Unicode
မိသားစုသုံးယောက် ရုပ်ရှင်သွားကြည့်ရအောင်
__________________________________
ကျန်းမော့ချန် တံခါးခေါက်လိုက်တဲ့အချိန် ယန်းချင်းချီနှင့်ချီချီမှာ မုန့်စားနေဆဲဖြစ်သည်။ သူ တံခါးဖွင့်ဝင်လာတဲ့အခါ ချီချီက သူ့ကိုတွေ့တော့ အရမ်းပျော်သွားတာကြောင့် အသံချိုလေးဖြင့် ''ဒယ်ဒီ ''ဟုအော်ခေါ်လာသည်။
ကျန်းမော့ချန် သူတို့နားလျှောက်သွားလိုက်ကာ
''ချီချီ ဒယ်ဒီ့ကို လွမ်းနေလား ''
''လွမ်းတယ် '' ချီချီက အသံလွင်လွင်လေးဖြင့် ပြန်ဖြေလာသည်။
''ဒယ်ဒီလည်း ချီချီ့ကို လွမ်းနေတာ '' သူ ချီချီ့ပါးနှစ်ဖက်ကို ဆွဲဖျစ်လိုက်ကာ '' ဒယ်ဒီတို့ အပြင်ထွက်ဆော့ရအောင် ''
ချီချီ့မျက်လုံးလေးများမှာ အရောင်တောက်သွားသည်။
''တကယ်!? ''
''တကယ် ''
''ခင်ဗျား ဒီနေ့ နေ့လည်ပိုင်း ရိုက်စရာအခန်းတွေ ရှိသေးတယ် မဟုတ်ဘူးလား '' ယန်းချင်းချီ မေးလာသည်။
''ပရိုဂျူဆာကျန်းက ကိုယ့်ကျဲကိုသိတယ် သူ(မ)ရောက်နေတာမြင်တော့ ကိုယ့်ကို နေ့တစ်ဝက်အနားပေး၊ပေးဖို့ ဒါရိုက်တာဝမ်ကို သွားပြောတယ် ကိုယ်ကရပါတယ်လို့ပြောတာတောင် သူတို့ကလက်မခံကြဘူး နောက်ဆုံးတော့ ကိုယ်ပဲလက်ခံလိုက်ရတယ် '' ကျန်းမော့ချန် အကူအညီမဲ့စွာ ပြောလာသည်။
ယန်းချင်းချီ ခေါင်းငြိမ့်လာကာ
''ဒါပေမဲ့ ကျွန်တော်တွေ့သလောက်တော့ တခြားလူတွေက ကျဲကျဲကို မသိကြသလိုပဲနော် ''
''အင်း '' ကျန်းမော့ချန် ပြန်ဖြေလာသည်။ '' ကျန်းကော်ပိုရေးရှင်းကို ကျဲက နှစ်တွေအများကြီးစီမံလာတာတောင် သူ(မ)က သိုသိုသိပ်သိပ်နေရတာကိုကြိုက်တယ် အဲ့တော့ သူ(မ)နာမည်ကို လူသိရှင်ကြားတစ်ခါမှမကြေငြာရသေးဘူး ဒါကြောင့် ကျန်းရှင်းချန်ဆို ဘယ်သူမှမကြားဖူးကြတာ ကုမ္ပဏီအာဏာက ကိုယ့်အဖေလက်ထဲမှာလို့ပဲ လူတိုင်းက ထင်နေကြတာ ''
''လတ်စသတ်တော့ အဲ့လိုကို ဒါကြောင့် ခင်ဗျားတို့နှစ်ယောက် ဒီလောက် နာမည်ဆင်နေတာတောင် ဘယ်သူမှသတိမထားမိကြတာ ကျွန်တော်ထင်လိုက်တာက စီးပွားရေးမဂ္ဂဇင်းမျက်နှာဖုံးတွေမှာ ကျဲကျဲပုံတွေချည်းပဲလို့ပေါ့ ''
''သူ(မ)ကအဲ့လို ပွဲတွေတက်ပြီး လူရှေ့ထွက်ပြရတာမကြိုက်ဘူး အဲ့ဒါတွေက ကိုယ့်အဖေပဲလုပ်တာ ဪ ဒါနဲ့ ကျဲရော? ''
''နည်းနည်းပင်ပန်းတယ်လို့ပြောပြီးတော့ သူ(မ)အခန်းထဲ နားဖို့ အရင်ထွက်သွားတယ်''
ကျန်းမော့ချန် ဖုန်းကိုထုတ်ကာ ကျန်းရှင်းချန်ကို ဖုန်းခေါ်လိုက်သည်။ သိပ်မကြာခင်မှာပဲ ယန်းချင်းချီတို့ အခန်းတံခါးခေါက်သံ ကြားလိုက်ရလေသည်။ ယန်းချင်းချီ အခန်းတံခါးဘက် လက်ညှိုးထိုးပြကာ ကျန်းမော့ချန်ကို မေးလာသည်။
''ကျဲကျဲလား ''
ကျန်းမော့ချန် ခေါင်းငြိမ့်ပြရင်း ဖုန်းကိုအိတ်ကပ်ထဲပြန်ထည့်ပြီး
''သွားရအောင် နေ့လည်ရောက်နေပြီ နေ့လည်စာစားရအောင် ချီချီလည်း ဗိုက်ဆာနေမှာပေါ့ ''
ယန်းချင်းချီ စားလိုမကုန်သေးသည့် အချိုပွဲများကိုတစ်လှည့် သူတို့ပြောသမျှကို မျက်လုံးလေးပြူး၊မေးလေးထောက်ပြီး နားထောင်နေသည့် ချီချီကိုတစ်လှည့်ကြည့်ရင်း
''ချီချီ သား ထပ်စားနိုင်ပါ့ဦးမလား ''
ချီချီ ထိုအမေးကြောင့် စိတ်ညစ်သွားသည်။ သူ ယန်းချင်းချီအမေးကို ဘယ်လိုပြန်ဖြေရင်ကောင်းမလဲဟု စဥ်းစားနေသည့်ပုံနှင့် သူ့ဗိုက်ဖောင်းဖောင်းလေးကို လက်ဖြင့်ပွတ်ကြည့်နေလိုက်သည်။
ကျန်းမော့ချန်ကပါ လိုက်ပွတ်လာကာ
''ရပါတယ် ဗိုက်က အဲ့လောက် အပူကြီးမဟုတ်သေးဘူး နည်းနည်းတော့စားနိုင်ဦးမှာပါ ''
ချီချီကလည်း ကျန်းမော့ချန် ပြောတာမှန်သည်ဟု တွေးမိတာကြောင့်
''ချီချီ နည်းနည်းစားနိုင်သေးတယ် ''
ယန်းချင်းချီ ထိုတက်ကြွသည့်အဖြေလေးကို ကြားသည့်အခါ မရယ်ပဲမနေနိုင်ခဲ့။ သူ ကလေးနှာခေါင်းလေးကို ဆွဲညှစ်ပစ်လိုက်သည်။
သူတို့ရိုက်ကွင်းကနေ ထွက်လာလိုက်ကာ အပြင်မှာ နေ့လည်စာစားဖြစ်သည်။ ကျန်းမော့ချန် ကလေးဆော့ဖို့အတွက် လျှောက်ခေါ်သွားချင်သော်ငြား ဒီမြို့မှာ ဘာကနာမည်ကြီးမှန်း သူမသိပေ။ သူ ယန်းချင်းချီနှင့် တိုင်ပင်လိုက်သည့်အခါ အခုတလောနာမည်ကြီးနေသည့် ရုံတင်ကာတွန်းကားတစ်ကားကိုသာ ချီချီ့အား လိုက်ပြရန် ဆုံးဖြတ်လိုက်ကြသည်။
ကျန်းမော့ချန် ဝမ်ရှန့်ဟိုင်ကို ရိုက်ကွင်းနှင့် တော်တော်လေးလှမ်းသည့် ရုပ်ရှင်ရုံတစ်ခုမှာ တစ်ထပ်လုံးငှားစေလိုက်သည်။
ကျန်းရှင်းချန်မှာ သူမ လုပ်စရာအလုပ်တွေပေါ်လာတာကြောင့် သူတို့သုံးယောက်နှင့် အတူလိုက်သွားဖို့ အစီအစဥ်မရှိပေ။
''နင်တို့ မိသားစုသုံးယောက်ပဲ သွားပျော်ကြပါ ငါလုပ်စရာအလုပ်တွေရှိသေးတယ် ''
''ကျဲ နင်ငါ့အလုပ်ကို လာလည်တာတောင် အလုပ်တွေသယ်လာသေးတယ်ပေါ့ '' ကျန်းမော့ချန် သူ့အစ်မကြီးကျန်းမာရေးကို စိတ်ပူလာသဖြင့် ''အချိန်ရတုန်းလေး နားစမ်းပါဟာ''
ကျန်းရှင်းချန် သူမမောင်၏စိတ်ပူပေးနေသည့် လေသံကိုကြားတော့ ပြုံးမိသွားကာ
''ငါ နင့်အလုပ်ကိုလာလည်တယ်ဆိုတာ ချီချီ့အတွက်၊ မဟုတ်ရင်အိမ်မှာပဲ အလုပ်လုပ်နေမှာ သွား သုံးယောက်သားသွားပျော်ကြ ငါ့ကိုစိတ်ပူမနေနဲ့ ''
ကျန်းမော့ချန် ပြောလို့မနိုင်သဖြင့်
''အင်းပါ ''
ထုံးစံအတိုင်း သူတို့သုံးယောက်ကို ရုပ်ရှင်ရုံသို့မောင်းပို့ရမည့်သူမှာ ဝမ်ရှန့်ဟိုင်ဖြစ်လာသည်။ လျို့အိုက်မှာ ကျန်းရှင်းချန်ကိုပြန်ပို့ရန် စေခိုင်းခံရကာ နည်းနည်းလေးအကင်းပါးဖို့လည်း ကျန်းမော့ချန်ကမှာလိုက်သေးသည်။ အခု သူလိုက်ပို့ရမည့်လူမှာ ကျန်းကော်ပိုရေးရှင်း၏ အဓိကဘော့စ်မှန်း ဝမ်ရှန့်ဟိုင်ဆီက သိလိုက်ရသည့်အခါ လျို့အိုက်တစ်ယောက် တောင့်တောင့်ကြီးရပ်နေကာ ပြုံးတောင်မပြုံးရဲတော့ပေ။ သူလှုပ်လိုက်တာနဲ့ ဘော့စ်အကြီးစားကြီးမှာ သူ့အား အမြင်မကြည်တော့ပဲ ရှိစုမဲ့စုအလုပ်လေးဆက်မတည်မြဲမှာကို ကြောက်နေမိသည်။
အရမ်းကြီးချုပ်တည်းထားသည့် လျို့အိုက်အမူအရာကိုတွေ့တော့ ကျန်းမော့ချန် ဘာဆက်မှာရမှန်းတောင်မသိတော့ပေ။ ကျန်းရှင်းချန်က ပြုံးရင်း သူ့ကိုမေးဆတ်ပြလာကာ သူမသွားပြီဖြစ်ကြောင်း အသိပေးလာသည်။
သူမကားပေါ်တက်သွားတာမြင်မှ ကျန်းမော့ချန်လည်း ယန်းချင်းချီတို့နှင့်အတူ ရုပ်ရှင်ရုံကိုသွားဖို့ပြင်လိုက်သည်။
သူမထွက်သွားတာကိုမြင်တော့ ယန်းချင်းချီလည်း စိတ်ပေါ့သွားသည်။ ကျန်းရှင်းချန် ရုတ်တရက်ကြီး သူ့တို့ဆီလာလည်တာက သူ့ကိုအနည်းနဲ့အများတော့အနေရခက်စေသည်။ သူတို့အိမ်ထောင်ရေးအခြေအနေကို မေးမြန်းစုံစမ်းမည် ဒါမှမဟုတ် စမ်းသပ်မည်ဟု တွေးထင်ထားခဲ့သော်ငြား သူမက ဘာမှမလုပ်ခဲ့ပေ။ အကြောင်းကြောင်းကြောင့် ယန်းချင်းချီ စိတ်သက်သာရာရသွားသည်။
ဘေးကလူ စိတ်လျှော့လိုက်တာကို သတိထားမိတော့ ကျန်းမော့ချန်လှည့်မေးလာခဲ့သည်။
''ကိုယ့်ကျဲကို ကြောက်နေတာလား ''
''မကြောက်ပါဘူး ကြောက်တာထက် ကျွန်တော့်ကို သဘောမကျမှာစိုးရိမ်နေတာ ''
''ဘာလဲ သူ(မ)က မင်းကို သဘောမကျလို့ ကိုယ့်အနားကနေထွက်သွားဖို့ ဆယ်သန်းပေးလာမှာကို စိုးရိမ်နေတာလား''
ထိုစကားကြားသည့်အခါ ယန်းချင်းချီပြုံးမိသွားကာ
''အဲ့လိုဖြစ်လာရင် ဘယ်လိုတုံ့ပြန်ရမလဲ ကျွန်တော်သိတယ် ဝေ့လန်က ကျွန်တော့်ကို အဆင့်အတန်းမှီမှီ ပြန်ဖြေနိုင်အောင် သင်ပေးထားတယ် ကျွန်တော် သူ(မ)ကိုမေးလိုက်မယ် '' ခင်ဗျားမောင်က ဆယ်သန်းပဲတန်တာလား'' လို့ပေါ့ ပြီးရင် နောက်ထပ် သုံညတစ်လုံး ထပ်တိုးခိုင်းလိုက်မယ် ''
ကျန်းမော့ချန် ပါးစပ်အဟောင်းသားဖြင့် ပြန်မေးလာသည်။
''........ အဲ့တော့ ကိုယ်က သန်း၁၀၀လောက်ပဲ တန်တာလား ''
''ဘာတွေလျှောက်တွေးနေတာလဲ ကျွန်တော်သန်း၁၀၀ရလာရင် ခင်ဗျားကို တစ်ဝက်ပြန်ခွဲပေးမယ်လေ ပြီးရင်တော့ ခင်ဗျားအစ်မနဲ့ခင်ဗျား ဆက်ရှင်းကြပေါ့ ''
''ဟွန့် အဲ့လိုဆို ဟုတ်ဦးမယ် ဒါပေမဲ့ ပူစရာမလိုပါဘူး ကိုယ့်ကျဲကျဲက မိသားစုအပေါ်ဆိုအရင်စိတ်ရှည်ပြီး သည်းခံတတ်တာ မပူနဲ့ ကိုယ်မင်းကိုသဘောကျနေသရွေ့အဆင်ပြေတယ် ''
ယန်းချင်းချီ မျက်ခုံးပင့်လိုက်မိကာ ကီးပွိုင့်ကိုချက်ချင်းလှမ်းဖမ်းလိုက်သည်။
'' သြော~ ဒါဆို ခင်ဗျားက ကျွန်တော့်ကို သဘောကျတယ်ပေါ့? ''
ကျန်းမော့ချန် : ''........''
ယန်းချင်းချီ အပြုံးလေးဖြင့် ထပ်မေးလာသည်။
''ကျွန်တော့်ကို သဘောကျနေပြီလား ''
ချီချီတစ်ယောက် သူ့ပါးပါး သူ့ဒယ်ဒီကိုကြည့်နေတာတွေ့တော့ သူကပါ ဒယ်ဒီကိုလိုက်ကြည့်လိုက်သည်။ ကျန်းမော့ချန် မျက်လုံးကြီးတစ်စုံနှင့်မျက်လုံးသေးတစ်စုံဆီက အကြည့်ခံနေရသောအခါ ဘာပြန်ဖြေလို့ဖြေရမှန်းမသိတော့ပေ။ သူ လုပ်ချောင်းဟန့်ကာ ခေါင်းငုံ့လိုက်ပြီး ချီချီ့ကိုသာစကားပြောနေလိုက်သည်။
ယန်းချင်းချီ တော်တော်လေး အံ့သြသွားရသည်။ အစကနေအဆုံးအထိ ကျန်းမော့ချန်က သူနဲ့ဆို ရိုးသားသည့်အချိန်လည်းရှိသလို မရိုးသားသည့်အချိန်လည်းရှိသည်။ ထိုလူမှာ နှစ်ယောက်စလုံးနှင့်ဆိုင်သည့် အကြောင်းကိစ္စများအပေါ် ပွင့်ပွင့်လင်းလင်းရှိသော်ငြား ခံစားချက်နှင့်ပတ်သက်လာလျှင် အမြဲငြင်းနေတတ်သည်။ သို့သော် ဒီတစ်ကြိမ်တွင် မငြင်းလာခဲ့။ ယန်းချင်းချီ သူ့ဘာသာသူပြန်တွေးလိုက်မိသည်။ ''သူတကယ်ကြီး ငါ့အပေါ် ခံစားချက်တွေရှိလာတာတော့ မဟုတ်လောက်ဘူးမလား '' သူတော်တော်လေး သိချင်သွားသည်။ သို့သော်ထုတ်ဖော်မေးမြန်းဖို့တော့ ဆန္ဒမရှိပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူနားလည်ထားသည့် ကျန်းမော့ချန်မှာ လက်ဆုပ်လက်ကိုင်ပြပြီး ထုတ်မေးလျှင်တောင် ပြန်ငြင်းမည့်လူစားမျိုးဖြစ်သည်။
ယန်းချင်းချီပြုံးလိုက်မိသည်။ ဘာလို့မှန်းမသိသူတော်တော်လေး ပျော်နေခဲ့သည်။
သို့သော် ကျန်းမော့ချန်မှာမပျော်နိုင်ပါ။
ယန်းချင်းချီ ရုတ်တရက်ကြီး အဲ့လို မေးလာလိမ့်မယ်လို့ သူက ဘယ်လိုလုပ်သိမှာလဲ!!!?
အချိန်တစ်ခုလောက်ကြာအောင် ကြောင်အသွားတာကြောင့် မကြိုက်ပါဘူးလို့တောင် ပြန်ငြင်းချိန်မရလိုက်ပေ။ သူတုံ့ပြန်တာနှေးသွားတာက ချီချီကြောင့်ဟု အပြစ်ဖို့လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ချီချီက သူတို့နှစ်ယောက်ကြားမှာထိုင်ကာ သူ့ကိုလည်းမျက်လုံးပြူးလေးဖြင့် ကြည့်နေခဲ့သည်။ သူဘယ်လိုလုပ် ချီချီရှေ့မှာ ယန်းချင်းချီကိုမကြိုက်ဘူးလို့ ပြောရက်မှာလဲ။ ထို့ကြောင့် သူ ပြန်မဖြေနိုင်ခြင်းပေ။ ကျန်းမော့ချန် သူ့ရင်ခွင်ထဲက ပိစိလေးကိုကြည့်ရင်း သူ့ဘာသာသူ ပြန်ဖြေသိမ့်လိုက်သည်။ "ဒါကြောင့်ပဲ ဖြစ်ရမယ် ''
သနားစရာကောင်းသော ချီချီလေးမှာ ဘာဖြစ်နေမှန်းမသိလိုက်ပါပဲ ကျန်းမော့ချန်ဆီကနေ ရေအိုးကြီးကြီးထမ်း*လိုက်ရလေသည်။
(T/N: အပြစ်ဖို့ခံလိုက်ရတာပါ)
သူတို့ရုပ်ရှင်ရုံ အဝင်ဝသို့ရောက်သည့်အခါ ဝမ်ရှန့်ဟိုင်ကို လက်မှတ်ဖြတ်ခိုင်းလိုက်သည်။ သူတို့ကတော့ ကားထဲတွင် ဦးထုပ်၊မျက်မှန်နှင့် maskများကို ရုပ်ဖျက်ရန် တပ်လိုက်ကြသည်။ ကားထဲကထွက်လိုက်ချိန် ကျန်းမော့ချန် တစ်စုံတစ်ခုကို စဥ်းစားမိသွားလေသည်။ သူမျက်မှန်ကိုချွတ်ကာ ဝမ်ရှန့်ဟိုင်ကို စကားအနည်းငယ်ပြောလိုက်ပြီး နောက်တော့ ကားထဲမှာရှိနေသေးသည့် ချီချီ့ကို ငုံ့ကြည့်ကာ
''ချီချီ ဝမ်ဦးဦးနဲ့ နောက်မှလိုက်ခဲ့နော် ဒယ်ဒီနဲ့ သားပါးပါးက အရင်သွားနှင့်မယ် ရုပ်ရှင်ရုံထဲကနေ သားကိုစောင့်နေမယ် ''
ချီချီက နားမလည်ပါ။
''ရုပ်ရှင်ရုံဆိုတာ ဘာလဲ ''
ကျန်းမော့ချန်ရယ်လိုက်ကာ သူ့ဆံပင်လေးများကို သပ်ပေးရင်း
''ဝမ်ဦးဦးသိတယ် သူ သားကိုခေါ်လာလိမ့်မယ် ''
ချီချီခေါင်းငြိမ့်ပြလာကာ
''အွန် အွန် ''
ယန်းချင်းချီကပါ မအူမလည်ဖြင့်မေးလာသည်။
''ခင်ဗျား ဘာလုပ်ချင်ပြန်ပြီတုန်း ''
''မင်းကို နာမည်ပိုကြီးလာအောင် လုပ်ပေးမလို့ ''
''ဟမ်? ''
''လာ ကိုယ်တို့နှစ်ယောက် အရင်ဝင်မယ် ''
ယန်းချင်းချီမှာ လုံးဝရှုပ်ထွေးသွားသည်။ သို့သော် ကျန်းမော့ချန်နှင့်ချီချီ့စကားများကို ကြားသည့် ဝမ်ရှန့်ဟိုင်မှာ ပို၍ရှုပ်ထွေးသွားလေသည်။
နေပါဦး အခု သူ့ဘော့စ်ဘာပြောလိုက်တာ? 'ဒယ်ဒီနဲ့ သားပါးပါး'?? အဲ့ဒီ့ပါးပါးဆိုတာက......ယန်းချင်းချီ???
ဝမ်ရှန့်ဟိုင် မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရသည်။ ချီချီက သူ့ဘော့စ်ကလေးမှန်း သူသိပြီးသားဖြစ်သည်။ တကယ်လို့ ချီချီ့ပါးပါးက ယန်းချင်းချီသာဆို သူ့ဘော့စ်နှင့်ယန်းချင်းချီက ဘယ်လိုဆက်ဆံရေးမျိုးရှိကြတာလဲ။ အစက သူတွေးထားသည်မှာ နှစ်ယောက်သား ဟိုလိုဒီလိုဆက်ဆံရေးလောက်သာ ရှိသည်ဟုပင်။ အခုတော့ သူတို့နှစ်ယောက်က စုံတွဲတွေတောင် ဖြစ်နေကြပြီတဲ့လား။ ဝမ်ရှန့်ဟိုင် သူသိတာ အရမ်းများလွန်းနေပြီဟု ခံစားလိုက်ရသည်။ သူ ပင်လယ်ကို တစ်ခေါက်လောက်တော့ သွားကြည့်သင့်နေပြီ။ ပင်လယ်ကြီးကိုမျက်နှာမူပြီး စိတ်အေးအောင် သူ့နာမည်သူရွတ်သင့်နေပြီဟု ခံစားနေရသည်။
ချီချီက သူ့ကို ခေါင်းလေးစောင်းကာ ကြည့်လာသည်။
''ဦးဦး? ''
''သခင်လေး ဘာဖြစ်လို့လဲ ''
''ချီချီ သူတို့နဲ့ လိုက်မသွားရဘူးလား ''
ထိုအခါမှ ဝမ်ရှန့်ဟိုင်လည်း သူ့ဘော့စ်မှာခဲ့တာကို ပြန်သတိရသွားတော့သည်။ သူတို့က စုံတွဲတွေဖြစ်နေတာကြောင့် ဘော့စ်က ယန်းချင်းချီကို အစစအရာရာ လိုက်ကူညီပေးနေခြင်းဖြစ်ကြောင်း ဝမ်ရှန့်ဟိုင်အခုမှ နားလည်သဘောပေါက်သွားတော့သည်။ ရုပ်ရှင်လေးလာကြည့်တာတောင် တဖက်လူအတွက် fanရှာဖို့လုပ်ပေးနေသည်။ ဝမ်ရှန့်ဟိုင် သူဘော့စ်၏မေတ္တာတရားကြီးကိုကြည့်ပြီး အရမ်းကိုခံစားသွားရသည်။ ကြည့်ရတာတော့ သူ ရှောင်လျို့ကို ယန်းချင်းချီအပေါ် နွေဦးလေပြေလို ညင်ညင်သာသာလေး ဆက်ဆံရုံနဲ့မရတော့ပဲ နေမင်းကြီးလို အပူတပြင်းဂရုစိုက်မှသာ ရတော့မည်ဟု သတိပေးရတော့မည့်ပုံပင်။
ယန်းချင်းချီ ကျန်းမော့ချန်နှင့်အတူ ရုပ်ရှင်ရုံထဲ လိုက်ဝင်သွားသည်။ ကျန်းမော့ချန်က လက်မှတ်ဖြတ်သည့်နေရာကို တကူးတကကြီးလျှောက်သွားတာတွေ့တော့
''ခင်ဗျားခုနက ရှောင်ဝမ်ကို လက်မှတ်ဖြတ်ခိုင်းလိုက်တယ် မဟုတ်ဘူးလား ''
''ကိုယ် အဲ့ကာတွန်းကားပြမဲ့ တစ်ထပ်လုံးငှားထားပြီးသား ရှောင်ဝမ်ကို လတ်မှတ်လေးခုပဲ ဖြတ်ခိုင်းလိုက်တာ ကျန်တာတွေ မဖြတ်ရသေးဘူး အခု နည်းနည်းလောက်လာယူတာ '' သူ ယန်းချင်းချီကို ပြန်ကြည့်လိုက်ကာ '' ကိုယ်တို့တွေရှိုးလုပ်ပါပြီဆိုမှတော့ အစအဆုံးအကုန်လုပ်ရမှာပေါ့ ''
ယန်းချင်းချီ ပိုရှုပ်သွားကာ
''ဘာရှိုးလဲ ''
ကျန်းမော့ချန် ရုပ်ရှင်ရုံထဲဝင်ထွက်နေကြသည့် လူတွေဘက်တချက်ကြည့်လိုက်ကာ
''တစ်ယောက်ယောက်က ကိုယ့်ကို မှတ်မိလိမ့်မယ်လို့ မင်းထင်လား ''
ယန်းချင်းချီမှာ တဖက်လူမေးခွန်းကြောင့် ပိုမှင်သက်သွားရကာ
''ခင်ဗျားကို မှတ်မိစေချင်တယ်? ''
''မှတ်မိစေချင်ရုံတင်မကဘူး ဓာတ်ပုံရိုက်ပြီး Weiboပေါ်တင်လိုက်ရင် ပိုတောင်ကောင်းဦးမှာ ''
ယန်းချင်းချီ နောက်ဆုံးတော့ နားလည်သွားလေသည်။
''ခင်ဗျားက တစ်ယောက်ယောက် ကျွန်တော်တို့နှစ်ယောက်ပုံကို ဓာတ်ပုံရိုက်ပြီး Weiboပေါ်တင်လိုက်စေချင်တယ် အဲ့အချိန်ကျ ခင်ဗျားရဲ့ရှောင်ဖန်ဇီတွေက ကျွန်တော်တို့ကြားက ဆက်ဆံရေးကို အရမ်းကောင်းတယ်ထင်လာပြီး ကျွန်တော့်ကို ပိုအာရုံစိုက်လာကြမယ် ''
''မင်း အတတ်မြန်သားပဲ ''
''ခင်ဗျား တကယ်ကြီး အလုပ်ရှုပ်ခံနေတာပဲ ''
ကျန်းမော့ချန် ပြောစရာစကားပင်မဲ့သွားကာ
''ဒါတွေ ဘယ်သူ့အတွက်လုပ်ပေးနေတာလဲ ဒီလိုမျိုးအခွင့်အရေးတွေကို လူတိုင်းရတယ်လို့ ထင်နေတာလား ''
ယန်းချင်းချီ ပြုံးနေလိုက်ကာ 'အဲ့တော့ ခင်ဗျားကျွန်တော့်ကို ကြိုက်နေတာလား မကြိုက်ဘူးလား' ဟု ထုတ်မေးမိတော့မလို ဖြစ်သွားသည်။ သို့သော် သူ ကျန်းမော့ချန် စိတ်နေသဘောထားကို ကောင်းကောင်းနားလည်သည်။ တဖက်လူမှာ သူ့အပေါ် တကယ်ကြီး ခံစားချက်တွေရှိနေတယ်ဆိုလျှင်တောင် ဝန်ခံဦးမည်မဟုတ်သေးပေ။ သူ့ကို နင့်နင့်နဲနဲချစ်မိသွားသည့်တစ်နေ့ ချစ်မိသွားတာကို နားလည်သွားသည့်နေ့ ရောက်လာမှ မရှက်တမ်းဝန်ခံလာလိမ့်မည်ဟု ခံစားနေရသည်။
ထိုသို့တွေးမိသည်နှင့် သူ ကျန်းမော့ချန်ဝန်ခံလာမည့်နေ့ကို တော်တော်လေး မျှော်လင့်နေမိသည်။ ထိုအချိန်ရောက်လာခဲ့လျှင် လက်မထပ်ခင်က ကားပေါ်တွင် ကျန်းမော့ချန် သူ့ကို သတိပေးခဲ့သော 'သူ့ကိုမကြိုက်ဖို့နှင့် သူ့ဘက်ကလည်း လုံးဝပြန်ကြိုက်လာမည်မဟုတ်ကြောင်း' ပြောထားသည့် Voice Recording ကို ဖွင့်ပြလိုက်မည်။ ထိုအချိန်ကျ တဖက်လူကို ကိုယ့်စကားနဲ့ ကိုယ့်ပါးကိုယ် အရိုက်ခံရတာ ဘယ်လိုခံစားရကြောင်း ပေးသိစေလိုက်မည်။
''ငါ၊ ကျန်းမော့ချန် သေရင်သေပါစေ။ မင်းကိုကြိုက်မှာမဟုတ်ဘူး။ မင်းဘက်ကလည်း ငါ့ကိုမကြိုက်စေနဲ့။ ပိုအရှက်ရတဲ့လူက မင်းပဲဖြစ်လာလိမ့်မယ်။ __ __ ဝူးဝူးဝူး ကိုယ်မှားသွားပါတယ် ဒယ်ဒီရယ်။ အဲ့တုန်းက ငယ်သေးတယ်လေ။ ဘာမှမသိနားမလည်ခဲ့ပါဘူး။ ကိုယ် အခု ဒူးသေချာထောက်နေတာ မင်းမြင်တယ်မလား။ ''
ယန်းချင်းချီ ထိုမြင်ကွင်းကို မြင်ယောင်မိတော့ ရောက်လာမည့်နေ့ကို မစောင့်နိုင်တော့ဘူးလို့တောင် ခံစားနေရသည်။ သို့သော် သူ့ကိုယ်သူပြန်ထိန်းချုပ်လိုက်ကာ လက်ရှိကျန်းမော့ချန်နှင့် လေပေးသင့်အောင် လိုက်ပြောလိုက်သည်။
''ကျွန်တော့်အတွက် ကျွန်တော့်အတွက် ''
''ဟုတ်ပြီ ဒီလိုအချိန်မှာ ဘာပြန်ပြောသင့်လဲ ''
''ကျွန်တော်နာမည်ကြီးလာရင် အကျိုးအမြတ်တွေပိုရလာမှာ နန်ချန်လေ ဘော့စ် ဒါ ဘော့စ်လုပ်သင့်တဲ့အရာတွေပါ ''
ကျေးဇူးတင်လာမည်ဟု ထင်လိုက်သည့် ကျန်းမော့ချန်မှာ သူ့အဖြေကြောင့် နင်သွားကာ
''မင်းပါးစပ်ပိတ်လိုက်တော့! ''
_________________________________
စာရေးသူမှာ ပြောစရာရှိတယ် :
ချီချီ : သားကငါးနှစ်ပဲရှိသေးတာတောင် ဒီအရွယ်လေးနဲ့ ဒယ်ဒီ့ကိုရေအိုးကူထမ်းပေးနေရတယ်။ အရမ်းပင်ပန်းနေပြီ။ ဒါတောင် ဒယ်ဒီ့နှလုံးသားက ချီချီ့ကိုတစ်စက်ကလေးမှ မသနားဘူး!
ကျန်းမော့ချန် : မင်း ဘာလို့အသံသွင်းထားတာလဲ! ဘာလို့ အသံသွင်းရတာကို သောက်ကျိုးနည်း ကြိုက်နေရတာလဲ!! ဘယ်အချိန်ကသွင်းခဲ့တာလဲလို့!!!
ယန်းချင်းချီ : ဟုတ်တယ် ကျွန်တော် ယန်းချင်းချီက အသံသွင်းတာကျွမ်းကျင်သူလေး! ( ╹▽╹ )
_________________________________
Ok မော့ချန်ကို သတိပေးနေတဲ့လူတွေ၊ ssရိုက်ထားတဲ့လူတွေ ချင်းချီက recording ကိုင်ပြီး ယူတို့ရှေ့ကနေ ထိုင်စောင့်နေတာနော် 🤭
ပြီးတော့ niniပြောစရာရှိတယ် အပိုင်းတွေခွဲရင်လေ ခေါင်းစဥ်တွေက niniလျှောက်ပေးထားတာမဟုတ်ဘူးနော်။ လောင်ရှီးကိုယ်တိုင်ကိုက နှစ်ပိုင်းကိုတစ်ပိုင်းပေါင်းရေးရင် ခေါင်းစဥ်ကလည်းနှစ်ခု။ ok အဲ့တာလေး ပြောချင်တာ။
Zawgyi
မိသားစုသုံးေယာက္ ႐ုပ္႐ွင္သြားၾကည့္ရေအာင္
__________________________________
က်န္းေမာ့ခ်န္ တံခါးေခါက္လိုက္တဲ့အခ်ိန္ ယန္းခ်င္းခ်ီႏွင့္ခ်ီခ်ီမွာ မုန္႔စားေနဆဲျဖစ္သည္။ သူ တံခါးဖြင့္ဝင္လာတဲ့အခါ ခ်ီခ်ီက သူ႕ကိုေတြ႕ေတာ့ အရမ္းေပ်ာ္သြားတာေၾကာင့္ အသံခ်ိဳေလးျဖင့္ ''ဒယ္ဒီ ''ဟုေအာ္ေခၚလာသည္။
က်န္းေမာ့ခ်န္ သူတို႔နားေလွ်ာက္သြားလိုက္ကာ
''ခ်ီခ်ီ ဒယ္ဒီ့ကို လြမ္းေနလား ''
''လြမ္းတယ္ '' ခ်ီခ်ီက အသံလြင္လြင္ေလးျဖင့္ ျပန္ေျဖလာသည္။
''ဒယ္ဒီလည္း ခ်ီခ်ီ႕ကို လြမ္းေနတာ '' သူ ခ်ီခ်ီ႕ပါးႏွစ္ဖက္ကို ဆြဲဖ်စ္လိုက္ကာ '' ဒယ္ဒီတို႔ အျပင္ထြက္ေဆာ့ရေအာင္ ''
ခ်ီခ်ီ႕မ်က္လုံးေလးမ်ားမွာ အေရာင္ေတာက္သြားသည္။
''တကယ္!? ''
''တကယ္ ''
''ခင္ဗ်ား ဒီေန႔ ေန႔လည္ပိုင္း ႐ိုက္စရာအခန္းေတြ ႐ွိေသးတယ္ မဟုတ္ဘူးလား '' ယန္းခ်င္းခ်ီ ေမးလာသည္။
''ပ႐ိုဂ်ဴဆာက်န္းက ကိုယ့္က်ဲကိုသိတယ္ သူ(မ)ေရာက္ေနတာျမင္ေတာ့ ကိုယ့္ကို ေန႔တစ္ဝက္အနားေပး၊ေပးဖို႔ ဒါ႐ိုက္တာဝမ္ကို သြားေျပာတယ္ ကိုယ္ကရပါတယ္လို႔ေျပာတာေတာင္ သူတို႔ကလက္မခံၾကဘူး ေနာက္ဆုံးေတာ့ ကိုယ္ပဲလက္ခံလိုက္ရတယ္ '' က်န္းေမာ့ခ်န္ အကူအညီမဲ့စြာ ေျပာလာသည္။
ယန္းခ်င္းခ်ီ ေခါင္းၿငိမ့္လာကာ
''ဒါေပမဲ့ ကြၽန္ေတာ္ေတြ႕သေလာက္ေတာ့ တျခားလူေတြက က်ဲက်ဲကို မသိၾကသလိုပဲေနာ္ ''
''အင္း '' က်န္းေမာ့ခ်န္ ျပန္ေျဖလာသည္။ '' က်န္းေကာ္ပိုေရး႐ွင္းကို က်ဲက ႏွစ္ေတြအမ်ားႀကီးစီမံလာတာေတာင္ သူ(မ)က သိုသိုသိပ္သိပ္ေနရတာကိုႀကိဳက္တယ္ အဲ့ေတာ့ သူ(မ)နာမည္ကို လူသိ႐ွင္ၾကားတစ္ခါမွမေၾကျငာရေသးဘူး ဒါေၾကာင့္ က်န္း႐ွင္းခ်န္ဆို ဘယ္သူမွမၾကားဖူးၾကတာ ကုမၸဏီအာဏာက ကိုယ့္အေဖလက္ထဲမွာလို႔ပဲ လူတိုင္းက ထင္ေနၾကတာ ''
''လတ္စသတ္ေတာ့ အဲ့လိုကို ဒါေၾကာင့္ ခင္ဗ်ားတို႔ႏွစ္ေယာက္ ဒီေလာက္ နာမည္ဆင္ေနတာေတာင္ ဘယ္သူမွသတိမထားမိၾကတာ ကြၽန္ေတာ္ထင္လိုက္တာက စီးပြားေရးမဂၢဇင္းမ်က္ႏွာဖုံးေတြမွာ က်ဲက်ဲပုံေတြခ်ည္းပဲလို႔ေပါ့ ''
''သူ(မ)ကအဲ့လို ပြဲေတြတက္ၿပီး လူေ႐ွ႕ထြက္ျပရတာမႀကိဳက္ဘူး အဲ့ဒါေတြက ကိုယ့္အေဖပဲလုပ္တာ ဪ ဒါနဲ႔ က်ဲေရာ? ''
''နည္းနည္းပင္ပန္းတယ္လို႔ေျပာၿပီးေတာ့ သူ(မ)အခန္းထဲ နားဖို႔ အရင္ထြက္သြားတယ္''
က်န္းေမာ့ခ်န္ ဖုန္းကိုထုတ္ကာ က်န္း႐ွင္းခ်န္ကို ဖုန္းေခၚလိုက္သည္။ သိပ္မၾကာခင္မွာပဲ ယန္းခ်င္းခ်ီတို႔ အခန္းတံခါးေခါက္သံ ၾကားလိုက္ရေလသည္။ ယန္းခ်င္းခ်ီ အခန္းတံခါးဘက္ လက္ညိႇဳးထိုးျပကာ က်န္းေမာ့ခ်န္ကို ေမးလာသည္။
''က်ဲက်ဲလား ''
က်န္းေမာ့ခ်န္ ေခါင္းၿငိမ့္ျပရင္း ဖုန္းကိုအိတ္ကပ္ထဲျပန္ထည့္ၿပီး
''သြားရေအာင္ ေန႔လည္ေရာက္ေနၿပီ ေန႔လည္စာစားရေအာင္ ခ်ီခ်ီလည္း ဗိုက္ဆာေနမွာေပါ့ ''
ယန္းခ်င္းခ်ီ စားလိုမကုန္ေသးသည့္ အခ်ိဳပြဲမ်ားကိုတစ္လွည့္ သူတို႔ေျပာသမွ်ကို မ်က္လုံးေလးျပဴး၊ေမးေလးေထာက္ၿပီး နားေထာင္ေနသည့္ ခ်ီခ်ီကိုတစ္လွည့္ၾကည့္ရင္း
''ခ်ီခ်ီ သား ထပ္စားႏိုင္ပါ့ဦးမလား ''
ခ်ီခ်ီ ထိုအေမးေၾကာင့္ စိတ္ညစ္သြားသည္။ သူ ယန္းခ်င္းခ်ီအေမးကို ဘယ္လိုျပန္ေျဖရင္ေကာင္းမလဲဟု စဥ္းစားေနသည့္ပုံႏွင့္ သူ႕ဗိုက္ေဖာင္းေဖာင္းေလးကို လက္ျဖင့္ပြတ္ၾကည့္ေနလိုက္သည္။
က်န္းေမာ့ခ်န္ကပါ လိုက္ပြတ္လာကာ
''ရပါတယ္ ဗိုက္က အဲ့ေလာက္ အပူႀကီးမဟုတ္ေသးဘူး နည္းနည္းေတာ့စားႏိုင္ဦးမွာပါ ''
ခ်ီခ်ီကလည္း က်န္းေမာ့ခ်န္ ေျပာတာမွန္သည္ဟု ေတြးမိတာေၾကာင့္
''ခ်ီခ်ီ နည္းနည္းစားႏိုင္ေသးတယ္ ''
ယန္းခ်င္းခ်ီ ထိုတက္ႂကြသည့္အေျဖေလးကို ၾကားသည့္အခါ မရယ္ပဲမေနႏိုင္ခဲ့။ သူ ကေလးႏွာေခါင္းေလးကို ဆြဲညႇစ္ပစ္လိုက္သည္။
သူတို႔႐ိုက္ကြင္းကေန ထြက္လာလိုက္ကာ အျပင္မွာ ေန႔လည္စာစားျဖစ္သည္။ က်န္းေမာ့ခ်န္ ကေလးေဆာ့ဖို႔အတြက္ ေလွ်ာက္ေခၚသြားခ်င္ေသာ္ျငား ဒီၿမိဳ႕မွာ ဘာကနာမည္ႀကီးမွန္း သူမသိေပ။ သူ ယန္းခ်င္းခ်ီႏွင့္ တိုင္ပင္လိုက္သည့္အခါ အခုတေလာနာမည္ႀကီးေနသည့္ ႐ုံတင္ကာတြန္းကားတစ္ကားကိုသာ ခ်ီခ်ီ႕အား လိုက္ျပရန္ ဆုံးျဖတ္လိုက္ၾကသည္။
က်န္းေမာ့ခ်န္ ဝမ္႐ွန္႔ဟိုင္ကို ႐ိုက္ကြင္းႏွင့္ ေတာ္ေတာ္ေလးလွမ္းသည့္ ႐ုပ္႐ွင္႐ုံတစ္ခုမွာ တစ္ထပ္လုံးငွားေစလိုက္သည္။
က်န္း႐ွင္းခ်န္မွာ သူမ လုပ္စရာအလုပ္ေတြေပၚလာတာေၾကာင့္ သူတို႔သုံးေယာက္ႏွင့္ အတူလိုက္သြားဖို႔ အစီအစဥ္မ႐ွိေပ။
''နင္တို႔ မိသားစုသုံးေယာက္ပဲ သြားေပ်ာ္ၾကပါ ငါလုပ္စရာအလုပ္ေတြ႐ွိေသးတယ္ ''
''က်ဲ နင္ငါ့အလုပ္ကို လာလည္တာေတာင္ အလုပ္ေတြသယ္လာေသးတယ္ေပါ့ '' က်န္းေမာ့ခ်န္ သူ႕အစ္မႀကီးက်န္းမာေရးကို စိတ္ပူလာသျဖင့္ ''အခ်ိန္ရတုန္းေလး နားစမ္းပါဟာ''
က်န္း႐ွင္းခ်န္ သူမေမာင္၏စိတ္ပူေပးေနသည့္ ေလသံကိုၾကားေတာ့ ျပဳံးမိသြားကာ
''ငါ နင့္အလုပ္ကိုလာလည္တယ္ဆိုတာ ခ်ီခ်ီ႕အတြက္၊ မဟုတ္ရင္အိမ္မွာပဲ အလုပ္လုပ္ေနမွာ သြား သုံးေယာက္သားသြားေပ်ာ္ၾက ငါ့ကိုစိတ္ပူမေနနဲ႔ ''
က်န္းေမာ့ခ်န္ ေျပာလို႔မႏိုင္သျဖင့္
''အင္းပါ ''
ထုံးစံအတိုင္း သူတို႔သုံးေယာက္ကို ႐ုပ္႐ွင္႐ုံသို႔ေမာင္းပို႔ရမည့္သူမွာ ဝမ္႐ွန္႔ဟိုင္ျဖစ္လာသည္။ လ်ိဳ႕အိုက္မွာ က်န္း႐ွင္းခ်န္ကိုျပန္ပို႔ရန္ ေစခိုင္းခံရကာ နည္းနည္းေလးအကင္းပါးဖို႔လည္း က်န္းေမာ့ခ်န္ကမွာလိုက္ေသးသည္။ အခု သူလိုက္ပို႔ရမည့္လူမွာ က်န္းေကာ္ပိုေရး႐ွင္း၏ အဓိကေဘာ့စ္မွန္း ဝမ္႐ွန္႔ဟိုင္ဆီက သိလိုက္ရသည့္အခါ လ်ိဳ႕အိုက္တစ္ေယာက္ ေတာင့္ေတာင့္ႀကီးရပ္ေနကာ ျပဳံးေတာင္မျပဳံးရဲေတာ့ေပ။ သူလႈပ္လိုက္တာနဲ႔ ေဘာ့စ္အႀကီးစားႀကီးမွာ သူ႕အား အျမင္မၾကည္ေတာ့ပဲ ႐ွိစုမဲ့စုအလုပ္ေလးဆက္မတည္ၿမဲမွာကို ေၾကာက္ေနမိသည္။
အရမ္းႀကီးခ်ဳပ္တည္းထားသည့္ လ်ိဳ႕အိုက္အမူအရာကိုေတြ႕ေတာ့ က်န္းေမာ့ခ်န္ ဘာဆက္မွာရမွန္းေတာင္မသိေတာ့ေပ။ က်န္း႐ွင္းခ်န္က ျပဳံးရင္း သူ႕ကိုေမးဆတ္ျပလာကာ သူမသြားၿပီျဖစ္ေၾကာင္း အသိေပးလာသည္။
သူမကားေပၚတက္သြားတာျမင္မွ က်န္းေမာ့ခ်န္လည္း ယန္းခ်င္းခ်ီတို႔ႏွင့္အတူ ႐ုပ္႐ွင္႐ုံကိုသြားဖို႔ျပင္လိုက္သည္။
သူမထြက္သြားတာကိုျမင္ေတာ့ ယန္းခ်င္းခ်ီလည္း စိတ္ေပါ့သြားသည္။ က်န္း႐ွင္းခ်န္ ႐ုတ္တရက္ႀကီး သူ႕တို႔ဆီလာလည္တာက သူ႕ကိုအနည္းနဲ႔အမ်ားေတာ့အေနရခက္ေစသည္။ သူတို႔အိမ္ေထာင္ေရးအေျခအေနကို ေမးျမန္းစုံစမ္းမည္ ဒါမွမဟုတ္ စမ္းသပ္မည္ဟု ေတြးထင္ထားခဲ့ေသာ္ျငား သူမက ဘာမွမလုပ္ခဲ့ေပ။ အေၾကာင္းေၾကာင္းေၾကာင့္ ယန္းခ်င္းခ်ီ စိတ္သက္သာရာရသြားသည္။
ေဘးကလူ စိတ္ေလွ်ာ့လိုက္တာကို သတိထားမိေတာ့ က်န္းေမာ့ခ်န္လွည့္ေမးလာခဲ့သည္။
''ကိုယ့္က်ဲကို ေၾကာက္ေနတာလား ''
''မေၾကာက္ပါဘူး ေၾကာက္တာထက္ ကြၽန္ေတာ္႕ကို သေဘာမက်မွာစိုးရိမ္ေနတာ ''
''ဘာလဲ သူ(မ)က မင္းကို သေဘာမက်လို႔ ကိုယ့္အနားကေနထြက္သြားဖို႔ ဆယ္သန္းေပးလာမွာကို စိုးရိမ္ေနတာလား''
ထိုစကားၾကားသည့္အခါ ယန္းခ်င္းခ်ီျပဳံးမိသြားကာ
''အဲ့လိုျဖစ္လာရင္ ဘယ္လိုတုံ႔ျပန္ရမလဲ ကြၽန္ေတာ္သိတယ္ ေဝ့လန္က ကြၽန္ေတာ္႕ကို အဆင့္အတန္းမွီမွီ ျပန္ေျဖႏိုင္ေအာင္ သင္ေပးထားတယ္ ကြၽန္ေတာ္ သူ(မ)ကိုေမးလိုက္မယ္ '' ခင္ဗ်ားေမာင္က ဆယ္သန္းပဲတန္တာလား'' လို႔ေပါ့ ၿပီးရင္ ေနာက္ထပ္ သုံညတစ္လုံး ထပ္တိုးခိုင္းလိုက္မယ္ ''
က်န္းေမာ့ခ်န္ ပါးစပ္အေဟာင္းသားျဖင့္ ျပန္ေမးလာသည္။
''........ အဲ့ေတာ့ ကိုယ္က သန္း၁၀၀ေလာက္ပဲ တန္တာလား ''
''ဘာေတြေလွ်ာက္ေတြးေနတာလဲ ကြၽန္ေတာ္သန္း၁၀၀ရလာရင္ ခင္ဗ်ားကို တစ္ဝက္ျပန္ခြဲေပးမယ္ေလ ၿပီးရင္ေတာ့ ခင္ဗ်ားအစ္မနဲ႔ခင္ဗ်ား ဆက္႐ွင္းၾကေပါ့ ''
''ဟြန္႔ အဲ့လိုဆို ဟုတ္ဦးမယ္ ဒါေပမဲ့ ပူစရာမလိုပါဘူး ကိုယ့္က်ဲက်ဲက မိသားစုအေပၚဆိုအရင္စိတ္႐ွည္ၿပီး သည္းခံတတ္တာ မပူနဲ႔ ကိုယ္မင္းကိုသေဘာက်ေနသေ႐ြ႕အဆင္ေျပတယ္ ''
ယန္းခ်င္းခ်ီ မ်က္ခုံးပင့္လိုက္မိကာ ကီးပြိဳင့္ကိုခ်က္ခ်င္းလွမ္းဖမ္းလိုက္သည္။
'' ေၾသာ~ ဒါဆို ခင္ဗ်ားက ကြၽန္ေတာ္႕ကို သေဘာက်တယ္ေပါ့? ''
က်န္းေမာ့ခ်န္ : ''........''
ယန္းခ်င္းခ်ီ အျပဳံးေလးျဖင့္ ထပ္ေမးလာသည္။
''ကြၽန္ေတာ္႕ကို သေဘာက်ေနၿပီလား ''
ခ်ီခ်ီတစ္ေယာက္ သူ႕ပါးပါး သူ႕ဒယ္ဒီကိုၾကည့္ေနတာေတြ႕ေတာ့ သူကပါ ဒယ္ဒီကိုလိုက္ၾကည့္လိုက္သည္။ က်န္းေမာ့ခ်န္ မ်က္လုံးႀကီးတစ္စုံႏွင့္မ်က္လုံးေသးတစ္စုံဆီက အၾကည့္ခံေနရေသာအခါ ဘာျပန္ေျဖလို႔ေျဖရမွန္းမသိေတာ့ေပ။ သူ လုပ္ေခ်ာင္းဟန္႔ကာ ေခါင္းငုံ႔လိုက္ၿပီး ခ်ီခ်ီ႕ကိုသာစကားေျပာေနလိုက္သည္။
ယန္းခ်င္းခ်ီ ေတာ္ေတာ္ေလး အံ့ၾသသြားရသည္။ အစကေနအဆုံးအထိ က်န္းေမာ့ခ်န္က သူနဲ႔ဆို ႐ိုးသားသည့္အခ်ိန္လည္း႐ွိသလို မ႐ိုးသားသည့္အခ်ိန္လည္း႐ွိသည္။ ထိုလူမွာ ႏွစ္ေယာက္စလုံးႏွင့္ဆိုင္သည့္ အေၾကာင္းကိစၥမ်ားအေပၚ ပြင့္ပြင့္လင္းလင္း႐ွိေသာ္ျငား ခံစားခ်က္ႏွင့္ပတ္သက္လာလွ်င္ အၿမဲျငင္းေနတတ္သည္။ သို႔ေသာ္ ဒီတစ္ႀကိမ္တြင္ မျငင္းလာခဲ့။ ယန္းခ်င္းခ်ီ သူ႕ဘာသာသူျပန္ေတြးလိုက္မိသည္။ ''သူတကယ္ႀကီး ငါ့အေပၚ ခံစားခ်က္ေတြ႐ွိလာတာေတာ့ မဟုတ္ေလာက္ဘူးမလား '' သူေတာ္ေတာ္ေလး သိခ်င္သြားသည္။ သို႔ေသာ္ထုတ္ေဖာ္ေမးျမန္းဖို႔ေတာ့ ဆႏၵမ႐ွိေပ။ ဘယ္လိုပဲျဖစ္ျဖစ္ သူနားလည္ထားသည့္ က်န္းေမာ့ခ်န္မွာ လက္ဆုပ္လက္ကိုင္ျပၿပီး ထုတ္ေမးလွ်င္ေတာင္ ျပန္ျငင္းမည့္လူစားမ်ိဳးျဖစ္သည္။
ယန္းခ်င္းခ်ီျပဳံးလိုက္မိသည္။ ဘာလို႔မွန္းမသိသူေတာ္ေတာ္ေလး ေပ်ာ္ေနခဲ့သည္။
သို႔ေသာ္ က်န္းေမာ့ခ်န္မွာမေပ်ာ္ႏိုင္ပါ။
ယန္းခ်င္းခ်ီ ႐ုတ္တရက္ႀကီး အဲ့လို ေမးလာလိမ့္မယ္လို႔ သူက ဘယ္လိုလုပ္သိမွာလဲ!!!?
အခ်ိန္တစ္ခုေလာက္ၾကာေအာင္ ေၾကာင္အသြားတာေၾကာင့္ မႀကိဳက္ပါဘူးလို႔ေတာင္ ျပန္ျငင္းခ်ိန္မရလိုက္ေပ။ သူတုံ႔ျပန္တာေႏွးသြားတာက ခ်ီခ်ီေၾကာင့္ဟု အျပစ္ဖို႔လိုက္သည္။ ဘယ္လိုပဲျဖစ္ျဖစ္ ခ်ီခ်ီက သူတို႔ႏွစ္ေယာက္ၾကားမွာထိုင္ကာ သူ႕ကိုလည္းမ်က္လုံးျပဴးေလးျဖင့္ ၾကည့္ေနခဲ့သည္။ သူဘယ္လိုလုပ္ ခ်ီခ်ီေ႐ွ႕မွာ ယန္းခ်င္းခ်ီကိုမႀကိဳက္ဘူးလို႔ ေျပာရက္မွာလဲ။ ထို႔ေၾကာင့္ သူ ျပန္မေျဖႏိုင္ျခင္းေပ။ က်န္းေမာ့ခ်န္ သူ႕ရင္ခြင္ထဲက ပိစိေလးကိုၾကည့္ရင္း သူ႕ဘာသာသူ ျပန္ေျဖသိမ့္လိုက္သည္။ "ဒါေၾကာင့္ပဲ ျဖစ္ရမယ္ ''
သနားစရာေကာင္းေသာ ခ်ီခ်ီေလးမွာ ဘာျဖစ္ေနမွန္းမသိလိုက္ပါပဲ က်န္းေမာ့ခ်န္ဆီကေန ေရအိုးႀကီးႀကီးထမ္း*လိုက္ရေလသည္။
(T/N: အျပစ္ဖို႔ခံလိုက္ရတာပါ)
သူတို႔႐ုပ္႐ွင္႐ုံ အဝင္ဝသို႔ေရာက္သည့္အခါ ဝမ္႐ွန္႔ဟိုင္ကို လက္မွတ္ျဖတ္ခိုင္းလိုက္သည္။ သူတို႔ကေတာ့ ကားထဲတြင္ ဦးထုပ္၊မ်က္မွန္ႏွင့္ maskမ်ားကို ႐ုပ္ဖ်က္ရန္ တပ္လိုက္ၾကသည္။ ကားထဲကထြက္လိုက္ခ်ိန္ က်န္းေမာ့ခ်န္ တစ္စုံတစ္ခုကို စဥ္းစားမိသြားေလသည္။ သူမ်က္မွန္ကိုခြၽတ္ကာ ဝမ္႐ွန္႔ဟိုင္ကို စကားအနည္းငယ္ေျပာလိုက္ၿပီး ေနာက္ေတာ့ ကားထဲမွာ႐ွိေနေသးသည့္ ခ်ီခ်ီ႕ကို ငုံ႔ၾကည့္ကာ
''ခ်ီခ်ီ ဝမ္ဦးဦးနဲ႔ ေနာက္မွလိုက္ခဲ့ေနာ္ ဒယ္ဒီနဲ႔ သားပါးပါးက အရင္သြားႏွင့္မယ္ ႐ုပ္႐ွင္႐ုံထဲကေန သားကိုေစာင့္ေနမယ္ ''
ခ်ီခ်ီက နားမလည္ပါ။
''႐ုပ္႐ွင္႐ုံဆိုတာ ဘာလဲ ''
က်န္းေမာ့ခ်န္ရယ္လိုက္ကာ သူ႕ဆံပင္ေလးမ်ားကို သပ္ေပးရင္း
''ဝမ္ဦးဦးသိတယ္ သူ သားကိုေခၚလာလိမ့္မယ္ ''
ခ်ီခ်ီေခါင္းၿငိမ့္ျပလာကာ
''အြန္ အြန္ ''
ယန္းခ်င္းခ်ီကပါ မအူမလည္ျဖင့္ေမးလာသည္။
''ခင္ဗ်ား ဘာလုပ္ခ်င္ျပန္ၿပီတုန္း ''
''မင္းကို နာမည္ပိုႀကီးလာေအာင္ လုပ္ေပးမလို႔ ''
''ဟမ္? ''
''လာ ကိုယ္တို႔ႏွစ္ေယာက္ အရင္ဝင္မယ္ ''
ယန္းခ်င္းခ်ီမွာ လုံးဝ႐ႈပ္ေထြးသြားသည္။ သို႔ေသာ္ က်န္းေမာ့ခ်န္ႏွင့္ခ်ီခ်ီ႕စကားမ်ားကို ၾကားသည့္ ဝမ္႐ွန္႔ဟိုင္မွာ ပို၍႐ႈပ္ေထြးသြားေလသည္။
ေနပါဦး အခု သူ႕ေဘာ့စ္ဘာေျပာလိုက္တာ? 'ဒယ္ဒီနဲ႔ သားပါးပါး'?? အဲ့ဒီ့ပါးပါးဆိုတာက......ယန္းခ်င္းခ်ီ???
ဝမ္႐ွန္႔ဟိုင္ မိုးႀကိဳးပစ္ခ်ခံလိုက္ရသလို ခံစားလိုက္ရသည္။ ခ်ီခ်ီက သူ႕ေဘာ့စ္ကေလးမွန္း သူသိၿပီးသားျဖစ္သည္။ တကယ္လို႔ ခ်ီခ်ီ႕ပါးပါးက ယန္းခ်င္းခ်ီသာဆို သူ႕ေဘာ့စ္ႏွင့္ယန္းခ်င္းခ်ီက ဘယ္လိုဆက္ဆံေရးမ်ိဳး႐ွိၾကတာလဲ။ အစက သူေတြးထားသည္မွာ ႏွစ္ေယာက္သား ဟိုလိုဒီလိုဆက္ဆံေရးေလာက္သာ ႐ွိသည္ဟုပင္။ အခုေတာ့ သူတို႔ႏွစ္ေယာက္က စုံတြဲေတြေတာင္ ျဖစ္ေနၾကၿပီတဲ့လား။ ဝမ္႐ွန္႔ဟိုင္ သူသိတာ အရမ္းမ်ားလြန္းေနၿပီဟု ခံစားလိုက္ရသည္။ သူ ပင္လယ္ကို တစ္ေခါက္ေလာက္ေတာ့ သြားၾကည့္သင့္ေနၿပီ။ ပင္လယ္ႀကီးကိုမ်က္ႏွာမူၿပီး စိတ္ေအးေအာင္ သူ႕နာမည္သူ႐ြတ္သင့္ေနၿပီဟု ခံစားေနရသည္။
ခ်ီခ်ီက သူ႕ကို ေခါင္းေလးေစာင္းကာ ၾကည့္လာသည္။
''ဦးဦး? ''
''သခင္ေလး ဘာျဖစ္လို႔လဲ ''
''ခ်ီခ်ီ သူတို႔နဲ႔ လိုက္မသြားရဘူးလား ''
ထိုအခါမွ ဝမ္႐ွန္႔ဟိုင္လည္း သူ႕ေဘာ့စ္မွာခဲ့တာကို ျပန္သတိရသြားေတာ့သည္။ သူတို႔က စုံတြဲေတြျဖစ္ေနတာေၾကာင့္ ေဘာ့စ္က ယန္းခ်င္းခ်ီကို အစစအရာရာ လိုက္ကူညီေပးေနျခင္းျဖစ္ေၾကာင္း ဝမ္႐ွန္႔ဟိုင္အခုမွ နားလည္သေဘာေပါက္သြားေတာ့သည္။ ႐ုပ္႐ွင္ေလးလာၾကည့္တာေတာင္ တဖက္လူအတြက္ fan႐ွာဖို႔လုပ္ေပးေနသည္။ ဝမ္႐ွန္႔ဟိုင္ သူေဘာ့စ္၏ေမတၱာတရားႀကီးကိုၾကည့္ၿပီး အရမ္းကိုခံစားသြားရသည္။ ၾကည့္ရတာေတာ့ သူ ေရွာင္လ်ိဳ႕ကို ယန္းခ်င္းခ်ီအေပၚ ႏြေဦးေလေျပလို ညင္ညင္သာသာေလး ဆက္ဆံ႐ုံနဲ႕မရေတာ့ပဲ ေနမင္းႀကီးလို အပူတျပင္းဂ႐ုစိုက္မွသာ ရေတာ့မည္ဟု သတိေပးရေတာ့မည့္ပုံပင္။
ယန္းခ်င္းခ်ီ က်န္းေမာ့ခ်န္ႏွင့္အတူ ႐ုပ္႐ွင္႐ုံထဲ လိုက္ဝင္သြားသည္။ က်န္းေမာ့ခ်န္က လက္မွတ္ျဖတ္သည့္ေနရာကို တကူးတကႀကီးေလွ်ာက္သြားတာေတြ႕ေတာ့
''ခင္ဗ်ားခုနက ေ႐ွာင္ဝမ္ကို လက္မွတ္ျဖတ္ခိုင္းလိုက္တယ္ မဟုတ္ဘူးလား ''
''ကိုယ္ အဲ့ကာတြန္းကားျပမဲ့ တစ္ထပ္လုံးငွားထားၿပီးသား ေ႐ွာင္ဝမ္ကို လတ္မွတ္ေလးခုပဲ ျဖတ္ခိုင္းလိုက္တာ က်န္တာေတြ မျဖတ္ရေသးဘူး အခု နည္းနည္းေလာက္လာယူတာ '' သူ ယန္းခ်င္းခ်ီကို ျပန္ၾကည့္လိုက္ကာ '' ကိုယ္တို႔ေတြ႐ိႈးလုပ္ပါၿပီဆိုမွေတာ့ အစအဆုံးအကုန္လုပ္ရမွာေပါ့ ''
ယန္းခ်င္းခ်ီ ပို႐ႈပ္သြားကာ
''ဘာ႐ိႈးလဲ ''
က်န္းေမာ့ခ်န္ ႐ုပ္႐ွင္႐ုံထဲဝင္ထြက္ေနၾကသည့္ လူေတြဘက္တခ်က္ၾကည့္လိုက္ကာ
''တစ္ေယာက္ေယာက္က ကိုယ့္ကို မွတ္မိလိမ့္မယ္လို႔ မင္းထင္လား ''
ယန္းခ်င္းခ်ီမွာ တဖက္လူေမးခြန္းေၾကာင့္ ပိုမွင္သက္သြားရကာ
''ခင္ဗ်ားကို မွတ္မိေစခ်င္တယ္? ''
''မွတ္မိေစခ်င္႐ုံတင္မကဘူး ဓာတ္ပုံ႐ိုက္ၿပီး Weiboေပၚတင္လိုက္ရင္ ပိုေတာင္ေကာင္းဦးမွာ ''
ယန္းခ်င္းခ်ီ ေနာက္ဆုံးေတာ့ နားလည္သြားေလသည္။
''ခင္ဗ်ားက တစ္ေယာက္ေယာက္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ပုံကို ဓာတ္ပုံ႐ိုက္ၿပီး Weiboေပၚတင္လိုက္ေစခ်င္တယ္ အဲ့အခ်ိန္က် ခင္ဗ်ားရဲ႕ေ႐ွာင္ဖန္ဇီေတြက ကြၽန္ေတာ္တို႔ၾကားက ဆက္ဆံေရးကို အရမ္းေကာင္းတယ္ထင္လာၿပီး ကြၽန္ေတာ္႕ကို ပိုအာ႐ုံစိုက္လာၾကမယ္ ''
''မင္း အတတ္ျမန္သားပဲ ''
''ခင္ဗ်ား တကယ္ႀကီး အလုပ္႐ႈပ္ခံေနတာပဲ ''
က်န္းေမာ့ခ်န္ ေျပာစရာစကားပင္မဲ့သြားကာ
''ဒါေတြ ဘယ္သူ႕အတြက္လုပ္ေပးေနတာလဲ ဒီလိုမ်ိဳးအခြင့္အေရးေတြကို လူတိုင္းရတယ္လို႔ ထင္ေနတာလား ''
ယန္းခ်င္းခ်ီ ျပဳံးေနလိုက္ကာ 'အဲ့ေတာ့ ခင္ဗ်ားကြၽန္ေတာ္႕ကို ႀကိဳက္ေနတာလား မႀကိဳက္ဘူးလား' ဟု ထုတ္ေမးမိေတာ့မလို ျဖစ္သြားသည္။ သို႔ေသာ္ သူ က်န္းေမာ့ခ်န္ စိတ္ေနသေဘာထားကို ေကာင္းေကာင္းနားလည္သည္။ တဖက္လူမွာ သူ႕အေပၚ တကယ္ႀကီး ခံစားခ်က္ေတြ႐ွိေနတယ္ဆိုလွ်င္ေတာင္ ဝန္ခံဦးမည္မဟုတ္ေသးေပ။ သူ႕ကို နင့္နင့္နဲနဲခ်စ္မိသြားသည့္တစ္ေန႔ ခ်စ္မိသြားတာကို နားလည္သြားသည့္ေန႔ ေရာက္လာမွ မ႐ွက္တမ္းဝန္ခံလာလိမ့္မည္ဟု ခံစားေနရသည္။
ထိုသို႔ေတြးမိသည္ႏွင့္ သူ က်န္းေမာ့ခ်န္ဝန္ခံလာမည့္ေန႔ကို ေတာ္ေတာ္ေလး ေမွ်ာ္လင့္ေနမိသည္။ ထိုအခ်ိန္ေရာက္လာခဲ့လွ်င္ လက္မထပ္ခင္က ကားေပၚတြင္ က်န္းေမာ့ခ်န္ သူ႕ကို သတိေပးခဲ့ေသာ 'သူ႕ကိုမႀကိဳက္ဖို႔ႏွင့္ သူ႕ဘက္ကလည္း လုံးဝျပန္ႀကိဳက္လာမည္မဟုတ္ေၾကာင္း' ေျပာထားသည့္ Voice Recording ကို ဖြင့္ျပလိုက္မည္။ ထိုအခ်ိန္က် တဖက္လူကို ကိုယ့္စကားနဲ႔ ကိုယ့္ပါးကိုယ္ အ႐ိုက္ခံရတာ ဘယ္လိုခံစားရေၾကာင္း ေပးသိေစလိုက္မည္။
''ငါ၊ က်န္းေမာ့ခ်န္ ေသရင္ေသပါေစ။ မင္းကိုႀကိဳက္မွာမဟုတ္ဘူး။ မင္းဘက္ကလည္း ငါ့ကိုမႀကိဳက္ေစနဲ႔။ ပိုအ႐ွက္ရတဲ့လူက မင္းပဲျဖစ္လာလိမ့္မယ္။ __ __ ဝူးဝူးဝူး ကိုယ္မွားသြားပါတယ္ ဒယ္ဒီရယ္။ အဲ့တုန္းက ငယ္ေသးတယ္ေလ။ ဘာမွမသိနားမလည္ခဲ့ပါဘူး။ ကိုယ္ အခု ဒူးေသခ်ာေထာက္ေနတာ မင္းျမင္တယ္မလား။ ''
ယန္းခ်င္းခ်ီ ထိုျမင္ကြင္းကို ျမင္ေယာင္မိေတာ့ ေရာက္လာမည့္ေန႔ကို မေစာင့္ႏိုင္ေတာ့ဘူးလို႔ေတာင္ ခံစားေနရသည္။ သို႔ေသာ္ သူ႕ကိုယ္သူျပန္ထိန္းခ်ဳပ္လိုက္ကာ လက္႐ွိက်န္းေမာ့ခ်န္ႏွင့္ ေလေပးသင့္ေအာင္ လိုက္ေျပာလိုက္သည္။
''ကြၽန္ေတာ္႕အတြက္ ကြၽန္ေတာ္႕အတြက္ ''
''ဟုတ္ၿပီ ဒီလိုအခ်ိန္မွာ ဘာျပန္ေျပာသင့္လဲ ''
''ကြၽန္ေတာ္နာမည္ႀကီးလာရင္ အက်ိဳးအျမတ္ေတြပိုရလာမွာ နန္ခ်န္ေလ ေဘာ့စ္ ဒါ ေဘာ့စ္လုပ္သင့္တဲ့အရာေတြပါ ''
ေက်းဇူးတင္လာမည္ဟု ထင္လိုက္သည့္ က်န္းေမာ့ခ်န္မွာ သူ႕အေျဖေၾကာင့္ နင္သြားကာ
''မင္းပါးစပ္ပိတ္လိုက္ေတာ့! ''
_________________________________
စာေရးသူမွာ ေျပာစရာ႐ွိတယ္ :
ခ်ီခ်ီ : သားကငါးႏွစ္ပဲ႐ွိေသးတာေတာင္ ဒီအ႐ြယ္ေလးနဲ႔ ဒယ္ဒီ့ကိုေရအိုးကူထမ္းေပးေနရတယ္။ အရမ္းပင္ပန္းေနၿပီ။ ဒါေတာင္ ဒယ္ဒီ့ႏွလုံးသားက ခ်ီခ်ီ႕ကိုတစ္စက္ကေလးမွ မသနားဘူး!
က်န္းေမာ့ခ်န္ : မင္း ဘာလို႔အသံသြင္းထားတာလဲ! ဘာလို႔ အသံသြင္းရတာကို ေသာက္က်ိဳးနည္း ႀကိဳက္ေနရတာလဲ!! ဘယ္အခ်ိန္ကသြင္းခဲ့တာလဲလို႔!!!
ယန္းခ်င္းခ်ီ : ဟုတ္တယ္ ကြၽန္ေတာ္ ယန္းခ်င္းခ်ီက အသံသြင္းတာကြၽမ္းက်င္သူေလး! ( ╹▽╹ )
_________________________________
Ok ေမာ့ခ်န္ကို သတိေပးေနတဲ့လူေတြ၊ ss႐ိုက္ထားတဲ့လူေတြ ခ်င္းခ်ီက recording ကိုင္ၿပီး ယူတို႔ေ႐ွ႕ကေန ထိုင္ေစာင့္ေနတာေနာ္ 🤭
ၿပီးေတာ့ niniေျပာစရာ႐ွိတယ္ အပိုင္းေတြခြဲရင္ေလ ေခါင္းစဥ္ေတြက niniေလွ်ာက္ေပးထားတာမဟုတ္ဘူးေနာ္။ ေလာင္႐ွီးကိုယ္တိုင္ကိုက ႏွစ္ပိုင္းကိုတစ္ပိုင္းေပါင္းေရးရင္ ေခါင္းစဥ္ကလည္းႏွစ္ခု။ ok အဲ့တာေလး ေျပာခ်င္တာ။