[Unicode]
အခန်းအပူချိန် ချက်ချင်းကို ကျဆင်း သွားပုံက ဘယ်တော့မှ မပြီးဆုံးနိုင်တော့မည့် ဆောင်းရာသီကို ရောက်နေသည့်အလားပင်။
နင်မုန့် ဖုန်းကို ကိုင်ထားရင်းနဲ့ တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒီမှာ လူမှားနေပြီ"
ထိုကလေးက ပြန်ပြောလာသည်။ "ဘာ"
နင်မုန့်က ဖုန်းထဲကို အော်ပြောလိုက်သည်။ "ငါက နင့်အဖွားပဲ!"
သူမ အချိန်တစ်ခုယူလိုက်ကာ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် လေးနက်သည့် ပုံစံဖြင့် ပြောလိုက်သည်။
"ချစ်မြေးလေး တကယ်လို့ စိတ်အခြေအနေ မကောင်းရင်လဲ အကူအညီလေးရှာလေ။ ဘာလို့ ငါ့ဆီ ဖုန်းဆက်နေတာလဲ။ ငါက တိရိစ္ဆာန် ဆရာဝန်မှ မဟုတ်တာ!"
သူမ ဘက်က လှလှပပပြောပြီး အဆုံးသတ်ပြီးတဲ့နောက် နင်မုန့် အလျင်အမြန်ပဲ ဖုန်းချလိုက်သည်။ ထို့နောက် ဟော်ပေ့ချန်ကို ကြည့်ကာ "ဖုန်းမှား ဆက်တာနေမယ်။ ကျွန်မ သူ့ကို မသိဘူး"
ဟော်ပေ့ချန်က သူမကို အေးစက်ပြီး အတွေးနက်နေတဲ့ အကြည့်တို့နဲ့ အချိန်ကြာမြင့်စွာ စိုက်ကြည့်လာသည်။ သူ့ပုံစံက တစ်စုံတခုကို စဉ်းစားနေပုံပေါ်ပေမယ့် တခြားလူတွေ ခန့်မှန်းနိုင်ဖို့ မဖြစ်နိုင်ပေ။
သူ့ကို အခုလို မြင်လိုက်ရတဲ့အခါ နင်မုန့် စိတ်မသက်မသာ ဖြစ်လာရသည်။ သူမကို ယုံတာ မယုံတာ စိုးရိမ်ရမယ့် အချိန်မဟုတ်ဘဲ သူမဘက်က လက်ဦးမှု ရယူမယ့် အချိန်ဖြစ်သည်။
ဒါကြောင့်ပဲ ဟန်ဆောင် ချောင်းဆိုးလိုက်ပြီးနောက် ဒေါသထွက်နေသည့် မျက်နှာထား ဟန်ပြင်လိုက်သည်။
"ယောက်ျား ရှင်ဘာလို့ ကျွန်မအပေါ် သံသယ ဝင်နေရတာလဲ"
"?"
"ကျွန်မသိတာ ဆိုလို့ ရှင့်တစ်ယောက်တည်းကို ချစ်တယ်ဆိုတာပဲ။ တစ်ခြားလူတွေဆီ ထပ်ပြီး မျက်လုံးနဲ့တောင် လှန်ကြည့်မှာ မဟုတ်ဘူး!"
"..."
ဒီတခေါက် သူမရဲ့ မျက်နှာချိုသွေးမှုက အရင်ကလောက် မဟုတ်ပေမယ့် ဟော်ပေ့ချန်ဆီမှ အေးစက်စက် အရှိန်အဝါတို့က လျော့ကျသွားသလို ခံစားလိုက်ရသည်။ စိတ်သက်သာရာရစွာပဲ သက်ပြင်းချလိုက်ပြီးနောက်မှာတော့ နင်မုန့် အဝေးသို့ လျှောက်သွားလိုက်သည်။
ရုတ်တရက် သူမဖုန်းက တုန်ခါလာသည်။ member ၄ယောက်ရှိတဲ့ WeChat groupဆီမှ ဖြစ်၏။
ချီရှန် : [နုံအတဲ့ မိန်းမ။ ရုပ်ရှင်က ဒီနေ့ ဝင်ငွေအများကြီး ဝင်ထားတာတောင်မှ ငါတို့ကို ကျေးဇူး မတင်ဘူးလား @နင်မုန့်]
နင်မုန့် : [ကျေးဇူးတင်ပါတယ်]
ချီရှန်: [... အော် အားမပါလိုက်တာ။အနည်းဆုံးတော့ ငါတို့ကို ပစ္စည်းတစ်ခုခုလောက် ပြန်ပေးသင့်တာ! ငါတို့ မပါဘဲ နင့်ရုပ်ရှင် အခုလိုမျိုး ဝင်ငွေကောင်းလာမယ်လို့ ထင်နေတာလား]
သူမကို ကူညီပေးခဲ့တဲ့ မိတ်ဆွေတွေကိုလည်း တကယ်ကျေးဇူးတင်တာပါ။ သို့တိုင်အောင် ချီရှန်က ကိစ္စတွေကို အဝေးကြီးထိ သွားနေလေသည်။ သူ့ messageကို ကြည့်နေရင်းနဲ့ပဲ နင်မုန့် အပေါ်ထပ်သို့ တက်သွားရင်း ပါးစပ်ကို လှုပ်ရှားလိုက်သည်။
စာရေးရင်း သူမရဲ့ အင်အားကို မဖြုန်းတီးချင်တာမို့ voice message ခလုပ်ပေါ် နင်မုန့် လက်ဖြင့် ဖိလိုက်သည်။
"ဟက်~ဟုတ်ရဲ့လား။ နင့်ရဲ့ 'support'တယ်ဆိုတာက ရုံတစ်ရုံစာလောက်ပဲ လက်မှတ်တွေ ဝယ်တာကို ပြောတာလား! ငါ့ရုပ်ရှင်ကို ယွမ် 1.5ဘီလီယံတောင် ဝင်ဖို့ လွယ်တယ်များ မှတ်နေတာလား။ မနေ့က ရှိသမျှ ရုပ်ရှင်ရုံတွေအကုန် လူပြည့်နေခဲ့တာ! ပြီးတော့ ငါ့ရုပ်ရှင်ကို supportပေးဖို့ နင့်ကို တစ်ခါလေးတောင် မတောင်းဆိုခဲ့ပါဘူးနော် တခါလေးတောင်မှပဲ!"
voice message ပို့ပြီးတဲ့နောက်မှာ အိမ်ဝန်းကျင်က နောက်တကြိမ် အေးခဲသွားသလို ခံစားလိုက်ရပြန်သည်။
"??"
နင်မုန့် မကူမကယ်နိုင်စွာပဲ အနောက်လှည့်ပြီး ဟော်ပေ့ချန်ကို ကြည့်လိုက်သည်။ သူမ အနေနဲ့ စဉ်းစားရကြပ်သွားသည်။ ခုနလေးတင် ဟော်ပေ့ချန်ကို အမှန်တိုင်း ပြောပြီးသွားပြီ မဟုတ်လား။ တစ်မိနစ်လောက် ကြာတဲ့အခါ သူမ ဒီအတိုင်း အပေါ်သို့သာ တက်သွားလိုက်သည်။
'အခုရော ဘယ်သူက သူ့ကို စိတ်ရှုပ်အောင် လုပ်လိုက်တာပါလိမ့်။ တော်တော် သတ္တိရှိတဲ့ လူပဲနေမယ်' နင်မုန့် ကိုယ့်ဘာကိုယ်သာ တွေးလိုက်သည်။
သူမရဲ့ အိပ်ခန်းထဲသို့ အလောတကြီး ဝင်လိုက်ပြီး တံခါးပိတ်လိုက်သည်။ မကြာခင်မှာပဲ voice message တစ်စောင် ရောက်လာ၏။
အစောက Wechatကနေ ဖုန်းခေါ်ခဲ့တဲ့ ကလေးဆီမှ ဖြစ်ပြီး အကောင့်နာမည်က "နတ်ဘုရား" ဖြစ်လေ၏။
messageကို ဖွင့်ကြည့်လိုက်တဲ့အခါ စနောက်သည့် အသံနဲ့က သူမ ဖုန်းကနေ ထွက်လာလေသည်။
"ကိုယ့် မိန်းမလေး~"
"..."
နင်မုန့်ကတော့ ဆွံ့အလို့ နေလေပြီ။ သူမ ဆူလိုက်တာက မလုံလောက်သေးလို့လား။
"ဟေး ကောင်လေး။ နင့်ခေါင်းကို ငါ့အတွက် ခါပေးလို့ရနိုင်မလား"
ခနအကြာ ကောင်လေးက စာပြန်လာသည်။ "အိုကေ ကျွန်တော် ခေါင်းခါပေးလိုက်ပြီ။ ဘာဖြစ်လို့လဲ"
နင်မုန့် ပြန်ပြောလိုက်သည်။ "ပင်လယ်သံကို ကြားရလား"
"..."
နင်မုန့်က ဒေါသတကြီး ဖုန်းထဲကနေ အော်လိုက်တော့သည်။ "ဂေါက်နေတာလား! လမ်းပေါ်က မိန်းကလေးတိုင်းကို နင့်မိန်းမလို့ ခေါ်နေကျလား ဟမ်။ ဒီလိုလုပ်တာ လူတိုင်းကို ဒုက္ခရောက်စေတယ်ဆိုတာ မသိဘူးလား!"
ကောင်လေးက အားပျော့စွာ ပြန်ပြောလာသည်။ "ကျွန်တော့ကို မမှတ်မိဘူးလား"
"???"
"ဟင့်။ ကျွန်တော်တို့က online gameထဲမှာ ချစ်သူတွေလေ။ ကျွန်တော် မိန်းမလို့ ခေါ်တဲ့အခါ အရင်ကဆို မင်း အရမ်းသဘောကျခဲ့တဲ့ဟာ"
"...!"
နင်မုန့် အလျင်အမြန်ပဲ ဖုန်းကို ပြန်ကြည့်လိုက်သည်။ "နတ်ဘုရား" ဆိုတဲ့ အကောင့်နာမည်က ဟန်မေလင်း သူမကို ပေးခဲ့တဲ့ အကောင့်ဖြစ်လေ၏။
နင်မုန့် အံ့အားသင့်စွာသာ မေးလိုက်သည်။ "အသက်ဘယ်လောက်လဲ"
"20 လေ"
ကောင်းတယ်။ သူက သူမထက် ၆နှစ်ငယ်တယ်။
...!
ခေါင်းစားလာတာကြောင့် နင်မုန့် နဖူးပေါ် လက်တင်လိုက်သည်။ ကလေးပဲ ရှိသေးတာကို! ဘယ်လိုလုပ်ပြီး "မူလ နင်မုန့်" က ဒီလောက်ငယ်တဲ့ ကောင်လေးကို မြှူဆွယ်ခဲ့ရတာလဲ!
ရုတ်တရက်ပဲ ဟန်မေလင်းဆီမှ messageဝင်လာသည်။
[မုန့်မုန့် ငါပြောဖို့မေ့နေတာ။ တူလေးက လိုင်းပေါ်က မိန်းကလေးတစ်ယောက်နဲ့ ကြိုက်နေတာ အဲ့တစ်ယောက် ပစ်သွားပြီးတည်းက နောက်ပိုင်း စိတ်ဓာတ်ကျနေခဲ့တာ။ ပူတော့မပူပါနဲ့ စုံစမ်းဖို့ ငါလူလွှတ်ထားတယ်။ ငါတူလေးရဲ့ နှလုံးသားကို အရုပ်တစ်ရုပ်လို ကစားခဲ့တဲ့ မိန်းမကို တွေ့ခဲ့ရင် တစ်စစီ ဖြစ်အောင် လုပ်ပြမယ်!]
"..."
[ ၂၅ပိုင်းစီပါတဲ့ pdf စာစဉ်၁ခုကို ၅၀၀ကျပ်နဲ့ wp acc cbမှာ လာဝယ်လို့ရပြီနော်^^ ။ ပြီးသွားတဲ့ စာစဉ်တွေပါ စာစဉ်၃ [EP-65 to 89၊ စာစဉ်၄ [EP-90 to 114]၊ စာစဉ်၅ [EP-115 to 139]၊ စာစဉ်၆ [EP-140 to 164]၊ စာစဉ်၇ [EP-165 to 189]၊ စာစဉ်၈ [EP-190 to 214]၊ စာစဉ်၉[ EP-215 to 239]၊ စာစဉ်၁၀ [EP-239 to 264]၊ စာစဉ်၁၁[EP-265 to 289]၊ စာစဉ်၁၂ [EP-290 to 314]၊ စာစဉ်၁၃ [EP-315 to 339]၊ စာစဉ်၁၄ [EP-340 to 364]တို့ပါ🥰]
-------------------------
[Zawgyi]
အခန္းအပူခ်ိန္ ခ်က္ခ်င္းကို က်ဆင္း သြားပုံက ဘယ္ေတာ့မွ မၿပီးဆုံးႏိုင္ေတာ့မည့္ ေဆာင္းရာသီကို ေရာက္ေနသည့္အလားပင္။
နင္မုန႔္ ဖုန္းကို ကိုင္ထားရင္းနဲ႔ တည္ၿငိမ္စြာ ေျပာလိုက္သည္။
"ဒီမွာ လူမွားေနၿပီ"
ထိုကေလးက ျပန္ေျပာလာသည္။ "ဘာ"
နင္မုန႔္က ဖုန္းထဲကို ေအာ္ေျပာလိုက္သည္။ "ငါက နင့္အဖြားပဲ!"
သူမ အခ်ိန္တစ္ခုယူလိုက္ကာ အသက္ျပင္းျပင္း ရွဴလိုက္ၿပီးေနာက္ ေလးနက္သည့္ ပုံစံျဖင့္ ေျပာလိုက္သည္။
"ခ်စ္ေျမးေလး တကယ္လို႔ စိတ္အေျခအေန မေကာင္းရင္လဲ အကူအညီေလးရွာေလ။ ဘာလို႔ ငါ့ဆီ ဖုန္းဆက္ေနတာလဲ။ ငါက တိရိစာၦန္ ဆရာ၀န္မွ မဟုတ္တာ!"
သူမ ဘက္က လွလွပပေျပာၿပီး အဆုံးသတ္ၿပီးတဲ့ေနာက္ နင္မုန႔္ အလ်င္အျမန္ပဲ ဖုန္းခ်လိုက္သည္။ ထို႔ေနာက္ ေဟာ္ေပ့ခ်န္ကို ၾကည့္ကာ "ဖုန္းမွား ဆက္တာေနမယ္။ ကြၽန္မ သူ႔ကို မသိဘူး"
ေဟာ္ေပ့ခ်န္က သူမကို ေအးစက္ၿပီး အေတြးနက္ေနတဲ့ အၾကည့္တို႔နဲ႔ အခ်ိန္ၾကာျမင့္စြာ စိုက္ၾကည့္လာသည္။ သူ႔ပုံစံက တစ္စုံတခုကို စဥ္းစားေနပုံေပၚေပမယ့္ တျခားလူေတြ ခန႔္မွန္းႏိုင္ဖို႔ မျဖစ္ႏိုင္ေပ။
သူ႔ကို အခုလို ျမင္လိုက္ရတဲ့အခါ နင္မုန႔္ စိတ္မသက္မသာ ျဖစ္လာရသည္။ သူမကို ယုံတာ မယုံတာ စိုးရိမ္ရမယ့္ အခ်ိန္မဟုတ္ဘဲ သူမဘက္က လက္ဦးမႈ ရယူမယ့္ အခ်ိန္ျဖစ္သည္။
ဒါေၾကာင့္ပဲ ဟန္ေဆာင္ ေခ်ာင္းဆိုးလိုက္ၿပီးေနာက္ ေဒါသထြက္ေနသည့္ မ်က္ႏွာထား ဟန္ျပင္လိုက္သည္။
"ေယာက္်ား ရွင္ဘာလို႔ ကြၽန္မအေပၚ သံသယ ၀င္ေနရတာလဲ"
"?"
"ကြၽန္မသိတာ ဆိုလို႔ ရွင့္တစ္ေယာက္တည္းကို ခ်စ္တယ္ဆိုတာပဲ။ တစ္ျခားလူေတြဆီ ထပ္ၿပီး မ်က္လုံးနဲ႔ေတာင္ လွန္ၾကည့္မွာ မဟုတ္ဘူး!"
"..."
ဒီတေခါက္ သူမရဲ႕ မ်က္ႏွာခ်ိဳေသြးမႈက အရင္ကေလာက္ မဟုတ္ေပမယ့္ ေဟာ္ေပ့ခ်န္ဆီမွ ေအးစက္စက္ အရွိန္အဝါတို႔က ေလ်ာ့က်သြားသလို ခံစားလိုက္ရသည္။ စိတ္သက္သာရာရစြာပဲ သက္ျပင္းခ်လိုက္ၿပီးေနာက္မွာေတာ့ နင္မုန႔္ အေဝးသို႔ ေလွ်ာက္သြားလိုက္သည္။
႐ုတ္တရက္ သူမဖုန္းက တုန္ခါလာသည္။ member ၄ေယာက္ရွိတဲ့ WeChat groupဆီမွ ျဖစ္၏။
ခ်ီရွန္ : [ႏုံအတဲ့ မိန္းမ။ ႐ုပ္ရွင္က ဒီေန႔ ၀င္ေငြအမ်ားႀကီး ၀င္ထားတာေတာင္မွ ငါတို႔ကို ေက်းဇူး မတင္ဘူးလား @နင္မုန႔္]
နင္မုန႔္ : [ေက်းဇူးတင္ပါတယ္]
ခ်ီရွန္: [... ေအာ္ အားမပါလိုက္တာ။အနည္းဆုံးေတာ့ ငါတို႔ကို ပစၥည္းတစ္ခုခုေလာက္ ျပန္ေပးသင့္တာ! ငါတို႔ မပါဘဲ နင့္႐ုပ္ရွင္ အခုလိုမ်ိဳး ၀င္ေငြေကာင္းလာမယ္လို႔ ထင္ေနတာလား]
သူမကို ကူညီေပးခဲ့တဲ့ မိတ္ေဆြေတြကိုလည္း တကယ္ေက်းဇူးတင္တာပါ။ သို႔တိုင္ေအာင္ ခ်ီရွန္က ကိစၥေတြကို အေဝးႀကီးထိ သြားေနေလသည္။ သူ႔ messageကို ၾကည့္ေနရင္းနဲ႔ပဲ နင္မုန႔္ အေပၚထပ္သို႔ တက္သြားရင္း ပါးစပ္ကို လႈပ္ရွားလိုက္သည္။
စာေရးရင္း သူမရဲ႕ အင္အားကို မျဖဳန္းတီးခ်င္တာမို႔ voice message ခလုပ္ေပၚ နင္မုန႔္ လက္ျဖင့္ ဖိလိုက္သည္။
"ဟက္~ဟုတ္ရဲ႕လား။ နင့္ရဲ႕ 'support'တယ္ဆိုတာက ႐ုံတစ္႐ုံစာေလာက္ပဲ လက္မွတ္ေတြ ၀ယ္တာကို ေျပာတာလား! ငါ့႐ုပ္ရွင္ကို ယြမ္ 1.5ဘီလီယံေတာင္ ၀င္ဖို႔ လြယ္တယ္မ်ား မွတ္ေနတာလား။ မေန႔က ရွိသမွ် ႐ုပ္ရွင္႐ုံေတြအကုန္ လူျပည့္ေနခဲ့တာ! ၿပီးေတာ့ ငါ့႐ုပ္ရွင္ကို supportေပးဖို႔ နင့္ကို တစ္ခါေလးေတာင္ မေတာင္းဆိုခဲ့ပါဘူးေနာ္ တခါေလးေတာင္မွပဲ!"
voice message ပို႔ၿပီးတဲ့ေနာက္မွာ အိမ္၀န္းက်င္က ေနာက္တႀကိမ္ ေအးခဲသြားသလို ခံစားလိုက္ရျပန္သည္။
"??"
နင္မုန႔္ မကူမကယ္ႏိုင္စြာပဲ အေနာက္လွည့္ၿပီး ေဟာ္ေပ့ခ်န္ကို ၾကည့္လိုက္သည္။ သူမ အေနနဲ႔ စဥ္းစားရၾကပ္သြားသည္။ ခုနေလးတင္ ေဟာ္ေပ့ခ်န္ကို အမွန္တိုင္း ေျပာၿပီးသြားၿပီ မဟုတ္လား။ တစ္မိနစ္ေလာက္ ၾကာတဲ့အခါ သူမ ဒီအတိုင္း အေပၚသို႔သာ တက္သြားလိုက္သည္။
'အခုေရာ ဘယ္သူက သူ႔ကို စိတ္ရႈပ္ေအာင္ လုပ္လိုက္တာပါလိမ့္။ ေတာ္ေတာ္ သတၱိရွိတဲ့ လူပဲေနမယ္' နင္မုန႔္ ကိုယ့္ဘာကိုယ္သာ ေတြးလိုက္သည္။
သူမရဲ႕ အိပ္ခန္းထဲသို႔ အေလာတႀကီး ၀င္လိုက္ၿပီး တံခါးပိတ္လိုက္သည္။ မၾကာခင္မွာပဲ voice message တစ္ေစာင္ ေရာက္လာ၏။
အေစာက Wechatကေန ဖုန္းေခၚခဲ့တဲ့ ကေလးဆီမွ ျဖစ္ၿပီး အေကာင့္နာမည္က "နတ္ဘုရား" ျဖစ္ေလ၏။
messageကို ဖြင့္ၾကည့္လိုက္တဲ့အခါ စေနာက္သည့္ အသံနဲ႔က သူမ ဖုန္းကေန ထြက္လာေလသည္။
"ကိုယ့္ မိန္းမေလး~"
"..."
နင္မုန႔္ကေတာ့ ဆြံ႕အလို႔ ေနေလၿပီ။ သူမ ဆူလိုက္တာက မလုံေလာက္ေသးလို႔လား။
"ေဟး ေကာင္ေလး။ နင့္ေခါင္းကို ငါ့အတြက္ ခါေပးလို႔ရႏိုင္မလား"
ခနအၾကာ ေကာင္ေလးက စာျပန္လာသည္။ "အိုေက ကြၽန္ေတာ္ ေခါင္းခါေပးလိုက္ၿပီ။ ဘာျဖစ္လို႔လဲ"
နင္မုန႔္ ျပန္ေျပာလိုက္သည္။ "ပင္လယ္သံကို ၾကားရလား"
"..."
နင္မုန႔္က ေဒါသတႀကီး ဖုန္းထဲကေန ေအာ္လိုက္ေတာ့သည္။ "ေဂါက္ေနတာလား! လမ္းေပၚက မိန္းကေလးတိုင္းကို နင့္မိန္းမလို႔ ေခၚေနက်လား ဟမ္။ ဒီလိုလုပ္တာ လူတိုင္းကို ဒုကၡေရာက္ေစတယ္ဆိုတာ မသိဘူးလား!"
ေကာင္ေလးက အားေပ်ာ့စြာ ျပန္ေျပာလာသည္။ "ကြၽန္ေတာ့ကို မမွတ္မိဘူးလား"
"???"
"ဟင့္။ ကြၽန္ေတာ္တို႔က online gameထဲမွာ ခ်စ္သူေတြေလ။ ကြၽန္ေတာ္ မိန္းမလို႔ ေခၚတဲ့အခါ အရင္ကဆို မင္း အရမ္းသေဘာက်ခဲ့တဲ့ဟာ"
"...!"
နင္မုန႔္ အလ်င္အျမန္ပဲ ဖုန္းကို ျပန္ၾကည့္လိုက္သည္။ "နတ္ဘုရား" ဆိုတဲ့ အေကာင့္နာမည္က ဟန္ေမလင္း သူမကို ေပးခဲ့တဲ့ အေကာင့္ျဖစ္ေလ၏။
နင္မုန႔္ အံ့အားသင့္စြာသာ ေမးလိုက္သည္။ "အသက္ဘယ္ေလာက္လဲ"
"20 ေလ"
ေကာင္းတယ္။ သူက သူမထက္ ၆ႏွစ္ငယ္တယ္။
...!
ေခါင္းစားလာတာေၾကာင့္ နင္မုန႔္ နဖူးေပၚ လက္တင္လိုက္သည္။ ကေလးပဲ ရွိေသးတာကို! ဘယ္လိုလုပ္ၿပီး "မူလ နင္မုန႔္" က ဒီေလာက္ငယ္တဲ့ ေကာင္ေလးကို ျမႇဴဆြယ္ခဲ့ရတာလဲ!
႐ုတ္တရက္ပဲ ဟန္ေမလင္းဆီမွ message၀င္လာသည္။
[မုန႔္မုန႔္ ငါေျပာဖို႔ေမ့ေနတာ။ တူေလးက လိုင္းေပၚက မိန္းကေလးတစ္ေယာက္နဲ႔ ႀကိဳက္ေနတာ အဲ့တစ္ေယာက္ ပစ္သြားၿပီးတည္းက ေနာက္ပိုင္း စိတ္ဓာတ္က်ေနခဲ့တာ။ ပူေတာ့မပူပါနဲ႔ စုံစမ္းဖို႔ ငါလူလႊတ္ထားတယ္။ ငါတူေလးရဲ႕ ႏွလုံးသားကို အ႐ုပ္တစ္႐ုပ္လို ကစားခဲ့တဲ့ မိန္းမကို ေတြ႕ခဲ့ရင္ တစ္စစီ ျဖစ္ေအာင္ လုပ္ျပမယ္!]
"..."
[ ၂၅ပိုင္းစီပါတဲ့ pdf စာစဥ္၁ခုကို ၅၀၀က်ပ္နဲ႔ wp acc cbမွာ လာ၀ယ္လို႔ရၿပီေနာ္^^ ။ ၿပီးသြားတဲ့ စာစဥ္ေတြပါ စာစဥ္၃ [EP-65 to 89၊ စာစဥ္၄ [EP-90 to 114]၊ စာစဥ္၅ [EP-115 to 139]၊ စာစဥ္၆ [EP-140 to 164]၊ စာစဥ္၇ [EP-165 to 189]၊ စာစဥ္၈ [EP-190 to 214]၊ စာစဥ္၉[ EP-215 to 239]၊ စာစဥ္၁၀ [EP-239 to 264]၊ စာစဥ္၁၁[EP-265 to 289]၊ စာစဥ္၁၂ [EP-290 to 314]၊ စာစဥ္၁၃ [EP-315 to 339]၊ စာစဥ္၁၄ [EP-340 to 364]တို႔ပါ🥰]