UM (Completed)

By Alohi_ko

1M 44.8K 605

Warning ( Included abusive content!!!) Total Episodes-43 (Completed) Start date-Oct 6.2021 End date-Feb 21.20... More

INTRO
✨ HIGHLIGHT DIALOGUE FROM REVIEW PAGES ✨
PART 1
PART2
PART3
PART4
PART 5
PART 6
PART 7
PART 8
PART 9
PART 10
✨For knowledge✨
PART 11
PART 12
PART 13
PART 14
PART 15
PART 17
PART 18
PATT 19
PART 20
PART 21
PART 22
PART 23
Bipolar disorder အကြောင်းတစေ့တစောင်း
PART 24
PART 25
PART 26
PART 27
PART 28
PART 29
PART 30
PART 31
PART 32
PART 33
PART 34
PART 35
PART 36
PART 37
PART 38
PART 39
PART 40
PART 41
PART 42 ဇာတ်သိမ်းအား ပြန်လည်ပြင်ဆင်ခြင်း
Final Part 43
Characters ( ဒါလေး အရင် ဖတ်ပေးပါ )
I wanna know feedback👀
Book announcement ✨
Physical Book✨

PART 16

21.1K 1.1K 30
By Alohi_ko

Unicode

ယနေ့ တွေ့ရမည့် Client မှာ သိပ်ကို အရေးပါသည်။
ထို့အပြင် အရေးတကြီးလူနဲ့ ပေးတွေ့ပေးချင်သည်ဆို၍
ချိန်းသည့် နေရာကို ကိုယ်တိုင် လာလိုက်ခြင်းဖြစ်သည်။

" ဒီကို ကိုယ်တိုင် လာခိုင်းလိုက်ရတဲ့အတွက် စိတ်မရှိပါနဲ့ "

ချိန်းသည့် နေရာက တစ်ခြားတော့မဟုတ်။
သူ ကိုယ်တိုင် စီစဥ်ပေးထားသည့် ROYAL PARK HOTEL တွင်ဖြစ်သည်။ ကိုယ် ပိုင်သည့် hotel တွေ villa တွေ မြောက်များစွာ ရှိပေမယ့်လည်း Client က ဒီမှာသာ တည်းချင်သည်ဆို၍ စီစဉ်ပေးလိုက်ရခြင်းဖြစ်သည်။

အလုပ်ကိစ္စ ပြောပြီးနောက် သူ့ကို တွေ့ချင်နေသည့် လူတစ်ယောက် ရှိသည်ဟု ဆိုလာသည်။ သူရောက်ကတည်းက Bathroom ထဲတွင် လူတစ်ယောက် ရှိနေသည်ကိုတော့ သတိထားမိသည်။ ရေကျသံ ကြားနေရသည်လေ။

" ခဏစောင့်နော် ကိုယ် သွားပြောလိုက်ဦးမယ် ၊
ကိုယ့် ဘေဘီက bathroom ၀င်ရင် ကြာတတ်လို့ ၊
ခု ကိုရက်ခ ရောက်နေပြီဆိုတာတောင် သိမယ့်ပုံ မပေါ်ဘူး "

သူ့ကို တွေ့ချင်နေသည့် လူဆိုပဲ။ ဘယ်သူပါလိမ့်။

သွားခေါ်ဖို့ လုပ်ရန် ထတော့ သူတို့ဆီကို bathrobe ၀တ်ထားတဲ့လူတစ်ယောက် လျှောက်လှမ်းလာသည်။

" ညီ "

ရင်းနှီးနေသည့် အသံနှင့်အတူ မှတ်ဉာဏ်တွေထဲက လူတစ်ယောက်။

" ဘေဘီ ဒီမှာ ဘေဘီတွေ့ချင်တဲ့လူ "

" အွန်း ဟန်နီ ရေချိုးတာ နည်းနည်းကြာသွားတယ် "

" အွန်းပါ "

ထို့နောက် သူ့ရှေ့တွင် အနမ်းတစ်ပွင့်ကို ခြွေလိုက်ကြသည်။

ဟန်နီဆိုသူ ထိုင်သွားသည့် ခုံတွင် ဇေယျတုက ၀င်ထိုင်လိုက်သည်။

" ဟန်နီ ခဏလောက် ရှောင်ပေးနိုင်မလား "

" ၀ှိုင်း ဘာအတွက်လဲ ဘေဘီ ကိုယ်အကုန်သိပြီးသားလေ "

" Honey , u should have good manner "

" အိုခေ အိုခေ နားလည်ပြီ ကိုယ်ထွက်သွားပေးမယ် "

ထို့နောက်...။

" ညီ ကိုယ် မင်းနဲ့ ဆုံချင်နေခဲ့တာ ကြာပြီ "

" ကျွန်တော်ရောပဲ "

" ကိုယ့်အမျိုးသားလေ ညီ ၊
ကိုယ် လက်ထပ်ထားတာ ၁နှစ်ပြည့်တော့မယ် ၊
ညီလည်း လက်ထပ်ထားတယ်လို့ ကိုယ်ကြားတယ် "

ဇေယျတုက ဘယ်ဘက် လက်သူကြွယ်ကို မြင်သာအောင် မြှောက်ပြလာသည်။

" ဟုတ်တယ် ကျွန်တော်လက်ထပ်ပြီးသွားပြီ ကိုဇေ "

ကိုဇေဟုသာ ခေါ်ဖြစ်လိုက်တော့သည်။

အစောကြီးတည်းက သူမေ့ဖျောက်ခဲ့ပြီးသား လူတစ်ယောက်မှာ ဆိုင်သူ ရှိနေပြီဆိုသည့် အသိက သူ့အပေါ်ကို
ကြီးကြီးမားမား သက်ရောက်မှု မရှိသွားခဲ့ပေ။
သို့ပေမယ့် သူသိချင်နေသည့် အကြောင်းအရာတချို့ကတော့ ရှိနေဆဲပင်။

" ကိုယ့်မှာ မင်းကို ပြောပြချင်တဲ့ အကြောင်းအရာတွေ ရှိတယ် ညီ ၊ တစ်နည်းအားဖြင့် မင်း သိချင်တာတွေပေါ့ "

သူ သိချင်တာတွေလို့ ဆိုသည့်အတွက် ငြိမ်ငြိမ်သက်သက် နားထောင်နေလိုက်သည်။

" ပြောလေ ကျွန်တော်နားထောင်နေတယ် "

သိသင့်တာ‌တွေရော သိဖို့မလိုတာ‌တွေရော ပြောပြသည်ကို
နားထောင်ပြီးနောက်မှာ မိုးမိရက်ခသိလိုက်ရသည်က သူကိုယ်တိုင်က ဒီပြဿနာ၏ အဓိကအရင်းအမြစ်ဖြစ်နေသည်ကိုပင်။ မြေ့နင်းခ မဟုတ်ခဲ့။ သူတို့နှစ်ဦးကြားမှာ ဖြစ်တည်လာစေတဲ့ အစိုင်အခဲတွေရဲ့ ဖန်တီးသူက ရက်ခ၏မိခင်ပင်ဖြစ်သည်။

သူနဲ့ခကြားက အစိုင်အခဲတွေတဲ့လား။
မဟုတ်ဘူး သူ့ဘက်ကဘဲ ခအပေါ် တစ်ဖက်သတ် မုန်းတီးရေး စွဲချက်တွေ တင်ခဲ့တာ။

" ဒီကိစ္စ ခသိလား ကိုဇေ "

ဟန်ဆောင်ကောင်းပါသည်။
ခ မင်းက မင်းရဲ့ မပွင့်လင်းမှုတွေကြောင့် မာမီ့နေရာမှာ ငါ့အမုန်းတွေကို အစား၀င်ခံလိုက်ရတာ။

" သိတယ်လေ ညီ ကိုယ် ဩဇီကို မသွားခင်တုန်းက သူနဲ့တွေ့ခဲ့တယ် ၊ မင်းနဲ့သူ အဆက်အသွယ် မရှိတော့ဘူးလား "

' မလိုက်ခဲ့နဲ့၊ သား တစ်ယောက်တည်း အဆင်ပြေတယ် 'လို့အကြိမ်ကြိမ် ပြောသည့်ကြားက သူနှင့်အတူ ဩဇီကို လိုက်ပါလာရသည့် အကြောင်းပြချက်က ဒါကြောင့်ကိုး။
ကိုဇေနှင့်သူ တစ်နည်းမဟုတ်တစ်နည်း ဆုံတွေ့ကြမည်ကို စိုးရိမ်ခြင်းကြောင့်ပင်။

" အဲ့ကိစ္စပြီးတော့ ကျွန်တော်လည်း ဩဇီကိုပဲ ပညာတော်သင်ထွက်ခဲ့တယ် ကိုဇေ "

" ဟုတ်လား.... ဒါတောင် ကိုယ်တို့ မတွေ့ဖြစ်ခဲ့ကြဘူးပဲ‌နော်၊ တစ်နိုင်ငံတည်းမှာ တူတူရှိနေတာတောင်လေ "

" အွန်း ဟုတ်တယ် ၊ ဒါပေမယ့် ကျွန်တော် မသွားခင်ထိ လိုက်ရှာခဲ့သေးတယ် "

" ကိုယ် တောင်းပန်ပါတယ် "

ထိုစကားတွင် အပြစ်ရှိသည့် ခံစားချက်က
အနည်းကျဥ်းတော့ ပါဝင်လောက်လိမ့်မည်။

" ကိုယ် ဒီမေးခွန်း မေးလို့ သင့်တော်ပါ့မလား မသိပေမယ့် မင်းလက်တွဲဖော်ကရော... ဘယ်ကလဲ "

စဥ်းစားကြည့်ရင် ငါမင်းကို တစ်လျှောက်လုံး လက်တွဲဖော်နေရာမှာတောင် မသတ်မှတ်ဖူးခဲ့ဘူးပဲ ခ။

အပြစ်ရှိစိတ်... ကိုယ့်ကိုယ်ကို အပြစ်တင်မိနေခြင်း။
သူ ခအပေါ် ပြင်လို့ မရတဲ့ အမှားကြီး ကျူးလွန်မိခဲ့ပြီလား။

" ဒီကပဲ "

‌ရက်ခဘက်မှ ဆက်ပြောလာမည့် စကားအား ဇေယျတု နားစွင့်နေသည်။

" ခလေ ကိုဇေ "

ကိုဇေက အံ့ဩသည့် အမူအရာကို ပြသည်။
နောက်တော့ သူနားမလည်သည့် အပြုံးတစ်ခု။

" ကိုယ် ခနဲ့လည်း ဆုံချင်သေးတယ်ညီ "

" အခွင့်ကြုံရင်ပေါ့ ကိုဇေ "

အချိန်ကို ကြည့်လိုက်တော့ နေ့လည်၁နာရီ။
ကုမ္ပဏီကို ပြန်မသွားတော့ဘဲ အိမ်ကို တန်းပြန်လာခဲ့လိုက်သည်။

" ဖိုးသူ သူရော "

" အိပ်တုန်းလေ အကိုလေးခ "

" ပြန်အိပ်တာလား "

" မဟုတ်ဘူး ခုထိ မနိုးသေးတာ အကိုလေး "

ခအခန်း ရှိရာဆီ သူ သွားလိုက်ပြီး အမြဲလိုလို လော့မချထားသည့် အခန်းလေးထဲကို ခြေချလိုက်သည်။

နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။
အိပ်နေသူဘေးကို ၀င်ထိုင်လိုက်ပြီး နဖူးပေါ်၀ဲကျနေတဲ့ ဆံနွယ်တစ်ချို့ကို အနည်းငယ် လှပ်ကာ လက်တင်ပြီး အပူချိန် စမ်းကြည့်လိုက်သည်။
ဒီနှစ်တွေအတွင်းမှာ ဒါဟာ ပထမဆုံးအကြိမ် ငြင်သာစွာ ထိတွေ့ခြင်း။

မင်းနိုးလာရင် ငါ့မှာ ပြောစရာတွေ ရှိတယ်။
မေးစရာတွေလည်း ရှိတယ်။
အစတည်းက ငါ့ကို ဘာလို့ အမှန်တိုင်း မပြောခဲ့ရတာလဲ။
ငါမင်းကို ပြောဖို့ အခွင့်အရေး ပေးခဲ့တယ်လေကွာ။
ဒါနဲ့များ ငါ့ကို ဘာလို့ လူဆိုးကြီး ဖြစ်အောင် လုပ်ရတာလဲ။
သေချာတာကတော့ ဒီဇာတ်လမ်းမှာ ငါလည်း နာကျင်ခဲ့ရပါတယ်။ မင်းတစ်ယောက်လုံးကို ဆုံးရှုံးခဲ့ရတာလေ။

မင်းကို အစိတ်စိတ်အမွှာမွာ ကွဲကြေအောင်
နင်းချေပစ်မယ်ဆိုတဲ့ ငါက
အဟက် ... ရယ်တော့ရယ်ရသား
တကယ်တမ်း နင်းခံရတဲ့သူက ငါဖြစ်နေခဲ့တယ်ဆိုတာကို
ငါ ကိုယ်တိုင်တောင် မသိခဲ့ဘူး။
မင်း သရုပ်ဆောင်တာ သိပ်တော်တယ် ခ။
ဘာမှ မသိသလို ဟန်ဆောင်တာ သိပ်ကို ပိရိလွန်းခဲ့တယ်။

ဒါပေမယ့်လေ ငါမင်းအပေါ် ပြုမူခဲ့တာတွေက ငါမမှားဘူးလို့ဘဲ ငါလက်ခံတယ်။ မင်းဘက်က ကြည့်ရင်လည်း မင်းမှန်သလို ငါ့ဘက်က ကြည့်ရင်လည်း ငါမမှားဘူး ခ။

မင်းအပေါ် ပြုမူခဲ့တဲ့ ငါ့ လုပ်ရပ်‌တွေကို ချေဖျက်နိုင်ဖို့ ငါဘာလုပ်သင့်လဲ။ ငါဘာတွေ ပြန်ပေးဆပ်သင့်လဲ။
ငါ မင်းခြေဖျားအောက်မှာ ၀ပ်ဆင်းပေးသင့်လား။
ဒါဆိုရင်တော့ ငါအဆင်သင့်ဖြစ်နေပြီ။

ဒီ အိမ်ထောင်သက် နှစ်နှစ်ကျော်ကျော်အတွင်းမှာ
ငါ ....မင်းအပေါ် စိတ်ရှိနေခဲ့ပြီ ထင်တယ်။

----------------------

✨ NOVEMBER 30 , 2021 ✨

Zawgyi

ယေန႔ ေတြ႕ရမည့္ Client မွာ သိပ္ကို အေရးပါသည္။
ထို႔အျပင္ အေရးတႀကီးလူနဲ႔ ေပးေတြ႕ေပးခ်င္သည္ဆို၍
ခ်ိန္းသည့္ ေနရာကို ကိုယ္တိုင္ လာလိုက္ျခင္းျဖစ္သည္။

" ဒီကို ကိုယ္တိုင္ လာခိုင္းလိုက္ရတဲ့အတြက္ စိတ္မရွိပါနဲ႔ "

ခ်ိန္းသည့္ ေနရာက တစ္ျခားေတာ့မဟုတ္။
သူ ကိုယ္တိုင္ စီစဥ္ေပးထားသည့္ ROYAL PARK HOTEL တြင္ျဖစ္သည္။ ကိုယ္ ပိုင္သည့္ hotel ေတြ villa ေတြ ေျမာက္မ်ားစြာ ရွိေပမယ့္လည္း Client က ဒီမွာသာ တည္းခ်င္သည္ဆို၍ စီစဥ္ေပးလိုက္ရျခင္းျဖစ္သည္။

အလုပ္ကိစၥ ေျပာၿပီးေနာက္ သူ႔ကို ေတြ႕ခ်င္ေနသည့္ လူတစ္ေယာက္ ရွိသည္ဟု ဆိုလာသည္။ သူေရာက္ကတည္းက Bathroom ထဲတြင္ လူတစ္ေယာက္ ရွိေနသည္ကိုေတာ့ သတိထားမိသည္။ ေရက်သံ ၾကားေနရသည္ေလ။

" ခဏေစာင့္ေနာ္ ကိုယ္ သြားေျပာလိုက္ဦးမယ္ ၊
ကိုယ့္ ေဘဘီက bathroom ၀င္ရင္ ၾကာတတ္လို႔ ၊
ခု ကိုရက္ခ ေရာက္ေနၿပီဆိုတာေတာင္ သိမယ့္ပုံ မေပၚဘူး "

သူ႔ကို ေတြ႕ခ်င္ေနသည့္ လူဆိုပဲ။ ဘယ္သူပါလိမ့္။

သြားေခၚဖို႔ လုပ္ရန္ ထေတာ့ သူတို႔ဆီကို bathrobe ၀တ္ထားတဲ့လူတစ္ေယာက္ ေလွ်ာက္လွမ္းလာသည္။

" ညီ "

ရင္းႏွီးေနသည့္ အသံႏွင့္အတူ မွတ္ဉာဏ္ေတြထဲက လူတစ္ေယာက္။

" ေဘဘီ ဒီမွာ ေဘဘီေတြ႕ခ်င္တဲ့လူ "

" အြန္း ဟန္နီ ေရခ်ိဳးတာ နည္းနည္းၾကာသြားတယ္ "

" အြန္းပါ "

ထို႔ေနာက္ သူ႔ေရွ႕တြင္ အနမ္းတစ္ပြင့္ကို ေႁခြလိုက္ၾကသည္။

ဟန္နီဆိုသူ ထိုင္သြားသည့္ ခုံတြင္ ေဇယ်တုက ၀င္ထိုင္လိုက္သည္။

" ဟန္နီ ခဏေလာက္ ေရွာင္ေပးႏိုင္မလား "

" ၀ႈိင္း ဘာအတြက္လဲ ေဘဘီ ကိုယ္အကုန္သိၿပီးသားေလ "

" Honey , u should have good manner "

" အိုေခ အိုေခ နားလည္ၿပီ ကိုယ္ထြက္သြားေပးမယ္ "

ထို႔ေနာက္...။

" ညီ ကိုယ္ မင္းနဲ႔ ဆုံခ်င္ေနခဲ့တာ ၾကာၿပီ "

" ကြၽန္ေတာ္ေရာပဲ "

" ကိုယ့္အမ်ိဳးသားေလ ညီ ၊
ကိုယ္ လက္ထပ္ထားတာ ၁ႏွစ္ျပည့္ေတာ့မယ္ ၊
ညီလည္း လက္ထပ္ထားတယ္လို႔ ကိုယ္ၾကားတယ္ "

ေဇယ်တုက ဘယ္ဘက္ လက္သူႂကြယ္ကို ျမင္သာေအာင္ ေျမႇာက္ျပလာသည္။

" ဟုတ္တယ္ ကြၽန္ေတာ္လက္ထပ္ၿပီးသြားၿပီ ကိုေဇ "

ကိုေဇဟုသာ ေခၚျဖစ္လိုက္ေတာ့သည္။

အေစာႀကီးတည္းက သူေမ့ေဖ်ာက္ခဲ့ၿပီးသား လူတစ္ေယာက္မွာ ဆိုင္သူ ရွိေနၿပီဆိုသည့္ အသိက သူ႔အေပၚကို
ႀကီးႀကီးမားမား သက္ေရာက္မႈ မရွိသြားခဲ့ေပ။
သို႔ေပမယ့္ သူသိခ်င္ေနသည့္ အေၾကာင္းအရာတခ်ိဳ႕ကေတာ့ ရွိေနဆဲပင္။

" ကိုယ့္မွာ မင္းကို ေျပာျပခ်င္တဲ့ အေၾကာင္းအရာေတြ ရွိတယ္ ညီ ၊ တစ္နည္းအားျဖင့္ မင္း သိခ်င္တာေတြေပါ့ "

သူ သိခ်င္တာေတြလို႔ ဆိုသည့္အတြက္ ၿငိမ္ၿငိမ္သက္သက္ နားေထာင္ေနလိုက္သည္။

" ေျပာေလ ကြၽန္ေတာ္နားေထာင္ေနတယ္ "

သိသင့္တာ‌ေတြေရာ သိဖို႔မလိုတာ‌ေတြေရာ ေျပာျပသည္ကို
နားေထာင္ၿပီးေနာက္မွာ မိုးမိရက္ခသိလိုက္ရသည္က သူကိုယ္တိုင္က ဒီျပႆနာ၏ အဓိကအရင္းအျမစ္ျဖစ္ေနသည္ကိုပင္။ ေျမ့နင္းခ မဟုတ္ခဲ့။ သူတို႔ႏွစ္ဦးၾကားမွာ ျဖစ္တည္လာေစတဲ့ အစိုင္အခဲေတြရဲ႕ ဖန္တီးသူက ရက္ခ၏မိခင္ပင္ျဖစ္သည္။

သူနဲ႔ခၾကားက အစိုင္အခဲေတြတဲ့လား။
မဟုတ္ဘူး သူ႔ဘက္ကဘဲ ခအေပၚ တစ္ဖက္သတ္ မုန္းတီးေရး စြဲခ်က္ေတြ တင္ခဲ့တာ။

" ဒီကိစၥ ခသိလား ကိုေဇ "

ဟန္ေဆာင္ေကာင္းပါသည္။
ခ မင္းက မင္းရဲ႕ မပြင့္လင္းမႈေတြေၾကာင့္ မာမီ့ေနရာမွာ ငါ့အမုန္းေတြကို အစား၀င္ခံလိုက္ရတာ။

" သိတယ္ေလ ညီ ကိုယ္ ဩဇီကို မသြားခင္တုန္းက သူနဲ႔ေတြ႕ခဲ့တယ္ ၊ မင္းနဲ႔သူ အဆက္အသြယ္ မရွိေတာ့ဘူးလား "

' မလိုက္ခဲ့နဲ႔၊ သား တစ္ေယာက္တည္း အဆင္ေျပတယ္ 'လို႔အႀကိမ္ႀကိမ္ ေျပာသည့္ၾကားက သူႏွင့္အတူ ဩဇီကို လိုက္ပါလာရသည့္ အေၾကာင္းျပခ်က္က ဒါေၾကာင့္ကိုး။
ကိုေဇႏွင့္သူ တစ္နည္းမဟုတ္တစ္နည္း ဆုံေတြ႕ၾကမည္ကို စိုးရိမ္ျခင္းေၾကာင့္ပင္။

" အဲ့ကိစၥၿပီးေတာ့ ကြၽန္ေတာ္လည္း ဩဇီကိုပဲ ပညာေတာ္သင္ထြက္ခဲ့တယ္ ကိုေဇ "

" ဟုတ္လား.... ဒါေတာင္ ကိုယ္တို႔ မေတြ႕ျဖစ္ခဲ့ၾကဘူးပဲ‌ေနာ္၊ တစ္ႏိုင္ငံတည္းမွာ တူတူရွိေနတာေတာင္ေလ "

" အြန္း ဟုတ္တယ္ ၊ ဒါေပမယ့္ ကြၽန္ေတာ္ မသြားခင္ထိ လိုက္ရွာခဲ့ေသးတယ္ "

" ကိုယ္ ေတာင္းပန္ပါတယ္ "

ထိုစကားတြင္ အျပစ္ရွိသည့္ ခံစားခ်က္က
အနည္းက်ဥ္းေတာ့ ပါဝင္ေလာက္လိမ့္မည္။

" ကိုယ္ ဒီေမးခြန္း ေမးလို႔ သင့္ေတာ္ပါ့မလား မသိေပမယ့္ မင္းလက္တြဲေဖာ္ကေရာ... ဘယ္ကလဲ "

စဥ္းစားၾကည့္ရင္ ငါမင္းကို တစ္ေလွ်ာက္လုံး လက္တြဲေဖာ္ေနရာမွာေတာင္ မသတ္မွတ္ဖူးခဲ့ဘူးပဲ ခ။

အျပစ္ရွိစိတ္... ကိုယ့္ကိုယ္ကို အျပစ္တင္မိေနျခင္း။
သူ ခအေပၚ ျပင္လို႔ မရတဲ့ အမွားႀကီး က်ဴးလြန္မိခဲ့ၿပီလား။

" ဒီကပဲ "

‌ရက္ခဘက္မွ ဆက္ေျပာလာမည့္ စကားအား ေဇယ်တု နားစြင့္ေနသည္။

" ခေလ ကိုေဇ "

ကိုေဇက အံ့ဩသည့္ အမူအရာကို ျပသည္။
ေနာက္ေတာ့ သူနားမလည္သည့္ အၿပဳံးတစ္ခု။

" ကိုယ္ ခနဲ႔လည္း ဆုံခ်င္ေသးတယ္ညီ "

" အခြင့္ႀကဳံရင္ေပါ့ ကိုေဇ "

အခ်ိန္ကို ၾကည့္လိုက္ေတာ့ ေန႔လည္၁နာရီ။
ကုမၸဏီကို ျပန္မသြားေတာ့ဘဲ အိမ္ကို တန္းျပန္လာခဲ့လိုက္သည္။

" ဖိုးသူ သူေရာ "

" အိပ္တုန္းေလ အကိုေလးခ "

" ျပန္အိပ္တာလား "

" မဟုတ္ဘူး ခုထိ မႏိုးေသးတာ အကိုေလး "

ခအခန္း ရွိရာဆီ သူ သြားလိုက္ၿပီး အၿမဲလိုလို ေလာ့မခ်ထားသည့္ အခန္းေလးထဲကို ေျခခ်လိုက္သည္။

ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနသည္။
အိပ္ေနသူေဘးကို ၀င္ထိုင္လိုက္ၿပီး နဖူးေပၚ၀ဲက်ေနတဲ့ ဆံႏြယ္တစ္ခ်ိဳ႕ကို အနည္းငယ္ လွပ္ကာ လက္တင္ၿပီး အပူခ်ိန္ စမ္းၾကည့္လိုက္သည္။
ဒီႏွစ္ေတြအတြင္းမွာ ဒါဟာ ပထမဆုံးအႀကိမ္ ျငင္သာစြာ ထိေတြ႕ျခင္း။

မင္းႏိုးလာရင္ ငါ့မွာ ေျပာစရာေတြ ရွိတယ္။
ေမးစရာေတြလည္း ရွိတယ္။
အစတည္းက ငါ့ကို ဘာလို႔ အမွန္တိုင္း မေျပာခဲ့ရတာလဲ။
ငါမင္းကို ေျပာဖို႔ အခြင့္အေရး ေပးခဲ့တယ္ေလကြာ။
ဒါနဲ႔မ်ား ငါ့ကို ဘာလို႔ လူဆိုးႀကီး ျဖစ္ေအာင္ လုပ္ရတာလဲ။
ေသခ်ာတာကေတာ့ ဒီဇာတ္လမ္းမွာ ငါလည္း နာက်င္ခဲ့ရပါတယ္။ မင္းတစ္ေယာက္လုံးကို ဆုံးရႈံးခဲ့ရတာေလ။

မင္းကို အစိတ္စိတ္အမႊာမြာ ကြဲေၾကေအာင္
နင္းေခ်ပစ္မယ္ဆိုတဲ့ ငါက
အဟက္ ... ရယ္ေတာ့ရယ္ရသား
တကယ္တမ္း နင္းခံရတဲ့သူက ငါျဖစ္ေနခဲ့တယ္ဆိုတာကို
ငါ ကိုယ္တိုင္ေတာင္ မသိခဲ့ဘူး။
မင္း သ႐ုပ္ေဆာင္တာ သိပ္ေတာ္တယ္ ခ။
ဘာမွ မသိသလို ဟန္ေဆာင္တာ သိပ္ကို ပိရိလြန္းခဲ့တယ္။

ဒါေပမယ့္ေလ ငါမင္းအေပၚ ျပဳမူခဲ့တာေတြက ငါမမွားဘူးလို႔ဘဲ ငါလက္ခံတယ္။ မင္းဘက္က ၾကည့္ရင္လည္း မင္းမွန္သလို ငါ့ဘက္က ၾကည့္ရင္လည္း ငါမမွားဘူး ခ။

မင္းအေပၚ ျပဳမူခဲ့တဲ့ ငါ့ လုပ္ရပ္‌ေတြကို ေခ်ဖ်က္ႏိုင္ဖို႔ ငါဘာလုပ္သင့္လဲ။ ငါဘာေတြ ျပန္ေပးဆပ္သင့္လဲ။
ငါ မင္းေျခဖ်ားေအာက္မွာ ၀ပ္ဆင္းေပးသင့္လား။
ဒါဆိုရင္ေတာ့ ငါအဆင္သင့္ျဖစ္ေနၿပီ။

ဒီ အိမ္ေထာင္သက္ ႏွစ္ႏွစ္ေက်ာ္ေက်ာ္အတြင္းမွာ
ငါ ....မင္းအေပၚ စိတ္ရွိေနခဲ့ၿပီ ထင္တယ္။

----------------------

✨ NOVEMBER 30 , 2021 ✨

Continue Reading

You'll Also Like

12.5K 580 9
[ Zawgyi ] ---------------- အခ်စ္နဲ႕မေတြ႕ေသးလို႕ စိတ္ညစ္မေနပါနဲ႕ ကိုယ့္သူငယ္ခ်င္းရဲ႕သားကလည္း ကိုယ့္ရဲ႕ဖူးစာရွင္ ျဖစ္လာနိုင္ပါေသးတယ္ ... [ Unicode ] ...
3M 196K 62
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
245K 28.4K 160
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...