[Book-1]novelထဲဝင်သွားပြီးနော...

By thiriWoonie

675K 79.7K 1.4K

Title-穿书后她成了万人迷 Original Author- Young Master Yan,公子衍 Language-chinese Status-535chapters& 23 extra chapter (... More

Description
1[Zawgyi & Unicode]
2[Zawgyi & Unicode]
3[Zawgyi & Unicode]
4[Zawgyi & Unicode]
5[Zawgyi & Unicode]
6[Z&U]
7[Z&U]
8[Z&U]
9[Z&U]
10[Z&U]
11[Z&U]
12[Z&U]
13[Z&U]
14[Z&U]
15[Z&U]
Happy NewYear!
16[Z&U]
17[Z&U]
18[Z&U]
19[U&Z]
20[U&Z]
21[U&Z]
22[U&Z]
23[U&Z]
24[U&Z]
25[U&Z]
26[U&Z]
27[U&Z]
28[U&Z]
29[U&Z]
30[U&Z]
31[U&Z]
32[U&Z]
33[U&Z]
34[U&Z]
35[U&Z]
36[U&Z]
37[U&Z]
38[U&Z]
39[U&Z]
40[U&Z]
41[U&Z]
42[U&Z]
43[U&Z]
44[U&Z]
45[U&Z]
46[U&Z]
47[U&Z]
48[U&Z]
49[U&Z]
50[U&Z]
51[U&Z]
52[U&Z]
53[U&Z]
54[U&Z]
55[U&Z]
56[U&Z]
57[U&Z]
58[U&Z]
59[U&Z]
60[U&Z]
61[U&Z]
62[U&Z]
63[U&Z]
64[U&Z]
65[U&Z]
66[U&Z]
67[U&Z]
68[U&Z]
69[U&Z]
70[U&Z]
71[U&Z]
72[U&Z]
73[U&N]
74[U&Z]
75[U&Z]
76[U&Z]
77[U&Z]
78[U&Z]
79[U&Z]
80[U&Z]
81[U&Z]
83[U&Z]
84[U&Z]
85[U&Z]
86[U&Z]
87[U&Z]
88[U&Z]
89[U&Z]
90[U&Z]
91[U&Z]
92[U&Z]
93[U&Z]
94[U&Z]
95[U&Z]
96[U&Z]
97[U&Z]
98[U&Z]
99[U&Z]
100[U&Z]
101[U&Z]
EP-102[U&Z]
103[U&Z]
104[U&Z]
105[U&Z]
106[U&Z]
107[U&Z]
108[U&Z]
109[U&Z]
110[U&Z]
111[U&Z]
112[U&Z]
113[U&Z]
114[U&Z]
115[U&Z]
116[U&Z]
117[U&Z]
118[U&Z]
119[U&Z]
120[U&Z]
121[U&Z]
122[U&Z]
123[U&Z]
124[U&Z]
125[U&Z]
126[U&Z]
127[U&Z]
128[U&Z]
129[U&Z]
130[U&Z]
131[U&Z]
132[U&Z]
133[U&Z]
134[U&Z]
135[U&Z]
136[U&Z]
137[U&Z]
138[U&Z]
139[U&Z]
140[U&Z]
141[U&Z]
142[U&Z]
HOLA!
143+144[U&Z]
145[U&Z]
146[U&Z]
147[U&Z]
148[U&Z]
149[U&Z]
150[U&Z]
151[U&Z]
152[U&Z]
153[U&Z]
154[U&Z]
155[U&Z]
156[U&Z]
157[U&Z]
158[U&Z]
159[U&Z]
160[U&Z]
161[U&Z]
162[U&Z]
163[U&Z]
164[U&Z]
165[U&Z]
166[U&Z]
167[U&Z]
168[U&Z]
169[U&Z]
170[U&Z]
171[U&Z]
172[U&Z]
173[U&Z]
174[U&Z]
175[U&Z]
176[U&Z]
177[U&Z]
178[U&Z]
179[U&Z]
180[U&Z]
181[U&Z]
182[U&Z]
183[U&Z]
184[U&Z]
185[U&Z]
186[U&Z]
187[U&Z]
188[U&Z]
189[U&Z]
190[U&Z]
191[U&Z]
192[U&Z]
193[U&Z]
194[U&Z]
195[U&Z]
196[U&Z]
🗣️

82[U&Z]

3.4K 439 10
By thiriWoonie

[Unicode]

"Shifting to Mars" ရဲ့ဝင်ငွေသည် မယုံကြည်နိုင်လောက်အောင် မြင့်တက်လို့လာ၏။ တစ်နှစ်တည်းမှာ ထုတ်လုပ်တဲ့ ကောင်းပါတယ်ဆိုတဲ့ ရုပ်ရှင်တွေတောင် ယွမ်သန်းအနည်းငယ်သာ ဝင်အောင် လုပ်နိုင်ခဲ့သည်။

ကွန်ပျူတာ screenကို ကြည့်နေရင်းမှ စုထျန်းထျန်း မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။ "မဖြစ်နိုင်တာ! ဒါက လုံး၀ မဖြစ်နိုင်ဘူး! တခုခု မှားနေတာပဲနေမယ်! 'Shifting to Mars'လို ဇာတ်လမ်းက ဘယ်လိုဖြစ်ပြီး ဒီလောက် နာမည်ကြီးရမှာလဲ! ပြည်တွင်း သိပ္ပံဇာတ်လမ်းတွေက တရုတ်မှာ ဘယ်တုန်းကမှ နာမည်မကြီးခဲ့ဘူး! ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ!"

သံသယအမှောင်တို့က သူမကို ဖုံးအုပ်လို့ သွားလေပြီ။ "ကျွန်မသိပြီ...အဲ့ဒါ မစ္စတာဟော်ကြောင့်ပဲ နေမယ်။ ရုံဝင်ငွေ စာရင်းကို စိတ်တိုင်းကျ ခြယ်လှယ်နိုင်အောင် သူပဲ ကူညီပေးနေတာနေမယ်! သူတစ်ယောက်တည်းပဲ အခုလို ကိစ္စတွေကို ကိုင်တွယ်နိုင်တာ!"

အခုထိ ရှုံးနေတာကို ဝန်ခံဖို့ ဆန္ဒမရှိသေးတဲ့ သူမကို မြင်နေရတဲ့အခါ လီရိချန်က အေးစက်စွာ ချေပလိုက်သည်။ "ရုပ်ရှင်ထဲမှာ ရင်းနှီးမြှုပ်နှံဖို့ သူက ယွမ် ၂ဘီလီယံလောက် သုံးပြီးသွားတာကို ထိပ်ပိုင်း ရင်းနှီးမြှုပ်နှံသူတစ်ယောက် အနေနဲ့ ရုပ်ရှင်လက်မှတ်တွေအတွက်  နောက်ထပ် ၅ဘီလီယံလောက် သုံးဦးမယ်လို့ ပြောနေတာလား။ ရုံဝင်ငွေစာရင်း အကုန်လုံးက တစ်ခုမှအမှန်မဟုတ်ဘူးလို့ မင်းက ပြောချင်နေတာလား ဟမ်? ဒါတွေက မင်းရုပ်ရှင်ကို မအောင်မြင်စေရတဲ့ အကြောင်းအရင်းတွေပေါ့ ဟုတ်လား"

ထိုသို့ ကြားတဲ့အခါ စုထျန်းထျန်း ဘာပြောရမှန်း မသိတော့ပေ။

တရက်တည်း ရုံတင်ပြတယ်ဆိုတဲ့ ဇာတ်ကားနှစ်ကားက လက်မှတ်အရောင်းစံချိန်ကို ယှဉ်ပြိုင်နေရတာနဲ့ တူလေသည်။ ဒါ့အပြင် တနေ့တည်းမှာ ရုပ်ရှင်နှစ်ကားအတွက် လက်မှတ်၂စောင် ကုန်ဖို့ဆိုတာ တစ်စုံတယောက်အတွက်လည်း မဖြစ်နိုင်ပေ။

ဒါကြောင့်ပဲ သူမက "The Hero" ရုံတင်မယ့်ရက်ကို ရှေ့တိုးပြဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပြီး "Shifting to Mars"ထက် လက်မှတ်ရောင်းအား ပိုသာဖို့ မျှော်လင့်ခဲ့သည်။ သို့ပေမယ့် ရလဒ်တွေက တရက်တည်းမှာပဲ ပြောင်းပြန်ထွက်လာမယ်လို့ ဘယ်သူက ထင်မှာလဲ။

တကယ်လို့ သူမသာ ရုံတင်ပြမယ့်ရက် မရွှေ့ခဲ့ရင် "The Hero"က တရုတ်မှာ လူကြည့်အများဆုံး ရုပ်ရှင် ဖြစ်လာနိုင်ခဲ့ပေမယ့် အခုတော့....

စုထျန်းထျန်း ‌ဒေါသကြီးစွာဖြင့် လီရိချန် စားပွဲပေါ်မှ ပစ္စည်းတွေကို ကြမ်းပြင်ပေါ်သို့ ရောက်သည်အထိ တွန်းထုတ်လိုက်သည်။

"အား!! အဲ့တာ နင်မုန့်ကြောင့်! အကုန် နင်မုန့် အမှားပဲ!"

စုထျန်းထျန်း စိတ်တိုင်းမကျ ဖြစ်နေတဲ့ပုံကို လီရိချန်ကတော့ အချိန်အတော်ကြာသည်အထိ ကြည့်နေလိုက်သည်။

သူမရဲ့ အခုပုံစံကို သူတစ်ခါလေးတောင် မမြင်ဖူးခဲ့ပေ...

သူမရဲ့ ပြောင်းလဲသွားတဲ့ ပုံစံကို လီရိချန် မြင်လိုက်ရတဲ့အခါ အစာအိမ်ထဲ မနှစ်မြို့စရာ တစ်ခုခုဝင်သွားတဲ့ ခံစားချက်ဖြစ်ပေါ်လို့ လာလေ၏။

  -

"Shifting to Mars"ရဲ့ ဝင်ငွေ အမြင့်ဆုံးစံချိန်ကို ၃ရက်မြောက်နေ့ အထိသာ ရမယ် ထင်ထားသော်လည်း ၄ရက်မြောက်နေ့ ရောက်သည့်တိုင် ယွမ် 3.5ဘီလီယံအထိ မြင့်တက်နေတုန်း ဖြစ်၏။

၁၀ရက်ကြာပြီးတဲ့အခါ "Shifting to Mars"က ယွမ်25ဘီလီယံ ကျော်သွားခဲ့သည်။ ထိုအရာ တစ်ခုတင်မဟုတ်သေးဘဲ လက်မှတ်ရောက်အားကလည်း သွက်နေတုန်း‌ဖြစ်၏။ ဒီအတိုင်းသာ ဆက်သွားမယ် ဆိုပါက "Shifting to Mars"ရုပ်ရှင်က သေချာပေါက် တရုတ်နိုင်ငံ ရုံတင်‌ဝင်ငွေ မှတ်တမ်းတွေကို စံချိန်ချိုးသွားနိုင်တော့မှာ ဖြစ်သည်။

ထိုနယ်ပယ်ထဲမှ လူတိုင်း အံ့ဩကုန်ကြသည်။ ဘယ်သူမှ ဒီရုပ်ရှင်ကို အခုလောက်ထိ နာမည်ကြီးလာမယ်မှန်း မထင်ထားခဲ့ကြ။ ဟန်မေလင်းရဲ့ နာမည်က တရုတ်တစ်နိုင်ငံလုံး ကျော်ကြားလာသလို အင်တာဗျူးတိုင်းမှာလဲ သူမ အမြဲပြောနေကျစကားရှိသည်။

"နင်မုန့်သာ မရှိခဲ့ရင် 'Shifting to Mars'လည်း ဖြစ်လာမှာ မဟုတ်ပါဘူး"

‌ဒါကြောင့်ပဲ နင်မုန့်သည်လည်း နာမည်ကြီးလာခဲ့သည်။ သူမရဲ့ Weibo accဖြစ်တဲ့ comic artist "Lemon"ဆိုတာက အခုဆို သန်းနဲ့ချီတဲ့ followersတွေနဲ့ ပရိတ်သက်တွေကိုပါ ပိုင်ဆိုင်နေပြီ ဖြစ်လေ၏။

သို့ပေမယ့်လည်း Weiboသိပ်မသုံးတဲ့ နင်မုန့်ကတော့ ဒါတွေကို မသိခဲ့ပေ။ ထို့အစား သူမက သူမရဲ့အချိန်တွေကို အခန်းထဲမှာ ပုံဆွဲရင်းပဲ အချိန်ကုန်နေလေပြီး "ဘဝဖူးပွင့်ချိန်" Season 2ကို အပြီးသတ်နိုင်ဖို့ အပြင်းအထန် ကြိုးစားနေလေသည်။

ရုတ်တရက်ပဲ သူမ ဖုန်းက တုန်ခါလာသည်။

စုယွဲ့ ဆီမှ ဖြစ်‌လေ၏။ Baiduမှာ နာမည်ကြီးနေတဲ့ အကြောင်းအရာကို သူတို့ရဲ့ WeChat Group ပို့လာတာဖြစ်၏။ ဖွင့်ကြည့်လိုက်တဲ့အခါ သူမအကြောင်း မကောင်းပြောထားတဲ့ သတင်းဖြစ်နေတာကို နင်မုန့် တွေ့လိုက်ရသည်။

အကြောင်းအရာမှာ ပြောထားတာက သူမနဲ့ စုထျန်းထျန်းရဲ့ အဆင်မပြေတဲ့ ဆက်ဆံရေးဖြစ်ပြီး နင်မုန့်က ငယ်စဉ်ကတည်းက ကောက်ကျစ်တဲ့ စုန်းမတစ်ယောက်ဖြစ်ပြီး နင်အိမ်တော်မှာ ရှိစဉ်တုန်းက စုထျန်းထျန်းကို အနိုင်ကျင့်ကြောင်း ရေးသားထား၏။

သူထပ်ပြောထားတာက နင်မုန့်က စုထျန်းထျန်းရဲ့ မျက်နှာလှလှလေးကို မနာလိုတာကြောင့် အိမ်မှာတင် ခက်ခဲအောင် လုပ်ခဲ့တာ မဟုတ်ဘဲ အခု "Shifting to Mars"ကိုတောင် စုထျန်းထျန်းရဲ့ entertainmentဆီမှ ဖြတ်ခုတ်သွားသေးသည်။ ဒါ့အပြင် သူမက "Shifting to Mars" ရုံတင်မယ့်ရက်ကို စုထျန်းထျန်း အရှက်ရအောင်လို့ "The Hero"နဲ့ တစ်ရက်တည်းမှာ ရုံတင်ဖို့ ရက်သက်မှတ်ထားခဲ့ကြောင်း ပြောထားလေ၏။

အခြေခံအားဖြင့်တော့ အကြောင်းအရာက စုထျန်းထျန်းကို စင်ဒရဲ‌လားဖြစ်အောင် ရေးထားပြီး နင်မုန့်ကိုတော့ ဗီလိန်ဖြစ်အောင် ရေးထားတဲ့ သတင်းဖြစ်သည်။

သဘာဝတကျပဲ စာဖတ်သူ အများစုက စုထျန်းထျန်းဘက်မှာ ရှိနေတာဖြစ်ပြီး နင်မုန့်ကို စတင် အပြစ်တင်တော့သည်။

WeChat Groupထဲမှ memberတွေကလည်း စတင် ဆွေးနွေးကြတော့၏။

ချီရှန် : [ဒါ ဘယ်လို စောက်ကျိုးနဲလဲ! အခုချက်ချင်း အကောင့်ဖွင့်ပြီး အကုန်လုံးကို မီးမြှိုက်ပစ်မယ်! ဒီလိုမျိုး သတင်းတုကို လုပ်ကြံပြီး တင်ရဲရတယ်လို့!"

ထိုအရာကို မြင်လိုက်ရတဲ့အခါ နင်မုန့် နှလုံးသားလေး လှုပ်ခတ်လို့သွားသည်။ သို့သော်လည်း စက္ကန့်ပိုင်းတောင် မခံလိုက်ပေ အကြောင်းအရင်းကား....

ချီရှန်: [ဒီ နုံအတဲ့မိန်းမက မချမ်းသာဘူး။ ရုပ်ကလည်းဆိုးပြီး ဆင်းကလည်း ဆင်းရဲသေးတာကို!]

Ning Meng: [...အဟမ်း!]

စုယွဲ့ : [သတင်းကို ဖျက်ချဖို့ ကျွန်တော်တို့တွေ တိုင်ကြားလိုက်သင့်လား မဒမ်]

groupထဲမှာ တော်ရုံ စကား‌မပြောတဲ့ ဖေးပိုင်က နောက်ဆုံးတော့ စာရိုက်ပို့လာလေ၏။

ဖေးပိုင် : [သတင်းတင်တဲ့ လူရဲ့ မူရင်း အချက်အလက်ကို ရှာ]

ချီရှန် : [ရှာပြီး ဘာလုပ်မလို့လဲ]

ဖေးပိုင် : [သူ့ကို သတ်မလို့]

နင်မုန့် : [??]

အားလုံးပဲ ပျော်ရွှင်စရာ ခရစ်စမတ်နေ့လေး ဖြစ်ပါစေ♥️

------------------------

[Zawgyi]

"Shifting to Mars" ရဲ႕၀င္ေငြသည္ မယုံၾကည္ႏိုင္ေလာက္ေအာင္ ျမင့္တက္လို႔လာ၏။ တစ္ႏွစ္တည္းမွာ ထုတ္လုပ္တဲ့ ေကာင္းပါတယ္ဆိုတဲ့ ႐ုပ္ရွင္ေတြေတာင္ ယြမ္သန္းအနည္းငယ္သာ ၀င္ေအာင္ လုပ္ႏိုင္ခဲ့သည္။

ကြန္ပ်ဴတာ screenကို ၾကည့္ေနရင္းမွ စုထ်န္းထ်န္း မယုံၾကည္ႏိုင္စြာ ေရ႐ြတ္လိုက္သည္။ "မျဖစ္ႏိုင္တာ! ဒါက လုံး၀ မျဖစ္ႏိုင္ဘူး! တခုခု မွားေနတာပဲေနမယ္! 'Shifting to Mars'လို ဇာတ္လမ္းက ဘယ္လိုျဖစ္ၿပီး ဒီေလာက္ နာမည္ႀကီးရမွာလဲ! ျပည္တြင္း သိပၸံဇာတ္လမ္းေတြက တ႐ုတ္မွာ ဘယ္တုန္းကမွ နာမည္မႀကီးခဲ့ဘူး! ဒါက ဘယ္လိုလုပ္ၿပီး ျဖစ္ႏိုင္မွာလဲ!"

သံသယအေမွာင္တို႔က သူမကို ဖုံးအုပ္လို႔ သြားေလၿပီ။ "ကြၽန္မသိၿပီ...အဲ့ဒါ မစၥတာေဟာ္ေၾကာင့္ပဲ ေနမယ္။ ႐ုံ၀င္ေငြ စာရင္းကို စိတ္တိုင္းက် ျခယ္လွယ္ႏိုင္ေအာင္ သူပဲ ကူညီေပးေနတာေနမယ္! သူတစ္ေယာက္တည္းပဲ အခုလို ကိစၥေတြကို ကိုင္တြယ္ႏိုင္တာ!"

အခုထိ ရႈံးေနတာကို ၀န္ခံဖို႔ ဆႏၵမရွိေသးတဲ့ သူမကို ျမင္ေနရတဲ့အခါ လီရိခ်န္က ေအးစက္စြာ ေခ်ပလိုက္သည္။ "႐ုပ္ရွင္ထဲမွာ ရင္းႏွီးျမႇဳပ္ႏွံဖို႔ သူက ယြမ္ ၂ဘီလီယံေလာက္ သုံးၿပီးသြားတာကို ထိပ္ပိုင္း ရင္းႏွီးျမႇဳပ္ႏွံသူတစ္ေယာက္ အေနနဲ႔ ႐ုပ္ရွင္လက္မွတ္ေတြအတြက္  ေနာက္ထပ္ ၅ဘီလီယံေလာက္ သုံးဦးမယ္လို႔ ေျပာေနတာလား။ ႐ုံ၀င္ေငြစာရင္း အကုန္လုံးက တစ္ခုမွအမွန္မဟုတ္ဘူးလို႔ မင္းက ေျပာခ်င္ေနတာလား ဟမ္? ဒါေတြက မင္း႐ုပ္ရွင္ကို မေအာင္ျမင္ေစရတဲ့ အေၾကာင္းအရင္းေတြေပါ့ ဟုတ္လား"

ထိုသို႔ ၾကားတဲ့အခါ စုထ်န္းထ်န္း ဘာေျပာရမွန္း မသိေတာ့ေပ။

တရက္တည္း ႐ုံတင္ျပတယ္ဆိုတဲ့ ဇာတ္ကားႏွစ္ကားက လက္မွတ္အေရာင္းစံခ်ိန္ကို ယွဥ္ၿပိဳင္ေနရတာနဲ႔ တူေလသည္။ ဒါ့အျပင္ တေန႔တည္းမွာ ႐ုပ္ရွင္ႏွစ္ကားအတြက္ လက္မွတ္၂ေစာင္ ကုန္ဖို႔ဆိုတာ တစ္စုံတေယာက္အတြက္လည္း မျဖစ္ႏိုင္ေပ။

ဒါေၾကာင့္ပဲ သူမက "The Hero" ႐ုံတင္မယ့္ရက္ကို ေရွ႕တိုးျပဖို႔ ဆုံးျဖတ္လိုက္တာ ျဖစ္ၿပီး "Shifting to Mars"ထက္ လက္မွတ္ေရာင္းအား ပိုသာဖို႔ ေမွ်ာ္လင့္ခဲ့သည္။ သို႔ေပမယ့္ ရလဒ္ေတြက တရက္တည္းမွာပဲ ေျပာင္းျပန္ထြက္လာမယ္လို႔ ဘယ္သူက ထင္မွာလဲ။

တကယ္လို႔ သူမသာ ႐ုံတင္ျပမယ့္ရက္ မေ႐ႊ႕ခဲ့ရင္ "The Hero"က တ႐ုတ္မွာ လူၾကည့္အမ်ားဆုံး ႐ုပ္ရွင္ ျဖစ္လာႏိုင္ခဲ့ေပမယ့္ အခုေတာ့....

စုထ်န္းထ်န္း ‌ေဒါသႀကီးစြာျဖင့္ လီရိခ်န္ စားပြဲေပၚမွ ပစၥည္းေတြကို ၾကမ္းျပင္ေပၚသို႔ ေရာက္သည္အထိ တြန္းထုတ္လိုက္သည္။

"အား!! အဲ့တာ နင္မုန႔္ေၾကာင့္! အကုန္ နင္မုန႔္ အမွားပဲ!"

စုထ်န္းထ်န္း စိတ္တိုင္းမက် ျဖစ္ေနတဲ့ပုံကို လီရိခ်န္ကေတာ့ အခ်ိန္အေတာ္ၾကာသည္အထိ ၾကည့္ေနလိုက္သည္။

သူမရဲ႕ အခုပုံစံကို သူတစ္ခါေလးေတာင္ မျမင္ဖူးခဲ့ေပ...

သူမရဲ႕ ေျပာင္းလဲသြားတဲ့ ပုံစံကို လီရိခ်န္ ျမင္လိုက္ရတဲ့အခါ အစာအိမ္ထဲ မႏွစ္ၿမိဳ႕စရာ တစ္ခုခု၀င္သြားတဲ့ ခံစားခ်က္ျဖစ္ေပၚလို႔ လာေလ၏။

  -

"Shifting to Mars"ရဲ႕ ၀င္ေငြ အျမင့္ဆုံးစံခ်ိန္ကို ၃ရက္ေျမာက္ေန႔ အထိသာ ရမယ္ ထင္ထားေသာ္လည္း ၄ရက္ေျမာက္ေန႔ ေရာက္သည့္တိုင္ ယြမ္ 3.5ဘီလီယံအထိ ျမင့္တက္ေနတုန္း ျဖစ္၏။

၁၀ရက္ၾကာၿပီးတဲ့အခါ "Shifting to Mars"က ယြမ္25ဘီလီယံ ေက်ာ္သြားခဲ့သည္။ ထိုအရာ တစ္ခုတင္မဟုတ္ေသးဘဲ လက္မွတ္ေရာက္အားကလည္း သြက္ေနတုန္း‌ျဖစ္၏။ ဒီအတိုင္းသာ ဆက္သြားမယ္ ဆိုပါက "Shifting to Mars"႐ုပ္ရွင္က ေသခ်ာေပါက္ တ႐ုတ္ႏိုင္ငံ ႐ုံတင္‌၀င္ေငြ မွတ္တမ္းေတြကို စံခ်ိန္ခ်ိဳးသြားႏိုင္ေတာ့မွာ ျဖစ္သည္။

ထိုနယ္ပယ္ထဲမွ လူတိုင္း အံ့ဩကုန္ၾကသည္။ ဘယ္သူမွ ဒီ႐ုပ္ရွင္ကို အခုေလာက္ထိ နာမည္ႀကီးလာမယ္မွန္း မထင္ထားခဲ့ၾက။ ဟန္ေမလင္းရဲ႕ နာမည္က တ႐ုတ္တစ္ႏိုင္ငံလုံး ေက်ာ္ၾကားလာသလို အင္တာဗ်ဴးတိုင္းမွာလဲ သူမ အၿမဲေျပာေနက်စကားရွိသည္။

"နင္မုန႔္သာ မရွ္ိခဲ့ရင္ 'Shifting to Mars'လည္း ျဖစ္လာမွာ မဟုတ္ပါဘူး"

‌ဒါေၾကာင့္ပဲ နင္မုန႔္သည္လည္း နာမည္ႀကီးလာခဲ့သည္။ သူမရဲ႕ Weibo accျဖစ္တဲ့ comic artist "Lemon"ဆိုတာက အခုဆို သန္းနဲ႔ခ်ီတဲ့ followersေတြနဲ႔ ပရိတ္သက္ေတြကိုပါ ပိုင္ဆိုင္ေနၿပီ ျဖစ္ေလ၏။

သို႔ေပမယ့္လည္း Weiboသိပ္မသုံးတဲ့ နင္မုန႔္ကေတာ့ ဒါေတြကို မသိခဲ့ေပ။ ထို႔အစား သူမက သူမရဲ႕အခ်ိန္ေတြကို အခန္းထဲမွာ ပုံဆြဲရင္းပဲ အခ်ိန္ကုန္ေနေလၿပီး "ဘ၀ဖူးပြင့္ခ်ိန္" Season 2ကို အၿပီးသတ္ႏိုင္ဖို႔ အျပင္းအထန္ ႀကိဳးစားေနေလသည္။

႐ုတ္တရက္ပဲ သူမ ဖုန္းက တုန္ခါလာသည္။

စုယြဲ႕ ဆီမွ ျဖစ္‌ေလ၏။ Baiduမွာ နာမည္ႀကီးေနတဲ့ အေၾကာင္းအရာကို သူတို႔ရဲ႕ WeChat Group ပို႔လာတာျဖစ္၏။ ဖြင့္ၾကည့္လိုက္တဲ့အခါ သူမအေၾကာင္း မေကာင္းေျပာထားတဲ့ သတင္းျဖစ္ေနတာကို နင္မုန႔္ ေတြ႕လိုက္ရသည္။

အေၾကာင္းအရာမွာ ေျပာထားတာက သူမနဲ႔ စုထ်န္းထ်န္းရဲ႕ အဆင္မေျပတဲ့ ဆက္ဆံေရးျဖစ္ၿပီး နင္မုန႔္က ငယ္စဥ္ကတည္းက ေကာက္က်စ္တဲ့ စုန္းမတစ္ေယာက္ျဖစ္ၿပီး နင္အိမ္ေတာ္မွာ ရွိစဥ္တုန္းက စုထ်န္းထ်န္းကို အႏိုင္က်င့္ေၾကာင္း ေရးသားထား၏။

သူထပ္ေျပာထားတာက နင္မုန႔္က စုထ်န္းထ်န္းရဲ႕ မ်က္ႏွာလွလွေလးကို မနာလိုတာေၾကာင့္ အိမ္မွာတင္ ခက္ခဲေအာင္ လုပ္ခဲ့တာ မဟုတ္ဘဲ အခု "Shifting to Mars"ကိုေတာင္ စုထ်န္းထ်န္းရဲ႕ entertainmentဆီမွ ျဖတ္ခုတ္သြားေသးသည္။ ဒါ့အျပင္ သူမက "Shifting to Mars" ႐ုံတင္မယ့္ရက္ကို စုထ်န္းထ်န္း အရွက္ရေအာင္လို႔ "The Hero"နဲ႔ တစ္ရက္တည္းမွာ ႐ုံတင္ဖို႔ ရက္သက္မွတ္ထားခဲ့ေၾကာင္း ေျပာထားေလ၏။

အေျခခံအားျဖင့္ေတာ့ အေၾကာင္းအရာက စုထ်န္းထ်န္းကို စင္ဒရဲ‌လားျဖစ္ေအာင္ ေရးထားၿပီး နင္မုန႔္ကိုေတာ့ ဗီလိန္ျဖစ္ေအာင္ ေရးထားတဲ့ သတင္းျဖစ္သည္။

သဘာ၀တက်ပဲ စာဖတ္သူ အမ်ားစုက စုထ်န္းထ်န္းဘက္မွာ ရွိေနတာျဖစ္ၿပီး နင္မုန႔္ကို စတင္ အျပစ္တင္ေတာ့သည္။

WeChat Groupထဲမွ memberေတြကလည္း စတင္ ေဆြးေႏြးၾကေတာ့၏။

ခ်ီရွန္ : [ဒါ ဘယ္လို ေစာက္က်ိဳးနဲလဲ! အခုခ်က္ခ်င္း အေကာင့္ဖြင့္ၿပီး အကုန္လုံးကို မီးျမႇိဳက္ပစ္မယ္! ဒီလိုမ်ိဳး သတင္းတုကို လုပ္ႀကံၿပီး တင္ရဲရတယ္လို႔!"

ထိုအရာကို ျမင္လိုက္ရတဲ့အခါ နင္မုန႔္ ႏွလုံးသားေလး လႈပ္ခတ္လို႔သြားသည္။ သို႔ေသာ္လည္း စကၠန႔္ပိုင္းေတာင္ မခံလိုက္ေပ အေၾကာင္းအရင္းကား....

ခ်ီရွန္: [ဒီ ႏုံအတဲ့မိန္းမက မခ်မ္းသာဘူး။ ႐ုပ္ကလည္းဆိုးၿပီး ဆင္းကလည္း ဆင္းရဲေသးတာကို!]

Ning Meng: [...အဟမ္း!]

စုယြဲ႕ : [သတင္းကို ဖ်က္ခ်ဖို႔ ကြၽန္ေတာ္တို႔ေတြ တိုင္ၾကားလိုက္သင့္လား မဒမ္]

groupထဲမွာ ေတာ္႐ုံ စကား‌မေျပာတဲ့ ေဖးပိုင္က ေနာက္ဆုံးေတာ့ စာ႐ိုက္ပို႔လာေလ၏။

ေဖးပိုင္ : [သတင္းတင္တဲ့ လူရဲ႕ မူရင္း အခ်က္အလက္ကို ရွာ]

ခ်ီရွန္ : [ရွာၿပီး ဘာလုပ္မလို႔လဲ]

ေဖးပိုင္ : [သူ႔ကို သတ္မလို႔]

နင္မုန႔္ : [??]

အားလုံးပဲ ေပ်ာ္႐ႊင္စရာ ခရစ္စမတ္ေန႔ေလး ျဖစ္ပါေစ♥️

Continue Reading

You'll Also Like

58.1K 1.7K 36
" ဟိုးရှေးရှေးတုန်းက၀င်ကစွပ်လေးတစ်ကောင်ရှိသတဲ့..အဲ့၀င်ကစွပ်လေးကသူ့ခန္ဓာကိုယ်လေးနွေးထွေးလုံခြုံဖို့ တခြားသတ္တဝါတွေရဲ့အန္တရာယ်ကနေလွတ်မြောက်ဖို့ လှပတင့်...
547K 14.8K 20
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
181K 21.9K 124
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...
121K 15.6K 97
ဝမ်မိသားစု၏ ကလေးသတို့သမီးလောင်းဖြစ်သည့် ဆုဝန်သည် ခိုအီငါးလေး(koi )ဖြစ်သည်။ ဆုဝန်က ဝမ်မိသားစုသို့ ဝင်ရောက်ပြီးနောက် ခင်ပွန်းလောင်း ဝမ်လော့ရှန်းသည် ရွှ...