ဖုန်းချပြီးတဲ့နောက် စစ်ရိချန်က မောက်မာစွာနဲ့
"ဒါက ငါ့အိမ်၊ ဒီနေ့က ငါ့ဂုဏ်ပြုပွဲနေ့၊ ချန်ရှုက ဘယ်သူ့ကိုမှ ဖိတ်ဖို့ အရည်အချင်းမရှိဘူး။ မင်းတို့ကိုလဲ ငါ လက်မခံနိုင်ဘူး။ တစ်ခုခုထပ်ပြောစရာရှိရင် ချန်ရှုကို သွားပြောကြ"
စစ်ရိချန်ရဲ့ အရှက်ရစေတဲ့ စကားများနဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့လူတွေရဲ့ မထီမဲ့မြင်ပြုသော မျက်လုံးများက ကျောင်းသားတွေကို အရှက်ရစေသည်။ ချန်ရှုနဲ့ ဆက်ဆံရေးမကောင်းတဲ့သူတွေက ချန်ရှုဟန်ဆောင်ပြီး သူတို့ကိုမျက်နှာပျက်အောင်လုပ်တယ် ထင်ပြီး ကျိန်ဆဲနေကြတယ်။ ဒီလိုမျက်နှာပျက်ခဲ့ရတဲ့အတွက် ချန်ရှုကို အလွတ်ပေးမှာမဟုတ်ဘူး။
ချန်ရှု နဲ့ ဆက်ဆံရေးကောင်းတဲ့သူတွေလဲ မျက်နှာတွေနီမြန်းလာပြီး အခြေနေမဟန်မှန်းသိတာကြောင့်
" ငါတို့ကို မကြိုဆိုဘူးပဲ၊ သွားကြရအောင်။"
"သွားကြစို့၊ သွားကြရအောင်၊ ငါတို့က ဆင်းရဲသားပေမဲ့ မာနရှိတယ်၊ ငါတို့က ခေါင်းမာမာနဲ့ ပေါင်လုံးဖက်ထားမှာ မဟုတ်ဘူး။"
စစ်ရိချန်ရဲ့ နောက်ကနေ ရှိုးပွဲကောင်းကို ကြည့်နေတဲ့ လူတစ်စုကလဲ လှောင်ပြောင်တဲ့ အပြုံးတွေနဲ့
" ချန်ရှုက သူ့ကိုယ်သူ အရေးကြီးတဲ့ လူတစ်ယောက်လို့ တကယ်ထင်နေတာပဲ၊ သူ စာမေးပွဲမှာ ဘယ်လောက်ပဲ တော်တော် စစ်သခင်ကြီးက ချန်ရှုအတွက် ဂုဏ်ပြုပွဲလုပ်ပေးမှာ မဟုတ်ဘူး"
ကုရှင်းဟောင်နဲ့ အခြားသူများက မျက်နှာပျက်နေကြပြီး စိတ်ဓာတ်ကျနေတဲ့ပုံစံဖြင့် ထွက်ခွာရန် ပြင်ဆင်နေချိန် ခေါင်းပေါ်မှ မီးများ ရုတ်တရက် မှိန်သွားကာ ဒုတိယထပ်ကို မီးထိုးပြလိုက်သည်။ ခမ်းနားထည်ဝါတဲ့ ခရုပတ်လှေကားပေါ်တွင် သွယ်လျပြီး အရပ်ရှည်သော လူနှစ်ယောက် အပေါ်ထပ်ကနေ အောက်ထပ်ကို ဖြည်းညှင်းစွာ ဆင်းလာခဲ့သည်။
စစ်ရယ်က ဝတ်စုံပြည့်ဝတ်ဆင်ထားပြီး ကျစ်လျစ်တဲ့လက်မောင်းနဲ့ကိုယ်အချိုးစားက ထင်းနေသညါ။အမူရာက တည်ငြိမ်နေပြီး တောင်ပေါ်မှာရှိနဲ့ နှင်းဖွဲလေးတွေလို အေးစက်တဲ့မျက်နှာက ကြည်လင်နေခဲ့တယ်။
သူ့ဘေးမှာ ရပ်နေတဲ့ လူငယ်လေးတစ်ယောက်လဲရှိနေသည်။ လူငယ်လေးရဲ့ဝတ်စုံနှင့် စစ်ရယ်ဝတ်စုံက လိုက်ဖက်ညီနေတယ်။ ရင်ဘတ်ပေါ်မှာ ရွှေရောင်နှင်းဆီရင်ထိုးကို ချိတ်ထားကာ တန်ဖိုးကြီးပြီး အဆင့်တန်းမြင့်တဲ့ အသွင်ဆောင်နေခဲ့တယ်။
အရင်တုံးက စစ်ရယ်ဘေးမှာ အတူယှဉ်ရပ်ဖူးခဲ့တဲ့လူတွေ စစ်ရယ်နဲ့ယှဉ်လိုက်ရပ်တဲ့အခါ မထင်ပေါ်တော့ပေမဲ့ သူ့ထက်အရပ်ပုတဲ့ ချန်ရှုယှဉ်ရပ်နေတဲ့ အချိန်မှာတော့ နှစ်ယောက်သားက လိုက်ဖက်ညီပြီး အကျင့်စရိုက်တူတယ်လို့ ခံစားစေရတယ်။
လမ်းလျှောက်လာစဉ် ချန်ရှုရဲ့နူးညံ့သောအနက်ရောင်ဆံပင်များ ဝှေ့ယမ်းသွားကာ အပြာရောင်နားကပ်တစ်စုံ ပေါ်လာပြီး ထိုနားကပ်က ကျယ်ပြောလှသော သမုဒ္ဒရာပြာကြီးတစ်ခုကဲ့သို့ အရည်အသွေး တောက်ပတာကြောင့် အဝေးကိုအကြည့်လွဲဖို့ ခဲယဉ်းလှသည်။
လှေကားမှဆင်းတဲ့အခါ စစ်ရယ်အောက်ထပ်သို့ ဦးစွာဆင်းလာခဲ့သည်။ ချန်ရှုလက်ကို ဆုပ်ကိုင်ဖို့ စစ်ရယ်လက်ကို ပုံမှန်အတိုင်း ချန်ရှုဆီ ဆန့်လိုက်ပြီး ချန်ရှု နှင့်အတူ လူအုပ်အလယ်ကို အေးဆေးတည်ငြိမ်စွာ လျှောက်သွားခဲ့သည်။
ထိုအချိန်မှာ မီးများပြန်ပွင့်လာပြီး ခေတ္တတိတ်ဆိတ်သွားပြီးနောက် စားပွဲဝိုင်းမှာ ဆူညံသံများ ထွက်ပေါ်လာသည်။
ဧည့်သည်များက ထိုဆယ်ကျော်သက်လေးရဲ့ နာမည်ကို တိုးတိုးလေး ခန့်မှန်းပြောဆိုနေကြ သည်။ ချန်ရှု ရဲ့ နားကပ် အဲ့နားကပ်က စစ်ရယ်လေလံဆွဲခဲ့တဲ့နေ့ကဝယ်ခဲ့တဲ့ နားကပ်တစ်စုံဖြစ်ကြောင်း တစ်စုံတစ်ယောက်က အသိအမှတ်ပြုလိုက်တယ်။ခြောက်သန်းကျော်နားကပ် ကို ဒီဆယ်ကျော်သက်လေးအတွက် ဝယ်ပေးခဲ့တာပေါ့။
စစ်ရယ်က ချန်ရှုအကြောင်း မိတ်ဆက်ပေးဖို့အတွက် စကားအနည်းငယ်နဲ့ အကျဉ်းချုပ်ပြောလိုက်တယ်။
"ရှောင်ရှု ရဲ့ ဝင်ခွင့်ဂုဏ်ပြုပွဲကနေ ကြိုဆိုပါတယ်။ဝင်ခွင့် စာမေးပွဲမှာ ရလဒ်ကောင်းတွေ ရခဲ့လို့ သူ့ကိုအရမ်းလေးစားတယ်။ ဒါ ငါသူ့အတွက် ဂုဏ်ပြုပေးတာပဲ"
ပြောပြီးတာနဲ့ သူ့ဘေးနားက ချန်ရှုကိုကြည့်ဖို့ ခေါင်းကို လှည့်လိုက်တော့ စစ်ရယ်နှုတ်ခမ်းထောင့်တွေက အနည်းငယ်တတ်သွားတယ်။ချန်ရှု က သူ့ကိုကြည့်နေခဲ့တယ်။ စစ်ရယ်နှလုံးခုန်သံက ရုတ်တရက် မြန်လာပြီး ချန်ရှုက သူ့ရဲ့ နှလုံးသားကို ကုတ်ခြစ်နေသလိုပဲ။
"ဒီနေ့ သူ့ကို ပျိုးထောင်ပေးခဲ့တဲ့ ရှောင်ရှု ကျောင်းက ဆရာ/မတွေကို အဓိက ကျေးဇူးတင်ချင်ပါတယ်၊ မင်းတို့ဒီနေ့ ပျော်ရွှင်တဲ့အချိန်တွေ ပိုင်ဆိုင်နိုင်မယ်လို့ မျှော်လင့်ပါတယ်"
ထို့နောက်တွင် စစ်ရယ်က ကျောင်းအတွက် လိုအပ်နေတဲ့ အဆောက်အဦးနှစ်ခုနှင့် သင်ထောက်ကူပစ္စည်းအချို့ကို လှူဒါန်းမည်ဖြစ်ကြောင်း ကျောင်းအုပ်ကြီးကို ဝမ်းသာစွာနဲ့ကြေညာလိုက်တယ်။
ကျောင်းအုပ်ကြီးက စစ်ရယ်ကို ကျေးဇူးတင်ကြောင်း ဖော်ပြဖို့ ခြေလှမ်းလာကာ စစ်ရယ်ရှေ့မှာ ချန်ရှုကို ချဲ့ကားချီးကျူးနေပြီး စစ်ရယ်က အလွန်သက်တောင့်သက်သာနဲ့ ပြန်တုန့်ပြန်တယ်။ စာသင်ခန်းထဲကို ကွန်ပြူတာ အလုံး၁၀၀ ရောက်လာတဲ့အတွက် ကျောင်းအုပ်ကြီးက ဒီအချိန်မှာ တိမ်တွေပေါ်တက်သွားသလိုမျိုး ဝမ်းသာပီတိဖြစ်မိသလို ချန်ရှုကိုလဲ စည်းစိမ်ဥစ္စာရဲ့ဘုရားသခင်လို့ယုံကြည်နေတဲ့ အကြည့်နဲ့ကြည့်နေခဲ့တယ်။
အဆုံးတွင်တော့ မျက်ရည်အပြည့်ဖြင့် ချန်ရှုနှင့် လက်ဆွဲနှုတ်ဆက်ကာ
"ကျောင်းသား ချန်ရှု၊ မင်းကို ငါတို့ကျောင်းမှာတတ်ခွင့်ပြုလိုက်တာ ငါတို့ကျောင်းအတွက် ဂုဏ်ယူစရာပဲ"
ဆရာများနှင့် အတန်းဖော်များက ချန်ရှုဘေးမှာ စိတ်ပါလက်ပါ စကားပြောနေကြတာကြောင့် စစ်ရယ်နဲ့ပင် စကားပြောဖို့ နေရာမရှိတော့ပေ။ စစ်ရယ်ကိုတွေ့ဖို့ လူအုပ်အလယ်ကနေ ခေါင်းကိုလှည့်လိုက်တယ်။ စစ်ရယ်က မဝေးတဲ့နေရာတစ်ခုမှာ ရပ်ကာ ငြိမ်သက်စွာ ကြည့်နေပြီး နှုတ်ခမ်းများဖွင့် ပိတ်ကာ အမူရာနဲ့
"သွားပြီးပျော်လိုက်အုံး"
ဟု တိတ်တဆိတ်ပြောလိုက်သည်။
စစ်ရယ်ခန္ဓာကိုယ်ပေါ်မှာ တောက်ပနေတဲ့ အလင်းရောင်သည် သူ့ရဲ့ချောမောသောမျက်နှာ၊ တည်ငြိမ်သောအမူအရာဖြစ်စေ၊မျက်လုံးထဲမှာရှိတဲ့ နူးညံ့သိမ်မွေ့မှုတို့ကလဲ ချန်ရှုရဲ့နှလုံးသားကို တုန်လှုပ်စေခဲ့သည်။
စစ်ရယ့်သွမ် နဲ့ ချန်ရှု အနည်းငယ်ဝေးကွာသွားပြီး လူများက သူ့ထံသို့
"ဂုဏ်ယူပါတယ် စစ်သခင်ကြီး၊ သခင်လေးရှုက တကယ့်ကို တည်ငြိမ်ပြီး စမတ်ကျတဲ့ လူငယ်လေးပဲ"
"ဟုတ်တယ်၊ ငါ့မိသားစုကတော့ အဆင်မပြေလှဘူး။ဝင်ခွင့်စာမေးပွဲမှာ အမှတ်လေးရာပဲရခဲ့တယ်လေ။ သူ့ကို တက္ကသိုလ်တစ်ခုရှာပေးဖို့က ငါ့အလုပ်တစ်လုပ်ဖြစ်နေပြီ"
ထိုလူများက ပထမဆုံးအနေနဲ့အစမ်းမြှောက်ပင့်ပြောဆိုနေကြပြီး စစ်ရယ်က သူတို့ကို စိတ်မရှည်တဲ့ပုံစံပြမှာကို စောင့်ကြည့်နေလိုက်တယ်။ ဆန့်ကျင်ဘက်ပါပဲ၊ စစ်ရယ်မျက်ခုံးနှင့် မျက်လုံးများကြားမှာ စိတ်ဝင်စားမှုအနည်းငယ်ရှိနေပြီး သူတို့ ချန်ရှုကိုချီးမွမ်းနေတာ ဆက်ပြီးနားထောင်ချင်တဲ့ပုံကြီး!
စစ်မိသားစု အမှန်တကယ် ပြောင်းလဲသွားပြီကို သူတို့ ချက်ချင်း သဘောပေါက်လိုက်ကြသည်။စစ်ရိချန်က တကယ်ပဲ အနောက်မှာကျန်နေခဲ့ပြီပေါ့။ လူသိမခံခဲ့တဲ့ ချန်ရှုဆိုတဲ့ကောင်လေးက မျက်နှာသာပေးခံနေရပြီ။စစ်ရယ်ရဲ့ မျက်လုံးထဲကနေ ချန်ရှုကို မြတ်နိုးတဲ့ပုံက တခြားကလေးတွေထက် ချန်ရှုကကွဲပြားကြောင်းကို သိသာစေတယ်။
"သခင်လေး... ချန် သခင်လေးချန်... အဆင်ပြေရဲ့လား"
စစ်ရိချန်ရဲ့ သူငယ်ချင်းတွေက သူ့မှာ ဒီလို အပြောင်းအလဲကြီးကြီး ရှိလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး။ စစ်ရိချန်က သူငယ်ချင်းတွေကို ခေါ်ပြီး ဝင်ခွင့် ဧည့်ခံပွဲကို လာခိုင်းတယ်။ သူက ချန်ရှုရဲ့ အတန်းဖော်တွေကိုပါ လှောင်ပြောင်လိုက်ပြီး ရလဒ်အနေနဲ့ကတော့ စစ်သခင်ကြီးက စစ်ရိချန်အစား သူအရှက်ခွဲခဲ့တဲ့ ချန်ရှုအတွက်လုပ်ပေးတဲ့ ပွဲဖြစ်နေတယ်
စစ်ရိချန်ရဲ့မျက်နှာက လူသေကဲ့သို့အေးစက်လာပြီး သူ့သွေးတွေ တစ်ကိုယ်လုံးကို အနောက်ပြန် စီးသွားတယ်လို့ ခံစားနေရတယ်။ ဒါက ဘယ်လိုဖြစ်သွားရတာလဲ။
အခုပွဲက ချန်ရှုအတွက်လား? သူ့အတွက်မဟုတ်ခဲ့ဘူးလား။
သူကသာ သူ့အဖေအတွက် အမွေဆက်ခံသူဖြစ်ပြီး အဘွားကဘဲ သူ့နေရာကို ကာကွယ်ပေးမယ်လို့ ပြောခဲ့တယ်လေ?ဒီနေ့ ငါ့အဖေလုပ်တဲ့ ဒါတွေအားလုံးက သူ့မျက်နှာကို ဖြတ်ရိုက်ဖို့ လုံလောက်သွားပြီမလား?
သူဒေါသထွက်လာခဲ့ပေမဲ့ ထိတ်လန့်မှုနှင့် ခွန်အားမဲ့မှုတို့ကိုလဲ နက်ရှိုင်းစွာ ခံစားလိုက်ရသည်။
ချန်ရှု၊ ဒါတွေအားလုံးက ချန်ရှုရဲ့အပြစ်တွေ ။ အရာအားလုံးကို သူပဲပိုင်သင့်တာ။ သူ့အဖေရဲ့အချစ်၊ တခြားသူတွေ ချီးမွမ်းတာတွေ နဲ့ စစ်မိသားစုရဲ့ အမွေဆက်ခံသူ ရာထူး အကုန် သူ့အတွက်ပဲ။
စစ်ရိချန် ဒေါသတကြီးနဲ့ လူအုပ်ထဲမှ ချန်ရှုရှိရာသို့ ပြေးသွားပြီး
"ချန်ရှု ၊ မင်းဘာစောက်ကြောင်းနဲ့ ငါ့နေရာကို ခိုးဖို့ ကြိုးစားနေတာလဲ!"
စစ်ရိချန် ရုတ်တရက် တိုက်ခိုက်လာမည်ဟု မည်သူမျှ မမျှော်လင့်ထားတာကြောင့် ချန်ရှုဘေးမှာရှိနေတဲ့ မိန်းကလေးများက စစ်ရိချန်ကြောင့် အလန့်တကြားအော်မိလုနီးပါးပင်။
စစ်ရိချန် အသိစိတ် လွတ်သွားခဲ့တယ်။ချန်ရှုကိုသာ ပျောက်ကွယ်သွားအောင်လုပ်ဖို့ စိတ်အားထက်သန်နေပြီး ချန်ရှုမရှိမှသာ သူပိုင်တဲ့အရာတွေ သူ့ဆီပြန်လိမ့်မယ်!
ချန်ရှုကိုလည်ပင်းကနေ ဆွဲကိုင်ပြီး ဘေးကိုတွန်းလဲလိုက်တယ်။အရှိန်ကြောင့် ချန်ရှုရဲ့ခါးနဲ့ အနီးနားမှာရှိနေတဲ့ စားပွဲနဲ့တိုက်မိသွားပြီး အရက်ခွက်တချို့နဲ့ ရေခွက်တွေကျကွဲသွားကာ အလှဆင်ထားတဲ့ နှင်းဆီအဖြူတွေလဲ မြေကြီး ပေါ်ကျသွားတယ်။
စစ်ရိချန်ရဲ့ မျက်လုံးတွေက နီနေပြီး သရဲတစ်ကောင်လို အသိစိတ်မဲ့နေခဲ့တယ်။ချန်ရှု ကြောက်ရွံ့ထိတ်လန့်နေမည်ဟု သူထင်ခဲ့သော်လည်း ချန်ရှုကသူ့ကို တည်တည်ငြိမ်ငြိမ်နဲ့ငေးကြည့်နေတယ်။ နှုတ်ခမ်းထောင့်က အပြုံးတစ်ခုကြောင့် စစ်ရိချန်စိတ်ထဲတင်းထားတဲ့ နောက်ဆုံးကြိုးတစ်ချောင်း ခဏတွင်းမှာပဲ ပြတ်တောက်သွားသည်။
စာရေးသူပြောစရာတစ်ခုရှိသည်-
မင်းရဲ့ပံ့ပိုးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ ငါ ဆက်ပြီးကြိုးစားသွားမယ်။
Zawgyi
ဖုန္းခ်ၿပီးတဲ့ေနာက္ စစ္ရိခ်န္က ေမာက္မာစြာနဲ႔
"ဒါက ငါ့အိမ္၊ ဒီေန႔က ငါ့ဂုဏ္ျပဳပြဲေန႔၊ ခ်န္ရႈက ဘယ္သူ႔ကိုမွ ဖိတ္ဖို႔ အရည္အခ်င္းမရွိဘူး။ မင္းတို႔ကိုလဲ ငါ လက္မခံႏိုင္ဘူး။ တစ္ခုခုထပ္ေျပာစရာရွိရင္ ခ်န္ရႈကို သြားေျပာၾက"
စစ္ရိခ်န္ရဲ႕ အရွက္ရေစတဲ့ စကားမ်ားနဲ႔ ပတ္ဝန္းက်င္မွာ ရွိေနတဲ့လူေတြရဲ႕ မထီမဲ့ျမင္ျပဳေသာ မ်က္လုံးမ်ားက ေက်ာင္းသားေတြကို အရွက္ရေစသည္။ ခ်န္ရႈနဲ႔ ဆက္ဆံေရးမေကာင္းတဲ့သူေတြက ခ်န္ရႈဟန္ေဆာင္ၿပီး သူတို႔ကိုမ်က္ႏွာပ်က္ေအာင္လုပ္တယ္ ထင္ၿပီး က်ိန္ဆဲေနၾကတယ္။ ဒီလိုမ်က္ႏွာပ်က္ခဲ့ရတဲ့အတြက္ ခ်န္ရႈကို အလြတ္ေပးမွာမဟုတ္ဘူး။
ခ်န္ရႈ နဲ႔ ဆက္ဆံေရးေကာင္းတဲ့သူေတြလဲ မ်က္ႏွာေတြနီျမန္းလာၿပီး အေျခေနမဟန္မွန္းသိတာေၾကာင့္
" ငါတို႔ကို မႀကိဳဆိုဘူးပဲ၊ သြားၾကရေအာင္။"
"သြားၾကစို႔၊ သြားၾကရေအာင္၊ ငါတို႔က ဆင္းရဲသားေပမဲ့ မာနရွိတယ္၊ ငါတို႔က ေခါင္းမာမာနဲ႔ ေပါင္လုံးဖက္ထားမွာ မဟုတ္ဘူး။"
စစ္ရိခ်န္ရဲ႕ ေနာက္ကေန ရႈိးပြဲေကာင္းကို ၾကည့္ေနတဲ့ လူတစ္စုကလဲ ေလွာင္ေျပာင္တဲ့ အၿပဳံးေတြနဲ႔
" ခ်န္ရႈက သူ႔ကိုယ္သူ အေရးႀကီးတဲ့ လူတစ္ေယာက္လို႔ တကယ္ထင္ေနတာပဲ၊ သူ စာေမးပြဲမွာ ဘယ္ေလာက္ပဲ ေတာ္ေတာ္ စစ္သခင္ႀကီးက ခ်န္ရႈအတြက္ ဂုဏ္ျပဳပြဲလုပ္ေပးမွာ မဟုတ္ဘူး"
ကုရွင္းေဟာင္နဲ႔ အျခားသူမ်ားက မ်က္ႏွာပ်က္ေနၾကၿပီး စိတ္ဓာတ္က်ေနတဲ့ပုံစံျဖင့္ ထြက္ခြာရန္ ျပင္ဆင္ေနခ်ိန္ ေခါင္းေပၚမွ မီးမ်ား ႐ုတ္တရက္ မွိန္သြားကာ ဒုတိယထပ္ကို မီးထိုးျပလိုက္သည္။ ခမ္းနားထည္ဝါတဲ့ ခ႐ုပတ္ေလွကားေပၚတြင္ သြယ္လ်ၿပီး အရပ္ရွည္ေသာ လူႏွစ္ေယာက္ အေပၚထပ္ကေန ေအာက္ထပ္ကို ျဖည္းညႇင္းစြာ ဆင္းလာခဲ့သည္။
စစ္ရယ္က ဝတ္စုံျပည့္ဝတ္ဆင္ထားၿပီး က်စ္လ်စ္တဲ့လက္ေမာင္းနဲ႔ကိုယ္အခ်ိဳးစားက ထင္းေနသညါ။အမူရာက တည္ၿငိမ္ေနၿပီး ေတာင္ေပၚမွာရွိနဲ႔ ႏွင္းဖြဲေလးေတြလို ေအးစက္တဲ့မ်က္ႏွာက ၾကည္လင္ေနခဲ့တယ္။
သူ႔ေဘးမွာ ရပ္ေနတဲ့ လူငယ္ေလးတစ္ေယာက္လဲရွိေနသည္။ လူငယ္ေလးရဲ႕ဝတ္စုံႏွင့္ စစ္ရယ္ဝတ္စုံက လိုက္ဖက္ညီေနတယ္။ ရင္ဘတ္ေပၚမွာ ေ႐ႊေရာင္ႏွင္းဆီရင္ထိုးကို ခ်ိတ္ထားကာ တန္ဖိုးႀကီးၿပီး အဆင့္တန္းျမင့္တဲ့ အသြင္ေဆာင္ေနခဲ့တယ္။
အရင္တုံးက စစ္ရယ္ေဘးမွာ အတူယွဥ္ရပ္ဖူးခဲ့တဲ့လူေတြ စစ္ရယ္နဲ႔ယွဥ္လိုက္ရပ္တဲ့အခါ မထင္ေပၚေတာ့ေပမဲ့ သူ႔ထက္အရပ္ပုတဲ့ ခ်န္ရႈယွဥ္ရပ္ေနတဲ့ အခ်ိန္မွာေတာ့ ႏွစ္ေယာက္သားက လိုက္ဖက္ညီၿပီး အက်င့္စ႐ိုက္တူတယ္လို႔ ခံစားေစရတယ္။
လမ္းေလွ်ာက္လာစဥ္ ခ်န္ရႈရဲ႕ႏူးညံ့ေသာအနက္ေရာင္ဆံပင္မ်ား ေဝွ႔ယမ္းသြားကာ အျပာေရာင္နားကပ္တစ္စုံ ေပၚလာၿပီး ထိုနားကပ္က က်ယ္ေျပာလွေသာ သမုဒၵရာျပာႀကီးတစ္ခုကဲ့သို႔ အရည္အေသြး ေတာက္ပတာေၾကာင့္ အေဝးကိုအၾကည့္လြဲဖို႔ ခဲယဥ္းလွသည္။
ေလွကားမွဆင္းတဲ့အခါ စစ္ရယ္ေအာက္ထပ္သို႔ ဦးစြာဆင္းလာခဲ့သည္။ ခ်န္ရႈလက္ကို ဆုပ္ကိုင္ဖို႔ စစ္ရယ္လက္ကို ပုံမွန္အတိုင္း ခ်န္ရႈဆီ ဆန႔္လိုက္ၿပီး ခ်န္ရႈ ႏွင့္အတူ လူအုပ္အလယ္ကို ေအးေဆးတည္ၿငိမ္စြာ ေလွ်ာက္သြားခဲ့သည္။
ထိုအခ်ိန္မွာ မီးမ်ားျပန္ပြင့္လာၿပီး ေခတၱတိတ္ဆိတ္သြားၿပီးေနာက္ စားပြဲဝိုင္းမွာ ဆူညံသံမ်ား ထြက္ေပၚလာသည္။
ဧည့္သည္မ်ားက ထိုဆယ္ေက်ာ္သက္ေလးရဲ႕ နာမည္ကို တိုးတိုးေလး ခန႔္မွန္းေျပာဆိုေနၾက သည္။ ခ်န္ရႈ ရဲ႕ နားကပ္ အဲ့နားကပ္က စစ္ရယ္ေလလံဆြဲခဲ့တဲ့ေန႔ကဝယ္ခဲ့တဲ့ နားကပ္တစ္စုံျဖစ္ေၾကာင္း တစ္စုံတစ္ေယာက္က အသိအမွတ္ျပဳလိုက္တယ္။ေျခာက္သန္းေက်ာ္နားကပ္ ကို ဒီဆယ္ေက်ာ္သက္ေလးအတြက္ ဝယ္ေပးခဲ့တာေပါ့။
စစ္ရယ္က ခ်န္ရႈအေၾကာင္း မိတ္ဆက္ေပးဖို႔အတြက္ စကားအနည္းငယ္နဲ႔ အက်ဥ္းခ်ဳပ္ေျပာလိုက္တယ္။
"ေရွာင္ရႈ ရဲ႕ ဝင္ခြင့္ဂုဏ္ျပဳပြဲကေန ႀကိဳဆိုပါတယ္။ဝင္ခြင့္ စာေမးပြဲမွာ ရလဒ္ေကာင္းေတြ ရခဲ့လို႔ သူ႔ကိုအရမ္းေလးစားတယ္။ ဒါ ငါသူ႔အတြက္ ဂုဏ္ျပဳေပးတာပဲ"
ေျပာၿပီးတာနဲ႔ သူ႔ေဘးနားက ခ်န္ရႈကိုၾကည့္ဖို႔ ေခါင္းကို လွည့္လိုက္ေတာ့ စစ္ရယ္ႏႈတ္ခမ္းေထာင့္ေတြက အနည္းငယ္တတ္သြားတယ္။ခ်န္ရႈ က သူ႔ကိုၾကည့္ေနခဲ့တယ္။ စစ္ရယ္ႏွလုံးခုန္သံက ႐ုတ္တရက္ ျမန္လာၿပီး ခ်န္ရႈက သူ႔ရဲ႕ ႏွလုံးသားကို ကုတ္ျခစ္ေနသလိုပဲ။
"ဒီေန႔ သူ႔ကို ပ်ိဳးေထာင္ေပးခဲ့တဲ့ ေရွာင္ရႈ ေက်ာင္းက ဆရာ/မေတြကို အဓိက ေက်းဇူးတင္ခ်င္ပါတယ္၊ မင္းတို႔ဒီေန႔ ေပ်ာ္႐ႊင္တဲ့အခ်ိန္ေတြ ပိုင္ဆိုင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္"
ထို႔ေနာက္တြင္ စစ္ရယ္က ေက်ာင္းအတြက္ လိုအပ္ေနတဲ့ အေဆာက္အဦးႏွစ္ခုႏွင့္ သင္ေထာက္ကူပစၥည္းအခ်ိဳ႕ကို လႉဒါန္းမည္ျဖစ္ေၾကာင္း ေက်ာင္းအုပ္ႀကီးကို ဝမ္းသာစြာနဲ႔ေၾကညာလိုက္တယ္။
ေက်ာင္းအုပ္ႀကီးက စစ္ရယ္ကို ေက်းဇူးတင္ေၾကာင္း ေဖာ္ျပဖို႔ ေျခလွမ္းလာကာ စစ္ရယ္ေရွ႕မွာ ခ်န္ရႈကို ခ်ဲ႕ကားခ်ီးက်ဴးေနၿပီး စစ္ရယ္က အလြန္သက္ေတာင့္သက္သာနဲ႔ ျပန္တုန႔္ျပန္တယ္။ စာသင္ခန္းထဲကို ကြန္ျပဴတာ အလုံး၁၀၀ ေရာက္လာတဲ့အတြက္ ေက်ာင္းအုပ္ႀကီးက ဒီအခ်ိန္မွာ တိမ္ေတြေပၚတက္သြားသလိုမ်ိဳး ဝမ္းသာပီတိျဖစ္မိသလို ခ်န္ရႈကိုလဲ စည္းစိမ္ဥစၥာရဲ႕ဘုရားသခင္လို႔ယုံၾကည္ေနတဲ့ အၾကည့္နဲ႔ၾကည့္ေနခဲ့တယ္။
အဆုံးတြင္ေတာ့ မ်က္ရည္အျပည့္ျဖင့္ ခ်န္ရႈႏွင့္ လက္ဆြဲႏႈတ္ဆက္ကာ
"ေက်ာင္းသား ခ်န္ရႈ၊ မင္းကို ငါတို႔ေက်ာင္းမွာတတ္ခြင့္ျပဳလိုက္တာ ငါတို႔ေက်ာင္းအတြက္ ဂုဏ္ယူစရာပဲ"
ဆရာမ်ားႏွင့္ အတန္းေဖာ္မ်ားက ခ်န္ရႈေဘးမွာ စိတ္ပါလက္ပါ စကားေျပာေနၾကတာေၾကာင့္ စစ္ရယ္နဲ႔ပင္ စကားေျပာဖို႔ ေနရာမရွိေတာ့ေပ။ စစ္ရယ္ကိုေတြ႕ဖို႔ လူအုပ္အလယ္ကေန ေခါင္းကိုလွည့္လိုက္တယ္။ စစ္ရယ္က မေဝးတဲ့ေနရာတစ္ခုမွာ ရပ္ကာ ၿငိမ္သက္စြာ ၾကည့္ေနၿပီး ႏႈတ္ခမ္းမ်ားဖြင့္ ပိတ္ကာ အမူရာနဲ႔
"သြားၿပီးေပ်ာ္လိုက္အုံး"
ဟု တိတ္တဆိတ္ေျပာလိုက္သည္။
စစ္ရယ္ခႏၶာကိုယ္ေပၚမွာ ေတာက္ပေနတဲ့ အလင္းေရာင္သည္ သူ႔ရဲ႕ေခ်ာေမာေသာမ်က္ႏွာ၊ တည္ၿငိမ္ေသာအမူအရာျဖစ္ေစ၊မ်က္လုံးထဲမွာရွိတဲ့ ႏူးညံ့သိမ္ေမြ႕မႈတို႔ကလဲ ခ်န္ရႈရဲ႕ႏွလုံးသားကို တုန္လႈပ္ေစခဲ့သည္။
စစ္ရယ့္သြမ္ နဲ႔ ခ်န္ရႈ အနည္းငယ္ေဝးကြာသြားၿပီး လူမ်ားက သူ႔ထံသို႔
"ဂုဏ္ယူပါတယ္ စစ္သခင္ႀကီး၊ သခင္ေလးရႈက တကယ့္ကို တည္ၿငိမ္ၿပီး စမတ္က်တဲ့ လူငယ္ေလးပဲ"
"ဟုတ္တယ္၊ ငါ့မိသားစုကေတာ့ အဆင္မေျပလွဘူး။ဝင္ခြင့္စာေမးပြဲမွာ အမွတ္ေလးရာပဲရခဲ့တယ္ေလ။ သူ႔ကို တကၠသိုလ္တစ္ခုရွာေပးဖို႔က ငါ့အလုပ္တစ္လုပ္ျဖစ္ေနၿပီ"
ထိုလူမ်ားက ပထမဆုံးအေနနဲ႔အစမ္းေျမႇာက္ပင့္ေျပာဆိုေနၾကၿပီး စစ္ရယ္က သူတို႔ကို စိတ္မရွည္တဲ့ပုံစံျပမွာကို ေစာင့္ၾကည့္ေနလိုက္တယ္။ ဆန႔္က်င္ဘက္ပါပဲ၊ စစ္ရယ္မ်က္ခုံးႏွင့္ မ်က္လုံးမ်ားၾကားမွာ စိတ္ဝင္စားမႈအနည္းငယ္ရွိေနၿပီး သူတို႔ ခ်န္ရႈကိုခ်ီးမြမ္းေနတာ ဆက္ၿပီးနားေထာင္ခ်င္တဲ့ပုံႀကီး!
စစ္မိသားစု အမွန္တကယ္ ေျပာင္းလဲသြားၿပီကို သူတို႔ ခ်က္ခ်င္း သေဘာေပါက္လိုက္ၾကသည္။စစ္ရိခ်န္က တကယ္ပဲ အေနာက္မွာက်န္ေနခဲ့ၿပီေပါ့။ လူသိမခံခဲ့တဲ့ ခ်န္ရႈဆိုတဲ့ေကာင္ေလးက မ်က္ႏွာသာေပးခံေနရၿပီ။စစ္ရယ္ရဲ႕ မ်က္လုံးထဲကေန ခ်န္ရႈကို ျမတ္ႏိုးတဲ့ပုံက တျခားကေလးေတြထက္ ခ်န္ရႈကကြဲျပားေၾကာင္းကို သိသာေစတယ္။
"သခင္ေလး... ခ်န္ သခင္ေလးခ်န္... အဆင္ေျပရဲ႕လား"
စစ္ရိခ်န္ရဲ႕ သူငယ္ခ်င္းေတြက သူ႔မွာ ဒီလို အေျပာင္းအလဲႀကီးႀကီး ရွိလိမ့္မယ္လို႔ တစ္ခါမွ မထင္ထားခဲ့ဘူး။ စစ္ရိခ်န္က သူငယ္ခ်င္းေတြကို ေခၚၿပီး ဝင္ခြင့္ ဧည့္ခံပြဲကို လာခိုင္းတယ္။ သူက ခ်န္ရႈရဲ႕ အတန္းေဖာ္ေတြကိုပါ ေလွာင္ေျပာင္လိုက္ၿပီး ရလဒ္အေနနဲ႔ကေတာ့ စစ္သခင္ႀကီးက စစ္ရိခ်န္အစား သူအရွက္ခြဲခဲ့တဲ့ ခ်န္ရႈအတြက္လုပ္ေပးတဲ့ ပြဲျဖစ္ေနတယ္
စစ္ရိခ်န္ရဲ႕မ်က္ႏွာက လူေသကဲ့သို႔ေအးစက္လာၿပီး သူ႔ေသြးေတြ တစ္ကိုယ္လုံးကို အေနာက္ျပန္ စီးသြားတယ္လို႔ ခံစားေနရတယ္။ ဒါက ဘယ္လိုျဖစ္သြားရတာလဲ။
အခုပြဲက ခ်န္ရႈအတြက္လား? သူ႔အတြက္မဟုတ္ခဲ့ဘူးလား။
သူကသာ သူ႔အေဖအတြက္ အေမြဆက္ခံသူျဖစ္ၿပီး အဘြားကဘဲ သူ႔ေနရာကို ကာကြယ္ေပးမယ္လို႔ ေျပာခဲ့တယ္ေလ?ဒီေန႔ ငါ့အေဖလုပ္တဲ့ ဒါေတြအားလုံးက သူ႔မ်က္ႏွာကို ျဖတ္႐ိုက္ဖို႔ လုံေလာက္သြားၿပီမလား?
သူေဒါသထြက္လာခဲ့ေပမဲ့ ထိတ္လန႔္မႈႏွင့္ ခြန္အားမဲ့မႈတို႔ကိုလဲ နက္ရႈိင္းစြာ ခံစားလိုက္ရသည္။
ခ်န္ရႈ၊ ဒါေတြအားလုံးက ခ်န္ရႈရဲ႕အျပစ္ေတြ ။ အရာအားလုံးကို သူပဲပိုင္သင့္တာ။ သူ႔အေဖရဲ႕အခ်စ္၊ တျခားသူေတြ ခ်ီးမြမ္းတာေတြ နဲ႔ စစ္မိသားစုရဲ႕ အေမြဆက္ခံသူ ရာထူး အကုန္ သူ႔အတြက္ပဲ။
စစ္ရိခ်န္ ေဒါသတႀကီးနဲ႔ လူအုပ္ထဲမွ ခ်န္ရႈရွိရာသို႔ ေျပးသြားၿပီး
"ခ်န္ရႈ ၊ မင္းဘာေစာက္ေၾကာင္းနဲ႔ ငါ့ေနရာကို ခိုးဖို႔ ႀကိဳးစားေနတာလဲ!"
စစ္ရိခ်န္ ႐ုတ္တရက္ တိုက္ခိုက္လာမည္ဟု မည္သူမွ် မေမွ်ာ္လင့္ထားတာေၾကာင့္ ခ်န္ရႈေဘးမွာရွိေနတဲ့ မိန္းကေလးမ်ားက စစ္ရိခ်န္ေၾကာင့္ အလန႔္တၾကားေအာ္မိလုနီးပါးပင္။
စစ္ရိခ်န္ အသိစိတ္ လြတ္သြားခဲ့တယ္။ခ်န္ရႈကိုသာ ေပ်ာက္ကြယ္သြားေအာင္လုပ္ဖို႔ စိတ္အားထက္သန္ေနၿပီး ခ်န္ရႈမရွိမွသာ သူပိုင္တဲ့အရာေတြ သူ႔ဆီျပန္လိမ့္မယ္!
ခ်န္ရႈကိုလည္ပင္းကေန ဆြဲကိုင္ၿပီး ေဘးကိုတြန္းလဲလိုက္တယ္။အရွိန္ေၾကာင့္ ခ်န္ရႈရဲ႕ခါးနဲ႔ အနီးနားမွာရွိေနတဲ့ စားပြဲနဲ႔တိုက္မိသြားၿပီး အရက္ခြက္တခ်ိဳ႕နဲ႔ ေရခြက္ေတြက်ကြဲသြားကာ အလွဆင္ထားတဲ့ ႏွင္းဆီအျဖဴေတြလဲ ေျမႀကီး ေပၚက်သြားတယ္။
စစ္ရိခ်န္ရဲ႕ မ်က္လုံးေတြက နီေနၿပီး သရဲတစ္ေကာင္လို အသိစိတ္မဲ့ေနခဲ့တယ္။ခ်န္ရႈ ေၾကာက္႐ြံ႕ထိတ္လန႔္ေနမည္ဟု သူထင္ခဲ့ေသာ္လည္း ခ်န္ရႈကသူ႔ကို တည္တည္ၿငိမ္ၿငိမ္နဲ႔ေငးၾကည့္ေနတယ္။ ႏႈတ္ခမ္းေထာင့္က အၿပဳံးတစ္ခုေၾကာင့္ စစ္ရိခ်န္စိတ္ထဲတင္းထားတဲ့ ေနာက္ဆုံးႀကိဳးတစ္ေခ်ာင္း ခဏတြင္းမွာပဲ ျပတ္ေတာက္သြားသည္။
စာေရးသူေျပာစရာတစ္ခုရွိသည္-
မင္းရဲ႕ပံ့ပိုးမႈအတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္၊ ငါ ဆက္ၿပီးႀကိဳးစားသြားမယ္။