"မင်းဘယ်ကိုကြည့်နေတာလဲ "
ချန်ရှု တစ်နေရာကိုငေးနေတာမြင်လိုက်ရတော့ ကုရှင်းဟောင်က သူ့ပခုံးကို တွန်းပီး မေးလိုက်တယ်။
ချန်ရှုမျက်မှောင်ကြုတ်လိုက်ပီး သူအခု စစ်ရယ်ရဲ့ကားကို မြင်လိုက်ရတာမလား။
"ဘာမှမဟုတ်ဘူး။"
ချန်ရှုက ပြန်လှည့်လာပြီး
"မင်း ဘာမေးလိုက်တာလဲ။"
"အဖိုးကြီး ချန်၊ မင်း ငါ့ကို ရိုရိုးရိုးသားသားပြောပြလို့ရတယ်နော် ခုနက မင်း အလှလေးတစ်ယောက်ကို ကြည့်နေတာမလား"
ကုရှင်းဟောင်သည် ချန်ရှုနဲ့ ပုခုံးချင်းတိုက်ပီး မျက်လုံးမှိတ်ပြလိုက်သည်။
ချန်ရှု သူနဲ့ပြိုင်မငြင်းနိုင်တော့ပေ။
"မဟုတ်ဘူး"
"ကြွက်စုတ်၊ ချန်ရှုကို မင်းလိုထင်နေတာလား? ကောင်မလေး ချောချော တွေ့တာနဲ့ မင်းဆို လမ်းလျှောက်ဖို့ မေ့တဲ့အထိ ငေးနေတာလေ"
ဝမ်ချန်းရိသည် သူ့မျက်လုံးများကို စိတ်ပျက်တဲ့ပုံစံဖြင့် လှိမ့်လိုက်ပီး သူပြောတဲ့စကားက လူတိုင်းကို ရယ်မောစေခဲ့သည်။
"လောင်ဝမ် မင်းနားမလည်ပါဘူး အဲ့တာက အလှအပကို အသိမှတ်ပြုပေးတယ် ခေါ်တယ်။အလှပကို ခံစားတတ်တဲ့နှလုံးသားကွ"
ကုရှင်းဟောင်သည် သူ့ရင်ဘတ်ကို တဖြောင့်တန်းထားကာ ကော့လိုက်ပီးဂုဏ်ယူစွာ ပုပ်ပြလိုက်သည်။
"ဟုတ်တာပေါ့ အလှပကိုခံစားတတ်တဲ့နှလုံးသားပိုင်ရှင်"
ကုရှင်းဟောင်သည် ချန်ရှုရဲ့ပခုံးပေါ်တင်ဖို့ လက်ကိုမြှောက်လိုက်ပြီး ခေါင်းကိုမော့ကာ
"ငါ့နာမည်က *Jin Zhu Zhe chi* ဟုတ်တယ်ဟုတ်?"
ချန်ရှုက ကုရှင်းဟောင်ကို ပြုံးပီးကြည့်နေရင်း သူ့လက်ကို မညှာမတာ ရိုက်ချလိုက်တယ်
"ဒါပေါ့ မှန်တယ် ငါတို့အားလုံးထဲမှာ မင်းကဉာဏ်ပညာနဲ့ပြည့်စုံတဲ့ ကြွက်ဘုရင်ပဲလေ "
ဝမ်ချန်းရိက ကုရှင်းဟောင်ရဲ့ နောက်ဘက်ကို ရောက်လာပီး ကျောကိုဖွဖွလေးပုတ်ကာ ချန်ရှုကို
" မင်းက ဒီကြွက်ဦးနှောက်ကို မဖြစ်သင့်တာတေ မမြှောက်ပေးသင့်ဘူးနော်"
ချန်ရှုက နှုတ်ခမ်းကိုတွန့်ကာ စကားတစ်ခွန်းမှ မပြောတော့ဘဲ ပြုံးနေလိုက်တော့သည်။
"ငါခုနက ပြောသလိုပဲ ကမ်းခြေကိုသွားကြရင် ကောင်းမလား "
ကွမ်ချင်ချင်း က သူတို့ စကားများနေကြတာကို စောင့်ပီးတဲ့နောက်မှာ အဓိကအကြောင်းရာကို အမြန်ပြန်ဆွဲခေါ်လိုက်တယ်။
"ငါကအဆင်ပြေတယ် မင်းတို့သိတဲ့အတိုင်းပဲ အမေက ငါ့မျက်နှာကိုမမြင်ချင်ဘူးလို့ပြောထားတာ အဲ့တာကြောင့်အားလပ်ရက်တေကအပြည့်ပဲ "
ဝမ်းချန်းရိကပခုံးတွန့်လိုက်ပြီး သူ့အကြောင်းကို ခါးသီးစွာပြောပြလိုက်တယ်။
"သေချာတာပေါ့ ဒီကမ္ဘာပေါ်မှာရှိတဲ့ အမေအားလုံး အကုန်အတူတူပဲ စာမေးပွဲမပီးခင်နှစ်ရက် နဲ့ပီးတဲ့နှစ်ရက်မှာတော့ ကလေးလေးကိုဂရုစိုက်သလိုဂရုစိုက်ခဲ့တာ အခုတော့ အမေက ငါ့ကိုမုန့်ဖိုး ပေးချင်တဲ့အချိန်မှပေးတယ် တခါတလေဆို ပေးဖို့မေ့နေတဲ့အထိပဲ "
ယောက်ျားလေး၊ မိန်းကလေး အကုန်လုံး ကမ်းခြေသွားဖို့ အစီအစဉ်အကြောင်း ပြောနေ ကြရင်း မိသားစုတွေရဲ့ အခြေအနေအကြောင်း ညည်းညူနေ ကြတယ်။
"အရမ်းအဝေးကြီးလဲမဖြစ်ရဘူး မြို့ထဲမှာလည်းရှိပီး ရထားနဲ့ နှစ်နာရီအတွင်း ရောက်နိုင်တဲ့နေရာဆိုရင်ရော"
"သဘောတူတယ် ဘယ်နှစ်ရက်သွားကြမှာလဲ"
"ငါကြားတာကတော့ ညဘက်ဆို ကမ်းခြေမှာ အသားကင်လုပ်စားလို့ရတယ်၊ ကြယ်တွေလည်း ကြည့်လို့ရတယ်။ဘယ်လောင်တောင်ရိုမန်တစ်ဆန်လိုက်သလဲ"
အားလုံးဆွေးနွေးပြီးတဲ့အခါ တချို့လူတွေက အဆာပြေမုန့် လာယူလာကြမယ်လို့ ပြောကြပြီး ဟိုမှာ သူတို့သိတဲ့ ဦးလေးတွေဆီနေ သူတို့အတွက် စျေးသက်သက်သာသာနဲ့ တဲတွေ ငှားနိုင်တယ်လို့ ပြောကြတယ်။
ကုရှင်းဟောင်က သူ့လက်ကို မြှောက်လိုက်ပီး
"ဒါဆို ငါ လက်မှတ်ဝယ်ပေးမယ်!"
လူငယ်အုပ်စုသည် အသားကင်ဆိုင်သို့ ဆက်လျှောက်သွားပီး တချို့က အစားအသောက်များ မှာယူကြကာ အချို့က ထိုင်ရန်နေရာရှာကြသည်။
"ချန်ရှုဘာသောက်မလဲ"
ကွမ်ချင်ချင်း က မေးတယ်။
"ပဲနို့ပဲ မှာလိုက်ကွာ"
ချန်ရှု စကားမပီးခင်မှာပဲ ကုရှင်းဟောင်က ချန်ရှုရဲ့ပေါင်ကို ရိုက်ချလိုက်ကာ
"အဘိုးကြီးချန် ၊ မင်းတကယ်ပဲ နို့သောက်မလို့လား! မဟုတ်သေးပါဘူး ဘီယာတစ်ကဒ်ပဲမှာရအောင် "
ချန်ရှုသည် သူ့ခြေထောက်ပေါ်မှ ကုရှင်းဟောင်ရဲ့လက်ကို လျစ်လျူရှုလိုက်ပြီး ကွမ်ချင်ချင်းဘက် ကိုကြည့်ကာ
"ပဲနို့ပဲ"
ကွမ်ချင်းချင် မရီပဲမနေနိုင်တော့ပေ
"ကောင်းပြီ"
"အဖိုးကြီး ချန်၊မင်းတကယ်ပဲ မိန်းကလေးတွေရှေ့မှာ နို့သောက်တယ်ပေါ့ ရှက်စရာကြီးကွာ"
ကုရှင်းဟောင် က နှုတ်ခမ်းကို တွန့်ပြလိုက်သည်။
ချန်ရှုက ကုရှင်းဟောင်ကို စိုက်ကြည့်လိုက်ပီး အေးစက်တဲ့ အရှိန်ဝါကို ပျံ့နှံ့လာတာကြောင့် ကုရှင်းဟောင် ပါးစပ်ပိတ်ပီး ငြိမ်ငြိမ်လေး ထိုင်နေလိုက်တော့တယ်
"ဟာဟားဟား၊ ကြွက်လေး ၊ ချန်ရှုရဲ့ လက်သီးကို လွမ်းနေတာလား။ မင်းချန်ရှုကို မတွေ့ရတဲ့ ရက်တေကြာလာတော့ သူ့ကိုတောင်ရန်စရဲနေပီပေါ့"
ဝမ်ချန်းရိက အကြော်ပန်ပန်းကန်တစ်ခုကို ကောက်ယူပြီး ကုရှင်းဟောင်ရဲ့ ခေါင်းကိုရိုက်လိုက်တယ်
"ဖာရိုကောင် ၊ ဘယ်စကားကို ပြောရမလဲ ဘယ်စကားကို မပြောသင့်ဘူးလဲဆိုတာ နားမလည်တဲ့ကောင်"
ကုရှင်းဟောင် သည် ဝမ်ချင်ချင်းကို ကြည့်နေရင်း လက်တစ်ဆုပ်စာ အကြော်ကို ယူကာ ဝမ်ချင်ချင်းရဲ့ ပါးစပ်ထဲကို ထိုးထဲ့လိုက်တယ်
"ဘာဖြစ်လို့လဲ? ချန်ရှုက အခုထိ ကုရှင်းဟောင်ကို ရိုက်နိုင်နေတုံးပဲလား "
ဘေးနားရှိ ကောင်မလေးတစ်ယောက်က စိတ်လှုပ်ရှားစွာ မေးလိုက်တယ်။
အဲ့ဒီ့ အကြောင်းကို ပြန်တွေးကြည့်တဲ့အခါ အနည်းငယ်ရှက်ရွံ့သွားသလို ခံစားလိုက်ရပေမယ့် ဝမ်ချန်းရိက သူ့ပါးစပ်ကို ဖုံးထားရင်း ပြုံးနေခဲ့တာကြောင့် တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်နေပါတယ်။
ကုရှင်းဟောင်က သူမဟုတ်သလို ဟန်ဆောင်ကာ နောင်တရတဲ့ပုံစံဖြင့် သက်ပြင်းချပြီး
" ငါ့အမှားပါ ထရှန်းတောင်ကို အဝေးကကြည့်ရင်မမြင်နိုင်သလို အဘိုးချန် ဘယ်လောက်အင်အားကြီးလဲဆိုတာ ကိုယ်တိုင်မတွေ့ခဲ့ရရင် ငါယုံနိုင်မှာမဟုတ်ဘူး "
တကယ်ဆို ချန်ရှုသည် ထိုအရာများကို မေ့နေခဲ့သော်လည်း အခုကုရှင်းဟောင်က အဲ့ဒီအကြောင်းကို ပြန်ပြောပြနေတော့ အထက်တန်းကျောင်း ပထမနှစ်တွင် ကုရှင်းဟောင်က သူ့အတွက် ပြဿနာဖြစ်အောင် မီးမွှေးခဲ့ဖူးသည်ကို သတိရမိသည်။
မိန်းကလေးအချို့ရဲ့ တောက်ပသောမျက်လုံးများထွက်ပေါ်လာကြပြီး ကျောင်းရဲ့မြက်နုလေး၏ အတင်းအဖျင်းကို နားထောင်ရန် စိတ်လှုပ်ရှားနေကြသည်။
"ပြောပြလေ ၊ မြန်မြန်ပြောကြ။"
မိန်းကလေးတွေက တိုက်တွန်းကြတယ်။
ကုရှင်းဟောင်သည် မိန်းကလေးများစွာရှေ့တွင်ထိုအကြောင်းကို ဆက်ပြောရန် ရှက်ရွံ့နေခဲ့သော်လည်း ဝမ်ချန်းရိက သူ့ရဲ့အကြောင်းကို အေးအေးဆေးဆေးပင်ပြောပြလိုက်သည်
"အထက်တန်းပထမနှစ်စတုန်းက ချန်ရှုက ကျောင်းတတ်ချင်းမှာပဲ မင်းတို့ မိန်းကလေးတေရဲ့ အာရုံစိုက်မှုရခဲ့တယ်မလား"
"ဟုတ်တယ်လေ ၊ ငါတို့ရဲ့ ထက်မြက်တဲ့ အမြင်အာရုံကနေ ကျောင်းမြက်ပင်လေးကို ဘယ်လိုလုပ်အလွတ်ပေးနိုင်မှာလဲ "
ကောင်မလေးတချို့က ပါးစပ်ကို အုပ်ပြီး ပြုံးနေကြ တယ်။
ဝမ်ချန်းရိ က ကုရှင်းဟောင် ကို တစ်ချက်ကြည့်လိုက်ပြီး
"အဲ့ဒါနဲ့ပဲ ကုရှင်းဟောင် ခေါင်းဆောင်တဲ့ ဒုတိယနှစ်က လူတွေက မကျေမနပ်ဖြစ်ကြရော။ ချန်ရှုကို မျက်နှာဖြူကောင်လို့ ကြွက်လေးက ခေါ်ခဲ့တာ ငါမှတ်မိနေတုံးပဲ"
ကုရှင်းဟောင် က ချန်ရှုကို အလျင်အမြန် ဝန်ခံပြီး
"အစ်ကိုကြီး ၊ အဲ့ဒီ့အချိန်တုံးက ငါကန်းနေခဲ့တာ၊ မှတ်ထားစရာမလိုဘူးနော်"
ချန်ရှု က သူ့ကို ကွမ်ချင်ချင်း ပေးတဲ့ ပဲနို့ကို ယူလိုက်ပြီး
"ကျေးဇူးပါ"
ချန်ရှု စိတ်မဆိုးတာကိုမြင်တော့မှ ကုရှင်းဟောင် သူ့ရင်ဘတ်ထဲကအလုံးကို လွှတ်ချနိုင်လိုက်တယ်
ကုရှင်းဟောင်ရဲ့တုံ့ပြန်မှုကိုမြင်တော့ မိန်းကလေးတွေက ချန်ရှု စိတ်ရှုပ်စရာကောင်းတဲ့ ကုရှင်းဟောင် ကို ဒီလိုပုံစံဖြစ်လာအောင် ဘယ်လိုဖန်တီးခဲ့လဲဆိုတာကို ပိုသိချင်လာကြတယ်။
အရင်ကတန်းခွဲမှာ သူတို့က ချန်ရှု နဲ့ အတန်းတူမဟုတ်တဲ့အတွက် အတိတ်က အကြောင်းကို မသိခဲ့ကြဘူး။ အခု ဝမ်ချန်းရိ ပြောတာကို နားထောင်ရင်း သူတို့ အရမ်း သိချင်လာကြတယ်။
ဝမ်ချန်းရိ က ကုရှင်းဟောင်ကို တစ်ချက်ကြည့်လိုက်ပြီး
"အဲဒီတုန်းက ချန်ရှုအကြောင်းကို ကြွက်လေးက မသိတဲ့အတွက် ချန်ရှုကအရမ်းဟန်ဆောင်ကောင်းတယ်လို့ ခံစားရတာကြောင့် ။ ကျောင်းဆင်းတဲ့အချိန်မှာ ချန်ရှု ကို ပညာပေးဖို့ လူတစ်ချို့ခေါ်လာခဲ့တာ"
"ကုရှင်းဟောင် နင်တကယ်ပဲ ကျောင်းရဲ့မြက်ပင်လေးကို ပညာပေးဖို့ လူခေါ်ခဲ့တယ်ပေါ့!"
ကောင်မလေးတွေ လက်ထဲမှာ အမြတ်တနိုးကိုင်ထားချင်တဲ့ ကျောင်းရဲ့မြက်ပင်လေးကို လူမိုက်ကောင် ကုရှင်းဟောင်က ပညာပေးခဲ့တယ်ပေါ့။
"အဒေါ်တို့ရေ ၊ ခွင့်လွှတ်ကြပါ။ အဲဒီတုန်းက ငါက ဒုတိယနှစ် လူငယ်လေးလေ အရင်က အမှားတွေကို ပြောင်းလဲပီးတာကြာပါပီ"
ကုရှင်းဟောင် က သူ့လက်ကို ပြင်ဆင်လိုက်ပီး ခွင့်လွှတ်ဖို့ တောင်းပန်လိုက်တယ်။
"အဲ့ဒါဆို ဘယ်လိုဆက်ဖြစ်သွားလဲ။ ကျောင်းရဲ့မြက်ပင်လေး ဒဏ်ရာမရသွားဘူးမလား"
စိုးရိမ်နေတဲ့အသံဖြင့် မိန်းကလေးများက ဝမ်ချန်းရိကို မေးကြသည်။
ဝမ်းချန်းရိက ရယ်လိုက်ပြီး
"အဲ့ဒီ့အရူးတွေ ပဲ ချန်ရှုရိုက်တာ ခံလိုက်ရတာ"
လို့ပြောလိုက်တယ်။
"ငါ့ကို လာမပြောနဲ့။ ငါ့မျက်နှာ နီနေပီကွ!။ လောင်ချန်နဲ့ငါနဲ့ အဲ့ဒီ့တုံးက တစ်ယောက်နဲ့တစ်ယောက် မသိကြသေးဘူးလေ"
ကုရှင်းဟောင် က ချန်ရှုရဲ့ ပခုံးကို ဆုပ်ကိုင်လိုက်ပြီး
"လောင်ချန် မင်းအဆင်ပြေခဲ့တယ်မလား"
ချန်ရှု က အေးစက်စွာဖြင့် သူ့လက်ကိုရိုက်လိုက်ပြီး
"မင်းကို ငါပဲ တစ်ဖက်သတ်ရိုက်လိုက်တာ ရှင်းရှင်းကြီး မှတ်မိနေသေးတယ်"
"ဟားဟားဟား..."
ချန်ရှု ရဲ့မညှာမတာ ပြောသံကြောင့် လူတိုင်း ရယ်မောသွားကြတယ်။
"အကိုကြီး ဆက်မပြောပါနဲ့တော့ ဒီမျက်နှာကြီးကို ငါဆက်သုံးရအုံးမှာလေ"
ကုရှင်းဟောင်သည် ထိုအကြောင်းကိုတွေးမိတဲ့အခါတိုင်း အမြဲနောင်တရနေတုံးပဲ။
ချန်ရှု အထက်တန်းကျောင်း ပထမနှစ်တုန်းက ပုံစံကိုမပြောနဲ့ လက်ရှိ ချန်ရှုပုံစံတောင် ပိန်ပါးပြီး နူးညံ့သိမ်မွေ့ကာ အနီရောင် နှုတ်ခမ်းလေးနဲ့ သွားဖြူဖြူလေးတေရှိတယ်လေ ။တချို့**** ကောင်မလေးတွေရဲ့ စကားအရ ချန်ရှုက ဒဏ္ဍာရီထဲက မင်းသားငယ်လေးလို့ တင်စားခံရတာ။ မင်းသားငယ်လေးချန်ရှုက ရန်ဖြစ်နိုင်တယ်လို့ ဘယ်သူထင်မှာလဲ။သူက ဒူးပါထောက်ခိုင်းပီး အဖေလို့ ခေါ်ခိုင်းတယ်လေ!
အသားကင်စားပြီးနောက် KTV သို့ပြောင်းသွားကာ ညနေ ကိုးနာရီကျော်သည်အထိ တစ်ယောက်မှအိမ်မပြန်ခဲ့ကြပေ။
"ကြွက်လေး ၊ ငါ မင်းကို ပိုက်ဆံပြန်လွှဲပေးမယ်။"
ချန်ရှုက ထွက်သွားတော့မည့် ကုရှင်းဟောင် ကိုရပ်ခိုင်းပီးပြော လိုက်သည်။
"မင်းဘာတွေပြောနေတာလဲ၊ ရူးနေလား ၊ ဒါမှမဟုတ် ငါတို့က ညီအကိုတေမဟုတ်တော့ဘူးလား။"
ကုရှင်းဟောင် သည် ချန်ရှုရဲ့မိသားစုက မချမ်းသာဘူးဟု အမြဲတွေးနေခဲ့တယ်။ အဝတ်အစားအနည်းငယ်ပဲ ရှိပီး နာမည်ကြီးတံဆိပ်လို့ ပြောနိုင်တဲ့ အဝတ်အစားလဲ မရှိလမ်းဘေးဆိုင်က အကျီတောင်ဖြစ်နိုင်တယ်။ ပစ္စည်း သုံးမျိုး လေးမျိုး ဝယ်ရင် တစ်ထည်ရဲ့ဆိုင်မျိုးတွေ ။ပီးတော့ ချန်ရှုကအထက်တန်းကျောင်းပထမနှစ်ကတည်းက အချိန်ပိုင်းအလုပ်လုပ်ခဲ့ပြီး တစ်ခါတစ်ရံမှာ အလုပ်လုပ်ဖို့ အတန်းကိုတောင် ပျက်ခဲ့တယ်။ချန်ရှုရဲ့ ညီအစ်ကိုကောင်းတစ်ယောက်အနေဖြင့် ကုရှင်းဟောင်က ထိုအရာအားလုံးကို သူ့မျက်လုံးထဲမှာ မြင်နေရသည်။ ချန်ရှုသည် မိမိကိုယ်ကိုလေးစားတတ်တဲ့သူဆိုတာကို သူသိတယ်။ ထို့ကြောင့် ချန်ရှုကို ငွေတိုက်ရိုက်မပေးဝံ့ဘဲ ဆိုင်တွင် ဧည့်သည်အဖြစ် ဆင်ခြေမျိုးစုံကို ရှာကာသွားခဲ့တယ်။ ချန်ရှုအနည်းငယ် နွေးနွေးထွေးထွေးနေနိုင်ပီး ကောင်းကောင်းစားနိုင်ရန်သာ မျှော်လင့်ခဲ့သည်။
ပထမတော့ကုရှင်းဟောင်သည် ချန်ရှု အချိန်ပိုဆင်းပြီး အတန်းမတက်နိုင်တာကြောင့် အဆင့်ကျသွားမှာကို စိတ်ပူခဲ့တယ်။ကံကောင်းစွာနဲ့ပဲ ကွမ်ချင်ချင်း သည် စိတ်အားထက်သန်ပြီး ကြင်နာတဲ့ မော်နီတာအနေနဲ့ ချန်ရှုကို အတန်းတက်ဖို့ ထောက်ပံ့ပေးရန် ကမ်းလှမ်းခဲ့သော်လည်း ပြတ်ပြတ်သားသား ငြင်းပယ်ခံခဲ့ရသည်။ ချန်ရှုသည် မိမိကိုယ်မိမိ အလွန်အကျွံအားကိုးသူဟု ထင်မြင်ခဲ့ကြသည်။ ကျောင်းသူလေးတေပါ သူ့ကို ကူညီဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့တယ်။ အတန်းထဲမှာ နောက်ဆုံးမှရေတွက်ရင် ဒုတိယမြောက် နေရာယူထားတဲ့ ကုရှင်းဟောင်က တစ်ယောက်ယောက်ကို ကူညီဖို့ကြိုစားတာက အကုန်လုံးကို ဂရုဏာသက်စေခဲ့သည်။
လစဉ် စာမေးပွဲရလဒ်များ ထွက်မလာခင်အထိ ချန်ရှုကို ကူညီပေးဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့ ကုရှင်းဟောင် နှင့် ကွမ်ချင်ချင်း တို့သည် အတန်းထဲတွင် ချန်ရှုရဲ့နာမည်ကို ပထမနေရာတွင် တွေ့လိုက်ရပီးနောက် အထူးသဖြင့် ကျောင်းလူဆိုးလေး ကုရှင်းဟောင်သည် အမြင်မှန်ရပီး ချန်ရှု နဲ့ ရက်အတော်ကြာအောင် စကားမပြောဘဲနေခဲ့တယ်
"ညီအစ်ကိုရေ ပိုက်ဆံကိစ္စရှင်းကြရအောင်။ မင်းမိသားစုရဲ့ပိုက်ဆံက လေထဲက ရလာတာမဟုတ်ဘူး။"
ချန်ရှု က သူ့ဖုန်းကို ထုတ်လိုက်ပြီး ကုရှင်းဟောင် ဆီကို ငွေလွှဲရန်ပြင်လိုက်သည်။
ကုရှင်းဟောင်ရဲ့မျက်နှာက မဲလာပီး
"အဘိုးကြီးချန် ဒီနေ့သာ မင်းငါ့ကို ပိုက်ဆံပြန်ပေးရင် ငါနဲ့ညီအကိုတေမဟုတ်တော့ဘူး "
"ဒါဆို နောက်တစ်ခါကျရင် ငါဝယ်ကျွေးမယ်"
ကုရှင်းဟောင်က မရင်ကျက်ပေမဲ့ သူ့ကို သူငယ်ချင်းကောင်း တစ်ယောက်လို ဆက်ဆံတာကို ချန်ရှု သိတာကြောင့် ကုရှင်းဟောင်နဲ့ အဆက်သွယ်မဖြတ်ချင်ဘူး
"ကောင်းပြီ နောက်တစ်ခါ အဲ့လိုပြောရင် မင်းကိုသတ်မှာ"
ကုရှင်းဟောင် ကချက်ချင်းပြုံးပြီး ထွက်သွားလိုက်သည်။
ဒါပေမဲ့ ကုရှင်းဟောင်နဲ့ တခြားသူအကုန်လုံးက ချန်ရှု ဝယ်ကျွေးတဲ့အချိန်တိုင်း လျှော့စားကြပြီး ဈေးသက်သာတဲ့နေရာကိုပဲ ရွေးချယ်ကြတယ်။ ချန်ရှုက သူ့ဆီမှာ ပိုက်ဆံရှိပါတယ် လို့ ပြောရင်တောင် ဒီလို လုပ်နေကြအုံးမှာပဲ ။
နေသာတဲ့နေ့လေး - ချန်ရှု၊ ငါ့အမဆီကနေ ပစ္စည်းအသစ်တွေ ရောက်လာတယ်။ မင်းဘယ်အချိန်အားလဲ။
ချန်ရှုက စက်ဘီးပေါ်ရောက်တာနဲ့ ကွမ်ချင်ချင်းဆီက မက်ဆေ့ချ်ကို မြင်လိုက်ရတယ်။ သူက စက်ဘီးကို လမ်းဘေးမှာ ရပ်ထားပြီး ခေါင်းကို ငုံ့ကာ စာပြန်လိုက်သည်။
ချန်ရှု : ငါကအမြဲတမ်း အားနေတာ။
နေသာတဲ့နေ့လေး - ကောင်းပြီ၊ အချိန်ညှိပေးပြီး နင်နဲ့စကားပြောဖို့ ညှိပေးမယ်။
ချန်ရှု : ကောင်းပီ။
ဖုန်းကို အိတ်ကပ်ထဲထည့်ထားရင်း စက်ဘီးကို နင်းတော့မယ့်အချိန်မှာ ချန်ရှုနောက်ကနေ ဟွန်းသံကြားလိုက်ရတယ်။
သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ အနက်ရောင်ကားတစ်စီး ဖြည်းညှင်းစွာ မောင်းလာပြီး သူ့ဘေးမှာ ရပ်လိုက်တယ်။
ကားပြတင်းပေါက်ကို ချလိုက်တဲ့အခါ အဝါရောင်မှိန်ပျပျ လမ်းမီးတိုင်အရောင်မှတစ်ဆင့် အေးစက်တဲ့မျက်နှာကို မြင်လိုက်ရစေတယ်။
"အန်ကယ်စစ်?"
ချန်ရှု အရမ်းအံ့သြသွားတယ် စစ်ရယ် ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ။
"ကားပေါ်တက်။"
စစ်ရယ်က သူ့ကို ငြင်းလို့မရဘူးဟု သတိပေးသလိုမျိုး တိတ်တဆိတ် စိုက်ကြည့်နေတယ် ။
"ကျွန်တော့်မှာ စက်ဘီးရှိတယ်"
ချန်ရှု သူ့စက်ဘီးကို လမ်းဘေးမှာ ပစ်ချပီး မထားခဲ့နိုင်ပေါင်။
"ကားထဲထည့်လိုက်။"
စစ်ရယ် အသံရပ်သွားတာနဲ့ ဒရိုင်ဘာက တံခါးဖွင့်ကာ ကားပေါ်ကဆင်းပြီး ချန်ရှုဆီကို တလေးတစား လျှောက်သွားလိုက်တယ်။
"သခင်လေးရှု ကျေးဇူးပြုပြီး စက်ဘီးပေးပါ"
ကောင်းပီ ချန်ရှု ဘယ်လိုလုပ်ဆက်ပီးငြင်းနိုင်တော့မှာလဲ။ "BMW" ကားထဲကို နာခံစွာ ဝင်မလိုလုပ်တဲ့ အချိန်မှာ ဒရိုင်ဘာက နောက်ထိုင်ခုံတံခါးကို ဖွင့်ပေးတာကြောင့် ဝင်ထိုင်လိုက်တယ်။
ကားအတွင်းပိုင်းက အေးနေတယ် ဒါနဲ့သူ့ခန္ဓာကိုယ်ပေါ်မှာ အသားကင်နံ့ စွဲနေတာလေ!။ အခုကားကျဉ်းကျဉ်းလေးထဲမှာ သူ့ကိုယ်နံ့နဲ့ ချွေးနံ့တေပါ ရောထွေးသွားပီး ကားတစီးလုံး ပျံ့နှံ့သွားတယ်။
စစ်ရယ်က ၀တ်စုံပြည့်ဝတ်ဆင်ထားပီး လက်မှာလဲနာရီဝတ်ထားသေးတယ်။ဒီလူ သူ့ဘေးနားမှာထိုင်နေတာကို ခံစားမိတာကြောင့် ချန်ရှုသိမ်ငယ်စိတ်ဝင်လာခဲ့တယ်။
"ကျွန်တော်...ဆင်းတော့မယ်"
ချန်ရှု သူ့မျက်နှာကို ရှက်ရွံ့စွာ ကုတ်လိုက်ပြီး ကားထဲမှ အပြေးအလွှား ထွက်ရန်ပြင်လိုက်သည်။
စစ်ရယ်က ချန်ရှု့လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီး လူကို ကားထဲသို့ ပြန်ဆွဲသွင်းလိုက်တယ်။ ရုတ်တရက်မို့ လန့်သွားပီး ချန်ရှုအရှိန်မထိန်းနိုင်ဖြစ်ကာ စစ်ရယ်ရဲ့ ရင်ခွင်ထဲသို့ ဝင်သွားခဲ့သည်။ လတ်ဆတ်တဲ့ရနံ့တစ်ခုက ချန်ရှုကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။
T/N-* Jin Zhu Zhe chi *ကိုဂူဂယ်မှာရှာကြည့်တော့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ နေတတ်တဲ့သူ လို့တွေ့လိုက်တယ် တရုတ်စာက တကယ်ဘာမှမသ်ဘူးရယ်။
*ဖာရိုကောင်က ဖာရိုကောင်ပေါ့နော် >•<
*ကျောင်းရဲ့မြက်ပင်လေးကတော့ သိတဲ့သူသိလောက်မှာပါ ခပ်ချောချောကောင်လေးပေါ့
Happy Single Day ပါ
Nov,11
Zawgyi
"ဘာမှမဟုတ်ဘူး။"
"မင်း ဘာမေးလိုက်တာလဲ။"
"မဟုတ်ဘူး"
အားလုံးဆွေးနွေးပြီးတဲ့အခါ တချို့လူတွေက အဆာပြေမုန့် လာယူလာကြမယ်လို့ ပြောကြပြီး ဟိုမှာ သူတို့သိတဲ့ ဦးလေးတွေဆီနေ သူတို့အတွက် ဈေးသက်သက်သာသာနဲ့ တဲတွေ ငှားနိုင်တယ်လို့ ပြောကြတယ်။
"ချန်ရှုဘာသောက်မလဲ"
"ပဲနို့ပဲ မှာလိုက်ကွာ"
"ပဲနို့ပဲ"
"ကောင်းပြီ"
"ကျေးဇူးပါ"
လို့ပြောလိုက်တယ်။
"ဟားဟားဟား..."
ချန်ရှု : ကောင်းပီ။
"အန်ကယ်စစ်?"
"ကားပေါ်တက်။"
"ကားထဲထည့်လိုက်။"
Happy Single Day ပါ