"မျှော်လင့်မထားခဲ့သော" [ Comp...
By Tay-Khit-Mo
100K 4.5K 754
First Own Creation (BL) More
Note
ST-1
ST-2
ST-3
ST-4
ST-5
ST-6
ST-7
ST-8
ST-9
ST-10
ST-11
ST-12
ST-13
ST-14
ST-15
ST-16
ST-17
ST-18
ST-19
ST-20
ST-21
ST -22
ST-23
ST-24
ST-25
ST-26
ST-27
ST-28
ST-29
ST-30
ST-31
ST-32
ST-33
ST-34
ST-35
ST-36
ST-37
ST-39
ST-40 (Ending)
ကျေးဇူးတင်လွှာ
NoTi
ST-38
1.8K 86 61
By Tay-Khit-Mo
Unicode
"ဘယ်လိုလဲ မောင်လေး စိတ်လှုပ်ရှားနေပြီလား သားသားလိုချင်လား မီးမီးလိုချင်လား"
ယန္တရာတကယ့်ကို စိတ်လှုပ်ရှားနေပါပြီ ။ Ultrasound result သိရပြီမို့ အစ်မသက် က မေးနေခြင်းပါ။
"သားလေး"
ယန္တရာ သားလေးပဲ လိုချင်ပါသည်။ မိမိနှင့်တစ်ပုံစံထဲ တူညီသော သားယောကျ်ားလေးသာ လိုအပ်သည်။ယန္တရာမရှိတော့သည့်နောက်ပိုင်း မိမိချစ်ရသူတွေကို နှစ်သိမ့်ပေးနိုင်ရန်အတွက်ပါ။အထူးသဖြင့် ဃဃလေး အတွက် အားပေးဖော်ရစေရန်....။
မိမိ၏ဃဃလေးက စိတ်ရင်းကကောင်းသည်။ဘာအတွက်ကြောင့် မိမိပေါ်ဆိုးနေသည်မသိ။သူဆိုးလို့ရလို့ ဆိုးနေတာဖြစ်မှာ...
"မောင်လေးဆန္ဒတွေ ပြည့်ပါတယ် သားလေးပါနော် တကယ်ဆိုဒိထက်စောစော သိစေချင်တာ နှလုံးအတွက်ထိခိုက်မှုရှိနိုင်လို့ Ultrasound ကို မရိုက်ပေးတာပါ အစ်မတို့ကိုနားလည်ပေးနော်"
အစ်မသက်စကားကြောင့် ကြည်နူးမှုတွေ အဆ တစ်ရာ ပိုတိုးသွားသလို။
"နားလည်ပါတယ် အစ်မသက်ရယ်"
"အစ်မကတော့ မောင်လေးပြောတဲ့ရက်ထက်စော မွေးစေချင်တယ် မွေးရက်လည်းရောက်နေပြီလေ၊ ကလေးအတွက် စိတ်ချရပေမဲ့ ငါ့မောင်အတွက် စိတ်မချဘူး နောက်ပြီး ဘယ်မှာမွေးချင်လဲ "
"ဟုတ်ကဲ့  France မှာမွေးမယ်လို့ဆုံးဖြတ်ထားတယ် ကူညီပေးပါ"
တစ်ချိန်မှာ ကိုယ်ပျောက်ကွယ်သွားသည့်တိုင် လူ့လောကကြီးမှာ ရှင်သန်ကျန်ရစ်ခဲ့မဲ့ တစ်စုံတစ်ယောက်အတွက် မိမိနှင့် ထပ်တူနီးပါး တူညီသည့် လူသားတစ်ဦး ကျန်ရစ်စေချင်သည်။မိမိရဲ့ ကိုယ်ပွားလေးကို မြတ်နိုးရာ ဃဃလေး အတွက် ချန်ထားရစ် ခဲ့ချင်သည်။
"ပြန်စဥ်းစားပါဦးနော် အစ်မကမကူညီချင်လို့မဟုတ်ပါဘူး၊ ဒီမှာက မိသားစုတွေရှိတယ်လေ ၊ဆေးရုံကလည်းအဆသင့် အစ်မတို့တွေလည်းရှိမှာ အားလုံးကငါ့မောင် ဘေးမှာရှိနေမဲ့သူတွေချည်းပဲ ဒါကိုဘာလို့ ...."
"ကျွန်တော်ခံစား​နေရတာတွေကို မမြင်စေချင်လို့ပါ "
ဟင်း.....ခက်လိုက်ပါဘိ ငါ့မောင်ရယ်။ ဒီကလေး ဘာတွေတွေးပြီး ပူနေပြန်သလဲ။ကိုယ့်ကိုကိုယ်ပူနေရမဲ့ အချိန်မှာ တပါးသူတွေအတွက် တွေးပေး စရာမလိုဘူးလို့ထင်တာပဲ။ ဒါကသက်သက် အတွေးပါ။ ဒီဗိုက်ဗိုက်လေး ကတော့ အဲ့လိုတွေးချင်မှတွေးမှာ။ ဘာပဲဖြစ်ဖြစ် မိသားစု ရှိရာ ကိုယ့်မြေကိုယ့်ရေ မှာပဲ မွေးစေချင်သည်။ ဆေးရုံလည်း အဆင်သင့်၊တခြား ဆရာဝန်ကြီးတွေလည်းရှိနေတာ။ ကလေးအတွက်ကတော့ ပူပင်စရာမလို။သူ့အတွက်သာ......။ သက်သက်တို့အလုပ်က လူနာ့အသက်ကို မရမက ကယ်ဖို့ နဲ့ ထိုလူနာကို စိတ်ဓာတ်မကျစေရန် အားပေးဖို့ပါ။
"ဘာမှပူမနေနဲ့ ဒီအခြေနေထိတောင် ဖြတ်သန်းလာပြီပဲ ဒီမှာပဲမွေးနော် အစ်မအဆင်သင့်ပြင်ထားပေးမယ်  ဟုတ်ပလား တွေးမနေနဲ့နော် စိတ်ညစ်စရာတွေတွေးရင် ဗိုက်ဗိုက်ထဲက ကလေးလေးက မျက်လုံးမှေးတယ်တဲ့နော် ကြည့်လုပ် "
"ဟင်.....ဟုတ်လား ကျွန်တော်မသိဘူး ဟုတ် ဟုတ်"
သက်သက်ပြောလိုက်မှာ တအံ့တသြနှင့် တဟုတ်ဟုတ် လုပ်နေပြန်သည်။ မျက်နှာလေးက ခုမှရွှင်လန်းလာသလို။မိမိက ပါးစပ်ထဲရှိရာ ပြောလိုက်ပေမဲ့ ဒီဗိုက်​ဗိုက် လေးက အမှန်ထင်သွားသည့်ပုံ။ လိမ်တဲ့ညာတဲ့အလုပ်က မကောင်းပေမဲ့ ဒီဗိုက်ဗိုက်​လေး အတွက်တော့ သက်သက်လိမ်နေဦးမှာ။ ကလေးကို ခုတုံးလုပ်ပြီး အကျပ်ကိုင်နေရဦးမှာ။
ရင်သွေးလွယ်ထားရတဲ့ မိခင်တိုင်းကတော့ ဒီလိုပဲနေမှာ။သက်သက်ကတော့ ကိုယ်ဝန်မဆောင်ဖူးလို့မသိ။ မမြင်ရသေးတဲ့ သားသမီးအတွက်တောင် ခုလိုဖြစ်နေတာ။ မွေးများပြီးရင်တော့ ဘယ်လိုများလာမည်မသိ။ သူကိုယ်တိုင် ဝမ်းနဲ့လွယ်ပြီး မွေးလာတဲ့ကလေးကို သူဘယ်လိုပြုစုပျိုးထောင်ပေးမလဲ သိချင်လိုက်တာ။
"ကံတရားနဲ့ အစ်မတို့အားလုံး ငါ့မောင်ဘက်မှာရှိနေမယ် မပူနဲ့"
"ဟုတ်ကဲ့ပါ အစ်မသက် ကျေးဇူးပါ"
**ကံတရားက မောင့်ဘက်မှာရှိနေပေမဲ့ မောင့်မြတ်နိုးရာ လေးကတော့ မောင့်ဘက်မှာ ရှိမနေခဲ့ဘူး**
သို့ပေမဲ့ ကြိုးစားပြီး မောင့်ကိုယ်ပွားလေးကို ဃဃလေးအတွက် ချန်ရစ်ခဲ့မှာပါ။
အဲဒိညက ပြောပြဖို့ကြိုးစားခဲ့ပေမဲ့ အရာမထင်ခဲ့။မလိုအပ်ဘူးဆိုတဲ့ အရာတစ်ခုကို ယန္တရာမပေးချင်ပါ။နောက်ပြီး နေ့ရက်တွေ လက်ချိုးကာ ရေတွက်ပြနေတဲ့ ဃဃလေးကို လည်း ဆွဲမထားချင်ခဲ့။ထို့​ကြောင့် ကစားပွဲမှအချိန်မစေ့ခင် နှုတ်ထွက်ပြီး အရှုံးပေးခဲ့တာ။
**မောင် အမြတ်နိုးရဆုံး သော တစ်စုံတစ်ယောက်အတွက် လိုအပ်ရင်အနီးဆုံးမှာ ရှိပေးပြီး မလိုအပ်ရင် ကွယ်ပျောက် သွားပေးမဲ့ လမင်းလေးပါ**
နေ့ဘက်မှာ နေ့အလင်းရောင်ကြောင့် လမင်း၏ အလင်းကို မလိုအပ်ပေမဲ့ ညဘက်ရောက်ရင်တော့ လမင်း၏ အလင်းရောင်က သေချာပေါက်လိုအပ်မှာပါ။ အကယ်၍ လမိုက်ရက်ရောက်ရင်တော့ အလင်း မီးအိမ်လေးက အနားမှာ အဖော်ပြုပါလိမ့်မယ်။
ဃဃလေး ရဲ့ ညကမ္ဘာကြီးကိုအလင်းရောင်ပေးမဲ့ လမင်းဟာ မောင်ပါ။အကယ်၍ လမင်းကွယ်ပျောက်သွားတဲ့ လမိုက်ရက် ရောက်ရင်တော့ မောင့်ရဲ့ နှလုံးသွေးအဆီအနှစ်နဲ့ ထွန်းညှိပေးထားတဲ့ အလင်းမီးအိမ်လေးက အဖော်ပြုပေးပါမှာပါ။
ဘယ်သောအခါမှ မီးစာမကုန်ခမ်းတဲ့ မောင့်ကိုယ်ပွား အလင်းမီးအိမ်လေးကို မောင့်ရဲ့နောက်ဆုံး လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။
📳! ABCDEFG HIJKLMNOP QRSTUV WX Y and Z .Now I know my ABC everybody sing with me....... !📳
ph သံဆုံးသွားသည့်တိုင် မကိုင်မိ။ ဒီ ringtone သံလေးက ဃဃလေး လုပ်ပေးထားသည်မို့။
📳! ABCDEFG HIJKLMNOP........📳
သက်သက်ရှေ့က ကလေး ကို ကြည့်ပြီး သက်ပြင်းအကြိမ်ကြိမ်ချမိသည်။ ph သံမကြားရလောက်အောင် လွန်နေသည့်အတွေးတွေ ကို သက်သက်သိချင်လှသည်။ ဒီကလေး ခုချိန်ထိ အသက်ရှင်သန်နေတာ က တစ်စုံတစ်ယောက်အတွက်တဲ့။သားသား  အတွက်က သက်သက်တာဝန်ယူနိုင်ပေမဲ့ ဒီကလေးအတွက်ကိုတော့ ဆုတောင်းပေးရုံကလွဲလို့ ဘာမျှမတတ်နိုင်။ သူချစ်မြတ်နိုးရသူကို တစ်ခါမှမမြင်ဖူး။ဒီကလေး ဆေးရုံကို အခေါက်ပေါင်းမရေနိုင်အောင်လာနေလည်း သူ့အမျိုးသားဖြစ်သူက တစ်ခါလေးတောင် လိုက်မလာ။အမျိုးသားဆိုသူက ဒီကိစ္စကို ပြောမပြ၍ပဲ မသိတာလား သိအောင်ပဲကြိုးစားမကြည့်တာလား။ တအိမ်ထဲအတူနေပြီး ဒီလောက်သိသာနေတဲ့ ပြောင်းလဲမှုကို မသိစရာ အကြောင်းမရှိ။
ဟင်း.....
ph ကဆက်တိုက်မြည်နေသည်မို့ အရေးကြီးမည်ထင်သည်။ ဒီကလေး ခုထိမကိုင်သေး။ သတိပေးမှဖြစ်တော့မည်။
"မောင်လေး ph လာနေတယ်လေ"
"ဟုတ်ကဲ့.... ခွင့်ပြုပါဦးနော်"
ထွက်ခွာသွားတဲ့ ကလေးကို မျက်စိတဆုံးကြည့်ရင်း........
"မောင်လေးရေ မင်းကတော့သေချာပေါက် ပျော်ရွှင်ရဖို့ ဖြစ်လာမှာပါ"
ph သံကြောင့် အပြင်ဘက် ထွက်လာခဲ့သည်။ကိုနောင်ဦးကို မှာစရာရှိတာ၊ ပေးစရာရှိတာတွေပေး ရဦးမည်။
"Hello ကိုနောင်ဦး ကျွန်တော့်ကို လာ​ခေါ်ပေးနိုင်မလား"
"......."
ယန္တရာ ကိုနောင်ဦး ကိုစောင့်ရင်း ဆေးရုံပေါက်ရှေ့တွင် ရပ်နေမိသည်။ တဝီဝီပြေးလွှားနေသော ကားများ၊ ထိုကားများကို လိုရာခရီးသို့ရောက်အောင် ထိန်းချုပ်မောင်းနှင်နေသည့် လူများ။ platform ပေါ် လမ်း လျှောက်နေသည့်လူများ။မိမိတို့အလိုရှိရာ ဦးတည်ရာကို ရည်ရွယ်ချက်ရှိရှိဖြင့် ကြိုးစားအားထုတ်ကာ လျှောက်လှမ်းနေကြသည်။ လူသားအားလုံးက အသက်ရှင်ရပ်တည်နိုင်ရန် ကြိုးစားရုန့်းကန်နေရတဲ့သူချည်းပါ။ မိမိလည်း ထိုလူသားထဲက လူတယောက်ပါပဲ။
"Boss ကားပေါ်တက်ပါခင်ဗျ"
"အာ sorry ကျွန်တော် အငေးလွန်နေတာနဲ့ ကိုနောင်ဦးရောက်လာတာ မသိလိုက်ဘူး အားနာလိုက်တာဗျာ"
မိမိ Boss ကထိုသို့သော လူမျိုးပါ။ အပြစ်ဟုမဆိုနိုင်သော အပြုအမူသေးသေးလေးကအစ အားနာတတ်သည့်လူမျိုးပါ။
"Boss ဘယ်ကိုမောင်းပေးရမလဲဗျ"
"ကိုနောင်ဦး အိမ်ပဲ မောင်းပါ ကျွန့်တော်မှာ သွားစရာမှမရှိတာ"
မိမိ ပါးစပ်သာ ဖြတ်ရိုက်ချင်မိတော့သည်။ ရှိသမျှပိုင်ဆိုင်မှုအား လုံး လွှဲပြောင်းသည့် စာချုပ်များကို မိမိရှေ့မှာတင် လက်မှတ်ထိုးနေတာ မြင်ရက်သားနဲ့။ ဒီပါးစပ်နှယ်....။ သိုပေမဲ့ Boss မှာမိသားစုတွေ ရှိနေသေးသည်လေ။ အဲဒိကိုသွားလည်း ရတာပဲ။
"ကျွန်တော့ကို ကိုနောင်ဦးအိမ်မှာ တပတ်လောက်နေခွင့်ပေးပါ၊ ကျွန်တော် အေးဆေးဆေးဆေးနေချင်လို့"
မိမိ boss အကြောင်းအသိဆုံးမို့ဒီစကားက ဘာကိုဆိုလိုသည် မှန်း သိပါသည်။ဘယ်သူနဲ့မှမတွေ့ချင်လို့ ဆိုတာကိုပေါ့။ Boss မွေးကာနီးဖွားခါနီးတောင် ဟိုဒေါက်တာက မသိဘူးလား၊မိမိကျတော့ မြွေပွေးကောင်တဲ့ သူကျဘာလဲ ကမ္ဘာအဆိပ်အပြင်းဆုံး ရွှေမြွေလား .....
"နောက်ပြီး ဒီ လက်ဆွဲအိတ်လေးကို ဃဃလေးကို ပေးပေးပါနော်။ ကျွန်တော် ဒီလောကကြီးထဲမှာ မရှိတော့ဘူးဆိုတဲ့ အချိန်မှ ပေးလိုက်ပါ အရေးကြီးဆုံးတစ်ခုက ကျွန်တော့ကိုကူညီခဲ့သလို ဃဃလေးကိုလည်း အစစအရာရာ ကူညီပေးလိုက်ပါနော် အဲ့ဒိအစား တောင်ကြီးက စိုက်ခင်းကို လက်ဆောင်အဖြစ်ပေးခဲ့ပါတယ် ကျွန်တော်စိတ်ချပါရစေ"
"စိတ်ချပါ Boss ခုတော့အနားယူသင့်ပါပြီ"
-
-
-
ရန်ကုန်ဆောင်းက မချမ်းပေမဲ့ ယန္တရာ့ ရင်ထဲခိုက်ခိုက်တုန်နေသည်။ဆောင်းလေအေးနှင့်အတူ ယန္တရာ့ ခြေလက်တွေလည်း အေးစက်လာသည်။ လှေကားလက်ရမ်းကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း ဝေဒနာ ကို သည်းခံနေရသည်။မွေးကာနီးလေ ပိုအောင့်လေ ဖြစ်တဲ့ နှလုံးကလည်း မိမိကို သေစေချင်နေလားမသိ။သားသားလေးကလည်း အတင်းကို ကန်ထုတ်နေသည်။ အပြင်ထွက်ချင်နေပြီထင့်။ ယန္တရာမွေးမယ်လို့ ဆုံးဖြတ်ထားတဲ့ရက်က မနက်ဖြန်မှ မို့ အောင့်အီးနေရသည်။ တချက်ချက်ရွေ့လျားနေတဲ့ လက်တံတွေကလည်း ဒီနေ့မှ နှေးကွေးနေသလို။ ဒီ သုံးနာရီ ကို ယန္တရာ ဘယ်လိုဖြတ်သန်းရမလဲ။
ဗိုက်က နည်းနည်းတော့ နာပေမဲ့ နေသာသေးသည်။ ဘယ်ဘက်ရင်အုံကတော့ ချက်ချင်း ချက်ချင်းပင်ပေါက် ​ထွက်တော့မလို။
ကလေးယူမယ်ဆုံးဖြတ်ကထဲက ဒီလိုတွေ ခံစားရမယ်ဆိုတာ သိပြီးသားပါ။ ကံကောင်းသည်က မည်သည့် ခက်ခဲမှုမျှမရှိပဲ သားသားလေးကို ရခဲ့သည်။
ရင်သွေးလေး လွယ်ထားချိန်မှစ၍ ယန္တရာ့ အပြုအမူကအစ စိတ်ထားတွေ အားလုံးပြောင်းလဲ ခဲ့ရသည်။ ယောင်လို့တောင် လှည့်မကြည့်ခဲ့ဖူးတဲ့ ပရိတ်တွေ ပဌာန်း၊ ဓမ္မစကြာ၊ ဂုဏ်တော်ကွန်ခြာ အကုန်လုံးကို နေ့တိုင်း ရွတ်ခဲ့သည်။မမငယ်က မွေးရဖွားရ လွယ်တယ်ဆိုပြီး အင်္ဂုလိမာလ သုတ် ရွတ်ဆိုလို့ အလွတ်ကျက်ခဲ့ရသေးသ ည်။စိတ်ငြိမ်စေရန်လည်း တရားထိုင်ခဲ့ရသည်။ဘုရားတရား လုပ်ခဲ့တာကလည်း ရင်သွေးလေးကို မိမိလို အဆိုးအတေလေး မဖြစ်အောင်ပါ။
နွားနို့သောက်ရင် မွေးလာတဲ့ကလေးက အသားဖြူတယ်ပြောလို့ မကြိုက်တဲ့ နွားနို့ကို ကြိတ်မှိတ်သောက်ခဲ့ရ၊ဘယ်လိုအနံ့တွေမှန်း မသိ၊ မြိုမကျတဲ့ Folic acid တွေ Fenza လိုဆေးမျိုးတွေ သောက်ခဲ့ရသည်။
ရေစိမ်ချိုးတတ်တဲ့ ယန္တရာက ကိုယ်ဝန်ရှိမှ ခပ်သွက်ချိုးရလို့ချိုးရ။မတ်တပ်ရပ်ရမှာတောင် ပျင်းတဲ့လူက ညတိုင်းလမ်းတွေလျှောက်ရ၊ အလုပ်လုပ်ရင် ဘာမှဂရုမစိုက်ပဲ ကြမ်းကြမ်း တမ်းတမ်းလုပ်တဲ့သူက နုယွနေရတာကတမျိုး၊body fitတွေ ဝတ်လေ့ရှိတဲ့လူက အမြဲတမ်း ပွပွချောင်ချောင် အင်္ကျီတွေ ဝတ်ပြီးနေခဲ့ရတာ။ ကိုယ့် body ကို အမြဲဂုဏ်ယူပြီးနေခဲ့တဲ့ ယန္တရာ ကဲ ခုတော့ ပြောင်းပြန်တွေကို ဖြစ်လို့....
သိုပေမဲ့ ဃဃလေးအကြောင်း တွေးမိတိုင်း၊ဗိုက်ထဲက အကောင်ပေါက်လေးက တချက်လှုပ်လိုက်တိုင်း ယန္တရာ့ အခက်အခဲတွေ အားလုံး ကျော်ဖြတ်နိုင်ခဲ့တာချည်း။
မိမိထိန်းချုပ်နေတဲ့ ကြားမှ မခံမရပ်နိုင်အောင် ထိုးအောင့်လာသည်။ အသက်ရှူရတာမဝတော့၊ ပါးစပ်၏ အကူအညီကို ယူကာ လေကိုရှူရှိုက်ပါသော်လည်း လေ၏အငွေ့အသက်မရ၊  နှလုံးခုန်သံ တွေကလည်း တခါတခါ တိုးသွားလိုက် ကျယ်သွားလိုက်၊ နောက်ဆုံးမျက်လုံးတွေဝေဝါးက လူက လေဟာနယ်ထဲ ရောက်သွားတော့သည်။ နားထဲမှာတော့ ကိုနောင်ဦး၏ အော်သံတချို့နှင့် ambulance အချက်ပေးသံတွေက နားထဲမှာမကြားတစ်ချက်ကြားတချက်၊ မိမိ သတိမေ့လို့မဖြစ် ၊ အကယ်၍ သတိမေ့ခဲ့သော် ချက်ချင်း ဗိုက်ကို ခွဲစိတ်တော့မှာ ဒါဆို မိမိရည်ရွယ်ချက်တွေ ပျက်စီးကုန်တော့မှာ။ ဒါမျိုးတော့အဖြစ်မခံနိုင်။
ဆေးရုံရောက်သည့်တိုင် ယန္တရာ သတိမလစ်ဟင်းသေး....
"တာဝန်ကျ ဆရာဝန်တွေ ချက်ချင်းခေါ် operation ဝင်ရမယ်...."
"Oxygen အသင့်ပြင်ထား၊ O သွေး အလုံအလောက်ပြင်ထားပါ"
မျက်လုံးကမမြင်ရသော်ငြှား နားထဲမှာ ဆရာဝန်ကြီးများ၏ သတိပေးသံတွေ.....ကြားနေရသည်။
အထူးသဖြင့် အစ်မသက်နှင့် ဒေါက်တာရိပ်ပြာရဲ့ သတိပေးသံတွေက ပို ကျယ်လောင်နေသလို။
"မောင်လေး သတိထားနော် အစ်မသက်ရှိတယ် သားသားအတွက်စိတ်မပူနဲ့"
"ယန္တရာ အစ်ကို ရှိတယ်နော် ဘာမှမတွေးနဲ့ အဆင်ပြေသွားမှာ အစ်ကိုတို့ကိုယုံ လက်မလျှော့လိုက်နဲ့နော်"
nurse များ၏ ပြေးလွှားနေသံတွေ အော်ဟစ်သံတွေ ဆူညံသံတွေ ကြားနေရသည်။
"ဆရာ အောက်ထပ်က operation room တွေမအားဘူးဆရာ ၊ တတိယထပ်မှာ အသင့်ပြင်ထားတယ် "
"ဆရာမ oxygen ပိုက်တပ်လိုက်တော့"
နှာခေါင်းပေါက်ထဲ ထိုးသွင်းလိုက်တဲ့ ပိုက်တစ်စုံကြောင့် လူက ဆတ်ကနဲဖြစ်သွားသည်။တဆက်ထဲမှာပဲ လက်ခုံပေါ် အပ်ဖောက်လိုက်သည့် နာကျင်မှုကို ခံစားလိုက်ရသည်။
"ဆရာမ Drip ချိတ် ပြီးရင် သွေးသွင်းဖို့လုပ်ပါ ပြီးရင် လိုအပ်တဲ့စက်ကရိယာ အားလုံးချိတ်လိုက်တော့"
ထိုတင်မကသေး နောက်လက်တဖက်ကို ထပ်ဖောက်ပြန်သည်။ ဆက်တိုက်ဆိုသလို ဒေါက်တာရိပ်ပြာအသံနှင့် Nurse တို့၏ ဆူညံသည့်အသံတွေက နီးလိုက်ဝေးလိုက်ဖြစ်နေသည်။
"ဆရာ သွေးကို လူနာက လက်မခံဘူး ဘယ်လိုလုပ်ရမလဲ လူနာကမငြိမ်လို့လားမသိဘူး"
"ဟင် ဆရာမဘာပြောတာလဲ ရှင်းအောင်ပြော"
"သွေးက လူနာ့ကိုယ်ထဲကို မဝင်ဘူးဆရာ ရပ်ပဲနေတယ် အပ်ကပြန်ကန်ထွက်နေတယ် သွေးတွေက အပြင်မှာတွေချည်းပဲ "
"ဒါဆို O သွေးသမားရှာပါ တိုက်ရိုက်ထည့်မှရမှာ"
ဆရာဝန်ကြီး၏ နောက်ဆုံးစကားကြောင့် ယန္တရာ စိတ်တွေ လျှော့ချပစ်လိုက်သည်။မိမိကိုယ်ထဲက သွေးကြောမျှင်တွေက ဃဃလေး၏ သွေး မှလွဲ၍ မည်သည့် သွေးမှလက်မခံနိုင်။ဒါကို မိမိကိုယ်တိုင်ပဲ သိသည်။
** မြတ်နိုးရသူလေး၏ အသွေးအသားတွေကြောင့်သာ မောင်ဆိုတာ ရပ်တည်နေနိုင်တာ**
ဒီ​သွေးကိစ္စက တမင်ဖန်တီးယူတာမျိုးမဟုတ်ပဲ သဘာဝအတိုင်း သီးသန့် ဖြစ်ပေါ်လာတဲ့ ဘုရားပေးတဲ့ဆုလဘ်တစ်ခုပါ။ကံတရားရဲ့ ရှေးရေစက်က အင်မတန်မှ ထူးဆန်းလွန်းသည်လေ။
"ဆရာ Heart- beat တွေ မငြိမ်တော့ဘူး "
"ကို ရပ်ကြည့်မနေနဲ့လေ ရိပ်ပြာတို့ ဘယ်လိုလုပ်ကြမလဲ တခုခုတော့ပြောပါဦး "
"ခဏ စောင့်ကြည့်ရအောင် "
"မ​စောင့်နိုင်ဘူး ခွဲစိတ်မှုကို တပြိုင်ထဲလုပ်မှရမယ် သက်သက်ကို ဝင်လာခိုင်းလိုက်တော့"
ဒေါက်တာရိပ်ပြာ စကားကြောင့် ယန္တရာ အသံကုန်အော်ဟစ်ပစ်လိုက်သည်။
!စောင့်ပေးပါ!
ယန္တရာ ဆက်တိုက်ဆိုသလို အော်ပြောနေပေမဲ့ အသံကထွက်မလာ။ လည်ချောင်းတွင်သာ တစ်နေသည်။
! ခဏလောက် စောင့်ပေး!
နောက်တခေါက်အော်ပြောသော်လည်း ဒေါက်တာရိပ်ပြာက ကြားဟန်မတူ။ဒေါက်တာ အာကာ ကတော့မိမိအခြေအနေကို နားလည်သဘောပေါက်ဟန် တူသည်။
"ရိပ်ပြာ စိတ်အေးအေးထား ဘာမှမဖြစ်ဘူး သူတစ်ခုခုကို ပြောချင်နေတာ ဖြစ်မယ် နားထောင်ပေးလိုက်ပါ"
"ယန္တရာ အကိုရှိတယ် အားတင်းထား ဘာမှမပြောနဲ့တော့ အားကုန်နေလိမ့်မယ်၊ ခုခွဲစိတ်မှု စတော့မှာ သက်သက်လည်းရောက်နေပြီ"
ယန္တရာ နာရီလက်တံကို ကြည့်ရင်း ခေါင်းသာ တွင်တွင်ရမ်းပြမိသည်။ နောက်တနေ့ သို့ ကူးပြောင်းရန်  လိုနေသေးသည်မို့ ။ထိုစဥ် အစ်မသက်၏ အသံကြောင့် ယန္တရာ့ နာကျင်မှုများ လျော့ပါးသွားသလို ခံစားလိုက်ရသည်။
"မောင်လေး အားတင်းထားနော် ခုချိန်ဘာမှမတွေးတော့နဲ့ သားသားလေးအကြောင်းပဲတွေး သားသားကို မမြင်ချင်ဘူးလား "
အစ်မသက်ပြောတာကို လက်ခံလိုက်ပါပြီ။ မိမိ၏ရင်သွေးသည်သာ အရေးကြီးဆုံးမို့ ခုချိန် မိမိဆန္ဒ ကို ရှေ့တန်းတင်၍ မရ။ ကိုယ့်ဆန္ဒက မိမိ၏မွေးလ မွေးရက် မွေးနံကို လိုချင်သည်မို့ စောင့်နေခြင်းပါ။နောက်ပြီး ဒီလိုရက်မျိုး ထပ်တူကျဖို့က ရှားသည်လေ။
"မေ့ဆေး ပေးပြီနော်မောင်လေး"
"ဟင့်အင်း ထုံဆေးပဲ"
ဒီတစ်ကြိမ်တော့ မိမိ၏ အသံက အောင်မြင်စွာ ထွက်ပေါ်လာခဲ့သည်။
"ok"
ထုံဆေး ပေးပြီးသောအခါ ယန္တရာ့တစ်ကိုယ်လုံး ပျော့ခွေသွားသလို။ သိုပေမဲ့ နာကျင်မှုကတော့ သက်သာမသွားပါ။ ခန္ဓာကိုယ်မှ တဆစ်ဆစ်နှင့် ခံရခက်လှသည်။ ထုံဆေးကပဲ မတိုးတာလား မိမိရောဂါကပဲ ပြင်းထန်လွန်းနေသလားမသိ။ယန္တရာ လက်သီးကို ခပ်တင်းဆုပ်ပြီး မျက်လုံးများမှိတ်ထားလိုက်တော့သည်။ အသိစိတ်ကတော့ အင်္ဂုလိမာလ သုတ်ကို အခေါက်ခေါက်အခါခါ ရွတ်နေမိသည်။
အချိန်မည်မျှ ကြာသွားသည်မသိ။ ယန္တရာ့ တစ်ကိုယ်လုံး ပေါ့ပါးသွားသည်။ထို့အတူ ရယ်သံချိုလွင်လွင်လေး ကလည်း အဆက်မပြတ် ကြားနေရသည်။ရယ်သံချိုချို အဖြစ် ထင်ခဲ့သည့် ငိုသံစာစာလေးက ယန္တရာ့ကို စိတ်ချလက်ချ သွားပါတော့ဟုပြောနေသလို။
နောက်ဆုံးအကြိမ်အဖြစ် ဃဃလေးကို ပြောပြချင်တဲ့ စကားများကို ပြောရင်း.....မြင်လွှာကသိသာစွာ အမှောင်ကျသွားခဲ့ပြီ။
"ဃဃလေးရေ မောင်တို့ နောက်တကြိမ်ဆုံတွေ့ဖို့ မသေချာတော့ဘူး ဒါကြောင့် မောင်ချန်ရစ်ခဲ့တဲ့ ကိုယ်ပွားလေးကို ရအောင်ရှာပြီး လမိုက်ညတွေကို ဖြတ်သန်းပါ  သားသားလေးရဲ့ အမည်ကိုတော. ........."
ပတ်ဝန်းကျင်တွင် အမှောင်ထုက ကြီးစိုးနေသည်။ လမိုက်ညဖြစ်သည့်အပြင် ကြယ်ကလေးများကိုပင် မမြင်ရ​လောက်အောင် မည်းနက်​သော တိမ်စိုင်တွေက ဖုံးအုပ်ထားသည်။ခပ်ကြမ်းကြမ်းတိုက်နေသော လေပြင်း ကြောင့် သစ်ရွက်များက တဖြုတ်ဖြုတ်ကြွေကျနေသည်။ ခြေလှမ်းတလှမ်း လှမ်းလိုက်တိုင်း ခြေထောက်က သစ်ရွက်ခြောက်တွေကြား နစ်ဝင်နေသဖြင့် ခရီးမတွင်။ မျက်စိရှေ့ရှိ မြင်ကွင်းများကလည်း အနက်ရောင်ချည်းများသာ။  ဆောင်းလေအေး၏ ကျီစယ်မှုကြောင့် ခန္ဓာကိုယ်က ခိုက်ခိုက်တုန်အောင်ချမ်းနေပြီ။ ဘယ်ချိန်များမှ လိုရာခရီးကို ရောက်မည်မှန်းမသိ။ကြိုးစားကာ လျှောက်လှမ်းနေရသည်။
အင့်......
တစ်စုံတစ်ခု၏ တားဆီးခံရမှုကြောင့် ရှေ့ဆက်သွား၍ မရတော့။ခန္ဓာကိုယ်ကလည်း ထိုအတားအဆီးကြောင့် လဲကျသွားသည်။ ခြေမထိပ်မှ ထွက်ပေါ်လာသော ပူနွေးစေးကပ်သည့် အရည်များ....ကို ထိတွေ့ကြည့်သည်။လက်ထဲပါလာသည့် အရည်ခပ်ပျစ်ပျစ်တွေ။ကြိုးစား ပြီး အားယူကာ ထကြည့်သော်လည်း မအောင်မြင်။ ပထမအကြိမ် ၊ ဒုတိယအကြိမ် သုံးကြိမ်မြောက်သည့်တိုင်အောင် ခန္ဓာကိုယ်က ထူးခြားမှုမရှိ။
ထိုစဥ် နှင်းမှုန်များကြားမှ အလင်းရောင် ခပ်ဖျော့ဖျော့လေးကို လှမ်းမြင်လိုက်ရသည်။တဖြေးဖြေးနီးကပ်လာသည့်ပုံရိပ်က ထင်ရှားလာသည်။ နှင်းမှုန်များကြားတွင် ထိုလူပုံရိပ်က ခပ်မှန်မှန် ဖြင့် မိမိအနီးပါးထိ လျှောက်လာသည်။ လက်ထဲတွင်လဲ အလင်းမီးအိမ်လေး တစ်ခုကို ကိုင်ဆွဲထားသည်။ မိမိရှေ့တွင် ဒူးထောက်ထိုင်ချလာသည့် လူကို ကြည့်မိတော့ ထိုလူက မျက်ရည်များကျမှ မိမိကို ပြုံးပြနေသည်။ သည်လူပုံရိပ်က မိမိနှင့်ရင်းနှီးနေသည့်ဟု ခံစားရသည်။သို့သော်လည်း မည်သူမှန်းသဲသဲကွဲကွဲ မသိရ။ ထိုလူကိုင်စွဲ လာသည့် အလင်းမီးအိမ်လေးကို ဘေးချသည်နှင့် တပြိုင်နက် ကလေးငိုသံလိုလို ရယ်သံလိုလို အသံများက ပတ်ဝန်းကျင်တွင် ဆူညံသွားသည်။မိမိဘေးက လူက မိမိကို လက်တဖက်က ခါးကို ထိန်းကာ ကျန်တဖက်က မိမိလက်ကို အသာအယာပဲ ကိုင်ကာ ဆွဲထူပေးသည်။
ကျွှတ်.....:ကျွှတ်
မိမိလည်း ထိုလူ၏ ဆွဲထူမှုကြောင့် မတ်တပ်ရပ်နိုင်သွားသည််။ လက်ထဲကို အလင်းမီးအိမ်ကလေး ထည့်ပေးပြီး ကျောခိုင်းကာ ထွက်သွားလေပြီ။ တဖြေးဖြေးနဲ့ မြင်ကွင်းမှပျောက်ကွယ်လုမတတ် ။ မိမိအော်ခေါ်နေသည့်တိုင် ပြန်လှည့်မလာ။မိမိလည်း အသံကုန်ဟစ်ကာ.....
"မောင်....."
မဟာ နှုတ်မှ နာမ်စားတစ်ခုကို ရေရွတ်ကာ  လန့်နိုးလာသည်။နံရံမှနာရီကလည်း 1:11ကို ညွှန်ပြနေသည်။ ဆောင်းတွင်းအေးအေးကြီးမှာ လူကချွေးစေတွေထွက် ပြီးမောဟိုက်နေသည်။နှလုံးခုန်သံတွေကလည်း သိသိသာသာ မြန်နေခဲ့သည်။
! ငါအိမ်မက်မက်နေခဲ့တာပဲ!
အိမ်မက်ထဲတွင် မိမိအား အလင်းမီးအိမ်လေး လာပေးသွားသူက မည်သူနည်း စိတ်ထဲမှာမခန့်မှန်းတတ်။ နှုတ်မှမိမိကိုယ်တိုင် ရွတ်မိသည့် နာမ်စားကလည်း မည်သူကို ရည်ညွှန်းသနည်း။
!  ကောင်လေးလား !
ဖြတ်ခနဲ ဝင်လာသည့် အတွေးစိတ်ကြောင့် အဖြေကသိသာ ထင်ရှားလာခဲ့ပြီ။
!ကောင်လေးမှ ကောင်လေးအစစ် သူပြန်လာခဲ့တာလား!
မိမိ ဘာမှမစဥ်စားတော့ပဲ အောက်ထပ်သို့ပြေးဆင်းခဲ့သည်။ မီးက​ပြတ်နေသဖြင့် တစ်အိမ်လုံးမှောင်မည်းနေသည်။ phမီးဖွင့်ကာ အိမ်အောက်ထပ် အိပ်ခန်းတွင်းသို့ဝင်ကြည့်ရသည်။ခြံဝဆီမှ စူးရှသော လဘက်စိမ်းနံ့ရသဖြင့် ပြေးကြည့်မိသည်။
!ဟင်...... ကောင်လေး!
မိမိကို ကျောပေးကာ ရပ်နေသည်။ ဒီကျောပြင်ကို မမှတ်မိနိုင်စရာအကြောင်းမရှိ။မျက်စိမှိတ် လက်ကိုဆန့်တန်းလိုက်ပြီး လဘက်စိမ်းနံ့လေးကို တစ်ဝကြီးရှူပစ်လိုက်သည်။ ထိုအနံ့ကြောင့်ပင် ကြောက်စိတ်တွေက အဝေးသို့လွင့်စင်ကွယ်ပျောက်သွားသည်။
ကောင်လေးက ထိုသို့လည်း မဟာ့ကို ပျော်ရွှင်စေပါသည်။ သူ့ရဲ့ရေမွှေးလေးကအစ အသုံးအဆောင်အားလုံး အပြုအမူ အပြောအဆို အားလုံးက မိမိကို တမျိုးမဟုတ်တမျိုး စိတ်ချမ်းသာစေသည်။
!ဒီတစ်ခေါက်တော့ မင်းကို လွှတ်မပေးတော့ဘူး!
မျက်စိကို ဖြည်းဖြည်း ချင်းဖွင့်ကြည့်လိုက်တော့ မြင်ကွင်းမှာ ကောင်လေးကရှိမနေ။ခပ်ဝေးဝေးမှ ကားမီးရောင်နီကျင့်ကျင့်က လွဲလို့ ပတ်ဝန်းကျင်မှာဘာမှမရှိ။မိမိစိတ်ထင်လို့များလား။ခုဏက ရေမွှေးနံ့က တကယ်ရလိုက်တာပါ။ သိုပေမဲ့ လက်တွေ့မှာ ကောင်လေးကရှိမနေ။မိမိစိတ်စွဲလမ်းမှုကြောင့် ကောင်လေးကို မြင်မိတာနေမှာ......။
ခုတလောကောင်လေး အကြောင်းတွေချည်း စဥ်းစားမိနေသဖြင့် စိတ်စွဲကာ မြင်မိမြင်ရာ မြင်နေခြင်းဖြစ်ရမည်။အိမ်မက်ကလည်း စွဲလမ်းခြင်းကြောင့်ပဲဖြစ်မှာ။မနက်ခင်းက အစပြုလို့ ညဘက်အိပ်ချိန်ထိတောင် သူ့အကြောင်းက မိမိစိတ်အစဥ်ကို လွှမ်းမိုးထားသည်မို့ ခုလိုတွေဖြစ်နေတာ။
မဟာလည်း ဘာမှမတွေးတော့ ပဲ အိပ်ခန်းဆီသာ ပြန်လာခဲ့သည်။ ကောင်လေးထွက်သွားပြီးကထဲက ဒီအိမ်ကြီးက ခြောက်ကပ်သွားသည်။ ကောင်လေးရှိစဥ်ကဆို ဒီအိမ်ကြီးမှာ အော်သံဆူသံတွေ ခဏတိုင်းကြားရသည်။မိမိ၏ အလိုမကျမှုပေါင်းများစွာကို သည်းခံကာ ဒီအိမ်ကြီးထဲမှာ အတူနေပေးခဲ့တာ။
!ကျေးဇူးတင်ပါတယ် ကောင်လေးရယ်!
မဟာ ဒီညနဲ့ဆို အိမ်မက်ဆိုးတွေမက်နေခဲ့တာ ရက်ပေါင်းမနည်းတော့ ။လန့်နိုးတိုင်းလည်း ခုလို ခြံထဲဆင်းကြည့် ခဲ့တာ။စူးရှတဲ့လဘက်စိမ်းနံ့နဲ့ ကားမီးနီကျင်ကျင်ကလွဲလို့ ဘာမျှမတွေ့ရ။ဒီလိုမျိုး အဖြစ်အပျက်တွေက ​ကောင်လေးထွက်သွားတဲ့ နေ့ထဲကစတာပဲ။သူထွက်သွားခဲ့တာ အောက်တိုဘာလ အကုန်လောက်မှာ။  ဒီနေ့ နိုင်ဝင်ဘာ ၁၆ ရက် အင်္ဂါနေ့ ဆို ၁၆ရက် ရှိခဲ့ပြီ။
!ကောင်လေးရေ ပြန်လာခဲ့ပေးပါ၊ မကြာခင်ကျရောက်တော့မဲ့ ငါ့မွေးနေ့မှာ မင်းကို တွေ့ချင်တယ် အရင်နှစ်ကလို birthday present အကြီးကြီးလည်း ပြင်ဆင်ထားနော်!
မနက်ဖြန် company မှာအရေးကြီး အစည်းအဝေး ရှိသည်။ မဟာ့ကို မလိုလားတဲ့ ဝန်ထမ်းတွေကြောင့် အလုပ်လုပ်ရတာပင်ပန်းပေမဲ့ ကောင်လေးက စိတ်ချလက်ချ အပ်ခဲ့တာမို့ ကြိုးစားရမည်။တချိန်မှာ သူပြန်ရောက်လာလျှင် အဆင်ပြေသွားမှာလို့ စိတ်ကတွေးရင်း ဖြတ်ကျော်ခဲ့ရသည်။လက်လွှဲခဲ့သည့် လုပ်ငန်းတွေကလည်း ဟိုမြွေပွေးကောင် ကူညီပေးလို့တော်သေးသည်။ဒီလောက် ကြီးမားကျယ်ပြန့်သည့် လုပ်ငန်းတွေကို သူဘယ်လိုများလုပ်ခဲ့သည်မသိ။
-
-
-
ရက်တွေလတွေလည်း အလီလီပြောင်းလဲလာခဲ့ပြီ။ဆောင်းရာသီ ကုန်ဆုံးလို့ နွေရာသီကိုတောင်ရောက်လာခဲ့ပြီ။
ဒီနေ့ကမဟာ့မွေးနေ့ မတ်လ 9 ရက်။ အရင်နှစ်က ဒီလိုအချိန်မှာ ကောင်လေးကမိမိအနားရှိခဲ့သည်။အဲ့ဒိနေ့ကအဖြစ်ပျက်ကို စိတ်ထဲမှာပြန်တွေးရင်း ကြည်နူးရတာလည်းအခါခါ။ မဟာ့ကို လေမှာဝဲစေရင်း ပြုံးကြည့်နေခဲ့တာ။မိမိကလည်း အပျော်ဆုံးအပြုံးတွေနဲ့ သူ့လည်ပင်းမှာ တွဲခိုခဲ့တာ။ဒါပေမဲ့ အခုချိန်မှာ ကောင်လေးက အနားမှမရှိတော့။ အိမ်မက်ထဲကိုတောင်အလည်မလာတာ ကြာသွားပြီလေ။ မှတ်မှတ်ရရ နိုဝင်ဘာ ၁၅ရက် ညကစလို့ မမက်တော့တာ။ လဘက်စိမ်းနံ့လေး ပျောက်ကွယ်သွားခဲ့တာလည်း ဒီနေ့နဲ့ဆို သုံးလနဲ့ ၂၃ ရက်ရှိခဲ့ပြီ။
မဟာမွေးနေ့မှာ ကောင်လေးအတွက် ကုသိုလ်ကောင်းမှုတွေ လုပ်ပေးဖို့ဆန္ဒရှိသည်။ မိမိကသာ အယူရှိခဲ့၍ သူ့အတွက်ဘာမှ လုပ်မပေးဘူးခဲ့ ။သူကလည်း တောင်းမှမတောင်းတာ။သူက မဟာ့အကြောင်း အကုန်သိပြီး လိုအပ်ချက် အားလုံးကို ဖြည့်ဆည်းပေးခဲ့တာ။မဟာဘယ်အစားအစာကြိုက်တယ်မကြိုက်ဘူးဆိုတာကအစ ဘာလုပ်ချင်လဲဆိုတာအဆုံးသူအကုန်သိ။ စိတ်ထဲမှာ တွေးမိတာကိုတောင် သူက ခန့်မှန်းမိပြီး ဖြည့်ဆည်းပေးခဲ့တာ။မဟာ့အကြောင်းကို ခရေ့စေ့တွင်းကျ သူအကုန်သိပေမဲ့ သူ့အကြောင်းကိုတော့ မဟာဘာမျှမသိခဲ့၊ သူဘာကြိုက်တတ်လဲ ဘာမကြိုက်ဘူးလဲဆိုတာမသိခဲ့ရ၊ မွေးနေ့ဆိုတာကလည်း ဘယ်ရက်မှန်းမသိ၊ ယုတ်စွအဆုံး သူ့မိသားစုအသိုင်းဝိုင်းကိုတောင် ကြားသာကြားဖူးပြီး မမြ၊င်ဖူးပါ။ မမကြီးဆိုတဲ့ မပုံပန်းချီတစ်ယောက်ပဲသိသည်။ ဒါတောင်အရင်က ဒယ်ဒီကိုဆေးကုပေးလို့သိခဲ့ရတာ။အစ်မနှစ်ယောက်ရှိသည်ကိုတော့သိသည်။သူ့ရဲ့မမလေးကိုတော့ TV showတွေမှာသာ မြင်ဖူးသည်။
ဒီနေ့ ကိုနောင်ဦးက အရေးကြီးကိစ္စရှိသည်ဆို၍ companyမလာနိုင်ကြောင်း ကြိုပြောထား၍ ဘုရားကအပြန် company ဝင်ရမည်။မဟာ့မှာ companyက တဖက် ရိပ်သာနှင့်ဂေဟာက တဖက် တစ်ရက်တရက်မနားရပါ။ဟိုမြွေပွေးကောင်ရှိနေလို့သာ။နောက်ကျနေမည်ဆိုးသောကြောင့် အိမ်က ခပ်စောစောပင်ထွက်ခဲ့သည်။ ရန်ကုန်ကားလမ်းအကြောင်းကို မဟာအသိဆုံး။
မဟာကားမောင်းရင်း ကောင်လေးအကြောင်းတွေးနေမိသည်။ ရုတ်တရက်မီးနီသွားသဖြင့် ကားကို အရှိန်သတ်လိုက်သည်။ ဒီပုံအတိုင်းဆို ဘုရားရောက်ဖို့ကြာဦးမှာ ရန်ကုန်မှာ ကားပိတ်ပြီဆို ခဏနဲ့မရ အကြာကြီး စောင့်ရတာ။ မဟာ နောက်ကျောမှီရင်း စိတ်ကအရင်ကာလဆီရောက်သွားပြန်သည်။ မဟာတို့ခရီးထွက်ခဲ့တဲ့ ရက်က ကားပေါ်မှာ သူနားထောင်ခိုင်းခဲ့တဲ့သီချင်းကို နှုတ်မှတိုးတိုးလေးဆိုနေမိသည်။ ထိုစဥ် ဝတ်ရွတ်သံကျယ်ကျယ်က နားစည်အတွင်းဆူညံစွာ လာတိုးဝင်နေသဖြင့် ကားမှန်ချပြီး ကြည့်လိုက်သည်။
!နာရေး တခုပဲ!
ဒိတ်ဒိတ်ကြဲ သူဌေးတစ်ဦး၏ နာရေးထင်သည်။ တန်ဖိုးမြင့်ကားအတန်းလိုက် ကြီးနှင့် လူတွေကလည်း မနည်းမနော။မဟာတို့ရပ်နေတဲ့နေရာနဲ့ ထိုးကားတန်းနဲ့က သိပ်မဝေး။ဟိုဘက်လမ်းဒီဘက်လမ်း အလယ်မှာ တံတိုင်းအနိမ့်လေးနှင့် သစ်ပင်တွေသာခြားသည်။ မိမိလိုပဲ ဒီဘက်ကားလမ်းက လူတွေက ထိုနာရေးဆီကိုပဲ အကြည့်ရောက်နေကြသည်။မိမိတို့ ကားရှေ့မှ ဖြတ်သွားရမည်ထင်သည်။ ကားအတန်းကြီးက ကွေ့လာသည်။ မဟာ့မျက်စိရှေ့တည်တည့် မှာထိုကားတန်းက ရောက်လာသည်။ အဲ့ဒိနာရေးလိုက်ပို့တဲ့ ကားကုန်မှ
မဟာတို့ထွက်ရမည်ထင်သည်။ကားတန်းအရှည်ကြီးကို မဟာမျက်တောင်မခတ်တမ်း လိုက်ကြည့်နေမိသည်။ ဒီလို ကားအကောင်းအစားတွေမြင်တာနဲ့ ကောင်လေးကိုပဲ တမ်းပြေးမြင်သည်။သူကကားတွေကို အမျိုးမျိုးပြောင်းစီးနေတာလေ။ အရင်က ငေးကြည့်ရုံပဲ တတ်နိုင်ခဲ့တဲ့ ကားတွေက ခုဆိုမဟာ့အပိုင်တွေချည်း။ ကောင်လေးရဲ့ကျေးဇူးတွေပါ။
ကားတန်းကြီးက ကုန်သလောက်ရှိပြီမို့ မဟာ ကားမှန်ပြန်တင်မည်အပြု.....
မြင်လိုက်ရသည့် မြင်ကွင်းက မဟာ့ကို ကားပေါ်မှပြေးဆင်းစေခဲ့သည်။ခြေထောက်မှာ ဖိနပ်မပါတာလည်း ဂရုမစိုက်နိုင်တော့ လမ်းမပေါ် ကားတွေရှိနေတာလည်း သတိမထားမိတော့။ မျက်စိရှေ့က မယုံနိုင်စရာမြင်ကွင်းဆီပဲ အရောက်ပြေးနေမိသည်။မဟာ အားကုန်​​ပြေးလိုက်နေပေမဲ့ ထိုကားက တဖြေးဖြေးဝေး၍ဝေး၍ သွားခဲ့လေပြီ။မဟာရောက်တဲ့နေရာမှာပဲ အားပျော့ကာလဲကျသွားသည်။​နောက်ဆုံး ကားတစီး​ပေါ်ရှိ မြင်တွေ့ရသည့် စာလုံးမည်းနက်နက်တွေကိုသာ ထပ်တလဲလဲ ရေရွတ်မိနေသည်။ထိုစာလုံးမည်းနက်နက်တွေက.......
"မောင်ဇေယန္တရာထူးခန့်
အသက်-၂၈ နှစ်
March 9 Sunday (1:11) "
>>>>>>>>>>>>>>>>>>>>>>>
ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပါစေ 💓💓
Zawgyi
ST-38
"သားလေး"
📳! ABCDEFG HIJKLMNOP.......!📳
ဟင်း.....
"မောင်လေး ph လာနေတယ်လေ"
"......."
-
-
-