To be a Heartthrob in a Horro...

By Kuro_Fuyu

422K 86.5K 4.7K

Original Author - Jiang Zhi Yu(姜之鱼) English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြ... More

Prologue
[Arc 1] Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
[Arc 1 END] Chapter 15
Chapter 16
Chapter 17
[Arc 2] Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
[Arc 2 END] Chapter 39
[Arc 3] Chapter 40
Chapter 41
Chapter 42
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
[Arc 3 END] Chapter 58
[Arc 4] Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
[Arc 4 END] Chapter 80
[Arc 5] Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
[Arc 5 END] Chapter 108
[Arc 6] Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114 [ဟောလိုးဝင်းအထူးသီးသန့်]
Chapter 115[ဟောလိုးဝင်းအထူးသီးသန့် End]
Chapter 116
Chapter 117
Chapter 118
Chapter 119

Chapter 43

3.9K 868 38
By Kuro_Fuyu


Chapter 43: မနက်စာ

စုမင်အိပ်ယာတွင် လဲနေတုန်း အော်သံကြားလိုက်ရသည်။ ရုပ်ရှင်ရုံ၏သတိပေးချက်ကြောင့် လွန်ခဲ့တဲ့မိနစ်အနည်းငယ်ကမှ သူနိုးနေလေပြီ။

ရုပ်ရှင်ရုံ၏အရိပ်အမြွတ်က အရင်ကနဲ့မကွာခြားပေ။
【ပရိသတ်စုမင် ... ဇာတ်ကြောင်း အောင်မြင်စွာပြောင်းလဲနိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်။ ကျေးဇူးပြုပြီး ဆက်လတ်ကြိုးစားပေးပါ။ သင့်အောင်မြင်မှုအတွက် ဆုလာဘ်တစ်ခုအနေဖြင့် အဓိကစကားလုံးအရိပ်အမြွက်များကို လက်ခံရရှိမည်ဖြစ်ပါတယ်။ ပထမသဲလွန်စ- ကော်ရစ်ဒါ】

သဲလွန်စက ကော်ရစ်ဒါဖြစ်မယ်လို့ စုမင်အစောတည်းက မှန်းဆပြီးပြီ။

ကျောင်းထောင်ကျီးစောစောက ယူခဲ့တဲ့ ဓာတ်ပုံကိုပေးခဲ့ပြီးဖြစ်ကာ ကော်ရစ်ဒါရှိကော်ဇောကတစ်ခုခု မှားယွင်းနေပြီး တစ်စုံတစ်ခုပေါ်ထွက်လာရန်အစပျိုးမှုဖြစ်နိုင်လောက်သည်။

အော်သံထွက်ပေါ်မှုနဲ့အတူ စုမင်မသိစိတ်ကအခန်းပြင်ထွက်ကြည့်မိသည်။

အသံသည် အလွန်တိုတောင်းပြီး မကြာမှီတိတ်ဆိတ်သွား၏။

သူ ဘာဖြစ်သွားမှန်းမသိပေမယ့် ယောင်ဝါးဝါး ခန့်မှန်းနိုင်သည်။ သူတံခါးနောက်မှာရပ်ပြီး တံခါးမဖွင့်ခင် တစ်မိနစ်လောက်စောင့်လိုက်တယ်။

တံခါးအပြင်ဘက်၌ လီချီယွီသည် လဲ့လင်းတံခါးခေါက်ပြီး ပတ်ဝန်းကျင်ကိုမကြာခဏကြည့်မိသည်။

လီချီယွီက .."အာ စုမင် မင်းနိုးပြီလား?"

"ဆူညံသံကြားလို့ ထွက်လာခဲ့တာလား?" စုမင်မေးမြန်းသည်။

လီချီယွီ သူ့လက်ကိုအောက်ချပြီး ပြန်မဖြေခင် ခဏလောက်စဉ်းစားလိုက်တယ် .."ဟုတ်တယ် ... တခြားသူတွေလည်း ထွက်လာတယ်။ အဲ့အော်သံကိုအားလုံးကြားလိုက်လို့ဖြစ်မယ်"

စုမင်သည် သူ့အမြင်အာရုံကို လိုက်ကြည့်သည်။

စတုတ္ထထပ်တွင် အခန်းပေါင်း ဒါဇင်အနည်းငယ်ရှိပြီး ထက်ဝက်ခန့်မှာ နေရာယူထားသည်။ အချို့အခန်းများကို နှစ်ယောက်၊ သုံးယောက်ဖြင့် နေရာယူထားသည်။

ထိုအခိုက်တန့် လဲ့လင်းတံခါးပွင့်လာကာ လီချီယွီအမြန်လှည့်ကြည့်လိုက်တယ်။ "လဲ့လင်း အဆင်ပြေလား?"

လဲ့လင်းပြန်မေး၏ .."ငါဘာလို့အဆင်မပြေရမှာလဲ?"

အလာတုန်းက သူမဝတ်ထားတဲ့ အဝတ်အစားတွေကို ၀တ်ထားတုန်းဖြစ်ကာ ဆံပင်ကလည်း သပ်သပ်ရပ်ရပ် ရှိနေသေးတယ်။ သူမအိပ်နေလား မအိပ်ဘူးလား မပြောနိုင်ပေ။

ကျောင်းထောင်ကျီးသည် သူမ၏ ဖုန်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင်း အခန်းမှ ထွက်လာသည်။

အဲဒီမှာ အမျိုးသားတွေရော အမျိုးသမီးများပါ စုဝေးကြနေကာ တစ်ချို့က စကားပြောနေရင်းနဲ့ တချို့က လှမ်းကြည့်နေကြတယ်။  သူတို့အားလုံးကို မြင်လိုက်ရတော့ အံ့သြသွားသည်။

လီချီယွီက .."ဒီမှာ အဲ့လောက်လူအများကြီးရှိမယ် မမျှော်လင့်ထားဘူး"

သူတွေးခဲ့တာက သိပ်မရှိဘူးလို့ဆိုပေမဲ့ ဒီတစ်ထပ်လုံးတင် လူအယောက်၂၀ရှိနေပြီ။ ထိုမျှလောက် အများကြီးတွေ့ရမယ်မထင်ထားပေ။

လဲ့လင်းလက်ပိုက်ထားလျက် လီချီယွီကိုပြောလိုက်တယ် .."ဘာမှမဟုတ်ရင် ပြန်သွားအိပ်တော့ ... ရှုတ်ရှုတ်ယှက်ယှက်လုပ်မနေနဲ့"

သူတို့နှစ်ယောက်သား စကားစမြည်ပြောနေတုန်း စုမင် ဖုန်းဖြင့် ကော်ရစ်ဒါရှိ မြေပြင်ကိုဓာတ်ပုံရိုက်လိုက်သည်။ ဓာတ်ပုံထဲရှိ ကော်ဇောက အပြင်ကအတိုင်းပင် ... သူ့ဖုန်းမှာ မရလို့လား ဒါမှမဟုတ် မူရင်းပုံသဏ္ဍာန်အတိုင်း သူ့ဘာသာသူပြန်ဖြစ်သွားတာလားဆိုတာ သူမသိဘူး။

ဖုန်းပြန်သိမ်းထည့်ပြီး ဘာမှမဖြစ်သလိုသာ နေလိုက်သည်။

ရုတ်တရက်လူတစ်ယောက်လျှောက်လာကာာ လီချီယွီကိုတစ်ချက်မျှမကြည့်ဘဲ လဲ့လင်းကိုသာပြုံးရင်းကြည့်၍ .."ဟယ်လို ကျွန်တော့်နာမည်က လျှိုဟွေ့ဒါ့ ပါ ... မင်းတို့တွေဒီကို———-"

သူပြောလို့မပြီးခင် လဲ့လင်းတံခါးပိတ်လိုက်သည်။

လျှိုဟွေ့ဒါ့မျက်နှာအမူအယာချက်ချင်းပြောင်းသွားပြီး နှာမှုတ်ကာ သူ့ဘေးက လီချီယွီကို ဒေါသထွက်ထွက်စူးစိုက်ကြည့်ပြီးနောက် သူ့အခန်းသူ လှည့်ထွက်သွားသည်။

လီချီယွီရှုပ်ထွေးစွာ .."သူငါ့ကိုဘာလို့စိုက်ကြည့်သွားတာလဲ?"

"မင်း လဲ့လင်းဘေးနားမှာအတူရပ်နေနိုင်လို့ မင်းကိုမနာလိုတာဖြစ်မယ်" စုမင်ဖြေ၏။

ထိုစကားကြားတော့ လီချီယွီအလွန်ကျေနပ်ဝမ်းသာပြီး တံခါးကိုမှီမြန်းလျက် .."ဒါဆိုလည်း စိုက်ကြည့်ပါစေကွာ ... ဘာဖြစ်ဖြစ် ငါ့ကိုထိခိုက်စေတာလည်းမဟုတ်ဘူး"

ကော်ရစ်ဒါက လူတွေ သူတို့ထွက်လာတော့ဘာမှမတွေ့တာနဲ့ အခန်းထဲပြန်ဝင်သွားကြပြီး အလွန်လျင်မြန်စွာ ကော်ရစ်ဒါမှာ တဖန်တိတ်ဆိတ်သွားသည်။

"ရှင်တို့ကြားတာ မိန်းမအသံမလား?" ကျောင်းထောင်ကျီးမေးတယ်။

လီချီယွီခေါင်းငြိမ့်ရင်း .."ဟုတ်တယ်"

အဲ့တာကြောင့်ပဲ သူ လဲ့လင်းတံခါးခေါက်ခဲ့သည်ပင်။ ဟိုတယ်၌ တစ်ခုခုမကောင်းတာဖြစ်မှာ သူစိုးရွံ့သည်။

သူတို့ပြောနေစဉ် လဲ့လင်းအခန်းတံခါးထပ်ပွင့်လာကာ သူမပုံစံသည် အရင်အတိုင်းပင် .."အသံက ကော်ရစ်ဒါအလယ်ကလာတာ ... သူမ ကြောက်စရာကောင်းတာတစ်ခုခုနဲ့ ကြုံခဲ့လို့ဖြစ်မယ်"

စုမင်တည်နေရာကို ညွှန်ပြလျက် .."ငါ့အထင် အဲ့နေရာလောက်ကဖြစ်သင့်တယ် ... ကော်ရစ်ဒါက ကော်ဇောတွေချည်းပဲဆိုတော့ ခြေသံမကြားရဘူး ဒါပေမဲ့ အသံတွေတော့ကြားနိုင်တယ်"

ထိုအကွာအဝေးကနေဆို ဖြစ်နိုင်ချေရှိပုံပေါ်သည်။

လီချီယွီသိချင်စိတ်ဖြင့် မေး၏ .."ဒါဆို သူမတံခါးဖွင့်လိုက်တဲ့အချိန် အော်ခဲ့တာလား ဒါမှမဟုတ် တစ်စုံတစ်ယောက်တံခါးရှေ့မှာ အော်ခဲ့တာလား?"

"ငါတို့ဘယ်လိုလုပ်သိမှာလဲ?" ကျောင်းထောင်ကျီးပြော၏။

"လီချီယွီ ... ဘာမှမရှိတော့ရင် သွားအိပ်တော့ ... ညလယ်ကြီးတံခါးလာမခေါက်နဲ့" လဲ့လင်းပြောလာတယ်။

သူမတံခါးပိတ်ပြီးတော့ သူတို့သုံးယောက်သား အချင်းချင်းကြည့်လိုက်ကြသည်။

ဒီလို အေးစက်စက်မိန်းမမျိုးကို စုမင်တွေ့ဖူးတာ ပထမဆုံးဖြစ်သလို သူ နေသားမကျသေးပေ။

လီချီယွီလက်ဝှေ့ယမ်းပြကာ "ငါသွားတော့မယ်"

သူ့(လီချီယွီ)အခန်းပြန်သွားတော့ စုမင် ကျောင်းထောင်ကျီးဘက်လှည့်ကာ မေးလိုက်တယ် .."စောနက အရင်နေရာကို မင်းဓာတ်ပုံရိုက်နိုင်မလား?"

ကျောင်းထောင်ကျီး.."ရတယ်လေ"

အစောတုန်းက ‌နေရာကို ချိန်ရိုက်ပြီးနောက် အံ့အားသင့်စွာ အာမေဍိတ်ပြုလာတယ် .."အဲ့တာ နဂိုအတိုင်းပြန်ကောင်းသွားပြီ"

စုမင်ဖုန်းရရှိပြီး ဓာတ်ပုံနှင့် အပြင်နှင့်အတူတူဖြစ်နေသည်။ နောက်ဆုံးအကြိမ်က မသိရင် တွန့်ရှုံ့မှုမဖြစ်ခဲ့သလို အစအနတောင်မရှိတော့ပေ။

သူ နားလည်သလိုလိုဖြင့် ပြောလိုက်တယ် .."ပြန်အိပ်တော့"

ကျောင်းထောင်ကျီးခေါင်းညိတ်ပြီး ဓာတ်ပုံဖြတ်ကာ သူမအခန်းထဲပြန်ဝင်သွားသည်။

တဖန် စုမင်တစ်ယောက်တည်းကော်ရစ်ဒါမှာ ရှိတော့သည်။ အဖြူအမည်းကော်ရစ်ဒါကို သူ‌ငုံ့ကြည့်လိုက်ကာ အချိန်နဲ့‌နေရာကြားမှ နေရာလပ်နဲ့ဆင်တူသည်။

သူလှည့်ကာ အခန်းထဲပြန်ဝင်သွား၏။

တံခါးပိတ်သွားသည့်အခိုက်အတန့် ကော်ရစ်ဒါရှိ မီးအလင်းရောင်များရုတ်ခြည်းအမှောင်ကျသွားသည်။

သူ့အခန်းထဲက မီးကို စုမင်ဘယ်တော့မှမပိတ်ပေ ... တခေတ္တသာ နွေးထွေးမှုနှင့် သက်တောင့်သက်သာရှိပုံရသည်။ အိပ်ရန် ကုတင်ဆီဦးတည်သွားသည်။

တစ်ခုခုဖြစ်တော့မယ်ဆို အရာရာတိုင်းက တည်ငြိမ်နေတတ်သည်။ ဒါကို စုမင်သည် ငြိမ်သက်ဆဲကာလဟု အမည်ပေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် ထိတ်လန့်ဖွယ်ရုပ်ရှင်က တစ်ညတည်းနဲ့မလုပ်ဆောင်နိုင်တာမို့ အားသွင်းဖို့တော့လိုအပ်သည်။

သို့သော် ကုတင်ပေါ် သူလှဲလိုက်တာနဲ့ အေးစိမ့်စိမ့်မှုကို ခံစားလိုက်ရသည်။ လက်တစ်ဖက်က သူ့ပခုံးကိုထိတွေ့လာသည်။
စုမင်တောင့်ခဲသွားပြီး မလှုပ်ရှားမိဘဲ မိနစ်ဝက်ကြာမှ တုန့်ပြန်လိုက်သည် .."ချန်စု?"

ပြားချပ်နေသောစောင်မှာ ဖောင်းလာပြီး ချန်စုမေး၏ .."မအိပ်ဘူးလား?"

စုမင်အိပ်ယာမှထလိုက်တော့ ထိုလူအိပ်ယာတစ်ဝက်နီးပါးနေရာယူထားတာတွေ့ရပြီး ထွက်သွားရန် ရည်ရွယ်ချက်ရှိပုံမရပေ .."ခင်ဗျားဒီမှာအိပ်မလို့လား?"

ချန်စု:.."မရဘူးလား?"

"သေချာတာပေါ့ မရဘူး" စုမင်သည် သူ့ကို တွေ့သည့်အချိန်တိုင်း အချစ်ဇာတ်လမ်းထဲက အဖြစ်အပျက်များကို မှတ်မိနေသေးသည်။

ချန်စုက စောင်ကိုဆွဲဖယ်လိုက်သည်။

ဒါကို တခြားသူတွေမြင်ရင် စောင်တွေက သူ့အလိုလိုရွေ့သွားသလိုပဲ။

စုမင်ကုတင်ဘေးနား၌ ရပ်နေ၏။

အချိန်အတော်ကြာအောင် ရပ်တန့်နေပြီးနောက်တွင် သူသည် ချန်စုကို မကန်ထုတ်နိုင်တော့ဘဲ ကုတင်အစွန်းတွင် ခပ်တောင့်တောင့်လှဲပြီး ကျောကို သူ့ဘက် မျက်နှာမူထားသည်။ တစ်ညလုံးမအိပ်ရသဖြင့် မကြာခင်အိပ်ငိုက်လာသည်။

ချန်စုစတင်လှုပ်ရှားလာသောအခါ စုမင်သည် အကြာကြီး အိပ်မပျော်ခဲ့ပေ။  ချန်စုက သူ့ခါးဆီလက်လှမ်းလာပြီး နောက်ကနေပွေ့ဖက်လိုက်တယ်။ အဲဒီနောက်ပိုင်းမှာ ဘာလှုပ်ရှားမှုမှမရှိတော့ဘူး။

............

နောက်တနေ့ နံနက်ခင်းအချိန် စုမင်နိုးလာတယ်။

အိပ်ယာ၌ ထထိုင်ကာ သူ့လည်ပင်းအညောင်းပြေဆွဲဆန့်ပြီး သူ့ဘာသူကုတင်အလယ်တွင်အိပ်နေတာတွေ့လိုက်ရသည်။ ချန်စုဘယ်အချိန်က ထွက်သွားလဲ သူမသိပေ။

မိနစ်အနည်းငယ်မျှ စောင်တွေကိုမဖယ်ရှားခင် စုမင်ငိုင်တွေနေသည်။

သူဘယ်လိုတုံ့ပြန်သင့်လဲတောင် မသိတော့ပေ။ ရေချိုးခန်းထဲ သန့်စင်ပြီးနောက် သိသိသာသာအိပ်ငိုက်ပြေသွားသည်။

ဟိုတယ်ရှိအခန်းထဲ ပြတင်းပေါက်ရှ်ိကာ ကုလားကာကိုဆွဲဖယ်လိုက်တော့ အပြင်ကအလင်းရောင်ခြည်များအခန်းထဲဝင်လာသည်။ အရာအားလုံးအလွန်သာမန်ကျသည်။

group chatထဲ၌ မတ်ဆေ့ခ်ျများရှိနေလေပြီ။

လီချီယွီ: "အောက်ထပ်မှာ စားစရာရှိတယ်လို့ အခြားတွေပြောတာငါကြားခဲ့တယ် ... မင်းတို့တွေ အောက်ဆင်းစားချင်ကြလား?"

ကျောင်းထောင်ကျီး: "သေချာတာပေါ့ ... အဲ့မှာ ဘာစားဖို့ရှိလဲ?"

လီချီယွီ: "မသိဘူးလေ ... ဒါပေမဲ့ ဆိုးရွားလွန်းမယ်ထင်တယ်"

လဲ့လင်း: "လူစုဖို့ကို စောင့်နေတယ်"

စုမင်ပြန်ဖြေပြီးနောက် သူ့အခန်းထဲကထွက်ကာ လီချီယွီတံခါးကိုခေါက်ပြီး လဲ့လင်းနှင့် ကျောင်းထောင်ကျီးတို့လည်း မကြာခင်ထွက်လာကြသည်။

သူတို့သွားစားသောက်ရမည့်နေရာက အောက်ထပ်ဖြစ်သည်။ ဒီမနက် လီချီယွီထွက်လာတော့ လူနှစ်ယောက်ပြောနေကြတာ သူကြားခဲ့ရသည်။

ဓာတ်လှေကားနှင့် သူတို့အောက်ထပ်ဆင်းကာ အခြားသူများနှင့်ဆုံကြပေမဲ့ အချင်းချင်းမသိကြ၍ အားလုံးတိတ်ဆိတ်နေကြသည်။

ပထမထပ်ကိုရောက်တော့ သူတို့လမ်းသူတို့သွားကြသည်။

လီချီယွီနောက်ဆုံးပြောလာတယ် .."သေလောက်အောင်အသက်ရှုရကြပ်မတတ်ပဲ ... သူတို့စကားမပြောတဲ့ပုံက မော်ဒယ်ရုပ်တုတွေလိုပဲ ကြောက်စရာကောင်းလိုက်တာ"

သူတို့လူမဟုတ်လောက်ဘူးလို့ စုမင်တွေးမိသည်။

မော်ဒယ်ရုပ်တုတွေနဲ့ လူသားမဟုတ်တာက ထိတ်လန့်စရာကောင်းတာချင်းအတူတူပဲ။

ကော်ရစ်ဒါကနေ ထွက်လာပြီး ပင်မဧည့်ခန်းထဲကို ဝင်ပြီးနောက် ရှေ့ ကောင်တာမှာ စောင့်နေတဲ့သူကတော့ မနေ့ညက မိန်းကလေးနဲ့အတူတူပါပဲ။ အမူအယာကင်းမဲ့စွာ သူမထိုင်နေသည်။

လူတော်တော်များများ အောက်ထပ်၌ နှစ်ယောက်တစ်တွဲ ၊ သုံးယောက်တစ်တွဲဖြင့် အုပ်စုလိုက်ရှိနေပြီး အချို့မှာ အမူအရာမကောင်းကြဘဲ အချို့က ကြည့်ရတာစိတ်လှုပ်ရှား‌နေပုံရသည်။

ထိပ်ပြောင်ပြောင်လူတစ်ယောက်က .."ဒီဟိုတယ်က ဘာမှလည်းမရှိဘူး ... ငါပြန်တော့မယ် ... ဒီမှာရှိနေတာထပ် အလုပ်လုပ်နေတာမှကောင်းဦးမယ်"

သူ့ဘေးက လူသည် .."မင်းထွက်သွားချင်ရင် မင်းဘာမင်းသွား"

ဝင့်ကြွားရွှင်လန်းသံရှိပုံရသည်။

စုမင်တိုးတိုးလေးဖြင့် .."မစားခင် ခဏလောက်စောင့်ရအောင် ... တစ်ခုခုဖြစ်မယ်ထင်တယ် ငါအရင်သွားကြည့်ချင်တယ်"

သဘာဝကျကျ ထိပ်ပြောင်သည့်လူဒေါသထွက်သွားကာ ဟိုတယ်ဧည့်ကြိုခန်းမှ တိုက်ရိုက်ထွက်သွားပြီး မကြာမှီအပြင်က ခြံဝင်းဆီရောက်ရှိသွားသည်။

လူတိုင်းက ဟိုတယ်ဧည့်ခန်းမှ သူ့ကိုလှမ်းကြည့်နေကြသည်။

ထိပ်ပြောင်ပြောင်လူက သံတံတိုင်းဂိတ်ပေါ်‌ကျော်တတ်ကာ အရှေ့သို့ဖြောင့်ဖြောင့်မတ်မတ်လျှောက်သွားသည်။ ဧည့်ခန်း၌ တိတ်ဆိတ်သွားပြီး တီးတိုးရေရွတ်ဆွေးနွေးသည့် အသံသေးသေးလေးတွေသာရှိတော့သည်။

ဒီအခန်းပြကွက်က ဘာကိုရည်ရွယ်သလဲ စုမင်နားမလည်ပေ။

ထိုတခဏ ကျောင်းထောင်ကျီးရုတ်တရက် 'ah' အာမေဍိတ်ပြု၍ တီးတိုးသံဖြင့် .."ကြည့်စမ်း ... ဟိုလူ……"

သူမစကားမဆုံးခင် ထိပ်ပြောင်ပြောင်လူသည် သံတံတိုင်းဂိတ်အပြင်တွင် ပြန်ပေါ်လာပြီး ထိုလူအမြန်ပြေးလာကာ ပြန်ကျော်တတ်သည်။

ကျော်တတ်ပြီးနောက် ဂိတ်တံတိုင်းမှ မြေပြင်ပေါ်ပြုတ်ကျသွားပြီး သူ့ခန္ဓာကိုယ်ကို လက်နှစ်ဘက်နဲ့ ထောက်မထားရင်း မနေနိုင်ဘဲနောက်ဆုတ်တော့သည်။

ဒါကိုမြင်တော့ အပြင်မှာ သေချာပေါက်တစ်ခုခုဖြစ်ခဲ့မှန်း စုမင်ပြောနိုင်သည်။

သူ အခြားသူ‌တွေကိုသတိပေးတယ် .."ငါတို့မလိုအပ်ရင် အပြင်မထွက်တာပိုကောင်းတယ်"

ထိပ်ပြောင်ပြောင်လူက သန်မာပုံပေါက်သော်လည်း ကြောက်ကြောက်လန့်လန့်ပြန်လှည့်ပြေးခဲ့သည်။ အပြင်မှာ တစ်စုံတစ်ခုရှိနိုင်သည်။

ဟိုတယ်အဝင်ဝတွင် လူနှစ်ဆယ်နီးပါး စုဝေး‌နေကြသည်။

လီချီယွီက .."မနေ့ညက လူတွေနဲ့မတူဘူး အခြားအထပ်တွေကပဲဖြစ်ရမယ်"

လဲ့လင်းအေးစက်စက်မျက်နှာနှင့် .."ဟိုတယ်အပြင်မှာမလုံခြုံသလို အထဲမှာလည်း မလုံခြုံဘူး ... ငါတို့အားလုံးသတိထားဂရုစိုက်သင့်တယ်"

လီချီယွီအသံ‌သေးသေးလေးဖြင့် .."ဒါတွေက ငါ့အမှားတွေပဲ"

ကျောင်းထောင်ကျီးနှစ်သိမ့်ပေးတယ် .."ရှင့်ကိုဘယ်သူမှအပြစ်မတင်ပါဘူး"

လဲ့လင်းလည်းနှစ်သိမ့်ပေး၏ .."ဘယ်သူမှနင့်ကို အပြစ်မတင်ပါဘူး"

စုမင်လည်း စကားအနည်းငယ်နှင့်နှစ်သိမ့်ပေးမည့်အချိန် လီချီယွီတဖန်တက်ကြွလာကာ တွေ့လိုက်ရသည်။ ပြန်လည်မွေး‌ဖွားလာသကဲ့သို့ သူ့မျက်နှာမှာ တက်ကြွစိတ်ဝင်စားမှုဖြင့်ပြည့်နှပ်နေ၏။

စုမင်: “…………”

လီချီယွီစိတ်လှုပ်ရှားစွာပြောလာတယ် ..“သွားကြစို့ ... မနက်စာစားရအောင်”

ဟိုတယ်ဧည့်ခန်း၌ ဆိုင်းအမှတ်အသားရှိ၍ တဖက်ကနေ စားသောက်ဆိုင်သို့ဝင်နိုင်သည်။ ဝင်ရောက်ပြီးနောက် ရှည်လျားသောစားပွဲပေါ်တွင် စားစရာများစွာခင်းကျင်းထားသည်ကို ‌တွေ့လိုက်ရသည်။

ဒီနေရာ၌ လူအမြောက်အမြားရှိပြီး စားပွဲရှည်ကြီး၏ဘေးတွင် စားပွဲဝိုင်းရှိသည်။

ဒီလောက်လူအများကြီး ရှိုးပွဲလာကြည့်မယ်ဆိုတာ စုမင်မမျှော်မှန်းခဲ့ပေ။ ကြည့်လိုက်တာနဲ့ သူတို့ကသာမန်လူတွေဆိုတာ အတိကျပြောနိုင်သည်။

လီချီယွီ စားပွဲရှည်ကြီးဆီ စိတ်ဝင်တစားရွေ့လျားသွားသည်။

ရိုးရိုးသားသားပြောရရင် စုမင်စိုးရိမ်တာက စားပွဲရှည်ကြီးပေါ်တွင် ရှိမနေသင့်သော အစားအစာများကို မြင်လိုက်ရပြီး အစားစားချင်စိတ် ပျောက်သွားနိုင်သည်။

ဥပမာ ငါးအစာအိမ်ထဲကလက်ချောင်းပြတ် ၊ ငါးစွပ်ပြုတ်ထဲကမျက်ဆန်လုံး………သူ့အတွင်းစိတ်ထဲမှာ အဲ့ဒါတွေက ထွင်းထုနေပြီးသားပင်။

“Ugh!” သိပ်မဝေးသောနေရာမှ နာကျင်စွာအော်သံကိုကြားလိုက်ရသည်။

စုမင်မသိလိုက်ဘဲ လှမ်းကြည့်မိသည်။

ထိုနေရာတွင် လူတစ်ယောက်ထိုင်နေလျက် သူ့ရှေ့၌ပန်းကန်ရှိကာ ပန်းကန်ပြားပေါ်တွင် စားစရာအချို့ရှိပြီး သူ့ခက်ရင်းက ပင်လယ်ရေမှော်အပိုင်းအစတစ်ဝက်ကို ကိုင်ဆောင်ထားဆဲဖြစ်သည်။

ထိုလူက မျက်နှာကိုဖုံးကာထားပြီး  သူ့လက်ချောင်းတွေဖြင့် ပါးစပ်ထဲလှမ်းထိုးထည့်၍ အနက်ရောင်ကြိုးအမျှင်လိုလိုအရာတွေကိုဆွဲထုတ်ရန်ကြိုးစားသည်။ သူဆွဲထုတ်လေလေ ၎င်းအရာတွေကပိုရှည်လာလေပဲ...

မိနစ်မျှမကြာ ထိုအမျှင်လိုလိုအရာ‌တွေက သူ့ရှေ့ရှိ ပန်းကန်တစ်ခုလုံးကိုတောင် အခွေလိုက်ဖုံးလွှမ်းနေလေပြီ။

ဒါပေမဲ့ သူ့ပါးစပ်ထဲက အရာတွေကအဆုံးမရှိသည့်အလား ...

ထိုကဲ့သို့အဖြစ်အပျက်ကို မြင်နေရပြီး စုမင်ထပ်မံ၍ စားချင်စိတ်ပျောက်သွားခဲ့သည်။

************************

🤢

Sorry for misspelling
Thank you all

November 12, 2021

------------------------------------------------------------------







Chapter 43: မနက္စာ

စုမင္အိပ္ယာတြင္ လဲေနတုန္း ေအာ္သံၾကားလိုက္ရသည္။ ႐ုပ္႐ွင္႐ုံ၏သတိေပးခ်က္ေၾကာင့္ လြန္ခဲ့တဲ့မိနစ္အနည္းငယ္ကမွ သူႏိုးေနေလၿပီ။

႐ုပ္႐ွင္႐ုံ၏အရိပ္အႁမြတ္က အရင္ကနဲ႔မကြာျခားေပ။
【ပရိသတ္စုမင္ ... ဇာတ္ေၾကာင္း ေအာင္ျမင္စြာေျပာင္းလဲႏိုင္တဲ့အတြက္ ဂုဏ္ျပဳပါတယ္။ ေက်းဇူးျပဳၿပီး ဆက္လတ္ႀကိဳးစားေပးပါ။ သင့္ေအာင္ျမင္မႈအတြက္ ဆုလာဘ္တစ္ခုအေနျဖင့္ အဓိကစကားလုံးအရိပ္အႁမြက္မ်ားကို လက္ခံရ႐ွိမည္ျဖစ္ပါတယ္။ ပထမသဲလြန္စ- ေကာ္ရစ္ဒါ】

သဲလြန္စက ေကာ္ရစ္ဒါျဖစ္မယ္လို႔ စုမင္အေစာတည္းက မွန္းဆၿပီးၿပီ။

ေက်ာင္းေထာင္က်ီးေစာေစာက ယူခဲ့တဲ့ ဓာတ္ပုံကိုေပးခဲ့ၿပီးျဖစ္ကာ ေကာ္ရစ္ဒါ႐ွိေကာ္ေဇာကတစ္ခုခု မွားယြင္းေနၿပီး တစ္စုံတစ္ခုေပၚထြက္လာရန္အစပ်ိဳးမႈျဖစ္ႏိုင္ေလာက္သည္။

ေအာ္သံထြက္ေပၚမႈနဲ႔အတူ စုမင္မသိစိတ္ကအခန္းျပင္ထြက္ၾကည့္မိသည္။

အသံသည္ အလြန္တိုေတာင္းၿပီး မၾကာမွီတိတ္ဆိတ္သြား၏။

သူ ဘာျဖစ္သြားမွန္းမသိေပမယ့္ ေယာင္ဝါးဝါး ခန္႔မွန္းႏိုင္သည္။ သူတံခါးေနာက္မွာရပ္ၿပီး တံခါးမဖြင့္ခင္ တစ္မိနစ္ေလာက္ေစာင့္လိုက္တယ္။

တံခါးအျပင္ဘက္၌ လီခ်ီယြီသည္ လဲ့လင္းတံခါးေခါက္ၿပီး ပတ္ဝန္းက်င္ကိုမၾကာခဏၾကည့္မိသည္။

လီခ်ီယြီက .."အာ စုမင္ မင္းႏိုးၿပီလား?"

"ဆူညံသံၾကားလို႔ ထြက္လာခဲ့တာလား?" စုမင္ေမးျမန္းသည္။

လီခ်ီယြီ သူ႕လက္ကိုေအာက္ခ်ၿပီး ျပန္မေျဖခင္ ခဏေလာက္စဥ္းစားလိုက္တယ္ .."ဟုတ္တယ္ ... တျခားသူေတြလည္း ထြက္လာတယ္။ အဲ့ေအာ္သံကိုအားလုံးၾကားလိုက္လို႔ျဖစ္မယ္"

စုမင္သည္ သူ႕အျမင္အာ႐ုံကို လိုက္ၾကည့္သည္။

စတုတၳထပ္တြင္ အခန္းေပါင္း ဒါဇင္အနည္းငယ္႐ွိၿပီး ထက္ဝက္ခန္႔မွာ ေနရာယူထားသည္။ အခ်ိဳ႕အခန္းမ်ားကို ႏွစ္ေယာက္၊ သုံးေယာက္ျဖင့္ ေနရာယူထားသည္။

ထိုအခိုက္တန္႔ လဲ့လင္းတံခါးပြင့္လာကာ လီခ်ီယြီအျမန္လွည့္ၾကည့္လိုက္တယ္။ "လဲ့လင္း အဆင္ေျပလား?"

လဲ့လင္းျပန္ေမး၏ .."ငါဘာလို႔အဆင္မေျပရမွာလဲ?"

အလာတုန္းက သူမဝတ္ထားတဲ့ အဝတ္အစားေတြကို ၀တ္ထားတုန္းျဖစ္ကာ ဆံပင္ကလည္း သပ္သပ္ရပ္ရပ္ ႐ွိေနေသးတယ္။ သူမအိပ္ေနလား မအိပ္ဘူးလား မေျပာႏိုင္ေပ။

ေက်ာင္းေထာင္က်ီးသည္ သူမ၏ ဖုန္းကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ရင္း အခန္းမွ ထြက္လာသည္။

အဲဒီမွာ အမ်ိဳးသားေတြေရာ အမ်ိဳးသမီးမ်ားပါ စုေဝးၾကေနကာ တစ္ခ်ိဳ႕က စကားေျပာေနရင္းနဲ႔ တခ်ိဳ႕က လွမ္းၾကည့္ေနၾကတယ္။  သူတို႔အားလုံးကို ျမင္လိုက္ရေတာ့ အံ့ၾသသြားသည္။

လီခ်ီယြီက .."ဒီမွာ အဲ့ေလာက္လူအမ်ားႀကီး႐ွိမယ္ မေမွ်ာ္လင့္ထားဘူး"

သူေတြးခဲ့တာက သိပ္မ႐ွိဘူးလို႔ဆိုေပမဲ့ ဒီတစ္ထပ္လုံးတင္ လူအေယာက္၂၀႐ွိေနၿပီ။ ထိုမွ်ေလာက္ အမ်ားႀကီးေတြ႕ရမယ္မထင္ထားေပ။

လဲ့လင္းလက္ပိုက္ထားလ်က္ လီခ်ီယြီကိုေျပာလိုက္တယ္ .."ဘာမွမဟုတ္ရင္ ျပန္သြားအိပ္ေတာ့ ... ႐ႈတ္႐ႈတ္ယွက္ယွက္လုပ္မေနနဲ႔"

သူတို႔ႏွစ္ေယာက္သား စကားစျမည္ေျပာေနတုန္း စုမင္ ဖုန္းျဖင့္ ေကာ္ရစ္ဒါ႐ွိ ေျမျပင္ကိုဓာတ္ပုံ႐ိုက္လိုက္သည္။ ဓာတ္ပုံထဲ႐ွိ ေကာ္ေဇာက အျပင္ကအတိုင္းပင္ ... သူ႕ဖုန္းမွာ မရလို႔လား ဒါမွမဟုတ္ မူရင္းပုံသ႑ာန္အတိုင္း သူ႕ဘာသာသူျပန္ျဖစ္သြားတာလားဆိုတာ သူမသိဘူး။

ဖုန္းျပန္သိမ္းထည့္ၿပီး ဘာမွမျဖစ္သလိုသာ ေနလိုက္သည္။

႐ုတ္တရက္လူတစ္ေယာက္ေလွ်ာက္လာကာာ လီခ်ီယြီကိုတစ္ခ်က္မွ်မၾကည့္ဘဲ လဲ့လင္းကိုသာျပဳံးရင္းၾကည့္၍ .."ဟယ္လို ကြၽန္ေတာ့္နာမည္က လွ်ိဳေဟြ႕ဒါ့ ပါ ... မင္းတို႔ေတြဒီကို———-"

သူေျပာလို႔မၿပီးခင္ လဲ့လင္းတံခါးပိတ္လိုက္သည္။

လွ်ိဳေဟြ႕ဒါ့မ်က္ႏွာအမူအယာခ်က္ခ်င္းေျပာင္းသြားၿပီး ႏွာမႈတ္ကာ သူ႕ေဘးက လီခ်ီယြီကို ေဒါသထြက္ထြက္စူးစိုက္ၾကည့္ၿပီးေနာက္ သူ႕အခန္းသူ လွည့္ထြက္သြားသည္။

လီခ်ီယြီ႐ႈပ္ေထြးစြာ .."သူငါ့ကိုဘာလို႔စိုက္ၾကည့္သြားတာလဲ?"

"မင္း လဲ့လင္းေဘးနားမွာအတူရပ္ေနႏိုင္လို႔ မင္းကိုမနာလိုတာျဖစ္မယ္" စုမင္ေျဖ၏။

ထိုစကားၾကားေတာ့ လီခ်ီယြီအလြန္ေက်နပ္ဝမ္းသာၿပီး တံခါးကိုမွီျမန္းလ်က္ .."ဒါဆိုလည္း စိုက္ၾကည့္ပါေစကြာ ... ဘာျဖစ္ျဖစ္ ငါ့ကိုထိခိုက္ေစတာလည္းမဟုတ္ဘူး"

ေကာ္ရစ္ဒါက လူေတြ သူတို႔ထြက္လာေတာ့ဘာမွမေတြ႕တာနဲ႔ အခန္းထဲျပန္ဝင္သြားၾကၿပီး အလြန္လ်င္ျမန္စြာ ေကာ္ရစ္ဒါမွာ တဖန္တိတ္ဆိတ္သြားသည္။

"႐ွင္တို႔ၾကားတာ မိန္းမအသံမလား?" ေက်ာင္းေထာင္က်ီးေမးတယ္။

လီခ်ီယြီေခါင္းၿငိမ့္ရင္း .."ဟုတ္တယ္"

အဲ့တာေၾကာင့္ပဲ သူ လဲ့လင္းတံခါးေခါက္ခဲ့သည္ပင္။ ဟိုတယ္၌ တစ္ခုခုမေကာင္းတာျဖစ္မွာ သူစိုး႐ြံ႕သည္။

သူတို႔ေျပာေနစဥ္ လဲ့လင္းအခန္းတံခါးထပ္ပြင့္လာကာ သူမပုံစံသည္ အရင္အတိုင္းပင္ .."အသံက ေကာ္ရစ္ဒါအလယ္ကလာတာ ... သူမ ေၾကာက္စရာေကာင္းတာတစ္ခုခုနဲ႔ ၾကဳံခဲ့လို႔ျဖစ္မယ္"

စုမင္တည္ေနရာကို ၫႊန္ျပလ်က္ .."ငါ့အထင္ အဲ့ေနရာေလာက္ကျဖစ္သင့္တယ္ ... ေကာ္ရစ္ဒါက ေကာ္ေဇာေတြခ်ည္းပဲဆိုေတာ့ ေျခသံမၾကားရဘူး ဒါေပမဲ့ အသံေတြေတာ့ၾကားႏိုင္တယ္"

ထိုအကြာအေဝးကေနဆို ျဖစ္ႏိုင္ေခ်႐ွိပုံေပၚသည္။

လီခ်ီယြီသိခ်င္စိတ္ျဖင့္ ေမး၏ .."ဒါဆို သူမတံခါးဖြင့္လိုက္တဲ့အခ်ိန္ ေအာ္ခဲ့တာလား ဒါမွမဟုတ္ တစ္စုံတစ္ေယာက္တံခါးေ႐ွ႕မွာ ေအာ္ခဲ့တာလား?"

"ငါတို႔ဘယ္လိုလုပ္သိမွာလဲ?" ေက်ာင္းေထာင္က်ီးေျပာ၏။

"လီခ်ီယြီ ... ဘာမွမ႐ွိေတာ့ရင္ သြားအိပ္ေတာ့ ... ညလယ္ႀကီးတံခါးလာမေခါက္နဲ႔" လဲ့လင္းေျပာလာတယ္။

သူမတံခါးပိတ္ၿပီးေတာ့ သူတို႔သုံးေယာက္သား အခ်င္းခ်င္းၾကည့္လိုက္ၾကသည္။

ဒီလို ေအးစက္စက္မိန္းမမ်ိဳးကို စုမင္ေတြ႕ဖူးတာ ပထမဆုံးျဖစ္သလို သူ ေနသားမက်ေသးေပ။

လီခ်ီယြီလက္ေဝွ႔ယမ္းျပကာ "ငါသြားေတာ့မယ္"

သူ႕(လီခ်ီယြီ)အခန္းျပန္သြားေတာ့ စုမင္ ေက်ာင္းေထာင္က်ီးဘက္လွည့္ကာ ေမးလိုက္တယ္ .."ေစာနက အရင္ေနရာကို မင္းဓာတ္ပုံ႐ိုက္ႏိုင္မလား?"

ေက်ာင္းေထာင္က်ီး.."ရတယ္ေလ"

အေစာတုန္းက ‌ေနရာကို ခ်ိန္႐ိုက္ၿပီးေနာက္ အံ့အားသင့္စြာ အာေမဍိတ္ျပဳလာတယ္ .."အဲ့တာ နဂိုအတိုင္းျပန္ေကာင္းသြားၿပီ"

စုမင္ဖုန္းရ႐ွိၿပီး ဓာတ္ပုံႏွင့္ အျပင္ႏွင့္အတူတူျဖစ္ေနသည္။ ေနာက္ဆုံးအႀကိမ္က မသိရင္ တြန္႔႐ႈံ႕မႈမျဖစ္ခဲ့သလို အစအနေတာင္မ႐ွိေတာ့ေပ။

သူ နားလည္သလိုလိုျဖင့္ ေျပာလိုက္တယ္ .."ျပန္အိပ္ေတာ့"

ေက်ာင္းေထာင္က်ီးေခါင္းညိတ္ၿပီး ဓာတ္ပုံျဖတ္ကာ သူမအခန္းထဲျပန္ဝင္သြားသည္။

တဖန္ စုမင္တစ္ေယာက္တည္းေကာ္ရစ္ဒါမွာ ႐ွိေတာ့သည္။ အျဖဴအမည္းေကာ္ရစ္ဒါကို သူ‌ငုံ႔ၾကည့္လိုက္ကာ အခ်ိန္နဲ႔‌ေနရာၾကားမွ ေနရာလပ္နဲ႔ဆင္တူသည္။

သူလွည့္ကာ အခန္းထဲျပန္ဝင္သြား၏။

တံခါးပိတ္သြားသည့္အခိုက္အတန္႔ ေကာ္ရစ္ဒါ႐ွိ မီးအလင္းေရာင္မ်ား႐ုတ္ျခည္းအေမွာင္က်သြားသည္။

သူ႕အခန္းထဲက မီးကို စုမင္ဘယ္ေတာ့မွမပိတ္ေပ ... တေခတၱသာ ေႏြးေထြးမႈႏွင့္ သက္ေတာင့္သက္သာ႐ွိပုံရသည္။ အိပ္ရန္ ကုတင္ဆီဦးတည္သြားသည္။

တစ္ခုခုျဖစ္ေတာ့မယ္ဆို အရာရာတိုင္းက တည္ၿငိမ္ေနတတ္သည္။ ဒါကို စုမင္သည္ ၿငိမ္သက္ဆဲကာလဟု အမည္ေပးလိုက္သည္။ ဘာပဲျဖစ္ျဖစ္ ထိတ္လန္႔ဖြယ္႐ုပ္႐ွင္က တစ္ညတည္းနဲ႔မလုပ္ေဆာင္ႏိုင္တာမို႔ အားသြင္းဖို႔ေတာ့လိုအပ္သည္။

သို႔ေသာ္ ကုတင္ေပၚ သူလွဲလိုက္တာနဲ႔ ေအးစိမ့္စိမ့္မႈကို ခံစားလိုက္ရသည္။ လက္တစ္ဖက္က သူ႕ပခုံးကိုထိေတြ႕လာသည္။
စုမင္ေတာင့္ခဲသြားၿပီး မလႈပ္႐ွားမိဘဲ မိနစ္ဝက္ၾကာမွ တုန္႔ျပန္လိုက္သည္ .."ခ်န္စု?"

ျပားခ်ပ္ေနေသာေစာင္မွာ ေဖာင္းလာၿပီး ခ်န္စုေမး၏ .."မအိပ္ဘူးလား?"

စုမင္အိပ္ယာမွထလိုက္ေတာ့ ထိုလူအိပ္ယာတစ္ဝက္နီးပါးေနရာယူထားတာေတြ႕ရၿပီး ထြက္သြားရန္ ရည္႐ြယ္ခ်က္႐ွိပုံမရေပ .."ခင္ဗ်ားဒီမွာအိပ္မလို႔လား?"

ခ်န္စု:.."မရဘူးလား?"

"ေသခ်ာတာေပါ့ မရဘူး" စုမင္သည္ သူ႕ကို ေတြ႕သည့္အခ်ိန္တိုင္း အခ်စ္ဇာတ္လမ္းထဲက အျဖစ္အပ်က္မ်ားကို မွတ္မိေနေသးသည္။

ခ်န္စုက ေစာင္ကိုဆြဲဖယ္လိုက္သည္။

ဒါကို တျခားသူေတြျမင္ရင္ ေစာင္ေတြက သူ႕အလိုလိုေ႐ြ႕သြားသလိုပဲ။

စုမင္ကုတင္ေဘးနား၌ ရပ္ေန၏။

အခ်ိန္အေတာ္ၾကာေအာင္ ရပ္တန္႔ေနၿပီးေနာက္တြင္ သူသည္ ခ်န္စုကို မကန္ထုတ္ႏိုင္ေတာ့ဘဲ ကုတင္အစြန္းတြင္ ခပ္ေတာင့္ေတာင့္လွဲၿပီး ေက်ာကို သူ႕ဘက္ မ်က္ႏွာမူထားသည္။ တစ္ညလုံးမအိပ္ရသျဖင့္ မၾကာခင္အိပ္ငိုက္လာသည္။

ခ်န္စုစတင္လႈပ္႐ွားလာေသာအခါ စုမင္သည္ အၾကာႀကီး အိပ္မေပ်ာ္ခဲ့ေပ။  ခ်န္စုက သူ႕ခါးဆီလက္လွမ္းလာၿပီး ေနာက္ကေနေပြ႕ဖက္လိုက္တယ္။ အဲဒီေနာက္ပိုင္းမွာ ဘာလႈပ္႐ွားမႈမွမ႐ွိေတာ့ဘူး။

............

ေနာက္တေန႔ နံနက္ခင္းအခ်ိန္ စုမင္ႏိုးလာတယ္။

အိပ္ယာ၌ ထထိုင္ကာ သူ႕လည္ပင္းအေညာင္းေျပဆြဲဆန္႔ၿပီး သူ႕ဘာသူကုတင္အလယ္တြင္အိပ္ေနတာေတြ႕လိုက္ရသည္။ ခ်န္စုဘယ္အခ်ိန္က ထြက္သြားလဲ သူမသိေပ။

မိနစ္အနည္းငယ္မွ် ေစာင္ေတြကိုမဖယ္႐ွားခင္ စုမင္ငိုင္ေတြေနသည္။

သူဘယ္လိုတုံ႔ျပန္သင့္လဲေတာင္ မသိေတာ့ေပ။ ေရခ်ိဳးခန္းထဲ သန္႔စင္ၿပီးေနာက္ သိသိသာသာအိပ္ငိုက္ေျပသြားသည္။

ဟိုတယ္႐ွိအခန္းထဲ ျပတင္းေပါက္႐ွ္ိကာ ကုလားကာကိုဆြဲဖယ္လိုက္ေတာ့ အျပင္ကအလင္းေရာင္ျခည္မ်ားအခန္းထဲဝင္လာသည္။ အရာအားလုံးအလြန္သာမန္က်သည္။

group chatထဲ၌ မတ္ေဆ့ခ်္မ်ား႐ွိေနေလၿပီ။

လီခ်ီယြီ: "ေအာက္ထပ္မွာ စားစရာ႐ွိတယ္လို႔ အျခားေတြေျပာတာငါၾကားခဲ့တယ္ ... မင္းတို႔ေတြ ေအာက္ဆင္းစားခ်င္ၾကလား?"

ေက်ာင္းေထာင္က်ီး: "ေသခ်ာတာေပါ့ ... အဲ့မွာ ဘာစားဖို႔႐ွိလဲ?"

လီခ်ီယြီ: "မသိဘူးေလ ... ဒါေပမဲ့ ဆိုး႐ြားလြန္းမယ္ထင္တယ္"

လဲ့လင္း: "လူစုဖို႔ကို ေစာင့္ေနတယ္"

စုမင္ျပန္ေျဖၿပီးေနာက္ သူ႕အခန္းထဲကထြက္ကာ လီခ်ီယြီတံခါးကိုေခါက္ၿပီး လဲ့လင္းႏွင့္ ေက်ာင္းေထာင္က်ီးတို႔လည္း မၾကာခင္ထြက္လာၾကသည္။

သူတို႔သြားစားေသာက္ရမည့္ေနရာက ေအာက္ထပ္ျဖစ္သည္။ ဒီမနက္ လီခ်ီယြီထြက္လာေတာ့ လူႏွစ္ေယာက္ေျပာေနၾကတာ သူၾကားခဲ့ရသည္။

ဓာတ္ေလွကားႏွင့္ သူတို႔ေအာက္ထပ္ဆင္းကာ အျခားသူမ်ားႏွင့္ဆုံၾကေပမဲ့ အခ်င္းခ်င္းမသိၾက၍ အားလုံးတိတ္ဆိတ္ေနၾကသည္။

ပထမထပ္ကိုေရာက္ေတာ့ သူတို႔လမ္းသူတို႔သြားၾကသည္။

လီခ်ီယြီေနာက္ဆုံးေျပာလာတယ္ .."ေသေလာက္ေအာင္အသက္႐ႈရၾကပ္မတတ္ပဲ ... သူတို႔စကားမေျပာတဲ့ပုံက ေမာ္ဒယ္႐ုပ္တုေတြလိုပဲ ေၾကာက္စရာေကာင္းလိုက္တာ"

သူတို႔လူမဟုတ္ေလာက္ဘူးလို႔ စုမင္ေတြးမိသည္။

ေမာ္ဒယ္႐ုပ္တုေတြနဲ႔ လူသားမဟုတ္တာက ထိတ္လန္႔စရာေကာင္းတာခ်င္းအတူတူပဲ။

ေကာ္ရစ္ဒါကေန ထြက္လာၿပီး ပင္မဧည့္ခန္းထဲကို ဝင္ၿပီးေနာက္ ေ႐ွ႕ ေကာင္တာမွာ ေစာင့္ေနတဲ့သူကေတာ့ မေန႔ညက မိန္းကေလးနဲ႔အတူတူပါပဲ။ အမူအယာကင္းမဲ့စြာ သူမထိုင္ေနသည္။

လူေတာ္ေတာ္မ်ားမ်ား ေအာက္ထပ္၌ ႏွစ္ေယာက္တစ္တြဲ ၊ သုံးေယာက္တစ္တြဲျဖင့္ အုပ္စုလိုက္႐ွိေနၿပီး အခ်ိဳ႕မွာ အမူအရာမေကာင္းၾကဘဲ အခ်ိဳ႕က ၾကည့္ရတာစိတ္လႈပ္႐ွား‌ေနပုံရသည္။

ထိပ္ေျပာင္ေျပာင္လူတစ္ေယာက္က .."ဒီဟိုတယ္က ဘာမွလည္းမ႐ွိဘူး ... ငါျပန္ေတာ့မယ္ ... ဒီမွာ႐ွိေနတာထပ္ အလုပ္လုပ္ေနတာမွေကာင္းဦးမယ္"

သူ႕ေဘးက လူသည္ .."မင္းထြက္သြားခ်င္ရင္ မင္းဘာမင္းသြား"

ဝင့္ႂကြား႐ႊင္လန္းသံ႐ွိပုံရသည္။

စုမင္တိုးတိုးေလးျဖင့္ .."မစားခင္ ခဏေလာက္ေစာင့္ရေအာင္ ... တစ္ခုခုျဖစ္မယ္ထင္တယ္ ငါအရင္သြားၾကည့္ခ်င္တယ္"

သဘာဝက်က် ထိပ္ေျပာင္သည့္လူေဒါသထြက္သြားကာ ဟိုတယ္ဧည့္ႀကိဳခန္းမွ တိုက္႐ိုက္ထြက္သြားၿပီး မၾကာမွီအျပင္က ျခံဝင္းဆီေရာက္႐ွိသြားသည္။

လူတိုင္းက ဟိုတယ္ဧည့္ခန္းမွ သူ႕ကိုလွမ္းၾကည့္ေနၾကသည္။

ထိပ္ေျပာင္ေျပာင္လူက သံတံတိုင္းဂိတ္ေပၚ‌ေက်ာ္တတ္ကာ အေ႐ွ႕သို႔ေျဖာင့္ေျဖာင့္မတ္မတ္ေလွ်ာက္သြားသည္။ ဧည့္ခန္း၌ တိတ္ဆိတ္သြားၿပီး တီးတိုးေရ႐ြတ္ေဆြးေႏြးသည့္ အသံေသးေသးေလးေတြသာ႐ွိေတာ့သည္။

ဒီအခန္းျပကြက္က ဘာကိုရည္႐ြယ္သလဲ စုမင္နားမလည္ေပ။

ထိုတခဏ ေက်ာင္းေထာင္က်ီး႐ုတ္တရက္ 'ah' အာေမဍိတ္ျပဳ၍ တီးတိုးသံျဖင့္ .."ၾကည့္စမ္း ... ဟိုလူ……"

သူမစကားမဆုံးခင္ ထိပ္ေျပာင္ေျပာင္လူသည္ သံတံတိုင္းဂိတ္အျပင္တြင္ ျပန္ေပၚလာၿပီး ထိုလူအျမန္ေျပးလာကာ ျပန္ေက်ာ္တတ္သည္။

ေက်ာ္တတ္ၿပီးေနာက္ ဂိတ္တံတိုင္းမွ ေျမျပင္ေပၚျပဳတ္က်သြားၿပီး သူ႕ခႏၶာကိုယ္ကို လက္ႏွစ္ဘက္နဲ႔ ေထာက္မထားရင္း မေနႏိုင္ဘဲေနာက္ဆုတ္ေတာ့သည္။

ဒါကိုျမင္ေတာ့ အျပင္မွာ ေသခ်ာေပါက္တစ္ခုခုျဖစ္ခဲ့မွန္း စုမင္ေျပာႏိုင္သည္။

သူ အျခားသူ‌ေတြကိုသတိေပးတယ္ .."ငါတို႔မလိုအပ္ရင္ အျပင္မထြက္တာပိုေကာင္းတယ္"

ထိပ္ေျပာင္ေျပာင္လူက သန္မာပုံေပါက္ေသာ္လည္း ေၾကာက္ေၾကာက္လန္႔လန္႔ျပန္လွည့္ေျပးခဲ့သည္။ အျပင္မွာ တစ္စုံတစ္ခု႐ွိႏိုင္သည္။

ဟိုတယ္အဝင္ဝတြင္ လူႏွစ္ဆယ္နီးပါး စုေဝး‌ေနၾကသည္။

လီခ်ီယြီက .."မေန႔ညက လူေတြနဲ႔မတူဘူး အျခားအထပ္ေတြကပဲျဖစ္ရမယ္"

လဲ့လင္းေအးစက္စက္မ်က္ႏွာႏွင့္ .."ဟိုတယ္အျပင္မွာမလုံျခဳံသလို အထဲမွာလည္း မလုံျခဳံဘူး ... ငါတို႔အားလုံးသတိထားဂ႐ုစိုက္သင့္တယ္"

လီခ်ီယြီအသံ‌ေသးေသးေလးျဖင့္ .."ဒါေတြက ငါ့အမွားေတြပဲ"

ေက်ာင္းေထာင္က်ီးႏွစ္သိမ့္ေပးတယ္ .."႐ွင့္ကိုဘယ္သူမွအျပစ္မတင္ပါဘူး"

လဲ့လင္းလည္းႏွစ္သိမ့္ေပး၏ .."ဘယ္သူမွနင့္ကို အျပစ္မတင္ပါဘူး"

စုမင္လည္း စကားအနည္းငယ္ႏွင့္ႏွစ္သိမ့္ေပးမည့္အခ်ိန္ လီခ်ီယြီတဖန္တက္ႂကြလာကာ ေတြ႕လိုက္ရသည္။ ျပန္လည္ေမြး‌ဖြားလာသကဲ့သို႔ သူ႕မ်က္ႏွာမွာ တက္ႂကြစိတ္ဝင္စားမႈျဖင့္ျပည့္ႏွပ္ေန၏။

စုမင္: “…………”

လီခ်ီယြီစိတ္လႈပ္႐ွားစြာေျပာလာတယ္ ..“သြားၾကစို႔ ... မနက္စာစားရေအာင္”

ဟိုတယ္ဧည့္ခန္း၌ ဆိုင္းအမွတ္အသား႐ွိ၍ တဖက္ကေန စားေသာက္ဆိုင္သို႔ဝင္ႏိုင္သည္။ ဝင္ေရာက္ၿပီးေနာက္ ႐ွည္လ်ားေသာစားပြဲေပၚတြင္ စားစရာမ်ားစြာခင္းက်င္းထားသည္ကို ‌ေတြ႕လိုက္ရသည္။

ဒီေနရာ၌ လူအေျမာက္အျမား႐ွိၿပီး စားပြဲ႐ွည္ႀကီး၏ေဘးတြင္ စားပြဲဝိုင္း႐ွိသည္။

ဒီေလာက္လူအမ်ားႀကီး ႐ိႈးပြဲလာၾကည့္မယ္ဆိုတာ စုမင္မေမွ်ာ္မွန္းခဲ့ေပ။ ၾကည့္လိုက္တာနဲ႔ သူတို႔ကသာမန္လူေတြဆိုတာ အတိက်ေျပာႏိုင္သည္။

လီခ်ီယြီ စားပြဲ႐ွည္ႀကီးဆီ စိတ္ဝင္တစားေ႐ြ႕လ်ားသြားသည္။

႐ိုး႐ိုးသားသားေျပာရရင္ စုမင္စိုးရိမ္တာက စားပြဲ႐ွည္ႀကီးေပၚတြင္ ႐ွိမေနသင့္ေသာ အစားအစာမ်ားကို ျမင္လိုက္ရၿပီး အစားစားခ်င္စိတ္ ေပ်ာက္သြားႏိုင္သည္။

ဥပမာ ငါးအစာအိမ္ထဲကလက္ေခ်ာင္းျပတ္ ၊ ငါးစြပ္ျပဳတ္ထဲကမ်က္ဆန္လုံး………သူ႕အတြင္းစိတ္ထဲမွာ အဲ့ဒါေတြက ထြင္းထုေနၿပီးသားပင္။

“Ugh!” သိပ္မေဝးေသာေနရာမွ နာက်င္စြာေအာ္သံကိုၾကားလိုက္ရသည္။

စုမင္မသိလိုက္ဘဲ လွမ္းၾကည့္မိသည္။

ထိုေနရာတြင္ လူတစ္ေယာက္ထိုင္ေနလ်က္ သူ႕ေ႐ွ႕၌ပန္းကန္႐ွိကာ ပန္းကန္ျပားေပၚတြင္ စားစရာအခ်ိဳ႕႐ွိၿပီး သူ႕ခက္ရင္းက ပင္လယ္ေရေမွာ္အပိုင္းအစတစ္ဝက္ကို ကိုင္ေဆာင္ထားဆဲျဖစ္သည္။

ထိုလူက မ်က္ႏွာကိုဖုံးကာထားၿပီး  သူ႕လက္ေခ်ာင္းေတြျဖင့္ ပါးစပ္ထဲလွမ္းထိုးထည့္၍ အနက္ေရာင္ႀကိဳးအမွ်င္လိုလိုအရာေတြကိုဆြဲထုတ္ရန္ႀကိဳးစားသည္။ သူဆြဲထုတ္ေလေလ ၎အရာေတြကပို႐ွည္လာေလပဲ...

မိနစ္မွ်မၾကာ ထိုအမွ်င္လိုလိုအရာ‌ေတြက သူ႕ေ႐ွ႕႐ွိ ပန္းကန္တစ္ခုလုံးကိုေတာင္ အေခြလိုက္ဖုံးလႊမ္းေနေလၿပီ။

ဒါေပမဲ့ သူ႕ပါးစပ္ထဲက အရာေတြကအဆုံးမ႐ွိသည့္အလား ...

ထိုကဲ့သို႔အျဖစ္အပ်က္ကို ျမင္ေနရၿပီး စုမင္ထပ္မံ၍ စားခ်င္စိတ္ေပ်ာက္သြားခဲ့သည္။

************************

🤢

Sorry for misspelling
Thank you all

November 12, 2021

------------------------------------------------------------------

Continue Reading

You'll Also Like

15K 724 21
*whistle* "World where are you ~" "Dont keep me waiting. you know I don't like it " "WORLD YOU KNOW VERY WELL THAT I CAN FIND YOU EVEN IFYOU ARE IN H...
529K 5.8K 22
Lost, Lose (Loose Trilogy #1) She's a girl of hope, Lisianthus Yvonne Vezina. A teen-year-old girl who focused on her goal... to strive. But everyth...
81.1K 2.6K 32
A teenage introverted is what Y/N was who prefers to have her space and to be left alone. She likes to music while being in her room, and it was grea...
46.7K 6K 61
"Se refiere a la belleza de corta duración de la flor de cerezo" ╰──➢ Advertencias ✧ ⁞ ❏. Omegaverse < SLOW BURN ⁞ ❏. Todoroki Bottom! ⁞ ❏. Smu...