Unicode
ကျွန်တော်ကောင်းကောင်းသိပါတယ်
__________________________________
မူလပိုင်ရှင်နှင့်ဝေ့လန်၏ အတိတ်ဆိုးများကိုပြန်ပြောရမည်ဆိုလျှင် အတော်လေးကိုရိုးရှင်းသည့်အကြောင်းအရာသာဖြစ်သည်။ ကိုယ့်ဘာသာအနိုင်ကျင့်ခံရဖို့ လည်စင်းပေးထားသလိုပဲ ပြဿနာက မူလပိုင်ရှင်၏ မနာလိုမှုကြောင့် ဖြစ်လာခဲ့သည်။ သူတို့နှစ်ယောက် variety showတစ်ခုတွင်တွေ့ခဲ့ကြသည်။ အောင်မြင်နေတဲ့လူဆို ကိုးကွယ်ပြီး နာမည်မရှိသူဆို ချနင်းနေကြသည့် အနုပညာလောကထဲ ၁၈အဆင့်လောက်ပဲရှိသေးတဲ့ မူလပိုင်ရှင်လို အသစ်လေးနှင့် နာမည်ကြီးကျော်ကြားနေတဲ့ ဝေ့လန်လို idolတစ်ယောက် နှိုင်းယှဥ်ကြည့်လိုက်မယ်ဆိုရင် ရိုက်ကွင်းနောက်က အစီအစဥ်တင်ဆက်သူတွေ ဝန်ထမ်းတွေ အားလုံးက ကျိန်းသေပေါက်ကို ဝေ့လန်ပဲဦးစားပေးမည်ဖြစ်သည်။
ပြဿနာကတော့ ဝေ့လန်ကို မိတ်ကပ်ပြင်ဆရာက နာရီဝက်လောက်ကြာအောင် ပြင်ပေးပြီး မူလပိုင်ရှင်ကျ တစ်ချက်နှစ်ချက်လောက်ပဲဆွဲလိုက်ကာ ပြီးပြီဟုပြောလိုက်သည်ကစသည်ပင်။ထိုကိစ္စက အကြီးကြီးမဟုတ်သော်ငြား မူလပိုင်ရှင်မှာ မတရားဖူးဟုထင်ကာ မခံမရပ်နိုင်တွေဖြစ်လာသည်။ သူ့အခြေအနေဖြင့် နောက်ခံတောင့်တင်းသော ဝေ့လန်အား ဗြောင်ပြောလို့မရဘူးဆိုတာသိတာကြောင့် ဝေ့လန်နောက်ကွယ်မှာ မန်နေဂျာနှင့် မကောင်းကြောင်းများပြောလေတော့သည်။ သူစပြောလာခဲ့သည်မှာ ဝေ့လန်က ပရိတ်သတ်ရှေ့ကျ ကြည့်ကောင်းပြီး ကြည်လင်တဲ့ မျက်နှာလေးရှိပေမဲ့ အားလုံးကမိတ်ကပ်အစွမ်းကြောင့်ပင်။ မဟုတ်ရင် မိတ်ကပ်ပြင်တဲ့အချိန်ကို ဘာလို့အဲ့လောက် အကြာကြီးယူမှာလဲ။ ဝေ့လန်ကရုပ်ဆိုးသည်။ သူ့အသားအရေကလည်းထင်သလောက်မကောင်းပေ။ သူ့မျက်ခုံးကလည်းမလှကာ သူ့နှာခေါင်းကလည်းဆွဲဆောင်မှုမရှိပေ။ သူ့ပါးစပ်ကလည်းကြည့်ရဆိုးလှပြီး အရပ်ကလည်း ရှိရင်းစွဲထက်ပိုပြောထားကာ ဖိနပ်အောက်တစ်ခုခု ခုထားပုံပေါ်သည်။ သူ့ခန္ဓာကိုယ်အနေအထားကလည်း ဆိုးရွားလှပြီး အကုန်လုံခြုံကြည့်လိုက်ရင် ဖောယောင်နေသည့် ငါးကြီးတစ်ကောင်လိုပဲ ဟု မကောင်းပြောလေသည်။
မူလပိုင်ရှင်၏ မန်နေဂျာကလည်း သူများကိုမကောင်းပြောနေသည်အား မတားဆီးလာသည့်အပြင် သဘောပါတူလိုက်သေးသည်။ သူကရပ်ခိုင်းဖို့ပြင်လိုက်ပေမဲ့ မူလပိုင်ရှင်ကထပ်ကြွေးကြော်လာပြန်သည်။ တကယ်လို့ တနေ့မှာ သူ နာမည်ကြီးလာရင် ဝေ့လန်ကိုလည်း သူ့လိုဘေးနားလေးကနေ မိတ်ကပ်ပြင်ပြီးသည်အထိ အကြာကြီးစောင့်ခိုင်းစေမည်။ တဖက်လူကို ခိုင်းဖက်လေးလို သဘောထားကာ 'တာ့ကော' ဟု နေ့တိုင်းခေါ်ခိုင်းစေမည် ဟုပင်။
ဝေ့လန်ကလည်း အိမ်သာကနေထွက်လာတော့ ထိုနေရာကို ကြားဖြစ်အောင်ကြားသွားသည်။ သူအတွေးထဲမှာတော့ 'မင်းကလာနောက်နေတာပဲ မင်းဘယ်လောက်နာမည်ကြီးကြီး ငါစိတ်မပါရင် ဘယ်သူ့ခိုင်းဖက်မှမလုပ်ဘူး တာ့ကော(အကိုကြီး)လို့ခေါ်ဖို့ဝေးစွ '
သူကိုယ်တိုင်ကလည်း ဒီလိုမဆီလျော်တဲ့ဟာတွေဆို စိတ်ထဲမထားပဲ ကျော်သွားတတ်တဲ့လူမဟုတ်တာကြောင့် သူပြန်လှည့်လာကာ ယန်းချင်းချီရှေ့ရပ်လိုက်သည်။
''ငါ့ အစ်ကိုကြီးက ဘယ်သူလဲဆိုတာ မင်းသိလား ''
မူလပိုင်ရှင်မှာကြောက်လွန်းသဖြင့် ထိုနေရာမှာပဲ ခြေထောက်များခွေယိုင်လာကာ ဒူးထောက်ရက်သားကျသွားသည်။ သူ၏ ကြောက်လန့်နေသော အမူအရာကိုကြည့်ပြီး ဝေ့လန်ကလည်းဆက်မပြောချင်တော့တာကြောင့်
''နောက်တစ်ခါ ပါးစပ်ကစည်းစောင့် ''ဟုပြောကာ ထွက်သွားခဲ့သည်။
အခု ယန်းချင်းချီပြန်စဥ်စားလိုက်တဲ့အခါမှာတော့ ဝေ့လန်က မူလပိုင်ရှင်အပေါ် အတော်လေးမေတ္တာကြီးမားထားသည်ဟုခံစားရသည်။ ပါးစပ်နဲ့ပဲသတိပေးခဲ့ကာ showပွဲတစ်လျှောက်လုံး မူလပိုင်ရှင်အား ခက်ခဲအောင်မလုပ်ခဲ့ပေ။ အဲ့တော့ ဘာလို့အခုမှလဲ။ ဘာလို့ရုတ်တရက်ကြီး သူ့ကိုမှတ်မိသွားရတာလဲ။
''အရင်တုန်းက ငါမှားတာပါ စကားကိုလက်လွတ်စပယ်ပြောမိပြီး မကောင်းတဲ့သဘောထားရှိခဲ့တယ် ငါတောင်းပန်ပါတယ် ''
''ယိုး ဒီတစ်ခေါက်တော့ ယဥ်ကျေးလိမ္မာနေပါ့လား ဘာဖြစ်သွားတာလဲ အရေခွံလဲလိုက်တာလား ''
ဝေ့လန်က အံ့သြတကြီး မှတ်ချက်ပြုလာသည်။
ယန်းချင်းချီ ခပ်ဖျော့ဖျော့ပြုံးပြကာ
''အဲ့တော့ အခုဘာဖြစ်နေလဲ ငါ့ကိုရှင်းပြလို့ရမလား ''
ဝေ့လန်ကကောက်ကျစ်သည့် အပြုံးလေးဖြင့်
''သိချင်လား ''
''ဟုတ်ပြီ ငါမသိလည်းရတယ် ဒါပေမဲ့မင်းအဲ့ကိစ္စကို ထပ်မပြောပဲနေလို့ရမလား ဘာမှမဖြစ်ခဲ့သလိုသဘောထားပေးလေ ''
''လုံးဝမရဘူးပေါ့ '' ဝေ့လန်က သေချာလေးမတ်မတ်ရပ်လိုက်ကာ ''မင်း ငါ့ကောင်လေးအဖြစ်နေပေးဖို့လည်း မင်းကိုအားကိုးရဦးမယ် ''
ယန်းချင်းချီ သူ့ရှေ့ကလူဘာဖြစ်ချင်နေမှန်း နားမလည်နိုင်တော့ပေ။ ဒါမှဟုတ် ဒီညရဲ့ အလှရှုခင်းက အရမ်းလှနေပြီး မီးတွေကပဲအရမ်းလင်းနေလို့ ဝေ့လန်တစ်ယောက် ပေါက်ကရတွေလျှောက်ပြောနေတာလား။
''ငါ မင်းကို အမှန်အတိုင်းပြောမယ် ငါလက်ထပ်ပြီးသွားပြီ ''
''ဘာ!! '' ဝေ့လန်မှာအရမ်းအံ့သြသွားကာ
''ဘယ်လိုလုပ် မင်းက ဒီလောက်အစောကြီး လက်ထပ်လိုက်ရတာလဲ ''
ယန်းချင်းချီ ခေါင်းငြိမ့်ပြလာသည်။
''မင်းနားမလည်ပါဘူး ငါတို့အိမ်ရဲ့စည်းကမ်းအရ ကျောင်းတက်နေတုန်းရည်းစားမထားရဘူး ဘွဲ့ရပြီးရင် လက်ထပ်ရမယ် အဲ့တော့ ငါက ငါ့အိမ်စည်းကမ်းအတိုင်း လက်ထပ်လိုက်ရတာ ''
ဝေ့လန် တကယ်ကိုနားမလည်ပါဘူး။ ဒါပေမဲ့လည်း ဒီနိုင်ငံရဲ့မိရိုးဖလာ စည်းမျဥ်းစည်းကမ်းအချို့ကိုသိရှိထားတာကြောင့်
''တကယ်ကြီးလား ''
''တကယ်ကြီးပေါ့ ''
''တကယ်လို့ မင်းငါ့ကိုလိမ်ရင် တသက်လုံး နာမည်ကြီးဖို့မစဥ်းစားနဲ့တော့ ''
''တကယ်လို့ ငါမင်းကိုလိမ်ရင် ငါ့ဘဝတစ်လျှောက်လုံး နာမည်မကြီးစေရဘူး ''
သူအလွယ်တကူ လိုက်ပြောလိုက်သည်။
ဝေ့လန်တစ်ယောက် လေလျော့သွားတဲ့ ပူစီဖောင်းလိုပဲ
''ချီးပဲ အစကတည်းက မင်းလက်ထပ်ပြီးသားဆိုတာသိရင် မင်းကိုမရွေးပါဘူးကွာ ကျန်းမော့ချန်ကိုရွေးလိုက်ပါတယ် ''
ယန်ချင်းချီ ''.....''
''ငါ့ကိုအဲ့လိုကြီးလာမကြည့်နဲ့ ငါကဒီအတိုင်း ငါ့အစ်ကိုကို စိတ်ဆိုးစေချင်ရုံတင် ဒါကြောင့် ငါမင်းကိုရွေးလိုက်တာ ဘာလို့လဲဆိုတော့ မင်းပုံစံကသူ့အကြိုက်မဟုတ်ဘူးလေ တကယ်လို့ ကျန်းမော့ချန်ကိုသာရွေးလိုက်ရင် မိသားစုနောက်ခံကလည်း အဆင့်အတန်းညီတယ် ငါနဲ့လဲသင့်တော်တယ် ထင်ပြီး ကျန်းမော့ချန် လက်ခံမခံမေးပြီးတာနဲ့ အစ်ကိုကြီးက ငါတို့နှစ်ယောက်ကိုပေးစားလိုက်မှာစိုးလို့ ''
''အဲ့တော့ မင်းက ဒီတိုင်း မင်းအစ်ကိုကို စိတ်ဆိုးအောင်လုပ်ချင်ရုံပေါ့ ''
''အင်း ''
''ဒါဆိုလည်း ဘာလို့ငါ့ကိုပါ အဲ့ထဲဆွဲသွင်းရတာလဲ ''
ယန်းချင်းချီ ငိုရခက်ရယ်ရခက်ဖြစ်နေသည်။
''မင်းအစ်ကို ငါ့ကိုအမြင်မကြည်ရင်ဘယ်လိုလုပ်မလဲ ''
''သူမင်းကိုသတ်ပစ်မှာမှမဟုတ်တာ အလွန်ဆုံးမှ မင်းရဲ့အနုပညာလမ်းကြောင်းကြီးကို ဖိနှိပ်ထားရုံပေါ့ အခုတောင် ၁၈အဆင့်အနုပညာရှင်နေရာကနေတက်မလာသေးတာ ဘာတွေကြောက်နေတာလဲ ''
ယန်းချင်းချီမှာ ပြောစရာစကားပင်မရှိတော့။
သူကထပ်ပြောပြန်သည်။
''တကယ်လို့ ဒရမ်မာတွေထဲကလို ငါ့အစ်ကိုက မင်းကို ၁၀သန်းနဲ့ပစ်ပေါက်ပြီး ငါ့အနားက ထွက်သွားခိုင်းရင် ထွက်သွားခိုင်းနိုင်တာပဲဟာ။ အဲ့အချိန်ကျ ''ခင်ဗျားညီက ဒီလောက်ပဲတန်သလားလို့ မေးလိုက် ''
ပြီးရင် သုညတစ်လုံးလောက် ထပ်တိုးခိုင်းလိုက် အားလုံးပြီးရင်တော့ ငါ့လဲပိုက်ဆံပြန်လွှဲပေးဦး အတူတူမျှသုံးကြတာပေါ့ ''
ယန်းချင်းချီ ငြီးတွားလိုက်သည်။
''ငါ့အထင်တော့ မင်းအစ်ကိုက ငါ့ကို ပိုက်ဆံဆယ်သန်းနဲ့ မပစ်ပေါက်ပဲ ဘယ်လက်လား ညာလက်လားလို့ မေးမယ် မဖြေရင် နှစ်ဖက်လုံးကိုချိုးပစ်မယ်လို့ ပိုအာရုံရနေတယ် ''
ထိုစကားကြားတော့ ဝေ့လန်ရယ်ချင်သွားကာ
''မင်း အရင်ကထက် ပိုစိတ်ဝင်စားဖို့ကောင်းတယ် ''
ယန်းချင်းချီ အင်အားမရှိတော့ပေ။
''ဟုတ်ပြီ ငါမင်းတို့ညီကိုနှစ်ယောက်ကြားထဲ ကန့်လန့်ကန့်လန့်နဲ့မပါချင်ဘူး ငါသွားတော့မယ် မင်းအစ်ကိုကို ဒါကနားလည်မှုလွဲတာလို့ပြောလိုက် ''
''နေပါဦး နေပါဦး နေပါဦး ''
ဝေ့လန် သူ့ကိုပြန်ဆွဲလိုက်ကာ
''မင်းကိုအခုပဲ ငါ့အချစ်စစ်လို့ပြောပြီး ချက်ချင်း မဟုတ်ပါဘူး ဒါကနားလည်မှုလွဲတာပါလို့ ထပ်ပြောရင် ကိုယ့်ပါးကိုဖြတ်ရိုက်သလိုဖြစ်မနေဘူးလား ဒီလိုလုပ် နှစ်ရက်လောက်စောင့်လိုက် ငါမင်းကိုငြီးငွေ့သွားလို့ ဖြတ်ပစ်လိုက်တယ်လို့ပြောလိုက်မယ် ''
''ဒီဇာတ်လမ်းက အစတွေရော အဆုံးတွေရောရှိသေးတာလား ''
''ဘယ်လိုထင်လဲ '' ဝေ့လန် ဖုန်းကိုထုတ်လိုက်ကာ
''လာစမ်းပါ Wechat မှာ အချင်းချင်း add ထားရအောင် အဲ့ဒါမှ ငါတို့ပူးပေါင်းလို့ပိုလွယ်မှာ ''
''ဘယ်သူကမင်းရဲ့ရူးကြောင်ကြောင် ပြဇာတ်အတိုင်းလိုက်ကနိုင်မှာလဲ မျက်စိမှိတ်ထားဖို့ပဲ ဆုံးဖြတ်လိုက်ပြီ* ''
(T/N: သီချင်းစာသားပါ )
''အဲ့ဒါဆိုရင်တော့ မင်းတစ်သက်လုံးအလင်းမြင်ရမှာမဟုတ်တော့ဘူး '' ဝေ့လန် ရွှင်မြူးစွာ ပြုံးပြလာသည်။ '' မင်းရဲ့ မှောင်မိုက်နေတဲ့ အတိတ်ဆိုးတွေက နည်းမှမနည်းတာ ဟုတ်တယ်မလား ''
'နည်းမှမနည်းတာ' မဟုတ်ဘူး။ 'ဘယ်လောက်တောင်များလိုက်သလဲ' ဖြစ်ရမှာ။
ယန်းချင်းချီ အကူအညီမဲ့စွာ Wechatမှာသာ add လိုက်သည်။ သူ ကျန်းမော့ချန်ဆီပြန်သွားဖို့လုပ်ရင်း
''မင်း ပြန်မလိုက်ဘူးလား ''
''En ငါတို့နောက်မှ ထပ်တွေ့ကြမယ် ''
ဝေ့လန်ပြောရင်း အခြားထွက်ပေါက်ဆီသို့ လှည့်လိုက်ကာ အမြန်ပြေးတော့သည်။
မျောက်ကလေးလို ဆွေ့ခနဲ ခုန်ပြန်ကျော်လွှားနေသည့် ဝေ့လန်အားကြည့်ကာ ခဏလေးအတွင်း အပြင်ရောက်သွားသော ဝေ့လန်၏ အမြန်နှုန်းနှင့် သွက်လက်မှုကို ယန်းချင်းချီအောချမိသည်။ တကယ်တော့ နိုင်ငံ့အားကစားအသင်းက သူ့ကိုလိုနေတာ။
ယန်းချင်းချီ ဝေ့ရွှင်းနှင့် ကျန်းမော့ချန်ဆီပြန်လာလိုက်သည်။
ကျန်းမော့ချန်နာရီကြည့်လိုက်ကာ
''၄မိနစ် ''
ကျန်းမော့ချန် သူပြောတဲ့အတိုင်း တကယ်ကြီးအချိန်မှတ်ထားလိမ့်မည်ဟု မထင်မှတ်ထားတာကြောင့် ခဏလောက် ဘာပြောရမှန်းမသိဖြစ်သွားသည်။
''ခင်ဗျားတကယ်ကြီး အချိန်မှတ်ထားတယ်? ''
''မင်းပဲ သုံးမိနစ်လို့ပြောခဲ့တယ်မလား ''
ယန်ချင်းချီ သူ့ကမ္ဘာက နာမည်ကျော်ကြားသည့် ကြော်ငြာကိုတောင်ပြန်သတိရသွားသည်။
''သုံးမိနစ်အတွင်း မင်းဘာလုပ်နိုင်မလဲ* ''
(T/N: ကြော်ငြာထဲကစကားပါ ကြော်ငြာကအရှည်ကြီးမို့ ထည့်မရှင်းတော့ပါဘူး)
သုံးမိနစ်လေးနဲ့ သူနဲ့ဝေ့လန်ဘာလုပ်နိုင်မှာလဲ စကားတောင်ပြောလို့ပြီးမှာမဟုတ်ဘူး။
''သူဘယ်မှာလဲ '' နှစ်ယောက်လုံးအတူတူထွက်သွားတာ တွေ့လိုက်ရသော်လည်း ယန်းချင်းချီပဲပြန်လာတာကြောင့် ဝေ့ရွှင်းသူ့ကိုကြည့်ကာ မေးလာသည်။
''ပြေးပြီလေ ''
ဝေ့ရွှင်းက သူ့အား အစုံအဆန် အကဲခတ်ကာ
''မင်းတို့နှစ်ယောက် သိနေကြတာလား ''
''အဲ့လို ပြောလည်းရတယ် ''
''ချစ်သူတွေ? ''
''ဘယ်ကလာ! '' ယန်ချင်းချီက အသည်းအသန်ငြင်းလာသည်။ ''ကျွန်တော်က လက်ထပ်ပြီးသား ''
ဝေ့ရွှင်း ထိုစကားအား ထောက်ခံသလိုအသံပြုလာသည့် ကျန်းမော့ချန်အားကြည့်လိုက်ကာ နားလည်သွားသည်။
''ဒါဆို ဘာလို့ ရှောင်လန်က မင်းကိုချစ်နေပါတယ်လို့ ပြောရတာလဲ ''
''အဲ့ဒါကတော့ သူရှင်းပြတာကို နားထောင်လိုက်တာ ပိုကောင်းလိမ့်မယ်လို့ ထင်ပါတယ် ''
သူကပြောရင်း ဖုန်းကိုထုတ်ကာ ဝေ့လန်နဲ့ပြောနေတုန်းက တိတ်တိတ်လေးခိုးသွင်းထားသည့် voice recordingအား ဖွင့်လိုက်ပြီး ဝေ့ရွှင်းကိုပေးလိုက်သည်။
ဝေ့ရွှင်းကလည်း ယန်းချင်းချီက ထိုကဲ့သို့ လှည့်စားမှုအသေးစားလေးတွေ လုပ်တတ်တဲ့သူမှန်း မထင်မှတ်ထားတာကြောင့် recording ကိုနားထောင်နေရင်း မနေနိုင်စွာဖြင့် နောက်တခေါက်ထပ်ကြည့်မိလိုက်သည်။
နားထောင်ပြီးတဲ့အခါမှာတော့ သူထင်ထားသလိုပဲ သူ့ကိုစိတ်တိုအောင်လုပ်နေခြင်းသာ ဖြစ်ပြီး ထိုအဆိုးလေးကြောင့် ခေါင်းကိုက်လာရသည်။
သူ ယန်းချင်းချီအား ဖုန်းပြန်ပေးလိုက်ကာ
''ကျေးဇူးပဲ ''
''ရပါတယ် ''
''တကယ်လို့ ရှောင်လန်က မင်းကို အနာဂတ်မှာလည်း ထပ်နှောက်ယှက်နေသေးရင် ငါ့ကိုဆက်သွယ်လိုက်ပါ ''
ဝေ့ရွှင်း သူ့ရင်ဘတ်အိတ်ကပ်ထဲကနေ ကဒ်တစ်ကဒ်ထုတ်ပေးလာသည်။
ယန်းချင်းချီ လက်ခံလိုက်ကာ ကဒ်ပေါ်က နာမည်ကိုကြည့်ရင်း
''ကောင်းပါပြီ ''
''ဒါဆို ခွင့်ပြုပါဦး ''
ဝေ့ရွှင်းက ဘာအပိုစာသားမှ ထပ်မပြောလာတော့ပဲ သူ့လူတွေနဲ့အတူထွက်သွားတော့သည်။
ထိုလူထွက်သွားတာနဲ့ ယန်းချင်းချီ ကဒ်ကိုင်ထားသည့် လက်လေးအား ကျန်းမော့ချန်ဆီ ဆန့်ထုတ်လိုက်ကာ
''ဘာလုပ်တာလဲ ''
''ယူထား စီးပွားရေးအဆက်အသွယ်လေ ပြီးတော့ ကျွန်တော် သူတို့နဲ့ပတ်သတ်ဖို့ စိတ်ကူးမရှိဘူး ''
''ဘာလို့လဲ '' ကျန်းမော့ချန်ကမေးလာသည်။
''ဘာလို့လဲဆိုတော့ ကျွန်တော်က ပုံမှန်လူလေ ဒါပေမဲ့ သူ့ကြည့်ရတာတောင် ပုံမှန်လူမဟုတ်လောက်ဘူး ''
ထိုစကားကြောင့် ကျန်းမော့ချန်၏ မျက်လုံးထဲ ရွှင်မြူးရိပ်လေးများ ဖြတ်ပြေးသွားသည်။
''သိရင် သူတို့ညီကိုနဲ့ဝေးဝေးနေ''
ယန်းချင်းချီ 'ok' ပုံစံလေးလုပ်ပြလာကာ
''စိတ်မပူပါနဲ့ ကျွန်တော် ကောင်းကောင်းသိပါတယ် ''
~~~~~~~~~~~~~~~~~~~~~~~~
ဒီစာရေးသူမှာ ပြောစရာရှိတယ် :
ယန်းချင်းချီ: ကမ္ဘာမြေပြင်နဲ့အဝေးဆုံးက ဘာလဲသိလား
ကျန်းမော့ချန်: ......
(သူငါ့ကိုဖွင့်ပြောတော့မှာ ဟုတ်တယ်မလား ဒါပေမဲ့ သူဘာလို့အဲ့လောက်သွယ်ဝိုက်နေရတာလဲ)
ယန်းချင်းချိီ: အဲ့ဒါ ခင်ဗျား ကျွန်တော့်ရှေ့ ရပ်လိုက်တဲ့အချိန်ပဲ
''ယန်းချင်းချီ တကယ်တော့ ကိုယ်... ''
''ဘာလို့လဲဆိုတော့ ခင်ဗျားမှ ကျွန်တော့်ကိုမချစ်တာ ''
ကျန်းမော့ချန်: တော်ပြီ ထွက်သွားတော့မယ်
လင်းအန့်စီး(စာရေးသူ) : မသွားပါနဲ့ သခင်ကြီးရယ်! သခင်ကြီးကို ဒီငယ်သားက လက်ဖက်ရည်ဆက်သမယ်လေ ဒီငယ်သားက အသည်းလေးပါပေးမယ်
_________________________________
ချင်းချီတို့ ဟိုကယုံလို့ wechatပါ addသွားတာကို သူက recording ဖွင့်ပြပြီး ရောင်းစားလိုက်တယ် 555
လောင်ရှီးကလေ အသေးစိတ်အရမ်းရေးတယ် ဒါကြောင့်အပိုင်းက ၂၀၀နားကပ်ပြီး extras ဆိုလည်း အများကြီး။ ဒီအပိုင်းထိကို မော့ချန်သူငယ်ချင်းတွေနဲ့မတွေ့ရသေးဘူး 🤣
Zawgyi
ကြၽန္ေတာ္ေကာင္းေကာင္းသိပါတယ္
__________________________________
မူလပိုင္႐ွင္ႏွင့္ေဝ့လန္၏ အတိတ္ဆိုးမ်ားကိုျပန္ေျပာရမည္ဆိုလွ်င္ အေတာ္ေလးကို႐ိုး႐ွင္းသည့္အေၾကာင္းအရာသာျဖစ္သည္။ ကိုယ့္ဘာသာအႏိုင္က်င့္ခံရဖို႔ လည္စင္းေပးထားသလိုပဲ ျပႆနာက မူလပိုင္႐ွင္၏ မနာလိုမႈေၾကာင့္ ျဖစ္လာခဲ့သည္။ သူတို႔ႏွစ္ေယာက္ variety showတစ္ခုတြင္ေတြ႕ခဲ့ၾကသည္။ ေအာင္ျမင္ေနတဲ့လူဆို ကိုးကြယ္ၿပီး နာမည္မ႐ွိသူဆို ခ်နင္းေနၾကသည့္ အႏုပညာေလာကထဲ ၁၈အဆင့္ေလာက္ပဲ႐ွိေသးတဲ့ မူလပိုင္႐ွင္လို အသစ္ေလးႏွင့္ နာမည္ႀကီးေက်ာ္ၾကားေနတဲ့ ေဝ့လန္လို idolတစ္ေယာက္ ႏိႈင္းယွဥ္ၾကည့္လိုက္မယ္ဆိုရင္ ႐ိုက္ကြင္းေနာက္က အစီအစဥ္တင္ဆက္သူေတြ ဝန္ထမ္းေတြ အားလုံးက က်ိန္းေသေပါက္ကို ေဝ့လန္ပဲဦးစားေပးမည္ျဖစ္သည္။
ျပႆနာကေတာ့ ေဝ့လန္ကို မိတ္ကပ္ျပင္ဆရာက နာရီဝက္ေလာက္ၾကာေအာင္ ျပင္ေပးၿပီး မူလပိုင္႐ွင္က် တစ္ခ်က္ႏွစ္ခ်က္ေလာက္ပဲဆြဲလိုက္ကာ ၿပီးၿပီဟုေျပာလိုက္သည္ကစသည္ပင္။ထိုကိစၥက အႀကီးႀကီးမဟုတ္ေသာ္ျငား မူလပိုင္႐ွင္မွာ မတရားဖူးဟုထင္ကာ မခံမရပ္ႏိုင္ေတြျဖစ္လာသည္။ သူ႕အေျခအေနျဖင့္ ေနာက္ခံေတာင့္တင္းေသာ ေဝ့လန္အား ေျဗာင္ေျပာလို႔မရဘူးဆိုတာသိတာေၾကာင့္ ေဝ့လန္ေနာက္ကြယ္မွာ မန္ေနဂ်ာႏွင့္ မေကာင္းေၾကာင္းမ်ားေျပာေလေတာ့သည္။ သူစေျပာလာခဲ့သည္မွာ ေဝ့လန္က ပရိတ္သတ္ေ႐ွ႕က် ၾကည့္ေကာင္းၿပီး ၾကည္လင္တဲ့ မ်က္ႏွာေလး႐ွိေပမဲ့ အားလုံးကမိတ္ကပ္အစြမ္းေၾကာင့္ပင္။ မဟုတ္ရင္ မိတ္ကပ္ျပင္တဲ့အခ်ိန္ကို ဘာလို႔အဲ့ေလာက္ အၾကာႀကီးယူမွာလဲ။ ေဝ့လန္က႐ုပ္ဆိုးသည္။ သူ႕အသားအေရကလည္းထင္သေလာက္မေကာင္းေပ။ သူ႕မ်က္ခုံးကလည္းမလွကာ သူ႕ႏွာေခါင္းကလည္းဆြဲေဆာင္မႈမ႐ွိေပ။ သူ႕ပါးစပ္ကလည္းၾကည့္ရဆိုးလွၿပီး အရပ္ကလည္း ႐ွိရင္းစြဲထက္ပိုေျပာထားကာ ဖိနပ္ေအာက္တစ္ခုခု ခုထားပုံေပၚသည္။ သူ႕ခႏၶာကိုယ္အေနအထားကလည္း ဆိုး႐ြားလွၿပီး အကုန္လုံျခဳံၾကည့္လိုက္ရင္ ေဖာေယာင္ေနသည့္ ငါးႀကီးတစ္ေကာင္လိုပဲ ဟု မေကာင္းေျပာေလသည္။
မူလပိုင္႐ွင္၏ မန္ေနဂ်ာကလည္း သူမ်ားကိုမေကာင္းေျပာေနသည္အား မတားဆီးလာသည့္အျပင္ သေဘာပါတူလိုက္ေသးသည္။ သူကရပ္ခိုင္းဖို႔ျပင္လိုက္ေပမဲ့ မူလပိုင္႐ွင္ကထပ္ေႂကြးေၾကာ္လာျပန္သည္။ တကယ္လို႔ တေန႔မွာ သူ နာမည္ႀကီးလာရင္ ေဝ့လန္ကိုလည္း သူ႕လိုေဘးနားေလးကေန မိတ္ကပ္ျပင္ၿပီးသည္အထိ အၾကာႀကီးေစာင့္ခိုင္းေစမည္။ တဖက္လူကို ခိုင္းဖက္ေလးလို သေဘာထားကာ 'တာ့ေကာ' ဟု ေန႔တိုင္းေခၚခိုင္းေစမည္ ဟုပင္။
ေဝ့လန္ကလည္း အိမ္သာကေနထြက္လာေတာ့ ထိုေနရာကို ၾကားျဖစ္ေအာင္ၾကားသြားသည္။ သူအေတြးထဲမွာေတာ့ 'မင္းကလာေနာက္ေနတာပဲ မင္းဘယ္ေလာက္နာမည္ႀကီးႀကီး ငါစိတ္မပါရင္ ဘယ္သူ႕ခိုင္းဖက္မွမလုပ္ဘူး တာ့ေကာ(အကိုႀကီး)လို႔ေခၚဖို႔ေဝးစြ '
သူကိုယ္တိုင္ကလည္း ဒီလိုမဆီေလ်ာ္တဲ့ဟာေတြဆို စိတ္ထဲမထားပဲ ေက်ာ္သြားတတ္တဲ့လူမဟုတ္တာေၾကာင့္ သူျပန္လွည့္လာကာ ယန္းခ်င္းခ်ီေ႐ွ႕ရပ္လိုက္သည္။
''ငါ့ အစ္ကိုႀကီးက ဘယ္သူလဲဆိုတာ မင္းသိလား ''
မူလပိုင္႐ွင္မွာေၾကာက္လြန္းသျဖင့္ ထိုေနရာမွာပဲ ေျခေထာက္မ်ားေခြယိုင္လာကာ ဒူးေထာက္ရက္သားက်သြားသည္။ သူ၏ ေၾကာက္လန္႔ေနေသာ အမူအရာကိုၾကည့္ၿပီး ေဝ့လန္ကလည္းဆက္မေျပာခ်င္ေတာ့တာေၾကာင့္
''ေနာက္တစ္ခါ ပါးစပ္ကစည္းေစာင့္ ''ဟုေျပာကာ ထြက္သြားခဲ့သည္။
အခု ယန္းခ်င္းခ်ီျပန္စဥ္စားလိုက္တဲ့အခါမွာေတာ့ ေဝ့လန္က မူလပိုင္႐ွင္အေပၚ အေတာ္ေလးေမတၱာႀကီးမားထားသည္ဟုခံစားရသည္။ ပါးစပ္နဲ႔ပဲသတိေပးခဲ့ကာ showပြဲတစ္ေလွ်ာက္လုံး မူလပိုင္႐ွင္အား ခက္ခဲေအာင္မလုပ္ခဲ့ေပ။ အဲ့ေတာ့ ဘာလို႔အခုမွလဲ။ ဘာလို႔႐ုတ္တရက္ႀကီး သူ႕ကိုမွတ္မိသြားရတာလဲ။
''အရင္တုန္းက ငါမွားတာပါ စကားကိုလက္လြတ္စပယ္ေျပာမိၿပီး မေကာင္းတဲ့သေဘာထား႐ွိခဲ့တယ္ ငါေတာင္းပန္ပါတယ္ ''
''ယိုး ဒီတစ္ေခါက္ေတာ့ ယဥ္ေက်းလိမၼာေနပါ့လား ဘာျဖစ္သြားတာလဲ အေရခြံလဲလိုက္တာလား ''
ေဝ့လန္က အံ့ၾသတႀကီး မွတ္ခ်က္ျပဳလာသည္။
ယန္းခ်င္းခ်ီ ခပ္ေဖ်ာ့ေဖ်ာ့ျပဳံးျပကာ
''အဲ့ေတာ့ အခုဘာျဖစ္ေနလဲ ငါ့ကို႐ွင္းျပလို႔ရမလား ''
ေဝ့လန္ကေကာက္က်စ္သည့္ အျပဳံးေလးျဖင့္
''သိခ်င္လား ''
''ဟုတ္ၿပီ ငါမသိလည္းရတယ္ ဒါေပမဲ့မင္းအဲ့ကိစၥကို ထပ္မေျပာပဲေနလို႔ရမလား ဘာမွမျဖစ္ခဲ့သလိုသေဘာထားေပးေလ ''
''လုံးဝမရဘူးေပါ့ '' ေဝ့လန္က ေသခ်ာေလးမတ္မတ္ရပ္လိုက္ကာ ''မင္း ငါ့ေကာင္ေလးအျဖစ္ေနေပးဖို႔လည္း မင္းကိုအားကိုးရဦးမယ္ ''
ယန္းခ်င္းခ်ီ သူ႕ေ႐ွ႕ကလူဘာျဖစ္ခ်င္ေနမွန္း နားမလည္ႏိုင္ေတာ့ေပ။ ဒါမွဟုတ္ ဒီညရဲ႕ အလွ႐ႈခင္းက အရမ္းလွေနၿပီး မီးေတြကပဲအရမ္းလင္းေနလို႔ ေဝ့လန္တစ္ေယာက္ ေပါက္ကရေတြေလွ်ာက္ေျပာေနတာလား။
''ငါ မင္းကို အမွန္အတိုင္းေျပာမယ္ ငါလက္ထပ္ၿပီးသြားၿပီ ''
''ဘာ!! '' ေဝ့လန္မွာအရမ္းအံ့ၾသသြားကာ
''ဘယ္လိုလုပ္ မင္းက ဒီေလာက္အေစာႀကီး လက္ထပ္လိုက္ရတာလဲ ''
ယန္းခ်င္းခ်ီ ေခါင္းၿငိမ့္ျပလာသည္။
''မင္းနားမလည္ပါဘူး ငါတို႔အိမ္ရဲ႕စည္းကမ္းအရ ေက်ာင္းတက္ေနတုန္းရည္းစားမထားရဘူး ဘြဲ႕ရၿပီးရင္ လက္ထပ္ရမယ္ အဲ့ေတာ့ ငါက ငါ့အိမ္စည္းကမ္းအတိုင္း လက္ထပ္လိုက္ရတာ ''
ေဝ့လန္ တကယ္ကိုနားမလည္ပါဘူး။ ဒါေပမဲ့လည္း ဒီႏိုင္ငံရဲ႕မိ႐ိုးဖလာ စည္းမ်ဥ္းစည္းကမ္းအခ်ိဳ႕ကိုသိ႐ွိထားတာေၾကာင့္
''တကယ္ႀကီးလား ''
''တကယ္ႀကီးေပါ့ ''
''တကယ္လို႔ မင္းငါ့ကိုလိမ္ရင္ တသက္လုံး နာမည္ႀကီးဖို႔မစဥ္းစားနဲ႔ေတာ့ ''
''တကယ္လို႔ ငါမင္းကိုလိမ္ရင္ ငါ့ဘဝတစ္ေလွ်ာက္လုံး နာမည္မႀကီးေစရဘူး ''
သူအလြယ္တကူ လိုက္ေျပာလိုက္သည္။
ေဝ့လန္တစ္ေယာက္ ေလေလ်ာ့သြားတဲ့ ပူစီေဖာင္းလိုပဲ
''ခ်ီးပဲ အစကတည္းက မင္းလက္ထပ္ၿပီးသားဆိုတာသိရင္ မင္းကိုမေ႐ြးပါဘူးကြာ က်န္းေမာ့ခ်န္ကိုေ႐ြးလိုက္ပါတယ္ ''
ယန္ခ်င္းခ်ီ ''.....''
''ငါ့ကိုအဲ့လိုႀကီးလာမၾကည့္နဲ႔ ငါကဒီအတိုင္း ငါ့အစ္ကိုကို စိတ္ဆိုးေစခ်င္႐ုံတင္ ဒါေၾကာင့္ ငါမင္းကိုေ႐ြးလိုက္တာ ဘာလို႔လဲဆိုေတာ့ မင္းပုံစံကသူ႕အႀကိဳက္မဟုတ္ဘူးေလ တကယ္လို႔ က်န္းေမာ့ခ်န္ကိုသာေ႐ြးလိုက္ရင္ မိသားစုေနာက္ခံကလည္း အဆင့္အတန္းညီတယ္ ငါနဲ႔လဲသင့္ေတာ္တယ္ ထင္ၿပီး က်န္းေမာ့ခ်န္ လက္ခံမခံေမးၿပီးတာနဲ႔ အစ္ကိုႀကီးက ငါတို႔ႏွစ္ေယာက္ကိုေပးစားလိုက္မွာစိုးလို႔ ''
''အဲ့ေတာ့ မင္းက ဒီတိုင္း မင္းအစ္ကိုကို စိတ္ဆိုးေအာင္လုပ္ခ်င္႐ုံေပါ့ ''
''အင္း ''
''ဒါဆိုလည္း ဘာလို႔ငါ့ကိုပါ အဲ့ထဲဆြဲသြင္းရတာလဲ ''
ယန္းခ်င္းခ်ီ ငိုရခက္ရယ္ရခက္ျဖစ္ေနသည္။
''မင္းအစ္ကို ငါ့ကိုအျမင္မၾကည္ရင္ဘယ္လိုလုပ္မလဲ ''
''သူမင္းကိုသတ္ပစ္မွာမွမဟုတ္တာ အလြန္ဆုံးမွ မင္းရဲ႕အႏုပညာလမ္းေၾကာင္းႀကီးကို ဖိႏွိပ္ထား႐ုံေပါ့ အခုေတာင္ ၁၈အဆင့္အႏုပညာ႐ွင္ေနရာကေနတက္မလာေသးတာ ဘာေတြေၾကာက္ေနတာလဲ ''
ယန္းခ်င္းခ်ီမွာ ေျပာစရာစကားပင္မ႐ွိေတာ့။
သူကထပ္ေျပာျပန္သည္။
''တကယ္လို႔ ဒရမ္မာေတြထဲကလို ငါ့အစ္ကိုက မင္းကို ၁၀သန္းနဲ႔ပစ္ေပါက္ၿပီး ငါ့အနားက ထြက္သြားခိုင္းရင္ ထြက္သြားခိုင္းႏိုင္တာပဲဟာ။ အဲ့အခ်ိန္က် ''ခင္ဗ်ားညီက ဒီေလာက္ပဲတန္သလားလို႔ ေမးလိုက္ ''
ၿပီးရင္ သုညတစ္လုံးေလာက္ ထပ္တိုးခိုင္းလိုက္ အားလုံးၿပီးရင္ေတာ့ ငါ့လဲပိုက္ဆံျပန္လႊဲေပးဦး အတူတူမွ်သုံးၾကတာေပါ့ ''
ယန္းခ်င္းခ်ီ ၿငီးတြားလိုက္သည္။
''ငါ့အထင္ေတာ့ မင္းအစ္ကိုက ငါ့ကို ပိုက္ဆံဆယ္သန္းနဲ႔ မပစ္ေပါက္ပဲ ဘယ္လက္လား ညာလက္လားလို႔ ေမးမယ္ မေျဖရင္ ႏွစ္ဖက္လုံးကိုခ်ိဳးပစ္မယ္လို႔ ပိုအာ႐ုံရေနတယ္ ''
ထိုစကားၾကားေတာ့ ေဝ့လန္ရယ္ခ်င္သြားကာ
''မင္း အရင္ကထက္ ပိုစိတ္ဝင္စားဖို႔ေကာင္းတယ္ ''
ယန္းခ်င္းခ်ီ အင္အားမ႐ွိေတာ့ေပ။
''ဟုတ္ၿပီ ငါမင္းတို႔ညီကိုႏွစ္ေယာက္ၾကားထဲ ကန္႔လန္႔ကန္႔လန္႔နဲ႔မပါခ်င္ဘူး ငါသြားေတာ့မယ္ မင္းအစ္ကိုကို ဒါကနားလည္မႈလြဲတာလို႔ေျပာလိုက္ ''
''ေနပါဦး ေနပါဦး ေနပါဦး ''
ေဝ့လန္ သူ႕ကိုျပန္ဆြဲလိုက္ကာ
''မင္းကိုအခုပဲ ငါ့အခ်စ္စစ္လို႔ေျပာၿပီး ခ်က္ခ်င္း မဟုတ္ပါဘူး ဒါကနားလည္မႈလြဲတာပါလို႔ ထပ္ေျပာရင္ ကိုယ့္ပါးကိုျဖတ္႐ိုက္သလိုျဖစ္မေနဘူးလား ဒီလိုလုပ္ ႏွစ္ရက္ေလာက္ေစာင့္လိုက္ ငါမင္းကိုၿငီးေငြ႕သြားလို႔ ျဖတ္ပစ္လိုက္တယ္လို႔ေျပာလိုက္မယ္ ''
''ဒီဇာတ္လမ္းက အစေတြေရာ အဆုံးေတြေရာ႐ွိေသးတာလား ''
''ဘယ္လိုထင္လဲ '' ေဝ့လန္ ဖုန္းကိုထုတ္လိုက္ကာ
''လာစမ္းပါ Wechat မွာ အခ်င္းခ်င္း add ထားရေအာင္ အဲ့ဒါမွ ငါတို႔ပူးေပါင္းလို႔ပိုလြယ္မွာ ''
''ဘယ္သူကမင္းရဲ႕႐ူးေၾကာင္ေၾကာင္ ျပဇာတ္အတိုင္းလိုက္ကႏိုင္မွာလဲ မ်က္စိမွိတ္ထားဖို႔ပဲ ဆုံးျဖတ္လိုက္ၿပီ* ''
(T/N: သီခ်င္းစာသားပါ )
''အဲ့ဒါဆိုရင္ေတာ့ မင္းတစ္သက္လုံးအလင္းျမင္ရမွာမဟုတ္ေတာ့ဘူး '' ေဝ့လန္ ႐ႊင္ျမဴးစြာ ျပဳံးျပလာသည္။ '' မင္းရဲ႕ ေမွာင္မိုက္ေနတဲ့ အတိတ္ဆိုးေတြက နည္းမွမနည္းတာ ဟုတ္တယ္မလား ''
'နည္းမွမနည္းတာ' မဟုတ္ဘူး။ 'ဘယ္ေလာက္ေတာင္မ်ားလိုက္သလဲ' ျဖစ္ရမွာ။
ယန္းခ်င္းခ်ီ အကူအညီမဲ့စြာ Wechatမွာသာ add လိုက္သည္။ သူ က်န္းေမာ့ခ်န္ဆီျပန္သြားဖို႔လုပ္ရင္း
''မင္း ျပန္မလိုက္ဘူးလား ''
''En ငါတို႔ေနာက္မွ ထပ္ေတြ႕ၾကမယ္ ''
ေဝ့လန္ေျပာရင္း အျခားထြက္ေပါက္ဆီသို႔ လွည့္လိုက္ကာ အျမန္ေျပးေတာ့သည္။
ေမ်ာက္ကေလးလို ေဆြ႕ခနဲ ခုန္ျပန္ေက်ာ္လႊားေနသည့္ ေဝ့လန္အားၾကည့္ကာ ခဏေလးအတြင္း အျပင္ေရာက္သြားေသာ ေဝ့လန္၏ အျမန္ႏႈန္းႏွင့္ သြက္လက္မႈကို ယန္းခ်င္းခ်ီေအာခ်မိသည္။ တကယ္ေတာ့ ႏိုင္ငံ့အားကစားအသင္းက သူ႕ကိုလိုေနတာ။
ယန္းခ်င္းခ်ီ ေဝ့႐ႊင္းႏွင့္ က်န္းေမာ့ခ်န္ဆီျပန္လာလိုက္သည္။
က်န္းေမာ့ခ်န္နာရီၾကည့္လိုက္ကာ
''၄မိနစ္ ''
က်န္းေမာ့ခ်န္ သူေျပာတဲ့အတိုင္း တကယ္ႀကီးအခ်ိန္မွတ္ထားလိမ့္မည္ဟု မထင္မွတ္ထားတာေၾကာင့္ ခဏေလာက္ ဘာေျပာရမွန္းမသိျဖစ္သြားသည္။
''ခင္ဗ်ားတကယ္ႀကီး အခ်ိန္မွတ္ထားတယ္? ''
''မင္းပဲ သုံးမိနစ္လို႔ေျပာခဲ့တယ္မလား ''
ယန္ခ်င္းခ်ီ သူ႕ကမ႓ာက နာမည္ေက်ာ္ၾကားသည့္ ေၾကာ္ျငာကိုေတာင္ျပန္သတိရသြားသည္။
''သုံးမိနစ္အတြင္း မင္းဘာလုပ္ႏိုင္မလဲ* ''
(T/N: ေၾကာ္ျငာထဲကစကားပါ ေၾကာ္ျငာကအ႐ွည္ႀကီးမို႔ ထည့္မ႐ွင္းေတာ့ပါဘူး)
သုံးမိနစ္ေလးနဲ႔ သူနဲ႔ေဝ့လန္ဘာလုပ္ႏိုင္မွာလဲ စကားေတာင္ေျပာလို႔ၿပီးမွာမဟုတ္ဘူး။
''သူဘယ္မွာလဲ '' ႏွစ္ေယာက္လုံးအတူတူထြက္သြားတာ ေတြ႕လိုက္ရေသာ္လည္း ယန္းခ်င္းခ်ီပဲျပန္လာတာေၾကာင့္ ေဝ့႐ႊင္းသူ႕ကိုၾကည့္ကာ ေမးလာသည္။
''ေျပးၿပီေလ ''
ေဝ့႐ႊင္းက သူ႕အား အစုံအဆန္ အကဲခတ္ကာ
''မင္းတို႔ႏွစ္ေယာက္ သိေနၾကတာလား ''
''အဲ့လို ေျပာလည္းရတယ္ ''
''ခ်စ္သူေတြ? ''
''ဘယ္ကလာ! '' ယန္ခ်င္းခ်ီက အသည္းအသန္ျငင္းလာသည္။ ''ကြၽန္ေတာ္က လက္ထပ္ၿပီးသား ''
ေဝ့႐ႊင္း ထိုစကားအား ေထာက္ခံသလိုအသံျပဳလာသည့္ က်န္းေမာ့ခ်န္အားၾကည့္လိုက္ကာ နားလည္သြားသည္။
''ဒါဆို ဘာလို႔ ေ႐ွာင္လန္က မင္းကိုခ်စ္ေနပါတယ္လို႔ ေျပာရတာလဲ ''
''အဲ့ဒါကေတာ့ သူ႐ွင္းျပတာကို နားေထာင္လိုက္တာ ပိုေကာင္းလိမ့္မယ္လို႔ ထင္ပါတယ္ ''
သူကေျပာရင္း ဖုန္းကိုထုတ္ကာ ေဝ့လန္နဲ႔ေျပာေနတုန္းက တိတ္တိတ္ေလးခိုးသြင္းထားသည့္ voice recordingအား ဖြင့္လိုက္ၿပီး ေဝ့႐ႊင္းကိုေပးလိုက္သည္။
ေဝ့႐ႊင္းကလည္း ယန္းခ်င္းခ်ီက ထိုကဲ့သို႔ လွည့္စားမႈအေသးစားေလးေတြ လုပ္တတ္တဲ့သူမွန္း မထင္မွတ္ထားတာေၾကာင့္ recording ကိုနားေထာင္ေနရင္း မေနႏိုင္စြာျဖင့္ ေနာက္တေခါက္ထပ္ၾကည့္မိလိုက္သည္။
နားေထာင္ၿပီးတဲ့အခါမွာေတာ့ သူထင္ထားသလိုပဲ သူ႕ကိုစိတ္တိုေအာင္လုပ္ေနျခင္းသာ ျဖစ္ၿပီး ထိုအဆိုးေလးေၾကာင့္ ေခါင္းကိုက္လာရသည္။
သူ ယန္းခ်င္းခ်ီအား ဖုန္းျပန္ေပးလိုက္ကာ
''ေက်းဇူးပဲ ''
''ရပါတယ္ ''
''တကယ္လို႔ ေ႐ွာင္လန္က မင္းကို အနာဂတ္မွာလည္း ထပ္ေႏွာက္ယွက္ေနေသးရင္ ငါ့ကိုဆက္သြယ္လိုက္ပါ ''
ေဝ့႐ႊင္း သူ႕ရင္ဘတ္အိတ္ကပ္ထဲကေန ကဒ္တစ္ကဒ္ထုတ္ေပးလာသည္။
ယန္းခ်င္းခ်ီ လက္ခံလိုက္ကာ ကဒ္ေပၚက နာမည္ကိုၾကည့္ရင္း
''ေကာင္းပါၿပီ ''
''ဒါဆို ခြင့္ျပဳပါဦး ''
ေဝ့႐ႊင္းက ဘာအပိုစာသားမွ ထပ္မေျပာလာေတာ့ပဲ သူ႕လူေတြနဲ႔အတူထြက္သြားေတာ့သည္။
ထိုလူထြက္သြားတာနဲ႔ ယန္းခ်င္းခ်ီ ကဒ္ကိုင္ထားသည့္ လက္ေလးအား က်န္းေမာ့ခ်န္ဆီ ဆန္႔ထုတ္လိုက္ကာ
''ဘာလုပ္တာလဲ ''
''ယူထား စီးပြားေရးအဆက္အသြယ္ေလ ၿပီးေတာ့ ကြၽန္ေတာ္ သူတို႔နဲ႔ပတ္သတ္ဖို႔ စိတ္ကူးမ႐ွိဘူး ''
''ဘာလို႔လဲ '' က်န္းေမာ့ခ်န္ကေမးလာသည္။
''ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္က ပုံမွန္လူေလ ဒါေပမဲ့ သူ႕ၾကည့္ရတာေတာင္ ပုံမွန္လူမဟုတ္ေလာက္ဘူး ''
ထိုစကားေၾကာင့္ က်န္းေမာ့ခ်န္၏ မ်က္လုံးထဲ ႐ႊင္ျမဴးရိပ္ေလးမ်ား ျဖတ္ေျပးသြားသည္။
''သိရင္ သူတို႔ညီကိုနဲ႔ေဝးေဝးေန''
ယန္းခ်င္းခ်ီ 'ok' ပုံစံေလးလုပ္ျပလာကာ
''စိတ္မပူပါနဲ႔ ကြၽန္ေတာ္ ေကာင္းေကာင္းသိပါတယ္ ''
~~~~~~~~~~~~~~~~~~~~~~~~
ဒီစာေရးသူမွာ ေျပာစရာ႐ွိတယ္ :
ယန္းခ်င္းခ်ီ: ကမ႓ာေျမျပင္နဲ႔အေဝးဆုံးက ဘာလဲသိလား
က်န္းေမာ့ခ်န္: ......
(သူငါ့ကိုဖြင့္ေျပာေတာ့မွာ ဟုတ္တယ္မလား ဒါေပမဲ့ သူဘာလို႔အဲ့ေလာက္သြယ္ဝိုက္ေနရတာလဲ)
ယန္းခ်င္းခ်ိီ: အဲ့ဒါ ခင္ဗ်ား ကြၽန္ေတာ္႕ေ႐ွ႕ ရပ္လိုက္တဲ့အခ်ိန္ပဲ
''ယန္းခ်င္းခ်ီ တကယ္ေတာ့ ကိုယ္... ''
''ဘာလို႔လဲဆိုေတာ့ ခင္ဗ်ားမွ ကြၽန္ေတာ္႕ကိုမခ်စ္တာ ''
က်န္းေမာ့ခ်န္: ေတာ္ၿပီ ထြက္သြားေတာ့မယ္
လင္းအန္႔စီး(စာေရးသူ) : မသြားပါနဲ႔ သခင္ႀကီးရယ္! သခင္ႀကီးကို ဒီငယ္သားက လက္ဖက္ရည္ဆက္သမယ္ေလ ဒီငယ္သားက အသည္းေလးပါေပးမယ္
_________________________________
ခ်င္းခ်ီတို႔ ဟိုကယုံလို႔ wechatပါ addသြားတာကို သူက recording ဖြင့္ျပၿပီး ေရာင္းစားလိုက္တယ္ 555
ေလာင္႐ွီးကေလ အေသးစိတ္အရမ္းေရးတယ္ ဒါေၾကာင့္အပိုင္းက ၂၀၀နားကပ္ၿပီး extras ဆိုလည္း အမ်ားႀကီး။ ဒီအပိုင္းထိကို ေမာ့ခ်န္သူငယ္ခ်င္းေတြနဲ႔မေတြ႕ရေသးဘူး 🤣