ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့...

By Dandelion_nini

5.3M 713K 55.2K

Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking fin... More

Synopsis
အသိပေးစာ
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35.1
Chapter 35.2
Chapter 35.3
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140
Chapter 141
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155
Chapter 156
Chapter 157
Chapter 158
Chapter 159
Chapter 160
Chapter 161
Chapter 162
Chapter 163
Chapter 164
Chapter 165
Chapter 166
Chapter 167
Chapter 168
Chapter 169
Chapter 170
Chapter 171
Chapter 172
Chapter 173
Chapter 174
Chapter 175
Chapter 176
Chapter 177
Chapter 178
Chapter 179
Chapter 180
Chapter 181
Chapter 182
Chapter 183
Chapter 184
Chapter 185
Chapter 186
Chapter 187
Chapter 188
Chapter 189
Chapter 190
Chapter 191 [ Final ]
ကျေးဇူးတင်လွှာနဲ့ Extraအကြောင်း
Updates and fanarts
About Car

Chapter 28

29.4K 3.9K 99
By Dandelion_nini

Unicode

ခင်ဗျားက ပိုက်ဆံရှာ ကျွန်တော်ကအလှလေးလုပ်မယ်
__________________________________

လူရွေးပွဲတွင် အခြားဇာတ်ကောင်နေရာမှာ  သရုပ်ဆောင်မည့် သူများမရှိတာကြောင့် လက်ထောက်ဒါရိုက်တာကသာ လာ​ဖြေသူတွေအတွက် တွဲဖက်အဖြစ် ဒိုင်ယာလော့ဂ်များ ပြောပေးရသည်။ သူက ယန်းချင်းချီရှေ့ရပ်နေကာ သူ့အဖေနဲ့ နောက်ဆုံးတွေ့တာ ဘယ်အချိန်လဲဟု မေးလာသည်။ သူ့အဖေ မသေခင် ထူးဆန်းနေပုံတွေရှိလားနှင့် သူ့အဖေရဲ့ နေ့စဥ်ဘဝတွင် အခြားသူများနဲ့ ရန်ငြိုးရန်စများရှိလားဟု မေးလာခဲ့သည်။ ယန်းချင်းချီကလည်း မေးသမျှကို မညည်းမညူ ပြန်ဖြေပေးလာသည်။ ထပ်ပြီး သူ့အမူအရာအား တချက်ကြည့်လိုက်ရုံနဲ့ကို သူဘယ်လောက် ပူဆွေးသောကရောက်နေမှန်း တပ်အပ်ပြောနိုင်သည်။ ရဲက သူ့ကိုနှစ်သိမ့်လိုက်ကာ အခြားလူတွေကို စုံစမ်းစစ်ဆေးဖို့ သွားမဲ့အချိန်မှာပဲ ယန်းချင်းချီကမေးလိုက်သည်။

''ကျွန်တော် ခင်ဗျားနဲ့လိုက်လို့ရမလား ''
ထိုအမေးက ဇာတ်ညွှန်းထဲတွင်မပါပေ။ လက်ထောက်ဒါရိုက်တာလည်း ခဏလောက်ကြောင်အသွားကာ အလျင်အမြန်ပြန်ဖြေလာသည်။

''အခုအချိန်မှာတော့ ခင်ဗျားပြန်သွားလိုက်တာက အကောင်းဆုံးပါပဲ ကျွန်တော်တို့ တခြား သဲလွန်စတွေရခဲ့ရင် ခင်ဗျားဆီလာခဲ့ပါ့မယ် ''

''အဲ့ဒါဆိုလည်း ကောင်းပါပြီ ကြိုးစားလိုက်ပါဦး ''

ယန်းချင်းချီထိုသို့ပြောကာ ထွက်သွားလိုက်သည်။

ယန်းချင်းချီရှေ့ကိုဆက်လျှောက်သွားလိုက်ကာ အခုစကားဝိုင်းက သူ့ကိုဝမ်းနည်းစရာတွေ သတိရသွားစေသလိုမျိုး သက်ပြင်းဖွဖွချလိုက်သည်။ အိမ်ရှေ့ရောက်တော့ ထိုဝမ်းနည်းသည့်အမူအရာများ ပျောက်ဆုံးသွားကာ အိမ်ထဲသို့ မျက်နှာထားတည်တည်ဖြင့် ဝင်သွားတော့သည်။

သူအခန်းရဲ့ ဘယ်ဘက်ထောင့်ကိုလျှောက်သွားလိုက်ကာ လက်ကိုမြှောက်ပြီး လေဟာနယ်ထဲတွင် တံခါးကိုဆွဲဖွင့်လိုက်သည့် အမူအရာလုပ်လိုက်သည်။ သူ့အိမ်ထဲသူ ဝင်သွားသလိုမျိုး သရုပ်ဆောင်လိုက်ကာ တံခါးကိုပြန်ပိတ်လိုက်ပြီး လက်ကို တစ်နေရာသို့ ဆန့်တန်းလိုက်သည်။ သူ့လက်က ဘာမှရှိမနေသည့် အဝိုင်းသဏ္ဍာန်တစ်စုံတစ်ခုကို ကောက်ကိုင်လိုက်ပြီး အဖုံးကိုဖွင့်ကာ မော့သောက်ဟန်ပြုလိုက်သည်။ ထို့နောက်သူက ထိုအဖုံးကိုသေချာပြန်ပိတ်လိုက်ပြီး ခေါင်းကိုငုံ့ကာ ငြိမ်သက်စွာ ရပ်နေသည်။

ခဏအကြာ အခြားတစ်ဖက်သို့ ဆက်လျှောက်သွားလိုက်ပြီး လေဟာနယ်ကို တွန်းလိုက်သည်။ သူပြတင်းပေါက်ကနေ ငုံ့ကြည့်နေလိုက်ကာ တိတ်ဆိတ်ငြိမ်သက်နေပြီး မကွဲပြားသည့် ပူဆွေးသောကအချို့ကပ်ပါနေသည်။ ထိုပူဆွေးနေမှုမှာမသိသာလှပေ။ မျက်တောင်တဖျက်အခတ်မှာတင် ပျောက်ကွယ်သွားကာ အရာအားလုံးက သူနဲ့မသက်ဆိုင်သလို ရုပ်တည်ကြီးသာ ပြန်ဖြစ်သွားလေသည်။

သူပြတင်းပေါက်အပြင်ဖက်ကို တိတ်တိတ်ဆိတ်ဆိတ်လေး အကြာကြီးရပ်ကြည့်နေခဲ့သည်။ ထို့နောက် ပြတင်းပေါက်တံခါးကိုပိတ်လိုက်ကာ ခေါင်းလေးငုံ့ဆင်းသွားပြီး ညင်ညင်သာသာဖြင့် မသိမသာလေး နှုတ်ခမ်းပါးများ ကော့တက်သွားတော့သည်။

ယန်းချင်းချီ သရုပ်ဆောင်လို့အပြီးမှာ တစ်ခန်းလုံး တအောင့်လောက်ကြာတဲ့အထိ တိတ်ဆိတ်နေခဲ့သည်။ လျို့မုန်က အရင်ဆုံးစကားစပြောသူဖြစ်ကာ သူ့အားမေးလာသည်။

''မင်း ဘာလို့ အဲ့မေးခွန်းကိုထပ်ထည့်လိုက်တာလဲ ငါ မင်းကိုပေးတဲ့ စာသားထဲမှာ အဲ့စာ​ကြောင်းမပါဘူး ''

''ကျွန်တော်သိပါတယ် ''

ယန်းချင်းချီ တည်တည်ငြိမ်ငြိမ်ပြန်ဖြေလိုက်သည်။

''ဇာတ်လမ်းဖွဲ့စည်းပုံအရ မုန့်လော့က နောက်ဆုံးလူသတ်သမားဆိုတာကို ကျွန်တော်သိတယ် ဒါပေမဲ့ အဓိကဇာတ်လိုက်မထုတ်ဖော်သရွေ့ သူက လူသတ်သမားဆိုတာ ဘယ်သူမှမသိခဲ့ကြဘူး။ အဲ့ဒါက ဇာတ်လမ်းအတွက်အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခုပဲ ဒါကြောင့် အဲ့နေရာမရောက်ခင်အထိ မုန့်လော့ရဲ့အမူအရာက သံသယဝင်စရာအချက်တွေကိုရှောင်ရှားဖို့ သဘာဝကျနေသင့်တယ်

သားတစ်ယောက်အနေနဲ့ကြည့်မယ်ဆိုရင် လောလောလတ်လတ် အဖေအသတ်ခံထားရတယ် အဲ့တော့ ရဲတွေက တခြားလူတွေကို မေးမြန်းမယ်ဆိုတာတွေ့တော့ ဘယ်သူ့ကိုစုံစမ်းစစ်ဆေးမှာလဲဆိုတာ သူ့အနေနဲ့ သိချင်မှာပဲ သူလည်း အဲ့နေရာကိုလိုက်ချင်မှာပဲ ဒီအမှုနဲ့ ပတ်သက်တဲ့သတင်းတွေ သိချင်မှာပဲ တကယ်လို့ မုန့်လော့သာ ရဲကို 'ခင်ဗျားသွားနိုင်ပြီ'လို့ အေးစက်စက်ပြောလိုက်ရင် အဲ့ဒါက လူ့သဘာဝအတိုင်း သရုပ်ဆောင်တာမဟုတ်တော့ဘူး သံသယဝင်စရာကောင်းသွားပြီ ''

လျို့မုန်က သူ့စကားများကိုနားထောင်ပြီးနောက် မမျှော်လင့်စွာ ပြုံးပြလာသည်။

''မင်းပြောတာ တော်တော်လေး အဓိပ္ပါယ်ရှိတယ် ''

ဒါရိုက်တာဝမ်က သူ့ရဲ့ကိုယ်ရေးအကျဥ်းကို တစ်ချက်ကြည့်လိုက်ကာ

''မင်းက ဒီလိုင်းမှာ ဘွဲ့ရထားတာပဲ ''

''ဟုတ်ပါတယ် ''

မူလပိုင်ရှင်က စင်စစ်ကို အနုပညာမေဂျာနှင့် ဘွဲ့ရခဲ့သည် သို့သော်ငြား သရုပ်ဆောင်မကောင်းခဲ့ပေ။

''ဒါကြောင့် မင်းသရုပ်ဆောင်ပုံက အခြေခိုင်နေတာကို  ''

ယန်းချင်းချီ ထိုမှတ်ချက်ကိုကြားလိုက်တော့ အတော်လေးကို အံ့သြသွားရသည်။ သူ့ဆီမှာ အနုပညာရှင်နောက်ခံမရှိသည့်အပြင် အနုပညာကျောင်းလည်းမတက်ဖူးသလို သူကိုယ်တိုင်ကလည်း အနုပညာရှင်မဟုတ်ခဲ့။ သူ့ရဲ့ နားလည် သဘောပေါက်နိုင်စွမ်း မြင့်မားလို့သာ ကိုယ့်ကိုကိုယ် လွှတ်ပေးရဲတာပင်။  အခုလို 'အခြေခိုင်သည်'ဆိုသည့် မှတ်ချက်ကြားလိုက်ရတော့ သူ့ကို တော်တော်လေး ပျော်သွားစေသည်။

''ဒါရိုက်တာရဲ့ ချီးကျူးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ် ကျွန်တော် အလုပ်ကို ပိုကြိုးစားပါ့မယ် ''

''အင်း မင်းထွက်သွားလို့ရပြီ ''

''ဟုတ်ကဲ့ ''

ယန်းချင်းချီ ထိုသုံးယောက်ကို ဦးညွတ်လိုက်ကာ တိတ်တိတ်လေး ထွက်သွားခဲ့သည်။

ဒါရိုက်တာဝမ်ကလည်း သူတို့ကိုအကြာကြီးမစောင့်စေခဲ့ပါ။ လူရွေးပွဲဖြေပြီး ညမှာတင် သူ့ကို ကွမ်မေဖုန်းဆက်လာခဲ့သည်။

''နင်အောင်တယ် '' ကွမ်မေကသူ့ကို လိုရင်းရောက်အောင် တိုတိုတုတ်တုတ်ပြောလာသည်။

''ဇာတ်ညွှန်းကို emailကနေ ပို့ထားတယ် စရိုက်မဲ့အချိန်လည်း အဲ့ထဲမှာပါတယ် တချက်ကြည့်လိုက်ဦး ပြီးတော့ ဇာတ်ညွှန်းကို အခေါက်အခါဖတ်ပြီး ပြောရမဲ့စာသားတွေလည်း သေချာမှတ် ဒါရိုက်တာဝမ်က ဒီလောကထဲ နာမည်ရှိတဲ့ဒါရိုက်တာတစ်ယောက် နင် ကောင်းကောင်းသရုပ်ဆောင်နိုင်ရင် နင့်အနာဂတ်လမ်းအတွက် ကောင်းကောင်း အကူအညီပေးလိမ့်မယ် ''

''ကျွန်တော်နားလည်ပါတယ် ကျေးဇူးပဲ ကျဲ ''

''မလိုပါဘူး ဒါကနင်ကိုယ်တိုင် ကြိုးစားအားထုတ်ပြီး ရထားတာ နင့်ကိုယ်နင်နဲ့ ကျန်းသခင်လေးကိုသာ ကျေးဇူးတင် ''

''ဘယ်လိုပဲဖြစ်ဖြစ် ဒီလမ်းကို အဖော်လိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ''

ကွမ်မေ စိတ်ထဲ တော်တော်လေးရှုပ်ထွေးသွားသည်။ အခုပုံစံက သူမစုဆောင်းထားတဲ့ အချက်အလက်တွေနဲ့ တော်တော်လေးကိုကွဲပြားသည်။ သူကဘယ်လိုလုပ် ဒီလောက်တောင် ကြင်နာတတ်ပြီး သူများအတွက် စဥ်းစားပေးတတ်ရတာလဲ။

သူမဖုန်းမချခင်အထိ သူ့ကို အခြားအကြောင်းအရာများ ဆက်ပြောနေကာ ဂရုစိုက်ဖို့လိုသည့် အချက်များကိုလည်း သူ့ကိုသေချာလိုက်မှတ်ဖို့ မှာနေခဲ့သည်။

ယန်းချင်းချီ ဖုန်းချလိုက်တာနဲ့ ဝေ့လန်က Wechatကနေ စာပို့လာခဲ့သည်။

[ ဒါရိုက်တာဝမ်က မင်းကိုရွေးလိုက်တယ်လို့ တွေးမိရုံနဲ့တင်ကို!!!!! အမှန်အတိုင်းပြောစမ်း ကျန်းမော့ချန် သူ့ကို တစ်ခုခုကြိုပြောထားသေးလား ]

ယန်းချင်းချီမှာလည်း သူတကယ်ကြီး ဝေ့လန်ကို အောင်အောင်မြင်မြင် အနိုင်ရသွားလိမ့်မည်ဟု မမျှော်လင့်ထားတာကြောင့် အံ့သြနေခဲ့ရသည်။
သို့သော် သူတည်ငြိမ်စွာ စာပြန်ရိုက်လိုက်သည်။

[ မင်းအတွေးလွန်နေတာ ]

ဝေ့လန်က အခုထိ မယုံကြည်နိုင်သလို ခံစားနေရတာကြောင့်

[ ငါမင်းကို ရှုံးသွားတယ်လို့ တွေးလိုက်မိရုံနဲ့ကို!!
Oh My God ကမ္ဘာကြီးက ဘာဖြစ်နေတာလဲ မကြာခင် ကမ္ဘာပျက်ကပ်ကြီး ဆိုက်တော့မှာလား ]

ယန်းချင်းချီ ထိုစကားလုံးများကိုကြည့်ပြီး ဝေ့လန်ဘယ်လောက်တောင် စိတ်ဓာတ်ပျက်ပြားသွားသည်ကို အာရုံခံမိလိုက်တာကြောင့် ပြန်ဖြေလိုက်သည်။

[ မင်း ငါတို့လောင်းထားတာကို မှတ်မိသေးလား ငါနိုင်ရင် ငါ့အပေါ်အရင်ကအမြင်မကြည်မှုတွေကို ချေဖျက်ပေးပြီး ငါ့ရဲ့ပါရမီနဲ့ စရိုက်ကလည်း ပေါင်းဖို့သင်တော်တဲ့လူလို့ အသိအမှတ်ပြုပေးပါ့မယ် ဆိုတာလေ  ]

[....]

[ မင်းလိုပွင့်လင်းတဲ့လူမျိုးက ကိုယ့်စကားကိုယ်တည်မှာပါ ဟုတ်တယ်မလား (အပြုံးအီမိုဂျီ) ]

[....]

[ ငါမင်းကို ယုံကြည်ပါတယ် ]

[ (ဒီလူက သေသွားတာကြာပြီ မင်းသူနဲ့ကိစ္စရှိရင် သူ့အတွက် စက္ကူအချို့ မီးရှို့ပေးပါ) JPG ]

ယန်းချင်းချီ ဖုန်းမျက်နှာပြင်ပေါ်က ကြမ်းပြင်ပေါ်လှဲကာ သေချင်ယောင်ဆောင်နေသည့် အကောင်လေးကိုကြည့်ပြီး အော်ရယ်ချလိုက်မိသည်။ အမှန်တော့ ဝေ့လန်က ရူးကြောင်ကြောင်အကြံတွေ မထွက်ချိန်ဆို တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းသည့်လူဖြစ်သည်။

သူ ဝေ့လန်အား အာရုံစားမနေတော့ပဲ ကျန်းမော့ချန်ကိုသာ Wechatကနေ စာပို့လိုက်သည်။

[ လူရွေးပွဲအောင်တယ် (ပျော်ရွှင်အီမိုဂျီ) ]

ကျန်းမော့ချန်က ထိုအချိန်တွင် အလုပ်များနေခဲ့သည်။ သူစာပြန်တဲ့အခါ သာမန်ထက်ပိုအချိန်ကြာနေခဲ့ကာ

[ ကိုယ့်ကို ဒါရိုက်တာဝမ်ပြောတယ် မင်း ကိုယ့်ဇာတ်ညွှန်းကိုသာ သေချာဖတ်နေ နောက်လစရိုက်ရတော့မှာ ]

[ OK ]

[ တကယ်လို့ မင်းနားမလည်တာရှိရင် ကိုယ့်ကို ကြိုက်တဲ့အချိန် လာမေးလို့ရတယ် ]

ကျန်းမော့ချန်က အတော်လေးကို သဘောကောင်းနေခဲ့သည်။ ယန်းချင်းချီ အကြောင်းအရာတစ်ခုကို စဥ်းစားနေလိုက်ကာ မေးလာသည်။

[ တကယ်တော့ ကျွန်တော် အခုနားမလည်တာ တစ်ခုရှိတယ် ကျွန်တော် လူရွေးပွဲအောင်သွားတာကို တော်တော်လေးအံ့သြမိတယ် ဘာလို့ ကျွန်တော်ဖြစ်နေရတာလဲ ကျွန်တော်က ဝေ့လန်သရုပ်ဆောင်တာထက် ပိုအခြေအနေကောင်းလို့လား ခင်ဗျားကို ဒါရိုက်တာဝမ် အဲ့အကြောင်းနဲ့ပတ်သက်ပြီး ဘာပြောသေးလဲ ]

[ ဒီကိစ္စက ဒီမှာ ပြောရတာ ရှုပ်တယ် ကိုယ်တို့တွေ့မှ ပြောကြမယ် ]

[ ခင်ဗျားအလုပ်များနေတုန်းလား ]

[ အင်း ကိုယ် အခုကြော်ငြာတစ်ခုရိုက်နေတာ ကိုယ်ချီချီရဲ့ကျောင်းစတက်တဲ့ ရက်အမှီပြန်လာနိုင်မှာမဟုတ်ဘူး မင်းတစ်ယောက်တည်းပဲ ချီချီကို လိုက်ပို့ရတော့မယ် ]

[ ရပါတယ် ]

ယန်းချင်းချီ စာရိုက်နေရင်း ရုတ်တရက်ကြီး အင်တာနက်ပေါ်တွင် နာမည်ကြီးနေသည့် စာတစ်ကြောင်းကိုသတိရလိုက်သည်။

[ ခင်ဗျားက မိသားစုကိုထောက်ပံ့ဖို့အတွက် ပိုက်ဆံရှာဖို့တာဝန်ယူ ကျွန်တော်က အိမ်မှာ အလှလေးလုပ်ဖို့ တာဝန်ယူမယ်~ ]

[.......]

[ ဘာလဲ ကျွန်တော် မှားပြောမိလို့လား ခင်ဗျားကရော ပိုက်ဆံမရှာနိုင်လို့လား ဒါမှမဟုတ် ကျွန်တော်ကရော အလှလေးမဟုတ်လို့လား ]

ယန်းချင်းချီစနေသည်။

[ နည်းနည်းလောက်အရှက်ရှိစမ်းပါ မစ်စ်ကျန်း မင်းကိုယ်တိုင်လည်း ပိုက်ဆံရှာနိုင်ပြီး မိသားစုကိုထောက်ပံ့နိုင်ဖို့ရက်က သိပ်မဝေးတော့ပါဘူး ]

[ အဲ့အချိန်ကျ ကျွန်တော်က မိသားစုကို ထောက်ပံ့ဖို့ ပိုက်ဆံရှာမယ်လေ ခင်ဗျားကအိမ်မှာ အလှလေးလုပ် ကြည့် ကျွန်တော်ကတော့ ခင်ဗျားကြည့်ကောင်းတယ်ဆိုတာ ဝန်ခံတယ်နော် ]

[ အဲ့ဒါက အမှန်တရားပဲလေ ]

[ ဒါပေမဲ့ ကျွန်တော်ကြည့်ကောင်းတယ်ဆိုတဲ့ အချက်ကိုတော့ ခင်ဗျား မဝန်ခံချင်ဘူးလေ ] 

[ ဘာလို့လဲဆိုတော့ မင်းကအရမ်း အရေပါးလွန်းတာကို ]

ယန်းချင်းချီ အော်ရယ်မိလိုက်သည်။

[ နည်းနည်းလောက် အရှက်ရှိစမ်းပါ မစ်စတာကျန်း ခင်ဗျား အပေါ်မှာပို့ထားတဲ့ 'အမှန်တရား' ဆိုတဲ့ စကားလုံးလေးလုံးကြီးကို ပြူးနေအောင်ကြည့်လိုက်ဦး ခင်ဗျားအရေခွံကလည်း ထင်သလောက်မထူဘူးမလား ] 

ကျန်းမော့ချန် ဆက်ပြီးစာပြန်လိုက်ချင်ပေမဲ့ မိတ်ကပ်ဆရာက သူ့မိတ်ကပ်ပြင်လို့ပြီးပြီဖြစ်သည်။

''ကျန်းလောင်ရှီး ကျွန်မပြင်တာ ပြီးပြီ ''

ကျန်းမော့ချန် နားလည်သလို အသံပြုလိုက်ကာ ယန်းချင်းချီကိုစာပို့လိုက်သည်။

[ ကိုယ်ကြော်ငြာရိုက်ရတော့မယ် မင်းနဲ့နောက်မှပြောမယ် ]

[ ဟုတ်ပြီ ခင်ဗျားအလုပ်စောစောပြီးပါစေ ]

ယန်းချင်းချီ စာပြန်ပို့လိုက်သည်။ သူဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်ကာ အူမြူးနေသော စိတ်အခြေအနေဖြင့် ချီချီ့အား အိပ်ယာဝင်ပုံပြင်ပြောပြရန် ထွက်သွားတော့သည်။

__________________________________

ဘာလို့လဲမသိပေမဲ့ သူတို့အချင်းချင်းအဲ့လိုလေး မစ်စတာကျန်းတို့ မစ်စ်ကျန်းတို့ခေါ်ပြီး စနောက်ရင် ကိုယ်ကသိပ်ကြိုက်တာ (~‾▿‾)~

Zawgyi

ခင္ဗ်ားက ပိုက္ဆံ႐ွာ ကြၽန္ေတာ္ကအလွေလးလုပ္မယ္
__________________________________

လူေ႐ြးပြဲတြင္ အျခားဇာတ္ေကာင္ေနရာမွာ  သ႐ုပ္ေဆာင္မည့္ သူမ်ားမ႐ွိတာေၾကာင့္ လက္ေထာက္ဒါ႐ိုက္တာကသာ လာ​ေျဖသူေတြအတြက္ တြဲဖက္အျဖစ္ ဒိုင္ယာေလာ့ဂ္မ်ား ေျပာေပးရသည္။ သူက ယန္းခ်င္းခ်ီေ႐ွ႕ရပ္ေနကာ သူ႕အေဖနဲ႔ ေနာက္ဆုံးေတြ႕တာ ဘယ္အခ်ိန္လဲဟု ေမးလာသည္။ သူ႕အေဖ မေသခင္ ထူးဆန္းေနပုံေတြ႐ွိလားႏွင့္ သူ႕အေဖရဲ႕ ေန႔စဥ္ဘဝတြင္ အျခားသူမ်ားနဲ႔ ရန္ၿငိဳးရန္စမ်ား႐ွိလားဟု ေမးလာခဲ့သည္။ ယန္းခ်င္းခ်ီကလည္း ေမးသမွ်ကို မညည္းမညဴ ျပန္ေျဖေပးလာသည္။ ထပ္ၿပီး သူ႕အမူအရာအား တခ်က္ၾကည့္လိုက္႐ုံနဲ႔ကို သူဘယ္ေလာက္ ပူေဆြးေသာကေရာက္ေနမွန္း တပ္အပ္ေျပာႏိုင္သည္။ ရဲက သူ႕ကိုႏွစ္သိမ့္လိုက္ကာ အျခားလူေတြကို စုံစမ္းစစ္ေဆးဖို႔ သြားမဲ့အခ်ိန္မွာပဲ ယန္းခ်င္းခ်ီကေမးလိုက္သည္။

''ကြၽန္ေတာ္ ခင္ဗ်ားနဲ႔လိုက္လို႔ရမလား ''
ထိုအေမးက ဇာတ္ၫႊန္းထဲတြင္မပါေပ။ လက္ေထာက္ဒါ႐ိုက္တာလည္း ခဏေလာက္ေၾကာင္အသြားကာ အလ်င္အျမန္ျပန္ေျဖလာသည္။

''အခုအခ်ိန္မွာေတာ့ ခင္ဗ်ားျပန္သြားလိုက္တာက အေကာင္းဆုံးပါပဲ ကြၽန္ေတာ္တို႔ တျခား သဲလြန္စေတြရခဲ့ရင္ ခင္ဗ်ားဆီလာခဲ့ပါ့မယ္ ''

''အဲ့ဒါဆိုလည္း ေကာင္းပါၿပီ ႀကိဳးစားလိုက္ပါဦး ''

ယန္းခ်င္းခ်ီထိုသို႔ေျပာကာ ထြက္သြားလိုက္သည္။

ယန္းခ်င္းခ်ီေ႐ွ႕ကိုဆက္ေလွ်ာက္သြားလိုက္ကာ အခုစကားဝိုင္းက သူ႕ကိုဝမ္းနည္းစရာေတြ သတိရသြားေစသလိုမ်ိဳး သက္ျပင္းဖြဖြခ်လိုက္သည္။ အိမ္ေ႐ွ႕ေရာက္ေတာ့ ထိုဝမ္းနည္းသည့္အမူအရာမ်ား ေပ်ာက္ဆုံးသြားကာ အိမ္ထဲသို႔ မ်က္ႏွာထားတည္တည္ျဖင့္ ဝင္သြားေတာ့သည္။

သူအခန္းရဲ႕ ဘယ္ဘက္ေထာင့္ကိုေလွ်ာက္သြားလိုက္ကာ လက္ကိုေျမႇာက္ၿပီး ေလဟာနယ္ထဲတြင္ တံခါးကိုဆြဲဖြင့္လိုက္သည့္ အမူအရာလုပ္လိုက္သည္။ သူ႕အိမ္ထဲသူ ဝင္သြားသလိုမ်ိဳး သ႐ုပ္ေဆာင္လိုက္ကာ တံခါးကိုျပန္ပိတ္လိုက္ၿပီး လက္ကို တစ္ေနရာသို႔ ဆန္႔တန္းလိုက္သည္။ သူ႕လက္က ဘာမွ႐ွိမေနသည့္ အဝိုင္းသ႑ာန္တစ္စုံတစ္ခုကို ေကာက္ကိုင္လိုက္ၿပီး အဖုံးကိုဖြင့္ကာ ေမာ့ေသာက္ဟန္ျပဳလိုက္သည္။ ထို႔ေနာက္သူက ထိုအဖုံးကိုေသခ်ာျပန္ပိတ္လိုက္ၿပီး ေခါင္းကိုငုံ႔ကာ ၿငိမ္သက္စြာ ရပ္ေနသည္။

ခဏအၾကာ အျခားတစ္ဖက္သို႔ ဆက္ေလွ်ာက္သြားလိုက္ၿပီး ေလဟာနယ္ကို တြန္းလိုက္သည္။ သူျပတင္းေပါက္ကေန ငုံ႔ၾကည့္ေနလိုက္ကာ တိတ္ဆိတ္ၿငိမ္သက္ေနၿပီး မကြဲျပားသည့္ ပူေဆြးေသာကအခ်ိဳ႕ကပ္ပါေနသည္။ ထိုပူေဆြးေနမႈမွာမသိသာလွေပ။ မ်က္ေတာင္တဖ်က္အခတ္မွာတင္ ေပ်ာက္ကြယ္သြားကာ အရာအားလုံးက သူနဲ႔မသက္ဆိုင္သလို ႐ုပ္တည္ႀကီးသာ ျပန္ျဖစ္သြားေလသည္။

သူျပတင္းေပါက္အျပင္ဖက္ကို တိတ္တိတ္ဆိတ္ဆိတ္ေလး အၾကာႀကီးရပ္ၾကည့္ေနခဲ့သည္။ ထို႔ေနာက္ ျပတင္းေပါက္တံခါးကိုပိတ္လိုက္ကာ ေခါင္းေလးငုံ႔ဆင္းသြားၿပီး ညင္ညင္သာသာျဖင့္ မသိမသာေလး ႏႈတ္ခမ္းပါးမ်ား ေကာ့တက္သြားေတာ့သည္။

ယန္းခ်င္းခ်ီ သ႐ုပ္ေဆာင္လို႔အၿပီးမွာ တစ္ခန္းလုံး တေအာင့္ေလာက္ၾကာတဲ့အထိ တိတ္ဆိတ္ေနခဲ့သည္။ လ်ိဳ႕မုန္က အရင္ဆုံးစကားစေျပာသူျဖစ္ကာ သူ႕အားေမးလာသည္။

''မင္း ဘာလို႔ အဲ့ေမးခြန္းကိုထပ္ထည့္လိုက္တာလဲ ငါ မင္းကိုေပးတဲ့ စာသားထဲမွာ အဲ့စာ​ေၾကာင္းမပါဘူး ''

''ကြၽန္ေတာ္သိပါတယ္ ''

ယန္းခ်င္းခ်ီ တည္တည္ၿငိမ္ၿငိမ္ျပန္ေျဖလိုက္သည္။

''ဇာတ္လမ္းဖြဲ႕စည္းပုံအရ မုန္႔ေလာ့က ေနာက္ဆုံးလူသတ္သမားဆိုတာကို ကြၽန္ေတာ္သိတယ္ ဒါေပမဲ့ အဓိကဇာတ္လိုက္မထုတ္ေဖာ္သေ႐ြ႕ သူက လူသတ္သမားဆိုတာ ဘယ္သူမွမသိခဲ့ၾကဘူး။ အဲ့ဒါက ဇာတ္လမ္းအတြက္အေရးႀကီးတဲ့ အလွည့္အေျပာင္းတစ္ခုပဲ ဒါေၾကာင့္ အဲ့ေနရာမေရာက္ခင္အထိ မုန္႔ေလာ့ရဲ႕အမူအရာက သံသယဝင္စရာအခ်က္ေတြကိုေ႐ွာင္႐ွားဖို႔ သဘာဝက်ေနသင့္တယ္

သားတစ္ေယာက္အေနနဲ႔ၾကည့္မယ္ဆိုရင္ ေလာေလာလတ္လတ္ အေဖအသတ္ခံထားရတယ္ အဲ့ေတာ့ ရဲေတြက တျခားလူေတြကို ေမးျမန္းမယ္ဆိုတာေတြ႕ေတာ့ ဘယ္သူ႕ကိုစုံစမ္းစစ္ေဆးမွာလဲဆိုတာ သူ႕အေနနဲ႔ သိခ်င္မွာပဲ သူလည္း အဲ့ေနရာကိုလိုက္ခ်င္မွာပဲ ဒီအမႈနဲ႔ ပတ္သက္တဲ့သတင္းေတြ သိခ်င္မွာပဲ တကယ္လို႔ မုန္႔ေလာ့သာ ရဲကို 'ခင္ဗ်ားသြားႏိုင္ၿပီ'လို႔ ေအးစက္စက္ေျပာလိုက္ရင္ အဲ့ဒါက လူ႕သဘာဝအတိုင္း သ႐ုပ္ေဆာင္တာမဟုတ္ေတာ့ဘူး သံသယဝင္စရာေကာင္းသြားၿပီ ''

လ်ိဳ႕မုန္က သူ႕စကားမ်ားကိုနားေထာင္ၿပီးေနာက္ မေမွ်ာ္လင့္စြာ ျပဳံးျပလာသည္။

''မင္းေျပာတာ ေတာ္ေတာ္ေလး အဓိပၸါယ္႐ွိတယ္ ''

ဒါ႐ိုက္တာဝမ္က သူ႕ရဲ႕ကိုယ္ေရးအက်ဥ္းကို တစ္ခ်က္ၾကည့္လိုက္ကာ

''မင္းက ဒီလိုင္းမွာ ဘြဲ႕ရထားတာပဲ ''

''ဟုတ္ပါတယ္ ''

မူလပိုင္႐ွင္က စင္စစ္ကို အႏုပညာေမဂ်ာႏွင့္ ဘြဲ႕ရခဲ့သည္ သို႔ေသာ္ျငား သ႐ုပ္ေဆာင္မေကာင္းခဲ့ေပ။

''ဒါေၾကာင့္ မင္းသ႐ုပ္ေဆာင္ပုံက အေျခခိုင္ေနတာကို  ''

ယန္းခ်င္းခ်ီ ထိုမွတ္ခ်က္ကိုၾကားလိုက္ေတာ့ အေတာ္ေလးကို အံ့ၾသသြားရသည္။ သူ႕ဆီမွာ အႏုပညာ႐ွင္ေနာက္ခံမ႐ွိသည့္အျပင္ အႏုပညာေက်ာင္းလည္းမတက္ဖူးသလို သူကိုယ္တိုင္ကလည္း အႏုပညာ႐ွင္မဟုတ္ခဲ့။ သူ႕ရဲ႕ နားလည္ သေဘာေပါက္ႏိုင္စြမ္း ျမင့္မားလို႔သာ ကိုယ့္ကိုကိုယ္ လႊတ္ေပးရဲတာပင္။  အခုလို 'အေျခခိုင္သည္'ဆိုသည့္ မွတ္ခ်က္ၾကားလိုက္ရေတာ့ သူ႕ကို ေတာ္ေတာ္ေလး ေပ်ာ္သြားေစသည္။

''ဒါ႐ိုက္တာရဲ႕ ခ်ီးက်ဴးမႈအတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ကြၽန္ေတာ္ အလုပ္ကို ပိုႀကိဳးစားပါ့မယ္ ''

''အင္း မင္းထြက္သြားလို႔ရၿပီ ''

''ဟုတ္ကဲ့ ''

ယန္းခ်င္းခ်ီ ထိုသုံးေယာက္ကို ဦးၫြတ္လိုက္ကာ တိတ္တိတ္ေလး ထြက္သြားခဲ့သည္။

ဒါ႐ိုက္တာဝမ္ကလည္း သူတို႔ကိုအၾကာႀကီးမေစာင့္ေစခဲ့ပါ။ လူေ႐ြးပြဲေျဖၿပီး ညမွာတင္ သူ႕ကို ကြမ္ေမဖုန္းဆက္လာခဲ့သည္။

''နင္ေအာင္တယ္ '' ကြမ္ေမကသူ႕ကို လိုရင္းေရာက္ေအာင္ တိုတိုတုတ္တုတ္ေျပာလာသည္။

''ဇာတ္ၫႊန္းကို emailကေန ပို႔ထားတယ္ စ႐ိုက္မဲ့အခ်ိန္လည္း အဲ့ထဲမွာပါတယ္ တခ်က္ၾကည့္လိုက္ဦး ၿပီးေတာ့ ဇာတ္ၫႊန္းကို အေခါက္အခါဖတ္ၿပီး ေျပာရမဲ့စာသားေတြလည္း ေသခ်ာမွတ္ ဒါ႐ိုက္တာဝမ္က ဒီေလာကထဲ နာမည္႐ွိတဲ့ဒါ႐ိုက္တာတစ္ေယာက္ နင္ ေကာင္းေကာင္းသ႐ုပ္ေဆာင္ႏိုင္ရင္ နင့္အနာဂတ္လမ္းအတြက္ ေကာင္းေကာင္း အကူအညီေပးလိမ့္မယ္ ''

''ကြၽန္ေတာ္နားလည္ပါတယ္ ေက်းဇူးပဲ က်ဲ ''

''မလိုပါဘူး ဒါကနင္ကိုယ္တိုင္ ႀကိဳးစားအားထုတ္ၿပီး ရထားတာ နင့္ကိုယ္နင္နဲ႔ က်န္းသခင္ေလးကိုသာ ေက်းဇူးတင္ ''

''ဘယ္လိုပဲျဖစ္ျဖစ္ ဒီလမ္းကို အေဖာ္လိုက္ေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္ ''

ကြမ္ေမ စိတ္ထဲ ေတာ္ေတာ္ေလး႐ႈပ္ေထြးသြားသည္။ အခုပုံစံက သူမစုေဆာင္းထားတဲ့ အခ်က္အလက္ေတြနဲ႔ ေတာ္ေတာ္ေလးကိုကြဲျပားသည္။ သူကဘယ္လိုလုပ္ ဒီေလာက္ေတာင္ ၾကင္နာတတ္ၿပီး သူမ်ားအတြက္ စဥ္းစားေပးတတ္ရတာလဲ။

သူမဖုန္းမခ်ခင္အထိ သူ႕ကို အျခားအေၾကာင္းအရာမ်ား ဆက္ေျပာေနကာ ဂ႐ုစိုက္ဖို႔လိုသည့္ အခ်က္မ်ားကိုလည္း သူ႕ကိုေသခ်ာလိုက္မွတ္ဖို႔ မွာေနခဲ့သည္။

ယန္းခ်င္းခ်ီ ဖုန္းခ်လိုက္တာနဲ႔ ေဝ့လန္က Wechatကေန စာပို႔လာခဲ့သည္။

[ ဒါ႐ိုက္တာဝမ္က မင္းကိုေ႐ြးလိုက္တယ္လို႔ ေတြးမိ႐ုံနဲ႔တင္ကို!!!!! အမွန္အတိုင္းေျပာစမ္း က်န္းေမာ့ခ်န္ သူ႕ကို တစ္ခုခုႀကိဳေျပာထားေသးလား ]

ယန္းခ်င္းခ်ီမွာလည္း သူတကယ္ႀကီး ေဝ့လန္ကို ေအာင္ေအာင္ျမင္ျမင္ အႏိုင္ရသြားလိမ့္မည္ဟု မေမွ်ာ္လင့္ထားတာေၾကာင့္ အံ့ၾသေနခဲ့ရသည္။
သို႔ေသာ္ သူတည္ၿငိမ္စြာ စာျပန္႐ိုက္လိုက္သည္။

[ မင္းအေတြးလြန္ေနတာ ]

ေဝ့လန္က အခုထိ မယုံၾကည္ႏိုင္သလို ခံစားေနရတာေၾကာင့္

[ ငါမင္းကို ႐ႈံးသြားတယ္လို႔ ေတြးလိုက္မိ႐ုံနဲ႔ကို!!
Oh My God ကမ႓ာႀကီးက ဘာျဖစ္ေနတာလဲ မၾကာခင္ ကမ႓ာပ်က္ကပ္ႀကီး ဆိုက္ေတာ့မွာလား ]

ယန္းခ်င္းခ်ီ ထိုစကားလုံးမ်ားကိုၾကည့္ၿပီး ေဝ့လန္ဘယ္ေလာက္ေတာင္ စိတ္ဓာတ္ပ်က္ျပားသြားသည္ကို အာ႐ုံခံမိလိုက္တာေၾကာင့္ ျပန္ေျဖလိုက္သည္။

[ မင္း ငါတို႔ေလာင္းထားတာကို မွတ္မိေသးလား ငါႏိုင္ရင္ ငါ့အေပၚအရင္ကအျမင္မၾကည္မႈေတြကို ေခ်ဖ်က္ေပးၿပီး ငါ့ရဲ႕ပါရမီနဲ႔ စ႐ိုက္ကလည္း ေပါင္းဖို႔သင္ေတာ္တဲ့လူလို႔ အသိအမွတ္ျပဳေပးပါ့မယ္ ဆိုတာေလ  ]

[....]

[ မင္းလိုပြင့္လင္းတဲ့လူမ်ိဳးက ကိုယ့္စကားကိုယ္တည္မွာပါ ဟုတ္တယ္မလား (အျပဳံးအီမိုဂ်ီ) ]

[....]

[ ငါမင္းကို ယုံၾကည္ပါတယ္ ]

[ (ဒီလူက ေသသြားတာၾကာၿပီ မင္းသူနဲ႔ကိစၥ႐ွိရင္ သူ႕အတြက္ စကၠဴအခ်ိဳ႕ မီး႐ိႈ႕ေပးပါ) JPG ]

ယန္းခ်င္းခ်ီ ဖုန္းမ်က္ႏွာျပင္ေပၚက ၾကမ္းျပင္ေပၚလွဲကာ ေသခ်င္ေယာင္ေဆာင္ေနသည့္ အေကာင္ေလးကိုၾကည့္ၿပီး ေအာ္ရယ္ခ်လိုက္မိသည္။ အမွန္ေတာ့ ေဝ့လန္က ႐ူးေၾကာင္ေၾကာင္အၾကံေတြ မထြက္ခ်ိန္ဆို ေတာ္ေတာ္ေလးကို စိတ္ဝင္စားဖို႔ေကာင္းသည့္လူျဖစ္သည္။

သူ ေဝ့လန္အား အာ႐ုံစားမေနေတာ့ပဲ က်န္းေမာ့ခ်န္ကိုသာ Wechatကေန စာပို႔လိုက္သည္။

[ လူေ႐ြးပြဲေအာင္တယ္ (ေပ်ာ္႐ႊင္အီမိုဂ်ီ) ]

က်န္းေမာ့ခ်န္က ထိုအခ်ိန္တြင္ အလုပ္မ်ားေနခဲ့သည္။ သူစာျပန္တဲ့အခါ သာမန္ထက္ပိုအခ်ိန္ၾကာေနခဲ့ကာ

[ ကိုယ့္ကို ဒါ႐ိုက္တာဝမ္ေျပာတယ္ မင္း ကိုယ့္ဇာတ္ၫႊန္းကိုသာ ေသခ်ာဖတ္ေန ေနာက္လစ႐ိုက္ရေတာ့မွာ ]

[ OK ]

[ တကယ္လို႔ မင္းနားမလည္တာ႐ွိရင္ ကိုယ့္ကို ႀကိဳက္တဲ့အခ်ိန္ လာေမးလို႔ရတယ္ ]

က်န္းေမာ့ခ်န္က အေတာ္ေလးကို သေဘာေကာင္းေနခဲ့သည္။ ယန္းခ်င္းခ်ီ အေၾကာင္းအရာတစ္ခုကို စဥ္းစားေနလိုက္ကာ ေမးလာသည္။

[ တကယ္ေတာ့ ကြၽန္ေတာ္ အခုနားမလည္တာ တစ္ခု႐ွိတယ္ ကြၽန္ေတာ္ လူေ႐ြးပြဲေအာင္သြားတာကို ေတာ္ေတာ္ေလးအံ့ၾသမိတယ္ ဘာလို႔ ကြၽန္ေတာ္ျဖစ္ေနရတာလဲ ကြၽန္ေတာ္က ေဝ့လန္သ႐ုပ္ေဆာင္တာထက္ ပိုအေျခအေနေကာင္းလို႔လား ခင္ဗ်ားကို ဒါ႐ိုက္တာဝမ္ အဲ့အေၾကာင္းနဲ႔ပတ္သက္ၿပီး ဘာေျပာေသးလဲ ]

[ ဒီကိစၥက ဒီမွာ ေျပာရတာ ႐ႈပ္တယ္ ကိုယ္တို႔ေတြ႕မွ ေျပာၾကမယ္ ]

[ ခင္ဗ်ားအလုပ္မ်ားေနတုန္းလား ]

[ အင္း ကိုယ္ အခုေၾကာ္ျငာတစ္ခု႐ိုက္ေနတာ ကိုယ္ခ်ီခ်ီရဲ႕ေက်ာင္းစတက္တဲ့ ရက္အမွီျပန္လာႏိုင္မွာမဟုတ္ဘူး မင္းတစ္ေယာက္တည္းပဲ ခ်ီခ်ီကို လိုက္ပို႔ရေတာ့မယ္ ]

[ ရပါတယ္ ]

ယန္းခ်င္းခ်ီ စာ႐ိုက္ေနရင္း ႐ုတ္တရက္ႀကီး အင္တာနက္ေပၚတြင္ နာမည္ႀကီးေနသည့္ စာတစ္ေၾကာင္းကိုသတိရလိုက္သည္။

[ ခင္ဗ်ားက မိသားစုကိုေထာက္ပံ့ဖို႔အတြက္ ပိုက္ဆံ႐ွာဖို႔တာဝန္ယူ ကြၽန္ေတာ္က အိမ္မွာ အလွေလးလုပ္ဖို႔ တာဝန္ယူမယ္~ ]

[.......]

[ ဘာလဲ ကြၽန္ေတာ္ မွားေျပာမိလို႔လား ခင္ဗ်ားကေရာ ပိုက္ဆံမ႐ွာႏိုင္လို႔လား ဒါမွမဟုတ္ ကြၽန္ေတာ္ကေရာ အလွေလးမဟုတ္လို႔လား ]

ယန္းခ်င္းခ်ီစေနသည္။

[ နည္းနည္းေလာက္အ႐ွက္႐ွိစမ္းပါ မစ္စ္က်န္း မင္းကိုယ္တိုင္လည္း ပိုက္ဆံ႐ွာႏိုင္ၿပီး မိသားစုကိုေထာက္ပံ့ႏိုင္ဖို႔ရက္က သိပ္မေဝးေတာ့ပါဘူး ]

[ အဲ့အခ်ိန္က် ကြၽန္ေတာ္က မိသားစုကို ေထာက္ပံ့ဖို႔ ပိုက္ဆံ႐ွာမယ္ေလ ခင္ဗ်ားကအိမ္မွာ အလွေလးလုပ္ ၾကည့္ ကြၽန္ေတာ္ကေတာ့ ခင္ဗ်ားၾကည့္ေကာင္းတယ္ဆိုတာ ဝန္ခံတယ္ေနာ္ ]

[ အဲ့ဒါက အမွန္တရားပဲေလ ]

[ ဒါေပမဲ့ ကြၽန္ေတာ္ၾကည့္ေကာင္းတယ္ဆိုတဲ့ အခ်က္ကိုေတာ့ ခင္ဗ်ား မဝန္ခံခ်င္ဘူးေလ ] 

[ ဘာလို႔လဲဆိုေတာ့ မင္းကအရမ္း အေရပါးလြန္းတာကို ]

ယန္းခ်င္းခ်ီ ေအာ္ရယ္မိလိုက္သည္။

[ နည္းနည္းေလာက္ အ႐ွက္႐ွိစမ္းပါ မစ္စတာက်န္း ခင္ဗ်ား အေပၚမွာပို႔ထားတဲ့ 'အမွန္တရား' ဆိုတဲ့ စကားလုံးေလးလုံးႀကီးကို ျပဴးေနေအာင္ၾကည့္လိုက္ဦး ခင္ဗ်ားအေရခြံကလည္း ထင္သေလာက္မထူဘူးမလား ] 

က်န္းေမာ့ခ်န္ ဆက္ၿပီးစာျပန္လိုက္ခ်င္ေပမဲ့ မိတ္ကပ္ဆရာက သူ႕မိတ္ကပ္ျပင္လို႔ၿပီးၿပီျဖစ္သည္။

''က်န္းေလာင္႐ွီး ကြၽန္မျပင္တာ ၿပီးၿပီ ''

က်န္းေမာ့ခ်န္ နားလည္သလို အသံျပဳလိုက္ကာ ယန္းခ်င္းခ်ီကိုစာပို႔လိုက္သည္။

[ ကိုယ္ေၾကာ္ျငာ႐ိုက္ရေတာ့မယ္ မင္းနဲ႔ေနာက္မွေျပာမယ္ ]

[ ဟုတ္ၿပီ ခင္ဗ်ားအလုပ္ေစာေစာၿပီးပါေစ ]

ယန္းခ်င္းခ်ီ စာျပန္ပို႔လိုက္သည္။ သူဖုန္းကို အိတ္ကပ္ထဲ ျပန္ထည့္လိုက္ကာ အူျမဴးေနေသာ စိတ္အေျခအေနျဖင့္ ခ်ီခ်ီ႕အား အိပ္ယာဝင္ပုံျပင္ေျပာျပရန္ ထြက္သြားေတာ့သည္။

__________________________________

ဘာလို႔လဲမသိေပမဲ့ သူတို႔အခ်င္းခ်င္းအဲ့လိုေလး မစ္စတာက်န္းတို႔ မစ္စ္က်န္းတို႔ေခၚၿပီး စေနာက္ရင္ ကိုယ္ကသိပ္ႀကိဳက္တာ (~‾▿‾)~

Continue Reading

You'll Also Like

261K 9.4K 45
မိုက်တယ်နော်၊ဒါပေမယ့်မယုတ်မာဘူး.. အစ်ကိုက သတ်ရဲတယ်၊သေရဲတယ် ဒါပေမယ့်မူနွဲ့မျက်ရည်ကျတာကိုတော့မကြည့်ရဲဘူး..... ကြက်သမား၊ဖဲသမား..လူမိုက်လေးတေဇဘုန်း‌ကျော်...
3M 262K 48
!အမွန္ေတာ့ မင္းက က္ုိယ္အၿမဲတမ္း အမွတ္တရ သိမ္းထားခ်င္မိတဲ့ အစိမ္းေရာင္ ေပ်ာ္႐ႊင္ျခင္းေလးပါ... Oct9.2021 !အ...
38.4K 4.2K 91
ချုပ်နှောင်ထားသော စိတ်၀ိဉာဥ်နှင့် မှားယွင်းစွာ သန္ဓေတည်လာသော ကိုယ့်နှလုံးသား
278K 21.4K 156
Title - Strict Wife of the '70s Manages the Household 💥Description လင်းလန် နိုးလာချိန်တွင် သူမသည် ပိုးသတ်ဆေးသောက်ထားသည့် အိမ်ထောင်ရှင်မတစ်ဦး၏ ကိုယ်...