Unicode
တရုတ်ကျားကွက်
__________________________________
ယန်ချင်းချီပြန်ကြည့်လိုက်တော့ ချီချီ၏စူးစမ်းလိုသောအကြည့်များနှင့်ဆုံသည်။ သူ ချီချီ့အား မျက်စိမှိတ်ပြလိုက်ကာ ပြုံးရင်း ကျားစေ့လေးတွေကို ငုံ့ကြည့်လိုက်သည်။ ချီချီလည်းပဲ ခေါင်းပြန်ငုံ့လိုက်လေသည်။
ထို့နောက် ကျားစေ့လေးအား ယန်ချင်းချီ အောက်ဆုံးအဆင့်ကနေ တစ်စေ့ကျော် ခုန်ကူးလိုက်သည်။ ထိုနည်းက ချီချီ နောက်ဆုံးနှစ်တန်းတွင် ခုန်ကျော်ကူးသော နည်းနှင့်အတူတူပင်ဖြစ်သည်။ ချီချီကြည့်နေရင်း ထိုလူကြီးက ရုတ်တရက် ကျားစေ့ကိုဘေးရွှေ့လိုက်တော့ နောက်ဆုံးတန်းကနေ တတိယတန်းဆီသို့ ခုန်ကူးဖို့နေရာလေးလွတ်သွား သည်ကိုမြင်လိုက်သည်။ ယန်ချင်းချီ တဆင့်ချင်း ရွှေ့လိုက် ခုန်ကျော်လိုက်လုပ်နေတာကိုကြည့်ရင်း တခြားတဖက်၏ နောက်ဆုံးတန်းအား လျင်မြင်စွာ ရောက်သွားသည်ကို မြင်လိုက်ရသည်။
ချီချီ ယန်ချင်းချီအား အံ့အားသင့်စွာမော့ကြည့်လိုက်သည်။ ယန်ချင်းချီက နွေးထွေးစွာ ပြန်ပြုံးပြကာ ဆက်ရွှေ့နေလေသည်။
သိပ်မကြာခင်မှာပဲ အရောင်မတူတဲ့ကျားစေ့များဟာ ဆန့်ကျင်ဘက်နေရာဆီ အပြန်အလှန်ရောက်သွားပြီး တြိဂံအသစ်လေးနှစ်ခု ဖြစ်သွားလေသည်။
နောက်ဆုံးကျားစေ့ကိုချအပြီးမှာတော့ ယန်ချင်းချီတစ်ယောက်ပေါ့ပါးစွာပဲ ကြေငြာလိုက်သည်။
''ဦးဦးနိုင်ပြီ ''
ချီချီသူ့အား မျက်တောင်မခတ်တမ်း ငေးကြည့်နေသည်။ ရာစုနှစ်တစ်ခုလောက်ကြာအောင် ကြည့်အပြီးမှာတော့* သူ၏ယပ်တောင်သဏ္ဍာန် မျက်တောင်ရှည်များ ဝန်းရံထားသည့် မျက်လွှာကို ချလိုက်ကာ ယန်ချင်းချီဖန်တီးထားသည့် ပုံစံအသစ်အား လေ့လာနေလိုက်သည်။ ထို့နောက် အားလုံးပြန်စီကာ ဖြေးဖြေးချင်းစီ နေရာပြန်ချလေသည်။
(T/N : တင်စားတာပါ)
ချီချီ ခုန်ကူးသည့် နည်းလမ်းသည် သူ့နည်းလမ်းအတိုင်းတုပထားသည်ကို ယန်ချင်းချီသတိထားမိလိုက်သည်။ ထိုကောင်လေးမှာ ကောင်းမွန်တဲ့ဉာဏ်ရည်ရှိကာ အမှားတွေကိုချက်ချင်းပြင်ပစ်နိုင်စွမ်းရှိသည်။ နောက်ဆုံးတန်းကနေ တတိယတန်းကို ကျားစေ့အားလုံးရောက်သွားတဲ့အခါမှာတော့ ချီချီတစ်ယောက် သူ့ကိုယ်သူ အတော်လေးကို ဂုဏ်ယူနေဟန်ဖြင့် ယန်ချင်းချီအား တိတ်တိတ်လေးခိုးကြည့်လေသည်။ ယန်ချင်းချီကလည်း လက်ခုပ်တီးကာ အားပေးသည်။ ''တော်လိုက်တာ ''
ကလေးလေးက နှုတ်ခမ်းလေးကို ဖွဖွလေးကိုက်ကာ ဆက်ရွှေ့နေသည်။ ဒါပေမဲ့ ချီချီ အကြာကြီးဂုဏ်မယူလိုက်ရ။ သူအလယ်ရောက်အောင် ခုန်ကူးပြီးတဲ့နောက်မှာတော့ ဆက်ခုန်လို့မရတော့ဘူးဆိုတာကို သိသွားသောကြောင့်ပင်။
ချီချီ နှုတ်ခမ်းလေးကို သတိမထားမိပဲ အားထည့်ကိုက်နေသည်မှာ နှုတ်ခမ်းလေးက ဖြူဖျော့လာသည်အထိပင်။ ယန်ချင်းချီက စိတ်ပူသွားသဖြင့် နှုတ်ခမ်းကိုဆက်မကိုက်ဖို့ပြောမဲ့အချိန်မှာပဲ ကလေးက သူ့ဘာသာသူလွှတ်လိုက်ကာ ပါးလေးကိုဖောင်းလိုက်ပိန်လိုက်ဆက်လုပ်နေပြန်သည်။ ဆက်သွားလို့မရတော့တာကြောင့် သူကစိတ်မကြည်မလင်ဟန်ဖြင့် ကျားစေ့လေးများကိုသူ့နေရာသူပြန်စီကာ ငြိမ်ငြိမ်လေးပြန်ထိုင်နေလိုက်သည်။ ထို့နောက် ဘာမှမပြောပဲ မျက်လုံးရွဲကြီးများနှင့် ယန်ချင်းချီအား ဆက်ကြည့်နေလေသည်။
ယန်ချင်းချီမှာ အော်ရယ်မိမလိုတောင်ဖြစ်သွားရသည်။ သူ ကောင်လေးအတွက် ခေါင်းကိုငုံ့ကာ နောက်တစ်ခေါက် တြိဂံပုံလေးဖြစ်သွားအောင်ပြန်ဆော့ပြလိုက်သည်။
ချီချီကလည်း ဘေးနားကနေတိတ်တိတ်လေးမှတ်နေသည်။ ယန်ချင်းချီအားလုံးရွှေ့ပြီးတဲ့နောက်မှာတော့ ကလေးကသူ့နေရာသူ ကျားစေ့လေးများကိုပြန်စီကာ ယန်ချင်းချီပြသည့် ခုန်နည်းအတိုင်း ခုန်ကြည့်နေသည်။ သို့သော်ငြား အဆင့်မြင့်ဖြေရှင်းနည်းကို ဘယ်လောက်ပဲ တဆင့်ချင်း ရွှေ့ပြပါစေ ကလေးက ကလေးပဲမဟုတ်ပါလား။ ခဏအကြာ နောက်တကွက်ကို ဘယ်လိုထပ်ရွှေ့ရမလဲ မေ့သွားပြန်လေသည်။ ကလေးလေးက သူမေ့သွားတဲ့အချိန် ဒါမှမဟုတ် အကွက်မှားရွှေ့မိတဲ့အချိန်တိုင်း ကျားစေ့အားလုံးကို အစကပြန်စီကာ ယန်ချင်းချီအား နောက်တစ်ခေါက် ပြန်လုပ်ပြဖို့ မျက်လုံးဝိုင်းကြီးများနှင့် ကြည့်နေမည်ဖြစ်သည်။
ချီချီ၏ ထပ်တလဲလဲ ရွှေ့ကြည့်နေသည့် ပုံစံလေးကိုကြည့်ကာ ချီချီအပေါ် နောက်ထပ်အမြင်သစ် တစ်မျိုးနှင့်မြင်လာရသည်။ သူ့ရှေ့က ကလေးလေးသည် သူထင်ထားသည်ထက် ပိုဉာဏ်ကောင်းနေသည်။ အစကထင်ထားတာက ကလေးက လိမ္မာပါးနပ်တယ်ပေါ့ သို့သော် အဲ့ထက်ပိုနိုင်သည်။ ကလေးက သာမန်ကလေးတွေထက် အကျိုးသင့်အကြောင်းသင့် တွေးခေါ်နိုင်ကာ ကိုယ့်စည်းကမ်းလေးနဲ့ကိုယ်နေတတ်သည်။ ဒီအရွယ်လေးနှင့်ပင် သူက သည်းခံစိတ်မြင့်မားကာ စိတ်ကိုထိန်းချုပ်နိုင်သည်။ အလောတကြီးမရှိပဲ တည်ငြိမ်သည်။ ချီချီ၏ ပြဿနာကို မရမချင်းထပ်ခါတလဲလဲ ဖြေရှင်းနေပုံလေးက သူငယ်ငယ်တုန်းကထက်တောင် ပို၍ စိတ်ရှည်နေသေးသည်။
ချီချီ ငါးကြိမ်မြောက် ကြိုးစားအပြီးမှာတော့ အောင်မြင်သွားပြီဖြစ်သည်။ သူသည် ဘုတ်ပြားပေါ်ရှိ ဆန့်ကျင်ဘက်နေရာတွင် အသီးသီးနေရာယူထားသော အရောင်မတူသည့် တြိဂံနှစ်ခုကိုကြည့်ကာ ယန်ချင်းချီအား ဂုဏ်ယူနေသည့် အကြည့်လေးပေးလိုက်သည်။
ယန်ချင်းချီကလည်း တွန့်တိုမနေပဲ သူ့ကို လှိုက်လှိုက်လှဲလှဲချီးကျူးလာခဲ့သည်။
''သားက အရမ်းတော်တာပဲ ''
ချီချီက ချီးကျူးခံရမှုကြောင့် ရှက်သွားဟန်ဖြင့် တိတ်တိတ်ကလေးပြုံးပြလာသည်။
ယန်ချင်းချီမှာ ချီချီ့ကို အသဲယားလွန်းသဖြင့် လက်ပေါ်မေးထောက်ကာ နွေးထွေးစွာ ကြည့်ရင်းပြောလိုက်သည်။
''တရုတ်ကျားကွက်ကို ကောင်းကောင်းဆော့တတ်လို့ သားကို ချီချီလို့ခေါ်တာလား* ''
ချီချီက ခေါင်းကိုခါပြသည်။
''ဒါဆိုဘာလို့ ချီချီလို့ခေါ်တာလဲ ''
ချီချီက ခဏမျှစဥ်းစားနေလိုက်ကာ
''ချီချီလို့ခေါ်လို့ ချီချီဖြစ်လာတာလေ ''
သူ့စကားကို မယုံလောက်ဘူးထင်၍ တည်ကြည်စွာဖြင့်နောက်တစ်ခေါက်ထပ်ပြောလာသည်။
''သားက ချီချီမို့ ချီချီလို့ခေါ်တာပေါ့''
ယန်ချင်းချီမှာ ထိုကဲ့သို့ ကလေးဆန်စွာ ပြန်ဖြေမှုလေးအား မကြားရသည်မှာ အတော်ကြာပြီဖြစ်သည်။ ထိုစကားအား ချီချီ၏ နူးညံ့ပျော့ပျောင်းသော ကလေးသံလေးနှင့် ပေါင်းစပ်လိုက်သည့်အခါ အရမ်းကို ချစ်စရာကောင်းနေခဲ့သည်။ သူကသံယောင်လိုက်ကာ
''အိုး ဒါကြောင့်ကို ''
ချီချီက သူရှင်းပြသည်ကို တဖက်လူက လက်ခံသွားသည်အားမြင်သောအခါ ခေါင်းငြိမ့်ပြလာသည်။
''ဒါဆို ယန်ဦးဦးက ချီချီနဲ့ တရုတ်ကျားကွက် အတူတူဆော့လို့ရမလား ''
သူမေးလိုက်သည်။
ချီချီ က ခဏမျှစဥ်းစားနေကာ ခေါင်းငြိမ့်ပြလာသည်။
''ယန်ဦးဦးက အနီရောင်ယူမယ် ချီချီက အစိမ်းရောင်ယူ တဖက်လူအရောင်ထဲ ကျားစေ့ အရင်ချနိုင်တဲ့လူက နိုင်မယ် ဟုတ်ပြီလား ''
ချီချီက ခေါင်းထပ်ငြိမ့်ပြသည်။
''သားအရင်ရွှေ့ ''
ချီချီက ခုနက သင်လိုက်သည့် ခုန်နည်းဗျူဟာအတိုင်း စရွှေ့လာသည်။ သူသင်ပေးတဲ့နည်းအတိုင်း ရွှေ့နေတာကို ယန်ချင်းချီမြင်ရတဲ့အခါမှာတော့ ရယ်ချင်စိတ်ကိုထိန်းလို့မရခဲ့ သို့သော်ငြား သူ ရအောင်ချုပ်ထိန်းလိုက်ကာ ချီချီ့အတိုင်း အလိုက်သင့်လေးလိုက်ရွှေ့ပေးနေပြီး သူ့နယ်မြေဆီ ချီချီကျားစေ့လေးကျူးကျော်လာတာကိုလည်း အပြုံးလေးဖြင့် ကြည့်နေလိုက်လေသည်။
ချီချီမှာကစားဖော်မရှိပါ။ အကြာကြီးနေမှ ပထမဆုံးအကြိမ် သူနှင့်ကစားပေးသည့် လူတစ်ယောက်ပေါ်လာသည့်အပြင် အနိုင်ပါရသွားသောအခါ အရမ်းကိုပျော်သွားလေသည်။ စိတ်လှုပ်ရှားနေသည့် အသံလေးကို မဖုံးကာနိုင်တော့ပဲ
''သားနိုင်ပြီ! ''
''ဟုတ်တယ် သားနိုင်ပြီ အရမ်းတော်တာပဲ ''
ချီချီကပျော်လွန်းသဖြင့် မျက်ဝန်းလေးများမှာ လခြမ်းကွေးလေးများ ဖြစ်သွားသည်အထိပြုံးနေကာ ရောင်ခြည်တန်းများပင် ဖြာထွက်တော့မလိုလို။
ယန်ချင်းချီ ချီချီ၏ ပါးဖောင်းဖောင်းလေးကို လက်ညှိုးဖြင့် ခပ်ဖွဖွထိုးလိုက်ကာ
''နောက်ပွဲကျ ဦးဦးနိုင်မှာ ''
ချီချီ မယုံပါဘူးနော်။
ယန်ချင်းချီက ကျားစေ့များကိုအစကပြန်စီလိုက်ကာ ချီချီကိုနောက်တစ်ခေါက် အရင်ရွှေ့စေပြန်သည်။ သူ ကျားစေ့အား နောက်ဆုံးတန်းကနေ ဒုတိယတန်းဆီကိုရွှေ့အပြီးမှာတော့ ချီချီအား မျက်ခုံးလေးပင့်ပြကာ ထိုသို့ပြောလာ၏။
''ဒီကိုကြည့် ''
ချီချီ ငုံ့ကြည့်လိုက်တော့ ခုန်နည်းပြောင်းသွားတာကို သတိထားမိလိုက်သည်။ သံသယဝင်စရာမလိုပဲနဲ့ကို ဒီပွဲက ယန်ချင်းချီ အနိုင်ဖြစ်သွားလေသည်။
သူ ဘာလို့ ဗျူဟာထပ်ပြောင်းလိုက်သလဲ နားမလည် သဖြင့် ချီချီက သူ့အား ကြောင်တောင်တောင်လေးကြည့်နေသည်။ ယန်ချင်းချီ ချီချီ့ခေါင်းလေးအားပွတ်လိုက်ကာ
''လာ ဦးဦးသင်ပေးမယ် ''
ကျန်းမော့ချန် လုပ်စရာရှိသည့်ကိစ္စများ ဖြေရှင်းအပြီးမှာတော့ ယန်ချင်းချီအိမ်မှာရှိသေးသည်ကို သတိရလိုက်တာကြောင့် တံခါးကိုတွန်းဖွင့်ကာ ကြည့်လိုက်စဥ် ထိုမြင်ကွင်းအား မြင်လိုက်ရခြင်းဖြစ်သည်။
နှစ်ယောက်သား စကားအများကြီးမပြောကြပေမဲ့ ကော်ဇောပေါ်ထိုင်ကာ တရုတ်ကျားကွက်ဆော့နေကြပုံက မြင်သူကို မျက်စိအေးစေသည်။ ဒီတပွဲကတော့ ချီချီနိုင်သွားပုံပေါ်သည်။ နောက်ဆုံးကျားစေ့ချအပြီး ခေါင်းလေးအနည်းငယ်စောင်းကာ ယန်ချင်းချီအား ကြည့်နေသည်မှာ ယန်ချင်းချီဆီက ချီးကျူးမှုကို လိုချင်နေသည့်ပုံလေးပင်။
ယန်ချင်းချီကလည်း အားတက်သရော ချီးကျူးပေးတာပေါ့
''wow! ချီချီကတော်လိုက်တာ သင်လိုက်တာနဲ့ချက်ချင်းလုပ်တတ်တယ် ''
ချီချီက ပျော်နေကာ
''ထပ်ရှိသေးလား ''
အပြည့်အစုံမပြောသော်ငြားလည်း ယန်ချင်းချီကနားလည်လိုက်သည်။
''ရှိသေးတယ် ဒါပေမဲ့ ဒီနေ့ နည်းလမ်းနှစ်ခုတောင်သင်ပေးပြီးပြီလေ နောက်နေ့တွေအတွက်ချန်ထားဦး ''
ချီချီက ထိုသို့ကြားတော့ ခေါင်းလေးငုံ့ကျသွားကာ မျက်လုံးဝိုင်းလေးများမှာလည်း အရောင်မှိန်သွားတော့သည်။ သူမပျော်မရွှင်ဖြစ်သွားတာကိုမြင်တော့ ယန်ချင်းချီက သူ့ပါးလေးအား လက်ညှိုးဖြင့်ထိုးလာကာ
''ထမင်းမစားခင်က ပုံဆွဲနေတာမလား
ဦးဦးပုံဆွဲသင်ပေးမယ်ဆို ဘယ်လိုလဲ ''
ချီချီက အံ့သြသွားကာ
''ဘာပုံဆွဲနည်းသင်ပေးမှာလဲ ''
''သားကဘာပုံဆွဲချင်လဲ ''
ချီချီက နှုတ်ခမ်းလေးကိုတင်းတင်းစေ့ကာ စဥ်းစားနေပုံဖြင့် ''ခွေးလေး ''
''ဟုတ်ပြီ ''
ယန်ချင်းချီထလိုက်ကာ ချီချီကိုကောက်ချီလိုက်သည်။ ချီချီကခေါင်းလှည့်လိုက်စဥ်မှာပဲ တံခါးနားတွင်ရပ်နေသည့်ကျန်းမော့ချန်အား မြင်လိုက်ရသောကြောင့် မျက်စိလေး ပေကလပ်ပေကလပ်လုပ်နေကာ ''ပါးပါး '' ဟုလှမ်းခေါ်လိုက်သည်။
ကျန်းမော့ချန်သည်လည်း အခေါ်ခံရပြီးမှတော့ အခန်းထဲမဝင်လာလို့မရတော့
''မင်းတို့ ပုံဆွဲကြမလို့လား ''
ချီချီကခေါင်းငြိမ့်ပြလေသည်။
ယန်ချင်းချီက ကျန်းမော့ချန်ကိုကြည့်လိုက်ကာ
''ခင်ဗျားရော ကျွန်တော်တို့နဲ့အတူတူ ဆွဲချင်လား ''
ယန်ချင်းချီက သူ့ကိုပါ ပုံဆွဲဖို့ဖိတ်မယ်လို့ မထင်မိ။ ထို့ကြောင့် ငြင်းဖို့ပြင်လိုက်စဥ်မှာပဲ သူ့ကို မျက်လုံးရွဲကြီးများနှင့် မျှော်လင့်တကြီးကြည့်နေသည့် ချီချီကိုမြင်လိုက်ရသည်။ သူလည်း ကလေးနှင့်အနေနီးချင်တာကြောင့် ငြင်းမည့်စကားလုံးများကိုပြန်မျိုချလိုက်ကာ
''ကောင်းပြီလေ ''
~~~~~~~~~~~~~~~~~~~~~
(T/N: ချီချီ [ 棋棋 (qíqí) ] က ချီနဲ့ တရုတ်ကျားကွက်[ 跳棋 (tiàoqí) ] က ချီနဲ့အတူတူပါပဲ
ချီချင်းတူနေလို့ တရုတ်ကျားကွက်မှာ တော်နေတာလားလို့ မေးလိုက်တာပါ။)
niniမှာပြောစရာရှိတယ် :
ချင်းချီက အရမ်းတော်တယ် ကလေးကို တခါပဲတွေ့ရသေးတယ် ရင်းနှီးအောင်လုပ်လိုက်ပြီ
ကလေးလေးကလေ စိတ်ရှုပ်နေရင် ပါးလေးကိုပိန်လိုက်ဖောင်းလိုက်လုပ်နေတတ်တာ သိပ်ချစ်ဖို့ကောင်းတာပဲ 😍😍
Zawgyi
တ႐ုတ္က်ားကြက္
__________________________________
ယန္ခ်င္းခ်ီျပန္ၾကည့္လိုက္ေတာ့ ခ်ီခ်ီ၏စူးစမ္းလိုေသာအၾကည့္မ်ားႏွင့္ဆုံသည္။ သူ ခ်ီခ်ီ႕အား မ်က္စိမွိတ္ျပလိုက္ကာ ျပဳံးရင္း က်ားေစ့ေလးေတြကို ငုံ႔ၾကည့္လိုက္သည္။ ခ်ီခ်ီလည္းပဲ ေခါင္းျပန္ငုံ႔လိုက္ေလသည္။
ထို႔ေနာက္ က်ားေစ့ေလးအား ယန္ခ်င္းခ်ီ ေအာက္ဆုံးအဆင့္ကေန တစ္ေစ့ေက်ာ္ ခုန္ကူးလိုက္သည္။ ထိုနည္းက ခ်ီခ်ီ ေနာက္ဆုံးႏွစ္တန္းတြင္ ခုန္ေက်ာ္ကူးေသာ နည္းႏွင့္အတူတူပင္ျဖစ္သည္။ ခ်ီခ်ီၾကည့္ေနရင္း ထိုလူႀကီးက ႐ုတ္တရက္ က်ားေစ့ကိုေဘးေ႐ႊ႕လိုက္ေတာ့ ေနာက္ဆုံးတန္းကေန တတိယတန္းဆီသို႔ ခုန္ကူးဖို႔ေနရာေလးလြတ္သြား သည္ကိုျမင္လိုက္သည္။ ယန္ခ်င္းခ်ီ တဆင့္ခ်င္း ေ႐ႊ႕လိုက္ ခုန္ေက်ာ္လိုက္လုပ္ေနတာကိုၾကည့္ရင္း တျခားတဖက္၏ ေနာက္ဆုံးတန္းအား လ်င္ျမင္စြာ ေရာက္သြားသည္ကို ျမင္လိုက္ရသည္။
ခ်ီခ်ီ ယန္ခ်င္းခ်ီအား အံ့အားသင့္စြာေမာ့ၾကည့္လိုက္သည္။ ယန္ခ်င္းခ်ီက ေႏြးေထြးစြာ ျပန္ျပဳံးျပကာ ဆက္ေ႐ႊ႕ေနေလသည္။
သိပ္မၾကာခင္မွာပဲ အေရာင္မတူတဲ့က်ားေစ့မ်ားဟာ ဆန္႔က်င္ဘက္ေနရာဆီ အျပန္အလွန္ေရာက္သြားၿပီး ႀတိဂံအသစ္ေလးႏွစ္ခု ျဖစ္သြားေလသည္။
ေနာက္ဆုံးက်ားေစ့ကိုခ်အၿပီးမွာေတာ့ ယန္ခ်င္းခ်ီတစ္ေယာက္ေပါ့ပါးစြာပဲ ေၾကျငာလိုက္သည္။
''ဦးဦးႏိုင္ၿပီ ''
ခ်ီခ်ီသူ႕အား မ်က္ေတာင္မခတ္တမ္း ေငးၾကည့္ေနသည္။ ရာစုႏွစ္တစ္ခုေလာက္ၾကာေအာင္ ၾကည့္အၿပီးမွာေတာ့* သူ၏ယပ္ေတာင္သ႑ာန္ မ်က္ေတာင္႐ွည္မ်ား ဝန္းရံထားသည့္ မ်က္လႊာကို ခ်လိုက္ကာ ယန္ခ်င္းခ်ီဖန္တီးထားသည့္ ပုံစံအသစ္အား ေလ့လာေနလိုက္သည္။ ထို႔ေနာက္ အားလုံးျပန္စီကာ ေျဖးေျဖးခ်င္းစီ ေနရာျပန္ခ်ေလသည္။
(T/N : တင္စားတာပါ)
ခ်ီခ်ီ ခုန္ကူးသည့္ နည္းလမ္းသည္ သူ႕နည္းလမ္းအတိုင္းတုပထားသည္ကို ယန္ခ်င္းခ်ီသတိထားမိလိုက္သည္။ ထိုေကာင္ေလးမွာ ေကာင္းမြန္တဲ့ဉာဏ္ရည္႐ွိကာ အမွားေတြကိုခ်က္ခ်င္းျပင္ပစ္ႏိုင္စြမ္း႐ွိသည္။ ေနာက္ဆုံးတန္းကေန တတိယတန္းကို က်ားေစ့အားလုံးေရာက္သြားတဲ့အခါမွာေတာ့ ခ်ီခ်ီတစ္ေယာက္ သူ႕ကိုယ္သူ အေတာ္ေလးကို ဂုဏ္ယူေနဟန္ျဖင့္ ယန္ခ်င္းခ်ီအား တိတ္တိတ္ေလးခိုးၾကည့္ေလသည္။ ယန္ခ်င္းခ်ီကလည္း လက္ခုပ္တီးကာ အားေပးသည္။ ''ေတာ္လိုက္တာ ''
ကေလးေလးက ႏႈတ္ခမ္းေလးကို ဖြဖြေလးကိုက္ကာ ဆက္ေ႐ႊ႕ေနသည္။ ဒါေပမဲ့ ခ်ီခ်ီ အၾကာႀကီးဂုဏ္မယူလိုက္ရ။ သူအလယ္ေရာက္ေအာင္ ခုန္ကူးၿပီးတဲ့ေနာက္မွာေတာ့ ဆက္ခုန္လို႔မရေတာ့ဘူးဆိုတာကို သိသြားေသာေၾကာင့္ပင္။
ခ်ီခ်ီ ႏႈတ္ခမ္းေလးကို သတိမထားမိပဲ အားထည့္ကိုက္ေနသည္မွာ ႏႈတ္ခမ္းေလးက ျဖဴေဖ်ာ့လာသည္အထိပင္။ ယန္ခ်င္းခ်ီက စိတ္ပူသြားသျဖင့္ ႏႈတ္ခမ္းကိုဆက္မကိုက္ဖို႔ေျပာမဲ့အခ်ိန္မွာပဲ ကေလးက သူ႕ဘာသာသူလႊတ္လိုက္ကာ ပါးေလးကိုေဖာင္းလိုက္ပိန္လိုက္ဆက္လုပ္ေနျပန္သည္။ ဆက္သြားလို႔မရေတာ့တာေၾကာင့္ သူကစိတ္မၾကည္မလင္ဟန္ျဖင့္ က်ားေစ့ေလးမ်ားကိုသူ႕ေနရာသူျပန္စီကာ ၿငိမ္ၿငိမ္ေလးျပန္ထိုင္ေနလိုက္သည္။ ထို႔ေနာက္ ဘာမွမေျပာပဲ မ်က္လုံး႐ြဲႀကီးမ်ားႏွင့္ ယန္ခ်င္းခ်ီအား ဆက္ၾကည့္ေနေလသည္။
ယန္ခ်င္းခ်ီမွာ ေအာ္ရယ္မိမလိုေတာင္ျဖစ္သြားရသည္။ သူ ေကာင္ေလးအတြက္ ေခါင္းကိုငုံ႔ကာ ေနာက္တစ္ေခါက္ ႀတိဂံပုံေလးျဖစ္သြားေအာင္ျပန္ေဆာ့ျပလိုက္သည္။
ခ်ီခ်ီကလည္း ေဘးနားကေနတိတ္တိတ္ေလးမွတ္ေနသည္။ ယန္ခ်င္းခ်ီအားလုံးေ႐ႊ႕ၿပီးတဲ့ေနာက္မွာေတာ့ ကေလးကသူ႕ေနရာသူ က်ားေစ့ေလးမ်ားကိုျပန္စီကာ ယန္ခ်င္းခ်ီျပသည့္ ခုန္နည္းအတိုင္း ခုန္ၾကည့္ေနသည္။ သို႔ေသာ္ျငား အဆင့္ျမင့္ေျဖ႐ွင္းနည္းကို ဘယ္ေလာက္ပဲ တဆင့္ခ်င္း ေ႐ႊ႕ျပပါေစ ကေလးက ကေလးပဲမဟုတ္ပါလား။ ခဏအၾကာ ေနာက္တကြက္ကို ဘယ္လိုထပ္ေ႐ႊ႕ရမလဲ ေမ့သြားျပန္ေလသည္။ ကေလးေလးက သူေမ့သြားတဲ့အခ်ိန္ ဒါမွမဟုတ္ အကြက္မွားေ႐ႊ႕မိတဲ့အခ်ိန္တိုင္း က်ားေစ့အားလုံးကို အစကျပန္စီကာ ယန္ခ်င္းခ်ီအား ေနာက္တစ္ေခါက္ ျပန္လုပ္ျပဖို႔ မ်က္လုံးဝိုင္းႀကီးမ်ားႏွင့္ ၾကည့္ေနမည္ျဖစ္သည္။
ခ်ီခ်ီ၏ ထပ္တလဲလဲ ေ႐ႊ႕ၾကည့္ေနသည့္ ပုံစံေလးကိုၾကည့္ကာ ခ်ီခ်ီအေပၚ ေနာက္ထပ္အျမင္သစ္ တစ္မ်ိဳးႏွင့္ျမင္လာရသည္။ သူ႕ေ႐ွ႕က ကေလးေလးသည္ သူထင္ထားသည္ထက္ ပိုဉာဏ္ေကာင္းေနသည္။ အစကထင္ထားတာက ကေလးက လိမၼာပါးနပ္တယ္ေပါ့ သို႔ေသာ္ အဲ့ထက္ပိုႏိုင္သည္။ ကေလးက သာမန္ကေလးေတြထက္ အက်ိဳးသင့္အေၾကာင္းသင့္ ေတြးေခၚႏိုင္ကာ ကိုယ့္စည္းကမ္းေလးနဲ႔ကိုယ္ေနတတ္သည္။ ဒီအ႐ြယ္ေလးႏွင့္ပင္ သူက သည္းခံစိတ္ျမင့္မားကာ စိတ္ကိုထိန္းခ်ဳပ္ႏိုင္သည္။ အေလာတႀကီးမ႐ွိပဲ တည္ၿငိမ္သည္။ ခ်ီခ်ီ၏ ျပႆနာကို မရမခ်င္းထပ္ခါတလဲလဲ ေျဖ႐ွင္းေနပုံေလးက သူငယ္ငယ္တုန္းကထက္ေတာင္ ပို၍ စိတ္႐ွည္ေနေသးသည္။
ခ်ီခ်ီ ငါးႀကိမ္ေျမာက္ ႀကိဳးစားအၿပီးမွာေတာ့ ေအာင္ျမင္သြားၿပီျဖစ္သည္။ သူသည္ ဘုတ္ျပားေပၚ႐ွိ ဆန္႔က်င္ဘက္ေနရာတြင္ အသီးသီးေနရာယူထားေသာ အေရာင္မတူသည့္ ႀတိဂံႏွစ္ခုကိုၾကည့္ကာ ယန္ခ်င္းခ်ီအား ဂုဏ္ယူေနသည့္ အၾကည့္ေလးေပးလိုက္သည္။
ယန္ခ်င္းခ်ီကလည္း တြန္႔တိုမေနပဲ သူ႕ကို လိႈက္လိႈက္လွဲလွဲခ်ီးက်ဴးလာခဲ့သည္။
''သားက အရမ္းေတာ္တာပဲ ''
ခ်ီခ်ီက ခ်ီးက်ဴးခံရမႈေၾကာင့္ ႐ွက္သြားဟန္ျဖင့္ တိတ္တိတ္ကေလးျပဳံးျပလာသည္။
ယန္ခ်င္းခ်ီမွာ ခ်ီခ်ီ႕ကို အသဲယားလြန္းသျဖင့္ လက္ေပၚေမးေထာက္ကာ ေႏြးေထြးစြာ ၾကည့္ရင္းေျပာလိုက္သည္။
''တ႐ုတ္က်ားကြက္ကို ေကာင္းေကာင္းေဆာ့တတ္လို႔ သားကို ခ်ီခ်ီလို႔ေခၚတာလား* ''
ခ်ီခ်ီက ေခါင္းကိုခါျပသည္။
''ဒါဆိုဘာလို႔ ခ်ီခ်ီလို႔ေခၚတာလဲ ''
ခ်ီခ်ီက ခဏမွ်စဥ္းစားေနလိုက္ကာ
''ခ်ီခ်ီလို႔ေခၚလို႔ ခ်ီခ်ီျဖစ္လာတာေလ ''
သူ႕စကားကို မယုံေလာက္ဘူးထင္၍ တည္ၾကည္စြာျဖင့္ေနာက္တစ္ေခါက္ထပ္ေျပာလာသည္။
''သားက ခ်ီခ်ီမို႔ ခ်ီခ်ီလို႔ေခၚတာေပါ့''
ယန္ခ်င္းခ်ီမွာ ထိုကဲ့သို႔ ကေလးဆန္စြာ ျပန္ေျဖမႈေလးအား မၾကားရသည္မွာ အေတာ္ၾကာၿပီျဖစ္သည္။ ထိုစကားအား ခ်ီခ်ီ၏ ႏူးညံ့ေပ်ာ့ေပ်ာင္းေသာ ကေလးသံေလးႏွင့္ ေပါင္းစပ္လိုက္သည့္အခါ အရမ္းကို ခ်စ္စရာေကာင္းေနခဲ့သည္။ သူကသံေယာင္လိုက္ကာ
''အိုး ဒါေၾကာင့္ကို ''
ခ်ီခ်ီက သူ႐ွင္းျပသည္ကို တဖက္လူက လက္ခံသြားသည္အားျမင္ေသာအခါ ေခါင္းၿငိမ့္ျပလာသည္။
''ဒါဆို ယန္ဦးဦးက ခ်ီခ်ီနဲ႔ တ႐ုတ္က်ားကြက္ အတူတူေဆာ့လို႔ရမလား ''
သူေမးလိုက္သည္။
ခ်ီခ်ီ က ခဏမွ်စဥ္းစားေနကာ ေခါင္းၿငိမ့္ျပလာသည္။
''ယန္ဦးဦးက အနီေရာင္ယူမယ္ ခ်ီခ်ီက အစိမ္းေရာင္ယူ တဖက္လူအေရာင္ထဲ က်ားေစ့ အရင္ခ်ႏိုင္တဲ့လူက ႏိုင္မယ္ ဟုတ္ၿပီလား ''
ခ်ီခ်ီက ေခါင္းထပ္ၿငိမ့္ျပသည္။
''သားအရင္ေ႐ႊ႕ ''
ခ်ီခ်ီက ခုနက သင္လိုက္သည့္ ခုန္နည္းဗ်ဴဟာအတိုင္း စေ႐ႊ႕လာသည္။ သူသင္ေပးတဲ့နည္းအတိုင္း ေ႐ႊ႕ေနတာကို ယန္ခ်င္းခ်ီျမင္ရတဲ့အခါမွာေတာ့ ရယ္ခ်င္စိတ္ကိုထိန္းလို႔မရခဲ့ သို႔ေသာ္ျငား သူ ရေအာင္ခ်ဳပ္ထိန္းလိုက္ကာ ခ်ီခ်ီ႕အတိုင္း အလိုက္သင့္ေလးလိုက္ေ႐ႊ႕ေပးေနၿပီး သူ႕နယ္ေျမဆီ ခ်ီခ်ီက်ားေစ့ေလးက်ဴးေက်ာ္လာတာကိုလည္း အျပဳံးေလးျဖင့္ ၾကည့္ေနလိုက္ေလသည္။
ခ်ီခ်ီမွာကစားေဖာ္မ႐ွိပါ။ အၾကာႀကီးေနမွ ပထမဆုံးအႀကိမ္ သူႏွင့္ကစားေပးသည့္ လူတစ္ေယာက္ေပၚလာသည့္အျပင္ အႏိုင္ပါရသြားေသာအခါ အရမ္းကိုေပ်ာ္သြားေလသည္။ စိတ္လႈပ္႐ွားေနသည့္ အသံေလးကို မဖုံးကာႏိုင္ေတာ့ပဲ
''သားႏိုင္ၿပီ! ''
''ဟုတ္တယ္ သားႏိုင္ၿပီ အရမ္းေတာ္တာပဲ ''
ခ်ီခ်ီကေပ်ာ္လြန္းသျဖင့္ မ်က္ဝန္းေလးမ်ားမွာ လျခမ္းေကြးေလးမ်ား ျဖစ္သြားသည္အထိျပဳံးေနကာ ေရာင္ျခည္တန္းမ်ားပင္ ျဖာထြက္ေတာ့မလိုလို။
ယန္ခ်င္းခ်ီ ခ်ီခ်ီ၏ ပါးေဖာင္းေဖာင္းေလးကို လက္ညိႇဳးျဖင့္ ခပ္ဖြဖြထိုးလိုက္ကာ
''ေနာက္ပြဲက် ဦးဦးႏိုင္မွာ ''
ခ်ီခ်ီ မယုံပါဘူးေနာ္။
ယန္ခ်င္းခ်ီက က်ားေစ့မ်ားကိုအစကျပန္စီလိုက္ကာ ခ်ီခ်ီကိုေနာက္တစ္ေခါက္ အရင္ေ႐ႊ႕ေစျပန္သည္။ သူ က်ားေစ့အား ေနာက္ဆုံးတန္းကေန ဒုတိယတန္းဆီကိုေ႐ႊ႕အၿပီးမွာေတာ့ ခ်ီခ်ီအား မ်က္ခုံးေလးပင့္ျပကာ ထိုသို႔ေျပာလာ၏။
''ဒီကိုၾကည့္ ''
ခ်ီခ်ီ ငုံ႔ၾကည့္လိုက္ေတာ့ ခုန္နည္းေျပာင္းသြားတာကို သတိထားမိလိုက္သည္။ သံသယဝင္စရာမလိုပဲနဲ႔ကို ဒီပြဲက ယန္ခ်င္းခ်ီ အႏိုင္ျဖစ္သြားေလသည္။
သူ ဘာလို႔ ဗ်ဴဟာထပ္ေျပာင္းလိုက္သလဲ နားမလည္ သျဖင့္ ခ်ီခ်ီက သူ႕အား ေၾကာင္ေတာင္ေတာင္ေလးၾကည့္ေနသည္။ ယန္ခ်င္းခ်ီ ခ်ီခ်ီ႕ေခါင္းေလးအားပြတ္လိုက္ကာ
''လာ ဦးဦးသင္ေပးမယ္ ''
က်န္းေမာ့ခ်န္ လုပ္စရာ႐ွိသည့္ကိစၥမ်ား ေျဖ႐ွင္းအၿပီးမွာေတာ့ ယန္ခ်င္းခ်ီအိမ္မွာ႐ွိေသးသည္ကို သတိရလိုက္တာေၾကာင့္ တံခါးကိုတြန္းဖြင့္ကာ ၾကည့္လိုက္စဥ္ ထိုျမင္ကြင္းအား ျမင္လိုက္ရျခင္းျဖစ္သည္။
ႏွစ္ေယာက္သား စကားအမ်ားႀကီးမေျပာၾကေပမဲ့ ေကာ္ေဇာေပၚထိုင္ကာ တ႐ုတ္က်ားကြက္ေဆာ့ေနၾကပုံက ျမင္သူကို မ်က္စိေအးေစသည္။ ဒီတပြဲကေတာ့ ခ်ီခ်ီႏိုင္သြားပုံေပၚသည္။ ေနာက္ဆုံးက်ားေစ့ခ်အၿပီး ေခါင္းေလးအနည္းငယ္ေစာင္းကာ ယန္ခ်င္းခ်ီအား ၾကည့္ေနသည္မွာ ယန္ခ်င္းခ်ီဆီက ခ်ီးက်ဴးမႈကို လိုခ်င္ေနသည့္ပုံေလးပင္။
ယန္ခ်င္းခ်ီကလည္း အားတက္သေရာ ခ်ီးက်ဴးေပးတာေပါ့
''wow! ခ်ီခ်ီကေတာ္လိုက္တာ သင္လိုက္တာနဲ႔ခ်က္ခ်င္းလုပ္တတ္တယ္ ''
ခ်ီခ်ီက ေပ်ာ္ေနကာ
''ထပ္႐ွိေသးလား ''
အျပည့္အစုံမေျပာေသာ္ျငားလည္း ယန္ခ်င္းခ်ီကနားလည္လိုက္သည္။
''႐ွိေသးတယ္ ဒါေပမဲ့ ဒီေန႔ နည္းလမ္းႏွစ္ခုေတာင္သင္ေပးၿပီးၿပီေလ ေနာက္ေန႔ေတြအတြက္ခ်န္ထားဦး ''
ခ်ီခ်ီက ထိုသို႔ၾကားေတာ့ ေခါင္းေလးငုံ႔က်သြားကာ မ်က္လုံးဝိုင္းေလးမ်ားမွာလည္း အေရာင္မွိန္သြားေတာ့သည္။ သူမေပ်ာ္မ႐ႊင္ျဖစ္သြားတာကိုျမင္ေတာ့ ယန္ခ်င္းခ်ီက သူ႕ပါးေလးအား လက္ညိႇဳးျဖင့္ထိုးလာကာ
''ထမင္းမစားခင္က ပုံဆြဲေနတာမလား
ဦးဦးပုံဆြဲသင္ေပးမယ္ဆို ဘယ္လိုလဲ ''
ခ်ီခ်ီက အံ့ၾသသြားကာ
''ဘာပုံဆြဲနည္းသင္ေပးမွာလဲ ''
''သားကဘာပုံဆြဲခ်င္လဲ ''
ခ်ီခ်ီက ႏႈတ္ခမ္းေလးကိုတင္းတင္းေစ့ကာ စဥ္းစားေနပုံျဖင့္ ''ေခြးေလး ''
''ဟုတ္ၿပီ ''
ယန္ခ်င္းခ်ီထလိုက္ကာ ခ်ီခ်ီကိုေကာက္ခ်ီလိုက္သည္။ ခ်ီခ်ီကေခါင္းလွည့္လိုက္စဥ္မွာပဲ တံခါးနားတြင္ရပ္ေနသည့္က်န္းေမာ့ခ်န္အား ျမင္လိုက္ရေသာေၾကာင့္ မ်က္စိေလး ေပကလပ္ေပကလပ္လုပ္ေနကာ ''ပါးပါး '' ဟုလွမ္းေခၚလိုက္သည္။
က်န္းေမာ့ခ်န္သည္လည္း အေခၚခံရၿပီးမွေတာ့ အခန္းထဲမဝင္လာလို႔မရေတာ့
''မင္းတို႔ ပုံဆြဲၾကမလို႔လား ''
ခ်ီခ်ီကေခါင္းၿငိမ့္ျပေလသည္။
ယန္ခ်င္းခ်ီက က်န္းေမာ့ခ်န္ကိုၾကည့္လိုက္ကာ
''ခင္ဗ်ားေရာ ကြၽန္ေတာ္တို႔နဲ႔အတူတူ ဆြဲခ်င္လား ''
ယန္ခ်င္းခ်ီက သူ႕ကိုပါ ပုံဆြဲဖို႔ဖိတ္မယ္လို႔ မထင္မိ။ ထို႔ေၾကာင့္ ျငင္းဖို႔ျပင္လိုက္စဥ္မွာပဲ သူ႕ကို မ်က္လုံး႐ြဲႀကီးမ်ားႏွင့္ ေမွ်ာ္လင့္တႀကီးၾကည့္ေနသည့္ ခ်ီခ်ီကိုျမင္လိုက္ရသည္။ သူလည္း ကေလးႏွင့္အေနနီးခ်င္တာေၾကာင့္ ျငင္းမည့္စကားလုံးမ်ားကိုျပန္မ်ိဳခ်လိုက္ကာ
''ေကာင္းၿပီေလ ''
~~~~~~~~~~~~~~~~~~~~~
(T/N: ခ်ီခ်ီ [ 棋棋 (qíqí) ] ရဲ႕ ခ်ီနဲ႔ တ႐ုတ္က်ားကြက္[ 跳棋 (tiàoqí) ] က ခ်ီနဲ႔အတူတူပါပဲ
ခ်ီခ်င္းတူေနလို႔ တ႐ုတ္က်ားကြက္မွာ ေတာ္ေနတာလားလို႔ ေမးလိုက္တာပါ။)
niniမွာေျပာစရာ႐ွိတယ္ :
ခ်င္းခ်ီက အရမ္းေတာ္တယ္ ကေလးကို တခါပဲေတြ႕ရေသးတယ္ ရင္းႏွီးေအာင္လုပ္လိုက္ၿပီ
ကေလးေလးကေလ စိတ္႐ႈပ္ေနရင္ ပါးေလးကိုပိန္လိုက္ေဖာင္းလိုက္လုပ္ေနတတ္တာ သိပ္ခ်စ္ဖို႔ေကာင္းတာပဲ 😍😍