ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြ...

By Pony_Pon

588K 82.5K 3K

ျပန္လည္ရွင္သန္ပီးေနာက္သူေဌးႀကီးရဲ႕ခ်စ္ဇနီးေလးျဖစ္လာခဲ့တယ္ [BL] Fully Credit To Author 清麓 ,Original Publi... More

Summary
1 [Rebirth]
2 [Birthday Present]
3 [He was with me last night]
4 [Warn]
5 [Si Family]
6 [Friends]
7 [Spoil You]
8 [Return home early]
9 [Pick things up]
10 [Quite Rich]
11 [Good Son]
12 [Entrance Examination No.1]
13 [Behave in a spoiled manner]
14 [Then,I'll be gentle]
15 [As long as you want]
16 [Award]
17 [Do you care?]
18 [Entrance Feast]
19 [Not for him]
21 [Weather is Cool]
22 [Secretly,fell in love]
23 [You,ungrateful animal]
24 [I want to marry him]
25.1[Do you want to?]
25.2 [Do you want to?]
26 [I do]
27 [Get Married Soon]
28 [Arrogant]
29 [We are Married]
30 [Freshman Representative]
31 [ Mrs.Si ]
32 [Wedding Announcement]
33 [Come and sit here]
34.1 [You must called him Papa]
34.2 [You must called him Papa]
35 [Miss Someone]
36 [Imaginary]
37 [Find me the first time]
Announcements
38 [Rumour]
39 [Love you]
40 [Are you in love?]
41 [Will Si Ye be sad?]
42 [Si Ye is getting married]
43 [Move in with Me]
44 [I love you too]
45 [Your Groom]
46 [Good Boy]
47 [Master Xu's Background]
48 [Miss Me?]
(╯ರ ~ ರ)╯︵ ┻━┻
49 [Don't make me kiss you]
50 [My partner will be jealous]
51 [Draw me a picture]
52 [I'm nice]
53[I can't bare the slightest criticism of my man]
54 [I really like him]
55 [My watch is missing]
56 [Eunuch]
57 [Shū Zhí]
58 [favour]
59 [Photo]
60 [Get rid of]

20 [Go back to Tao's]

8.8K 1.4K 69
By Pony_Pon

"ချန်ရှု မင်း ..."

စစ်ရိချန် စကားမဆုံးခင်မှာ သူ့လည်ပင်းနောက်ကနေ အတင်းဆွဲထုတ်သွားသလို ခံစားလိုက်ရတယ်။ အသက်ရှုကြပ်တဲ့အခိုက်အတန့်မှာ သူ့ရင်ဘတ်က တင်းကြပ်နေပြီး ခပ်ပြင်းပြင်းအထိုးခံလိုက်ရကာ မြေင်ပြင်ပေါ်လဲကျသွားသည်။

တုန်လှုပ်ချောက်ချားစွာ မတ်တတ်ထရပ်လာပြီး အေးစက်တဲ့မျက်နှာနဲ့လူတစ်ယောက်ကို အော်လိုက်ဖို့ပြင်တဲ့အချိန်မှာတော့ ပျောက်ဆုံးသွားတဲ့ စစ်ရိချန်ရဲ့ အသိစိတ် ပြန်ဝင်လာခဲ့သည်။

"အဖေ...အဖေ..."

စစ်ရိချန် စစ်ရယ်ကို အလိုလို ကြောက်လန့်သွားပြီး တုန်လှုပ်သွားရုံမက တင်းကြပ်နေတဲ့လက်သီးဆုပ်များကလဲ တုန်ရီနေသည်။

စစ်ရယ်က လူသေကောင်ကိုကြည့်နေသလို ခံစားချက်မဲ့တဲ့ ပုံစံဖြင့်

"ငါပြောတာကို မင်းမမှတ်မိဘူးထင်တယ်"

စစ်ရိချန်သည် စစ်ရယ်ရဲ့သတိပေးချက်ကို ရုတ်တရက် တွေးမိလိုက်တယ်။ ထိတ်လန့်တကြားနဲ့ ခေါင်းမော့လာပြီး

"အဲဒါ ကျွန်တော်လုပ်တာ မဟုတ်ဘူး... ကျွန်တော်..."

လို့ ကူကယ်ရာမဲ့စွာ ရှင်းပြတယ်။

"အိမ်ထိန်းဦးလေး ၊ စစ်ရိချန်ကို ချုပ်ထားလိုက်"

စစ်ရယ်က အိမ်ထိန်းကို အေးစက်တဲ့လေသံဖြင့် ပြောလိုက်သည်။

"အဖေ! ကျွန်တော်မှားသွားတယ်! အဖေ..."

စစ်ရိချန်ထိတ်လန့်သွားပြီး တောင်းပန်ကာအသနားခံချင်ပေမယ့် စစ်ရယ် က သူ့ကို အခွင့်အရေးကို မပေးခဲ့ပါဘူး။

"​နောက်​တစ်ခွန်းထပ်ပြောရဲရင် မင်းကို ထောင်မိသားစုဆီ ငါပြန်ပို့လိုက်မယ်"

ဖြစ်ပွားရာနေရာရှိလူများအားလုံး အသက်ပြင်းပြင်းရှူလိုက်ကြပြီး စစ်ရယ်အခု‌လောက်ထိ ရက်စက်လိမ့်မည်ဟု မည်သူမျှမထင်ခဲ့ဘူး။ နောက်ဆုံးတော့ စစ်ရယ်သူ့လက်နဲ့ကိုယ်တိုင် ပြုစုပျိုးထောင်ပြီးအရွယ်ရောက်လာတဲ့ စစ်ရိချန်ဆိုတဲ့ ကလေးကို မလိုချင်တော့ဘူးပဲ။

ချန်ရှု ကို ပြန်ကြည့်လိုက်ကြပြီး သူတို့ အကြည့်တွေက မနှစ်မြို့တဲ့ပုံစံမဟုတ်တော့ဘဲ ပိုသနားလာမိတယ် ။ စစ်ရယ်လို နှလုံးသားမရှိတဲ့သူတစ်ယောက်အတွက် ဒီနေ့စစ်ရိချန် စွန့်ပစ်ခံလိုက်ရပြီးမနက်ဖြန် ချန်ရှုမဖြစ်လာနိုင်ဘူးလို့ ပြောလို့မရဘူး။

စစ်ရိချန် သူ့ကိုအိမ်ထိန်းခေါ်ဆောင်သွားတဲ့အချိန်ခန္ဓာကိုယ်တစ်ကိုယ်လုံး ပျော့ခွေနေတဲ့အထိ ကြောက်ရွံ့နေပုံရတယ်။ သက်တော်စောင့် ကပဲ သူ့ကို သယ်သွားရသည် ။

ဒါတွေအားလုံးကို မျက်မြင်တွေ့ခဲ့ရတဲ့ ထုန်ကျရှီ ဟာ စစ်ရိချန်ရဲ့ ထင်ရာစိုင်းမှုကနေ ရလိုက်တဲ့ သင်ခန်းစာကြောင့် လုံးဝကို ငြိမ်သက်သွားခဲ့တယ်။

ချန်ရှုကို မနာလိုဖြစ်ပြီး မနာလိုစိတ်ကြောင့် သူ့မျက်လုံးများ နီရဲနေသော်လည်း စစ်ရိချန်လောက်မမိုက်မဲတာကြောင့် ချန်ရှုနှင့် ထိပ်တိုက်မတွေ့နိုင်ဘူး။အန်ကယ်စစ် က စစ်ရိချန်ကိုတောင် ရက်ရက်စက်စက် ရိုက်ပစ်နိုင်တာ ။ သူ့ကိုဆို မပြောနဲ့တော့

"နာသွားလား?"

စစ်ရယ် ချန်ရှုရဲ့လည်ပင်းကို ကိုင်ကြည့်ဖို့ သူ့လက်ကို ဆန့်လိုက်သည်။ချန်ရှု အသားအရေက ဖြူတာကြောင့် စစ်ရိချန် ပြင်းပြင်းထန်ထန် ဖိထားတဲ့လည်ပင်းမှာ အနီကွက်ဖြစ်လာခဲ့သည်။

"အဟွတ်.... ရပါတယ်"
ချန်ရှု နှစ်ကြိမ်လောက် ချောင်းဆိုးမိပြီး ခေါင်းငြိမ့်ပြလိုက်တယ်။

စစ်ရယ်က ချန်ရှုကို အခန်းထဲပြန်ခေါ်သွားပြီး မိသားစုဆရာဝန်က အသင့် စောင့်နေတယ်။ဆရာဝန်က ချန်ရှုလည်ပင်းကို စစ်ဆေးလိုက်ပြီး ဘာမှ မစိုးရိမ်ရကြောင်း အတည်ပြုပြီးနောက် သောက်ဆေးပေးကာ ပြန်ထွက်သွားခဲ့သည်။

"တောင်းပန်ပါတယ်။ မင်းကိုနာကျင်စေမိပြီ"

စစ်ရယ် ချန်ရှုရဲ့လည်ပင်းကို အပြစ်ရှိတဲ့စိတ်ကြောင့် ပွတ်ပေးနေမိတယ်။

စစ်ရယ်ရဲ့ မျက်လုံးတွေက စိတ်ဓာတ်ကျမှုနဲ့ ပြည့်နေပြီး အပြစ်ရှိသလိုခံစားချက်က တစ်ကိုယ်လုံးပြည့်နှက်နေသည်။ချန်ရှုမသိလိုက်တာက အခုဖြစ်ပျက်တစ်ခုထဲအတွက် တောင်းပန်နေတာမဟုတ်ဘဲ အရင်ဘဝကကိစ္စအတွက်ပါ စစ်ရယ်တောင်းပန်နေတာဖြစ်သည်။

အရင်ဘဝတွင် မီးလောင်ထားတဲ့ရုပ်အလောင်းကို ရဲများက အကြောင်းကြားလာသောအချိန်ကို သူတစ်သက်လုံး မမေ့ပျောက်နိုင်ခဲ့ပေ။ ထိုနေ့ရဲ့အဖြစ်အပျက်များကြောင့် မရေမတွက်နိုင်တဲ့ညများစွာ သူနောင်တရခဲ့သည်။ ချန်ရှု ပျောက်နေတာကို သူဘာလို့ စောစောသတိမထားမိခဲ့ရတာလဲ။ချန်ရှု ကို မီးထဲကနေ ဘာလို့ အချိန်မီ မကယ်ထုတ်နိုင်ခဲ့ရတာလဲ။ ထိုမီးထဲမှာ ချန်ရှုမည်မျှ နာကျင်ပြီး မျှော်လင့်ချက်မဲ့စွာဖြင့် မီးလောင်သေဆုံးသွားခဲ့မလဲ။

နောက်ပိုင်းမှာတော့ ချန်ရှု ကိုသတ်ခဲ့တဲ့ တရားခံအစစ်ကို သူရှာဖွေခဲ့တယ်။ချန်ရှုအတွက် လက်စားချေပြီးနောက်မှာတောင် ချန်ရှုသေဆုံးမှုက ညတိုင်းညတိုင်း သူ့အိပ်မက်ဆိုးအဖြစ်ရှိနေဆဲဖြစ်သည်။

အားလုံးပြေလည်သွားပြီးနောက် စစ်ရယ် ပန်းစည်းကိုယူကာ ချန်ရှုရှိရာသုသာန်ကိုသွားရောက်လည်ပတ်ခဲ့သည်။ချန်ရှုဂူရှေ့မှာ ထိုင်ပြီး ချန်ရှုနှင့် အတူ ဝိုင်သောက်ကာ စကားပြောရင်း သူ့လက်ချောင်းများကို မထိန်းနိုင်တော့ဘဲ အုတ်ဂူကျောက်တုံးပေါ် သူစဉ်းစားနေမိတဲ့အတိုင်း လူငယ်လေးရဲ့ ဓာတ်ပုံကို ပွတ်သပ်ကြည့်ပြီးနောက် အုတ်ဂူဘေးမှာပဲ အိပ်ပျော်သွားခဲ့တယ် မျက်လုံးတွေ ပြန်ဖွင့်လိုက်တဲ့အခါတွင် စစ်ရယ် အသက်နှစ်ဆယ့်ငါးနှစ်အရွယ်မှာ တစ်ဖန်မွေးဖွားလာသည်ကို တွေ့ရှိခဲ့သည်။

သူချစ်သော ကလေး အသက်ရှင်နေသေးတယ်။ အသက်ဆယ့်ငါးနှစ်အရွယ်ချန်ရှုက ငယ်ရွယ်ပြီး မရင့်ကျက်သူလေး။စစ်ရယ်ကိုတွေ့တဲ့အခါ နာခံမှုရှိတဲ့ပုံစံဖြင့် နှုတ်ဆက်တတ်ပေမယ့် မိသားစုဝင်တစ်ယောက်လို နွေးနွေးထွေးထွေး စကားမပြောခဲ့ဘူး။

စစ်ရယ်က ကလေးလေး ကို ကြည့်ပြီး ဒီတစ်ခါတော့ ချန်ရှုဘေးကင်းလုံခြုံပြီး နှစ်တစ်ရာတိုင် အသက်ရှင်ခွင့် သူပေးမယ်။ ချန်ရှုရဲ့ 18 နှစ်မြောက် မွေးနေ့ပါတီညမှာ အသက် 22 နှစ်အရွယ်ချန်ရှု ပါ ပြန်လည်မွေးဖွားလာမယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။

အဲ့ဒီအချိန်အခိုက်တန့်မှာပဲ ချန်ရှုက စစ်ရယ်ဘဝထဲ ဝင်လာနိုင်တဲ့ တစ်ယောက်ထဲသောသူအဖြစ် ကံကြမ္မာရည်ရွယ်ထားတာဖြစ်တယ်လို့ သတ်မှတ်လိုက်သည်။။ချန်ရှု သူ့လူဖြစ်လာရမယ်။

"မနာပါဘူး၊ အန်ကယ်စစ် တောင်းပန်စရာမလိုဘူး"

စစ်ရယ်ကဘာလို့ သူ့ကိုယ်သူ အပြစ်တင်နေပြီး စိတ်မကောင်းဖြစ်ရတာလဲ ချန်ရှုနားမလည်နိုင်ပေ။စစ်ရယ်ရဲ့ဒီလို အပြစ်ရှိတဲ့ အမူအရာတွေကို သူမမြင်ချင်ဘူး။

စစ်ရယ်သည် ဖြူစင်တောက်ပနေတဲ့ မျက်လုံးတွေကို ကြည့်ပြီး ရုတ်တရက်ထလိုက်ကာ နဖူးကို မြတ်နိုးစွာဖြင့် နမ်းလိုက်သည်။ချန်ရှု အံ့သြလို့မဆုံးခင်မှာ စစ်ရယ်က

"ကိုယ် မင်းကို အထိခိုက်မခံနိုင်ဘူး"

ချန်ရှုနှလုံးသားတွင် နူးညံ့သိမ်မွေ့သော လရောင်များ ရုတ်တရက် လင်းလာသလို

"ကောင်းပြီ အန်ကယ်စစ်သာ အသက်ရှည်ရှည်နေပေးရမယ် "

စစ်ရယ်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး ချန်ရှုကို သူ့ရင်ခွင်ထဲကို ဆွဲသွင်းလိုက်ပြီး

"ကိုယ် အသက်ကြီးနေပြီလို့ မင်းထင်နေတာလား"

"ဘာလို့ထင်ရမှာလဲ အန်ကယ်စစ်က အသက် နှစ်ဆယ့်ရှစ်နှစ်ပဲရှိသေးတာ၊ငယ်နေတုံးပဲ"

ချန်ရှုက မျက်နှာကို မော့ပြီး ယုံကြည်ချက်အပြည့်နဲ့ ခေါင်းယမ်းလိုက်တယ်။စစ်ရယ်က အသက် ၂၈ နှစ်ရှိပြီဖြစ်ပေမဲ့ ခန့်ညားပြီးရင်း ခန့်ညားနေတာ အသက်ကြီးတယ်လို့ တခါမှ မတွေးခဲ့ဖူးဘူး။ သူမှတ်မိပါသေးတယ် စစ်ရယ်က အသက်သုံးဆယ်ရှိနေတာတောင် နှစ်ဆယ်အရွယ်တိုင်းပဲ။ဒါပေမဲ့ အမူရာက ပိုရင့်ကျက်ပြီး ပိုတည်ငြိမ်လာတယ်။

အောက်ကလူတွေ စိတ်မပူစေရန် စစ်ရယ် နှင့် ချန်ရှုသည် ခနအကြာ အောက်ထပ်သို့ဆင်းသွားခဲ့သည်။ ချန်ရှုကို လူကြီးတစ်ချို့နဲ့ တွေ့ပေးဖို့စစ်ရယ်ခေါ်ဆောင်သွားတယ်။စာအိတ်အနီအများအပြား ကို လက်ခံရရှိပြီးနောက် စစ်ရယ်က သူ့အတန်းဖော်များဆီ ပြန်သွားပြီး ကိုယ်တိုင်ကစားခိုင်းလိုက်တယ်။

"သခင်လေးရှု က အရမ်းတော်ပြီး ဉာဏ်ကောင်းတယ် "

အကြီးအကဲတစ်ယောက်က ချန်ရှုနောက်ကျောကိုပြုံးပြီးကြည့်ကာ ပြောလိုက်တယ်။

စစ်ရယ် စကားတစ်ခွန်းမှ မပြောဘဲနေ နေ သော်လည်း သူ့မျက်နှာမှာ ဂုဏ်ယူနေတဲ့အပြုံး အပြည့်နှင့်ပင်။

အခုပြောလိုက်တဲ့အကြီးကဲနဲ့ စစ်ရယ်ရဲ့ကွယ်လွန်သွားတဲ့အဖေတို့က အသက်ရွယ်တူ ဆက်ဆံရေးကောင်းများ ရှိခဲ့သည်။နောက်တော့ ပြုံးပြီးပြောလာတယ်

"မင်းက ငယ်နေသေးတာပဲ၊ သင့်တော်တဲ့ လက်တွဲဖော်ရှာတွေ့နေပြီလား? မဟုတ်ရင် ငါ့သူငယ်ချင်းဟောင်းရဲ့ မြေးမလေး နိုင်ငံခြားမှာ ကျောင်းတက်ပြီး ပြန်လာတော့မယ်။ မင်းထက် နှစ်နှစ်သုံးနှစ်လောက်ငယ်လဲငယ်တယ်။ထက်မြက်တယ်၊ မင်းစကားပြောကြည့်ချင်လား"

"ဦးလေး ကျောင်း။ ကျွန်တော် အဲဒါတွေကို လောလောဆယ် စဉ်းစားမှာ မဟုတ်ဘူး။"

စစ်ရယ်က ပြတ်ပြတ်သားသား ငြင်းလိုက်တယ်။

ဦးလေးကျောင်း က

"မင်းယောက်ျားလေးတွေ ကြိုက်တယ်ဆိုရင်လည်း ငါမင်းကို မိတ်ဆက်ပေးလို့ရပါတယ်"

စစ်ရယ် ထိုစကားဝိုင်းတွင် လုံးဝမပါတော့။ အသက်ကြီးသူတွေက လိုက်ဖက်တဲ့လူလိုက်ရွေး ရတာကိုဝါသနာပါတာ ဖြစ်နိုင်တယ်။

"အဖိုးချန် ။ မင်းလည်ပင်း အဆင်ပြေရဲ့လား"

ကုရှင်းဟောင် သည် ချန်ရှုပြန်လာသည်ကို မြင်လိုက်တဲ့အခါ စိုးရိမ်တကြီး ပြေးလာတယ်။

"အဆင်ပြေပါတယ် ငါဆေးသောက်ထားလိုက်တယ်"

ချန်ရှု က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ့အတန်းဖော်တွေအားလုံးက သူ့ကိုလာမေးမဲ့စကားတွေကို ထိန်းလိုက်တယ်။

"အဲ့ဒီကောင်က တကယ်ကို ရူးနေတာဖြစ်မယ်။ ဒီတစ်ခေါက် မင်းလည်ပင်းကိုတောင် အန္တရာယ်ပေးချင်နေတာ"

"ခုနကတင် သူ ငါတို့ကို အရှက်ခွဲဖို့ ဦးဆောင်‌ခဲ့တယ်လေ၊ အခုတော့ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရပြီး နံရံ‌နဲ့စောင့်မိသွားသလိုဖြစ်နေ‌ေတာ့မှာ"

" အခုက အရမ်းမိုက်နေပြီကွ။ အဲ့ဒီ့‌ကောင် စိတ်ဖောက်သွားလို့ မဟုတ်ရင် အဲ့ဒီကောင်ရဲ့သူငယ်ချင်းတွေကို " မင်းတို့ကို လက်မခံဘူး! လို့ ချန်ရှုကို ပြန်ပြောခိုင်းပလိုက်ပြီ"

"မေ့လိုက်ပါ၊ ကျောင်းမြက်ပင်လေးကို ဒုက္ခမပေးနဲ့‌တော့ ခွေးကိုက်ရင် ပြန်မကိုက်ရဘူး ဟုတ်တယ်မလား"

"ဟားဟားဟားဟား ၊ အဓိပ္ပါယ်ရှိတယ်။"

ကုရှင်းဟောင် က ချန်ရှု ကို တိတ်တဆိတ် ဆွဲ‌ခေါ် လိုက်ပြီး

"မင်းတို့ မိသားစုရဲ့ ချမ်းသာတဲ့ ခွေးသွေးဇာတ်လမ်းက ငါကြည့်ဖူးတဲ့ တီဗီစီးရီးထက် မလျော့ဘူးကွ"
လို့စိတ်လှုပ်ရှားစွာနဲ့ပြောတယ်။

"မင်းတကယ်အဆင်ပြေရဲ့လား"

"တကယ်အဆင်ပြေပါတယ်။ငါ့ကိုရိုက်ဖို့ သူ့ကို တမင်ခွင့်ပြုလိုက်တာ၊မဟုတ်ရင် သူဒီလို ငါ့ကိုရိုက်နိုင်မယ်လို့ မင်းထင်လား။"

ချန်ရှုကနှစ်သိမ့်လိုက်သည်။

ကုရှင်းဟောင်က မျက်လုံးပြူးသွားပြီး

"သူတကယ် မင်းကို သတ်ချင်နေခဲ့တာပေါ့!"

ချန်ရှုက အဲဒါကို မငြင်းနိုင်ဘူးလို့ ပြောရမယ်။ သူရဲ့ယခင်ဘဝမှာ စစ်ရိချန်က သူ့ကို သတ်ခဲ့တာ ပဲလေ

"ဘာမှမဖြစ်ဘူး ငါတို့ဦးလေး ဒီမှာရှိနေတယ်လေ"

ချန်ရှု သည် ကုရှင်း‌ဟောင်ကို နှစ်သိမ့်ပေးရန် သူ့နောက်ခံကြီးကို ဆွဲထုတ်ရုံသာ တတ်နိုင်သည်။

"ဟုတ်တယ် အန်ကယ်စစ်က အရမ်းလွှမ်းမိုးနိုင်တဲ့လူကြီးကွ၊ မင်းမှာ တစ်ခုခုဖြစ်ရင် ငါ့ကို မပြောနဲ့၊ အဲဒီ့ လူကြီးကို သွားပြော၊ သွားပြောပြီးတော့မှ ငါနဲ့အတူတူ အဲ့ဒီ့ ကောင်စုတ်ကို ရိုက်သတ်ပစ်ရအောင်"

ကုရှင်းဟောင် က လက်သီး‌ထုတ်ပြတယ်။

ချန်ရှု အင်တင်တင်နဲ့ကြည့်ကာ မပြုံးနိုင်တော့ဘဲ

"အင်း ကျေးဇူးတင်ပါတယ်"

ချန်ရှု သူ့ကို ရုပ်တည်နဲ့ လေးလေးနက်နက် ကျေးဇူးတင်နေတဲ့ပုံကို တွေ့လိုက်ရတော့ ကုရှင်းဟောင်သူ့လက်မောင်းပေါ်မှာရှိတဲ့ အဖုအထစ်များကို ပွတ်သပ်ကာ

"ငါတို့က ညီအကိုတွေပဲ၊ မင်းပြောတဲ့စကားအတွက် ကျေးဇူးတင်ပါတယ်"

" *ရွှယ်ဘ နင် အင်ပါယာမြို့တော်မှာ တက္ကသိုလ်တတ်ဖို့ ဖြည့်ခဲ့တာလားဟင်။"

မိန်းကလေးတစ်ယောက် ချန်ရှု ကို အပြေးအလွှားလာမေးတယ်။

"ဟုတ်သားပဲ မင်းဘယ်​​ကျောင်း​မှာဖြည့်​ထားလဲ အဖိုးချန်​၊ ငါက မြို့တော်အေမှာပဲ ဆက်​​နေဖြစ်မှာ၊မင်းနောက်ကို လိုက်လို့ မရဘူး"

ကုရှင်းဟောင်က စိတ်ပျက်လက်ပျက် သက်ပြင်းချတယ် သူ့အမေ ကျန်းမာရေးမကောင်းတာကြောင့် အိမ်နဲ့ ဝေးဝေးမနေချင်ဘူး၊ ကုရှင်းဟောင်က မိသားစုကို အရမ်းချစ်ပြီး ရန်ငြိုးတွေဘာတွေ သိပ်မရှိခဲ့ဘူး၊ဒါကြောင့် ဒီမြို့မှာရှိတဲ့ အထွေထွေကောလိပ်တစ်ခုမှာ ဖြည့်ခဲ့တာ။

" အင်ပါယာမြို့တော်မှာရှိတဲ့တက္ကသိုလ်တစ်ခုခု ဒါမှမဟုတ် ‌တခြားနာမည်ကြီး တက္ကသိုလ်တစ်ခုခုဖြစ်ရမယ် "

ချန်ရှုရဲ့ ရမှတ်က အရမ်းမြင့်တာကြောင့် လူတချို့က အဲ့ဒီ့အတိုင်းခန့်မှန်းထားကြတယ်။ အခြေခံအားဖြင့် သူသည် မည်သည့်ကျောင်းကိုမဆို ရွေးချယ်နိုင်တယ်။ ဝင်ခွင့်အရာရှိတွေကသာ ချန်ရှု လျှောက်လွှာကို အရူးမူးဖြစ်နေကြမှာ။

လူအများကြီးရှေ့မှာပဲ ချန်ရှုက

"မဟုတ်ဘူး၊ မြို့တော်အေမှာပဲ"
ဟု တည်ငြိမ်စွာပြောခဲ့သည်။

"ဘာ?!"

အတန်းဖော်များအားလုံး အံ့အားသင့်သွားပြီး ချန်ရှုက အရမ်းမြင့်တဲ့ရမှတ်ရတာကို မြို့တော်အေမှာပဲ ဆက်သင်မယ်!

အေမြို့တော်က တက္ကသိုလ်တွေကလဲမဆိုးပါဘူး၊ ဒါပေမယ့် ချန်ရှုက အခုထက်ပိုကောင်းတဲ့ တက္ကသိုလ်ကို တက်နိုင်တယ်လေ။

"ဘာလို့လဲ?"

ချန်ရှုက "အိမ်နဲ့နီးတယ်။

လူတိုင်း : "......."

ရွှယ်ဘက မိသားစုကို ချစ်မြတ်နိုးတဲ့ ကလေးဖြစ်မယ်ဟု သူတို့ အမှန်တကယ် မမျှော်လင့်ထားခဲ့ကြပေ။

"သားလေး ။ မင်း အရမ်းမိုက်တာပဲ"

ရှန်းရှန် ထိတ်လန့်သွားပြီး နောက်သူမရဲ့ သားလေးက ပါသွားခဲ့ပြီဆိုတာ နားလည်လိုက်တယ်။

[ဘာလို့သားလေးလို့သုံးလဲဆို ဟိုးအရှေ့က chapterတစ်ခုမှာ ရှန်းရှန်နဲ့ ချင်ချင်းက သူတို့ကို သူတို့ မား/ဖူဂျိုရှီလို့ သတ်မှတ်လိုက်တာလေး မှတ်မိကြလား]

ချန်ရှု : "... "

ဘယ်တုန်းက သူ့အတန်းဖော်ရဲ့ သားလေး ဖြစ်သွားရတာလဲ။

"အဖိုးချန်၊ မင်း ဒါကို သေချာစဉ်းစားပြီးပြီလား။ တကယ်ပဲ အင်ပါယာမြို့တော်က တက္ကသိုလ်ကို မသွားချင်ဘူးလား။"

ကုရှင်းဟောင် ဒီချန်ရှုကမိသားစုကို မခွဲနိုင်ဘူးလို့ဘယ်တုန်းကမှ မတွေးခဲ့ဘူး။ဒီနေ့ ချန်ရှုအိမ် ရောက်လာတဲ့အခါမှာလည်း ချန်ရှုမိဘတွေကို မတွေ့ရဘဲ သူ့ဦးလေးနဲ့သာတွေ့လိုက်ရတယ်။ ဒါကြောင့် ချန်ရှုက တခြားအကြောင်းတစ်ခုခုကြောင့်သာ အေမြို့တော်မှာဆက်တတ်ဖို့ရွေးလိုက်တာလို့ သူယုံနေတယ်။

ချန်ရှုက ကုရှင်းဟောင်ရဲ့စိုးရိမ်မှုကို မြင်နိုင်တယ်။သူကလက်ကို မြှောက်ကာ ကုရှင်းဟောင်ရဲ့ ပခုံးကို ပုတ်ပြီး

"ငါ့အနာဂတ်ကို ငါနောက်ပြောင် မှာ မဟုတ်ပါဘူး။အခုတက္ကသိုလ်က အကောင်းဆုံးတွေထဲမှာ ပါပါတယ်။"

သူဒီလိုပြောတာကိုကြားတော့မှ ကုရှင်းဟောင် နဲ့ တခြားသူတွေ သက်ပြင်းချမိတော့တယ်။* ရွှယ်ဘက တကယ့်ကို စာဘက်မှာထက်မြက်သူတစ်ယောက်။ခံစားချက်ကို ဦးစားပေးမှာမဟုတ်ဘူး။ ရည်းစားနဲ့ တက္ကသိုလ်အတူတူတက်ချင်တဲ့ နောက်အတန်းက အမှတ်ကောင်းကောင်းနဲ့ ကောင်လေးတစ်ယောက်ရှိခဲ့ဖူးတယ်။သူက သူ့ချစ်သူလေးနဲ့ အတူတူတတ်ချင်တာကြောင့် သူ့အမှတ်တွေကို လျော့ပြီး ဖောင်ဖြည့်လိုက်တယ်။ဒါကို အမေဖြစ်သူ ‌သိပြီးတဲ့နောက် ဆူညံဆူညံဖြစ်သွားသေးသည်။

ပွဲက အချိန်နည်းနည်းနောက်ကျသွားတဲ့အတွက် ချန်ရှု အိပ်မပျော်တော့တာကြောင့် ရေချိုးပြီးတာနဲ့ သူ့လက်ကိုင်ဖုန်းကို ဖွင့်လိုက်တဲ့အခါ ဖုန်းခေါ်ဆိုမှု အများအပြား ထွက်ပေါ်လာတယ်။ အဲဒီထဲကတစ်ဝက်က သူ့အကိုဆီကဖြစ်ပြီး ကျန်‌တာက သူ့ညီမဆီကနေဖြစ်သည်။

သူတို့ အခုချိန်လောက်ဆို ချန်ရှုရဲ့ ဂုဏ်ပြုပွဲကို သိသွားလောက်ပြီး ဘာလို့မဖိတ်တာလဲလို့ ဆူပူဖို့ ဖုန်းဆက်တာဖြစ်ကြောင်း ချန်ရှု ခန့်မှန်းလိုက်တယ်။တကယ်တော့ သူလဲ ပွဲရှိမှန်းမသိခဲ့ပါဘူး။စစ်ရယ်ကသာ ဖိတ်ကြားမဲ့လူစာရင်းအစ လုပ်ပေးခဲ့တာ အဲ့ဒါဆို ဘာလို့ သူ့မိသားစုကို ချန်ထားရတာပါလိမ့်။

သူနဲ့ သူ့မိဘတွေကြား ဆက်ဆံရေးက အရင်ဘဝကလောက် တင်းမာမှု မရှိသေးဘူး။ညကပွဲကို သူ့မိဘတွေကို ဖိတ်ကြားသင့်တယ်လို့ ထင်ပေမဲ့ ချန်မိသားစုမပြောနဲ့ စစ်မိသားစုရဲ့ဆွေမျိုးများကိုပင် စစ်ရယ်က မဖိတ်ခဲ့ဘူး။

"​ဒေါက် ဒေါက်..."

ချန်ရှုအခန်းတံခါးခေါက်​သံက အပြင်​ဘက်​က​နေ ထွက်​​ပေါ်လာပြီး

"သခင်လေးရှု နိုးပြီလား"

ချန်ရှု ဖိနပ်တစ်ရံကို စီးလိုက်ပြီး တံခါးကိုဖွင့်ကာ

"ဘာကိစ္စရှိလို့လဲ"

အစေခံက "ချန်သခင်ကြီးနဲ့ သခင်မချန်တို့ ရောက်နေပြီး အောက်ထပ်မှာ စောင့်နေပါတယ်"

လို့ ပြောလိုက်သည်။













စာရေးသူအနေနဲ့

မင်းရဲ့ပံ့ပိုးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ ငါ ဆက်ပြီးကြိုးစားသွားမယ်။

T/N
Xueba (学霸) means you are the boss when it comes to studying.....

ရွှယ်ဘ - စာဂျပိုး



















Zawgyi

"ခ်န္ရႈ မင္း ..."

စစ္ရိခ်န္ စကားမဆုံးခင္မွာ သူ႔လည္ပင္းေနာက္ကေန အတင္းဆြဲထုတ္သြားသလို ခံစားလိုက္ရတယ္။ အသက္ရႈၾကပ္တဲ့အခိုက္အတန႔္မွာ သူ႔ရင္ဘတ္က တင္းၾကပ္ေနၿပီး ခပ္ျပင္းျပင္းအထိုးခံလိုက္ရကာ ေျမင္ျပင္ေပၚလဲက်သြားသည္။

တုန္လႈပ္ေခ်ာက္ခ်ားစြာ မတ္တတ္ထရပ္လာၿပီး ေအးစက္တဲ့မ်က္ႏွာနဲ႔လူတစ္ေယာက္ကို ေအာ္လိုက္ဖို႔ျပင္တဲ့အခ်ိန္မွာေတာ့ ေပ်ာက္ဆုံးသြားတဲ့ စစ္ရိခ်န္ရဲ႕ အသိစိတ္ ျပန္ဝင္လာခဲ့သည္။

"အေဖ...အေဖ..."

စစ္ရိခ်န္ စစ္ရယ္ကို အလိုလို ေၾကာက္လန႔္သြားၿပီး တုန္လႈပ္သြား႐ုံမက တင္းၾကပ္ေနတဲ့လက္သီးဆုပ္မ်ားကလဲ တုန္ရီေနသည္။

စစ္ရယ္က လူေသေကာင္ကိုၾကည့္ေနသလို ခံစားခ်က္မဲ့တဲ့ ပုံစံျဖင့္

"ငါေျပာတာကို မင္းမမွတ္မိဘူးထင္တယ္"

စစ္ရိခ်န္သည္ စစ္ရယ္ရဲ႕သတိေပးခ်က္ကို ႐ုတ္တရက္ ေတြးမိလိုက္တယ္။ ထိတ္လန႔္တၾကားနဲ႔ ေခါင္းေမာ့လာၿပီး

"အဲဒါ ကြၽန္ေတာ္လုပ္တာ မဟုတ္ဘူး... ကြၽန္ေတာ္..."

လို႔ ကူကယ္ရာမဲ့စြာ ရွင္းျပတယ္။

"အိမ္ထိန္းဦးေလး ၊ စစ္ရိခ်န္ကို ခ်ဳပ္ထားလိုက္"

စစ္ရယ္က အိမ္ထိန္းကို ေအးစက္တဲ့ေလသံျဖင့္ ေျပာလိုက္သည္။

"အေဖ! ကြၽန္ေတာ္မွားသြားတယ္! အေဖ..."

စစ္ရိခ်န္ထိတ္လန႔္သြားၿပီး ေတာင္းပန္ကာအသနားခံခ်င္ေပမယ့္ စစ္ရယ္ က သူ႔ကို အခြင့္အေရးကို မေပးခဲ့ပါဘူး။

"​ေနာက္​တစ္ခြန္းထပ္ေျပာရဲရင္ မင္းကို ေထာင္မိသားစုဆီ ငါျပန္ပို႔လိုက္မယ္"

ျဖစ္ပြားရာေနရာရွိလူမ်ားအားလုံး အသက္ျပင္းျပင္းရွဴလိုက္ၾကၿပီး စစ္ရယ္အခု‌ေလာက္ထိ ရက္စက္လိမ့္မည္ဟု မည္သူမွ်မထင္ခဲ့ဘူး။ ေနာက္ဆုံးေတာ့ စစ္ရယ္သူ႔လက္နဲ႔ကိုယ္တိုင္ ျပဳစုပ်ိဳးေထာင္ၿပီးအ႐ြယ္ေရာက္လာတဲ့ စစ္ရိခ်န္ဆိုတဲ့ ကေလးကို မလိုခ်င္ေတာ့ဘူးပဲ။

ခ်န္ရႈ ကို ျပန္ၾကည့္လိုက္ၾကၿပီး သူတို႔ အၾကည့္ေတြက မႏွစ္ၿမိဳ႕တဲ့ပုံစံမဟုတ္ေတာ့ဘဲ ပိုသနားလာမိတယ္ ။ စစ္ရယ္လို ႏွလုံးသားမရွိတဲ့သူတစ္ေယာက္အတြက္ ဒီေန႔စစ္ရိခ်န္ စြန႔္ပစ္ခံလိုက္ရၿပီးမနက္ျဖန္ ခ်န္ရႈမျဖစ္လာႏိုင္ဘူးလို႔ ေျပာလို႔မရဘူး။

စစ္ရိခ်န္ သူ႔ကိုအိမ္ထိန္းေခၚေဆာင္သြားတဲ့အခ်ိန္ခႏၶာကိုယ္တစ္ကိုယ္လုံး ေပ်ာ့ေခြေနတဲ့အထိ ေၾကာက္႐ြံ႕ေနပုံရတယ္။ သက္ေတာ္ေစာင့္ ကပဲ သူ႔ကို သယ္သြားရသည္ ။

ဒါေတြအားလုံးကို မ်က္ျမင္ေတြ႕ခဲ့ရတဲ့ ထုန္က်ရွီ ဟာ စစ္ရိခ်န္ရဲ႕ ထင္ရာစိုင္းမႈကေန ရလိုက္တဲ့ သင္ခန္းစာေၾကာင့္ လုံးဝကို ၿငိမ္သက္သြားခဲ့တယ္။

ခ်န္ရႈကို မနာလိုျဖစ္ၿပီး မနာလိုစိတ္ေၾကာင့္ သူ႔မ်က္လုံးမ်ား နီရဲေနေသာ္လည္း စစ္ရိခ်န္ေလာက္မမိုက္မဲတာေၾကာင့္ ခ်န္ရႈႏွင့္ ထိပ္တိုက္မေတြ႕ႏိုင္ဘူး။အန္ကယ္စစ္ က စစ္ရိခ်န္ကိုေတာင္ ရက္ရက္စက္စက္ ႐ိုက္ပစ္ႏိုင္တာ ။ သူ႔ကိုဆို မေျပာနဲ႔ေတာ့

"နာသြားလား?"

စစ္ရယ္ ခ်န္ရႈရဲ႕လည္ပင္းကို ကိုင္ၾကည့္ဖို႔ သူ႔လက္ကို ဆန႔္လိုက္သည္။ခ်န္ရႈ အသားအေရက ျဖဴတာေၾကာင့္ စစ္ရိခ်န္ ျပင္းျပင္းထန္ထန္ ဖိထားတဲ့လည္ပင္းမွာ အနီကြက္ျဖစ္လာခဲ့သည္။

"အဟြတ္.... ရပါတယ္"
ခ်န္ရႈ ႏွစ္ႀကိမ္ေလာက္ ေခ်ာင္းဆိုးမိၿပီး ေခါင္းၿငိမ့္ျပလိုက္တယ္။

စစ္ရယ္က ခ်န္ရႈကို အခန္းထဲျပန္ေခၚသြားၿပီး မိသားစုဆရာဝန္က အသင့္ ေစာင့္ေနတယ္။ဆရာဝန္က ခ်န္ရႈလည္ပင္းကို စစ္ေဆးလိုက္ၿပီး ဘာမွ မစိုးရိမ္ရေၾကာင္း အတည္ျပဳၿပီးေနာက္ ေသာက္ေဆးေပးကာ ျပန္ထြက္သြားခဲ့သည္။

"ေတာင္းပန္ပါတယ္။ မင္းကိုနာက်င္ေစမိၿပီ"

စစ္ရယ္ ခ်န္ရႈရဲ႕လည္ပင္းကို အျပစ္ရွိတဲ့စိတ္ေၾကာင့္ ပြတ္ေပးေနမိတယ္။

စစ္ရယ္ရဲ႕ မ်က္လုံးေတြက စိတ္ဓာတ္က်မႈနဲ႔ ျပည့္ေနၿပီး အျပစ္ရွိသလိုခံစားခ်က္က တစ္ကိုယ္လုံးျပည့္ႏွက္ေနသည္။ခ်န္ရႈမသိလိုက္တာက အခုျဖစ္ပ်က္တစ္ခုထဲအတြက္ ေတာင္းပန္ေနတာမဟုတ္ဘဲ အရင္ဘဝကကိစၥအတြက္ပါ စစ္ရယ္ေတာင္းပန္ေနတာျဖစ္သည္။

အရင္ဘဝတြင္ မီးေလာင္ထားတဲ့႐ုပ္အေလာင္းကို ရဲမ်ားက အေၾကာင္းၾကားလာေသာအခ်ိန္ကို သူတစ္သက္လုံး မေမ့ေပ်ာက္ႏိုင္ခဲ့ေပ။ ထိုေန႔ရဲ႕အျဖစ္အပ်က္မ်ားေၾကာင့္ မေရမတြက္ႏိုင္တဲ့ညမ်ားစြာ သူေနာင္တရခဲ့သည္။ ခ်န္ရႈ ေပ်ာက္ေနတာကို သူဘာလို႔ ေစာေစာသတိမထားမိခဲ့ရတာလဲ။ခ်န္ရႈ ကို မီးထဲကေန ဘာလို႔ အခ်ိန္မီ မကယ္ထုတ္ႏိုင္ခဲ့ရတာလဲ။ ထိုမီးထဲမွာ ခ်န္ရႈမည္မွ် နာက်င္ၿပီး ေမွ်ာ္လင့္ခ်က္မဲ့စြာျဖင့္ မီးေလာင္ေသဆုံးသြားခဲ့မလဲ။

ေနာက္ပိုင္းမွာေတာ့ ခ်န္ရႈ ကိုသတ္ခဲ့တဲ့ တရားခံအစစ္ကို သူရွာေဖြခဲ့တယ္။ခ်န္ရႈအတြက္ လက္စားေခ်ၿပီးေနာက္မွာေတာင္ ခ်န္ရႈေသဆုံးမႈက ညတိုင္းညတိုင္း သူ႔အိပ္မက္ဆိုးအျဖစ္ရွိေနဆဲျဖစ္သည္။

အားလုံးေျပလည္သြားၿပီးေနာက္ စစ္ရယ္ ပန္းစည္းကိုယူကာ ခ်န္ရႈရွိရာသုသာန္ကိုသြားေရာက္လည္ပတ္ခဲ့သည္။ခ်န္ရႈဂူေရွ႕မွာ ထိုင္ၿပီး ခ်န္ရႈႏွင့္ အတူ ဝိုင္ေသာက္ကာ စကားေျပာရင္း သူ႔လက္ေခ်ာင္းမ်ားကို မထိန္းႏိုင္ေတာ့ဘဲ အုတ္ဂူေက်ာက္တုံးေပၚ သူစဥ္းစားေနမိတဲ့အတိုင္း လူငယ္ေလးရဲ႕ ဓာတ္ပုံကို ပြတ္သပ္ၾကည့္ၿပီးေနာက္ အုတ္ဂူေဘးမွာပဲ အိပ္ေပ်ာ္သြားခဲ့တယ္ မ်က္လုံးေတြ ျပန္ဖြင့္လိုက္တဲ့အခါတြင္ စစ္ရယ္ အသက္ႏွစ္ဆယ့္ငါးႏွစ္အ႐ြယ္မွာ တစ္ဖန္ေမြးဖြားလာသည္ကို ေတြ႕ရွိခဲ့သည္။

သူခ်စ္ေသာ ကေလး အသက္ရွင္ေနေသးတယ္။ အသက္ဆယ့္ငါးႏွစ္အ႐ြယ္ခ်န္ရႈက ငယ္႐ြယ္ၿပီး မရင့္က်က္သူေလး။စစ္ရယ္ကိုေတြ႕တဲ့အခါ နာခံမႈရွိတဲ့ပုံစံျဖင့္ ႏႈတ္ဆက္တတ္ေပမယ့္ မိသားစုဝင္တစ္ေယာက္လို ေႏြးေႏြးေထြးေထြး စကားမေျပာခဲ့ဘူး။

စစ္ရယ္က ကေလးေလး ကို ၾကည့္ၿပီး ဒီတစ္ခါေတာ့ ခ်န္ရႈေဘးကင္းလုံၿခဳံၿပီး ႏွစ္တစ္ရာတိုင္ အသက္ရွင္ခြင့္ သူေပးမယ္။ ခ်န္ရႈရဲ႕ 18 ႏွစ္ေျမာက္ ေမြးေန႔ပါတီညမွာ အသက္ 22 ႏွစ္အ႐ြယ္ခ်န္ရႈ ပါ ျပန္လည္ေမြးဖြားလာမယ္လို႔ သူ မေမွ်ာ္လင့္ထားခဲ့ဘူး။

အဲ့ဒီအခ်ိန္အခိုက္တန႔္မွာပဲ ခ်န္ရႈက စစ္ရယ္ဘဝထဲ ဝင္လာႏိုင္တဲ့ တစ္ေယာက္ထဲေသာသူအျဖစ္ ကံၾကမၼာရည္႐ြယ္ထားတာျဖစ္တယ္လို႔ သတ္မွတ္လိုက္သည္။။ခ်န္ရႈ သူ႔လူျဖစ္လာရမယ္။

"မနာပါဘူး၊ အန္ကယ္စစ္ ေတာင္းပန္စရာမလိုဘူး"

စစ္ရယ္ကဘာလို႔ သူ႔ကိုယ္သူ အျပစ္တင္ေနၿပီး စိတ္မေကာင္းျဖစ္ရတာလဲ ခ်န္ရႈနားမလည္ႏိုင္ေပ။စစ္ရယ္ရဲ႕ဒီလို အျပစ္ရွိတဲ့ အမူအရာေတြကို သူမျမင္ခ်င္ဘူး။

စစ္ရယ္သည္ ျဖဴစင္ေတာက္ပေနတဲ့ မ်က္လုံးေတြကို ၾကည့္ၿပီး ႐ုတ္တရက္ထလိုက္ကာ နဖူးကို ျမတ္ႏိုးစြာျဖင့္ နမ္းလိုက္သည္။ခ်န္ရႈ အံ့ၾသလို႔မဆုံးခင္မွာ စစ္ရယ္က

"ကိုယ္ မင္းကို အထိခိုက္မခံႏိုင္ဘူး"

ခ်န္ရႈႏွလုံးသားတြင္ ႏူးညံ့သိမ္ေမြ႕ေသာ လေရာင္မ်ား ႐ုတ္တရက္ လင္းလာသလို

"ေကာင္းၿပီ အန္ကယ္စစ္သာ အသက္ရွည္ရွည္ေနေပးရမယ္ "

စစ္ရယ္က ေပါ့ေပါ့ပါးပါး ရယ္ေမာလိုက္ၿပီး ခ်န္ရႈကို သူ႔ရင္ခြင္ထဲကို ဆြဲသြင္းလိုက္ၿပီး

"ကိုယ္ အသက္ႀကီးေနၿပီလို႔ မင္းထင္ေနတာလား"

"ဘာလို႔ထင္ရမွာလဲ အန္ကယ္စစ္က အသက္ ႏွစ္ဆယ့္ရွစ္ႏွစ္ပဲရွိေသးတာ၊ငယ္ေနတုံးပဲ"

ခ်န္ရႈက မ်က္ႏွာကို ေမာ့ၿပီး ယုံၾကည္ခ်က္အျပည့္နဲ႔ ေခါင္းယမ္းလိုက္တယ္။စစ္ရယ္က အသက္ ၂၈ ႏွစ္ရွိၿပီျဖစ္ေပမဲ့ ခန႔္ညားၿပီးရင္း ခန႔္ညားေနတာ အသက္ႀကီးတယ္လို႔ တခါမွ မေတြးခဲ့ဖူးဘူး။ သူမွတ္မိပါေသးတယ္ စစ္ရယ္က အသက္သုံးဆယ္ရွိေနတာေတာင္ ႏွစ္ဆယ္အ႐ြယ္တိုင္းပဲ။ဒါေပမဲ့ အမူရာက ပိုရင့္က်က္ၿပီး ပိုတည္ၿငိမ္လာတယ္။

ေအာက္ကလူေတြ စိတ္မပူေစရန္ စစ္ရယ္ ႏွင့္ ခ်န္ရႈသည္ ခနအၾကာ ေအာက္ထပ္သို႔ဆင္းသြားခဲ့သည္။ ခ်န္ရႈကို လူႀကီးတစ္ခ်ိဳ႕နဲ႔ ေတြ႕ေပးဖို႔စစ္ရယ္ေခၚေဆာင္သြားတယ္။စာအိတ္အနီအမ်ားအျပား ကို လက္ခံရရွိၿပီးေနာက္ စစ္ရယ္က သူ႔အတန္းေဖာ္မ်ားဆီ ျပန္သြားၿပီး ကိုယ္တိုင္ကစားခိုင္းလိုက္တယ္။

"သခင္ေလးရႈ က အရမ္းေတာ္ၿပီး ဉာဏ္ေကာင္းတယ္ "

အႀကီးအကဲတစ္ေယာက္က ခ်န္ရႈေနာက္ေက်ာကိုၿပဳံးၿပီးၾကည့္ကာ ေျပာလိုက္တယ္။

စစ္ရယ္ စကားတစ္ခြန္းမွ မေျပာဘဲေန ေန ေသာ္လည္း သူ႔မ်က္ႏွာမွာ ဂုဏ္ယူေနတဲ့အၿပဳံး အျပည့္ႏွင့္ပင္။

အခုေျပာလိုက္တဲ့အႀကီးကဲနဲ႔ စစ္ရယ္ရဲ႕ကြယ္လြန္သြားတဲ့အေဖတို႔က အသက္႐ြယ္တူ ဆက္ဆံေရးေကာင္းမ်ား ရွိခဲ့သည္။ေနာက္ေတာ့ ၿပဳံးၿပီးေျပာလာတယ္

"မင္းက ငယ္ေနေသးတာပဲ၊ သင့္ေတာ္တဲ့ လက္တြဲေဖာ္ရွာေတြ႕ေနၿပီလား? မဟုတ္ရင္ ငါ့သူငယ္ခ်င္းေဟာင္းရဲ႕ ေျမးမေလး ႏိုင္ငံျခားမွာ ေက်ာင္းတက္ၿပီး ျပန္လာေတာ့မယ္။ မင္းထက္ ႏွစ္ႏွစ္သုံးႏွစ္ေလာက္ငယ္လဲငယ္တယ္။ထက္ျမက္တယ္၊ မင္းစကားေျပာၾကည့္ခ်င္လား"

"ဦးေလး ေက်ာင္း။ ကြၽန္ေတာ္ အဲဒါေတြကို ေလာေလာဆယ္ စဥ္းစားမွာ မဟုတ္ဘူး။"

စစ္ရယ္က ျပတ္ျပတ္သားသား ျငင္းလိုက္တယ္။

ဦးေလးေက်ာင္း က

"မင္းေယာက္်ားေလးေတြ ႀကိဳက္တယ္ဆိုရင္လည္း ငါမင္းကို မိတ္ဆက္ေပးလို႔ရပါတယ္"

စစ္ရယ္ ထိုစကားဝိုင္းတြင္ လုံးဝမပါေတာ့။ အသက္ႀကီးသူေတြက လိုက္ဖက္တဲ့လူလိုက္ေ႐ြး ရတာကိုဝါသနာပါတာ ျဖစ္ႏိုင္တယ္။

"အဖိုးခ်န္ ။ မင္းလည္ပင္း အဆင္ေျပရဲ႕လား"

ကုရွင္းေဟာင္ သည္ ခ်န္ရႈျပန္လာသည္ကို ျမင္လိုက္တဲ့အခါ စိုးရိမ္တႀကီး ေျပးလာတယ္။

"အဆင္ေျပပါတယ္ ငါေဆးေသာက္ထားလိုက္တယ္"

ခ်န္ရႈ က သူ႔လက္ကို ေဝွ႔ယမ္းလိုက္ၿပီး သူ႔အတန္းေဖာ္ေတြအားလုံးက သူ႔ကိုလာေမးမဲ့စကားေတြကို ထိန္းလိုက္တယ္။

"အဲ့ဒီေကာင္က တကယ္ကို ႐ူးေနတာျဖစ္မယ္။ ဒီတစ္ေခါက္ မင္းလည္ပင္းကိုေတာင္ အႏၲရာယ္ေပးခ်င္ေနတာ"

"ခုနကတင္ သူ ငါတို႔ကို အရွက္ခြဲဖို႔ ဦးေဆာင္‌ခဲ့တယ္ေလ၊ အခုေတာ့ မ်က္ႏွာကို ျဖတ္႐ိုက္ခံလိုက္ရၿပီး နံရံ‌နဲ႔ေစာင့္မိသြားသလိုျဖစ္ေန‌ေတာ့မွာ"

" အခုက အရမ္းမိုက္ေနၿပီကြ။ အဲ့ဒီ့‌ေကာင္ စိတ္ေဖာက္သြားလို႔ မဟုတ္ရင္ အဲ့ဒီေကာင္ရဲ႕သူငယ္ခ်င္းေတြကို " မင္းတို႔ကို လက္မခံဘူး! လို႔ ခ်န္ရႈကို ျပန္ေျပာခိုင္းပလိုက္ၿပီ"

"ေမ့လိုက္ပါ၊ ေက်ာင္းျမက္ပင္ေလးကို ဒုကၡမေပးနဲ႔‌ေတာ့ ေခြးကိုက္ရင္ ျပန္မကိုက္ရဘူး ဟုတ္တယ္မလား"

"ဟားဟားဟားဟား ၊ အဓိပၸါယ္ရွိတယ္။"

ကုရွင္းေဟာင္ က ခ်န္ရႈ ကို တိတ္တဆိတ္ ဆြဲ‌ေခၚ လိုက္ၿပီး

"မင္းတို႔ မိသားစုရဲ႕ ခ်မ္းသာတဲ့ ေခြးေသြးဇာတ္လမ္းက ငါၾကည့္ဖူးတဲ့ တီဗီစီးရီးထက္ မေလ်ာ့ဘူးကြ"
လို႔စိတ္လႈပ္ရွားစြာနဲ႔ေျပာတယ္။

"မင္းတကယ္အဆင္ေျပရဲ႕လား"

"တကယ္အဆင္ေျပပါတယ္။ငါ့ကို႐ိုက္ဖို႔ သူ႔ကို တမင္ခြင့္ျပဳလိုက္တာ၊မဟုတ္ရင္ သူဒီလို ငါ့ကို႐ိုက္ႏိုင္မယ္လို႔ မင္းထင္လား။"

ခ်န္ရႈကႏွစ္သိမ့္လိုက္သည္။

ကုရွင္းေဟာင္က မ်က္လုံးျပဴးသြားၿပီး

"သူတကယ္ မင္းကို သတ္ခ်င္ေနခဲ့တာေပါ့!"

ခ်န္ရႈက အဲဒါကို မျငင္းႏိုင္ဘူးလို႔ ေျပာရမယ္။ သူရဲ႕ယခင္ဘဝမွာ စစ္ရိခ်န္က သူ႔ကို သတ္ခဲ့တာ ပဲေလ

"ဘာမွမျဖစ္ဘူး ငါတို႔ဦးေလး ဒီမွာရွိေနတယ္ေလ"

ခ်န္ရႈ သည္ ကုရွင္း‌ေဟာင္ကို ႏွစ္သိမ့္ေပးရန္ သူ႔ေနာက္ခံႀကီးကို ဆြဲထုတ္႐ုံသာ တတ္ႏိုင္သည္။

"ဟုတ္တယ္ အန္ကယ္စစ္က အရမ္းလႊမ္းမိုးႏိုင္တဲ့လူႀကီးကြ၊ မင္းမွာ တစ္ခုခုျဖစ္ရင္ ငါ့ကို မေျပာနဲ႔၊ အဲဒီ့ လူႀကီးကို သြားေျပာ၊ သြားေျပာၿပီးေတာ့မွ ငါနဲ႔အတူတူ အဲ့ဒီ့ ေကာင္စုတ္ကို ႐ိုက္သတ္ပစ္ရေအာင္"

ကုရွင္းေဟာင္ က လက္သီး‌ထုတ္ျပတယ္။

ခ်န္ရႈ အင္တင္တင္နဲ႔ၾကည့္ကာ မၿပဳံးႏိုင္ေတာ့ဘဲ

"အင္း ေက်းဇူးတင္ပါတယ္"

ခ်န္ရႈ သူ႔ကို ႐ုပ္တည္နဲ႔ ေလးေလးနက္နက္ ေက်းဇူးတင္ေနတဲ့ပုံကို ေတြ႕လိုက္ရေတာ့ ကုရွင္းေဟာင္သူ႔လက္ေမာင္းေပၚမွာရွိတဲ့ အဖုအထစ္မ်ားကို ပြတ္သပ္ကာ

"ငါတို႔က ညီအကိုေတြပဲ၊ မင္းေျပာတဲ့စကားအတြက္ ေက်းဇူးတင္ပါတယ္"

" *႐ႊယ္ဘ နင္ အင္ပါယာၿမိဳ႕ေတာ္မွာ တကၠသိုလ္တတ္ဖို႔ ျဖည့္ခဲ့တာလားဟင္။"

မိန္းကေလးတစ္ေယာက္ ခ်န္ရႈ ကို အေျပးအလႊားလာေမးတယ္။

"ဟုတ္သားပဲ မင္းဘယ္​​ေက်ာင္း​မွာျဖည့္​ထားလဲ အဖိုးခ်န္​၊ ငါက ၿမိဳ႕ေတာ္ေအမွာပဲ ဆက္​​ေနျဖစ္မွာ၊မင္းေနာက္ကို လိုက္လို႔ မရဘူး"

ကုရွင္းေဟာင္က စိတ္ပ်က္လက္ပ်က္ သက္ျပင္းခ်တယ္ သူ႔အေမ က်န္းမာေရးမေကာင္းတာေၾကာင့္ အိမ္နဲ႔ ေဝးေဝးမေနခ်င္ဘူး၊ ကုရွင္းေဟာင္က မိသားစုကို အရမ္းခ်စ္ၿပီး ရန္ၿငိဳးေတြဘာေတြ သိပ္မရွိခဲ့ဘူး၊ဒါေၾကာင့္ ဒီၿမိဳ႕မွာရွိတဲ့ အေထြေထြေကာလိပ္တစ္ခုမွာ ျဖည့္ခဲ့တာ။

" အင္ပါယာၿမိဳ႕ေတာ္မွာရွိတဲ့တကၠသိုလ္တစ္ခုခု ဒါမွမဟုတ္ ‌တျခားနာမည္ႀကီး တကၠသိုလ္တစ္ခုခုျဖစ္ရမယ္ "

ခ်န္ရႈရဲ႕ ရမွတ္က အရမ္းျမင့္တာေၾကာင့္ လူတခ်ိဳ႕က အဲ့ဒီ့အတိုင္းခန႔္မွန္းထားၾကတယ္။ အေျခခံအားျဖင့္ သူသည္ မည္သည့္ေက်ာင္းကိုမဆို ေ႐ြးခ်ယ္ႏိုင္တယ္။ ဝင္ခြင့္အရာရွိေတြကသာ ခ်န္ရႈ ေလွ်ာက္လႊာကို အ႐ူးမူးျဖစ္ေနၾကမွာ။

လူအမ်ားႀကီးေရွ႕မွာပဲ ခ်န္ရႈက

"မဟုတ္ဘူး၊ ၿမိဳ႕ေတာ္ေအမွာပဲ"
ဟု တည္ၿငိမ္စြာေျပာခဲ့သည္။

"ဘာ?!"

အတန္းေဖာ္မ်ားအားလုံး အံ့အားသင့္သြားၿပီး ခ်န္ရႈက အရမ္းျမင့္တဲ့ရမွတ္ရတာကို ၿမိဳ႕ေတာ္ေအမွာပဲ ဆက္သင္မယ္!

ေအၿမိဳ႕ေတာ္က တကၠသိုလ္ေတြကလဲမဆိုးပါဘူး၊ ဒါေပမယ့္ ခ်န္ရႈက အခုထက္ပိုေကာင္းတဲ့ တကၠသိုလ္ကို တက္ႏိုင္တယ္ေလ။

"ဘာလို႔လဲ?"

ခ်န္ရႈက "အိမ္နဲ႔နီးတယ္။

လူတိုင္း : "......."

႐ႊယ္ဘက မိသားစုကို ခ်စ္ျမတ္ႏိုးတဲ့ ကေလးျဖစ္မယ္ဟု သူတို႔ အမွန္တကယ္ မေမွ်ာ္လင့္ထားခဲ့ၾကေပ။

"သားေလး ။ မင္း အရမ္းမိုက္တာပဲ"

ရွန္းရွန္ ထိတ္လန႔္သြားၿပီး ေနာက္သူမရဲ႕ သားေလးက ပါသြားခဲ့ၿပီဆိုတာ နားလည္လိုက္တယ္။

[ဘာလို႔သားေလးလို႔သုံးလဲဆို ဟိုးအေရွ႕က chapterတစ္ခုမွာ ရွန္းရွန္နဲ႔ ခ်င္ခ်င္းက သူတို႔ကို သူတို႔ မား/ဖူဂ်ိဳရွီလို႔ သတ္မွတ္လိုက္တာေလး မွတ္မိၾကလား]

ခ်န္ရႈ : "... "

ဘယ္တုန္းက သူ႔အတန္းေဖာ္ရဲ႕ သားေလး ျဖစ္သြားရတာလဲ။

"အဖိုးခ်န္၊ မင္း ဒါကို ေသခ်ာစဥ္းစားၿပီးၿပီလား။ တကယ္ပဲ အင္ပါယာၿမိဳ႕ေတာ္က တကၠသိုလ္ကို မသြားခ်င္ဘူးလား။"

ကုရွင္းေဟာင္ ဒီခ်န္ရႈကမိသားစုကို မခြဲႏိုင္ဘူးလို႔ဘယ္တုန္းကမွ မေတြးခဲ့ဘူး။ဒီေန႔ ခ်န္ရႈအိမ္ ေရာက္လာတဲ့အခါမွာလည္း ခ်န္ရႈမိဘေတြကို မေတြ႕ရဘဲ သူ႔ဦးေလးနဲ႔သာေတြ႕လိုက္ရတယ္။ ဒါေၾကာင့္ ခ်န္ရႈက တျခားအေၾကာင္းတစ္ခုခုေၾကာင့္သာ ေအၿမိဳ႕ေတာ္မွာဆက္တတ္ဖို႔ေ႐ြးလိုက္တာလို႔ သူယုံေနတယ္။

ခ်န္ရႈက ကုရွင္းေဟာင္ရဲ႕စိုးရိမ္မႈကို ျမင္ႏိုင္တယ္။သူကလက္ကို ေျမႇာက္ကာ ကုရွင္းေဟာင္ရဲ႕ ပခုံးကို ပုတ္ၿပီး

"ငါ့အနာဂတ္ကို ငါေနာက္ေျပာင္ မွာ မဟုတ္ပါဘူး။အခုတကၠသိုလ္က အေကာင္းဆုံးေတြထဲမွာ ပါပါတယ္။"

သူဒီလိုေျပာတာကိုၾကားေတာ့မွ ကုရွင္းေဟာင္ နဲ႔ တျခားသူေတြ သက္ျပင္းခ်မိေတာ့တယ္။* ႐ႊယ္ဘက တကယ့္ကို စာဘက္မွာထက္ျမက္သူတစ္ေယာက္။ခံစားခ်က္ကို ဦးစားေပးမွာမဟုတ္ဘူး။ ရည္းစားနဲ႔ တကၠသိုလ္အတူတူတက္ခ်င္တဲ့ ေနာက္အတန္းက အမွတ္ေကာင္းေကာင္းနဲ႔ ေကာင္ေလးတစ္ေယာက္ရွိခဲ့ဖူးတယ္။သူက သူ႔ခ်စ္သူေလးနဲ႔ အတူတူတတ္ခ်င္တာေၾကာင့္ သူ႔အမွတ္ေတြကို ေလ်ာ့ၿပီး ေဖာင္ျဖည့္လိုက္တယ္။ဒါကို အေမျဖစ္သူ ‌သိၿပီးတဲ့ေနာက္ ဆူညံဆူညံျဖစ္သြားေသးသည္။

ပြဲက အခ်ိန္နည္းနည္းေနာက္က်သြားတဲ့အတြက္ ခ်န္ရႈ အိပ္မေပ်ာ္ေတာ့တာေၾကာင့္ ေရခ်ိဳးၿပီးတာနဲ႔ သူ႔လက္ကိုင္ဖုန္းကို ဖြင့္လိုက္တဲ့အခါ ဖုန္းေခၚဆိုမႈ အမ်ားအျပား ထြက္ေပၚလာတယ္။ အဲဒီထဲကတစ္ဝက္က သူ႔အကိုဆီကျဖစ္ၿပီး က်န္‌တာက သူ႔ညီမဆီကေနျဖစ္သည္။

သူတို႔ အခုခ်ိန္ေလာက္ဆို ခ်န္ရႈရဲ႕ ဂုဏ္ျပဳပြဲကို သိသြားေလာက္ၿပီး ဘာလို႔မဖိတ္တာလဲလို႔ ဆူပူဖို႔ ဖုန္းဆက္တာျဖစ္ေၾကာင္း ခ်န္ရႈ ခန႔္မွန္းလိုက္တယ္။တကယ္ေတာ့ သူလဲ ပြဲရွိမွန္းမသိခဲ့ပါဘူး။စစ္ရယ္ကသာ ဖိတ္ၾကားမဲ့လူစာရင္းအစ လုပ္ေပးခဲ့တာ အဲ့ဒါဆို ဘာလို႔ သူ႔မိသားစုကို ခ်န္ထားရတာပါလိမ့္။

သူနဲ႔ သူ႔မိဘေတြၾကား ဆက္ဆံေရးက အရင္ဘဝကေလာက္ တင္းမာမႈ မရွိေသးဘူး။ညကပြဲကို သူ႔မိဘေတြကို ဖိတ္ၾကားသင့္တယ္လို႔ ထင္ေပမဲ့ ခ်န္မိသားစုမေျပာနဲ႔ စစ္မိသားစုရဲ႕ေဆြမ်ိဳးမ်ားကိုပင္ စစ္ရယ္က မဖိတ္ခဲ့ဘူး။

"​ေဒါက္ ေဒါက္..."

ခ်န္ရႈအခန္းတံခါးေခါက္​သံက အျပင္​ဘက္​က​ေန ထြက္​​ေပၚလာၿပီး

"သခင္ေလးရႈ ႏိုးၿပီလား"

ခ်န္ရႈ ဖိနပ္တစ္ရံကို စီးလိုက္ၿပီး တံခါးကိုဖြင့္ကာ

"ဘာကိစၥရွိလို႔လဲ"

အေစခံက "ခ်န္သခင္ႀကီးနဲ႔ သခင္မခ်န္တို႔ ေရာက္ေနၿပီး ေအာက္ထပ္မွာ ေစာင့္ေနပါတယ္"

လို႔ ေျပာလိုက္သည္။













စာေရးသူအေနနဲ႔

မင္းရဲ႕ပံ့ပိုးမႈအတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္၊ ငါ ဆက္ၿပီးႀကိဳးစားသြားမယ္။

T/N
Xueba (学霸) means you are the boss when it comes to studying.....

႐ႊယ္ဘ - စာဂ်ပိုး

Continue Reading

You'll Also Like

291K 7.3K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
260K 27.5K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
103K 13.1K 80
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel