[Unicode]
ဒီကလေးနဲ့ ဘယ်လို ညှိနှိုင်းရမလဲ နင်မုန့် စဉ်းစားမရတော့။
သူ့ကို အော်လိုက်လို့လည်း မဖြစ်သလို အမှန်တိုင်းပြောပြ လိုက်လို့ကလည်း မဖြစ်သေး။ ပြီးတော့ သူမ ဘ၀ထဲက ကန်ထုတ်ဖို့ကလည်း ထင်ထားသလောက် မရိုးရှင်းပေ။
ပိုအရေးကြီးတာက "မူလနင်မုန့်"က ဒီကောင်လေးနဲ့ စကားစပြောပြီး ၂ရက်လောက် အကြာမှာတင် သူမရဲ့ ပုံအစစ်ကိုပါ ပို့ခဲ့ဖူးသည်ဆိုတာ နင်မုန့် သိလိုက်ရသည်။ တခြားစကားဖြင့် ပြောရမယ်ဆိုပါက သူမ အနေနဲ့ ဒီကောင်လေး လူမှားပြောနေကြောင်း အကြောင်းပြချက် ပေးလို့မရတော့ပေ။
နဖူးကို ပွတ်လိုက်ရင်းနဲ့ပဲ နင်မုန့် စာပြန်လိုက်သည် : [ဟင့်အင်း ငါအခု မဆော့နိုင်သေးဘူး။ နောက်နေ့မှ ဆော့ကြမယ်]
"နတ်ဘုရား"က voice messageတစ်ဆောင် ထပ်ပို့လာသည်။ "ဒါပေမယ့် အမကလည်း ကျွန်တော်တို့ အတူမဆော့ဖြစ်တာတောင် အတော်ကြာနေပြီလေ"
နင်မုန့် : [ဒါပေမယ့် ငါအလုပ်ရှုပ်နေတယ်လေ]
"နတ်ဘုရား" : [အိုကေ....ဒါဆိုလည်း နောက်တခေါက်မှပေါ့။ ဂရုစိုက်နော် အမ]
ဟူး....
ဒီခွေးပေါက်လေးက တော်တော် တွယ်ကပ်တတ်တဲ့ ကောင်လေးပါလား။
-
တနင်္လာနေ့ မနက်ပိုင်းတွင် ဖြစ်သည်။
ဟော်ပေ့ချန် အလုပ်သွားဖို့ ပြင်ဆင်ပြီးတဲ့အခါ သူ့စားပွဲပေါ်မှ သော့ချိတ်လေးကို မြင်လိုက်ရသည်။ အံဆွဲကို ဖွင့်လိုက်ပြီးနောက် မသုံးတာ အတော် ကြာပြီဖြစ်တဲ့ သော့တွဲတစ်စုံကို ယူလိုက်သည်။ သော့ကို အသုံးမပြုတော့သည်မှာ အံဆွဲကို အီလက်ထရောနစ် စနစ်နဲ့ စအသုံးပြုစဉ်ကတည်းက ဖြစ်သည်။ သော့ချိတ်ကို သော့တွဲမှာ တပ်ဆင်လိုက်ပြီးနောက်မှာတော့ သူ့ ရုံးခန်းဆီသို့ ဦးတည်လိုက်သည်။
ရုံးခန်းသို့ ရောက်တဲ့အခါ သော့ချိတ်ကို သူ့စားပွဲပေါ်သို့ ငြင်သာစွာ တင်လိုက်ပြီးနောက် အပေါ်အင်္ကျီကို မစ္စတာလျူထံ ကမ်းပေးလိုက်သည်။ မစ္စတာလျူဆိုတာက ရိုးသား အလုပ်ကြိုးစားပြီး သူ့ ရုံးက ၀န်ထမ်းတွေရဲ့ အလုပ်ကို ကြီးကြပ်ပေးရတဲ့ အတွင်းရေးမှူးဖြစ်လေသည်။
ဘော့စ်ရဲ့ အပေါ်၀တ်ရုံကို ချိတ်ပေးလိုက်ပြီးနောက် မစ္စတာလျူက ပြောလိုက်သည်။ "မစ္စတာဟော် သော့ချိတ်က အတော်လှတာပဲ"
ထိုအခါမှာတော့....အမြဲတမ်း မျက်နှာတည်ပြီး တိတ်ဆိတ်နေတတ်တဲ့ မစ္စတာဟော်က မမျှော်လင့်ထားစွာပဲ ပါးစပ်တို့ ပွင့်လာ၏။
"အမြင်ကောင်း ရှိသားပဲ"
“??”
မစ္စတာလျူ ရှော့ရသွားသည်။
ဒီနေ့က ကမ္ဘာပျက်မယ့် နေ့များလား? အနောက်အရပ်ကနေများ နေထွက်လာလို့လား?
မစ္စတာလျူတစ်ယောက် ပါးစပ်ဟောင်းလောင်းဖြစ်လျက် အတိုင်းသားနဲ့ ရုံးခန်းအပြင်သို့ ထွက်သွားပြီးနောက်မှာတော့ ဟော်ပေ့ချန်က သူ့ခုံပေါ်တွင် ထိုင်လိုက်သည်။ ဖိုင်တွဲတွေ ဖွင့်လိုက်သည့်တိုင် သူ့စိတ်တို့က အလုပ်ထဲ မရောက်သေးဘဲ အကြည့်တို့က သော့ချိတ်ဆီမှာသာ မြဲနေလေ၏။
နေရောင်နဲ့ ထိတွေ့မှုကြောင့် သော့ချိတ်မှ အပြာရောင် သလင်းကျောက်က လှပစွာ တောက်ပလို့နေသည်။
အချိန်ကြာမြင့်စွာ ကြည့်ပြီးနောက်မှာတော့ အလုပ်ဆီကို ဟော်ပေ့ချန် ပြန်ပြီး သေချာအာရုံစိုက်လိုက်သည်။
ရုတ်တရက် တံခါးခေါက်သံ ထွက်ပေါ်လာ၏။ ထိုသူက ချီရှန် ဖြစ်သည်။
"ဘော့စ် ဒီအပတ်ရဲ့ စာရင်းတင်ပြချက် ထွက်လာပြီမို့ ဘော့စ်ရဲ့ လက်မှတ် လိုအပ်ပါတယ်"
တင်ပြချက်ကို စားပွဲပေါ်တင်ပေးပြီးတဲ့နောက်မှာတော့ ချီရှန်က ထပ်ပြောလာမယ့် အမိန့်ကို စောင့်နေရင်း ဘေးနားမှာ တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။ ဖိုင်တွဲတစ်ခုလုံး ဖတ်ဖို့ ဟော်ပေ့ချန်အနေနဲ့ အချိန်သိပ်မယူလိုက်ရ။ မကြာခင်မှာပဲ အကုန်ဖတ်ပြီးသွားသလို လက်မှတ်ထိုးပေးလိုက်သည်။ လက်မှတ်ထိုးပြီးသား တင်ပြချက်ကို သူ့ရဲ့ အယုံကြည်ရဆုံး လက်ထောက်ဆီ ပြန်ပေးလိုက်ချိန်မှာပဲ မြင်လိုက်ရတဲ့ အရာကြောင့် ကြက်သေ သေ သွားရသည်။ ချီရှန်က သူ့ကားသော့နဲ့ ကစားနေတာ ဖြစ်ပြီး ထိုကားသော့မှာလည်း အဝါရောင် သလင်းကျောက် သော့ချိတ် ချိတ်လို့ထားလေ၏။
ဟော်ပေ့ချန် မျက်မှောင်ကြုပ်မိသွားသည်။
ဒါက....တိုက်ဆိုင်တာ သက်သက်ပဲမလား?
ခနအကြာ တံခါးခေါက်သံကို နောက်တကြိမ် ထပ်ကြားလိုက်ရသည်။ ဒီတကြိမ်မှာတော့ စုယွဲ့ ဖြစ်ပြီး သူက တိတ်ဆိတ်ပြီး အနက်ရောင် အသားရေရှိတဲ့ ဖေးပိုင်ကို ရုံးခန်းထဲသို့ ခေါ်လာတာ ဖြစ်သည်။
"ဖေးပိုင် ပြန်လာပါပြီ ဘော့စ်"
အချိန်အတော်ကြာပြီးတဲ့ နောက်မှာတော့ ဖေးပိုင်က သူ့တာ၀န် ကျရာဆီကနေ ပြန်လာတာ ဖြစ်သည်။
ခေါင်းငြိမ့်လိုက်ပြီးနောက် သူတို့အားလုံးကို ထိုင်ရန် အရိပ်အမွက်ပြသည့် အနေနဲ့ ဟော်ပေ့ချန်က ဆိုဖာကို လက်ညိုးထိုးပြလိုက်သည်။ ထိုတခန....ဟော်ပေ့ချန် တချက်ကြည့်လိုက်တဲ့အခါ ထိုင်လိုက်တဲ့ စုယွဲ့ခါးပတ်မှာ ချိတ်ထားတဲ့ ခရမ်းရောင် သလင်းကျောက် သော့ချိတ်လေးကို မြင်လိုက်ရသည်။
ပြီးတော့ ဖေးပိုင်...ထားပါ ဖေးပိုင်က ဘယ်တော့မှ သူ့ဆီမှာ သော့တွဲဘာညာက ရှိတာမဟုတ်ဘူး။ သော့လည်း သုံးဖြစ်တဲ့ လူမှ မဟုတ်တာ...နေဦး.... သူ့လက်ပေါ်က ကစားနေတာ အဖြူရောင် သလင်းကျောက် သော့ချိတ်မလား....!
ဟော်ပေ့ချန် မျက်နှာက ချက်ချင်းကို မဲမှောင်သွားသည်။
သူတို့ သုံးယောက်လုံး အခန်းတစ်ခန်းထဲမှာ စုရုံးဖြစ်နေတာမို့ ချီရှန်က စတင်ပြီး စကားချီလိုက်သည်။
"ကပ်စေးနည်းလိုက်တဲ့ မိန်းမ။ ရုပ်ရှင်ကို supportပေးလို့ ပြန်ပေးတဲ့ ကျေးဇူးတင်မှုက ဒါတဲ့လား? သော့ချိတ်? သော့ချိတ်လေး တစ်ခုပဲလား!"
သူပြောပြီးတဲ့ နောက်မှာတော့ ရုံးခန်းတစ်ခန်းလုံး ကြောက်ဖို့ကောင်းလှတဲ့ အရှိန်အဝါတွေကြား နစ်မြုပ်လို့ သွားတော့သည်။
ညနေ ၇နာရီတွင်ဖြစ်သည်။
တနေကုန် ဒေါသပုန် ထနေရသော ဟော်ပေ့ချန် အိမ်ပြန်ရောက်ပြီး တံခါးဖွင့်လိုက်တယ် ဆိုရင်ပဲ သစ္စာရှိပြီး ချစ်ဖို့ကောင်းလှတဲ့ ထျန်းထျန်းလေးက အပြေးလာကာ အမှီးတနှံ့နှံ့ဖြင့် ခန္ဓာကိုယ်ကို အဝိုင်းပုံသဏ္ဌာန် ပတ်ရင်း လာနှုတ်ဆက်လေ၏။
ထိုအခါ ဟော်ပေ့ချန်ရဲ့ ဒေါသတို့က အနည်းငယ် လျော့ပါးသွားသည်။သို့ပေမယ့် ထျန်းထျန်းလေးရဲ့ ခေါင်းကို ပွတ်ပေးမယ် လုပ်လိုက်ရင်ပဲ ဖိနပ်တောင် လဲမ၀တ်ရသေးတဲ့ ဟော်ပေ့ချန် ထပ်မံ ကြက်သေ သေ သွားရပြန်သည်။
ဒါ က ဘယ်လိုတောင် အကျိုးနည်း နေတာလဲ။ ဘာ တွေ လဲ။ ထျန်းထျန်းလေးရဲ့ လည်ပင်းပေါ်က?!
လိမ္မော်ရောင် သလင်းကျောက် သော့ချိတ်မလား!!!
-
[ ၂၅ပိုင်းစီပါတဲ့ pdf စာစဉ်၁ခုကို ၅၀၀ကျပ်နဲ့ wp acc cbမှာ လာ၀ယ်လို့ရပြီနော်^^ ။ ပြီးသွားတဲ့ စာစဉ်တွေပါ စာစဉ်၄ [EP-90 to 114]၊ စာစဉ်၅ [EP-115 to 139]၊ စာစဉ်၆ [EP-140 to 164]၊ စာစဉ်၇ [EP-165 to 189]၊ စာစဉ်၈ [EP-190 to 214]၊ စာစဉ်၉[ EP-215 to 239]၊ စာစဉ်၁၀ [EP-239 to 264]၊ စာစဉ်၁၁[EP-265 to 289]၊ စာစဉ်၁၂ [EP-290 to 314]၊ စာစဉ်၁၃ [EP-315 to 339]၊ စာစဉ်၁၄ [EP-340 to 364]၊ စာစဉ်၁၅ EP-365 to 389တို့ပါ🥰]
-------------------------
[Zawgyi]
ဒီကေလးနဲ႔ ဘယ္လို ညႇိႏႈိင္းရမလဲ နင္မုန႔္ စဥ္းစားမရေတာ့။
သူ႔ကို ေအာ္လိုက္လို႔လည္း မျဖစ္သလို အမွန္တိုင္းေျပာျပ လိုက္လို႔ကလည္း မျဖစ္ေသး။ ၿပီးေတာ့ သူမ ဘ၀ထဲက ကန္ထုတ္ဖို႔ကလည္း ထင္ထားသေလာက္ မ႐ိုးရွင္းေပ။
ပိုအေရးႀကီးတာက "မူလနင္မုန႔္"က ဒီေကာင္ေလးနဲ႔ စကားစေျပာၿပီး ၂ရက္ေလာက္ အၾကာမွာတင္ သူမရဲ႕ ပုံအစစ္ကိုပါ ပို႔ခဲ့ဖူးသည္ဆိုတာ နင္မုန႔္ သိလိုက္ရသည္။ တျခားစကားျဖင့္ ေျပာရမယ္ဆိုပါက သူမ အေနနဲ႔ ဒီေကာင္ေလး လူမွားေျပာေနေၾကာင္း အေၾကာင္းျပခ်က္ ေပးလို႔မရေတာ့ေပ။
နဖူးကို ပြတ္လိုက္ရင္းနဲ႔ပဲ နင္မုန႔္ စာျပန္လိုက္သည္ : [ဟင့္အင္း ငါအခု မေဆာ့ႏိုင္ေသးဘူး။ ေနာက္ေန႔မွ ေဆာ့ၾကမယ္]
"နတ္ဘုရား"က voice messageတစ္ေဆာင္ ထပ္ပို႔လာသည္။ "ဒါေပမယ့္ အမကလည္း ကြၽန္ေတာ္တို႔ အတူမေဆာ့ျဖစ္တာေတာင္ အေတာ္ၾကာေနၿပီေလ"
နင္မုန႔္ : [ဒါေပမယ့္ ငါအလုပ္ရႈပ္ေနတယ္ေလ]
"နတ္ဘုရား" : [အိုေက....ဒါဆိုလည္း ေနာက္တေခါက္မွေပါ့။ ဂ႐ုစိုက္ေနာ္ အမ]
ဟူး....
ဒီေခြးေပါက္ေလးက ေတာ္ေတာ္ တြယ္ကပ္တတ္တဲ့ ေကာင္ေလးပါလား။
-
တနလၤာေန႔ မနက္ပိုင္းတြင္ ျဖစ္သည္။
ေဟာ္ေပ့ခ်န္ အလုပ္သြားဖို႔ ျပင္ဆင္ၿပီးတဲ့အခါ သူ႔စားပြဲေပၚမွ ေသာ့ခ်ိတ္ေလးကို ျမင္လိုက္ရသည္။ အံဆြဲကို ဖြင့္လိုက္ၿပီးေနာက္ မသုံးတာ အေတာ္ ၾကာၿပီျဖစ္တဲ့ ေသာ့တြဲတစ္စုံကို ယူလိုက္သည္။ ေသာ့ကို အသုံးမျပဳေတာ့သည္မွာ အံဆြဲကို အီလက္ထေရာနစ္ စနစ္နဲ႔ စအသုံးျပဳစဥ္ကတည္းက ျဖစ္သည္။ ေသာ့ခ်ိတ္ကို ေသာ့တြဲမွာ တပ္ဆင္လိုက္ၿပီးေနာက္မွာေတာ့ သူ႔ ႐ုံးခန္းဆီသို႔ ဦးတည္လိုက္သည္။
႐ုံးခန္းသို႔ ေရာက္တဲ့အခါ ေသာ့ခ်ိတ္ကို သူ႔စားပြဲေပၚသို႔ ျငင္သာစြာ တင္လိုက္ၿပီးေနာက္ အေပၚအက်ႌကို မစၥတာလ်ဴထံ ကမ္းေပးလိုက္သည္။ မစၥတာလ်ဴဆိုတာက ႐ိုးသား အလုပ္ႀကိဳးစားၿပီး သူ႔ ႐ုံးက ၀န္ထမ္းေတြရဲ႕ အလုပ္ကို ႀကီးၾကပ္ေပးရတဲ့ အတြင္းေရးမႉးျဖစ္ေလသည္။
ေဘာ့စ္ရဲ႕ အေပၚ၀တ္႐ုံကို ခ်ိတ္ေပးလိုက္ၿပီးေနာက္ မစၥတာလ်ဴက ေျပာလိုက္သည္။ "မစၥတာေဟာ္ ေသာ့ခ်ိတ္က အေတာ္လွတာပဲ"
ထိုအခါမွာေတာ့....အၿမဲတမ္း မ်က္ႏွာတည္ၿပီး တိတ္ဆိတ္ေနတတ္တဲ့ မစၥတာေဟာ္က မေမွ်ာ္လင့္ထားစြာပဲ ပါးစပ္တို႔ ပြင့္လာ၏။
"အျမင္ေကာင္း ရွိသားပဲ"
“??”
မစၥတာလ်ဴ ေရွာ့ရသြားသည္။
ဒီေန႔က ကမာၻပ်က္မယ့္ ေန႔မ်ားလား? အေနာက္အရပ္ကေနမ်ား ေနထြက္လာလို႔လား?
မစၥတာလ်ဴတစ္ေယာက္ ပါးစပ္ေဟာင္းေလာင္းျဖစ္လ်က္ အတိုင္းသားနဲ႔ ႐ုံးခန္းအျပင္သို႔ ထြက္သြားၿပီးေနာက္မွာေတာ့ ေဟာ္ေပ့ခ်န္က သူ႔ခုံေပၚတြင္ ထိုင္လိုက္သည္။ ဖိုင္တြဲေတြ ဖြင့္လိုက္သည့္တိုင္ သူ႔စိတ္တို႔က အလုပ္ထဲ မေရာက္ေသးဘဲ အၾကည့္တို႔က ေသာ့ခ်ိတ္ဆီမွာသာ ၿမဲေနေလ၏။
ေနေရာင္နဲ႔ ထိေတြ႕မႈေၾကာင့္ ေသာ့ခ်ိတ္မွ အျပာေရာင္ သလင္းေက်ာက္က လွပစြာ ေတာက္ပလို႔ေနသည္။
အခ်ိန္ၾကာျမင့္စြာ ၾကည့္ၿပီးေနာက္မွာေတာ့ အလုပ္ဆီကို ေဟာ္ေပ့ခ်န္ ျပန္ၿပီး ေသခ်ာအာ႐ုံစိုက္လိုက္သည္။
႐ုတ္တရက္ တံခါးေခါက္သံ ထြက္ေပၚလာ၏။ ထိုသူက ခ်ီရွန္ ျဖစ္သည္။
"ေဘာ့စ္ ဒီအပတ္ရဲ႕ စာရင္းတင္ျပခ်က္ ထြက္လာၿပီမို႔ ေဘာ့စ္ရဲ႕ လက္မွတ္ လိုအပ္ပါတယ္"
တင္ျပခ်က္ကို စားပြဲေပၚတင္ေပးၿပီးတဲ့ေနာက္မွာေတာ့ ခ်ီရွန္က ထပ္ေျပာလာမယ့္ အမိန႔္ကို ေစာင့္ေနရင္း ေဘးနားမွာ တိတ္ဆိတ္စြာ ရပ္ေနလိုက္သည္။ ဖိုင္တြဲတစ္ခုလုံး ဖတ္ဖို႔ ေဟာ္ေပ့ခ်န္အေနနဲ႔ အခ်ိန္သိပ္မယူလိုက္ရ။ မၾကာခင္မွာပဲ အကုန္ဖတ္ၿပီးသြားသလို လက္မွတ္ထိုးေပးလိုက္သည္။ လက္မွတ္ထိုးၿပီးသား တင္ျပခ်က္ကို သူ႔ရဲ႕ အယုံၾကည္ရဆုံး လက္ေထာက္ဆီ ျပန္ေပးလိုက္ခ်ိန္မွာပဲ ျမင္လိုက္ရတဲ့ အရာေၾကာင့္ ၾကက္ေသ ေသ သြားရသည္။ ခ်ီရွန္က သူ႔ကားေသာ့နဲ႔ ကစားေနတာ ျဖစ္ၿပီး ထိုကားေသာ့မွာလည္း အဝါေရာင္ သလင္းေက်ာက္ ေသာ့ခ်ိတ္ ခ်ိတ္လို႔ထားေလ၏။
ေဟာ္ေပ့ခ်န္ မ်က္ေမွာင္ၾကဳပ္မိသြားသည္။
ဒါက....တိုက္ဆိုင္တာ သက္သက္ပဲမလား?
ခနအၾကာ တံခါးေခါက္သံကို ေနာက္တႀကိမ္ ထပ္ၾကားလိုက္ရသည္။ ဒီတႀကိမ္မွာေတာ့ စုယြဲ႕ ျဖစ္ၿပီး သူက တိတ္ဆိတ္ၿပီး အနက္ေရာင္ အသားေရရွိတဲ့ ေဖးပိုင္ကို ႐ုံးခန္းထဲသို႔ ေခၚလာတာ ျဖစ္သည္။
"ေဖးပိုင္ ျပန္လာပါၿပီ ေဘာ့စ္"
အခ်ိန္အေတာ္ၾကာၿပီးတဲ့ ေနာက္မွာေတာ့ ေဖးပိုင္က သူ႔တာ၀န္ က်ရာဆီကေန ျပန္လာတာ ျဖစ္သည္။
ေခါင္းၿငိမ့္လိုက္ၿပီးေနာက္ သူတို႔အားလုံးကို ထိုင္ရန္ အရိပ္အမြက္ျပသည့္ အေနနဲ႔ ေဟာ္ေပ့ခ်န္က ဆိုဖာကို လက္ညိဳးထိုးျပလိုက္သည္။ ထိုတခန....ေဟာ္ေပ့ခ်န္ တခ်က္ၾကည့္လိုက္တဲ့အခါ ထိုင္လိုက္တဲ့ စုယြဲ႕ခါးပတ္မွာ ခ်ိတ္ထားတဲ့ ခရမ္းေရာင္ သလင္းေက်ာက္ ေသာ့ခ်ိတ္ေလးကို ျမင္လိုက္ရသည္။
ၿပီးေတာ့ ေဖးပိုင္...ထားပါ ေဖးပိုင္က ဘယ္ေတာ့မွ သူ႔ဆီမွာ ေသာ့တြဲဘာညာက ရွိတာမဟုတ္ဘူး။ ေသာ့လည္း သုံးျဖစ္တဲ့ လူမွ မဟုတ္တာ...ေနဦး.... သူ႔လက္ေပၚက ကစားေနတာ အျဖဴေရာင္ သလင္းေက်ာက္ ေသာ့ခ်ိတ္မလား....!
ေဟာ္ေပ့ခ်န္ မ်က္ႏွာက ခ်က္ခ်င္းကို မဲေမွာင္သြားသည္။
သူတို႔ သုံးေယာက္လုံး အခန္းတစ္ခန္းထဲမွာ စု႐ုံးျဖစ္ေနတာမို႔ ခ်ီရွန္က စတင္ၿပီး စကားခ်ီလိုက္သည္။
"ကပ္ေစးနည္းလိုက္တဲ့ မိန္းမ။ ႐ုပ္ရွင္ကို supportေပးလို႔ ျပန္ေပးတဲ့ ေက်းဇူးတင္မႈက ဒါတဲ့လား? ေသာ့ခ်ိတ္? ေသာ့ခ်ိတ္ေလး တစ္ခုပဲလား!"
သူေျပာၿပီးတဲ့ ေနာက္မွာေတာ့ ႐ုံးခန္းတစ္ခန္းလုံး ေၾကာက္ဖို႔ေကာင္းလွတဲ့ အရွိန္အဝါေတြၾကား နစ္ျမဳပ္လို႔ သြားေတာ့သည္။
ညေန ၇နာရီတြင္ျဖစ္သည္။
တေနကုန္ ေဒါသပုန္ ထေနရေသာ ေဟာ္ေပ့ခ်န္ အိမ္ျပန္ေရာက္ၿပီး တံခါးဖြင့္လိုက္တယ္ ဆိုရင္ပဲ သစၥာရွိၿပီး ခ်စ္ဖို႔ေကာင္းလွတဲ့ ထ်န္းထ်န္းေလးက အေျပးလာကာ အမွီးတႏွံ႔ႏွံ႔ျဖင့္ ခႏၶာကိုယ္ကို အဝိုင္းပုံသဏၭာန္ ပတ္ရင္း လာႏႈတ္ဆက္ေလ၏။
ထိုအခါ ေဟာ္ေပ့ခ်န္ရဲ႕ ေဒါသတို႔က အနည္းငယ္ ေလ်ာ့ပါးသြားသည္။သို႔ေပမယ့္ ထ်န္းထ်န္းေလးရဲ႕ ေခါင္းကို ပြတ္ေပးမယ္ လုပ္လိုက္ရင္ပဲ ဖိနပ္ေတာင္ လဲမ၀တ္ရေသးတဲ့ ေဟာ္ေပ့ခ်န္ ထပ္မံ ၾကက္ေသ ေသ သြားရျပန္သည္။
ဒါ က ဘယ္လိုေတာင္ အက်ိဳးနည္း ေနတာလဲ။ ဘာ ေတြ လဲ။ ထ်န္းထ်န္းေလးရဲ႕ လည္ပင္းေပၚက?!
လိေမၼာ္ေရာင္ သလင္းေက်ာက္ ေသာ့ခ်ိတ္မလား!!!
-
[ ၂၅ပိုင္းစီပါတဲ့ pdf စာစဥ္၁ခုကို ၅၀၀က်ပ္နဲ႔ wp acc cbမွာ လာ၀ယ္လို႔ရၿပီေနာ္^^ ။ ၿပီးသြားတဲ့ စာစဥ္ေတြပါ စာစဥ္၄ [EP-90 to 114]၊ စာစဥ္၅ [EP-115 to 139]၊ စာစဥ္၆ [EP-140 to 164]၊ စာစဥ္၇ [EP-165 to 189]၊ စာစဥ္၈ [EP-190 to 214]၊ စာစဥ္၉[ EP-215 to 239]၊ စာစဥ္၁၀ [EP-239 to 264]၊ စာစဥ္၁၁[EP-265 to 289]၊ စာစဥ္၁၂ [EP-290 to 314]၊ စာစဥ္၁၃ [EP-315 to 339]၊ စာစဥ္၁၄ [EP-340 to 364]၊ စာစဥ္၁၅ EP-365 to 389တို႔ပါ🥰]