"သွားမယ်! ငါတို့ကအခု လူငယ်တွေ ပဲ ။အရွယ်ရောက်ပီးသား သူတွေရဲ့ကမ္ဘာကို သွားကြည့်ချိန်ရောက်ပီ! "
ကုရှင်းဟောင်က စိတ်လှုပ်ရှားနေပီး အရမ်းစိတ်အားထက်သန်နေခဲ့တယ်။
"မင်းဘားကို တခါမှ မရောက်ဖူးတာလဲ မဟုတ်ဘဲနဲ့"
ကုရှင်းဟောင်တစ်ယောက် ဘာလို့ဒီလောက်ထိ စိတ်လှုပ်ရှားနေမှန်း ချန်ရှု နားမလည်နိုင်တော့ပေ။
ဝမ်ချန်းရိကလဲ ချန်ရှုပြောတာကိုကြားပီးနောက်တော့
"ဟုတ်သားပဲ ကြွက်စုတ် မင်းချန်ရှုနဲ့ ဘားကို ခနခနသွားဖူးတယ်မလား"
ကုရှင်းဟောင်က လက်ခါပြကာ
"မတူဘူးကွ၊ငါတို့သွားတဲ့နေရာက အဘိုးကြီးချန်နဲ့ရင်းနှီးနေတဲ့ နေရာ၊ စိတ်လှုပ်ရှားစရာ လုံးဝမကောင်းဘူး"
"ပြောရမယ်ဆို ငါလဲမင်းဘားမှာ ဖျော်ဖြေတာ တခါမှမကြည့်ဖူးသေးဘူး။နောက်တစ်ခါလုပ်ဖြစ်ရင် ငါ့ကိုခေါ်အုံး"
ချန်ရှုက အပြင်မှာလူတစ်ချို့နဲ့ပေါင်းပီး တီးဝိုင်းတစ်ခုထောင်ထားတယ်ဆိုတာ ဝမ်ချန်းရိသိတယ်။အလယ်တန်းကနေ တက္ကသိုလ်တတ်တဲ့အထိသူ့အားသူကိုးပီး တတ်ခဲ့ရတာ။ကုရှင်းဟောင်ကလဲ ဂစ်တာတီးတတ်တယ်လေ။
"ကောင်းပီ မင်းကအရွယ်ရောက်လာပီဆိုတော့ ဒီအဖေရဲ့ အတွေ့ကြုံတွေ ကို ဝေမျှပေးရမှာပေါ့"
ကုရှင်းဟောင်က ဝမ်းချန်းရိပုခုံးပေါ်လက်တင်ကာ မျက်လုံးမှိတ်ပြလိုက်တယ်။
"သွားစမ်း"
ဝမ်ချန်းရိနဲ့ကုရှင်ဟောင် ချကြပီ။
နေ့လည်စာကို တည်းခိုခန်းပိုင်ရှင်ညွှန်းတဲ့ အနီးနားက တရုတ်စားသောက်ဆိုင်မှာစားခဲ့ကြတယ်။ချန်ရှုနဲ့သူငယ်ချင်းတွေ တော်တော်လေးစားလိုက်မိပီး မအီမသာပင်ဖြစ်သွားခဲ့တယ်။
နေ့ခင်းဘက်မှာ အရမ်းပူတာကြောင့် ကမ်းခြေဆီမြန်မြန်ပြေးသွားကြတယ်။
"အိုး၊ နောက်ဆုံးတော့ ပင်လယ်ကိုမြင်ရပီပဲ!"
ကုရှင်းဟောင် လက်ကို ဆန့်တန်းပီး ပင်လယ်ဘက်ကို တန်းနေအောင် ပြေးသွားလိုက်တာ လှိုင်းလုံးတွေ သူ့မျက်နှာကိုလာမရိုက်ခင်အထိ။
"ဖလူး.."
ကုရှင်းဟောင် ပါးစပ်ထဲကရေတွေ ထွေးထုတ်ကာ မျက်နှာက ဒေါသထွက်နေခဲ့တယ်။
"ဟားဟားဟား......"
ကောင်လေးတေရော ကောင်မလေးတေပါ ရီမောလိုက်ကြတယ်။
ကောင်လေးတွေ ရေသွားကူးကြပီး ကောင်မလေးတွေက တော့ ထီးမိုးအောက်မှာနေရာယူလိုက်ကာ နေပူဒဏ်ခံနိုင်ရန် စန်းခရင်မ်လိမ်းနေကြတယ်။
"သွားပါပီ! ကျောင်းရဲ့မြက်ပင်လေးက တကယ့်ကို ဖြူဝင်းနေတာပဲ!"
ရှန်းရှန်က ဖန်ယွမ်ရဲ့လည်ပင်းကို စန်းခရင်မ် ကူလိမ်းပေးရင်းနဲ့ ချန်ရှု ပင်လယ်ကမ်းစပ်နားမှာ မတ်တပ်ရပ်နေတာကို တွေ့လိုက်ရတယ်။
ချန်ရှုက ကမ်းခြေမှာ ဝတ်လေ့ရှိတဲ့ ဘောင်းဘီတိုကိုဝတ်ထားပီး လေအရမ်းတိုက်တာကြောင့် ဘောင်းဘီတိုက အသားကိုကပ်နေကာ သွယ်လျတဲ့ ခြေထောက်ကို မြင်နေရတယ်။ခန္ဓာကိုယ်အပေါ်ပိုင်းကလဲ ဖြူဖွေးပိန်ပါးပီး ပခုံးနဲ့နောက်ကျောကလဲ အချိုးကျပီ လှနေရောပဲ!အရိုးဆစ်တေကလဲ သူ့နေရာသူရှိနေတာကြောင့် အရမ်းကို ကြည့်ကောင်းတယ်!
မတ်တပ်ရပ်နေတဲ့ ခနအတွင်းမှာပဲ ယောင်္ကျား မိန်းမ မရွေး သူ့နားကိုကပ်ကာ တစ်ယောက်ပီးတစ်ယောက် စကားဝင်ပြောနေကြတာ လေးငါးယောက်မကတော့ဘူး။
ကွမ်ချင်ချင်းနဲ့ဖုန်ယွမ်တို့နှစ်ယောက် ရှန်းရှန်ကြည့်နေတဲ့ဘက်ကို လိုက်ကြည့်မိတော့ လူကြားထဲမှာ တောက်ပြောင်ဖြူဝင်းနေတဲ့ ချန်ရှုကိုတွေ့လိုက်ရတယ်။
သုံးယောက်သားကိုယ့်ကိုကိုယ်ပြန်ကြည့်ပီး ချန်ရှုကိုပြန်ကြည့်လိုက်တယ်။
"တစ်ခုပြောရအုံးမယ် အထက်တန်းကျောင်း သုံးနှစ်လုံးမှာ ချန်ရှုရဲ့ အချစ်ရေးကြောင်း တခါမှမကြားခဲ့ဖူးဘူး။သူက မိန်းကလေးကိုကြိုက်တာလား ဒါမှမဟုတ် ယောင်္ကျားလေးလား?"
ရှန်းရှန်ကစပီး အတင်းဖျင်းတေပြောဖို့ ဦးဆောင်လိုက်တယ်။
လိင်တူလက်ထပ်တာက အခုချိန်မှာ တရားဝင်ဖြစ်နေပီဖြစ်တာကြောင့် တကယ်လို့ချန်ရှုသာ ယောင်္ကျားလေးကိုကြိုက်နေရင်တောင် ဘယ်သူမှ မတားနိုင်ဘူး။ ဒါပေမဲ့လဲ တချို့ရှေးရိုးစွဲလူတစ်ချို့အတွက်တော့ ဒီကိစ္စက တရားဝင်သည်ဖြစ်စေ တရားမဝင်သည်ဖြစ်စေ လက်ခံဖို့ ငြင်းဆန်နေကြအုံးမှာပဲ။
ကွမ်ချင်ချင်းက နှုတ်ခမ်းကိုဖိကပ်ထားပီး ဘာမှဝင်မပြောခဲ့ပေ။ဖန်းယွမ်က ဒါကို သတိမထားမိလိုက်ဘဲနဲ့ ဆက်ပြောလိုက်တယ်။
"ငါလဲ မခန့်မှန်းနိုင်ဘူး။ ချန်ရှုက အရမ်းလျှို့ဝှက်တယ်။ ယောင်္ကျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ်ဝန်ခံရင် သူ့အမူအရာကအမြဲအေးစက်စက်နဲ့ ငြင်းခဲ့တာ"
"ငါတော့ ချန်ရှုက သူ့အချစ်နဲ့တွေ့ပီးသွားပီလို့ထင်တယ်"
ရှန်းရှန်က သူထင်တာကိုပြောချလိုက်တယ်။
ကွမ်ချင်ချင်းက ခေါင်းခါလိုက်ပီး
"သူ့မှာ အချစ်နဲ့ ထိတွေ့ဖို့ အချိန်မရှိခဲ့ဘူး"
ရှန်းရှန် : ....
ဖန်းယွမ် : .....
"ကောင်းပြီ၊ ငါတို့ရဲ့ နတ်ဘုရားလေးကို မထိပါးကြနဲ့တော့ စာဂျပိုးလေးက ငါတို့နဲ့ကွာခြားလွန်းပါတယ်"
ရှန်းရှန်က ကွမ်ချင်ချင်းရဲ့ပါးစပ်ကို လှမ်းပိတ်လိုက်တော့တယ်။
ကွမ်ချင်ချင်းရဲ့ မျက်လုံးတွေ ကွေးညွှတ်သွားတဲ့အထိ ပြုံးနေတာကို မရပ်တန့်နိုင်တော့ဘူး။ချန်ရှုရဲ့ အတန်းဖော်တစ်ယောက်အနေနဲ့ သူတို့ကြားက ကွာခြားချက်ကို ကွမ်ချင်ချင်းတစ်ယောက်သာနားလည်နိုင်လိမ့်မယ်။ပထမတော့သူလဲ ကြိုးစားခဲ့သေးတယ်။ဒါပေမဲ့ စာလုပ်တဲ့အချိန်မှာ ချန်ရှုရဲ့အာရုံစိုက်နိုင်မှုကိုသိပြီး တဲ့နောက်မှာတော့ သူ့စိတ်ကိုသူ လျှော့ချလိုက်တော့တယ်။
ချန်ရှု ကမ်းစပ်ကနေ ပြန်လာပီး သူ့ကိုယ်ပေါ်က ရေကို သုတ်လိုက်တယ်။ ကုရှင်းဟောင်က ရေခဲသုပ် စားချင်တယ်ပြောတော့ ကျန်တဲ့ ကောင်မလေးတွေပါ စားချင်လာကြတယ်။ ချန်ရှုက ကွမ်ချင်ချင်းနဲ့အတူ သွားဝယ်လိုက်တယ်။ ဒါပေမဲ့ အချိန်တိုတွင်းမှာ ရှန်းရှန် ဖုန်ယွမ်တို့နဲ့ ကွမ်ချင်းချင် ပြောခဲ့တဲ့အကြောင်းရာတေကိုတော့ ချန်ရှုတစ်ယောက် မသိနိုင်ပေ။
"ခန့်မှန်းရမှတ်တေ သိပီးပီလား"
ရေခဲသုပ်ဆိုင်မှာ စောင့်နေကြရင်း ကွမ်ချင်းချင်နဲ့ချန်ရှု စကားပြောနေကြတယ်။
"မသိဘူး"
ကွမ်ချင်ချင်း အရင်ဘဝတုံးက သူခန့်မှန်းထားတဲ့ အမှတ်နဲ့ မလွဲချော်ခဲ့မှန်း ချန်ရှုသိထားတယ်။အခုချိန်မှာတော့ အမှတ်ထွက်ဖို့ နီးနေပီဖြစ်သည်။
အခုလိုအေးအေးချမ်းချမ်းနေနိုင်တဲ့ ချန်ရှုကိုကြည့်ပီး ခေါင်းသာခါလိုက်မိတယ်။
" အရမ်းအေးဆေးနေတယ်ပေါ့။ငါနဲ့ရှန်းရှန်တောင် အမှတ်ခန့်မှန်းပြီးပြီ။မြန်မြန်လုပ်စရာရှိတာလုပ်"
"အေးပါ"
ချန်ရှု မှတ်မိပါသေးတယ် ကွမ်ချင်ချင်းရဲ့ တက္ကသိုလ်ဝင်ခွင့်အမှတ်က အရမ်းကောင်းတာ။
ကွမ်ချင်ချင်းက ဖိနပ်ကို ခဏ စိုက်ကြည့်ကာ
"ဘယ်ကျောင်းကို လျှောက်မှာလဲ"
လို့ အစမ်းသဘော မေးလိုက်တယ်။
ချန်ရှု က ခေါင်းခါလိုက်ပြီး
"မသိသေးဘူး"
"ကောင်းသားပဲ"
ကွမ်ချင်ချင်းက တကယ်တော့ ချန်ရှုနဲ့ အတူတူတတ်ချင်တာ။ဒါပေမဲ့ အမှတ်တေက ကွာနိုင်တယ်လေ။
သ
ူတို့ နှစ်ယောက် ဆယ်မိနစ်လောက်စောင့်ပြီး ရေခဲသုပ်က ရပြီဖြစ်သည်။အပြန်လမ်းမှာတော့ ချန်ရှုကိုစကားလိုက်ပြောကြတဲ့ လူတော်တော်များများနဲ့ တွေ့ပြီး သူတို့က အရင်လူတွေလို အဆက်သွယ်လုပ်ဖို့ တောင်းဆိုတာထက် ပိုပြီး ရိုးရှင်းစွာနဲ့ တခါထဲချိန်းတွေ့ဖို့လိုက်ပြောကြတယ်။
ချန်ရှု့ဘေးမှာရှိနေတဲ့ ကွမ်ချင်ချင်းပါရှက်သွားခဲ့တယ်။ ဒီလူတွေက အရမ်းလက်သွက်တာပဲ။ ကံကောင်းစွာနဲ့ ချန်ရှုက အကုန်လုံးကို ငြင်းဆန်နိုင်ခဲ့ပါတယ်။
သူတို့ပြန်လာတဲ့အခါမှာ ရှန်းရှန်နဲ့ ဖုန်းယွမ်ကို ပြောင်ချော်ချော်လူတချို့က စကားပြောနေတာ တွေ့လိုက်တယ်။ကုရှင်းဟောင်နဲ့ ဝမ်းချန်းရိကတော့ ရှေ့နားမှာမတ်တပ်ရပ်နေပီး ကြောက်နေတဲ့ပုံကိုမြင်နေရတယ်။
ချန်ရှုက ခြေလှမ်းမြန်မြန်လျှောက်သွားလိုက်ပီ
"မင်းတို့ ဘာလုပ်နေတာလဲ?"
လူတစ်ယောက်က မျက်နှာဖြူဖြူလေးဘက်ကို လှည့်ကြည့်လိုက်ပီး
"ဘာမှမဟုတ်ဘူး၊ အလှလေးနှစ်ယောက်ကို အတူတူကစားဖို့ ဖိတ်နေတာ "။
ချန်ရှုက အေးစက်တဲ့ မျက်လုံးနဲ့ကြည့်လိုက်ပီးရှေ့သို့ တိုးလာကာ
"သူတို့က မင်းနဲ့ မကစားချင်ဘူး ဖယ်ပေးလိုက်ပါ"
ထိုလူတချို့က ဒီပိန်ပိန်ပါးပါးကောင်လေးကို ဂရုမစိုက်ပေမဲ့ သူ့ရဲ့အရှိန်ဝါက စွဲဆောင်မှုအပြည့်ပဲ။ရဲကင်းလှည့်နေတာကို မြင်လိုက်ရတာကြောင့် ဆက်ပီးမနေတော့ဘဲ ထွက်သွားလိုက်ကြတယ်။
"ရှန်းရှန် ယွမ်ယွမ် အဆင်ပြေလား"
ကွမ်ချင်ချင်းက စိုးရိမ်စွာနဲ့မေးလိုက်တယ်။
နှစ်ယောက်သား ရင်ဘတ်ကိုပုတ်ကာ
"အဆင်ပြေပါတယ်၊ ကံကောင်းလို့ ကုရှင်းဟောင်နဲ့ ဝမ်ချန်းရိရှိနေလို့ပေါ့"
ကုရှင်းဟောင် ဂုဏ်ယူချိန်တောင်မရလိုက်ခင်မှာပဲ။ ကောင်မလေးနှစ်ယောက်က စိတ်လှုပ်ရှားနေတဲ့ပုံနဲ့
"ကျောင်းရဲ့မြက်ပင်လေးက အရမ်းမိုက်တာပဲ!"
"တစ်ဖက်ကို လွှမ်းမိုးနိုင်တဲ့စိတ်တွေ လျှံကျလာလိုက်တာ! လုံးဝကိုအမိုက်စားပဲ!"
သူတို့နှစ်ယောက် စကားပြောကာ ရယ်မောနေနိုင်တာကို မြင်လိုက်ရတော့မှ ချန်ရှု စိတ်သက်သာသွားတယ်။ခြောက်ယောက်သား ရေခဲသုပ်ကို အတူတူစားလိုက်ကြပီး ခဏလောက်ကစားကာ တည်းခိုခန်းကို ပြန်သွားလိုက်ကြတယ်။
အပြန်လမ်းမှာလဲ ချန်ရှု နဲ့ ချိန်းတွေ့လိုတဲ့ မိန်းကလေးနှစ်ယောက်ကိုတွေ့ပြီး ချိန်းတွေ့ဖို့ ကြိုတင်သတ်မှတ်ထားချင်လားလို့ ချန်ရှုကို မျက်လုံးမှိတ်ပြတယ် ။သူတို့က ချန်ရှုကို မမေ့နိုင်တဲ့ညတစ်ညကို ပိုင်ဆိုင်ခွင့်ပေးနိုင်တယ်လို့လဲ ပြောကြတယ်။
ချန်ရှု က မျက်နှာသေဖြင့်ပင် ငြင်းဆန်လိုက်သည်။
"သွားပါပီ၊ အဘိုးချန် မင်းကတော့ တကယ့်ကို ပုံမှန်မဟုတ်တဲ့ကောင်ပဲ"
"မင်းကြိုက်ရင် လိုက်သွားလိုက်လေ"
ချန်ရှုက အေးအေးဆေးဆေးပြောလိုက်ပြီး အဆုံးမှာ စာကြောင်းတစ်ကြောင်းထပ်ပြောလိုက်တယ်
"ဥစ္စာစောင့်တေကိုလဲ သတိထားအုံး"
(T/N - fairy jump လို့သုံးထားတာ။ ရှာကြည့်တော့ people's hunting loveတို့ ဘာညာတွေ့တာနဲ့ ဥစ္စာစောင့်မလေးနဲ့တူတယ်ထင်ပီး ထဲ့လိုက်တာ။သိတဲ့သူ လာပြောလို့ရတယ်နော်)
"ဟမ်??"
ကုရှင်းဟောင်နဲ့ ဝမ်ချန်းရိ နှစ်ယောက်သား ခေါင်းကုတ်ကာ ချန်ရှုလို ငယ်ရွယ်ပီး ကျန်းမာနေတဲ့ လူငယ်တစ်ယောက်က အလှလေးတစ်ယောက်ကိုတွေ့တာနဲ့ ဥစ္စာစောင့်လို့ ဘာလို့သတ်မှတ်လိုက်တာလဲ စဉ်းစားလို့မရပေ။
ကောင်မလေးတွေက ကုရှင်းဟောင်တို့ကို မျက်စောင်းထိုးလိုက်ကာ ချန်ရှုကသာ ကျောင်းရဲ့မြက်ပင်လေးနဲ့ မသေမျိုး အဖြစ်သတ်မှတ်ခံရဖို့ အထိုက်တန်ဆုံးဖြစ်ပီး သာမန်လူတွေလို အလှပကြောင့် သူ့ရဲ့စိတ်မရှုပ်ထွေးစေဘူး။
ညရောက်လာတာနဲ့ နေ့လည်ခင်းမှာပျော်ခဲ့တဲ့အရာတေထက် ဘားသွားချင်တဲ့စိတ်ကို ထိန်းလို့မရခဲ့ဘူး။
ကောင်မလေးတွေ က မိတ်ကပ်ထူထူ လိမ်းထားတာကြောင့် နဂိုကပုံနဲ့ အနည်းငယ်ကွဲပြားနေကြတယ်။ကုရှင်းဟောင်နဲ့ဝမ်ချန်းရိလည်း ကောင်းကောင်းမွန်မွန် ဝတ်စားထားကြတယ်။ကုရှင်ဟောင်တစ်ကိုယ်လုံး ရေမွှေးဖျန်းထားပီး ဒါကို ဝမ်ချန်းရိသိတဲ့အခါ သူ့ကိုပါ ဖျန်းခိုင်းလိုက်တယ်။
"အဘိုးချန်၊ ယူအုံးမလား"
ကုရှင်းဟောင်က ရေမွှေးပုလင်းကိုလှုပ်ကာမေးလိုက်တယ်။
"မယူဘူး"
ချန်ရှုက လေထဲမှာပြင်းပြနေတဲ့ ရေမွှေးနံ့ကို ရှုလိုက်ပီး နှာခေါင်း ရှုံ့လိုက်တယ်။
တောင်ပေါ်မှာ နှင်းကျနေသလိုမျိုး အေးမြပီး သန့်စင်တဲ့ စစ်ရယ်ကိုယ်ပေါ်က ရေမွှေးအကြောင်းကို တွေးလိုက်တိုင်း သူအနံ့ခံဖူးသမျှ ရေမွှေးတွေထဲမှာ အကောင်းဆုံးသာဖြစ်သည်။ စစ်ရယ်ရဲ့ စိတ်နေစိတ်ထားနဲ့လည်း အရမ်းလိုက်ဖက်တယ်။ အဲ့ဒီမွှေးရနံ့ကို တွေးမိတိုင်း စစ်ရယ်ရဲ့ ကိုယ်သင်းရနံ့ကို သတိရမိတယ်။
ချန်ရှုက သူ့နှုတ်ခမ်းတေကို သပ်လိုက်ပီး အပြင်ထွက်လာလိုက်တယ်
"ဝေါင်း၊ နင်တကယ် နားကပ်ဝတ်ထားတာပဲ!"
ချန်ရှု အပြင်ထွက်လာလာချင်း ရှန်းရှန်က ချန်ရှုနားပေါ်က နားကပ်ကို တွေ့လိုက်ရတယ်။ နဂိုအသားဖြူတဲ့သူဖြစ်တာကြောင့် အမဲရောင်နားကပ်က ထင်းနေခဲ့တယ်။
(T/N ဝေါင်းဝေါင်း ရှောင်ရှုလေးက နား!ကပ်!နဲ့ ! Ear studs လိုသုံးထားတာ နားကပ်လို့ပဲရေးလိုက်တယ်။ နားကပ်တောင်အမျိုးမျိုးခေါ်ကြ xD)
"အရမ်းမိုက်တာပဲ!"
ဖန်းယွမ်အတွက် ပထမဆုံးမြင်ဖူးတာဖြစ်လို့ စိတိလှုပ်ရှားတဲ့ပုံကို မထိန်းချုပ်နိုင်ဘဲ ရှန်းရှန်နဲ့ လက်အချင်းချင်း ဆုပ်ကိုင်ထားကြတယ်။
"နားဘယ်အချိန်တုံးက ဖောက်လိုက်တာလဲ"
ချန်ရှုမှာ နားပေါက်ရှိနေတာကို ကွမ်ချင်ချင်းလဲ အံ့ဩသွားခဲ့တယ်။
"ဟုတ်တယ်၊ငါ အထက်တန်း ပထမနှစ်တုံးထဲက ဖောက်ထားတာ"
ချန်ရှု အထက်တန်းကျောင်း ပထမနှစ်မှာ တီးဝိုင်းဖွဲ့ထဲ ဝင်ခဲ့တယ်။ ခေါင်းဆောင်က စင်ပေါ်တတ်တဲ့ အခါတိုင်း သူ့ကိုနားကပ်တတ်ခိုင်းတယ်။နောက်ပိုင်းတော့ ပိုပီး စတိုင်လ်ကျဖို့အတွက် နားရွက်ကို ရိုးရိုးရှင်းရှင်းပဲ အပေါက်ဖောက်လိုက်တယ်။
"ငါ့အမက ဒီအကြောင်းကို သိတယ်မလား?"
ကွမ်ချင်ချင်းက မေးလိုက်တယ်။
ချန်ရှုက ခေါင်းငြိမ့်ပြပီး "သိတယ်"။
ကွမ်ချင်ချင်း နှုတ်ခမ်းကိုကိုက်လိုက်ပီး မသက်မသာခံစားနေရတယ်။
လူခြောက်ယောက်အတွက် ကားနှစ်စီးခေါ်ပြီး ဆယ်မိနစ်အကြာမှာတော့ ဘားကို ရောက်သွားခဲ့တယ်။
"ဒီဘားရဲ့အကြောင်းကို နင်တို့သိလား"
ရှန်းရှန်က တောက်ပတဲ့ မျက်လုံးတေနဲ့ မေးလိုက်သည်။
"ငါသိတယ်၊ ငါသိတယ်! ခန့်ညားတဲ့ကောင်လေးတွေ ရော အလှလေးအများကြီးရှိတယ်!"
ဝမ်ချန်းရိက သူ့လက်ကို မြှောက်ပီးဖြေလိုက်တယ်။သူစုံစမ်းထားပီးသားလေ။
"ဟုတ်တယ် ဟုတ်တယ် သွားကြစို့!"
ဖုန်းယွမ်လဲ သူမရဲ့ပုခုံးကို ဘယ်ညာ မြှင့်တင်လိုက်ပြီး ကောင်မလေးတွေရဲ့ လက်ကိုဆွဲကာ ဘားထဲသို့ ၀င်သွားလိုက်သည် ။
ဝင်လာသည်နှင့်တပြိုင်နက် အတွင်းထဲမှာ ကျယ်လောင်တဲ့ ဂီတသံများနဲ့ ရောင်စုံမီးရောင်များကို တွေ့လိုက်ရတယ်။
ချန်ရှုနှင့် ကုရှင်းဟောင် တို့က ဘားကို ရံဖန်ရံခါ ဖျော်ဖြေရန် သွားလေ့ရှိတာကြောင့် အခုလိုပတ်ဝန်းကျင်မျိုးကို ရင်းနှီးပြီးသားဖြစ်သည်။ချန်ရှုဝင်လာတာနဲ့ တပြိုင်နက် မထိုင်ခင်မှာပဲ တစ်ယောက်က ဝိုင်ခွက်ယူလာပီး အတူတူသောက်ရန်တောင်းဆိုတာကိုခံလိုက်ရတယ်။ လျစ်လျူရှုပီး ငြင်းဆန်လိုက်ရာ ထိုငြင်းဆန်မှုသည် အနီးမှာရှိတဲ့ စိတ်ပြင်းပြနေသူများက မလွယ်ကူကြောင်း သဘောပေါက်သွားခဲ့သည်။
ကောင်မလေးတွေက အံ့ဩသွားတယ်။ ကုရှင်းဟောင် က ချန်ရှုရဲ့ ပခုံးကို ဖတ်လိုက်ပြီး
"အစဉ်အလာအတိုင်းပဲ၊ ငါတို့ အဘိုးချန်ရဲ့ပုံရိပ်က အမြဲတမ်းကောင်းနေတာပဲ" လို့ ပြောလိုက်တယ်။
သူတို့ထိုင်ပြီး သိပ်မကြာခင်မှာပဲ စင်ပေါ်မှာ ရှိတဲ့တစ်ယောက်က အမိုက်စား(ပူပြင်းတဲ့)အကကိုကပြတာကြောင့် ကောင်မလေးတေကရှက်နေပီး စင်ပေါ်ကနေ မျက်လုံးမခွာနိုင်ပေ။
"စင်ပေါ်က အကိုရဲ့ခါးက အရမ်းလှတာပဲ"
"**** (သောက်ရမ်း)အရမ်းချစ်စရာကောင်းတယ်။"
သူတို့ပြောနေတာကို မတော်တဆ ကြားလိုက်ရတဲ့ ဝမ်ချန်းရိ........
ဒါက ဘယ်လို သားရဲစကားလုံးလဲ။ ။ အခုခေတ် မိန်းကလေးတွေ ဘာတွေဖြစ်ကုန်ကြပီလဲ"
"အိုး ဒါက ငါတို့ရဲ့ ကျောက်မီးသွေး သူဌေးလေး မဟုတ်ဘူးလား။"
ပျော်နေချိန်မှာပဲ ရုတ်တရတ်အသံတစ်ခုက သူတို့ကို အနှောင့်အယှက်ပေးလိုက်တယ်။
ကုရှင်းဟောင် အသံကြားရာလှည့်ကြည့်လိုက်တော့ သူ့ရန်သူ ကျုံ့စုန် ကိုတွေ့လိုက်တယ်။
သူ့နောက်ဘက်မှာရှိတဲ့ လူတချို့က ရှန်းရှန်နဲ့ တခြားသူတွေကို နေ့ခင်းတုံးက ကမ်းခြေမှာ နှောင့်ယှက်ခဲ့တဲ့ သူတေနဲ့ အတူတူပဲ။
" ရှောင်စုန်၊ မင်း သူတို့ကို သိလား "
ယောက်ျားတစ်ယောက်က ရှေ့တိုးလာပြီး မေးလိုက်တယ်။
ကျုံ့စုန် သည် လှောင်ပြောင်လိုက်ပီး ပြုံးပြကာပြောတယ်
"ကုရှင်းဟောင်က ငါ အထက်တန်းကျောင်းတုံးက ဂျူနီယာ ။သူ့အဖေက သူဌေးကြီးတစ်ယောက်လေ သူ့ကို ငါတို့ကျောင်းမှာထားဖို့ ပိုက်ဆံအများကြီးပေးထားရတာ။ ငါတို့ကျောင်းက ရှန်ကျားမှာ ဒုတိယ နာမည်အကြီးဆုံးဆိုတာ မင်းတို့သိတယ်မလား' ကျောင်းမှာ ခွေးတွေ ကြောင်တွေ က အတန်းတတ်နိုင်ပါ့မလား။နောက်တော့ မတတ်နိုင်တော့လို့ ဆင်းရဲတဲ့ကောင်တေနဲ့ အဆင့်နိမ့်တဲ့ကျောင်းမှာ တတ်ခဲ့ရတယ်လေ"
"Fuck! ကျုံ့စုန် မင်း **** စား *****ခဲ့တာလား။"
ကုရှင်းဟောင် က သူ့ကိုယ်ကို ဟန်ပြင်လိုက်ပီး ထိုးဖို့ အသင့်ပြင်လိုက်တယ်။
"ကုရှင်းဟောင် မင်းက သူဌေးသားဆိုတော့ရော ဘာဖြစ်လဲ ငါတို့ကျုံ့မိသားစုက မင်းတို့ကို စကားတစ်ခွန်းထဲနဲ့ ရှင်းပစ်လို့ရတယ်!"
ကျုံ့စုန်က ကုရှင်းဟောင်ကို ကြည့်မရတာ ကြာနေပြီ။ ဒီနေ့တော့ သူ့ကို ခါးသီးတဲ့ အရသာက ဘာလဲပြပေးရမှာပေါ့။ သူ့သူငယ်ချင်းတွေရှေ့မှာ အရှက်ခွဲပြမယ်။
စာရေးသူပြောစရာတစ်ခုရှိသည်-
မင်းရဲ့အားပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ ဆက်ပြီးကြိုးစားပါ့မယ်။
Ice salad
Zawgyi
"သြားမယ္! ငါတို႔ကအခု လူငယ္ေတြ ပဲ ။အ႐ြယ္ေရာက္ပီးသား သူေတြရဲ႕ကမာၻကို သြားၾကည့္ခ်ိန္ေရာက္ပီ! "
ကုရွင္းေဟာင္က စိတ္လႈပ္ရွားေနပီး အရမ္းစိတ္အားထက္သန္ေနခဲ့တယ္။
"မင္းဘားကို တခါမွ မေရာက္ဖူးတာလဲ မဟုတ္ဘဲနဲ႔"
ကုရွင္းေဟာင္တစ္ေယာက္ ဘာလို႔ဒီေလာက္ထိ စိတ္လႈပ္ရွားေနမွန္း ခ်န္ရႈ နားမလည္ႏိုင္ေတာ့ေပ။
ဝမ္ခ်န္းရိကလဲ ခ်န္ရႈေျပာတာကိုၾကားပီးေနာက္ေတာ့
"ဟုတ္သားပဲ ႂကြက္စုတ္ မင္းခ်န္ရႈနဲ႔ ဘားကို ခနခနသြားဖူးတယ္မလား"
ကုရွင္းေဟာင္က လက္ခါျပကာ
"မတူဘူးကြ၊ငါတို႔သြားတဲ့ေနရာက အဘိုးႀကီးခ်န္နဲ႔ရင္းႏွီးေနတဲ့ ေနရာ၊ စိတ္လႈပ္ရွားစရာ လုံးဝမေကာင္းဘူး"
"ေျပာရမယ္ဆို ငါလဲမင္းဘားမွာ ေဖ်ာ္ေျဖတာ တခါမွမၾကည့္ဖူးေသးဘူး။ေနာက္တစ္ခါလုပ္ျဖစ္ရင္ ငါ့ကိုေခၚအုံး"
ခ်န္ရႈက အျပင္မွာလူတစ္ခ်ိဳ႕နဲ႔ေပါင္းပီး တီးဝိုင္းတစ္ခုေထာင္ထားတယ္ဆိုတာ ဝမ္ခ်န္းရိသိတယ္။အလယ္တန္းကေန တကၠသိုလ္တတ္တဲ့အထိသူ႔အားသူကိုးပီး တတ္ခဲ့ရတာ။ကုရွင္းေဟာင္ကလဲ ဂစ္တာတီးတတ္တယ္ေလ။
"ေကာင္းပီ မင္းကအ႐ြယ္ေရာက္လာပီဆိုေတာ့ ဒီအေဖရဲ႕ အေတြ႕ႀကဳံေတြ ကို ေဝမွ်ေပးရမွာေပါ့"
ကုရွင္းေဟာင္က ဝမ္းခ်န္းရိပုခုံးေပၚလက္တင္ကာ မ်က္လုံးမွိတ္ျပလိုက္တယ္။
"သြားစမ္း"
ဝမ္ခ်န္းရိနဲ႔ကုရွင္ေဟာင္ ခ်ၾကပီ။
ေန႔လည္စာကို တည္းခိုခန္းပိုင္ရွင္ၫႊန္းတဲ့ အနီးနားက တ႐ုတ္စားေသာက္ဆိုင္မွာစားခဲ့ၾကတယ္။ခ်န္ရႈနဲ႔သူငယ္ခ်င္းေတြ ေတာ္ေတာ္ေလးစားလိုက္မိပီး မအီမသာပင္ျဖစ္သြားခဲ့တယ္။
ေန႔ခင္းဘက္မွာ အရမ္းပူတာေၾကာင့္ ကမ္းေျခဆီျမန္ျမန္ေျပးသြားၾကတယ္။
"အိုး၊ ေနာက္ဆုံးေတာ့ ပင္လယ္ကိုျမင္ရပီပဲ!"
ကုရွင္းေဟာင္ လက္ကို ဆန႔္တန္းပီး ပင္လယ္ဘက္ကို တန္းေနေအာင္ ေျပးသြားလိုက္တာ လႈိင္းလုံးေတြ သူ႔မ်က္ႏွာကိုလာမ႐ိုက္ခင္အထိ။
"ဖလူး.."
ကုရွင္းေဟာင္ ပါးစပ္ထဲကေရေတြ ေထြးထုတ္ကာ မ်က္ႏွာက ေဒါသထြက္ေနခဲ့တယ္။
"ဟားဟားဟား......"
ေကာင္ေလးေတေရာ ေကာင္မေလးေတပါ ရီေမာလိုက္ၾကတယ္။
ေကာင္ေလးေတြ ေရသြားကူးၾကပီး ေကာင္မေလးေတြက ေတာ့ ထီးမိုးေအာက္မွာေနရာယူလိုက္ကာ ေနပူဒဏ္ခံႏိုင္ရန္ စန္းခရင္မ္လိမ္းေနၾကတယ္။
"သြားပါပီ! ေက်ာင္းရဲ႕ျမက္ပင္ေလးက တကယ့္ကို ျဖဴဝင္းေနတာပဲ!"
ရွန္းရွန္က ဖန္ယြမ္ရဲ႕လည္ပင္းကို စန္းခရင္မ္ ကူလိမ္းေပးရင္းနဲ႔ ခ်န္ရႈ ပင္လယ္ကမ္းစပ္နားမွာ မတ္တပ္ရပ္ေနတာကို ေတြ႕လိုက္ရတယ္။
ခ်န္ရႈက ကမ္းေျခမွာ ဝတ္ေလ့ရွိတဲ့ ေဘာင္းဘီတိုကိုဝတ္ထားပီး ေလအရမ္းတိုက္တာေၾကာင့္ ေဘာင္းဘီတိုက အသားကိုကပ္ေနကာ သြယ္လ်တဲ့ ေျခေထာက္ကို ျမင္ေနရတယ္။ခႏၶာကိုယ္အေပၚပိုင္းကလဲ ျဖဴေဖြးပိန္ပါးပီး ပခုံးနဲ႔ေနာက္ေက်ာကလဲ အခ်ိဳးက်ပီ လွေနေရာပဲ!အ႐ိုးဆစ္ေတကလဲ သူ႔ေနရာသူရွိေနတာေၾကာင့္ အရမ္းကို ၾကည့္ေကာင္းတယ္!
မတ္တပ္ရပ္ေနတဲ့ ခနအတြင္းမွာပဲ ေယာက်ၤား မိန္းမ မေ႐ြး သူ႔နားကိုကပ္ကာ တစ္ေယာက္ပီးတစ္ေယာက္ စကားဝင္ေျပာေနၾကတာ ေလးငါးေယာက္မကေတာ့ဘူး။
ကြမ္ခ်င္ခ်င္းနဲ႔ဖုန္ယြမ္တို႔ႏွစ္ေယာက္ ရွန္းရွန္ၾကည့္ေနတဲ့ဘက္ကို လိုက္ၾကည့္မိေတာ့ လူၾကားထဲမွာ ေတာက္ေျပာင္ျဖဴဝင္းေနတဲ့ ခ်န္ရႈကိုေတြ႕လိုက္ရတယ္။
သုံးေယာက္သားကိုယ့္ကိုကိုယ္ျပန္ၾကည့္ပီး ခ်န္ရႈကိုျပန္ၾကည့္လိုက္တယ္။
"တစ္ခုေျပာရအုံးမယ္ အထက္တန္းေက်ာင္း သုံးႏွစ္လုံးမွာ ခ်န္ရႈရဲ႕ အခ်စ္ေရးေၾကာင္း တခါမွမၾကားခဲ့ဖူးဘူး။သူက မိန္းကေလးကိုႀကိဳက္တာလား ဒါမွမဟုတ္ ေယာက်ၤားေလးလား?"
ရွန္းရွန္ကစပီး အတင္းဖ်င္းေတေျပာဖို႔ ဦးေဆာင္လိုက္တယ္။
လိင္တူလက္ထပ္တာက အခုခ်ိန္မွာ တရားဝင္ျဖစ္ေနပီျဖစ္တာေၾကာင့္ တကယ္လို႔ခ်န္ရႈသာ ေယာက်ၤားေလးကိုႀကိဳက္ေနရင္ေတာင္ ဘယ္သူမွ မတားႏိုင္ဘူး။ ဒါေပမဲ့လဲ တခ်ိဳ႕ေရွး႐ိုးစြဲလူတစ္ခ်ိဳ႕အတြက္ေတာ့ ဒီကိစၥက တရားဝင္သည္ျဖစ္ေစ တရားမဝင္သည္ျဖစ္ေစ လက္ခံဖို႔ ျငင္းဆန္ေနၾကအုံးမွာပဲ။
ကြမ္ခ်င္ခ်င္းက ႏႈတ္ခမ္းကိုဖိကပ္ထားပီး ဘာမွဝင္မေျပာခဲ့ေပ။ဖန္းယြမ္က ဒါကို သတိမထားမိလိုက္ဘဲနဲ႔ ဆက္ေျပာလိုက္တယ္။
"ငါလဲ မခန႔္မွန္းႏိုင္ဘူး။ ခ်န္ရႈက အရမ္းလွ်ိဳ႕ဝွက္တယ္။ ေယာက်ၤားေလးျဖစ္ျဖစ္ မိန္းကေလးျဖစ္ျဖစ္ဝန္ခံရင္ သူ႔အမူအရာကအၿမဲေအးစက္စက္နဲ႔ ျငင္းခဲ့တာ"
"ငါေတာ့ ခ်န္ရႈက သူ႔အခ်စ္နဲ႔ေတြ႕ပီးသြားပီလို႔ထင္တယ္"
ရွန္းရွန္က သူထင္တာကိုေျပာခ်လိုက္တယ္။
ကြမ္ခ်င္ခ်င္းက ေခါင္းခါလိုက္ပီး
"သူ႔မွာ အခ်စ္နဲ႔ ထိေတြ႕ဖို႔ အခ်ိန္မရွိခဲ့ဘူး"
ရွန္းရွန္ : ....
ဖန္းယြမ္ : .....
"ေကာင္းၿပီ၊ ငါတို႔ရဲ႕ နတ္ဘုရားေလးကို မထိပါးၾကနဲ႔ေတာ့ စာဂ်ပိုးေလးက ငါတို႔နဲ႔ကြာျခားလြန္းပါတယ္"
ရွန္းရွန္က ကြမ္ခ်င္ခ်င္းရဲ႕ပါးစပ္ကို လွမ္းပိတ္လိုက္ေတာ့တယ္။
ကြမ္ခ်င္ခ်င္းရဲ႕ မ်က္လုံးေတြ ေကြးၫႊတ္သြားတဲ့အထိ ၿပဳံးေနတာကို မရပ္တန႔္ႏိုင္ေတာ့ဘူး။ခ်န္ရႈရဲ႕ အတန္းေဖာ္တစ္ေယာက္အေနနဲ႔ သူတို႔ၾကားက ကြာျခားခ်က္ကို ကြမ္ခ်င္ခ်င္းတစ္ေယာက္သာနားလည္ႏိုင္လိမ့္မယ္။ပထမေတာ့သူလဲ ႀကိဳးစားခဲ့ေသးတယ္။ဒါေပမဲ့ စာလုပ္တဲ့အခ်ိန္မွာ ခ်န္ရႈရဲ႕အာ႐ုံစိုက္ႏိုင္မႈကိုသိၿပီး တဲ့ေနာက္မွာေတာ့ သူ႔စိတ္ကိုသူ ေလွ်ာ့ခ်လိုက္ေတာ့တယ္။
ခ်န္ရႈ ကမ္းစပ္ကေန ျပန္လာပီး သူ႔ကိုယ္ေပၚက ေရကို သုတ္လိုက္တယ္။ ကုရွင္းေဟာင္က ေရခဲသုပ္ စားခ်င္တယ္ေျပာေတာ့ က်န္တဲ့ ေကာင္မေလးေတြပါ စားခ်င္လာၾကတယ္။ ခ်န္ရႈက ကြမ္ခ်င္ခ်င္းနဲ႔အတူ သြားဝယ္လိုက္တယ္။ ဒါေပမဲ့ အခ်ိန္တိုတြင္းမွာ ရွန္းရွန္ ဖုန္ယြမ္တို႔နဲ႔ ကြမ္ခ်င္းခ်င္ ေျပာခဲ့တဲ့အေၾကာင္းရာေတကိုေတာ့ ခ်န္ရႈတစ္ေယာက္ မသိႏိုင္ေပ။
"ခန႔္မွန္းရမွတ္ေတ သိပီးပီလား"
ေရခဲသုပ္ဆိုင္မွာ ေစာင့္ေနၾကရင္း ကြမ္ခ်င္းခ်င္နဲ႔ခ်န္ရႈ စကားေျပာေနၾကတယ္။
"မသိဘူး"
ကြမ္ခ်င္ခ်င္း အရင္ဘဝတုံးက သူခန႔္မွန္းထားတဲ့ အမွတ္နဲ႔ မလြဲေခ်ာ္ခဲ့မွန္း ခ်န္ရႈသိထားတယ္။အခုခ်ိန္မွာေတာ့ အမွတ္ထြက္ဖို႔ နီးေနပီျဖစ္သည္။
အခုလိုေအးေအးခ်မ္းခ်မ္းေနႏိုင္တဲ့ ခ်န္ရႈကိုၾကည့္ပီး ေခါင္းသာခါလိုက္မိတယ္။
" အရမ္းေအးေဆးေနတယ္ေပါ့။ငါနဲ႔ရွန္းရွန္ေတာင္ အမွတ္ခန႔္မွန္းၿပီးၿပီ။ျမန္ျမန္လုပ္စရာရွိတာလုပ္"
"ေအးပါ"
ခ်န္ရႈ မွတ္မိပါေသးတယ္ ကြမ္ခ်င္ခ်င္းရဲ႕ တကၠသိုလ္ဝင္ခြင့္အမွတ္က အရမ္းေကာင္းတာ။
ကြမ္ခ်င္ခ်င္းက ဖိနပ္ကို ခဏ စိုက္ၾကည့္ကာ
"ဘယ္ေက်ာင္းကို ေလွ်ာက္မွာလဲ"
လို႔ အစမ္းသေဘာ ေမးလိုက္တယ္။
ခ်န္ရႈ က ေခါင္းခါလိုက္ၿပီး
"မသိေသးဘူး"
"ေကာင္းသားပဲ"
ကြမ္ခ်င္ခ်င္းက တကယ္ေတာ့ ခ်န္ရႈနဲ႔ အတူတူတတ္ခ်င္တာ။ဒါေပမဲ့ အမွတ္ေတက ကြာႏိုင္တယ္ေလ။
သူတို႔ ႏွစ္ေယာက္ ဆယ္မိနစ္ေလာက္ေစာင့္ၿပီး ေရခဲသုပ္က ရၿပီျဖစ္သည္။အျပန္လမ္းမွာေတာ့ ခ်န္ရႈကိုစကားလိုက္ေျပာၾကတဲ့ လူေတာ္ေတာ္မ်ားမ်ားနဲ႔ ေတြ႕ၿပီး သူတို႔က အရင္လူေတြလို အဆက္သြယ္လုပ္ဖို႔ ေတာင္းဆိုတာထက္ ပိုၿပီး ႐ိုးရွင္းစြာနဲ႔ တခါထဲခ်ိန္းေတြ႕ဖို႔လိုက္ေျပာၾကတယ္။
ခ်န္ရႈ႕ေဘးမွာရွိေနတဲ့ ကြမ္ခ်င္ခ်င္းပါရွက္သြားခဲ့တယ္။ ဒီလူေတြက အရမ္းလက္သြက္တာပဲ။ ကံေကာင္းစြာနဲ႔ ခ်န္ရႈက အကုန္လုံးကို ျငင္းဆန္ႏိုင္ခဲ့ပါတယ္။
သူတို႔ျပန္လာတဲ့အခါမွာ ရွန္းရွန္နဲ႔ ဖုန္းယြမ္ကို ေျပာင္ေခ်ာ္ေခ်ာ္လူတခ်ိဳ႕က စကားေျပာေနတာ ေတြ႕လိုက္တယ္။ကုရွင္းေဟာင္နဲ႔ ဝမ္းခ်န္းရိကေတာ့ ေရွ႕နားမွာမတ္တပ္ရပ္ေနပီး ေၾကာက္ေနတဲ့ပုံကိုျမင္ေနရတယ္။
ခ်န္ရႈက ေျခလွမ္းျမန္ျမန္ေလွ်ာက္သြားလိုက္ပီ
"မင္းတို႔ ဘာလုပ္ေနတာလဲ?"
လူတစ္ေယာက္က မ်က္ႏွာျဖဴျဖဴေလးဘက္ကို လွည့္ၾကည့္လိုက္ပီး
"ဘာမွမဟုတ္ဘူး၊ အလွေလးႏွစ္ေယာက္ကို အတူတူကစားဖို႔ ဖိတ္ေနတာ "။
ခ်န္ရႈက ေအးစက္တဲ့ မ်က္လုံးနဲ႔ၾကည့္လိုက္ပီးေရွ႕သို႔ တိုးလာကာ
"သူတို႔က မင္းနဲ႔ မကစားခ်င္ဘူး ဖယ္ေပးလိုက္ပါ"
ထိုလူတခ်ိဳ႕က ဒီပိန္ပိန္ပါးပါးေကာင္ေလးကို ဂ႐ုမစိုက္ေပမဲ့ သူ႔ရဲ႕အရွိန္ဝါက စြဲေဆာင္မႈအျပည့္ပဲ။ရဲကင္းလွည့္ေနတာကို ျမင္လိုက္ရတာေၾကာင့္ ဆက္ပီးမေနေတာ့ဘဲ ထြက္သြားလိုက္ၾကတယ္။
"ရွန္းရွန္ ယြမ္ယြမ္ အဆင္ေျပလား"
ကြမ္ခ်င္ခ်င္းက စိုးရိမ္စြာနဲ႔ေမးလိုက္တယ္။
ႏွစ္ေယာက္သား ရင္ဘတ္ကိုပုတ္ကာ
"အဆင္ေျပပါတယ္၊ ကံေကာင္းလို႔ ကုရွင္းေဟာင္နဲ႔ ဝမ္ခ်န္းရိရွိေနလို႔ေပါ့"
ကုရွင္းေဟာင္ ဂုဏ္ယူခ်ိန္ေတာင္မရလိုက္ခင္မွာပဲ။ ေကာင္မေလးႏွစ္ေယာက္က စိတ္လႈပ္ရွားေနတဲ့ပုံနဲ႔
"ေက်ာင္းရဲ႕ျမက္ပင္ေလးက အရမ္းမိုက္တာပဲ!"
"တစ္ဖက္ကို လႊမ္းမိုးႏိုင္တဲ့စိတ္ေတြ လွ်ံက်လာလိုက္တာ! လုံးဝကိုအမိုက္စားပဲ!"
သူတို႔ႏွစ္ေယာက္ စကားေျပာကာ ရယ္ေမာေနႏိုင္တာကို ျမင္လိုက္ရေတာ့မွ ခ်န္ရႈ စိတ္သက္သာသြားတယ္။ေျခာက္ေယာက္သား ေရခဲသုပ္ကို အတူတူစားလိုက္ၾကပီး ခဏေလာက္ကစားကာ တည္းခိုခန္းကို ျပန္သြားလိုက္ၾကတယ္။
အျပန္လမ္းမွာလဲ ခ်န္ရႈ နဲ႔ ခ်ိန္းေတြ႕လိုတဲ့ မိန္းကေလးႏွစ္ေယာက္ကိုေတြ႕ၿပီး ခ်ိန္းေတြ႕ဖို႔ ႀကိဳတင္သတ္မွတ္ထားခ်င္လားလို႔ ခ်န္ရႈကို မ်က္လုံးမွိတ္ျပတယ္ ။သူတို႔က ခ်န္ရႈကို မေမ့ႏိုင္တဲ့ညတစ္ညကို ပိုင္ဆိုင္ခြင့္ေပးႏိုင္တယ္လို႔လဲ ေျပာၾကတယ္။
ခ်န္ရႈ က မ်က္ႏွာေသျဖင့္ပင္ ျငင္းဆန္လိုက္သည္။
"သြားပါပီ၊ အဘိုးခ်န္ မင္းကေတာ့ တကယ့္ကို ပုံမွန္မဟုတ္တဲ့ေကာင္ပဲ"
"မင္းႀကိဳက္ရင္ လိုက္သြားလိုက္ေလ"
ခ်န္ရႈက ေအးေအးေဆးေဆးေျပာလိုက္ၿပီး အဆုံးမွာ စာေၾကာင္းတစ္ေၾကာင္းထပ္ေျပာလိုက္တယ္
"ဥစၥာေစာင့္ေတကိုလဲ သတိထားအုံး"
(T/N - fairy jump လို႔သုံးထားတာ။ ရွာၾကည့္ေတာ့ people's hunting loveတို႔ ဘာညာေတြ႕တာနဲ႔ ဥစၥာေစာင့္မေလးနဲ႔တူတယ္ထင္ပီး ထဲ့လိုက္တာ။သိတဲ့သူ လာေျပာလို႔ရတယ္ေနာ္)
"ဟမ္??"
ကုရွင္းေဟာင္နဲ႔ ဝမ္ခ်န္းရိ ႏွစ္ေယာက္သား ေခါင္းကုတ္ကာ ခ်န္ရႈလို ငယ္႐ြယ္ပီး က်န္းမာေနတဲ့ လူငယ္တစ္ေယာက္က အလွေလးတစ္ေယာက္ကိုေတြ႕တာနဲ႔ ဥစၥာေစာင့္လို႔ ဘာလို႔သတ္မွတ္လိုက္တာလဲ စဥ္းစားလို႔မရေပ။
ေကာင္မေလးေတြက ကုရွင္းေဟာင္တို႔ကို မ်က္ေစာင္းထိုးလိုက္ကာ ခ်န္ရႈကသာ ေက်ာင္းရဲ႕ျမက္ပင္ေလးနဲ႔ မေသမ်ိဳး အျဖစ္သတ္မွတ္ခံရဖို႔ အထိုက္တန္ဆုံးျဖစ္ပီး သာမန္လူေတြလို အလွပေၾကာင့္ သူ႔ရဲ႕စိတ္မရႈပ္ေထြးေစဘူး။
ညေရာက္လာတာနဲ႔ ေန႔လည္ခင္းမွာေပ်ာ္ခဲ့တဲ့အရာေတထက္ ဘားသြားခ်င္တဲ့စိတ္ကို ထိန္းလို႔မရခဲ့ဘူး။
ေကာင္မေလးေတြ က မိတ္ကပ္ထူထူ လိမ္းထားတာေၾကာင့္ နဂိုကပုံနဲ႔ အနည္းငယ္ကြဲျပားေနၾကတယ္။ကုရွင္းေဟာင္နဲ႔ဝမ္ခ်န္းရိလည္း ေကာင္းေကာင္းမြန္မြန္ ဝတ္စားထားၾကတယ္။ကုရွင္ေဟာင္တစ္ကိုယ္လုံး ေရေမႊးဖ်န္းထားပီး ဒါကို ဝမ္ခ်န္းရိသိတဲ့အခါ သူ႔ကိုပါ ဖ်န္းခိုင္းလိုက္တယ္။
"အဘိုးခ်န္၊ ယူအုံးမလား"
ကုရွင္းေဟာင္က ေရေမႊးပုလင္းကိုလႈပ္ကာေမးလိုက္တယ္။
"မယူဘူး"
ခ်န္ရႈက ေလထဲမွာျပင္းျပေနတဲ့ ေရေမႊးနံ႔ကို ရႈလိုက္ပီး ႏွာေခါင္း ရႈံ႕လိုက္တယ္။
ေတာင္ေပၚမွာ ႏွင္းက်ေနသလိုမ်ိဳး ေအးျမပီး သန႔္စင္တဲ့ စစ္ရယ္ကိုယ္ေပၚက ေရေမႊးအေၾကာင္းကို ေတြးလိုက္တိုင္း သူအနံ႔ခံဖူးသမွ် ေရေမႊးေတြထဲမွာ အေကာင္းဆုံးသာျဖစ္သည္။ စစ္ရယ္ရဲ႕ စိတ္ေနစိတ္ထားနဲ႔လည္း အရမ္းလိုက္ဖက္တယ္။ အဲ့ဒီေမႊးရနံ႔ကို ေတြးမိတိုင္း စစ္ရယ္ရဲ႕ ကိုယ္သင္းရနံ႔ကို သတိရမိတယ္။
ခ်န္ရႈက သူ႔ႏႈတ္ခမ္းေတကို သပ္လိုက္ပီး အျပင္ထြက္လာလိုက္တယ္
"ေဝါင္း၊ နင္တကယ္ နားကပ္ဝတ္ထားတာပဲ!"
ခ်န္ရႈ အျပင္ထြက္လာလာခ်င္း ရွန္းရွန္က ခ်န္ရႈနားေပၚက နားကပ္ကို ေတြ႕လိုက္ရတယ္။ နဂိုအသားျဖဴတဲ့သူျဖစ္တာေၾကာင့္ အမဲေရာင္နားကပ္က ထင္းေနခဲ့တယ္။
(T/N ေဝါင္းေဝါင္း ေရွာင္ရႈေလးက နား!ကပ္!နဲ႔ ! Ear studs လိုသုံးထားတာ နားကပ္လို႔ပဲေရးလိုက္တယ္။ နားကပ္ေတာင္အမ်ိဳးမ်ိဳးေခၚၾက xD)
"အရမ္းမိုက္တာပဲ!"
ဖန္းယြမ္အတြက္ ပထမဆုံးျမင္ဖူးတာျဖစ္လို႔ စိတိလႈပ္ရွားတဲ့ပုံကို မထိန္းခ်ဳပ္ႏိုင္ဘဲ ရွန္းရွန္နဲ႔ လက္အခ်င္းခ်င္း ဆုပ္ကိုင္ထားၾကတယ္။
"နားဘယ္အခ်ိန္တုံးက ေဖာက္လိုက္တာလဲ"
ခ်န္ရႈမွာ နားေပါက္ရွိေနတာကို ကြမ္ခ်င္ခ်င္းလဲ အံ့ဩသြားခဲ့တယ္။
"ဟုတ္တယ္၊ငါ အထက္တန္း ပထမႏွစ္တုံးထဲက ေဖာက္ထားတာ"
ခ်န္ရႈ အထက္တန္းေက်ာင္း ပထမႏွစ္မွာ တီးဝိုင္းဖြဲ႕ထဲ ဝင္ခဲ့တယ္။ ေခါင္းေဆာင္က စင္ေပၚတတ္တဲ့ အခါတိုင္း သူ႔ကိုနားကပ္တတ္ခိုင္းတယ္။ေနာက္ပိုင္းေတာ့ ပိုပီး စတိုင္လ္က်ဖို႔အတြက္ နား႐ြက္ကို ႐ိုး႐ိုးရွင္းရွင္းပဲ အေပါက္ေဖာက္လိုက္တယ္။
"ငါ့အမက ဒီအေၾကာင္းကို သိတယ္မလား?"
ကြမ္ခ်င္ခ်င္းက ေမးလိုက္တယ္။
ခ်န္ရႈက ေခါင္းၿငိမ့္ျပပီး "သိတယ္"။
ကြမ္ခ်င္ခ်င္း ႏႈတ္ခမ္းကိုကိုက္လိုက္ပီး မသက္မသာခံစားေနရတယ္။
လူေျခာက္ေယာက္အတြက္ ကားႏွစ္စီးေခၚၿပီး ဆယ္မိနစ္အၾကာမွာေတာ့ ဘားကို ေရာက္သြားခဲ့တယ္။
"ဒီဘားရဲ႕အေၾကာင္းကို နင္တို႔သိလား"
ရွန္းရွန္က ေတာက္ပတဲ့ မ်က္လုံးေတနဲ႔ ေမးလိုက္သည္။
"ငါသိတယ္၊ ငါသိတယ္! ခန႔္ညားတဲ့ေကာင္ေလးေတြ ေရာ အလွေလးအမ်ားႀကီးရွိတယ္!"
ဝမ္ခ်န္းရိက သူ႔လက္ကို ေျမႇာက္ပီးေျဖလိုက္တယ္။သူစုံစမ္းထားပီးသားေလ။
"ဟုတ္တယ္ ဟုတ္တယ္ သြားၾကစို႔!"
ဖုန္းယြမ္လဲ သူမရဲ႕ပုခုံးကို ဘယ္ညာ ျမႇင့္တင္လိုက္ၿပီး ေကာင္မေလးေတြရဲ႕ လက္ကိုဆြဲကာ ဘားထဲသို႔ ၀င္သြားလိုက္သည္ ။
ဝင္လာသည္ႏွင့္တၿပိဳင္နက္ အတြင္းထဲမွာ က်ယ္ေလာင္တဲ့ ဂီတသံမ်ားနဲ႔ ေရာင္စုံမီးေရာင္မ်ားကို ေတြ႕လိုက္ရတယ္။
ခ်န္ရႈႏွင့္ ကုရွင္းေဟာင္ တို႔က ဘားကို ရံဖန္ရံခါ ေဖ်ာ္ေျဖရန္ သြားေလ့ရွိတာေၾကာင့္ အခုလိုပတ္ဝန္းက်င္မ်ိဳးကို ရင္းႏွီးၿပီးသားျဖစ္သည္။ခ်န္ရႈဝင္လာတာနဲ႔ တၿပိဳင္နက္ မထိုင္ခင္မွာပဲ တစ္ေယာက္က ဝိုင္ခြက္ယူလာပီး အတူတူေသာက္ရန္ေတာင္းဆိုတာကိုခံလိုက္ရတယ္။ လ်စ္လ်ဴရႈပီး ျငင္းဆန္လိုက္ရာ ထိုျငင္းဆန္မႈသည္ အနီးမွာရွိတဲ့ စိတ္ျပင္းျပေနသူမ်ားက မလြယ္ကူေၾကာင္း သေဘာေပါက္သြားခဲ့သည္။
ေကာင္မေလးေတြက အံ့ဩသြားတယ္။ ကုရွင္းေဟာင္ က ခ်န္ရႈရဲ႕ ပခုံးကို ဖတ္လိုက္ၿပီး
"အစဥ္အလာအတိုင္းပဲ၊ ငါတို႔ အဘိုးခ်န္ရဲ႕ပုံရိပ္က အၿမဲတမ္းေကာင္းေနတာပဲ" လို႔ ေျပာလိုက္တယ္။
သူတို႔ထိုင္ၿပီး သိပ္မၾကာခင္မွာပဲ စင္ေပၚမွာ ရွိတဲ့တစ္ေယာက္က အမိုက္စား(ပူျပင္းတဲ့)အကကိုကျပတာေၾကာင့္ ေကာင္မေလးေတကရွက္ေနပီး စင္ေပၚကေန မ်က္လုံးမခြာႏိုင္ေပ။
"စင္ေပၚက အကိုရဲ႕ခါးက အရမ္းလွတာပဲ"
"**** (ေသာက္ရမ္း)အရမ္းခ်စ္စရာေကာင္းတယ္။"
သူတို႔ေျပာေနတာကို မေတာ္တဆ ၾကားလိုက္ရတဲ့ ဝမ္ခ်န္းရိ........
ဒါက ဘယ္လို သားရဲစကားလုံးလဲ။ ။ အခုေခတ္ မိန္းကေလးေတြ ဘာေတြျဖစ္ကုန္ၾကပီလဲ"
"အိုး ဒါက ငါတို႔ရဲ႕ ေက်ာက္မီးေသြး သူေဌးေလး မဟုတ္ဘူးလား။"
ေပ်ာ္ေနခ်ိန္မွာပဲ ႐ုတ္တရတ္အသံတစ္ခုက သူတို႔ကို အေႏွာင့္အယွက္ေပးလိုက္တယ္။
ကုရွင္းေဟာင္ အသံၾကားရာလွည့္ၾကည့္လိုက္ေတာ့ သူ႔ရန္သူ က်ဳံ႔စုန္ ကိုေတြ႕လိုက္တယ္။
သူ႔ေနာက္ဘက္မွာရွိတဲ့ လူတခ်ိဳ႕က ရွန္းရွန္နဲ႔ တျခားသူေတြကို ေန႔ခင္းတုံးက ကမ္းေျခမွာ ေႏွာင့္ယွက္ခဲ့တဲ့ သူေတနဲ႔ အတူတူပဲ။
" ေရွာင္စုန္၊ မင္း သူတို႔ကို သိလား "
ေယာက္်ားတစ္ေယာက္က ေရွ႕တိုးလာၿပီး ေမးလိုက္တယ္။
က်ဳံ႔စုန္ သည္ ေလွာင္ေျပာင္လိုက္ပီး ၿပဳံးျပကာေျပာတယ္
"ကုရွင္းေဟာင္က ငါ အထက္တန္းေက်ာင္းတုံးက ဂ်ဴနီယာ ။သူ႔အေဖက သူေဌးႀကီးတစ္ေယာက္ေလ သူ႔ကို ငါတို႔ေက်ာင္းမွာထားဖို႔ ပိုက္ဆံအမ်ားႀကီးေပးထားရတာ။ ငါတို႔ေက်ာင္းက ရွန္က်ားမွာ ဒုတိယ နာမည္အႀကီးဆုံးဆိုတာ မင္းတို႔သိတယ္မလား' ေက်ာင္းမွာ ေခြးေတြ ေၾကာင္ေတြ က အတန္းတတ္ႏိုင္ပါ့မလား။ေနာက္ေတာ့ မတတ္ႏိုင္ေတာ့လို႔ ဆင္းရဲတဲ့ေကာင္ေတနဲ႔ အဆင့္နိမ့္တဲ့ေက်ာင္းမွာ တတ္ခဲ့ရတယ္ေလ"
"Fuck! က်ဳံ႔စုန္ မင္း **** စား *****ခဲ့တာလား။"
ကုရွင္းေဟာင္ က သူ႔ကိုယ္ကို ဟန္ျပင္လိုက္ပီး ထိုးဖို႔ အသင့္ျပင္လိုက္တယ္။
"ကုရွင္းေဟာင္ မင္းက သူေဌးသားဆိုေတာ့ေရာ ဘာျဖစ္လဲ ငါတို႔က်ဳံ႔မိသားစုက မင္းတို႔ကို စကားတစ္ခြန္းထဲနဲ႔ ရွင္းပစ္လို႔ရတယ္!"
က်ဳံ႔စုန္က ကုရွင္းေဟာင္ကို ၾကည့္မရတာ ၾကာေနၿပီ။ ဒီေန႔ေတာ့ သူ႔ကို ခါးသီးတဲ့ အရသာက ဘာလဲျပေပးရမွာေပါ့။ သူ႔သူငယ္ခ်င္းေတြေရွ႕မွာ အရွက္ခြဲျပမယ္။
စာေရးသူေျပာစရာတစ္ခုရွိသည္-
မင္းရဲ႕အားေပးမႈအတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္၊ ဆက္ၿပီးႀကိဳးစားပါ့မယ္။
Ice Salad