ကျုံ့စုန်ကို စိုက်ကြည့်ရင်း ကုရှင်းဟောင်ကလက်သီးကို တင်းတင်းဆုပ်ထားတယ်။သူနဲ့ ကျုံ့စုန်က တစ်ယောက်နဲ့တစ်ယောက် သေချာမသိပေမယ့် သူတို့နှစ်ယောက်ကြားမှာ အမြဲတမ်း ပြဿနာဖြစ်ပြီး ပဋိပက္ခဖြစ်တိုင်း မိဘတွေဆီ တစ်ခါမှ မပြောခဲ့ဖူးဘူး။
ကျုံ့စုန် ပြောတဲ့အတိုင်း ကျုံ့မိသားစု လုပ်နိုင်တယ် ဆိုတာ သူသိတယ်။ ကုရှင်းဟောင်ရဲ့မိသားစုက အခုလတ်တလောမှနာမည်ရှိလာတာဖြစ်ပေမဲ့ သူ့အဖေက အရမ်းချမ်းသာတယ်။အဆက်သွယ်ကောင်းတွေ လဲအများကြီးရှိတယ်။ကျုံ့မိသားစုကတော့ ကုရှင်းဟောင်ရဲ့မိသားစုလိုမဟုတ်ဘူး။ဒီအိမ်တော်လောက်ကိုတော့ သူတို့ရင်ဆိုင်လို့ရသားပဲ။
ကုရှင်းဟောင်က အရွယ်ရောက်လာတဲ့ သဘာဝအတိုင်း အရင်ကလို စိတ်မြန်လက်မြန်လုပ်ပီး သူ့အဖေကို ဒုက္ခပေးမှာမဟုတ်တော့ဘူး။ ဒါပေမယ့် ဒီနေ့ ကျုံ့စုန်ရှေ့မှာတော့ ခေါင်းမငုံ့ထားနိုင်ဘူး။
"ကျုံ့စုန်၊ မင်းအသက်ကဖြင့် ဘယ်လောက်ရှိနေပီလဲ ၊ တစ်ခုခုဖြစ်တိုင်း မိဘကိုတိုင်နေတုန်းပဲလား"
ကုရှင်းဟောင်က လက်ပိုက်ထားပီး တမင်တကာ လှောင်ပြောင်လိုက်တယ်။
ကျုံ့စုန် ထိုစကားကိုကြားတဲ့အခါမှာတော့ သူတကယ်ဒေါသထွက်သွားတယ်။ သူ့ဘေးနားကလူတစ်ယောက်က သူ့ကို ဆွဲထားပြီး
"ရှောင်စုန် ဒေါသမထွက်လိုက်နဲ့၊ ဒီဆင်းရဲတဲ့ကလေကချေကောင် ပြောတာကို နားထောင်စရာ အကြောင်းမရှိဘူး။သူကမင်းရဲ့မျိုးရိုးကို မနာလိုဖြစ်နေတာ "
လို့ ပြောတယ်။
"ကုရှင်းဟောင် ဒီနေ့ မင်းငါ့ကို ဒူးထောက်ပြီး တောင်းပန်မယ်ဆိုရင် မင်းကို လွှတ်ပေးဖို့ ငါစဉ်းစားပေးမယ် မဟုတ်ရင်တော့ ငါ ဒီမှာ ရှိနေသရွေ့ မင်းနဲ့ မင်းရဲ့ ဆင်းရဲသား ကလေကချေသူငယ်ချင်းတွေအတွက် အခြေနေကောင်းမှာမဟုတ်ဘူး"
ကျုံ့စုန်က ကုရှင်းဟောင်သူ့ကို တမင်တကာ ရန်စနေတာကို သဘောပေါက်သွားတယ်။ သူက ခေါင်းကိုမော့ထားပီး အထင်သေးတဲ့ပုံစံနဲ့
"ကျုံ့ မိသားစုက မင်းလိုဆင်းရဲသားတေ ကို ဒုက္ခပေးချင်ရင် စာကားတစ်ခွန်းပဲလိုတယ်။"
"fuck!"
ကုရှင်းဟောင်က အသံကိုနှိမ့်လိုက်ပီး သူ့လက်တေက လက်သီးကိုအားနဲ့ဆုပ်ထားတာ ကြောင့်သွေးကြောများပင် ထောင်လာသည်။
"ကျုံ့စုန် မင်း ငါ့ကို ကြည့်မရတာက ငါ့သူငယ်ချင်းတေနဲ့ ဘာမှမဆိုင်ဘူး။"
ဒေါသထွက်နေပီး တောင်းဆိုတဲ့အကြည့်ကြောင့် ကျုံ့စုန်က သူရန်စတာ အောင်မြင်သွားပီ ဖြစ်ကြောင်းသိလိုက်ရတယ်။
"သူတို့က မင်းနဲ့ခင်နေတဲ့အတွက် ကံကောင်းမှုကို လွဲချော်သွားရုံပါ။"
ကျုံ့စုန် ရဲ့ စကားကြောင့် ကောင်မလေးတွေ က ကြောက်လန့်ပြီး မျက်လုံးတွေ နီရဲကာ သူတို့ရဲ့ ခန္ဓာကိုယ်တွေ အနည်းငယ် တုန်ခါနေတယ်။
ကုရှင်းဟောင် သူအကျဉ်းကြပ်ထဲရောက်နေတယ်လို့ ခံစားရတယ်။ဒီနေ့သာ သူတစ်ယောက်ထဲဆိုရင် ကျုံ့စုန်ကို လုံးဝကြောက်မနေဘူး။ ကျုံ့စုန်ခေါင်းငုံ့ပီး သူ့ကိုမတောင်းပန်ရင် ကုဆိုတဲ့မျိုးရိုးကိုပါ ပြောင်းပလိုက်မယ်။အခုတော့ သူတစ်ယောက်တည်းမဟုတ်ဘူး။ချန်ရှုနဲ့ ကျန်တဲ့ငါးယောက်လုံးက သာမန်နောက်ခံနဲ့။ကျုံ့စုန်နောက်ခံမိသားစုက လူတွေနဲ့ လုံးဝသွားရှုပ်လို့မရဘူး။
အံကြိတ်ပီး ကျုံ့စုန်ကိုခေါင်းငုံ့တော့မဲ့ အချိန်မှာပဲ တည်ငြိမ်တဲ့ အသံတစ်ခုက ရုတ်တရက် ပေါ်လာခဲ့သည်။
"ငါသိသလောက်တော့ ကျုံ့မိသားစုမှာ သားနှစ်ယောက်ပဲရှိတာ။ မင်းက ကျုံ့ဟုန်ရှင်း ဒါမှမဟုတ် ကျုံ့ဟုန်ခေါင် လား?"
ကျုံ့စုန် အသံကြားတဲ့ဘက်ကိုလှည့်လိုက်တော့ အရပ်မြင့်မြင့်နဲ့ အလင်းမှိန်မှိန်အောက်မှာ မတ်တတ်ရပ်နေတာကြောင့် မျက်နှာက အနည်းငယ်အန္တရာယ်များတဲ့ပုံပေါက်နေတဲ့ တစ်ယောက်ကို တွေ့လိုက်ရတယ်။
ချန်ရှုက ကုရှင်းဟောင် အနားကို လျှောက်သွားပြီး ကျုံ့စုန် ကို ကြည့်လိုက်တယ်။သူ့မျက်လုံးကနေ ဖိအားတေထုတ်လွှတ်နေသလို ကျုံ့စုန် နှလုံးခုန်တေ မြန်လာခဲ့တယ်။ ဒီလူက ဘယ်သူလဲ။ကျုံ့မိသားစုအကြောင်းကို ဘယ်လိုလုပ်သိနေတာလဲ။
ကုရှင်းဟောင်ရဲ့ပတ်ဝန်းကျင်မှာ ဒီကိစ္စကို သိတဲ့လူတွေ ရှိနိုင်ပါ့မလား။
ကုရှင်းဟောင် တတ်ခဲ့တဲ့ အထက်တန်းကျောင်းက သာမန်အထက်တန်းကျောင်းတစ်ခုဖြစ်ပြီး အဲ့ဒီ့ကျောင်းမှာရှိတဲ့လူအကုန်လုံးကလဲ ဆင်းရဲတဲ့သာမန်လူပဲ။ ကုရှင်းဟောင်တစ်ယောက်ပဲ ကျောင်းမှာ အချမ်းသာဆုံးတောင် ဖြစ်နိုင်တယ်။
"အဘိုးချန် ၊စိတ်မပူနဲ့ "
ကုရှင်းဟောင်က ချန်ရှုရဲ့ရှေ့မှာ အလျင်အမြန်ကာလိုက်သည်။ ချန်ရှုရဲ့ မိသားစုက နဂိုထဲက အခက်အခဲ ကြုံနေရတာ ကျုံ့စုန်ကို ထပ်ပြီး အနှောင့်ယှက်ပေးမိရင် သူတို့တွေ ထပ်ပီး ဒုက္ခရောက်သွားလိမ့်မယ်။
ကျုံ့စုန်က အစပိုင်းမှာ အနည်းငယ် တွေဝေသွားသော်လည်း ကုရှင်းဟောင်ရဲ့ အပြူမူကို မြင်လိုက်ရတဲ့အခါ ဒီကောင့်မှာ မိသားစု နောက်ခံ ကြီးကြီးမားမား မရှိတာကို သူ ချက်ချင်း သဘောပေါက်လိုက်တယ်။
ကျုံ့မိသားစု အတင်းဖျင်းတွေ ကို အင်တာနက်ကနေ တွေ့လာတဲ့ကောင် ဖြစ်လိမ့်မယ်။
ကျုံ့စုန်က သူ့ဘာသာတွေးလိုက်ပီး ဒီသူရဲကောင်းလုပ်ချင်တဲ့ ကောင်ကိုပါ ကုရှင်းဟောင် နဲ့အတူ ဒူးထောက်တောင်းပန်ခိုင်းတော့မဲ့အချိန်မှာ တစ်ဖက်လူကထပ်ပြောတာကိုကြားလိုက်ရတယ်။
"ကျုံ့ဟုန်ခေါင် က မင်းသူ့ရဲ့နာမည်ကို အသုံးချပီး အပြင်မှာ ဟောက်စားလုပ်နေတယ်ဆိုတာ သိသွားရင် ဘာဖြစ်မလဲ ခန့်မှန်းကြည့်လိုက်"
ချန်ရှုရဲ့စကားကြောင့် ကျုံ့စုန်မသိစိတ်က တုန်လှုပ်သွားသည်။ သူတို့ရဲ့အိမ်က ကျုံ့မိသားစုနဲ့အမျိုးပဲတော်တာ။ သူက ကျုံ့ဟုန်ခေါင်နဲ့ အသက်တူသောကြောင့် အတန်းတူတူတတ်ခဲ့တယ်။ သူ့မိဘတွေကလဲ ကျုံ့ဟုန်ခေါင်ရဲ့မိဘတွေနဲ့ အဆင်ပြေဖို့ အမြဲကြိုးစားနေကြ တယ်။ကျုံ့ဟုန်ခေါင်က ဒေါသကြီးတာကြောင့်သူနဲ့ အပေါင်းသင်းလုပ်တဲ့သူနည်းပေမဲ့ ကျုံ့စုန်ကတော့ အလိုက်ထိုက်နေခဲ့တယ်။ကျုံ့ဟုန်ခေါင်နဲ့ဆက်ဆံရေး ကောင်းမွန်တာကြောင့် သူရဲ့မိဘတွေ မကြာခင်ကပဲ ဌာနခွဲမှ ဌာနချုပ်သို့ ပြောင်းရွှေ့နိုင်ခဲ့သည်။
တကယ်လို့ ကျုံ့စုန်သာ ကျုံ့မိသားစုရဲ့နာမည်အောက်မှာ ပြဿနာရှာနေတာ သိသွားပါက ကျုံ့ဟုန်ခေါင်ရဲ့ ကြမ်းတမ်းတဲ့ဒေါသအရ သူ့ကို သေချာပေါက်အလွှတ်ပေးမည်မဟုတ်ပေ။ သူ့မိဘတွေ ရဲ့ အလုပ်လဲ အဆင်မပြေဖြစ်လာနိုင်တယ်။
ကျုံ့စုန်က တံတွေးမျိုချလိုက်ပြီး ပြင်းပြင်းထန်ထန်တုန့်ပြန်လိုက်တယ်။
"ဟုန်ခေါင်က ငါ့အကို။ သူကငါ့ဘက်မှာပဲ သေချာပေါက်ရပ်တည်ပေးမှာ။ မင်းလိုဆင်းရဲတဲ့ အမှိုက်ကောင်က ငါ့အကိုနဲ့ ဘယ်လိုလုပ်သိနိုင်မှာလဲ"
ချန်ရှုက သူ့ကို စက္ကန့်အနည်းငယ်လောက် တိတ်တဆိတ် ကြည့်နေလိုက်တယ်၊ သူ့ပတ်ဝန်းကျင်က မီးရောင်ဖျော့ဖျော့သာ ရှိကာ မည်းမှောင်နေပြီး ကျုံ့စုန်ရဲ့ စိတ်ထဲမှာ မကောင်းတာတစ်ခုခုဖြစ်တော့မယ်လို့ ခံစားနေရတယ်။
"အိုး.. ဟုတ်လား?"
ချန်ရှု က ဖုန်းဆက်ဖို့ သူ့ဖုန်းကို ထုတ်ကာ လှောင်ပြောင် ပြောလိုက်တယ်။
ကျုံ့ဟုန်ခေါင်က သူ့ကို အမှားလုပ်မိထားတဲ့အတွက် နောင်တရတာကြောင့် ချန်ရှုသာ အကူညီလိုပါက သူ့ကိုဆက်သွယ်ဖို့ ဖုန်းနံပါတ်ပေးသွားခဲ့တယ် ။ဒါပေမဲ့ ချန်ရှုက သူ့ကို တစ်ခါမှ မဆက်သွယ်ခဲ့တာကြောင့် ဖုန်းနံပါတ်မတွေ့မှာတော့ စိုးရိမ်မိတယ်။
(ကျုံ့ဟုန်ခေါင်က ဘယ်သူလဲ အခုမှသတိရ )
ချန်ရှုထံမှ ရုတ်တရက် ဖုန်းဆက်တာကြောင့် ကျုံ့ဟုန်ခေါင် အရမ်းပျော်သွားပြီး
"ဟယ်လို ချန်ရှုလား?"
"ဟုတ်တယ် ငါမင်းကို တစ်ခုလောက်မေးစရာရှိလို့"
ချန်ရှုရဲ့ ပုံမှန်ထက် တည်ငြိမ်နေတဲ့ အသံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာတယ်။ကျုံ့ဟုန်ခေါင် တစ်ဖက်မှာဘာဖြစ်နေမှန်း မသိပေမဲ့ ချန်ရှုရဲ့အသံကိုကြားတော့ မသိစိတ်ကနေ အလိုလို မတ်မတ်ထိုင်လိုက်ပြီး ချန်ရှုရဲ့စကားကို လေးလေးနက်နက် နားထောင်လိုက်တယ်။
"မင်းဆက်ပြောကြည့်"
"ကျုံ့စုန်ကို သိလား"
ချန်ရှုက ကျုံ့ဟုန်ခေါင်နဲ့စကားပြောနေပေမဲ့ ကျုံ့စုန်ကို စိုက်ကြည့်နေတာကြောင့် ကျုံ့စုန်ကျောမှာ ချွေးအေးတွေ ပြန်လာခဲ့တယ်။
ဒီလူက ဘယ်သူလဲ။ကျုံ့ဟုန်ခေါင်ရဲ့ ဖုန်းနံပါတ်က သူ့ဆီမှာ ဘာလို့ရှိနေရတာလဲ!
ကျုံ့စုန်က သေမလိုထိတ်လန့်သွားပေမဲ့ တစ်ဖက်မှာဖုန်း ပြောနေတဲ့ လူက ကျုံ့ဟုန်ခေါင်မဟုတ်ပဲနဲ့ချန်ရှုက ဟန်ဆောင်နေတာလို့ တွေးလိုက်တယ်။
"သိတယ်၊သူက ငါတို့မိသားစုရဲ့ အမျိုးတော်တဲ့တစ်ယောက်လေ ။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကတောင် သူနဲ့တွေ့ခဲ့သေးတယ်"
ကျုံ့ဟုန်ခေါင်က ကျုံ့စုန် အကြောင်းမေးဖို့ ချန်ရှုသူ့ဆီဖုန်းဆက်တာကြောင့် အံ့ဩသွားတယ် ။
"ဘာမှမဟုတ်ပါဘူး၊ သူ့ကိုယ်သူ ကျုံ့ မိသားစုကလို့ ပြောပြီး ငါ့ကို ရှင်းပစ်ချင်နေတဲ့ တစ်ယောက်နဲ့ တွေ့နေရလို့။ မင်းနဲ့ မင်းအစ်ကိုအကြီးဆုံးပဲ ကျုံ့မိသားစုမှာ ရှိတယ်ထင်နေတာ ။ ကျုံ့စုန် လို့ ခေါ်တဲ့ နောက်ထပ်သားတစ်ယောက် ဘယ်အချိန်က ရှိသွားတာလဲ?ငါမသိလိုက်မိဘူး"
ချန်ရှုရဲ့အသံက ပျော်နေတဲ့ပုံပေါက်နေပေမဲ့ သူ့မျက်လုံးတွေ က ခန့်မှန်းလို့မရဘူး။
ကျုံ့စုန်ရဲ့နှလုံးတုန်ခါသွားကာ ရုတ်တရက် တစ်စုံတစ်ယောက်က သူ့နှလုံးကို ဖမ်းဆုပ်ပီး တင်းတင်းကျပ်ကျပ် ညှစ်လိုက်သလို သူ့တစ်ကိုယ်လုံးကသွေးတွေ မလည်ပတ်တော့ဘူးလို့ ခံစားလိုက်ရတယ်။
ချန်ရှုက ကျုံ့စုန်ကို ပြုံးပြပြီး ဖုန်းပေးလိုက်တယ်။ကျုံ့စုန်လက်တွေ တုန်နေပြီး လက်ဖဝါးက အေးစက်လာကာ ချွေးစေးတေထွက်နေတယ်။နှုတ်ခမ်းတွေ ဖိကိုက်လိုက်ပြီး ချန်ရှုရဲ့ဖုန်းကို တုန်တုန်ယင်ယင်နဲ့ ယူကာ သူ့နား နားကို ဖြည်းဖြည့်ချင်းကပ်လိုက်တယ်
"ဟယ်လို..."
"ကျုံ့စုန် မင်းက တကယ့်ကို တော်တာပဲ!မင်းကငါ့လိုပါ ဟန်ဆောင်နေတယ်ပေါ့"
ကျုံ့ဟုန်ခေါင်ရဲ့အသံက ဒေါသကို ထိန်းပီးပြောနေတာ အရမ်းသိသာတယ်။ကျုံ့စုန်အတွက်တော့ သူ့အသံက သေဒဏ်ချမှတ်ခံလိုက်ရသလိုပဲ။
"ငါ ငါ ငါ... ဟုန်ခေါင် ငါမှားသွားတယ် စိတ်မဆိုးပါနဲ့ ငါစိတ်နဲ့ကိုယ် ကပ်မနေမိလိုက်တာ..."
ကျုံ့စုန် က လန့်ရလွန်းလို့ ငိုမဲ့မဲ့နဲ့ ကျုံ့ဟုန်ခေါင်ကို ဆက်ပြီးတောင်းပန်လိုက်တယ်။
သူတော့သွားပီ။သူ့ရဲ့ မာနကိုအကုန် လျော့ချ
တယ်။သူ့သခင်ဆီ တွားသွားပီး တောင်းပန်ဖို့မစောင့်နိုင်တော့ဘူး။
ဒါပေမဲ့ ကျုံ့ဟုန်ခေါင်က ခွှင့်မလွှတ်ဘဲ သူ့ရဲ့မိဘတွေ ကို အမှန်တိုင်း ပြောပြလိုက်တယ်။
ကျုံ့စုန်က အတွေးထဲမှာ မျောနေပီး သူ့အသိစိတ်ပြန်ဝင်လာချိန်မှာ ကျုံ့ဟုန်ခေါင်က ဖုန်းချသွားပီ။
ချန်ရှုလက်ကို ဆန့်လိုက်ပြီး ကျုံ့စုန်ဆီက ဖုန်းကို ယူလိုက်တယ်။ကျုံ့စုန်က ချန်ရှုကိုကြည့်လိုက်ပြီး ရုတ်တရက် ဒူးထောက်ချလိုက်သည်။
"ဒါက လူကြီးမင်းကို ငါမသိခဲ့လို့ပါ။ဟုန်ခေါင်ကို ကူပြောပါနော်။ငါတောင်းပန်ပါတယ်။အခုဖြစ်သမျှအကုန်လုံးက ငါ့အမှားပါ။ ကုရှင်းဟောင်ကို ထပ်ပီး မနှောင့်ယှက်တော့ပါဘူး။
ချန်ရှုက ကုရှင်းဟောင် ကိုပါ ခေါင်းငုံ့ပီးတောင်းပန်လိုက်တယ်။ကုရှင်းဟောင်တစ်ယောက် ထိတ်လန့်တကြားနဲ့ ထခုန်မိမတတ်ဖြစ်သွားတယ်။
လခွမ်း? ! သောက်ရမ်း မှော်ဆန်လွန်းတယ်၊ အခုလေးတင် ဘာတွေ ဖြစ်သွားတာလဲ!
လောင်ချန်က တကယ်ကြီး သူ့မျိုးရိုးနဲ့ ကျော်ကြားမှုကို တစ်ချိန်လုံး ဖုံးကွယ်ထားခဲ့တာလား။နောက်ကွယ်က လက်မဲကြီးပေါ့?!
ဒီအခြေနေကြောင့် သူတို့အားလုံးက သိသိသာသာပဲ ပျော်ပါးဖို့ ဘယ်သူမှစိတ်မပါကြတော့ဘူး။ချန်ရှုက ငွေရှင်းဖို့ တစ်ယောက်ယောက်ကိုခေါ်လိုက်တယ်။ကုရှင်းဟောင်နဲ့ အခြားသူများ ကတော့ ငွေရှင်းဖို့လုံးဝမေ့သွားတဲ့အထိ တုန်လှုပ်နေကြတုံးပဲ။
ငွေရှင်းပြီးတဲ့နောက်မှာ ကုရှင်းဟောင်က ချန်ရှုရဲ့လက်ကျန်ငွေကို အမှတ်တမဲ့ လှမ်းမြင်လိုက်ရတယ်။
သေစမ်း? ! သူ့ရဲ့ခွေးမျက်လုံးတွေကိုပါ ကန်းကုန်ပီ။ သုညဘယ်နှလုံးပါလဲ သူမရေတွက်နိုင်လိုက်ဘူး!၊
ဘားကနေ ထွက်လာတဲ့ အချိန်မှာလည်း ကုရှင်းဟောင် တစ်ယောက်အတွေးထဲမှာမျောနေခဲ့တယ်။ သူအခု လျှို့ဝှက်ချက်အကြီးကြီးကို ရှာတွေ့ခဲ့တာ ဟုတ်တယ်မလား။
ဘားထဲမှာတော့ ကျုံ့စုန်ရဲ့နောက်လိုက်များက တစ်ယောက်က်ိုတစ်ယောက် ကြည့်နေကြတယ်။ကျုံ့စုန်ရဲ့ စိတ်ပျက်နေတဲ့ပုံကို ကြည့်ရတာ သူ့မိသားစုဒေဝါလီခံလိုက်ရသလိုပင်။ကျုံ့စုန်ရဲ့မိသားစု အမှန်တကယ် ချွတ်ခြုံကျတော့မှာလို့တော့ သူတို့မသိခဲ့ပေ။သူအပါအဝင် သူ့မိဘတွေက ကိုယ်ပိုင် အရည်အချင်း မရှိကြဘူး။ကျုံ့မိသားစုကို မှီခိုနေကြရတာ။ ဒီအချိန်မှာသာ သူအိမ်ပြန်သွားရင် ကျုံ့အိမ်တော်ကနေ မောင်းချခံရရုံတင်မကဘူး သူ့အိမ်ကပါ သူ့ကိုသတ်လိမ့်မယ်။
ကုရှင်းဟောင်ကို ရန်စနေရာကနေ ဘာလို့ ဒီလောက်ထိ ဖြစ်သွားရတာလဲ။
ချန်းရှု တည်းခိုခန်းပြန်ရောက်တော့ ရေအရင်သွားချိုးလိုက်တယ်။
ရေချိုးခန်းထဲမှာ ရေကျသံကြားလိုက်ရတော့မှ ကုရှင်းဟောင် နဲ့ ဝမ်ချန်းရိ အတွေးထဲကနေ ပြန်ဆွဲထုတ်ခံလိုက်ရတယ်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခေါင်းချင်းဆိုင်လိုက်ပီး
"အဘိုးချန်ရဲ့မိသားစုက တော်တော်ချမ်းသာပုံရတယ်။"
ကုရှင်းဟောင်က တိုးတိုးလေး ပြောလိုက်သည်။
ဝမ်ချန်းရိက ခေါင်းညိတ်ပြကာသဘောတူပြီး
"ပီးတော့ သာမန်ချမ်းသာတဲ့ပုံစံလည်း မဟုတ်ဘူး"
ကျုံ့စုန်က ကျုံ့မိသားစုနောက်ခံနဲ့ အစပိုင်းတွင် အလွန်မောက်မာနေပီး ချန်ရှုဆီမှာကျတော့ ကျုံ့မိသားစုရဲ့ ဖုန်းနံပါတ်ရှိနေခဲ့တယ်။ဒါက တစ်နည်းနည်းနဲ့ ချိတ်ဆက်မှုရှိတာကို ပြနေတာပဲ။ !မျိုးရိုးမြင့် အိမ်တော်ကလူတွေ!
"ဟမ်..."
နှစ်ယောက်သား ငြိမ်သက်သွားပြီးနောက် ရှက်လာကြတယ်။
ကုရှင်းဟောင်က ရှက်ရွံ့နေတဲ့ မျက်နှာကိုအုပ်လိုက်ပီး ခေါင်းကို စောင်ထဲတွင် မြုပ်ကာ
"အားး!!!"
"ဒါက ဘာဖြစ်ကုန်တာလဲ!"
ချန်ရှုရဲ့ မိသားစုက ဆင်းရဲတယ်လို့ အမြဲတမ်း အထင်လွဲနေခဲ့ကြတယ်။ချန်ရှု မုန့်စားတဲ့အချိန်တိုင်း သူတို့ကအတင်းငွေကူရှင်းပေးခဲ့တယ်။ အဝတ်အစားနဲ့ တခြားပစ္စည်းတွေကိုလဲ အရွယ်အစားမှားသလို အပိုဝယ်လာတာတွေ ကိုလဲ ဆိုင်မှာငွေပြန်အမ်းခိုင်းလို့မရဘူးဆိုပီး ချန်ရှုကို ပေးခဲ့တယ်။
ဒီတစ်ခါပျော်ပါးဖို့ထွက်လာတာမှာလည်း ချန်ရှုပေးရမဲ့ ဝေစုကို သူတို့ပဲမျှရှင်း ဖို့ လုပ်ခဲ့ကြတာ။
အဲ့လိုလုပ်ခဲ့ကြပေမဲ့ အခုတော့ ချန်ရှုက အဆက်သွယ်ကောင်းရှိရုံမက!အရမ်းချမ်းသာနေတယ်!
ကုရှင်းဟောင်ရဲ့စိတ်ထဲမှာ ချန်ရှုကို အမှိုက်ကောင်လို့ နားလည်မှုလွဲခဲ့ပြီး သူ့ကို ပညာပေးဖို့ ကြိုးစားခဲ့တာကို သတိရမိလိုက်သည်။
"Fuck! **** ငါဘာလို့ ဒီအမှားတစ်ခုကို လုပ်ခဲ့ရတာလဲ!"
ဝမ်ချန်းရိ လည်း ကုရှင်းဟောင်လုပ်ခဲ့တဲ့ အရူးလုပ်ရပ်တွေကို မှတ်မိနေပါသေးတယ်။ချန်ရှုကို နောက်ခံမရှိတဲ့ မျက်နှာဖြူကောင်လို့ခေါ်ခဲ့တယ်။ နောက်ဆုံးမှာတော့ အဖေခေါ်ခဲ့ရပီး အရိုက်ခံခဲ့ရတယ်။ချန်ရှုကို ကိုယ့်ကိုကိုယ် အထင်ကြီးနေတဲ့သူ စာညံ့တဲ့ကောင်လို့လဲ ထင်ခဲ့ပီး နောက်ဆုံးရလဒ်ကတော့ ချန်ရှုပထမနေရာကို ရခဲ့တယ်။ချန်ရှု ရဲ့မိသားစုက ဆင်းရဲတာကြောင့် အလုပ်လုပ်ရင်း စာလေ့လာနေရတယ်ထင်ပီး ကူညီဖို့လုပ်ခဲ့ပေမဲ့လဲ အခုတော့ သူက သူ့အဖေထက်တောင် ပိုချမ်းသာနိုင်တယ်!
ချန်ရှု ရေချိုးခန်းထဲကနေ ထွက်လာတဲ့အခါ ကုရှင်းဟောင်နဲ့ ဝမ်းချန်းရိ ဆီကနေက အပြစ်သားအဖြစ် ဖမ်းဆီးခံလိုက်ရတယ်။
"အမှန်အတိုင်းပြောစမ်း!"
ချန်ရှုလည်ပင်းကို ပတ်ခံထားရတဲ့ အဝတ်နှစ်ခုကို လှမ်းကြည့်ရင်း ကူကယ်ရာမဲ့စွာ ရီမောလိုက်တယ်။
လက်နှစ်ဖက်ကို မြှောက်လိုက်ပီး
"ပြောပြပါ့မယ် "
ကုရှင်းဟောင်က ဝမ်ချန်းရိကို ကြည့်လိုက်တယ်။ နှစ်ယောက်သား ချန်ရှုကို ဆိုဖာပေါ် တွန်းချကာ ဘေးတစ်ဖက်စီမှာ ထိုင်လိုက်ပီး ချန်ရှုရဲ့လက်တွေ ကို ချုပ်ထားလိုက်တယ်။ချန်ရှုကသူတို့ကို ဘာပြောမလဲ အရမ်းသိချင်နေပီ။
စာရေးဆရာမှာပြောစရာရှိတယ်
ဒီနေ့ အယ်ဒီတာဆီက သတင်းရတယ်။ ဘကြီးစစ်(ဦးလေးစစ်)လို့(တရုတ်လို) ရေးလို့မရဘူးတဲ့။ နောက်ပိုင်းတေမှာ အန်ကယ်စစ်လို့ ပြင်ရေးမယ်နော်။
မင်းရဲ့အားပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ ဆက်ပြီးကြိုးစားပါ့မယ်။
T/N - ဦးလေးစစ်လို့ အစထဲက မသုံးထားဘူး hahaha. အန်ကယ်လို့ခေါ်တာက သူစိမ်းဆန်ပီး ခုလုခုလုနဲ့ သဘောကျလို့
> <
Zawgyi
က်ဳံ႔စုန္ကို စိုက္ၾကည့္ရင္း ကုရွင္းေဟာင္ကလက္သီးကို တင္းတင္းဆုပ္ထားတယ္။သူနဲ႔ က်ဳံ႔စုန္က တစ္ေယာက္နဲ႔တစ္ေယာက္ ေသခ်ာမသိေပမယ့္ သူတို႔ႏွစ္ေယာက္ၾကားမွာ အၿမဲတမ္း ျပႆနာျဖစ္ၿပီး ပဋိပကၡျဖစ္တိုင္း မိဘေတြဆီ တစ္ခါမွ မေျပာခဲ့ဖူးဘူး။
က်ဳံ႔စုန္ ေျပာတဲ့အတိုင္း က်ဳံ႔မိသားစု လုပ္ႏိုင္တယ္ ဆိုတာ သူသိတယ္။ ကုရွင္းေဟာင္ရဲ႕မိသားစုက အခုလတ္တေလာမွနာမည္ရွိလာတာျဖစ္ေပမဲ့ သူ႔အေဖက အရမ္းခ်မ္းသာတယ္။အဆက္သြယ္ေကာင္းေတြ လဲအမ်ားႀကီးရွိတယ္။က်ဳံ႔မိသားစုကေတာ့ ကုရွင္းေဟာင္ရဲ႕မိသားစုလိုမဟုတ္ဘူး။ဒီအိမ္ေတာ္ေလာက္ကိုေတာ့ သူတို႔ရင္ဆိုင္လို႔ရသားပဲ။
ကုရွင္းေဟာင္က အ႐ြယ္ေရာက္လာတဲ့ သဘာဝအတိုင္း အရင္ကလို စိတ္ျမန္လက္ျမန္လုပ္ပီး သူ႔အေဖကို ဒုကၡေပးမွာမဟုတ္ေတာ့ဘူး။ ဒါေပမယ့္ ဒီေန႔ က်ဳံ႔စုန္ေရွ႕မွာေတာ့ ေခါင္းမငုံ႔ထားႏိုင္ဘူး။
"က်ဳံ႔စုန္၊ မင္းအသက္ကျဖင့္ ဘယ္ေလာက္ရွိေနပီလဲ ၊ တစ္ခုခုျဖစ္တိုင္း မိဘကိုတိုင္ေနတုန္းပဲလား"
ကုရွင္းေဟာင္က လက္ပိုက္ထားပီး တမင္တကာ ေလွာင္ေျပာင္လိုက္တယ္။
က်ဳံ႔စုန္ ထိုစကားကိုၾကားတဲ့အခါမွာေတာ့ သူတကယ္ေဒါသထြက္သြားတယ္။ သူ႔ေဘးနားကလူတစ္ေယာက္က သူ႔ကို ဆြဲထားၿပီး
"ေရွာင္စုန္ ေဒါသမထြက္လိုက္နဲ႔၊ ဒီဆင္းရဲတဲ့ကေလကေခ်ေကာင္ ေျပာတာကို နားေထာင္စရာ အေၾကာင္းမရွိဘူး။သူကမင္းရဲ႕မ်ိဳး႐ိုးကို မနာလိုျဖစ္ေနတာ "
လို႔ ေျပာတယ္။
"ကုရွင္းေဟာင္ ဒီေန႔ မင္းငါ့ကို ဒူးေထာက္ၿပီး ေတာင္းပန္မယ္ဆိုရင္ မင္းကို လႊတ္ေပးဖို႔ ငါစဥ္းစားေပးမယ္ မဟုတ္ရင္ေတာ့ ငါ ဒီမွာ ရွိေနသေ႐ြ႕ မင္းနဲ႔ မင္းရဲ႕ ဆင္းရဲသား ကေလကေခ်သူငယ္ခ်င္းေတြအတြက္ အေျခေနေကာင္းမွာမဟုတ္ဘူး"
က်ဳံ႔စုန္က ကုရွင္းေဟာင္သူ႔ကို တမင္တကာ ရန္စေနတာကို သေဘာေပါက္သြားတယ္။ သူက ေခါင္းကိုေမာ့ထားပီး အထင္ေသးတဲ့ပုံစံနဲ႔
"က်ဳံ႔ မိသားစုက မင္းလိုဆင္းရဲသားေတ ကို ဒုကၡေပးခ်င္ရင္ စာကားတစ္ခြန္းပဲလိုတယ္။"
"fuck!"
ကုရွင္းေဟာင္က အသံကိုႏွိမ့္လိုက္ပီး သူ႔လက္ေတက လက္သီးကိုအားနဲ႔ဆုပ္ထားတာ ေၾကာင့္ေသြးေၾကာမ်ားပင္ ေထာင္လာသည္။
"က်ဳံ႔စုန္ မင္း ငါ့ကို ၾကည့္မရတာက ငါ့သူငယ္ခ်င္းေတနဲ႔ ဘာမွမဆိုင္ဘူး။"
ေဒါသထြက္ေနပီး ေတာင္းဆိုတဲ့အၾကည့္ေၾကာင့္ က်ဳံ႔စုန္က သူရန္စတာ ေအာင္ျမင္သြားပီ ျဖစ္ေၾကာင္းသိလိုက္ရတယ္။
"သူတို႔က မင္းနဲ႔ခင္ေနတဲ့အတြက္ ကံေကာင္းမႈကို လြဲေခ်ာ္သြား႐ုံပါ။"
က်ဳံ႔စုန္ ရဲ႕ စကားေၾကာင့္ ေကာင္မေလးေတြ က ေၾကာက္လန႔္ၿပီး မ်က္လုံးေတြ နီရဲကာ သူတို႔ရဲ႕ ခႏၶာကိုယ္ေတြ အနည္းငယ္ တုန္ခါေနတယ္။
ကုရွင္းေဟာင္ သူအက်ဥ္းၾကပ္ထဲေရာက္ေနတယ္လို႔ ခံစားရတယ္။ဒီေန႔သာ သူတစ္ေယာက္ထဲဆိုရင္ က်ဳံ႔စုန္ကို လုံးဝေၾကာက္မေနဘူး။ က်ဳံ႔စုန္ေခါင္းငုံ႔ပီး သူ႔ကိုမေတာင္းပန္ရင္ ကုဆိုတဲ့မ်ိဳး႐ိုးကိုပါ ေျပာင္းပလိုက္မယ္။အခုေတာ့ သူတစ္ေယာက္တည္းမဟုတ္ဘူး။ခ်န္ရႈနဲ႔ က်န္တဲ့ငါးေယာက္လုံးက သာမန္ေနာက္ခံနဲ႔။က်ဳံ႔စုန္ေနာက္ခံမိသားစုက လူေတြနဲ႔ လုံးဝသြားရႈပ္လို႔မရဘူး။
အံႀကိတ္ပီး က်ဳံ႔စုန္ကိုေခါင္းငုံ႔ေတာ့မဲ့ အခ်ိန္မွာပဲ တည္ၿငိမ္တဲ့ အသံတစ္ခုက ႐ုတ္တရက္ ေပၚလာခဲ့သည္။
"ငါသိသေလာက္ေတာ့ က်ဳံ႔မိသားစုမွာ သားႏွစ္ေယာက္ပဲရွိတာ။ မင္းက က်ဳံ႔ဟုန္ရွင္း ဒါမွမဟုတ္ က်ဳံ႔ဟုန္ေခါင္ လား?"
က်ဳံ႔စုန္ အသံၾကားတဲ့ဘက္ကိုလွည့္လိုက္ေတာ့ အရပ္ျမင့္ျမင့္နဲ႔ အလင္းမွိန္မွိန္ေအာက္မွာ မတ္တတ္ရပ္ေနတာေၾကာင့္ မ်က္ႏွာက အနည္းငယ္အႏၲရာယ္မ်ားတဲ့ပုံေပါက္ေနတဲ့ တစ္ေယာက္ကို ေတြ႕လိုက္ရတယ္။
ခ်န္ရႈက ကုရွင္းေဟာင္ အနားကို ေလွ်ာက္သြားၿပီး က်ဳံ႔စုန္ ကို ၾကည့္လိုက္တယ္။သူ႔မ်က္လုံးကေန ဖိအားေတထုတ္လႊတ္ေနသလို က်ဳံ႔စုန္ ႏွလုံးခုန္ေတ ျမန္လာခဲ့တယ္။ ဒီလူက ဘယ္သူလဲ။က်ဳံ႔မိသားစုအေၾကာင္းကို ဘယ္လိုလုပ္သိေနတာလဲ။
ကုရွင္းေဟာင္ရဲ႕ပတ္ဝန္းက်င္မွာ ဒီကိစၥကို သိတဲ့လူေတြ ရွိႏိုင္ပါ့မလား။
ကုရွင္းေဟာင္ တတ္ခဲ့တဲ့ အထက္တန္းေက်ာင္းက သာမန္အထက္တန္းေက်ာင္းတစ္ခုျဖစ္ၿပီး အဲ့ဒီ့ေက်ာင္းမွာရွိတဲ့လူအကုန္လုံးကလဲ ဆင္းရဲတဲ့သာမန္လူပဲ။ ကုရွင္းေဟာင္တစ္ေယာက္ပဲ ေက်ာင္းမွာ အခ်မ္းသာဆုံးေတာင္ ျဖစ္ႏိုင္တယ္။
"အဘိုးခ်န္ ၊စိတ္မပူနဲ႔ "
ကုရွင္းေဟာင္က ခ်န္ရႈရဲ႕ေရွ႕မွာ အလ်င္အျမန္ကာလိုက္သည္။ ခ်န္ရႈရဲ႕ မိသားစုက နဂိုထဲက အခက္အခဲ ႀကဳံေနရတာ က်ဳံ႔စုန္ကို ထပ္ၿပီး အေႏွာင့္ယွက္ေပးမိရင္ သူတို႔ေတြ ထပ္ပီး ဒုကၡေရာက္သြားလိမ့္မယ္။
က်ဳံ႔စုန္က အစပိုင္းမွာ အနည္းငယ္ ေတြေဝသြားေသာ္လည္း ကုရွင္းေဟာင္ရဲ႕ အျပဴမူကို ျမင္လိုက္ရတဲ့အခါ ဒီေကာင့္မွာ မိသားစု ေနာက္ခံ ႀကီးႀကီးမားမား မရွိတာကို သူ ခ်က္ခ်င္း သေဘာေပါက္လိုက္တယ္။
က်ဳံ႔မိသားစု အတင္းဖ်င္းေတြ ကို အင္တာနက္ကေန ေတြ႕လာတဲ့ေကာင္ ျဖစ္လိမ့္မယ္။
က်ဳံ႔စုန္က သူ႔ဘာသာေတြးလိုက္ပီး ဒီသူရဲေကာင္းလုပ္ခ်င္တဲ့ ေကာင္ကိုပါ ကုရွင္းေဟာင္ နဲ႔အတူ ဒူးေထာက္ေတာင္းပန္ခိုင္းေတာ့မဲ့အခ်ိန္မွာ တစ္ဖက္လူကထပ္ေျပာတာကိုၾကားလိုက္ရတယ္။
"က်ဳံ႔ဟုန္ေခါင္ က မင္းသူ႔ရဲ႕နာမည္ကို အသုံးခ်ပီး အျပင္မွာ ေဟာက္စားလုပ္ေနတယ္ဆိုတာ သိသြားရင္ ဘာျဖစ္မလဲ ခန႔္မွန္းၾကည့္လိုက္"
ခ်န္ရႈရဲ႕စကားေၾကာင့္ က်ဳံ႔စုန္မသိစိတ္က တုန္လႈပ္သြားသည္။ သူတို႔ရဲ႕အိမ္က က်ဳံ႔မိသားစုနဲ႔အမ်ိဳးပဲေတာ္တာ။ သူက က်ဳံ႔ဟုန္ေခါင္နဲ႔ အသက္တူေသာေၾကာင့္ အတန္းတူတူတတ္ခဲ့တယ္။ သူ႔မိဘေတြကလဲ က်ဳံ႔ဟုန္ေခါင္ရဲ႕မိဘေတြနဲ႔ အဆင္ေျပဖို႔ အၿမဲႀကိဳးစားေနၾက တယ္။က်ဳံ႔ဟုန္ေခါင္က ေဒါသႀကီးတာေၾကာင့္သူနဲ႔ အေပါင္းသင္းလုပ္တဲ့သူနည္းေပမဲ့ က်ဳံ႔စုန္ကေတာ့ အလိုက္ထိုက္ေနခဲ့တယ္။က်ဳံ႔ဟုန္ေခါင္နဲ႔ဆက္ဆံေရး ေကာင္းမြန္တာေၾကာင့္ သူရဲ႕မိဘေတြ မၾကာခင္ကပဲ ဌာနခြဲမွ ဌာနခ်ဳပ္သို႔ ေျပာင္းေ႐ႊ႕ႏိုင္ခဲ့သည္။
တကယ္လို႔ က်ဳံ႔စုန္သာ က်ဳံ႔မိသားစုရဲ႕နာမည္ေအာက္မွာ ျပႆနာရွာေနတာ သိသြားပါက က်ဳံ႔ဟုန္ေခါင္ရဲ႕ ၾကမ္းတမ္းတဲ့ေဒါသအရ သူ႔ကို ေသခ်ာေပါက္အလႊတ္ေပးမည္မဟုတ္ေပ။ သူ႔မိဘေတြ ရဲ႕ အလုပ္လဲ အဆင္မေျပျဖစ္လာႏိုင္တယ္။
က်ဳံ႔စုန္က တံေတြးမ်ိဳခ်လိုက္ၿပီး ျပင္းျပင္းထန္ထန္တုန႔္ျပန္လိုက္တယ္။
"ဟုန္ေခါင္က ငါ့အကို။ သူကငါ့ဘက္မွာပဲ ေသခ်ာေပါက္ရပ္တည္ေပးမွာ။ မင္းလိုဆင္းရဲတဲ့ အမႈိက္ေကာင္က ငါ့အကိုနဲ႔ ဘယ္လိုလုပ္သိႏိုင္မွာလဲ"
ခ်န္ရႈက သူ႔ကို စကၠန႔္အနည္းငယ္ေလာက္ တိတ္တဆိတ္ ၾကည့္ေနလိုက္တယ္၊ သူ႔ပတ္ဝန္းက်င္က မီးေရာင္ေဖ်ာ့ေဖ်ာ့သာ ရွိကာ မည္းေမွာင္ေနၿပီး က်ဳံ႔စုန္ရဲ႕ စိတ္ထဲမွာ မေကာင္းတာတစ္ခုခုျဖစ္ေတာ့မယ္လို႔ ခံစားေနရတယ္။
"အိုး.. ဟုတ္လား?"
ခ်န္ရႈ က ဖုန္းဆက္ဖို႔ သူ႔ဖုန္းကို ထုတ္ကာ ေလွာင္ေျပာင္ ေျပာလိုက္တယ္။
က်ဳံ႔ဟုန္ေခါင္က သူ႔ကို အမွားလုပ္မိထားတဲ့အတြက္ ေနာင္တရတာေၾကာင့္ ခ်န္ရႈသာ အကူညီလိုပါက သူ႔ကိုဆက္သြယ္ဖို႔ ဖုန္းနံပါတ္ေပးသြားခဲ့တယ္ ။ဒါေပမဲ့ ခ်န္ရႈက သူ႔ကို တစ္ခါမွ မဆက္သြယ္ခဲ့တာေၾကာင့္ ဖုန္းနံပါတ္မေတြ႕မွာေတာ့ စိုးရိမ္မိတယ္။
(က်ဳံ႔ဟုန္ေခါင္က ဘယ္သူလဲ အခုမွသတိရ )
ခ်န္ရႈထံမွ ႐ုတ္တရက္ ဖုန္းဆက္တာေၾကာင့္ က်ဳံ႔ဟုန္ေခါင္ အရမ္းေပ်ာ္သြားၿပီး
"ဟယ္လို ခ်န္ရႈလား?"
"ဟုတ္တယ္ ငါမင္းကို တစ္ခုေလာက္ေမးစရာရွိလို႔"
ခ်န္ရႈရဲ႕ ပုံမွန္ထက္ တည္ၿငိမ္ေနတဲ့ အသံက ဖုန္းတစ္ဖက္မွ ထြက္ေပၚလာတယ္။က်ဳံ႔ဟုန္ေခါင္ တစ္ဖက္မွာဘာျဖစ္ေနမွန္း မသိေပမဲ့ ခ်န္ရႈရဲ႕အသံကိုၾကားေတာ့ မသိစိတ္ကေန အလိုလို မတ္မတ္ထိုင္လိုက္ၿပီး ခ်န္ရႈရဲ႕စကားကို ေလးေလးနက္နက္ နားေထာင္လိုက္တယ္။
"မင္းဆက္ေျပာၾကည့္"
"က်ဳံ႔စုန္ကို သိလား"
ခ်န္ရႈက က်ဳံ႔ဟုန္ေခါင္နဲ႔စကားေျပာေနေပမဲ့ က်ဳံ႔စုန္ကို စိုက္ၾကည့္ေနတာေၾကာင့္ က်ဳံ႔စုန္ေက်ာမွာ ေခြၽးေအးေတြ ျပန္လာခဲ့တယ္။
ဒီလူက ဘယ္သူလဲ။က်ဳံ႔ဟုန္ေခါင္ရဲ႕ ဖုန္းနံပါတ္က သူ႔ဆီမွာ ဘာလို႔ရွိေနရတာလဲ!
က်ဳံ႔စုန္က ေသမလိုထိတ္လန႔္သြားေပမဲ့ တစ္ဖက္မွာဖုန္း ေျပာေနတဲ့ လူက က်ဳံ႔ဟုန္ေခါင္မဟုတ္ပဲနဲ႔ခ်န္ရႈက ဟန္ေဆာင္ေနတာလို႔ ေတြးလိုက္တယ္။
"သိတယ္၊သူက ငါတို႔မိသားစုရဲ႕ အမ်ိဳးေတာ္တဲ့တစ္ေယာက္ေလ ။ လြန္ခဲ့တဲ့ရက္အနည္းငယ္ကေတာင္ သူနဲ႔ေတြ႕ခဲ့ေသးတယ္"
က်ဳံ႔ဟုန္ေခါင္က က်ဳံ႔စုန္ အေၾကာင္းေမးဖို႔ ခ်န္ရႈသူ႔ဆီဖုန္းဆက္တာေၾကာင့္ အံ့ဩသြားတယ္ ။
"ဘာမွမဟုတ္ပါဘူး၊ သူ႔ကိုယ္သူ က်ဳံ႔ မိသားစုကလို႔ ေျပာၿပီး ငါ့ကို ရွင္းပစ္ခ်င္ေနတဲ့ တစ္ေယာက္နဲ႔ ေတြ႕ေနရလို႔။ မင္းနဲ႔ မင္းအစ္ကိုအႀကီးဆုံးပဲ က်ဳံ႔မိသားစုမွာ ရွိတယ္ထင္ေနတာ ။ က်ဳံ႔စုန္ လို႔ ေခၚတဲ့ ေနာက္ထပ္သားတစ္ေယာက္ ဘယ္အခ်ိန္က ရွိသြားတာလဲ?ငါမသိလိုက္မိဘူး"
ခ်န္ရႈရဲ႕အသံက ေပ်ာ္ေနတဲ့ပုံေပါက္ေနေပမဲ့ သူ႔မ်က္လုံးေတြ က ခန႔္မွန္းလို႔မရဘူး။
က်ဳံ႔စုန္ရဲ႕ႏွလုံးတုန္ခါသြားကာ ႐ုတ္တရက္ တစ္စုံတစ္ေယာက္က သူ႔ႏွလုံးကို ဖမ္းဆုပ္ပီး တင္းတင္းက်ပ္က်ပ္ ညႇစ္လိုက္သလို သူ႔တစ္ကိုယ္လုံးကေသြးေတြ မလည္ပတ္ေတာ့ဘူးလို႔ ခံစားလိုက္ရတယ္။
ခ်န္ရႈက က်ဳံ႔စုန္ကို ၿပဳံးျပၿပီး ဖုန္းေပးလိုက္တယ္။က်ဳံ႔စုန္လက္ေတြ တုန္ေနၿပီး လက္ဖဝါးက ေအးစက္လာကာ ေခြၽးေစးေတထြက္ေနတယ္။ႏႈတ္ခမ္းေတြ ဖိကိုက္လိုက္ၿပီး ခ်န္ရႈရဲ႕ဖုန္းကို တုန္တုန္ယင္ယင္နဲ႔ ယူကာ သူ႔နား နားကို ျဖည္းျဖည့္ခ်င္းကပ္လိုက္တယ္
"ဟယ္လို..."
"က်ဳံ႔စုန္ မင္းက တကယ့္ကို ေတာ္တာပဲ!မင္းကငါ့လိုပါ ဟန္ေဆာင္ေနတယ္ေပါ့"
က်ဳံ႔ဟုန္ေခါင္ရဲ႕အသံက ေဒါသကို ထိန္းပီးေျပာေနတာ အရမ္းသိသာတယ္။က်ဳံ႔စုန္အတြက္ေတာ့ သူ႔အသံက ေသဒဏ္ခ်မွတ္ခံလိုက္ရသလိုပဲ။
"ငါ ငါ ငါ... ဟုန္ေခါင္ ငါမွားသြားတယ္ စိတ္မဆိုးပါနဲ႔ ငါစိတ္နဲ႔ကိုယ္ ကပ္မေနမိလိုက္တာ..."
က်ဳံ႔စုန္ က လန႔္ရလြန္းလို႔ ငိုမဲ့မဲ့နဲ႔ က်ဳံ႔ဟုန္ေခါင္ကို ဆက္ၿပီးေတာင္းပန္လိုက္တယ္။
သူေတာ့သြားပီ။သူ႔ရဲ႕ မာနကိုအကုန္ ေလ်ာ့ခ်
တယ္။သူ႔သခင္ဆီ တြားသြားပီး ေတာင္းပန္ဖို႔မေစာင့္ႏိုင္ေတာ့ဘူး။
ဒါေပမဲ့ က်ဳံ႔ဟုန္ေခါင္က ခႊင့္မလႊတ္ဘဲ သူ႔ရဲ႕မိဘေတြ ကို အမွန္တိုင္း ေျပာျပလိုက္တယ္။
က်ဳံ႔စုန္က အေတြးထဲမွာ ေမ်ာေနပီး သူ႔အသိစိတ္ျပန္ဝင္လာခ်ိန္မွာ က်ဳံ႔ဟုန္ေခါင္က ဖုန္းခ်သြားပီ။
ခ်န္ရႈလက္ကို ဆန႔္လိုက္ၿပီး က်ဳံ႔စုန္ဆီက ဖုန္းကို ယူလိုက္တယ္။က်ဳံ႔စုန္က ခ်န္ရႈကိုၾကည့္လိုက္ၿပီး ႐ုတ္တရက္ ဒူးေထာက္ခ်လိုက္သည္။
"ဒါက လူႀကီးမင္းကို ငါမသိခဲ့လို႔ပါ။ဟုန္ေခါင္ကို ကူေျပာပါေနာ္။ငါေတာင္းပန္ပါတယ္။အခုျဖစ္သမွ်အကုန္လုံးက ငါ့အမွားပါ။ ကုရွင္းေဟာင္ကို ထပ္ပီး မေႏွာင့္ယွက္ေတာ့ပါဘူး။
ခ်န္ရႈက ကုရွင္းေဟာင္ ကိုပါ ေခါင္းငုံ႔ပီးေတာင္းပန္လိုက္တယ္။ကုရွင္းေဟာင္တစ္ေယာက္ ထိတ္လန႔္တၾကားနဲ႔ ထခုန္မိမတတ္ျဖစ္သြားတယ္။
လခြမ္း? ! ေသာက္ရမ္း ေမွာ္ဆန္လြန္းတယ္၊ အခုေလးတင္ ဘာေတြ ျဖစ္သြားတာလဲ!
ေလာင္ခ်န္က တကယ္ႀကီး သူ႔မ်ိဳး႐ိုးနဲ႔ ေက်ာ္ၾကားမႈကို တစ္ခ်ိန္လုံး ဖုံးကြယ္ထားခဲ့တာလား။ေနာက္ကြယ္က လက္မဲႀကီးေပါ့?!
ဒီအေျခေနေၾကာင့္ သူတို႔အားလုံးက သိသိသာသာပဲ ေပ်ာ္ပါးဖို႔ ဘယ္သူမွစိတ္မပါၾကေတာ့ဘူး။ခ်န္ရႈက ေငြရွင္းဖို႔ တစ္ေယာက္ေယာက္ကိုေခၚလိုက္တယ္။ကုရွင္းေဟာင္နဲ႔ အျခားသူမ်ား ကေတာ့ ေငြရွင္းဖို႔လုံးဝေမ့သြားတဲ့အထိ တုန္လႈပ္ေနၾကတုံးပဲ။
ေငြရွင္းၿပီးတဲ့ေနာက္မွာ ကုရွင္းေဟာင္က ခ်န္ရႈရဲ႕လက္က်န္ေငြကို အမွတ္တမဲ့ လွမ္းျမင္လိုက္ရတယ္။
ေသစမ္း? ! သူ႔ရဲ႕ေခြးမ်က္လုံးေတြကိုပါ ကန္းကုန္ပီ။ သုညဘယ္ႏွလုံးပါလဲ သူမေရတြက္ႏိုင္လိုက္ဘူး!၊
ဘားကေန ထြက္လာတဲ့ အခ်ိန္မွာလည္း ကုရွင္းေဟာင္ တစ္ေယာက္အေတြးထဲမွာေမ်ာေနခဲ့တယ္။ သူအခု လွ်ိဳ႕ဝွက္ခ်က္အႀကီးႀကီးကို ရွာေတြ႕ခဲ့တာ ဟုတ္တယ္မလား။
ဘားထဲမွာေတာ့ က်ဳံ႔စုန္ရဲ႕ေနာက္လိုက္မ်ားက တစ္ေယာက္က္ိုတစ္ေယာက္ ၾကည့္ေနၾကတယ္။က်ဳံ႔စုန္ရဲ႕ စိတ္ပ်က္ေနတဲ့ပုံကို ၾကည့္ရတာ သူ႔မိသားစုေဒဝါလီခံလိုက္ရသလိုပင္။က်ဳံ႔စုန္ရဲ႕မိသားစု အမွန္တကယ္ ခြၽတ္ၿခဳံက်ေတာ့မွာလို႔ေတာ့ သူတို႔မသိခဲ့ေပ။သူအပါအဝင္ သူ႔မိဘေတြက ကိုယ္ပိုင္ အရည္အခ်င္း မရွိၾကဘူး။က်ဳံ႔မိသားစုကို မွီခိုေနၾကရတာ။ ဒီအခ်ိန္မွာသာ သူအိမ္ျပန္သြားရင္ က်ဳံ႔အိမ္ေတာ္ကေန ေမာင္းခ်ခံရ႐ုံတင္မကဘူး သူ႔အိမ္ကပါ သူ႔ကိုသတ္လိမ့္မယ္။
ကုရွင္းေဟာင္ကို ရန္စေနရာကေန ဘာလို႔ ဒီေလာက္ထိ ျဖစ္သြားရတာလဲ။
ခ်န္းရႈ တည္းခိုခန္းျပန္ေရာက္ေတာ့ ေရအရင္သြားခ်ိဳးလိုက္တယ္။
ေရခ်ိဳးခန္းထဲမွာ ေရက်သံၾကားလိုက္ရေတာ့မွ ကုရွင္းေဟာင္ နဲ႔ ဝမ္ခ်န္းရိ အေတြးထဲကေန ျပန္ဆြဲထုတ္ခံလိုက္ရတယ္။ ႏွစ္ေယာက္သား တစ္ေယာက္ကို တစ္ေယာက္ၾကည့္ကာ ေခါင္းခ်င္းဆိုင္လိုက္ပီး
"အဘိုးခ်န္ရဲ႕မိသားစုက ေတာ္ေတာ္ခ်မ္းသာပုံရတယ္။"
ကုရွင္းေဟာင္က တိုးတိုးေလး ေျပာလိုက္သည္။
ဝမ္ခ်န္းရိက ေခါင္းညိတ္ျပကာသေဘာတူၿပီး
"ပီးေတာ့ သာမန္ခ်မ္းသာတဲ့ပုံစံလည္း မဟုတ္ဘူး"
က်ဳံ႔စုန္က က်ဳံ႔မိသားစုေနာက္ခံနဲ႔ အစပိုင္းတြင္ အလြန္ေမာက္မာေနပီး ခ်န္ရႈဆီမွာက်ေတာ့ က်ဳံ႔မိသားစုရဲ႕ ဖုန္းနံပါတ္ရွိေနခဲ့တယ္။ဒါက တစ္နည္းနည္းနဲ႔ ခ်ိတ္ဆက္မႈရွိတာကို ျပေနတာပဲ။ !မ်ိဳး႐ိုးျမင့္ အိမ္ေတာ္ကလူေတြ!
"ဟမ္..."
ႏွစ္ေယာက္သား ၿငိမ္သက္သြားၿပီးေနာက္ ရွက္လာၾကတယ္။
ကုရွင္းေဟာင္က ရွက္႐ြံ႕ေနတဲ့ မ်က္ႏွာကိုအုပ္လိုက္ပီး ေခါင္းကို ေစာင္ထဲတြင္ ျမဳပ္ကာ
"အားး!!!"
"ဒါက ဘာျဖစ္ကုန္တာလဲ!"
ခ်န္ရႈရဲ႕ မိသားစုက ဆင္းရဲတယ္လို႔ အၿမဲတမ္း အထင္လြဲေနခဲ့ၾကတယ္။ခ်န္ရႈ မုန႔္စားတဲ့အခ်ိန္တိုင္း သူတို႔ကအတင္းေငြကူရွင္းေပးခဲ့တယ္။ အဝတ္အစားနဲ႔ တျခားပစၥည္းေတြကိုလဲ အ႐ြယ္အစားမွားသလို အပိုဝယ္လာတာေတြ ကိုလဲ ဆိုင္မွာေငြျပန္အမ္းခိုင္းလို႔မရဘူးဆိုပီး ခ်န္ရႈကို ေပးခဲ့တယ္။
ဒီတစ္ခါေပ်ာ္ပါးဖို႔ထြက္လာတာမွာလည္း ခ်န္ရႈေပးရမဲ့ ေဝစုကို သူတို႔ပဲမွ်ရွင္း ဖို႔ လုပ္ခဲ့ၾကတာ။
အဲ့လိုလုပ္ခဲ့ၾကေပမဲ့ အခုေတာ့ ခ်န္ရႈက အဆက္သြယ္ေကာင္းရွိ႐ုံမက!အရမ္းခ်မ္းသာေနတယ္!
ကုရွင္းေဟာင္ရဲ႕စိတ္ထဲမွာ ခ်န္ရႈကို အမႈိက္ေကာင္လို႔ နားလည္မႈလြဲခဲ့ၿပီး သူ႔ကို ပညာေပးဖို႔ ႀကိဳးစားခဲ့တာကို သတိရမိလိုက္သည္။
"Fuck! **** ငါဘာလို႔ ဒီအမွားတစ္ခုကို လုပ္ခဲ့ရတာလဲ!"
ဝမ္ခ်န္းရိ လည္း ကုရွင္းေဟာင္လုပ္ခဲ့တဲ့ အ႐ူးလုပ္ရပ္ေတြကို မွတ္မိေနပါေသးတယ္။ခ်န္ရႈကို ေနာက္ခံမရွိတဲ့ မ်က္ႏွာျဖဴေကာင္လို႔ေခၚခဲ့တယ္။ ေနာက္ဆုံးမွာေတာ့ အေဖေခၚခဲ့ရပီး အ႐ိုက္ခံခဲ့ရတယ္။ခ်န္ရႈကို ကိုယ့္ကိုကိုယ္ အထင္ႀကီးေနတဲ့သူ စာညံ့တဲ့ေကာင္လို႔လဲ ထင္ခဲ့ပီး ေနာက္ဆုံးရလဒ္ကေတာ့ ခ်န္ရႈပထမေနရာကို ရခဲ့တယ္။ခ်န္ရႈ ရဲ႕မိသားစုက ဆင္းရဲတာေၾကာင့္ အလုပ္လုပ္ရင္း စာေလ့လာေနရတယ္ထင္ပီး ကူညီဖို႔လုပ္ခဲ့ေပမဲ့လဲ အခုေတာ့ သူက သူ႔အေဖထက္ေတာင္ ပိုခ်မ္းသာႏိုင္တယ္!
ခ်န္ရႈ ေရခ်ိဳးခန္းထဲကေန ထြက္လာတဲ့အခါ ကုရွင္းေဟာင္နဲ႔ ဝမ္းခ်န္းရိ ဆီကေနက အျပစ္သားအျဖစ္ ဖမ္းဆီးခံလိုက္ရတယ္။
"အမွန္အတိုင္းေျပာစမ္း!"
ခ်န္ရႈလည္ပင္းကို ပတ္ခံထားရတဲ့ အဝတ္ႏွစ္ခုကို လွမ္းၾကည့္ရင္း ကူကယ္ရာမဲ့စြာ ရီေမာလိုက္တယ္။
လက္ႏွစ္ဖက္ကို ေျမႇာက္လိုက္ပီး
"ေျပာျပပါ့မယ္ "
ကုရွင္းေဟာင္က ဝမ္ခ်န္းရိကို ၾကည့္လိုက္တယ္။ ႏွစ္ေယာက္သား ခ်န္ရႈကို ဆိုဖာေပၚ တြန္းခ်ကာ ေဘးတစ္ဖက္စီမွာ ထိုင္လိုက္ပီး ခ်န္ရႈရဲ႕လက္ေတြ ကို ခ်ဳပ္ထားလိုက္တယ္။ခ်န္ရႈကသူတို႔ကို ဘာေျပာမလဲ အရမ္းသိခ်င္ေနပီ။
စာေရးဆရာမွာေျပာစရာရွိတယ္
ဒီေန႔ အယ္ဒီတာဆီက သတင္းရတယ္။ ဘႀကီးစစ္(ဦးေလးစစ္)လို႔(တ႐ုတ္လို) ေရးလို႔မရဘူးတဲ့။ ေနာက္ပိုင္းေတမွာ အန္ကယ္စစ္လို႔ ျပင္ေရးမယ္ေနာ္။
မင္းရဲ႕အားေပးမႈအတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္၊ ဆက္ၿပီးႀကိဳးစားပါ့မယ္။
T/N - ဦးေလးစစ္လို႔ အစထဲက မသုံးထားဘူး hahaha. အန္ကယ္လို႔ေခၚတာက သူစိမ္းဆန္ပီး ခုလုခုလုနဲ႔ သေဘာက်လို႔
> <