ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့...

By Dandelion_nini

5.2M 710K 54.9K

Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking fin... More

Synopsis
အသိပေးစာ
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35.1
Chapter 35.2
Chapter 35.3
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140
Chapter 141
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155
Chapter 156
Chapter 157
Chapter 158
Chapter 159
Chapter 160
Chapter 161
Chapter 162
Chapter 163
Chapter 164
Chapter 165
Chapter 166
Chapter 167
Chapter 168
Chapter 169
Chapter 170
Chapter 171
Chapter 172
Chapter 173
Chapter 174
Chapter 175
Chapter 176
Chapter 177
Chapter 178
Chapter 179
Chapter 180
Chapter 181
Chapter 182
Chapter 183
Chapter 184
Chapter 185
Chapter 186
Chapter 187
Chapter 188
Chapter 189
Chapter 190
Chapter 191 [ Final ]
ကျေးဇူးတင်လွှာနဲ့ Extraအကြောင်း
Updates and fanarts
About Car

Chapter 42

28.4K 4K 429
By Dandelion_nini

Unicode

ယန်းချင်းချီ Hot Search ကို အမူအရာမဲ့ ကြည့်နေသည် 
__________________________________

ယန်းချင်းချီ Weiboကို ပိတ်ကာ ဝေ့လန်ဆီစာပြန်လိုက်သည်။

[ သြော~~ မင်းကပြန်ရှင်လာတာလား? အရင်တစ်ခေါက်ကတော့ စက္ကူဝါမီးရှို့ပေးပါ၊ ဒီလူကသေသွားပါပြီလို့ ပြောနေတာဘယ်သူပါလိမ့်? ]

ဝေ့လန် မဆိုင်းမတွ ပြန်ဖြေလာသည်။

[ အခုအချိန်မှာတောင် မင်းက ငါ့ကိုပြန်နောက်ချင်စိတ်ရှိသေးတယ်ပေါ့? မင်းခေါင်းထိပ်ကို အရင် စိတ်ပူနေသင့်တာ မဟုတ်ဘူးလား? ]

[ ထူလိုက်တာမှပိန်းလို့ ဆံပင်ကျွတ်မှာ ပူစရာကိုမလိုဘူး ] ယန်းချင်းချီ စာပြန်ပို့လိုက်သည်။

ဝေ့လန် : [ သောက်ကျိုးနည်း! ငါက မင်းဆံပင် ထူလား၊ပါးလား ​မေးနေတယ် ထင်လို့လား? ကျန်းမော့ချန် မင်းနောက်ကွယ်မှာ ယွမ်မင်ရွှိကို တိတ်တိတ်လေးသွားခိုးတွေ့တာ မင်းမသိဘူးလား? သားကြီး မင်းတစ်ခေါင်းလုံး စိမ်းသွားပြီ!! ]

ဝေ့လန် : [ (မင်းကြည့်ရတာ အရမ်းသနားစရာကောင်းနေလို့ ငါဦးထုပ်စိမ်းဆောင်းပေးလိုက်တယ် JPG.) ]

ယန်းချင်းချီ ရယ်လိုက်ကာ : [ မင်း ငါ့ကိစ္စကို ဘာလို့ အဲ့လောက် လိုက်ဂရုစိုက်နေရတာလဲ? ]

[ ငါက ပွဲကြည့်နေတာလေ JPG. ]

ထို့နောက် ဝေ့လန်က ဖရဲသီးစားနေသည့် stickerလေး ထပ်ပို့လာသည်။

ယန်းချင်းချီ အကူအညီမဲ့စွာဖြင့်

[ မင်းမှာ ဘာမှလုပ်စရာမရှိဘူးလား? ]

ဝေ့လန် : [ စကားလမ်းကြောင်း လျှောက်လွှဲမနေနဲ့ ဘာတွေဖြစ်နေတာလဲ? ကျန်းမော့ချန် ယွမ်မင်ရွှိနဲ့ တိတ်တိတ်လေး သွားတွေ့တာကို မင်းက ဘာလို့ခွင့်ပြုလိုက်ရတာလဲ? သူ အရင်က ယွမ်မင်ရွှိကို ကြိုက်နေတာ မင်းမသိဘူးလား? ဝှက်သယ်ဖက်!!! မင်းတကယ်မသိဘူးလို့တော့ မပြောနဲ့နော်! အဲ့ ဆန်ကုန်မြေလေး ကျန်းမော့ချန်က မင်းကို ဘာမှမပြောထားဘူးလား? ]

ယန်းချင်းချီ : [........]

ဝေ့လန် : [ ချစ်စကြင်နာစ ကြင်စဦးအချိန်မှာ ခင်ပွန်းက သူ့ရဲ့အဆက်ဟောင်းကို လူသိရှင်ကြား သွားတွေ့တယ်? ဒါက ကိုယ်ကျင့်တရားတွေ ယိုယွင်းလာတာကြောင့်လား? ဒါမှမဟုတ် လူ့သဘာဝတွေ ပျက်စီးလာတာကြောင့်လား? ]

ယန်းချင်းချီ : [ သူက အဆက်ဟောင်းလို့တော့ သတ်မှတ်လို့မရဘူးမလား? ]

ဝေ့လန် : [ အင်~~ သူတို့နှစ်ယောက်က တခါမှမတွဲဖူးဘူးလို့တော့ ပြောလို့ရတယ် အဲ့တော့ မင်းက သိတာလား? မသိတာလား? ]

ယန်းချင်းချီ ကျိန်းသေပေါက် သိတာပေါ့။ သို့သော် ဝေ့လန် ဘယ်လောက်အထိသိထားလဲ စပ်စုချင်တာကြောင့်

[ မင်းသိသလောက် ပြောပြ ]

ဝေ့လန်ကလည်း ဒီလိုမျိုး အိတ်သွန်ဖာမှောက်လုပ်ရမည့်အချိန်ဆို အရမ်းကို သဘောပြည့်သည်။

[ ငါပြောပြမယ် သူတို့ဇာတ်လမ်းက အရမ်းကိုခွေးသွေးဆန်တယ် အဲ့ဒါက ' ပထမလူက ဒုတိယလူကို ချစ်တယ် ဒုတိယလူက တတိယလူကိုချစ်တယ် တတိယလူကတော့ ဘယ်သူ့မှမချစ်ဘူး' plotဟ! ကျန်းမော့ချန်က ယွမ်မင်ရွှိကိုကြိုက်တယ် ယွမ်မင်ရွှိက ​ကျိုးရီရှင်းကိုကြိုက်တယ် ကျိုးရီရှင်းကကျ လုံးဝကို အဖြောင့်! အဖြောင့်! ဖြောင့်တဲ့အပြင်ကို playboy စစ်စစ် သူက ဘယ်သူ့ကိုမှမကြိုက်ဘူး ]

ယန်းချင်းချီ : [ အိုး ]

ဝေ့လန် : [ အဲ့ဒါကြောင့် ငါက မင်းနဲ့ ကျန်းမော့ချန်နဲ့ ဘယ်လိုကနေ ဘယ်လို လက်ထပ်ဖြစ်သွားကြလဲ အရမ်းကိုစိတ်ဝင်စားနေခဲ့တာ ]

ယန်းချင်းချီ : [ အချိန်မှန်နေရာမှန်မှာ တွေ့သွားကြရုံပဲ မိသားစုအခြေအနေနဲ့ အသိုင်းအဝန်းကလည်း အဲ့လောက်အကွာကြီးမဟုတ်တော့... သိတဲ့အတိုင်းပဲ ]

ဝေ့လန် : [ အဲ့တော့ ငါမေးချင်တာက ကျန်းမော့ချန်နဲ့ ယွမ်မင်ရွှိ မင်းနောက်ကွယ်မှာ တွေ့ကြတာကို သိလား? မသိဘူးလား? ] 

ယန်းချင်းချီ ပြန်စဥ်းစားလိုက်သည်။ ___ ဒါပေါ့ သူသိတာပေါ့။ မနေ့ကတင် သူငယ်ချင်းတစ်ယောက်နဲ့ ဒီနေ့ သွားတွေ့မယ်လို့ ကျန်းမော့ချန် သူ့ကိုပြောခဲ့တာပဲဟာ။ ဒါပေမဲ့ တွေမဲ့လူက ယွမ်မင်ရွှိလို့ မပြောခဲ့ရုံလေးတင်။___

သူ မနေ့က ကျန်းမော့ချန်ပြောခဲ့သည့် စကားများကို ပြန်တွေးမိလိုက်သည်။

' သူငယ်ချင်းတစ်ယောက်နဲ့ တွေ့မလို့ပါ ကိုယ့်အချိန်ဇယားတွေပြန်ညှိရမှာဆိုတော့ နည်းနည်းလေး စိတ်အနှောက်အယှက်ဖြစ်နေလို့ '။ ဟမ်! တော်တော်လေးကို လေထွားထားတာပဲ။ ဘယ်လိုလုပ် အချိန်ဇယားအပြောင်းအရွှေ့ကြောင့် ဖြစ်နိုင်မှာလဲ။ ကျိန်းသေပေါက် တွေ့ရမဲ့လူကြောင့် အဲ့ရုပ်ဖြစ်နေတာ အသိသာကြီးကို။

ယန်းချင်းချီ နှာခေါင်းရှုံ့လိုက်သည်။ လူလိမ်!

သူ ဖုန်းကိုပြန်ကြည့်ကာ ဝေ့လန်ကို စာပြန်လိုက်သည်။

[ သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့မယ်လို့ပဲ ငါ့ကိုပြောခဲ့တာ ]

[ ချီးပဲ!! အဲ့ဆက်ဆံရေးကို ပုံမှန်သူငယ်ချင်းလို့ ခေါ်လို့ရလို့လား? ဘယ်သူထင်မိမှာလဲ လူတကာ လေးစားအားကျနေကြတဲ့ ကျန်းမော့ချန်လိုလူကလည်း အဲ့လို အယုတ်တမာကျင့် အယုတ်တမာကြံ ကြံလိမ့်မယ်လို့ ]

သူပြောတာ တော်တော်လေးမှန်သည်ဟု ယန်းချင်းချီထင်မိတာကြောင့် လက်ခုပ်လေးတီးပေးလိုက်သည်။

[ ငါ့ကို လက်ခုပ်လာတီးပြမနေနဲ့ မင်း ဘာလို့ သူ့ကိုမဆူရသေးတာလဲ? မင်းအမြဲတမ်း အာစောင်းလျှာစောင်း ထက်နေကြမဟုတ်ဘူးလား? ]

ယန်းချင်းချီ စာပြန်တော့မည့်အချိန် သူ့ဆီလာနေသည့် ရင်းနှီးသည့်ပုံရိပ်လေးကို မျက်လုံးထောင့်ကနေ မြင်လိုက်တာကြောင့် သူစာမရိုက်တော့ပဲ Voice Message ခလုတ်လေးကို ဖိလိုက်ကာ

''မလိုဘူး ငါတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ဘယ်သူအပြင်လူရှိရှိ ကွာရှင်းရမဲ့ ဆက်ဆံရေးမျိုး ငါတို့ကြားမှာ ဘာခံစားချက်မှမရှိဘူး တစ်ယောက်မရှိလို့ နောက်တစ်ယောက်ကပါ မနေနိုင်မဲ့ ဆက်ဆံရေးမျိုးမှမဟုတ်တာ ''

ကျန်းမော့ချန် ခြေလှမ်းများရပ်တန့်သွားကာ ဖုန်းကိုပဲငုံ့ကြည့်နေသည့် ယန်းချင်းချီကို ကြည့်နေလိုက်သည်။ တဖက်က ဘယ်သူနဲ့ပြောနေလဲ သူမသိသော်ငြား ထိုစကားများကတော့ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ရည်ညွှန်းနေမှန်း သူသိသည်။

'ငါတို့ကြားမှာ ဘာခံစားချက်မှမရှိဘူး တစ်ယောက်မရှိလို့ နောက်တစ်ယောက်ကပါ မနေနိုင်မဲ့ ဆက်ဆံရေးမျိုးမှမဟုတ်တာ' ဟက်! ဘယ်လိုတောင် ကောင်းလိုက်တဲ့ စကားလဲ။

သူ အေးစက်စက်ပြုံးလိုက်ကာ အသံတစ်စက်မထွက်ပဲ ထိုနေရာကလှည့်၍ ပြန်ထွက်လာခဲ့သည်။

တဖက်လူထွက်သွားမှ ယန်းချင်းချီ ဝေ့လန်ပို့ထားသည့်စာကို ပြန်ကြည့်လိုက်သည်။

[ မင်းတို့နှစ်ယောက် ဘယ်လိုကနေဘယ်လို အဲ့အခြေအနေအထိရောက်သွားကြတာလဲ ]

ယန်းချင်းချီ ပွင့်ပွင့်လင်းလင်းပဲ ပြန်ဖြေလာသည်။

[ ငယ်ငယ်လေးကတည်းက စေ့စပ်ထားတာ လက်ထပ်သင့်တဲ့ အရွယ်ရောက်တော့ လက်ထပ်လိုက်တယ် ဒါပဲ ]

တဖက်လူကို အသေးစိတ် ရှင်းပြနေစရာ မလိုတာကြောင့် ယန်းချင်းရှီကိစ္စကိုတော့ ထည့်ပြောမနေတော့ပေ။

ဝေ့လန်မှာ အံ့သြထိတ်လန့်သွားမှန်းသိသာလှကာ သူ့ကို '?'တစ်သိန်းဖြင့် မေးလာပြန်သည်။

[ အဲ့လိုရှေးရိုးစွဲနေတဲ့အလေ့အထကြီးကို မင်းတို့နှစ်ယောက်က လက်ခံလိုက်ကြတယ်????? မင်းတို့နှစ်ယောက်က 'လက်ထပ်ပြီးမှချစ်မယ်' လို့ စီစဥ်ထားကြတာလား????? ]

ယန်းချင်းချီက အပြုံးမျက်နှာလေးပို့ရင်း ပြန်ဖြေလာသည်။

[ ဒါပေါ့ နှစ်ယောက်လုံးက သဟဇာတဖြစ်နေတာပဲဟာ ]

ဝေ့လန် : [ ....စောက်ရမ်းရဲတယ်! ]

ယန်းချင်းချီ : [ အဲ့ဒါကို လျှို့ဝှက်ထားပေး မင်းဘယ်သူ့ကိုမှ ပြောခွင့်မရှိဘူး ]

ဝေ့လန် ပါးစပ်ကို ဇစ်ဆွဲပိတ်သည့် stickerလေး ပြန်ပို့လာကာ

[ အဲ့ဒါတော့ ပူမနေနဲ့ ]

ယန်းချင်းချီကို သွားရှာရန် ပေါ့ပါးလန်းဆန်းနေသော စိတ်အခြေအနေဖြင့် ကားပေါ်ကဆင်းကာ သူနှင့် လျို့အိုက်ကို အနားပေးလိုက်သည့် သူ့သူဌေးမှာ အခုတော့ မျက်နှာရှစ်ခေါက်ချိုးဖြင့် သူ့ဆီပြန်လာတာကို ကြည့်ရင်း ဝမ်ရှန့်ဟိုင် ဘာလုပ်ရမှန်းမသိဖြစ်နေသည်။

''ချန်ကော ဘာဖြစ်လို့လဲ ''

ကျန်းမော့ချန်က ဘာမှပြောမလာပဲ ဇာတ်ညွှန်းစာအုပ်ကိုယူပြီးသာ ဖတ်နေသည်။

ကျန်းမော့ချန်မှာ ပုံမှန်ဆို ပေါင်းသင်းဆက်ဆံရလွယ်ကူသည့် ဘော့စ်တစ်ယောက်ဖြစ်တာကြောင့် အခုလိုပုံစံက ရှောင်ဝမ်ကို အတော်လေး ကြောက်လန့်သွားစေသည်။ သူမြန်မြန်လေး ယန်းချင်းချီကို စာပို့လိုက်ကာ

[ ချန်ကော မင်းကိုလာရှာလား ]

ယန်းချင်းချီ မသိချင်ယောင်ဆောင်လိုက်သည်။

[ မလာပါဘူး ငါမတွေ့မိဘူး ]

ဒါက လိမ်တယ်လို့တော့ မသတ်မှတ်နိုင်ပါ။ သူ တကယ်လည်း ကျန်းမော့ချန်နဲ့ ထိပ်တိုက်မတွေ့ခဲ့ပေ။

ရှောင်ဝမ်မှာ ပိုရှုပ်ထွေးသွားသည်။

[ ချန်ကောက မင်းကိုသွားတွေ့မယ်ဆိုပြီး ထွက်သွားတာလေ သူမင်းကို တကယ်ကြီး လာမရှာဘူးလား ]

[ ငါမတွေ့မိဘူး သူဘာဖြစ်လို့လဲ ]

ရှောင်ဝမ် ကျန်းမော့ချန်၏ အောက်သိုးသိုးမျက်နှာထားကို ကြည့်ပြီး

[ သူ စိတ်အခြေအနေမကောင်းဘူး! ]

ယန်းချင်းချီ စိတ်ထဲကနေ ပြောလိုက်သည်။ 'အဲ့လောက်လေး ပြောလိုက်ရုံနဲ့ သူ့စိတ်အခြေအနေက မကောင်းရရောလား?'။ သူမျက်လုံးသာ လှန်မိလိုက်သည်။

သူလည်းပဲ အခုအချိန်မှာ ကျန်းမော့ချန်ကို မမြင်ချင်ပါ။ သူ တဖက်လူကိုမြင်လိုက်တာနဲ့ သူ့ကို ဘယ်လိုလိမ်ခဲ့ကြောင်း ပြန်စဥ်းစားမိလိုက်တိုင်း စိတ်တိုလာရသည်။ သူ့မှာ တခြားလူကို နေ့လည်စာဖိတ်ကျွေးရမလားဟုတောင် မေးခဲ့သေးသည်။

မသိရင်အရူးလိုပဲ! သူ့ကိုလိမ်စရာမှမလိုတာ!

သူကိုယ်တိုင်ကလည်း ဘယ်ကိစ္စဖြစ်ဖြစ် ဝင်ပါပြီး အပြစ်လိုက်ရှာနေသည့် လူမျိုးမဟုတ်ပေ။ တကယ်လို့ ကျန်းမော့ချန်သာ ယွမ်မင်ရွှိကိုသွားတွေ့မည်ဟု ရိုးရိုးသားသားပြောလာခဲ့လျှင် သူနားလည်ပေးမှာပင်။

ဘာလို့ သူ့ကိုလိမ်ဖို့လိုရတာလဲ?

ထိုညက အချိန်ကောင်းလေးတွေလည်း ရှိခဲ့ကြပြီး  မနက်စာစားတုန်းကတောင် နှစ်ယောက်သား fandom nameအတွက် ခေါင်းစားနေခဲ့သေးသည်။ သို့သော် မျက်စိတမှိတ်အတွင်းမှာပင် သူ့ကိုလိမ်ခဲ့သည်။

ဒီလိုအလိမ်အညာတွေက ပထမတစ်ကြိမ်ရှိလာလျှင် ဒုတိယ၊တတိယဆိုတာလည်း ရှိလာဦးမှာပင်။ အထူးသဖြင့် ယွမ်မင်ရွှိအတွက်။ ယန်းချင်းချီ ဝတ္ထုကိုပြန်စဥ်းစားကြည့်လိုက်တော့ မူရင်းဝတ္ထုထဲတွင် ယွမ်မင်ရွှိက ဒီလိုအချိန်မှာပဲ ပြည်မကြီးကိုပြန်လာကာ ကျိုးရီရှင်းကိုမေ့ပြီး ကျန်းမော့ချန်နှင့်စတွဲခဲ့သည်။ သူတို့ဆက်ဆံရေးမှာ အဆင်ပြေကာ တဖြည်းဖြည်းနှင့် ချစ်ကြည်နူးလို့ရမည့် အဆင့်နားအထိ ရောက်လာခဲ့ကြသည်။ သို့သော် မိန်းမလှတွေဆို ထည်လဲတွဲတတ်သည့် ကျိုးရီရှင်းပြန်ရောက်လာကာ သူကွေးသွားပြီဟု ယွမ်မင်ရွှိကိုပြောခဲ့သည်။ သူ့ကို ခွင့်လွှတ်ပေးဖို့နဲ့ အတူရှိနေဖို့ကိုလည်းမျှော်လင့်ကြောင်း ဖွင့်ဟဝန်ခံခဲ့သည်။ ကျန်းမော့ချန်ကို ချစ်မိသွားပြီဖြစ်သည့် ယွမ်မင်ရွှိမှာ ကျိုးရီရှင်းကိုလည်း လက်မလွှတ်နိုင်သလို ခံစားလာရသည်။ နှစ်ယောက်ကြား ဗျာများရင်း ဘယ်သူ့ကြိုက်ရမှန်းမသိဖြစ်နေခဲ့သည်။

ဒီဇာတ်လမ်းက တော်တော်လေးခေါင်းကိုက်စရာကောင်းသည်ဟု ယန်းချင်းချီခံစားနေရသည်။ သူကိုယ်တိုင်တောင် ဘာလို့ဖတ်ခဲ့မှန်း နားမလည်နိုင်ဖြစ်နေသည်။ အခု ယွမ်မင်ရွှိ ပြန်လာပြီဆိုတော့ ကျိုးရီရှင်းကလည်း အမှားတွေသိ အမှန်တွေမြင်ပြီး ပြန်လိုက်လာမလားမပြောတတ်ပေ။ သူ့​အထင်အရ ကျိုးရီရှင်းကလည်း လွယ်လွယ်ကူကူဖြေရှင်းလို့ရမည့်လူမျိုး မဟုတ်ပါ။

ယန်းချင်းချီ ခေါင်းကိုခါလိုက်ကာ ထိုအကြောင်းတွေ ဆက်မတွေးချင်တော့ပေ။ သူ ဖုန်းကိုပြန်ကြည့်လိုက်ကာ ရှောင်ဝမ်ကိုစာပြန်လိုက်သည်။

[ အဲ့ဒါတော့ ငါလည်းမကူညီနိုင်ဘူး ]

ရှောင်ဝမ် ထိုစာလုံးများကိုကြည့်ရင်း တော်တော်လေးကြောင်အသွားသည်။

ဒါက ဘော့စ်ဆို စလိုက်နောက်လိုက်လုပ်တတ်တဲ့၊ ဘော့စ်နဲ့ မရှင်းမရှင်းဆက်ဆံရေးရှိတဲ့ ယန်းချင်းချီမှ ဟုတ်ရဲ့လား??? မင်းမကူညီနိုင်ရင် ဘယ်သူကူညီနိုင်မှာလဲ ပြော!!!

သူ ရေခဲရုပ်ကျန်းမော့ချန်ကို လှည့်ကြည့်လိုက်ကာ စိတ်ဒုက္ခရောက်စွာဖြင့် သူ့အတွက် စကားပြောအောင်လုပ်ပေးနိုင်မည့် အသင့်တော်ဆုံးလူကို ဖုန်းထဲလိုက်ရှာနေလိုက်သည်။

အဆုံးတွင်တော့ သိမ်မွေ့သောစိတ်ထားရှိသည့် ယွီရှီးဟယ်ကို ရှောင်ဝမ်ရွေးချယ်လိုက်သည်။ ရှောင်ဝမ်ဆီကနေ ထိုကဲ့သို့ message များကို လက်ခံရခြင်းကလည်း ယွီရှီးဟယ်အတွက်တော့ ပထမဆုံးအကြိမ်မဟုတ်ခဲ့ပါ။ သူ အခြေအနေကိုနားလည်လိုက်တာကြောင့် ကူညီဖို့ဝန်မလေးခဲ့ပေ။ 

[ မင်းနဲ့ ယွမ်မင်ရွှိ တွေ့ခဲ့တာလား ] 

ကျန်းမော့ချန် စိတ်မကြည်မလင်ဖြစ်နေရသည့် အကြောင်းရင်းမှာ ယွမ်မင်ရွှိကြောင့်ဟု ထင်လိုက်တာကြောင့် ယွီရှီးဟယ် တီးကြည့်ခေါက်ကြည့်ရန် Wechatကနေ စာပို့လိုက်သည်။

ကျန်းမော့ချန်က [ Mn ] တစ်လုံးထဲသာ စာပြန်လာသည်။

[ စကားပြောရတာ အဆင်မပြေခဲ့ဘူးလား? ]

[ ပြေပါတယ် ]

[ ငါလည်းအဲ့လိုထင်လိုက်ပါတယ် မင်းတို့ဓာတ်ပုံထဲမှာ ရယ်ပြုံးနေကြတာပဲဟာ ဒါဆို မင်းက ဘာလို့စိတ်အခြေအနေမကောင်းရတာလဲ? ]

ကျန်းမော့ချန် ရှုပ်ထွေးသွားကာ

[ ဘယ်ကဓာတ်ပုံလဲ? ]

[ Hot searchထဲ ရောက်နေတဲ့ ဓာတ်ပုံတွေလေ မင်းဒီနှစ်ရက်လုံး ရှာဖွေမှုအများဆုံးစာရင်းကနေကို မဆင်းဘူး ]

ကျန်းမော့ချန် နားဝေတိမ်တောင်ဖြစ်သွားကာ Weibo ဖွင့်ကြည့်လိုက်မှ သူနှင့်ယွမ်မင်ရွှိမှာ နာမည်ကြီးတွဲရက်ဖြင့် Hot Searchကို ရောက်နေကြောင်း တွေ့လိုက်ရသည်။ သူနှိပ်ကြည့်လိုက်တော့ Marketing Account ပေါင်းစုံက ယွမ်မင်ရွှိပြန်လာပြီဖြစ်ကြောင်း သူ့ပုံနှင့်အတူ သောင်းသောင်းဖြဖြ ပရိုမိုးရှင်းဆင်းထားကြသည်။

သူ ရှောင်ဝမ်ဘက် လှည့်လိုက်ကာ

''ဒါဘာလဲ? ''

ရှောင်ဝမ်မှာ ရှေ့ကိုတိုးရင်း ဖုန်းကိုတစ်ချက်ကြည့်လိုက်သည်။ နောက်မှ ကျန်းမော့ချန် ယွမ်မင်ရွှိနှင့်အတူ Hot Searchထဲ ရောက်နေတာကို မေးနေမှန်း သိလိုက်ရတာကြောင့် ထုံးစံလိုပြန်ဖြေလာခဲ့သည်။

''ယွမ်မင်ရွှိဘက်က ဝယ်လိုက်တာလေ သူ့အဖွဲ့ကအဲ့လိုလုပ်နေကျ ဒါပုံမှန်ပါပဲ ''

''ငါက ဘယ်လိုလုပ်မသိရတာလဲ '' ကျန်းမော့ချန် မေးလာသည်။ '' မင်း မြင်ပြီးသားလား ငါ့ကိုဘာလို့ ဘာမှမပြောတာလဲ''

ရှောင်ဝမ် ခေါင်းလေးကုတ်ရင်း

''သူတို့ အဲ့လိုလုပ်နေကြတာ ထုံးစံလိုတောင် ဖြစ်နေပြီ ချန်ကော ကောအရင်ကပြောခဲ့တယ်လေ ယွမ်မင်ရွှိဘက်ကနေ ကောရဲ့ကျော်ကြားမှုကိုငှားသုံးချင်ရင် ငှားခွင့်ပေးလိုက်ဆို ကျွန်တော်တို့ဘက်က ဂရုစိုက်စရာမလိုဘူးဆို ''

ကျန်းမော့ချန် ကြောင်အသွားရသည်။ သူတကယ်ကြီးလည်း ထိုစကားများကို ပြောခဲ့ဖူးသည်။ အစပိုင်းတုန်းက ယွမ်မင်ရွှိမှာ အခွင့်အလမ်းကောင်းများ မရှိသည့်အပြင် နာမည်လည်းမကြီးသေးပေ။ အဲ့အချိန်တုန်းက အရမ်းကူညီပေးချင်ခဲ့သည်။ ထို့ကြောင့် ယွမ်မင်ရွှိ သူ့ကျော်ကြားမှုကို မှီပြီး ရှာဖွေမှုအများဆုံးစာရင်းတွေထဲ ဝင်အောင်လုပ်ထားလျှင် သူ မသိချင်ယောင်ဆောင်ထားသည်က များသည်။ အဲ့လိုလုပ်နေတာတွေက သူ့ပုံရိပ်အတွက် မကောင်းဘူးဟု ဝူယွမ်ကပြောခဲ့သည်။ ယွမ်မင်ရွှိဘက်က Hot Search ဝယ်ချိန်ဆို အာရုံစိုက်မှုရအောင် သူ့နာမည်ကိုပါ ဆွဲဆွဲထည့်သည်။ Fanတွေက နားလည်ကြသော်ငြား ရှာဖွေမှုအများဆုံးစာရင်းပေါ် ခဏခဏရောက်နေတာကတော့ လူမြင်မကောင်းပေ။ ထိုအချိန်တုန်းကတော့ လုံးဝဂရုမစိုက်ခဲ့ပါ။ အခုတော့များ သူ့နာမည်မှာ Hot Searchထဲ ဟိုးလေးတကြော်ကြော်ဖြစ်နေတာတောင် သူများပြောမှသိရသည့် ဘဝရောက်နေသည်။

ကျန်းမော့ချန် ရိုက်ကွင်းကနေ ထွက်လာလိုက်သည်။ တိတ်ဆိတ်သည့်နေရာ တစ်ခုရှာလိုက်ကာ ဝူယွမ်ကို ဖုန်းခေါ်လိုက်သည်။

''ငါနဲ့ ယွမ်မင်ရွှိနဲ့ Hot Search တွေထဲ ရောက်နေတာကို မင်းသိလား''

''သိတယ်လေ အဲ့ပုံတွေက သေချာနေရာရွေးပြီး ရိုက်ထားမှန်း သိသာနေတာကို အဲ့ဘက်က စီစဥ်ပြီး ထုတ်လိုက်တာ ဖြစ်မယ် ငါ့တို့ဘက်ကမထုတ်မှတော့ သူတို့ဘက်ကထုတ်တာပေါ့ ပြီးတော့ ယွမ်မင်ရွှိ ပြန်ရောက်ရောက်ချင်း Weiboမှာ Postတင်လိုက်တာနဲ့ Marketing Account တွေက ပလူပျံအောင်လိုက်တင်နေကြတာ Hot Search က သူတို့ဘက်က ဝယ်ထားတာမှန်းအသိသာကြီးကို ငါလည်း ထွေထူးပြီး ဖြေရှင်းမနေတော့ဘူး ''

ထိုအချိန်တွင် ကျန်းမော့ချန်စိတ်ထဲ ဘယ်လိုတွေ ခံစားနေရမှန်း စကားလုံးနှင့်တောင် ဖော်ပြလို့မရနိုင်ပေ။ သူ မတော်တဆမှုဖြစ်ခဲ့သည့်နေ့က ယန်းချင်းချီ၏ လျင်မြန်ဖြတ်လတ်မှုကြီးကို ပြန်သတိရသွားသည်။ ထိုကောင်လေး၏ အကဲဖြတ်ကြည့်ရှုနိုင်စွမ်းမှာ သာမန်လူထက်မြင့်သည်။ သူ သူ့(ယန်းချင်းချီ)နောက်တွင် ရပ်နေသည်ကို မသိတာမဖြစ်နိုင်ပေ။ ယန်းချင်းချီ တမင်လုပ်ခဲ့တာဖြစ်မည်။ သူရှိနေတယ်ဆိုတာကိုသိလို့ Voice message ခလုတ်ကို တမင်နှိပ်ကာ တဖက်လူကိုစာပြန်ခြင်းဖြစ်နိုင်သည်။ ထိုစကားများကို သူကြားစေရန် တမင်ပြောခဲ့ခြင်းပင်။ 

ယန်းချင်းချီမှာ လူသစ်လို့ ပြောလို့ရတာကြောင့် အရာရာက သူ့အတွက် အထူးအဆန်းဖြစ်နေကာ  Weibo ပေါ်သွားပြီး ဟိုရှာဒီရှာလုပ်နေတတ်မှန်း သူသိထားပြီးသား ဖြစ်သည်။ အခုလို သူ့နာမည်ကြီးက ယွမ်မင်ရွှိနှင့်အတူ ရှာဖွေမှုအများဆုံးစာရင်းထဲရောက်နေတာတွေ၊ Marketing Accountတွေရဲ့ ပရိုးမိုရှင်း Postတွေ၊ ထောင့်ပေါင်းစုံကနေ သေချာရိုက်ယူထားတဲ့ ဓာတ်ပုံတွေ အကုန်လုံးကို သေချာမြင်ပြီးသွားလောက်ပြီဟု ယူဆလို့ရနိုင်သည်။ ယန်းချင်းချီကိုယ်တိုင်လည်း Hot Search ဝယ်တာတွေ၊ လူအာရုံစိုက်ခံရအောင် လုပ်တာတွေ ကြုံဖူးပြီးသားဖြစ်တာကြောင့် အခုတခေါက်တွင်လည်း သူက ယွမ်မင်ရွှိပြန်လာတာကို ကူပြီး ပရိုမိုးရှင်းဆင်းပေးသည်ဟု ထင်သွားနိုင်သည်။

ထိုသို့စဥ်းစားမိတော့ ကျန်းမော့ချန် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ပေ။

သူ အစောပိုင်းကတင် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို အလေးမထားပဲ လွန်လွန်ကြူးကြူးတွေ ပြောနေခဲ့သည်ဟုထင်ကာ ယန်းချင်းချီကို စိတ်ဆိုးနေခဲ့ခြင်းပင်။ ထိုသူမှာ အခုတမျိုး တော်ကြာတမျိုးဖြင့် ပူလိုက်အေးလိုက်လုပ်နေသည်ဟု တွေးနေခဲ့သည်။ အခုတော့ ယန်းချင်းချီမှာ သူ၏ဆိုးရွားလှသည့် အလိမ်အညာများကို သိထားပြီးဖြစ်တာကြောင့် နောက်ကွယ်တွင် လုပ်နေသည့် သူ့အပြုအမူတွေကို အပြုံးလေးဖြင့် ကြည့်ရင်း 'ခင်ဗျားနဲ့ ကျွန်တော်နဲ့ကြားမှ ဘာခံစားချက်မှမရှိဘူး ခင်ဗျားဖောက်ပြန်ရင် ကျွန်တော်တို့ကွာရှင်းမယ် ကျွန်တော်တို့အဆင်ပြေနိုင်တဲ့အချိန်ထိ နေမယ် အဆင်မပြေရင် ပြတ်မယ်' ဟု သွယ်ဝိုက်သောနည်းဖြင့် သူသိအောင် ကြေငြာလိုက်ခြင်းဖြစ်သည်။

ယန်းချင်းချီ Hot Searchကို တွေ့သွားတာကြောင့်ရော၊ သူလိမ်ခဲ့မိတာကြောင့်ရော၊ သူ့ကိုအဲ့စကားတွေ တမင်ကြားအောင်ပြောလိုက်တာ​ကြောင့်ရော___ အတော်လေး ဝမ်းနည်းနေသည်။

သူ အက်ကွဲနေသည့် အသံဖြင့် ဝူယွမ်ကိုပြောလိုက်သည်။

''အခုချက်ချင်း အဲ့ Hot Search ကိုဖျက်၊ နောက်တစ်ခါ ငါနဲ့ပတ်သက်သမျှ ဘယ် Hot Searchမှ မဝယ်ဖို့ ယွမ်မင်ရွှိအဖွဲ့ကိုပြောလိုက် မဟုတ်ရင် ငါတို့ဘက်က တရားဥပဒေအတိုင်းလုပ်မယ် ''

ဝူယွမ်မှာ တော်တော်လေး အံ့အားသင့်သွားကာ

''မင်းတကယ်ကြီး ပြောနေတာလား ''

''အင်း ''

''ဘုရားရေ မင်း ဒီနေ့ ဘာဖြစ်နေတာလဲ မင်း ရုတ်တရက်ကြီး အသိအမြင်တွေ ပွင့်လင်းသွားတာလား ထပ်ပြီး မရူးတော့ဘူးပေါ့? ''

________________________________

nini : အိုင်း! ယွမ်မင်ရွှိက တကယ်စိတ်ကင်ဆာ! သူ့နာမည်ပါရင်ကို ကျော်ပြန်ချင်လာတာ 😑 မူရင်းဝတ္ထုထဲက ကျန်းမော့ချန်ကိုတောင် တော်တော်လေး သနားသွားတယ် သူသာ ချီချီရဲ့ နောက်အဖေတစ်ယောက်ဖြစ်လာရင် ချီချီလေးက ဒီ့ထက်ပိုတိတ်သွားမှာလို့ တွေးမိတယ် 😔 အိုင်း!

Zawgyi

ယန္းခ်င္းခ်ီ Hot Search ကို အမူအရာမဲ့ ၾကည့္ေနသည္ 
__________________________________

ယန္းခ်င္းခ်ီ Weiboကို ပိတ္ကာ ေဝ့လန္ဆီစာျပန္လိုက္သည္။

[ ေၾသာ~~ မင္းကျပန္႐ွင္လာတာလား? အရင္တစ္ေခါက္ကေတာ့ စကၠဴဝါမီး႐ိႈ႕ေပးပါ၊ ဒီလူကေသသြားပါၿပီလို႔ ေျပာေနတာဘယ္သူပါလိမ့္? ]

ေဝ့လန္ မဆိုင္းမတြ ျပန္ေျဖလာသည္။

[ အခုအခ်ိန္မွာေတာင္ မင္းက ငါ့ကိုျပန္ေနာက္ခ်င္စိတ္႐ွိေသးတယ္ေပါ့? မင္းေခါင္းထိပ္ကို အရင္ စိတ္ပူေနသင့္တာ မဟုတ္ဘူးလား? ]

[ ထူလိုက္တာမွပိန္းလို႔ ဆံပင္ကြၽတ္မွာ ပူစရာကိုမလိုဘူး ] ယန္းခ်င္းခ်ီ စာျပန္ပို႔လိုက္သည္။

ေဝ့လန္ : [ ေသာက္က်ိဳးနည္း! ငါက မင္းဆံပင္ ထူလား၊ပါးလား ​ေမးေနတယ္ ထင္လို႔လား? က်န္းေမာ့ခ်န္ မင္းေနာက္ကြယ္မွာ ယြမ္မင္႐ႊိကို တိတ္တိတ္ေလးသြားခိုးေတြ႕တာ မင္းမသိဘူးလား? သားႀကီး မင္းတစ္ေခါင္းလုံး စိမ္းသြားၿပီ!! ]

ေဝ့လန္ : [ (မင္းၾကည့္ရတာ အရမ္းသနားစရာေကာင္းေနလို႔ ငါဦးထုပ္စိမ္းေဆာင္းေပးလိုက္တယ္ JPG.) ]

ယန္းခ်င္းခ်ီ ရယ္လိုက္ကာ : [ မင္း ငါ့ကိစၥကို ဘာလို႔ အဲ့ေလာက္ လိုက္ဂ႐ုစိုက္ေနရတာလဲ? ]

[ ငါက ပြဲၾကည့္ေနတာေလ JPG. ]

ထို႔ေနာက္ ေဝ့လန္က ဖရဲသီးစားေနသည့္ stickerေလး ထပ္ပို႔လာသည္။

ယန္းခ်င္းခ်ီ အကူအညီမဲ့စြာျဖင့္

[ မင္းမွာ ဘာမွလုပ္စရာမ႐ွိဘူးလား? ]

ေဝ့လန္ : [ စကားလမ္းေၾကာင္း ေလွ်ာက္လႊဲမေနနဲ႔ ဘာေတြျဖစ္ေနတာလဲ? က်န္းေမာ့ခ်န္ ယြမ္မင္႐ႊိနဲ႔ တိတ္တိတ္ေလး သြားေတြ႕တာကို မင္းက ဘာလို႔ခြင့္ျပဳလိုက္ရတာလဲ? သူ အရင္က ယြမ္မင္႐ႊိကို ႀကိဳက္ေနတာ မင္းမသိဘူးလား? ဝွက္သယ္ဖက္!!! မင္းတကယ္မသိဘူးလို႔ေတာ့ မေျပာနဲ႔ေနာ္! အဲ့ ဆန္ကုန္ေျမေလး က်န္းေမာ့ခ်န္က မင္းကို ဘာမွမေျပာထားဘူးလား? ]

ယန္းခ်င္းခ်ီ : [........]

ေဝ့လန္ : [ ခ်စ္စၾကင္နာစ ၾကင္စဦးအခ်ိန္မွာ ခင္ပြန္းက သူ႕ရဲ႕အဆက္ေဟာင္းကို လူသိ႐ွင္ၾကား သြားေတြ႕တယ္? ဒါက ကိုယ္က်င့္တရားေတြ ယိုယြင္းလာတာေၾကာင့္လား? ဒါမွမဟုတ္ လူ႕သဘာဝေတြ ပ်က္စီးလာတာေၾကာင့္လား? ]

ယန္းခ်င္းခ်ီ : [ သူက အဆက္ေဟာင္းလို႔ေတာ့ သတ္မွတ္လို႔မရဘူးမလား? ]

ေဝ့လန္ : [ အင္~~ သူတို႔ႏွစ္ေယာက္က တခါမွမတြဲဖူးဘူးလို႔ေတာ့ ေျပာလို႔ရတယ္ အဲ့ေတာ့ မင္းက သိတာလား? မသိတာလား? ]

ယန္းခ်င္းခ်ီ က်ိန္းေသေပါက္ သိတာေပါ့။ သို႔ေသာ္ ေဝ့လန္ ဘယ္ေလာက္အထိသိထားလဲ စပ္စုခ်င္တာေၾကာင့္

[ မင္းသိသေလာက္ ေျပာျပ ]

ေဝ့လန္ကလည္း ဒီလိုမ်ိဳး အိတ္သြန္ဖာေမွာက္လုပ္ရမည့္အခ်ိန္ဆို အရမ္းကို သေဘာျပည့္သည္။

[ ငါေျပာျပမယ္ သူတို႔ဇာတ္လမ္းက အရမ္းကိုေခြးေသြးဆန္တယ္ အဲ့ဒါက ' ပထမလူက ဒုတိယလူကို ခ်စ္တယ္ ဒုတိယလူက တတိယလူကိုခ်စ္တယ္ တတိယလူကေတာ့ ဘယ္သူ႕မွမခ်စ္ဘူး' plotဟ! က်န္းေမာ့ခ်န္က ယြမ္မင္႐ႊိကိုႀကိဳက္တယ္ ယြမ္မင္႐ႊိက ​က်ိဳးရီ႐ွင္းကိုႀကိဳက္တယ္ က်ိဳးရီ႐ွင္းကက် လုံးဝကို အေျဖာင့္! အေျဖာင့္! ေျဖာင့္တဲ့အျပင္ကို playboy စစ္စစ္ သူက ဘယ္သူ႕ကိုမွမႀကိဳက္ဘူး ]

ယန္းခ်င္းခ်ီ : [ အိုး ]

ေဝ့လန္ : [ အဲ့ဒါေၾကာင့္ ငါက မင္းနဲ႔ က်န္းေမာ့ခ်န္နဲ႔ ဘယ္လိုကေန ဘယ္လို လက္ထပ္ျဖစ္သြားၾကလဲ အရမ္းကိုစိတ္ဝင္စားေနခဲ့တာ ]

ယန္းခ်င္းခ်ီ : [ အခ်ိန္မွန္ေနရာမွန္မွာ ေတြ႕သြားၾက႐ုံပဲ မိသားစုအေျခအေနနဲ႔ အသိုင္းအဝန္းကလည္း အဲ့ေလာက္အကြာႀကီးမဟုတ္ေတာ့... သိတဲ့အတိုင္းပဲ ]

ေဝ့လန္ : [ အဲ့ေတာ့ ငါေမးခ်င္တာက က်န္းေမာ့ခ်န္နဲ႔ ယြမ္မင္႐ႊိ မင္းေနာက္ကြယ္မွာ ေတြ႕ၾကတာကို သိလား? မသိဘူးလား? ] 

ယန္းခ်င္းခ်ီ ျပန္စဥ္းစားလိုက္သည္။ ___ ဒါေပါ့ သူသိတာေပါ့။ မေန႔ကတင္ သူငယ္ခ်င္းတစ္ေယာက္နဲ႔ ဒီေန႔ သြားေတြ႕မယ္လို႔ က်န္းေမာ့ခ်န္ သူ႕ကိုေျပာခဲ့တာပဲဟာ။ ဒါေပမဲ့ ေတြမဲ့လူက ယြမ္မင္႐ႊိလို႔ မေျပာခဲ့႐ုံေလးတင္။___

သူ မေန႔က က်န္းေမာ့ခ်န္ေျပာခဲ့သည့္ စကားမ်ားကို ျပန္ေတြးမိလိုက္သည္။

' သူငယ္ခ်င္းတစ္ေယာက္နဲ႔ ေတြ႕မလို႔ပါ ကိုယ့္အခ်ိန္ဇယားေတြျပန္ညႇိရမွာဆိုေတာ့ နည္းနည္းေလး စိတ္အေႏွာက္အယွက္ျဖစ္ေနလို႔ '။ ဟမ္! ေတာ္ေတာ္ေလးကို ေလထြားထားတာပဲ။ ဘယ္လိုလုပ္ အခ်ိန္ဇယားအေျပာင္းအေ႐ႊ႕ေၾကာင့္ ျဖစ္ႏိုင္မွာလဲ။ က်ိန္းေသေပါက္ ေတြ႕ရမဲ့လူေၾကာင့္ အဲ့႐ုပ္ျဖစ္ေနတာ အသိသာႀကီးကို။

ယန္းခ်င္းခ်ီ ႏွာေခါင္း႐ႈံ႕လိုက္သည္။ လူလိမ္!

သူ ဖုန္းကိုျပန္ၾကည့္ကာ ေဝ့လန္ကို စာျပန္လိုက္သည္။

[ သူငယ္ခ်င္းတစ္ေယာက္နဲ႔ သြားေတြ႕မယ္လို႔ပဲ ငါ့ကိုေျပာခဲ့တာ ]

[ ခ်ီးပဲ!! အဲ့ဆက္ဆံေရးကို ပုံမွန္သူငယ္ခ်င္းလို႔ ေခၚလို႔ရလို႔လား? ဘယ္သူထင္မိမွာလဲ လူတကာ ေလးစားအားက်ေနၾကတဲ့ က်န္းေမာ့ခ်န္လိုလူကလည္း အဲ့လို အဲ့လို အယုတ္တမာက်င့္ အယုတ္တမာႀကံ ၾကံလိမ့္မယ္လို႔ ]

သူေျပာတာ ေတာ္ေတာ္ေလးမွန္သည္ဟု ယန္းခ်င္းခ်ီထင္မိတာေၾကာင့္ လက္ခုပ္ေလးတီးေပးလိုက္သည္။

[ ငါ့ကို လက္ခုပ္လာတီးျပမေနနဲ႔ မင္း ဘာလို႔ သူ႕ကိုမဆူရေသးတာလဲ? မင္းအၿမဲတမ္း အာေစာင္းလွ်ာေစာင္း ထက္ေနၾကမဟုတ္ဘူးလား? ]

ယန္းခ်င္းခ်ီ စာျပန္ေတာ့မည့္အခ်ိန္ သူ႕ဆီလာေနသည့္ ရင္းႏွီးသည့္ပုံရိပ္ေလးကို မ်က္လုံးေထာင့္ကေန ျမင္လိုက္တာေၾကာင့္ သူစာမ႐ိုက္ေတာ့ပဲ Voice Message ခလုတ္ေလးကို ဖိလိုက္ကာ

''မလိုဘူး ငါတို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရးက ဘယ္သူအျပင္လူ႐ွိ႐ွိ ကြာ႐ွင္းရမဲ့ ဆက္ဆံေရးမ်ိဳး ငါတို႔ၾကားမွာ ဘာခံစားခ်က္မွမ႐ွိဘူး တစ္ေယာက္မ႐ွိလို႔ ေနာက္တစ္ေယာက္ကပါ မေနႏိုင္မဲ့ ဆက္ဆံေရးမ်ိဳးမွမဟုတ္တာ ''

က်န္းေမာ့ခ်န္ ေျခလွမ္းမ်ားရပ္တန္႔သြားကာ ဖုန္းကိုပဲငုံ႔ၾကည့္ေနသည့္ ယန္းခ်င္းခ်ီကို ၾကည့္ေနလိုက္သည္။ တဖက္က ဘယ္သူနဲ႔ေျပာေနလဲ သူမသိေသာ္ျငား ထိုစကားမ်ားကေတာ့ သူတို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရးကို ရည္ၫႊန္းေနမွန္း သူသိသည္။

'ငါတို႔ၾကားမွာ ဘာခံစားခ်က္မွမ႐ွိဘူး တစ္ေယာက္မ႐ွိလို႔ ေနာက္တစ္ေယာက္ကပါ မေနႏိုင္မဲ့ ဆက္ဆံေရးမ်ိဳးမွမဟုတ္တာ' ဟက္! ဘယ္လိုေတာင္ ေကာင္းလိုက္တဲ့ စကားလဲ။

သူ ေအးစက္စက္ျပဳံးလိုက္ကာ အသံတစ္စက္မထြက္ပဲ ထိုေနရာကလွည့္၍ ျပန္ထြက္လာခဲ့သည္။

တဖက္လူထြက္သြားမွ ယန္းခ်င္းခ်ီ ေဝ့လန္ပို႔ထားသည့္စာကို ျပန္ၾကည့္လိုက္သည္။

[ မင္းတို႔ႏွစ္ေယာက္ ဘယ္လိုကေနဘယ္လို အဲ့အေျခအေနအထိေရာက္သြားၾကတာလဲ ]

ယန္းခ်င္းခ်ီ ပြင့္ပြင့္လင္းလင္းပဲ ျပန္ေျဖလာသည္။

[ ငယ္ငယ္ေလးကတည္းက ေစ့စပ္ထားတာ လက္ထပ္သင့္တဲ့ အ႐ြယ္ေရာက္ေတာ့ လက္ထပ္လိုက္တယ္ ဒါပဲ ]

တဖက္လူကို အေသးစိတ္ ႐ွင္းျပေနစရာ မလိုတာေၾကာင့္ ယန္းခ်င္း႐ွီကိစၥကိုေတာ့ ထည့္ေျပာမေနေတာ့ေပ။

ေဝ့လန္မွာ အံ့ၾသထိတ္လန္႔သြားမွန္းသိသာလွကာ သူ႕ကို '?'တစ္သိန္းျဖင့္ ေမးလာျပန္သည္။

[ အဲ့လိုေ႐ွး႐ိုးစြဲေနတဲ့အေလ့အထႀကီးကို မင္းတို႔ႏွစ္ေယာက္က လက္ခံလိုက္ၾကတယ္????? မင္းတို႔ႏွစ္ေယာက္က 'လက္ထပ္ၿပီးမွခ်စ္မယ္' လို႔ စီစဥ္ထားၾကတာလား????? ]

ယန္းခ်င္းခ်ီက အျပဳံးမ်က္ႏွာေလးပို႔ရင္း ျပန္ေျဖလာသည္။

[ ဒါေပါ့ ႏွစ္ေယာက္လုံးက သဟဇာတျဖစ္ေနတာပဲဟာ ]

ေဝ့လန္ : [ ....ေစာက္ရမ္းရဲတယ္! ]

ယန္းခ်င္းခ်ီ : [ အဲ့ဒါကို လွ်ိဳ႕ဝွက္ထားေပး မင္းဘယ္သူ႕ကိုမွ ေျပာခြင့္မ႐ွိဘူး ]

ေဝ့လန္ ပါးစပ္ကို ဇစ္ဆြဲပိတ္သည့္ stickerေလး ျပန္ပို႔လာကာ

[ အဲ့ဒါေတာ့ ပူမေနနဲ႔ ]

ယန္းခ်င္းခ်ီကို သြား႐ွာရန္ ေပါ့ပါးလန္းဆန္းေနေသာ စိတ္အေျခအေနျဖင့္ ကားေပၚကဆင္းကာ သူႏွင့္ လ်ိဳ႕အိုက္ကို အနားေပးလိုက္သည့္ သူ႕သူေဌးမွာ အခုေတာ့ မ်က္ႏွာ႐ွစ္ေခါက္ခ်ိဳးျဖင့္ သူ႕ဆီျပန္လာတာကို ၾကည့္ရင္း ဝမ္႐ွန္႔ဟိုင္ ဘာလုပ္ရမွန္းမသိျဖစ္ေနသည္။

''ခ်န္ေကာ ဘာျဖစ္လို႔လဲ ''

က်န္းေမာ့ခ်န္က ဘာမွေျပာမလာပဲ ဇာတ္ၫႊန္းစာအုပ္ကိုယူၿပီးသာ ဖတ္ေနသည္။

က်န္းေမာ့ခ်န္မွာ ပုံမွန္ဆို ေပါင္းသင္းဆက္ဆံရလြယ္ကူသည့္ ေဘာ့စ္တစ္ေယာက္ျဖစ္တာေၾကာင့္ အခုလိုပုံစံက ေ႐ွာင္ဝမ္ကို အေတာ္ေလး ေၾကာက္လန္႔သြားေစသည္။ သူျမန္ျမန္ေလး ယန္းခ်င္းခ်ီကို စာပို႔လိုက္ကာ

[ ခ်န္ေကာ မင္းကိုလာ႐ွာလား ]

ယန္းခ်င္းခ်ီ မသိခ်င္ေယာင္ေဆာင္လိုက္သည္။

[ မလာပါဘူး ငါမေတြ႕မိဘူး ]

ဒါက လိမ္တယ္လို႔ေတာ့ မသတ္မွတ္ႏိုင္ပါ။ သူ တကယ္လည္း က်န္းေမာ့ခ်န္နဲ႔ ထိပ္တိုက္မေတြ႕ခဲ့ေပ။

ေ႐ွာင္ဝမ္မွာ ပို႐ႈပ္ေထြးသြားသည္။

[ ခ်န္ေကာက မင္းကိုသြားေတြ႕မယ္ဆိုၿပီး ထြက္သြားတာေလ သူမင္းကို တကယ္ႀကီး လာမ႐ွာဘူးလား ]

[ ငါမေတြ႕မိဘူး သူဘာျဖစ္လို႔လဲ ]

ေ႐ွာင္ဝမ္ က်န္းေမာ့ခ်န္၏ ေအာက္သိုးသိုးမ်က္ႏွာထားကို ၾကည့္ၿပီး

[ သူ စိတ္အေျခအေနမေကာင္းဘူး! ]

ယန္းခ်င္းခ်ီ စိတ္ထဲကေန ေျပာလိုက္သည္။ 'အဲ့ေလာက္ေလး ေျပာလိုက္႐ုံနဲ႔ သူ႕စိတ္အေျခအေနက မေကာင္းရေရာလား?'။ သူမ်က္လုံးသာ လွန္မိလိုက္သည္။

သူလည္းပဲ အခုအခ်ိန္မွာ က်န္းေမာ့ခ်န္ကို မျမင္ခ်င္ပါ။ သူ တဖက္လူကိုျမင္လိုက္တာနဲ႔ သူ႕ကို ဘယ္လိုလိမ္ခဲ့ေၾကာင္း ျပန္စဥ္းစားမိလိုက္တိုင္း စိတ္တိုလာရသည္။ သူ႕မွာ တျခားလူကို ေန႔လည္စာဖိတ္ေကြၽးရမလားဟုေတာင္ ေမးခဲ့ေသးသည္။

မသိရင္အ႐ူးလိုပဲ! သူ႕ကိုလိမ္စရာမွမလိုတာ!

သူကိုယ္တိုင္ကလည္း ဘယ္ကိစၥျဖစ္ျဖစ္ ဝင္ပါၿပီး အျပစ္လိုက္႐ွာေနသည့္ လူမ်ိဳးမဟုတ္ေပ။ တကယ္လို႔ က်န္းေမာ့ခ်န္သာ ယြမ္မင္႐ႊိကိုသြားေတြ႕မည္ဟု ႐ိုး႐ိုးသားသားေျပာလာခဲ့လွ်င္ သူနားလည္ေပးမွာပင္။

ဘာလို႔ သူ႕ကိုလိမ္ဖို႔လိုရတာလဲ?

ထိုညက အခ်ိန္ေကာင္းေလးေတြလည္း ႐ွိခဲ့ၾကၿပီး  မနက္စာစားတုန္းကေတာင္ ႏွစ္ေယာက္သား fandom nameအတြက္ ေခါင္းစားေနခဲ့ေသးသည္။ သို႔ေသာ္ မ်က္စိတမွိတ္အတြင္းမွာပင္ သူ႕ကိုလိမ္ခဲ့သည္။

ဒီလိုအလိမ္အညာေတြက ပထမတစ္ႀကိမ္႐ွိလာလွ်င္ ဒုတိယ၊တတိယဆိုတာလည္း ႐ွိလာဦးမွာပင္။ အထူးသျဖင့္ ယြမ္မင္႐ႊိအတြက္။ ယန္းခ်င္းခ်ီ ဝတၳဳကိုျပန္စဥ္းစားၾကည့္လိုက္ေတာ့ မူရင္းဝတၳဳထဲတြင္ ယြမ္မင္႐ႊိက ဒီလိုအခ်ိန္မွာပဲ ျပည္မႀကီးကိုျပန္လာကာ က်ိဳးရီ႐ွင္းကိုေမ့ၿပီး က်န္းေမာ့ခ်န္ႏွင့္စတြဲခဲ့သည္။ သူတို႔ဆက္ဆံေရးမွာ အဆင္ေျပကာ တျဖည္းျဖည္းႏွင့္ ခ်စ္ၾကည္ႏူးလို႔ရမည့္ အဆင့္နားအထိ ေရာက္လာခဲ့ၾကသည္။ သို႔ေသာ္ မိန္းမလွေတြဆို ထည္လဲတြဲတတ္သည့္ က်ိဳးရီ႐ွင္းျပန္ေရာက္လာကာ သူေကြးသြားၿပီဟု ယြမ္မင္႐ႊိကိုေျပာခဲ့သည္။ သူ႕ကို ခြင့္လႊတ္ေပးဖို႔နဲ႔ အတူ႐ွိေနဖို႔ကိုလည္းေမွ်ာ္လင့္ေၾကာင္း ဖြင့္ဟဝန္ခံခဲ့သည္။ က်န္းေမာ့ခ်န္ကို ခ်စ္မိသြားၿပီျဖစ္သည့္ ယြမ္မင္႐ႊိမွာ က်ိဳးရီ႐ွင္းကိုလည္း လက္မလႊတ္ႏိုင္သလို ခံစားလာရသည္။ ႏွစ္ေယာက္ၾကား ဗ်ာမ်ားရင္း ဘယ္သူ႕ႀကိဳက္ရမွန္းမသိျဖစ္ေနခဲ့သည္။

ဒီဇာတ္လမ္းက ေတာ္ေတာ္ေလးေခါင္းကိုက္စရာေကာင္းသည္ဟု ယန္းခ်င္းခ်ီခံစားေနရသည္။ သူကိုယ္တိုင္ေတာင္ ဘာလို႔ဖတ္ခဲ့မွန္း နားမလည္ႏိုင္ျဖစ္ေနသည္။ အခု ယြမ္မင္႐ႊိ ျပန္လာၿပီဆိုေတာ့ က်ိဳးရီ႐ွင္းကလည္း အမွားေတြသိ အမွန္ေတြျမင္ၿပီး ျပန္လိုက္လာမလားမေျပာတတ္ေပ။ သူ႕​အထင္အရ က်ိဳးရီ႐ွင္းကလည္း လြယ္လြယ္ကူကူေျဖ႐ွင္းလို႔ရမည့္လူမ်ိဳး မဟုတ္ပါ။

ယန္းခ်င္းခ်ီ ေခါင္းကိုခါလိုက္ကာ ထိုအေၾကာင္းေတြ ဆက္မေတြးခ်င္ေတာ့ေပ။ သူ ဖုန္းကိုျပန္ၾကည့္လိုက္ကာ ေ႐ွာင္ဝမ္ကိုစာျပန္လိုက္သည္။

[ အဲ့ဒါေတာ့ ငါလည္းမကူညီႏိုင္ဘူး ]

ေ႐ွာင္ဝမ္ ထိုစာလုံးမ်ားကိုၾကည့္ရင္း ေတာ္ေတာ္ေလးေၾကာင္အသြားသည္။

ဒါက ေဘာ့စ္ဆို စလိုက္ေနာက္လိုက္လုပ္တတ္တဲ့၊ ေဘာ့စ္နဲ႔ မ႐ွင္းမ႐ွင္းဆက္ဆံေရး႐ွိတဲ့ ယန္းခ်င္းခ်ီမွ ဟုတ္ရဲ႕လား??? မင္းမကူညီႏိုင္ရင္ ဘယ္သူကူညီႏိုင္မွာလဲ ေျပာ!!!

သူ ေရခဲ႐ုပ္က်န္းေမာ့ခ်န္ကို လွည့္ၾကည့္လိုက္ကာ စိတ္ဒုကၡေရာက္စြာျဖင့္ သူ႕အတြက္ စကားေျပာေအာင္လုပ္ေပးႏိုင္မည့္ အသင့္ေတာ္ဆုံးလူကို ဖုန္းထဲလိုက္႐ွာေနလိုက္သည္။

အဆုံးတြင္ေတာ့ သိမ္ေမြ႕ေသာစိတ္ထား႐ွိသည့္ ယြီ႐ွီးဟယ္ကို ေ႐ွာင္ဝမ္ေ႐ြးခ်ယ္လိုက္သည္။ ေ႐ွာင္ဝမ္ဆီကေန ထိုကဲ့သို႔ message မ်ားကို လက္ခံရျခင္းကလည္း ယြီ႐ွီးဟယ္အတြက္ေတာ့ ပထမဆုံးအႀကိမ္မဟုတ္ခဲ့ပါ။ သူ အေျခအေနကိုနားလည္လိုက္တာေၾကာင့္ ကူညီဖို႔ဝန္မေလးခဲ့ေပ။ 

[ မင္းနဲ႔ ယြမ္မင္႐ႊိ ေတြ႕ခဲ့တာလား ] 

က်န္းေမာ့ခ်န္ စိတ္မၾကည္မလင္ျဖစ္ေနရသည့္ အေၾကာင္းရင္းမွာ ယြမ္မင္႐ႊိေၾကာင့္ဟု ထင္လိုက္တာေၾကာင့္ ယြီ႐ွီးဟယ္ တီးၾကည့္ေခါက္ၾကည့္ရန္ Wechatကေန စာပို႔လိုက္သည္။

က်န္းေမာ့ခ်န္က [ Mn ] တစ္လုံးထဲသာ စာျပန္လာသည္။

[ စကားေျပာရတာ အဆင္မေျပခဲ့ဘူးလား? ]

[ ေျပပါတယ္ ]

[ ငါလည္းအဲ့လိုထင္လိုက္ပါတယ္ မင္းတို႔ဓာတ္ပုံထဲမွာ ရယ္ျပဳံးေနၾကတာပဲဟာ ဒါဆို မင္းက ဘာလို႔စိတ္အေျခအေနမေကာင္းရတာလဲ? ]

က်န္းေမာ့ခ်န္ ႐ႈပ္ေထြးသြားကာ

[ ဘယ္ကဓာတ္ပုံလဲ? ]

[ Hot searchထဲ ေရာက္ေနတဲ့ ဓာတ္ပုံေတြေလ မင္းဒီႏွစ္ရက္လုံး ႐ွာေဖြမႈအမ်ားဆုံးစာရင္းကေနကို မဆင္းဘူး ]

က်န္းေမာ့ခ်န္ နားေဝတိမ္ေတာင္ျဖစ္သြားကာ Weibo ဖြင့္ၾကည့္လိုက္မွ သူႏွင့္ယြမ္မင္႐ႊိမွာ နာမည္ႀကီးတြဲရက္ျဖင့္ Hot Searchကို ေရာက္ေနေၾကာင္း ေတြ႕လိုက္ရသည္။ သူႏွိပ္ၾကည့္လိုက္ေတာ့ Marketing Account ေပါင္းစုံက ယြမ္မင္႐ႊိျပန္လာၿပီျဖစ္ေၾကာင္း သူ႕ပုံႏွင့္အတူ ေသာင္းေသာင္းျဖျဖ ပ႐ိုမိုး႐ွင္းဆင္းထားၾကသည္။

သူ ေ႐ွာင္ဝမ္ဘက္ လွည့္လိုက္ကာ

''ဒါဘာလဲ? ''

ေ႐ွာင္ဝမ္မွာ ေ႐ွ႕ကိုတိုးရင္း ဖုန္းကိုတစ္ခ်က္ၾကည့္လိုက္သည္။ ေနာက္မွ က်န္းေမာ့ခ်န္ ယြမ္မင္႐ႊိႏွင့္အတူ Hot Searchထဲ ေရာက္ေနတာကို ေမးေနမွန္း သိလိုက္ရတာေၾကာင့္ ထုံးစံလိုျပန္ေျဖလာခဲ့သည္။

''ယြမ္မင္႐ႊိဘက္က ဝယ္လိုက္တာေလ သူ႕အဖြဲ႕ကအဲ့လိုလုပ္ေနက် ဒါပုံမွန္ပါပဲ ''

''ငါက ဘယ္လိုလုပ္မသိရတာလဲ '' က်န္းေမာ့ခ်န္ ေမးလာသည္။ '' မင္း ျမင္ၿပီးသားလား ငါ့ကိုဘာလို႔ ဘာမွမေျပာတာလဲ''

ေ႐ွာင္ဝမ္ ေခါင္းေလးကုတ္ရင္း

''သူတို႔ အဲ့လိုလုပ္ေနၾကတာ ထုံးစံလိုေတာင္ ျဖစ္ေနၿပီ ခ်န္ေကာ ေကာအရင္ကေျပာခဲ့တယ္ေလ ယြမ္မင္႐ႊိဘက္ကေန ေကာရဲ႕ေက်ာ္ၾကားမႈကိုငွားသုံးခ်င္ရင္ ငွားခြင့္ေပးလိုက္ဆို ကြၽန္ေတာ္တို႔ဘက္က ဂ႐ုစိုက္စရာမလိုဘူးဆို ''

က်န္းေမာ့ခ်န္ ေၾကာင္အသြားရသည္။ သူတကယ္ႀကီးလည္း ထိုစကားမ်ားကို ေျပာခဲ့ဖူးသည္။ အစပိုင္းတုန္းက ယြမ္မင္႐ႊိမွာ အခြင့္အလမ္းေကာင္းမ်ား မ႐ွိသည့္အျပင္ နာမည္လည္းမႀကီးေသးေပ။ အဲ့အခ်ိန္တုန္းက အရမ္းကူညီေပးခ်င္ခဲ့သည္။ ထို႔ေၾကာင့္ ယြမ္မင္႐ႊိ သူ႕ေက်ာ္ၾကားမႈကို မွီၿပီး ႐ွာေဖြမႈအမ်ားဆုံးစာရင္းေတြထဲ ဝင္ေအာင္လုပ္ထားလွ်င္ သူ မသိခ်င္ေယာင္ေဆာင္ထားသည္က မ်ားသည္။ အဲ့လိုလုပ္ေနတာေတြက သူ႕ပုံရိပ္အတြက္ မေကာင္းဘူးဟု ဝူယြမ္ကေျပာခဲ့သည္။ ယြမ္မင္႐ႊိဘက္က Hot Search ဝယ္ခ်ိန္ဆို အာ႐ုံစိုက္မႈရေအာင္ သူ႕နာမည္ကိုပါ ဆြဲဆြဲထည့္သည္။ Fanေတြက နားလည္ၾကေသာ္ျငား ႐ွာေဖြမႈအမ်ားဆုံးစာရင္းေပၚ ခဏခဏေရာက္ေနတာကေတာ့ လူျမင္မေကာင္းေပ။ ထိုအခ်ိန္တုန္းကေတာ့ လုံးဝဂ႐ုမစိုက္ခဲ့ပါ။ အခုေတာ့မ်ား သူ႕နာမည္မွာ Hot Searchထဲ ဟိုးေလးတေၾကာ္ေၾကာ္ျဖစ္ေနတာေတာင္ သူမ်ားေျပာမွသိရသည့္ ဘဝေရာက္ေနသည္။

က်န္းေမာ့ခ်န္ ႐ိုက္ကြင္းကေန ထြက္လာလိုက္သည္။ တိတ္ဆိတ္သည့္ေနရာ တစ္ခု႐ွာလိုက္ကာ ဝူယြမ္ကို ဖုန္းေခၚလိုက္သည္။

''ငါနဲ႔ ယြမ္မင္႐ႊိနဲ႔ Hot Search ေတြထဲ ေရာက္ေနတာကို မင္းသိလား''

''သိတယ္ေလ အဲ့ပုံေတြက ေသခ်ာေနရာေ႐ြးၿပီး ႐ိုက္ထားမွန္း သိသာေနတာကို အဲ့ဘက္က စီစဥ္ၿပီး ထုတ္လိုက္တာ ျဖစ္မယ္ ငါ့တို႔ဘက္ကမထုတ္မွေတာ့ သူတို႔ဘက္ကထုတ္တာေပါ့ ၿပီးေတာ့ ယြမ္မင္႐ႊိ ျပန္ေရာက္ေရာက္ခ်င္း Weiboမွာ Postတင္လိုက္တာနဲ႔ Marketing Account ေတြက ပလူပ်ံေအာင္လိုက္တင္ေနၾကတာ Hot Search က သူတို႔ဘက္က ဝယ္ထားတာမွန္းအသိသာႀကီးကို ငါလည္း ေထြထူးၿပီး ေျဖ႐ွင္းမေနေတာ့ဘူး ''

ထိုအခ်ိန္တြင္ က်န္းေမာ့ခ်န္စိတ္ထဲ ဘယ္လိုေတြ ခံစားေနရမွန္း စကားလုံးႏွင့္ေတာင္ ေဖာ္ျပလို႔မရႏိုင္ေပ။ သူ မေတာ္တဆမႈျဖစ္ခဲ့သည့္ေန႔က ယန္းခ်င္းခ်ီ၏ လ်င္ျမန္ျဖတ္လတ္မႈႀကီးကို ျပန္သတိရသြားသည္။ ထိုေကာင္ေလး၏ အကဲျဖတ္ၾကည့္႐ႈႏိုင္စြမ္းမွာ သာမန္လူထက္ျမင့္သည္။ သူ သူ႕(ယန္းခ်င္းခ်ီ)ေနာက္တြင္ ရပ္ေနသည္ကို မသိတာမျဖစ္ႏိုင္ေပ။ ယန္းခ်င္းခ်ီ တမင္လုပ္ခဲ့တာျဖစ္မည္။ သူ႐ွိေနတယ္ဆိုတာကိုသိလို႔ Voice message ခလုတ္ကို တမင္ႏွိပ္ကာ တဖက္လူကိုစာျပန္ျခင္းျဖစ္ႏိုင္သည္။ ထိုစကားမ်ားကို သူၾကားေစရန္ တမင္ေျပာခဲ့ျခင္းပင္။ 

ယန္းခ်င္းခ်ီမွာ လူသစ္လို႔ ေျပာလို႔ရတာေၾကာင့္ အရာရာက သူ႕အတြက္ အထူးအဆန္းျဖစ္ေနကာ  Weibo ေပၚသြားၿပီး ဟို႐ွာဒီ႐ွာလုပ္ေနတတ္မွန္း သူသိထားၿပီးသား ျဖစ္သည္။ အခုလို သူ႕နာမည္ႀကီးက ယြမ္မင္႐ႊိႏွင့္အတူ ႐ွာေဖြမႈအမ်ားဆုံးစာရင္းထဲေရာက္ေနတာေတြ၊ Marketing Accountေတြရဲ႕ ပ႐ိုးမို႐ွင္း Postေတြ၊ ေထာင့္ေပါင္းစုံကေန ေသခ်ာ႐ိုက္ယူထားတဲ့ ဓာတ္ပုံေတြ အကုန္လုံးကို ေသခ်ာျမင္ၿပီးသြားေလာက္ၿပီဟု ယူဆလို႔ရႏိုင္သည္။ ယန္းခ်င္းခ်ီကိုယ္တိုင္လည္း Hot Search ဝယ္တာေတြ၊ လူအာ႐ုံစိုက္ခံရေအာင္ လုပ္တာေတြ ၾကဳံဖူးၿပီးသားျဖစ္တာေၾကာင့္ အခုတေခါက္တြင္လည္း သူက ယြမ္မင္႐ႊိျပန္လာတာကို ကူၿပီး ပ႐ိုမိုး႐ွင္းဆင္းေပးသည္ဟု ထင္သြားႏိုင္သည္။

ထိုသို႔စဥ္းစားမိေတာ့ က်န္းေမာ့ခ်န္ ဘာလုပ္လို႔ ဘာကိုင္ရမွန္း မသိေတာ့ေပ။

သူ အေစာပိုင္းကတင္ သူတို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရးကို အေလးမထားပဲ လြန္လြန္ၾကဴးၾကဴးေတြ ေျပာေနခဲ့သည္ဟုထင္ကာ ယန္းခ်င္းခ်ီကို စိတ္ဆိုးေနခဲ့ျခင္းပင္။ ထိုသူမွာ အခုတမ်ိဳး ေတာ္ၾကာတမ်ိဳးျဖင့္ ပူလိုက္ေအးလိုက္လုပ္ေနသည္ဟု ေတြးေနခဲ့သည္။ အခုေတာ့ ယန္းခ်င္းခ်ီမွာ သူ၏ဆိုး႐ြားလွသည့္ အလိမ္အညာမ်ားကို သိထားၿပီးျဖစ္တာေၾကာင့္ ေနာက္ကြယ္တြင္ လုပ္ေနသည့္ သူ႕အျပဳအမူေတြကို အျပဳံးေလးျဖင့္ ၾကည့္ရင္း 'ခင္ဗ်ားနဲ႔ ကြၽန္ေတာ္နဲ႔ၾကားမွ ဘာခံစားခ်က္မွမ႐ွိဘူး ခင္ဗ်ားေဖာက္ျပန္ရင္ ကြၽန္ေတာ္တို႔ကြာ႐ွင္းမယ္ ကြၽန္ေတာ္တို႔အဆင္ေျပႏိုင္တဲ့အခ်ိန္ထိ ေနမယ္ အဆင္မေျပရင္ ျပတ္မယ္' ဟု သြယ္ဝိုက္ေသာနည္းျဖင့္ သူသိေအာင္ ေၾကျငာလိုက္ျခင္းျဖစ္သည္။

ယန္းခ်င္းခ်ီ Hot Searchကို ေတြ႕သြားတာေၾကာင့္ေရာ၊ သူလိမ္ခဲ့မိတာေၾကာင့္ေရာ၊ သူ႕ကိုအဲ့စကားေတြ တမင္ၾကားေအာင္ေျပာလိုက္တာ​ေၾကာင့္ေရာ___ အေတာ္ေလး ဝမ္းနည္းေနသည္။

သူ အက္ကြဲေနသည့္ အသံျဖင့္ ဝူယြမ္ကိုေျပာလိုက္သည္။

''အခုခ်က္ခ်င္း အဲ့ Hot Search ကိုဖ်က္၊ ေနာက္တစ္ခါ ငါနဲ႔ပတ္သက္သမွ် ဘယ္ Hot Searchမွ မဝယ္ဖို႔ ယြမ္မင္႐ႊိအဖြဲ႕ကိုေျပာလိုက္ မဟုတ္ရင္ ငါတို႔ဘက္က တရားဥပေဒအတိုင္းလုပ္မယ္ ''

ဝူယြမ္မွာ ေတာ္ေတာ္ေလး အံ့အားသင့္သြားကာ

''မင္းတကယ္ႀကီး ေျပာေနတာလား ''

''အင္း ''

''ဘုရားေရ မင္း ဒီေန႔ ဘာျဖစ္ေနတာလဲ မင္း ႐ုတ္တရက္ႀကီး အသိအျမင္ေတြ ပြင့္လင္းသြားတာလား ထပ္ၿပီး မ႐ူးေတာ့ဘူးေပါ့? ''

________________________________

nini : အိုင္း! ယြမ္မင္႐ႊိက တကယ္စိတ္ကင္ဆာ! သူ႕နာမည္ပါရင္ကို ေက်ာ္ျပန္ခ်င္လာတာ 😑 မူရင္းဝတၳဳထဲက က်န္းေမာ့ခ်န္ကိုေတာင္ ေတာ္ေတာ္ေလး သနားသြားတယ္ သူသာ ခ်ီခ်ီရဲ႕ ေနာက္အေဖတစ္ေယာက္ျဖစ္လာရင္ ခ်ီခ်ီေလးက ဒီ့ထက္ပိုတိတ္သြားမွာလို႔ ေတြးမိတယ္ 😔 အိုင္း!

Continue Reading

You'll Also Like

74.5K 6K 116
wp က error ခဏဖြစ်ဖြစ်နေလာမသိပါဘူး အရင်ကဆိုအပိုင်း၂၀၀ထိတင်ရတယ်အခု ၁၅၀တစ်ခါတစ်ခါဆ်ု၁၄၀ကျော်လောက်တဲ့တင်မရတော့လို့နောက်တစ်ပုဒ်မှာပြောင်းတင်ရနော့တယ်အဲ့ကြေ...
245K 13.4K 52
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
80.4K 9.1K 98
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...