Unicode
မိသားစုသုံးယောက်၊ ရုပ်ရှင်ဧကရာဇ်ကတော့အပျင်းဆုံးပဲ
__________________________________
မနက်ခင်း ယန်းချင်းချီနိုးလာသည့်အခါ သူ့ကိုသံကြိုးတွေနဲ့ချုပ်ထားသလို အင်အားမဲ့နေသည်ဟု ခံစားလိုက်ရသည်။ ခေါင်းကို အောက်သို့ နည်းနည်း ငုံ့ကြည့်လိုက်လျှင် သူ့ကို အခုထိတိုင်အောင် ဖက်အိပ်နေသည့် ကျန်းမော့ချန်အား မြင်ရမည်ဖြစ်သည်။ 'အခုထိတိုင်အောင်'ဆိုသည့်စကားအား သုံးနှုန်းလိုက်ရခြင်းမှာ ညက ညလယ်ကြီး ကျန်းမော့ချန်တစ်ယောက် ရုတ်တရက်လှည့်လာကာ လာဖက်အိပ်နေသောကြောင့်ပင်။ ယန်းချင်းချီက အမြဲအအိပ်ဆတ်သူဖြစ်သည်။ ထိုလူ၏ ဝက်ဝံလိုအင်အားကိုခံစားမိသည့်အခါ သတိအပြည့်ဖြင့် ချက်ချင်းကုန်းထပြီး ထိုလူ၏ လက်အား ရိုက်ချိုးမိမလိုတောင်ဖြစ်သွားသေးသည်။*
(T/N: ချင်းချီက ကိုယ်ခံပညာလည်းတတ်တော့ သတိကြီးပါတယ် ရုတ်တရက်ကြီးလာကိုင်ရင် ဖြတ်ရိုက်မိသလို အကျင့်ပါနေတာပါ)
သို့သော်ငြား သူထိုသို့မပြုလုပ်ခင် ဦးနှောက်ကအချိန်မှီဟန့်တားလိုက်နိုင်တာကြောင့်
\\ သတင်းထူး! သတင်းထူး! လင်-လင်နှစ်ယောက် မင်္ဂလာဦးညကြီးမှာ မင်္ဂလာဦးအိပ်ယာကိုသွေးစွန်းစေခဲ့သတဲ့။ ဒါက ကိုယ်ကျင့်တရားတွေ ယိုယွင်းလာတာကြောင့်လား ဒါမှမဟုတ် လူ့သဘာဝတွေ ပျက်စီးလာတာကြောင့်လား။ \\
ဆိုသည့် ကြောက်စရာ သတင်းခေါင်းစဥ်ကြီးအား အချိန်မှီ ရှောင်လွှဲနိုင်ခဲ့လေသည်။
သူ သူ့ခါးပေါ်က ကျန်းမော့ချန် လက်အားဖယ်ဖို့ပြင်လိုက်စဥ် ကျန်းမော့ချန်ကလည်း မသိစိတ်ဖြင့် ပြန်ဆုပ်ကိုင်လာသည်။
''မင်.. ဘာလု ....နေတာလဲ* ''
(မင်းဘာလုပ်နေတာလဲ)
ကျန်းမော့ချန်က မပီမပြင်ခပ်တိုးတိုး ရေရွတ်လာသည်။
''ကျွန်တော်ထချိန်ရောက်ပြီ ''
ကျန်းမော့ချန် ထိုစကားကြောင့် မျက်လုံးများအား မဖွင့်ချင်ဖွင့်ချင်ဖြင့် ဖွင့်လိုက်ကာ ဖုန်းကိုဖွင့်ပြီး တစ်ချက်ကြည့်လိုက်သည်။
''အခုမှ 7နာရီပဲရှိသေးတယ် မင်း အစောကြီးထပြီးဘာလုပ်မလို့လဲ ''
''မနက်ပိုင်းပြေးမလို့ ''
ယန်းချင်းချီ နောက်လက်တစ်ဖက်ဖြင့် ကျန်းမော့ချန်လက်ကို ခပ်ဖွဖွပုတ်ရင်း လွှတ်ပေးဖို့ အချက်ပြလာလေသည်။
ကျန်းမော့ချန်သူ့ကိုလွှတ်ပေးလိုက်ကာ
''ဘယ်မှာပြေးမှာလဲ။
ယန်းချင်းချီ လှစ်ခနဲ အိပ်ယာပေါ်ကနေ ထလိုက်သည်။
''အိမ်ထဲက gymခန်းမှာလေ ခင်ဗျားပြေးစက်နဲ့ ''
ကျန်းမော့ချန်အစကထင်လိုက်တာက ယန်းချင်းချီ အပြင်ဘက် ပတ်ပြေးမယ်ပေါ့။ အခုတော့ အထဲမှာပြေးမှာကိုများ
''အဲ့ဒါဆို ဘာလို့အစောကြီးထရတာလဲ ''
''အကျင့်ဖြစ်နေတာ ''
ထိုစကားကြားတော့ ကျန်းမော့ချန်ကသူ့အား အပေါ်အောက် အစုံအဆန်စစ်ဆေးသလိုကြည့်လာခဲ့သည်။
''ခင်ဗျား ဘာလို့အဲ့လိုကြီးလာကြည့်နေတာလဲ ''
''ငါမင်းကို တကယ်ချီးကျူးတယ် ညက ညတစ်နာရီ နှစ်နာရီလောက်အထိ ငါတို့အိပ်ယာပေါ် လှိမ့်ထားကြတာတောင် မင်းက မနက်၇နာရီကြီး ဘာမှမဖြစ်ထားသလို အားအင်တွေပြည့်ဝနေပြီ။ ကြည့်ရတာတော့ ငါ မင်းကိုလျှော့တွက်မိသွားတာပဲ ''
ယန်းချင်းချီ နှစ်လိုဖွယ်ပြုံးပြလိုက်ပြီး ခေါင်းကိုလှည့်ကာ ရေချိုးခန်းဆီ ဦးတည်သွားလိုက်သည်။
သူခပ်မြန်မြန်လေးသွားကိုတိုက်ကာ အားကစားဝတ်စုံကိုလဲပြီး အခန်းထဲမှထွက်၍ ဒုတိယထပ်ရှိ gymခန်းဆီသို့ဦးတည်လိုက်လေသည်။
သူ တံခါးပွင့်သွားတယ်လို့ အာရုံခံမိလိုက်တဲ့အချိန် ပြေးနေတာ မိနစ်လေးဆယ်လောက်ရှိနေပြီဖြစ်သည်။ သူလှည့်ကြည့်လိုက်တော့ တံခါးကြားထဲကနေ ခေါင်းသေးသေးလေးထွက်လာပြီး မျက်လုံးဝိုင်းဝိုင်းလေးများနှင့် အထဲကိုစူးစမ်းနေသည့် ချီချီ့အားတွေ့လိုက်ရလေသည်။
သူ နာရီကိုငုံ့ကြည့်လိုက်ကာ ပြေးစက်ကိုရပ်ပြီး တံခါးဆီသို့လျှောက်လာခဲ့သည်။
သူ ချီချီ့ဆီလာနေတာတွေ့တော့ ချီချီမှာ ကိုယ်လေးကိုကျုံ့ရင်း တံခါးနှင့်နံရံကြားတွင်ကပ်၍ ပုန်းနေသည်။
ထိုသို့ပုန်းနေသည်လေးကိုတွေ့တော့ ယန်းချင်းချီတမင်တကာကို တံခါးအပြင်ဘက် အရင်လိုက်ရှာဟန်ဆောင်နေလိုက်ကာ တံခါးနားရောက်ခါမှ လက်သည်းထုတ်ဟန်လေးပြင်လိုက်ပြီး
''ဂါး.. မိပြီ!! ''
ချီချီက လန့်သွားသောကြောင့် နောက်ကိုနှစ်လှမ်းလောက်ဆုတ်ပြီးမှ တခစ်ခစ်ရယ်လာလေသည်။
ယန်းချင်းချီ ကလေးနားသွားလိုက်ကာ ခေါင်းလေးကိုပွတ်၍
''ဗိုက်ဆာပြီလား ''
ချီချီကခေါင်းငြိမ့်ပြလေသည်။
''ခဏစောင့် ဦးရေချိုးပြီးတာနဲ့ တခုခုလုပ်ပေးမယ် ''
ချီချီကဆက်၍ ခေါင်းငြိမ့်ပြလေသည်။
ယန်းချင်းချီ ကလေးကိုချီလာကာ ဧည့်ခန်းရှိ sofaပေါ်တွင်ထိုင်ခိုင်းပြီး ကာတွန်းကားကြည့်ခိုင်းထားလေသည်။ ထို့နောက် သူ့အိပ်ခန်းဆီပြန်လာခဲ့ကာ အဝတ်လဲဖို့အဝတ်ယူလိုက်သည်။ ဘေးတစ်စောင်းအိပ်ပျော်နေသည့် ကျန်းမော့ချန်အားကြည့်လိုက်မိတော့ နိုးသွားမှာစိုးသဖြင့် ဧည့်သည်ခန်းဆီသွားပြီး ရေချိုးလိုက်လေသည်။
ဒီနှစ်ရက်အတွင်း အန်တီကျန့်က မိသားစုကိစ္စအချို့ကြောင့်ခွင့်ယူထားခဲ့သည်။ ထို့ကြောင့် ဒီအတောအတွင်း စားတာသောက်တာက သူတို့ဘာသာသူတို့ တာဝန်ယူရမည်ဖြစ်သည်။
ယန်းချင်းချီ ရေခဲသေတ္တာထဲ ကြည့်လိုက်ကာ ချီချီကိုမေးလိုက်သည်။
''ဆန်ပြုတ်စားမလား ''
ချီချီက ခေါင်းငြိမ့်ပြသည်။
''ပြီးရင် ပေါက်စီပူပူလေးတွေလည်းလုပ်ပေးမယ် ''
''ဟုတ်ကဲ့ ''
ချီချီ့ဆီက သဘောတူသလို အသံတိုးတိုးလေးထွက်လာလေသည်။ သူက sofaပေါ်ကနေလျှောဆင်းလိုက်ကာ ယန်းချင်းချီခြေထောက်နားသို့လျှောက်လာသည်။
ယန်းချင်းချီ နို့မှုန့်အချို့ယူကာ ချီချီအတွက်နို့ဖျော်ပေးလိုက်ပြီး
''ဒါလေးအရင်သောက်ထားနှင့် ပြီးမှ မနက်စာစားကြတာပေါ့ ''
ယန်းချင်းချီ ချက်စရာများကိုင်ကာ မီးဖိုချောင်ထဲဝင်သွားခဲ့သည်။ သူ ဝင်သွားတာမြင်တော့ ချီချီကလည်းခြေထောက်ပုတိုလေးများဖြင့် နောက်ကလိုက်လာသည်။
''ဒါဘာလဲသိလား ''
ယန်းချင်းချီ ဆန်တစ်ခွက်ခပ်လိုက်ကာ ချီချီဘက်လှည့်ပြီးမေးလိုက်သည်။
''ဆန် ''
''ဒါဘာလဲ ''
''အသား ''
''ပြီးတော့ ဒါ ''
ချီချီက မသိတာကြောင့် မျက်ခုံးလေးများကြုံ့နေသည်။
''အဲ့ဒါ ဘာလဲ ''
''အဲ့ဒါကို ဆေးဘဲဥလို့ခေါ်တယ် ''
''ဆေးဘဲဥ? ''
''ဟုတ်တယ် သားဆန်ပြုတ်ထဲထည့်ဖို့ ''
ချီချီနားမလည်ပေမဲ့လည်း ခေါင်းငြိမ့်ပြလာသည်။
ဆေးဘဲဥနှင့်ဝက်သားနုပ်နုပ်စင်းထားသည်ကို ရော၍ ဆန်ပြုတ်လုပ်ကာ မီးအေးအေးလေးဖြင့်တည်ထားသည်။ အိမ်မှာရှိသည့် အအေးခံထားသော အသင့်စားပေါက်စီများအား ထုတ်အပြီး
''ချီချီ က ပေါက်စီဆို ဘာအရသာတွေကြိုက်လဲ ''
ချီချီက စဥ်းစားနေလိုက်ကာ
''ချိုတဲ့ ပဲနီလေးအစာသွပ် ''
''ဒါဆို ပါးပါးကရော ''
ချီချီက နို့ပုလင်းထိပ်ရှိ ချိုလိမ်လေးကို ကိုက်ဝါးရင်း
''အသား ''
ယန်းချင်းချီရယ်လိုက်ကာ အရသာ ၂မျိုး ၃မျိုးလောက် အပူပေးရန် ထည့်လိုက်သည်။
''လာ အပြင်ထွက်ရအောင် ''
''စားစရာတွေ ''
ချီချီက ovenပေါ်ရှိ အိုးလေးကိုကြည့်ရင်း စိတ်မချသလိုပြောလာသည်။
''သူတို့ကျက်ဖို့ကြာဦးမှာ လာ! မကျက်ခင်ကာတွန်းကား သွားကြည့်ရအောင် ''
ချီချီခေါင်းလေးကို ဖြေးဖြေးလေးငြိမ့်ပြလာကာ နို့ဘူးလေးကိုပိုက်ပြီး ယန်းချင်းချီနဲ့အတူတူ ဧည့်ခန်းဆီပြန်လျှောက်လာခဲ့သည်။
သူတို့တအောင့်လောက် ကာတွန်းကားအတူတူကြည့်နေလိုက်ကြပြီး ကျက်လောက်ခါနီးမှ ယန်းချင်းချီ မီးဖိုချောင်ဆီ ပြန်သွားကြည့်လိုက်ကာ မီးကိုပိတ်လိုက်သည်။ သူ ဧည့်ခန်းဆီပြန်လာပြီး ချီချီ့ကိုပြောသည်။
''သွား ပါးပါးကိုသွားနှိုး ''
ချီချီ၏ကြောင်မျက်လုံးလေးများမှာ အဆမတန်ပြူးကျယ်သွားကာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မေးလာသည်။
''သားက? ''
''ဟုတ်တာပေါ့ '' ယန်းချင်းချီက ကလေးပုခုံးလေးကိုပုတ်လိုက်ကာ ''ကဲ သူရဲကောင်းလေးချီချီ ဒီတာဝန်ကိုထမ်းဆောင်ပေးနိုင်မလား ''
ချီချီက ကြောက်နေသလိုလေး ခေါင်းပြန်ငုံ့သွားသည်။
ယန်းချင်းချီက သူ့ခေါင်းလေးကိုပွတ်ရင်း
''မကြောက်ပါနဲ့ သားကရှေ့ကနေတိုက် ဦးက နောက်ကနေကာကွယ်ပေးမယ် ''
ချီချီက နားမလည်သဖြင့်
'' အဲ့ဒါဘာကိုပြောတာလဲ ''
''ပြောချင်တာက သားက ပါးပါးကိုသွားနှိုး ဦးက သားနဲ့အတူတူလိုက်လာပြီး တံခါးနားကစောင့်နေမယ် တခုခုဆို ဦးဆီပြန်ပြေးလာခဲ့လေ ''
ထိုသို့ပြောသံကြားရတော့ ချီချီလေးက ယုံကြည်မှုတွေပြန်မြင့်တက်သွားကာ
''အင်း ''
ယန်းချင်းချီက ချီချီအား ပွေ့ချီလိုက်ပြီး
''လာ ဦး ချီသွားမယ် ''
ချီချီက အချီခံလိုက်ရတာကြောင့် ပျော်သွားပြီး သတိတောင်မထားမိပဲ ရယ်ပြုံးနေသည်။ လက်ကလေးကိုဆန့်ထုတ်ကာ တိတ်တိတ်ကလေး ယန်းချင်းချီ၏ပုခုံးကို တို့နေသေး၏။
ယန်းချင်းချီ သူတို့အခန်းတံခါးဝမှာ ချီချီ့ကို ချပေးလိုက်ကာ တံခါးကိုဖွင့်လိုက်ရင်း ဆော်သြလိုက်သည်။
''သွား အထဲဝင် ''
ချီချီက သူ့ကိုပြန်လှည့်ကြည့်ပြန်တာကြောင့် လက်သီးလေးဆုပ်ကာ အားပေးသည်။
''ကျားယို!! (fighting) ''
ချီချီလည်း သတ္တိသေးသေးလေးဖြင့် တံခါးကိုတွန်းဖွင့်ကာ အခန်းထဲ တစ်လှမ်းချင်းဝင်သွားလေသည်။
ချီချီက ကြောက်နေသေးပုံရသည်။ သုံးလှမ်းလောက်လျှောက်လိုက် သူ့ကိုအားပေးနေသည့် ယန်းချင်းချီကိုမြင်ရင် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ဆက်လျှောက်လိုက် လုပ်နေသည်။ သူ့ လက်သေးသေးလေးကို လက်သီးဆုပ်သေးသေးလေးများ ဖြစ်သည်အထိ ဆုတ်လိုက်ကာ အားတင်းပြီး အိပ်နေသော ကျန်းမော့ချန်နား မရောက်ရောက်အောင် ဆက်လျှောက်သွားလေသည်။ ထို့နောက် အသံတိုးတိုးလေးဖြင့်
''ပါးပါး ''
ကျန်းမော့ချန် မနိုးပဲဆက်အိပ်နေသည်။
ချီချီ စိုးရိမ်တကြီးဖြင့် အပြင်ဘက်တွင် ယန်းချင်းချီရှိမရှိကို လှည့်ကြည့်လိုက်သေးသည်။ ရှိနေသေးတယ်ဆိုတာ သေချာမှ ကျန်းမော့ချန်နားထပ်ကပ်လိုက်ကာ ခေါင်းလေးငုံ့ပြီး အသံမြှင့်လိုက်သည်။
''ပါးပါး! ''
ဒီတစ်ခါတော့ ကျန်းမော့ချန် ကြားသွားလေပြီ။ သူအိပ်မှုန်စုတ်ဖွားဖြင့် မျက်လုံးဖွင့်လာကာ အိပ်ယာဘေးနား ချီချီရပ်နေတာမြင်တော့
''သား ဘာလဲ ''
''စားဖို့... အချိန်ရောက်ပြီ '' နောက်ထပ်အသံတိုးတိုးလေးဖြင့် ''မနက်စာ ''
ကျန်းမော့ချန်ရယ်လိုက်ကာ ချီချီ့ပါးဖောင်းလေးကိုညှစ်ပြီး
''သားပြင်ထားတာလား ''
ချီချီ ခေါင်းကိုခါလိုက်ကာ
''ယန်ဦးဦး လုပ်တာ ''
ချီချီက ပြန်ဖြေရင်း သဘာဝကျစွာပဲ ခေါင်းလေးက ယန်းချင်းချီဆီသို့လှမ်းကြည့်လာခဲ့သည်။ ကျန်းမော့ချန် ကလေးရဲ့အကြည့်အတိုင်းလိုက်ကြည့်လိုက်တော့ တံခါးနားတွင်ရပ်စောင့်နေသည့် ယန်းချင်းချီအားမြင်လိုက်ရလေသည်။ ယန်းချင်းချီက သူညကတွေ့ခဲ့သည့် ညအိတ်ဝတ်စုံလေးနဲ့မဟုတ်တော့ပဲ အိမ်နေရင်း ဝတ်နေကျ အင်္ကျီအဖြူကိုဝတ်ထားသည်။
''မင်းက ဘယ်လိုချက်ရမလဲ သိတယ် ??? ''
''ဘယ်လိုချက်ရမလဲ သိရုံတင်မကဘူး ချက်တိုင်းလည်း အရသာရှိတယ် ''
ယန်းချင်းချီက ခပ်ကြွားကြွားလေး ပြန်ဖြေလာခဲ့သည်။
''အိုး ~~ အဲ့လိုလား ဒါဆိုရင်တော့ စားကြည့်ရမှာပေါ့ ''
ယန်းချင်းချီက ထိုလူ၏ မယုံကြည်ကြောင်း သိသိသာသာဖော်ပြနေသည့် 'အိုး~~' အား မနှစ်မြို့သဖြင့် ခေါင်းကိုခါကာ ''ကျွတ်-ကျွတ် ''ဆိုပြီး စုတ်သပ်လိုက်လေသည်။ ထိုအမူအရာလေးကြောင့် ကျန်းမော့ချန်မှာ တဟားဟား အော်ရယ်တော့၏။
သူ ချီချီကို လက်ယပ်ပြကာ
''ချီချီ ဒီကို ပြန်လာ ''
ချီချီကလည်း ချက်ချင်းကို သူ့ဆီပြန်ပြေးလာခဲ့သည်။
ယန်းချင်းချီ ကလေးလက်ကိုဆွဲလိုက်ကာ ထထိုင်နေပြီဖြစ်သည့် ကျန်းမော့ချန်ဘက်ခေါင်းလှည့်လာပြီး
''ကျွန်တော် ချီချီနဲ့ အောက်ပြန်ဆင်းတော့မယ် ခင်ဗျား မျက်နှာသစ်သွားတိုက်ပြီးမှ ဆင်းလာခဲ့တော့ ''
ထိုသို့ပြောအပြီး ချီချီနှင့်လက်ချင်းချိတ်ကာ ထွက်သွားခဲ့လေသည်။
~~~~~~~~~~~~~~~~~~~~~~
nini ဘေဘီက အခုထိ ချိုလိမ်နဲ့ နို့သောက်တုန်းလား ???? O.O
ဝက်သားနုပ်နုပ်စင်းနဲ့ဆေးဘဲဥ ဆန်ပြုတ်
အအေးခံထားတဲ့ အသင့်စားပေါက်စီ
ပဲနီလေးအရသာ
အသားအရသာ
Zawgyi
မိသားစုသုံးေယာက္၊ ႐ုပ္႐ွင္ဧကရာဇ္ကေတာ့အပ်င္းဆုံးပဲ
__________________________________
မနက္ခင္း ယန္းခ်င္းခ်ီႏိုးလာသည့္အခါ သူ႕ကိုသံႀကိဳးေတြနဲ႔ခ်ဳပ္ထားသလို အင္အားမဲ့ေနသည္ဟု ခံစားလိုက္ရသည္။ ေခါင္းကို ေအာက္သို႔ နည္းနည္း ငုံ႔ၾကည့္လိုက္လွ်င္ သူ႕ကို အခုထိတိုင္ေအာင္ ဖက္အိပ္ေနသည့္ က်န္းေမာ့ခ်န္အား ျမင္ရမည္ျဖစ္သည္။ 'အခုထိတိုင္ေအာင္'ဆိုသည့္စကားအား သုံးႏႈန္းလိုက္ရျခင္းမွာ ညက ညလယ္ႀကီး က်န္းေမာ့ခ်န္တစ္ေယာက္ ႐ုတ္တရက္လွည့္လာကာ လာဖက္အိပ္ေနေသာေၾကာင့္ပင္။ ယန္းခ်င္းခ်ီက အၿမဲအအိပ္ဆတ္သူျဖစ္သည္။ ထိုလူ၏ ဝက္ဝံလိုအင္အားကိုခံစားမိသည့္အခါ သတိအျပည့္ျဖင့္ ခ်က္ခ်င္းကုန္းထၿပီး ထိုလူ၏ လက္အား ႐ိုက္ခ်ိဳးမိမလိုေတာင္ျဖစ္သြားေသးသည္။*
(T/N: ခ်င္းခ်ီက ကိုယ္ခံပညာလည္းတတ္ေတာ့ သတိႀကီးပါတယ္ ႐ုတ္တရက္ႀကီးလာကိုင္ရင္ ျဖတ္႐ိုက္မိသလို အက်င့္ပါေနတာပါ)
သို႔ေသာ္ျငား သူထိုသို႔မျပဳလုပ္ခင္ ဦးေႏွာက္ကအခ်ိန္မွီဟန္႔တားလိုက္ႏိုင္တာေၾကာင့္
\\ သတင္းထူး! သတင္းထူး! လင္-လင္ႏွစ္ေယာက္ မဂၤလာဦးညႀကီးမွာ မဂၤလာဦးအိပ္ယာကိုေသြးစြန္းေစခဲ့သတဲ့။ ဒါက ကိုယ္က်င့္တရားေတြ ယိုယြင္းလာတာေၾကာင့္လား ဒါမွမဟုတ္ လူ႕သဘာဝေတြ ပ်က္စီးလာတာေၾကာင့္လား။ \\
ဆိုသည့္ ေၾကာက္စရာ သတင္းေခါင္းစဥ္ႀကီးအား အခ်ိန္မွီ ေ႐ွာင္လႊဲႏိုင္ခဲ့ေလသည္။
သူ သူ႕ခါးေပၚက က်န္းေမာ့ခ်န္ လက္အားဖယ္ဖို႔ျပင္လိုက္စဥ္ က်န္းေမာ့ခ်န္ကလည္း မသိစိတ္ျဖင့္ ျပန္ဆုပ္ကိုင္လာသည္။
''မင္.. ဘာလု ....ေနတာလဲ* ''
(မင္းဘာလုပ္ေနတာလဲ)
က်န္းေမာ့ခ်န္က မပီမျပင္ခပ္တိုးတိုး ေရ႐ြတ္လာသည္။
''ကြၽန္ေတာ္ထခ်ိန္ေရာက္ၿပီ ''
က်န္းေမာ့ခ်န္ ထိုစကားေၾကာင့္ မ်က္လုံးမ်ားအား မဖြင့္ခ်င္ဖြင့္ခ်င္ျဖင့္ ဖြင့္လိုက္ကာ ဖုန္းကိုဖြင့္ၿပီး တစ္ခ်က္ၾကည့္လိုက္သည္။
''အခုမွ 7နာရီပဲ႐ွိေသးတယ္ မင္း အေစာႀကီးထၿပီးဘာလုပ္မလို႔လဲ ''
''မနက္ပိုင္းေျပးမလို႔ ''
ယန္းခ်င္းခ်ီ ေနာက္လက္တစ္ဖက္ျဖင့္ က်န္းေမာ့ခ်န္လက္ကို ခပ္ဖြဖြပုတ္ရင္း လႊတ္ေပးဖို႔ အခ်က္ျပလာေလသည္။
က်န္းေမာ့ခ်န္သူ႕ကိုလႊတ္ေပးလိုက္ကာ
''ဘယ္မွာေျပးမွာလဲ။
ယန္းခ်င္းခ်ီ လွစ္ခနဲ အိပ္ယာေပၚကေန ထလိုက္သည္။
''အိမ္ထဲက gymခန္းမွာေလ ခင္ဗ်ားေျပးစက္နဲ႔ ''
က်န္းေမာ့ခ်န္အစကထင္လိုက္တာက ယန္းခ်င္းခ်ီ အျပင္ဘက္ ပတ္ေျပးမယ္ေပါ့။ အခုေတာ့ အထဲမွာေျပးမွာကိုမ်ား
''အဲ့ဒါဆို ဘာလို႔အေစာႀကီးထရတာလဲ ''
''အက်င့္ျဖစ္ေနတာ ''
ထိုစကားၾကားေတာ့ က်န္းေမာ့ခ်န္ကသူ႕အား အေပၚေအာက္ အစုံအဆန္စစ္ေဆးသလိုၾကည့္လာခဲ့သည္။
''ခင္ဗ်ား ဘာလို႔အဲ့လိုႀကီးလာၾကည့္ေနတာလဲ ''
''ငါမင္းကို တကယ္ခ်ီးက်ဴးတယ္ ညက ညတစ္နာရီ ႏွစ္နာရီေလာက္အထိ ငါတို႔အိပ္ယာေပၚ လွိမ့္ထားၾကတာေတာင္ မင္းက မနက္၇နာရီႀကီး ဘာမွမျဖစ္ထားသလို အားအင္ေတြျပည့္ဝေနၿပီ။ ၾကည့္ရတာေတာ့ ငါ မင္းကိုေလွ်ာ့တြက္မိသြားတာပဲ ''
ယန္းခ်င္းခ်ီ ႏွစ္လိုဖြယ္ျပဳံးျပလိုက္ၿပီး ေခါင္းကိုလွည့္ကာ ေရခ်ိဳးခန္းဆီ ဦးတည္သြားလိုက္သည္။
သူခပ္ျမန္ျမန္ေလးသြားကိုတိုက္ကာ အားကစားဝတ္စုံကိုလဲၿပီး အခန္းထဲမွထြက္၍ ဒုတိယထပ္႐ွိ gymခန္းဆီသို႔ဦးတည္လိုက္ေလသည္။
သူ တံခါးပြင့္သြားတယ္လို႔ အာ႐ုံခံမိလိုက္တဲ့အခ်ိန္ ေျပးေနတာ မိနစ္ေလးဆယ္ေလာက္႐ွိေနၿပီျဖစ္သည္။ သူလွည့္ၾကည့္လိုက္ေတာ့ တံခါးၾကားထဲကေန ေခါင္းေသးေသးေလးထြက္လာၿပီး မ်က္လုံးဝိုင္းဝိုင္းေလးမ်ားႏွင့္ အထဲကိုစူးစမ္းေနသည့္ ခ်ီခ်ီ႕အားေတြ႕လိုက္ရေလသည္။
သူ နာရီကိုငုံ႔ၾကည့္လိုက္ကာ ေျပးစက္ကိုရပ္ၿပီး တံခါးဆီသို႔ေလွ်ာက္လာခဲ့သည္။
သူ ခ်ီခ်ီ႕ဆီလာေနတာေတြ႕ေတာ့ ခ်ီခ်ီမွာ ကိုယ္ေလးကိုက်ံဳ႕ရင္း တံခါးႏွင့္နံရံၾကားတြင္ကပ္၍ ပုန္းေနသည္။
ထိုသို႔ပုန္းေနသည္ေလးကိုေတြ႕ေတာ့ ယန္းခ်င္းခ်ီတမင္တကာကို တံခါးအျပင္ဘက္ အရင္လိုက္႐ွာဟန္ေဆာင္ေနလိုက္ကာ တံခါးနားေရာက္ခါမွ လက္သည္းထုတ္ဟန္ေလးျပင္လိုက္ၿပီး
''ဂါး.. မိၿပီ!! ''
ခ်ီခ်ီက လန္႔သြားေသာေၾကာင့္ ေနာက္ကိုႏွစ္လွမ္းေလာက္ဆုတ္ၿပီးမွ တခစ္ခစ္ရယ္လာေလသည္။
ယန္းခ်င္းခ်ီ ကေလးနားသြားလိုက္ကာ ေခါင္းေလးကိုပြတ္၍
''ဗိုက္ဆာၿပီလား ''
ခ်ီခ်ီကေခါင္းၿငိမ့္ျပေလသည္။
''ခဏေစာင့္ ဦးေရခ်ိဳးၿပီးတာနဲ႔ တခုခုလုပ္ေပးမယ္ ''
ခ်ီခ်ီကဆက္၍ ေခါင္းၿငိမ့္ျပေလသည္။
ယန္းခ်င္းခ်ီ ကေလးကိုခ်ီလာကာ ဧည့္ခန္း႐ွိ sofaေပၚတြင္ထိုင္ခိုင္းၿပီး ကာတြန္းကားၾကည့္ခိုင္းထားေလသည္။ ထို႔ေနာက္ သူ႕အိပ္ခန္းဆီျပန္လာခဲ့ကာ အဝတ္လဲဖို႔အဝတ္ယူလိုက္သည္။ ေဘးတစ္ေစာင္းအိပ္ေပ်ာ္ေနသည့္ က်န္းေမာ့ခ်န္အားၾကည့္လိုက္မိေတာ့ ႏိုးသြားမွာစိုးသျဖင့္ ဧည့္သည္ခန္းဆီသြားၿပီး ေရခ်ိဳးလိုက္ေလသည္။
ဒီႏွစ္ရက္အတြင္း အန္တီက်န္႔က မိသားစုကိစၥအခ်ိဳ႕ေၾကာင့္ခြင့္ယူထားခဲ့သည္။ ထို႔ေၾကာင့္ ဒီအေတာအတြင္း စားတာေသာက္တာက သူတို႔ဘာသာသူတို႔ တာဝန္ယူရမည္ျဖစ္သည္။
ယန္းခ်င္းခ်ီ ေရခဲေသတၱာထဲ ၾကည့္လိုက္ကာ ခ်ီခ်ီကိုေမးလိုက္သည္။
''ဆန္ျပဳတ္စားမလား ''
ခ်ီခ်ီက ေခါင္းၿငိမ့္ျပသည္။
''ၿပီးရင္ ေပါက္စီပူပူေလးေတြလည္းလုပ္ေပးမယ္ ''
''ဟုတ္ကဲ့ ''
ခ်ီခ်ီ႕ဆီက သေဘာတူသလို အသံတိုးတိုးေလးထြက္လာေလသည္။ သူက sofaေပၚကေနေလွ်ာဆင္းလိုက္ကာ ယန္းခ်င္းခ်ီေျခေထာက္နားသို႔ေလွ်ာက္လာသည္။
ယန္းခ်င္းခ်ီ ႏို႔မႈန္႔အခ်ိဳ႕ယူကာ ခ်ီခ်ီအတြက္ႏို႔ေဖ်ာ္ေပးလိုက္ၿပီး
''ဒါေလးအရင္ေသာက္ထားႏွင့္ ၿပီးမွ မနက္စာစားၾကတာေပါ့ ''
ယန္းခ်င္းခ်ီ ခ်က္စရာမ်ားကိုင္ကာ မီးဖိုေခ်ာင္ထဲဝင္သြားခဲ့သည္။ သူ ဝင္သြားတာျမင္ေတာ့ ခ်ီခ်ီကလည္းေျခေထာက္ပုတိုေလးမ်ားျဖင့္ ေနာက္ကလိုက္လာသည္။
''ဒါဘာလဲသိလား ''
ယန္းခ်င္းခ်ီ ဆန္တစ္ခြက္ခပ္လိုက္ကာ ခ်ီခ်ီဘက္လွည့္ၿပီးေမးလိုက္သည္။
''ဆန္ ''
''ဒါဘာလဲ ''
''အသား ''
''ၿပီးေတာ့ ဒါ ''
ခ်ီခ်ီက မသိတာေၾကာင့္ မ်က္ခုံးေလးမ်ားၾကဳံ႕ေနသည္။
''အဲ့ဒါ ဘာလဲ ''
''အဲ့ဒါကို ေဆးဘဲဥလို႔ေခၚတယ္ ''
''ေဆးဘဲဥ? ''
''ဟုတ္တယ္ သားဆန္ျပဳတ္ထဲထည့္ဖို႔ ''
ခ်ီခ်ီနားမလည္ေပမဲ့လည္း ေခါင္းၿငိမ့္ျပလာသည္။
ေဆးဘဲဥႏွင့္ဝက္သားႏုပ္ႏုပ္စင္းထားသည္ကို ေရာ၍ ဆန္ျပဳတ္လုပ္ကာ မီးေအးေအးေလးျဖင့္တည္ထားသည္။ အိမ္မွာ႐ွိသည့္ အေအးခံထားေသာ အသင့္စားေပါက္စီမ်ားအား ထုတ္အၿပီး
''ခ်ီခ်ီ က ေပါက္စီဆို ဘာအရသာေတြႀကိဳက္လဲ ''
ခ်ီခ်ီက စဥ္းစားေနလိုက္ကာ
''ခ်ိဳတဲ့ ပဲနီေလးအစာသြပ္ ''
''ဒါဆို ပါးပါးကေရာ ''
ခ်ီခ်ီက ႏို႔ပုလင္းထိပ္႐ွိ ခ်ိဳလိမ္ေလးကို ကိုက္ဝါးရင္း
''အသား ''
ယန္းခ်င္းခ်ီရယ္လိုက္ကာ အရသာ ၂မ်ိဳး ၃မ်ိဳးေလာက္ အပူေပးရန္ ထည့္လိုက္သည္။
''လာ အျပင္ထြက္ရေအာင္ ''
''စားစရာေတြ ''
ခ်ီခ်ီက ovenေပၚ႐ွိ အိုးေလးကိုၾကည့္ရင္း စိတ္မခ်သလိုေျပာလာသည္။
''သူတို႔က်က္ဖို႔ၾကာဦးမွာ လာ! မက်က္ခင္ကာတြန္းကား သြားၾကည့္ရေအာင္ ''
ခ်ီခ်ီေခါင္းေလးကို ေျဖးေျဖးေလးၿငိမ့္ျပလာကာ ႏို႔ဘူးေလးကိုပိုက္ၿပီး ယန္းခ်င္းခ်ီနဲ႔အတူတူ ဧည့္ခန္းဆီျပန္ေလွ်ာက္လာခဲ့သည္။
သူတို႔တေအာင့္ေလာက္ ကာတြန္းကားအတူတူၾကည့္ေနလိုက္ၾကၿပီး က်က္ေလာက္ခါနီးမွ ယန္းခ်င္းခ်ီ မီးဖိုေခ်ာင္ဆီ ျပန္သြားၾကည့္လိုက္ကာ မီးကိုပိတ္လိုက္သည္။ သူ ဧည့္ခန္းဆီျပန္လာၿပီး ခ်ီခ်ီ႕ကိုေျပာသည္။
''သြား ပါးပါးကိုသြားႏိႈး ''
ခ်ီခ်ီ၏ေၾကာင္မ်က္လုံးေလးမ်ားမွာ အဆမတန္ျပဴးက်ယ္သြားကာ တြန္႔ဆုတ္တြန္႔ဆုတ္ျဖင့္ ေမးလာသည္။
''သားက? ''
''ဟုတ္တာေပါ့ '' ယန္းခ်င္းခ်ီက ကေလးပုခုံးေလးကိုပုတ္လိုက္ကာ ''ကဲ သူရဲေကာင္းေလးခ်ီခ်ီ ဒီတာဝန္ကိုထမ္းေဆာင္ေပးႏိုင္မလား ''
ခ်ီခ်ီက ေၾကာက္ေနသလိုေလး ေခါင္းျပန္ငုံ႔သြားသည္။
ယန္းခ်င္းခ်ီက သူ႕ေခါင္းေလးကိုပြတ္ရင္း
''မေၾကာက္ပါနဲ႔ သားကေ႐ွ႕ကေနတိုက္ ဦးက ေနာက္ကေနကာကြယ္ေပးမယ္ ''
ခ်ီခ်ီက နားမလည္သျဖင့္
'' အဲ့ဒါဘာကိုေျပာတာလဲ ''
''ေျပာခ်င္တာက သားက ပါးပါးကိုသြားႏိႈး ဦးက သားနဲ႔အတူတူလိုက္လာၿပီး တံခါးနားကေစာင့္ေနမယ္ တခုခုဆို ဦးဆီျပန္ေျပးလာခဲ့ေလ ''
ထိုသို႔ေျပာသံၾကားရေတာ့ ခ်ီခ်ီေလးက ယုံၾကည္မႈေတြျပန္ျမင့္တက္သြားကာ
''အင္း ''
ယန္းခ်င္းခ်ီက ခ်ီခ်ီအား ေပြ႕ခ်ီလိုက္ၿပီး
''လာ ဦး ခ်ီသြားမယ္ ''
ခ်ီခ်ီက အခ်ီခံလိုက္ရတာေၾကာင့္ ေပ်ာ္သြားၿပီး သတိေတာင္မထားမိပဲ ရယ္ျပဳံးေနသည္။ လက္ကေလးကိုဆန္႔ထုတ္ကာ တိတ္တိတ္ကေလး ယန္းခ်င္းခ်ီ၏ပုခုံးကို တို႔ေနေသး၏။
ယန္းခ်င္းခ်ီ သူတို႔အခန္းတံခါးဝမွာ ခ်ီခ်ီ႕ကို ခ်ေပးလိုက္ကာ တံခါးကိုဖြင့္လိုက္ရင္း ေဆာ္ၾသလိုက္သည္။
''သြား အထဲဝင္ ''
ခ်ီခ်ီက သူ႕ကိုျပန္လွည့္ၾကည့္ျပန္တာေၾကာင့္ လက္သီးေလးဆုပ္ကာ အားေပးသည္။
''က်ားယို!! (fighting) ''
ခ်ီခ်ီလည္း သတၱိေသးေသးေလးျဖင့္ တံခါးကိုတြန္းဖြင့္ကာ အခန္းထဲ တစ္လွမ္းခ်င္းဝင္သြားေလသည္။
ခ်ီခ်ီက ေၾကာက္ေနေသးပုံရသည္။ သုံးလွမ္းေလာက္ေလွ်ာက္လိုက္ သူ႕ကိုအားေပးေနသည့္ ယန္းခ်င္းခ်ီကိုျမင္ရင္ တြန္႔ဆုတ္တြန္႔ဆုတ္ျဖင့္ ဆက္ေလွ်ာက္လိုက္ လုပ္ေနသည္။ သူ႕ လက္ေသးေသးေလးကို လက္သီးဆုပ္ေသးေသးေလးမ်ား ျဖစ္သည္အထိ ဆုတ္လိုက္ကာ အားတင္းၿပီး အိပ္ေနေသာ က်န္းေမာ့ခ်န္နား မေရာက္ေရာက္ေအာင္ ဆက္ေလွ်ာက္သြားေလသည္။ ထို႔ေနာက္ အသံတိုးတိုးေလးျဖင့္
''ပါးပါး ''
က်န္းေမာ့ခ်န္ မႏိုးပဲဆက္အိပ္ေနသည္။
ခ်ီခ်ီ စိုးရိမ္တႀကီးျဖင့္ အျပင္ဘက္တြင္ ယန္းခ်င္းခ်ီ႐ွိမ႐ွိကို လွည့္ၾကည့္လိုက္ေသးသည္။ ႐ွိေနေသးတယ္ဆိုတာ ေသခ်ာမွ က်န္းေမာ့ခ်န္နားထပ္ကပ္လိုက္ကာ ေခါင္းေလးငုံ႔ၿပီး အသံျမႇင့္လိုက္သည္။
''ပါးပါး! ''
ဒီတစ္ခါေတာ့ က်န္းေမာ့ခ်န္ ၾကားသြားေလၿပီ။ သူအိပ္မႈန္စုတ္ဖြားျဖင့္ မ်က္လုံးဖြင့္လာကာ အိပ္ယာေဘးနား ခ်ီခ်ီရပ္ေနတာျမင္ေတာ့
''သား ဘာလဲ ''
''စားဖို႔... အခ်ိန္ေရာက္ၿပီ '' ေနာက္ထပ္အသံတိုးတိုးေလးျဖင့္ ''မနက္စာ ''
က်န္းေမာ့ခ်န္ရယ္လိုက္ကာ ခ်ီခ်ီ႕ပါးေဖာင္းေလးကိုညႇစ္ၿပီး
''သားျပင္ထားတာလား ''
ခ်ီခ်ီ ေခါင္းကိုခါလိုက္ကာ
''ယန္ဦးဦး လုပ္တာ ''
ခ်ီခ်ီက ျပန္ေျဖရင္း သဘာဝက်စြာပဲ ေခါင္းေလးက ယန္းခ်င္းခ်ီဆီသို႔လွမ္းၾကည့္လာခဲ့သည္။ က်န္းေမာ့ခ်န္ ကေလးရဲ႕အၾကည့္အတိုင္းလိုက္ၾကည့္လိုက္ေတာ့ တံခါးနားတြင္ရပ္ေစာင့္ေနသည့္ ယန္းခ်င္းခ်ီအားျမင္လိုက္ရေလသည္။ ယန္းခ်င္းခ်ီက သူညကေတြ႕ခဲ့သည့္ ညအိတ္ဝတ္စုံေလးနဲ႔မဟုတ္ေတာ့ပဲ အိမ္ေနရင္း ဝတ္ေနက် အက်ႌအျဖဴကိုဝတ္ထားသည္။
''မင္းက ဘယ္လိုခ်က္ရမလဲ သိတယ္ ??? ''
''ဘယ္လိုခ်က္ရမလဲ သိ႐ုံတင္မကဘူး ခ်က္တိုင္းလည္း အရသာ႐ွိတယ္ ''
ယန္းခ်င္းခ်ီက ခပ္ႂကြားႂကြားေလး ျပန္ေျဖလာခဲ့သည္။
''အိုး ~~ အဲ့လိုလား ဒါဆိုရင္ေတာ့ စားၾကည့္ရမွာေပါ့ ''
ယန္းခ်င္းခ်ီက ထိုလူ၏ မယုံၾကည္ေၾကာင္း သိသိသာသာေဖာ္ျပေနသည့္ 'အိုး~~' အား မႏွစ္ၿမိဳ႕သျဖင့္ ေခါင္းကိုခါကာ ''ကြၽတ္-ကြၽတ္ ''ဆိုၿပီး စုတ္သပ္လိုက္ေလသည္။ ထိုအမူအရာေလးေၾကာင့္ က်န္းေမာ့ခ်န္မွာ တဟားဟား ေအာ္ရယ္ေတာ့၏။
သူ ခ်ီခ်ီကို လက္ယပ္ျပကာ
''ခ်ီခ်ီ ဒီကို ျပန္လာ ''
ခ်ီခ်ီကလည္း ခ်က္ခ်င္းကို သူ႕ဆီျပန္ေျပးလာခဲ့သည္။
ယန္းခ်င္းခ်ီ ကေလးလက္ကိုဆြဲလိုက္ကာ ထထိုင္ေနၿပီျဖစ္သည့္ က်န္းေမာ့ခ်န္ဘက္ေခါင္းလွည့္လာၿပီး
''ကြၽန္ေတာ္ ခ်ီခ်ီနဲ႔ ေအာက္ျပန္ဆင္းေတာ့မယ္ ခင္ဗ်ား မ်က္ႏွာသစ္သြားတိုက္ၿပီးမွ ဆင္းလာခဲ့ေတာ့ ''
ထိုသို႔ေျပာအၿပီး ခ်ီခ်ီႏွင့္လက္ခ်င္းခ်ိတ္ကာ ထြက္သြားခဲ့ေလသည္။
~~~~~~~~~~~~~~~~~~~~~~
nini ေဘဘီက အခုထိ ခ်ိဳလိမ္နဲ႔ ႏို႔ေသာက္တုန္းလား ???? O.O
ဝက္သားႏုပ္ႏုပ္စင္းနဲ႕ေဆးဘဲဥ ဆန္ျပဳတ္
အေအးခံထားတဲ့ အသင့္စားေပါက္စီ
ပဲနီေလးအရသာ
အသားအရသာ