Unicode
ဒါဆိုလည်း ကျွန်တော်လက်ထပ်လိုက်ပါ့မယ်
__________________________________
ယန်ချင်းရှီ စိတ်အနှောက်အယှက်ဖြစ်စွာ နှုတ်ခမ်းကိုစူလိုက်ရင်း
''ကိုကို ကျန်းအိမ်ကပြဿနာကို ဘယ်လိုထင်လဲ သူတို့စီးပွားရေးက ညီမလေးတို့ထက် ပိုကြီးပြီး ပိုအာဏာရှိလို့လား ညီမလေးတို့က သာမန်မိသားစုဖြစ်နေလို့ ညီမလေးတို့ကို အထင်အမြင်သေးတာလား 'ကျန်းမော့ချန်က ယောကျ်ားပဲကြိုက်တာ မိန်းမ မကြိုက်ဘူး' 'မင်းကိုမလှည့်စားချင်လို့' အဲ့လိုတွေအထိပြောစရာလိုလား ပြီးတော့ စေ့စပ်ထားတဲ့သူကိုလည်း စိတ်တိုင်းကျ ပြောင်းချင်သေးတယ် အဲ့ဒါဘာကြီးလဲ သူ့ကိုယ်သူ ယောကျ်ားကြိုက်လား မိန်းမကြိုက်လားတောင်မသိဘူး ဘာလို့အခုမှ ဒါတွေလာပြောရတာလဲ ဘာလဲ ညီမလေးတို့မိသားစု အရှက်တကွဲဖြစ်အောင်လုပ်တာလား ''
''အိုး နင်အထင်လွဲနေတာပါ ''
ယန်ချင်းချီအထင်အရတော့ ကျန်းမော့ချန်က ယောကျ်ားတွေကိုကြိုက်နှစ်သက်တယ်ဆိုတာ သူ့ကိုယ်သူ မသိခဲ့ပုံပေါ်သည်။ ယောကျ်ားတွေကို ကြိုက်တယ်ဆိုတာ သိသွားတာကလည်း ကြာပန်းဖြူလေးကြောင့်ပဲ။ ကြာပန်းဖြူလေးကိုတွေ့မှ အချစ်စိတ်တွေပေါက်ဖွားလာတာကို။
ပြောရမယ်ဆိုရင်တော့ ကြာပန်းဖြူလေးက ဒီဝတ္ထုရဲ့ shouပဲ။ ဒီဝတ္ထုရဲ့shou တဖြစ်လဲ ကြာပန်းဖြူလေးသည် အလွယ်လေး တွန်းလှဲချလို့ရသည်အထိ သေးသွယ်ကျစ်လျစ်ပြီး နူးညံ့ပျော့ပျောင်းသည်။ အကြောင်းအရင်းရေရေရာရာမရှိပဲအော်ငိုတတ်မည်။ ထို့အပြင် shouကြိတ်ကြိုက်နေသူမှာ သူ၏စီနီယာဖြစ်ကာ ကံမကောင်းစွာပဲ ဟိုကလည်းအဖြောင့်စစ်စစ်။ သူ့ကသူ့နှလုံးသားလေးပေးပြီး တကောက်ကောက် လိုက်တဲ့အချိန်မှာပဲ ဟိုကအဖြောင့်မို့လက်မခံတော့ 'ခရက်ခ်'ခနဲ နှလုံးသားတွေတစစီ ကြေကွဲသွားရော။ အဲ့အချိန်မှာ ကွဲသွားတဲ့ နှလုံးသားလေးကို တစ်စစီ ပြန်ကောက်ပြီး တိတ်နဲ့ပြန်ကပ်နေတဲ့အချိန် ကျန်းမော့ချန်နဲ့စတွေ့ခဲ့တာ။
ကျန်းမော့ချန်ဆိုတာ အထက်တန်းလွှာလူချမ်းသာမိသားစုကနေမွေးဖွားလာတဲ့ မင်းသားလေး သူကိုယ်တိုင်ကလည်းထူးချွန်ထက်မြက်သည့်သူ။ ကျောင်းမှာဆို သူကအတော်ဆုံးကျောင်းသားလည်းဖြစ်သလို ကျောင်းသူလေးတွေအကြိုက် မြက်ရိုင်းလေးတစ်ပင်လည်း ဖြစ်သည်။ ဘွဲ့ရပြီးတဲ့နောက် အနုပညာလောကထဲဝင်လာပြီး သူ့ရဲ့နောက်ခံနဲ့ မွေးရာပါသရုပ်ဆောင်ပါရမီအစွမ်းကြောင့် အသက်၂၇နှစ်မှာတင် Gold Osmanthus Award အကောင်းဆုံးဇာတ်ဆောင်အမျိုးသားဆုကို ထူးထူးချွန်ချွန်ရရှိခဲ့ကာ ရုပ်ရှင်ဧကရာဇ်ဖြစ်လာခဲ့သည်။
သူ့ဘဝတစ်လျှောက်မှာ မရေမတွက်မတွက်နိုင်သော ယောကျ်ားမိန်းမအစုံတွေ့ခဲ့ဖူးသည်။ သူ့ကိုဆွဲဆောင်မဲ့သူ သူ့ကိုလိုက်ပိုးမဲ့သူ သူ့ကိုကပ်ချင်တဲ့သူ ငယ်ရွယ်ပြီးဆွဲဆောင်မှုရှိတဲ့ ယောကျ်ားမိန်းမအစုံ သူ့တွင်ပြတ်လပ်မနေ။ ဒါပေမဲ့ ကျန်းမော့ချန်က မမြင်ဟန်ဆောင်ခဲ့ကာ shouနဲ့မှ အချစ်ဆိုသည့်အရာအား စတင်ထိတွေ့ခဲ့သည်။ ပြောရမယ်ဆိုရတော့ တစ်ခုခုဝင်ရောက်ပူးကပ်သွားသလိုပဲ။ Shouရဲ့ ဘယ်အရာက သူ့ကိုဘယ်လိုစိတ်ဝင်စားသွားစေတယ်ဆိုတာကတော့ ဘယ်သူသိမှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီယောကျ်ားက shou တွေ့တာနဲ့ပြေးပြီး shouအလိုကိုလိုက် အရာရာဖြည့်ဆည်းပေးနေတာကတော့ အမှန်တရားတစ်ခုပင်ဖြစ်သည်။
'မင်းမှာ သရုပ်ဆောင်ဖို့ သင့်တော်တဲ့ဇာတ်ကောင်မရှိဘူးလား ငါကူညီမယ်'
'မင်းမဂ္ဂဇင်းမျက်နှာဖုံးမရိုက်ရဘူးလား လာအတူတူရိုက်ရအောင်'
'မင်းကြော်ငြာတွေမရိုက်ရဘူးလား ငါ့ကိုကမ်းလှမ်းတာတွေခွဲပေးမယ်'
အဲ့လိုနဲ့ သူနဲ့ကြာပန်းဖြူလေးက onlineပေါ်မှာ fujoshiတွေ shipတဲ့ cpဖြစ်လာအောင် သူကိုယ်တိုင်ပဲဖန်တီးခဲ့သည်။
ခက်တာက သူဘယ်လောက်ပဲကောင်းပေး ကောင်းပေး ဒီ shou ကကြာပန်းဖြူလေ။ ကြာပန်းဖြူဆိုတဲ့နာမည်အတိုင်း ကြာပန်းဖြူလိုပဲပြုမူမှာပေါ့။ တဖက်မှာတော့ စီနီယာဆီကရလာမဲ့အချစ်တွေကိုမျှော်ကိုးပြီး ကျန်းမော့ချန်ဆီကလည်း ရတာယူမယ်။ အခြားတဖက်မှာတော့ 'ငါဒီလိုမလုပ်သင့်ဘူး' 'ငါသူ့ကိုမချစ်နိုင်ဘူး' 'ငါချစ်နေတာ သူမှသူ' ဆိုပြီး ဟိုမလွှတ် ဒီမလွှတ်နဲ့ သပွတ်အူလုပ်ကာ တဝါးဝါး အော်ငိုနေလိမ့်မယ်။
အဲ့နောက်မှာပဲ ကြာပန်းဖြူလေးက ပြည်ပထွက်ပြီး စီနီယာနောက်လိုက်သွားမှ ကျန်းမော့ချန်တစ်ယောက် ရင်နာနာနဲ့အားလုံးအဆုံးသတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့သည်။
မူလဇာတ်လမ်းသဘောအရဆိုရင်တော့ မူလပိုင်ရှင်က ကျန်းမော့ချန်အား ငြင်းဆန်ခဲ့သည်။ ကျန်းမော့ချန်က မူလပိုင်ရှင်အပေါ် ဘယ်လောက်ပဲခံစားချက်မရှိဘူးဆိုဆို ခဏခဏအငြင်းခံရပါများတော့ စိတ်အနှောက်အယှက်ဖြစ်လာသည်။ စိတ်ပြေလက်ပျောက်ဖြစ်အောင် အရက်သွားသောက်စဥ် ပြည်ပကကြာပန်းဖြူလေးနှင့်ထပ်အဆက်အသွယ်ရခဲ့သည်။ ကျန်းမော့ချန်က လက်ထပ်ဖို့ပြင်ဆင်နေသည်ကို ကြာပန်းဖြူလေးသိသွားတော့ 'အင်းပေါ့ ဘယ်သူကအခြေမကျချင်မှာလဲ သူကတော့ ဒီဘဝအခြေတကျမဖြစ်နိုင်လောက်တော့ဘူး ဒီဘဝတော့ ပြန်လာရင်တောင် မှီခိုစရာ အိမ်ဆိုတဲ့နေရာတစ်ခုမရှိလောက်ပါဘူး' ဟု အယောင်ယောင်အမှားမှားဖြစ်စေမည့် အရိပ်အခြေအချို့ပေးပြန်သည်။
ဘယ်လိုလုပ် ကျန်းမော့ချန်ဆိုတဲ့လူက သူ့အချစ်ကလေး ငြီးငြူနေတာကိုကြည့်ရက်မှာတဲ့လဲ။ သူကချက်ချင်းပဲ ဒါမျိုးလုံးဝဖြစ်လာမှာမဟုတ်ဘူး။ တကယ်လို့ကြာပန်းဖြူလေးသာ ကြည်ဖြူရင် သူကမိသားစုအရိပ်အမြုံ ဆိုသည့်နေရာတစ်ခုပေးနိုင်တယ် ဆိုပြီးကြေငြာလိုက်တာပေါ့။ သို့သော်ငြား ကြာပန်းဖြူလေးက ဖုန်းမချခင် ပြုံးရုံပဲပြုံးကာ တိကျသည့်အဖြေပြန်မပေးခဲ့။
အိုက်! ယန်ချင်းချီတယောက်သက်ပြင်းမောကြီးချမိလိုက်သည်။ တကယ်လို့ဝတ္ထုမဖတ်ဖူးတဲ့သူသာ ဒီပုံစံကိုမြင်ကြည့်လိုက်စမ်း။ ဘယ်သူက ကျန်းမော့ချန်ကို အဓိကဇာတ်လိုက်လို့ထင်မှာလဲ။ ဒုတိယဇာတ်လိုက်ထက်တောင် သနားဖို့ကောင်းသေး။
သူလည်းသူ့ကိုယ်သူ အတော်လေးကံဆိုးပါလားဟု ယန်ချင်းချီခံစားမိသည်။ အကြောင်းမှာ အိမ်မှာအိပ်နေရင်း ရုတ်တရက်ကြီး ကျပန်းကူးပြောင်းခံလိုက်ရသောကြောင့်ပင်။ သူက သူ့ကမ္ဘာမှာအေးဆေးနေပြီး မိသားစုစီးပွားရေးပဲ ဆက်ခံချင်တာပါနော်။ ဘယ်လို့ အခြားတယောက်မဟုတ်ပဲ သူရောက်လာရတာလဲ။
''ကိုကို ဘာတွေတွေးနေတာလဲ '' ယန်ချင်းရှီတယောက် အတွေးကမ္ဘာထဲနစ်ဝင်နေသော ယန်ချင်းချီအား လှမ်းပုတ်လိုက်သည်။
သူ သူမအားလှည့်ကြည့်လိုက်ကာ
''အဖေနဲ့အမေရော ''
ယန်ချင်းရှီ မိဘတွေအိပ်ခန်းအား လက်ညှိုးထိုးပြလိုက်ပြီး
''သူတို့ ကျန်းအိမ်ကလူပြန်သွားကတည်းက အဲ့ထဲကနေ မထွက်တော့ဘူး '' ဟုပြောသည်။
''ငါသွားကြည့်လိုက်ဦးမယ်''
သူထကာ အိပ်ခန်းဆီသို့လျှောက်သွားလိုက်သည်။
တံခါးက စေ့ရုံပဲစေ့ထားတာကြောင့် အဖေယန်နဲ့အမေယန်၏ စကားများကို အိပ်ခန်းနားနီးလာလေ ရှင်းလင်းစွာကြားရလေဖြစ်သည်။ ယန်ချင်းချီခဏရပ်ကာ အထဲကစကားသံများကိုနားထောင်နေလိုက်သည်။ ယန်အမေမှာ ငိုသံဖြင့် ဤသို့ပြော၏။
''အားလုံးရှင့်အမှားပဲ ရှင့်ရဲ့ အဲ့ဒီ့အတန်းဖော်ကိုမယုံရဘူးလို့ ကျွန်မ မပြောဘူးလား ရှင်ယုံတယ်လေ အခုတော့ အားလုံးသွားပြီ သန်း၅၀!! အခု ကျွန်မတို့ ဘယ်လိုပြန်ပေးမလဲ ကျန်းအိမ်ကလည်း ရှောင်ရှီကို လက်မထပ်ဘူးလို့ပြောတယ် ကျွန်မတို့အဲ့ သန်း၅၀ ဘယ်ကသွားရှာရမလဲ ''
''ငါတို့ သူတို့ဆီက ချေးလို့ရရင်ရမှာပါ ငါတို့ခမည်းခမက်တွေမဖြစ်နိုင်ပေမဲ့လည်း အဖေနဲ့ အဖိုးကြီးကျန်းက အရမ်းခင်တဲ့သူငယ်ချင်းတွေမလား မျက်နှာသာတော့ပေးလောက်ပါရဲ့ ''
''အော အဖိုးကြီးကျန်း အသက်ရှင်နေသေးရင်တော့ ရှင့်စကားက မှန်ရင်မှန်မှာပေါ့ အခုအဖိုးကြီးကျန်းက မရှိတော့ဘူးလေ ပြီးတော့ ဒီလောက်အရေးကြီးတဲ့ စေ့စပ်ပွဲအကြောင်းပြောတာတောင် သူ့မိဘတွေလိုက်လာလို့လားပြော ရှောင်ချန်တစ်ယောက်ထဲလာတာလေ ရှင်ပြောကြည့် အခုပုံက သူတို့ ကျွန်မတို့မိသားစုကို မျက်နှာသာပေးတဲ့ပုံစံလား ''
''ဒါဆိုလည်း ငါက ဘယ်လိုလုပ်ပေးရမလဲ ရှောင်ချီကို ပြေးပြီးတော့ လက်ထပ်ခိုင်းရမှာလား ရှောင်ချီကလည်း ယောကျ်ားတွေကိုကြိုက်တာမှ မဟုတ်တာ ရှောင်ချန်နဲ့အတင်းလက်ထပ်ခိုင်းလိုက်မှ မင်း သားက ပိုဆိုးသွားမယ်မထင်ဘူးလား အိုင်း!''
အဖေယန်က သက်ပြင်းရှည်ကြီးချလိုက်တော့သည်။ ''ငါ တခြားနည်းလမ်းတွေ ရှိဦးမလားလို့ စဥ်းစားကြည့်ပါဦးမယ် ငြိမ်ငြိမ်နေစမ်းပါဦး ''
အမေယန်ကတော့ ငိုနေပုံပေါက်သည်။ သူမ၏တရှုံရှုံအသံက အခန်းပြင်ကနေတောင် အရှင်းသားကြားနေရသည်။ ''ကျွန်မတို့ဘယ်လိုလုပ်ကြမလဲ ဘာလို့ ကျွန်မတို့မှ ဒီလိုဖြစ်လာရတာလဲ ''
အဲ့အချိန်မှာပဲ ယန်ချင်းချီသတိရသွားခဲ့သည်။ ဟုတ်တယ် သူမေ့နေခဲ့တာ။ ဝတ္ထုထဲတွင် မူလပိုင်ရှင်၏မိဘများသည် အကြွေးတင်နေခဲ့သည်။ သူစိတ်ထဲ သက်ပြင်းတစ်ခု မချမိပဲမနေနိုင်ခဲ့။ သူတို့ဘာလုပ်နိုင်မှာလဲ။ ချမ်းသာတဲ့မိသားစုတစ်စုနဲ့ ခမည်းခမက်ကောက်တော်လိုက်တာက အမှန်ကန်ဆုံးနဲ့အလျင်မြန်ဆုံးဖြေရှင်းနည်းပဲဟာ။ ယွမ်သန်း၅၀လေ ယွမ်၅ထောင်မဟုတ်ဘူး။ လွယ်လွယ်ကူကူနဲ့ ဘယ်နေရာကရမှာလဲ။ မရှိဘူးဆိုတိုင်း မိုးပေါ်ကကျလာမှာကိုထိုင်စောင့်နေလို့မှမရတာ။ အကြွေးလာတောင်းတဲ့လူတွေအိမ်တံခါးလာခေါက်တာကိုစောင့်နေမှာလား။ အဲ့လူတွေက သူ့ကို ပြဿနာလာရှာရင်တော့ ကိစ္စမရှိပေမဲ့ ယန်ချင်းရှီကိုတစ်ခုခုလုပ်သွားရင်ရော။ ယန်ချင်းချီ ထိုအရာများစဥ်းစားမိသောအခါ လက်ထပ်လိုက်တာအကောင်းဆုံးဟု တွေးမိသည်။ သူလက်ထပ်လိုက်ရင် ကျန်းမော့ချန်ဆီကနေ သန်း၅၀ ချေးလို့ရပြီ။ ဒီနည်းလမ်းက မိသားစုပြဿနာဖြေရှင်းပြီးသလို သူလည်းအခြေတကျဖြစ်သွားမည်ဖြစ်သည်။
မူလပိုင်ရှင်ကတော့ အမြင်မြူဖုံးနေပေမဲ့ သူကတော့ရှင်းရှင်းလင်းလင်းမြင်ရသည်။ ကျန်းမော့ချန်က ပိုင်ဆိုင်လိုစိတ်ကြီးပြီး ကြာပန်းဖြူမှကြာပန်းဖြူဖြစ်နေပေမဲ့ သူ့တွင် ရုပ်ရည်နှင့် နောက်ခံရှိသည်။ ကြီးကြီးမားမား အပြစ်ဟူ၍မရှိ။ တကယ်လို့ သူသာ ကျန်းမော့ချန်နှင့် လက်ထပ်လိုက်မည်ဆိုလျှင် မူလဝတ္ထုဇာတ်ကြောင်းနှင့် သွေဖည်သွားလိမ့်မည်ဖြစ်သည်။ အဲ့လိုဆိုလျှင်တော့ ဒီကမ္ဘာပေါ်ရှိသက်ရှိအားလုံးကို အစစ်အမှန်တွေဟုမှတ်ယူပြီး စာအုပ်တစ်အုပ်လို့ထင်မှတ်မနေပဲ သူလည်း ဘဝသစ်စကာ သေချာနေထိုင်သင့်ပြီဖြစ်သည်။
ထိုသို့တွေးမိသည်နှင့် ယန်ချင်းချီတံခါးကို ဖြေးညင်းစွာခေါက်လိုက်သည်။ အံ့အားသင့်သွားသော ယန်အဖေ ယန်အမေတို့၏ တုံ့ပြန်မှုကိုတောင် မစောင့်ပဲ တံခါးကိုတွန်းဖွင့်ကာ အထဲဝင်လိုက်သည်။ အခုထိအသိမကပ်သေးသည့် အဖေယန်ကိုတလှည့် မျက်လုံးများနီရဲနေသည့် အမေယန်ကိုတလှည့်ကြည့်ကာ တောက်ပစွာပြုံးပြရင်း စကားစလိုက်သည်။
''ရှောင်ရှီပြောတာတော့ သူ(မ)နဲ့စေ့စပ်ထားတဲ့သူက သူ(မ)နဲ့လက်မထပ်ချင်ပဲ ကျွန်တော်နဲ့လက်ထပ်ချင်တယ်လို့ ကြားတယ် ''
အမေယန်က မတ်တပ်ထရပ်လိုက်သည်။ မျက်နှာအမူအရာက စိုးရိမ်ဟန်ဖြင့် စကားမှားပြောမိမှာကို စိတ်ပူနေသည့်အလား
''ရှောင်ရှီက လျှောက်ပြောနေတာ သား သူ(မ)ပြောတာမယုံနဲ့ ''
''တကယ်လား '' ယန်ချင်းချီ တံခါးဘောင်ကိုမှီကာ
''ကျွန်တော်က သဘောတူတယ်လို့ပြောမလို့ပါ အမေ အဖေ အရင်က ကျွန်တော် အမေတို့ကို လန့်သွားမှာစိုးလို့မပြောတာ အမှန်က ကျွန်တော် ယောကျ်ားတွေပဲကြိုက်တာ မိန်းမတွေမကြိုက်ဘူး ''
အမေယန်က အံ့သြထိတ်လန့်သွားကာ အဖေယန်ကတော့ မယုံကြည်နိုင်စွာနှင့် ထပ်မေးသည်။
''မင်းဘာပြောလိုက်တာ''
''ကျွန်တော်ပြောချင်တာက ကျွန်တော်လည်းယောကျ်ားတွေကိုကြိုက်တယ် ကျန်းမော့ချန်လည်းယောကျ်ားတွေကိုကြိုက်တယ်ဆို ဘာလို့သူတို့ တောင်းဆိုတဲ့အတိုင်း လက်မထပ်လိုက်ရမှာလဲ သူ့အရည်အသွေးတွေ အရည်အချင်းတွေကလည်းမဆိုးဘူးလေ ကျွန်တော့်အတွက် သင့်တော်တဲ့အိမ်ထောင်ဖက်ဖြစ်လောက်မှာပါ ''
အဖေယန် အံ့သြမှုကြောင့် တုံ့ခဲသွားသည်မှာ စကားပင်ထက်မပြောနိုင်တော့
''မင်းတကယ်ပြောနေတာလား ''အမေယန်က ဂရုတစိုက်မေးသည်။
ယန်ချင်းချီ ခေါင်းငြိမ့်ပြလိုက်ကာ
''အင်း ကျွန်တော်လည်းအသက်ပြည့်ပြီပဲဟာ လက်ထပ်လို့ရနေပါပြီ ''
အဖေယန်နဲ့အမေယန်မှာ သူ့ကိုတွေဝေစွာကြည့်ရင်း ပြောစရာစကားပျောက်ဆုံးနေခဲ့လေသည်။
သူတို့ စိတ်သက်သာရာရအောင် ယန်ချင်းချီတစ်ယောက် တည်ငြိမ်အေးဆေးကာ နွေးထွေးပြီး သက်တောင့်သက်သာရှိသော အပြုံးလေးပြုံးပြလျက်
''ဒါဆိုလည်း အမေတို့ဆက်ဆွေးနွေးကြလေ မီးဖိုချောင်ထဲ တခုခုရှိမလား သွားကြည့်လိုက်ဦးမယ် အခုတလော ဟင်းချက် variety show တစ်ခုအတွက် ဟင်းချက်အစမ်းလေ့ကျင့်နေတာ အမေတို့ရှေ့ သင်ထားတာတွေ တစ်ပွဲ နှစ်ပွဲလောက်တော့ ထုတ်ကြွားရမယ် ''
ယန်ချင်းချီ ထွက်သွားကာ တံခါးကိုပြန်ပိတ်ခဲ့သည်။ အဖေယန်နဲ့အမေယန်မှာ ပိတ်သွားသောတံခါးလေးကိုကြည့်ပြီး တယောက်နဲ့တယောက်ပြန်ကြည့်လိုက်ကြသည်။
'' ရှင်ပြောကြည့်! ရှောင်ချီ ကျွန်မတို့ပြောတာကြားပြီး ကျွန်မတို့ဒုက္ခရောက်မှာစိုးလို့ သူဒီစကားမျိုးပြောတာလား ''
အဖေယန် ထိုမေးခွန်းအား ခေတ္တစဥ်းစားကာ လက်သင့်မခံနိုင်သောအမူအရာဖြင့်
''ဒါပေမဲ့ ငါတို့သားကအဲ့လောက်ထိ မသိတတ်ဘူးလေ ''
အမေယန် ရပ်သွားကာ လက်ခံသလို ခေါင်းငြိမ့်လိုက်ပြီး
''ဟုတ်တယ်နော် သူထမပေါက်ကွဲတာတင် တော်လှပြီ သူ ဘယ်လိုလုပ်ကျွန်မတို့အတွက် ထည့်စဥ်းစားပြီး အနစ်နာခံပေးမှာလဲ ဒါဆို သူ တကယ်ကြီးယောကျ်ားတွေကို ကြိုက်တာလား ရှောင်ချန်ကမဆိုးဘူးလို့လည်းပြောသွားသေးတယ် သူတကယ် လက်ထပ်ဖို့ဆန္ဒရှိတာလား ''
အဖေယန် သက်ပြင်းချလိုက်ကာ
''ဘယ်သူသိမှာလဲ ဘယ်လိုဖြစ်လာမလဲ စောင့်ကြည့်ရအောင်လေ တကယ်လို့ သူတကယ် လက်ထပ်ဖို့ဆန္ဒရှိတယ်ဆိုရင်တော့ ''
သူထပ်၍ သက်ပြင်းချလိုက်ရင်း ထိုင်ခုံပေါ် အကူအညီမဲ့စွာ မှီချလိုက်သည်။
''အဲ့လိုပဲထားလိုက်တော့လေ ရှောင်ချန်ကလည်းမဆိုးပါဘူး အဆင်ပြေမဲ့အိမ်ထောင်ဖက်ဖြစ်လောက်မှာပါ။ ''
အမေယန် ဘာမှဆက်မပြောတော့ပဲ ပူဆွေးသောကရောက်စွာ မျက်ရည်များကို သုတ်လိုက်သည်။
''ဘယ်လိုတွေဖြစ်လာရတာလဲ''
သူမ သက်ပြင်းချကာ နောက်တဖန် ထပ်ငိုမိပြန်သည်။
~~~~~~~~~~~~~~~~~~~~~~~~
ဒီစာရေးသူမှာပြောစရာရှိတယ် :
ဝတ္ထုက လိင်တူလက်ထပ်တာကို လက်ခံတဲ့ အခြေအနေမှာ ဇာတ်အိမ်တည်ထားတာပါ ကျန်းမိဘတွေက မင်္ဂလာကိစ္စပြောရာမှာလိုက်ချင်ပေမဲ့ Gong ကမခေါ်တာပါ နောက်တစ်ပိုင်းမှာ gong နဲ့ shou စတွေ့ပါပြီ
nini မှာတော့ ပြောစရာမရှိပါ။ (◕ᴗ◕✿)
Zawgyi
ဒါဆိုလည္း ကြၽန္ေတာ္လက္ထပ္လိုက္ပါ့မယ္
__________________________________
ယန္ခ်င္း႐ွီ စိတ္အေႏွာက္အယွက္ျဖစ္စြာ ႏႈတ္ခမ္းကိုစူလိုက္ရင္း
''ကိုကို က်န္းအိမ္ကျပႆနာကို ဘယ္လိုထင္လဲ သူတို႔စီးပြားေရးက ညီမေလးတို႔ထက္ ပိုႀကီးၿပီး ပိုအာဏာ႐ွိလို႔လား ညီမေလးတို႔က သာမန္မိသားစုျဖစ္ေနလို႔ ညီမေလးတို႔ကို အထင္အျမင္ေသးတာလား 'က်န္းေမာ့ခ်န္က ေယာက်္ားပဲႀကိဳက္တာ မိန္းမ မႀကိဳက္ဘူး' 'မင္းကိုမလွည့္စားခ်င္လို႔' အဲ့လိုေတြအထိေျပာစရာလိုလား ၿပီးေတာ့ ေစ့စပ္ထားတဲ့သူကိုလည္း စိတ္တိုင္းက် ေျပာင္းခ်င္ေသးတယ္ အဲ့ဒါဘာႀကီးလဲ သူ႕ကိုယ္သူ ေယာက်္ားႀကိဳက္လား မိန္းမႀကိဳက္လားေတာင္မသိဘူး ဘာလို႔အခုမွ ဒါေတြလာေျပာရတာလဲ ဘာလဲ ညီမေလးတို႔မိသားစု အ႐ွက္တကြဲျဖစ္ေအာင္လုပ္တာလား ''
''အိုး နင္အထင္လြဲေနတာပါ ''
ယန္ခ်င္းခ်ီအထင္အရေတာ့ က်န္းေမာ့ခ်န္က ေယာက်္ားေတြကိုႀကိဳက္ႏွစ္သက္တယ္ဆိုတာ သူ႕ကိုယ္သူ မသိခဲ့ပုံေပၚသည္။ ေယာက်္ားေတြကို ႀကိဳက္တယ္ဆိုတာ သိသြားတာကလည္း ၾကာပန္းျဖဴေလးေၾကာင့္ပဲ။ ၾကာပန္းျဖဴေလးကိုေတြ႕မွ အခ်စ္စိတ္ေတြေပါက္ဖြားလာတာကို။
ေျပာရမယ္ဆိုရင္ေတာ့ ၾကာပန္းျဖဴေလးက ဒီဝတၳဳရဲ႕ shouပဲ။ ဒီဝတၳဳရဲ႕shou တျဖစ္လဲ ၾကာပန္းျဖဴေလးသည္ အလြယ္ေလး တြန္းလွဲခ်လို႔ရသည္အထိ ေသးသြယ္က်စ္လ်စ္ၿပီး ႏူးညံ့ေပ်ာ့ေပ်ာင္းသည္။ အေၾကာင္းအရင္းေရေရရာရာမ႐ွိပဲေအာ္ငိုတတ္မည္။ ထို႔အျပင္ shouႀကိတ္ႀကိဳက္ေနသူမွာ သူ၏စီနီယာျဖစ္ကာ ကံမေကာင္းစြာပဲ ဟိုကလည္းအေျဖာင့္စစ္စစ္။ သူ႕ကသူ႕ႏွလုံးသားေလးေပးၿပီး တေကာက္ေကာက္ လိုက္တဲ့အခ်ိန္မွာပဲ ဟိုကအေျဖာင့္မို႔လက္မခံေတာ့ 'ခရက္ခ္'ခနဲ ႏွလုံးသားေတြတစစီ ေၾကကြဲသြားေရာ။ အဲ့အခ်ိန္မွာ ကြဲသြားတဲ့ ႏွလုံးသားေလးကို တစ္စစီ ျပန္ေကာက္ၿပီး တိတ္နဲ႔ျပန္ကပ္ေနတဲ့အခ်ိန္ က်န္းေမာ့ခ်န္နဲ႔စေတြ႕ခဲ့တာ။
က်န္းေမာ့ခ်န္ဆိုတာ အထက္တန္းလႊာလူခ်မ္းသာမိသားစုကေနေမြးဖြားလာတဲ့ မင္းသားေလး သူကိုယ္တိုင္ကလည္းထူးခြၽန္ထက္ျမက္သည့္သူ။ ေက်ာင္းမွာဆို သူကအေတာ္ဆုံးေက်ာင္းသားလည္းျဖစ္သလို ေက်ာင္းသူေလးေတြအႀကိဳက္ ျမက္႐ိုင္းေလးတစ္ပင္လည္း ျဖစ္သည္။ ဘြဲ႕ရၿပီးတဲ့ေနာက္ အႏုပညာေလာကထဲဝင္လာၿပီး သူ႕ရဲ႕ေနာက္ခံနဲ႔ ေမြးရာပါသ႐ုပ္ေဆာင္ပါရမီအစြမ္းေၾကာင့္ အသက္၂၇ႏွစ္မွာတင္ Gold Osmanthus Award အေကာင္းဆုံးဇာတ္ေဆာင္အမ်ိဳးသားဆုကို ထူးထူးခြၽန္ခြၽန္ရ႐ွိခဲ့ကာ ႐ုပ္႐ွင္ဧကရာဇ္ျဖစ္လာခဲ့သည္။
သူ႕ဘဝတစ္ေလွ်ာက္မွာ မေရမတြက္မတြက္ႏိုင္ေသာ ေယာက်္ားမိန္းမအစုံေတြ႕ခဲ့ဖူးသည္။ သူ႕ကိုဆြဲေဆာင္မဲ့သူ သူ႕ကိုလိုက္ပိုးမဲ့သူ သူ႕ကိုကပ္ခ်င္တဲ့သူ ငယ္႐ြယ္ၿပီးဆြဲေဆာင္မႈ႐ွိတဲ့ ေယာက်္ားမိန္းမအစုံ သူ႕တြင္ျပတ္လပ္မေန။ ဒါေပမဲ့ က်န္းေမာ့ခ်န္က မျမင္ဟန္ေဆာင္ခဲ့ကာ shouနဲ႔မွ အခ်စ္ဆိုသည့္အရာအား စတင္ထိေတြ႕ခဲ့သည္။ ေျပာရမယ္ဆိုရေတာ့ တစ္ခုခုဝင္ေရာက္ပူးကပ္သြားသလိုပဲ။ Shouရဲ႕ ဘယ္အရာက သူ႕ကိုဘယ္လိုစိတ္ဝင္စားသြားေစတယ္ဆိုတာကေတာ့ ဘယ္သူသိမွာလဲ။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီေယာက်္ားက shou ေတြ႕တာနဲ႔ေျပးၿပီး shouအလိုကိုလိုက္ အရာရာျဖည့္ဆည္းေပးေနတာကေတာ့ အမွန္တရားတစ္ခုပင္ျဖစ္သည္။
'မင္းမွာ သ႐ုပ္ေဆာင္ဖို႔ သင့္ေတာ္တဲ့ဇာတ္ေကာင္မ႐ွိဘူးလား ငါကူညီမယ္'
'မင္းမဂၢဇင္းမ်က္ႏွာဖုံးမ႐ိုက္ရဘူးလား လာအတူတူ႐ိုက္ရေအာင္'
'မင္းေၾကျငာေတြမ႐ိုက္ရဘူးလား ငါ့ကိုကမ္းလွမ္းတာေတြခြဲေပးမယ္'
အဲ့လိုနဲ႔ သူနဲ႔ၾကာပန္းျဖဴေလးက onlineေပၚမွာ fujoshiေတြ shipတဲ့ cpျဖစ္လာေအာင္ သူကိုယ္တိုင္ပဲဖန္တီးခဲ့သည္။
ခက္တာက သူဘယ္ေလာက္ပဲေကာင္းေပး ေကာင္းေပး ဒီ shou ကၾကာပန္းျဖဴေလ။ ၾကာပန္းျဖဴဆိုတဲ့နာမည္အတိုင္း ၾကာပန္းျဖဴလိုပဲျပဳမူမွာေပါ့။ တဖက္မွာေတာ့ စီနီယာဆီကရလာမဲ့အခ်စ္ေတြကိုေမွ်ာ္ကိုးၿပီး က်န္းေမာ့ခ်န္ဆီကလည္း ရတာယူမယ္။ အျခားတဖက္မွာေတာ့ 'ငါဒီလိုမလုပ္သင့္ဘူး' 'ငါသူ႕ကိုမခ်စ္ႏိုင္ဘူး' 'ငါခ်စ္ေနတာ သူမွသူ' ဆိုၿပီး ဟိုမလႊတ္ ဒီမလႊတ္နဲ႔ သပြတ္အူလုပ္ကာ တဝါးဝါး ေအာ္ငိုေနလိမ့္မယ္။
အဲ့ေနာက္မွာပဲ ၾကာပန္းျဖဴေလးက ျပည္ပထြက္ၿပီး စီနီယာေနာက္လိုက္သြားမွ က်န္းေမာ့ခ်န္တစ္ေယာက္ ရင္နာနာနဲ႔အားလုံးအဆုံးသတ္ဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့သည္။
မူလဇာတ္လမ္းသေဘာအရဆိုရင္ေတာ့ မူလပိုင္႐ွင္က က်န္းေမာ့ခ်န္အား ျငင္းဆန္ခဲ့သည္။ က်န္းေမာ့ခ်န္က မူလပိုင္႐ွင္အေပၚ ဘယ္ေလာက္ပဲခံစားခ်က္မ႐ွိဘူးဆိုဆို ခဏခဏအျငင္းခံရပါမ်ားေတာ့ စိတ္အေႏွာက္အယွက္ျဖစ္လာသည္။ စိတ္ေျပလက္ေပ်ာက္ျဖစ္ေအာင္ အရက္သြားေသာက္စဥ္ ျပည္ပကၾကာပန္းျဖဴေလးႏွင့္ထပ္အဆက္အသြယ္ရခဲ့သည္။ က်န္းေမာ့ခ်န္က လက္ထပ္ဖို႔ျပင္ဆင္ေနသည္ကို ၾကာပန္းျဖဴေလးသိသြားေတာ့ 'အင္းေပါ့ ဘယ္သူကအေျခမက်ခ်င္မွာလဲ သူကေတာ့ ဒီဘဝအေျခတက်မျဖစ္ႏိုင္ေလာက္ေတာ့ဘူး ဒီဘဝေတာ့ ျပန္လာရင္ေတာင္ မွီခိုစရာ အိမ္ဆိုတဲ့ေနရာတစ္ခုမ႐ွိေလာက္ပါဘူး' ဟု အေယာင္ေယာင္အမွားမွားျဖစ္ေစမည့္ အရိပ္အေျခအခ်ိဳ႕ေပးျပန္သည္။
ဘယ္လိုလုပ္ က်န္းေမာ့ခ်န္ဆိုတဲ့လူက သူ႕အခ်စ္ကေလး ၿငီးျငဴေနတာကိုၾကည့္ရက္မွာတဲ့လဲ။ သူကခ်က္ခ်င္းပဲ ဒါမ်ိဳးလုံးဝျဖစ္လာမွာမဟုတ္ဘူး။ တကယ္လို႔ၾကာပန္းျဖဴေလးသာ ၾကည္ျဖဴရင္ သူကမိသားစုအရိပ္အျမဳံ ဆိုသည့္ေနရာတစ္ခုေပးႏိုင္တယ္ ဆိုၿပီးေၾကျငာလိုက္တာေပါ့။ သို႔ေသာ္ျငား ၾကာပန္းျဖဴေလးက ဖုန္းမခ်ခင္ ျပဳံး႐ုံပဲျပဳံးကာ တိက်သည့္အေျဖျပန္မေပးခဲ့။
အိုက္! ယန္ခ်င္းခ်ီတေယာက္သက္ျပင္းေမာႀကီးခ်မိလိုက္သည္။ တကယ္လို႔ဝတၳဳမဖတ္ဖူးတဲ့သူသာ ဒီပုံစံကိုျမင္ၾကည့္လိုက္စမ္း။ ဘယ္သူက က်န္းေမာ့ခ်န္ကို အဓိကဇာတ္လိုက္လို႔ထင္မွာလဲ။ ဒုတိယဇာတ္လိုက္ထက္ေတာင္ သနားဖို႔ေကာင္းေသး။
သူလည္းသူ႕ကိုယ္သူ အေတာ္ေလးကံဆိုးပါလားဟု ယန္ခ်င္းခ်ီခံစားမိသည္။ အေၾကာင္းမွာ အိမ္မွာအိပ္ေနရင္း ႐ုတ္တရက္ႀကီး က်ပန္းကူးေျပာင္းခံလိုက္ရေသာေၾကာင့္ပင္။ သူက သူ႕ကမ႓ာမွာေအးေဆးေနၿပီး မိသားစုစီးပြားေရးပဲ ဆက္ခံခ်င္တာပါေနာ္။ ဘယ္လို႔ အျခားတေယာက္မဟုတ္ပဲ သူေရာက္လာရတာလဲ။
''ကိုကို ဘာေတြေတြးေနတာလဲ '' ယန္ခ်င္း႐ွီတေယာက္ အေတြးကမ႓ာထဲနစ္ဝင္ေနေသာ ယန္ခ်င္းခ်ီအား လွမ္းပုတ္လိုက္သည္။
သူ သူမအားလွည့္ၾကည့္လိုက္ကာ
''အေဖနဲ႔အေမေရာ ''
ယန္ခ်င္း႐ွီ မိဘေတြအိပ္ခန္းအား လက္ညိႇဳးထိုးျပလိုက္ၿပီး
''သူတို႔ က်န္းအိမ္ကလူျပန္သြားကတည္းက အဲ့ထဲကေန မထြက္ေတာ့ဘူး '' ဟုေျပာသည္။
''ငါသြားၾကည့္လိုက္ဦးမယ္''
သူထကာ အိပ္ခန္းဆီသို႔ေလွ်ာက္သြားလိုက္သည္။
တံခါးက ေစ့႐ုံပဲေစ့ထားတာေၾကာင့္ အေဖယန္နဲ႔အေမယန္၏ စကားမ်ားကို အိပ္ခန္းနားနီးလာေလ ႐ွင္းလင္းစြာၾကားရေလျဖစ္သည္။ ယန္ခ်င္းခ်ီခဏရပ္ကာ အထဲကစကားသံမ်ားကိုနားေထာင္ေနလိုက္သည္။ ယန္အေမမွာ ငိုသံျဖင့္ ဤသို႔ေျပာ၏။
''အားလုံး႐ွင့္အမွားပဲ ႐ွင့္ရဲ႕ အဲ့ဒီ့အတန္းေဖာ္ကိုမယုံရဘူးလို႔ ကြၽန္မ မေျပာဘူးလား ႐ွင္ယုံတယ္ေလ အခုေတာ့ အားလုံးသြားၿပီ သန္း၅၀!! အခု ကြၽန္မတို႔ ဘယ္လိုျပန္ေပးမလဲ က်န္းအိမ္ကလည္း ေ႐ွာင္႐ွီကို လက္မထပ္ဘူးလို႔ေျပာတယ္ ကြၽန္မတို႔အဲ့ သန္း၅၀ ဘယ္ကသြား႐ွာရမလဲ ''
''ငါတို႔ သူတို႔ဆီက ေခ်းလို႔ရရင္ရမွာပါ ငါတို႔ခမည္းခမက္ေတြမျဖစ္ႏိုင္ေပမဲ့လည္း အေဖနဲ႔ အဖိုးႀကီးက်န္းက အရမ္းခင္တဲ့သူငယ္ခ်င္းေတြမလား မ်က္ႏွာသာေတာ့ေပးေလာက္ပါရဲ႕ ''
''ေအာ အဖိုးႀကီးက်န္း အသက္႐ွင္ေနေသးရင္ေတာ့ ႐ွင့္စကားက မွန္ရင္မွန္မွာေပါ့ အခုအဖိုးႀကီးက်န္းက မ႐ွိေတာ့ဘူးေလ ၿပီးေတာ့ ဒီေလာက္အေရးႀကီးတဲ့ ေစ့စပ္ပြဲအေၾကာင္းေျပာတာေတာင္ သူ႕မိဘေတြလိုက္လာလို႔လားေျပာ ေ႐ွာင္ခ်န္တစ္ေယာက္ထဲလာတာေလ ႐ွင္ေျပာၾကည့္ အခုပုံက သူတို႔ ကြၽန္မတို႔မိသားစုကို မ်က္ႏွာသာေပးတဲ့ပုံစံလား ''
''ဒါဆိုလည္း ငါက ဘယ္လိုလုပ္ေပးရမလဲ ေ႐ွာင္ခ်ီကို ေျပးၿပီးေတာ့ လက္ထပ္ခိုင္းရမွာလား ေ႐ွာင္ခ်ီကလည္း ေယာက်္ားေတြကိုႀကိဳက္တာမွ မဟုတ္တာ ေ႐ွာင္ခ်န္နဲ႔အတင္းလက္ထပ္ခိုင္းလိုက္မွ မင္း သားက ပိုဆိုးသြားမယ္မထင္ဘူးလား အိုင္း!''
အေဖယန္က သက္ျပင္း႐ွည္ႀကီးခ်လိုက္ေတာ့သည္။ ''ငါ တျခားနည္းလမ္းေတြ ႐ွိဦးမလားလို႔ စဥ္းစားၾကည့္ပါဦးမယ္ ၿငိမ္ၿငိမ္ေနစမ္းပါဦး ''
အေမယန္ကေတာ့ ငိုေနပုံေပါက္သည္။ သူမ၏တ႐ႈံ႐ႈံအသံက အခန္းျပင္ကေနေတာင္ အ႐ွင္းသားၾကားေနရသည္။ ''ကြၽန္မတို႔ဘယ္လိုလုပ္ၾကမလဲ ဘာလို႔ ကြၽန္မတို႔မွ ဒီလိုျဖစ္လာရတာလဲ ''
အဲ့အခ်ိန္မွာပဲ ယန္ခ်င္းခ်ီသတိရသြားခဲ့သည္။ ဟုတ္တယ္ သူေမ့ေနခဲ့တာ။ ဝတၳဳထဲတြင္ မူလပိုင္႐ွင္၏မိဘမ်ားသည္ အေႂကြးတင္ေနခဲ့သည္။ သူစိတ္ထဲ သက္ျပင္းတစ္ခု မခ်မိပဲမေနႏိုင္ခဲ့။ သူတို႔ဘာလုပ္ႏိုင္မွာလဲ။ ခ်မ္းသာတဲ့မိသားစုတစ္စုနဲ႔ ခမည္းခမက္ေကာက္ေတာ္လိုက္တာက အမွန္ကန္ဆုံးနဲ႔အလ်င္ျမန္ဆုံးေျဖ႐ွင္းနည္းပဲဟာ။ ယြမ္သန္း၅၀ေလ ယြမ္၅ေထာင္မဟုတ္ဘူး။ လြယ္လြယ္ကူကူနဲ႔ ဘယ္ေနရာကရမွာလဲ။ မ႐ွိဘူးဆိုတိုင္း မိုးေပၚကက်လာမွာကိုထိုင္ေစာင့္ေနလို႔မွမရတာ။ အေႂကြးလာေတာင္းတဲ့လူေတြအိမ္တံခါးလာေခါက္တာကိုေစာင့္ေနမွာလား။ အဲ့လူေတြက သူ႕ကို ျပႆနာလာ႐ွာရင္ေတာ့ ကိစၥမ႐ွိေပမဲ့ ယန္ခ်င္း႐ွီကိုတစ္ခုခုလုပ္သြားရင္ေရာ။ ယန္ခ်င္းခ်ီ ထိုအရာမ်ားစဥ္းစားမိေသာအခါ လက္ထပ္လိုက္တာအေကာင္းဆုံးဟု ေတြးမိသည္။ သူလက္ထပ္လိုက္ရင္ က်န္းေမာ့ခ်န္ဆီကေန သန္း၅၀ ေခ်းလို႔ရၿပီ။ ဒီနည္းလမ္းက မိသားစုျပႆနာေျဖ႐ွင္းၿပီးသလို သူလည္းအေျခတက်ျဖစ္သြားမည္ျဖစ္သည္။
မူလပိုင္႐ွင္ကေတာ့ အျမင္ျမဴဖုံးေနေပမဲ့ သူကေတာ့႐ွင္း႐ွင္းလင္းလင္းျမင္ရသည္။ က်န္းေမာ့ခ်န္က ပိုင္ဆိုင္လိုစိတ္ႀကီးၿပီး ၾကာပန္းျဖဴမွၾကာပန္းျဖဴျဖစ္ေနေပမဲ့ သူ႕တြင္ ႐ုပ္ရည္ႏွင့္ ေနာက္ခံ႐ွိသည္။ ႀကီးႀကီးမားမား အျပစ္ဟူ၍မ႐ွိ။ တကယ္လို႔ သူသာ က်န္းေမာ့ခ်န္ႏွင့္ လက္ထပ္လိုက္မည္ဆိုလွ်င္ မူလဝတၳဳဇာတ္ေၾကာင္းႏွင့္ ေသြဖည္သြားလိမ့္မည္ျဖစ္သည္။ အဲ့လိုဆိုလွ်င္ေတာ့ ဒီကမ႓ာေပၚ႐ွိသက္႐ွိအားလုံးကို အစစ္အမွန္ေတြဟုမွတ္ယူၿပီး စာအုပ္တစ္အုပ္လို႔ထင္မွတ္မေနပဲ သူလည္း ဘဝသစ္စကာ ေသခ်ာေနထိုင္သင့္ၿပီျဖစ္သည္။
ထိုသို႔ေတြးမိသည္ႏွင့္ ယန္ခ်င္းခ်ီတံခါးကို ေျဖးညင္းစြာေခါက္လိုက္သည္။ အံ့အားသင့္သြားေသာ ယန္အေဖ ယန္အေမတို႔၏ တုံ႔ျပန္မႈကိုေတာင္ မေစာင့္ပဲ တံခါးကိုတြန္းဖြင့္ကာ အထဲဝင္လိုက္သည္။ အခုထိအသိမကပ္ေသးသည့္ အေဖယန္ကိုတလွည့္ မ်က္လုံးမ်ားနီရဲေနသည့္ အေမယန္ကိုတလွည့္ၾကည့္ကာ ေတာက္ပစြာျပဳံးျပရင္း စကားစလိုက္သည္။
''ေ႐ွာင္႐ွီေျပာတာေတာ့ သူ(မ)နဲ႔ေစ့စပ္ထားတဲ့သူက သူ(မ)နဲ႔လက္မထပ္ခ်င္ပဲ ကြၽန္ေတာ္နဲ႔လက္ထပ္ခ်င္တယ္လို႔ ၾကားတယ္ ''
အေမယန္က မတ္တပ္ထရပ္လိုက္သည္။ မ်က္ႏွာအမူအရာက စိုးရိမ္ဟန္ျဖင့္ စကားမွားေျပာမိမွာကို စိတ္ပူေနသည့္အလား
''ေ႐ွာင္႐ွီက ေလွ်ာက္ေျပာေနတာ သား သူ(မ)ေျပာတာမယုံနဲ႔ ''
''တကယ္လား '' ယန္ခ်င္းခ်ီ တံခါးေဘာင္ကိုမွီကာ
''ကြၽန္ေတာ္က သေဘာတူတယ္လို႔ေျပာမလို႔ပါ အေမ အေဖ အရင္က ကြၽန္ေတာ္ အေမတို႔ကို လန္႔သြားမွာစိုးလို႔မေျပာတာ အမွန္က ကြၽန္ေတာ္ ေယာက်္ားေတြပဲႀကိဳက္တာ မိန္းမေတြမႀကိဳက္ဘူး ''
အေမယန္က အံ့ၾသထိတ္လန္႔သြားကာ အေဖယန္ကေတာ့ မယုံၾကည္ႏိုင္စြာႏွင့္ ထပ္ေမးသည္။
''မင္းဘာေျပာလိုက္တာ''
''ကြၽန္ေတာ္ေျပာခ်င္တာက ကြၽန္ေတာ္လည္းေယာက်္ားေတြကိုႀကိဳက္တယ္ က်န္းေမာ့ခ်န္လည္းေယာက်္ားေတြကိုႀကိဳက္တယ္ဆို ဘာလို႔သူတို႔ ေတာင္းဆိုတဲ့အတိုင္း လက္မထပ္လိုက္ရမွာလဲ သူ႕အရည္အေသြးေတြ အရည္အခ်င္းေတြကလည္းမဆိုးဘူးေလ ကြၽန္ေတာ္႕အတြက္ သင့္ေတာ္တဲ့အိမ္ေထာင္ဖက္ျဖစ္ေလာက္မွာပါ ''
အေဖယန္ အံ့ၾသမႈေၾကာင့္ တုံ႔ခဲသြားသည္မွာ စကားပင္ထက္မေျပာႏိုင္ေတာ့
''မင္းတကယ္ေျပာေနတာလား ''အေမယန္က ဂ႐ုတစိုက္ေမးသည္။
ယန္ခ်င္းခ်ီ ေခါင္းၿငိမ့္ျပလိုက္ကာ
''အင္း ကြၽန္ေတာ္လည္းအသက္ျပည့္ၿပီပဲဟာ လက္ထပ္လို႔ရေနပါၿပီ ''
အေဖယန္နဲ႔အေမယန္မွာ သူ႕ကိုေတြေဝစြာၾကည့္ရင္း ေျပာစရာစကားေပ်ာက္ဆုံးေနခဲ့ေလသည္။
သူတို႔ စိတ္သက္သာရာရေအာင္ ယန္ခ်င္းခ်ီတစ္ေယာက္ တည္ၿငိမ္ေအးေဆးကာ ေႏြးေထြးၿပီး သက္ေတာင့္သက္သာ႐ွိေသာ အျပဳံးေလးျပဳံးျပလ်က္
''ဒါဆိုလည္း အေမတို႔ဆက္ေဆြးေႏြးၾကေလ မီးဖိုေခ်ာင္ထဲ တခုခု႐ွိမလား သြားၾကည့္လိုက္ဦးမယ္ အခုတေလာ ဟင္းခ်က္ variety show တစ္ခုအတြက္ ဟင္းခ်က္အစမ္းေလ့က်င့္ေနတာ အေမတို႔ေ႐ွ႕ သင္ထားတာေတြ တစ္ပြဲ ႏွစ္ပြဲေလာက္ေတာ့ ထုတ္ႂကြားရမယ္ ''
ယန္ခ်င္းခ်ီ ထြက္သြားကာ တံခါးကိုျပန္ပိတ္ခဲ့သည္။ အေဖယန္နဲ႔အေမယန္မွာ ပိတ္သြားေသာတံခါးေလးကိုၾကည့္ၿပီး တေယာက္နဲ႔တေယာက္ျပန္ၾကည့္လိုက္ၾကသည္။
'' ႐ွင္ေျပာၾကည့္! ေ႐ွာင္ခ်ီ ကြၽန္မတို႔ေျပာတာၾကားၿပီး ကြၽန္မတို႔ဒုကၡေရာက္မွာစိုးလို႔ သူဒီစကားမ်ိဳးေျပာတာလား ''
အေဖယန္ ထိုေမးခြန္းအား ေခတၱစဥ္းစားကာ လက္သင့္မခံႏိုင္ေသာအမူအရာျဖင့္
''ဒါေပမဲ့ ငါတို႔သားကအဲ့ေလာက္ထိ မသိတတ္ဘူးေလ ''
အေမယန္ ရပ္သြားကာ လက္ခံသလို ေခါင္းၿငိမ့္လိုက္ၿပီး
''ဟုတ္တယ္ေနာ္ သူထမေပါက္ကြဲတာတင္ ေတာ္လွၿပီ သူ ဘယ္လိုလုပ္ကြၽန္မတို႔အတြက္ ထည့္စဥ္းစားၿပီး အနစ္နာခံေပးမွာလဲ ဒါဆို သူ တကယ္ႀကီးေယာက်္ားေတြကို ႀကိဳက္တာလား ေ႐ွာင္ခ်န္ကမဆိုးဘူးလို႔လည္းေျပာသြားေသးတယ္ သူတကယ္ လက္ထပ္ဖို႔ဆႏၵ႐ွိတာလား ''
အေဖယန္ သက္ျပင္းခ်လိုက္ကာ
''ဘယ္သူသိမွာလဲ ဘယ္လိုျဖစ္လာမလဲ ေစာင့္ၾကည့္ရေအာင္ေလ တကယ္လို႔ သူတကယ္ လက္ထပ္ဖို႔ဆႏၵ႐ွိတယ္ဆိုရင္ေတာ့ ''
သူထပ္၍ သက္ျပင္းခ်လိုက္ရင္း ထိုင္ခုံေပၚ အကူအညီမဲ့စြာ မွီခ်လိုက္သည္။
''အဲ့လိုပဲထားလိုက္ေတာ့ေလ ေ႐ွာင္ခ်န္ကလည္းမဆိုးပါဘူး အဆင္ေျပမဲ့အိမ္ေထာင္ဖက္ျဖစ္ေလာက္မွာပါ။ ''
အေမယန္ ဘာမွဆက္မေျပာေတာ့ပဲ ပူေဆြးေသာကေရာက္စြာ မ်က္ရည္မ်ားကို သုတ္လိုက္သည္။
''ဘယ္လိုေတြျဖစ္လာရတာလဲ''
သူမ သက္ျပင္းခ်ကာ ေနာက္တဖန္ ထပ္ငိုမိျပန္သည္။
~~~~~~~~~~~~~~~~~~~~~~~~
ဒီစာေရးသူမွာေျပာစရာ႐ွိတယ္ :
ဝတၳဳက လိင္တူလက္ထပ္တာကို လက္ခံတဲ့ အေျခအေနမွာ ဇာတ္အိမ္တည္ထားတာပါ က်န္းမိဘေတြက မဂၤလာကိစၥေျပာရာမွာလိုက္ခ်င္ေပမဲ့ Gong ကမေခၚတာပါ ေနာက္တစ္ပိုင္းမွာ gong နဲ႔ shou စေတြ႕ပါၿပီ
nini မွာေတာ့ ေျပာစရာမ႐ွိပါ။ (◕ᴗ◕✿)