[Book-1]novelထဲဝင်သွားပြီးနော...
By thiriWoonie
640K 78.6K 1.4K
Title-穿书后她成了万人迷 Original Author- Young Master Yan,公子衍 Language-chinese Status-535chapters& 23 extra chapter (... More
Description
1[Zawgyi & Unicode]
2[Zawgyi & Unicode]
3[Zawgyi & Unicode]
4[Zawgyi & Unicode]
5[Zawgyi & Unicode]
6[Z&U]
7[Z&U]
8[Z&U]
9[Z&U]
10[Z&U]
11[Z&U]
12[Z&U]
13[Z&U]
14[Z&U]
15[Z&U]
Happy NewYear!
16[Z&U]
17[Z&U]
18[Z&U]
19[U&Z]
20[U&Z]
21[U&Z]
22[U&Z]
23[U&Z]
24[U&Z]
25[U&Z]
26[U&Z]
27[U&Z]
28[U&Z]
29[U&Z]
30[U&Z]
31[U&Z]
32[U&Z]
33[U&Z]
34[U&Z]
35[U&Z]
36[U&Z]
37[U&Z]
38[U&Z]
39[U&Z]
40[U&Z]
41[U&Z]
42[U&Z]
43[U&Z]
44[U&Z]
45[U&Z]
46[U&Z]
47[U&Z]
48[U&Z]
49[U&Z]
50[U&Z]
51[U&Z]
52[U&Z]
53[U&Z]
54[U&Z]
55[U&Z]
56[U&Z]
57[U&Z]
58[U&Z]
59[U&Z]
60[U&Z]
61[U&Z]
62[U&Z]
63[U&Z]
64[U&Z]
65[U&Z]
66[U&Z]
67[U&Z]
68[U&Z]
69[U&Z]
70[U&Z]
71[U&Z]
72[U&Z]
73[U&N]
75[U&Z]
76[U&Z]
77[U&Z]
78[U&Z]
79[U&Z]
80[U&Z]
81[U&Z]
82[U&Z]
83[U&Z]
84[U&Z]
85[U&Z]
86[U&Z]
87[U&Z]
88[U&Z]
89[U&Z]
90[U&Z]
91[U&Z]
92[U&Z]
93[U&Z]
94[U&Z]
95[U&Z]
96[U&Z]
97[U&Z]
98[U&Z]
99[U&Z]
100[U&Z]
101[U&Z]
EP-102[U&Z]
103[U&Z]
104[U&Z]
105[U&Z]
106[U&Z]
107[U&Z]
108[U&Z]
109[U&Z]
110[U&Z]
111[U&Z]
112[U&Z]
113[U&Z]
114[U&Z]
115[U&Z]
116[U&Z]
117[U&Z]
118[U&Z]
119[U&Z]
120[U&Z]
121[U&Z]
122[U&Z]
123[U&Z]
124[U&Z]
125[U&Z]
126[U&Z]
127[U&Z]
128[U&Z]
129[U&Z]
130[U&Z]
131[U&Z]
132[U&Z]
133[U&Z]
134[U&Z]
135[U&Z]
136[U&Z]
137[U&Z]
138[U&Z]
139[U&Z]
140[U&Z]
141[U&Z]
142[U&Z]
HOLA!
143+144[U&Z]
145[U&Z]
146[U&Z]
147[U&Z]
148[U&Z]
149[U&Z]
150[U&Z]
151[U&Z]
152[U&Z]
153[U&Z]
154[U&Z]
155[U&Z]
156[U&Z]
157[U&Z]
158[U&Z]
159[U&Z]
160[U&Z]
161[U&Z]
162[U&Z]
163[U&Z]
164[U&Z]
165[U&Z]
166[U&Z]
167[U&Z]
168[U&Z]
169[U&Z]
170[U&Z]
171[U&Z]
172[U&Z]
173[U&Z]
174[U&Z]
175[U&Z]
176[U&Z]
177[U&Z]
178[U&Z]
179[U&Z]
180[U&Z]
181[U&Z]
182[U&Z]
183[U&Z]
184[U&Z]
185[U&Z]
186[U&Z]
187[U&Z]
188[U&Z]
189[U&Z]
190[U&Z]
191[U&Z]
192[U&Z]
193[U&Z]
194[U&Z]
195[U&Z]
196[U&Z]
🗣️
74[U&Z]
3.6K 477 15
By thiriWoonie
[Unicode]
နင်မုန့်က social mediaတွေ သိပ်မသုံးဖြစ်တာကြောင့် ထိုအချိန်ခန အမျိုးမျိုးသော social media platformsတွေမှာ ကြီးမားတဲ့ အဖြစ်အပျက်ကြီး ဖြစ်နေတာကို မသိလိုက်ပေ။
လူတိုင်းက "Shifting to Mars"ရဲ့ အထူးပြုလုပ်ချက်တွေ၊ သရုပ်ဆောင်ပိုင်း နဲ့ ဇာတ်ညွှန်း ဘယ်လောက်ကောင်းကြောင်း အမွှန်းတင်နေကြသည်။ ဒီဇာတ်လမ်းက ငွေအ‌များကြီးသုံးကြတဲ့ Hollywood ဇာတ်လမ်းတွေကိုတောင် အမှီလိုက်နိုင်တဲ့အထိ ပြီးပြည့်စုံတယ်!
ဒါကြောင့်ပဲ ကြည့်ရှူသူများက အံ့ဩနှစ်ခြိုက်ကြသလို အမျိုးမျိုးသော အမြင်တွေကို ချပြကြ၏။ Doubanရှိ ရုပ်ရှင်ရဲ့ scoreကလည်း 8.8တောင် ဖြစ်လာလေသည်။
တဖက်မှ "The Hero"ကတော့ သိပ်ပြီး မကျော်ကြားပေ။ လူအများက ဇာတ်လမ်းရဲ့ အရည်အသွေး ညံ့ဖျင်းမှုတွေကို ထောက်ပြနေချိန်မှာ စုထျန်းထျန်းရဲ့ ပရိတ်သက်တွေကသာ ဇာတ်လမ်းကို ချီးကျူးနေကြတာ ဖြစ်သည်။ အမှန်တော့ "The Hero" ကောင်းနေတဲ့ တစ်ခုတည်းသော အကြောင်းအရင်းက စုထျန်းထျန်းရဲ့ ပါဝင်လာမှုကြောင့်သာ ဖြစ်သည်။ သူမရဲ့ သရုပ်ဆောင်စွမ်းရည်က ကောင်းလွန်းတယ် ဆိုပေမယ့် သရုပ်ဆောင် တစ်ယောက်တည်းနဲ့ ရုပ်ရှင်တစ်ကားလုံး ကောင်းအောင် မစွမ်းဆောင်နိုင်ပေ။
ဟောက်အိပ်နေတဲ့ နင်မုန့်နဲ့ မတူစွာပဲ ထျန်းရှင်း Entertainmentက ဝန်ထမ်းတွေကတော့ negative reviewsတွေကို ဖိနှိပ်နိုင်ဖို့အတွက် သူတို့လုပ်နိုင်သမျှ အရာအားလုံးကို လုပ်‌လို့နေကြသည်။ ထိုအချိန် စုထျန်းထျန်းသည်လည်း သူမရဲ့ အခြေအနေတိုင်းက ဆိုးဆိုးလာသည်ဆိုတာကို သဘောမပေါက်သည့်အလား နှစ်ခြိုက်စွာ အိပ်မောကျလို့ နေ၏။
ထိုအခြေအနေတွေ အဖြစ်ခင်ကတောင် စုထျန်းထျန်းက ကြွေးကျော်လို့ နေသေးသည်။ "သိပ်ပြီး လူသိမများတဲ့ ရုပ်ရှင်ကပဲ 100% positive ရချင်ရလိမ့်မယ်။ တဖက်က ငါတို့က တကယ့်ရုပ်ရှင်ကောင်းကို ဖန်တီးနေတာမို့ hatersအနည်းငယ် ရှိလာမှာက သဘာဝပဲ။ ဒါတွေက အရေးမကြီးပါဘူး ရုံဝင်ငွေစာရင်း နောက်ဆုံး ရလဒ်ထွက်လာတဲ့အခါ အားလုံးရှင်းသွားလိမ့်မယ်"
-
နောက်တနေ့ မနက်ပိုင်းတွင် ဖြစ်သည်။
နင်မုန့် အောက်သို့ ဆင်းလာတဲ့အခါ မူမမှန်တဲ့ တခုခုကို တွေ့လိုက်ရသည်။ ဟော်ပေ့ချန်က ထမင်းစားခန်းထဲတွင် ထိုင်နေလေပြီး စားပွဲပေါ်မှာလဲ မနက်စာများနဲ့ပြည့်နေလေသည်။ ထိုမနက်စာတွေက ဟော်စံအိမ်တော်မှ ပို့လိုက်တာ ဖြစ်နိုင်လေသည်။
ဟော်ပေ့ချန်က သတင်းစာ ဖတ်နေတာ ဖြစ်ပြီး လှေကားဆီမှ ခြေသံကြားတဲ့အခါ ခေါင်းမော့ကာ အေးစက်စွာ ကြည့်လိုက်သည်။
နင်မုန့်ကတော့ အရိပ်အကဲကြည့်လျက်သာ နှုတ်ဆက်လိုက်သည်။ "မင်္ဂလာမနက်ခင်းပါ ဘုရင်ကြီး ချန်။ မနက်ခင်းမှာ ရှင့်ရဲ့ ကျက်သရေရှိလွန်းတဲ့ မျက်နှာလေးကို ပထမဆုံး မြင်ရတာ တကယ်ကို အကောင်းဆုံးသော အရာပဲမို့ ကျွန်မကို အရမ်းပျော်ရွှင်စေတယ်" 
သတင်းစာကို ချလိုက်ရင်းသာ ဟော်ပေ့ချန် အမိန့်ပေးလိုက်သည် "....လာစား"
"ဟုတ်ကဲ့ပါရှင့်! လာပါပြီ!"
ထမင်းစားခန်းထဲ မထိုင်ခင် ကော်ဖီလေး တစ်ခွက်လောက် ရနိုင်ဖို့ရာ နင်မုန့် မျှော်လင့်မိနေသည်။
ဟော်ပေ့ချန်က သူမကို တချက်လောက် ကြည့်ရင်း ခွက်တစ်ခွက်ကမ်းပေးလိုက်သည်။ black coffeeဖြစ်၏။
သူ့မျက်နှာကလည်း မျက်မှောင်ကြုပ်လို့နေသည်။
နေပါဦး သူမက ဘာမှတောင် မစားရသေးတာကို black coffee တန်းသောက်ရတော့မှာလား။ ဗိုက်အောက်မှာပေါ့။
သို့‌တိုင်အောင် သူကတော့ ဂရုမစိုက်သည့်နှယ် ဟန်ဆောင်လို့နေသည်။ "နို့ ဒါမှမဟုတ် သကြား မထည့်တော့ဘူးလား"
"ဟင့်အင်း မလိုပါဘူး"
နင်မုန့် သူ့အား ချိုမြိန်စွာ ပြုံးပြရင်း "ရှင်က ကျွန်မရဲ့ သကြားပဲ မလို့လေ"
"..."
စပ်ဖျဉ်းနေဆဲ မျက်လုံးတွေကို ပွတ်ပြီးနောက်မှာတော့ နင်မုန့်က နားတောင်မနားဘဲ တကျိုက်တည်း မော့ချလိုက်သည်။ ထိုအရာကို မြင်တဲ့အခါ မနေ့ညက အခြေအနေကို ဟော်ပေ့ချန် တွေးမိသွားသည်။
"ရုပ်ရှင်က အောင်မြင်မှာပါ" ဟော်ပေ့ချန်က စကားလုံးတွေနဲ့ နှစ်သိမ့်ပေးလိုက်သည်။
"ကျွန်မ တယယ်(သိတယ်)" ပါးစပ်ထဲမှာ စားစရာအပြည့်နဲ့ နင်မုန့် ပြန်ဖြေလိုက်သည်။
"..."
သူမက သိတယ်လား။ သိတာတောင်မှ ငိုနေခဲ့သေးတယ်။ မိန်းမတွေက တကယ်ကို နားလည်ရခက်တာပဲ။
မနက်စာ စားပြီးတဲ့နောက်မှာ နင်မုန့် မတ်တပ်ရပ်လိုက်ပြီး သူမရဲ့ မှန်ကို ထုတ်ကြည့်လိုက်သည်။
"အား တကယ်ပါပဲ...မျက်လုံးတွေက နီပြီး ဖောင်းနေတုန်းပဲ။ တခြားသူတွေသာ ကျွန်မ ငိုထားတာ သိသွားရင် တော်တော် ရှက်ဖို့ကောင်းနေမှာ...."
ဟော်ပေ့ချန် နှစ်သိမ့်လိုက်သည်။ "စိတ်မပူပါနဲ့...."
သူ စကားကို ကုန်အောင် မပြောနိုင်ခင်မှာပဲ နင်မုန့်က စကား တပြောပြောဖြင့် ထမင်းစားခန်းမှ ထသွားလိုက်သည်။ "TVမှာ ပြတဲ့ အဲ့မျက်ရည်ခြူတဲ့ ဇာတ်လမ်း‌ကို နောက်ထပ် မကြည့်တော့ဘူး မဟုတ်ရင် ရုပ်ရှင် လက်မှတ်ကြောင့် ငိုတယ်ထင်နေကြဦးမယ်"
"...???"
လေအေးတို့က နောက်ကျောကို ဖြတ်တိုက်သွားသလို နင်မုန့် ခံစားရလိုက်ပေမယ့် ထိုအကြောင်း တွေးချိန်တောင် မရှိဘဲ ကားဆီသို့သာ အမြန် ဦးတည်သွားလိုက်သည်။
ခနကြာတဲ့ အခါမှာတော့ Lemon Entertainmentကို သူမ ရောက်သွားသည်။
ဖခင်ရဲ့ ရုံးခန်းထဲသို့ နင်မုန့် ဝင်လိုက်တဲ့အခါ နင်ဝမ့်ထောင်ရဲ့ မူမမှန်မှုကို သတိထားမိသွားသည်။ သူက အဖြူရောင် ဝတ်စုံပြည့်ကို ဝတ်ထားလေပြီး ဆံပင်ကိုလည်း ဂျယ်နဲ့ သေသပ်အောင် ဖီးထားသေးသည်။ နင်မုန့် သူ့အခန်းထဲကို ဝင်လာတဲ့အခါ နင်ဝမ့်ထောင်က မျက်နှာပေါ် maskကပ်ထားတာ ဖြစ်လေ၏။
"အိုး မုန့်မုန့် ရောက်လာပြီပဲ!"
"???"
သူမရဲ့ တုံ့ပြန်မှုကိုတောင် မစောင့်တော့ပဲ နင်ဝမ့်ထောင် နာရီကို ကြည့်လိုက်သည်။
"အချိန်တောင် ကျပြီပဲ"
မျက်နှာပေါ်မှ maskကို ခွာလိုက်ပြီးနောက် ကြည်သန့်သွားတဲ့ သူ့မျက်နှာလေးကို ကြည့်ကာ ပြောလိုက်သည်။ "သွားကြမယ်"
နင်မုန့်ကတော့ ခေါင်းထဲမှာ ‌မေးခွန်းများစွာနဲ့သာ အနောက်မှလိုက်သွားလေ၏။
အစည်းအဝေး ခန်းမသို့ ဝင်လိုက်တဲ့အခါ ကျက်သရေရှိတဲ့ ရုံးဝတ်စုံကို ဝတ်ထားတဲ့ ဟန်မေလင်းကို တွေ့လိုက်ရသည်။ သူမရဲ့ ဆံပင်တွေကို သေသပ်စွာ ဖီးသင်လို့ ထားပြီး ခရမ်းရောင် နှုတ်ခမ်းနီကို ဆိုးထားလေ၏။
နင်ဝမ့်ထောင်က သူမကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ပြီး "ကောင်းသောနေ့ပါ မစ္စဟန်။ စိတ်မပူပါနဲ့ ကျွန်တော် ခင်ဗျားအပေါ် အပြည့်အဝကို ယုံကြည်ပါတယ်"
ပြီးနောက်မှာတော့ ကြီးမြတ်လှတဲ့ အမူအရာနှင့်  ကျက်သရေရှိစွာ ခုံပေါ်တွင် ထိုင်လိုက်သည်။
"ရုံတင်ဝင်ငွေ စာရင်း ထွက်လာပြီလား"
သာမန် ဟုတ်မနေတဲ့ ဖခင်ဖြစ်သူရဲ့ အမူအရာတွေကို ကြည့်ရင်း နင်မုန့်ကတော့ ကြက်သေ သေ နေတော့၏။
[ ၂၅ပိုင်းစီပါတဲ့ pdf စာစဉ်၁ခုကို ၅၀၀ကျပ်နဲ့ wp acc cbမှာ လာဝယ်လို့ရပြီနော်^^ ။ ပြီးသွားတဲ့ စာစဉ်တွေပါ စာစဉ်၃ [EP-65 to 89၊ စာစဉ်၄ [EP-90 to 114]၊ စာစဉ်၅ [EP-115 to 139]၊ စာစဉ်၆ [EP-140 to 164]၊ စာစဉ်၇ [EP-165 to 189]၊ စာစဉ်၈ [EP-190 to 214]၊ စာစဉ်၉[ EP-215 to 239]၊ စာစဉ်၁၀ [EP-239 to 264]၊ စာစဉ်၁၁[EP-265 to 289]၊ စာစဉ်၁၂ [EP-290 to 314]၊ စာစဉ်၁၃ ‌[EP-315 to 339]တို့ပါ🥰]
----------------------
[Zawgyi]
-
"ဟင့်အင်း မလိုပါဘူး"
"..."
"..."
"...???"
"???"
"အချိန်တောင် ကျပြီပဲ"
Continue Reading
You'll Also Like
250K 40.2K 103
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
320K 6.8K 72
''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိ...
290K 14.7K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
421K 37.5K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ