To be a Heartthrob in a Horro...

By Kuro_Fuyu

423K 86.7K 4.7K

Original Author - Jiang Zhi Yu(姜之鱼) English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြ... More

Prologue
[Arc 1] Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
[Arc 1 END] Chapter 15
Chapter 16
Chapter 17
[Arc 2] Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
[Arc 2 END] Chapter 39
[Arc 3] Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
[Arc 3 END] Chapter 58
[Arc 4] Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
[Arc 4 END] Chapter 80
[Arc 5] Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
[Arc 5 END] Chapter 108
[Arc 6] Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114 [ဟောလိုးဝင်းအထူးသီးသန့်]
Chapter 115[ဟောလိုးဝင်းအထူးသီးသန့် End]
Chapter 116
Chapter 117
Chapter 118
Chapter 119

Chapter 48

3.5K 780 9
By Kuro_Fuyu


Arc 3: မရဏဖျော်ဖြေပွဲ
Chapter 48: Trouble

ဟိုးအစတည်းက လီချီယွီအခန်းထဲကမထွက်ရသေးဘူး။ သူတံခါးဖွင့်လိုက်သည့်အခိုက် တံခါးနားမှာပဲရပ်လျက် ကျန်ရှိနေဆဲပင်။

ဘာကြောင့်မှန်းမသိပေမဲ့ သူအပြင်ထွက်လိုက်တာနဲ့ မကောင်းတာတစ်ခုခုဖြစ်လိမ့်မယ်ဟု ခံစားမိသည်။

လီချီယွီဆက်လျက်.."မင်းတံခါးကို တစ်ယောက်ယောက်လာခေါက်လို့လား?"

စုမင်ခေါင်းငြိမ့်၍ .."မင်းအသံလိုလုပ်ထားလို့ မင်းကိုgroup chatထဲမှာမေးကြည့်တာ ... အဲ့အချိန်က မင်းအခန်းထဲမှာပဲရှိနေခဲ့တယ်"

ဒါကိုကြားတော့ လီချီယွီဆံပင်မွှေး‌များထောင်သွားရသည်။

တစ်ခုခုက သူ့ယောင်ဆောင်ခဲ့ပြီး နောက် လဲ့လင်းယောင်ဆောင်ကာ သူ့တံခါးလာခေါက်ခဲ့တယ်။ မျက်နှာဖုံးတပ်ထားတဲ့ ကြောက်မက်ဖွယ်ကောင်းသော သရဲတစ္ဆေတစ်ကောင် ဖြစ်နိုင်လောက်တယ်။

လီချီယွီထိတ်လန့်စွာ .."ကြောက်ဖို့ကောင်းလိုက်တာ"

စုမင်.."တကယ်လန့်စရာကောင်းတယ်"

အဲ့အမည်မသိအရာကြီးက ငါးကန်ထဲက ရုပ်အလောင်းနဲ့ ပန်းအိုးထဲကရုပ်အလောင်းထပ်ပို၍ ကြောက်စရာကောင်းသည်။ သူတို့ရည်ရွယ်ချက်က ဘာမှန်းတောင် သူတို့မသိပေ။

အပြင်ဘက်က ဆူညံသံကို ကျောင်းထောင်ကျီးကြားတော့ တံခါးဖွင့်လိုက်ပြီး .."နင်တို့ဘာလုပ်နေကြတာလဲ?"

ဘာဖြစ်ခဲ့သလဲဆိုတာကို တဖန်ထပ်ပြောပြလိုက်သည်။ သူမကြားသည့်အချိန် မျက်နှာအမူအယာပြောင်းလဲသွားပြီး .."………နင်တို့ အယောင်ဆောင်အတုတွေတော့မဟုတ်ဘူးမလား?"

သူမရှေ့က သုံးယောက်စလုံးအတုအယောင်တွေရင် သူမကြောက်လန့်ပြီး မေ့လဲသွားနိုင်သည်။

စုမင်ကူရာမဲ့စွာ .."သေချာတာပေါ့ ... အတုဘယ်ဟုတ်မလဲ"

ကျောင်းထောင်ကျီးတုန်ယင်လျက် .."ဒါဆို လီချီယွီတံခါးဖွင့်တဲ့အချိန် ဘာမှမမြင်တာက အဲ့ဒါအခန်းထဲ‌ဝင်ပြေးသွားလို့များလား?"

မဖြစ်နိုင်တာမဟုတ်။

သူမစကားကြားတော့ လီချီယွီတုန်လှုပ်သွားပြီး သူ့အခန်းထဲလှည့်ကြည့်လိုက်သည်။ မီးတွေပွင့်ထားပြီး အရင်အတိုင်း‌ပင်..။

စုမင်ခန့်မှန်းမိ၏ .."မင်းအပြင်ထွက်ရင်တော့ တစ်ခုခုမကောင်းတာဖြစ်လာနိုင်တယ်"

နတ်ဆိုးအတွက် တံခါးကိုဖွင့်လိုက်လျှင် သင့်အား တိုက်ရိုက်သတ်နိုင်သလို ဒါမှမဟုတ် ခေါ်ဆောင်သွားလိမ့်မည်ဟူသော ဒဏ္ဍာရီတစ်ခုရှိခဲ့ဖူးသည်။

တံခါးဖွင့်ဖို့ လှည့်စားမယ့်အရာက တံခါးဖွင့်လိုက်တာနဲ့ သူတို့ခန္ဓာကိုယ်ကိုတောင် သိမ်းပိုက်သွားနိုင်တယ်။

"အပြင်မထွက်မိတာ ငါကံကောင်းလို့" လီချီယွီတစ်ယောက် သူတော်တော်ကံကောင်းတယ်လို့ ခံစားမိသည်။ .."လဲ့လင်း မင်းဒီကိုမလာသင့်ဘူး"

လဲ့လင်းအမူအယာကင်းမဲ့စွာဖြင့် .."ဘာမှမဖြစ်ဘူး"

စုမင်သည် ဤထိတ်လန့်ရုပ်ရှင်တွင် လဲ့လင်း၏ဇာတ်ကောင်ပင်ကိုစရိုက်ကို သိချင်သော်လည်း ဖော်ထုတ်ရန် အခွင့်မသာသေးပေ။ အဆုံးမှာဖော်ထုတ်ပြသပြီး ဇာတ်သိမ်းခန်းတွင် ပါဝင်နိုင်ခြေရှိသည်။

သူတို့ပြောသမျှဟာ မှန်းဆချက်မျှသာဖြစ်ပြီး အမှန်တရားကို လက်လှမ်းမမီနိုင်ဘူး။ နောက်ဆုံး၌ သူတို့ ကောက်ချက်တစ်ခုသာချလိုက်ကြသည်။ —— - အပြင်မထွက်နဲ့...

ကျောင်းထောင်ကျီးတုံ့ဆိုင်းလျက် .."မိုးမချုပ်သေးဘူးဆိုတော့ အမြန်တစ်ခုခုသွားစားကြရအောင်"

စုမင်က .."အတူတူသွားကြစို့ ... ဒီနေရာကနည်းနည်းမလုံခြုံဘူးဆိုတော့ ငါတို့လေးယောက်လုံးအတူတူသွားကြတာအကောင်းဆုံးပဲ"

သူတို့ပထမထပ်ကိုရောက်စဉ် ကျယ်လောင်သောရုတ်ရုတ်သဲသဲအသံတွေ ကြားလိုက်ရတယ်။

ကော်ရစ်ဒါမှအထွက် လူတစ်စုက ဟိုတယ်ကို ဒေါသနဲ့ဝေဖန်ပြီး ဝန်ထမ်းတွေနဲ့ ပွဲစီစဉ်သူတွေကို ကျိန်ဆဲနေတာကို တွေ့လိုက်ရတယ်။

အစက လူနည်းစုသာဆိုပေမဲ့ နောက်ပိုင်းလူအုပ်စုတွေ ပါဝင်လာကြသည်။

သူတို့ပြောဆိုနေတာကို စုမင်နားထောင်ကြည့်တော့ သူတို့ရဲ့ဒေါသထွက်ရသည့်အကြောင်းရင်းက သူတို့နဲ့အတူလိုက်ပါလာသောအဖော်တွေ ပျောက်ဆုံးသွားပြီး ဟိုတယ်မှာရှာမတွေ့လို့ဖြစ်သည်။

သူတွေးထင်နေတာနဲ့ နည်းနည်းကွာခြားသည်။ ဒီလောက်လူအများကြီးပျောက်သွားလိမ့်မယ်လို့ သူမမျှော်မှန်းခဲ့ပေ။ ဘာဖြစ်ဖြစ် လူသေအလောင်းနှစ်လောင်းသာရှိသည်။

ရှေ့ ကောင်တာမှ အမျိုးသမီးသည် လူအုပ်စုကြီးကို ခံစားချက်မဲ့စွာစိုက်ကြည့်နေသည်။

လဲ့လင်းက .."ဒီလိုသာဆို အဖြေရနိုင်မှာမဟုတ်ဘူး"

သူမစကားပြောပြီးသည်နှင့် ဖြူဖျော့ဖျော့မျက်နှာနှင့် ယောက်ျားတစ်ယောက်ရုတ်တရက်ဝင်လာသည်။ သူ့အမူအယာက ရှေ့ကောင်တာမှအမျိုးသမီးနှင့် တစ်ထပ်တည်းပင်။

ထိုအခိုက်တန့် ဟောခန်းမှလူတွေ ကျိန်ဆဲငြင်းခုံနေတာ ရပ်တန့်သွားသည်။

လူတိုင်းလိုလို ဖြူဖျော့ဖျော့မျက်နှာနဲ့လူကို ငေးစိုက်ကြည့်နေကြသည်။ ဒီကို သူဘာလာလုပ်လဲ သူတို့မသိကြပေ။

ဖြူဖျော့ဖျော့မျက်နှာလူက မလှုပ်ရှား၍ နောက်ဆုံးတော့ သူတို့ ငြင်းခုံကြပြန်တယ်။

"ငါဒီကို ငါ့မိန်းမနဲ့ရှိုးပွဲကြည့်ဖို့လာတာ အခုငါ့မိန်းမပျောက်နေတယ် ... ဟိုတယ်ဆီက ရှင်းပြချက်ရနိုင်မလား?"

“ငါထွက်သွားပြီးရင် ကျိန်းသေပေါက် တိုင်ကြားမယ် ... ဒီအမှိုက်ဟိုတယ်က ဘာလဲ? အပြင်တောင်ထွက်လို့မရဘူး!"

"တာဝန်ရှိသူဘယ်မှာလဲ? အဲ့လူသေပြီလား? ဘာလို့မထွက်လာသေးတာလဲ? ဒီဟိုတယ်က ရဲတောင်ဖုန်းခေါ်လို့မရဘူး ... ငါတို့ကိုသတ်နေတာလား?"

“………………”

ငြင်းခုံမှုတွေ ပိုပိုကျယ်လာပြီး ဖြူဖျော့ဖျော့မျက်နှာနဲ့လူရွေ့လျားကာ အုပ်စုထဲမှ အကျယ်ဆုံးလူကိုလှမ်းဆွဲပြီး ဟိုတယ်အပြင်ဘက်ကို တရွတ်တိုက်ဆွဲသွားသည်။

လူစုလူဝေးသည် ထိုလူနှစ်ယောက်အတူတူထွက်သွားတာ မြင်လိုက်ရသော်လည်း ဆွဲခေါ်သွားခံရသူလုံးဝပြန်မပေါ်‌လာတော့ပေ။ မသိရင် ထိုလူပျောက်ကွယ်သွားသည့်အလား ...

ထိုဖြစ်ရပ်ကိုမြင်ပြီး ကျောင်းထောင်ကျီးထိတ်လန့်သွားသည်။

ဤအမှုဖြစ်ပြီးနောက် တဖြည်းဖြည်းလူစုလူဝေးသည် အသီးသီးကွဲသွားကာ အပေါ်ထပ်သို့ပြန်တက်သွားကြသည်။ သူတို့အောက်ထပ်‌မှာ ဆက်နေဖို့ဆန္ဒမရှိကြတော့ဘူး။

ပျောက်ဆုံးသွားသောလူအတွက်တော့ သူတို့ဂရုမစိုက်ကြပေ။

သူတို့လေးယောက်က ‌ကော်ရစ်ဒါရဲ့အဆုံးမှာရပ်နေပြီး ခန်းမထဲက လူတွေနဲ့ အလှမ်းဝေးနေတော့ ဘေးကင်းတယ်။

သူတွေးမိတယ် .."ဟိုတယ်ကနေ မောင်းထုတ်ခံလိုက်ရတာပဲဖြစ်မယ် ... အဲ့မြူတွေ သူ့ကိုဝါးမြိုသွားလောက်ပြီ"

ပရိသတ်ကလွဲလို့ ကျန်ခဲ့သူများမှာ ဝန်ထမ်းနဲ့ ရှေ့ကောင်တာပင် ... သူတို့တစ်ယောက်ချင်းစီတိုင်းသည် ဖြူလျော်သောလူ‌သေအလောင်းများနှင့်ဆင်တူသည်။

စစချင်းတုန်းက စုမင်မသက်မသာဖြစ်ခဲ့သော်လည်း သူနေသားကျလေပြီ။

သူတို့ကို ၎င်းတို့ကဘာမှမလုပ်ရ‌သေးဘူးဆိုတော့ သူတို့(စုမင်တို့)အလွန်ကံကောင်းသည်။ ဝန်ထမ်းတွေကို ကျိန်ဆဲတဲ့သူတွေဟာ ဆိုးရွားတဲ့ အကျိုးဆက်တွေကို ခံစားရမှာသေချာတယ်။

သူလည်း မကောင်းတာတွေ ပြောချင်ပေမဲ့လို့ပေါ့။

လီချီယွီက .."ပျောက်သွားတဲ့ယာဉ်မောင်းနဲ့ ရှေ့ကောင်တာပဲရှိတော့မယ်ထင်တာ ... နောက်တစ်ယောက်ရှိမှန်းမထင်ထားခဲ့ဘူး",

သူဘယ်ကလာသလဲ သူမသိပေ ... ဒီဟိုတယ်မှာ သူတို့လိုဒီ့ထက်လည်းရှိနိုင်လောက်သည်။

စုမင် .."ဒါက အဓိကမဟုတ်ဘူး ... မင်း သူတို့ကိုရန်မစရင် ငါတို့ကိုထိခိုက်မှာမဟုတ်ဘူး ... အဓိကကတော့ ဒီနေရာကို ငါတို့ ဘယ်လိုထွက်သွားရမလဲပဲ"

လီချီယွီငိုသံနဲ့ “ဒီဟိုတယ်အပြင်ဘက်မှာ မြူခိုးတွေက နည်းနည်းကြောက်စရာကောင်းတယ် ... အပြင်မပြေးဘဲ ဟိုတယ်ကနေ ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး”

သူ့လက်ကို လှမ်းထုတ်ခဲ့တုန်းက မြူများက သူ့လက်အား ဖုံးလွှမ်းရန်အရှိန်ထိုးရောက်လာခဲ့သည်။

လဲ့လင်းရုတ်တရက်ပြောလာ၏ .."‌ရှိုးပွဲလက်မှတ်ဆိုတော့ ငါတို့‌ဖျော်ဖြေပွဲကြည့်ကိုကြည့်ရဖို့ လိုတယ် ... ငါတို့ရှေ့ဆက်ပြီး ထွက်ပြေးရမှာက ရှိုးဖျော်ဖြေနေစဉ်အတွင်းပဲ"

စုမင်ခေါင်းငြိမ့်၍ .."တစ်နည်းအားဖြင့်ပြောရရင် ဟိုတယ်မှာ ဖြစ်ပျက်သမျှအရာအားလုံးဟာ အမြည်းသဘောသက်သက်ပဲ"

ရှိုးပွဲသာ တကယ်တည်ရှိတယ်ဆိုရင် အဲ့ဒါ အင်မတန်အန္တရာယ်များနိုင်သည်။

သို့သော် ဤသရဲဇာတ်ကားသည် အရင်တည်းက ရှိုးပွဲကို ပြသခြင်းမရှိခဲ့ဘဲ ၎င်းသည် အသွင်အပြင်တစ်ခုမျှသာ ဖြစ်ဖွယ်ရှိသည်။ နောက်ဆုံးတော့ ဟိုတယ်ကိုပဲ လှည့်ချာလည်နေတဲ့ ရုပ်ရှင်တစ်ခုကဲ့သို့ဖြစ်သွားနိုင်ပါတယ်။

Battle Royaleလို ဒါမှမဟုတ် Hunger Gameကဲ့သို့ ရုပ်ရှင်အမျိုးအစားလည်း ဖြစ်နိုင်သည်။

‘Battle Royale’သည် ဟိုးအရင်က စုမင်ကြည့်ခဲ့ဖူးသောရုပ်ရှင်တစ်ကားဖြစ်ကာ အရာရှိတစ်ဦးသည် ကျောင်းသားများကို လူသူကင်းမဲ့သောကျွန်းတွင် အသက်ရှင်ရပ်တည်ရေးအတွက် တိုက်ခိုက်ကြရန် ထားရစ်ခဲ့သည်။

‘Hunger Games’သည် ပို၍ပင်ပြိုင်ဘက်ကင်းသည်။ စုမင်ဝတ္ထုဖတ်စဉ်က ... ရွေးချယ်ခံရသောလူတွေသည် စဉ်ဆက်မပြတ် လွတ်မြောက်ပြီး သတ်ဖြတ်ရမည်။ ပွဲတွင် စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခများနှင့် လျှို့ဝှက်ပူးပေါင်းကြံစည်မှုများ များစွာရှိခဲ့ပြီး နောက်ဆုံးတွင်တစ်ဦးတည်းသာ ရှင်သန်နိုင်သည်။

စုမင်ကြောက်မိသည်မှာ ဒီရုပ်ရှင်က တစ်ဦးတည်းသာ သို့မဟုတ် အသင်းလေးတစ်သင်းသာအသက်ရှင်နိုင်မည်ကိုပင်။

'မရဏဖျော်ဖြေပွဲ'ရဲ့ သဘောတရားကို သူသိပ်မသိပေ။ ရှိုးက သူတို့နေထိုင်သည့်ဟိုတယ်မှာပင် စတင်နေပြီး သူတို့ကိုယ်တိုင်က ရှိုးပွဲ၌ ပါဝင်သောသရုပ်ဆောင်‌များတောင် ဖြစ်ကောင်းဖြစ်နိုင်သည်။

ဒါကို စုမင်စိတ်အပူဆုံးပဲ။

သူ့ရဲ့ကိုယ်ရေးကိုယ်တာရေးရာကို လျှို့ဝှက်စောင့်ကြည့်ခံရတာကို သူမုန်းပေမဲ့ ရုပ်ရှင်အ‌တွေ့ကြုံယူရင်းနဲ့ ဒီလိုအရာတွေကို ရှောင်ဖို့လည်း ရွေးချယ်ခွင့်ရှိတယ်။

စုမင်အသာတကြည်အသက်ရှူလေမှုတ်ထုတ်လိုက်သည်။

လဲ့လင်း‌ပြောတာကိုကြားတော့ လီချီယွီသည် သူလက်မှတ်ဝယ်ခဲ့စဥ်က ဝင်ပူးခံရသည်ဟု ပို၍ပို၍သံသယဝင်လာသည်။

ဒီဖျော်ဖြေပွဲအတွက် သူ့ဘ၀ကို လက်တွေ့ကျကျ ဖလှယ်ခဲ့တာပဲ။

ဖြူလျော်‌နေသည့်မျက်နှာနဲ့လူက ထိုနေရာမှာပဲဆက်စောင့်နေလေသည်။ ဆူညံသံတွေ အရမ်းတိုးလာမှ သူလှုပ်ရှားပြီး ညွှန်ကြားချက်ကို စောင့်နေသလိုပင်။

သူတွေးရင်း စုမင်မပျော်ရွှင်တော့ပေ။

သူက ညွှန်ကြားချက်ကိုစောင့်နေတယ် ဆိုရင်တော့ ဒီမှာဖြစ်ပျက်နေသမျှကို ကြည့်နေတယ်ဆိုတဲ့အဓိပ္ပာယ်ပဲ ... သူတို့ကိုစောင့်ကြည့်နေသလိုပင်။

နံရံပေါ်ရှိအရောင်များနှင့် အခြားအလားတူနေရာများသည် အလွယ်တကူ ပုန်းအောင်းနိုင်သော နေရာများဖြစ်သည်။ သေချာဂရုတစိုက်မကြည့်ဘဲ စောင့်ကြည့်နေသလားဟု ပြောရခက်တယ်။

စားသောက်ခန်းဆီမှ အချို့အရာတွေ ကျောင်းထောင်ကျီးယူခဲ့ပြီးနောက် သူတို့အခန်း သူတို့ပြန်ကြလေသည်။

အချိန်အတော်ကြာ စုမင်တွေးတောချင့်ချိန်ပြီး နောက်ပိတ်ဆုံးနာရီပိုင်းကြာ  နှိုးစက်အချိန်ထားရန်ဆုံးဖြတ်ကာ တစ်ရေးတစ်မောအိပ်သည်။

ဒါပေမယ့် နာရီဝက်လောက်မအိပ်ခင်မှာ တစ်ယောက်ယောက်က သူ့တံခါးကို လာခေါက်တယ်။

စုမင်ထိတ်ခနဲဖြစ်သွားကာ အပြင်ရှိလူကို အတည်ပြုပြီးမှ တံခါးဖွင့်၍ မေးလိုက်၏ .."ဘာဖြစ်လို့လဲ?"

လီချီယွီတီးတိုးဆို၏ .."ရှိုးပွဲကြည့်ဖို့အချိန်ကျပြီ ... ငါ့ကိုလည်းအခုမှအကြောင်းကြားတာ ... ဒီဟိုတယ်ကနေ ငါတို့ထွက်သွားဖို့လိုတယ်တဲ့"

စောစောက လူတစ်ယောက်က ကော်ရစ်ဒါအောက်ထပ်ကို ဆင်းပြီး လှမ်းခေါ်ကာ သူတို့ထွက်လာတော့ မျက်နှာဖြူဖျော့ဖျော့ဝန်ထမ်းတစ်ယောက်ကို တွေ့လိုက်ရတယ်။

ဝန်ထမ်းက အလွန်တောင့်တင်းနေပြီး စကားသုံးလုံးသာပြောသည် .."ပွဲကြည့်ဖို့"

သူတို့ဘာမေးမေး ဝန်ထမ်းက ထိုစာကြောင်းပဲထပ်ခါထပ်ခါရွတ်တော့ ... မေးတာက အချည်းအနှီးဖြစ်တယ်ဆိုတာ လူတိုင်းပြောနိုင်တယ်။

ကျောင်းထောင်ကျီးနှင့် လဲ့လင်းကိုလည်း သူခေါ်လိုက်သည်။ လေးယောက်စလုံး အောက်ထပ်အတူတူဆင်းလာကြတော့ ဟိုတယ်မှ အချို့ဧည့်သည်တော်တော်များများလည်း ခြံဝင်းထဲ၌ နှစ်ယောက်တစ်ဖွဲ့ သုံးယောက်တစ်ဖွဲ့ဖြင့် စောင့်နေကြသည်ကို တွေ့လိုက်ရသည်။

စုမင် လူစုလူဝေးကြီးကိုကြည့်ပြီး တီးတိုးလေးဖြင့် .."လူတွေ နည်းသွားတယ်လို့မထင်ဘူးလား?"

နောက်ဆုံးအကြိမ်တုန်းက လူပေါင်းများစွာစားသောက်ဆိုင်ထဲ ဝင်လာခဲ့စဉ် အနည်းငယ်ရာကျော်လောက်ရှိမယ်လို့ ခန့်မှန်းမိသော်လည်း အခု ငါးဆယ်ဝန်းကျင်မျှသာရှိပုံပေါ်သည်။

တစ်ဝက်လောက်ပျောက်သွားပြီး သူတို့ဘယ်ရောက်သွားကြတာလဲ။

စုမင်မကောင်းတဲ့ခံစားချက်ရနေသည်။ ဒီဖျော်ဖြေပွဲဟာ ပျောက်ဆုံးနေသူတွေရဲ့ဖျော်ဖြေမှုတွေကို ပြသဖို့မဖြစ်နိုင်ဘူးလား?

လီချီယွီအံ့အားသင့်စွာ .."ဒီလောက်လူအများကြီးပျောက်သွားတာကို မြင်ရတာ စိတ်မကောင်းလိုက်တာ ... ကံကောင်းတာက ငါတို့ဒီမှာရှိနေသေးတယ်......."

သူတို့ပျောက်သွားခဲ့ရင် ဘယ်အချိန်ပြန်ဆုံမလဲ သူတို့မသိပေ။ ဒါမှမဟုတ် ကောင်းကင်နှင့်မြေကြီး ခြားသွားရင်လည်းဖြစ်နိုင်သည်။

သူတို့အကြာကြီးမစောင့်ရပေ။ ခဏမကြာ ခြံဝင်းထဲဘတ်စ်တစ်စီးဝင်ရောက်လာသည်။

ယာဉ်မောင်းက နောက်ထပ်ဖြူလျော်လျော်မျက်နှာနဲ့လူပဲ။ သူ့မျက်နှာကို အဖြူအလွှာများစွာဖြင့် ခြယ်သထားပုံရပြီး အလွန်တရာတစ္ဆေဆန်လွန်းတယ်။

ယာဉ်မောင်းသမားက ဘာမှမပြောဘဲ ယာဉ်မောင်းခုံမှာပဲထိုင်နေသည်။ တံခါးပွင့်လာပြီး အဲယားကွန်းဘတ်စ်ကားရဲ့ အတွင်းပိုင်းကို မြင်ရတယ်။

အားလုံးလိုလို အချင်းချင်းကြည့်ကြပြီး ဘယ်သူမှမတက်ရဲပေ။

အဆုံး၌ စုမင်အရင်သွားပြီး ပြတင်းပေါက်ခုံကိုရှာတွေ့သွားသော်လည်း မှန်ပြတင်းကိုမဖွင့်နိုင်ဘူး။

အခြားသူများက ‌သူတို့လေးယောက်တက်သွားတာမြင်တော့ တဖြည်းဖြည်းနောက်ကလိုက်တက်လာကြသည်။

ဘတ်စ်ကသိပ်မကြီးပေမဲ့ အားလုံးဘတ်စ်ပေါ်ရောက်သည့်အခါ လုံးဝပြည့်သွားခဲ့သည်။ ကျန်တဲ့လူတွေအတွက် ထိုင်ခုံအရေအတွက်ကို ကြိုတင်စီစဉ်ထားသလိုပဲ။

"ဘယ်ကိုသွားနေတာလဲ?"

"ကောင်းကင်ကို ... ဒါက ဘယ်လိုပွဲလဲ?  လက်မှတ်ကလည်း ဘာမှ မပြောထားဘူး ... မသွားလို့ မရဘူးလား"

"ဘာလို့ ငါတို့ ညဘက်မှသွားရတာလဲ? နေ့အချိန်ဘာလို့မဟုတ်တာလဲ? ဟိုတယ်ရဲ့တာဝန်ခံဘယ်မှာလဲ? သူတို့
နည်းနည်းပိုပြီး တာဝန်မယူနိုင်ဘူးလား"

စုမင်သည် ဤဘတ်စ်ကား၏ ဦးတည်ရာသည် ဖျော်ဖြေရေးနေရာ ဖြစ်သင့်သည်ဟု အလိုလို ခံစားမိသည်။

ကောင်းကင်သည် မှောင်နေပြီဖြစ်ကာ အပြင်မှ မြူများကြောင့် အရာရာကို ရှင်းရှင်းလင်းလင်း မသိရပေ။  ဟိုတယ်ဂိတ်တံခါးက ဖြည်းညှင်းစွာပွင့်လာပြီး ဘတ်စ်ကားသည် ဟိုတယ်မှ ထွက်ခွာ‌လေတယ်။

မှောင်မိုက်နေသောမြူခိုးမြူ‌ငွေ့များက ဘတ်စ်ကားကို ဝိုင်းရံထားကာ အထဲဝင်ချင်နေပုံရသော်လည်း မဝင်နိုင်၍ တဝဲလည်လည်ဖြစ်နေသည်။

စကားဝိုင်းလေးများသည် ဘတ်စ်အတွင်းပြည့်နှက်နေသည်။  စုမင် မှန်ပြတင်းကိုမှီ၍ အပြင်ဘက် လမ်းကြောင်းကိုကြည့်ရန် ကြိုးစားပေမဲ့ အချည်းနှီးသာ..။

အမှောင်ထုကြီးထဲတွင် တစ်ခုတည်းသောအလင်းရောင်အရင်းအမြစ်မှာ ဘတ်စ်ကားဖြစ်သည်။

ကျောင်းထောင်ကျီးအတန်ငယ်ကြောက်ရွံ့ပြီး .."ငါတို့ကိုတစ်နေရာရာ ခေါ်သွားပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှာလား? colosseumမှာလိုမျိုးလေ"

Colosseumကို လူတိုင်းသိကြသည်။ သွေးသံတရဲရဲနှင့် ရက်စက်ပြီး ဒီလိုနေရာမျိုးမှာ သူတို့ကိုထားလိုက်တာနဲ့ မကြာခင် သေရတော့မယ်လို့ ပြောလို့ရတယ်။

လီချီယွီက .."မဟုတ်တရုတ်တွေ မခန့်မှန်းနဲ့ ... အဲလိုဖြစ်မှာမဟုတ်ဘူး"

သူပြောလိုက်သော်ငြားလည်း သူကိုယ်တိုင်နည်းနည်းထိတ်လန့်နေမိသည်။

စုမင်ဘာမှ‌မပြောပေ။ သူ ဟိုတယ်က အဖြစ်အပျက်တွေကို ပြန်စဥ်းစားပြီး လက်ရှိ အခြေအနေကို ပြန်တွေးတောသည့်အခါ ဆက်စပ်မှုရှိသည်ကို သူသဘောပေါက်သွားခဲ့သည်။

မသိရသောအချိန်ကာလတစ်ခုအတွင်း ဘတ်စ်ကားသည် မောင်းနှင်လာခဲ့ပြီး အပြင်ဘက်တွင် အလင်းတန်းလေးများ ရုတ်တရက်ပေါ်လာသည်။

သူတို့နှင့် အလွန်ဝေးလံပြီး အလင်းရောင်မှာ ဝိုးတဝါးဖြစ်နေပေမဲ့ ဘတ်စ်ကားကို လမ်းပြခဲ့သည်။

ဘတ်စ်နီးလာလေ အကွာဝေးမှအလင်းရောင်ထင်ရှားလာလေပဲ။

စုမင်သည် လမ်းနှစ်ဘက်လုံး ဗလာဟင်းလင်းဖြစ်နေသည်ကို မြင်လိုက်ရသည်။ မြက်ပင်များနှင့် သစ်ပင်များသာရှိကာ အဆောက်အဦးတွေ အိမ်ယာတွေ တစ်အိမ်တစ်လေမှတောင်မရှိပေ။

ဘတ်စ်ကားထဲမှ လူများသည်အတန်ငယ်ကြောက်လန့်နေကြပေမဲ့ အိပ်မောကျသွားသည့်လူများလည်းရှိသည်။ သူတို့နိုးလာတဲ့အခါ စိုးရိမ်စိတ်များဝင်လာပြီး စတင်ဆူညံလာပြန်သည်။

ဘာဖြစ်ဖြစ် သူတို့သည်အလွန်ဆိတ်ညံသောအရပ်၌ရှိကြပြီး ယခင်ပျောက်ဆုံးမှုများအပေါ် ထပ်လောင်းပြောရရင် အားလုံးကစိုးရိမ်ထိတ်လန့်နေကြသည်။

စုမင်တို့ဘက်ကတော့ တိတ်ဆိတ်နေမြဲ။

ကျောင်းထောင်ကျီးသည် ရုတ်တရက် တစ်နေရာကိုညွှန်ပြရင်း .."အဲ့သစ်ပင်ကိုကြည့်စမ်း!"

သူမအသံက သိပ်မပျော့သဖြင့် ဘတ်စ်ကားပေါ်မှလူတိုင်းကြားရသည်။ သူတို့၏မျက်လုံးများက သစ်ပင်ပေါ်သို့ ရွေ့လျားသွားကာ ဘတ်စ်ကား၏ အနေအထားဖြင့် သူတို့တို့သည် ၎င်းကို ရှင်းရှင်းလင်းလင်းမြင်လိုက်ကြသည်။

ထိုသစ်ပင်သည် ထောင့်တစ်ဝိုက်တွင်ရှိပြီး ပုံမှန်စိမ်းလန်းစိုပြေတဲ့သစ်ပင်မဟုတ်ပေ။ ထိုအစား ၎င်းသည် ဟောင်းနွမ်းနေသောသစ်ပင်တစ်ပင်ဖြစ်ပြီး အကိုင်းအခက်တို့သည် ဖုထစ်လိမ်ကျစ်နေလျက် ကောက်ကွေးစွာကပ်နေကြသည်။

ထိုသစ်ပင်၏ပင်စည်သည် အတော်လေးထူပြီး လုံးပတ်တစ်ခုလုံးကို ပွေ့ဖက်နိုင်ရန် လူပေါင်းများစွာ လိုအပ်မည်ဖြစ်သည်။  ပင်စည်အလယ်တွင် အချွန်အတက်တစ်ခုငေါထွက်နေပြီး မသိရင်မျက်နှာမှာပေါက်နေတဲ့ဝက်ခြံနဲ့တူကာ အလွန်ထူးဆန်းတယ်။

ကားနီးလာလေ ပင်စည်မှာထင်ရှားလာလေဖြစ်သည်။

နောက်ဆုံး သစ်ပင်၏မူရင်းသဏ္ဍာန်ကို စုမင်မြင်နိုင်သွား‌သည်။

ဒါက သာမန်ငေါထွက်နေတာမဟုတ်ဘဲ မရေမတွက်နိုင်သောမျက်နှာများက ပင်စည်မှ ပြူထွက်နေသည်ပင်..။

*********************

Colosseum

ရှိုးပွဲကြည့်ရတော့မယ်

Sry for misspelling

Thanks all ❤️
November 30, 2021
----------------------------------------------------------------









Arc 3: မရဏေဖ်ာ္ေျဖပြဲ
Chapter 48: Trouble

ဟိုးအစတည္းက လီခ်ီယြီအခန္းထဲကမထြက္ရေသးဘူး။ သူတံခါးဖြင့္လိုက္သည့္အခိုက္ တံခါးနားမွာပဲရပ္လ်က္ က်န္႐ွိေနဆဲပင္။

ဘာေၾကာင့္မွန္းမသိေပမဲ့ သူအျပင္ထြက္လိုက္တာနဲ႔ မေကာင္းတာတစ္ခုခုျဖစ္လိမ့္မယ္ဟု ခံစားမိသည္။

လီခ်ီယြီဆက္လ်က္.."မင္းတံခါးကို တစ္ေယာက္ေယာက္လာေခါက္လို႔လား?"

စုမင္ေခါင္းၿငိမ့္၍ .."မင္းအသံလိုလုပ္ထားလို႔ မင္းကိုgroup chatထဲမွာေမးၾကည့္တာ ... အဲ့အခ်ိန္က မင္းအခန္းထဲမွာပဲ႐ွိေနခဲ့တယ္"

ဒါကိုၾကားေတာ့ လီခ်ီယြီဆံပင္ေမႊး‌မ်ားေထာင္သြားရသည္။

တစ္ခုခုက သူ႕ေယာင္ေဆာင္ခဲ့ၿပီး ေနာက္ လဲ့လင္းေယာင္ေဆာင္ကာ သူ႕တံခါးလာေခါက္ခဲ့တယ္။ မ်က္ႏွာဖုံးတပ္ထားတဲ့ ေၾကာက္မက္ဖြယ္ေကာင္းေသာ သရဲတေစၧတစ္ေကာင္ ျဖစ္ႏိုင္ေလာက္တယ္။

လီခ်ီယြီထိတ္လန္႔စြာ .."ေၾကာက္ဖို႔ေကာင္းလိုက္တာ"

စုမင္.."တကယ္လန္႔စရာေကာင္းတယ္"

အဲ့အမည္မသိအရာႀကီးက ငါးကန္ထဲက ႐ုပ္အေလာင္းနဲ႔ ပန္းအိုးထဲက႐ုပ္အေလာင္းထပ္ပို၍ ေၾကာက္စရာေကာင္းသည္။ သူတို႔ရည္႐ြယ္ခ်က္က ဘာမွန္းေတာင္ သူတို႔မသိေပ။

အျပင္ဘက္က ဆူညံသံကို ေက်ာင္းေထာင္က်ီးၾကားေတာ့ တံခါးဖြင့္လိုက္ၿပီး .."နင္တို႔ဘာလုပ္ေနၾကတာလဲ?"

ဘာျဖစ္ခဲ့သလဲဆိုတာကို တဖန္ထပ္ေျပာျပလိုက္သည္။ သူမၾကားသည့္အခ်ိန္ မ်က္ႏွာအမူအယာေျပာင္းလဲသြားၿပီး .."………နင္တို႔ အေယာင္ေဆာင္အတုေတြေတာ့မဟုတ္ဘူးမလား?"

သူမေ႐ွ႕က သုံးေယာက္စလုံးအတုအေယာင္ေတြရင္ သူမေၾကာက္လန္႔ၿပီး ေမ့လဲသြားႏိုင္သည္။

စုမင္ကူရာမဲ့စြာ .."ေသခ်ာတာေပါ့ ... အတုဘယ္ဟုတ္မလဲ"

ေက်ာင္းေထာင္က်ီးတုန္ယင္လ်က္ .."ဒါဆို လီခ်ီယြီတံခါးဖြင့္တဲ့အခ်ိန္ ဘာမွမျမင္တာက အဲ့ဒါအခန္းထဲ‌ဝင္ေျပးသြားလို႔မ်ားလား?"

မျဖစ္ႏိုင္တာမဟုတ္။

သူမစကားၾကားေတာ့ လီခ်ီယြီတုန္လႈပ္သြားၿပီး သူ႕အခန္းထဲလွည့္ၾကည့္လိုက္သည္။ မီးေတြပြင့္ထားၿပီး အရင္အတိုင္း‌ပင္..။

စုမင္ခန္႔မွန္းမိ၏ .."မင္းအျပင္ထြက္ရင္ေတာ့ တစ္ခုခုမေကာင္းတာျဖစ္လာႏိုင္တယ္"

နတ္ဆိုးအတြက္ တံခါးကိုဖြင့္လိုက္လွ်င္ သင့္အား တိုက္႐ိုက္သတ္ႏိုင္သလို ဒါမွမဟုတ္ ေခၚေဆာင္သြားလိမ့္မည္ဟူေသာ ဒ႑ာရီတစ္ခု႐ွိခဲ့ဖူးသည္။

တံခါးဖြင့္ဖို႔ လွည့္စားမယ့္အရာက တံခါးဖြင့္လိုက္တာနဲ႔ သူတို႔ခႏၶာကိုယ္ကိုေတာင္ သိမ္းပိုက္သြားႏိုင္တယ္။

"အျပင္မထြက္မိတာ ငါကံေကာင္းလို႔" လီခ်ီယြီတစ္ေယာက္ သူေတာ္ေတာ္ကံေကာင္းတယ္လို႔ ခံစားမိသည္။ .."လဲ့လင္း မင္းဒီကိုမလာသင့္ဘူး"

လဲ့လင္းအမူအယာကင္းမဲ့စြာျဖင့္ .."ဘာမွမျဖစ္ဘူး"

စုမင္သည္ ဤထိတ္လန္႔႐ုပ္႐ွင္တြင္ လဲ့လင္း၏ဇာတ္ေကာင္ပင္ကိုစ႐ိုက္ကို သိခ်င္ေသာ္လည္း ေဖာ္ထုတ္ရန္ အခြင့္မသာေသးေပ။ အဆုံးမွာေဖာ္ထုတ္ျပသၿပီး ဇာတ္သိမ္းခန္းတြင္ ပါဝင္ႏိုင္ေျခ႐ွိသည္။

သူတို႔ေျပာသမွ်ဟာ မွန္းဆခ်က္မွ်သာျဖစ္ၿပီး အမွန္တရားကို လက္လွမ္းမမီႏိုင္ဘူး။ ေနာက္ဆုံး၌ သူတို႔ ေကာက္ခ်က္တစ္ခုသာခ်လိုက္ၾကသည္။ —— - အျပင္မထြက္နဲ႔...

ေက်ာင္းေထာင္က်ီးတုံ႔ဆိုင္းလ်က္ .."မိုးမခ်ဳပ္ေသးဘူးဆိုေတာ့ အျမန္တစ္ခုခုသြားစားၾကရေအာင္"

စုမင္က .."အတူတူသြားၾကစို႔ ... ဒီေနရာကနည္းနည္းမလုံျခဳံဘူးဆိုေတာ့ ငါတို႔ေလးေယာက္လုံးအတူတူသြားၾကတာအေကာင္းဆုံးပဲ"

သူတို႔ပထမထပ္ကိုေရာက္စဥ္ က်ယ္ေလာင္ေသာ႐ုတ္႐ုတ္သဲသဲအသံေတြ ၾကားလိုက္ရတယ္။

ေကာ္ရစ္ဒါမွအထြက္ လူတစ္စုက ဟိုတယ္ကို ေဒါသနဲ႔ေဝဖန္ၿပီး ဝန္ထမ္းေတြနဲ႔ ပြဲစီစဥ္သူေတြကို က်ိန္ဆဲေနတာကို ေတြ႕လိုက္ရတယ္။

အစက လူနည္းစုသာဆိုေပမဲ့ ေနာက္ပိုင္းလူအုပ္စုေတြ ပါဝင္လာၾကသည္။

သူတို႔ေျပာဆိုေနတာကို စုမင္နားေထာင္ၾကည့္ေတာ့ သူတို႔ရဲ႕ေဒါသထြက္ရသည့္အေၾကာင္းရင္းက သူတို႔နဲ႔အတူလိုက္ပါလာေသာအေဖာ္ေတြ ေပ်ာက္ဆုံးသြားၿပီး ဟိုတယ္မွာ႐ွာမေတြ႕လို႔ျဖစ္သည္။

သူေတြးထင္ေနတာနဲ႔ နည္းနည္းကြာျခားသည္။ ဒီေလာက္လူအမ်ားႀကီးေပ်ာက္သြားလိမ့္မယ္လို႔ သူမေမွ်ာ္မွန္းခဲ့ေပ။ ဘာျဖစ္ျဖစ္ လူေသအေလာင္းႏွစ္ေလာင္းသာ႐ွိသည္။

ေ႐ွ႕ ေကာင္တာမွ အမ်ိဳးသမီးသည္ လူအုပ္စုႀကီးကို ခံစားခ်က္မဲ့စြာစိုက္ၾကည့္ေနသည္။

လဲ့လင္းက .."ဒီလိုသာဆို အေျဖရႏိုင္မွာမဟုတ္ဘူး"

သူမစကားေျပာၿပီးသည္ႏွင့္ ျဖဴေဖ်ာ့ေဖ်ာ့မ်က္ႏွာႏွင့္ ေယာက်္ားတစ္ေယာက္႐ုတ္တရက္ဝင္လာသည္။ သူ႕အမူအယာက ေ႐ွ႕ေကာင္တာမွအမ်ိဳးသမီးႏွင့္ တစ္ထပ္တည္းပင္။

ထိုအခိုက္တန္႔ ေဟာခန္းမွလူေတြ က်ိန္ဆဲျငင္းခုံေနတာ ရပ္တန္႔သြားသည္။

လူတိုင္းလိုလို ျဖဴေဖ်ာ့ေဖ်ာ့မ်က္ႏွာနဲ႔လူကို ေငးစိုက္ၾကည့္ေနၾကသည္။ ဒီကို သူဘာလာလုပ္လဲ သူတို႔မသိၾကေပ။

ျဖဴေဖ်ာ့ေဖ်ာ့မ်က္ႏွာလူက မလႈပ္႐ွား၍ ေနာက္ဆုံးေတာ့ သူတို႔ ျငင္းခုံၾကျပန္တယ္။

"ငါဒီကို ငါ့မိန္းမနဲ႔႐ိႈးပြဲၾကည့္ဖို႔လာတာ အခုငါ့မိန္းမေပ်ာက္ေနတယ္ ... ဟိုတယ္ဆီက ႐ွင္းျပခ်က္ရႏိုင္မလား?"

“ငါထြက္သြားၿပီးရင္ က်ိန္းေသေပါက္ တိုင္ၾကားမယ္ ... ဒီအမိႈက္ဟိုတယ္က ဘာလဲ? အျပင္ေတာင္ထြက္လို႔မရဘူး!"

"တာဝန္႐ွိသူဘယ္မွာလဲ? အဲ့လူေသၿပီလား? ဘာလို႔မထြက္လာေသးတာလဲ? ဒီဟိုတယ္က ရဲေတာင္ဖုန္းေခၚလို႔မရဘူး ... ငါတို႔ကိုသတ္ေနတာလား?"

“………………”

ျငင္းခုံမႈေတြ ပိုပိုက်ယ္လာၿပီး ျဖဴေဖ်ာ့ေဖ်ာ့မ်က္ႏွာနဲ႔လူေ႐ြ႕လ်ားကာ အုပ္စုထဲမွ အက်ယ္ဆုံးလူကိုလွမ္းဆြဲၿပီး ဟိုတယ္အျပင္ဘက္ကို တ႐ြတ္တိုက္ဆြဲသြားသည္။

လူစုလူေဝးသည္ ထိုလူႏွစ္ေယာက္အတူတူထြက္သြားတာ ျမင္လိုက္ရေသာ္လည္း ဆြဲေခၚသြားခံရသူလုံးဝျပန္မေပၚ‌လာေတာ့ေပ။ မသိရင္ ထိုလူေပ်ာက္ကြယ္သြားသည့္အလား ...

ထိုျဖစ္ရပ္ကိုျမင္ၿပီး ေက်ာင္းေထာင္က်ီးထိတ္လန္႔သြားသည္။

ဤအမႈျဖစ္ၿပီးေနာက္ တျဖည္းျဖည္းလူစုလူေဝးသည္ အသီးသီးကြဲသြားကာ အေပၚထပ္သို႔ျပန္တက္သြားၾကသည္။ သူတို႔ေအာက္ထပ္‌မွာ ဆက္ေနဖို႔ဆႏၵမ႐ွိၾကေတာ့ဘူး။

ေပ်ာက္ဆုံးသြားေသာလူအတြက္ေတာ့ သူတို႔ဂ႐ုမစိုက္ၾကေပ။

သူတို႔ေလးေယာက္က ‌ေကာ္ရစ္ဒါရဲ႕အဆုံးမွာရပ္ေနၿပီး ခန္းမထဲက လူေတြနဲ႔ အလွမ္းေဝးေနေတာ့ ေဘးကင္းတယ္။

သူေတြးမိတယ္ .."ဟိုတယ္ကေန ေမာင္းထုတ္ခံလိုက္ရတာပဲျဖစ္မယ္ ... အဲ့ျမဴေတြ သူ႕ကိုဝါးၿမိဳသြားေလာက္ၿပီ"

ပရိသတ္ကလြဲလို႔ က်န္ခဲ့သူမ်ားမွာ ဝန္ထမ္းနဲ႔ ေ႐ွ႕ေကာင္တာပင္ ... သူတို႔တစ္ေယာက္ခ်င္းစီတိုင္းသည္ ျဖဴေလ်ာ္ေသာလူ‌ေသအေလာင္းမ်ားႏွင့္ဆင္တူသည္။

စစခ်င္းတုန္းက စုမင္မသက္မသာျဖစ္ခဲ့ေသာ္လည္း သူေနသားက်ေလၿပီ။

သူတို႔ကို ၎တို႔ကဘာမွမလုပ္ရ‌ေသးဘူးဆိုေတာ့ သူတို႔(စုမင္တို႔)အလြန္ကံေကာင္းသည္။ ဝန္ထမ္းေတြကို က်ိန္ဆဲတဲ့သူေတြဟာ ဆိုး႐ြားတဲ့ အက်ိဳးဆက္ေတြကို ခံစားရမွာေသခ်ာတယ္။

သူလည္း မေကာင္းတာေတြ ေျပာခ်င္ေပမဲ့လို႔ေပါ့။

လီခ်ီယြီက .."ေပ်ာက္သြားတဲ့ယာဥ္ေမာင္းနဲ႔ ေ႐ွ႕ေကာင္တာပဲ႐ွိေတာ့မယ္ထင္တာ ... ေနာက္တစ္ေယာက္႐ွိမွန္းမထင္ထားခဲ့ဘူး",

သူဘယ္ကလာသလဲ သူမသိေပ ... ဒီဟိုတယ္မွာ သူတို႔လိုဒီ့ထက္လည္း႐ွိႏိုင္ေလာက္သည္။

စုမင္ .."ဒါက အဓိကမဟုတ္ဘူး ... မင္း သူတို႔ကိုရန္မစရင္ ငါတို႔ကိုထိခိုက္မွာမဟုတ္ဘူး ... အဓိကကေတာ့ ဒီေနရာကို ငါတို႔ ဘယ္လိုထြက္သြားရမလဲပဲ"

လီခ်ီယြီငိုသံနဲ႔ “ဒီဟိုတယ္အျပင္ဘက္မွာ ျမဴခိုးေတြက နည္းနည္းေၾကာက္စရာေကာင္းတယ္ ... အျပင္မေျပးဘဲ ဟိုတယ္ကေန ထြက္သြားဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး”

သူ႕လက္ကို လွမ္းထုတ္ခဲ့တုန္းက ျမဴမ်ားက သူ႕လက္အား ဖုံးလႊမ္းရန္အ႐ွိန္ထိုးေရာက္လာခဲ့သည္။

လဲ့လင္း႐ုတ္တရက္ေျပာလာ၏ .."‌႐ိႈးပြဲလက္မွတ္ဆိုေတာ့ ငါတို႔‌ေဖ်ာ္ေျဖပြဲၾကည့္ကိုၾကည့္ရဖို႔ လိုတယ္ ... ငါတို႔ေ႐ွ႕ဆက္ၿပီး ထြက္ေျပးရမွာက ႐ိႈးေဖ်ာ္ေျဖေနစဥ္အတြင္းပဲ"

စုမင္ေခါင္းၿငိမ့္၍ .."တစ္နည္းအားျဖင့္ေျပာရရင္ ဟိုတယ္မွာ ျဖစ္ပ်က္သမွ်အရာအားလုံးဟာ အျမည္းသေဘာသက္သက္ပဲ"

႐ိႈးပြဲသာ တကယ္တည္႐ွိတယ္ဆိုရင္ အဲ့ဒါ အင္မတန္အႏၲရာယ္မ်ားႏိုင္သည္။

သို႔ေသာ္ ဤသရဲဇာတ္ကားသည္ အရင္တည္းက ႐ိႈးပြဲကို ျပသျခင္းမ႐ွိခဲ့ဘဲ ၎သည္ အသြင္အျပင္တစ္ခုမွ်သာ ျဖစ္ဖြယ္႐ွိသည္။ ေနာက္ဆုံးေတာ့ ဟိုတယ္ကိုပဲ လွည့္ခ်ာလည္ေနတဲ့ ႐ုပ္႐ွင္တစ္ခုကဲ့သို႔ျဖစ္သြားႏိုင္ပါတယ္။

Battle Royaleလို ဒါမွမဟုတ္ Hunger Gameကဲ့သို႔ ႐ုပ္႐ွင္အမ်ိဳးအစားလည္း ျဖစ္ႏိုင္သည္။

‘Battle Royale’သည္ ဟိုးအရင္က စုမင္ၾကည့္ခဲ့ဖူးေသာ႐ုပ္႐ွင္တစ္ကားျဖစ္ကာ အရာ႐ွိတစ္ဦးသည္ ေက်ာင္းသားမ်ားကို လူသူကင္းမဲ့ေသာကြၽန္းတြင္ အသက္႐ွင္ရပ္တည္ေရးအတြက္ တိုက္ခိုက္ၾကရန္ ထားရစ္ခဲ့သည္။

‘Hunger Games’သည္ ပို၍ပင္ၿပိဳင္ဘက္ကင္းသည္။ စုမင္ဝတၳဳဖတ္စဥ္က ... ေ႐ြးခ်ယ္ခံရေသာလူေတြသည္ စဥ္ဆက္မျပတ္ လြတ္ေျမာက္ၿပီး သတ္ျဖတ္ရမည္။ ပြဲတြင္ စိတ္ပိုင္းဆိုင္ရာ ပဋိပကၡမ်ားႏွင့္ လွ်ိဳ႕ဝွက္ပူးေပါင္းၾကံစည္မႈမ်ား မ်ားစြာ႐ွိခဲ့ၿပီး ေနာက္ဆုံးတြင္တစ္ဦးတည္းသာ ႐ွင္သန္ႏိုင္သည္။

စုမင္ေၾကာက္မိသည္မွာ ဒီ႐ုပ္႐ွင္က တစ္ဦးတည္းသာ သို႔မဟုတ္ အသင္းေလးတစ္သင္းသာအသက္႐ွင္ႏိုင္မည္ကိုပင္။

'မရဏေဖ်ာ္ေျဖပြဲ'ရဲ႕ သေဘာတရားကို သူသိပ္မသိေပ။ ႐ိႈးက သူတို႔ေနထိုင္သည့္ဟိုတယ္မွာပင္ စတင္ေနၿပီး သူတို႔ကိုယ္တိုင္က ႐ိႈးပြဲ၌ ပါဝင္ေသာသ႐ုပ္ေဆာင္‌မ်ားေတာင္ ျဖစ္ေကာင္းျဖစ္ႏိုင္သည္။

ဒါကို စုမင္စိတ္အပူဆုံးပဲ။

သူ႕ရဲ႕ကိုယ္ေရးကိုယ္တာေရးရာကို လွ်ိဳ႕ဝွက္ေစာင့္ၾကည့္ခံရတာကို သူမုန္းေပမဲ့ ႐ုပ္႐ွင္အ‌ေတြ႕ၾကဳံယူရင္းနဲ႔ ဒီလိုအရာေတြကို ေ႐ွာင္ဖို႔လည္း ေ႐ြးခ်ယ္ခြင့္႐ွိတယ္။

စုမင္အသာတၾကည္အသက္႐ွဴေလမႈတ္ထုတ္လိုက္သည္။

လဲ့လင္း‌ေျပာတာကိုၾကားေတာ့ လီခ်ီယြီသည္ သူလက္မွတ္ဝယ္ခဲ့စဥ္က ဝင္ပူးခံရသည္ဟု ပို၍ပို၍သံသယဝင္လာသည္။

ဒီေဖ်ာ္ေျဖပြဲအတြက္ သူ႕ဘ၀ကို လက္ေတြ႕က်က် ဖလွယ္ခဲ့တာပဲ။

ျဖဴေလ်ာ္‌ေနသည့္မ်က္ႏွာနဲ႔လူက ထိုေနရာမွာပဲဆက္ေစာင့္ေနေလသည္။ ဆူညံသံေတြ အရမ္းတိုးလာမွ သူလႈပ္႐ွားၿပီး ၫႊန္ၾကားခ်က္ကို ေစာင့္ေနသလိုပင္။

သူေတြးရင္း စုမင္မေပ်ာ္႐ႊင္ေတာ့ေပ။

သူက ၫႊန္ၾကားခ်က္ကိုေစာင့္ေနတယ္ ဆိုရင္ေတာ့ ဒီမွာျဖစ္ပ်က္ေနသမွ်ကို ၾကည့္ေနတယ္ဆိုတဲ့အဓိပၸာယ္ပဲ ... သူတို႔ကိုေစာင့္ၾကည့္ေနသလိုပင္။

နံရံေပၚ႐ွိအေရာင္မ်ားႏွင့္ အျခားအလားတူေနရာမ်ားသည္ အလြယ္တကူ ပုန္းေအာင္းႏိုင္ေသာ ေနရာမ်ားျဖစ္သည္။ ေသခ်ာဂ႐ုတစိုက္မၾကည့္ဘဲ ေစာင့္ၾကည့္ေနသလားဟု ေျပာရခက္တယ္။

စားေသာက္ခန္းဆီမွ အခ်ိဳ႕အရာေတြ ေက်ာင္းေထာင္က်ီးယူခဲ့ၿပီးေနာက္ သူတို႔အခန္း သူတို႔ျပန္ၾကေလသည္။

အခ်ိန္အေတာ္ၾကာ စုမင္ေတြးေတာခ်င့္ခ်ိန္ၿပီး ေနာက္ပိတ္ဆုံးနာရီပိုင္းၾကာ  ႏိႈးစက္အခ်ိန္ထားရန္ဆုံးျဖတ္ကာ တစ္ေရးတစ္ေမာအိပ္သည္။

ဒါေပမယ့္ နာရီဝက္ေလာက္မအိပ္ခင္မွာ တစ္ေယာက္ေယာက္က သူ႕တံခါးကို လာေခါက္တယ္။

စုမင္ထိတ္ခနဲျဖစ္သြားကာ အျပင္႐ွိလူကို အတည္ျပဳၿပီးမွ တံခါးဖြင့္၍ ေမးလိုက္၏ .."ဘာျဖစ္လို႔လဲ?"

လီခ်ီယြီတီးတိုးဆို၏ .."႐ိႈးပြဲၾကည့္ဖို႔အခ်ိန္က်ၿပီ ... ငါ့ကိုလည္းအခုမွအေၾကာင္းၾကားတာ ... ဒီဟိုတယ္ကေန ငါတို႔ထြက္သြားဖို႔လိုတယ္တဲ့"

ေစာေစာက လူတစ္ေယာက္က ေကာ္ရစ္ဒါေအာက္ထပ္ကို ဆင္းၿပီး လွမ္းေခၚကာ သူတို႔ထြက္လာေတာ့ မ်က္ႏွာျဖဴေဖ်ာ့ေဖ်ာ့ဝန္ထမ္းတစ္ေယာက္ကို ေတြ႕လိုက္ရတယ္။

ဝန္ထမ္းက အလြန္ေတာင့္တင္းေနၿပီး စကားသုံးလုံးသာေျပာသည္ .."ပြဲၾကည့္ဖို႔"

သူတို႔ဘာေမးေမး ဝန္ထမ္းက ထိုစာေၾကာင္းပဲထပ္ခါထပ္ခါ႐ြတ္ေတာ့ ... ေမးတာက အခ်ည္းအႏွီးျဖစ္တယ္ဆိုတာ လူတိုင္းေျပာႏိုင္တယ္။

ေက်ာင္းေထာင္က်ီးႏွင့္ လဲ့လင္းကိုလည္း သူေခၚလိုက္သည္။ ေလးေယာက္စလုံး ေအာက္ထပ္အတူတူဆင္းလာၾကေတာ့ ဟိုတယ္မွ အခ်ိဳ႕ဧည့္သည္ေတာ္ေတာ္မ်ားမ်ားလည္း ျခံဝင္းထဲ၌ ႏွစ္ေယာက္တစ္ဖြဲ႕ သုံးေယာက္တစ္ဖြဲ႕ျဖင့္ ေစာင့္ေနၾကသည္ကို ေတြ႕လိုက္ရသည္။

စုမင္ လူစုလူေဝးႀကီးကိုၾကည့္ၿပီး တီးတိုးေလးျဖင့္ .."လူေတြ နည္းသြားတယ္လို႔မထင္ဘူးလား?"

ေနာက္ဆုံးအႀကိမ္တုန္းက လူေပါင္းမ်ားစြာစားေသာက္ဆိုင္ထဲ ဝင္လာခဲ့စဥ္ အနည္းငယ္ရာေက်ာ္ေလာက္႐ွိမယ္လို႔ ခန္႔မွန္းမိေသာ္လည္း အခု ငါးဆယ္ဝန္းက်င္မွ်သာ႐ွိပုံေပၚသည္။

တစ္ဝက္ေလာက္ေပ်ာက္သြားၿပီး သူတို႔ဘယ္ေရာက္သြားၾကတာလဲ။

စုမင္မေကာင္းတဲ့ခံစားခ်က္ရေနသည္။ ဒီေဖ်ာ္ေျဖပြဲဟာ ေပ်ာက္ဆုံးေနသူေတြရဲ႕ေဖ်ာ္ေျဖမႈေတြကို ျပသဖို႔မျဖစ္ႏိုင္ဘူးလား?

လီခ်ီယြီအံ့အားသင့္စြာ .."ဒီေလာက္လူအမ်ားႀကီးေပ်ာက္သြားတာကို ျမင္ရတာ စိတ္မေကာင္းလိုက္တာ ... ကံေကာင္းတာက ငါတို႔ဒီမွာ႐ွိေနေသးတယ္......."

သူတို႔ေပ်ာက္သြားခဲ့ရင္ ဘယ္အခ်ိန္ျပန္ဆုံမလဲ သူတို႔မသိေပ။ ဒါမွမဟုတ္ ေကာင္းကင္ႏွင့္ေျမႀကီး ျခားသြားရင္လည္းျဖစ္ႏိုင္သည္။

သူတို႔အၾကာႀကီးမေစာင့္ရေပ။ ခဏမၾကာ ျခံဝင္းထဲဘတ္စ္တစ္စီးဝင္ေရာက္လာသည္။

ယာဥ္ေမာင္းက ေနာက္ထပ္ျဖဴေလ်ာ္ေလ်ာ္မ်က္ႏွာနဲ႔လူပဲ။ သူ႕မ်က္ႏွာကို အျဖဴအလႊာမ်ားစြာျဖင့္ ျခယ္သထားပုံရၿပီး အလြန္တရာတေစၧဆန္လြန္းတယ္။

ယာဥ္ေမာင္းသမားက ဘာမွမေျပာဘဲ ယာဥ္ေမာင္းခုံမွာပဲထိုင္ေနသည္။ တံခါးပြင့္လာၿပီး အဲယားကြန္းဘတ္စ္ကားရဲ႕ အတြင္းပိုင္းကို ျမင္ရတယ္။

အားလုံးလိုလို အခ်င္းခ်င္းၾကည့္ၾကၿပီး ဘယ္သူမွမတက္ရဲေပ။

အဆုံး၌ စုမင္အရင္သြားၿပီး ျပတင္းေပါက္ခုံကို႐ွာေတြ႕သြားေသာ္လည္း မွန္ျပတင္းကိုမဖြင့္ႏိုင္ဘူး။

အျခားသူမ်ားက ‌သူတို႔ေလးေယာက္တက္သြားတာျမင္ေတာ့ တျဖည္းျဖည္းေနာက္ကလိုက္တက္လာၾကသည္။

ဘတ္စ္ကသိပ္မႀကီးေပမဲ့ အားလုံးဘတ္စ္ေပၚေရာက္သည့္အခါ လုံးဝျပည့္သြားခဲ့သည္။ က်န္တဲ့လူေတြအတြက္ ထိုင္ခုံအေရအတြက္ကို ႀကိဳတင္စီစဥ္ထားသလိုပဲ။

"ဘယ္ကိုသြားေနတာလဲ?"

"ေကာင္းကင္ကို ... ဒါက ဘယ္လိုပြဲလဲ?  လက္မွတ္ကလည္း ဘာမွ မေျပာထားဘူး ... မသြားလို႔ မရဘူးလား"

"ဘာလို႔ ငါတို႔ ညဘက္မွသြားရတာလဲ? ေန႔အခ်ိန္ဘာလို႔မဟုတ္တာလဲ? ဟိုတယ္ရဲ႕တာဝန္ခံဘယ္မွာလဲ? သူတို႔
နည္းနည္းပိုၿပီး တာဝန္မယူႏိုင္ဘူးလား"

စုမင္သည္ ဤဘတ္စ္ကား၏ ဦးတည္ရာသည္ ေဖ်ာ္ေျဖေရးေနရာ ျဖစ္သင့္သည္ဟု အလိုလို ခံစားမိသည္။

ေကာင္းကင္သည္ ေမွာင္ေနၿပီျဖစ္ကာ အျပင္မွ ျမဴမ်ားေၾကာင့္ အရာရာကို ႐ွင္း႐ွင္းလင္းလင္း မသိရေပ။  ဟိုတယ္ဂိတ္တံခါးက ျဖည္းညႇင္းစြာပြင့္လာၿပီး ဘတ္စ္ကားသည္ ဟိုတယ္မွ ထြက္ခြာ‌ေလတယ္။

ေမွာင္မိုက္ေနေသာျမဴခိုးျမဴ‌ေငြ႕မ်ားက ဘတ္စ္ကားကို ဝိုင္းရံထားကာ အထဲဝင္ခ်င္ေနပုံရေသာ္လည္း မဝင္ႏိုင္၍ တဝဲလည္လည္ျဖစ္ေနသည္။

စကားဝိုင္းေလးမ်ားသည္ ဘတ္စ္အတြင္းျပည့္ႏွက္ေနသည္။  စုမင္ မွန္ျပတင္းကိုမွီ၍ အျပင္ဘက္ လမ္းေၾကာင္းကိုၾကည့္ရန္ ႀကိဳးစားေပမဲ့ အခ်ည္းႏွီးသာ..။

အေမွာင္ထုႀကီးထဲတြင္ တစ္ခုတည္းေသာအလင္းေရာင္အရင္းအျမစ္မွာ ဘတ္စ္ကားျဖစ္သည္။

ေက်ာင္းေထာင္က်ီးအတန္ငယ္ေၾကာက္႐ြံ႕ၿပီး .."ငါတို႔ကိုတစ္ေနရာရာ ေခၚသြားၿပီး အစုလိုက္အျပဳံလိုက္ သတ္ျဖတ္ခံရမွာလား? colosseumမွာလိုမ်ိဳးေလ"

Colosseumကို လူတိုင္းသိၾကသည္။ ေသြးသံတရဲရဲႏွင့္ ရက္စက္ၿပီး ဒီလိုေနရာမ်ိဳးမွာ သူတို႔ကိုထားလိုက္တာနဲ႔ မၾကာခင္ ေသရေတာ့မယ္လို႔ ေျပာလို႔ရတယ္။

လီခ်ီယြီက .."မဟုတ္တ႐ုတ္ေတြ မခန္႔မွန္းနဲ႔ ... အဲလိုျဖစ္မွာမဟုတ္ဘူး"

သူေျပာလိုက္ေသာ္ျငားလည္း သူကိုယ္တိုင္နည္းနည္းထိတ္လန္႔ေနမိသည္။

စုမင္ဘာမွ‌မေျပာေပ။ သူ ဟိုတယ္က အျဖစ္အပ်က္ေတြကို ျပန္စဥ္းစားၿပီး လက္႐ွိ အေျခအေနကို ျပန္ေတြးေတာသည့္အခါ ဆက္စပ္မႈ႐ွိသည္ကို သူသေဘာေပါက္သြားခဲ့သည္။

မသိရေသာအခ်ိန္ကာလတစ္ခုအတြင္း ဘတ္စ္ကားသည္ ေမာင္းႏွင္လာခဲ့ၿပီး အျပင္ဘက္တြင္ အလင္းတန္းေလးမ်ား ႐ုတ္တရက္ေပၚလာသည္။

သူတို႔ႏွင့္ အလြန္ေဝးလံၿပီး အလင္းေရာင္မွာ ဝိုးတဝါးျဖစ္ေနေပမဲ့ ဘတ္စ္ကားကို လမ္းျပခဲ့သည္။

ဘတ္စ္နီးလာေလ အကြာေဝးမွအလင္းေရာင္ထင္႐ွားလာေလပဲ။

စုမင္သည္ လမ္းႏွစ္ဘက္လုံး ဗလာဟင္းလင္းျဖစ္ေနသည္ကို ျမင္လိုက္ရသည္။ ျမက္ပင္မ်ားႏွင့္ သစ္ပင္မ်ားသာ႐ွိကာ အေဆာက္အဦးေတြ အိမ္ယာေတြ တစ္အိမ္တစ္ေလမွေတာင္မ႐ွိေပ။

ဘတ္စ္ကားထဲမွ လူမ်ားသည္အတန္ငယ္ေၾကာက္လန္႔ေနၾကေပမဲ့ အိပ္ေမာက်သြားသည့္လူမ်ားလည္း႐ွိသည္။ သူတို႔ႏိုးလာတဲ့အခါ စိုးရိမ္စိတ္မ်ားဝင္လာၿပီး စတင္ဆူညံလာျပန္သည္။

ဘာျဖစ္ျဖစ္ သူတို႔သည္အလြန္ဆိတ္ညံေသာအရပ္၌႐ွိၾကၿပီး ယခင္ေပ်ာက္ဆုံးမႈမ်ားအေပၚ ထပ္ေလာင္းေျပာရရင္ အားလုံးကစိုးရိမ္ထိတ္လန္႔ေနၾကသည္။

စုမင္တို႔ဘက္ကေတာ့ တိတ္ဆိတ္ေနၿမဲ။

ေက်ာင္းေထာင္က်ီးသည္ ႐ုတ္တရက္ တစ္ေနရာကိုၫႊန္ျပရင္း .."အဲ့သစ္ပင္ကိုၾကည့္စမ္း!"

သူမအသံက သိပ္မေပ်ာ့သျဖင့္ ဘတ္စ္ကားေပၚမွလူတိုင္းၾကားရသည္။ သူတို႔၏မ်က္လုံးမ်ားက သစ္ပင္ေပၚသို႔ ေ႐ြ႕လ်ားသြားကာ ဘတ္စ္ကား၏ အေနအထားျဖင့္ သူတို႔တို႔သည္ ၎ကို ႐ွင္း႐ွင္းလင္းလင္းျမင္လိုက္ၾကသည္။

ထိုသစ္ပင္သည္ ေထာင့္တစ္ဝိုက္တြင္႐ွိၿပီး ပုံမွန္စိမ္းလန္းစိုေျပတဲ့သစ္ပင္မဟုတ္ေပ။ ထိုအစား ၎သည္ ေဟာင္းႏြမ္းေနေသာသစ္ပင္တစ္ပင္ျဖစ္ၿပီး အကိုင္းအခက္တို႔သည္ ဖုထစ္လိမ္က်စ္ေနလ်က္ ေကာက္ေကြးစြာကပ္ေနၾကသည္။

ထိုသစ္ပင္၏ပင္စည္သည္ အေတာ္ေလးထူၿပီး လုံးပတ္တစ္ခုလုံးကို ေပြ႕ဖက္ႏိုင္ရန္ လူေပါင္းမ်ားစြာ လိုအပ္မည္ျဖစ္သည္။  ပင္စည္အလယ္တြင္ အခြၽန္အတက္တစ္ခုေငါထြက္ေနၿပီး မသိရင္မ်က္ႏွာမွာေပါက္ေနတဲ့ဝက္ျခံနဲ႔တူကာ အလြန္ထူးဆန္းတယ္။

ကားနီးလာေလ ပင္စည္မွာထင္႐ွားလာေလျဖစ္သည္။

ေနာက္ဆုံး သစ္ပင္၏မူရင္းသ႑ာန္ကို စုမင္ျမင္ႏိုင္သြား‌သည္။

ဒါက သာမန္ေငါထြက္ေနတာမဟုတ္ဘဲ မေရမတြက္ႏိုင္ေသာမ်က္ႏွာမ်ားက ပင္စည္မွ ျပဴထြက္ေနသည္ပင္..။

*********************

Colosseum

႐ိႈးပြဲၾကည့္ရေတာ့မယ္

Sry for misspelling

Thanks all ❤️
November 30, 2021
----------------------------------------------------------------

Continue Reading

You'll Also Like

169K 3.8K 56
When the Princess of SAMCRO returns from four years abroad, she isn't alone. The sole daughter of Gemma and JT had a child while in France and only r...
23.8K 575 6
مافيا - حب - قسوه - غيره renad231_5
11.3K 830 28
The transfer student couldn't me anything more special.But part of me want to help her.Why? Sooha thought to herself, she decided to help the new st...
82K 2.6K 32
A teenage introverted is what Y/N was who prefers to have her space and to be left alone. She likes to music while being in her room, and it was grea...