စစ်ရယ် အသံရပ်သွားတာနှင့် အခန်းထဲရှိလူတွေ ရုတ်တရက် တိတ်ဆိတ်သွားသည်။
"စစ်ရယ်၊ ဒါက စည်းကမ်းနဲ့မညီဘူး"
စစ်ဝမ်ဖင်း သည် စစ်ရယ်ရဲ့အဓိပ္ပါယ်မဲ့တဲ့အပြုအမူကို ရပ်တန့်ရန် ဦးဆောင်လိုက်သည်။
"ဒီနေရာမှာ စည်းကမ်းနဲ့လွဲတာ တစ်ခုမှမရှိဘူး "
စစ်ရယ်တခြားသောစကားသံတွေကို လျစ်လျူရှုကာ သူ့အကြည့်က ချန်ရှုကိုပဲ တည့်တည့်စိုက်ကြည့်နေသည်။
ချန်ရှုလည်း ရုတ်တရက် အခန်းထဲကလူတွေရဲ့ အာရုံစိုက်မှုကို ခံလိုက်ရတယ်။ဒီကောင်လေးမှာ ထိုင်ရဲတဲ့ သတ္တိမရှိဘူးလို့ လူတိုင်းက ယုံကြည်ထားကြသည်။ သို့သော် သူတို့ မှန်းဆချက် မှားသွားခဲ့တယ်။ ချန်ရှုကတည်ငြိမ်စွာနဲ့ မတ်တပ်ထရပ်ပြီး စစ်ရယ်ဆီသို့ လျှောက်သွားကာ စစ်ရယ်ဘေးနားတွင်ထိုင်ရန် ကုလားထိုင်ကို ယူလိုက်သည်။
စစ်ရိချန်က မယုံနိုင်ဖြစ်သွားပြီး မတ်တပ်ထရပ်
"အဖေ၊ သူအဲ့ဒီမှာ ထိုင်ခွင့်မရှိဘူး"
စစ်ရယ်ဘေးတွင်ထိုင်ခွင့်ရခြင်းရဲ့အဓိပ္ပါယ်သည် ထိုလူမှာ မြင့်မားတဲ့အဆင့်တန်းရှိပြီး အရည်အချင်းပြည့်ကာ စစ်မိသားစုတွင်လုံလောက်သည့် လုပ်ပိုင်ခွင့်ရှိသည်ဟု ဆိုလိုသည်။
ချန်ရှုက ပြင်ပမျိူရိုးကသခင်လေး ဖြစ်တာကြောင့် လုံလောက်တဲ့ အဆင့်တန်းမရှိပေ။စစ်ရယ်က ချန်ရှုကို စစ်မိသားစုရဲ့နောက်ထပ်ခေါင်းဆောင်အဖြစ်ဆုံးဖြတ်ထားတာ ဒါမှမဟုတ် သူ့ကိုလက်ထပ်ပြီး စစ်မိသားစုရဲ့သခင်ဖြစ်စေခြင်းမပြုပါက ထိုနေရာတွင်ထိုင်ခွင့်မရှိပေ။
စစ်ရိချန်ရဲ့စိတ်ထဲမှာတော့ နောက်ဆုံးတစ်ခုက မဖြစ်နိုင်ဘူးဆိုတာ သေချာနေတဲ့အတွက် သူ့အတွက်အဖြေက အရင်အတိုင်းပဲ၊ သူ့နေရာ ကို ချန်ရှု သိမ်းပိုက်သွားပြီ။
စစ်ရယ် က စစ်ရိချန်ကို ဂရုမစိုက်စွာစိုက်ကြည့်ပြီး
"ဘာလဲ?ဒီနေရာမှာလာထိုင်ပြီး မင်းပြောတာငါနားထောင်ကြည့်ရအောင်"
စစ်ရိချန်က တုန်တုန်ယင်ယင်ဖြင့် ခြေလက်တွေ အေးစက်သွားကာ
"မဟုတ်ဘူး... မဟုတ်ဘူး၊ ကျွန်တော် အဲ့လိုဆိုလိုတာမဟုတ်ဘူး"
"ကျွန်တော်ထင်တာ.....ချန်ရှုအဲ့နေရာမှာထိုင်ဖို့ အရည်မချင်းမမှီဘူး အဲ့တာ စည်းကမ်းနဲ့လဲမညီဘူး"
"သူက အရည်ချင်းမမှီဘူး ?"
စစ်ရယ် က စစ်ရိချန်ကို မျက်လုံးနဲ့ပဲ မေးလိုက်ရာ စစ်ရိချန်ရဲ့ နဖူးပေါ်က ချွေးအေးတွေ ထွက်လာ တော့တယ်။
သူ အသက်ပြင်းပြင်းရှူပြီး အဆင်ပြေပါတယ်လို့သူ့ကိုယ်သူ ပြောလိုက်သည်။ သူ့အဖေက ချန်ရှုရဲ့ အတွေးတွေကို သိရင် ချန်ရှုကို မုန်းတီးပြီး စစ်မိသားစုထဲက နှင်ထုတ်လိမ့်မယ်။ ထိုအချိန်ဆို စစ်မိသားစုက သူ့အပိုင်ဖြစ်လာပြီ။
"ဟုတ်တယ်!"
စစ်ရိချန် သည် ရှေ့ကိုအမြန်တိုးသွားကာ သူ့ဖုန်းကိုထုတ်ပြပြီး ဓာတ်ပုံကို ပြလိုက်သည်
"အဖေ၊ ကြည့်လိုက် အဖေသာ သူ့ကိုသနားနေတာ အဖေ့နောက်ကွယ်မှာတော့ သူကအရှက်မဲ့တဲ့ လုပ်ရပ်ကို လုပ်ခဲ့တယ်..."
စစ်ရယ်က ပုံတွေကို ကြည့်လိုက်တယ်။သူရေချိုးပုဝါကို ၀တ်ထားပြီး ရေကူးကန်အနားတွင် ထိုင်နေတဲ့ပုံ၊လှေကားထစ်တွင် ထိုင်ကာ အင်္ကျီတစ်ထည်နှင့် စာအုပ်ဖတ်နေသည့်ပုံ၊ဘောင်းဘီတိုတစ်ထည်သာ ၀တ်ထားပြီး နောက်ကျမှဆွဲထားတဲ့ပုံတွေအားလုံးမှာ လက်မှတ်ထိုးထားကိုတွေ့လိုက်ရတယ်။ဒီပုံအားလုံးက ချန်ရှုလက်မှထွက်လာတဲ့ပုံတွေဖြစ်သည်။
စစ်ဝမ်ဖင်းလဲဘေးမှာ ရှိနေတဲ့အတွက် စစ်ရိချန် ရဲ့ ဖုန်းထဲက ပန်းချီပုံတွေကို တွေ့လိုက်ရတယ်။ မျက်မှောင်ကြုတ်လိုက်ပြီး ယင်ကောင်တွေကို သတ်မိလုနီးပါးပင်။ ရိုးရိုးသားသားပြောရရင် ဒီပန်းချီကားတွေက သာမန်ထက်မပိုပါဘူး၊ အငယ်တန်း ပန်းချီဆရာတစ်ယောက်ရဲ့လက်ရာဖြစ်ပေမဲ့ အဆင့်တန်းရှိသည်။ အဝတ်အစားပိုင်း ပန်းချီဆွဲထားတာကို ပြောရရင်တော့ နည်းနည်းတော့ သိက္ခာမဲ့နေတယ်။
စစ်ရိချန်က မနာလိုစိတ်နဲ့ လောင်စာဆီ တမင်ထပ်ထည့်လိုက်တယ်
"အဖေ၊ ချန်ရှုမှာဒီလိုညစ်ပတ်တဲ့စိတ်တွေ ရှိမယ်လို့ မထင်ခဲ့ဘူးမလား၊ သူက အဖေ့ရဲ့ကြင်နာမှုနဲ့ မထိုက်တန်ဘူး"
ထိုအချိန်တွင် စစ်ရိချန်သည် သူ့ရဲ့စိတ်ကူးယဉ်အောင်မြင်မှုထဲမှာ နှစ်မြှုပ်နေပြီး သခင်မထောင်က သူ့ကိုမနှစ်သက်သလိုကြည့်နေတဲ့အကြည့်ကို လုံးဝသတိမထားမိဘူး။
အားလုံးရဲ့မျက်လုံးကလည်း ချန်ရှုနှင့် စစ်ရယ်တို့ကို စူးစိုက်ကြည့်နေကြသည်။စစ်ရယ်သည် စစ်ရိချန်ဓာတ်ပုံရိုက်ထားတဲ့ ချန်ရှုရဲ့ ပန်းချီကားတွေကို ကြည့်ပြီးနောက် သူချက်ချင်း စကားသံမထွက်လာခဲ့ပေ။
စစ်ရွှယ်ကျိုးက လန့်သွားပေမဲ့ လက်သီးကို တင်းတင်းဆုပ်ပြီး မတ်တပ်ထရပ်ကာ
"မဟုတ်ဘူး..၊ ချန်ရှုရဲ့ပန်းချီကားတွေကို ကျွန်တော်အခုပဲ ကြည့်ခဲ့တာ၊ တကယ်လို့ ချန်ရှုသာ စန်းကောအပေါ် ဒီလိုမျိုး တွေးနေတယ်ဆိုရင် သူကျွန်တော့်ကို လွယ်လွယ်နဲ့ဘယ်ပြမလဲ! ”
စစ်ရိချန်ရဲ့မျက်နှာသည် မည်းမှောင်လာပြီး သူ့မျက်လုံးများက စစ်ရွှယ်ကျိုးကို စိုက်ကြည့်လိုက်သည်။ချန်ရှုလဲ စစ်ရွှယ်ကျိုးအခုလိုအခိုက်အတန့်တွင် အမှန်တကယ် ကူညီပေးလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။
လုရိသည် စစ်ရွှယ်ကျိုးကိုထိုင်ခိုင်းပြီး
"မင်းနဲ့မဆိုင်ရင် ဝင်မပါနဲ့"
သူ့အမေက သတိပေးပြီးနောက် စစ်ရွှယ်ကျိုးစကားပြန်မပြောရဲတော့ဘဲ ခေါင်းငုံ့ကာ လက်ကိုတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။
"ငါတို့စစ်မိသားစုမှာ ဒီလိုအကျင့်ပျက်တာမျိုးမရှိဘူး၊ချန်ရှု မင်း ဒီပန်းချီကားတွေကို ဆွဲခဲ့လား"
စစ်ဝမ်ဖင်းက အေးစက်သော မျက်နှာဖြင့် မေးလိုက်သည်။
စစ်ရယ်ရဲ့စူးစူးစိုက်စိုက်ကြည့်နေတဲ့ အကြည့်အောက်တွင် ချန်ရှုကနှုတ်ခမ်းကို ကိုက်လိုက်ပြီး
"ကျွန်တော် ဆွဲထားတာ"
လို့ ခေါင်းညိတ်ပြလိုက်သည်။
စစ်ဝမ်ဖင်းက အဖြေကို သေချာကြားပြီးနောက် သူမမျက်နှာက ပိုပြင်းထန်လာကာ
"ဘာလို့ စစ်ရယ်ပုံကို ဆွဲခဲ့တာလဲ"
ချန်ရှုက စစ်ဝမ်ဖင်း ကို သက်တောင့်သက်သာစိုက်ကြည့်လိုက်ပြီး သူမကို
"ပန်းချီဆွဲချင်တယ်ဆို ဆွဲလိုက်တာပဲလေ တခြားအကြောင်းပြချက် လိုသေးလို့လား" ဟု မေးလိုက်သည်။
ဆူပွက်နေတဲ့ရေကို မကြောက်တဲ့ ဝက်သေလိုသဘောထားရှိနေတဲ့ချန်ရှုကြောင့် စစ်ဝမ်ဖင်း အနည်းငယ် စိတ်တိုသွားပေမဲ့ သူမအသံကို ဖုံးသွားအောင် စစ်ရယ်က စကားစပြောလိုက်တယ်။
"ပန်းချီကားတွေက အရမ်းကောင်းပါတယ်၊ ဒါပေမယ့် စာဖတ်နေတဲ့ပုံကို ပိုသဘောကျတယ်"
ချန်ရှုက သူမသိအောင်ပုံတွေဆွဲခဲ့လိမ့်မယ်လို့ စစ်ရယ်မထင်ထားခဲ့ပေ။ဒါက ချန်ရှု့အတွက် သူကနည်းနည်းလေး ပိုကွဲပြားနေတယ်လို့ ဆိုလိုတာမလား။
စစ်မိသားစုရှေ့မှာ စစ်ရယ်ပုံဆွဲခဲ့တာကို ဖော်ထုတ်ခံလိုက်ရတဲ့အခါ ချန်ရှုထိတ်လန့်သလို မခံစားခဲ့ရပေမယ့် စစ်ရယ်ပါ ဒီအကြောင်းကို သိသွားတော့ အနည်းငယ်ရှက်သွားခဲ့တယ်။
"ဟုတ်ကဲ့"
ချန်ရှုသည် လူများရှေ့မှာ စစ်ရယ်ကို ရှင်းပြဖို့မဖြစ်နိုင်တာကြောင့် ကျည်ဆန်ကို ကိုက်ထားရုံကာ သဘောတူရုံသာရှိတော့သည်။
စစ်ရယ်ရဲ့တုံ့ပြန်မှုသည် လူတိုင်းမျှော်လင့်ထားတာထက် ကျော်လွန်သွားခဲ့သည်၊ အထူးသဖြင့် စစ်ရိချန်.. သူအံသြသွားပြီး စစ်ရယ်ကို မယုံကြည်နိုင်စွာ ကြည့်ကာ
"အဖေ... ချန်ရှု..."
သူ့စကားမဆုံးခင်မှာပဲ စစ်ရယ်က
"ဖြစ်ပြီးတာတွေ ထားလိုက်တော့ မင်းတို့အားလုံးကို ငါအသိပေးစရာရှိတယ်" လို့ စစ်ရိချန်ပြောလာမဲ့စကားတွေကို တားလိုက်တယ်။
စစ်ရယ်က အရေးကြီးသည်ဟု ပြောလာတဲ့အခါ အားလုံးက ချက်ချင်းပင် လက်ထဲက တူတွေကို ချလိုက်ကာ မတ်မတ်ထိုင်လိုက်ပြီး စစ်ရယ်ကို အတူတူ ကြည့်လိုက်ကြသည်။
အမြဲအပြုံးရယ်မရှိတဲ့ စစ်ရယ်ရဲ့မျက်နှာက အနည်းငယ် ပြုံးလာကာ စားပွဲပေါ်မှာရှိနေတဲ့ ချန်ရှုလက်ကို ကိုင်ရန် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ ချန်ရှုကို တစ်ချက်ကြည့်ကာ လူတိုင်းကိုကြည့်ပြီး
"ငါနဲ့ ရှောင်ရှု လက်ထပ်ပြီးပြီ" လို့ပြောလိုက်တယ်။
သူ့စကားများက ပြင်းပြင်းထန်ထန်ပေါက်ကွဲသွားတဲ့ ဗုံးတစ်လို ဖြတ်သွားပြီး လူတိုင်းရဲ့အသိစိတ်တွေ ခနလောက်အဆက်ပြတ်သွားခဲ့သည်။ကြိုသိနေတဲ့ သခင်မထောင် သာလျှင် ဂရုမစိုက်သလို ထိုင်နေခဲ့တယ်။
စစ်ရိချန် ထိုသတင်းကို သူ့ဦးနှောက်ကမချေဖျက်နိုင်ခင်မှာပင် စစ်ရယ်ကချန်ရှုလက်ကို ကိုင်ထားပြီး
" ရှောင်ရှုကို နောက်တစ်ခါ ဖေဖေလို့ ပြောင်းခေါ်ရမယ်" လို့ပြောလိုက်တယ်။
ထိုစာကြောင်းက စစ်ရိချန်ကို ခုနကထက် ထိတ်ပြာသွားကာ ကျည်ဆံထိမှန်သွားသလို ခံစားရစေသည်။
စစ်ရယ်ကို နားမလည်နိုင်စွာစိုက်ကြည့်ပြီးနောက် ချန်ရှု ကိုပြန်ကြည့်လိုက်တယ်။ ချန်ရှုက သူ့ကို အပြုံးမဟုတ်တဲ့အပြုံးဖြင့် ကြည့်နေပြီး ပါးစပ်ကို ဖွင့်ကာ
"ချန်အာ" ဟု တိတ်တဆိတ် ပြောလိုက်သည်။
အချိန်တိုအတွင်း စစ်ရိချန် သည် မျှော်စင်ပေါ်မှာပြုတ်ကျသွားသလို ခံစားလိုက်ရတာ နေရာ၌ပင် လဲကျလုနီးပါးဖြစ်သွားသည်။
သူ ငယ်ငယ်လေးကတည်းက မုန်းနေခဲ့တဲ့သူ သတ်ပစ်ချင်တဲ့အထိ မုန်းနေတဲ့သူက သူ့ပထွေးဖြစ်လာပြီ။
ချန်ရှုက သူ့ရဲ့ အမွေဆက်ခံသူရာထူးကို လုယူတော့မယ်လို့ တွေးကာ အပြည့်အဝ ကာကွယ်ထားသော်လည်း ချန်ရှုက ထိုအဆင့်ကိုတိုက်ရိုက်ကျော်ဖြတ်ပြီး သူ့ရဲ့ အကြီးနေရာကို ရသွားတယ်။
စစ်ရိချန်ရဲ့စိတ်ထဲတွင် ရှုပ်ထွေးနေပြီး လုံးဝနားမလည်နိုင်ပေ။
ထုန်ကျရှီက ပိုလို့တောင် အံ့သြသွားပြီး သူ့လက်ထဲက ပန်းကန်ပြား ကျကွဲသွားခဲ့တယ်။ မဖြစ်နိုင်ဘူး။ချန်ရှုကို စစ်ရယ်ကဘာလို့လက်ထပ်ရမှာလဲ။ စစ်ရယ်မှာ သူကြိုက်တဲ့လူမရှိဘူးလား။
သူ့ရဲ့လှုပ်ရှားမှုကြောင့် ထိတ်လန့်ကာအသိစိတ်မကပ်တဲ့လူများကို သူတို့ရဲ့အာရုံများဆီသို့ ပြန်လည် ပို့ဆောင်ခဲ့သည်။
စစ်ဝမ်ဖင်းက သဘောမတူတဲ့လေသံနဲ့
"မင်းဘာတွေပြောနေတာလဲ။ဒီ အကြောင်းသာပြန့်သွားရင် ငါတို့မိသားစုက မင်းအတွက် ချွေးမကို ကလေးအရွယ်ထဲက ပျိုးထောင် ပေးခဲ့တယ်ဆိုပြီး တခြားသူတွေ ငါတို့ကို လှောင်ကြလိမ့်မယ်"
စစ်ဝမ်ဖင်းဆီက "ချွေးမ" ဆိုတဲ့စကားလုံးသုံးလုံးကို ကြားရတဲ့အခါ စစ်ရယ်က အဓိပ္ပါယ်ရှိစွာ ပြုံးလိုက်သည်။ချန်ရှု က သူ့အိမ်ရဲ့ ချွေးမပဲလေ။
"ဟုတ်တယ် စစ်ရယ် အိမ်ထောင်ပြုတာ အသေးအဖွဲ ကိစ္စမဟုတ်ဘူး၊ စိတ်အလိုမလိုက်နဲ့"
စစ်ယောင်ဝေကလည်း စစ်ရယ်ကို စည်းရုံးလာခဲ့သည်၊ အိမ်ထောင်ပြုတာက တခြားလူအတွက် အမွေခွဲထုတ်ရမယ်လို့ ဆိုလိုတာပဲ ဖြစ်သည်။
စစ်ရယ်က
“ငါတို့က တရားဝင်လက်ထပ်ပြီးသွားပြီ” လို့ ထပ်ပြောလိုက်သည်။
"ဘာလဲ?! တရားရုံးမှာ မှတ်ပုံတင်ပြီးပြီလား?"
စစ်ဝမ်ဖင်းသည် အံ့အားသင့်သောအကြည့်ဖြင့် နေရာမှ ဆတ်ခနဲ ထရပ်လိုက်သည်။
"ဒေါ်လေး ဘာလို့ အရမ်းစိတ်လှုပ်ရှားနေတာလဲ။ အိမ်ထောင်ပြုတာက ကောင်းတဲ့ကိစ္စမဟုတ်ဘူးလား။ကျွန်တော် တစ်သက်လုံး တစ်ယောက်ထဲနေသွားမယ်လို့ ထင်နေတာလား"
စစ်ရယ်မျက်လုံးများ မှေးကျဉ်းလိုက်ပြီး စစ်ဝမ်ဖင်းအပေါ် ဖိအားတွေ တိုးလာခဲ့သည်။
သူမပါးစပ်ထောင့်တွေကို အံကြိတ်ကာ လှုပ်ရှားလိုက်ပြီး
"ဒါပေါ့ လက်ထပ်တာက ကောင်းတဲ့ကိစ္စပါ၊ ဒါပေမယ့် ဒီလောက်ထိ ပြီးစလွယ်လုပ်လို့မရဘူး။ ချန်ရှုက ယောက်ျားလေး ဖြစ်နေပြီး သူ့အဆင့်တန်းကလဲ နှိမ့်ကျတယ်။ ပြီးတော့အသက်ဆယ့်ရှစ်နှစ်က ကလေးပဲရှိသေးတာ။ အိမ်ထောင်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ သူနားမလည်ဘူး"
စစ်ရယ် စကားပြန်မပြောခင်မှာ ချန်ရှုက
"မသင့်တော်တဲ့ အကြောင်းပြချက်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်က အန်ကယ်စစ်နဲ့ အတူနေရမှာလေ။ ဘယ်လိုနေရမယ် ပြုမူရမယ်ဆိုတာ အန်ကယ်စစ်အပေါ်ပဲ မူတည်တယ်။ အန်ကယ်စစ် ကျွန်တော့်ကို သင်ပေးနိုင်တာပဲ"
စစ်ဝမ်ဖင်း က ချန်ရှုကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး
"ငယ်သေးတော့ လျှာထက်နေတယ်ပေါ့၊ စစ်ရယ်က နင်နဲ့ဦးလေးတော်တယ်၊ နင်တို့မရှက်ကြဘူးလား "
ချန်ရှုက မတုန်မလှုပ် လှောင်ပြောင်သံနှင့်-
"ထူးဆန်းလိုက်တာ။ အန်ကယ်စစ်နဲ့ ကျွန်တော့်မှာ သွေးသားတော်စပ်မှုမရှိဘူး။ အန်ကယ်စစ်ကအိမ်ထောင်မရှိသလို ကျွန်တော်လည်း လူပျိုဖြစ်နေတာ ဘာလို့ အတူနေလို့မရ ရမှာလဲ အချစ်ကြောင့် ဖြစ်လာတာ သဘာဝပဲကို"
သူစကား ပြောလေ၊ စစ်ဝမ်ဖင်း ချန်ရှုကို အထင်သေးလာလေပဲ။ ချန်ရှုကိုပြင်းထန်စွာ အပြစ်တင်တော့မယ့်အချိန်မှာ စစ်ရယ်က ကိုင်တွယ်လိုက်သည်။
"ငါက မင်းတို့ကို အသိပေးရုံပဲ ဘယ်သူ့ရဲ့ထင်မြင်ချက်ကိုမှ တောင်းနေတာမဟုတ်ဘူး"
"ငါတို့ရဲ့ မင်္ဂလာပွဲကို အမျိုးသားနေ့မှာ စီစဉ်ထားတယ် အချိန်ပေးကြဖို့ မမေ့နဲ့"
စစ်ရယ်က သူ့ရဲ့နောက်ဆုံးစကားကို ပြောလိုက်ပြီး အားလုံးကို ချေပဖို့ အခွင့်အရေးမပေးခဲ့ပေ။စစ်ရယ်က သူနဲ့မင်္ဂလာဆောင်မယ်လို့ မပြောခဲ့တာကြောင့် ချန်ရှုအံ့သြသွားခဲ့သည်။
စစ်ရယ်ကို မေးချင်ပေမဲ့ စစ်ရယ်က သူ့ကိုကြည့်လာပြီး နားထဲတွင် တိုးတိုးလေးကပ်ကာ
"ခဏနေမှ ထပ်ပြောရအောင်"
ချန်ရှုနဲ့ စစ်ရယ်ကလွဲရင် ဘယ်သူမှ ထမင်းကောင်းကောင်းမစားနိုင်ကြဘူး။
ညစာစားပြီးတဲ့နောက် စစ်ဝမ်ဖင်း သည် စစ်ရယ်နှင့် စကားပြောရန် အပြေးအလွှားသွားပြီး စစ်ရယ်ကို သူမနှင့်အတူ စကားပြောရန် တိုက်ရိုက်တောင်းဆိုခဲ့သည်။
"မရီး ဒီအကြောင်းကို သိလား"
စစ်ယောင်ဝေ သည် ယနေ့တွင် သခင်မထောင် အနည်းငယ် ပုံမှန်မဟုတ်ကြောင်း ခံစားရပြီး သူမကို မေးရန် ခြေလှမ်းပြင်လိုက်သည်။
သခင်မထောင်သည် လက်ဖက်ရည်ကို ယူလိုက်ပြီး
"အင်း"
ပြေပြစ်စွာ သောက်လိုက်သည်။
"မကန့်ကွက်ခဲ့ဘူးလား? အစ်ကိုကြီးက စစ်ရယ် ယောက်ျားလေးတွေသဘောကျတာကို အမြဲတမ်း ကန့်ကွယ်ခဲ့တာမလား"
စစ်ရယ် လိင်တူသဘောကျကြောင်း သိသွားတဲ့ အချိန် စစ်အိမ်တော်တစ်ခုလုံး ထိတ်လန့်သွားခဲ့ကြတာကြောင့် စစ်ယောင်ဝေလဲ ထိုအကြောင်းကို သိနေခဲ့သည်။ သူကတော့ အနုပညာသမားဖြစ်တဲ့အတွက် ဤအချက်နှင့် စပ်လျဉ်းပြီး လက်ခံနိုင်သော်လည်း သူ့အကိုကြီးနှင့် မရီးက လိင်တူသဘောကျတာကို အမြဲကန့်ကွက်ခဲ့ပြီး စစ်ရယ်ကို ဆေးကုသရန်ပင် ဆေးရုံသို့ ပို့လိုကြောင်း သတိရမိသည်။ နောက်ဆုံးမှာ စစ်ရယ်ရဲ့အစ်ကိုအကြီးဆုံး စစ်ကျင်းဝမ်က ဒီအခြေနေကို တားခဲ့ရသည်။
“ငါအသက်ကြီးနေပြီ ဒီလိုကိစ္စတွေသိပ်ဝင်မပါချင်တော့ဘူး ၊သားသမီးတွေနဲ့ မြေးတွေတောင်ရှိနေပြီ ”
သခင်မထောင် က လျစ်လျူရှုထားကြောင်း ပြန်ဖြေလိုက်တယ်၊ စစ်ယောင်ဝေသည် သူမရိုးသားခြင်းရှိမရှိ မျက်နှာကနေ မဖော်ထုတ်နိုင်ပေ။
စစ်ယောင်ဝေသည် ချီတုံချတုံဖြင့်သာ ထွက်သွားပြီးနောက် သခင်မထောင်လည်း ထကာ ထွက်ခွာသွားခဲ့သည်။
ဆိုဖာပေါ်ထိုင်ပြီး သူ့သားနဲ့ ကျီစယ်နေတဲ့ ဝေရှီဖန်က သခင်မထောင် ထွက်သွားတာကို လှမ်းမြင်လိုက်တယ်။ သူသည် သူ့အဝတ်အစားတွန့်ကြေနေတာများကို ပွတ်သပ်ကာ သူ့ယောက္ခမ ကျန့်ဟုန်ချောင် အား
"အဖေ၊ ကျွန်တော် ဆေးလိပ်သောက်ဖို့ အပြင်သွားလိုက်ဦးမယ်" လို့ ပြောလိုက်သည်။
"သွား"
ကျန့်ဟုန်ချောင်လဲ ဝေရှီဖန်ကို ဒီမှာ မရှိစေချင်တာကြောင့် ရွံ့ရှာစွာ လက်လှမ်းပြလိုက်တယ်။
ဝေရှီဖန်သည် လက်နှစ်ဘက်လုံးကို အိတ်ကပ်ထဲထည့်ပြီး သခင်မထောင် သွားတဲ့လမ်းအတိုင်း အေးအေးဆေးဆေးလိုက်သွားပြီး လသာဆောင်တွင် ဖုန်းပြောနေသည့် စစ်ကျင်ကို အမှတ်မထင်တွေ့လိုက်ရကာ ဝမ်းသာအားရ ပြုံးပြီး ဖုန်းပြောနေတာကြောင့် သူ့ကိုပင်သတိမထားမိပေ။
သူတို့ နှစ်ယောက်လုံး ကိုယ့်လမ်းတိုင်းကိုယ်လျှောက်နေကြပြီး တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းသိနေတာကြောင့် တခြားလူတွေအိမ်ကိုသတင်းပြန်မပို့သရွေ့တော့ အဆင်ပြေနေမှာ။
သခင်မထောင် သည် ရေချိုးခန်းထဲသို့ အရင်လျှောက်သွားကာ ဝေရှီဖန်က လိုက်ဝင်သွားတယ်။အနောက်ဘက်ကနေ ပွေ့ဖက်လိုက်ပြီး သူမလည်ပင်းကို ပြင်းပြင်းရှုရှိုက်လိုက်ကာ
"ဘေဘီ ကိုယ့်ကို သတိရလား "
"လွှတ်ပေး "
သခင်မထောင်သည် ဝေရှီဖန်ကို အလွန်ဒေါသထွက်နေပြီး၊ စစ်ရယ်သာ မသိခဲ့ပါက ဒီနေ့လိုဆိုးရွားသော အခြေအနေနဲ့ ဘယ်လိုလုပ် အဆုံးသတ်နိုင်မည်နည်း။
"ဘာဖြစ်လို့လဲ၊ က်ိုယ့်ချစ်သူကို ဘယ်သူက ဒေါသထွက်အောင်လုပ်တာလဲ"
ထောင်မင်ကျီကို လွှတ်ပေးရမယ့်အစား ဝေရှီဖန်က ရှေ့ကို ပိုတိုးလိုက်တယ်။ ထောင်မင်ကျီ သူ့ကိုကစားချင်နေမှန်း သူသိတာပေါ့။အပြစ်တင် ပြောဆိုနေပေမဲ့ သူ့ကိုယ်ကတော့ ရိုးသားနေခဲ့တယ်။
သူတို့ နှစ်ယောက် ရေချိုးခန်းထဲမှာ ရှိနေပြီး တံခါးအပြင်ဘက်တွင်ရှိနေသည့် ချန်ရှုက သူ့ပါးစပ်ကို ထိတ်လန့်တကြားဖုံးကာ ပေါ့ပေါ့ပါးပါးပြန် ထွက်ခွာသွားခဲ့သည်။သခင် မထောင်နှင့် ဝေရှီဖန်က ထိုသို့သောဆက်ဆံရေးမျိုးရှိနေမယ်လို့ သူ မမျှော်လင့်ထားပေ။
T/n _ of course! The gift on media is exactly what I looked like when I trans last part.....
Zawgyi
စစ္ရယ္ အသံရပ္သြားတာႏွင့္ အခန္းထဲရွိလူေတြ ႐ုတ္တရက္ တိတ္ဆိတ္သြားသည္။
"စစ္ရယ္၊ ဒါက စည္းကမ္းနဲ႔မညီဘူး"
စစ္ဝမ္ဖင္း သည္ စစ္ရယ္ရဲ႕အဓိပၸါယ္မဲ့တဲ့အျပဳအမူကို ရပ္တန႔္ရန္ ဦးေဆာင္လိုက္သည္။
"ဒီေနရာမွာ စည္းကမ္းနဲ႔လြဲတာ တစ္ခုမွမရွိဘူး "
စစ္ရယ္တျခားေသာစကားသံေတြကို လ်စ္လ်ဴရႈကာ သူ႔အၾကည့္က ခ်န္ရႈကိုပဲ တည့္တည့္စိုက္ၾကည့္ေနသည္။
ခ်န္ရႈလည္း ႐ုတ္တရက္ အခန္းထဲကလူေတြရဲ႕ အာ႐ုံစိုက္မႈကို ခံလိုက္ရတယ္။ဒီေကာင္ေလးမွာ ထိုင္ရဲတဲ့ သတၱိမရွိဘူးလို႔ လူတိုင္းက ယုံၾကည္ထားၾကသည္။ သို႔ေသာ္ သူတို႔ မွန္းဆခ်က္ မွားသြားခဲ့တယ္။ ခ်န္ရႈကတည္ၿငိမ္စြာနဲ႔ မတ္တပ္ထရပ္ၿပီး စစ္ရယ္ဆီသို႔ ေလွ်ာက္သြားကာ စစ္ရယ္ေဘးနားတြင္ထိုင္ရန္ ကုလားထိုင္ကို ယူလိုက္သည္။
စစ္ရိခ်န္က မယုံႏိုင္ျဖစ္သြားၿပီး မတ္တပ္ထရပ္
"အေဖ၊ သူအဲ့ဒီမွာ ထိုင္ခြင့္မရွိဘူး"
စစ္ရယ္ေဘးတြင္ထိုင္ခြင့္ရျခင္းရဲ႕အဓိပၸါယ္သည္ ထိုလူမွာ ျမင့္မားတဲ့အဆင့္တန္းရွိၿပီး အရည္အခ်င္းျပည့္ကာ စစ္မိသားစုတြင္လုံေလာက္သည့္ လုပ္ပိုင္ခြင့္ရွိသည္ဟု ဆိုလိုသည္။
ခ်န္ရႈက ျပင္ပမ်ိဴ႐ိုးကသခင္ေလး ျဖစ္တာေၾကာင့္ လုံေလာက္တဲ့ အဆင့္တန္းမရွိေပ။စစ္ရယ္က ခ်န္ရႈကို စစ္မိသားစုရဲ႕ေနာက္ထပ္ေခါင္းေဆာင္အျဖစ္ဆုံးျဖတ္ထားတာ ဒါမွမဟုတ္ သူ႔ကိုလက္ထပ္ၿပီး စစ္မိသားစုရဲ႕သခင္ျဖစ္ေစျခင္းမျပဳပါက ထိုေနရာတြင္ထိုင္ခြင့္မရွိေပ။
စစ္ရိခ်န္ရဲ႕စိတ္ထဲမွာေတာ့ ေနာက္ဆုံးတစ္ခုက မျဖစ္ႏိုင္ဘူးဆိုတာ ေသခ်ာေနတဲ့အတြက္ သူ႔အတြက္အေျဖက အရင္အတိုင္းပဲ၊ သူ႔ေနရာ ကို ခ်န္ရႈ သိမ္းပိုက္သြားၿပီ။
စစ္ရယ္ က စစ္ရိခ်န္ကို ဂ႐ုမစိုက္စြာစိုက္ၾကည့္ၿပီး
"ဘာလဲ?ဒီေနရာမွာလာထိုင္ၿပီး မင္းေျပာတာငါနားေထာင္ၾကည့္ရေအာင္"
စစ္ရိခ်န္က တုန္တုန္ယင္ယင္ျဖင့္ ေျခလက္ေတြ ေအးစက္သြားကာ
"မဟုတ္ဘူး... မဟုတ္ဘူး၊ ကြၽန္ေတာ္ အဲ့လိုဆိုလိုတာမဟုတ္ဘူး"
"ကြၽန္ေတာ္ထင္တာ.....ခ်န္ရႈအဲ့ေနရာမွာထိုင္ဖို႔ အရည္မခ်င္းမမွီဘူး အဲ့တာ စည္းကမ္းနဲ႔လဲမညီဘူး"
"သူက အရည္ခ်င္းမမွီဘူး ?"
စစ္ရယ္ က စစ္ရိခ်န္ကို မ်က္လုံးနဲ႔ပဲ ေမးလိုက္ရာ စစ္ရိခ်န္ရဲ႕ နဖူးေပၚက ေခြၽးေအးေတြ ထြက္လာ ေတာ့တယ္။
သူ အသက္ျပင္းျပင္းရွဴၿပီး အဆင္ေျပပါတယ္လို႔သူ႔ကိုယ္သူ ေျပာလိုက္သည္။ သူ႔အေဖက ခ်န္ရႈရဲ႕ အေတြးေတြကို သိရင္ ခ်န္ရႈကို မုန္းတီးၿပီး စစ္မိသားစုထဲက ႏွင္ထုတ္လိမ့္မယ္။ ထိုအခ်ိန္ဆို စစ္မိသားစုက သူ႔အပိုင္ျဖစ္လာၿပီ။
"ဟုတ္တယ္!"
စစ္ရိခ်န္ သည္ ေရွ႕ကိုအျမန္တိုးသြားကာ သူ႔ဖုန္းကိုထုတ္ျပၿပီး ဓာတ္ပုံကို ျပလိုက္သည္
"အေဖ၊ ၾကည့္လိုက္ အေဖသာ သူ႔ကိုသနားေနတာ အေဖ့ေနာက္ကြယ္မွာေတာ့ သူကအရွက္မဲ့တဲ့ လုပ္ရပ္ကို လုပ္ခဲ့တယ္..."
စစ္ရယ္က ပုံေတြကို ၾကည့္လိုက္တယ္။သူေရခ်ိဳးပုဝါကို ၀တ္ထားၿပီး ေရကူးကန္အနားတြင္ ထိုင္ေနတဲ့ပုံ၊ေလွကားထစ္တြင္ ထိုင္ကာ အက်ႌတစ္ထည္ႏွင့္ စာအုပ္ဖတ္ေနသည့္ပုံ၊ေဘာင္းဘီတိုတစ္ထည္သာ ၀တ္ထားၿပီး ေနာက္က်မွဆြဲထားတဲ့ပုံေတြအားလုံးမွာ လက္မွတ္ထိုးထားကိုေတြ႕လိုက္ရတယ္။ဒီပုံအားလုံးက ခ်န္ရႈလက္မွထြက္လာတဲ့ပုံေတြျဖစ္သည္။
စစ္ဝမ္ဖင္းလဲေဘးမွာ ရွိေနတဲ့အတြက္ စစ္ရိခ်န္ ရဲ႕ ဖုန္းထဲက ပန္းခ်ီပုံေတြကို ေတြ႕လိုက္ရတယ္။ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ယင္ေကာင္ေတြကို သတ္မိလုနီးပါးပင္။ ႐ိုး႐ိုးသားသားေျပာရရင္ ဒီပန္းခ်ီကားေတြက သာမန္ထက္မပိုပါဘူး၊ အငယ္တန္း ပန္းခ်ီဆရာတစ္ေယာက္ရဲ႕လက္ရာျဖစ္ေပမဲ့ အဆင့္တန္းရွိသည္။ အဝတ္အစားပိုင္း ပန္းခ်ီဆြဲထားတာကို ေျပာရရင္ေတာ့ နည္းနည္းေတာ့ သိကၡာမဲ့ေနတယ္။
စစ္ရိခ်န္က မနာလိုစိတ္နဲ႔ ေလာင္စာဆီ တမင္ထပ္ထည့္လိုက္တယ္
"အေဖ၊ ခ်န္ရႈမွာဒီလိုညစ္ပတ္တဲ့စိတ္ေတြ ရွိမယ္လို႔ မထင္ခဲ့ဘူးမလား၊ သူက အေဖ့ရဲ႕ၾကင္နာမႈနဲ႔ မထိုက္တန္ဘူး"
ထိုအခ်ိန္တြင္ စစ္ရိခ်န္သည္ သူ႔ရဲ႕စိတ္ကူးယဥ္ေအာင္ျမင္မႈထဲမွာ ႏွစ္ျမႇဳပ္ေနၿပီး သခင္မေထာင္က သူ႔ကိုမႏွစ္သက္သလိုၾကည့္ေနတဲ့အၾကည့္ကို လုံးဝသတိမထားမိဘူး။
အားလုံးရဲ႕မ်က္လုံးကလည္း ခ်န္ရႈႏွင့္ စစ္ရယ္တို႔ကို စူးစိုက္ၾကည့္ေနၾကသည္။စစ္ရယ္သည္ စစ္ရိခ်န္ဓာတ္ပုံ႐ိုက္ထားတဲ့ ခ်န္ရႈရဲ႕ ပန္းခ်ီကားေတြကို ၾကည့္ၿပီးေနာက္ သူခ်က္ခ်င္း စကားသံမထြက္လာခဲ့ေပ။
စစ္႐ႊယ္က်ိဳးက လန႔္သြားေပမဲ့ လက္သီးကို တင္းတင္းဆုပ္ၿပီး မတ္တပ္ထရပ္ကာ
"မဟုတ္ဘူး..၊ ခ်န္ရႈရဲ႕ပန္းခ်ီကားေတြကို ကြၽန္ေတာ္အခုပဲ ၾကည့္ခဲ့တာ၊ တကယ္လို႔ ခ်န္ရႈသာ စန္းေကာအေပၚ ဒီလိုမ်ိဳး ေတြးေနတယ္ဆိုရင္ သူကြၽန္ေတာ့္ကို လြယ္လြယ္နဲ႔ဘယ္ျပမလဲ! ”
စစ္ရိခ်န္ရဲ႕မ်က္ႏွာသည္ မည္းေမွာင္လာၿပီး သူ႔မ်က္လုံးမ်ားက စစ္႐ႊယ္က်ိဳးကို စိုက္ၾကည့္လိုက္သည္။ခ်န္ရႈလဲ စစ္႐ႊယ္က်ိဳးအခုလိုအခိုက္အတန႔္တြင္ အမွန္တကယ္ ကူညီေပးလိမ့္မယ္လို႔ သူ မေမွ်ာ္လင့္ထားခဲ့ဘူး။
လုရိသည္ စစ္႐ႊယ္က်ိဳးကိုထိုင္ခိုင္းၿပီး
"မင္းနဲ႔မဆိုင္ရင္ ဝင္မပါနဲ႔"
သူ႔အေမက သတိေပးၿပီးေနာက္ စစ္႐ႊယ္က်ိဳးစကားျပန္မေျပာရဲေတာ့ဘဲ ေခါင္းငုံ႔ကာ လက္ကိုတင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားလိုက္သည္။
"ငါတို႔စစ္မိသားစုမွာ ဒီလိုအက်င့္ပ်က္တာမ်ိဳးမရွိဘူး၊ခ်န္ရႈ မင္း ဒီပန္းခ်ီကားေတြကို ဆြဲခဲ့လား"
စစ္ဝမ္ဖင္းက ေအးစက္ေသာ မ်က္ႏွာျဖင့္ ေမးလိုက္သည္။
စစ္ရယ္ရဲ႕စူးစူးစိုက္စိုက္ၾကည့္ေနတဲ့ အၾကည့္ေအာက္တြင္ ခ်န္ရႈကႏႈတ္ခမ္းကို ကိုက္လိုက္ၿပီး
"ကြၽန္ေတာ္ ဆြဲထားတာ"
လို႔ ေခါင္းညိတ္ျပလိုက္သည္။
စစ္ဝမ္ဖင္းက အေျဖကို ေသခ်ာၾကားၿပီးေနာက္ သူမမ်က္ႏွာက ပိုျပင္းထန္လာကာ
"ဘာလို႔ စစ္ရယ္ပုံကို ဆြဲခဲ့တာလဲ"
ခ်န္ရႈက စစ္ဝမ္ဖင္း ကို သက္ေတာင့္သက္သာစိုက္ၾကည့္လိုက္ၿပီး သူမကို
"ပန္းခ်ီဆြဲခ်င္တယ္ဆို ဆြဲလိုက္တာပဲေလ တျခားအေၾကာင္းျပခ်က္ လိုေသးလို႔လား" ဟု ေမးလိုက္သည္။
ဆူပြက္ေနတဲ့ေရကို မေၾကာက္တဲ့ ဝက္ေသလိုသေဘာထားရွိေနတဲ့ခ်န္ရႈေၾကာင့္ စစ္ဝမ္ဖင္း အနည္းငယ္ စိတ္တိုသြားေပမဲ့ သူမအသံကို ဖုံးသြားေအာင္ စစ္ရယ္က စကားစေျပာလိုက္တယ္။
"ပန္းခ်ီကားေတြက အရမ္းေကာင္းပါတယ္၊ ဒါေပမယ့္ စာဖတ္ေနတဲ့ပုံကို ပိုသေဘာက်တယ္"
ခ်န္ရႈက သူမသိေအာင္ပုံေတြဆြဲခဲ့လိမ့္မယ္လို႔ စစ္ရယ္မထင္ထားခဲ့ေပ။ဒါက ခ်န္ရႈ႕အတြက္ သူကနည္းနည္းေလး ပိုကြဲျပားေနတယ္လို႔ ဆိုလိုတာမလား။
စစ္မိသားစုေရွ႕မွာ စစ္ရယ္ပုံဆြဲခဲ့တာကို ေဖာ္ထုတ္ခံလိုက္ရတဲ့အခါ ခ်န္ရႈထိတ္လန႔္သလို မခံစားခဲ့ရေပမယ့္ စစ္ရယ္ပါ ဒီအေၾကာင္းကို သိသြားေတာ့ အနည္းငယ္ရွက္သြားခဲ့တယ္။
"ဟုတ္ကဲ့"
ခ်န္ရႈသည္ လူမ်ားေရွ႕မွာ စစ္ရယ္ကို ရွင္းျပဖို႔မျဖစ္ႏိုင္တာေၾကာင့္ က်ည္ဆန္ကို ကိုက္ထား႐ုံကာ သေဘာတူ႐ုံသာရွိေတာ့သည္။
စစ္ရယ္ရဲ႕တုံ႔ျပန္မႈသည္ လူတိုင္းေမွ်ာ္လင့္ထားတာထက္ ေက်ာ္လြန္သြားခဲ့သည္၊ အထူးသျဖင့္ စစ္ရိခ်န္.. သူအံၾသသြားၿပီး စစ္ရယ္ကို မယုံၾကည္ႏိုင္စြာ ၾကည့္ကာ
"အေဖ... ခ်န္ရႈ..."
သူ႔စကားမဆုံးခင္မွာပဲ စစ္ရယ္က
"ျဖစ္ၿပီးတာေတြ ထားလိုက္ေတာ့ မင္းတို႔အားလုံးကို ငါအသိေပးစရာရွိတယ္" လို႔ စစ္ရိခ်န္ေျပာလာမဲ့စကားေတြကို တားလိုက္တယ္။
စစ္ရယ္က အေရးႀကီးသည္ဟု ေျပာလာတဲ့အခါ အားလုံးက ခ်က္ခ်င္းပင္ လက္ထဲက တူေတြကို ခ်လိုက္ကာ မတ္မတ္ထိုင္လိုက္ၿပီး စစ္ရယ္ကို အတူတူ ၾကည့္လိုက္ၾကသည္။
အၿမဲအၿပဳံးရယ္မရွိတဲ့ စစ္ရယ္ရဲ႕မ်က္ႏွာက အနည္းငယ္ ၿပဳံးလာကာ စားပြဲေပၚမွာရွိေနတဲ့ ခ်န္ရႈလက္ကို ကိုင္ရန္ သူ႔လက္ကို ဆန႔္ထုတ္လိုက္သည္။ ခ်န္ရႈကို တစ္ခ်က္ၾကည့္ကာ လူတိုင္းကိုၾကည့္ၿပီး
"ငါနဲ႔ ေရွာင္ရႈ လက္ထပ္ၿပီးၿပီ" လို႔ေျပာလိုက္တယ္။
သူ႔စကားမ်ားက ျပင္းျပင္းထန္ထန္ေပါက္ကြဲသြားတဲ့ ဗုံးတစ္လို ျဖတ္သြားၿပီး လူတိုင္းရဲ႕အသိစိတ္ေတြ ခနေလာက္အဆက္ျပတ္သြားခဲ့သည္။ႀကိဳသိေနတဲ့ သခင္မေထာင္ သာလွ်င္ ဂ႐ုမစိုက္သလို ထိုင္ေနခဲ့တယ္။
စစ္ရိခ်န္ ထိုသတင္းကို သူ႔ဦးေႏွာက္ကမေခ်ဖ်က္ႏိုင္ခင္မွာပင္ စစ္ရယ္ကခ်န္ရႈလက္ကို ကိုင္ထားၿပီး
" ေရွာင္ရႈကို ေနာက္တစ္ခါ ေဖေဖလို႔ ေျပာင္းေခၚရမယ္" လို႔ေျပာလိုက္တယ္။
ထိုစာေၾကာင္းက စစ္ရိခ်န္ကို ခုနကထက္ ထိတ္ျပာသြားကာ က်ည္ဆံထိမွန္သြားသလို ခံစားရေစသည္။
စစ္ရယ္ကို နားမလည္ႏိုင္စြာစိုက္ၾကည့္ၿပီးေနာက္ ခ်န္ရႈ ကိုျပန္ၾကည့္လိုက္တယ္။ ခ်န္ရႈက သူ႔ကို အၿပဳံးမဟုတ္တဲ့အၿပဳံးျဖင့္ ၾကည့္ေနၿပီး ပါးစပ္ကို ဖြင့္ကာ
"ခ်န္အာ" ဟု တိတ္တဆိတ္ ေျပာလိုက္သည္။
အခ်ိန္တိုအတြင္း စစ္ရိခ်န္ သည္ ေမွ်ာ္စင္ေပၚမွာျပဳတ္က်သြားသလို ခံစားလိုက္ရတာ ေနရာ၌ပင္ လဲက်လုနီးပါးျဖစ္သြားသည္။
သူ ငယ္ငယ္ေလးကတည္းက မုန္းေနခဲ့တဲ့သူ သတ္ပစ္ခ်င္တဲ့အထိ မုန္းေနတဲ့သူက သူ႔ပေထြးျဖစ္လာၿပီ။
ခ်န္ရႈက သူ႔ရဲ႕ အေမြဆက္ခံသူရာထူးကို လုယူေတာ့မယ္လို႔ ေတြးကာ အျပည့္အဝ ကာကြယ္ထားေသာ္လည္း ခ်န္ရႈက ထိုအဆင့္ကိုတိုက္႐ိုက္ေက်ာ္ျဖတ္ၿပီး သူ႔ရဲ႕ အႀကီးေနရာကို ရသြားတယ္။
စစ္ရိခ်န္ရဲ႕စိတ္ထဲတြင္ ရႈပ္ေထြးေနၿပီး လုံးဝနားမလည္ႏိုင္ေပ။
ထုန္က်ရွီက ပိုလို႔ေတာင္ အံ့ၾသသြားၿပီး သူ႔လက္ထဲက ပန္းကန္ျပား က်ကြဲသြားခဲ့တယ္။ မျဖစ္ႏိုင္ဘူး။ခ်န္ရႈကို စစ္ရယ္ကဘာလို႔လက္ထပ္ရမွာလဲ။ စစ္ရယ္မွာ သူႀကိဳက္တဲ့လူမရွိဘူးလား။
သူ႔ရဲ႕လႈပ္ရွားမႈေၾကာင့္ ထိတ္လန႔္ကာအသိစိတ္မကပ္တဲ့လူမ်ားကို သူတို႔ရဲ႕အာ႐ုံမ်ားဆီသို႔ ျပန္လည္ ပို႔ေဆာင္ခဲ့သည္။
စစ္ဝမ္ဖင္းက သေဘာမတူတဲ့ေလသံနဲ႔
"မင္းဘာေတြေျပာေနတာလဲ။ဒီ အေၾကာင္းသာျပန႔္သြားရင္ ငါတို႔မိသားစုက မင္းအတြက္ ေခြၽးမကို ကေလးအ႐ြယ္ထဲက ပ်ိဳးေထာင္ ေပးခဲ့တယ္ဆိုၿပီး တျခားသူေတြ ငါတို႔ကို ေလွာင္ၾကလိမ့္မယ္"
စစ္ဝမ္ဖင္းဆီက "ေခြၽးမ" ဆိုတဲ့စကားလုံးသုံးလုံးကို ၾကားရတဲ့အခါ စစ္ရယ္က အဓိပၸါယ္ရွိစြာ ၿပဳံးလိုက္သည္။ခ်န္ရႈ က သူ႔အိမ္ရဲ႕ ေခြၽးမပဲေလ။
"ဟုတ္တယ္ စစ္ရယ္ အိမ္ေထာင္ျပဳတာ အေသးအဖြဲ ကိစၥမဟုတ္ဘူး၊ စိတ္အလိုမလိုက္နဲ႔"
စစ္ေယာင္ေဝကလည္း စစ္ရယ္ကို စည္း႐ုံးလာခဲ့သည္၊ အိမ္ေထာင္ျပဳတာက တျခားလူအတြက္ အေမြခြဲထုတ္ရမယ္လို႔ ဆိုလိုတာပဲ ျဖစ္သည္။
စစ္ရယ္က
“ငါတို႔က တရားဝင္လက္ထပ္ၿပီးသြားၿပီ” လို႔ ထပ္ေျပာလိုက္သည္။
"ဘာလဲ?! တရား႐ုံးမွာ မွတ္ပုံတင္ၿပီးၿပီလား?"
စစ္ဝမ္ဖင္းသည္ အံ့အားသင့္ေသာအၾကည့္ျဖင့္ ေနရာမွ ဆတ္ခနဲ ထရပ္လိုက္သည္။
"ေဒၚေလး ဘာလို႔ အရမ္းစိတ္လႈပ္ရွားေနတာလဲ။ အိမ္ေထာင္ျပဳတာက ေကာင္းတဲ့ကိစၥမဟုတ္ဘူးလား။ကြၽန္ေတာ္ တစ္သက္လုံး တစ္ေယာက္ထဲေနသြားမယ္လို႔ ထင္ေနတာလား"
စစ္ရယ္မ်က္လုံးမ်ား ေမွးက်ဥ္းလိုက္ၿပီး စစ္ဝမ္ဖင္းအေပၚ ဖိအားေတြ တိုးလာခဲ့သည္။
သူမပါးစပ္ေထာင့္ေတြကို အံႀကိတ္ကာ လႈပ္ရွားလိုက္ၿပီး
"ဒါေပါ့ လက္ထပ္တာက ေကာင္းတဲ့ကိစၥပါ၊ ဒါေပမယ့္ ဒီေလာက္ထိ ၿပီးစလြယ္လုပ္လို႔မရဘူး။ ခ်န္ရႈက ေယာက္်ားေလး ျဖစ္ေနၿပီး သူ႔အဆင့္တန္းကလဲ ႏွိမ့္က်တယ္။ ၿပီးေတာ့အသက္ဆယ့္ရွစ္ႏွစ္က ကေလးပဲရွိေသးတာ။ အိမ္ေထာင္ဆိုတာ ဘယ္လိုမ်ိဳးလဲဆိုတာ သူနားမလည္ဘူး"
စစ္ရယ္ စကားျပန္မေျပာခင္မွာ ခ်န္ရႈက
"မသင့္ေတာ္တဲ့ အေၾကာင္းျပခ်က္ေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္က အန္ကယ္စစ္နဲ႔ အတူေနရမွာေလ။ ဘယ္လိုေနရမယ္ ျပဳမူရမယ္ဆိုတာ အန္ကယ္စစ္အေပၚပဲ မူတည္တယ္။ အန္ကယ္စစ္ ကြၽန္ေတာ့္ကို သင္ေပးႏိုင္တာပဲ"
စစ္ဝမ္ဖင္း က ခ်န္ရႈကို ေအးစက္စြာ စိုက္ၾကည့္လိုက္ၿပီး
"ငယ္ေသးေတာ့ လွ်ာထက္ေနတယ္ေပါ့၊ စစ္ရယ္က နင္နဲ႔ဦးေလးေတာ္တယ္၊ နင္တို႔မရွက္ၾကဘူးလား "
ခ်န္ရႈက မတုန္မလႈပ္ ေလွာင္ေျပာင္သံႏွင့္-
"ထူးဆန္းလိုက္တာ။ အန္ကယ္စစ္နဲ႔ ကြၽန္ေတာ့္မွာ ေသြးသားေတာ္စပ္မႈမရွိဘူး။ အန္ကယ္စစ္ကအိမ္ေထာင္မရွိသလို ကြၽန္ေတာ္လည္း လူပ်ိဳျဖစ္ေနတာ ဘာလို႔ အတူေနလို႔မရ ရမွာလဲ အခ်စ္ေၾကာင့္ ျဖစ္လာတာ သဘာဝပဲကို"
သူစကား ေျပာေလ၊ စစ္ဝမ္ဖင္း ခ်န္ရႈကို အထင္ေသးလာေလပဲ။ ခ်န္ရႈကိုျပင္းထန္စြာ အျပစ္တင္ေတာ့မယ့္အခ်ိန္မွာ စစ္ရယ္က ကိုင္တြယ္လိုက္သည္။
"ငါက မင္းတို႔ကို အသိေပး႐ုံပဲ ဘယ္သူ႔ရဲ႕ထင္ျမင္ခ်က္ကိုမွ ေတာင္းေနတာမဟုတ္ဘူး"
"ငါတို႔ရဲ႕ မဂၤလာပြဲကို အမ်ိဳးသားေန႔မွာ စီစဥ္ထားတယ္ အခ်ိန္ေပးၾကဖို႔ မေမ့နဲ႔"
စစ္ရယ္က သူ႔ရဲ႕ေနာက္ဆုံးစကားကို ေျပာလိုက္ၿပီး အားလုံးကို ေခ်ပဖို႔ အခြင့္အေရးမေပးခဲ့ေပ။စစ္ရယ္က သူနဲ႔မဂၤလာေဆာင္မယ္လို႔ မေျပာခဲ့တာေၾကာင့္ ခ်န္ရႈအံ့ၾသသြားခဲ့သည္။
စစ္ရယ္ကို ေမးခ်င္ေပမဲ့ စစ္ရယ္က သူ႔ကိုၾကည့္လာၿပီး နားထဲတြင္ တိုးတိုးေလးကပ္ကာ
"ခဏေနမွ ထပ္ေျပာရေအာင္"
ခ်န္ရႈနဲ႔ စစ္ရယ္ကလြဲရင္ ဘယ္သူမွ ထမင္းေကာင္းေကာင္းမစားႏိုင္ၾကဘူး။
ညစာစားၿပီးတဲ့ေနာက္ စစ္ဝမ္ဖင္း သည္ စစ္ရယ္ႏွင့္ စကားေျပာရန္ အေျပးအလႊားသြားၿပီး စစ္ရယ္ကို သူမႏွင့္အတူ စကားေျပာရန္ တိုက္႐ိုက္ေတာင္းဆိုခဲ့သည္။
"မရီး ဒီအေၾကာင္းကို သိလား"
စစ္ေယာင္ေဝ သည္ ယေန႔တြင္ သခင္မေထာင္ အနည္းငယ္ ပုံမွန္မဟုတ္ေၾကာင္း ခံစားရၿပီး သူမကို ေမးရန္ ေျခလွမ္းျပင္လိုက္သည္။
သခင္မေထာင္သည္ လက္ဖက္ရည္ကို ယူလိုက္ၿပီး
"အင္း"
ေျပျပစ္စြာ ေသာက္လိုက္သည္။
"မကန႔္ကြက္ခဲ့ဘူးလား? အစ္ကိုႀကီးက စစ္ရယ္ ေယာက္်ားေလးေတြသေဘာက်တာကို အၿမဲတမ္း ကန႔္ကြယ္ခဲ့တာမလား"
စစ္ရယ္ လိင္တူသေဘာက်ေၾကာင္း သိသြားတဲ့ အခ်ိန္ စစ္အိမ္ေတာ္တစ္ခုလုံး ထိတ္လန႔္သြားခဲ့ၾကတာေၾကာင့္ စစ္ေယာင္ေဝလဲ ထိုအေၾကာင္းကို သိေနခဲ့သည္။ သူကေတာ့ အႏုပညာသမားျဖစ္တဲ့အတြက္ ဤအခ်က္ႏွင့္ စပ္လ်ဥ္းၿပီး လက္ခံႏိုင္ေသာ္လည္း သူ႔အကိုႀကီးႏွင့္ မရီးက လိင္တူသေဘာက်တာကို အၿမဲကန႔္ကြက္ခဲ့ၿပီး စစ္ရယ္ကို ေဆးကုသရန္ပင္ ေဆး႐ုံသို႔ ပို႔လိုေၾကာင္း သတိရမိသည္။ ေနာက္ဆုံးမွာ စစ္ရယ္ရဲ႕အစ္ကိုအႀကီးဆုံး စစ္က်င္းဝမ္က ဒီအေျခေနကို တားခဲ့ရသည္။
“ငါအသက္ႀကီးေနၿပီ ဒီလိုကိစၥေတြသိပ္ဝင္မပါခ်င္ေတာ့ဘူး ၊သားသမီးေတြနဲ႔ ေျမးေတြေတာင္ရွိေနၿပီ ”
သခင္မေထာင္ က လ်စ္လ်ဴရႈထားေၾကာင္း ျပန္ေျဖလိုက္တယ္၊ စစ္ေယာင္ေဝသည္ သူမ႐ိုးသားျခင္းရွိမရွိ မ်က္ႏွာကေန မေဖာ္ထုတ္ႏိုင္ေပ။
စစ္ေယာင္ေဝသည္ ခ်ီတုံခ်တုံျဖင့္သာ ထြက္သြားၿပီးေနာက္ သခင္မေထာင္လည္း ထကာ ထြက္ခြာသြားခဲ့သည္။
ဆိုဖာေပၚထိုင္ၿပီး သူ႔သားနဲ႔ က်ီစယ္ေနတဲ့ ေဝရွီဖန္က သခင္မေထာင္ ထြက္သြားတာကို လွမ္းျမင္လိုက္တယ္။ သူသည္ သူ႔အဝတ္အစားတြန႔္ေၾကေနတာမ်ားကို ပြတ္သပ္ကာ သူ႔ေယာကၡမ က်န႔္ဟုန္ေခ်ာင္ အား
"အေဖ၊ ကြၽန္ေတာ္ ေဆးလိပ္ေသာက္ဖို႔ အျပင္သြားလိုက္ဦးမယ္" လို႔ ေျပာလိုက္သည္။
"သြား"
က်န္႔ဟုန္ေခ်ာင္လဲ ေဝရွီဖန္ကို ဒီမွာ မရွိေစခ်င္တာေၾကာင့္ ႐ြံ႕ရွာစြာ လက္လွမ္းျပလိုက္တယ္။
ေဝရွီဖန္သည္ လက္ႏွစ္ဘက္လုံးကို အိတ္ကပ္ထဲထည့္ၿပီး သခင္မေထာင္ သြားတဲ့လမ္းအတိုင္း ေအးေအးေဆးေဆးလိုက္သြားၿပီး လသာေဆာင္တြင္ ဖုန္းေျပာေနသည့္ စစ္က်င္ကို အမွတ္မထင္ေတြ႕လိုက္ရကာ ဝမ္းသာအားရ ၿပဳံးၿပီး ဖုန္းေျပာေနတာေၾကာင့္ သူ႔ကိုပင္သတိမထားမိေပ။
သူတို႔ ႏွစ္ေယာက္လုံး ကိုယ့္လမ္းတိုင္းကိုယ္ေလွ်ာက္ေနၾကၿပီး တစ္ေယာက္ကိုတစ္ေယာက္ ေကာင္းေကာင္းသိေနတာေၾကာင့္ တျခားလူေတြအိမ္ကိုသတင္းျပန္မပို႔သေ႐ြ႕ေတာ့ အဆင္ေျပေနမွာ။
သခင္မေထာင္ သည္ ေရခ်ိဳးခန္းထဲသို႔ အရင္ေလွ်ာက္သြားကာ ေဝရွီဖန္က လိုက္ဝင္သြားတယ္။အေနာက္ဘက္ကေန ေပြ႕ဖက္လိုက္ၿပီး သူမလည္ပင္းကို ျပင္းျပင္းရႈရႈိက္လိုက္ကာ
"ေဘဘီ၊ ကိုယ့္ကို သတိရလား "
"လႊတ္ေပး "
သခင္မေထာင္သည္ ေဝရွီဖန္ကို အလြန္ေဒါသထြက္ေနၿပီး၊ စစ္ရယ္သာ မသိခဲ့ပါက ဒီေန႔လိုဆိုး႐ြားေသာ အေျခအေနနဲ႔ ဘယ္လိုလုပ္ အဆုံးသတ္ႏိုင္မည္နည္း။
"ဘာျဖစ္လို႔လဲ၊ က္ိုယ့္ခ်စ္သူကို ဘယ္သူက ေဒါသထြက္ေအာင္လုပ္တာလဲ"
ေထာင္မင္က်ီကို လႊတ္ေပးရမယ့္အစား ေဝရွီဖန္က ေရွ႕ကို ပိုတိုးလိုက္တယ္။ ေထာင္မင္က်ီ သူ႔ကိုကစားခ်င္ေနမွန္း သူသိတာေပါ့။အျပစ္တင္ ေျပာဆိုေနေပမဲ့ သူ႔ကိုယ္ကေတာ့ ႐ိုးသားေနခဲ့တယ္။
သူတို႔ ႏွစ္ေယာက္ ေရခ်ိဳးခန္းထဲမွာ ရွိေနၿပီး တံခါးအျပင္ဘက္တြင္ရွိေနသည့္ ခ်န္ရႈက သူ႔ပါးစပ္ကို ထိတ္လန႔္တၾကားဖုံးကာ ေပါ့ေပါ့ပါးပါးျပန္ ထြက္ခြာသြားခဲ့သည္။သခင္ မေထာင္ႏွင့္ ေဝရွီဖန္က ထိုသို႔ေသာဆက္ဆံေရးမ်ိဳးရွိေနမယ္လို႔ သူ မေမွ်ာ္လင့္ထားေပ။
T/n _ of course! The gift on media is exactly what I looked like when I trans last part.....