စစ်ရယ်နဲ့ ခဏကြာ စကားပြောပြီးတဲ့နောက်မှ ပိုင်ချူးရန်က သူမဘေးမှာရှိနေတဲ့ ချန်ရှုကို သတိထားမိသွားတဲ့ပုံဖြင့် ချန်ရှုကို ရည်ရည်မွန်မွန်ပြုံးပြကာ
"ဒီတစ်ယောက်က?"
သူမမေးတာကိုကြားတော့ ချန်ရှု အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဒီ မင်းသမီး က သူ့ကို ပြုံးပြနေပေမယ့် အပြုံးက မျက်လုံးပေါ်မှာမပေါ်လာပဲ မနာလိုတဲ့အရိပ်အမြွက်ကတော့ ဖျတ်ခနဲ ပေါ်လာတာကို သူခံစားလိုက်ရတယ်။
စစ်ရယ် ချန်ရှုခါးပေါ်မှ သူ့လက်ကို မြှောက်လိုက်ပြီး ပိုင်ချူးရန်ကို
"အိမ်က ကလေး"
လို့ မိတ်ဆက်ပေးသည်။
ပိုင်ချူးရန်က ထိုစကားကို ကြားလိုက်တော့မှ ချန်ရှုကို ဖော်ရွေစွာပြုံးပြလိုက်ပြီး
"ဟယ်လို တို့နဲ့ပထမဆုံးတွေ့တဲ့ အထိမ်းမှတ်အနေနဲ့ လက်ဆောင် တစ်ခုပေးလို့ရမလား။ ဒီနေ့ နာရီတံဆိပ်တစ်ဆိပ် တစ်ခုက ကြောညာရိုက်ဖို့ ကမ်းလှမ်းလာတယ်လေ အဲ့ဒီကပေးလိုက်တဲ့ နာရီက မင်းနဲ့လိုက်မယ်လို့ တို့ထင်တယ်။
သူမပြောတဲ့အတိုင်း အိတ်ထဲမှ အပြာရောင် ကတ္တီပါသေတ္တာတစ်ခုကို ထုတ်လိုက်တော့ တကယ့်ကို ဇိမ်ခံအမှတ်တံဆိပ်ဖြစ်တဲ့ နာရီတစ်ခုထွက်လာတယ်။။
ချန်ရှုကတော့ ဒီမင်းသမီးရဲ့အပြုမူတွေကို လုံးဝမကြိုက်ဘူး။စစ်ရယ်နဲ့သူမက အခုချိန်မှာ နီးကပ်နေတဲ့ ဆက်ဆံရေးရှိနေပြီဆိုရင် အနာဂတ်မှာ စစ်ရယ်ရဲ့သတို့သမီး ဖြစ်လာဖို့ သေချာသလောက်ပဲ။
စစ်ရယ် စကားမပြောခင်မှာပဲ အမြဲတမ်း ဆက်ဆံရေးကောင်းမွန်ခဲ့တဲ့ ချန်ရှုက သူ့ရှေ့မှာပဲ အေးစက်စက်ပြောနေတာကို တွေ့လိုက်ရတယ်။
"မင်းရဲ့လက်ဆောင်အတွက် ကျေးဇူးပါ မစ္စပိုင် လက်ဆောင်ပေးစရာမလိုပါဘူး။ကျွန်တော်သာ ဒီနာရီကို ကြိုက်တယ်ဆိုရင် အန်ကယ်စစ်က ကျွန်တော့်အတွက် ဝယ်ပေးလိမ့်မယ်။"
ဒီစကားကြောင့် ပိုင်ချူးရန်ရဲ့ နဖူးကြောတွင်ထောင်လာခဲ့တယ်။ ဒီနာရီက ဈေးပေါတဲ့ပစ္စည်းမှမဟုတ်တာ။ချန်ရှုအရွယ်ကလေးတစ်ယောက်က ပေါင်းသင်းဆက်ဆံရေး အဆင်ပြေပြီး လွယ်လွယ်နဲ့ချဉ်းကပ်လို့ရသင့်တယ်လေ ။ဒါပေမဲ့ ချန်ရှုစကားတိုင်းမှာ ဆူးများရှိနေပြီး သူမက သူ့ရဲ့အနာဂတ် ဒေါ်လေး ဖြစ်လာမှာကို မလိုလားတာ ထင်ရှားနေသည်။
ပိုင်ချူးရန်က စစ်ရယ်သူမကို အားနာနေမယ်ထင်တာကြောင့် စစ်ရယ်ကို ဝမ်းနည်းနေတဲ့ပုံနဲ့ ကြည့်လိုက်တယ်။သူမကြည့်လိုက်တာနဲ့ တစ်ပြိုင်နက် စစ်ရယ်က ချန်ရှုပြောသမျှကို ကျေနပ်နေပြီး အလွန့်ကိုအလိုလိုက်နေတဲ့ မျက်နှာနဲ့ ပြုံးနေတာကိုတွေ့လိုက်ရတယ်။
"ကောင်းပြီ ရှောင်ရှုကြိုက်တယ်ဆိုရင် ကိုယ်ဝယ်ပေးမယ်။ မစ္စပိုင်ကို အနှောင့်ယှက်မပေးပါဘူး။နောက်နေ့ကျမှ တွေ့ကြတာပေါ့ ငါတို့လုပ်စရာရှိသေးလို့ အရင်သွားတော့မယ်"
စစ်ရယ်က ချန်ရှုရဲ့ ခေါင်းကို ကိုင်ထားပြီး ပိုင်ချူးရန်ကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ကာ အရင်ထွက်သွားတယ်။
ပိုင်ချူးရန် ဒေါသထွက်ပြီး တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။စစ်ရယ်သာ သူ့မိသားစုက ကလေးတစ်ယောက်လို့ ပြောတာကို သူမကိုယ်တိုင်မကြားခဲ့ရရင် ပိုင်ချူးရန်က ဒီကောင်လေးကို စစ်ရယ် ရဲ့ အချစ်လေးလို့ပဲ သေချာပေါက်ထင်မိမှာပဲ။
ဒေါသတကြီးဖြင့် သူမရဲ့ဒေါက်မြင့်ဖိနပ်ကို ဆောင့်နင်းလိုက်ပြီးနောက် အမူရာကိုပြင်လိုက်သည်။ တစ်ဖက်ကနေ လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့နောက်ကနေ လှမ်းကြည့်ရင်း သံသယစိတ်နဲ့ မေးတယ်
"မင်း စစ်သခင်ကြီးကို သွားတွေ့တယ်လို့ ပြောသွားတာမဟုတ်ဘူးလား။ သူ့ကို ငါတို့နဲ့အတူတူစားဖို့ ဘာလို့ မဖိတ်လိုက်တာလဲ။သူက စားပြီးသွားတာလား""
သူမရဲ့အမူအရာကို ပြင်လိုက်ကာ ပြုံးပြပြီး
"စစ်သခင်ကြီးက သူ့မိသားစုနဲ့ အတူတူလာတာလေ။ပါလာတဲ့ကလေးတစ်ယောက်က အိမ်ပြန်ဖို့ အော်ဟစ်နေတာနဲ့ပဲ နောက်တစ်ခါမှ ဒါရိုက်တာကျောင်း နဲ့ ညစာစားမယ်လို့ ပြောခဲ့တယ် "
ဒါရိုက်တာ ကျောင်းက ဒါကိုကြားတော့ သူက ချက်ချင်းလိုပဲပြုံးလာပြီး
"ချူးရန် မင်းက တကယ်ပဲ စစ်သခင်ကြီးကိုတောင် ဆွဲဆောင်နိုင်တာပဲ။ မကြာခင်သတင်းကောင်း တစ်ခုခု ကြားလာရတော့မယ် ထင်တယ် ဟုတ်တယ်မလား"
ပိုင်ချူးရန်က တစ်ခုခုကို ဖုံးကွယ်ထားတဲ့ပုံစံဖြင့် ပြုံးလိုက်ပြီး
"ဒီလောက် မြန်မြန်ကြီး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ဒါဆို အစီအစဥ်ရှိလာနိုင်တယ်ပေါ့ ။"
ဒါရိုက်တာကျောင်းက ဝိုင်ဖန်ခွက်ကို ကိုင်လိုက်ပြီး ပိုင်ချူးရန်ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ပိုင်ချုးရန် မျက်နှာကတော့ သိမ်မွေ့တဲ့ အပြုံးများဖြင့် ပြည့်နေသည်။သူမရဲ့ ရည်ရွယ်ချက်ကို ထုတ်မပြောပေမဲ့ သူကတော့ ဘာကိုဆိုလိုမှန်း နားလည်လိုက်တယ်။
"ချူးရန်၊ မင်းက အရမ်းတော်တဲ့ သရုပ်ဆောင်တစ်ယောက်လို့ ငါအမြဲထင်ခဲ့တယ်။ မင်းထက်တော်တဲ့သူ တကယ်ပဲ မရှိနိုင်တော့ဘူး"
ဒါရိုက်တာကျောင်း နှစ်နှစ် သုံးနှစ်နီးပါးကြာ ပြင်ဆင်နေတဲ့ ပရောဂျက်တစ်ခုရှိတယ်။ပိုင်ချူးရန်က မင်းသမီးအသစ်ဖြစ်တာကြောင့် သူက ဝါရင့်မင်းသမီးတစ်ယောက်ကို အစားထိုးဖို့ဆန္ဒရှိခဲ့ပေမယ့် ပိုင်ချူးရန် နဲ့ စစ်ရယ် စကားတော်တော်ကြာပြောနေတာကို မြင်လိုက်ရပြီး ပိုင်ချူးရန်ပြောတာကို နားထောင်လိုက်တော့ သူဌေးအိမ်ကိုတွယ်ဖတ်ဖို့ ကြိုးစားနေတာကို သိလိုက်ရတယ်။ဒါရိုက်တာကျောင်းက ချက်ချင်းပင် စိတ်ပြောင်းလိုက်ပြီး ပိုင်ချူးရန်ကိုပဲ ရွေးလိုက်တယ်။ သူ့အတွက် သူဌေးအိမ်ကနေ အနာဂတ်ရင်းနှီးမြုပ်နှံမှုအတွက် စိုးရိမ်စရာမရှိတော့ဘူးပဲ။
တစ်ဖက်မှာတော့ ချန်ရှုနဲ့ စစ်ရယ် ကားပေါ်တက်ပြီးတဲ့အချိန်ကစပြီး တိတ်ဆိတ်နေကာ ဘယ်သူမှ စကားမပြောကြဘူး။
ချန်ရှုရဲ့စိတ်က တစ်ချိန်လုံး ပိုင်ချူးရန်အကြောင်းစဉ်းစားနေခဲ့တယ်။စစ်ရယ်က ပိုင်ချူးရန်နဲ့ မတွဲသေးပေမဲ့ စစ်ရယ်က ပိုင်ချူးရန်နဲ့ အဆက်သွယ်ရဖို့ လုပ်ခဲ့သည်။ တခြားတစ်ယောက်ယောက်သာ ချန်ရှုနေရာမှာဆိုရင် သိပ်တွေးမှာမဟုတ်ဘူး။စစ်ရယ်က လူတွေကို ဂရုစိုက်လေ့မရှိဘူးလေ။ ပိုင်ချူးရန်အပေါ် တခြား ရည်ရွယ်ချက် မရှိဘူးဆိုရင် စကားစပြောခဲ့မှာတောင်မဟုတ်ဘူး။
စစ်ရယ်နဲ့ ပိုင်ချူးရန် အမှန်တကယ်လက်ထပ်တော့မယ်ဆိုတဲ့ ကောလဟာလတွေက မှန်နေခဲ့တာလား။
ပိုင်ချူးရန် နဲ့ စစ်ရယ်သာ လက်ထပ်ပြီးရင် ချန်ရှုကို ဒီကိစ္စက သူ့အစီအစဉ်ကို ထိခိုက်စေမှာလားလို့ အလေးနက်တွေးနေလိုက်တယ်။
စစ်ရယ်ရဲ့ ကျန်းမာရေးအခြေအနေအရ သူတို့ နှစ်ယောက် ကလေးမွေးလာမှာမဟုတ်ဘူး။ အဲ့တာကြောင့် ဒါကသူ့အတွက် ပြသနာမရှိဘူး။ ဒါပေမဲ့ စစ်ရိချန်သာ ပိုင်ချူးရန်နဲ့ လက်တွဲပြီး စစ်ရယ်ကိုအသုံးချမယ်ဆိုရင်တော့ ကောင်းတဲ့ကိစ္စမဟုတ်တော့ပေ။
"ဘာတွေ စဉ်းစားနေလို့ မျက်နှာက လေးနက် နေရတာလဲ"
စစ်ရယ်က သူ့လက်ကို ဆန့်လိုက်ပြီး ချန်ရှုရဲ့ နားရွက်ကို ညှစ်လိုက်တယ်။
ရုတ်တရက်ထွက်လာတဲ့ အသံကြောင့် ချန်ရှုထိတ်လန့်သွားပြီး သူ့ခန္ဓာကိုယ်ကနေ မသိစိတ်က တုန်လှုပ်သွားပြီး
"ဘာမှမဟုတ်ပါဘူး"
ခွေးပေါက်လေးတစ်ကောင် ကြောက်လန့်နေပြီး အမွေးလေးတေပါ တုန်နေတဲ့ပုံစံကို စစ်ရယ် မြင်လိုက်ရတဲ့အတိုင်းပဲ။နူးညံ့တဲ့ အမွေးလေးတွေကို စစ်ရယ်အကြိုက်ဆုံးလေးပဲ။ ရုတ်တရုက်တွေးမိလိုက်တာကြောင့် စစ်ရယ်နှုတ်ခမ်းထောင့်တွေက တိတ်တိတ်လေး ကော့တက်သွားတယ်။
ခဏကြာ တိတ်ဆိတ်သွားပြီးနောက် ချန်ရှု သူ့ရဲ့ သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ စစ်ရယ်ဘက်ကိုမျက်နှာလှည့်လိုက်ပြီး
"အန်ကယ်စစ်က မစ္စပိုင် ကို လက်ထပ်မှာလား"
လို့ မေးလိုက်တယ်။
သူ့ကလေး တစ်နေ့လုံး ဒီအကြောင်းကို တစ်ချိန်လုံး ဘာလို့တွေးနေခဲ့လဲဆိုတာ စစ်ရယ် နားမလည်နိုင်ဖြစ်သွားတယ်။
"ဘာလို့ အဲ့လိုမေးရတာလဲ?"
စီရီက အေးအေးဆေးဆေး ပြန်မေးလိုက်တယ်။
ချန်ရှုက နှုတ်ခမ်းတွေကို ဖွဖွဖိထားရင်း မျက်လုံးတွေက အောက်ငုံ့ထားတာမို့ သွယ်လျတဲ့ မျက်တောင်လေးတွေ မြင်နေရတယ်။
"အင်တာနက်မှာ ပြောနေကြတာ"
ချန်ရှုရဲ့အသားအရည်က ဖြူဖွေးဝင်းလဲ့ နေပြီး မှိန်ပြပြ အလင်းရောင်အောက်မှာ အမွှေးအမျှင်လေးတွေတောင် မြင်နိုင်တယ်။စစ်ရယ် ချန်ရှုကို အပေါ်ကနေ အောက်ကို စိုက်ကြည့်ပြီး ကြည့်လေလေ ချန်ရှု ရဲ့ နှာဖျားက အနီရောင် မှဲ့လေးက အမြဲတမ်း သူ့ကို ဆွဲဆောင်နေသလို ခံစားရတယ်။ .
"မင်းရော အဲ့လိုထင်လား?"
စစ်ရယ်ရဲ့ အကြည့်များသည် ချန်ရှုမျက်နှာကို လှည့်ပတ်ပြီးကြည့်နေတယ်။ သူ့အကြည့်တွေသာ လုပ်နိုင်စွမ်းရှိခဲ့ရင် ချန်ရှု ရဲ့ကိုယ်ပေါ်မှာ နေရာတိုင်းကို နမ်းပြီးနေပြီ။
ချန်ရှု သူ့ကိုယ်ပိုင်ကမ္ဘာထဲတွင် နစ်မြုပ်နေပြီး သတိလျော့နည်းနေတဲ့ သမင်တစ်ကောင်လိုဖြစ်ပြီးတဲ့နောက် သူ့စိတ်ကို လျှော့ချလိုက်သည်။ ခေါင်းယမ်းလိုက်ကာ အနက်ရောင်နှင့် ပျော့ပျောင်းသော ဆံပင်များ လှုပ်ခါသွားပြီး
"မသိဘူးလေ အဲ့ဒါကြောင့်မေးကြည့်တာ"
စစ်ရယ်လက်ကို မြှောက်လိုက်ပြီး ချန်ရှုရဲ့ပွနေတဲ့ ဆံပင်လေးတွေကို ထိတွေ့ချင်တယ်။ဆံပင်ကိုထိလိုက်တဲ့အချိန်တိုင်း ကိုယ်သင်းရနံ့ဖျော့ဖျော့လေးနဲ့ နူးညံ့ပြီး နွေးထွေးတဲ့ အထိတွေ့ကို အမြဲတမ်းလွမ်းနေခဲ့တာ။
"မင်းက ဒီအကြောင်းကို ဂရုစိုက်လား"
ချန်ရှုကို ဒီလိုမေးလိုက်တာက အလျင်လိုသွားမှန်း စစ်ရယ်သိတယ်။ ဒီလိုမျိုး အကြောင်းရာကို သူမမေးသင့်သေးပေမဲ့ ဒီကလေးလေး သူ့အပေါ်မှာ တကယ်ဂရုစိုက်မစိုက်ကို မေးဖို့ မစောင့်နိုင်တော့ဘူး။
ချန်ရှု ဒါကိုဂရုစိုက်လား။ဟုတ်တယ် သူဂရုစိုက်တယ်။ သူသာ ဂရုမစိုက်ရင် ဒီမေးခွန်းကို သူမေးမိမှာမဟုတ်ဘူး။ပိုင်ချူးရန်က သူ့ကို အနှောင့်အယှက်ပေးနိုင်မလား ဒါမှမဟုတ် စစ်ရယ်ရဲ့ ပိုင်ဆိုင်မှုကြောင့်လား ဆိုတာတွေကို သူဂရုစိုက်နေမိတယ်။
ချန်ရှုအတွေးထဲ ထပ်နှစ်မြုပ်သွားတာကို မြင်လိုက်ရတော့ စစ်ရယ်ရဲ့ နှလုံးသားဟာ တိတ်ဆိတ်နေတဲ့အချိန်နဲ့ တပြိုင်နက် မြန်လာခဲ့ပြီး နောက်ဆုံးမှာတော့ နက်နဲတဲ့ ရေကန်ထဲကို ပြုတ်ကျသွားသလို အောက်ခြေအထိ ပျော်ရွှင်စွာ နစ်မြုပ်သွားခဲ့တယ်။
ကားပြတင်းပေါက် အပြင်ဘက်မှာ အလင်းရောင်များ တောက်ပနေခဲ့တယ်။စစ်ရယ်လက်ကို မြှောက်လိုက်ပြီး ချန်ရှုရဲ့ ခေါင်းကို ထိကာ နှစ်သိမ့်တဲ့ပုံစံဖြင့်
"မဟုတ်ဘူး၊ သူမက ကုမ္ပဏီရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပါ။ ငါက စီးပွားရေးအရ ဆက်ဆံရုံပဲ။"
ချန်ရှု စစ်ရယ်ကို အံ့အားသင့်စွာ ကြည့်ရင်း စိတ်ထဲမှာလဲ ပျော်ရွှင်မှု အရိပ်အယောင်များ တဖြည်းဖြည်း ထွက်ပေါ်လာပြီး စစ်ရယ်လက်ဖဝါးပေါ် ခေါင်းတင်လိုက်ကာ တောက်ပတဲ့ အပြုံးနဲ့
"အန်ကယ်စစ်က ပိုကောင်းတဲ့ လူနဲ့တွေ့သင့်တာ သူမနဲ့က မသင့်တော်ဘူး"
ချန်ရှု က ပိုင်ချူးရန်ကို တမင်တကာ နှိမ့်ချတာ မဟုတ်ပေမယ့် ပိုင်ချူးရန် က စစ်ရယ် ကို တွယ်ကပ်ချင်တဲ့ တခြားလူတွေနဲ့အတူတူပဲ။သူတို့အားလုံးက စစ်ရယ်ရဲ့ အဆင့်အတန်းနှင့် ပိုင်ဆိုင်မှုကိုပဲ လိုချင်နေကြတာ။စစ်ရယ်ကို ဘယ်သူမှ တကယ်မချစ်ကြဘူး။စစ်ရယ် က အရမ်းကောင်းတဲ့လူမို့၊ အကောင်းဆုံး အချစ်နဲ့ အိမ်ထောင်တစ်ခုရဖို့ အထိုက်တန်ဆုံးပဲ။
ချန်ရှုရဲ့ အဖြေကြောင့် စစ်ရယ်အနည်းငယ် အံ့သြသွားပြီး
"ဒါဆို ငါ့အတွက် ဘယ်လိုလူမျိုးက သင့်တော်တယ်လို့ မင်းထင်လဲ"
ချန်ရှု စစ်ရယ်ကို တိတ်တိတ်လေး စိုက်ကြည့်ရင်း လေးလေးနက်နက် စဉ်းစားလိုက်တယ်။ခဏလေးအတွင်း အဖြေကို မတွေးနိုင်ခဲ့ဘူး။စစ်ရယ်နဲ့သူက နှစ်ပေါင်းများစွာ မရင်းနှီးခဲ့တာကြောင့် စစ်ရယ်သဘောကျစေမဲ့ အချက်တွေကို စိတ်ကူးကြည့်ဖို့ ခက်တယ်။သူဌေးကြီးစစ်ရယ်နဲ့ ဘယ်လိုလူမျိုးကများ လိုက်ဖက်နိုင်မလဲ။
ဒီလိုရိုးရှင်းတဲ့မေးခွန်းကြောင့် ချန်ရှု အနည်းငယ် ရှက်သွားတယ်။တစ်ဖက်ကို လှည့်လိုက်ပြီး ဖြေလိုက်တယ်။
"အန်ကယ်စစ်ကို အများကြီးချစ်တဲ့သူ"
ချန်ရှု လေးနက်စွာ ပြန်ပြောတယ်။
သူ့မျက်လုံးတွေက ညကောင်းကင်က ကြယ်တစ်ပွင့်လို မည်းမှောင်နေပြီး တောက်ပလာကာ စစ်ရယ် ရုတ်တရတ် တုန်လှုပ်သွားတယ်။
စစ်ရယ် ပါးစပ်ကို ဖွင့်လိုက်ပေမဲ့ သူ ဘာမှတ်ချက်မှ မပေးနိုင်ခဲ့ဘူး။စစ်ရယ်အမြင်မှာ သူနဲ့ အသင့်တော်ဆုံးသူက ချန်ရှုပဲ၊ ဒါပေမယ့် ချန်ရှု သူ့ကို ချစ်လာဖို့ အတော်လေး စောင့်ရအုံးမယ်။
ယာဉ်ကြောပိတ်ဆို့မှုကြောင့် ဆယ်နာရီကျော်မှ အိမ်ပြန်ရောက်တယ်။ချန်ရှု အိပ်ငိုက်ခြင်းကို ခံနိုင်ရည်မရှိတော့တာကြောင့် စစ်ရယ်ကို နှုတ်ဆက်ကာ အခန်းသို့ ပြန်သွားခဲ့သည်။
ဒါပေမယ့် တစ်ယောက်ယောက်ကတော့ သူ့ကို အိပ်ခွင့်မပေးခဲ့ဘူး။ချန်ရှု ထုန်ကျရှီကမဲမှောင်နေ တဲ့မျက်နှာဖြင့် သူ့အခန်းတံခါးဝတွင်ရပ်နေသည်ကိုတွေ့လိုက်ရပြီး ထန်ကျရှီကို ပထမဆုံးအကြိမ်အနေနဲ့ ထိုးပစ်ချင်လာတယ်။
ထုန်ကျရှီက ပိန်ပြီး အားနည်းတယ်။ ချန်ရှု သူ့ကို ရွံမုန်းစေတဲ့အရာတွေကို မကြာခဏလုပ်တတ်ပေမဲ့ ချန်ရှုက ပါးစပ်နဲ့ပဲ သတိပေးထားပြီး ဘာမှမလုပ်ဘဲထားခဲ့တာ အခုတော့ သူ့လက်သီးတွေကို ထိန်းထားလို့မရတော့ဘူး။
ထုန်ကျရှီကတော့ ချန်ရှု အခုအချိန်မှာ စိတ်မကြည်တာကို သတိမထားမိနိုင်လောက်အောင် မနာလိုမှုများက သူ့ရဲ့ စိတ်ကို လောင်ကျွမ်းစေခဲ့သည်။ချန်ရှုက စစ်ရယ်နဲ့ ဘာလို့ထွက်သွားပြီး အတူတူပြန်လာတာလဲလို့မေးလိုက်တယ်။
ချန်ရှုက မျက်နှာကို ငုံ့လိုက်ပြီး ပြင်းထန်စွာ ကြည့်ကာ
"မင်းစောက်ပူလား"
ဒီစကားလုံးလေးလုံးက ထုန်ကျရှီ မျက်နှာကို ဒေါသနဲ့ နီမြန်းလာစေကာ
"ချန်ရှု၊ မင်းက တော်တော် ရွံရှာစရာကောင်းတာပဲ၊ အန်ကယ်စစ်ကို ထပ်ပြီး မြူဆွယ်ပြန်ပြီလား! ငါ ဒီလိုဖြစ်ခွင့်မပေးနိုင်ဘူး! ဒီအကြောင်းသာပျံ့သွားရင် စုဝေအန် နဲ့ငါ ဘယ်လို ဆက်နေရမှာလဲ၊ ?!"
ထုန်ကျရှီက သူမှန်တယ်ထင်တဲ့အတိုင်းပြောနေပြီး တရားမျှတမှုကို ရှင်းပြလိုက်တယ်။
ချန်ရှု နှုတ်ခမ်းထောင့်တွေကို တွန့်ကာပြုံးလိုက်ပြီး
"ထုန်ကျရှီ မင်း ကိုယ့်အကြောင်းကိုယ် မပြောတာ သေချာရဲ့လား၊ ဘယ်သူက တကယ်မြူဆွယ်ချင်နေလဲတာ ဘယ်သူသိမလဲ"
"မင်း! မင်းဘာတွေ ပြောနေတာလဲ၊ မင်းက ဒီအကြောင်းရာကို ပြောင်းပစ်ချင်နေတာ! ဒီလိုညစ်ပတ်တဲ့လုပ်ရပ်ကိုလုပ်ပြီး လက်စားချေချင်နေတာ ရှင်းနေတာပဲ၊ မင်းငါ့ကိုတောင် လုပ်ကြံနေသေးတယ်"
အမှန်တရားကို ပြောနေသလိုမျိုး ထုန်ကျရှီ ရဲ့အသံက ပိုပိုကျယ်လာခဲ့တယ်။
ချန်ရှုရဲ့အမူရာကတော့ မပြောင်းလဲသွားဘူး။ထုန်ကျရှီကို တွန်းဖယ်လိုက်ပြီး
"အန်ကယ်စစ်ကို ငါ မြူဆွယ်တယ်လို့ပြောပြီး မမျှမတခံစားနေရတယ်မလား ဒါဆို မင်းလည်း အဲ့ဒီ့အတိုင်း လိုက်လုပ်လိုက်လေ ၊ အန်ကယ်စစ်က မင်းကို အာရုံစိုက်လာမှာလား ကြည့်ကြတာပေါ့"
ချန်ရှုတံခါးကိုတွန်းပြီး ဝင်မလိုလုပ်ပေမဲ့ ထုန်ကျရှီက ဒေါသတကြီးပြေးလာပြီး ချန်ရှုကို ထိုးဖို့လုပ်လိုက်တယ်။ချန်ရှုက ထန်ကျရှီကိုဆံပင်ကနေ ဆွဲဆောင့်လိုက်ပြီး တံခါးနဲ့ မျက်နှာကို ဖိလိုက်ကာ
"ထုန်ကျရှီ ငါ့ဆီကို ခနခနလာပြီး သည်းခံနိုင်စွမ်းကိုစမ်းနေတာ ရပ်လိုက်တော့၊ ဒေါသကိုထိန်းတဲ့နေရာမှာ ငါတော်တော်လေးအားနည်းတယ် နောက်တစ်ခါဆို မင်းမျက်နှာကို ထိုးပစ်မိလိမ့်မယ်"
ဦးရေပြား စုတ်ပြဲသွားသလို ခံစားနေရပြီး ထုန်ကျရှီက နာကျင်တာကြောင့် မျက်ရည် စီးကျလာခဲ့သည်။ချန်ရှုရဲ့ ခြိမ်းခြောက်တဲ့ စကားလုံးများက သူ့တစ်ကိုယ်လုံး အေးစက်သွားစေတယ်။ ချန်ရှု သူ့ကိုလွတ်ပေးပြီး တံခါးပိတ်သွားတဲ့အချိန်မှာ ခြေထောက်တွေပျော့ခွေလာကာ ကြမ်းပြင်ပေါ် ထိုင်ရက်သားဖြစ်သွားတယ်။
ချန်ရှု ဘယ်တုန်းကတည်းက ဒီလိုဖြစ်သွားတာလဲ။
အရင်တုံးက သူနဲ့ အတူတူပဲဆိုတာ သိတယ်။ချန်ရှုအပေါ် စစ်မိသားစုက မကြိုဆိုတာကြောင့် စစ်ရိချန်အနိုင်ကျင့်တာ အမြဲခံရတယ်။သူကတော့ အဆင်ပြေသေးတယ်။ ချန်ရှု မရှိတဲ့ အချိန်မှ စစ်ရိချန်က သူ့ကို ပြသနာရှာလေ့ရှိတာ။
သူ့လောက် မကောင်းဘဲညံ့ဖျင်းတဲ့ အကောင်တစ်ကောင်က အန်ကယ်စစ်ရဲ့ မျက်နှာသာရပြီး ဝင်ခွင့်စာမေးပွဲမှာတောင် ထိပ်တန်းကျောင်းသားဖြစ်လာတယ်။ စစ်ရိချန်ကို ရိုက်နှက်ပြီး တိုက်ခိုက်ဖို့ သတ္တိရှိလာပြီး သူ့ကိုယ်ပါ ခြိမ်းခြောက်လာခဲ့တာ ဘာလို့လဲ။
ထိုအချိန်မှာတော့ ထုန်ကျရှီက သူသာအားအနည်းဆုံးဆိုတာ သိသွားပြီး မျှော်လင့်ချက်ပြိုလဲသွားခဲ့တယ်။
T/N ဖတ်ပေးကြတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။
Zawgyi
စစ္ရယ္နဲ႔ ခဏၾကာ စကားေျပာၿပီးတဲ့ေနာက္မွ ပိုင္ခ်ဴးရန္က သူမေဘးမွာရွိေနတဲ့ ခ်န္ရႈကို သတိထားမိသြားတဲ့ပုံျဖင့္ ခ်န္ရႈကို ရည္ရည္မြန္မြန္ၿပဳံးျပကာ
"ဒီတစ္ေယာက္က?"
သူမေမးတာကိုၾကားေတာ့ ခ်န္ရႈ အနည္းငယ္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ဒီ မင္းသမီး က သူ႔ကို ၿပဳံးျပေနေပမယ့္ အၿပဳံးက မ်က္လုံးေပၚမွာမေပၚလာပဲ မနာလိုတဲ့အရိပ္အႁမြက္ကေတာ့ ဖ်တ္ခနဲ ေပၚလာတာကို သူခံစားလိုက္ရတယ္။
စစ္ရယ္ ခ်န္ရႈခါးေပၚမွ သူ႔လက္ကို ေျမႇာက္လိုက္ၿပီး ပိုင္ခ်ဴးရန္ကို
"အိမ္က ကေလး"
လို႔ မိတ္ဆက္ေပးသည္။
ပိုင္ခ်ဴးရန္က ထိုစကားကို ၾကားလိုက္ေတာ့မွ ခ်န္ရႈကို ေဖာ္ေ႐ြစြာၿပဳံးျပလိုက္ၿပီး
"ဟယ္လို တို႔နဲ႔ပထမဆုံးေတြ႕တဲ့ အထိမ္းမွတ္အေနနဲ႔ လက္ေဆာင္ တစ္ခုေပးလို႔ရမလား။ ဒီေန႔ နာရီတံဆိပ္တစ္ဆိပ္ တစ္ခုက ေၾကာညာ႐ိုက္ဖို႔ ကမ္းလွမ္းလာတယ္ေလ အဲ့ဒီကေပးလိုက္တဲ့ နာရီက မင္းနဲ႔လိုက္မယ္လို႔ တို႔ထင္တယ္။
သူမေျပာတဲ့အတိုင္း အိတ္ထဲမွ အျပာေရာင္ ကတၱီပါေသတၱာတစ္ခုကို ထုတ္လိုက္ေတာ့ တကယ့္ကို ဇိမ္ခံအမွတ္တံဆိပ္ျဖစ္တဲ့ နာရီတစ္ခုထြက္လာတယ္။။
ခ်န္ရႈကေတာ့ ဒီမင္းသမီးရဲ႕အျပဳမူေတြကို လုံးဝမႀကိဳက္ဘူး။စစ္ရယ္နဲ႔သူမက အခုခ်ိန္မွာ နီးကပ္ေနတဲ့ ဆက္ဆံေရးရွိေနၿပီဆိုရင္ အနာဂတ္မွာ စစ္ရယ္ရဲ႕သတို႔သမီး ျဖစ္လာဖို႔ ေသခ်ာသေလာက္ပဲ။
စစ္ရယ္ စကားမေျပာခင္မွာပဲ အၿမဲတမ္း ဆက္ဆံေရးေကာင္းမြန္ခဲ့တဲ့ ခ်န္ရႈက သူ႔ေရွ႕မွာပဲ ေအးစက္စက္ေျပာေနတာကို ေတြ႕လိုက္ရတယ္။
"မင္းရဲ႕လက္ေဆာင္အတြက္ ေက်းဇူးပါ မစၥပိုင္ လက္ေဆာင္ေပးစရာမလိုပါဘူး။ကြၽန္ေတာ္သာ ဒီနာရီကို ႀကိဳက္တယ္ဆိုရင္ အန္ကယ္စစ္က ကြၽန္ေတာ့္အတြက္ ဝယ္ေပးလိမ့္မယ္။"
ဒီစကားေၾကာင့္ ပိုင္ခ်ဴးရန္ရဲ႕ နဖူးေၾကာတြင္ေထာင္လာခဲ့တယ္။ ဒီနာရီက ေဈးေပါတဲ့ပစၥည္းမွမဟုတ္တာ။ခ်န္ရႈအ႐ြယ္ကေလးတစ္ေယာက္က ေပါင္းသင္းဆက္ဆံေရး အဆင္ေျပၿပီး လြယ္လြယ္နဲ႔ခ်ဥ္းကပ္လို႔ရသင့္တယ္ေလ ။ဒါေပမဲ့ ခ်န္ရႈစကားတိုင္းမွာ ဆူးမ်ားရွိေနၿပီး သူမက သူ႔ရဲ႕အနာဂတ္ ေဒၚေလး ျဖစ္လာမွာကို မလိုလားတာ ထင္ရွားေနသည္။
ပိုင္ခ်ဴးရန္က စစ္ရယ္သူမကို အားနာေနမယ္ထင္တာေၾကာင့္ စစ္ရယ္ကို ဝမ္းနည္းေနတဲ့ပုံနဲ႔ ၾကည့္လိုက္တယ္။သူမၾကည့္လိုက္တာနဲ႔ တစ္ၿပိဳင္နက္ စစ္ရယ္က ခ်န္ရႈေျပာသမွ်ကို ေက်နပ္ေနၿပီး အလြန္႔ကိုအလိုလိုက္ေနတဲ့ မ်က္ႏွာနဲ႔ ၿပဳံးေနတာကိုေတြ႕လိုက္ရတယ္။
"ေကာင္းၿပီ ေရွာင္ရႈႀကိဳက္တယ္ဆိုရင္ ကိုယ္ဝယ္ေပးမယ္။ မစၥပိုင္ကို အေႏွာင့္ယွက္မေပးပါဘူး။ေနာက္ေန႔က်မွ ေတြ႕ၾကတာေပါ့ ငါတို႔လုပ္စရာရွိေသးလို႔ အရင္သြားေတာ့မယ္"
စစ္ရယ္က ခ်န္ရႈရဲ႕ ေခါင္းကို ကိုင္ထားၿပီး ပိုင္ခ်ဴးရန္ကို ယဥ္ယဥ္ေက်းေက်း ႏႈတ္ဆက္ကာ အရင္ထြက္သြားတယ္။
ပိုင္ခ်ဴးရန္ ေဒါသထြက္ၿပီး တစ္ေယာက္တည္း က်န္ရစ္ခဲ့သည္။စစ္ရယ္သာ သူ႔မိသားစုက ကေလးတစ္ေယာက္လို႔ ေျပာတာကို သူမကိုယ္တိုင္မၾကားခဲ့ရရင္ ပိုင္ခ်ဴးရန္က ဒီေကာင္ေလးကို စစ္ရယ္ ရဲ႕ အခ်စ္ေလးလို႔ပဲ ေသခ်ာေပါက္ထင္မိမွာပဲ။
ေဒါသတႀကီးျဖင့္ သူမရဲ႕ေဒါက္ျမင့္ဖိနပ္ကို ေဆာင့္နင္းလိုက္ၿပီးေနာက္ အမူရာကိုျပင္လိုက္သည္။ တစ္ဖက္ကေန လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားက သူ႔ေနာက္ကေန လွမ္းၾကည့္ရင္း သံသယစိတ္နဲ႔ ေမးတယ္
"မင္း စစ္သခင္ႀကီးကို သြားေတြ႕တယ္လို႔ ေျပာသြားတာမဟုတ္ဘူးလား။ သူ႔ကို ငါတို႔နဲ႔အတူတူစားဖို႔ ဘာလို႔ မဖိတ္လိုက္တာလဲ။သူက စားၿပီးသြားတာလား""
သူမရဲ႕အမူအရာကို ျပင္လိုက္ကာ ၿပဳံးျပၿပီး
"စစ္သခင္ႀကီးက သူ႔မိသားစုနဲ႔ အတူတူလာတာေလ။ပါလာတဲ့ကေလးတစ္ေယာက္က အိမ္ျပန္ဖို႔ ေအာ္ဟစ္ေနတာနဲ႔ပဲ ေနာက္တစ္ခါမွ ဒါ႐ိုက္တာေက်ာင္း နဲ႔ ညစာစားမယ္လို႔ ေျပာခဲ့တယ္ "
ဒါ႐ိုက္တာ ေက်ာင္းက ဒါကိုၾကားေတာ့ သူက ခ်က္ခ်င္းလိုပဲၿပဳံးလာၿပီး
"ခ်ဴးရန္ မင္းက တကယ္ပဲ စစ္သခင္ႀကီးကိုေတာင္ ဆြဲေဆာင္ႏိုင္တာပဲ။ မၾကာခင္သတင္းေကာင္း တစ္ခုခု ၾကားလာရေတာ့မယ္ ထင္တယ္ ဟုတ္တယ္မလား"
ပိုင္ခ်ဴးရန္က တစ္ခုခုကို ဖုံးကြယ္ထားတဲ့ပုံစံျဖင့္ ၿပဳံးလိုက္ၿပီး
"ဒီေလာက္ ျမန္ျမန္ႀကီး ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ"
"ဒါဆို အစီအစဥ္ရွိလာႏိုင္တယ္ေပါ့ ။"
ဒါ႐ိုက္တာေက်ာင္းက ဝိုင္ဖန္ခြက္ကို ကိုင္လိုက္ၿပီး ပိုင္ခ်ဴးရန္ကို ေတာက္ပေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္လိုက္သည္။ ပိုင္ခ်ဳးရန္ မ်က္ႏွာကေတာ့ သိမ္ေမြ႕တဲ့ အၿပဳံးမ်ားျဖင့္ ျပည့္ေနသည္။သူမရဲ႕ ရည္႐ြယ္ခ်က္ကို ထုတ္မေျပာေပမဲ့ သူကေတာ့ ဘာကိုဆိုလိုမွန္း နားလည္လိုက္တယ္။
"ခ်ဴးရန္၊ မင္းက အရမ္းေတာ္တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္လို႔ ငါအၿမဲထင္ခဲ့တယ္။ မင္းထက္ေတာ္တဲ့သူ တကယ္ပဲ မရွိႏိုင္ေတာ့ဘူး"
ဒါ႐ိုက္တာေက်ာင္း ႏွစ္ႏွစ္ သုံးႏွစ္နီးပါးၾကာ ျပင္ဆင္ေနတဲ့ ပေရာဂ်က္တစ္ခုရွိတယ္။ပိုင္ခ်ဴးရန္က မင္းသမီးအသစ္ျဖစ္တာေၾကာင့္ သူက ဝါရင့္မင္းသမီးတစ္ေယာက္ကို အစားထိုးဖို႔ဆႏၵရွိခဲ့ေပမယ့္ ပိုင္ခ်ဴးရန္ နဲ႔ စစ္ရယ္ စကားေတာ္ေတာ္ၾကာေျပာေနတာကို ျမင္လိုက္ရၿပီး ပိုင္ခ်ဴးရန္ေျပာတာကို နားေထာင္လိုက္ေတာ့ သူေဌးအိမ္ကိုတြယ္ဖတ္ဖို႔ ႀကိဳးစားေနတာကို သိလိုက္ရတယ္။ဒါ႐ိုက္တာေက်ာင္းက ခ်က္ခ်င္းပင္ စိတ္ေျပာင္းလိုက္ၿပီး ပိုင္ခ်ဴးရန္ကိုပဲ ေ႐ြးလိုက္တယ္။ သူ႔အတြက္ သူေဌးအိမ္ကေန အနာဂတ္ရင္းႏွီးျမဳပ္ႏွံမႈအတြက္ စိုးရိမ္စရာမရွိေတာ့ဘူးပဲ။
တစ္ဖက္မွာေတာ့ ခ်န္ရႈနဲ႔ စစ္ရယ္ ကားေပၚတက္ၿပီးတဲ့အခ်ိန္ကစၿပီး တိတ္ဆိတ္ေနကာ ဘယ္သူမွ စကားမေျပာၾကဘူး။
ခ်န္ရႈရဲ႕စိတ္က တစ္ခ်ိန္လုံး ပိုင္ခ်ဴးရန္အေၾကာင္းစဥ္းစားေနခဲ့တယ္။စစ္ရယ္က ပိုင္ခ်ဴးရန္နဲ႔ မတြဲေသးေပမဲ့ စစ္ရယ္က ပိုင္ခ်ဴးရန္နဲ႔ အဆက္သြယ္ရဖို႔ လုပ္ခဲ့သည္။ တျခားတစ္ေယာက္ေယာက္သာ ခ်န္ရႈေနရာမွာဆိုရင္ သိပ္ေတြးမွာမဟုတ္ဘူး။စစ္ရယ္က လူေတြကို ဂ႐ုမစိုက္ေလ့မရွိဘူးေလ။ ပိုင္ခ်ဴးရန္အေပၚ တျခား ရည္႐ြယ္ခ်က္ မရွိဘူးဆိုရင္ စကားစေျပာခဲ့မွာေတာင္မဟုတ္ဘူး။
စစ္ရယ္နဲ႔ ပိုင္ခ်ဴးရန္ အမွန္တကယ္လက္ထပ္ေတာ့မယ္ဆိုတဲ့ ေကာလဟာလေတြက မွန္ေနခဲ့တာလား။
ပိုင္ခ်ဴးရန္ နဲ႔ စစ္ရယ္သာ လက္ထပ္ၿပီးရင္ ခ်န္ရႈကို ဒီကိစၥက သူ႔အစီအစဥ္ကို ထိခိုက္ေစမွာလားလို႔ အေလးနက္ေတြးေနလိုက္တယ္။
စစ္ရယ္ရဲ႕ က်န္းမာေရးအေျခအေနအရ သူတို႔ ႏွစ္ေယာက္ ကေလးေမြးလာမွာမဟုတ္ဘူး။ အဲ့တာေၾကာင့္ ဒါကသူ႔အတြက္ ျပသနာမရွိဘူး။ ဒါေပမဲ့ စစ္ရိခ်န္သာ ပိုင္ခ်ဴးရန္နဲ႔ လက္တြဲၿပီး စစ္ရယ္ကိုအသုံးခ်မယ္ဆိုရင္ေတာ့ ေကာင္းတဲ့ကိစၥမဟုတ္ေတာ့ေပ။
"ဘာေတြ စဥ္းစားေနလို႔ မ်က္ႏွာက ေလးနက္ ေနရတာလဲ"
စစ္ရယ္က သူ႔လက္ကို ဆန႔္လိုက္ၿပီး ခ်န္ရႈရဲ႕ နား႐ြက္ကို ညႇစ္လိုက္တယ္။
႐ုတ္တရက္ထြက္လာတဲ့ အသံေၾကာင့္ ခ်န္ရႈထိတ္လန႔္သြားၿပီး သူ႔ခႏၶာကိုယ္ကေန မသိစိတ္က တုန္လႈပ္သြားၿပီး
"ဘာမွမဟုတ္ပါဘူး"
ေခြးေပါက္ေလးတစ္ေကာင္ ေၾကာက္လန႔္ေနၿပီး အေမြးေလးေတပါ တုန္ေနတဲ့ပုံစံကို စစ္ရယ္ ျမင္လိုက္ရတဲ့အတိုင္းပဲ။ႏူးညံ့တဲ့ အေမြးေလးေတြကို စစ္ရယ္အႀကိဳက္ဆုံးေလးပဲ။ ႐ုတ္တ႐ုက္ေတြးမိလိုက္တာေၾကာင့္ စစ္ရယ္ႏႈတ္ခမ္းေထာင့္ေတြက တိတ္တိတ္ေလး ေကာ့တက္သြားတယ္။
ခဏၾကာ တိတ္ဆိတ္သြားၿပီးေနာက္ ခ်န္ရႈ သူ႔ရဲ႕ သိခ်င္စိတ္ကို မထိန္းႏိုင္ေတာ့ဘဲ စစ္ရယ္ဘက္ကိုမ်က္ႏွာလွည့္လိုက္ၿပီး
"အန္ကယ္စစ္က မစၥပိုင္ ကို လက္ထပ္မွာလား"
လို႔ ေမးလိုက္တယ္။
သူ႔ကေလး တစ္ေန႔လုံး ဒီအေၾကာင္းကို တစ္ခ်ိန္လုံး ဘာလို႔ေတြးေနခဲ့လဲဆိုတာ စစ္ရယ္ နားမလည္ႏိုင္ျဖစ္သြားတယ္။
"ဘာလို႔ အဲ့လိုေမးရတာလဲ?"
စီရီက ေအးေအးေဆးေဆး ျပန္ေမးလိုက္တယ္။
ခ်န္ရႈက ႏႈတ္ခမ္းေတြကို ဖြဖြဖိထားရင္း မ်က္လုံးေတြက ေအာက္ငုံ႔ထားတာမို႔ သြယ္လ်တဲ့ မ်က္ေတာင္ေလးေတြ ျမင္ေနရတယ္။
"အင္တာနက္မွာ ေျပာေနၾကတာ"
ခ်န္ရႈရဲ႕အသားအရည္က ျဖဴေဖြးဝင္းလဲ့ ေနၿပီး မွိန္ျပျပ အလင္းေရာင္ေအာက္မွာ အေမႊးအမွ်င္ေလးေတြေတာင္ ျမင္ႏိုင္တယ္။စစ္ရယ္ ခ်န္ရႈကို အေပၚကေန ေအာက္ကို စိုက္ၾကည့္ၿပီး ၾကည့္ေလေလ ခ်န္ရႈ ရဲ႕ ႏွာဖ်ားက အနီေရာင္ မွဲ႔ေလးက အၿမဲတမ္း သူ႔ကို ဆြဲေဆာင္ေနသလို ခံစားရတယ္။ .
"မင္းေရာ အဲ့လိုထင္လား?"
စစ္ရယ္ရဲ႕ အၾကည့္မ်ားသည္ ခ်န္ရႈမ်က္ႏွာကို လွည့္ပတ္ၿပီးၾကည့္ေနတယ္။ သူ႔အၾကည့္ေတြသာ လုပ္ႏိုင္စြမ္းရွိခဲ့ရင္ ခ်န္ရႈ ရဲ႕ကိုယ္ေပၚမွာ ေနရာတိုင္းကို နမ္းၿပီးေနၿပီ။
ခ်န္ရႈ သူ႔ကိုယ္ပိုင္ကမာၻထဲတြင္ နစ္ျမဳပ္ေနၿပီး သတိေလ်ာ့နည္းေနတဲ့ သမင္တစ္ေကာင္လိုျဖစ္ၿပီးတဲ့ေနာက္ သူ႔စိတ္ကို ေလွ်ာ့ခ်လိုက္သည္။ ေခါင္းယမ္းလိုက္ကာ အနက္ေရာင္ႏွင့္ ေပ်ာ့ေပ်ာင္းေသာ ဆံပင္မ်ား လႈပ္ခါသြားၿပီး
"မသိဘူးေလ အဲ့ဒါေၾကာင့္ေမးၾကည့္တာ"
စစ္ရယ္လက္ကို ေျမႇာက္လိုက္ၿပီး ခ်န္ရႈရဲ႕ပြေနတဲ့ ဆံပင္ေလးေတြကို ထိေတြ႕ခ်င္တယ္။ဆံပင္ကိုထိလိုက္တဲ့အခ်ိန္တိုင္း ကိုယ္သင္းရနံ႔ေဖ်ာ့ေဖ်ာ့ေလးနဲ႔ ႏူးညံ့ၿပီး ေႏြးေထြးတဲ့ အထိေတြ႕ကို အၿမဲတမ္းလြမ္းေနခဲ့တာ။
"မင္းက ဒီအေၾကာင္းကို ဂ႐ုစိုက္လား"
ခ်န္ရႈကို ဒီလိုေမးလိုက္တာက အလ်င္လိုသြားမွန္း စစ္ရယ္သိတယ္။ ဒီလိုမ်ိဳး အေၾကာင္းရာကို သူမေမးသင့္ေသးေပမဲ့ ဒီကေလးေလး သူ႔အေပၚမွာ တကယ္ဂ႐ုစိုက္မစိုက္ကို ေမးဖို႔ မေစာင့္ႏိုင္ေတာ့ဘူး။
ခ်န္ရႈ ဒါကိုဂ႐ုစိုက္လား။ဟုတ္တယ္ သူဂ႐ုစိုက္တယ္။ သူသာ ဂ႐ုမစိုက္ရင္ ဒီေမးခြန္းကို သူေမးမိမွာမဟုတ္ဘူး။ပိုင္ခ်ဴးရန္က သူ႔ကို အေႏွာင့္အယွက္ေပးႏိုင္မလား ဒါမွမဟုတ္ စစ္ရယ္ရဲ႕ ပိုင္ဆိုင္မႈေၾကာင့္လား ဆိုတာေတြကို သူဂ႐ုစိုက္ေနမိတယ္။
ခ်န္ရႈအေတြးထဲ ထပ္ႏွစ္ျမဳပ္သြားတာကို ျမင္လိုက္ရေတာ့ စစ္ရယ္ရဲ႕ ႏွလုံးသားဟာ တိတ္ဆိတ္ေနတဲ့အခ်ိန္နဲ႔ တၿပိဳင္နက္ ျမန္လာခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ နက္နဲတဲ့ ေရကန္ထဲကို ျပဳတ္က်သြားသလို ေအာက္ေျခအထိ ေပ်ာ္႐ႊင္စြာ နစ္ျမဳပ္သြားခဲ့တယ္။
ကားျပတင္းေပါက္ အျပင္ဘက္မွာ အလင္းေရာင္မ်ား ေတာက္ပေနခဲ့တယ္။စစ္ရယ္လက္ကို ေျမႇာက္လိုက္ၿပီး ခ်န္ရႈရဲ႕ ေခါင္းကို ထိကာ ႏွစ္သိမ့္တဲ့ပုံစံျဖင့္
"မဟုတ္ဘူး၊ သူမက ကုမၸဏီရဲ႕ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္ပါ။ ငါက စီးပြားေရးအရ ဆက္ဆံ႐ုံပဲ။"
ခ်န္ရႈ စစ္ရယ္ကို အံ့အားသင့္စြာ ၾကည့္ရင္း စိတ္ထဲမွာလဲ ေပ်ာ္႐ႊင္မႈ အရိပ္အေယာင္မ်ား တျဖည္းျဖည္း ထြက္ေပၚလာၿပီး စစ္ရယ္လက္ဖဝါးေပၚ ေခါင္းတင္လိုက္ကာ ေတာက္ပတဲ့ အၿပဳံးနဲ႔
"အန္ကယ္စစ္က ပိုေကာင္းတဲ့ လူနဲ႔ေတြ႕သင့္တာ သူမနဲ႔က မသင့္ေတာ္ဘူး"
ခ်န္ရႈ က ပိုင္ခ်ဴးရန္ကို တမင္တကာ ႏွိမ့္ခ်တာ မဟုတ္ေပမယ့္ ပိုင္ခ်ဴးရန္ က စစ္ရယ္ ကို တြယ္ကပ္ခ်င္တဲ့ တျခားလူေတြနဲ႔အတူတူပဲ။သူတို႔အားလုံးက စစ္ရယ္ရဲ႕ အဆင့္အတန္းႏွင့္ ပိုင္ဆိုင္မႈကိုပဲ လိုခ်င္ေနၾကတာ။စစ္ရယ္ကို ဘယ္သူမွ တကယ္မခ်စ္ၾကဘူး။စစ္ရယ္ က အရမ္းေကာင္းတဲ့လူမို႔၊ အေကာင္းဆုံး အခ်စ္နဲ႔ အိမ္ေထာင္တစ္ခုရဖို႔ အထိုက္တန္ဆုံးပဲ။
ခ်န္ရႈရဲ႕ အေျဖေၾကာင့္ စစ္ရယ္အနည္းငယ္ အံ့ၾသသြားၿပီး
"ဒါဆို ငါ့အတြက္ ဘယ္လိုလူမ်ိဳးက သင့္ေတာ္တယ္လို႔ မင္းထင္လဲ"
ခ်န္ရႈ စစ္ရယ္ကို တိတ္တိတ္ေလး စိုက္ၾကည့္ရင္း ေလးေလးနက္နက္ စဥ္းစားလိုက္တယ္။ခဏေလးအတြင္း အေျဖကို မေတြးႏိုင္ခဲ့ဘူး။စစ္ရယ္နဲ႔သူက ႏွစ္ေပါင္းမ်ားစြာ မရင္းႏွီးခဲ့တာေၾကာင့္ စစ္ရယ္သေဘာက်ေစမဲ့ အခ်က္ေတြကို စိတ္ကူးၾကည့္ဖို႔ ခက္တယ္။သူေဌးႀကီးစစ္ရယ္နဲ႔ ဘယ္လိုလူမ်ိဳးကမ်ား လိုက္ဖက္ႏိုင္မလဲ။
ဒီလို႐ိုးရွင္းတဲ့ေမးခြန္းေၾကာင့္ ခ်န္ရႈ အနည္းငယ္ ရွက္သြားတယ္။တစ္ဖက္ကို လွည့္လိုက္ၿပီး ေျဖလိုက္တယ္။
"အန္ကယ္စစ္ကို အမ်ားႀကီးခ်စ္တဲ့သူ"
ခ်န္ရႈ ေလးနက္စြာ ျပန္ေျပာတယ္။
သူ႔မ်က္လုံးေတြက ညေကာင္းကင္က ၾကယ္တစ္ပြင့္လို မည္းေမွာင္ေနၿပီး ေတာက္ပလာကာ စစ္ရယ္ ႐ုတ္တရတ္ တုန္လႈပ္သြားတယ္။
စစ္ရယ္ ပါးစပ္ကို ဖြင့္လိုက္ေပမဲ့ သူ ဘာမွတ္ခ်က္မွ မေပးႏိုင္ခဲ့ဘူး။စစ္ရယ္အျမင္မွာ သူနဲ႔ အသင့္ေတာ္ဆုံးသူက ခ်န္ရႈပဲ၊ ဒါေပမယ့္ ခ်န္ရႈ သူ႔ကို ခ်စ္လာဖို႔ အေတာ္ေလး ေစာင့္ရအုံးမယ္။
ယာဥ္ေၾကာပိတ္ဆို႔မႈေၾကာင့္ ဆယ္နာရီေက်ာ္မွ အိမ္ျပန္ေရာက္တယ္။ခ်န္ရႈ အိပ္ငိုက္ျခင္းကို ခံႏိုင္ရည္မရွိေတာ့တာေၾကာင့္ စစ္ရယ္ကို ႏႈတ္ဆက္ကာ အခန္းသို႔ ျပန္သြားခဲ့သည္။
ဒါေပမယ့္ တစ္ေယာက္ေယာက္ကေတာ့ သူ႔ကို အိပ္ခြင့္မေပးခဲ့ဘူး။ခ်န္ရႈ ထန္က်ရွီကမဲေမွာင္ေန တဲ့မ်က္ႏွာျဖင့္ သူ႔အခန္းတံခါးဝတြင္ရပ္ေနသည္ကိုေတြ႕လိုက္ရၿပီး ထန္က်ရွီကို ပထမဆုံးအႀကိမ္အေနနဲ႔ ထိုးပစ္ခ်င္လာတယ္။
ထန္က်ရွီက ပိန္ၿပီး အားနည္းတယ္။ ခ်န္ရႈ သူ႔ကို ႐ြံမုန္းေစတဲ့အရာေတြကို မၾကာခဏလုပ္တတ္ေပမဲ့ ခ်န္ရႈက ပါးစပ္နဲ႔ပဲ သတိေပးထားၿပီး ဘာမွမလုပ္ဘဲထားခဲ့တာ အခုေတာ့ သူ႔လက္သီးေတြကို ထိန္းထားလို႔မရေတာ့ဘူး။
ထန္က်ရွီကေတာ့ ခ်န္ရႈ အခုအခ်ိန္မွာ စိတ္မၾကည္တာကို သတိမထားမိႏိုင္ေလာက္ေအာင္ မနာလိုမႈမ်ားက သူ႔ရဲ႕ စိတ္ကို ေလာင္ကြၽမ္းေစခဲ့သည္။ခ်န္ရႈက စစ္ရယ္နဲ႔ ဘာလို႔ထြက္သြားၿပီး အတူတူျပန္လာတာလဲလို႔ေမးလိုက္တယ္။
ခ်န္ရႈက မ်က္ႏွာကို ငုံ႔လိုက္ၿပီး ျပင္းထန္စြာ ၾကည့္ကာ
"မင္းေစာက္ပူလား"
ဒီစကားလုံးေလးလုံးက ထန္က်ရွီ မ်က္ႏွာကို ေဒါသနဲ႔ နီျမန္းလာေစကာ
"ခ်န္ရႈ၊ မင္းက ေတာ္ေတာ္ ႐ြံရွာစရာေကာင္းတာပဲ၊ အန္ကယ္စစ္ကို ထပ္ၿပီး ျမဴဆြယ္ျပန္ၿပီလား! ငါ ဒီလိုျဖစ္ခြင့္မေပးႏိုင္ဘူး! ဒီအေၾကာင္းသာပ်ံ႕သြားရင္ စုေဝအန္ နဲ႔ငါ ဘယ္လို ဆက္ေနရမွာလဲ၊ ?!"
ထန္က်ရွီက သူမွန္တယ္ထင္တဲ့အတိုင္းေျပာေနၿပီး တရားမွ်တမႈကို ရွင္းျပလိုက္တယ္။
ခ်န္ရႈ ႏႈတ္ခမ္းေထာင့္ေတြကို တြန္႔ကာၿပဳံးလိုက္ၿပီး
"ထန္က်ရွီ မင္း ကိုယ့္အေၾကာင္းကိုယ္ မေျပာတာ ေသခ်ာရဲ႕လား၊ ဘယ္သူက တကယ္ျမဴဆြယ္ခ်င္ေနလဲတာ ဘယ္သူသိမလဲ"
"မင္း! မင္းဘာေတြ ေျပာေနတာလဲ၊ မင္းက ဒီအေၾကာင္းရာကို ေျပာင္းပစ္ခ်င္ေနတာ! ဒီလိုညစ္ပတ္တဲ့လုပ္ရပ္ကိုလုပ္ၿပီး လက္စားေခ်ခ်င္ေနတာ ရွင္းေနတာပဲ၊ မင္းငါ့ကိုေတာင္ လုပ္ႀကံေနေသးတယ္"
အမွန္တရားကို ေျပာေနသလိုမ်ိဳး ထန္က်ရွီ ရဲ႕အသံက ပိုပိုက်ယ္လာခဲ့တယ္။
ခ်န္ရႈရဲ႕အမူရာကေတာ့ မေျပာင္းလဲသြားဘူး။ထန္က်ရွီကို တြန္းဖယ္လိုက္ၿပီး
"အန္ကယ္စစ္ကို ငါ ျမဴဆြယ္တယ္လို႔ေျပာၿပီး မမွ်မတခံစားေနရတယ္မလား ဒါဆို မင္းလည္း အဲ့ဒီ့အတိုင္း လိုက္လုပ္လိုက္ေလ ၊ အန္ကယ္စစ္က မင္းကို အာ႐ုံစိုက္လာမွာလား ၾကည့္ၾကတာေပါ့"
ခ်န္ရႈတံခါးကိုတြန္းၿပီး ဝင္မလိုလုပ္ေပမဲ့ ထန္က်ရွီက ေဒါသတႀကီးေျပးလာၿပီး ခ်န္ရႈကို ထိုဖို႔လုပ္လိုက္တယ္။ခ်န္ရႈက ထန္က်ရွီကိုဆံပင္ကေန ဆြဲေဆာင့္လိုက္ၿပီး တံခါးနဲ႔ မ်က္ႏွာကို ဖိလိုက္ကာ
"ထန္က်ရွီ ငါ့ဆီကို ခနခနလာၿပီး သည္းခံႏိုင္စြမ္းကိုစမ္းေနတာ ရပ္လိုက္ေတာ့၊ ေဒါသကိုထိန္းတဲ့ေနရာမွာ ငါေတာ္ေတာ္ေလးအားနည္းတယ္ ေနာက္တစ္ခါဆို မင္းမ်က္ႏွာကို ထိုးပစ္မိလိမ့္မယ္"
ဦးေရျပား စုတ္ၿပဲသြားသလို ခံစားေနရၿပီး ထန္က်ရွီက နာက်င္တာေၾကာင့္ မ်က္ရည္ စီးက်လာခဲ့သည္။ခ်န္ရႈရဲ႕ ၿခိမ္းေျခာက္တဲ့ စကားလုံးမ်ားက သူ႔တစ္ကိုယ္လုံး ေအးစက္သြားေစတယ္။ ခ်န္ရႈ သူ႔ကိုလြတ္ေပးၿပီး တံခါးပိတ္သြားတဲ့အခ်ိန္မွာ ေျခေထာက္ေတြေပ်ာ့ေခြလာကာ ၾကမ္းျပင္ေပၚ ထိုင္ရက္သားျဖစ္သြားတယ္။
ခ်န္ရႈ ဘယ္တုန္းကတည္းက ဒီလိုျဖစ္သြားတာလဲ။
အရင္တုံးက သူနဲ႔ အတူတူပဲဆိုတာ သိတယ္။ခ်န္ရႈအေပၚ စစ္မိသားစုက မႀကိဳဆိုတာေၾကာင့္ စစ္ရိခ်န္အႏိုင္က်င့္တာ အၿမဲခံရတယ္။သူကေတာ့ အဆင္ေျပေသးတယ္။ ခ်န္ရႈ မရွိတဲ့ အခ်ိန္မွ စစ္ရိခ်န္က သူ႔ကို ျပသနာရွာေလ့ရွိတာ။
သူ႔ေလာက္ မေကာင္းဘဲညံ့ဖ်င္းတဲ့ အေကာင္တစ္ေကာင္က အန္ကယ္စစ္ရဲ႕ မ်က္ႏွာသာရၿပီး ဝင္ခြင့္စာေမးပြဲမွာေတာင္ ထိပ္တန္းေက်ာင္းသားျဖစ္လာတယ္။ စစ္ရိခ်န္ကို ႐ိုက္ႏွက္ၿပီး တိုက္ခိုက္ဖို႔ သတၱိရွိလာၿပီး သူ႔ကိုယ္ပါ ၿခိမ္းေျခာက္လာခဲ့တာ ဘာလို႔လဲ။
ထိုအခ်ိန္မွာေတာ့ ထန္က်ရွီက သူသာအားအနည္းဆုံးဆိုတာ သိသြားၿပီး ေမွ်ာ္လင့္ခ်က္ၿပိဳလဲသြားခဲ့တယ္။
T/N ဖတ္ေပးၾကတဲ့ တစ္ေယာက္ခ်င္းစီကို ေက်းဇူးတင္ပါတယ္။