[Unicode]
နင်မုန့်ကတော့ အလွန်ထိတ်လန့်သွားပြီ ဖြစ်သည်။ မေလင်းရဲ့ လူသတ်ချင်နေတဲ့ အငွေ့အသက်တို့က သူမ ခန္ဓာကိုယ် တစ်ခုလုံးကို တုန်ခါသွားစေ၏။
သူမ အလျင်အမြန်ပဲ ဟန်မေလင်းကို စာပြန်လိုက်သည်။
[အဆင်ပြေပါတယ် အန်တီမေလင်းရဲ့။ စုံစမ်းနေဖို့ မလိုအပ်ပါဘူး]
ဟန်မေလင်း : [ဘာလို့လဲ။ သူက နတ်ဘုရားလေးကို စိတ်ဓာတ်ကျအောင် လုပ်ထားခဲ့တာတောင် ငါတို့က အလွတ်ပေးရမှာတဲ့လား။ မရပါဘူး ငါကိုယ်တိုင် သူမကို အဆုံးသတ် ပစ်မယ်! အဲ့လိုမလုပ်နိုင်ခဲ့ရင် ငါဟန်မျိုးရိုး မဟုတ်တော့ဘူး!]
သူမ လည်ပင်းကို အနောက်ဘက်မှ အေးစက်စက် လေတွေက ဖြတ်တိုက်သွားသလို ခံစားလိုက်ရသည်။ ငိုချလိုက်ရုံနဲ့ ပြဿနာကို မဖြေရှင်းနိုင်ဘူး ဆိုတာ သိသော်ငြား နင်မုန့် ကြောက်လွန်း၍ ငိုချလိုက်ချင်လာသည်။
နင်မုန့် : [ခုနက ကျွန်မ နတ်ဘုရားနဲ့ အဆက်အသွယ် ရလိုက်တယ်။ သူအခု အဆောင်ကို ပြန်နေပြီဆိုတော့ အဆင်ပြေသွားမှာပါ]
ဟန်မေလင်း : [တကယ်လား]
နင်မုန့် : [တကယ်ပါ]
ဟန်မေလင်း : [ကျေးဇူး အများကြီးတင်တယ်နော် မုန့်မုန့်ရေ။ ငါ့အစားသူနဲ့ အချိန်နည်းနည်းလောက် ဖြုန်းပေးပါဦး။ သမီးတို့ နှစ်ယောက်ရဲ့ အသက်ကလည်း မတိမ်းမယိမ်းဆိုတော့ သူလည်း စကားနားထောင်လောက်မှာ။ သူ့အမေ ဆုံးသွားပြီးတဲ့ အသက်ငယ်ငယ်လေးတည်းက ငါနဲ့ အတူနေခဲ့တာဆိုတော့ ငယ်ငယ်လေးတည်းက အချစ်ငတ်ခဲ့တာ အဲ့ဒါကြောင့်လည်း onlineပေါ်မှာ တွေ့ခဲ့တဲ့ မိန်းမရဲ့ လှည့်စားတာ ခံလိုက်ရတာလေ။ နတ်ဘုရားလေးကသာ အတိတ်က ရုန်းမထွက်နိုင်သေးရင် သေချာပေါက် ငါ့လက်နဲ့ အဲ့မိန်းမကို သတ်ပစ်မယ်!]
"..."
နင်မုန့် အလျင်အမြန် စာပြန်လိုက်သည်။ [အန်တီ မေလင်း စိတ်မပူပါနဲ့။ သူသေချာပေါက် ရုန်းထွက်နိုင်မှာပါ!]
စာပို့ပြီးတဲ့အခါ နှဖူးပေါ်မှ ကျဆင်းလာတဲ့ ချွေးအေးတို့ကို လက်ဖြင့် သုတ်လိုက်သည်။
အခုတော့ voice messagesရောက်လာပြန်သည်။
အတန်ကြာတဲ့အထိ နင်မုန့်က ပြန်မဖြေလာတာကို သတိပြုမိတဲ့အခါ ကောင်လေးက နောက်ထပ် voice messageတစ်စောင် ထပ်ပို့လိုက်သည်။
"မိန်းမ~ ကျွန်တော် တောင်းပန်ပါတယ်။ လွန်ခဲ့တဲ့ ရက်တွေက အရမ်း အတွေးလွန်နေခဲ့တာ။ ဂိမ်းထဲက ဆေးအိတ်ကို မင်းကိုပဲ ပေးခဲ့သင့်တာပါ။ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါနော် အိုကေ?"
"???"
နေပါဦး "မူလ နင်မုန့်" က ဆေးအိတ်ကြောင့် သူနဲ့ လမ်းခွဲပြီးသွားခဲ့ပြီပေါ့။ အမှန်တရားကို ရှာတွေ့လိုက်တဲ့အခါ နင်မုန့် နှုတ်ခမ်းထောင့်စွန်းက အနည်းငယ် ကော့တက်သွားသည်။
"....အင်း ဒါပေါ့ ခွင့်လွှတ်ပါတယ်"
"ရေး ကျွန်တော် အရမ်းပျော်တာပဲ"
".....အခု internet cafeမှာလား"
"ဟုတ်တယ်။ WeChatမှာ မင်းက ကျွန်တော့ကို ဘလော့ထားတော့ ကျွန်တော့မှာ နောက်ထပ် ဆက်သွယ်နိုင်မယ့် နံပါတ်တွေလည်း မရှိတော့ဘူးလေ။ ဒါကြောင့်ပဲ onlineမှာ ကျွန်တော့ကို အချိန်မရွေး ရှာလို့ရအောင် တချိန်လုံးသုံးနေတာ။ ညဘက်ရောက်ပြီဆို တက္ကသိုလ်က မီးရော အင်တာနက်ရော ဖျက်ပစ်တာ။ ဒါကြောင့်ပဲ မင်းကိုစောင့်ရင်း internet cafeမှာပဲ အချိန်တွေ ကုန်ခဲ့တာ"
"..."
အော် သနားဖို့ကောင်းလိုက်တာ။
နင်မုန့် သူ့ကို အမိန့်ပေးလိုက်သည်။ "ကောင်းပြီ အခုချက်ချင်း အဆောင်ကို ပြန်လိုက်တော့"
"ဟုတ်ကဲ့ပါ မိန်းမလေး"
သူ့အသံက ပါပီလေးတစ်ကောင် ကဲ့သို့ နူးညံ့ချိုသာလှသည်။ ထို့ကြောင့်ပဲ နင်မုန့် ချက်ချင်းပဲ သူ့ခေါင်းကို ပွတ်ပေးချင်တဲ့ ခံစားချက်တို့ ဖြစ်လာလေ၏။
"....ပြီးတော့ ငါ့ကို မိန်းမလို့ မခေါ်နဲ့"
ပါပီကောင်လေးက အလောတကြီး ပြန်တုံ့ပြန်လာသည် "ဒါပေမယ့်....ဒါပေမယ့် ဘာလို့လဲ။ ကျွန်တော့ကို ဒေါသထွက်နေသေးတာလား"
"မထွက်တော့ပါဘူး။ ဘာလို့ဆို နင်က အရမ်းငယ်တယ်လေ။ ငါ့ကို အမကြီးလို့ ခေါ်သင့်တာ"
ပါပီကောင်လေးက စိတ်မပါပေမယ့်လည်း စကား နားထောင်လိုက်သည်။
"ဟုတ်ကဲ့ပါ အမ။ အမ ကျွန်တော့ကို စောင့်ပေးနော်။ ကျွန်တော့အသက် ၂၂နှစ် တရားဝင် ပြည့်တာနဲ့ အမကို လက်ထပ်ဖို့ လာခဲ့မယ်"
"..."
နတ်ဘုရားကို နှစ်သိမ့်ပေးပြီးတဲ့အခါ ခန္ဓာကိုယ် တစ်ကိုယ်လုံးမှ အင်အားတွေ ကုန်ခမ်းသွားသလို နင်မုန့် ခံစားလိုက်ရသည်။ WeChatကို ပိတ်လိုက်ပြီးနောက် ကုတင်ပေါ် လှဲလိုက်ကာ မျက်နှာကျက်ကို ငေးကြည့်နေလိုက်သည်။
ဟန်မေလင်းရဲ့ စကားတွေကနေ သူမ ခန့်မှန်းလို့ ရသလောက်ဆို ဒီကောင်လေးက ဆတ်ဆတ်ထိမခံတဲ့ ကောင်လေးဖြစ်ရမည်။ တကယ်လို့ သူမက လက်ထပ်ပြီးသွားပြီဆိုတာ ပြောပြလိုက်ရင် တစ်ခုခု လုပ်သွားနိုင်လား....
နင်မုန့် နောက်တကြိမ် ခေါင်းကိုက်လာ၏။
သူမ ဘာလုပ်သင့်လဲ။
ငါးမိနစ်ကြာတဲ့အခါ သူမ ဖုန်းက တုန်ခါလာသည်။
နင်မုန့် ဖုန်းကို ကြည့်လိုက်တော့ "နတ်ဘုရား" ဆီမှ messageကို မြင်လိုက်ရသည်။
နတ်ဘုရား : [အမ ကျွန်တော် အခုပဲ အဆောင်ပြန်ရောက်ပြီ]
နင်မုန့် : [လိမ္မာတယ်]
နတ်ဘုရား : [အမကို ကျွန်တော် ချစ်တယ်နော် (′▽'〃)]
"..."
နင်မုန့် ဖုန်းကို အောက်ချလိုက်ပြီး သူမစိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။
လခွမ်း သူမစိတ်တောင် ထိန်းမရဖြစ်တော့မယ်!!!
ရုတ်တရက် ဆိုသလို အပြင်ဘက်မှ ကျယ်လောက်တဲ့ အသံကို ကြားလိုက်ရသည်။ ဟော်ပေ့ချန်က တံခါးကို ဒေါသတကြီး ပိတ်လိုက်တဲ့ အသံဖြစ်လေ၏။
နင်မုန့် မတ်တပ်ရပ်လိုက်ပြီး တံခါးကို ခပ်ကျဉ်းကျဉ်းဖွင့်ပြီး ချောင်းကြည့်လိုက်သည်။ စာကြည့်ခန်း မီးတွေက ဖွင့်ထားလို့ နေလေပြီး ဟော်ပေ့ချန်ရဲ့ ဒေါသအငွေ့အသက်ကို တံခါးနှစ်ချပ်ကြားမှ သူမ ခံစားလို့ရနေသည်။
'အခုကရော ဘာဖြစ်ပြန်ပြီလဲ'
ဘာဖြစ်နေလဲ နင်မုန့် စဉ်းစားနေရင်ပဲ သူမရဲ့ ဖုန်းက ထပ်မံ တုန်ခါလာပြန်သည်။
စုယွဲ့ : [သူငယ်ချင်း အနေနဲ့ ပေးတဲ့ သဲလွန်စ။ ချီရှန်ကို voice messageကနေ မဒမ် ကြိမ်းမောင်းနေတဲ့ စကားတွေကို ဘော့စ် ကြားသွားခဲ့သေးလား ]
Ning Meng: [???]
စုယွဲ့ : [မနေ့ညက ချီရှန်၊ ဖေးပိုင် နဲ့ ကျွန်တော်တို့ တစ်ယောက်စီ လက်မှတ် ၂သောင်းဝယ်ခဲ့တာ။ ပြီးတော့ ဘော့စ်က လက်မှတ် ၅သိန်းတောင် ဝယ်ခဲ့တယ်]
နင်မုန့် : [!!!]
[ ၂၅ပိုင်းစီပါတဲ့ pdf စာစဉ်၁ခုကို ၅၀၀ကျပ်နဲ့ wp acc cbမှာ လာဝယ်လို့ရပြီနော်^^ ။ ပြီးသွားတဲ့ စာစဉ်တွေပါ စာစဉ်၃ [EP-65 to 89၊ စာစဉ်၄ [EP-90 to 114]၊ စာစဉ်၅ [EP-115 to 139]၊ စာစဉ်၆ [EP-140 to 164]၊ စာစဉ်၇ [EP-165 to 189]၊ စာစဉ်၈ [EP-190 to 214]၊ စာစဉ်၉[ EP-215 to 239]၊ စာစဉ်၁၀ [EP-239 to 264]၊ စာစဉ်၁၁[EP-265 to 289]၊ စာစဉ်၁၂ [EP-290 to 314]၊ စာစဉ်၁၃ [EP-315 to 339]၊ စာစဉ်၁၄ [EP-340 to 364]၊ စာစဉ်၁၅ EP-365 to 389တို့ပါ🥰]
----------------------
[Zawgyi]
နင္မုန႔္ကေတာ့ အလြန္ထိတ္လန႔္သြားၿပီ ျဖစ္သည္။ ေမလင္းရဲ႕ လူသတ္ခ်င္ေနတဲ့ အေငြ႕အသက္တို႔က သူမ ခႏၶာကိုယ္ တစ္ခုလုံးကို တုန္ခါသြားေစ၏။
သူမ အလ်င္အျမန္ပဲ ဟန္ေမလင္းကို စာျပန္လိုက္သည္။
[အဆင္ေျပပါတယ္ အန္တီေမလင္းရဲ႕။ စုံစမ္းေနဖို႔ မလိုအပ္ပါဘူး]
ဟန္ေမလင္း : [ဘာလို႔လဲ။ သူက နတ္ဘုရားေလးကို စိတ္ဓာတ္က်ေအာင္ လုပ္ထားခဲ့တာေတာင္ ငါတို႔က အလြတ္ေပးရမွာတဲ့လား။ မရပါဘူး ငါကိုယ္တိုင္ သူမကို အဆုံးသတ္ ပစ္မယ္! အဲ့လိုမလုပ္ႏိုင္ခဲ့ရင္ ငါဟန္မ်ိဳး႐ိုး မဟုတ္ေတာ့ဘူး!]
သူမ လည္ပင္းကို အေနာက္ဘက္မွ ေအးစက္စက္ ေလေတြက ျဖတ္တိုက္သြားသလို ခံစားလိုက္ရသည္။ ငိုခ်လိုက္႐ုံနဲ႔ ျပႆနာကို မေျဖရွင္းႏိုင္ဘူး ဆိုတာ သိေသာ္ျငား နင္မုန႔္ ေၾကာက္လြန္း၍ ငိုခ်လိုက္ခ်င္လာသည္။
နင္မုန႔္ : [ခုနက ကြၽန္မ နတ္ဘုရားနဲ႔ အဆက္အသြယ္ ရလိုက္တယ္။ သူအခု အေဆာင္ကို ျပန္ေနၿပီဆိုေတာ့ အဆင္ေျပသြားမွာပါ]
ဟန္ေမလင္း : [တကယ္လား]
နင္မုန႔္ : [တကယ္ပါ]
ဟန္ေမလင္း : [ေက်းဇူး အမ်ားႀကီးတင္တယ္ေနာ္ မုန႔္မုန႔္ေရ။ ငါ့အစားသူနဲ႔ အခ်ိန္နည္းနည္းေလာက္ ျဖဳန္းေပးပါဦး။ သမီးတို႔ ႏွစ္ေယာက္ရဲ႕ အသက္ကလည္း မတိမ္းမယိမ္းဆိုေတာ့ သူလည္း စကားနားေထာင္ေလာက္မွာ။ သူ႔အေမ ဆုံးသြားၿပီးတဲ့ အသက္ငယ္ငယ္ေလးတည္းက ငါနဲ႔ အတူေနခဲ့တာဆိုေတာ့ ငယ္ငယ္ေလးတည္းက အခ်စ္ငတ္ခဲ့တာ အဲ့ဒါေၾကာင့္လည္း onlineေပၚမွာ ေတြ႕ခဲ့တဲ့ မိန္းမရဲ႕ လွည့္စားတာ ခံလိုက္ရတာေလ။ နတ္ဘုရားေလးကသာ အတိတ္က ႐ုန္းမထြက္ႏိုင္ေသးရင္ ေသခ်ာေပါက္ ငါ့လက္နဲ႔ အဲ့မိန္းမကို သတ္ပစ္မယ္!]
"..."
နင္မုန႔္ အလ်င္အျမန္ စာျပန္လိုက္သည္။ [အန္တီ ေမလင္း စိတ္မပူပါနဲ႔။ သူေသခ်ာေပါက္ ႐ုန္းထြက္ႏိုင္မွာပါ!]
စာပို႔ၿပီးတဲ့အခါ ႏွဖူးေပၚမွ က်ဆင္းလာတဲ့ ေခြၽးေအးတို႔ကို လက္ျဖင့္ သုတ္လိုက္သည္။
အခုေတာ့ voice messagesေရာက္လာျပန္သည္။
အတန္ၾကာတဲ့အထိ နင္မုန႔္က ျပန္မေျဖလာတာကို သတိျပဳမိတဲ့အခါ ေကာင္ေလးက ေနာက္ထပ္ voice messageတစ္ေစာင္ ထပ္ပို႔လိုက္သည္။
"မိန္းမ~ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္။ လြန္ခဲ့တဲ့ ရက္ေတြက အရမ္း အေတြးလြန္ေနခဲ့တာ။ ဂိမ္းထဲက ေဆးအိတ္ကို မင္းကိုပဲ ေပးခဲ့သင့္တာပါ။ ကြၽန္ေတာ့္ကို ခြင့္လႊတ္ေပးပါေနာ္ အိုေက?"
"???"
ေနပါဦး "မူလ နင္မုန႔္" က ေဆးအိတ္ေၾကာင့္ သူနဲ႔ လမ္းခြဲၿပီးသြားခဲ့ၿပီေပါ့။ အမွန္တရားကို ရွာေတြ႕လိုက္တဲ့အခါ နင္မုန႔္ ႏႈတ္ခမ္းေထာင့္စြန္းက အနည္းငယ္ ေကာ့တက္သြားသည္။
"....အင္း ဒါေပါ့ ခြင့္လႊတ္ပါတယ္"
"ေရး ကြၽန္ေတာ္ အရမ္းေပ်ာ္တာပဲ"
".....အခု internet cafeမွာလား"
"ဟုတ္တယ္။ WeChatမွာ မင္းက ကြၽန္ေတာ့ကို ဘေလာ့ထားေတာ့ ကြၽန္ေတာ့မွာ ေနာက္ထပ္ ဆက္သြယ္ႏိုင္မယ့္ နံပါတ္ေတြလည္း မရွိေတာ့ဘူးေလ။ ဒါေၾကာင့္ပဲ onlineမွာ ကြၽန္ေတာ့ကို အခ်ိန္မေ႐ြး ရွာလို႔ရေအာင္ တခ်ိန္လုံးသုံးေနတာ။ ညဘက္ေရာက္ၿပီဆို တကၠသိုလ္က မီးေရာ အင္တာနက္ေရာ ဖ်က္ပစ္တာ။ ဒါေၾကာင့္ပဲ မင္းကိုေစာင့္ရင္း internet cafeမွာပဲ အခ်ိန္ေတြ ကုန္ခဲ့တာ"
"..."
ေအာ္ သနားဖို႔ေကာင္းလိုက္တာ။
နင္မုန႔္ သူ႔ကို အမိန႔္ေပးလိုက္သည္။ "ေကာင္းၿပီ အခုခ်က္ခ်င္း အေဆာင္ကို ျပန္လိုက္ေတာ့"
"ဟုတ္ကဲ့ပါ မိန္းမေလး"
သူ႔အသံက ပါပီေလးတစ္ေကာင္ ကဲ့သို႔ ႏူးညံ့ခ်ိဳသာလွသည္။ ထို႔ေၾကာင့္ပဲ နင္မုန႔္ ခ်က္ခ်င္းပဲ သူ႔ေခါင္းကို ပြတ္ေပးခ်င္တဲ့ ခံစားခ်က္တို႔ ျဖစ္လာေလ၏။
"....ၿပီးေတာ့ ငါ့ကို မိန္းမလို႔ မေခၚနဲ႔"
ပါပီေကာင္ေလးက အေလာတႀကီး ျပန္တုံ႔ျပန္လာသည္ "ဒါေပမယ့္....ဒါေပမယ့္ ဘာလို႔လဲ။ ကြၽန္ေတာ့ကို ေဒါသထြက္ေနေသးတာလား"
"မထြက္ေတာ့ပါဘူး။ ဘာလို႔ဆို နင္က အရမ္းငယ္တယ္ေလ။ ငါ့ကို အမႀကီးလို႔ ေခၚသင့္တာ"
ပါပီေကာင္ေလးက စိတ္မပါေပမယ့္လည္း စကား နားေထာင္လိုက္သည္။
"ဟုတ္ကဲ့ပါ အမ။ အမ ကြၽန္ေတာ့ကို ေစာင့္ေပးေနာ္။ ကြၽန္ေတာ့အသက္ ၂၂ႏွစ္ တရား၀င္ ျပည့္တာနဲ႔ အမကို လက္ထပ္ဖို႔ လာခဲ့မယ္"
"..."
နတ္ဘုရားကို ႏွစ္သိမ့္ေပးၿပီးတဲ့အခါ ခႏၶာကိုယ္ တစ္ကိုယ္လုံးမွ အင္အားေတြ ကုန္ခမ္းသြားသလို နင္မုန႔္ ခံစားလိုက္ရသည္။ WeChatကို ပိတ္လိုက္ၿပီးေနာက္ ကုတင္ေပၚ လွဲလိုက္ကာ မ်က္ႏွာက်က္ကို ေငးၾကည့္ေနလိုက္သည္။
ဟန္ေမလင္းရဲ႕ စကားေတြကေန သူမ ခန႔္မွန္းလို႔ ရသေလာက္ဆို ဒီေကာင္ေလးက ဆတ္ဆတ္ထ္ိမခံတဲ့ ေကာင္ေလးျဖစ္ရမည္။ တကယ္လို႔ သူမက လက္ထပ္ၿပီးသြားၿပီဆိုတာ ေျပာျပလိုက္ရင္ တစ္ခုခု လုပ္သြားႏိုင္လား....
နင္မုန႔္ ေနာက္တႀကိမ္ ေခါင္းကိုက္လာ၏။
သူမ ဘာလုပ္သင့္လဲ။
ငါးမိနစ္ၾကာတဲ့အခါ သူမ ဖုန္းက တုန္ခါလာသည္။
နင္မုန႔္ ဖုန္းကို ၾကည့္လိုက္ေတာ့ "နတ္ဘုရား" ဆီမွ messageကို ျမင္လိုက္ရသည္။
နတ္ဘုရား : [အမ ကြၽန္ေတာ္ အခုပဲ အေဆာင္ျပန္ေရာက္ၿပီ]
နင္မုန႔္ : [လိမၼာတယ္]
နတ္ဘုရား : [အမကို ကြၽန္ေတာ္ ခ်စ္တယ္ေနာ္ (′▽'〃)]
"..."
နင္မုန႔္ ဖုန္းကို ေအာက္ခ်လိုက္ၿပီး သူမစိတ္ကို တည္ၿငိမ္ေအာင္ ႀကိဳးစားလိုက္သည္။
လခြမ္း သူမစိတ္ေတာင္ ထိန္းမရျဖစ္ေတာ့မယ္!!!
႐ုတ္တရက္ ဆိုသလို အျပင္ဘက္မွ က်ယ္ေလာက္တဲ့ အသံကို ၾကားလိုက္ရသည္။ ေဟာ္ေပ့ခ်န္က တံခါးကို ေဒါသတႀကီး ပိတ္လိုက္တဲ့ အသံျဖစ္ေလ၏။
နင္မုန႔္ မတ္တပ္ရပ္လိုက္ၿပီး တံခါးကို ခပ္က်ဥ္းက်ဥ္းဖြင့္ၿပီး ေခ်ာင္းၾကည့္လိုက္သည္။ စာၾကည့္ခန္း မီးေတြက ဖြင့္ထားလို႔ ေနေလၿပီး ေဟာ္ေပ့ခ်န္ရဲ႕ ေဒါသအေငြ႕အသက္ကို တံခါးႏွစ္ခ်ပ္ၾကားမွ သူမ ခံစားလို႔ရေနသည္။
'အခုကေရာ ဘာျဖစ္ျပန္ၿပီလဲ'
ဘာျဖစ္ေနလဲ နင္မုန႔္ စဥ္းစားေနရင္ပဲ သူမရဲ႕ ဖုန္းက ထပ္မံ တုန္ခါလာျပန္သည္။
စုယြဲ႕ : [သူငယ္ခ်င္း အေနနဲ႔ ေပးတဲ့ သဲလြန္စ။ ခ်ီရွန္ကို voice messageကေန မဒမ္ ႀကိမ္းေမာင္းေနတဲ့ စကားေတြကို ေဘာ့စ္ ၾကားသြားခဲ့ေသးလား ]
Ning Meng: [???]
စုယြဲ႕ : [မေန႔ညက ခ်ီရွန္၊ ေဖးပိုင္ နဲ႔ ကြၽန္ေတာ္တို႔ တစ္ေယာက္စီ လက္မွတ္ ၂ေသာင္း၀ယ္ခဲ့တာ။ ၿပီးေတာ့ ေဘာ့စ္က လက္မွတ္ ၅သိန္းေတာင္ ၀ယ္ခဲ့တယ္]
နင္မုန႔္ : [!!!]
[ ၂၅ပိုင္းစီပါတဲ့ pdf စာစဥ္၁ခုကို ၅၀၀က်ပ္နဲ႔ wp acc cbမွာ လာ၀ယ္လို႔ရၿပီေနာ္^^ ။ ၿပီးသြားတဲ့ စာစဥ္ေတြပါ စာစဥ္၃ [EP-65 to 89၊ စာစဥ္၄ [EP-90 to 114]၊ စာစဥ္၅ [EP-115 to 139]၊ စာစဥ္၆ [EP-140 to 164]၊ စာစဥ္၇ [EP-165 to 189]၊ စာစဥ္၈ [EP-190 to 214]၊ စာစဥ္၉[ EP-215 to 239]၊ စာစဥ္၁၀ [EP-239 to 264]၊ စာစဥ္၁၁[EP-265 to 289]၊ စာစဥ္၁၂ [EP-290 to 314]၊ စာစဥ္၁၃ [EP-315 to 339]၊ စာစဥ္၁၄ [EP-340 to 364]၊ စာစဥ္၁၅ EP-365 to 389တို႔ပါ🥰]