[Book-1]novelထဲဝင်သွားပြီးနော...
By thiriWoonie
640K 78.6K 1.4K
Title-穿书后她成了万人迷 Original Author- Young Master Yan,公子衍 Language-chinese Status-535chapters& 23 extra chapter (... More
Description
1[Zawgyi & Unicode]
2[Zawgyi & Unicode]
3[Zawgyi & Unicode]
4[Zawgyi & Unicode]
5[Zawgyi & Unicode]
6[Z&U]
7[Z&U]
8[Z&U]
9[Z&U]
10[Z&U]
11[Z&U]
12[Z&U]
13[Z&U]
14[Z&U]
15[Z&U]
Happy NewYear!
16[Z&U]
17[Z&U]
18[Z&U]
19[U&Z]
20[U&Z]
21[U&Z]
22[U&Z]
23[U&Z]
24[U&Z]
25[U&Z]
26[U&Z]
27[U&Z]
28[U&Z]
29[U&Z]
30[U&Z]
31[U&Z]
32[U&Z]
33[U&Z]
34[U&Z]
35[U&Z]
36[U&Z]
37[U&Z]
38[U&Z]
39[U&Z]
40[U&Z]
41[U&Z]
42[U&Z]
43[U&Z]
44[U&Z]
45[U&Z]
46[U&Z]
47[U&Z]
48[U&Z]
49[U&Z]
50[U&Z]
51[U&Z]
52[U&Z]
53[U&Z]
54[U&Z]
55[U&Z]
56[U&Z]
57[U&Z]
58[U&Z]
59[U&Z]
60[U&Z]
61[U&Z]
62[U&Z]
63[U&Z]
64[U&Z]
65[U&Z]
66[U&Z]
67[U&Z]
68[U&Z]
69[U&Z]
70[U&Z]
71[U&Z]
72[U&Z]
73[U&N]
74[U&Z]
75[U&Z]
76[U&Z]
77[U&Z]
78[U&Z]
79[U&Z]
80[U&Z]
82[U&Z]
83[U&Z]
84[U&Z]
85[U&Z]
86[U&Z]
87[U&Z]
88[U&Z]
89[U&Z]
90[U&Z]
91[U&Z]
92[U&Z]
93[U&Z]
94[U&Z]
95[U&Z]
96[U&Z]
97[U&Z]
98[U&Z]
99[U&Z]
100[U&Z]
101[U&Z]
EP-102[U&Z]
103[U&Z]
104[U&Z]
105[U&Z]
106[U&Z]
107[U&Z]
108[U&Z]
109[U&Z]
110[U&Z]
111[U&Z]
112[U&Z]
113[U&Z]
114[U&Z]
115[U&Z]
116[U&Z]
117[U&Z]
118[U&Z]
119[U&Z]
120[U&Z]
121[U&Z]
122[U&Z]
123[U&Z]
124[U&Z]
125[U&Z]
126[U&Z]
127[U&Z]
128[U&Z]
129[U&Z]
130[U&Z]
131[U&Z]
132[U&Z]
133[U&Z]
134[U&Z]
135[U&Z]
136[U&Z]
137[U&Z]
138[U&Z]
139[U&Z]
140[U&Z]
141[U&Z]
142[U&Z]
HOLA!
143+144[U&Z]
145[U&Z]
146[U&Z]
147[U&Z]
148[U&Z]
149[U&Z]
150[U&Z]
151[U&Z]
152[U&Z]
153[U&Z]
154[U&Z]
155[U&Z]
156[U&Z]
157[U&Z]
158[U&Z]
159[U&Z]
160[U&Z]
161[U&Z]
162[U&Z]
163[U&Z]
164[U&Z]
165[U&Z]
166[U&Z]
167[U&Z]
168[U&Z]
169[U&Z]
170[U&Z]
171[U&Z]
172[U&Z]
173[U&Z]
174[U&Z]
175[U&Z]
176[U&Z]
177[U&Z]
178[U&Z]
179[U&Z]
180[U&Z]
181[U&Z]
182[U&Z]
183[U&Z]
184[U&Z]
185[U&Z]
186[U&Z]
187[U&Z]
188[U&Z]
189[U&Z]
190[U&Z]
191[U&Z]
192[U&Z]
193[U&Z]
194[U&Z]
195[U&Z]
196[U&Z]
🗣️
81[U&Z]
3.3K 418 8
By thiriWoonie
[Unicode]
ချီရှန်ရဲ့ ဘိုးဘေးတွေကိုပါ နင်မုန့် တိတ်ဆိတ်စွာ မေတ္တာပို့လိုက်ပြီးနောက်မှာတော့ ယောက်ျားဖြစ်သူကို စတင် နှစ်သိမ့်ပေးရန် ကြံစည်တော့သည်။ သူက ရုပ်ရှင်မှာ ၁ဘီလီယံတောင် မြှုပ်နှံထားပေးခဲ့တဲ့အပြင် အခုဆို လက်မှတ် ၅သိန်းတောင် ဝယ်ခဲ့သေးတာ။ အဲ့တာတောင် သူမက သူမရဲ့ရုပ်ရှင်ကို supportပေးဖို့ တစ်ခါလေးတောင် မတောင်းဆိုခဲ့ဘူးလို့ ပြောခဲ့လိုက်သေးတယ်။ တော်တော် ရက်စက်လိုက်တာ! သေချာပေါက်ကို အရမ်း ရက်စက်တဲ့ အပြုအမူပဲ!
အောက်ထပ် မီးဖိုချောင်ဆီသို့ နင်မုန့် အမြန်ပြေးသွားလိုက်ပြီး ခရမ်းချဉ်သီးကြက်ဥနဲ့ ခေါက်ဆွဲတစ်ပွဲ ပြင်ဆင်လိုက်သည်။ ထို့နောက်မှာတော့ အပေါ်ထပ်ရှိ စာကြည့်ခန်းထဲဆီသို့ ဂရုတစိုက် သယ်သွားလိုက်၏။
စာကြည့်ခန်းရှေ့သို့ ရောက်တဲ့အခါ နင်မုန့် တုံ့ဆိုင်းနေမိသည်။ ဟော်ပေ့ချန်ကို နီးစပ်အောင် သူမအနေနဲ့ ဘယ်လို ချဉ်းကပ်ရမလဲ မစဉ်းစားတတ်ပေ။
ခနတာ တွေးတောပြီးတဲ့နောက် သူမ အနောက်ဘက်မှ ဥယျာဉ်ကို ကြည့်လိုက်သည်။
...
စာကြည့်ခန်းတွင် ဖြစ်သည်။
ဟော်ပေ့ချန် အနည်းငယ် ဒေါသထွက်သလို ခံစားနေရ၏။ သူကရော ဘယ်သူ့ကို အပြစ်တင်ရမှာလဲ။ တစုံတယောက်ကို ကူညီဖို့ လက်ကမ်းပေးလိုက်တဲ့အခါ ပြန်ရလိုက်တာက သိမ်ငယ်စေတဲ့ ခံစားချက်သာဆို ဘယ်သူမှ စိတ်ကောင်းမှာ မဟုတ်ဘူးလေ။
ဖိုင်တွဲ အနည်းငယ်ကို ဖတ်ပြီးတဲ့နောက်မှ စိတ်က တည်ငြိမ်သွားလေ၏။
ရုတ်တရက်ပဲ တံခါးက ပွင့်လာသည်။
အမှီးကို လှုပ်ယမ်းရင်းနဲ့ ‌ထျန်းထျန်းလေးက အထဲဝင်လာကာ ဟော်ပေ့ချန်ရဲ့ လက်ကို လျက်လိုက်ပြီးနောက်မှာတော့ သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။ သဘာဝတကျပင် ဟော်ပေ့ချန်က ခေါင်းကို ပွတ်ပေးနေလိုက်၏။
ပြီးနောက်မှာတော့ သူမြင်လိုက်တာက ချစ်ဖို့ကောင်းတဲ့ ခေါင်းသေးသေးလေးက ပွင့်နေတဲ့ တံခါးနောက်ကနေ ချောင်းကြည့်နေတာ ဖြစ်ပြီး သူစိတ်ဆိုးနေသေးလား စစ်ဆေးကြည့်နေသည့် ပုံပင်။
ဟော်ပေ့ချန်ရဲ့ ဒေါသတွေ လျော့နည်းသွားတာကို မြင်လိုက်ရတဲ့အခါ နင်မုန့်က သူမရဲ့ ခေါက်ဆွဲကို ကိုင်ရင်း ချိုသာသော အပြုံးလေးနဲ့ ‌စားပွဲပေါ်သို့ တင်ပေးလိုက်လေသည်။
"ယောက်ျား ရှင်က တကယ်ကို အရမ်းသဘောထားကြီးတဲ့ လူပဲ! ချီရှန်နဲ့ သူ့အပေါင်းအပါတွေက ကျွန်မကို supportပေးဖို့ လက်မှတ်၂သောင်းဆီပဲ ဝယ်ပေးခဲ့ကြတာ ဒါပေမယ့် ရှင့်ကိုကြည့်ဦး။ ယွမ်၁ဘီလီယံကို ရုပ်ရှင်အတွက် ထောက်ပံ့ပေးတဲ့အပြင်ကို နောက်ထပ် လက်မှတ်၅သိန်းတောင် ဝယ်ခဲ့သေးတယ်!"
ပြီးနောက်မှာတော့ အချိုသာဆုံးဖြစ်အောင် သူမ ပြုံးလိုက်ပြီး‌နောက် ဆွဲဆောင်မှုရှိစွာ သူ့အား ကြည့်လိုက်သည်။
"ရှင့်ရဲ့ သဘောထား ကြီးမှုနဲ့ ကြီးမြတ်တဲ့ အရှိန်အဝါကို အစောက စာကြည့်ခန်း အပြင်မှာ ရှိတည်းကိုက ခံစားလို့ရနေခဲ့တာ! ရှင်က တကယ်ကို အရမ်းတော်တဲ့ လူပဲ!"
"....."
ဟန်ဆောင်နေလိုက်တာ!
သို့တိုင်အောင် သူမကို မြင်ပြီးတဲ့အခါ ဟော်ပေ့ချန်ရဲ့ ဒေါသတွေက လျော့ပါးလို့သွား၏။ စားပွဲပေါ်ကို ငုံ့ကြည့်လိုက်ရင်း ဟော်ပေ့ချန် မေးလိုက်သည်။ "ဒါဆို ဒီခေါက်ဆွဲတွေက ကျေးဇူးတင်တဲ့ အနေနဲ့ပေါ့"
နင်မုန့်က ခပ်မြန်မြန် ခေါင်းခါလိုက်ပြီး "မဟုတ်ပါဘူး! ရှင့်အတွက် ခေါက်ဆွဲပြင်ပေးရတာက  ကျွန်မ‌အတွက် ပျော်ရွှင်မှုပါပဲ! အမှန်တော့ ရှင့်အတွက် လက်ဆောင် ဝယ်ထားသေးတယ် ဒါပေမယ့် လာပို့တဲ့လမ်းမှာပဲ ရှိသေးတာ။ ရှင်သဘောကျဖို့ မျှော်လင့်ပါတယ်"
ထိုသို့ကြားလိုက်တဲ့ အခါမှာတော့ ဟော်ပေ့ချန်ရဲ့ ဒေါသအလုံးစုံ လွင့်မျောလို့ သွားလေ၏။ ယောက်ျားဖြစ်သူ ထပ်မံ ဒေါသမထွက်တော့တာ မြင်တဲ့အခါမှ နင်မုန့် စိတ်သက်သာ ရစွာသာ သက်ပြင်းချလိုက်၏။
ပြီးနောက်မှာတော့ ထျန်းထျန်းလေးကို နင်မုန့် ကြည့်လိုက်သည်။
"လူတွေမှာ အမှီးတွေမရှိတာ ဘယ်လောက် ကောင်းလိုက်လဲ ဘုရင်ကြီးချန်"
ထျန်းထျန်းလေးဆီသို့ ဟော်ပေ့ချန် အကြည့်တို့က ရောက်သွားသည်။
နင်မုန့်ကတော့ သူမစကားကို ထပ်ဆက်လိုက်သည်။ "မဟုတ်လို့ကတော့ ရှင့်ကိုမြင်တိုင်း ကျွန်မ အမှီးက အချိန်တိုင်းနှံ့နေမိမှာ။ အိုး အဲ့လိုသာဆို တကယ်ရှက်ဖို့ ကောင်းနေမှာပဲနော်"
"..."
သူမ အခုတော့ kuudereကို စိတ်သက်သာအောင် လုပ်နိုင်ခဲ့ပြီ...အာ...မဟုတ်ဘူး သူမကအခု သူမရဲ့ ချစ်ဘုရင်ကြီးချန်ကို စိတ်သက်သာအောင် လုပ်ပေးနိုင်ခဲ့တာ။ ထျန်းထျန်းလေးကို ဟော်ပေ့ချန်နဲ့ ထားခဲ့လိုက်ပြီးနောက်မှာတော့ နင်မုန့် စာကြည့်ခန်းထဲမှ ထွက်လာလိုက်သည်။
[kuudere - အပြင်ပန်းမှာ အေးစက်ပြီး ခံစားချက်မရှိသလို နေတတ်ပေမယ့် စိတ်ထဲမှာတော့ သူတို့ချစ်တဲ့လူတွေကို ဂရုစိုက်ပေးတဲ့ လူမျိုးကိုပြောတာပါ]
အိပ်ခန်းထဲကို အမြန်ပြေးသွားလိုက်ပြီးနောက်မှာတော့ နင်မုန့် ဖုန်းထုတ်လိုက်ပြီး Taobaoထဲ ဝင်လိုက်သည်။ သူ့အတွက် ဘာလက်ဆောင် ပေးသင့်လဲ။ လက်ဆောင်က လုံးဝကို ဟတ်ထိသွားစေရမယ့် ပစ္စည်းဖြစ်‌အောင် လုပ်ရမယ်။ ပစ္စည်းက အရမ်း ဈေးကြီးတာမျိုးတို့ အရမ်းဈေးပေါတာမျိုးတို့လည်း မဖြစ်ဘူး။
ပြီးပြည့်စုံတဲ့ လက်ဆောင်ကို ရွေးရတာ အရမ်းခက်တာပဲ။
ရုတ်တရက်ပဲ နင်မုန့်ရဲ့ မျက်လုံးတွေက တစ်ခုခုအပေါ် ခိုင်မြဲစွာ ကျရောက်လို့သွားသည်။
  -
စုထျန်းထျန်းကတော့ ရူးသွားမတတ်ကို ဒေါသထွက်လို့ နေလေ၏။
ရုံဝင်ငွေစာရင်းက အရင်နေ့ညတွေထက် စာရင် အကြီးကြီးကို ရလဒ်ကွာနေတယ်။ ရလဒ် ကွာခြားမှုက အရမ်းကြီးမားလွန်းလှတာမို့ သူမက အနုပညာနယ်ပယ်ထဲက ထပ်တန်းနာမည်ကြီး သရုပ်ဆောင်တစ်ယောက် ဖြစ်နေသေးရဲ့လားဆိုတာတောင် မေးခွန်းထုတ်မိသည်အထိပင်။
မျက်လုံးတွေ မှိတ်ထားရင်း ထိုင်နေတဲ့ လီရိချန်ပုံက စိတ်ပျက်နေတဲ့ပုံ ပေါ်၏။ သူ့ ကိုယ်ပိုင်လက်ထောက်က ဆက်လက် သီးမခံနိုင်တော့တာမို့ စုထျန်းထျန်းကို ကြိမ်းမောင်းလိုက်လေသည်။ "မစ္စတာလီက မင်းကို 'Shifting to Mars'မှာ သွားလေ့လာလို့ ရအောင် ‌ပြော‌ခဲ့တယ် ဒါတောင်မှ မင်းက တခြားလူလက်ထဲ ရောက်အောင် စွန့်လွှတ်လိုက်တယ်။ 'The Hero' ဇာတ်လမ်းကိုလည်း ရုံတင်ပြမယ့်ရက်ကို မရွှေ့ဆိုင်းဖို့ သတိပေးခဲ့တယ်။ အဲ့ဒါကိုလည်း နားမထောင်ခဲ့ဘူး။ အခု မင်း ကျေနပ်ပြီလား"
"ရုံဝင်ငွေစာရင်းကို ကြိုးကိုင်ထားတာပဲ ဖြစ်မယ်! သေချာပေါက် အဲ့လိုပဲနေမယ်!" စုထျန်းထျန်း ဒေါသတကြီး လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ "အဲ့ရုပ်ရှင်က အမှိုက်သာသာပဲ တန်ဖိုးရှိတာ! ရုံဝင်ငွေ 1.5 ဘီလီယံ ရစရာ‌အကြောင်းကို လုံးဝမရှိတာ! အကိုချန်လည်း လှည့်စားမခံသင့်ဘူး! မနက်ဖြန် မနက်လည်း စောင့်ကြည့်ရမယ်! နေ့တိုင်း ဆက်တိုက် လက်မှတ်ဖိုး အကုန်ကျ ခံနိုင်ဦးမလား စောင့်ကြည့်ရတာပေါ့! မနက်ဖြန်ဆို သေချာပေါက် ရုံဝင်ငွေ လျော့သွားမှာ!"
"အိုကေ။ မနက်ဖြန် ဘာဖြစ်မလဲ ကြည့်ကြတာပေါ့" လီရိချန် သက်ပြင်းချလိုက်သည်။
ညအချိန်ရောက်လာပြီ ဖြစ်သော်ငြား စုထျန်းထျန်းကတော့ အိပ်‌ပျော်ဖို့ မပြောနှင့် မျက်တောင်တခပ်စာတောင် မအိပ်ရသေးပေ။
နေရောင်က ပြတင်းပေါက်‌ကနေ ဖြတ်ဝင်လာတဲ့အခါ စုထျန်းထျန်း အိပ်ယာပေါ်က ထလိုက်ပြီး ကွန်ပျူတာဆီသို့ ပြေးသွားလိုက်သည်။
"အကို ချန် သူတို့ရှုံးလိမ့်မယ်! ကြည့်နေလိုက်!"
မနက် ၉နာရီ ရောက်တဲ့အခါ ရုံဝင်ငွေ စာရင်း ထွက်လို့လာလေ၏။
နံပါတ် 1—"Shifting to Mars" ယွမ် 2.8ဘီလီယံ
နံပါတ် 2—"The Hero" ယွမ် သန်း20
[ ၂၅ပိုင်းစီပါတဲ့ pdf စာစဉ်၁ခုကို ၅၀၀ကျပ်နဲ့ wp acc cbမှာ လာဝယ်လို့ရပြီနော်^^ ။ ပြီးသွားတဲ့ စာစဉ်တွေပါ စာစဉ်၃ [EP-65 to 89၊ စာစဉ်၄ [EP-90 to 114]၊ စာစဉ်၅ [EP-115 to 139]၊ စာစဉ်၆ [EP-140 to 164]၊ စာစဉ်၇ [EP-165 to 189]၊ စာစဉ်၈ [EP-190 to 214]၊ စာစဉ်၉[ EP-215 to 239]၊ စာစဉ်၁၀ [EP-239 to 264]၊ စာစဉ်၁၁[EP-265 to 289]၊ စာစဉ်၁၂ [EP-290 to 314]၊ စာစဉ်၁၃ ‌[EP-315 to 339]၊ စာစဉ်၁၄ [EP-340 to 364]၊ စာစဉ်၁၅ EP-365 to 389တို့ပါ🥰]
---------------------
[Zawgyi]
...
"....."
ဟန်ဆောင်နေလိုက်တာ!
"..."
  -
Continue Reading
You'll Also Like
340K 8.4K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
321K 34.4K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
308K 17.4K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
857K 58.4K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် (22.11.2020)