐ွင္ဘက္ကလည္း ဇာတ္ကားထြက္ဖို႔ေမွ်ာ္လင့္ေနေၾကာင္း ပါးပါးနပ္နပ္ေလး Reply ျပန္လာသည္။

Weibo Postတစ္ခုထဲ ျဖစ္တာေၾကာင့္ အဆင္ေျပသည္ဟု ယန္းခ်င္းခ်ီေတြးလိုက္မိသည္။ သူ တျခားလူေတြတင္ထားတာမေတြ႕ေတာ့ စိတ္ေအးသြားခဲ့သည္။ သို႔ေသာ္ သူထင္သေလာက္ မ႐ိုး႐ွင္းေနခဲ့ေပ။

ေဟာေဖးတစ္ေယာက္ Super Topicထဲ ႐ုတ္တရက္ႀကီး ေရပန္းစားလာသည့္ ခ်န္ခ်ီCP*ကို ေတြ႕လိုက္ရသည္။ သူ ဘယ္သူနဲ႔ဘယ္သူ႕ကို Shipထားတာလဲဟု သိခ်င္စိတ္ျဖစ္လာတာေၾကာင့္ ထိုShippingနဲ႔ပတ္သက္သည့္ Postမ်ားကို ႏွိပ္ၾကည့္လိုက္သည္။ သို႔ေသာ္ Super Topicထဲ ဝင္လိုက္ခ်င္း ခ်န္ခ်ီCPမွာ ဘယ္သူမွန္းသိသြားတာေၾကာင့္ လန္႔လြန္းလို႔ ဖုန္းေတာင္ပစ္ခ်မိေတာ့မလို ျဖစ္သြားသည္။

(T/N: 城池(ခ်န္ခ်ီ) ၿမိဳ႕ ေမာ့ခ်န္နဲ႔ ခ်င္းခ်ီရဲ႕ Shipping name ပါ)

ၿမိဳ႕တစ္ၿမိဳ႕ : [ အဲ့ဒါႀကီးကေသာက္ရမ္းဆြိလြန္းတယ္ေဟ့!!!! ဒီေန႔အခ်ိဳေတြ အရမ္းဆြိတယ္!!! ဝူးဝူးဝူး အခ်ိဳေတြေဝတဲ့ ကိုယ္ေတြရဲ႕စီအီးအိုက်န္းကိုလည္း ေက်းဇူးတင္ပါတယ္ ကိုယ္ေတြရဲ႕ပ်ံလႊားငွက္ေလးကိုလည္း ေက်းဇူးတင္ပါတယ္ OPကိုလည္း ေက်းဇူးအထူးတင္ပါတယ္ ]

ေဟာေဖး တစ္ေယာက္ တုန္တုန္လႈပ္လႈပ္ျဖင့္ Commentေတြကို ဝင္ၾကည့္လိုက္သည္။ ေနာက္မွသူသိလိုက္ရတာက မူရင္း Postပိုင္႐ွင္ကမွ ေတာ္ေသးသည္ဟုပင္။ Commentအမ်ားစု၏ ေသာင္းေသာင္းျဖျဖတုံ႔ျပန္မႈႀကီးက သူ႕ကိုမ်က္စိပြင့္ နားပြင့္ျဖစ္သြားေစသည္။

ေႏြဦးထြက္သြားၿပီ၊ ေႏြဦးျပန္လာၿပီ : [ စီအီးအိုက်န္းရဲ႕ မ်က္လုံးေတြကိုၾကည့္လိုက္စမ္းပါ! က်ယ္ေမ့တို႔ ငါေတာင္းဆိုပါတယ္ စီအီးအိုက်န္းရဲ႕ မ်က္လုံးေတြကို ၾကည့္လိုက္ၾကစမ္းပါ!! မ်က္လုံးေတြက အရမ္းကို ႏူးညံ့ညင္သာၿပီး တုန္ေနေအာင္ခ်စ္သလိုႀကီးၾကည့္ေနတာေဟ့!!!! စီအီးအိုက်န္း ဘယ္သူ႕ကိုအဲ့လိုၾကည့္ဖူးလဲ!? ေသာက္ရမ္းဆြိတယ္ဟ!!!!!! ]

ပ်ံလႊားေလးလာၿပီဆိုမွေတာ့၊ အဖြဲ႕အသစ္ထြက္လာၿပီေပါ့ : [ ခ်ီးပဲ!!!! ငါ့သေဘၤာႀကီးက ေသာက္က်ိဳးနည္း ႐ြက္လႊင့္ေနတာဟ! ႏူးညံ့ညင္သာၿပီး တုန္ေနေအာင္ခ်စ္မဲ့ Gongရယ္ လိမၼာပါးနပ္ၿပီး ခ်စ္ဖို႔ေကာင္းတဲ့ Shouရယ္ ဒီေန႔ ေ႐ွာင္ယန္းက ေတာ္ေတာ္ေလး ခ်စ္ဖို႔ေကာင္းေနတယ္ နည္းနည္းေလးလည္း ေၾကာင္ေတာင္ေတာင္ႏိုင္တယ္ ခ်စ္စရာေလး!!! (ခ်စ္စရာေလး) ]

[ ဒီေန႔ အခ်ိဳေတြရဲ႕မိန္းပြိဳင့္က သူတို႔ႏွစ္ေယာက္ထဲဆိုတာကို ဘယ္သူမွသတိမထားမိၾကဘူးလား!? သူ! တို႔! ႏွစ္! ေယာက္! ထဲ! ဒီေန႔ စီအီးအိုက်န္းနဲ႔ ေ႐ွာင္ယန္းတို႔ ႏွစ္ေယာက္ထဲဒိတ္ၾကတာလား!? အဲ့လိုေလး ေတြးလိုက္႐ုံနဲ႔တင္ ငါေတာ္ေတာ္ႀကီး စိတ္လႈပ္႐ွားသြားတယ္ ]

[ အေပၚထပ္ကလူေရ ေသြးထြက္ေအာင္မွန္ပါတယ္ ဝူးဝူးဝူး ]

[ အေပၚထပ္ရဲ႕အေပၚထပ္ေရ! ေသြးထြက္ေအာင္မွန္ပါတယ္ သူတို႔ႏွစ္ေယာက္ထဲဒိတ္ေနၾကတယ္လို႔ ေတြးမိ႐ုံနဲ႔တင္ကို အလိုလိုဆြိလာတာ ]

[ အူဝူးဝူးအူ ငါ့သေဘၤာေလး ႐ြက္လႊင့္ေနၿပီ ]

[ ငါ့ Shipping က ရီးရဲလ္ရဲလ္ မရဲလ္ရဲလ္ ေနာင္ခါလာ ေနာင္ခါေစ်းပဲေဟ့!! ဒီေန႔သၾကားလုံးေဝၿပီဆိုမွေတာ့ မစားလို႔ကိုမရဘူး ခြၽဲက်ပ္လည္းစားရမွာပဲ ငါတို႔ခ်န္ခ်ီအတြဲက လူသိပ္သိတာမဟုတ္ဘူး ဒီေလာက္ခ်ိဳရင္ကိုေက်နပ္ေနပါၿပီ ]

[ မပူပါနဲ႔ ဒါကအစပဲ႐ွိပါတယ္ တေန႔မွာ ငါတို႔ Fandomႀကီး နာမည္ႀကီးလာလိမ့္မယ္လို႔ ငါအၾကားအျမင္ေတြရေနတယ္ ခ်န္ခ်ီက်ယ္ေမ့တို႔ လုံးဝလက္ေလွ်ာ့လို႔မရဘူးေနာ္ ငါတို႔ဆက္Shipၾကမယ္ က်ားယို က်ားယို ခ်န္ခ်ီ! ]

[ ေျပာမွပဲ ငါတို႔ ခ်န္ခ်ီလို႔ ဆက္ေခၚၾကမွာလား ေမာ့ယန္႔*မဟုတ္ဘူးလား ]

(T/N: ယန္႔က ပ်ံလႊားငွက္က ယန္႔ပါ)

[ မလုပ္နဲ႔ ငါတို႔ေမာ့ယန္႔လို႔ယူလို႔မရဘူး ေမာ့ယန္႔ကဟိုဘက္ Fandom နဲ႔ နာမည္ သြားဆင္ေနတယ္ ေမာ့ယန္႔လို႔႐ိုက္႐ွာၿပီး ငါတို႔ကိုေတြ႕သြားရင္ Fandom name ခိုးပါတယ္ဆိုၿပီး အ႐ွက္မ႐ွိလာဝုန္းေနဦးမယ္ သူတို႔ကအ႐ွက္႐ွိတာမဟုတ္ဘူး သူတို႔ကိုယ္သူတို႔ 'တရားဝင္ဇနီး'လို႔ အမႊန္းတင္ေနတာ ႐ြံဖို႔ေကာင္းတယ္ ]

[ ဟားဟားဟား အေပၚထပ္ကလူသာ သတိမေပးရင္ ငါ 'တရားဝင္ဇနီး'တို႔Fandomကိုေတာင္ ေမ့ေနတာ ဒီကိုျပန္ေရာက္တာနဲ႔ Hot Searchေတြဝယ္ ေရတပ္ေတြသုံးၿပီး ေသာင္းေသာင္းျဖျဖ ပ႐ိုမိုး႐ွင္းေတြ ဆင္းလိုက္တာ စီအီးအိုက်န္းကိုေတာင္ Mentionေတြေခၚၿပီး Postတင္လိုက္ေသးတယ္ ေနာက္ေတာ့ေရာ? စီအီးအိုက်န္းက သူ႕ကိုအဖက္ေတာင္မလုပ္ဘူး ဟားဟားဟား ဒါေတာင္ ဟိုဘက္Fandomက 'တရားဝင္ဇနီး'တဲ့ ရယ္လိုက္ရတာ ]

[ ေျပာမွပဲ အဲ့ကိစၥကတမ်ိဳးႀကီးေနာ္ ၄နာရီေလာက္အထိ ဟိုက Post တင္ ဒီက Post တင္နဲ႔ Hot Search မွာ ပလူပ်ံေနတာ ၄နာရီ ေနာက္ပိုင္းလည္းက်ေရာ ဘာဆိုဘာမွ႐ွာမေတြ႕ေတာ့ဘူး ယြမ္မင္႐ႊိ mention ေခၚထားတဲ့ Postပဲ ေၾကာင္ေတာင္ေတာင္ႀကီးက်န္ခဲ့တယ္ စီအီးအိုက်န္းဘက္ကလည္း အဖက္မလုပ္ခဲ့ဘူး ငါအနံ႔ေတြရေနၿပီေနာ္ ]

[ အယ္ အေပၚက က်ဲက်ဲေျပာမွပဲ ငါေတာင္ အနံ႔ေတြရလာသလိုပဲ ထူးဆန္းတယ္ေနာ္ ]

[ ႐ွဴးးးး ကိုယ္နဲ႔မဆိုင္တာေတြမေျပာနဲ႔ေတာ့ ရပ္သင့္တဲ့ေနရာမွာရပ္လိုက္ ကိုယ့္ Fandomကိုယ္ပဲ အာ႐ုံစိုက္ ဟိုဘက္ကspyေတြပါလာရင္ ပို႐ြံစရာေကာင္းလာလိမ့္မယ္ တကယ္လို႔ က်ယ္ေမ့တို႔ Chatခ်င္ရင္ ခ်န္ခ်ီ Group Chatကို ဝင္ Join လိုက္ေနာ္ ဒါက Weibo Group Chat (link) ဒါက QQ Group Chat (link) ]

[ အဲ့ေတာ့ က်ယ္ေမ့တို႔ေရ ငါတို႔တကယ္ႀကီး ခ်န္ခ်ီလို႔ေခၚၾကေတာ့မွာလား ေမာ့ယန္႔လို႔ေခၚလို႔မရလည္း ယန္႔ေဝါ*ဆိုရင္ေရာ? ငါေျပာခ်င္တာက အသိုက္=အိမ္=ခ်န္ တူတယ္ေလ က်ယ္ေမ့တို႔ အဲ့ဒါေလးစဥ္းစားေပးပါဦး ]

(T/N: 燕窝(ယန္႔ေဝါ) စားလို႔ရတဲ့ငွက္သိုက္ပါေနာ္ )

[ အေပၚထပ္ေရ ယန္႔ေဝါမွာ Gongက ေနာက္ကိုေရာက္ေနတယ္ေလ စီအီးအိုက်န္းက ထာဝရ Gongေနာ္ Shouျဖစ္လို႔မရဘူး ခ်န္ခ်ီကမွ ခြာလို႔မရတဲ့အျပင္ အေပၚေအာက္လည္းမမွားေတာ့ဘူး ]

[ +1 စီအီးအိုက်န္းကို စီအီးအိုက်န္းလို႔ ဘာလို႔ေခၚလဲသိလား ဘာလို႔လဲဆိုေတာ့ သူက ပိုင္စိုးပိုင္နင္းလုပ္တတ္တဲ့ ဥကၠဌ vibeမိေနလို႔ေပါ့ ဒီအႏုပညာ႐ွင္ေလာကထဲ ဘယ္သူနဲ႔ ship ship သူက ထာဝရ Gongပဲ ]

[ စီအီးအိုက်န္းလို႔ စေခၚၾကတာက သူက ပိုင္စိုးပိုင္နင္းလုပ္တတ္တဲ့ စီအီးအို Vibeမိေနလို႔ မဟုတ္ဘူးမလား ] 

[ ....ဘယ္တစ္ခုကအမွန္လဲ ]

[ ငါ႐ွင္းျပမယ္ ေျပာရမယ္ဆိုရင္ေတာ့ ႏွစ္ခုစလုံးပဲ ပိုင္စိုးပိုင္နင္းလုပ္တတ္တဲ့ စီအီးအို Vibeမိေနတာေၾကာင့္လည္းပါတယ္ ေနာက္တစ္ခုကေတာ့ စီအီးအိုက်န္းကို Fashion Showပြဲတစ္ခုက ပြဲတက္ဖို႔ ဖိတ္တဲ့အခ်ိန္ သူက အဲ့ပြဲကို လက္ခ်ဳပ္ Armani Suitနဲ႔တက္တယ္ေလ အဲ့မွာ သူက ပိုင္စိုးပိုင္နင္းလုပ္တတ္တဲ့ စီအီးအိုတစ္ေယာက္လို မိမိုက္ေနခဲ့တာ Videoေတြ႐ွိေသးတယ္ ႐ွာၾကည့္လိုက္ အဲ့အခ်ိန္ကစၿပီး စီအီးအိုက်န္းက ထာဝရ Gongျဖစ္သြားတာပဲ အဲ့ပြဲေၾကာင့္ တခ်ိဳ႕လူေတြက စီအီးအိုက်န္းလို႔စေခၚၾကတာ ]

[ အေပၚထပ္က ေသခ်ာ႐ွင္းျပေပးတဲ့ က်ဲက်ဲကိုေက်းဇူးတင္ပါတယ္ အားလုံးပဲ Group Chat ကို Joinဖို႔ မေမ့နဲ႔ေနာ္ ]

ေဟာေဖးတစ္ေယာက္ Weibo Group Chat ႏွင့္ QQ Group Chat ကိုၾကည့္ၿပီး ေၾကာင္အေနခဲ့သည္။ သူ ကမ႓ာသစ္တစ္ခုကို အမွတ္မထင္ ဖြင့္လိုက္မိၿပီ ဟု ခံစားေနရသည္။

_____________________________

Armani Suit

Continue Reading

You'll Also Like

74K 8.5K 87
transition novel
60.3K 4.4K 68
အဖြူရောင်လေးက စွန်းထင်းလွယ်တယ် မဟုတ်လား... အဖြူတစ်စုံထပ်လို့ စွန်းထင်းမှုကို မကာကွယ်နိုင်ရင်တောင် အတူတူစွန်းထင်းခံနိုင်မှုကို ချစ်ခြင်းမေတ္တာလို့ သတ်...
251K 13.7K 52
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
1.2M 187K 78
Original author: Yǐnlù Xīng - 引路星 Associated name:Wǒ xǐhuān nǐ de xìnxī sù 我喜欢你的信息素 I don't own this story.I just translate.Fully credit to original...