ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့...

By Dandelion_nini

5.2M 710K 54.9K

Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking fin... More

Synopsis
အသိပေးစာ
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35.1
Chapter 35.2
Chapter 35.3
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140
Chapter 141
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155
Chapter 156
Chapter 157
Chapter 158
Chapter 159
Chapter 160
Chapter 161
Chapter 162
Chapter 163
Chapter 164
Chapter 165
Chapter 166
Chapter 167
Chapter 168
Chapter 169
Chapter 170
Chapter 171
Chapter 172
Chapter 173
Chapter 174
Chapter 175
Chapter 176
Chapter 177
Chapter 178
Chapter 179
Chapter 180
Chapter 181
Chapter 182
Chapter 183
Chapter 184
Chapter 185
Chapter 186
Chapter 187
Chapter 188
Chapter 189
Chapter 190
Chapter 191 [ Final ]
ကျေးဇူးတင်လွှာနဲ့ Extraအကြောင်း
Updates and fanarts
About Car

Chapter 36

29K 4.2K 502
By Dandelion_nini

Unicode

လျောင်စစ်ပေါ် အဆူခံရပြီ၊ ကြာပန်းဖြူလေးကိုလည်း သွားမကြိုဘူးတဲ့
__________________________________

ထိုသို့အမေးခံလိုက်ရတာကြောင့် လျောင်စစ်ပေါ်မှာ ခဏလောက်ဆွံ့အသွားသည်။ သို့သော် ဘာမဟုတ်တာလေးနဲ့ အများရှေ့မှာ မငြင်းခုံချင်တာကြောင့်

''တစ်နေရာရာမှာ စကားသွားပြောရအောင် ''

တဖက်လူ၏ တည်တင်းနေသည့် မျက်နှာထားကိုမြင်တော့ ကျန်းမော့ချန်ဘက်ကလည်း လျောင်စစ်ပေါ်ကို ထိုနေ့ကစပြီး အချိန်အကြာကြီး မခေါ်ပဲပစ်ထားမိကြောင်း သတိရသွားတော့သည်။ လျောင်စစ်ပေါ်ကို ပြောစရာရှိတာတွေ ပြောပြီး ကိစ္စတွေအားလုံးကို ရှင်းရှင်းလင်းလင်းလုပ်ဖို့ အချိန်ကျပြီမှန်း သူနားလည်လိုက်သည်။ သူထလိုက်ကာ လျောင်စစ်ပေါ်အား သူတို့နေရာနှင့်သိပ်မဝေးသည့် ကားပါကင်ကို ခေါ်သွားခဲ့သည်။

ကျန်းမော့ချန် နာနီကား၏ ကားတံခါးကိုဖွင့်လိုက်ပြီး အထဲဝင်ထိုင်လိုက်ကာ

''ပြော ဒီကိုဘာလာလုပ်တာလဲ ''

လျောင်စစ်ပေါ် ဝင်ထိုင်ရင်း တံခါးကိုပိတ်ပြီး

''ကျန်းမော့ချန် မင်းတကယ်ကြီး ငါနဲ့အဆက်အသွယ်ဖြတ်ဖို့လုပ်နေတာလား ဒီအတောအတွင်း ငါ့ဖုန်းကိုလည်းမကိုင်ဘူး Wechatက messageတွေလည်း စာမပြန်ဘူး ယောကျ်ားတစ်ယောက်အတွက်နဲ့ ငါတို့ငယ်သူငယ်ချင်းသံယောဇဥ်ကို တကယ်ကြီးပစ်ပယ်တော့မယ်ပေါ့? ''

ကျန်းမော့ချန်က နှာခေါင်းရှုံ့လိုက်ကာ

''သြော ငါတို့တွေက အတူတူကြီးပြင်းလာတယ်ဆိုတာကိုတော့ မင်းမှတ်မိသေးသားပဲ မသိပါဘူး မင်းနဲ့ယွမ်မင်ရွှိကမှ ငယ်သူငယ်ချင်းအစစ်တွေလို့ ငါကထင်နေတာ ''

''မင်းဘာပြောချင်တာလဲ ''

လျောင်စစ်ပေါ်မှာ မလုံမလဲဖြစ်သွားသည်။

''ငါ ဘာပြောချင်တာလဲ ဟုတ်လား '' ကျန်းမော့ချန်က ပြန်မေးလာသည်။

''မင်းတို့ကို ယန်းချင်းချီနဲ့ ပေးမတွေ့ခင်က ငါ Wechatမှာ 'ဒါ ငါရဲ့အိမ်ထောင်ဖက် မင်းတို့သူ့ကိုတွေ့ရင် မျက်နှာသာပေးပြီး ယဥ်ကျေးရမယ်'လို့ ငါ ပြောခဲ့လား မပြောခဲ့ဘူးလား၊ ပြီးတော့ မင်းဘာလုပ်ခဲ့လဲ၊ မင်း သူ့ကိုခက်ခဲအောင်မလုပ်ခဲ့ဘူးလား၊ လျောင်စစ်ပေါ် မင်းဒီနှစ်နဲ့ဆို ၂၈နှစ်ပြည့်ပြီ၊ ၈နှစ်သားလေးမဟုတ်တော့ဘူး၊ မင်းပြောလိုက်တဲ့စကားက တဖက်သားအပေါ် ဘယ်လိုသက်ရောက်မှုရှိသွားမလဲလို့ မင်းတွေးဖူးလား၊ တော်သေးတာပေါ့ သူ့စိတ်ကမာလို့ စိတ်ပျော့တဲ့လူသာဆို မင်းစကားတွေကြားတာနဲ့ ငိုပြီးထွက်သွားလောက်ပြီ၊ အဲ့မှာထပ်ထိုင်ရဲမှာမဟုတ်တော့ဘူး ''

''ဟုတ်တယ် ဒါပေမဲ့ ငါသူ့ကိုမတောင်းပန်ခဲ့ဘူးလား ''

''သူနိုင်သွားလို့ မင်းမှာရွေးချယ်စရာမရှိပဲ တောင်းပန်ရတာလေ တကယ်လို့ သူရှုံးသွားရင် ဒါမှမဟုတ် မင်းနဲ့အတူ ပူးလ်လိုက်မဆော့ပေးရင် မင်းတောင်းပန်မှာလား ''

လျောင်စစ်ပေါ်ပြန်မဖြေခဲ့ပါ။

ကျန်းမော့ချန် ထိုအမူအရာကိုမြင်ပြီး နှာမှုတ်လိုက်ကာ

''မင်းရှုံးလို့ မင်းတောင်းပန်ရတာလေ 'ဪ ငါဒီလိုပြောလိုက်ရင် တဖက်လူကို ထိခိုက်သွားပါမယ်လေ 'ဆိုပြီး နားလည်လိုက်လို့လား ဒါမှမဟုတ် 'ငါ့သူငယ်ချင်း မျက်နှာရှိပါတယ်လေ 'ဆိုပြီး တွေးမိလို့လား အဲ့ဒါတွေကြောင့် မင်း တောင်းပန်တာမှမဟုတ်တာ မင်းရှုံးလို့၊ မတောင်းပန်ရင် မျက်နှာပျက်တော့မှာမို့လို့ မင်းတောင်းပန်ရတာလေ ''

လျောင်စစ်ပေါ်မှာ အံကိုကြိတ်ရင်း သူ့ကိုမော့ကြည့်လာသည်။

''ဟုတ်တယ် မင်းပြောတာအားလုံးမှန်တယ် ဒါပေမဲ့ ငါသူ့ကိုဘာလို့တောင်းပန်ရမှာလဲ ငါမှသူ့ကိုမကြိုက်တာ အဲ့ဒါနဲ့ ငါအပြစ်ရှာလို့မရတော့ဘူးလား အရင်တုန်းကဆို ငါဘာသာငါ ဘယ်သူ့ကြိုက်ကြိုက် ဘယ်သူ့မုန်းမုန်း ငါတို့ပြဿနာတက်ခဲ့ကြတာမှမဟုတ်တာ သူကရော ဘာတွေထူးခြားနေလို့လဲ ''

''တူမလား သူက ငါနဲ့လက်ထပ်ထားတဲ့လူလေ ငါက လမ်းပေါ်ကလူ ကောက်ဆွဲပြီး ပြီးစလွယ် လက်ထပ်ထားတာ မဟုတ်ဘူး! ''

''ငါတို့အသိုင်းအဝိုင်းထဲကမဟုတ်မှတော့ သူက လမ်းပေါ်ကလူပဲပေါ့ ငါတို့နဲ့လုံးဝစိမ်းတယ်လေ သူက မင်းနဲ့ လက်ထပ်ထားပါတယ်ဆိုတဲ့ ကွာခြားချက်လေးပဲရှိတာ ပြီးတော့ ဒီတိုင်းလက်ထပ်စာချုပ်လေးပဲ မဟုတ်ဘူးလား မင်းကြိုက်နေတာလည်းမဟုတ်ပဲနဲ့ ဘာလို့အဲ့လောက်ထိ လိုက်ကာကွယ်ပေးနေရတာလဲ ''

''မင်းခေါင်းထဲမှာ ချီးတွေပြည့်နေတာလား လျောင်စစ်ပေါ်!? ''

ကျန်းမော့ချန်မှာ တဖက်လူ၏ အတွေးအခေါ်တွေကို လိုက်မမှီနိုင်တော့သဖြင့် ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

''လက်ထပ်မှတ်ပုံတင်စာချုပ် ဆိုတဲ့အရာက ပေါ့ပေါ့တန်တန် သဘောထားလို့ရတဲ့အရာလို့ ထင်နေတာလား ငါတို့နှစ်ယောက် အဲ့စာချုပ်ရလိုက်တဲ့နေ့ကစပြီး ငါတို့အိမ်ထောင်ဖက်တွေဖြစ်သွားခဲ့ပြီ 'အိမ်ထောင်ဖက်' ဆိုတဲ့ စကားလုံးကို နားလည်လား တကယ်လို့ မင်းအဖေရှေ့မှာ မင်းအမေကို လာဆဲနေရင် မင်းအဖေကအဲ့လူကို ခြေလက်အကောင်းအတိုင်းလေး ပြန်လွှတ်လိမ့်မယ်လို့ထင်လား ဟုတ်ပြီ မင်းအဖေနဲ့အမေက ငယ်ကျွမ်းဆွေတွေမို့ တယောက်နဲ့တယောက်ကာကွယ်ပေးကြတာက သဘာဝပဲ၊ ဒါပေမဲ့ငါတို့ကြားမှာ အချစ်မရှိလို့ ပြောနေရတာလို့ လာမပြောနဲ့ အကုန်လုံးအတူတူပဲ ရုံးကနေ လက်ထပ်မှတ်ပုံတင်စာချုပ်ရလိုက်ပြီဆိုကတည်းက ကောင်းကောင်းဆိုးဆိုး အတူဝေမျှခံစားရတော့မှာ နားလည်လား ''

လျောင်စစ်ပေါ် ကြောင်အသွားသည်။ သူဘာမှ ပြန်မပြောနိုင်တော့ပေ။

''အဲ့နေ့ကအကြောင်းအရင်းမရှိပဲ ပြဿနာရှာတာ သူက ယွမ်မင်ရွှိမဟုတ်လို့မလား သူ့ကိုလက်မထပ်သင့်ဘူးလို့ထင်လို့မလား ပြီးတော့ ငါက ယွမ်မင်ရွှိကိုကြိုက်တယ်ဆိုတိုင်း ယွမ်မင်ရွှိကိုပဲ လက်ထပ်ရမယ်လို့ ဘယ်သူကပြောလဲ  ''

''အဲ့လိုဖြစ်သင့်တာပဲ မဟုတ်ဘူးလား ''

''ကျိန်းသေပေါက် မဟုတ်ဘူးပေါ့ '' ကျန်းမော့ချန် အေးစက်စွာပြောလာသည်။ '' မိသားစုတစ်ခုထူထောင်ပြီးရင် ခံစားချက်ရှိရှိမရှိရှိ တာဝန်သိစိတ်ဆိုတာရှိကိုရှိရတယ် ဟုတ်တယ် ငါ ယွမ်မင်ရွှိကိုကြိုက်ခဲ့တယ် ငါသူ့ကို တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး ငါကြိုက်နေကြောင်း အရိပ်အမြွက်တွေလည်း ပြခဲ့တယ် ဒါပေမဲ့ သူက ကျိုးရီရှင်းကိုပဲ ကြိုက်နေတဲ့အတွက် ငါ့ကိုလျစ်လျူရှုထားတယ် ငါ မိတ်ဆက်ပေးတဲ့ဇာတ်ကားကို လက်လျော့ပြီး နိုင်ငံခြားသွားတဲ့ ကျိုးရီရှင်းနောက် လိုက်သွားတယ် ငါက ဘာလို့ အဲ့နေရာမှာပဲရပ်ပြီး သူ့ကိုဆက်စောင့်နေရမှာလဲ ''

သူ လျောင်စစ်ပေါ်ကိုကြည့်လိုက်ကာ

''ငါဘာလို့လက်ထပ်ချင်လဲသိလား ဘာလို့လဲဆိုတော့ ငါအချိန်မပေးသင့်တော့တဲ့ လူတစ်ယောက်အပေါ် ခံစားချက်နောက်လိုက်ပြီး အချိန်တွေထပ်မဖြုန်းချင်တော့လို့၊ တကယ်လို့ ငါလက်ထပ်လိုက်ရင် ငါ့မှာမိသားစုဆိုတာရှိလာမယ် ငါ့မှာ တာဝန်တွေ ဝတ္တရားတွေဆိုတာ ရှိလာတော့မယ် ထပ်ပြီးတော့ သူ့ပေါ်မှာပဲကပ်တွယ်နေတဲ့ ငါ့အကြည့်တွေကို တခြားလူအပေါ်ပြောင်းနိုင်မယ် အဲ့တော့ မင်းကဘာအတွက်နဲ့ ယန်းချင်းချီကို ပြောဆိုရတာလဲ ဒါတွေအားလုံးက ငါ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ငါလုပ်ထားတာ သူက အချိန်မှန်နေရာမှန်မှာ ပေါ်လာခဲ့ရုံတင်ပဲ တကယ်လို့ အဲ့နေရာမှာ သူမဟုတ်ဘူးဆိုရင်တောင် တခြားတယောက်ဆိုတာရှိလာဦးမှာလဲ အဲ့တော့ မင်း အပြစ်တင်ချင်ဆိုရင်တောင် သူ့အစားငါ့ကိုပဲ အပြစ်တင်ရမှာမဟုတ်ဘူးလား  ''

''ပြီးတော့ '' ကျန်းမော့ချန်ဆက်ပြောလာသည်။ ''မင်းမှာ အဲ့လို အပြစ်တင်ပြောဆိုပိုင်ခွင့်ရှိလား ငါ့မိဘတောင်သဘောတူသေးတာ မင်းကဘာဖြစ်နေတာလဲ ငါက ယန်းချင်းချီကို လက်ထပ်ပြီး ယွမ်မင်ရွှိကို လက်လျှော့လိုက်လို့လား၊ လျောင်စစ်ပေါ် မင်းနဲ့ငယ်ငယ်လေးကတည်းက ပုခုံးဖက်ပေါင်းသင်းလာတာ ငါပါ၊ မင်း ယွမ်မင်ရွှိကိုလည်း သူငယ်ချင်းလို့ သတ်မှတ်နိုင်ပေမဲ့ တကယ်တမ်း ဘယ်သူကနီးပြီး ဘယ်သူကဝေးလဲ ပြေးကြည့်ရင် မင်းက ငါ့ဘက်မှာနေရမှာ ''

လျောင်စစ်ပေါ် ပါးစပ်ကိုဟကာ သူ့ဘက်ကအလွန်မရှိအောင် အတတ်နိုင်ဆုံးရှင်းပြလာသည်။

''မင်းရော ယွမ်မင်ရွှိရောက ငါ့သူငယ်ချင်းတွေလေ မင်းသူ့ကိုကြိုက်နေတယ်ဆိုတာ ငါသိသလို သူကလည်း မင်းနဲ့ထိုက်တန်တယ် မင်းနဲ့သူနဲ့ အတူတူရှိနေဖို့ ငါအမြဲမျှော်လင့်ခဲ့တာ အဲ့လိုဆို သူလည်းပိုပျော်ရွှင်ရလိမ့်မယ် ''

''ဒါဆို ငါ့ပျော်ရွှင်မှုက အရေးမကြီးတော့ဘူးပေါ့ ''

''အဲ့လိုပြောချင်တာမဟုတ်ဘူးလေကွာ ''

''ဒါပေမဲ့ မင်းလုပ်နေတာတွေနဲ့ မင်းပြောနေတာတွေက အဲ့သဘောသက်ရောက်နေတယ် ''

''ငါ နားကိုမလည်နိုင်ဘူး မင်းသူ့ကိုသဘောကျနေရဲ့သားနဲ့ ဘာလို့ရုတ်တရက်ကြီး လက်ထပ်ပစ်လိုက်ရတာလဲ ပြီးတော့ တဖက်လူကလည်း ငါတို့လုံးဝမသိတဲ့လူဖြစ်နေတယ် မင်းအဲ့လို ပြီးစလွယ်စီစဥ်လိုက်တာက တနေ့မှာ နောင်တရလာခဲ့ရင်ရော? အဲ့အချိန်ကျ မင်းအတွက်ရော ယွမ်မင်ရွှိအတွက်ရော မကောင်းတော့ဘူး ''

''ငါ လုံးဝ နောင်တရလာမှာမဟုတ်ဘူး ''

ကျန်းမော့ချန် ပြတ်ပြတ်သားသား ငြင်းဆိုလာသည်။

''ငါသူ့ကို လက်ထပ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုကတည်းက ဖြစ်လာမဲ့အကျိုးဆက်တွေကိုလည်း ထည့်စဥ်းစားထားပြီးသား ငါ နောင်တရလာမှာမဟုတ်ဘူး ''

''တကယ်လို့ မင်းနောင်တရလာခဲ့ရင်ရော? ''

''အဲ့နေ့ရောက်လာမှစဥ်းစားမယ် ဘယ်လိုပဲဖြစ်ဖြစ် မဖြစ်လာသေးတဲ့အရာတစ်ခုအပေါ် ဘာလို့ အကျိုးမရှိ အချိန်ကုန်ခံနေမှာလဲ ''

''နောင်တရမိတဲ့နေ့ကျမှ ပြန်ဆုတ်ဖို့ နောက်ကျသွားပြီမှန်း သိလိုက်ရရင်ရော?  ''

''အဲ့ဒါမင်းအပူမှမဟုတ်တာ ငါ့ဆုံးဖြတ်ချက်အပေါ် ငါတာဝန်ယူနိုင်တယ် တကယ်လို့ ငါတို့နှစ်ယောက်လုံး သက်ဆုံးတိုင်ထိ လက်တွဲနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ တကယ်လို့လက်မတွဲနိုင်ဘူးဆိုရင်လည်း ရပ်သင့်တဲ့နေရာမှာရပ်လိုက်မယ် အခုအချိန်မှာ အခြေအမြစ်မရှိတာတွေ စဥ်းစားနေလည်း အပိုပဲ ''

''ဒါပေမဲ့ အဲ့အချိန်ရောက်လာရင် မင်းနဲ့ယွမ်မင်ရွှိနဲ့  အတူတူရှိနေနိုင်မှာ မဟုတ်တော့ဘူး ''

''အဲ့တော့ဘာဖြစ်လဲ အခုရော ငါတို့နှစ်ယောက်က အတူတူရှိနေနိုင်လို့လား ''

လျောင်စစ်ပေါ်မှာ လက်သင့်မခံချင်ဟန်ဖြင့်

''မင်းတကယ်ကြီးပြောနေတာလား ''

''ငါနဲ့ယန်းချင်းချီ လက်ထပ်မှတ်ပုံတင်ရလိုက်တဲ့နေ့ကစပြီး ငါနဲ့ယွမ်မင်ရွှိအတူတူရှိနေနိုင်မဲ့ ရာခိုင်နှုန်းက သုညဖြစ်သွားပြီ ငယ်ငယ်လေးကတည်းက မိဘတွေ ဆိုဆုံးမမှုအတိုင်း အိမ်ထောင်ရှိနေတုန်း ဖောက်ပြန်လို့မရဘူး ငါ့မိသားစုကလည်း အဲ့လိုအရှက်ကွဲမျက်နှာပျက်ရမဲ့ အဖြစ်မျိုးတွေ လက်ခံမှာမဟုတ်ဘူး အဲ့တော့ ဒီလက်ထပ်ပွဲမှာ ပြဿနာတစ်ခုခုတက်လာခဲ့ရင်တောင် အဲ့ပြဿနာက ငါ့ဆီကနေလာလို့မရဘူး နားလည်လား ''

လျောင်စစ်ပေါ် ဘာမှဆက်မပြောတော့ပေ။ သူ ကျန်းမော့ချန်ကိုကြည့်နေလိုက်ကာ အတော်လေးကြာမှ သူဒီကိုလာရသည့် အကြောင်းအရင်းအစစ်အမှန်ကို ထုတ်ဖော်ပြောလာသည်။

''မင်ရွှိပြန်လာပြီ သူ့လေယာဥ်က မနက်ဖြန်နေ့လည်ဆိုက်မှာ မင်းဒီမှာ ရုပ်ရှင်ရိုက်နေတယ်ဆိုတာသိလို့ ဒီမြို့မှာ လေယာဥ်ဆင်းဖို့လုပ်ထားတယ် မင်းလာကြိုဖို့ သူမျှော်နေတယ် ''

ကျန်းမော့ချန်က ဘာမှပြန်မပြောသေးခင် ခဏလောက်တိတ်ဆိတ်သွားသည်။

''သူ အဲ့မှာ နောက်ထပ်နှစ်လလောက်ထပ်နေဖို့ လုပ်ထားတာမဟုတ်ဘူးလား ''

''ငါလည်းမသိဘူး ဒါပေမဲ့ သူရုတ်တရက်ကြီး ပြန်လာတာက မင်းလက်ထပ်လိုက်တာနဲ့ ဆိုင်မယ်လို့တော့ထင်တယ် ''

ကျန်းမော့ချန် ဘာမှပြန်မပြောတာတွေ့တော့

''မင်း မနက်ဖြန်အားလား ''

''မအားဘူး ''

ကျန်းမော့ချန် ချက်ချင်းငြင်းလာသည်။

''ဒါဆိုလည်း အားအောင်အချိန်ညှိလို့မရဘူးလား ''

''မရဘူး ''

''မင်းကောင်းကောင်းလည်းသိ.....''

''မသိဘူး '' ကျန်းမော့ချန်ဖြတ်ပြောလာသည်။ ''သူ ဘာလို့ ရုတ်တရက်ကြီးပြန်လာလဲ ငါမသိဘူး မသိချင်သလို သူ့ကို သွားကြိုဖို့အတွက် ခွင့်လည်းမယူနိုင်ဘူး လျောင်စစ်ပေါ် ဒီနေ့ကစပြီး သူဘာဖြစ်ဖြစ် ငါ့ကိုလာပြောစရာမလိုဘူး ငါနဲ့သူ မဆိုင်တော့ဘူး ''

''မင်း ဘယ်လိုလုပ် အဲ့လောက်တောင် အသဲမာရတာလဲ ''

ကျန်းမော့ချန် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

''မင်းက ငါ့ကိုဒီနေ့မှစသိတာလား ငါကအမြဲတမ်း အဲ့လိုလူပဲ မဟုတ်ဘူးလား ''

လျောင်စစ်ပေါ် ကျန်းမော့ချန်ကိုကြည့်နေရင်း တိတ်ဆိတ်သွားသည်။ တကယ်လည်း ကျန်းမော့ချန်က အသည်းမာသည့် လူတစ်ယောက်ဖြစ်သည်။ အပြင်ဘက်ပိုင်းတွင် နူးညံ့ကြင်နာသယောင်ရှိသော်ငြား အရာအားလုံးကို ထူးမခြားနားသာ ဆက်ဆံတတ်သူဖြစ်သည်။ သူနှင့်သက်ဆိုင်သည့်အရာ ဒါမဟုတ် သူနှင့်ပတ်သက်သည့်လူကလွဲ အရာအားလုံးကို အေးစက်စွာသာကြည့်တတ်ပြီး ဘေးကပ်ရပ်နေတတ်သည့်လူဖြစ်သည်။ သို့သော် ကျန်းမော့ချန် အေးစက်စက်ဆက်ဆံတတ်သည့် လူတန်းစားထဲ ယွမ်မင်ရွှိပါ ရောက်သွားလိမ့်မယ်လို့တော့ သူတစ်ခါမှ မတွေးခဲ့ဖူးပေ။

လျောင်စစ်ပေါ်မှာ စိတ်ရှုပ်ထွေးနေကာ တုန်လှုပ်ခြောက်ခြားနေသည်။ ကျန်းမော့ချန် ယွမ်မင်ရွှိအား ကြိုက်နေသည်ကို  သူသိသည်။ သူကိုယ်တိုင်ကလည်း ယွမ်မင်ရွှိအပေါ်ခံစားချက်ရှိသည်။ သို့သော်ထိုနှစ်ယောက်ကြား ကြားဖြတ်ဝင်သွားဖို့အထိတော့ တခါမှ စိတ်မကူးခဲ့ပါ။ သူ့အတွက်တော့ ကျန်းမော့ချန်က သူ့သူငယ်ချင်းဖြစ်သလို အတူတူကြီးပြင်းလာကြသည့် ညီကိုဆိုလည်းမမှားပေ။ သူ့ညီကိုဖြင့် အချစ်တစ်ခုကို ပြိုင်မလုချင်ပါ။ ထို့ကြောင့် ထိုနှစ်ယောက်ကို အမြဲလှော်ပေးနေခဲ့ကာ စုံတွဲဖြစ်သွားရင်ကောင်းမှာပဲဟု အမြဲတွေးခဲ့သည်။ အခုတော့ ယွမ်မင်ရွှိမှာလည်း ကျိုးရီရှင်းဆိုသည့်အချစ်ဦး ရှိနေသလို ကျန်းမော့ချန်တောင်မှ အသစ်ရသွားပြီဖြစ်သည်။ ထိုနှစ်ယောက် ဆုံစည်းရဖို့ အားထုတ်ခဲ့ရသည့် သူ့လုပ်ရပ်တွေကို ပြန်တွေးလိုက်တိုင်း အကျိုးမရှိပဲ ရယ်စရာကောင်းသည့် လုပ်ရပ်တွေဟုသာ ခံစားလိုက်ရသည်။

တဖက်လူတိတ်ဆိတ်နေသည်ကိုကြည့်ရင်း ကျန်းမော့ချန်မှာလည်း အချိန်တစ်ခုလောက်ကြာသည်အထိ ဘာဆက်ပြောရမည်မှန်းမသိတော့ပေ။ တော်တော်လေးကြာမှ ပါးစပ်ဟလိုက်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် အလေးအနက်ထားကာ ပြောလာသည်။

''ငါတိူ့တွေ မူလတန်းကတည်းစသိခဲ့တာ အခုဆိုအနှစ်နှစ်ဆယ်ကျော်နေပြီ စရိုက်သဘာဝတွေ မတူလည်း တယောက်နဲ့တယောက်သည်းခံပြီး ပေါင်းလာကြတာပဲ ငါ မင်းကို ငါ့ညီကိုလို့သတ်မှတ်ထားတဲ့အတွက် အရမ်းစိတ်ဆိုးတယ် အဲ့နေ့ကလို ပြဿနာမျိုး ထပ်လည်းမမြင်ချင်သလို ထပ်လည်းမဖြစ်စေချင်ဘူး တကယ်လို့ မင်းသူ့ကိုမကြိုက်ဘူးဆိုရင်တောင် သူ့ရှေ့မှာတော့ ထုတ်မပြောနဲ့ အဲ့ဒါက အရမ်းကို စော်ကားပုတ်ခတ်လွန်းတယ် နားလည်လား ''

လျောင်စစ်ပေါ် ခေါင်းငြိမ့်ပြလာသည်။

''သူ့ကို သေချာပြန်တောင်းပန်လိုက် ဒါဆို အရင်ကဖြစ်ခဲ့တာတွေကို သင်ပုန်းချေပေးမယ် နောက်တခါငါတို့ဆုံကြလို့ သူ့ကို ရည်ရည်မွန်မွန်ဆက်ဆံမယ်ဆို လာ အဲ့လိုမလုပ်နိုင်ရင်တော့ ကြိုပြော ငါတို့မလာဘူး အဲ့လိုစီစဥ်မှ ငါတို့ထပ်တွေ့ကြရင် ကို့ရို့ကားယားလည်းမနိုင်တော့သလို သက်တောင့်သက်သာမဖြစ်တာတွေလည်း ရှိလာနိုင်မှာမဟုတ်တော့ဘူး ''

''အဲ့လောက်ကြီးအထိလုပ်စရာမလိုပါဘူး ငါမင်းကိုကတိပေးပြီးမှတော့ သူ့ကိုထပ်ပြီးခက်ခဲအောင်မလုပ်တော့ပါဘူး အဲ့တုန်းက ငါနားမလည်နိုင်ခဲ့ဘူး ဘာလို့ကိစ္စတွေက ရုတ်တရက်ကြီး အဲ့လိုဖြစ်သွားရလဲနားမလည်နိုင်ခဲ့ဘူး အဲ့ဒါကြောင့် ဒေါသတွေထွက်ပြီး အရက်တွေ အရမ်းသောက်လိုက်မိတာ ပြီးတော့ စကားတွေ မဆင်မခြင်ပြောမိသွားတယ် ''

''မင်း တကယ်လည်း မဆင်မခြင်ပြောမိတာပဲ ''

လျောင်စစ်ပေါ် ရယ်လိုက်သည်။

''သူကလည်းမခေပါဘူး ငါက သူ့ကို ပျော့ညံ့မဲ့လူ နည်းနည်းလောက်ဆွပေးလိုက်တာနဲ့ ငိုပြေးမဲ့လူလို့ထင်လိုက်တာ သူကအကြမ်းကြီးမှန်း ဘယ်သူကသိမှာလဲ စကားပြောကလည်းကောင်းတယ် ပြောလိုက်တဲ့စကားတိုင်းကလည်း အစွမ်းထက်ပြီး ဆီလျော်တယ် အဲ့တုန်းက ငါနည်းနည်းတောင်ကြောက်သွားတယ် ''

ကျန်းမော့ချန်ကလည်းထပ်ဖြည့်ပြောလာသည်။

''ဟုတ်တယ် သူက ခေါင်းစဥ်တစ်ခုရလိုက်ပြီဆိုတာနဲ့ အကျိုးအကြောင်း ဆက်စပ်ပြီးတော့ကို ပြန်မငြင်းနိုင်အောင်ပြောနိုင်တယ် သူကအရွှန်းလည်းဖောက်နိုင်သလို မင်းကို အမြဲဆွံ့အအောင်လည်းလုပ်နိုင်တယ် အဲ့အကြောင်းအရာက အဓိပ္ပါယ်မရှိဘူးဆိုရင်တောင်မှပေါ့  ''

''မင်းကြည့်ရတာ သူ့ကိုတော်တော်လေး အကောင်းမြင်ပုံပဲနော် ''

ကျန်းမော့ချန်၏ ရယ်သံစွက်နေသော လေသံကိုကြားတော့ လျောင်စစ်ပေါ်မှာ ကိုယ့်နားကိုယ်တောင်မယုံကြည်နိုင်တော့ပေ။

''ဟုတ်လို့လား '' ကျန်းမော့ချန် သူ့ကို မျက်လုံးထောင့်ကပ်ကြည့်လာကာ '' ငါသူ့ကို ကျိန်းသေပေါက် စိတ်ပျက်နေတာပါ ''

'မင်းလေသံနဲ့ အမူအရာကြီးက စိတ်ပျက်နေပုံမှ မပေါက်တာ ' လျောင်စစ်ပေါ် စိတ်ထဲကနေ အပြစ်တင်လိုက်သည်။

''ဒီလိုလုပ် မင်းလည်း ငါ့အလုပ်ထဲလာလည်တာရှားတယ်ဆိုတော့ ငါမင်းကို နေ့လည်စာဖိတ်ကျွေးမယ် ''

သူကပြောရင်း ကားပေါ်ကဆင်းဖို့လုပ်လိုက်သည်။

''သူလည်းပါမှာလား ''

''ကျိန်းသေပေါက်ပေါ့ မဟုတ်ရင် မင်း သူ့ကို ဘယ်လိုတောင်းပန်မလဲ ''

လျောင်စစ်ပေါ်မှာ ခေါင်းကိုကုတ်ရင်း ပြောစရာစကား ပျောက်ဆုံးနေသည်။

''ပူမနေနဲ့ သူက စကားကိုချက်ကျလက်ကျ ပြောတတ်လို့ ဉာဏ်များတဲ့လူလို့ထင်ရပေမဲ့ သူက တကယ်တော့ လူကောင်းပါ အဲ့ညကဖြစ်ခဲ့တာတွေကို စိတ်ထဲမထားဘူးလို့ပြောတယ် အဲ့တော့မင်းကိုခက်ခဲစေမှာမဟုတ်ဘူး မင်းသူ့ကိုသွားပြဿနာမရှာသရွေ့ သူကမင်းကိုဖြတ်ရိုက်မှာမဟုတ်ဘူးလို့ ငါအာမခံတယ် ''

လျောင်စစ်ပေါ် ပြောစရာမရှိတော့ပေ။

''အဲ့လိုဆိုရင်တော့ ငါသူ့ကို ကျေးဇူးတင်ပါတယ် ''

''ဒါပေါ့ မင်း သူ့ကို ကျိန်းသေပေါက် ကျေးဇူးတင်ရမှာပေါ့ ''

လျောင်စစ်ပေါ် : ''........''

မင်း အဲ့လောက်ဖြစ်နေတာတောင် သူ့ကို အရမ်းအကောင်းမမြင်ပါဘူးလို့ ပြောရဲသေးတယ်လား?!!!

__________________________________

ကျန်းမော့ချန်နော် ယန်းချင်းချီသာ မနိုင်ရင်နေမယ် ယန်းချင်းချီကိုထိသမျှလူတော့ အကုန်နိုင်တယ်။ 🤣

Zawgyi

ေလ်ာင္စစ္ေပၚ အဆူခံရၿပီ၊ ၾကာပန္းျဖဴေလးကိုလည္း သြားမႀကိဳဘူးတဲ့
__________________________________

ထိုသို႔အေမးခံလိုက္ရတာေၾကာင့္ ေလ်ာင္စစ္ေပၚမွာ ခဏေလာက္ဆြံ႕အသြားသည္။ သို႔ေသာ္ ဘာမဟုတ္တာေလးနဲ႔ အမ်ားေ႐ွ႕မွာ မျငင္းခုံခ်င္တာေၾကာင့္

''တစ္ေနရာရာမွာ စကားသြားေျပာရေအာင္ ''

တဖက္လူ၏ တည္တင္းေနသည့္ မ်က္ႏွာထားကိုျမင္ေတာ့ က်န္းေမာ့ခ်န္ဘက္ကလည္း ေလ်ာင္စစ္ေပၚကို ထိုေန႔ကစၿပီး အခ်ိန္အၾကာႀကီး မေခၚပဲပစ္ထားမိေၾကာင္း သတိရသြားေတာ့သည္။ ေလ်ာင္စစ္ေပၚကို ေျပာစရာ႐ွိတာေတြ ေျပာၿပီး ကိစၥေတြအားလုံးကို ႐ွင္း႐ွင္းလင္းလင္းလုပ္ဖို႔ အခ်ိန္က်ၿပီမွန္း သူနားလည္လိုက္သည္။ သူထလိုက္ကာ ေလ်ာင္စစ္ေပၚအား သူတို႔ေနရာႏွင့္သိပ္မေဝးသည့္ ကားပါကင္ကို ေခၚသြားခဲ့သည္။

က်န္းေမာ့ခ်န္ နာနီကား၏ ကားတံခါးကိုဖြင့္လိုက္ၿပီး အထဲဝင္ထိုင္လိုက္ကာ

''ေျပာ ဒီကိုဘာလာလုပ္တာလဲ ''

ေလ်ာင္စစ္ေပၚ ဝင္ထိုင္ရင္း တံခါးကိုပိတ္ၿပီး

''က်န္းေမာ့ခ်န္ မင္းတကယ္ႀကီး ငါနဲ႔အဆက္အသြယ္ျဖတ္ဖို႔လုပ္ေနတာလား ဒီအေတာအတြင္း ငါ့ဖုန္းကိုလည္းမကိုင္ဘူး Wechatက messageေတြလည္း စာမျပန္ဘူး ေယာက်္ားတစ္ေယာက္အတြက္နဲ႔ ငါတို႔ငယ္သူငယ္ခ်င္းသံေယာဇဥ္ကို တကယ္ႀကီးပစ္ပယ္ေတာ့မယ္ေပါ့? ''

က်န္းေမာ့ခ်န္က ႏွာေခါင္း႐ႈံ႕လိုက္ကာ

''ေၾသာ ငါတို႔ေတြက အတူတူႀကီးျပင္းလာတယ္ဆိုတာကိုေတာ့ မင္းမွတ္မိေသးသားပဲ မသိပါဘူး မင္းနဲ႔ယြမ္မင္႐ႊိကမွ ငယ္သူငယ္ခ်င္းအစစ္ေတြလို႔ ငါကထင္ေနတာ ''

''မင္းဘာေျပာခ်င္တာလဲ ''

ေလ်ာင္စစ္ေပၚမွာ မလုံမလဲျဖစ္သြားသည္။

''ငါ ဘာေျပာခ်င္တာလဲ ဟုတ္လား '' က်န္းေမာ့ခ်န္က ျပန္ေမးလာသည္။

''မင္းတို႔ကို ယန္းခ်င္းခ်ီနဲ႔ ေပးမေတြ႕ခင္က ငါ Wechatမွာ 'ဒါ ငါရဲ႕အိမ္ေထာင္ဖက္ မင္းတို႔သူ႕ကိုေတြ႕ရင္ မ်က္ႏွာသာေပးၿပီး ယဥ္ေက်းရမယ္'လို႔ ငါ ေျပာခဲ့လား မေျပာခဲ့ဘူးလား၊ ၿပီးေတာ့ မင္းဘာလုပ္ခဲ့လဲ၊ မင္း သူ႕ကိုခက္ခဲေအာင္မလုပ္ခဲ့ဘူးလား၊ ေလ်ာင္စစ္ေပၚ မင္းဒီႏွစ္နဲ႔ဆို ၂၈ႏွစ္ျပည့္ၿပီ၊ ၈ႏွစ္သားေလးမဟုတ္ေတာ့ဘူး၊ မင္းေျပာလိုက္တဲ့စကားက တဖက္သားအေပၚ ဘယ္လိုသက္ေရာက္မႈ႐ွိသြားမလဲလို႔ မင္းေတြးဖူးလား၊ ေတာ္ေသးတာေပါ့ သူ႕စိတ္ကမာလို႔ စိတ္ေပ်ာ့တဲ့လူသာဆို မင္းစကားေတြၾကားတာနဲ႔ ငိုၿပီးထြက္သြားေလာက္ၿပီ၊ အဲ့မွာထပ္ထိုင္ရဲမွာမဟုတ္ေတာ့ဘူး ''

''ဟုတ္တယ္ ဒါေပမဲ့ ငါသူ႕ကိုမေတာင္းပန္ခဲ့ဘူးလား ''

''သူႏိုင္သြားလို႔ မင္းမွာေ႐ြးခ်ယ္စရာမ႐ွိပဲ ေတာင္းပန္ရတာေလ တကယ္လို႔ သူ႐ႈံးသြားရင္ ဒါမွမဟုတ္ မင္းနဲ႔အတူ ပူးလ္လိုက္မေဆာ့ေပးရင္ မင္းေတာင္းပန္မွာလား ''

ေလ်ာင္စစ္ေပၚျပန္မေျဖခဲ့ပါ။

က်န္းေမာ့ခ်န္ ထိုအမူအရာကိုျမင္ၿပီး ႏွာမႈတ္လိုက္ကာ

''မင္း႐ႈံးလို႔ မင္းေတာင္းပန္ရတာေလ 'ဪ ငါဒီလိုေျပာလိုက္ရင္ တဖက္လူကို ထိခိုက္သြားပါမယ္ေလ 'ဆိုၿပီး နားလည္လိုက္လို႔လား ဒါမွမဟုတ္ 'ငါ့သူငယ္ခ်င္း မ်က္ႏွာ႐ွိပါတယ္ေလ 'ဆိုၿပီး ေတြးမိလို႔လား အဲ့ဒါေတြေၾကာင့္ မင္း ေတာင္းပန္တာမွမဟုတ္တာ မင္း႐ႈံးလို႔၊ မေတာင္းပန္ရင္ မ်က္ႏွာပ်က္ေတာ့မွာမို႔လို႔ မင္းေတာင္းပန္ရတာေလ ''

ေလ်ာင္စစ္ေပၚမွာ အံကိုႀကိတ္ရင္း သူ႕ကိုေမာ့ၾကည့္လာသည္။

''ဟုတ္တယ္ မင္းေျပာတာအားလုံးမွန္တယ္ ဒါေပမဲ့ ငါသူ႕ကိုဘာလို႔ေတာင္းပန္ရမွာလဲ ငါမွသူ႕ကိုမႀကိဳက္တာ အဲ့ဒါနဲ႔ ငါအျပစ္႐ွာလို႔မရေတာ့ဘူးလား အရင္တုန္းကဆို ငါဘာသာငါ ဘယ္သူ႕ႀကိဳက္ႀကိဳက္ ဘယ္သူ႕မုန္းမုန္း ငါတို႔ျပႆနာတက္ခဲ့ၾကတာမွမဟုတ္တာ သူကေရာ ဘာေတြထူးျခားေနလို႔လဲ ''

''တူမလား သူက ငါနဲ႔လက္ထပ္ထားတဲ့လူေလ ငါက လမ္းေပၚကလူ ေကာက္ဆြဲၿပီး ၿပီးစလြယ္ လက္ထပ္ထားတာ မဟုတ္ဘူး! ''

''ငါတို႔အသိုင္းအဝိုင္းထဲကမဟုတ္မွေတာ့ သူက လမ္းေပၚကလူပဲေပါ့ ငါတို႔နဲ႔လုံးဝစိမ္းတယ္ေလ သူက မင္းနဲ႔ လက္ထပ္ထားပါတယ္ဆိုတဲ့ ကြာျခားခ်က္ေလးပဲ႐ွိတာ ၿပီးေတာ့ ဒီတိုင္းလက္ထပ္စာခ်ဳပ္ေလးပဲ မဟုတ္ဘူးလား မင္းႀကိဳက္ေနတာလည္းမဟုတ္ပဲနဲ႔ ဘာလို႔အဲ့ေလာက္ထိ လိုက္ကာကြယ္ေပးေနရတာလဲ ''

''မင္းေခါင္းထဲမွာ ခ်ီးေတြျပည့္ေနတာလား ေလ်ာင္စစ္ေပၚ!? ''

က်န္းေမာ့ခ်န္မွာ တဖက္လူ၏ အေတြးအေခၚေတြကို လိုက္မမွီႏိုင္ေတာ့သျဖင့္ ေဒါသတႀကီး က်ိန္ဆဲလိုက္သည္။

''လက္ထပ္မွတ္ပုံတင္စာခ်ဳပ္ ဆိုတဲ့အရာက ေပါ့ေပါ့တန္တန္ သေဘာထားလို႔ရတဲ့အရာလို႔ ထင္ေနတာလား ငါတို႔ႏွစ္ေယာက္ အဲ့စာခ်ဳပ္ရလိုက္တဲ့ေန႔ကစၿပီး ငါတို႔အိမ္ေထာင္ဖက္ေတြျဖစ္သြားခဲ့ၿပီ 'အိမ္ေထာင္ဖက္' ဆိုတဲ့ စကားလုံးကို နားလည္လား တကယ္လို႔ မင္းအေဖေ႐ွ႕မွာ မင္းအေမကို လာဆဲေနရင္ မင္းအေဖကအဲ့လူကို ေျခလက္အေကာင္းအတိုင္းေလး ျပန္လႊတ္လိမ့္မယ္လို႔ထင္လား ဟုတ္ၿပီ မင္းအေဖနဲ႔အေမက ငယ္ကြၽမ္းေဆြေတြမို႔ တေယာက္နဲ႔တေယာက္ကာကြယ္ေပးၾကတာက သဘာဝပဲ၊ ဒါေပမဲ့ငါတို႔ၾကားမွာ အခ်စ္မ႐ွိလို႔ ေျပာေနရတာလို႔ လာမေျပာနဲ႔ အကုန္လုံးအတူတူပဲ ႐ုံးကေန လက္ထပ္မွတ္ပုံတင္စာခ်ဳပ္ရလိုက္ၿပီဆိုကတည္းက ေကာင္းေကာင္းဆိုးဆိုး အတူေဝမွ်ခံစားရေတာ့မွာ နားလည္လား ''

ေလ်ာင္စစ္ေပၚ ေၾကာင္အသြားသည္။ သူဘာမွ ျပန္မေျပာႏိုင္ေတာ့ေပ။

''အဲ့ေန႔ကအေၾကာင္းအရင္းမ႐ွိပဲ ျပႆနာ႐ွာတာ သူက ယြမ္မင္႐ႊိမဟုတ္လို႔မလား သူ႕ကိုလက္မထပ္သင့္ဘူးလို႔ထင္လို႔မလား ၿပီးေတာ့ ငါက ယြမ္မင္႐ႊိကိုႀကိဳက္တယ္ဆိုတိုင္း ယြမ္မင္႐ႊိကိုပဲ လက္ထပ္ရမယ္လို႔ ဘယ္သူကေျပာလဲ  ''

''အဲ့လိုျဖစ္သင့္တာပဲ မဟုတ္ဘူးလား ''

''က်ိန္းေသေပါက္ မဟုတ္ဘူးေပါ့ '' က်န္းေမာ့ခ်န္ ေအးစက္စြာေျပာလာသည္။ '' မိသားစုတစ္ခုထူေထာင္ၿပီးရင္ ခံစားခ်က္႐ွိ႐ွိမ႐ွိ႐ွိ တာဝန္သိစိတ္ဆိုတာ႐ွိကို႐ွိရတယ္ ဟုတ္တယ္ ငါ ယြမ္မင္႐ႊိကိုႀကိဳက္ခဲ့တယ္ ငါသူ႕ကို တိုးတိုးတမ်ိဳး က်ယ္က်ယ္တမ်ိဳး ငါႀကိဳက္ေနေၾကာင္း အရိပ္အႁမြက္ေတြလည္း ျပခဲ့တယ္ ဒါေပမဲ့ သူက က်ိဳးရီ႐ွင္းကိုပဲ ႀကိဳက္ေနတဲ့အတြက္ ငါ့ကိုလ်စ္လ်ဴ႐ႈထားတယ္ ငါ မိတ္ဆက္ေပးတဲ့ဇာတ္ကားကို လက္ေလ်ာ့ၿပီး ႏိုင္ငံျခားသြားတဲ့ က်ိဳးရီ႐ွင္းေနာက္ လိုက္သြားတယ္ ငါက ဘာလို႔ အဲ့ေနရာမွာပဲရပ္ၿပီး သူ႕ကိုဆက္ေစာင့္ေနရမွာလဲ ''

သူ ေလ်ာင္စစ္ေပၚကိုၾကည့္လိုက္ကာ

''ငါဘာလို႔လက္ထပ္ခ်င္လဲသိလား ဘာလို႔လဲဆိုေတာ့ ငါအခ်ိန္မေပးသင့္ေတာ့တဲ့ လူတစ္ေယာက္အေပၚ ခံစားခ်က္ေနာက္လိုက္ၿပီး အခ်ိန္ေတြထပ္မျဖဳန္းခ်င္ေတာ့လို႔၊ တကယ္လို႔ ငါလက္ထပ္လိုက္ရင္ ငါ့မွာမိသားစုဆိုတာ႐ွိလာမယ္ ငါ့မွာ တာဝန္ေတြ ဝတၱရားေတြဆိုတာ ႐ွိလာေတာ့မယ္ ထပ္ၿပီးေတာ့ သူ႕ေပၚမွာပဲကပ္တြယ္ေနတဲ့ ငါ့အၾကည့္ေတြကို တျခားလူအေပၚေျပာင္းႏိုင္မယ္ အဲ့ေတာ့ မင္းကဘာအတြက္နဲ႔ ယန္းခ်င္းခ်ီကို ေျပာဆိုရတာလဲ ဒါေတြအားလုံးက ငါ့ကိုယ္ပိုင္ဆုံးျဖတ္ခ်က္နဲ႔ ငါလုပ္ထားတာ သူက အခ်ိန္မွန္ေနရာမွန္မွာ ေပၚလာခဲ့႐ုံတင္ပဲ တကယ္လို႔ အဲ့ေနရာမွာ သူမဟုတ္ဘူးဆိုရင္ေတာင္ တျခားတေယာက္ဆိုတာ႐ွိလာဦးမွာလဲ အဲ့ေတာ့ မင္း အျပစ္တင္ခ်င္ဆိုရင္ေတာင္ သူ႕အစားငါ့ကိုပဲ အျပစ္တင္ရမွာမဟုတ္ဘူးလား  ''

''ၿပီးေတာ့ '' က်န္းေမာ့ခ်န္ဆက္ေျပာလာသည္။ ''မင္းမွာ အဲ့လို အျပစ္တင္ေျပာဆိုပိုင္ခြင့္႐ွိလား ငါ့မိဘေတာင္သေဘာတူေသးတာ မင္းကဘာျဖစ္ေနတာလဲ ငါက ယန္းခ်င္းခ်ီကို လက္ထပ္ၿပီး ယြမ္မင္႐ႊိကို လက္ေလွ်ာ့လိုက္လို႔လား၊ ေလ်ာင္စစ္ေပၚ မင္းနဲ႔ငယ္ငယ္ေလးကတည္းက ပုခုံးဖက္ေပါင္းသင္းလာတာ ငါပါ၊ မင္း ယြမ္မင္႐ႊိကိုလည္း သူငယ္ခ်င္းလို႔ သတ္မွတ္ႏိုင္ေပမဲ့ တကယ္တမ္း ဘယ္သူကနီးၿပီး ဘယ္သူကေဝးလဲ ေျပးၾကည့္ရင္ မင္းက ငါ့ဘက္မွာေနရမွာ ''

ေလ်ာင္စစ္ေပၚ ပါးစပ္ကိုဟကာ သူ႕ဘက္ကအလြန္မ႐ွိေအာင္ အတတ္ႏိုင္ဆုံး႐ွင္းျပလာသည္။

''မင္းေရာ ယြမ္မင္႐ႊိေရာက ငါ့သူငယ္ခ်င္းေတြေလ မင္းသူ႕ကိုႀကိဳက္ေနတယ္ဆိုတာ ငါသိသလို သူကလည္း မင္းနဲ႔ထိုက္တန္တယ္ မင္းနဲ႔သူနဲ႔ အတူတူ႐ွိေနဖို႔ ငါအၿမဲေမွ်ာ္လင့္ခဲ့တာ အဲ့လိုဆို သူလည္းပိုေပ်ာ္႐ႊင္ရလိမ့္မယ္ ''

''ဒါဆို ငါ့ေပ်ာ္႐ႊင္မႈက အေရးမႀကီးေတာ့ဘူးေပါ့ ''

''အဲ့လိုေျပာခ်င္တာမဟုတ္ဘူးေလကြာ ''

''ဒါေပမဲ့ မင္းလုပ္ေနတာေတြနဲ႔ မင္းေျပာေနတာေတြက အဲ့သေဘာသက္ေရာက္ေနတယ္ ''

''ငါ နားကိုမလည္ႏိုင္ဘူး မင္းသူ႕ကိုသေဘာက်ေနရဲ႕သားနဲ႔ ဘာလို႔႐ုတ္တရက္ႀကီး လက္ထပ္ပစ္လိုက္ရတာလဲ ၿပီးေတာ့ တဖက္လူကလည္း ငါတို႔လုံးဝမသိတဲ့လူျဖစ္ေနတယ္ မင္းအဲ့လို ၿပီးစလြယ္စီစဥ္လိုက္တာက တေန႔မွာ ေနာင္တရလာခဲ့ရင္ေရာ? အဲ့အခ်ိန္က် မင္းအတြက္ေရာ ယြမ္မင္႐ႊိအတြက္ေရာ မေကာင္းေတာ့ဘူး ''

''ငါ လုံးဝ ေနာင္တရလာမွာမဟုတ္ဘူး ''

က်န္းေမာ့ခ်န္ ျပတ္ျပတ္သားသား ျငင္းဆိုလာသည္။

''ငါသူ႕ကို လက္ထပ္လိုက္ဖို႔ ဆုံးျဖတ္လိုက္ၿပီဆိုကတည္းက ျဖစ္လာမဲ့အက်ိဳးဆက္ေတြကိုလည္း ထည့္စဥ္းစားထားၿပီးသား ငါ ေနာင္တရလာမွာမဟုတ္ဘူး ''

''တကယ္လို႔ မင္းေနာင္တရလာခဲ့ရင္ေရာ? ''

''အဲ့ေန႔ေရာက္လာမွစဥ္းစားမယ္ ဘယ္လိုပဲျဖစ္ျဖစ္ မျဖစ္လာေသးတဲ့အရာတစ္ခုအေပၚ ဘာလို႔ အက်ိဳးမ႐ွိ အခ်ိန္ကုန္ခံေနမွာလဲ ''

''ေနာင္တရမိတဲ့ေန႔က်မွ ျပန္ဆုတ္ဖို႔ ေနာက္က်သြားၿပီမွန္း သိလိုက္ရရင္ေရာ?  ''

''အဲ့ဒါမင္းအပူမွမဟုတ္တာ ငါ့ဆုံးျဖတ္ခ်က္အေပၚ ငါတာဝန္ယူႏိုင္တယ္ တကယ္လို႔ ငါတို႔ႏွစ္ေယာက္လုံး သက္ဆုံးတိုင္ထိ လက္တြဲႏိုင္မယ္ဆိုရင္ေတာ့ အေကာင္းဆုံးေပါ့ တကယ္လို႔လက္မတြဲႏိုင္ဘူးဆိုရင္လည္း ရပ္သင့္တဲ့ေနရာမွာရပ္လိုက္မယ္ အခုအခ်ိန္မွာ အေျခအျမစ္မ႐ွိတာေတြ စဥ္းစားေနလည္း အပိုပဲ ''

''ဒါေပမဲ့ အဲ့အခ်ိန္ေရာက္လာရင္ မင္းနဲ႔ယြမ္မင္႐ႊိနဲ႔  အတူတူ႐ွိေနႏိုင္မွာ မဟုတ္ေတာ့ဘူး ''

''အဲ့ေတာ့ဘာျဖစ္လဲ အခုေရာ ငါတို႔ႏွစ္ေယာက္က အတူတူ႐ွိေနႏိုင္လို႔လား ''

ေလ်ာင္စစ္ေပၚမွာ လက္သင့္မခံခ်င္ဟန္ျဖင့္

''မင္းတကယ္ႀကီးေျပာေနတာလား ''

''ငါနဲ႔ယန္းခ်င္းခ်ီ လက္ထပ္မွတ္ပုံတင္ရလိုက္တဲ့ေန႔ကစၿပီး ငါနဲ႔ယြမ္မင္႐ႊိအတူတူ႐ွိေနႏိုင္မဲ့ ရာခိုင္ႏႈန္းက သုညျဖစ္သြားၿပီ ငယ္ငယ္ေလးကတည္းက မိဘေတြ ဆိုဆုံးမမႈအတိုင္း အိမ္ေထာင္႐ွိေနတုန္း ေဖာက္ျပန္လို႔မရဘူး ငါ့မိသားစုကလည္း အဲ့လိုအ႐ွက္ကြဲမ်က္ႏွာပ်က္ရမဲ့ အျဖစ္မ်ိဳးေတြ လက္ခံမွာမဟုတ္ဘူး အဲ့ေတာ့ ဒီလက္ထပ္ပြဲမွာ ျပႆနာတစ္ခုခုတက္လာခဲ့ရင္ေတာင္ အဲ့ျပႆနာက ငါ့ဆီကေနလာလို႔မရဘူး နားလည္လား ''

ေလ်ာင္စစ္ေပၚ ဘာမွဆက္မေျပာေတာ့ေပ။ သူ က်န္းေမာ့ခ်န္ကိုၾကည့္ေနလိုက္ကာ အေတာ္ေလးၾကာမွ သူဒီကိုလာရသည့္ အေၾကာင္းအရင္းအစစ္အမွန္ကို ထုတ္ေဖာ္ေျပာလာသည္။

''မင္႐ႊိျပန္လာၿပီ သူ႕ေလယာဥ္က မနက္ျဖန္ေန႔လည္ဆိုက္မွာ မင္းဒီမွာ ႐ုပ္႐ွင္႐ိုက္ေနတယ္ဆိုတာသိလို႔ ဒီၿမိဳ႕မွာ ေလယာဥ္ဆင္းဖို႔လုပ္ထားတယ္ မင္းလာႀကိဳဖို႔ သူေမွ်ာ္ေနတယ္ ''

က်န္းေမာ့ခ်န္က ဘာမွျပန္မေျပာေသးခင္ ခဏေလာက္တိတ္ဆိတ္သြားသည္။

''သူ အဲ့မွာ ေနာက္ထပ္ႏွစ္လေလာက္ထပ္ေနဖို႔ လုပ္ထားတာမဟုတ္ဘူးလား ''

''ငါလည္းမသိဘူး ဒါေပမဲ့ သူ႐ုတ္တရက္ႀကီး ျပန္လာတာက မင္းလက္ထပ္လိုက္တာနဲ႔ ဆိုင္မယ္လို႔ေတာ့ထင္တယ္ ''

က်န္းေမာ့ခ်န္ ဘာမွျပန္မေျပာတာေတြ႕ေတာ့

''မင္း မနက္ျဖန္အားလား ''

''မအားဘူး ''

က်န္းေမာ့ခ်န္ ခ်က္ခ်င္းျငင္းလာသည္။

''ဒါဆိုလည္း အားေအာင္အခ်ိန္ညႇိလို႔မရဘူးလား ''

''မရဘူး ''

''မင္းေကာင္းေကာင္းလည္းသိ.....''

''မသိဘူး '' က်န္းေမာ့ခ်န္ျဖတ္ေျပာလာသည္။ ''သူ ဘာလို႔ ႐ုတ္တရက္ႀကီးျပန္လာလဲ ငါမသိဘူး မသိခ်င္သလို သူ႕ကို သြားႀကိဳဖို႔အတြက္ ခြင့္လည္းမယူႏိုင္ဘူး ေလ်ာင္စစ္ေပၚ ဒီေန႔ကစၿပီး သူဘာျဖစ္ျဖစ္ ငါ့ကိုလာေျပာစရာမလိုဘူး ငါနဲ႔သူ မဆိုင္ေတာ့ဘူး ''

''မင္း ဘယ္လိုလုပ္ အဲ့ေလာက္ေတာင္ အသဲမာရတာလဲ ''

က်န္းေမာ့ခ်န္ ေအးစက္စြာ ႏွာေခါင္း႐ႈံ႕လိုက္သည္။

''မင္းက ငါ့ကိုဒီေန႔မွစသိတာလား ငါကအၿမဲတမ္း အဲ့လိုလူပဲ မဟုတ္ဘူးလား ''

ေလ်ာင္စစ္ေပၚ က်န္းေမာ့ခ်န္ကိုၾကည့္ေနရင္း တိတ္ဆိတ္သြားသည္။ တကယ္လည္း က်န္းေမာ့ခ်န္က အသည္းမာသည့္ လူတစ္ေယာက္ျဖစ္သည္။ အျပင္ဘက္ပိုင္းတြင္ ႏူးညံ့ၾကင္နာသေယာင္႐ွိေသာ္ျငား အရာအားလုံးကို ထူးမျခားနားသာ ဆက္ဆံတတ္သူျဖစ္သည္။ သူႏွင့္သက္ဆိုင္သည့္အရာ ဒါမဟုတ္ သူႏွင့္ပတ္သက္သည့္လူကလြဲ အရာအားလုံးကို ေအးစက္စြာသာၾကည့္တတ္ၿပီး ေဘးကပ္ရပ္ေနတတ္သည့္လူျဖစ္သည္။ သို႔ေသာ္ က်န္းေမာ့ခ်န္ ေအးစက္စက္ဆက္ဆံတတ္သည့္ လူတန္းစားထဲ ယြမ္မင္႐ႊိပါ ေရာက္သြားလိမ့္မယ္လို႔ေတာ့ သူတစ္ခါမွ မေတြးခဲ့ဖူးေပ။

ေလ်ာင္စစ္ေပၚမွာ စိတ္႐ႈပ္ေထြးေနကာ တုန္လႈပ္ေျခာက္ျခားေနသည္။ က်န္းေမာ့ခ်န္ ယြမ္မင္႐ႊိအား ႀကိဳက္ေနသည္ကို  သူသိသည္။ သူကိုယ္တိုင္ကလည္း ယြမ္မင္႐ႊိအေပၚခံစားခ်က္႐ွိသည္။ သို႔ေသာ္ထိုႏွစ္ေယာက္ၾကား ၾကားျဖတ္ဝင္သြားဖို႔အထိေတာ့ တခါမွ စိတ္မကူးခဲ့ပါ။ သူ႕အတြက္ေတာ့ က်န္းေမာ့ခ်န္က သူ႕သူငယ္ခ်င္းျဖစ္သလို အတူတူႀကီးျပင္းလာၾကသည့္ ညီကိုဆိုလည္းမမွားေပ။ သူ႕ညီကိုျဖင့္ အခ်စ္တစ္ခုကို ၿပိဳင္မလုခ်င္ပါ။ ထို႔ေၾကာင့္ ထိုႏွစ္ေယာက္ကို အၿမဲေလွာ္ေပးေနခဲ့ကာ စုံတြဲျဖစ္သြားရင္ေကာင္းမွာပဲဟု အၿမဲေတြးခဲ့သည္။ အခုေတာ့ ယြမ္မင္႐ႊိမွာလည္း က်ိဳးရီ႐ွင္းဆိုသည့္အခ်စ္ဦး ႐ွိေနသလို က်န္းေမာ့ခ်န္ေတာင္မွ အသစ္ရသြားၿပီျဖစ္သည္။ ထိုႏွစ္ေယာက္ ဆုံစည္းရဖို႔ အားထုတ္ခဲ့ရသည့္ သူ႕လုပ္ရပ္ေတြကို ျပန္ေတြးလိုက္တိုင္း အက်ိဳးမ႐ွိပဲ ရယ္စရာေကာင္းသည့္ လုပ္ရပ္ေတြဟုသာ ခံစားလိုက္ရသည္။

တဖက္လူတိတ္ဆိတ္ေနသည္ကိုၾကည့္ရင္း က်န္းေမာ့ခ်န္မွာလည္း အခ်ိန္တစ္ခုေလာက္ၾကာသည္အထိ ဘာဆက္ေျပာရမည္မွန္းမသိေတာ့ေပ။ ေတာ္ေတာ္ေလးၾကာမွ ပါးစပ္ဟလိုက္ကာ တည္တည္ၿငိမ္ၿငိမ္ျဖင့္ အေလးအနက္ထားကာ ေျပာလာသည္။

''ငါတိူ႕ေတြ မူလတန္းကတည္းစသိခဲ့တာ အခုဆိုအႏွစ္ႏွစ္ဆယ္ေက်ာ္ေနၿပီ စ႐ိုက္သဘာဝေတြ မတူလည္း တေယာက္နဲ႔တေယာက္သည္းခံၿပီး ေပါင္းလာၾကတာပဲ ငါ မင္းကို ငါ့ညီကိုလို႔သတ္မွတ္ထားတဲ့အတြက္ အရမ္းစိတ္ဆိုးတယ္ အဲ့ေန႔ကလို ျပႆနာမ်ိဳး ထပ္လည္းမျမင္ခ်င္သလို ထပ္လည္းမျဖစ္ေစခ်င္ဘူး တကယ္လို႔ မင္းသူ႕ကိုမႀကိဳက္ဘူးဆိုရင္ေတာင္ သူ႕ေ႐ွ႕မွာေတာ့ ထုတ္မေျပာနဲ႔ အဲ့ဒါက အရမ္းကို ေစာ္ကားပုတ္ခတ္လြန္းတယ္ နားလည္လား ''

ေလ်ာင္စစ္ေပၚ ေခါင္းၿငိမ့္ျပလာသည္။

''သူ႕ကို ေသခ်ာျပန္ေတာင္းပန္လိုက္ ဒါဆို အရင္ကျဖစ္ခဲ့တာေတြကို သင္ပုန္းေခ်ေပးမယ္ ေနာက္တခါငါတို႔ဆုံၾကလို႔ သူ႕ကို ရည္ရည္မြန္မြန္ဆက္ဆံမယ္ဆို လာ အဲ့လိုမလုပ္ႏိုင္ရင္ေတာ့ ႀကိဳေျပာ ငါတို႔မလာဘူး အဲ့လိုစီစဥ္မွ ငါတို႔ထပ္ေတြ႕ၾကရင္ ကို႔႐ို႕ကားယားလည္းမႏိုင္ေတာ့သလို သက္ေတာင့္သက္သာမျဖစ္တာေတြလည္း ႐ွိလာႏိုင္မွာမဟုတ္ေတာ့ဘူး ''

''အဲ့ေလာက္ႀကီးအထိလုပ္စရာမလိုပါဘူး ငါမင္းကိုကတိေပးၿပီးမွေတာ့ သူ႕ကိုထပ္ၿပီးခက္ခဲေအာင္မလုပ္ေတာ့ပါဘူး အဲ့တုန္းက ငါနားမလည္ႏိုင္ခဲ့ဘူး ဘာလို႔ကိစၥေတြက ႐ုတ္တရက္ႀကီး အဲ့လိုျဖစ္သြားရလဲနားမလည္ႏိုင္ခဲ့ဘူး အဲ့ဒါေၾကာင့္ ေဒါသေတြထြက္ၿပီး အရက္ေတြ အရမ္းေသာက္လိုက္မိတာ ၿပီးေတာ့ စကားေတြ မဆင္မျခင္ေျပာမိသြားတယ္ ''

''မင္း တကယ္လည္း မဆင္မျခင္ေျပာမိတာပဲ ''

ေလ်ာင္စစ္ေပၚ ရယ္လိုက္သည္။

''သူကလည္းမေခပါဘူး ငါက သူ႕ကို ေပ်ာ့ညံ့မဲ့လူ နည္းနည္းေလာက္ဆြေပးလိုက္တာနဲ႔ ငိုေျပးမဲ့လူလို႔ထင္လိုက္တာ သူကအၾကမ္းႀကီးမွန္း ဘယ္သူကသိမွာလဲ စကားေျပာကလည္းေကာင္းတယ္ ေျပာလိုက္တဲ့စကားတိုင္းကလည္း အစြမ္းထက္ၿပီး ဆီေလ်ာ္တယ္ အဲ့တုန္းက ငါနည္းနည္းေတာင္ေၾကာက္သြားတယ္ ''

က်န္းေမာ့ခ်န္ကလည္းထပ္ျဖည့္ေျပာလာသည္။

''ဟုတ္တယ္ သူက ေခါင္းစဥ္တစ္ခုရလိုက္ၿပီဆိုတာနဲ႔ အက်ိဳးအေၾကာင္း ဆက္စပ္ၿပီးေတာ့ကို ျပန္မျငင္းႏိုင္ေအာင္ေျပာႏိုင္တယ္ သူကအ႐ႊန္းလည္းေဖာက္ႏိုင္သလို မင္းကို အၿမဲဆြံ႕အေအာင္လည္းလုပ္ႏိုင္တယ္ အဲ့အေၾကာင္းအရာက အဓိပၸါယ္မ႐ွိဘူးဆိုရင္ေတာင္မွေပါ့  ''

''မင္းၾကည့္ရတာ သူ႕ကိုေတာ္ေတာ္ေလး အေကာင္းျမင္ပုံပဲေနာ္ ''

က်န္းေမာ့ခ်န္၏ ရယ္သံစြက္ေနေသာ ေလသံကိုၾကားေတာ့ ေလ်ာင္စစ္ေပၚမွာ ကိုယ့္နားကိုယ္ေတာင္မယုံၾကည္ႏိုင္ေတာ့ေပ။

''ဟုတ္လို႔လား '' က်န္းေမာ့ခ်န္ သူ႕ကို မ်က္လုံးေထာင့္ကပ္ၾကည့္လာကာ '' ငါသူ႕ကို က်ိန္းေသေပါက္ စိတ္ပ်က္ေနတာပါ ''

'မင္းေလသံနဲ႔ အမူအရာႀကီးက စိတ္ပ်က္ေနပုံမွ မေပါက္တာ ' ေလ်ာင္စစ္ေပၚ စိတ္ထဲကေန အျပစ္တင္လိုက္သည္။

''ဒီလိုလုပ္ မင္းလည္း ငါ့အလုပ္ထဲလာလည္တာ႐ွားတယ္ဆိုေတာ့ ငါမင္းကို ေန႔လည္စာဖိတ္ေကြၽးမယ္ ''

သူကေျပာရင္း ကားေပၚကဆင္းဖို႔လုပ္လိုက္သည္။

''သူလည္းပါမွာလား ''

''က်ိန္းေသေပါက္ေပါ့ မဟုတ္ရင္ မင္း သူ႕ကို ဘယ္လိုေတာင္းပန္မလဲ ''

ေလ်ာင္စစ္ေပၚမွာ ေခါင္းကိုကုတ္ရင္း ေျပာစရာစကား ေပ်ာက္ဆုံးေနသည္။

''ပူမေနနဲ႔ သူက စကားကိုခ်က္က်လက္က် ေျပာတတ္လို႔ ဉာဏ္မ်ားတဲ့လူလို႔ထင္ရေပမဲ့ သူက တကယ္ေတာ့ လူေကာင္းပါ အဲ့ညကျဖစ္ခဲ့တာေတြကို စိတ္ထဲမထားဘူးလို႔ေျပာတယ္ အဲ့ေတာ့မင္းကိုခက္ခဲေစမွာမဟုတ္ဘူး မင္းသူ႕ကိုသြားျပႆနာမ႐ွာသေ႐ြ႕ သူကမင္းကိုျဖတ္႐ိုက္မွာမဟုတ္ဘူးလို႔ ငါအာမခံတယ္ ''

ေလ်ာင္စစ္ေပၚ ေျပာစရာမ႐ွိေတာ့ေပ။

''အဲ့လိုဆိုရင္ေတာ့ ငါသူ႕ကို ေက်းဇူးတင္ပါတယ္ ''

''ဒါေပါ့ မင္း သူ႕ကို က်ိန္းေသေပါက္ ေက်းဇူးတင္ရမွာေပါ့ ''

ေလ်ာင္စစ္ေပၚ : ''........''

မင္း အဲ့ေလာက္ျဖစ္ေနတာေတာင္ သူ႕ကို အရမ္းအေကာင္းမျမင္ပါဘူးလို႔ ေျပာရဲေသးတယ္လား?!!!

__________________________________

က်န္းေမာ့ခ်န္ေနာ္ ယန္းခ်င္းခ်ီသာ မႏိုင္ရင္ေနမယ္ ယန္းခ်င္းခ်ီကိုထိသမွ်လူေတာ့ အကုန္ႏိုင္တယ္။ 🤣

Continue Reading

You'll Also Like

374K 38.6K 41
Title - 《顶级掠食者》 Title in English -《Alpha Predator》 Author - ShuiQianCheng [水千丞] Status- Ongoing No. of chapters - 132 Gong -瞿末予 (Qú Mò Yǔ ) / ချွီမေ...
220K 35K 31
Title-我不跟傻子談戀愛 (I Don't Date A Fool) Original Author-三道 Type-Web Novel 30 Chapters Available in Both Unicode & Zawgyi I don't own the Story. I trans...
36.6K 3.6K 78
အချစ်ဆိုတာ မထင်မှတ်ထားတဲ့အချိန်မှာ ပုံစံအမျိုးမျိုးနဲ့ ​ရောက်လာတတ်တယ်❤ လေ​ပြေ​လေးတစ်ခုလို ညင်သာစွာ ​ရောက်လာပြီးတီးခတ်လိုက်တဲ့သံစဥ်​လေးကို ကြားရုံနဲ့တ...