ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့...

By Dandelion_nini

5.2M 711K 55K

Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking fin... More

Synopsis
အသိပေးစာ
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35.1
Chapter 35.2
Chapter 35.3
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140
Chapter 141
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155
Chapter 156
Chapter 157
Chapter 158
Chapter 159
Chapter 160
Chapter 161
Chapter 162
Chapter 163
Chapter 164
Chapter 165
Chapter 166
Chapter 167
Chapter 168
Chapter 169
Chapter 170
Chapter 171
Chapter 172
Chapter 173
Chapter 174
Chapter 175
Chapter 176
Chapter 177
Chapter 178
Chapter 179
Chapter 180
Chapter 181
Chapter 182
Chapter 183
Chapter 184
Chapter 185
Chapter 186
Chapter 187
Chapter 188
Chapter 189
Chapter 190
Chapter 191 [ Final ]
ကျေးဇူးတင်လွှာနဲ့ Extraအကြောင်း
Updates and fanarts
About Car

Chapter 23

29.1K 4K 90
By Dandelion_nini

Unicode

ကျီးဆိုတဲ့စကားလုံးနောက်ကွယ်က အဓိပ္ပါယ်
__________________________________

ယန်းချင်းချီ မျက်လုံးကိုဖွင့်လိုက်တဲ့အခါ သူ့ကိုကြည့်နေသော ချီချီကိုတွေ့လိုက်ရသည်။ ပါးစပ်ကိုတင်းတင်းစေ့ထားကာ မျက်ခုံးလေးမှာအနည်းငယ်တွန့်ချိုးနေသည်။ သူ့ရဲ့ ကြောင်မျက်လုံးဝိုင်းကြီးများမှာလည်း မျက်ရည်အပြည့်ဖြင့် သိသိသာသာကိုဝမ်းနည်းနေပုံ။ ထိုမျက်ရည်များက မျက်တောင်တစ်ချက်ခတ်လိုက်ရုံနဲ့တင်ကို စီးကျလာတော့မယောင်။ ထိုကဲ့သို့ချုပ်တည်းနေသော ပုံလေးကိုတွေ့လိုက်ရတော့ ယန်းချင်းချီ နှလုံးမနာပဲမနေနိုင်ခဲ့။

သူ ခေါင်းကိုခါလိုက်ကာ ချီချီကို ညင်ညင်သာသာလေးပြောလာသည်။

''ဘယ်လိုလုပ်မကြိုက်ပဲနေရမှာလဲ စကားပြောရင် မှားပြောတယ် မှန်ပြောတယ်ဆိုတာမှ မရှိတာ ဘယ်လိုလုပ်ပါးပါးက ချီချီကိုမကြိုက်ပဲနေရမှာလဲ ''

ချီချီက စကားမပြောလာခဲ့ သူ့ကိုဝမ်းနည်းနေသည့် မျက်လုံးများဖြင့်သာ ကြည့်လာသည်။

''ချီချီ '' ယန်းချင်းချီ ကလေးခေါင်းလေးကို ပွတ်သပ်လိုက်ကာ ''ကိုယ့်ကိုကိုယ် သဘောကျလား အခြားလူတွေ ဥပမာ ပါးပါးတို့ ဒယ်ဒီတို့ကရော ချီချီကို သဘောကျတယ်လို့ထင်လား ''

ချီချီမသိပါ။ သူ့ကို ကျန်းမော့ချန်တို့ ယန်းချင်းချီတို့ သဘောကျလား မကျဘူးလား ဘယ်လောက်အထိသဘောကျလဲ သူမသိပါ။ သူ့အမေကလည်း အမေ့သားလေးကိုအချစ်ဆုံးလို့ ပြောခဲ့ဖူးသော်ငြား နောက်ဆုံးတွင် သူ့ကိုစွန့်ပစ်ခဲ့သည်။ လူကြီးတွေပြောသည့် အချစ်ဆိုတဲ့အရာက နားလည်ဖို့တကယ်ခက်ခဲသည်။ ကြိုက်ပါတယ် မွေးစားချင်ပါတယ်ဆိုပြီး မိဘမဲ့ဂေဟာကိုလာကြည့်ကြသည့် လူအများကြီးရှိသည်။ သို့သော် အဆုံးတွင် သူတို့တယောက်ကိုမှ ခေါ်မသွားခဲ့ပေ။ သူတို့ရုတ်တရက်ကြီးစိတ်ပြောင်းသွားကာ သူတို့စကားကိုပြန်ရုတ်သိမ်းသွားကြသည်။ ထို့ကြောင့် လူကြီးတွေပြောသည့် ချစ်တယ်ကြိုက်တယ်များက အစစ်လား လိမ်တာလား သူမသိသလို သူ့ကိုတကယ်ကြိုက်ကြလား မကြိုက်ကြဘူးလားလည်း သူမခန့်မှန်းတတ်ပေ။

သူ ယန်းချင်းချီကို ဝမ်းနည်းနေသော အကြည့်လေးဖြင့်ကြည့်နေကာ ဘာမှမပြောခဲ့။ ဒီတိုင်းသာဆက်နေရင် မကြာခင်ငိုချတော့မည့်ပုံပင်။

''ချီချီ သားရဲ့နာမည်အပြည့်အစုံကို မှတ်မိလား ''

''ကျန်းကျီးချီ *''

''မှန်တယ် အဲ့ဒါဆို အဲ့ထဲကမှ ကျီးဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်ကိုရောသိလား ''

ချီချီခေါင်းကိုခါလိုက်သည်။

''ကျီးဆိုတဲ့ အဓိပ္ပါယ်က '၏' အဲ့တော့ ကျန်းကျီးချီဆိုတာ 'ကျန်းမော့ချန်၏ ချီချီ' ဆိုတဲ့ အဓိပ္ပါယ်လေ ဒါကြောင့် သားက သားဒယ်ဒီရဲ့ထာဝရချီချီလေးဖြစ်နေမှာ သူ့ရဲ့ချီချီ သူ့ရဲ့ကလေးလေး အဲ့လိုဆိုလိုတာ နားလည်လား ''

ချီချီကသိပ်တော့နားမလည်ပေ။

''ထာဝရဆိုတာဘယ်လောက်ကြာလဲ ''

''အကြာကြီးပေါ့ သားဘဝတစ်လျှောက်လုံး သားဒယ်ဒီရဲ့ဘဝတစ်လျှောက်လုံး ''

''ဘဝတစ်လျှောက်လုံးဆိုတာကရော ဘယ်လောက်ကြာလဲ ''

''အခုချီချီက ငါးနှစ်ပဲရှိသေးတယ် သူ့ချီချီလေးပဲ နောက်ချီချီကကြီးလာလို့ 15နှစ်ဖြစ်လာမယ် အဲ့အချိန်ထိလည်း သူ့ရဲ့ချီချီပဲ သား အသက်50အထိ ကြီးလာလည်း သူ့ချီချီလေးဆက်ဖြစ်နေဦးမှာပဲ ''

''ဒါ...ဒါဆို ချီချီက အသက် 500ဆိုရင်ရော ''

ယန်းချင်းချီ ကလေးဆန်သည့် စကားလေးကြောင့်ရယ်လိုက်ကာ

''အင်းပေါ့ ချီချီက အသက် 500အထိနေနိုင်သေးရင် အသက်500အထိ ကျန်းမော့ချန်ရဲ့ချီချီလေးဖြစ်နေဦးမှာပဲ ''

''ချီချီက အသက်500အထိနေနိုင်မှာလား ''

''ဒါပေါ့ '' ယန်ချင်းချီမျက်နှာပြောင်ပြောင်နဲ့ပဲ ချော့လိုက်သည်။

''ချီချီက နှစ်တွေအကြာကြီး အသက်ရှင်နေနိုင်မှာ ''

''ဟို ကာတွန်းကားထဲက အသက်1000ရှိနေတဲ့ ပညာရှိအဖိုးအိုကြီးလိုလား ''

''အမှန်ပဲ '' ယန်းချင်းချီ ခေါင်းငြိမ့်ပြလိုက်ကာ
''သား အသက်ဘယ်လောက်ပဲဖြစ်ဖြစ် သားကသူ့ရဲ့ထာဝရချီချီလေးပဲ ''

ချီချီထိုစကားလေးကြားတော့ တဖြည်းဖြည်းနဲ့ သူ့ရဲ့ ညင်သာပြီး ရှက်သွေးဖြာနေသော အပြုံးလေးကိုပြုံးပြလာသည်။

''အဲ့ဒါကြောင့်မို့ ပါးပါးကရော သားဒယ်ဒီကရော ချီချီ့ကို အရမ်းချစ်တယ် သား အဲ့လို သိထားရမယ် ''

ချီချီသူ့ကိုကြည့်နေကာ တော်တော်လေးကြာမှ ခေါင်းလေးကို ဖြေးဖြေးလေး ငြိမ့်ပြလာသည်။

''ဒါပေမဲ့ ပါးပါးတို့ပဲ ချီချီ့ကို ကြိုက်နေလို့မပြီးသေးဘူး ချီချီကိုယ်တိုင်ကလည်း ကိုယ့်ကိုကိုယ် ကြိုက်ရမယ် ''

''ချီချီကို ချီချီ ဘယ်လိုကြိုက်ရမလဲ ချီချီက အစကတည်းက ချီချီပဲ မဟုတ်ဘူးလား ချီချီကိုချီချီ ဘယ်လိုပြန်ကြိုက်ရမလဲ ''

''အဲ့ဒါကအရမ်းလွယ်တယ် သားကိုသား နည်းနည်းလေးပိုကောင်းအောင်ဆက်ဆံရမယ် နည်းနည်းလောက် ကိုယ့်ကိုကိုယ်ပိုယုံကြည်မှုရှိလာအောင်လုပ်ရမယ် နည်းနည်းလေး ပိုသတ္တိရှိပေးရမယ် ကိုယ့်ကိုကိုယ် အိပ်ယာကထတိုင်းပြောရမယ် 'ပါးပါးနဲ့ဒယ်ဒီကလည်း ငါ့ကိုချစ်တယ် အဘိုးနဲ့အဘွားတွေကလည်းငါ့ကိုအရမ်းချစ်တယ် တီတီတွေကလည်း ငါ့ကိုအရမ်းသဘောကျတယ် အဲ့တော့ချီချီကလည်း ကိုယ့်ကိုကိုယ်အရမ်းကြိုက်တယ်' အဲ့လိုလေးပြောပေး ချီချီကြိုက်တာရှိရင် ပါးစပ်ကနေထုတ်ပြောရမယ် မကြိုက်တာရှိလည်း သူများကိုသိစေရမယ် တကယ်လို့ရှက်တယ်ဆိုလည်း အခုလိုလေး ပါးပါးကိုတိုးတိုးလေး လာပြောလို့ရတယ် မလွယ်ဘူးလား ''

ချီချီစဥ်းစားနေလိုက်သည်။ သူခေါင်းလေးကို ယန်းချင်းချီပုခုံးလေးပေါ်တင်လိုက်ကာ တွန့်ဆုတ်တွန့်ဆုတ်အသံလေးဖြင့်မေးလာသည်။

''တကယ်လို့ ချီချီကြိုက်တာကို ပါးပါးမကြိုက်ရင်ရော ဘယ်လိုလုပ်မလဲ ''

''အဲ့ဒါအဆင်ပြေပါတယ် ချီချီက ကလေးလေးလေ ပါးပါးက ကလေးကြီး ကလေးလေးနဲ့ကလေးကြီးက ဘယ်လိုလုပ်ကြိုက်တာတွေ တူနိုင်မလဲ ချီချီက ပဲနီလေးအရသာပေါက်စီကို ကြိုက်ပြီး သားဒယ်ဒီကအသားအရသာပေါက်စီကို ကြိုက်သလိုမျိုးပေါ့ ချီချီ အသားအရသာ စားရတာကိုမကြိုက်လို့ သားဒယ်ဒီ သားကိုဆူဖူးလား ''

ချီချီခေါင်းကိုခါလိုက်သည်။

''ဒါဆို ချီချီက ပဲနီလေးအရသာကို စားရတာကြိုက်လို့ သားဒယ်ဒီကသားကိုဆူဖူးလား ''

ချီချီကခေါင်းဆက်ခါပြသည်။

''ကြည့်လေ အဆင်ပြေနေတာပဲ မဟုတ်ဘူးလား ''

ချီချီစဥ်းစားကြည့်နေရင်း အလွန်အံ့သြစရာကောင်းသည့်အချက်ကို ရှာဖွေတွေ့ရှိသွားလေသည်။

''ဟုတ်သားပဲ! ''

သူ ယန်းချင်းချီပေါင်ပေါ်ထိုင်လိုက်ကာ ခေါင်းလေးကိုမော့ပြီး ပျော်ရွှင်စွာ​ပြောလာသည်။

''ဒယ်ဒီက ကာတွန်းကားမကြည့်ဘူး ဒါပေမဲ့ ချီချီကြည့်တဲ့အချိန်ကျရင်လည်း သူစိတ်မဆိုးဘူး ''

''သူကသားဒယ်ဒီလေ အဲ့လိုအသေးအမွှားလေးတွေကို စိတ်ဆိုးမလား ''

ချီချီက အခုမှပဲ သဘောပေါက်သွားပုံရသည်။ ချီချီတစ်ယောက် စကားမပြောပဲ အတတ်နိုင်ဆုံး လူကြီးတွေအကြိုက်လိုက်ဖို့ ကြိုးစားနေခဲ့ပေမဲ့လည်း တချို့အရာတွေက သူ့အကြိုက်တွေပဲလုပ်နေမိကြောင်း သတိထားမိသွားသည်။ သူကာတွန်းကားကြည့်ရတာကြိုက်သည်။ စောစောအိပ်ရတာကြိုက်သည်။ အချိုစားရတာကြိုက်သည်။ ကစားရတာကြိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူဒီလိုတွေလုပ်နေတာကို သူ့ပါးပါးရော ဒယ်ဒီရော တစ်ခါမှမဆူခဲ့ဖူးပါ။ အခုတော့ တစ်ချိန်လုံး စိတ်ဒုက္ခပေးနေခဲ့သည့် ပြဿနာကြီးကို သူဖြေရှင်းလိုက်နိုင်ခဲ့ပြီ။ သူ့ရဲ့တစ်ကိုယ်လုံး ပျော်လွန်းလို့ အလင်းတွေတောင်ဖြာထွက်လာသလိုပင်။

''ဒါပေမဲ့ '' သူ့မှာ နားမလည်တာရှိသေးသည်။
''ရှောင်ကျင်းအမေသစ်ကျတော့ ရှောင်ကျင်းကြိုက်တာက သူ(မ)ကြိုက်တာနဲ့မတူလို့ အိမ်ကိုမခေါ်သွားခဲ့ဘူးလေ ''

သူ့စကားက အနည်းငယ်ရှုပ်ထွေးနေသော်ငြား ဘာကိုဆိုလိုချင်မှန်း ယန်းချင်းချီသိသည်။ ချီချီကို မွကနဲမြည်အောင် နမ်းပစ်လိုက်ကာ အရိုးရှင်းဆုံးအဖြေကိုပေးလာခဲ့လေသည်။

''ဘာလို့လဲဆိုတော့ ပါးပါးက ရှောင်ကျင်းရဲ့ အမေသစ်မဟုတ်လို့ပေါ့။ ပါးပါးက ချီချီရဲ့ ပါးပါးလေ အဲ့တော့ ချီချီကြိုက်တာမှန်သမျှ ပါးပါးကြိုက်တယ် ''

ယန်းချင်းချီရဲ့စကားတွေက ရုတ်တရက်ကြီး ချီချီ့ကို ရှက်သွားစေသည်။ ခေါင်းလေးကို တိတ်တိတ်လေးငုံ့သွားကာ ယန်းချင်းချီ၏လည်ပင်းလေးအား အရှက်သည်းစွာ ဖက်လာခဲ့သည်။

အခန်းပြင်မှာရပ်နေတဲ့ ကျန်းမော့ချန်ကတော့ အခန်းထဲကိုဝင်မလာခဲ့ဘူး။ အဲ့အစားတံခါးကိုသာ တိတ်တိတ်လေးပြန်ပိတ်လိုက်သည်။ နံရံကိုမှီပြီး သူ့ခေါင်းကငုံ့နေသော်ငြား သူ့နှုတ်ခမ်းပေါ်တွင် အပြုံးရေးရေးလေးရှိ၏။ ထို့နောက် သူထွက်သွားခဲ့သည်။

အချိန်အကြာကြီး သူ့ကို ကျဥ်းထဲကြပ်ထဲရောက်နေစေသည့် ပြဿနာတစ်ခုအား ဖြေရှင်းပြီးသွားသောအခါ မနက်ဖြန် ကစားကွင်းသွားရမှာကို ချီချီတစ်ယောက် တွေးလိုက်ပျော်လိုက် ဖြစ်နေတော့သည်။ တနေ့လုံးကို အရမ်းပျော်နေတာကြောင့် မအိပ်ခင် ယန်းချင်းချီကိုတောင် တိတ်တိတ်လေး သတိပေးလာခဲ့သည်။

''ပါးပါး မနက်ဖြန် သားကိုစောစောနှိုးဖို့ မမေ့နဲ့နော် ''

ယန်းချင်းချီ သူ့ပါးလေးကို ဆွဲညှစ်လိုက်ကာ
''ဟုတ်ပြီ စောစောအိပ်တော့ ''

ချီချီ သူ့လက်လေးဖြင့် တာ့တာလုပ်ပြလိုက်ကာ
''ဂွတ်နိုက် ပါးပါး ချီချီအိပ်ပြီ ''

''အင်း ဂွတ်နိုက် ''

ယန်းချင်းချီ ချီချီ့ကိုနမ်းလိုက်ကာ အိပ်ယာထဲထည့်ပေးလာသည်။

သူထမယ်ကြံလိုက်ကာမှ ချီချီက သူ့ရဲ့ဂွတ်နိုက်အနမ်းကြောင့် ကြောင်မျက်လုံးလေးများ ပြန်ပြူးကျယ်သွားပြန်၏။ မျက်လုံးများမှာ အပျော်တွေအပြည့်နှင့် ယန်းချင်းချီအားကြည့်နေသည်။

''လုပ် မြန်မြန်အိပ်တော့ '' သူချော့လိုက်သည်။

ချီချီ စောင်လေးထဲပြန်တိုးဝင်လိုက်ကာ အသံချိုချိုလေးဖြင့်

''ဂွတ်နိုက် ပါးပါး ''

''အင်း ဂွတ်နိုက် ''

ယန်းချင်းချီ မီးကိုပိတ်လိုက်ကာ အခန်းထဲကထွက်လာခဲ့တော့သည်။

__________________________________

T/N:

江之棋 (jiāng zhī qí) = ကျန်းကျီးချီ အဲ့ထဲက 之 ရဲ့အဓိပ္ပါယ်က ပိုင်ဆိုင်မှုပြ 的 နဲ့အဓိပ္ပါယ်တူပါတယ် '၏၊ ၏ဟာ' လို့အဓိပ္ပါယ်ရပါတယ် အဲ့တော့ 'ကျန်း'ဆိုတာ ကျန်းမော့ချန်၊ကျန်းအိမ်ကိုညွှန်းပြီး 'ကျီး'က၏၊ 'ချီ'က ချီချီ၊ အဲ့တော့ 'ကျန်းမော့ချန်၏ချီချီ' 'ကျန်းအိမ်ကချီချီ' လို့ ယန်းချင်းချီက အဓိပ္ပါယ်ပြောပြတာပါ သူက ကလေးကို secureဖြစ်စေချင်လို့ပါ

my qiqiလေး အရမ်းပျော်သွားပြီ။

ကဲ မနေ့ကမတင်ဖြစ်လို့ ဒီနေ့နှစ်ပိုင်းတင်လိုက်ပါတယ်။

Zawgyi

က်ီးဆိုတဲ့စကားလုံးေနာက္ကြယ္က အဓိပၸါယ္
__________________________________

ယန္းခ်င္းခ်ီ မ်က္လုံးကိုဖြင့္လိုက္တဲ့အခါ သူ႕ကိုၾကည့္ေနေသာ ခ်ီခ်ီကိုေတြ႕လိုက္ရသည္။ ပါးစပ္ကိုတင္းတင္းေစ့ထားကာ မ်က္ခုံးေလးမွာအနည္းငယ္တြန္႔ခ်ိဳးေနသည္။ သူ႕ရဲ႕ ေၾကာင္မ်က္လုံးဝိုင္းႀကီးမ်ားမွာလည္း မ်က္ရည္အျပည့္ျဖင့္ သိသိသာသာကိုဝမ္းနည္းေနပုံ။ ထိုမ်က္ရည္မ်ားက မ်က္ေတာင္တစ္ခ်က္ခတ္လိုက္႐ုံနဲ႔တင္ကို စီးက်လာေတာ့မေယာင္။ ထိုကဲ့သို႔ခ်ဳပ္တည္းေနေသာ ပုံေလးကိုေတြ႕လိုက္ရေတာ့ ယန္းခ်င္းခ်ီ ႏွလုံးမနာပဲမေနႏိုင္ခဲ့။

သူ ေခါင္းကိုခါလိုက္ကာ ခ်ီခ်ီကို ညင္ညင္သာသာေလးေျပာလာသည္။

''ဘယ္လိုလုပ္မႀကိဳက္ပဲေနရမွာလဲ စကားေျပာရင္ မွားေျပာတယ္ မွန္ေျပာတယ္ဆိုတာမွ မ႐ွိတာ ဘယ္လိုလုပ္ပါးပါးက ခ်ီခ်ီကိုမႀကိဳက္ပဲေနရမွာလဲ ''

ခ်ီခ်ီက စကားမေျပာလာခဲ့ သူ႕ကိုဝမ္းနည္းေနသည့္ မ်က္လုံးမ်ားျဖင့္သာ ၾကည့္လာသည္။

''ခ်ီခ်ီ '' ယန္းခ်င္းခ်ီ ကေလးေခါင္းေလးကို ပြတ္သပ္လိုက္ကာ ''ကိုယ့္ကိုကိုယ္ သေဘာက်လား အျခားလူေတြ ဥပမာ ပါးပါးတို႔ ဒယ္ဒီတို႔ကေရာ ခ်ီခ်ီကို သေဘာက်တယ္လို႔ထင္လား ''

ခ်ီခ်ီမသိပါ။ သူ႕ကို က်န္းေမာ့ခ်န္တို႔ ယန္းခ်င္းခ်ီတို႔ သေဘာက်လား မက်ဘူးလား ဘယ္ေလာက္အထိသေဘာက်လဲ သူမသိပါ။ သူ႕အေမကလည္း အေမ့သားေလးကိုအခ်စ္ဆုံးလို႔ ေျပာခဲ့ဖူးေသာ္ျငား ေနာက္ဆုံးတြင္ သူ႕ကိုစြန္႔ပစ္ခဲ့သည္။ လူႀကီးေတြေျပာသည့္ အခ်စ္ဆိုတဲ့အရာက နားလည္ဖို႔တကယ္ခက္ခဲသည္။ ႀကိဳက္ပါတယ္ ေမြးစားခ်င္ပါတယ္ဆိုၿပီး မိဘမဲ့ေဂဟာကိုလာၾကည့္ၾကသည့္ လူအမ်ားႀကီး႐ွိသည္။ သို႔ေသာ္ အဆုံးတြင္ သူတို႔တေယာက္ကိုမွ ေခၚမသြားခဲ့ေပ။ သူတို႔႐ုတ္တရက္ႀကီးစိတ္ေျပာင္းသြားကာ သူတို႔စကားကိုျပန္႐ုတ္သိမ္းသြားၾကသည္။ ထို႔ေၾကာင့္ လူႀကီးေတြေျပာသည့္ ခ်စ္တယ္ႀကိဳက္တယ္မ်ားက အစစ္လား လိမ္တာလား သူမသိသလို သူ႕ကိုတကယ္ႀကိဳက္ၾကလား မႀကိဳက္ၾကဘူးလားလည္း သူမခန္႔မွန္းတတ္ေပ။

သူ ယန္းခ်င္းခ်ီကို ဝမ္းနည္းေနေသာ အၾကည့္ေလးျဖင့္ၾကည့္ေနကာ ဘာမွမေျပာခဲ့။ ဒီတိုင္းသာဆက္ေနရင္ မၾကာခင္ငိုခ်ေတာ့မည့္ပုံပင္။

''ခ်ီခ်ီ သားရဲ႕နာမည္အျပည့္အစုံကို မွတ္မိလား ''

''က်န္းက်ီးခ်ီ *''

''မွန္တယ္ အဲ့ဒါဆို အဲ့ထဲကမွ က်ီးဆိုတဲ့စကားလုံးရဲ႕ အဓိပၸါယ္ကိုေရာသိလား ''

ခ်ီခ်ီေခါင္းကိုခါလိုက္သည္။

''က်ီးဆိုတဲ့ အဓိပၸါယ္က '၏' အဲ့ေတာ့ က်န္းက်ီးခ်ီဆိုတာ 'က်န္းေမာ့ခ်န္၏ ခ်ီခ်ီ' ဆိုတဲ့ အဓိပၸါယ္ေလ ဒါေၾကာင့္ သားက သားဒယ္ဒီရဲ႕ထာဝရခ်ီခ်ီေလးျဖစ္ေနမွာ သူ႕ရဲ႕ခ်ီခ်ီ သူ႕ရဲ႕ကေလးေလး အဲ့လိုဆိုလိုတာ နားလည္လား ''

ခ်ီခ်ီကသိပ္ေတာ့နားမလည္ေပ။

''ထာဝရဆိုတာဘယ္ေလာက္ၾကာလဲ ''

''အၾကာႀကီးေပါ့ သားဘဝတစ္ေလွ်ာက္လုံး သားဒယ္ဒီရဲ႕ဘဝတစ္ေလွ်ာက္လုံး ''

''ဘဝတစ္ေလွ်ာက္လုံးဆိုတာကေရာ ဘယ္ေလာက္ၾကာလဲ ''

''အခုခ်ီခ်ီက ငါးႏွစ္ပဲ႐ွိေသးတယ္ သူ႕ခ်ီခ်ီေလးပဲ ေနာက္ခ်ီခ်ီကႀကီးလာလို႔ 15ႏွစ္ျဖစ္လာမယ္ အဲ့အခ်ိန္ထိလည္း သူ႕ရဲ႕ခ်ီခ်ီပဲ သား အသက္50အထိ ႀကီးလာလည္း သူ႕ခ်ီခ်ီေလးဆက္ျဖစ္ေနဦးမွာပဲ ''

''ဒါ...ဒါဆို ခ်ီခ်ီက အသက္ 500ဆိုရင္ေရာ ''

ယန္းခ်င္းခ်ီ ကေလးဆန္သည့္ စကားေလးေၾကာင့္ရယ္လိုက္ကာ

''အင္းေပါ့ ခ်ီခ်ီက အသက္ 500အထိေနႏိုင္ေသးရင္ အသက္500အထိ က်န္းေမာ့ခ်န္ရဲ႕ခ်ီခ်ီေလးျဖစ္ေနဦးမွာပဲ ''

''ခ်ီခ်ီက အသက္500အထိေနႏိုင္မွာလား ''

''ဒါေပါ့ '' ယန္ခ်င္းခ်ီမ်က္ႏွာေျပာင္ေျပာင္နဲ႔ပဲ ေခ်ာ့လိုက္သည္။

''ခ်ီခ်ီက ႏွစ္ေတြအၾကာႀကီး အသက္႐ွင္ေနႏိုင္မွာ ''

''ဟို ကာတြန္းကားထဲက အသက္1000႐ွိေနတဲ့ ပညာ႐ွိအဖိုးအိုႀကီးလိုလား ''

''အမွန္ပဲ '' ယန္းခ်င္းခ်ီ ေခါင္းၿငိမ့္ျပလိုက္ကာ
''သား အသက္ဘယ္ေလာက္ပဲျဖစ္ျဖစ္ သားကသူ႕ရဲ႕ထာဝရခ်ီခ်ီေလးပဲ ''

ခ်ီခ်ီထိုစကားေလးၾကားေတာ့ တျဖည္းျဖည္းနဲ႔ သူ႕ရဲ႕ ညင္သာၿပီး ႐ွက္ေသြးျဖာေနေသာ အျပဳံးေလးကိုျပဳံးျပလာသည္။

''အဲ့ဒါေၾကာင့္မို႔ ပါးပါးကေရာ သားဒယ္ဒီကေရာ ခ်ီခ်ီ႕ကို အရမ္းခ်စ္တယ္ သား အဲ့လို သိထားရမယ္ ''

ခ်ီခ်ီသူ႕ကိုၾကည့္ေနကာ ေတာ္ေတာ္ေလးၾကာမွ ေခါင္းေလးကို ေျဖးေျဖးေလး ၿငိမ့္ျပလာသည္။

''ဒါေပမဲ့ ပါးပါးတို႔ပဲ ခ်ီခ်ီ႕ကို ႀကိဳက္ေနလို႔မၿပီးေသးဘူး ခ်ီခ်ီကိုယ္တိုင္ကလည္း ကိုယ့္ကိုကိုယ္ ႀကိဳက္ရမယ္ ''

''ခ်ီခ်ီကို ခ်ီခ်ီ ဘယ္လိုႀကိဳက္ရမလဲ ခ်ီခ်ီက အစကတည္းက ခ်ီခ်ီပဲ မဟုတ္ဘူးလား ခ်ီခ်ီကိုခ်ီခ်ီ ဘယ္လိုျပန္ႀကိဳက္ရမလဲ ''

''အဲ့ဒါကအရမ္းလြယ္တယ္ သားကိုသား နည္းနည္းေလးပိုေကာင္းေအာင္ဆက္ဆံရမယ္ နည္းနည္းေလာက္ ကိုယ့္ကိုကိုယ္ပိုယုံၾကည္မႈ႐ွိလာေအာင္လုပ္ရမယ္ နည္းနည္းေလး ပိုသတၱိ႐ွိေပးရမယ္ ကိုယ့္ကိုကိုယ္ အိပ္ယာကထတိုင္းေျပာရမယ္ 'ပါးပါးနဲ႔ဒယ္ဒီကလည္း ငါ့ကိုခ်စ္တယ္ အဘိုးနဲ႔အဘြားေတြကလည္းငါ့ကိုအရမ္းခ်စ္တယ္ တီတီေတြကလည္း ငါ့ကိုအရမ္းသေဘာက်တယ္ အဲ့ေတာ့ခ်ီခ်ီကလည္း ကိုယ့္ကိုကိုယ္အရမ္းႀကိဳက္တယ္' အဲ့လိုေလးေျပာေပး ခ်ီခ်ီႀကိဳက္တာ႐ွိရင္ ပါးစပ္ကေနထုတ္ေျပာရမယ္ မႀကိဳက္တာ႐ွိလည္း သူမ်ားကိုသိေစရမယ္ တကယ္လို႔႐ွက္တယ္ဆိုလည္း အခုလိုေလး ပါးပါးကိုတိုးတိုးေလး လာေျပာလို႔ရတယ္ မလြယ္ဘူးလား ''

ခ်ီခ်ီစဥ္းစားေနလိုက္သည္။ သူေခါင္းေလးကို ယန္းခ်င္းခ်ီပုခုံးေလးေပၚတင္လိုက္ကာ တြန္႔ဆုတ္တြန္႔ဆုတ္အသံေလးျဖင့္ေမးလာသည္။

''တကယ္လို႔ ခ်ီခ်ီႀကိဳက္တာကို ပါးပါးမႀကိဳက္ရင္ေရာ ဘယ္လိုလုပ္မလဲ ''

''အဲ့ဒါအဆင္ေျပပါတယ္ ခ်ီခ်ီက ကေလးေလးေလ ပါးပါးက ကေလးႀကီး ကေလးေလးနဲ႔ကေလးႀကီးက ဘယ္လိုလုပ္ႀကိဳက္တာေတြ တူႏိုင္မလဲ ခ်ီခ်ီက ပဲနီေလးအရသာေပါက္စီကို ႀကိဳက္ၿပီး သားဒယ္ဒီကအသားအရသာေပါက္စီကို ႀကိဳက္သလိုမ်ိဳးေပါ့ ခ်ီခ်ီ အသားအရသာ စားရတာကိုမႀကိဳက္လို႔ သားဒယ္ဒီ သားကိုဆူဖူးလား ''

ခ်ီခ်ီေခါင္းကိုခါလိုက္သည္။

''ဒါဆို ခ်ီခ်ီက ပဲနီေလးအရသာကို စားရတာႀကိဳက္လို႔ သားဒယ္ဒီကသားကိုဆူဖူးလား ''

ခ်ီခ်ီကေခါင္းဆက္ခါျပသည္။

''ၾကည့္ေလ အဆင္ေျပေနတာပဲ မဟုတ္ဘူးလား ''

ခ်ီခ်ီစဥ္းစားၾကည့္ေနရင္း အလြန္အံ့ၾသစရာေကာင္းသည့္အခ်က္ကို ႐ွာေဖြေတြ႕႐ွိသြားေလသည္။

''ဟုတ္သားပဲ! ''

သူ ယန္းခ်င္းခ်ီေပါင္ေပၚထိုင္လိုက္ကာ ေခါင္းေလးကိုေမာ့ၿပီး ေပ်ာ္႐ႊင္စြာ​ေျပာလာသည္။

''ဒယ္ဒီက ကာတြန္းကားမၾကည့္ဘူး ဒါေပမဲ့ ခ်ီခ်ီၾကည့္တဲ့အခ်ိန္က်ရင္လည္း သူစိတ္မဆိုးဘူး ''

''သူကသားဒယ္ဒီေလ အဲ့လိုအေသးအမႊားေလးေတြကို စိတ္ဆိုးမလား ''

ခ်ီခ်ီက အခုမွပဲ သေဘာေပါက္သြားပုံရသည္။ ခ်ီခ်ီတစ္ေယာက္ စကားမေျပာပဲ အတတ္ႏိုင္ဆုံး လူႀကီးေတြအႀကိဳက္လိုက္ဖို႔ ႀကိဳးစားေနခဲ့ေပမဲ့လည္း တခ်ိဳ႕အရာေတြက သူ႕အႀကိဳက္ေတြပဲလုပ္ေနမိေၾကာင္း သတိထားမိသြားသည္။ သူကာတြန္းကားၾကည့္ရတာႀကိဳက္သည္။ ေစာေစာအိပ္ရတာႀကိဳက္သည္။ အခ်ိဳစားရတာႀကိဳက္သည္။ ကစားရတာႀကိဳက္သည္။ ဘယ္လိုပဲျဖစ္ျဖစ္ သူဒီလိုေတြလုပ္ေနတာကို သူ႕ပါးပါးေရာ ဒယ္ဒီေရာ တစ္ခါမွမဆူခဲ့ဖူးပါ။ အခုေတာ့ တစ္ခ်ိန္လုံး စိတ္ဒုကၡေပးေနခဲ့သည့္ ျပႆနာႀကီးကို သူေျဖ႐ွင္းလိုက္ႏိုင္ခဲ့ၿပီ။ သူ႕ရဲ႕တစ္ကိုယ္လုံး ေပ်ာ္လြန္းလို႔ အလင္းေတြေတာင္ျဖာထြက္လာသလိုပင္။

''ဒါေပမဲ့ '' သူ႕မွာ နားမလည္တာ႐ွိေသးသည္။
''ေ႐ွာင္က်င္းအေမသစ္က်ေတာ့ ေ႐ွာင္က်င္းႀကိဳက္တာက သူ(မ)ႀကိဳက္တာနဲ႔မတူလို႔ အိမ္ကိုမေခၚသြားခဲ့ဘူးေလ ''

သူ႕စကားက အနည္းငယ္႐ႈပ္ေထြးေနေသာ္ျငား ဘာကိုဆိုလိုခ်င္မွန္း ယန္းခ်င္းခ်ီသိသည္။ ခ်ီခ်ီကို မြကနဲျမည္ေအာင္ နမ္းပစ္လိုက္ကာ အ႐ိုး႐ွင္းဆုံးအေျဖကိုေပးလာခဲ့ေလသည္။

''ဘာလို႔လဲဆိုေတာ့ ပါးပါးက ေ႐ွာင္က်င္းရဲ႕ အေမသစ္မဟုတ္လို႔ေပါ့။ ပါးပါးက ခ်ီခ်ီရဲ႕ ပါးပါးေလ အဲ့ေတာ့ ခ်ီခ်ီႀကိဳက္တာမွန္သမွ် ပါးပါးႀကိဳက္တယ္ ''

ယန္းခ်င္းခ်ီရဲ႕စကားေတြက ႐ုတ္တရက္ႀကီး ခ်ီခ်ီ႕ကို ႐ွက္သြားေစသည္။ ေခါင္းေလးကို တိတ္တိတ္ေလးငုံ႔သြားကာ ယန္းခ်င္းခ်ီ၏လည္ပင္းေလးအား အ႐ွက္သည္းစြာ ဖက္လာခဲ့သည္။

အခန္းျပင္မွာရပ္ေနတဲ့ က်န္းေမာ့ခ်န္ကေတာ့ အခန္းထဲကိုဝင္မလာခဲ့ဘူး။ အဲ့အစားတံခါးကိုသာ တိတ္တိတ္ေလးျပန္ပိတ္လိုက္သည္။ နံရံကိုမွီၿပီး သူ႕ေခါင္းကငုံ႔ေနေသာ္ျငား သူ႕ႏႈတ္ခမ္းေပၚတြင္ အျပဳံးေရးေရးေလး႐ွိ၏။ ထို႔ေနာက္ သူထြက္သြားခဲ့သည္။

အခ်ိန္အၾကာႀကီး သူ႕ကို က်ဥ္းထဲၾကပ္ထဲေရာက္ေနေစသည့္ ျပႆနာတစ္ခုအား ေျဖ႐ွင္းၿပီးသြားေသာအခါ မနက္ျဖန္ ကစားကြင္းသြားရမွာကို ခ်ီခ်ီတစ္ေယာက္ ေတြးလိုက္ေပ်ာ္လိုက္ ျဖစ္ေနေတာ့သည္။ တေန႔လုံးကို အရမ္းေပ်ာ္ေနတာေၾကာင့္ မအိပ္ခင္ ယန္းခ်င္းခ်ီကိုေတာင္ တိတ္တိတ္ေလး သတိေပးလာခဲ့သည္။

''ပါးပါး မနက္ျဖန္ သားကိုေစာေစာႏိႈးဖို႔ မေမ့နဲ႔ေနာ္ ''

ယန္းခ်င္းခ်ီ သူ႕ပါးေလးကို ဆြဲညႇစ္လိုက္ကာ
''ဟုတ္ၿပီ ေစာေစာအိပ္ေတာ့ ''

ခ်ီခ်ီ သူ႕လက္ေလးျဖင့္ တာ့တာလုပ္ျပလိုက္ကာ
''ဂြတ္ႏိုက္ ပါးပါး ခ်ီခ်ီအိပ္ၿပီ ''

''အင္း ဂြတ္ႏိုက္ ''

ယန္းခ်င္းခ်ီ ခ်ီခ်ီ႕ကိုနမ္းလိုက္ကာ အိပ္ယာထဲထည့္ေပးလာသည္။

သူထမယ္ၾကံလိုက္ကာမွ ခ်ီခ်ီက သူ႕ရဲ႕ဂြတ္ႏိုက္အနမ္းေၾကာင့္ ေၾကာင္မ်က္လုံးေလးမ်ား ျပန္ျပဴးက်ယ္သြားျပန္၏။ မ်က္လုံးမ်ားမွာ အေပ်ာ္ေတြအျပည့္ႏွင့္ ယန္းခ်င္းခ်ီအားၾကည့္ေနသည္။

''လုပ္ ျမန္ျမန္အိပ္ေတာ့ '' သူေခ်ာ့လိုက္သည္။

ခ်ီခ်ီ ေစာင္ေလးထဲျပန္တိုးဝင္လိုက္ကာ အသံခ်ိဳခ်ိဳေလးျဖင့္

''ဂြတ္ႏိုက္ ပါးပါး ''

''အင္း ဂြတ္ႏိုက္ ''

ယန္းခ်င္းခ်ီ မီးကိုပိတ္လိုက္ကာ အခန္းထဲကထြက္လာခဲ့ေတာ့သည္။

__________________________________

T/N:

江之棋 (jiāng zhī qí) = က်န္းက်ီးခ်ီ အဲ့ထဲက 之 ရဲ႕အဓိပၸါယ္က ပိုင္ဆိုင္မႈျပ 的 နဲ႔အဓိပၸါယ္တူပါတယ္ '၏၊ ၏ဟာ' လို႔အဓိပၸါယ္ရပါတယ္ အဲ့ေတာ့ 'က်န္း'ဆိုတာ က်န္းေမာ့ခ်န္၊က်န္းအိမ္ကိုၫႊန္းၿပီး 'က်ီး'က၏၊ 'ခ်ီ'က ခ်ီခ်ီ၊ အဲ့ေတာ့ 'က်န္းေမာ့ခ်န္၏ခ်ီခ်ီ' 'က်န္းအိမ္ကခ်ီခ်ီ' လို႔ ယန္းခ်င္းခ်ီက အဓိပၸါယ္ေျပာျပတာပါ သူက ကေလးကို secureျဖစ္ေစခ်င္လို႔ပါ

my qiqiေလး အရမ္းေပ်ာ္သြားၿပီ။

ကဲ မေန႔ကမတင္ျဖစ္လို႔ ဒီေန႔ႏွစ္ပိုင္းတင္လိုက္ပါတယ္။

Continue Reading

You'll Also Like

60.5K 4.4K 68
အဖြူရောင်လေးက စွန်းထင်းလွယ်တယ် မဟုတ်လား... အဖြူတစ်စုံထပ်လို့ စွန်းထင်းမှုကို မကာကွယ်နိုင်ရင်တောင် အတူတူစွန်းထင်းခံနိုင်မှုကို ချစ်ခြင်းမေတ္တာလို့ သတ်...
77.9K 8.9K 87
transition novel
1M 118K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...