Chapter 54: တစ်နေရာတည်း
ပြီးတော့ ဒီလျှို့ဝှက်ချက်တွေဟာ "မရဏဖျော်ဖြေပွဲ"နဲ့လည်း သက်ဆိုင်တယ်။
စုမင်သည် ရွှီကျန်းဟိုဟိုဒီဒီလျှောက်ကြည့်နေကို မျက်ခြေမပျက်စောင့်ကြည့်နေကာ ထိုသူမှာ တစ်ခုခုကိုရှာနေပုံရပြီး ကြောက်လန့်ပုံမပေါ်ပေ။
လီချီယွီ .."ငါတို့အပြင်ထွက်တာနဲ့ သေချာပေါက်သူထွက်ပြေးမှာ ... အကယ်၍ သူသာအဝေးပြေးအားကစားသမားဆိုရင် သူ့ကိုဖမ်းနိုင်မှာမဟုတ်ဘူး"
သူတို့ ထိုလူကိုထွက်ပြေးခွင့်မပေးသင့်လို့ သူ(လီချီယွီ)ခံစားရသည်။
စုမင်စကားအရ ကျိန်းသေပေါက်ထိုလူတစ်ခုခုမှားနေပြီ။ ဒါမှမဟုတ် မကောင်းဆိုးဝါးဘော့စ်နဲ့ လျှို့ဝှက်အပေးအယူလုပ်ထားတာဖြစ်နိုင်သည်။
"ငါတို့သုံးယောက်ခွဲကြစို့" စုမင်ပြောတယ်။
သူတို့ထွက်လိုက်သည်နှင့် အဖွဲ့ခွဲကာ သုံးဖက်၌ သူ့ကိုဝန်းရံချည်းကပ်မယ်။ အခြားတစ်ဖက်မှာ သူတစ်ယောက်တည်း ပြေးဖို့မဖြစ်နိုင်ဘူး။
အရေးကြီးဆုံးအချက်က အမျိုးသားနှင့် အမျိုးသမီးဇာတ်လိုက်တို့သည် အမြောက်စာဇာတ်ကောင်ကို မည်သို့မျှ မဖမ်းနိုင်ဘူးဆိုတာ ဖြစ်နိုင်မှာလဲ?
အကယ်၍ သူတို့မလုပ်နိုင်ရင် ဒီသရဲဇာတ်ကားက အဆုံးအထိ ဇာတ်လိုက်နဲ့ဇာတ်လိုက်မင်းသမီးတို့က သူတို့ဘဝအတွက်ပြေးနေရတော့မှာလား? တွေးကြည့်ရုံနဲ့တော့ မဖြစ်နိုင်ဘူး။
သူတို့တည်ရှိမှုကို ရွှီကျန်းသတိထားမိပုံမပေါ်ပေ။
စုမင်အပြင်လျှောက်သွားသည့်အချိန် သူကဘယ်ဘက်ကို ယူသည်။ လဲ့လင်းကမိန်းကလေးဖြစ်တာမို့ သူမကိုအလယ်တွင်နေစေပြီး လီချီယွီက ညာဘက်ကိုတာဝန်ယူသည်။
သူတို့ရှေ့တွင် သေးငယ်သောမြေပုံများစွာသည် အနက်ရောင်မြူခိုးမြူဆိုင်းများကြားတွင်ဖုံးကွယ်နေသည်။
သူတို့ချဉ်းကပ်ခါနီးတွင် ရွှီကျန်းလှည့်ကြည့်လာကာ စုမင်မျက်လုံးများနှင့် အကြည့်ချင်းဆုံသွား၏။ စက္ကန့်အနည်းငယ်လောက် တောင့်ခဲသွားပြီးနောက် ပြင်းထန်စွာတုံ့ပြန်ပြီး ပြေးပါတော့တယ်။
စုမင်လျင်မြန်စွာ သူ့နောက်ပြေးလိုက်သည်။
ရွှီကျန်းဒီလောက်မြန်လိမ့်မယ်လို့ သူမမျှော်လင့်ထားပေ။ မျောက်ကဲ့သို့ နေရာတိုင်းခုန်လိုက် ပြေးလိုက်နှင့် ... သူတို့ကြားတွင် ကြီးမားသောအကွာအဝေးကို ဖွဲ့စည်းရန် အချိန်မကြာလိုက်ပေ။
စုမင်သည် လေ့ကျင့်ခန်းလုပ်တာရှားသည်။ ပြေးလွှားရာတွင် ပျမ်းမျှအားဖြင့် ပုံမှန်လောက်ပဲဟုဆိုနိုင်သည်။
လီချီယွီ လိုက်မမီနိုင်ပေ။ သူနှင့် ရွှီကျန်းကြားတွင် မီတာအနည်းငယ်သာ ရှိသေးသည်ကို တွေ့လိုက်ရသော်လည်း လိုက်မမီနိုင်တော့သဖြင့် စိတ်ပျက်သွားသည်။
"သူဘာလို့ အဲ့လောက်မြန်ရတာလဲ?!"
တဖက်၌ လဲ့လင်းသည် ကျောက်ခဲတစ်လုံးပစ်ပေါက်လိုက်ရာ ရွှီကျန်းကျောတည့်တည့်ထိမှန်သွားပြီး ဒူးထောက်လဲကျသွားသည်။
သို့သော် ရွှီကျန်းပြန်ကောင်းသွားကာ တဖန်အကွာဝေးတိုးသွားပြန်သည်။
ရွှီကျန်းသည် သူတို့၏လက်လှမ်းမီနိုင်သောအကွာဝေးမှ လွတ်မြောက်တော့မည်ကို မြင်လိုက်ရသဖြင့် စုမင်က သူ့လက်ထဲမှ လက်နက်ကို အမြန်ပစ်လိုက်သည်။
ထိုလက်နက်သည် စောစောက သူဆွဲထုတ်ခဲ့သော အရာဖြစ်ပြီး ကံကောင်းထောက်မစွာပင် ၎င်းကို လွှတ်မပစ်ခဲ့၍ ဒီလိုအချိန်၌ အဆင်ပြေသွားခဲ့သည်။
ဆူညံသံကို ရွှီကျန်းကြားလိုက်ရ၍ သူနောက်လှည့်ကြည့်စဉ် သူ့ထံလာနေတဲ့တုတ်ချောင်းကိုတွေ့လိုက်ရပေမယ့် သူ့ကိုမမှီလောက်ဘူးဟု ခံစားမိသည်။
သူကျယ်လောင်စွာ ရယ်ပြီး ထေ့ငေါ့၏။ .."မင်းတို့ငါ့ကိုဖမ်းချင်ရင် အိမ်မက်သာမက်နေလိုက် ... ကျောင်းတုန်းက ၁.၅ကီလိုမီတာအပြေးပြိုင်ပွဲမှာ ငါပထမရခဲ့တာကွ"
သူ့ရဲ့ရန်စမှုကြောင့် စုမင်ဆွံ့အသွားသည်။
တဖက်၌ လီချီယွီအော်ပြောသည် .."အဲ့ဒါကွေ့လာတယ်! ...ကွေ့လာတယ်ဟ!"
လွှင့်ပစ်လိုက်သော ထိုတုတ်ချောင်းသည် ၎င်း၏လမ်းကြောင်းကို ပြောင်းလဲသွားခဲ့ပြီး ဆွဲငင်အားမရှိသလို ... ရွှီကျန်းရဲ့ခေါင်းနောက်ဖက်ကို ရိုက်ချလိုက်သည်။
ရွှီကျန်းနာကျင်စွာ အော်ညည်းလိုက်သည်။
စုမင်: "................"
သူဘာပြောသင့်လဲ?
လီချီယွီကြောင်အသွားတယ် .."အဲ့လိုလည်းရတယ်လား?"
အဲ့ဒါဘာလဲ? ပစ်လွှတ်လိုက်တဲ့အရာက ရွှီကျန်းအနောက်ဘက်ကျသွားတာကို သူထင်ထင်ရှားရှားမြင်ခဲ့သော်လည်း နောက်မိနစ်ပိုင်းတွင် သူ့ခေါင်းနောက်သို့ ပြန်ကွေ့ပြီးထိမှန်သွားတယ်။
".........ကံကောင်းသွားပဲဖြစ်မယ်" စုမင်ပြောလိုက်တယ်။
ရွှီကျန်းကိုထိမှန်သွားရသည့် အကြောင်းပြချက်က သရဲကဖမ်းလိုက်လို့ဆိုတာ လီချီယွီကိုမပြောချင်ပေ။ ထို့နောက် ၎င်းသည် သူ့နောက်သို့ လိုက်ပြီး သူ၏ခေါင်းထက်မြှောက်ကာ ရွှီကျန်းဦးခေါင်းပေါ်သို့ ဆက်လတ်ရိုက်လေ၏။
ရွှီကျန်းသည် နာကျင်စွာအော်ညည်းရင်း မြေပြင်ပေါ်သို့ လဲကျသွားသည်။
ပျောက်ကွယ်သွားသောသရဲကိုကြည့်ပြီး စုမင်စိတ်ထဲရှုပ်ထွေးသွားသည်။
ဒီလိုမျိုးကို ချန်စုလုပ်တာမဖြစ်နိုင်ပေ။ ထိုသရဲက ချန်စု၏လက်အောက်ငယ်သားလို့တောင် သူနည်းနည်းသံသယရှိမိသည်။
လဲ့လင်း စုမင်ကိုတစ်ချက်ကြည့်လိုက်သည်။
လီချီယွီတစ်ခုခုမူမမှန်ဘူးဆိုတာ ခံစားရပေမယ့် ရလဒ်ကကောင်းသေးသည်။ သူရှေ့လှမ်းပြီး ရွှီကျန်းကိုဆွဲဖမ်းကိုင်လိုက်သည်။
ရွှီကျန်းရုန်းကန်ရင်း .."ငါ့ကိုလွှတ်!"
လီချီယွီက .."မင်း ငါတို့မေးခွန်းကိုဖြေရင် မင်းကိုလွှတ်ပေးမယ်"
ရွှီကျန်းမထင်မိတာက လီချီယွီသည် ငယ်ရွယ်ပုံပေါက်သည့်တိုင် အလွန်သန်မာပြီး သူမလွှတ်မြောက်နိုင်ခဲ့ပေ။ သူတွေးတောပြီး တောင်းဆိုချက်ကိုသာ သဘောတူလိုက်နိုင်သည်။
စုမင်လျှောက်လာပြီး တုတ်ချောင်းကိုကောက်ယူလိုက်နေချိန် လဲ့လင်းက ရွှီကျန်းကိုမေးတယ် .."ငါတို့ကိုမြင်တာနဲ့ ဘာလို့ပြေးတာလဲ?"
ရွှီကျန်း .."မင်းတို့ငါ့ကိုပြန်လာခေါ်တယ်ထင်လို့ပေါ့ကွ ... အဲ့လိုဖျော်ဖြေပွဲမျိုး ပြန်သွားမကြည့်ချင်ဘူး ... ငါအရမ်းကြောက်နေမိလို့"
သူ၏ရှင်းပြချက်သည် အလွန်သင့်လျော်ပြီး ယုတ္တိရှိတယ်။ ပုံမှန်မဟုတ်တာတစ်ခုက သူ့အမူအယာနဲ့ သူ့အဖြေက လုံးလုံးကွဲပြားနေသည်။
စုမင် .."ဟိုတယ်ရဲ့ပထမဆုံးညမှာ မင်းချစ်သူပျောက်သွားခဲ့ပေမဲ့ ဒုတိယနေ့မှာ မင်းကြည့်ရတာဘာမှမပြောင်းလဲဘူး ... ဒါအတွက်ရော ပြောစရာရှိလား?"
သူ့ကို တစ်ယောက်ယောက်သတိထားမိတယ်ဆိုတာ ရွှီကျန်းမမျှော်လင့်ခဲ့ပေ။
ဒီလိုနေရာမှာ ဘယ်သူကဘယ်သူဆိုသည်ကို အာရုံမစိုက်ကြဘူးဟု သူတွေးခဲ့ပြီး ညနက်ချိန်မှရောက်ခဲ့တာ သူ့ကိုဘယ်လိုတွေ့နိုင်သွားတာလဲ။
ရွှီကျန်းအမူအယာကိုမြင်တော့ စုမင်မေးလိုက်တဲ့မေးခွန်းမှန်သွားတယ်ဆိုတာ ပြောနိုင်တယ် .."မင်းချစ်သူတစ်ခုခုဖြစ်မှာကို ကြိုသိပြီးသားပဲ"
ထိုမေးခွန်းကြောင့် လီချီယွီရှော့်ရသွား၏။
ရွှီကျန်းငြင်းဆန်ချင်သော်လည်း သူ့လက်ထဲကအရာကိုမြင်တော့ ..".........ငါ သူမကိုဒီခေါ်လာတာဘာဖြစ်လဲ? မင်းနဲ့ဘာမှမဆိုင်ဘူး ... သူမသေဆုံးခဲ့တာကလည်း မင်းအလုပ်မဟုတ်ဘူး"
"......ငါအဲ့တာဂရုမစိုက်ချင်ပါဘူး" စုမင်ပြောသည်။
သူ အဖြေကိုသိချင်ခဲ့ရုံသာဖြစ်၏။
လဲ့လင်းနှာမှုတ်ပြီး .."နင်အမှန်အတိုင်းမပြောရင် ငါတို့နင့်ကိုရိုက်မယ် ... ကောင်းကောင်းမွန်မွန်သေအောင် ရိုက်ပြီးတာနဲ့ နောက်ဆုံးဖွင့်ဟလာမှာပဲ"
ရွှီကျန်းမတုန့်ပြန်ခင် လဲ့လင်းက သူ့မျက်နှာကို ကျောက်ခဲနဲ့ ရိုက်ဆောင့်လိုက်သည်။
လီချီယွီတုန်လှုပ်သွား၏။ ဘာလို့သူ့နတ်ဘုရားမက အရမ်းခက်ထန်ပါလိမ့်? ခပ်ကြမ်းကြမ်းနည်းကိုအသုံးပြုတာက အသက်ရောက်ဆုံးနည်းလမ်းဖြစ်ပေမယ့်လို့ပေါ့။
လဲ့လင်းတခါတည်းသေအောင်မလုပ်ပေ။ သူ့ကို ဝေဒနာခံစားစေချင်သည်။
မျက်နှာ၌ သွေးများဖုံးလွှမ်းနေလျက် စူးစူးဝါးဝါးငယ်သံပါအောင် ရွှီကျန်းအချိန်အတော်ကြာအော်မြည်တမ်းသည်။ သူမခံနိုင်ဘဲ အော်ငိုတယ် .."ငါပြောပါမယ်!"
ကြားတော့ လဲ့လင်းရပ်တန့်လိုက်သည်။
ရွှီကျန်းရွံ့ဆုတ်သွားပြီး ပြောလာတယ် .."ကော်ရစ်ဒါမှာ ရန်ဖြစ်ရင် ခေါ်ဆောင်သွားခံရမယ်လို့ ဖိုရမ်တင်ထားတာတွေ့လို့"
သူဒီကို တစ်ခေါက်မှမရောက်ဖူးပေ။ သူသိသမျှ အရာအားလုံးက အင်တာနက်ကချည်းပဲဖြစ်သည်။ ကျို့ချင်းချင်းက သူ့ထက်သာလွန်ပြီး အထက်လူကြီးဘက်ကဖြစ်ကာ သူလမ်းခွဲချင်ခဲ့တာမို့ သူမကိုဤနေရာသို့ဖိတ်ကြားခဲ့သည်။
အချက်အလတ်က အမှန်လား အမှားလားဆိုတာ မသိသော်လည်း သူကြိုးစားကြည့်ဖို့ ဆုံးဖြတ်ခဲ့သည်။
မမျှော်လင့်စွာ ထိုည၌ပင် ကျို့ချင်းချင်းတကယ်ပျောက်ဆုံးသွားခဲ့ကာ ထိတ်ပျာနေမယ့်အစား ရွှီကျန်းအလွန်ဝမ်းသာအားရခဲ့ပြီး နောက်ပိုင်းသူအလျင်စလိုမလုပ်ရဲတော့ပေ။
စုမင်မေး၏ .."မင်းဒီမှာ ဘာရှာနေတာလဲ?"
ရွှီကျန်းက .."ဘာ-ဘာမှမရှာပါဘူး......"
သူအမှန်အတိုင်းမပြောဘူးဆိုတာ ပြောနိုင်တယ်။ စုမင်ဆက်မေးမြန်းတော့မည့်အချိန် ရုတ်ခြည်းတဟုန်ထိုးရောက်လာတဲ့အေးစက်မှုကိုခံစားလိုက်ရသည်။
သူမော့ကြည့်စဉ် သူတို့ဆီလာနေတဲ့အမှောင်ထုကြီးကိုမြင်လိုက်ရကာ ဟိုတယ်ပတ်ဝန်းကျင်မှာ ဝေ့ဝဲနေခဲ့တဲ့အနက်ရောင်မြူခိုးမြူဆိုင်းများအတိုင်းပင်။
ရွှီကျန်းလည်းမြင်တော့ သူ့မျက်လုံးသူငယ်အိမ်ကျဉ်းမြောင်းသွားပြီး .."မြန်မြန် ... မြန်မြန်ငါ့ကိုလွှတ်ပေး! ငါမသေချင်ဘူး! ငါမသေချင်ဘူး!"
ထိုသို့အလွန်အကြူးတုန့်ပြန်မှုကြောင့် စုမင်လည်းမကောင်းတဲ့ခံစားချက်ရကာ ပြောလိုက်တယ် .."သွားကြစို့"
လဲ့လင်းမတ်တပ်ရပ်ကာ လီချီယွီကိုလည်းဆွဲ၍ မတ်တပ်ရပ်စေပြီး .."ရှေ့တည့်တည့်လျှောက် ... အဲ့မှာဘာမှမရှိဘူး"
ကြက်ကလေးတစ်ကောင်လို လီချီယွီဆွဲခေါ်သွားခံရလေသည်။
ရွှီကျန်းအတွက်ကလား ... သူ့ကို သူတို့ဂရုမစိုက်ကြတော့ပေ။ ရှေ့သို့ ခြေလှမ်းကျဲကျဲလျှောက်ကာ နောက်မှ မြူမှိုင်းများက လျင်မြန်စွာဒုန်းဆိုင်းပျံ့လွင့်လာပြီး နေရာတိုင်းဝါးမြိုသွားသည့်အလား။
ရွှီကျန်းမျက်လုံးတွေက ကြောက်ရွံ့မှုများနဲ့ ပြည့်နှပ်နေပြီး မြေပြင်မှထပြေးတော့သည်။
သို့သော် ခြေထောက်တွေက သူ၏ထိတ်ပျာကြောက်လန့်မှုကြောင့် ပျော့ခွေကာ တခဏသာပြေးလိုက်ရပြီး ခလုတ်တိုက်ချော်လဲလေသည်။ ရလဒ်ကတော့ သူ့ခြေချင်းဝတ်ခေါက်သွားခဲ့ကာ သူ့ရွေ့လျားမှုနှေးကွေးသွားခဲ့၏။
မြူမှိုင်းများအလွန်လျင်မြန်စွာ ရောက်ရှိလာပြီး မျက်စိတမှိတ်အတွင်း ရွှီကျန်းကို မှီကာ ထွေးပတ်လွမ်းခြုံသွားတယ်။ အထဲ၌ ကျောချမ်းဖွယ်ငယ်သံပါအောင် အော်သည့်အသံကိုကြားနိုင်ပေသည်။
"မလာနဲ့......မလာနဲ့......ငါမသေချင်သေးဘူး!"
ထိုအသံသည်အပေါ်ကလာတာဖြစ်သည်။
ရှေ့ဦးပိုင်းသို့ စုမင်တို့ရောက်ရှိနေနှင့်ပြီဖြစ်သည်။ မြေစာများဖြင့် ဖို့ထားသောမြေပုံလေးတွေဖုံးလွှမ်းနေသောပတ်ဝန်းကျင်မှ ထွက်ခွာပြီးသည့်နောက် မြူမှိုင်းများကထိုနေရာမှာပဲ ဆက်လတ်တည်ရှ်ိနေ၍ သူတို့မထွက်ရဲပေ။
ရွှီကျန်းအသံမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။
"သူသေသွားလောက်ပြီ" လီချီယွီပြောတယ်။
ထိုကြောက်စရာကောင်းသောအရာ၏အင်အားကို သူကြုံတွေ့ခဲ့ရပြီးပြီ။ ကြည့်ရုံနဲ့တင် ခြောက်ခြားစရာကောင်းနေပြီ။
မြူမှိုင်းထုကို စုမင်ကြည့်ပြီး ဒီနေရာကအလွန်ထူးခြားသည်ဟု ခံစားမိသည်။
လီချီယွီမျက်မှောင်ကျုံ့ရင်း ရေရွတ်၏ .."ကျောင်းထောင်ကျီးဘယ်လိုနေလဲ ငါသိချင်မိတယ်"
ဤနေရာက စင်မြင့်ရှိသောနေရာနှင့် အတန်ငယ်ဝေးကွာပေမဲ့ ထိုနေရာ၏တည်ဆောက်ထားသည့်ပုံသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။
သူတို့ရုပ်ရှင်ဇာတ်သိမ်းထိ မရောက်သေးဘူးဆိုတာ စုမင်ပြောနိုင်သည်။
ဇာတ်သိမ်းရောက်ခံနီးအကြောင်းကိုလည်း ရုပ်ရှင်ရုံကအချက်အလတ်မပေးရသေးသလို ရှိုးပွဲ၏နောက်ကွယ်ကလျှို့ဝှက်ချက်ကိုလည်း မသိရသေးပေ။
ဖျော်ဖြေပွဲကျင်းပရာနေရာရှိ မီးအလင်းရောင်မှာ အတော်လေးမှောင်မဲနေသည်။
ခပ်မှိန်မှိန်မီးစိမ်းရောင်သည် အမှောင်ထဲတွင် တစ္ဆေမီးတောက်များလွင့်မျောနေသကဲ့သို့ထင်ရပြီး အနီရောင်မီးများမှာ တွားသွားသတ္တဝါ၏မျက်လုံးများနှင့်တူနေသည်။
'Journey to the West'ထဲက စပါးအုံးမြွေမိစ္ဆာကို စုမင်ရုတ်ခနဲအမှတ်ရသွားသည်။ ထိုမိစ္ဆာထွက်လာတာနဲ့ မြူစိုင်မည်းများလည်းပေါ်လာပြီး သားကောင်ကိုခေါ်ဆောင်ပြီးသွားသည်နှင့် ထွက်ပြေးသွားတတ်သည်။ အဆုံးစွန်၌ ထိုမျက်လုံးနှစ်လုံးသည် လက်ဆွဲမီးအိမ်ကဲ့သို့ တောက်ပစွာအရောင်ဖြာထွက်နေ၏။
ဤနေရာ၌ အနီရောင်မီးအလင်းတွေများတော့ သတ္တဝါတစ်ကောင်နဲ့ဆက်စပ်ခဲ့လျှင် ဒါဆိုပတ်ပတ်လည်တွင် မရေတွက်နိုင်သောသတ္တဝါများစွာတွားသွားနေတာဖြစ်လိမ့်မည်။
သူ့အတွေးနဲ့သူ မနေနိုင်စွာတုန်လှုပ်သွား၏။
သူ မြွေတွေကိုတော့ နည်းနည်းကြောက်သည်။ ဒါသာအမှန်ဆိုရင် သူရွံလွန်းလို့သေမှာပဲ။
စုမင်အပြင်ဘက်၌ရပ်ပြီး အမှောင်ထုထဲက အလင်းရောင်တွေကိုစူးစိုက်ကြည့်ကာ ရုတ်တရက်မေးလိုက်တယ်။
"ဖျော်ဖြေတဲ့နေရာက သင်္ချိုင်းအုတ်ဂူနဲ့တူတယ်လို့ မင်းတို့ထင်ကြလား?"
"မင်းပြောလိုက်တော့မှ တကယ်ပဲ အဲ့ဒါနဲ့နည်းနည်းတူနေတယ်" လီချီယွီပြောတယ်။
သုဿန်မှာရှိသည်လိုမျိုးမဟုတ် ... ကျေးလတ်ဒေသတွေ၌ မြင်နေကျ သင်္ချိုင်းကုန်းကဲ့သို့ဖြစ်သည်။
လဲ့လင်းအရှေ့သို့ ညွှန်ပြပြီး .."ငါတို့ဖြတ်လျှောက်လာခဲ့တဲ့နေရာက သင်္ချိုင်းပဲ"
သူမစကားဆုံးသည်နှင့် မြူစိုင်များတဖြည်းဖြည်းလွင့်ပြယ်သွားတယ်။ အရိပ်မည်းအချို့ ထိုအထဲတွင်ပေါ်လာပြီး သင်္ချိုင်းများတွင်ရစ်သီရစ်သီဖြင့် ဝေ့ဝိုက်လှည့်ပတ်နေ၏။
သူတို့ရဲ့အသိစိတ်တို့ ပျောက်ဆုံးသွားပြီဖြစ်ကာ မှိုင်တွေတွေနဲ့အရှေ့အနောက်သာ လှုပ်ရှားနိုင်တော့သည်။
ရွှီကျန်း၏လုပ်ရပ်များကို စုမင်ရိပ်ခနဲတွေးမိသွားကာ .."ဒီနေရာက သင်္ချိုင်းမြေဆိုတော့ ရွှီကျန်းဘာကိုလိုက်ရှာနေခဲ့တာလဲ?"
သို့သော် ယခုမူ သူတို့ အဖြေအတွက် မေးနိုင်စွမ်းမရှိတော့ပေ။
"ဖျော်ဖြေရေးနေရာကဘာအတွက်လဲ? သစ်သားနဲ့လုပ်ထားရင် ငါတို့ဒီတိုင်းတိုက်ရိုက်မီးရှို့လိုက်လို့မရဘူးလား?" လီချီယွီမေး၏။
လဲ့လင်းက .."သစ်သားမဟုတ်ဘူး"
စုမင်မျက်လုံးများကျဉ်းမြောင်းသွားပြီး လှမ်းကြည့်လိုက်ကာ .."သစ်သားမဟုတ်လောက်ဘူး ... သတ္ထုချောင်း ဒါမှမဟုတ်တစ်ခုခုပဲဖြစ်မယ်"
ထိုသို့ပြောအပြီး သူအေးခဲသွားသည်။
စုမင် အမူယာကင်းမဲ့စွာသူ့လက်သူမြှောက်ပင့်လိုက်သည်။ သူ့လက်ထဲရှိ ရွှီကျန်းကိုရိုက်ဖို့ အသုံးပြုခဲ့သည့်လက်နက်က အဖြေကိုပြောပြနေတယ်။
ဒါက တုတ်ချောင်းမဟုတ်ဘဲ အရိုးဖြစ်သည်။
သူ့အပြုအမူကို အခြားသူများလည်းမြင်ကာ လီချီယွီထိတ်လန့်သွားပြီး .."ဒါ.....ဒါလူ့အရိုးမဟုတ်ဘူးလား?"
စုမင်ခေါင်းငြိမ့်လျက် .."ဖြစ်သင့်တယ်"
ဘာပဲဖြစ်ဖြစ် horrorရုပ်ရှင်ထဲမှာ ဝက်အရိုးတော့မဖြစ်နိုင်ပေ။ ယခင်က သူ နမူနာပုံစံတွေကိုမြင်ဖူးကာ ထင်ထင်ရှားရှားပင် ဒါကလူသားအရိုးဖြစ်သည်။
သူထိခဲ့စဉ်က နည်းနည်းထူးခြားသလိုခံစားရတာ မထူးဆန်းတော့ပေ။ ဒီတိုင်းသူ မဆက်စပ်ခဲ့မိလို့ပင်။
စုမင် အရိုးကိုအောက်ချလိုက်သည်။ စောနပေါ်လာတဲ့တစ္ဆေက ဒီအရိုးရဲ့ပိုင်ရှင်ပဲဖြစ်လိမ့်မယ်လို့ သူခံစားမိသည်။ အခုသူတွေးကြည့်မှ ကံကောင်းစွာ ထိုတစ္ဆေက သူ့အပေါ်အငြိုးမထားခဲ့ပေ။
နံရံမှ လူသားအရိုးကို သူဆွဲထုတ်ခဲ့တော့ ... ဒါဆို တွေးကြည့်ဖို့တောင်မလို။ ဥမင်လိုဏ်ခေါင်းတစ်ခုလုံးက လူသားအရိုးများဖြင့်ပြုလုပ်ထားတာဖြစ်နိုင်သည်။
လူ့အရိုးနဲ့ပြုလုပ်ထားသော ဥမင်လိုဏ်ခေါင်းကို ဖြတ်လျှောက်သွားရတဲ့ အတွေးက စုမင်ရဲ့စိတ်ကို မသက်မသာဖြစ်စေတယ်။
ဖျော်ဖြေပွဲကျင်းပရာနေရာကို တဖန်ကြည့်လိုက်ကာ ယခုသူအဖြေရရှိသွားပြီ။
စောနက ဒီနေရာကို သတ္ထုချောင်းများဖြင့်ပြုလုပ်ထားတယ်လို့ သူသံသယရှိပေမယ့် အခုတော့ သူစိုးရွံ့မိတာက နေရာတစ်ခုလုံးသည် လူသားအရိုးများဖြင့်လုပ်ထားမည်ကိုပင်။
သူတို့သည် လူသားအရိုးများပြုလုပ်ထားသော အုတ်ဂူထဲ၌ နေ့တဝက်လောက်ရှိုးပွဲကိုကြည့်ေနခဲ့သည်။
သူ့လက်ထဲမှအရိုးကို လီချီယွီအမြန်လွှတ်ပစ်လိုက်တယ် .."ငါတို့ အောင်အောင်မြင်မြင်လွတ်မြောက်နိုင်ခဲ့တာလား? ဘာလို့ငါတို့ကို တစ်ယောက်မှ သတိမထားမိတာလဲ?"
"ငါတို့လွယ်လွယ်လွတ်နိုင်မယ်လို့ မင်းထင်လား?" စုမင်ပြောတယ်။
လီချီယွီတွေးကြည့်ပြီး လေးနက်စွာဖြေတယ် "...........မထင်ဘူး"
စောစောက မျက်လှည့်ဖျော်ဖြေပွဲတွေမှာ အလွန်စိတ်မချမ်းမြေ့ဖွယ်ကောင်းစွာသေဆုံးခဲ့ရတာဆိုတော့ သူတို့ကို ဘယ်လိုလုပ်လွယ်လွယ် လွတ်ပေးထားမှာလဲ?
စုမင် သူ့ကိုသတိပေး၏ .."ငါတို့တစ်ချိန်လုံးပြေးလွှားနေတာကို သူတို့စောင့်ကြည့်နေပြီးမှ အကြပ်ရိုက်မယ့်အခွင့်လမ်းကိုရှာဖွေနေတာ ဖြစ်နိုင်တယ်"
ဒါဆို သူတို့သည်တစ်ချိန်လုံး တစ်နေရာတည်း၌သာပြေးလွှားနေတယ်လို့ ဆိုလိုတာပေါ့။
လီချီယွီ .."...........မင်းတော်တော်ကြောက်ဖို့ကောင်းတာပဲ"
***********************************
ဘာမှမသိဘဲ ကိုယ်နေနေတဲ့နေရာက လူသားအရိုးတွေနဲ့လုပ်ထားရင် ...
ミ●﹏☉ミ
Sry for misspelling
December 21, 2021
--------------------------------------------------------------
Chapter 54: တစ္ေနရာတည္း
ၿပီးေတာ့ ဒီလွ်ိဳ႕ဝွက္ခ်က္ေတြဟာ "မရဏေဖ်ာ္ေျဖပြဲ"နဲ႔လည္း သက္ဆိုင္တယ္။
စုမင္သည္ ႐ႊီက်န္းဟိုဟိုဒီဒီေလွ်ာက္ၾကည့္ေနကို မ်က္ေျခမပ်က္ေစာင့္ၾကည့္ေနကာ ထိုသူမွာ တစ္ခုခုကို႐ွာေနပုံရၿပီး ေၾကာက္လန္႔ပုံမေပၚေပ။
လီခ်ီယြီ .."ငါတို႔အျပင္ထြက္တာနဲ႔ ေသခ်ာေပါက္သူထြက္ေျပးမွာ ... အကယ္၍ သူသာအေဝးေျပးအားကစားသမားဆိုရင္ သူ႕ကိုဖမ္းႏိုင္မွာမဟုတ္ဘူး"
သူတို႔ ထိုလူကိုထြက္ေျပးခြင့္မေပးသင့္လို႔ သူ(လီခ်ီယြီ)ခံစားရသည္။
စုမင္စကားအရ က်ိန္းေသေပါက္ထိုလူတစ္ခုခုမွားေနၿပီ။ ဒါမွမဟုတ္ မေကာင္းဆိုးဝါးေဘာ့စ္နဲ႔ လွ်ိဳ႕ဝွက္အေပးအယူလုပ္ထားတာျဖစ္ႏိုင္သည္။
"ငါတို႔သုံးေယာက္ခြဲၾကစို႔" စုမင္ေျပာတယ္။
သူတို႔ထြက္လိုက္သည္ႏွင့္ အဖြဲ႕ခြဲကာ သုံးဖက္၌ သူ႕ကိုဝန္းရံခ်ည္းကပ္မယ္။ အျခားတစ္ဖက္မွာ သူတစ္ေယာက္တည္း ေျပးဖို႔မျဖစ္ႏိုင္ဘူး။
အေရးႀကီးဆုံးအခ်က္က အမ်ိဳးသားႏွင့္ အမ်ိဳးသမီးဇာတ္လိုက္တို႔သည္ အေျမာက္စာဇာတ္ေကာင္ကို မည္သို႔မွ် မဖမ္းႏိုင္ဘူးဆိုတာ ျဖစ္ႏိုင္မွာလဲ?
အကယ္၍ သူတို႔မလုပ္ႏိုင္ရင္ ဒီသရဲဇာတ္ကားက အဆုံးအထိ ဇာတ္လိုက္နဲ႔ဇာတ္လိုက္မင္းသမီးတို႔က သူတို႔ဘဝအတြက္ေျပးေနရေတာ့မွာလား? ေတြးၾကည့္႐ုံနဲ႔ေတာ့ မျဖစ္ႏိုင္ဘူး။
သူတို႔တည္႐ွိမႈကို ႐ႊီက်န္းသတိထားမိပုံမေပၚေပ။
စုမင္အျပင္ေလွ်ာက္သြားသည့္အခ်ိန္ သူကဘယ္ဘက္ကို ယူသည္။ လဲ့လင္းကမိန္းကေလးျဖစ္တာမို႔ သူမကိုအလယ္တြင္ေနေစၿပီး လီခ်ီယြီက ညာဘက္ကိုတာဝန္ယူသည္။
သူတို႔ေ႐ွ႕တြင္ ေသးငယ္ေသာေျမပုံမ်ားစြာသည္ အနက္ေရာင္ျမဴခိုးျမဴဆိုင္းမ်ားၾကားတြင္ဖုံးကြယ္ေနသည္။
သူတို႔ခ်ဥ္းကပ္ခါနီးတြင္ ႐ႊီက်န္းလွည့္ၾကည့္လာကာ စုမင္မ်က္လုံးမ်ားႏွင့္ အၾကည့္ခ်င္းဆုံသြား၏။ စကၠန္႔အနည္းငယ္ေလာက္ ေတာင့္ခဲသြားၿပီးေနာက္ ျပင္းထန္စြာတုံ႔ျပန္ၿပီး ေျပးပါေတာ့တယ္။
စုမင္လ်င္ျမန္စြာ သူ႕ေနာက္ေျပးလိုက္သည္။
႐ႊီက်န္းဒီေလာက္ျမန္လိမ့္မယ္လို႔ သူမေမွ်ာ္လင့္ထားေပ။ ေမ်ာက္ကဲ့သို႔ ေနရာတိုင္းခုန္လိုက္ ေျပးလိုက္ႏွင့္ ... သူတို႔ၾကားတြင္ ႀကီးမားေသာအကြာအေဝးကို ဖြဲ႕စည္းရန္ အခ်ိန္မၾကာလိုက္ေပ။
စုမင္သည္ ေလ့က်င့္ခန္းလုပ္တာ႐ွားသည္။ ေျပးလႊားရာတြင္ ပ်မ္းမွ်အားျဖင့္ ပုံမွန္ေလာက္ပဲဟုဆိုႏိုင္သည္။
လီခ်ီယြီ လိုက္မမီႏိုင္ေပ။ သူႏွင့္ ႐ႊီက်န္းၾကားတြင္ မီတာအနည္းငယ္သာ ႐ွိေသးသည္ကို ေတြ႕လိုက္ရေသာ္လည္း လိုက္မမီႏိုင္ေတာ့သျဖင့္ စိတ္ပ်က္သြားသည္။
"သူဘာလို႔ အဲ့ေလာက္ျမန္ရတာလဲ?!"
တဖက္၌ လဲ့လင္းသည္ ေက်ာက္ခဲတစ္လုံးပစ္ေပါက္လိုက္ရာ ႐ႊီက်န္းေက်ာတည့္တည့္ထိမွန္သြားၿပီး ဒူးေထာက္လဲက်သြားသည္။
သို႔ေသာ္ ႐ႊီက်န္းျပန္ေကာင္းသြားကာ တဖန္အကြာေဝးတိုးသြားျပန္သည္။
႐ႊီက်န္းသည္ သူတို႔၏လက္လွမ္းမီႏိုင္ေသာအကြာေဝးမွ လြတ္ေျမာက္ေတာ့မည္ကို ျမင္လိုက္ရသျဖင့္ စုမင္က သူ႕လက္ထဲမွ လက္နက္ကို အျမန္ပစ္လိုက္သည္။
ထိုလက္နက္သည္ ေစာေစာက သူဆြဲထုတ္ခဲ့ေသာ အရာျဖစ္ၿပီး ကံေကာင္းေထာက္မစြာပင္ ၎ကို လႊတ္မပစ္ခဲ့၍ ဒီလိုအခ်ိန္၌ အဆင္ေျပသြားခဲ့သည္။
ဆူညံသံကို ႐ႊီက်န္းၾကားလိုက္ရ၍ သူေနာက္လွည့္ၾကည့္စဥ္ သူ႕ထံလာေနတဲ့တုတ္ေခ်ာင္းကိုေတြ႕လိုက္ရေပမယ့္ သူ႕ကိုမမွီေလာက္ဘူးဟု ခံစားမိသည္။
သူက်ယ္ေလာင္စြာ ရယ္ၿပီး ေထ့ေငါ့၏။ .."မင္းတို႔ငါ့ကိုဖမ္းခ်င္ရင္ အိမ္မက္သာမက္ေနလိုက္ ... ေက်ာင္းတုန္းက ၁.၅ကီလိုမီတာအေျပးၿပိဳင္ပြဲမွာ ငါပထမရခဲ့တာကြ"
သူ႕ရဲ႕ရန္စမႈေၾကာင့္ စုမင္ဆြံ႕အသြားသည္။
တဖက္၌ လီခ်ီယြီေအာ္ေျပာသည္ .."အဲ့ဒါေကြ႕လာတယ္! ...ေကြ႕လာတယ္ဟ!"
လႊင့္ပစ္လိုက္ေသာ ထိုတုတ္ေခ်ာင္းသည္ ၎၏လမ္းေၾကာင္းကို ေျပာင္းလဲသြားခဲ့ၿပီး ဆြဲငင္အားမ႐ွိသလို ... ႐ႊီက်န္းရဲ႕ေခါင္းေနာက္ဖက္ကို ႐ိုက္ခ်လိုက္သည္။
႐ႊီက်န္းနာက်င္စြာ ေအာ္ညည္းလိုက္သည္။
စုမင္: "................"
သူဘာေျပာသင့္လဲ?
လီခ်ီယြီေၾကာင္အသြားတယ္ .."အဲ့လိုလည္းရတယ္လား?"
အဲ့ဒါဘာလဲ? ပစ္လႊတ္လိုက္တဲ့အရာက ႐ႊီက်န္းအေနာက္ဘက္က်သြားတာကို သူထင္ထင္႐ွား႐ွားျမင္ခဲ့ေသာ္လည္း ေနာက္မိနစ္ပိုင္းတြင္ သူ႕ေခါင္းေနာက္သို႔ ျပန္ေကြ႕ၿပီးထိမွန္သြားတယ္။
".........ကံေကာင္းသြားပဲျဖစ္မယ္" စုမင္ေျပာလိုက္တယ္။
႐ႊီက်န္းကိုထိမွန္သြားရသည့္ အေၾကာင္းျပခ်က္က သရဲကဖမ္းလိုက္လို႔ဆိုတာ လီခ်ီယြီကိုမေျပာခ်င္ေပ။ ထို႔ေနာက္ ၎သည္ သူ႕ေနာက္သို႔ လိုက္ၿပီး သူ၏ေခါင္းထက္ေျမႇာက္ကာ ႐ႊီက်န္းဦးေခါင္းေပၚသို႔ ဆက္လတ္႐ိုက္ေလ၏။
႐ႊီက်န္းသည္ နာက်င္စြာေအာ္ညည္းရင္း ေျမျပင္ေပၚသို႔ လဲက်သြားသည္။
ေပ်ာက္ကြယ္သြားေသာသရဲကိုၾကည့္ၿပီး စုမင္စိတ္ထဲ႐ႈပ္ေထြးသြားသည္။
ဒီလိုမ်ိဳးကို ခ်န္စုလုပ္တာမျဖစ္ႏိုင္ေပ။ ထိုသရဲက ခ်န္စု၏လက္ေအာက္ငယ္သားလို႔ေတာင္ သူနည္းနည္းသံသယ႐ွိမိသည္။
လဲ့လင္း စုမင္ကိုတစ္ခ်က္ၾကည့္လိုက္သည္။
လီခ်ီယြီတစ္ခုခုမူမမွန္ဘူးဆိုတာ ခံစားရေပမယ့္ ရလဒ္ကေကာင္းေသးသည္။ သူေ႐ွ႕လွမ္းၿပီး ႐ႊီက်န္းကိုဆြဲဖမ္းကိုင္လိုက္သည္။
႐ႊီက်န္း႐ုန္းကန္ရင္း .."ငါ့ကိုလႊတ္!"
လီခ်ီယြီက .."မင္း ငါတို႔ေမးခြန္းကိုေျဖရင္ မင္းကိုလႊတ္ေပးမယ္"
႐ႊီက်န္းမထင္မိတာက လီခ်ီယြီသည္ ငယ္႐ြယ္ပုံေပါက္သည့္တိုင္ အလြန္သန္မာၿပီး သူမလႊတ္ေျမာက္ႏိုင္ခဲ့ေပ။ သူေတြးေတာၿပီး ေတာင္းဆိုခ်က္ကိုသာ သေဘာတူလိုက္ႏိုင္သည္။
စုမင္ေလွ်ာက္လာၿပီး တုတ္ေခ်ာင္းကိုေကာက္ယူလိုက္ေနခ်ိန္ လဲ့လင္းက ႐ႊီက်န္းကိုေမးတယ္ .."ငါတို႔ကိုျမင္တာနဲ႔ ဘာလို႔ေျပးတာလဲ?"
႐ႊီက်န္း .."မင္းတို႔ငါ့ကိုျပန္လာေခၚတယ္ထင္လို႔ေပါ့ကြ ... အဲ့လိုေဖ်ာ္ေျဖပြဲမ်ိဳး ျပန္သြားမၾကည့္ခ်င္ဘူး ... ငါအရမ္းေၾကာက္ေနမိလို႔"
သူ၏႐ွင္းျပခ်က္သည္ အလြန္သင့္ေလ်ာ္ၿပီး ယုတၱိ႐ွိတယ္။ ပုံမွန္မဟုတ္တာတစ္ခုက သူ႕အမူအယာနဲ႔ သူ႕အေျဖက လုံးလုံးကြဲျပားေနသည္။
စုမင္ .."ဟိုတယ္ရဲ႕ပထမဆုံးညမွာ မင္းခ်စ္သူေပ်ာက္သြားခဲ့ေပမဲ့ ဒုတိယေန႔မွာ မင္းၾကည့္ရတာဘာမွမေျပာင္းလဲဘူး ... ဒါအတြက္ေရာ ေျပာစရာ႐ွိလား?"
သူ႕ကို တစ္ေယာက္ေယာက္သတိထားမိတယ္ဆိုတာ ႐ႊီက်န္းမေမွ်ာ္လင့္ခဲ့ေပ။
ဒီလိုေနရာမွာ ဘယ္သူကဘယ္သူဆိုသည္ကို အာ႐ုံမစိုက္ၾကဘူးဟု သူေတြးခဲ့ၿပီး ညနက္ခ်ိန္မွေရာက္ခဲ့တာ သူ႕ကိုဘယ္လိုေတြ႕ႏိုင္သြားတာလဲ။
႐ႊီက်န္းအမူအယာကိုျမင္ေတာ့ စုမင္ေမးလိုက္တဲ့ေမးခြန္းမွန္သြားတယ္ဆိုတာ ေျပာႏိုင္တယ္ .."မင္းခ်စ္သူတစ္ခုခုျဖစ္မွာကို ႀကိဳသိၿပီးသားပဲ"
ထိုေမးခြန္းေၾကာင့္ လီခ်ီယြီေ႐ွာ့္ရသြား၏။
႐ႊီက်န္းျငင္းဆန္ခ်င္ေသာ္လည္း သူ႕လက္ထဲကအရာကိုျမင္ေတာ့ ..".........ငါ သူမကိုဒီေခၚလာတာဘာျဖစ္လဲ? မင္းနဲ႔ဘာမွမဆိုင္ဘူး ... သူမေသဆုံးခဲ့တာကလည္း မင္းအလုပ္မဟုတ္ဘူး"
"......ငါအဲ့တာဂ႐ုမစိုက္ခ်င္ပါဘူး" စုမင္ေျပာသည္။
သူ အေျဖကိုသိခ်င္ခဲ့႐ုံသာျဖစ္၏။
လဲ့လင္းႏွာမႈတ္ၿပီး .."နင္အမွန္အတိုင္းမေျပာရင္ ငါတို႔နင့္ကို႐ိုက္မယ္ ... ေကာင္းေကာင္းမြန္မြန္ေသေအာင္ ႐ိုက္ၿပီးတာနဲ႔ ေနာက္ဆုံးဖြင့္ဟလာမွာပဲ"
႐ႊီက်န္းမတုန္႔ျပန္ခင္ လဲ့လင္းက သူ႕မ်က္ႏွာကို ေက်ာက္ခဲနဲ႔ ႐ိုက္ေဆာင့္လိုက္သည္။
လီခ်ီယြီတုန္လႈပ္သြား၏။ ဘာလို႔သူ႕နတ္ဘုရားမက အရမ္းခက္ထန္ပါလိမ့္? ခပ္ၾကမ္းၾကမ္းနည္းကိုအသုံးျပဳတာက အသက္ေရာက္ဆုံးနည္းလမ္းျဖစ္ေပမယ့္လို႔ေပါ့။
လဲ့လင္းတခါတည္းေသေအာင္မလုပ္ေပ။ သူ႕ကို ေဝဒနာခံစားေစခ်င္သည္။
မ်က္ႏွာ၌ ေသြးမ်ားဖုံးလႊမ္းေနလ်က္ စူးစူးဝါးဝါးငယ္သံပါေအာင္ ႐ႊီက်န္းအခ်ိန္အေတာ္ၾကာေအာ္ျမည္တမ္းသည္။ သူမခံႏိုင္ဘဲ ေအာ္ငိုတယ္ .."ငါေျပာပါမယ္!"
ၾကားေတာ့ လဲ့လင္းရပ္တန္႔လိုက္သည္။
႐ႊီက်န္း႐ြံ႕ဆုတ္သြားၿပီး ေျပာလာတယ္ .."ေကာ္ရစ္ဒါမွာ ရန္ျဖစ္ရင္ ေခၚေဆာင္သြားခံရမယ္လို႔ ဖိုရမ္တင္ထားတာေတြ႕လို႔"
သူဒီကို တစ္ေခါက္မွမေရာက္ဖူးေပ။ သူသိသမွ် အရာအားလုံးက အင္တာနက္ကခ်ည္းပဲျဖစ္သည္။ က်ိဳ႕ခ်င္းခ်င္းက သူ႕ထက္သာလြန္ၿပီး အထက္လူႀကီးဘက္ကျဖစ္ကာ သူလမ္းခြဲခ်င္ခဲ့တာမို႔ သူမကိုဤေနရာသို႔ဖိတ္ၾကားခဲ့သည္။
အခ်က္အလတ္က အမွန္လား အမွားလားဆိုတာ မသိေသာ္လည္း သူႀကိဳးစားၾကည့္ဖို႔ ဆုံးျဖတ္ခဲ့သည္။
မေမွ်ာ္လင့္စြာ ထိုည၌ပင္ က်ိဳ႕ခ်င္းခ်င္းတကယ္ေပ်ာက္ဆုံးသြားခဲ့ကာ ထိတ္ပ်ာေနမယ့္အစား ႐ႊီက်န္းအလြန္ဝမ္းသာအားရခဲ့ၿပီး ေနာက္ပိုင္းသူအလ်င္စလိုမလုပ္ရဲေတာ့ေပ။
စုမင္ေမး၏ .."မင္းဒီမွာ ဘာ႐ွာေနတာလဲ?"
႐ႊီက်န္းက .."ဘာ-ဘာမွမ႐ွာပါဘူး......"
သူအမွန္အတိုင္းမေျပာဘူးဆိုတာ ေျပာႏိုင္တယ္။ စုမင္ဆက္ေမးျမန္းေတာ့မည့္အခ်ိန္ ႐ုတ္ျခည္းတဟုန္ထိုးေရာက္လာတဲ့ေအးစက္မႈကိုခံစားလိုက္ရသည္။
သူေမာ့ၾကည့္စဥ္ သူတို႔ဆီလာေနတဲ့အေမွာင္ထုႀကီးကိုျမင္လိုက္ရကာ ဟိုတယ္ပတ္ဝန္းက်င္မွာ ေဝ့ဝဲေနခဲ့တဲ့အနက္ေရာင္ျမဴခိုးျမဴဆိုင္းမ်ားအတိုင္းပင္။
႐ႊီက်န္းလည္းျမင္ေတာ့ သူ႕မ်က္လုံးသူငယ္အိမ္က်ဥ္းေျမာင္းသြားၿပီး .."ျမန္ျမန္ ... ျမန္ျမန္ငါ့ကိုလႊတ္ေပး! ငါမေသခ်င္ဘူး! ငါမေသခ်င္ဘူး!"
ထိုသို႔အလြန္အၾကဴးတုန္႔ျပန္မႈေၾကာင့္ စုမင္လည္းမေကာင္းတဲ့ခံစားခ်က္ရကာ ေျပာလိုက္တယ္ .."သြားၾကစို႔"
လဲ့လင္းမတ္တပ္ရပ္ကာ လီခ်ီယြီကိုလည္းဆြဲ၍ မတ္တပ္ရပ္ေစၿပီး .."ေ႐ွ႕တည့္တည့္ေလွ်ာက္ ... အဲ့မွာဘာမွမ႐ွိဘူး"
ၾကက္ကေလးတစ္ေကာင္လို လီခ်ီယြီဆြဲေခၚသြားခံရေလသည္။
႐ႊီက်န္းအတြက္ကလား ... သူ႕ကို သူတို႔ဂ႐ုမစိုက္ၾကေတာ့ေပ။ ေ႐ွ႕သို႔ ေျခလွမ္းက်ဲက်ဲေလွ်ာက္ကာ ေနာက္မွ ျမဴမိႈင္းမ်ားက လ်င္ျမန္စြာဒုန္းဆိုင္းပ်ံ႕လြင့္လာၿပီး ေနရာတိုင္းဝါးၿမိဳသြားသည့္အလား။
႐ႊီက်န္းမ်က္လုံးေတြက ေၾကာက္႐ြံ႕မႈမ်ားနဲ႔ ျပည့္ႏွပ္ေနၿပီး ေျမျပင္မွထေျပးေတာ့သည္။
သို႔ေသာ္ ေျခေထာက္ေတြက သူ၏ထိတ္ပ်ာေၾကာက္လန္႔မႈေၾကာင့္ ေပ်ာ့ေခြကာ တခဏသာေျပးလိုက္ရၿပီး ခလုတ္တိုက္ေခ်ာ္လဲေလသည္။ ရလဒ္ကေတာ့ သူ႕ေျခခ်င္းဝတ္ေခါက္သြားခဲ့ကာ သူ႕ေ႐ြ႕လ်ားမႈေႏွးေကြးသြားခဲ့၏။
ျမဴမိႈင္းမ်ားအလြန္လ်င္ျမန္စြာ ေရာက္႐ွိလာၿပီး မ်က္စိတမွိတ္အတြင္း ႐ႊီက်န္းကို မွီကာ ေထြးပတ္လြမ္းျခဳံသြားတယ္။ အထဲ၌ ေက်ာခ်မ္းဖြယ္ငယ္သံပါေအာင္ ေအာ္သည့္အသံကိုၾကားႏိုင္ေပသည္။
"မလာနဲ႔......မလာနဲ႔......ငါမေသခ်င္ေသးဘူး!"
ထိုအသံသည္အေပၚကလာတာျဖစ္သည္။
ေ႐ွ႕ဦးပိုင္းသို႔ စုမင္တို႔ေရာက္႐ွိေနႏွင့္ၿပီျဖစ္သည္။ ေျမစာမ်ားျဖင့္ ဖို႔ထားေသာေျမပုံေလးေတြဖုံးလႊမ္းေနေသာပတ္ဝန္းက်င္မွ ထြက္ခြာၿပီးသည့္ေနာက္ ျမဴမိႈင္းမ်ားကထိုေနရာမွာပဲ ဆက္လတ္တည္႐ွ္ိေန၍ သူတို႔မထြက္ရဲေပ။
႐ႊီက်န္းအသံမွာ ေပ်ာက္ကြယ္သြားၿပီျဖစ္သည္။
"သူေသသြားေလာက္ၿပီ" လီခ်ီယြီေျပာတယ္။
ထိုေၾကာက္စရာေကာင္းေသာအရာ၏အင္အားကို သူၾကဳံေတြ႕ခဲ့ရၿပီးၿပီ။ ၾကည့္႐ုံနဲ႔တင္ ေျခာက္ျခားစရာေကာင္းေနၿပီ။
ျမဴမိႈင္းထုကို စုမင္ၾကည့္ၿပီး ဒီေနရာကအလြန္ထူးျခားသည္ဟု ခံစားမိသည္။
လီခ်ီယြီမ်က္ေမွာင္က်ံဳ႕ရင္း ေရ႐ြတ္၏ .."ေက်ာင္းေထာင္က်ီးဘယ္လိုေနလဲ ငါသိခ်င္မိတယ္"
ဤေနရာက စင္ျမင့္႐ွိေသာေနရာႏွင့္ အတန္ငယ္ေဝးကြာေပမဲ့ ထိုေနရာ၏တည္ေဆာက္ထားသည့္ပုံသ႑ာန္ကို ႐ွင္း႐ွင္းလင္းလင္းျမင္ႏိုင္သည္။
သူတို႔႐ုပ္႐ွင္ဇာတ္သိမ္းထိ မေရာက္ေသးဘူးဆိုတာ စုမင္ေျပာႏိုင္သည္။
ဇာတ္သိမ္းေရာက္ခံနီးအေၾကာင္းကိုလည္း ႐ုပ္႐ွင္႐ုံကအခ်က္အလတ္မေပးရေသးသလို ႐ိႈးပြဲ၏ေနာက္ကြယ္ကလွ်ိဳ႕ဝွက္ခ်က္ကိုလည္း မသိရေသးေပ။
ေဖ်ာ္ေျဖပြဲက်င္းပရာေနရာ႐ွိ မီးအလင္းေရာင္မွာ အေတာ္ေလးေမွာင္မဲေနသည္။
ခပ္မွိန္မွိန္မီးစိမ္းေရာင္သည္ အေမွာင္ထဲတြင္ တေစၧမီးေတာက္မ်ားလြင့္ေမ်ာေနသကဲ့သို႔ထင္ရၿပီး အနီေရာင္မီးမ်ားမွာ တြားသြားသတၱဝါ၏မ်က္လုံးမ်ားႏွင့္တူေနသည္။
'Journey to the West'ထဲက စပါးအုံးေႁမြမိစၧာကို စုမင္႐ုတ္ခနဲအမွတ္ရသြားသည္။ ထိုမိစၧာထြက္လာတာနဲ႔ ျမဴစိုင္မည္းမ်ားလည္းေပၚလာၿပီး သားေကာင္ကိုေခၚေဆာင္ၿပီးသြားသည္ႏွင့္ ထြက္ေျပးသြားတတ္သည္။ အဆုံးစြန္၌ ထိုမ်က္လုံးႏွစ္လုံးသည္ လက္ဆြဲမီးအိမ္ကဲ့သို႔ ေတာက္ပစြာအေရာင္ျဖာထြက္ေန၏။
ဤေနရာ၌ အနီေရာင္မီးအလင္းေတြမ်ားေတာ့ သတၱဝါတစ္ေကာင္နဲ႔ဆက္စပ္ခဲ့လွ်င္ ဒါဆိုပတ္ပတ္လည္တြင္ မေရတြက္ႏိုင္ေသာသတၱဝါမ်ားစြာတြားသြားေနတာျဖစ္လိမ့္မည္။
သူ႕အေတြးနဲ႔သူ မေနႏိုင္စြာတုန္လႈပ္သြား၏။
သူ ေႁမြေတြကိုေတာ့ နည္းနည္းေၾကာက္သည္။ ဒါသာအမွန္ဆိုရင္ သူ႐ြံလြန္းလို႔ေသမွာပဲ။
စုမင္အျပင္ဘက္၌ရပ္ၿပီး အေမွာင္ထုထဲက အလင္းေရာင္ေတြကိုစူးစိုက္ၾကည့္ကာ ႐ုတ္တရက္ေမးလိုက္တယ္။
"ေဖ်ာ္ေျဖတဲ့ေနရာက သခ်ႋဳင္းအုတ္ဂူနဲ႔တူတယ္လို႔ မင္းတို႔ထင္ၾကလား?"
"မင္းေျပာလိုက္ေတာ့မွ တကယ္ပဲ အဲ့ဒါနဲ႔နည္းနည္းတူေနတယ္" လီခ်ီယြီေျပာတယ္။
သုႆန္မွာ႐ွိသည္လိုမ်ိဳးမဟုတ္ ... ေက်းလတ္ေဒသေတြ၌ ျမင္ေနက် သခ်ႋဳင္းကုန္းကဲ့သို႔ျဖစ္သည္။
လဲ့လင္းအေ႐ွ႕သို႔ ၫႊန္ျပၿပီး .."ငါတို႔ျဖတ္ေလွ်ာက္လာခဲ့တဲ့ေနရာက သခ်ႋဳင္းပဲ"
သူမစကားဆုံးသည္ႏွင့္ ျမဴစိုင္မ်ားတျဖည္းျဖည္းလြင့္ျပယ္သြားတယ္။ အရိပ္မည္းအခ်ိဳ႕ ထိုအထဲတြင္ေပၚလာၿပီး သခ်ႋဳင္းမ်ားတြင္ရစ္သီရစ္သီျဖင့္ ေဝ့ဝိုက္လွည့္ပတ္ေန၏။
သူတို႔ရဲ႕အသိစိတ္တို႔ ေပ်ာက္ဆုံးသြားၿပီျဖစ္ကာ မိႈင္ေတြေတြနဲ႔အေ႐ွ႕အေနာက္သာ လႈပ္႐ွားႏိုင္ေတာ့သည္။
႐ႊီက်န္း၏လုပ္ရပ္မ်ားကို စုမင္ရိပ္ခနဲေတြးမိသြားကာ .."ဒီေနရာက သခ်ႋဳင္းေျမဆိုေတာ့ ႐ႊီက်န္းဘာကိုလိုက္႐ွာေနခဲ့တာလဲ?"
သို႔ေသာ္ ယခုမူ သူတို႔ အေျဖအတြက္ ေမးႏိုင္စြမ္းမ႐ွိေတာ့ေပ။
"ေဖ်ာ္ေျဖေရးေနရာကဘာအတြက္လဲ? သစ္သားနဲ႔လုပ္ထားရင္ ငါတို႔ဒီတိုင္းတိုက္႐ိုက္မီး႐ိႈ႕လိုက္လို႔မရဘူးလား?" လီခ်ီယြီေမး၏။
လဲ့လင္းက .."သစ္သားမဟုတ္ဘူး"
စုမင္မ်က္လုံးမ်ားက်ဥ္းေျမာင္းသြားၿပီး လွမ္းၾကည့္လိုက္ကာ .."သစ္သားမဟုတ္ေလာက္ဘူး ... သတၳဳေခ်ာင္း ဒါမွမဟုတ္တစ္ခုခုပဲျဖစ္မယ္"
ထိုသို႔ေျပာအၿပီး သူေအးခဲသြားသည္။
စုမင္ အမူယာကင္းမဲ့စြာသူ႕လက္သူေျမႇာက္ပင့္လိုက္သည္။ သူ႕လက္ထဲ႐ွိ ႐ႊီက်န္းကို႐ိုက္ဖို႔ အသုံးျပဳခဲ့သည့္လက္နက္က အေျဖကိုေျပာျပေနတယ္။
ဒါက တုတ္ေခ်ာင္းမဟုတ္ဘဲ အ႐ိုးျဖစ္သည္။
သူ႕အျပဳအမူကို အျခားသူမ်ားလည္းျမင္ကာ လီခ်ီယြီထိတ္လန္႔သြားၿပီး .."ဒါ.....ဒါလူ႕အ႐ိုးမဟုတ္ဘူးလား?"
စုမင္ေခါင္းၿငိမ့္လ်က္ .."ျဖစ္သင့္တယ္"
ဘာပဲျဖစ္ျဖစ္ horror႐ုပ္႐ွင္ထဲမွာ ဝက္အ႐ိုးေတာ့မျဖစ္ႏိုင္ေပ။ ယခင္က သူ နမူနာပုံစံေတြကိုျမင္ဖူးကာ ထင္ထင္႐ွား႐ွားပင္ ဒါကလူသားအ႐ိုးျဖစ္သည္။
သူထိခဲ့စဥ္က နည္းနည္းထူးျခားသလိုခံစားရတာ မထူးဆန္းေတာ့ေပ။ ဒီတိုင္းသူ မဆက္စပ္ခဲ့မိလို႔ပင္။
စုမင္ အ႐ိုးကိုေအာက္ခ်လိုက္သည္။ ေစာနေပၚလာတဲ့တေစၧက ဒီအ႐ိုးရဲ႕ပိုင္႐ွင္ပဲျဖစ္လိမ့္မယ္လို႔ သူခံစားမိသည္။ အခုသူေတြးၾကည့္မွ ကံေကာင္းစြာ ထိုတေစၧက သူ႕အေပၚအၿငိဳးမထားခဲ့ေပ။
နံရံမွ လူသားအ႐ိုးကို သူဆြဲထုတ္ခဲ့ေတာ့ ... ဒါဆို ေတြးၾကည့္ဖို႔ေတာင္မလို။ ဥမင္လိုဏ္ေခါင္းတစ္ခုလုံးက လူသားအ႐ိုးမ်ားျဖင့္ျပဳလုပ္ထားတာျဖစ္ႏိုင္သည္။
လူ႕အ႐ိုးနဲ႔ျပဳလုပ္ထားေသာ ဥမင္လိုဏ္ေခါင္းကို ျဖတ္ေလွ်ာက္သြားရတဲ့ အေတြးက စုမင္ရဲ႕စိတ္ကို မသက္မသာျဖစ္ေစတယ္။
ေဖ်ာ္ေျဖပြဲက်င္းပရာေနရာကို တဖန္ၾကည့္လိုက္ကာ ယခုသူအေျဖရ႐ွိသြားၿပီ။
ေစာနက ဒီေနရာကို သတၳဳေခ်ာင္းမ်ားျဖင့္ျပဳလုပ္ထားတယ္လို႔ သူသံသယ႐ွိေပမယ့္ အခုေတာ့ သူစိုး႐ြံ႕မိတာက ေနရာတစ္ခုလုံးသည္ လူသားအ႐ိုးမ်ားျဖင့္လုပ္ထားမည္ကိုပင္။
သူတို႔သည္ လူသားအ႐ိုးမ်ားျပဳလုပ္ထားေသာ အုတ္ဂူထဲ၌ ေန႔တဝက္ေလာက္႐ိႈးပြဲကိုၾကည့္ေနခဲ့သည္။
သူ႕လက္ထဲမွအ႐ိုးကို လီခ်ီယြီအျမန္လႊတ္ပစ္လိုက္တယ္ .."ငါတို႔ ေအာင္ေအာင္ျမင္ျမင္လြတ္ေျမာက္ႏိုင္ခဲ့တာလား? ဘာလို႔ငါတို႔ကို တစ္ေယာက္မွ သတိမထားမိတာလဲ?"
"ငါတို႔လြယ္လြယ္လြတ္ႏိုင္မယ္လို႔ မင္းထင္လား?" စုမင္ေျပာတယ္။
လီခ်ီယြီေတြးၾကည့္ၿပီး ေလးနက္စြာေျဖတယ္ "...........မထင္ဘူး"
ေစာေစာက မ်က္လွည့္ေဖ်ာ္ေျဖပြဲေတြမွာ အလြန္စိတ္မခ်မ္းေျမ့ဖြယ္ေကာင္းစြာေသဆုံးခဲ့ရတာဆိုေတာ့ သူတို႔ကို ဘယ္လိုလုပ္လြယ္လြယ္ လြတ္ေပးထားမွာလဲ?
စုမင္ သူ႕ကိုသတိေပး၏ .."ငါတို႔တစ္ခ်ိန္လုံးေျပးလႊားေနတာကို သူတို႔ေစာင့္ၾကည့္ေနၿပီးမွ အၾကပ္႐ိုက္မယ့္အခြင့္လမ္းကို႐ွာေဖြေနတာ ျဖစ္ႏိုင္တယ္"
ဒါဆို သူတို႔သည္တစ္ခ်ိန္လုံး တစ္ေနရာတည္း၌သာေျပးလႊားေနတယ္လို႔ ဆိုလိုတာေပါ့။
လီခ်ီယြီ .."...........မင္းေတာ္ေတာ္ေၾကာက္ဖို႔ေကာင္းတာပဲ"
***********************************
ဘာမွမသိဘဲ ကိုယ္ေနေနတဲ့ေနရာက လူသားအ႐ိုးေတြနဲ႔လုပ္ထားရင္ ...
ミ●﹏☉ミ
Sry for misspelling
December 21, 2021
--------------------------------------------------------------