ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့...

By Dandelion_nini

5.2M 710K 54.9K

Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking fin... More

Synopsis
အသိပေးစာ
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35.1
Chapter 35.2
Chapter 35.3
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140
Chapter 141
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155
Chapter 156
Chapter 157
Chapter 158
Chapter 159
Chapter 160
Chapter 161
Chapter 162
Chapter 163
Chapter 164
Chapter 165
Chapter 166
Chapter 167
Chapter 168
Chapter 169
Chapter 170
Chapter 171
Chapter 172
Chapter 173
Chapter 174
Chapter 175
Chapter 176
Chapter 177
Chapter 178
Chapter 179
Chapter 180
Chapter 181
Chapter 182
Chapter 183
Chapter 184
Chapter 185
Chapter 186
Chapter 187
Chapter 188
Chapter 189
Chapter 190
Chapter 191 [ Final ]
ကျေးဇူးတင်လွှာနဲ့ Extraအကြောင်း
Updates and fanarts
About Car

Chapter 17

31.3K 4K 31
By Dandelion_nini

Unicode

ဝေ့လန်

ဒါကပထမဆုံးအကြိမ် ယန်းအိမ်သို့ ချီချီကိုခေါ်သွားခြင်းဖြစ်တာကြောင့် သူတို့ကားပေါ်ရှိနေစဥ် ယန်းအိမ်ကလူများနှင့် မစိမ်းသက်အောင် သူ့ဖုန်းထဲကဓာတ်ပုံများအား ချီချီ့ကိုထုတ်ပြလေသည်။ ကျန်းမော့ချန်တစ်ယောက် ချီချီ အနေရခက်ကာ အဆင်မပြေမှာစိုးရိမ်တာကြောင့် နှစ်ဖက်မိဘတွေ့ဆုံစဥ်က မခေါ်လာခဲ့ပေ။ ထို့ကြောင့် အခုမှ ချီချီကယန်းမိဘနှင့် သူ့ညီမအား မြင်ဖူးတာဖြစ်သည်။

ချီချီကလည်း နာနာခံခံလေးနှင့် သူမိတ်ဆက်ပေးသမျှလူနှင့်နာမည်ကိုလိုက်တွဲကာ မှတ်လေသည်။ သူတို့ကားပေါ်ကဆင်းတော့ ယန်းမိဘများကထွက်ကြိုကြသည်။ ချီချီက အရမ်းကိုပျော့ပျောင်းပြီး ရှက်ဝဲဝဲအသံလေးဖြင့်ခေါ်လိုက်သည်။

'' ဖိုးဖိုး ဖွားဖွား ''

ယန်းချင်းရှီကလည်း သူ့အသံလေးကိုကြားတော့ အနားတိုးလာပြီး
''မမကရော ''

''တီတီ '' ချီချီက တိုးတိုးလေးပြန်ဖြေလာသည်။

ချီချီက သေးသေးလေးနှင့် နုနုနယ်နယ်​လေးမို့ ဆန်စေးကိတ်လေးနှင့်ပင်တူကာ ဆွဲညှစ်ပစ်ချင်စိတ်များကို သူမ မထိန်းထားနိုင်ခဲ့ပေ။ သူမလက်က ပါးလေးအား လှမ်းဆွဲဖို့ပြင်ပြီးကာမှ သူမအကို သူမအား ကြိုသတိပေးထားသည်ကိုမှတ်မိသွားလေသည်။ သူမအကိုက သိပ်မကြာသေးခင်ကမှ မိသားစု Wechat group ထဲသို့ ကလေးက သူစိမ်းတွေဆိုကြောက်ကြောင်း ပို့ထားလေသည်။ ဒါကြောင့် သူမလက်ပုံစံအနေအထားအား လက်မထောင်တဲ့ poseအဖြစ် ချက်ချင်းပြောင်းလိုက်ကာ

''အရမ်းတော်တယ် ''

ယန်းချင်းချီကတော့သူမ၏ သဘာဝမကျသည့် တောင့်တင်းတင်းအနေအထားကိုသတိထားမိသော်လည်း ကံကောင်းစွာဖြင့် ချီချီကတော့သတိမထားမိပဲ ရှက်ပြုံးလေးသာပြုံးနေခဲ့သည်။

သူတို့နှစ်ယောက်က ညစာစားပြီးမှလာခြင်း ဖြစ်တာကြောင့် ယန်းမိဘတို့က မုန့်အချို့နှင့် အသီးများသာပြင်ဆင်ထားသည်။ ယန်းအမေက ချီချီ့ကိုပွေ့ပိုက်ထားကာ သူတို့နှစ်ယောက်၏နေ့စဥ်ဘဝများကို မေးမြန်းလေသည်။

ယန်းချင်းချီကလည်း ယန်းအမေ၏မေးခွန်းများအား တက်တက်ကြွကြွလိုက်ဖြေနေကာ ချီချီ့ကိုလည်း မုန့်ကျွေးလိုက် စနောက်လိုက်လုပ်နေသေး၏ ဘေးရှိ ကျန်းမော့ချန်ကလည်း သူ့ကိုမေးလျှင် ဝင်ဖြေပေးသည်။

ယန်းချင်းရှီ အခြားတဖက်တွင် ထိုင်နေပြီး ပါးလေးကိုဖောင်းကာ ထိုမိသားစုသုံးယောက်အား ကြည့်နေလိုက်လေသည်။ ဒီလိုပုံစံလေးဆိုလည်း မဆိုးပါဘူးဟု သူမရုတ်တရက်ခံစားမိလိုက်သည်။ အနည်းဆုံးတော့ ကြည့်ရတာမျက်စိအေးတယ်လေ။ အစကတော့ ဒီအချစ်မရှိတဲ့ လက်ထပ်ပွဲကြီးက သူမအကိုအတွက်အဆင်မှပြေပါ့မလားဟု စိတ်ပူခဲ့သေးသည်။ ကျန်းမော့ချန်ကိုယ်တိုင်ကိုက လူသိရှင်ကြားသရုပ်ဆောင်တစ်ယောက်ဖြစ်ကာ သူ့နောက်တွင်ကျန်းအိမ်ရှိသည်။ သူ့အတွက်က တစ်စုံတစ်ရာဆုံးရှုံးသွားလည်း သိပ်အကျိုးမသက်ရောက်သော်ငြား သူမအကိုကရော?? ကျန်းမော့ချန်နဲ့ အနာဂတ်မှာ လမ်းခွဲလိုက်ရင် သူမအကိုဘာသွားလုပ်စားရမလဲ။

ထိုကဲ့သို့ ယန်းချင်းရှီတစ်ယောက် စိတ်ပူနေသော်ငြားလည်း ထိုစိတ်ပူမှုက ဘာမှမကူညီနိုင်တဲ့အပြင် ကြားတဲ့သူစိတ်ဆင်းရဲရုံသာရှိမည်။ အခုမြင်ကွင်းလေးကအစစ်ဖြစ်လာဖို့သာ သူမမျှော်လင့်သည်။ ကျန်းမော့ချန်နှင့် ယန်းချင်းချီ အချိန်တွေအကြာကြီး အဆင်ပြေပြေနေနိုင်ဖို့မျှော်လင့်သည်။ တနေ့မှာ သူတို့ တ​စ်ယောက်ကောင်းကွက် တစ်ယောက်မြင်ပြီး ချစ်မိသွားပါစေလို့ မျှော်လင့်မိသည်။ ဒါပေါ့ အဲ့လိုဖြစ်ဖို့ သူမအကိုဘက်ကလည်း အခုလို အိန္ဒြေရရနဲ့ ဆင်ခြင်တွေးခေါ်တတ်တဲ့ပုံစံလေးကို ဆက်ထိန်းထားနိုင်ဖို့ လိုသေးတာပေါ့။

သူတို့စကားစမြည်ပြောပြီးနောက်မှာတော့ ယန်းအိမ်ကထွက်လာခဲ့ကာ ချီချီအား အိမ်အရင်ပြန်ပို့ခဲ့သည်။ ပြီးမှ ကျန်းမော့ချန် သူ့သူငယ်ချင်းတွေနဲ့ တွေ့ဖို့ ချိန်းထားသည့် ဘားသို့ သွားလိုက်ကြတော့သည်။

'Forgive'ဆိုသည့် ဘားက စျေးကြီးသည့် အဆင့်မြင့်ဘားတစ်ခုဖြစ်ကာ လူချမ်းသာများသာအဝင်အထွက်ရှိပြီး ကျန်းမော့ချန်နဲ့သူ့သူငယ်ချင်းတို့အုပ်စု တွေ့ဖို့ အများဆုံးချိန်းတတ်သောနေရာဖြစ်သည်။ ထိုနေရာတွင် အကောင်းဆုံးအရက်များ၊ အကောင်းဆုံးအဆိုတော်များ၊ မြူးကြွသည့် သီချင်းများနှင့် ရင်သပ်ရှုမောဖွယ် ဟန်ပြတင်ဆက်မှုများလည်းရှိကာ အဆိတ်ငြိမ်ဆုံး သီးသန့်ခန်းများလည်းရှိသည်။ အကောင်းဆုံးနှင့် အပြည့်စုံဆုံးကတော့ ထိုနေရာကနေပေးနိုင်သည့် ကစားပွဲများသာဖြစ်သည်။ မင်းဘာကိုလိုချင်လိုချင် စိတ်ကျေနပ်မှုအပြည့် ရအောင် ဖြည့်ဆည်းပေးနိုင်ပြီး မင်းရဲ့လုံခြုံမှုနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များကိုပါ လူမသိအောင် ကာကွယ်ပေးဦးမည်ဖြစ်သည်။ 

ကျန်းမော့ချန် သူ့ရဲ့ကဒ်ကိုပြလိုက်ကာ ယန်းချင်းချီအား အထဲခေါ်သွားသည်။ အထဲဝင်ပြီးသိပ်မလျှောက်လိုက်ရသေးခင်မှာပဲ သူ့ဆီ ပုံရိပ်လေးတစ်ခုက အတင်းပြေးဝင်လာလေသည်။ ယန်းချင်းချီ ချက်ချင်းရှောင်လိုက်ကာ အခြားတစ်ယောက်အားဖြတ်သွားဖို့နေရာပေးလိုက်သည်။ ထိုလူက သူ့ကိုဖြတ်သွားချိန်မှာပဲ အတင်းဘရိတ်အုပ်လိုက်ကာ သူ့အားလှည့်ကြည့်လာသည်။ ထို့နောက် သူ့ကိုပြေးဖက်ကာ ခွာမရအောင်မှီထားလေသည်။

ယန်းချင်းချီ သူ့ကိုဖက်ထားသည့် ထိုလူ၏ ချောမွတ်နေသော လုပ်ရပ်များကိုကြည့်ကာ အံ့သြတုန်လှုပ်သွားသည်။ သူစိတ်ရှုပ်ထွေးသွားကာ အခြားတစ်ယောက်အား ဆွဲဖယ်ဖို့ကြိုးစားလိုက်သော်လည်း သူ့ကိုခိုင်ခိုင်မြဲမြဲကြီးဖက်ထားသည်အား တွေ့လိုက်ရလေသည်။ ''ခင်ဗျားမူးနေတာလား''လို့ မေးမဲ့အချိန်မှာပဲ သူ့ကိုဖက်ထားသည့် ကိုအာလာဝက်ဝံ ဆီကအသံထွက်လာသည်။

''သူပဲ! ကျွန်တော်ကြိုက်နေတာ သူပဲ!! ''

ယန်းချင်းချီ မေးစရာမလိုလောက်အောင်ပဲ ထိုလူက ကျိန်းသေပေါက် မူးနေတာဖြစ်မည်။ မူးနေတာမှ ကိုယ့်မိဘကိုမမှတ်မိနိုင်လောက်သည်အထိ။

''ကျွန်တော့်အထင်..... ''
ယန်းချင်းချီ ကူရာကယ်ရာမဲ့စွာပဲ စကားစပြောလိုက်သည်။

သူစကားကို ဆုံးအောင်မပြောလိုက်ရသေးခင် သူ့ကပ်တွယ်နေသည့် ကိုအာလာဝက်ဝံက ဖြတ်ပြောပြန်သည်။

''မင်းငါ့ကိုမကြိုက်ဘူးဆိုတာ ငါသိတယ် ငါကြိုက်နေရင်ရပြီ ''

''အဲ့လိုမဟုတ်ဘူး ငါ... ''

''ရတယ် ငါစောင့်နိုင်တယ် ''

''ငါ.. ''

''မင်း တာဝန်ယူဖို့မလိုပါဘူး ငါမင်းကို ဒီတိုင်းလေးပဲ ကြိုက်တာပါ ''

ယန်းချင်းချီ သူ့ပါးစပ်သူပိတ်လိုက်တော့သည်။ ကျန်းမော့ချန်ဘက်လှည့်လိုက်ကာ 'ကျွန်တော်အပြစ်ကင်းပါတယ်' ဆိုသည့်အကြည့်လေးပေးလိုက်သည်။

ကျန်းမော့ချန် မျက်ခုံးတစ်ဖက်ပင့်ကာ ကြည့်လာသည်။ နောက်တော့ သူ့အကြည့်က ယန်းချင်းချီကို အပီအပြင်ကပ်တွယ်နေသည့် လူဆီ ရောက်သွားကာ ထိုမှတစ်ဆင့် ထိုလူ့နောက်မှ လိုက်လာသည့်လူများကို ကြည့်လိုက်လေသည်။

ယန်းချင်းချီကလည်း ထိုအကြည့်အားသတိထားမိသွားကာ ကိုအာလာဝက်ဝံ နောက်မှလိုက်လာသည့် လူသုံးယောက်အား ကြည့်လိုက်သည်။ သူတို့အနေအထားက တြိဂံပုံစံဖြစ်နေကာ တချက်ကြည့်လိုက်ရုံနဲ့ သူတို့အဆင့်အတန်းကိုတန်းပြောနိုင်သည်။ ရှေ့ကဦးဆောင်လာသူမှာ ၂၈ ဒါမှမဟုတ် ၂၉လောက်ရှိနေပြီဖြစ်ကာ ခက်ထန်သော မျက်နှာထားရှိသည်။ သူ၏ပုံပန်းသွင်ပြင်က အရှိန်ဖြင့်ဖျက်စီးနိုင်လောက်သည့် ဟိတ်ဟန်ရှိကာ မျက်နှာကျက ထက်ရှသည့်ပုံရှိသည်။ သူ၏အကြည့်များက ယန်းချင်းချီတို့ဘက်ကြည့်နေကာ မျက်ခုံးများက အလိုမကျမှုကြောင့် တွန့်ချိုးနေလေသည်။ တချက်ကြည့်ရုံနဲ့တင် ထိုလူကဖြုံလောက်သည့် အရှိန်အဝါရှိလေသည်။

ယန်းချင်းချီ သူ့ကိုဖက်ထားသည့် ကိုအာလာဝက်ဝံကိုပြန်ကြည့်လိုက်ကာ
''မင်း...''

''ငါ မင်းအပေါ်ရှိတဲ့ ခံစားချက်တွေက အစစ်! အချစ်စစ်လို့ပြောထားခဲ့တယ်လေ ငါ့ကိုမတွန်းထုတ်ပါနဲ့တော့လား '' ကိုအာလာဝက်ဝံက ပါးစပ်ဟလိုက်ပြီဆိုတာနဲ့ ရေပူဖောင်းမှုတ်ထုတ်လိုက်သလိုပဲ စကားတွေ အဆက်မပြတ်ထွက်လာသည်။

ယန်းချင်းချီခင်ဗျာ ဘာဆက်ပြောရမှန်းပင်မသိတော့။ သူ့ရှေ့က သူတို့ကိုကြည့်နေသည့် ယောကျ်ားမှာ ဒေါသထွက်နေသည့်အရိပ်အယောင်တွေမြင်နေရတာကြောင့် သူ ကျန်းမော့ချန်ဘက်လှည့်ကြည့်လိုက်ကာ
''သုံးမိနစ်ပေး ''

ပြောပြီးတာနဲ့ လှည့်ကာ ကျန်းမော့ချန်တို့နှင့် ခပ်ဝေးဝေးနေရာသို့ ကိုအာလာဝက်ဝံအား ဆွဲခေါ်သွားတော့သည်။

ကျန်းမော့ချန်အတော်လေးအံ့အားသင့်သွားကာ သူ့ဘေးကယောကျ်ားကလည်း သူ့နည်းတူ အံ့သြနေဟန်မြင်တော့

''ဝေ့သခင်လေး အခြေအနေလေး တစ်ချက်လောက်ရှင်းပြနိုင်မလား ''

ဝေ့ရွှင်း သူ့ကို ပြန်ကြည့်လာကာ
''ကျန်း ဒုသခင်လေး လည်း ဒီကိစ္စကို ပြန်ရှင်းပြနိုင်မလား''

ယန်းချင်းချီ ကိုအာလာဝက်ဝံအား ထောင့်တစ်ထောင့်သို့ ဆွဲခေါ်လိုက်ကာ လက်ကိုလွှတ်ပေးပြီး
''ငါ မင်းကိုမသိဘူး ဟုတ်တယ်မလား ''

ကိုအာလာဝက်ဝံက နှာမှုတ်လိုက်ကာ အထင်အမြင်သေးသည့်အကြည့်တစ်ချက်လှမ်းပို့လိုက်သည်။ ထို့နောက် ယန်းချင်းချီဆွဲခဲ့သည့် သူ့လက်အားလှုပ်ခါလိုက်ရင်း
''မင်းက တော်တော်တော့ အားသန်သားပဲ ယန်းချင်းချီ ''

ဒီတစ်ခါအံ့သြရသူမှာ ယန်းချင်းချီပင်။
''မင်း ငါ့ကိုသိတယ်? ''

''ဘာလဲ 'နာမည်ကြီးတွေက အားလုံးကိုမမှတ်မိနိုင်ဘူး'ဆိုတဲ့ အတိုင်းလား ငါ့ကိုခဏလေးနဲ့တင် မေ့သွားတယ်ပေါ့ ''

ယန်းချင်းချီမူလပိုင်ရှင်၏ မှတ်ဉာဏ်ကိုပြန်ခေါ်လိုက်ကာ
''မင်းနာမည်က? ''

''ယိုး! အရင်ကတော့ ငါ့ကိုဆူပူကြိမ်းမောင်းနေပြီးတော့ အခုကျ ငါ့နာမည်ပါမေ့သွားပြီပေါ့ ''

ယန်းချင်းချီ ကူရာကယ်ရာမဲ့သလိုခံစားလိုက်ရသည်။ ပြောရမယ်ဆို မူလပိုင်ရှင်ဆူပူကြိမ်းမောင်းခဲ့တဲ့လူက နည်းမှမနည်းတာ ဘယ်တစ်ယောက်မှန်းသူမသိပေ။

ကိုအာလာဝက်ဝံက သူတကယ်ကြီးမေ့နေတာကို နားလည်ပုံရသွားတာကြောင့် နှာခေါင်းရှုံ့လိုက်ကာ
''ဝေ့လန် မှတ်မိပြီလား ''

အခုမှပဲ ယန်းချင်းချီ လူနဲ့မျက်နှာ ယှဥ်တွဲမိတော့သည်။ မူလပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင် ဝေ့လန်လို့ခေါ်တဲ့လူ တကယ်ရှိခဲ့သည်။ ထပ်ပြီး ဝတ္ထုဖတ်တုန်းကလည်း ထိုနာမည်အား တွေ့ခဲ့သေးသည်။ ဝေ့လန်က ဝတ္ထုထဲသိပ်မပါပေမဲ့လည်း သူ့ရဲ့ရုပ်ရည်နှင့် နောက်ခံအင်အားသည် အော့နှလုံးနာဖွယ် ကြာပန်းဖြူလေး၏ နောက်ခံနှင့်နှိုင်းယှဥ်ရာတွင်သုံးပြီး ကြာပန်းဖြူလေး အနုပညာလောကထဲကျင်လည်ရာတွင် မည်မျှခက်ခဲကြောင်း ထည့်ထားသည့်  ဖြည့်ဖက်နေရာလေးဖြစ်သည်။

သာမန်မိသားစုကပေါက်ဖွားလာသည့် ကြာပန်းဖြူလေးနဲ့ဆန့်ကျင်စွာပဲ ဝေ့လန်မှာက တောင့်တင်းသည့်နောက်ခံအင်အားရှိသည်။ ဝေ့လန်က ဒီလောကထဲ အပျော်ဝင်လာရုံသာဖြစ်ပြီး သူ့ရဲ့ ပါရမီပါသည့် အဆိုအကကြောင့် idolလမ်းကြောင်းကိုလျှောက်ခဲ့သည်။ အဆိုလောကရဲ့တစ်နေရာမှာ မြဲမြဲရပ်တည်ပြီးတဲ့နောက် ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲများကို စသရုပ်ဆောင်လာခဲ့သည်။ အဲ့တော့ ဝေ့လန်ကအလုပ်ကြိုးစားလား။ ကျိန်းသေပေါက်ကြိုးစားတာပေါ့။ ဒါပေမဲ့ တချို့အနုပညာရှင်တွေလို စိတ်ထဲမုန်းနေလည်း အပြင်မှာပြုံးပြနေရတာမျိုး၊ စိတ်ထဲရွံရှာနေလည်း အမြင့်ရောက်ချင်လို့ လုပ်နေရတာမျိုး၊ အတင်းလုပ်ခိုင်းလို့လုပ်နေရတာမျိုး စသည့်အရာများကို သူ့နောက်ခံအင်အားကြောင့် ထည့်စဥ်းစားစရာကိုမလိုပေ။ သူက သူ့ဘာသာပျော်ရွှင်ဖို့အတွက်သာ အနုပညာရှင်ဖြစ်လာခဲ့သည်။ သူသဘောမကျတဲ့လူတွေ့လျှင် ထိုနေရာကနေလှည့်ထွက်သွားမှာဖြစ်ပြီး သူမကြိုက်တဲ့အလုပ်ဆို တစ်ချက်လေးတောင် လှည့်ကြည့်မှာမဟုတ်ပေ။

ယန်းချင်းချီ ဝတ္ထုတွင်ဖော်ပြထားသည့် ဝေ့လန်အကြောင်းအား အမှတ်ရသွားသည်။ တခါက activity တစ်ခုမှာ ဝေ့လန်ဘေးတွင်ထိုင်ပြီး ဝေ့လန်၏ကျော်ကြားမှုကို ကပ်တက်ချင်သည့် အမျိုးသား ဆယ်လီတစ်ယောက်ရှိခဲ့သည်။ ထိုဆယ်လီအား သတင်းထောက်မှမေးသောအခါ ထိုအကြောင်းကိုထပ်ခါထပ်ခါ ဖော်ပြပြီး သူတို့ကအရမ်းကိုအဆင်ပြေသည့် လုပ်ဖော်ကိုင်ဖက်တွေလိုဖော်ပြလာသည်။ နောက်တော့ထိုအကြောင်းက အရမ်း hotဖြစ်သွားကာ သူတို့နှစ်ယောက်နာမည်တွေက weiboရှိ လူကြိုက်များတဲ့ ရှာဖွေမှုစာရင်းပေါ်ရောက်လာခဲ့သည်။ ရှာဖွေမှုစာရင်းရဲ့ နံပါတ်၂ကိုရောက်လာတဲ့အခါမှာတော့ ဝေ့လန်က postကောက်တင်လိုက်လေသည်။

''အခုတလော သူများကျော်ကြားမှူကို တက်စီးချင်လို့ ကိုယ်ကိုခွပြီး ဂုတ်သွေးစုတ်နေတဲ့ကောင်တွေက အဲ့လောက်တောင်အရှက်မရှိ ဖြစ်နေကြပြီလား ​တဆိတ်လောက် မင်းကဘယ်သူလဲ ငါတို့စကားရောပြောဖူးကြလို့လား '' ဟူ၍ဖြစ်သည်။

ထိုအနုပညာရှင်ရဲ့ မန်နေဂျာက ထိုသို့တင်ထားသည်ကိုတွေ့သည့်အခါ ရေတပ်တွေဝယ်ပြီး သူတို့ကိုယ်သူတို့ နှိမ့်နှိမ့်ချချ သနားစရာကောင်းဟန် သရုပ်ဆောင်၍ post တွေတင်ကာ ဝေ့လန်အားဖိနင်းလေသည်။ အရေအတွက်စိပ်လာတော့ ပွဲကြည့်နေတဲ့ ပရိတ်သတ်တွေကလည်း ထိုအမျိုးသားဘက်တွင်ရပ်လိုက်ကာ ဝေ့လန်ကို နောက်ခံအားကိုးနဲ့ အားနည်းသူကိုအနိုင်ကျင့်တယ်ဟု စွပ်စွဲလာကြသည်။

လူတိုင်းက သူ့ကိုထိုသိုပြောလာကြသည်အား မြင်သည့်အခါ ဝေ့လန်မှာအော်ရယ်မိလေသည်။ သူတကယ်အနိုင်မကျင့်ပါပဲ အနိုင်ကျင့်ပါတယ်ဟု အပြောခံနေရတာကြောင့် ထိုသိုအပြောခံရသည်နှင့် ထိုက်တန်အောင် အနိုင်ကျင့်ပစ်လိုက်သည်။ နောက်တစ်နေ့မှာ marketing acc အများစုက ထိုအမျိုးသား showပွဲတစ်ခုတွင် အနုပညာရှင်အမျိုးသမီးတစ်ယောက်အား အရှက်တကွဲဖြစ်အောင်ပြုလုပ်ခဲ့သည့်အကြောင်းအရာများကို ဝေဝေဆာဆာတင်ခဲ့ကြသည်။ ပိုဆိုးတာက ထိုသတင်းသည် ရှာဖွေမှုစာရင်း၏ထိပ်ဆုံးသို့ပင် ရောက်ရှိသွားကာ သူ့ကိုသနားနေကြသည့် ပွဲကြည့်ပရိတ်သတ်တို့မှာလည်း ဆန်ကုန်မြေလေး၊အယုတ်တမာဟုဆိုကာ ဝိုင်းဆူဆဲကြတော့သည်။ ဒေါသထွက်ထွက်နှင့် ပွဲကြည့်ပရိတ်သတ်တွေရော အမျိုးသားfanရော အမျိုးသမီးfanများပါမကျန် onlineပေါ်တွင် တစ်ယောက်နဲ့တစ်ယောက် ဝုန်းကြတော့သည်။

ထိုအချိန်ကစပြီး ဦးနှောက်ရှိသူမှန်သမျှ ဝေ့လန်၏ပေါ်ပြူလာဖြစ်မှုအား လွယ်လွယ်ဖြင့် တက်မစီးရဲကြတော့ပဲ ဝေ့လန်ကိုအားကိုး၍ သူတို့ကိုသူတို့ လူသိများလာအောင် မလုပ်ရဲကြတော့ပေ။

ထိုသို့ကြောက်စရာကောင်းသည့်သူမှာ သူ့ရှေ့က ဝေ့လန်ဟု ယန်းချင်းချီရုတ်တရက်သိလိုက်ရတဲ့အခါ သူ ခေါင်းတွေပင်ကိုက်လာသည်။ အဘယ်ကြောင့်ဆိုသော် မူလပိုင်ရှင်နှင့် ဝေ့လန်မှာ ပြန်မပြောချင်စရာ ကောင်းလောက်သည့် အတိတ်ဆိုးများရှိခဲ့လေသည်။ စတောင်မလျှောက်ရသေးတဲ့ သူ့ရဲ့အနုပညာလမ်းလေးက အဆုံးတော့မသတ်သွားလောက်ပါဘူးနော် ဟုတ်တယ်မလား။

~~~~~~~~~~~~~~~~~~~~

စာရေးသူမှာပြောစရာရှိတယ်:

ဝေ့လန်က Gongနဲ့ Shouရဲ့ဆက်ဆံရေးကိုဝင်မနှောက်ပါဘူး သူက ဖော်ရွေတဲ့ မဟာမိတ်လေးပါ။

ဪ ခက်ပြီ ဒီ authorက သူ့ဘာသူပြန်ပြန် spoilတာဟ 🤣 ကဲ ဝေ့လန်ပေါ်လာပါပြီ ဟုတ်ကဲ့ သူက extra 69ပိုင်း side cpထဲက shouလေးပါ။

Zawgyi

ေဝ့လန္

ဒါကပထမဆုံးအႀကိမ္ ယန္းအိမ္သို႔ ခ်ီခ်ီကိုေခၚသြားျခင္းျဖစ္တာေၾကာင့္ သူတို႔ကားေပၚ႐ွိေနစဥ္ ယန္းအိမ္ကလူမ်ားႏွင့္ မစိမ္းသက္ေအာင္ သူ႕ဖုန္းထဲကဓာတ္ပုံမ်ားအား ခ်ီခ်ီ႕ကိုထုတ္ျပေလသည္။ က်န္းေမာ့ခ်န္တစ္ေယာက္ ခ်ီခ်ီ အေနရခက္ကာ အဆင္မေျပမွာစိုးရိမ္တာေၾကာင့္ ႏွစ္ဖက္မိဘေတြ႕ဆုံစဥ္က မေခၚလာခဲ့ေပ။ ထို႔ေၾကာင့္ အခုမွ ခ်ီခ်ီကယန္းမိဘႏွင့္ သူ႕ညီမအား ျမင္ဖူးတာျဖစ္သည္။

ခ်ီခ်ီကလည္း နာနာခံခံေလးႏွင့္ သူမိတ္ဆက္ေပးသမွ်လူႏွင့္နာမည္ကိုလိုက္တြဲကာ မွတ္ေလသည္။ သူတို႔ကားေပၚကဆင္းေတာ့ ယန္းမိဘမ်ားကထြက္ႀကိဳၾကသည္။ ခ်ီခ်ီက အရမ္းကိုေပ်ာ့ေပ်ာင္းၿပီး ႐ွက္ဝဲဝဲအသံေလးျဖင့္ေခၚလိုက္သည္။

'' ဖိုးဖိုး ဖြားဖြား ''

ယန္းခ်င္း႐ွီကလည္း သူ႕အသံေလးကိုၾကားေတာ့ အနားတိုးလာၿပီး
''မမကေရာ ''

''တီတီ '' ခ်ီခ်ီက တိုးတိုးေလးျပန္ေျဖလာသည္။

ခ်ီခ်ီက ေသးေသးေလးႏွင့္ ႏုႏုနယ္နယ္​ေလးမို႔ ဆန္ေစးကိတ္ေလးႏွင့္ပင္တူကာ ဆြဲညႇစ္ပစ္ခ်င္စိတ္မ်ားကို သူမ မထိန္းထားႏိုင္ခဲ့ေပ။ သူမလက္က ပါးေလးအား လွမ္းဆြဲဖို႔ျပင္ၿပီးကာမွ သူမအကို သူမအား ႀကိဳသတိေပးထားသည္ကိုမွတ္မိသြားေလသည္။ သူမအကိုက သိပ္မၾကာေသးခင္ကမွ မိသားစု Wechat group ထဲသို႔ ကေလးက သူစိမ္းေတြဆိုေၾကာက္ေၾကာင္း ပို႔ထားေလသည္။ ဒါေၾကာင့္ သူမလက္ပုံစံအေနအထားအား လက္မေထာင္တဲ့ poseအျဖစ္ ခ်က္ခ်င္းေျပာင္းလိုက္ကာ

''အရမ္းေတာ္တယ္ ''

ယန္းခ်င္းခ်ီကေတာ့သူမ၏ သဘာဝမက်သည့္ ေတာင့္တင္းတင္းအေနအထားကိုသတိထားမိေသာ္လည္း ကံေကာင္းစြာျဖင့္ ခ်ီခ်ီကေတာ့သတိမထားမိပဲ ႐ွက္ျပဳံးေလးသာျပဳံးေနခဲ့သည္။

သူတို႔ႏွစ္ေယာက္က ညစာစားၿပီးမွလာျခင္း ျဖစ္တာေၾကာင့္ ယန္းမိဘတို႔က မုန္႔အခ်ိဳ႕ႏွင့္ အသီးမ်ားသာျပင္ဆင္ထားသည္။ ယန္းအေမက ခ်ီခ်ီ႕ကိုေပြ႕ပိုက္ထားကာ သူတို႔ႏွစ္ေယာက္၏ေန႔စဥ္ဘဝမ်ားကို ေမးျမန္းေလသည္။

ယန္းခ်င္းခ်ီကလည္း ယန္းအေမ၏ေမးခြန္းမ်ားအား တက္တက္ႂကြႂကြလိုက္ေျဖေနကာ ခ်ီခ်ီ႕ကိုလည္း မုန္႔ေကြၽးလိုက္ စေနာက္လိုက္လုပ္ေနေသး၏ ေဘး႐ွိ က်န္းေမာ့ခ်န္ကလည္း သူ႕ကိုေမးလွ်င္ ဝင္ေျဖေပးသည္။

ယန္းခ်င္း႐ွီ အျခားတဖက္တြင္ ထိုင္ေနၿပီး ပါးေလးကိုေဖာင္းကာ ထိုမိသားစုသုံးေယာက္အား ၾကည့္ေနလိုက္ေလသည္။ ဒီလိုပုံစံေလးဆိုလည္း မဆိုးပါဘူးဟု သူမ႐ုတ္တရက္ခံစားမိလိုက္သည္။ အနည္းဆုံးေတာ့ ၾကည့္ရတာမ်က္စိေအးတယ္ေလ။ အစကေတာ့ ဒီအခ်စ္မ႐ွိတဲ့ လက္ထပ္ပြဲႀကီးက သူမအကိုအတြက္အဆင္မွေျပပါ့မလားဟု စိတ္ပူခဲ့ေသးသည္။ က်န္းေမာ့ခ်န္ကိုယ္တိုင္ကိုက လူသိ႐ွင္ၾကားသ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ကာ သူ႕ေနာက္တြင္က်န္းအိမ္႐ွိသည္။ သူ႕အတြက္က တစ္စုံတစ္ရာဆုံး႐ႈံးသြားလည္း သိပ္အက်ိဳးမသက္ေရာက္ေသာ္ျငား သူမအကိုကေရာ?? က်န္းေမာ့ခ်န္နဲ႔ အနာဂတ္မွာ လမ္းခြဲလိုက္ရင္ သူမအကိုဘာသြားလုပ္စားရမလဲ။

ထိုကဲ့သို႔ ယန္းခ်င္း႐ွီတစ္ေယာက္ စိတ္ပူေနေသာ္ျငားလည္း ထိုစိတ္ပူမႈက ဘာမွမကူညီႏိုင္တဲ့အျပင္ ၾကားတဲ့သူစိတ္ဆင္းရဲ႐ုံသာ႐ွိမည္။ အခုျမင္ကြင္းေလးကအစစ္ျဖစ္လာဖို႔သာ သူမေမွ်ာ္လင့္သည္။ က်န္းေမာ့ခ်န္ႏွင့္ ယန္းခ်င္းခ်ီ အခ်ိန္ေတြအၾကာႀကီး အဆင္ေျပေျပေနႏိုင္ဖို႔ေမွ်ာ္လင့္သည္။ တေန႔မွာ သူတို႔ တ​စ္ေယာက္ေကာင္းကြက္ တစ္ေယာက္ျမင္ၿပီး ခ်စ္မိသြားပါေစလို႔ ေမွ်ာ္လင့္မိသည္။ ဒါေပါ့ အဲ့လိုျဖစ္ဖို႔ သူမအကိုဘက္ကလည္း အခုလို အိေႁႏၵရရနဲ႔ ဆင္ျခင္ေတြးေခၚတတ္တဲ့ပုံစံေလးကို ဆက္ထိန္းထားႏိုင္ဖို႔ လိုေသးတာေပါ့။

သူတို႔စကားစျမည္ေျပာၿပီးေနာက္မွာေတာ့ ယန္းအိမ္ကထြက္လာခဲ့ကာ ခ်ီခ်ီအား အိမ္အရင္ျပန္ပို႔ခဲ့သည္။ ၿပီးမွ က်န္းေမာ့ခ်န္ သူ႕သူငယ္ခ်င္းေတြနဲ႔ ေတြ႕ဖို႔ ခ်ိန္းထားသည့္ ဘားသို႔ သြားလိုက္ၾကေတာ့သည္။

'Forgive'ဆိုသည့္ ဘားက ေစ်းႀကီးသည့္ အဆင့္ျမင့္ဘားတစ္ခုျဖစ္ကာ လူခ်မ္းသာမ်ားသာအဝင္အထြက္႐ွိၿပီး က်န္းေမာ့ခ်န္နဲ႔သူ႕သူငယ္ခ်င္းတို႔အုပ္စု ေတြ႕ဖို႔ အမ်ားဆုံးခ်ိန္းတတ္ေသာေနရာျဖစ္သည္။ ထိုေနရာတြင္ အေကာင္းဆုံးအရက္မ်ား၊ အေကာင္းဆုံးအဆိုေတာ္မ်ား၊ ျမဴးႂကြသည့္ သီခ်င္းမ်ားႏွင့္ ရင္သပ္႐ႈေမာဖြယ္ ဟန္ျပတင္ဆက္မႈမ်ားလည္း႐ွိကာ အဆိတ္ၿငိမ္ဆုံး သီးသန္႔ခန္းမ်ားလည္း႐ွိသည္။ အေကာင္းဆုံးႏွင့္ အျပည့္စုံဆုံးကေတာ့ ထိုေနရာကေနေပးႏိုင္သည့္ ကစားပြဲမ်ားသာျဖစ္သည္။ မင္းဘာကိုလိုခ်င္လိုခ်င္ စိတ္ေက်နပ္မႈအျပည့္ ရေအာင္ ျဖည့္ဆည္းေပးႏိုင္ၿပီး မင္းရဲ႕လုံျခဳံမႈႏွင့္ ကိုယ္ေရးကိုယ္တာအခ်က္အလက္မ်ားကိုပါ လူမသိေအာင္ ကာကြယ္ေပးဦးမည္ျဖစ္သည္။ 

က်န္းေမာ့ခ်န္ သူ႕ရဲ႕ကဒ္ကိုျပလိုက္ကာ ယန္းခ်င္းခ်ီအား အထဲေခၚသြားသည္။ အထဲဝင္ၿပီးသိပ္မေလွ်ာက္လိုက္ရေသးခင္မွာပဲ သူ႕ဆီ ပုံရိပ္ေလးတစ္ခုက အတင္းေျပးဝင္လာေလသည္။ ယန္းခ်င္းခ်ီ ခ်က္ခ်င္းေ႐ွာင္လိုက္ကာ အျခားတစ္ေယာက္အားျဖတ္သြားဖို႔ေနရာေပးလိုက္သည္။ ထိုလူက သူ႕ကိုျဖတ္သြားခ်ိန္မွာပဲ အတင္းဘရိတ္အုပ္လိုက္ကာ သူ႕အားလွည့္ၾကည့္လာသည္။ ထို႔ေနာက္ သူ႕ကိုေျပးဖက္ကာ ခြာမရေအာင္မွီထားေလသည္။

ယန္းခ်င္းခ်ီ သူ႕ကိုဖက္ထားသည့္ ထိုလူ၏ ေခ်ာမြတ္ေနေသာ လုပ္ရပ္မ်ားကိုၾကည့္ကာ အံ့ၾသတုန္လႈပ္သြားသည္။ သူစိတ္႐ႈပ္ေထြးသြားကာ အျခားတစ္ေယာက္အား ဆြဲဖယ္ဖို႔ႀကိဳးစားလိုက္ေသာ္လည္း သူ႕ကိုခိုင္ခိုင္ၿမဲၿမဲႀကီးဖက္ထားသည္အား ေတြ႕လိုက္ရေလသည္။ ''ခင္ဗ်ားမူးေနတာလား''လို႔ ေမးမဲ့အခ်ိန္မွာပဲ သူ႕ကိုဖက္ထားသည့္ ကိုအာလာဝက္ဝံ ဆီကအသံထြက္လာသည္။

''သူပဲ! ကြၽန္ေတာ္ႀကိဳက္ေနတာ သူပဲ!! ''

ယန္းခ်င္းခ်ီ ေမးစရာမလိုေလာက္ေအာင္ပဲ ထိုလူက က်ိန္းေသေပါက္ မူးေနတာျဖစ္မည္။ မူးေနတာမွ ကိုယ့္မိဘကိုမမွတ္မိႏိုင္ေလာက္သည္အထိ။

''ကြၽန္ေတာ္႕အထင္..... ''
ယန္းခ်င္းခ်ီ ကူရာကယ္ရာမဲ့စြာပဲ စကားစေျပာလိုက္သည္။

သူစကားကို ဆုံးေအာင္မေျပာလိုက္ရေသးခင္ သူ႕ကပ္တြယ္ေနသည့္ ကိုအာလာဝက္ဝံက ျဖတ္ေျပာျပန္သည္။

''မင္းငါ့ကိုမႀကိဳက္ဘူးဆိုတာ ငါသိတယ္ ငါႀကိဳက္ေနရင္ရၿပီ ''

''အဲ့လိုမဟုတ္ဘူး ငါ... ''

''ရတယ္ ငါေစာင့္ႏိုင္တယ္ ''

''ငါ.. ''

''မင္း တာဝန္ယူဖို႔မလိုပါဘူး ငါမင္းကို ဒီတိုင္းေလးပဲ ႀကိဳက္တာပါ ''

ယန္းခ်င္းခ်ီ သူ႕ပါးစပ္သူပိတ္လိုက္ေတာ့သည္။ က်န္းေမာ့ခ်န္ဘက္လွည့္လိုက္ကာ 'ကြၽန္ေတာ္အျပစ္ကင္းပါတယ္' ဆိုသည့္အၾကည့္ေလးေပးလိုက္သည္။

က်န္းေမာ့ခ်န္ မ်က္ခုံးတစ္ဖက္ပင့္ကာ ၾကည့္လာသည္။ ေနာက္ေတာ့ သူ႕အၾကည့္က ယန္းခ်င္းခ်ီကို အပီအျပင္ကပ္တြယ္ေနသည့္ လူဆီ ေရာက္သြားကာ ထိုမွတစ္ဆင့္ ထိုလူ႕ေနာက္မွ လိုက္လာသည့္လူမ်ားကို ၾကည့္လိုက္ေလသည္။

ယန္းခ်င္းခ်ီကလည္း ထိုအၾကည့္အားသတိထားမိသြားကာ ကိုအာလာဝက္ဝံ ေနာက္မွလိုက္လာသည့္ လူသုံးေယာက္အား ၾကည့္လိုက္သည္။ သူတို႔အေနအထားက ႀတိဂံပုံစံျဖစ္ေနကာ တခ်က္ၾကည့္လိုက္႐ုံနဲ႔ သူတို႔အဆင့္အတန္းကိုတန္းေျပာႏိုင္သည္။ ေ႐ွ႕ကဦးေဆာင္လာသူမွာ ၂၈ ဒါမွမဟုတ္ ၂၉ေလာက္႐ွိေနၿပီျဖစ္ကာ ခက္ထန္ေသာ မ်က္ႏွာထား႐ွိသည္။ သူ၏ပုံပန္းသြင္ျပင္က အ႐ွိန္ျဖင့္ဖ်က္စီးႏိုင္ေလာက္သည့္ ဟိတ္ဟန္႐ွိကာ မ်က္ႏွာက်က ထက္႐ွသည့္ပုံ႐ွိသည္။ သူ၏အၾကည့္မ်ားက ယန္းခ်င္းခ်ီတို႔ဘက္ၾကည့္ေနကာ မ်က္ခုံးမ်ားက အလိုမက်မႈေၾကာင့္ တြန္႔ခ်ိဳးေနေလသည္။ တခ်က္ၾကည့္႐ုံနဲ႔တင္ ထိုလူကျဖဳံေလာက္သည့္ အ႐ွိန္အဝါ႐ွိေလသည္။

ယန္းခ်င္းခ်ီ သူ႕ကိုဖက္ထားသည့္ ကိုအာလာဝက္ဝံကိုျပန္ၾကည့္လိုက္ကာ
''မင္း...''

''ငါ မင္းအေပၚ႐ွိတဲ့ ခံစားခ်က္ေတြက အစစ္! အခ်စ္စစ္လို႔ေျပာထားခဲ့တယ္ေလ ငါ့ကိုမတြန္းထုတ္ပါနဲ႔ေတာ့လား '' ကိုအာလာဝက္ဝံက ပါးစပ္ဟလိုက္ၿပီဆိုတာနဲ႔ ေရပူေဖာင္းမႈတ္ထုတ္လိုက္သလိုပဲ စကားေတြ အဆက္မျပတ္ထြက္လာသည္။

ယန္းခ်င္းခ်ီခင္ဗ်ာ ဘာဆက္ေျပာရမွန္းပင္မသိေတာ့။ သူ႕ေ႐ွ႕က သူတို႔ကိုၾကည့္ေနသည့္ ေယာက်္ားမွာ ေဒါသထြက္ေနသည့္အရိပ္အေယာင္ေတြျမင္ေနရတာေၾကာင့္ သူ က်န္းေမာ့ခ်န္ဘက္လွည့္ၾကည့္လိုက္ကာ
''သုံးမိနစ္ေပး ''

ေျပာၿပီးတာနဲ႔ လွည့္ကာ က်န္းေမာ့ခ်န္တို႔ႏွင့္ ခပ္ေဝးေဝးေနရာသို႔ ကိုအာလာဝက္ဝံအား ဆြဲေခၚသြားေတာ့သည္။

က်န္းေမာ့ခ်န္အေတာ္ေလးအံ့အားသင့္သြားကာ သူ႕ေဘးကေယာက်္ားကလည္း သူ႕နည္းတူ အံ့ၾသေနဟန္ျမင္ေတာ့

''ေဝ့သခင္ေလး အေျခအေနေလး တစ္ခ်က္ေလာက္႐ွင္းျပႏိုင္မလား ''

ေဝ့႐ႊင္း သူ႕ကို ျပန္ၾကည့္လာကာ
''က်န္း ဒုသခင္ေလး လည္း ဒီကိစၥကို ျပန္႐ွင္းျပႏိုင္မလား''

ယန္းခ်င္းခ်ီ ကိုအာလာဝက္ဝံအား ေထာင့္တစ္ေထာင့္သို႔ ဆြဲေခၚလိုက္ကာ လက္ကိုလႊတ္ေပးၿပီး
''ငါ မင္းကိုမသိဘူး ဟုတ္တယ္မလား ''

ကိုအာလာဝက္ဝံက ႏွာမႈတ္လိုက္ကာ အထင္အျမင္ေသးသည့္အၾကည့္တစ္ခ်က္လွမ္းပို႔လိုက္သည္။ ထို႔ေနာက္ ယန္းခ်င္းခ်ီဆြဲခဲ့သည့္ သူ႕လက္အားလႈပ္ခါလိုက္ရင္း
''မင္းက ေတာ္ေတာ္ေတာ့ အားသန္သားပဲ ယန္းခ်င္းခ်ီ ''

ဒီတစ္ခါအံ့ၾသရသူမွာ ယန္းခ်င္းခ်ီပင္။
''မင္း ငါ့ကိုသိတယ္? ''

''ဘာလဲ 'နာမည္ႀကီးေတြက အားလုံးကိုမမွတ္မိႏိုင္ဘူး'ဆိုတဲ့ အတိုင္းလား ငါ့ကိုခဏေလးနဲ႔တင္ ေမ့သြားတယ္ေပါ့ ''

ယန္းခ်င္းခ်ီမူလပိုင္႐ွင္၏ မွတ္ဉာဏ္ကိုျပန္ေခၚလိုက္ကာ
''မင္းနာမည္က? ''

''ယိုး! အရင္ကေတာ့ ငါ့ကိုဆူပူႀကိမ္းေမာင္းေနၿပီးေတာ့ အခုက် ငါ့နာမည္ပါေမ့သြားၿပီေပါ့ ''

ယန္းခ်င္းခ်ီ ကူရာကယ္ရာမဲ့သလိုခံစားလိုက္ရသည္။ ေျပာရမယ္ဆို မူလပိုင္႐ွင္ဆူပူႀကိမ္းေမာင္းခဲ့တဲ့လူက နည္းမွမနည္းတာ ဘယ္တစ္ေယာက္မွန္းသူမသိေပ။

ကိုအာလာဝက္ဝံက သူတကယ္ႀကီးေမ့ေနတာကို နားလည္ပုံရသြားတာေၾကာင့္ ႏွာေခါင္း႐ႈံ႕လိုက္ကာ
''ေဝ့လန္ မွတ္မိၿပီလား ''

အခုမွပဲ ယန္းခ်င္းခ်ီ လူနဲ႔မ်က္ႏွာ ယွဥ္တြဲမိေတာ့သည္။ မူလပိုင္႐ွင္၏ မွတ္ဉာဏ္ထဲတြင္ ေဝ့လန္လို႔ေခၚတဲ့လူ တကယ္႐ွိခဲ့သည္။ ထပ္ၿပီး ဝတၳဳဖတ္တုန္းကလည္း ထိုနာမည္အား ေတြ႕ခဲ့ေသးသည္။ ေဝ့လန္က ဝတၳဳထဲသိပ္မပါေပမဲ့လည္း သူ႕ရဲ႕႐ုပ္ရည္ႏွင့္ ေနာက္ခံအင္အားသည္ ေအာ့ႏွလုံးနာဖြယ္ ၾကာပန္းျဖဴေလး၏ ေနာက္ခံႏွင့္ႏိႈင္းယွဥ္ရာတြင္သုံးၿပီး ၾကာပန္းျဖဴေလး အႏုပညာေလာကထဲက်င္လည္ရာတြင္ မည္မွ်ခက္ခဲေၾကာင္း ထည့္ထားသည့္  ျဖည့္ဖက္ေနရာေလးျဖစ္သည္။

သာမန္မိသားစုကေပါက္ဖြားလာသည့္ ၾကာပန္းျဖဴေလးနဲ႔ဆန္႔က်င္စြာပဲ ေဝ့လန္မွာက ေတာင့္တင္းသည့္ေနာက္ခံအင္အား႐ွိသည္။ ေဝ့လန္က ဒီေလာကထဲ အေပ်ာ္ဝင္လာ႐ုံသာျဖစ္ၿပီး သူ႕ရဲ႕ ပါရမီပါသည့္ အဆိုအကေၾကာင့္ idolလမ္းေၾကာင္းကိုေလွ်ာက္ခဲ့သည္။ အဆိုေလာကရဲ႕တစ္ေနရာမွာ ၿမဲၿမဲရပ္တည္ၿပီးတဲ့ေနာက္ ႐ုပ္႐ွင္နဲ႔ဇာတ္လမ္းတြဲမ်ားကို စသ႐ုပ္ေဆာင္လာခဲ့သည္။ အဲ့ေတာ့ ေဝ့လန္ကအလုပ္ႀကိဳးစားလား။ က်ိန္းေသေပါက္ႀကိဳးစားတာေပါ့။ ဒါေပမဲ့ တခ်ိဳ႕အႏုပညာ႐ွင္ေတြလို စိတ္ထဲမုန္းေနလည္း အျပင္မွာျပဳံးျပေနရတာမ်ိဳး၊ စိတ္ထဲ႐ြံ႐ွာေနလည္း အျမင့္ေရာက္ခ်င္လို႔ လုပ္ေနရတာမ်ိဳး၊ အတင္းလုပ္ခိုင္းလို႔လုပ္ေနရတာမ်ိဳး စသည့္အရာမ်ားကို သူ႕ေနာက္ခံအင္အားေၾကာင့္ ထည့္စဥ္းစားစရာကိုမလိုေပ။ သူက သူ႕ဘာသာေပ်ာ္႐ႊင္ဖို႔အတြက္သာ အႏုပညာ႐ွင္ျဖစ္လာခဲ့သည္။ သူသေဘာမက်တဲ့လူေတြ႕လွ်င္ ထိုေနရာကေနလွည့္ထြက္သြားမွာျဖစ္ၿပီး သူမႀကိဳက္တဲ့အလုပ္ဆို တစ္ခ်က္ေလးေတာင္ လွည့္ၾကည့္မွာမဟုတ္ေပ။

ယန္းခ်င္းခ်ီ ဝတၳဳတြင္ေဖာ္ျပထားသည့္ ေဝ့လန္အေၾကာင္းအား အမွတ္ရသြားသည္။ တခါက activity တစ္ခုမွာ ေဝ့လန္ေဘးတြင္ထိုင္ၿပီး ေဝ့လန္၏ေက်ာ္ၾကားမႈကို ကပ္တက္ခ်င္သည့္ အမ်ိဳးသား ဆယ္လီတစ္ေယာက္႐ွိခဲ့သည္။ ထိုဆယ္လီအား သတင္းေထာက္မွေမးေသာအခါ ထိုအေၾကာင္းကိုထပ္ခါထပ္ခါ ေဖာ္ျပၿပီး သူတို႔ကအရမ္းကိုအဆင္ေျပသည့္ လုပ္ေဖာ္ကိုင္ဖက္ေတြလိုေဖာ္ျပလာသည္။ ေနာက္ေတာ့ထိုအေၾကာင္းက အရမ္း hotျဖစ္သြားကာ သူတို႔ႏွစ္ေယာက္နာမည္ေတြက weibo႐ွိ လူႀကိဳက္မ်ားတဲ့ ႐ွာေဖြမႈစာရင္းေပၚေရာက္လာခဲ့သည္။ ႐ွာေဖြမႈစာရင္းရဲ႕ နံပါတ္၂ကိုေရာက္လာတဲ့အခါမွာေတာ့ ေဝ့လန္က postေကာက္တင္လိုက္ေလသည္။

''အခုတေလာ သူမ်ားေက်ာ္ၾကားမႉကို တက္စီးခ်င္လို႔ ကိုယ္ကိုခြၿပီး ဂုတ္ေသြးစုတ္ေနတဲ့ေကာင္ေတြက အဲ့ေလာက္ေတာင္အ႐ွက္မ႐ွိ ျဖစ္ေနၾကၿပီလား ​တဆိတ္ေလာက္ မင္းကဘယ္သူလဲ ငါတို႔စကားေရာေျပာဖူးၾကလို႔လား '' ဟူ၍ျဖစ္သည္။

ထိုအႏုပညာ႐ွင္ရဲ႕ မန္ေနဂ်ာက ထိုသို႔တင္ထားသည္ကိုေတြ႕သည့္အခါ ေရတပ္ေတြဝယ္ၿပီး သူတို႔ကိုယ္သူတို႔ ႏွိမ့္ႏွိမ့္ခ်ခ် သနားစရာေကာင္းဟန္ သ႐ုပ္ေဆာင္၍ post ေတြတင္ကာ ေဝ့လန္အားဖိနင္းေလသည္။ အေရအတြက္စိပ္လာေတာ့ ပြဲၾကည့္ေနတဲ့ ပရိတ္သတ္ေတြကလည္း ထိုအမ်ိဳးသားဘက္တြင္ရပ္လိုက္ကာ ေဝ့လန္ကို ေနာက္ခံအားကိုးနဲ႔ အားနည္းသူကိုအႏိုင္က်င့္တယ္ဟု စြပ္စြဲလာၾကသည္။

လူတိုင္းက သူ႕ကိုထိုသိုေျပာလာၾကသည္အား ျမင္သည့္အခါ ေဝ့လန္မွာေအာ္ရယ္မိေလသည္။ သူတကယ္အႏိုင္မက်င့္ပါပဲ အႏိုင္က်င့္ပါတယ္ဟု အေျပာခံေနရတာေၾကာင့္ ထိုသိုအေျပာခံရသည္ႏွင့္ ထိုက္တန္ေအာင္ အႏိုင္က်င့္ပစ္လိုက္သည္။ ေနာက္တစ္ေန႔မွာ marketing acc အမ်ားစုက ထိုအမ်ိဳးသား showပြဲတစ္ခုတြင္ အႏုပညာ႐ွင္အမ်ိဳးသမီးတစ္ေယာက္အား အ႐ွက္တကြဲျဖစ္ေအာင္ျပဳလုပ္ခဲ့သည့္အေၾကာင္းအရာမ်ားကို ေဝေဝဆာဆာတင္ခဲ့ၾကသည္။ ပိုဆိုးတာက ထိုသတင္းသည္ ႐ွာေဖြမႈစာရင္း၏ထိပ္ဆုံးသို႔ပင္ ေရာက္႐ွိသြားကာ သူ႕ကိုသနားေနၾကသည့္ ပြဲၾကည့္ပရိတ္သတ္တို႔မွာလည္း ဆန္ကုန္ေျမေလး၊အယုတ္တမာဟုဆိုကာ ဝိုင္းဆူဆဲၾကေတာ့သည္။ ေဒါသထြက္ထြက္ႏွင့္ ပြဲၾကည့္ပရိတ္သတ္ေတြေရာ အမ်ိဳးသားfanေရာ အမ်ိဳးသမီးfanမ်ားပါမက်န္ onlineေပၚတြင္ တစ္ေယာက္နဲ႔တစ္ေယာက္ ဝုန္းၾကေတာ့သည္။

ထိုအခ်ိန္ကစၿပီး ဦးေႏွာက္႐ွိသူမွန္သမွ် ေဝ့လန္၏ေပၚျပဴလာျဖစ္မႈအား လြယ္လြယ္ျဖင့္ တက္မစီးရဲၾကေတာ့ပဲ ေဝ့လန္ကိုအားကိုး၍ သူတို႔ကိုသူတို႔ လူသိမ်ားလာေအာင္ မလုပ္ရဲၾကေတာ့ေပ။

ထိုသို႔ေၾကာက္စရာေကာင္းသည့္သူမွာ သူ႕ေ႐ွ႕က ေဝ့လန္ဟု ယန္းခ်င္းခ်ီ႐ုတ္တရက္သိလိုက္ရတဲ့အခါ သူ ေခါင္းေတြပင္ကိုက္လာသည္။ အဘယ္ေၾကာင့္ဆိုေသာ္ မူလပိုင္႐ွင္ႏွင့္ ေဝ့လန္မွာ ျပန္မေျပာခ်င္စရာ ေကာင္းေလာက္သည့္ အတိတ္ဆိုးမ်ား႐ွိခဲ့ေလသည္။ စေတာင္မေလွ်ာက္ရေသးတဲ့ သူ႕ရဲ႕အႏုပညာလမ္းေလးက အဆုံးေတာ့မသတ္သြားေလာက္ပါဘူးေနာ္ ဟုတ္တယ္မလား။

~~~~~~~~~~~~~~~~~~~~

စာေရးသူမွာေျပာစရာ႐ွိတယ္:

ေဝ့လန္က Gongနဲ႔ Shouရဲ႕ဆက္ဆံေရးကိုဝင္မေႏွာက္ပါဘူး သူက ေဖာ္ေ႐ြတဲ့ မဟာမိတ္ေလးပါ။

ဪ ခက္ၿပီ ဒီ authorက သူ႕ဘာသူျပန္ျပန္ spoilတာဟ 🤣 ကဲ ေဝ့လန္ေပၚလာပါၿပီ ဟုတ္ကဲ့ သူက extra 69ပိုင္း side cpထဲက shouေလးပါ။

Continue Reading

You'll Also Like

69.1K 8K 84
transition novel
36.6K 3.6K 78
အချစ်ဆိုတာ မထင်မှတ်ထားတဲ့အချိန်မှာ ပုံစံအမျိုးမျိုးနဲ့ ​ရောက်လာတတ်တယ်❤ လေ​ပြေ​လေးတစ်ခုလို ညင်သာစွာ ​ရောက်လာပြီးတီးခတ်လိုက်တဲ့သံစဥ်​လေးကို ကြားရုံနဲ့တ...
585K 38.1K 37
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}
80.3K 9.1K 98
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...